Open Your Heart - ရင်ဖွင့်မယ်
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Open Your Heart - ရင်ဖွင့်မယ်, Non-Governmental Organization (NGO), Yangon.
ပင်ပန်းခက်ခဲတဲ့ ကာလကို ဖြတ်သန်းနေရချိန်မျိုးမှာ အခက်အခဲနဲ့ စိတ်ဖိစီးမှုတွေကို ကြုံတွေ့ခံစားရတာဟာ မိဘအုပ်ထိန်းသူ၊ ပြုစုစောင့်ရှောက်သူတွေတင် မဟုတ်ပါဘူး။ ကလေးတွေ၊ ဆယ်ကျော်သက်တွေမှာလည်း မတူညီတဲ့ စိန်ခေါ်မှု၊ အခက်အခဲနဲ့ စိတ်ဖိစီးမှုတွေကို ပုံစံမျိုးစုံနဲ့ ကြုံတွေ့ နိုင်ပါတယ် 👨👩👧
အတူနေထိုင်ကြတဲ့ မိသားစုဝင်တွေကြားမှာ ကိုယ်စီ ခံစားနေကြရတဲ့ စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုတွေကတစ်ဆင့် တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် နားလည်ပေးဖို့ ခက်ခဲလာတာ၊ ဆက်ဆံရေးပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ ရှိလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
✅ အဲဒီလို အခြေအနေတွေဟာ ကလေးတွေ၊ ဆယ်ကျော်သက်တွေအတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖိတ်ခေါ်သလို ဖြစ်လာနိုင်တာမို့. . .
မိဘအုပ်ထိန်းသူတွေအနေနဲ့ သားသမီးတို့အပေါ် ဘယ်လို ဂရုတစိုက် ဆက်ဆံသင့်သလဲ ❓ သားသမီးတွေဘက်ကရော ဘယ်လို ပြုမူသင့်သလဲ ❓ စတာတွေကို အောက်ဖော်ပြပါ ပုံလေးတွေမှာ လေ့လာကြည့်ကြရအောင်ပါ။
စိတ်ဖိစီးမှုနဲ့ ရင်ဆိုင်နေရချိန်မှာ ဆယ်ကျော်သက်ရွယ် သားသားမီးမီးတို့အနေနဲ့ ဘယ်လို စိတ်ခံစားချက်မျိုးတွေ ဖြစ်လာတတ်သလဲ ? အဲဒီခံစားချက်တွေ လျော့ပါးဖို့ရော ဘယ်လို အဖြေရှာကြသလဲ ?
'စောဖားဂေ' ဆိုတဲ့ ဆယ်ကျော်သက်ရွယ် ကောင်လေးတစ်ယောက်ကတော့ သူ့ဘဝမှာ အခက်ခဲဆုံးလို့ ဆိုရလောက်တဲ့အချိန်ကို ဖြတ်သန်းနေရတုန်းက သူ ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို အရှုံးပေးမိတော့မလို ဖြစ်ခဲ့ဖူးပါသတဲ့။
အဲဒီအချိန်ကာလကို စောဖားဂေ ဘယ်လို ရင်ဆိုင်ခဲ့သလဲ ? စိတ်သက်သာရာရဖို့ ဖြေရှင်းနည်းကိုရော သူ ဘယ်လို ရှာတွေ့ခဲ့သလဲ ? ဆိုတာကို အောက်က ပုံလေးတွေ တစ်ပုံချင်းစီမှာ ဇာတ်လမ်းလေးတစ်ခုအဖြစ် တင်ဆက်ထားတာမို့ ဖတ်ရှုကြည့်ပါဦးနော်။
ဆယ်ကျော်သက်ရွယ် သားသား မီးမီးတွေနဲ့ ဖေဖေ၊ မေမေ၊ အုပ်ထိန်းသူတို့အတွက် စိတ်ခံစားချက်တွေ၊ စိတ်ကျန်းမာရေးနဲ့ဆက်စပ်တဲ့ အကြောင်းအရာတွေနဲ့အတူ စိတ်လက်ပေါ့ပါးစေဖို့ နည်းလမ်းတွေကို ပြီးခဲ့တဲ့ သုံးလတာအတွင်း 'ရင်ဖွင့်မယ်' ကမ်ပိန်းကတစ်ဆင့် မျှဝေခဲ့ပါတယ် 👨👩👧 🌹
‘ရင်ဖွင့်မယ်’ ကမ်ပိန်းမှာ. . .
🍂 ဖေဖေ မေမေ အုပ်ထိန်းသူတွေနဲ့ ဆယ်ကျော်သက် သားသား မီးမီးတို့ ကြုံတွေ့ခံစားရနိုင်တဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်နာကျင်မှု၊ ဝမ်းနည်းပူဆွေးမှု၊ ဒေါသ စတဲ့ ခံစားချက်တွေအကြောင်း၊
🍂 အဲဒီစိတ်ခံစားချက်တွေကို ဖြစ်ပေါ်လာစေတဲ့ နောက်ခံအကြောင်းတွေ၊ စိတ်ခံစားချက်တွေကြောင့် လူကြီးတွေရော ကလေးတွေမှာပါ ကြုံလာရနိုင်တဲ့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေအကြောင်း၊
🍂 စိတ်ဖိစီးပင်ပန်းမှုတွေကနေ ပြန်လည်လွတ်မြောက်ဖို့အတွက် ကိုယ်ကိုယ်တိုင် အားထုတ်နိုင်တဲ့ နည်းလမ်းတွေအကြောင်း၊
🍂 မိမိ ချစ်ခင်ရတဲ့ သားသား မီးမီး သို့မဟုတ် မိသားစုဝင်တွေ စိတ်သက်သာရာရစေဖို့ ပံ့ပိုးပေးနိုင်တဲ့ အကြံပြုချက်တွေကို မျှဝေဖော်ပြခဲ့တာပဲဖြစ်ပါတယ်။
တကယ့်ပြင်ပက ဆယ်ကျော်သက် သားသား မီးမီးတွေကို ကိုယ်စားပြုထားတဲ့ ကာတွန်းဇာတ်ကောင်လေးတွေ ဖြစ်ကြတဲ့ ကောင်းကောင်း၊ သီဟ၊ ဂျက်စမင်၊ ဖေဖေ မေမေနဲ့အုပ်ထိန်းသူတွေကို ကိုယ်စားပြုတဲ့ ကောင်းကောင်းရဲ့ ဖခင်၊ သီဟရဲ့ အဖွား၊ ဂျက်စမင့် အမေတို့ကနေတစ်ဆင့်လည်း. . .
✨ နေ့စဉ် စိတ်ခံစားချက်တွေ၊ စိတ်ဖိစီးပင်ပန်းမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရချိန်မှာ ဘယ်လို အပြုအမူမျိုးတွေ လုပ်မိတတ်သလဲ၊ ကိုယ့်စိတ်ခံစားချက်တွေကြောင့် မိသားစုဝင်တွေနဲ့ ပတ်ဝန်းကျင်အပေါ် မထိခိုက်စေဖို့ ဘယ်လို သတိပြုနေထိုင်ရမလဲ၊ စိတ်ပြန်လည်ပေါ့ပါးအောင် ဘယ်လို အားထုတ်သင့်သလဲဆိုတဲ့ အကြောင်းအရာတွေကို လေ့လာခဲ့ကြရမှာပါနော်။
📱💻 'Open Your Heart - ရင်ဖွင့်မယ်' အပလီကေးရှင်းနဲ့ ဝက်ဘ်ဆိုဒ်ကတစ်ဆင့် လေ့လာမှုတွေ ဆက်လက်ပြုလုပ်နိုင်တာမို့ ‘ရင်ဖွင့်မယ်’ ကမ်ပိန်းက သားသား မီးမီး၊ ဖေဖေ မေမေတို့နဲ့အတူ ရှိနေဦးမှာပါ။
🌸🌼 စိတ်ကျန်းမာပျော်ရွှင်မှုဆိုတာ ဖေဖေ မေမေ အုပ်ထိန်းသူတွေအတွက်လည်း ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ ပြီးမြောက်ဖို့၊ ကလေးတွေကို အကောင်းဆုံးပျိုးထောင်နိုင်ဖို့ သော့ချက်ဖြစ်သလို. . .
👩🧑 သားသားမီးမီးတို့အတွက်လည်း ပညာရပ်တွေ လေ့လာရာမှာဖြစ်စေ၊ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနဲ့အတူ လူမှုပတ်ဝန်းကျင်မှာ ကောင်းစွာ ကျင်လည်နိုင်ဖို့ သင်ယူရာမှာဖြစ်စေ အရေးကြီးပါတယ်။
ဖေဖေ မေမေ အုပ်ထိန်းသူတွေနဲ့ ဆယ်ကျော်သက်ရွယ် သားသားမီးမီးတို့အားလုံး စိတ်ကျန်းမာပျော်ရွှင်ကြစေဖို့ ‘ရင်ဖွင့်မယ်’ ကမ်ပိန်းက ဆန္ဒပြုလိုက်ရပါတယ် 💐
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
မိဘ အုပ်ထိန်းသူတွေ၊ ကလေးတွေနဲ့ ဆယ်ကျော်သက်ရွယ်တွေအတွက် စိတ်ကျန်းမာပျော်ရွှင်မှုဆိုင်ရာ လေ့လာစရာတွေ ပါဝင်တဲ့ 'Open Your Heart - ရင်ဖွင့်မယ်' အပလီကေးရှင်းကို ဒေါင်းလုဒ်ရယူအသုံးပြုနိုင်ပါပြီ 📱💐
ဒေါင်းလုဒ်ရယူနိုင်တဲ့ လင့်ခ်တွေကတော့. . .
✅ Playsotre : https://play.google.com/store/apps/details?id=org.openyourheartwithme
✅ App Store: https://apps.apple.com/mm/app/open-your-heart/id6465067523
'Open Your Heart - ရင်ဖွင့်မယ်' အပလီကေးရှင်းကို ဒေါင်းလုဒ်ရယူပြီးပြီဆိုရင်တော့. . .နေ့စဉ် ကြုံတွေ့ခံစားရတဲ့ စိတ်ခံစားချက်တွေအကြောင်း၊ စိတ်ကျန်းမာပျော်ရွှင်ရေးဆိုင်ရာ အကြံပြုချက်နဲ့ နည်းလမ်းတွေကို အင်တာနက် ထပ်မံအသုံးပြုစရာမလိုဘဲ စတင်လေ့လာနိုင်ပါပြီနော် 😊
✨ ပထမဦးစွာ မြန်မာ၊ အင်္ဂလိပ် ဘာသာစကားနှစ်မျိုးအနက်က နှစ်သက်ရာဘာသာစကားကို ရွေးချယ်ရပါမယ်။
✨ ပြီးရင်တော့ လေ့လာစရာများဆိုတဲ့အပိုင်းမှာ ကာတွန်းရုပ်ရှင်၊ ရုပ်ပြစာအုပ်၊ အသံဖိုင်၊ ဆောင်းပါးတို စတာတွေကို တွေ့ရပါမယ်။
✨ အပိုင်းတစ်ခုချင်းစီကို နှိပ်ကြည့်မယ်ဆိုရင်တော့ ‘ကလေးနှင့် ဆယ်ကျော်သက်များ’၊ ‘မိဘနှင့် အုပ်ထိန်းသူများ’ ဆိုပြီး သက်ဆိုင်ရာအပိုင်းအလိုက် ဆက်လက်ကြည့်ရှုလေ့လာနိုင်မှာပါ။
✨ ကလေးတွေ၊ ဆယ်ကျော်သက်ရွယ်တွေအတွက် စိတ်ကျန်းမာပျော်ရွှင်ရေးဆိုင်ရာအကြောင်းတွေကို ပေါ့ပေါ့ပါးပါး လေ့လာနိုင်အောင် တင်ဆက်ထားတဲ့’ရတနာကျွန်းရှာပုံတော်’ ဆိုတဲ့ ဂိမ်းလေးတစ်ခုလည်း ပါဝင်ပါတယ်။
'Open Your Heart - ရင်ဖွင့်မယ်' အပလီကေးရှင်းကို အခုပဲ ဒေါင်းလုဒ်ရယူလိုက်ကြရအောင်နော် 📱📲
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
စိတ်ကျန်းမာပျော်ရွှင်ခြင်းနဲ့ ပြည့်စုံအောင် ကိုယ်ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုလည်း လိုအပ်သလို မိမိပတ်ဝန်းကျင်က ပံ့ပိုးကူညီမှုတွေကလည်း အရေးပါပါတယ် 🍂🌸
✅ ပံ့ပိုးကူညီမှုလို့ဆိုရာမှာ ချစ်ခင်ယုံကြည်ရတဲ့ မိသားစုဝင်၊ သူငယ်ချင်း မိတ်ဆွေ စသူတို့ရဲ့ ပံ့ပိုးမှုတွေလည်း ပါဝင်သလို ကိုယ် နှစ်သက်တဲ့ သီချင်း၊ စာအုပ်နဲ့ ရုပ်ရှင်တွေ၊ ခရီးသွားလာခြင်း စတဲ့ အကူအညီတွေကို ရယူရတဲ့အချိန်လည်း ရှိနိုင်ပါတယ်။
💁♀️ ဒီနေ့တော့ မိဘအုပ်ထိန်းသူတွေ၊ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအတွက် စိတ်ကျန်းမာပျော်ရွှင်အောင် ကြိုးစားအားထုတ်ရာမှာ အထောက်အကူပြုနိုင်မယ့် နေရာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အဲဒါကတော့ ‘ရင်ဖွင့်မယ်’ ကမ်ပိန်းကနေ တင်ဆက်ထားတဲ့ ကွန်းတန့်တွေအားလုံးကို တစ်နေရာတည်းမှာ စုံစုံလင်လင် လေ့လာနိုင်မယ့် ဝက်ဘ်ဆိုဒ်အကြောင်းပါ။
💻 ဝက်ဘ်ဆိုဒ်လိပ်စာက - https://www.openyourheartwithme.org/
‘Open Your Heart - ရင်ဖွင့်မယ်’ ဝက်ဘ်ဆိုဒ်မှာ ဘာတွေ လေ့လာနိုင်မလဲ ❓
🔴 အပေါ်မှာ ဖော်ပြထားတဲ့ လင့်ခ်ကို နှိပ်လိုက်မယ်ဆိုရင် ရောက်ရှိသွားမယ့် ဝက်ဘ်ဆိုဒ်မှာ လေ့လာစရာအသစ်များ၊ ယခင်ကလေ့လာစရာများ ဆိုတဲ့ အပိုင်းနှစ်ပိုင်းကို တွေ့ရမှာပါ။
🔴 'ယခင်ကလေ့လာစရာများ' ဆိုတဲ့ အပိုင်းမှာတော့ အသက် ၁၀ နှစ်ကနေ ၁၈ နှစ်အရွယ် ဆယ်ကျော်သက်တွေ၊ မိဘတွေနဲ့ စောင့်ရှောက်သူတွေအတွက် လမ်းညွှန်စာအုပ်၊ ရုပ်ပြ၊ လေ့ကျင့်ခန်းကဒ်တွေကို မြန်မာ၊ ကချင်၊ ရှမ်း၊ ကရင် (စကော)၊ တအောင်း စတဲ့ ဘာသာစကားတွေနဲ့ ဒေါင်းလုဒ်ရယူနိုင်မှာဖြစ်သလို စိတ်ဝင်စားစရာ အသံဖိုင်တွေကိုလည်း နားဆင်ရမှာပါ။
🔴 အသစ်ထပ်မံဖြည့်သွင်းထားတဲ့ 'လေ့လာစရာ အသစ်များ' ဆိုတဲ့ အပိုင်းမှာတော့. . .
‘ရင်ဖွင့်မယ်’ ကမ်ပိန်းက တင်ဆက်ထားတဲ့ ကာတွန်းစီးရီး၊ ကာတွန်းစာအုပ်တွေ၊ ဆောင်းပါးတိုတွေကို လေ့လာနိုင်ပါတယ်။
🔴 ဒါ့အပြင် ပေါ့ပေါ့ပါးပါး ဂိမ်းလေးတွေ ကစားရင်း စိတ်ပျော်ရွှင်ကျန်းမာခြင်းအကြောင်း လေ့လာလို့ရမယ့် ‘ရတနာကျွန်း ရှာပုံတော်’ ဂိမ်းဘုတ်လည်း ရှိပါသေးတယ်။
‘Open Your Heart - ရင်ဖွင့်မယ်’ ဝက်ဘ်ဆိုဒ်ကို အခုပဲ ဝင်ရောက်လေ့လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်နော် 👨👩👧
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
'ရင်ဖွင့်မယ်' ကမ်ပိန်းကနေ စိတ်ဝင်စားစရာ နောက်ထပ် အစီအစဉ်သစ်လေးတစ်ခု လာပါပြီ 📱
👉 အဲဒါကတော့ ဖေဖေ မေမေနဲ့ သားသားမီးမီးတို့အတွက် ရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်မယ့် အပလီကေးရှင်းတစ်ခုကို မကြာခင် မိတ်ဆက်ပေးဖို့ပဲဖြစ်ပါတယ်။
📲 'Open Your Heart - ရင်ဖွင့်မယ်' အပလီကေးရှင်းမှာ ဖေဖေ မေမေနဲ့ သားသားမီးမီးတို့ နေ့တဓူဝ ကြုံတွေ့ခံစားရနိုင်တဲ့ စိတ်ခံစားချက်တွေ၊ စိတ်ပင်ပန်းဖိစီးမှုတွေ ဖြစ်လာရတဲ့ အကြောင်းအရင်းတွေနဲ့အတူ ပြန်လည်လျော့ပါး သက်သာရာ ရစေမယ့် နည်းလမ်းလေးတွေကို တစ်စုတစ်စည်းတည်း လေ့လာနိုင်မှာပါ။
အပလီကေးရှင်းကို အင်တာနက်နဲ့မှ အသုံးပြုလို့ရမှာလား ❓
✅ 'Open Your Heart - ရင်ဖွင့်မယ်' အပလီကေးရှင်းဟာ အော့ဖ်လိုင်းအပလီကေးရှင်းဖြစ်ပါတယ်။ ကိုယ့်စမတ်ဖုန်းမှာ အပလီကေးရှင်းကို ဒေါင်းလုပ် ရယူထားလိုက်ရုံနဲ့ အင်တာနက် အသုံးပြုစရာမလိုဘဲ ကွန်းတန့်တွေကို အလွယ်တကူ ဝင်ရောက် လေ့လာလို့ ရပါတယ်နော်။
✅ အပလီကေးရှင်းကို iOS, Android နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။
နေရာမရွေး အချိန်မရွေး အဆင်ပြေပြေ အသုံးပြုနိုင်မယ့် အပလီကေးရှင်းကို ဒေါင်းလုပ်ရယူဖို့ လင့်ခ်တွေကိုလည်း အဆင်သင့်ဖြစ်တဲ့အချိန်မှာ ထပ်မံကြေညာဖို့ ရှိတာမို့ 'Open Your Heart - ရင်ဖွင့်မယ်' ပေ့ချ်ကို ဆက်ဆက် စောင့်ကြည့်ပေးကြပါဦးနော် 💁♀️
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
ခံနိုင်ရည်ရှိမှုကို ဆက်လက်ထိန်းသိမ်းထားဖို့ ဘယ်လို ကြိုးစားမလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေတွေကို ရွေးချယ်ပေးဖို့ ဖိတ်ခေါ်ခဲ့တဲ့ ‘ရင်ဖွင့်မယ်’ ကမ်ပိန်းရဲ့ ပဟေဠိအစီအစဉ်မှာ ပါဝင်ဖြေဆိုပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်နော် 💐🌟
ပဟေဠိ အဖြေမှန်တွေကတော့. . .
✅ နံပါတ် (၂) စိတ်ခံစားချက်တွေကို လက်ခံပါ။
✅ နံပါတ် (၄) ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဝေဖန်မှုတွေ မကြာခဏ မလုပ်ရပါ။
မှန်ကန်အောင်ဖြေဆိုနိုင်သူ ကံထူးရှင် အမည်စာရင်းကတော့ ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။
ကံထူးရှင်တွေအနေနဲ့ ဖုန်းဘေလ်လက်ဆောင် ရယူဖို့ page ရဲ့ messenger မှာ စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၅ နာရီ နောက်ဆုံးထားပြီး လာရောက်ဆက်သွယ်ပေးပါနော် 😊
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
အပိုင်း (၁) ကနေ (၈) အထိ တင်ဆက်ပြီးခဲ့တဲ့ ‘ရင်ဖွင့်မယ်’ ကမ်ပိန်း ကာတွန်းစီးရီးကို ကြည့်ဖြစ်ခဲ့လား ❓
🧒🧑👩 သီဟ၊ ကောင်းကောင်း၊ ဂျက်စမင်တို့နဲ့အတူ သူတို့ရဲ့ မိသားစုဝင်တွေဟာ ကာတွန်းစီးရီးကို ဆက်တိုက် ကြည့်ရှုခဲ့ကြသူတွေအတွက် ရင်းနှီးနေမယ့် ဇာတ်ကောင်လေးတွေပေါ့။ ဖေဖေ မေမေနဲ့ သားသားမီးမီးတို့ နေ့တဓူဝ ကိုယ်တိုင် ကြုံတွေ့နေရတဲ့ စိတ်ပင်ပန်းစရာ အခက်အခဲတွေ၊ စိတ်ခံစားချက်တွေကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ အထောက်အကူ ဖြစ်စေတဲ့ အချက်လေးတွေကိုလည်း ဒီဇာတ်ကောင်တွေကတစ်ဆင့် လေ့လာခဲ့ကြရမှာပါ။
👉 ကာတွန်းစီးရီး အပိုင်း (၁)ကနေ (၈) အထိ ကြည့်ရှုဖြစ်ခဲ့တယ်ဆိုရင် ဘယ်အပိုင်းကို အကြိုက်ဆုံးလဲ ❓ဘာကြောင့်လဲ ❓ ဆိုတာကို အားလုံး သိရှိရအောင် ကွန်မန့်မှာ ပြောပြပေးခဲ့ပါနော်။
ကာတွန်းစီးရီး အပိုင်းတွေအားလုံးကို နောက်တစ်ကြိမ် ပြန်လည်ကြည့်ရှုချင်တဲ့သူတွေ၊ လွတ်သွားတဲ့ အပိုင်းလေးတွေကို ပြန်ကြည့်ချင်သူတွေအတွက် Open Your Heart With Me YouTube Channel မှာ တင်ဆက်ထားတဲ့ ကာတွန်းစီးရီး တစ်ပိုင်းချင်းစီရဲ့ လင့်ခ်ကို ဖော်ပြလိုက်ပါတယ်။
✅ ၁။ သီဟနှင့် ဒေါသစိတ် အခိုက်အတန့်
https://youtu.be/g0JkyTlz0gc
✅ ၂။ ဂျက်စမင်နှင့် ကြောင်ကလေး ရွှေဝါ
https://youtu.be/qdptbLXp1-8
✅ ၃။ ကောင်းကောင်းနှင့် အိပ်မက်ဆိုးမှ လွတ်မြောက်ခြင်း
https://youtu.be/VDlIXxm6Gr4
✅ ၄။ ကူညီဖြေရှင်း အချင်းချင်းတွေ
https://youtu.be/w7j-vGp5df0
✅ ၅။ စိတ်ဖိစီးမှုကို ဖြတ်ကျော်ခြင်း
https://youtu.be/_rU1EUYKYtA
✅ ၆။ ဒေါသစိတ်ကို ဖြတ်ကျော်ခြင်း
https://youtu.be/IhMn9YY5Tog
✅ ၇။ ဖွားဖွားမေချိုနှင့် စိတ်ဖိစီးမှုကို လွန်မြောက်ခြင်း
https://youtu.be/Qv9Objd2V54
✅ ၈။ ရောင်နီသို့ မျှော်လင့်ခြင်း
https://youtu.be/f6OEXagKl2Q
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
👨👩👧👦 ဖေဖေ မေမေ၊ သားသားမီးမီးတို့အပါအဝင် ‘ရင်ဖွင့်မယ်’ ကမ်ပိန်းကို စိတ်ဝင်စားကြသူတွေအားလုံးအတွက် ကိုယ့်အတွေ့အကြုံလေးတွေ မျှဝေ၊ ပဟေဠိ ဖြေဆိုရင်း ဖုန်းဘေလ် လက်ဆောင်ရယူမယ့် အစီအစဉ် လာပါပြီနော် 🎉
👉 ခက်ခဲပင်ပန်းချိန်တွေ ကြုံလာရတဲ့အခါ ကိုယ့်ရဲ့ ခံနိုင်ရည်အားကို ဘယ်လို မွေးမြူသလဲ ❓ အခက်အခဲတွေကို ခံနိုင်ရည်ရှိရှိနဲ့ ဘယ်လို ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားသလဲ ❓ ဆိုတာကို အခု ပို့စ်ရဲ့ ကွန်မန့်မှာ မျှဝေရေးသားပေးပါ။
ပဟေဠိအတွက်ကိုတော့ အောက်မှာ ဖော်ပြထားတဲ့ ပုံထဲက မှန်ကန်တဲ့ အဖြေတွေကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
✅ စက်တင်ဘာ ၂ ရက်နေ့ ညနေ ၅ နာရီအထိ ပါဝင်ဖြေဆိုနိုင်ပြီး အမှန်ဆုံးနဲ့ အကောင်းဆုံး ဖြေဆိုနိုင်သူတွေထဲက ကံထူးရှင် ၁၀ ဦးကို မဲနှိုက်ရွေးချယ်မှာပါ။ ဖုန်းဘေလ်လက်ဆောင် ရရှိတဲ့ ကံထူးရှင်အမည်စာရင်းကိုတော့ စက်တင်ဘာ ၅ ရက်နေ့မှာ ကြေညာမှာ ဖြစ်လို့ ဆက်ဆက်ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်နော်။
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
🎉 ‘ရင်ဖွင့်မယ်’ ကမ်ပိန်းရဲ့ ကာတွန်းစီးရီး ဇာတ်သိမ်းပိုင်းကို တင်ဆက်လိုက်ပါပြီ 🎉
🌹 ‘ရောင်နီသို့ မျှော်လင့်ခြင်း’ လို့ အမည်ပေးထားတဲ့ ကာတွန်းစီးရီး အပိုင်း (၈) မှာတော့. . .
ပင်ပန်းခက်ခဲချိန်တွေ ကြုံလာရတဲ့အခါ ဖေဖေ မေမေတို့ ခံစားရနိုင်တဲ့ စိတ်ခံစားချက်တွေကို စိတ်ဓာတ်ကြံ့ခိုင်စွာ ရင်ဆိုင်နိုင်ဖို့၊ ကောင်းလေးမျိုး ဆိုးလေးမျိုး လောကဓံကို ခံနိုင်ရည်ရှိရှိနဲ့ ဖြတ်သန်းနိုင်ဖို့ အထောက်အကူပြုမယ့် တွေးတောစဉ်းစားဖွယ်ရာ အချက်လေးတွေကို. . .
🍂 ဖွားဖွားမေချို ကြုံတွေ့နေရတဲ့ သမီးနဲ့ မြေးကို ခွဲခွာရချိန်၊
🍂 သားအပေါ် လိုအပ်တာတွေအကုန် ဖြည့်ဆည်းမပေးနိုင်လို့ ကောင်းကောင်းဖခင် ခံစားနေရချိန် မြင်ကွင်းလေးတွေနဲ့အတူ တင်ဆက်ထားတာပါ။
ဖေဖေ မေမေနဲ့ သားသားမီးမီးတို့ အခုပဲ ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ ကာတွန်းစီးရီး အပိုင်း(၁)ကနေ အပိုင်း (၈) အထိ အားပေးကြည့်ရှုခဲ့ကြလို့လည်း ကျေးဇူးတင်ပါတယ်နော် 👨👩👧👦
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
ဖေဖေ မေမေတို့ ဘဝမှာ စိတ်ခံစားချက်တွေ မွန်းကြပ်ပြီး ခက်ခဲပင်ပန်းချိန်တွေနဲ့ ကြုံနေရသလား ❓
အခက်အခဲတွေကို ခံနိုင်ရည်မရှိတော့ဘူးလို့ တွေးမိချိန်တွေရော ရှိနေသလား ❓
✅ အပြောင်းအလဲ၊ အကျပ်အတည်းတွေ၊ ဆုံးရှုံးမှုနဲ့ စိတ်နာကျင်မှုတွေကို ရင်ဆိုင်ရချိန်မှာ ခံနိုင်ရည်အား မရှိတော့သလို ခံစားရတာမျိုးတွေ ရှိနိုင်တာပေါ့ … ။
ဒီလို ခံနိုင်ရည်အား လျော့နည်းလာပြီဆိုရင် ဖေဖေ မေမေတို့မှာ အဆိုးမြင်အတွေးတွေ၊ ခံစားချက်တွေ ဝင်လာနိုင်ပါတယ်။ သားသားမီးမီးတို့အပေါ်မှာလည်း ကိုယ့်ကို ပိုပြီး စိတ်ပင်ပန်းစေသူတွေလို့ ထင်မိတဲ့အခါလည်း ရှိကောင်းရှိနိုင်တယ်။
👉 ဒါတွေဟာ ခက်ခဲပင်ပန်းလွန်းချိန်မှာ ဖြစ်လာတတ်တဲ့ သဘာဝပါ။ အဆိုးမြင်အတွေး၊ ခံစားချက်တွေကို ဆက်လက် မွေးမြူထားမယ်ဆိုရင်တော့ ဖေဖေ မေမေတို့ရဲ့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်လာနိုင်သလို ကလေးတို့ကို ထိန်းကျောင်းရာမှာလည်း အဆင်မပြေမှုတွေ ကြုံလာနိုင်တယ်နော်။
🍂🌹 အပြောင်းအလဲ၊ အခက်အခဲတွေကို အကောင်းဆုံး ရင်ဆိုင်နိုင်မယ့် စိတ်ဓာတ်ကြံ့ခိုင်မှု ရှိနေစေဖို့ ဖေဖေ မေမေတို့ ဘယ်လို ကြိုးစားတည်ဆောက်ယူနိုင်သလဲ ဆိုတာကို အောက်ကပုံလေးတွေမှာ ရှင်းပြပေးထားတာမို့ ဖတ်ရှုကြည့်လိုက်ပါဦး 👨👩👧👦
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
ရင်ဖွင့်မယ်ကာတွန်းစီးရီး အပိုင်း (၇) လာပါပြီ 🎉
✅ ‘ရင်ဖွင့်မယ်’ ကမ်ပိန်း ကာတွန်းစီးရီး အပိုင်းတွေအကုန်လုံးကို ကြည့်ရှုခဲ့ပြီးပြီဆိုရင် အဓိက ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ ဖွားဖွား မေချိုကို သိနေကြမှာပါ။
👵 ဖွားဖွားမေချိုဟာ မြေး သီဟအပေါ်မှာသာမက အိမ်နီးချင်း ကလေးတွေ၊ သီဟရဲ့ သူငယ်ချင်းတွေအပေါ်မှာပါ မေတ္တာပေးနိုင်သူတစ်ဦးမို့ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်အဖြစ် နှစ်သက်သူတွေလည်း ရှိနေတာ သိရပါတယ်နော်။
အေးချမ်းစွာ နေလေ့ရှိတဲ့ ဖွားဖွားမေချိုဟာ တစ်ချိန်မှာတော့ ကျန်းမာရေးထိခိုက်လောက်တဲ့အထိ စိတ်ကို ဖိစီးစေတဲ့ အကြောင်းလေးတစ်ခု ရှိလာခဲ့ပါတယ်တဲ့။
👉 ဘယ်လို အကြောင်းအရာက အုပ်ထိန်းသူ ဖွားဖွားကို စိတ်ဖိစီးလာစေသလဲ ❓
အဲဒီစိတ်ဖိစီးမှုကို ဖွားဖွားမေချို ဘယ်လို ကျော်ဖြတ်ခဲ့သလဲ ❓ ဆိုတာတွေကို ‘ရင်ဖွင့်မယ်’ ကမ်ပိန်း ကာတွန်းစီးရီး အပိုင်း (၇) ‘ဖွားဖွားမေချိုနှင့် စိတ်ဖိစီးမှုကို လွန်မြောက်ခြင်း’ မှာ ကြည့်ရှုလို့ ရပါပြီနော် 😊
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
ဖေဖေ မေမေတို့ စိတ်ဖိစီးမှုကို ခံစားဖူးပါသလား ❓
✅ စိတ်ဖိစီးမှုဆိုတာ အကြောင်းအရာ အမျိုးမျိုးကြောင့် ပေါ်ပေါက်နိုင်ပါတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်လာလို့၊ သတ်မှတ်ရက်အတွင်း အလုပ်တွေ မပြီးလို့၊ အိမ်က ကလေးတွေ ကျန်းမာရေး မကောင်းလို့၊ ဆက်ဆံရေး အဖုအထစ်တွေ ရှိလို့ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
🥀🧎♀️ နေ့စဉ် ကြုံနိုင်တဲ့ စိတ်ဖိစီးမှုဆိုတာ လုံးဝ မတွေ့ရအောင် ပြင်ဆင်ရှောင်လွဲဖို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ စိတ်ဖိစီးမှုကို ရင်ဆိုင်နိုင်ဖို့အတွက် မိမိစိတ်နဲ့ အပြုအမူကို လေ့ကျင့်ဖို့ လိုအပ်ပါတယ်နော်။
🍂 စိတ်ဖိစီးမှုနဲ့ ကြုံတွေ့လာရပြီဆိုရင် ဖေဖေ မေမေတို့ ပထမဆုံးအနေနဲ့ လုပ်ရမှာကတော့ စိတ်ဖိစီးမှု ရှိနေတယ်ဆိုတာ လက်ခံလိုက်ဖို့ပါ။ ပြီးရင်တော့ အကြောင်းအရင်းကို စဉ်းစားရှာဖွေပါ။ ကိုယ် ထိန်းချုပ်လို့ မရနိုင်တာတွေကြောင့် စိတ်ညစ်နေတာလား ❓ ဒါဆိုရင်တော့ စိတ်ဖိစီးနေလည်း ပြောင်းလဲသွားမှာမဟုတ်တဲ့ အကြောင်းအရာတွေအပေါ်မှာ အာရုံစိုက်တာကို လျှော့ချဖို့ လိုပါတယ်။
🍂 ကိုယ်ကိုယ်တိုင် ထိန်းချုပ်လို့ ရနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်ခဲ့မယ်ဆိုရင်တော့ သေချာရေရာတဲ့ အစီအစဉ်တွေ ချမှတ်ပါနော်။
ဥပမာ - ဖြေရှင်းဖို့ လိုအပ်နေပြီး ကိုယ့်ကို စိတ်ဖိစီးစေတဲ့ အချက်လေးတွေ ချရေးကြည့်မယ်။ အလွယ်ဆုံးတစ်ခုကနေစပြီး ဖြေရှင်းကြည့်မယ်။ အဆင်ပြေ ပြီးမြောက်သွားတိုင်း ပြီးစီးတဲ့ သင်္ကေတအဖြစ် ခြစ်ထားလိုက်မယ်။ ဒါဆိုရင်တော့ စိတ်ကို ဖိစီးရှုပ်ထွေးနေတာတွေ တစ်ခုချင်း ရှင်းသွားဖို့ အထောက်အကူ ပြုမှာပါ။
👉 ဖေဖေ မေမေတို့ စိတ်ဖိစီးမှု လျော့ပါးဖို့ နောက်ထပ် နည်းလမ်းတစ်ခုကတော့ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးလို့ ပြောလို့ရပါတယ်။ အဲဒါကတော့ ယုံကြည်စိတ်ချရသူတွေထံမှာ ရင်ဖွင့်ပြီး အကူအညီ၊ အကြံဉာဏ် ရယူတာပေါ့။
ခက်ခဲပင်ပန်းတဲ့ အခြေအနေကို ဖြတ်သန်းနေရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီလိုကြုံတွေ့နေရတဲ့ အခြားသူတွေနဲ့ အချင်းချင်း အပြန်အလှန် မျှဝေကူညီတာဟာလည်း စိတ်လူမှုဆိုင်ရာ ကျန်းမာပြည့်စုံမှု ရရှိဖို့ အထောက်အကူဖြစ်စေပါတယ် ဖေဖေ၊ မေမေတို့ရေ 👨👩👧
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
နေ့တဓူဝ စိတ်ပင်ပန်းစရာ အခြေအနေတွေကြောင့် စိတ်ဖိစီးမှုကို ဖေဖေ မေမေတို့ ကြုံတွေ့နေရသလား ❓
စိတ်ဖိစီးမှုရဲ့ နောက်ဆက်တွဲအဖြစ် ဒေါသစိတ်ကို မကြာခဏ ခံစားနေရသလား ❓
👉 ဒီလို အခြေအနေမျိုးနဲ့ ကြုံနေရမယ်ဆိုရင် သားသား မီးမီးတို့ကို အုပ်ထိန်းရာမှာ ကိုယ့်ရဲ့ အပြုအမူ၊ အပြောအဆိုကို ထိန်းချုပ်ရခက်ခဲတာမျိုး ဖေဖေ မေမေတို့ ရင်ဆိုင်ရနိုင်ပါတယ်။
✅ ဖေဖေ မေမေတို့ရဲ့ ဒေါသစိတ်ကြောင့် သားသား မီးမီးတို့ကို ပျိုးထောင်ရာမှာ ဆိုးကျိုးတွေ မဖြစ်ပေါ်စေဖို့ ဘယ်လို သတိထားရမလဲ ❓ ကိုယ့်ရဲ့ ဒေါသစိတ်ကို ပြေလျော့အောင် ဘယ်လို ကြိုးစားမလဲ ❓ ဆိုတာကိုတော့. . .
အခု တင်ဆက်လိုက်တဲ့ ‘ရင်ဖွင့်မယ်’ ကမ်ပိန်း ကာတွန်းစီးရီး အပိုင်း (၆) ‘ဒေါသစိတ်ကို ဖြတ်ကျော်ခြင်း’မှာ လေ့လာကြည့်ရှုလို့ ရပါတယ်နော် 👨👩👧
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
အခုလို စိတ်ပင်ပန်းစရာတွေ များပြားတဲ့ အချိန်ကာလမှာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကြောင့် ဖေဖေ မေမေတို့ရဲ့ နေ့စဉ်အလေ့အထတွေပါ ပြောင်းလဲလာတာမျိုး ကြုံနေရပြီလား ❓
👉 အဲဒီလို ပြောင်းလဲလာတဲ့ အလေ့အထတွေထဲမှာ အဖြစ်များတာကတော့ အိပ်စက်ခြင်းပုံစံ ပြောင်းလဲမှုပါပဲ။
✅ အိပ်စက်ခြင်း အလေ့အထ ပြောင်းလဲလာပြီဆိုရင် ပုံမှန်အချိန်မှာ အိပ်ရာဝင်ပေမယ့် အိပ်ပျော်ဖို့ ခက်ခဲမယ်။ ခန္ဓာကိုယ်ရော စိတ်ကပါ ပင်ပန်းပြီး အနားမရသလိုလည်း ခံစားရနိုင်တယ်။ အတွေးတွေများစွာ ဆက်စပ်တွေးမိပြီး ဘယ်လိုပဲ အိပ်ပျော်အောင် ကြိုးစားပေမယ့် အဆင်မပြေတာမျိုး ရှိနိုင်တယ်။
✅ အိပ်ရေးပျက်လာတဲ့အခါ ဖေဖေ မေမေတို့အနေနဲ့ စိတ်တို စိတ်ဆတ်လွယ်လာသလို ပုံမှန် သည်းခံဖြတ်ကျော်နိုင်တဲ့ အခြေအနေတွေအပေါ်မှာလည်း ဒေါသစိတ်နဲ့ တုံ့ပြန်မိတတ်ပါတယ်။ ဒီအခါမှာ ဆိုးကျိုးကို အဓိက သက်ရောက်ခံစားရမှာကတော့ ဖေဖေ မေမေတို့ အုပ်ထိန်းနေရတဲ့ သားသားမီးမီးတို့ပါပဲ။
ဒါကြောင့် ဒီနေ့မှာတော့ ဖေဖေ မေမေတို့ရဲ့ အိပ်စက်ခြင်း အလေ့အထ အပြောင်းအလဲကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ ပြောပြပေးပါရစေ 💁♀️
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
👩🧑 သားသားမီးမီးတို့ စိတ်ဖိစီးတယ်ဆိုတဲ့ ခံစားမှုကို ကြုံဖူးကြပါသလား ❓
✅ စိတ်ဖိစီးမှုဆိုတာ အချိန်တစ်ခုကို ရောက်တဲ့အခါ သက်သာရာရလာမှာပါ။ စိတ်ဖိစီးကို ကျော်ဖြတ်နိုင်ဖို့ ကလေးတို့ကိုယ်တိုင် ကြိုးစားဖြေရှင်းရမှာတွေ ရှိသလို လူကြီးမိဘတွေဘက်က နားလည်အားပေးမှုတွေလည်း လိုအပ်ပါတယ်။
အခု တင်ဆက်လိုက်တဲ့ ရင်ဖွင့်မယ် ကမ်ပိန်း ကာတွန်းစီးရီး အပိုင်း (၅) 'စိတ်ဖိစီးမှုကို ဖြတ်ကျော်ခြင်း' မှာ. . .
🟡 ဆယ်ကျော်သက်ရွယ် ကောင်းကောင်းရဲ့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲ ဖြစ်ပေါ်နေပုံ၊ ကြုံလာရတဲ့ အခက်အခဲနဲ့ စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းဖို့ အားထုတ်နေရပုံတွေကို ကြည့်ရှုရမှာပါ။
🟡 ဒီအခြေအနေကို ကောင်းကောင်းတစ်ယောက် ကျော်လွှားဖြေရှင်းနိုင်ခဲ့ရဲ့လားဆိုတာ အခုပဲ ကြည့်ရှုလိုက်ကြရအောင်ပါ။
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုဆိုတာဟာ ဖေဖေ မေမေတို့လို လူကြီးတွေနဲ့ပဲ သက်ဆိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေ မဟုတ်ပါဘူး။ ကလေးတွေ၊ ဆယ်ကျော်သက်တွေမှာလည်း ကြုံတွေ့နိုင်တယ်နော် 🥀🧎♀️
💢 ဒါပေမယ့် သူတို့လေးတွေဟာ သူတို့ရဲ့ စိတ်ခံစားချက်ကို လူကြီးတွေလို တစ်ဖက်သား သိနားလည်အောင် ပြောမပြတတ်ကြပါဘူး။ အဲဒီအစား စိတ်ခံစားချက် အပြောင်းအလဲကို အမူအရာအားဖြင့် ပြတတ်ကြပါတယ်။
👉 စိတ်ဖိစီးမှုကို ခံစားနေရတဲ့ ကလေးတွေမှာ အိပ်ခြင်း၊ စားခြင်း အလေ့အထတွေ ပြောင်းလဲလာမယ်။ စိတ်တိုလွယ်လာမယ်။ အာရုံစူးစိုက်ရလည်း ခက်ခဲလာနိုင်တယ်။ နှလုံးခုန် မြန်တာ၊ အသက်ရှူ မြန်တာ၊ အသက်ရှူကြပ်သလို ခံစားရတာလည်း ရှိနိုင်တယ်။ ငယ်ရွယ်သေးတဲ့ ကလေးတွေဆိုရင် လူကြီးမိဘကို ပိုပြီး တွယ်ကပ်လာမယ်။ ငယ်ရွယ်တုန်းကလို အပြုအမူတွေ - ဥပမာ လက်စုပ်တာတွေ ပြန်လုပ်လာမယ်။
🟧 စိုးရိမ်ပူပန်မှုကို ခံစားနေရပြီဆိုရင်တော့ ကလေးဟာ အာရုံစူးစိုက်ရတဲ့ အလုပ်တွေမှာ အခက်အခဲ ရှိလာမယ်။ နာမကျန်းလည်း ဖြစ်နိုင်တယ်။ ရံဖန်ရံခါမှာ ဝုန်းဒိုင်းကြဲ ပေါက်ကွဲနေတတ်ပြီး အငိုလွယ်နေတာလည်း ရှိနိုင်ပါတယ်။
တကယ်လို့များ ကိုယ့်ရင်သွေးလေးတွေမှာ စိတ်ဖိစီးမှု ဒါမှမဟုတ် စိုးရိမ်ပူပန်တွေ ခံစားနေရပြီဆိုရင် ဖေဖေ မေမေတို့ ဘယ်လို ကူညီပေးနိုင်သလဲ ဆိုတာ အောက်က ပုံလေးတွေမှာ ဖတ်ရှုပေးပါဦးနော် 👨👩👧
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
'ရင်ဖွင့်မယ်' ကမ်ပိန်းက သားသားမီးမီးတို့ နေ့စဉ် ကြုံတွေ့ခံစားရနိုင်တဲ့ စိတ်ခံစားချက်အမျိုးမျိုးအကြောင်းနဲ့ အဲဒီစိတ်ခံစားချက်တွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့အကြောင်း ပြောပြခဲ့တယ်နော် 👩🧑✨
👉 ဒီနေ့တော့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုအကြောင်း ပြောပြဖို့အချိန် ရောက်လာပါပြီ။
✅ စိတ်ဖိစီးမှုဆိုတာဟာ ကိုယ့်ရဲ့ စိတ်ကို သက်သောင့်သက်သာ မဖြစ်စေတဲ့ အခြေအနေတွေမှာ ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ပုံမှန်တုံ့ပြန်မှုတစ်ခုပါ။ စိတ်ဖိစီးမှု ဖြစ်စေတဲ့အကြောင်းကလည်း အများကြီး ဖြစ်နိုင်တယ်။ ကလေးတို့အတွက်ဆိုရင် စာမေးပွဲ ရှိတာကလည်း စိတ်ဖိစီးမှုဖြစ်နိုင်သလို မိသားစုဝင်တစ်ဦးဦးက ဆူပူလိုက်တာကလည်း စိတ်ဖိစီးမှုကို ခံစားရစေနိုင်တယ်။
✅ စိုးရိမ်ပူပန်မှုကိုတော့ ကလေးတို့အတွက် ထိတ်လန့်စရာ၊ စိုးရိမ်စရာ အခြေအနေတစ်ခုခုနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ခံစားရတတ်ပါတယ်။ ကိုယ့်ဘဝအတွက် အပြောင်းအလဲတစ်ခုခုနဲ့ ကြုံကြိုက်ချိန်မှာလည်း ဖြစ်တတ်တယ်။ ပတ်ဝန်းကျင်မှာ စိုးရိမ်မကင်းဖြစ်စရာ အနေအထားတွေ ရှိနေရင်လည်း အဲဒီခံစားမှုမျိုး ဖြစ်နိုင်တယ်နော်။
ကဲ. . .အခုတော့ ကလေးတို့အလှည့် ရောက်ပါပြီ။
🌸 ဒီနေ့ ကိုယ့်မှာ ဘာခံစားချက်တွေ ရှိနေသလဲ ❓ အဲဒီခံစားချက်တွေက ကိုယ့်ကို ဘယ်လို အပြုအမူ၊ အတွေးတွေ ဖြစ်စေသလဲ ဆိုတာကို သားသားမီးမီးတို့နဲ့ ဖေဖေ မေမေ၊ အုပ်ထိန်းသူတွေအားလုံး. . .အခု ပို့စ်လေးရဲ့ ကွန်မန့်တွေမှာ ပြောပြပေးသွားပါဦး 💁
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
သူတစ်ပါးကို အကူအညီပေးလိုက်တယ်ဆိုတာဟာ ကိုယ့်အကျိုးအတွက် လုံးဝ မပါဘူးလို့ များသောအားဖြင့် တွေးမိကြမယ်ထင်တယ်နော်✨
✅ တကယ်တော့ အကူအညီ လိုအပ်နေသူကို မိမိရဲ့ အချိန်၊ လုပ်အား စသဖြင့် တစ်ခုခု ပံ့ပိုးလိုက်တာဟာ ကိုယ်တိုင်အတွက်လည်း အကျိုးရှိပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုရလာသလို ပျော်ရွှင်မှုကိုလည်း ခံစားရနိုင်တယ်။ တစ်ချိန်တည်းမှာပဲ စိတ်ဖိစီးမှုကို ခံစားနေရမယ်ဆိုရင်လည်း အဲဒီခံစားချက်တွေကို လျော့ပါးသက်သာစေနိုင်ပါသတဲ့။
'ရင်ဖွင့်မယ်' ကမ်ပိန်း ကာတွန်းစီးရီး အပိုင်း (၄) ဖြစ်တဲ့ 'ကူညီဖြေရှင်း အချင်းချင်းတွေ' မှာတော့. . .
💐 ကောင်းကောင်း၊ သီဟနဲ့ ဂျက်စမင်တို့ သူငယ်ချင်းသုံးဦး အခက်အခဲတစ်ခု ကြုံတွေ့ချိန်မှာ စိတ်အခန့်မသင့်စရာ အခြေအနေမျိုး ရှိလာခဲ့ပေမယ့် ကောင်းမွန်တဲ့ ရေရှည်ဆက်ဆံရေးကို ဘယ်လို တည်ဆောက်ခဲ့သလဲ ❓
တစ်ဦးနဲ့ တစ်ဦး ဘယ်လို အပြန်အလှန် ကူညီပံ့ပိုးမလဲ ❓စတာတွေကို တင်ဆက်ထားတာမို့. . .
ဆက်ဆက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်နော် 💁♀️
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
စိတ်နာကျင်မှုနဲ့ ရင်ဆိုင်တွေ့ကြုံပြီးတဲ့နောက်မှာ ကျန်ရစ်ခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် ကလေးတို့ရဲ့ ဘဝတစ်လျှောက် စိတ်ပိုင်းဆိုင်ရာ အခက်အခဲ မဖြစ်စေဖို့အတွက် အဓိက တာဝန်ရှိတာကတော့ ဖေဖေ မေမေနဲ့ အုပ်ထိန်းသူတွေပါ 👨👩👧🌹
🟠 မလွဲမရှောင်သာ ကြုံတွေ့လာရတဲ့ အခြေအနေတွေကြောင့် ရရှိခဲ့တဲ့ စိတ်ဒဏ်ရာဟာ ကလေးတွေမှာ ကာလရှည်ကြာ စွဲနေနိုင်ပါတယ်။ ဒါကြောင့် အနီးကပ်ဆုံး ရှိမယ့် မိဘအုပ်ထိန်းသူတွေဘက်က အချိန်အတိုင်းအတာတစ်ခုအထိ ပြုစုစောင့်ရှောက်ပေးဖို့ လိုအပ်မှာပါနော်။
✅ စိတ်နာကျင်မှုကို ပြန်သက်သာစေဖို့ဆိုရင် ပထမဆုံးအနေနဲ့ ကူညီပေးရမှာကတော့ အဖြစ်အပျက်နဲ့ပတ်သက်ပြီး မိဘအုပ်ထိန်းသူတွေက အဆိုးမြင်အတွေးနဲ့ ပြန်မပြောမိစေဖို့ပါ။ အဲဒီအစား စိတ်အေးလက်အေး အမူအရာမျိုးနဲ့ ပြောဆိုဆွေးနွေးကြည့်ပါ။ ပြီးခဲ့တဲ့ အဖြစ်အပျက်တွေအကြောင်း ပြန်လည်ပြောဆိုစေတာဟာ ကလေးရဲ့ စိတ်နာကျင်မှုတွေ လျော့ပါးလာစေဖို့ အထောက်အကူပြုပါတယ်။
✅ ကလေး ပြောပြတာတွေ နားထောင်ပြီးပြီဆိုရင်တော့ လိုအပ်တဲ့ ပံ့ပိုးမှုတွေ လုပ်ပေးပါ။ ဥပမာ - လုံခြုံစိတ်ချရတဲ့ အခြေအနေမှာ ရှိနေပြီဆိုတာ ကလေးတို့ သိပါစေ။ ကလေးတို့နဲ့ မကြာခဏ အချိန်ပေး စကားပြောပါ။ နဂိုထက် စကားနည်းသွားမယ်ဆိုရင်တော့ သူတို့လေးတွေဆီက စကားလုံးတွေ ထွက်လာဖို့အတွက် မသိမသာ အားပေးတာမျိုး လုပ်ကြည့်လို့ ရပါတယ်။ တကယ်လို့များ ကလေးမှာ မေးခွန်းတွေ ရှိတယ်ဆိုရင် အရိုးရှင်းဆုံး ဖြေပေးဖို့ လိုပါတယ်။
✅ ပုံမှန် လုပ်နေကျ အလုပ်တွေကို လုပ်နေကျအချိန်မှာပဲ အတူလုပ်ကြည့်ပါ။ နေရပ်ပြောင်းရွှေ့ခဲ့ရတယ်ဆိုရင်လည်း စားချိန်၊ အိပ်ချိန်၊ ပုံပြင်ဖတ်ချိန်လို အချိန်လေးတွေကိုတော့ ပုံမှန်အတိုင်းပဲ လုပ်ပေးနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ ပေးဆော့တာမျိုး လုပ်နိုင်ပါတယ်။ သူတို့ စိတ်ဝင်စားတဲ့ အလုပ်လေးတွေနဲ့ စိတ်မအား လူမအား ဖြစ်နေတာက ဝေဒနာကို သက်သာစေမှာပါ။
✅ နောက်ထပ် အကောင်းဆုံး နည်းလမ်းတစ်ခုတော့ မျှော်လင့်ချက် ထားတတ်တဲ့ စိတ်ကလေးကို ကလေးတို့ ပိုင်ဆိုင်အောင် လေ့ကျင့်ပေးတာပါ။ ‘အခုအခြေအနေက အဆင်မပြေဘူးဆိုတာ ဖေဖေ/မေမေတို့ သိပါတယ်။ ဒါပေမဲ့ ဒီထက် ပိုကောင်းအောင် ကြိုးစားနေတယ်နော်’ စသဖြင့် အားပေးလို့ ရပါတယ်။
ကလေးတို့အပေါ် မိဘအုပ်ထိန်းသူတွေက ချစ်ခြင်းမေတ္တာနဲ့ နွေးနွေးထွေးထွေး ဆက်ဆံပေးတာဟာ စိတ်နာကျင်မှုတွေဆီကနေ ပြန်လည်လွတ်မြောက်ဖို့ အထောက်အကူ ပြုပါတယ်နော် 🌟💐
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
စိတ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေတဲ့ အခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်ရပြီးတဲ့နောက်မှာ စိတ်နာကျင်မှု (သို့မဟုတ်) စိတ်ဒဏ်ရာ ကျန်ရစ်ခဲ့လေ့ရှိပါတယ်။ ရှမ်းပြည်နယ်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် မနန်းမိုကတော့ သူ့အသက် ၁၀ နှစ်အရွယ်မှာ မိခင်ဖြစ်သူ ဆုံးပါးခဲ့တာ၊ နေရပ်ပြောင်းရွှေ့ခဲ့ရတာဟာ စိတ်နာကျင်မှုအဖြစ် ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။
“အဲဒီတုန်းက အမေ ဆုံးတော့ သမီးတို့ မျက်စိရှေ့မှာပေါ့နော်။ အမေ့ရဲ့ နောက်ဆုံးအချိန်ကို သမီး အကုန်မြင်လိုက်ရတယ်။ အမေ မောနေတာ၊ အသက် တအားရှူနေရတာကို အခုအထိ မှတ်မိနေတယ်။ အဖေ ဆုံးသွားတာ ညီမလေး ငယ်ငယ်ကတည်းကဆိုတော့ အမေပါ သမီးတို့ကို ထားသွားမှာ တအားကြောက်ခဲ့တာ။ အမေ မသေပါစေနဲ့ဆိုပြီး ဆုတွေလည်း တောင်းပေမယ့် သမီးဆုတောင်း မပြည့်ဘူး”
အမေ ဆုံးပါးသွားပြီးနောက်မှာတော့ မနန်းမိုတို့ညီအစ်မဟာ မြို့ပေါ်ရပ်ကွက်က အဒေါ်ရဲ့ အိမ်ကို ပြောင်းရွှေ့နေထိုင်ရပါတယ်။ အဒေါ်ကလည်း တူမလေးတွေကို သံယောဇဉ်ရှိပြီး ဂရုစိုက်ပါတယ်။ ဒါပေမဲ့ တစ်ဦးတည်းသော အားကိုးရာ မိခင်ကို ဆုံးရှုံးခဲ့ရသလို နေရပ်ကိုပါ စွန့်ခွာခဲ့ရတဲ့ မနန်းမိုတို့ညီအစ်မဟာ နေရာသစ်မှာ ချက်ချင်းလက်ငင်း အသားမကျနိုင်ပါဘူး။
“အဲဒီတုန်းက ညီမလေးက အသက် ၅ နှစ်ပဲရှိသေးတယ်။ အမေ့ကို သတိရလို့ ခဏခဏ အော်ငိုတာပဲ။ သမီးက ညီမလေးရှေ့မှာတော့ မငိုဘူး။ သူ့ကို ချော့တယ်။ ဒါပေမဲ့ ညအိပ်ချိန်ဆို အမေ့ကို တအား သတိရတယ်။ သမီးလည်း ငိုတယ်။ အမေ သမီးတို့ဆီ ပြန်လာမလားမသိဘူးဆိုပြီး စဉ်းစားနေတဲ့အခါတွေလည်း ရှိတာပေါ့နော်။ တစ်ခါတလေ ညီမလေးနဲ့ ကစားကြတဲ့အခါဆို အမေ ပြန်လာပြီဆိုတဲ့ ပုံပြင်တွေ ပြောပြီး ကစားကြတယ်”
စိတ်နာကျင်မှုကို အရွယ်နဲ့ မလိုက်အောင် ခံစားခဲ့ရတဲ့ မနန်းမိုဟာ သူ ချစ်တဲ့ ညီမလေးအတွက်တော့ အားကိုးရတဲ့ အစ်မတစ်ယောက် ဖြစ်ချင်ခဲ့ပါသတဲ့။ စိတ်နာကျင်တွေဆီကနေ ပြန်လည်လျော့ပါးသက်သာအောင် ကြိုးစားဖို့ အားထုတ်ချင်စိတ် ဝင်လာအောင်လည်း အုပ်ထိန်းသူတွေဘက်က ပူးပေါင်းပါဝင်မှု ရှိခဲ့တဲ့အကြောင်း မနန်းမိုက အခုလို ပြောပြခဲ့ပါတယ်။
“အဒေါ်က သမီးတို့ကို အမြဲတမ်း အားပေးတယ်။ သမီးတို့ပဲမဟုတ်ဘူး. . .အဒေါ်ရော ဦးလေးရော ဝမ်းကွဲမောင်နှမတွေရော အတူတူရှိတယ်။ သမီးတို့ အားငယ်စရာမလိုဘူး။ သမီး စိတ်ညစ်တာ ရှိလာရင် လာပြောပြဆိုပြီး ပြောတတ်တယ်။ နောက်ပြီးတော့ သမီး တွေးကြည့်တယ်လေ။ သမီးက ဒီလို ဖြစ်နေရင် သမီးထက် အများကြီး ငယ်တဲ့ ညီမလေးက ဘယ်သူ့ကို အားကိုးရမလဲဆိုပြီးပေါ့။ နောက်ပိုင်းကျတော့ သမီး အမေ့ကို လွမ်းရင်. . .ရွာကို လွမ်းလာရင် အဒေါ်နဲ့ စကားပြောတယ်။ သူငယ်ချင်းအသစ်တွေ ရလာတော့လည်း သူတို့နဲ့ စကားပြောတယ်။ ညီမလေးကိုလည်း အချိန်ပေးပြီး အတူဆော့ပေးတယ်။ သမီးစိတ်က တဖြည်းဖြည်း ပြန်ပြီးတော့ သက်သာလာပါတယ်။
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
စိတ်နာကျင်မှု (သို့မဟုတ်) ထရော်မာဆိုတာဟာ. . .
၁) ကိုယ်တိုင် ကြုံတွေ့ဖူးတဲ့ ဖြစ်ရပ်တွေကြောင့်ပဲ ဖြစ်ပေါ်နိုင်တယ်။
၂) ကိုယ်တိုင် ကြုံဖူးတာကြောင့်လည်း ဖြစ်နိုင်သလို မြင်တွေ့ ကြားသိရတာတွေကြောင့်လည်း ခံစားရနိုင်တယ်။
✅ ဒီစာကြောင်းနှစ်ခုထဲက အဖြေမှန်ကို ကလေးတို့ ရွေးထုတ်ကြည့်ပေးပါဦး။
👉 ဒုတိယ စာကြောင်းကို ရွေးလိုက်မယ်ဆိုရင်တော့ ကလေးတို့ရဲ့ အဖြေက မှန်ကန်ပါတယ်နော်။
ပုံမှန် ကြုံတွေ့နေကျ မဟုတ်ဘဲ ဆိုးရွားပြင်းထန်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့တဲ့အခါ စိတ်ထိခိုက်နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ကိုယ်တိုင် ကြုံရချိန်မှာလည်း ဖြစ်နိုင်သလို ပတ်ဝန်းကျင်ကတစ်ဆင့် မြင်တွေ့ ကြားသိရရင်လည်း ဖြစ်လာနိုင်တယ်။ ဥပမာ - မတော်တဆမှုမှာ ကိုယ်တိုင် ထိခိုက်ခဲ့တာ၊ သူတစ်ပါး ထိခိုက်ဒဏ်ရာရတာကို ကလေးတို့ မြင်လိုက်ရတာ စသဖြင့်ပေါ့။
🥀🧎 စိတ်နာကျင်စရာ ဖြစ်ရပ်နဲ့ ကြုံပြီးတဲ့နောက်မှာ စိုးရိမ်ထိတ်လန့်တာ၊ ဝမ်းနည်းတာတွေကို ကလေးတို့ ခံစားရနိုင်တယ်။ ဘယ်အရာကိုမှ စိတ်မဝင်စားတော့ဘဲ ကိုယ့်ကိုယ်ကို အပြစ်တင်နေတာမျိုး၊ လုပ်နေကျ အလုပ်တွေကို အာရုံမစူးစိုက်နိုင်တာမျိုး၊ စိတ်နာကျင်မှုကို ပြန်အမှတ်ရစေမယ့် အရာတွေကို ရှောင်တာမျိုး စတာတွေ ဖြစ်လာတတ်တယ်။ နောက်ပြီး ဒီလို ဆိုးရွားတာတစ်ခုခု ထပ်ဖြစ်လာဦးမယ်လို့လည်း ကလေးတို့ တွေးမိနိုင်ပါတယ်။
✅ ဒီလို အခြေအနေတွေ ကြုံလာရင် ကလေးတို့ ဘာတွေ လုပ်ကြည့်နိုင်သလဲ ❓ ဘယ်အရာတွေက ကလေးတို့ကို စိတ်နာကျင်မှုကနေ ပေါ့ပါးစေမလဲ … အောက်က ပုံလေးတွေမှာ ဖတ်ကြည့်ကြရအောင်နော်။
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
မနှင်းလဲ့ဖြူ (အမည်လွှဲပြောင်း) ဟာ မြေလတ်ဒေသ ကျေးရွာတစ်ခုမှာ နေထိုင်တဲ့ အသက် (၁၂) နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းက မိုးရော လေပါ သည်းထန်စွာ တိုက်ခတ်ရွာသွန်းတဲ့ရက်မှာ နေအိမ်ထဲ မောင်လေး၊ ညီမလေးတွေနဲ့အတူ ကျန်ရစ်ခဲ့ချိန်. . .မိဘတွေ ခေတ္တခဏ အဝေးရောက်နေချိန်မှာ ဝမ်းနည်းပူဆွေးမှုကို ခံစားခဲ့ရသူပါ။
“အဲဒီနေ့က ရေစတက်လာတဲ့အခါ မောင်လေးနဲ့ ညီမလေးကို အိမ်အပေါ်ထပ် ပို့ထားပြီး သမီးက အမေတို့ကို ပစ္စည်းရွှေ့ကူတယ်။ မီးဖိုချောင်နဲ့ အိမ်အောက်ထပ်က ပစ္စည်းတွေ အပေါ်ထပ်ကို ရွှေ့ကြတာပေါ့နော်။ အဲဒါပြီးတော့ အမေတို့က ‘နွားတွေ သွားသိမ်းလိုက်ဦးမယ်၊ သမီးက မောင်လေး၊ ညီမလေးနဲ့အတူ နေခဲ့’ လို့ မှာပြီး အိမ်အပေါ်ထပ်မှာ သမီးတို့သုံးယောက်ကို ထားခဲ့တာ။ ခဏနေတော့ ရေက ပိုပြီး တက်လာတယ်။ လှေကားတောင် နှစ်ထစ်လောက်ပဲ ကျန်တော့တာ။ အဲဒီအချိန် သမီးစိတ်ထဲမှာ အကြောက်ဆုံးက ရေပိုတက်လာမှာ၊ အဖေနဲ့ အမေ သမီးတို့ဆီ ပြန်မလာနိုင်တော့မှာကိုပေါ့”
မနှင်းလဲ့ဖြူဟာ သူကိုယ်တိုင် ဝမ်းနည်းပူဆွေးမှုကို ခံစားနေရတဲ့ကြားကပဲ ကြောက်လန့်တကြား ငိုယိုနေတဲ့ မောင်လေးနဲ့ ညီမလေးကို ဖက်ပြီး နှစ်သိမ့်နေခဲ့ပါတယ်။ အိမ်အပြင်ဘက် မြင်ကွင်းမှာတော့ ရွာလမ်းတစ်လျှောက် ရေဖုံးလွှမ်းနေပြီး အိမ်သုံးပစ္စည်းတွေ၊ သစ်ကိုင်းခြောက်တွေ စသဖြင့် ရေထဲမှာ မျောနေကြတာကိုလည်း တွေ့ရပါတယ်။
“ကလေးတွေ ငိုတာကို ချော့နေရင်း သမီးလည်း တအားဝမ်းနည်းတာပဲ။ အမေတို့ ပြန်မလာနိုင်တော့ရင် ဘယ်လိုလုပ်ရမလဲ၊ အဖေနဲ့ အမေ မရှိတော့ရင် သမီးတို့ ဘယ်လိုနေရမလဲလို့ တွေးပြီး ငိုချင်လာတယ်။ သမီး ငိုနေရင် မောင်လေးနဲ့ ညီမလေး ပိုဝမ်းနည်းမှာစိုးလို့သာ မငိုဘဲ အောင့်ထားခဲ့ရတာ။ အမေတို့ ပြန်လာတော့မှ သမီးစိတ်က အဆင်ပြေသွားတယ်”
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
ဝမ်းနည်းကြေကွဲစရာ အဖြစ်အပျက်နဲ့ တွေ့ကြုံပြီးတဲ့နောက်မှာ နာကျင်နေတဲ့စိတ်တွေကို ပြန်လည်ပေါ့ပါးအောင် ကြိုးစားဖို့ အချိန်ယူရနိုင်ပါတယ်။ ကလေးတွေ၊ ဆယ်ကျော်သက်တွေအတွက်တော့ ဒီလို စိတ်ခံစားမှုတွေကနေ ပြန်သက်သာအောင် လုပ်ယူရတာဟာ လူကြီးတွေထက် ပိုပြီး ခက်ခဲနေမှာပါ 🧑👩
ကိုယ့်ရဲ့ ရင်သွေးငယ်လေးတွေမှာ ဒီလို အခြေအနေမျိုးတွေနဲ့ ကြုံလာရပြီဆိုရင် ဖေဖေ မေမေ၊ အုပ်ထိန်းသူတွေအနေနဲ့ ဘယ်လိုကူညီပေးနိုင်သလဲ ❓ အောက်ပါနည်းလမ်းလေးတွေကို အသုံးပြုကြည့်လို့ ရပါတယ်။
🍀 ကလေးတွေရဲ့ အသက်အရွယ်နဲ့ ကိုက်ညီမယ့် စကားလုံးမျိုးတွေ အသုံးပြုပြီး အဖြစ်အပျက်အကြောင်း ရှင်းပြပေးနိုင်ပါတယ်။
🍀 စိတ်ထိခိုက်မှာစိုးရိမ်ပြီး စကားလုံး အစားထိုး ပြောပြမယ့်အစား ရှင်းလင်းတိကျတဲ့ စကားလုံးကို ရွေးချယ်ပါ။
🍀 သူတို့ရဲ့ ခံစားချက်တွေအကြောင်း အချိန်ပေးနားထောင်ပါ။
🍀 ကိုယ့်ကိုယ်ကို အပြစ်တင်စိတ် မဝင်ဖို့ နှစ်သိမ့်ပေးပါ။
🍀 အပြန်အလှန် မေးခွန်းတွေ ရှိလာရင်လည်း စိတ်ရှည်လက်ရှည် ဖြေပေးပါ။
🍀 ကိုယ့်ရဲ့ ချစ်ခင်ဂရုစိုက်မှုကို သူတို့လေးတွေ ခံစားသိရှိပါစေ။
🌸 တချို့ ကလေးကြီးတွေ၊ ဆယ်ကျော်သက်တွေဆိုရင်တော့ - လူကြီးမိဘတွေကို လောလောဆယ် ရင်ဖွင့်ပြောပြလိုခြင်း မရှိသေးဘဲ သူတို့ဘာသာ သီးသန့် အချိန်ယူနေတာလည်း ရှိတတ်ပြန်ပါတယ်. . .။ အဲဒီလိုကာလအတွင်း မိမိဘက်ကလည်း နားလည်မှု ရှိပေးပါ။ တစ်ချိန်တည်းမှာပဲ လိုအပ်လာရင် အဆင်သင့် ရှိတယ်ဆိုတာ သူတို့လေးတွေ နားလည်အောင် ပြသထားဖို့လည်း လိုအပ်ပါတယ်။
🌼 ကလေးတို့ရဲ့ ဝမ်းနည်းကြေကွဲမှုကို ကူညီဖြေရှင်းပေးဖို့ ကြိုးစားနေချိန်မှာပဲ မိမိမှာလည်း အဲဒီလို ခံစားမှုမျိုး တစ်ထပ်တည်း ရှိနေတယ်ဆိုရင်တော့ အယုံကြည်ရဆုံးသူတစ်ဦးဦးထံမှာ ခံစားချက်တွေအကြောင်း ရင်ဖွင့်ဖို့၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့နော် 💁♀️
#ရင်ဖွင့်မယ်
#ခံစားပါမျှဝေပါ
Click here to claim your Sponsored Listing.
Videos (show all)
Contact the organization
Telephone
Address
Yangon
'ASTRIO' is a tech-based community organization which intends to help Myanmar youths. It involves in
7 Pyitawaye Street
Yangon, 11111
community-based solutions for wildlife conservation
အနော်မာလမ်း ၁၃ ရပ်ကွက် တောင်ဥက္ကလာ
Yangon, [email protected]
သင့်ကြောင့် အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာကို မထိခိုက်ပါစေနှင့်
No. 11, Ko Min Ko Chin Yeik Thar Street, West Ngar Htet Kyi Ward, Bahan Township
Yangon
Strengthening governance, expanding economic opportunity, increasing environmental resilience, empowering women, and promoting international cooperation
Yangon
Pyit Tine Htaung a.k.a The Tumbling Kelly | Burmese NFT Project
Yangon
A dream space for Myanmar students where they can get FREEDOM.