အတိုင်ပင်ခံ မောင်စွမ်း by Solution Design Lab
Nearby businesses
Khaymarthi Road
Room No
Tapin Shwe Htee Street Aung Chan Thar Ward
Zayyawadi3street
အမှတ်-၁၆ မြေညီ ၊မဂ္ဂင်လမ်း၊ကျောက်မြောင်း/တာမွေမြို့နယ်၊ရန်ကုန်မြို့
အမှတ် . ၊ (၁၄) ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်
Wingabar Road
Mayangon Township
Insein
Mg Suan is the business consulting services of Solutions Design Lab presented by အဖြေ (Ah P
Mind The Gap 💭
______________
သင့်အတွက်အရေးကြီးတဲ့အရာတွေ၊ သင်စိတ်ဝင်စားပြီးထူးချွန်တဲ့အရာတွေကို list လုပ်ပြီးတဲ့အခါမှာ list လုပ်ထားတဲ့ထဲကတချို့အရာတွေကို ဆက်လက်လုပ်ဆောင်ဖို့အတွက် သင့်မှာလိုအပ်ချက်တွေရှိနေတယ်လို့ ခံစားရပါသလား?
လိုအပ်ချက်ရှိတယ်လို့ ခံစားနေရတယ်ဆိုရင်တော့ သင်လက်ရှိလုပ်နေတဲ့ သင်စိတ်ဝင်စားတဲ့အရာကို အခုထက်ပိုတိုးတက်လာအောင်လုပ်တာ ဒါမှမဟုတ် တခြားစိတ်ဝင်စားတဲ့အရာတစ်ခုခုကို ထပ်လေ့လာတာမျိုးပဲဖြစ်ဖြစ်လုပ်ပြီးတော့ သင့်ရဲ့လိုအပ်ချက်တွေကိုဖြည့်နိုင်ပါတယ်။
လူတိုင်းမှာသူတို့ကိုအလုပ်ခန့်ဖို့အတွက်သင့်တော်တဲ့ အရည်အချင်းတွေရှိကြပါတယ်။ သင်သာဆိုရင်ရော သင့်မှာရှိတဲ့ဘယ်လိုအရည်အချင်းတွေနဲ့ သင့်ကိုအလုပ်ခန့်ချင်လာအောင်လုပ်မှာလဲ??
Confederation of British Industry (CBI) က သူတို့ရဲ့ Future Fit Report (2008) မှာ သတ်မှတ်ထားခဲ့တဲ့ Employability skill ရှစ်ခုကိုဖော်ပြပေးပါမယ်။ Skill ရှစ်ခုရဲ့ ဥပမာတွေကိုကြည့်ပြီးတော့ သင့်မှာရှိတဲ့ skill တွေနဲ့ သင့်ရဲ့ score ကို သင်ကိုယ်တိုင်သတ်မှတ်နိုင်ပါတယ်။ သင့်မှာရှိတဲ့ skill တွေကိုဖြည့်တဲ့အခါမှာ သင့်ရဲ့ academic work, social life, formal & informal extracurricular activities တွေအားလုံးကိုထည့်သွင်းစဥ်းစားနိုင်ပါတယ်။ ဖော်ပြထားတဲ့ skill တွေထဲ သင့်ဆီမှာမရှိတဲ့ skill တွေဆိုရင် score နေရာမှာ 0 လို့မှတ်ထားပါ၊ skill တစ်ချို့ရှိတယ်ဆိုရင်တော့ 1 လို့သတ်မှတ်ပြီး အခုလက်ရှိသင့်ဆီမှာရှိနေတဲ့ skill တွေကိုတော့ A အနေနဲ့ မှတ်ထားပါ။
Eight Employability Skills
_________________________
1) Communications
Examples- Interpersonal/Intrapersonal skills, listening, observing, speaking, questioning, analyzing, and evaluating
Your examples-
Your score-
2) Leadership
Examples- Ability to motivate, influence and lead others
Your examples-
Your score-
3) Team working
Examples- Respecting others, co-operating, negotiating/persuading, contributing to discussions, awareness of the interdependence of others
Your examples-
Your score-
4) Planning and Organizing
Examples- Scheduling resources, time management, multi-tasking and meeting objectives
Your examples-
Your score-
5) Initiative and Problem solving
Examples- Analyzing facts and situations, applying creative thinking to develop appropriate solutions
Your examples-
Your score-
6) Self-management
Examples- Readiness to accept responsibility, flexibility, resilience, self-starting, appropriate assertiveness, time management, readiness to improve own performance based on feedback and reflective learning
Your examples-
Your score-
7) Business and Customer awareness
Examples- Basic understanding of the key drivers for business success – including the importance of innovation and taking calculated risks – and the need to provide customer satisfaction and build customer loyalty
Your examples-
Your score-
8 ) Entrepreneurship and Enterprise
Examples- An ability to demonstrate an innovative approach, creativity, collaboration and risk taking
Your examples-
Your score-
ဖော်ပြထားတဲ့ Skill ရှစ်ခုမှမဟုတ်ဘဲ hard skill တွေဖြစ်တဲ့ languages, (computer) coding, statistical analysis နဲ့ တခြားသော skill တွေရှိရင်လဲ list ထဲမှာထပ်ထည့်လို့ရပါတယ်။
သင့်ရဲ့ skill example တွေ score တွေကိုသတ်မှတ်ပြီးနောက်လုပ်ရမှာကတော့ 0 လို့ရေးမှတ်ထားတဲ့ skill တွေကို ဦးစားပေးအနေနဲ့ တိုးတက်လာအောင်လုပ်ရမှာဖြစ်ပြီး 1 လို့မှတ်ထားတဲ့ skill တွေကိုတော့ ဒုတိယဦးစားပေးအနေနဲ့ တိုးတက်လာအောင်လုပ်ဖို့လိုအပ်ပါတယ်။
ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ပြီး အာဏာရှင်စနစ်ကျရှုံးပျောက်ကွယ်သည်အထိ အဆုံးထိတိုက်မဲ့ တိုက်ပွဲ 💪🏻💪🏻
NUGPay နှင့်အခွန်ဆောင်လို့ရပါပြီ
**********************************
အမျိုးသားညီညွတ်ရေး အစိုးရသို့ အခွန်ထမ်းဆောင်ရန်အတွက် ပထမဆုံးအဆင့်အနေနှင့် အောက်ပါ ပုံစံ (က-၀၀၁)ကို ဖြည့်သွင်းရမည်ဖြစ်ပါသည်၊၊
https://ird-nug-mm.formstack.com/forms/ird_mopfi_form_a
ပုံစံ (က-၀၀၁)ကို ဖြည့်သွင်းပြီးလျှင် အခွန်ထမ်းဆောင်ရန် လိုအပ်သော အသေးစိတ်အချက်အလက်များ ပါဝင်သည့် Email တစ်စောင်ရရှိမည်ဖြစ်ပါသည်၊၊
ငွေပေးချေမှုကိုတော့ Email တွင်ပေးထားသောအောက်ပါနည်းနှစ်ခုအနက်အဆင်ပြေတဲ့နည်းကိုသုံးလို့ရပါတယ်။
၁) Email တွင်ပေးထားသော NUG၏နိုင်ငံခြားဘဏ်သို့ ကိုယ်တိုင်ဖြစ်စေ၊ အခြားယုံကြည်ရသူမှတဆင့်ဖြစ်စေ ငွေလွှဲခြင်း (သို့မဟုတ်)
၂) Email တွင်ပေးထားသော QR code သို့ NUGPay ဖြင့်ငွေလွှဲခြင်း
ငွေလွှဲပြီးလျှင် အောက်ပါ ပုံစံ (ခ-၀၀၁) ကိုငွေလွှဲပြီးကြောင်း အထောက်အထားပြေစာနှင့်တကွ ဖြည့်သွင်းပေးရပါမည်။
https://ird-nug-mm.formstack.com/forms/ird_mopfi_form_b
ပုံစံ (ခ-၀၀၁) ဖြည့်သွင်းပြီး တစ်လအတွင်း Unique Identification Number (UID) နှင့်တကွ ဂုဏ်ပြုမှတ်တမ်းကို ဖော်ပြပါ Email မှ လက်ခံရရှိမည်ဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များကို https://ird.nug-mm.net တွင် လေ့လာနိုင်ပါသည်၊၊
အခွန်ထမ်းပြည်သူအများစု သိလိုသည့်မေးခွန်များကိုလည်း https://nug-mm.net/%e1%80%a1%e1%80%99%e1%80%a1%e1%80%96%e1%80%80%e1%80%8f%e1%80%8d/ တွင် လေ့လာနိုင်ပါသည် ၊၊
အရေးတော်ပုံအောင်ရမည်၊၊
မြန်မာတို့ရေ ကျွန်တော်တို့ရှုံးပြီ....။
မနေ့ညနေက မိတ်ဆွေဟောင်း ဂျပန်ကြီးတစ်ယောက်နဲ့
ပြန်တွေ့တော့ တိတ်ဆိတ်တဲ့ နေရာမှာ
စကားနည်းနည်း ပြောဖြစ်ကြတယ်။
ဂျပန်မိတ်ဆွေကပြောတယ်။
ခင်ဗျားတို့ မြန်မာတွေက ဂျပန်တွေနဲ့ သိပ်မကွာပါဘူး…
ဟုတ်လို့လား ကျွန်တော်ကတော့ ကွာတယ်လို့ ထင်ပါတယ်၊
ရှင်းပြပါဦး လို့ ပြန်ပြောလိုက်တယ်။
တကယ်တမ်းက ဂျပန်တစ်ယောက်နဲ့ မြန်မာ တစ်ယောက်
Level တူ Ground field မှာ
ပညာရပ် ဖြစ်ဖြစ်၊တီထွင်မှုဖြစ်ဖြစ်
တစ်ခုခုကို ပြိုင်ခိုင်းရင်
တစ်ခါတစ်ရံ ဂျပန်လည်း နိုင်နိုင်တယ်။
ဒါပေမယ့် မြန်မာလည်း နိုင်နိုင်တယ်။
တစ်ယောက် တစ်လှည့်စီ နိုင်ဖို့ ဖြစ်နိုင်ခြေ ရှိတယ်။
၅၀% ခန့် ရှိတယ်။
မျှော်လင့်လို့ ရတယ် ပေါ့လေ…။
အဲဒီတော့…
ကျွန်တော် ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားကြည့်သေးတယ်။
ပြီးတော့မှ ဂျပန်က ဆက်ပြောတယ်။
ဒါပေမယ့်ဆရာ…
ခင်ဗျားနဲ့ကျွန်တော်
တစ်ယောက်ချင်းပြိုင်ရင် နိုင်ချင်တဲ့အခါ နိုင်မယ်။
ပညာပေါ့နော်၊ အားကစား၊ နည်းပညာ တီထွင်မှုပေါ့။
ဂျပန်က ဖြတ်ထိုးဉာဏ်ထက်
လုံ့လ ဝီရိယ ပိုအားကောင်းတယ်။
မြန်မာက ဖြတ်ထိုးဉာဏ် ပိုကောင်းတယ်။
ဒါပေမယ့် ဆရာ…. တဲ့။
ခင်ဗျားတို့ မြန်မာ ငါးယောက်နဲ့
ဂျပန် ငါးယောက် ပြိုင်ရင်တော့
ခင်ဗျားတို့ ဘယ်တော့မှ မနိုင်ဘူး။
၁၀၀% မနိုင်ဘူး တဲ့။
ဘာဖြစ်လို့လဲဆိုတော့
ခင်ဗျားတို့က တစ်ဦးချင်း အရည်အချင်း စွမ်းရည် ရှိပေမဲ့
အုပ်စုလိုက်၊ အဖွဲ့လိုက် နှစ်ယောက် သုံးယောက် ပေါင်းလုပ်ခဲ့ရင်
အမြဲတမ်း မညီညွတ်တော့ ခင်ဗျားတို့ ကျဆုံးမှာပါ…။
အဲဒီ cultural ခင်ဗျားတို့မှာအားနည်းတယ်။
အဲဒီလိုရှင်းပြတော့ ကျွန်တော် မင်သက်မိတယ်။
တစ်ဆက်တည်း
ကျွန်တော့်ဘေးကလူတွေ၊
ကျွန်တော့်မိတ်ဆွေတွေ၊
ကျွန်တော့် အသိုင်းအဝိုင်းတွေ၊
ကျွန်တော့် လူ့အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေ၊
သမိုင်းကြောင်းတွေ အားလုံး
တန်းစီ စဉ်းစားမိရောပေါ့ဗျာ…။
သူပြောတာ ဟုတ်နေတာကိုး…။
အတော်ကို ဟုတ်နေတာ…..
ကျွန်တော်တို့ ရှုံးနေဦးမှာပဲလေ။
တစ်ဦးချင်း၊တစ်ယောက်ချင်း ဘယ်လောက်တော်တော်
ဘယ်လောက်ကောင်းကောင်း ဘယ်လောက်ပဲအရည်အချင်းရှိရှိ
အချင်းချင်း မညီညွတ်ကျတော့…..။
အမြဲတမ်း ရှုံးနေဦးမှာပါ။
#日本
#ミャンマー
ကြိုးမိန့်တဲ့
မင်းတို့
ပြည်သူတွေရှေ့မှာ
စီရင်ရဲသလား
ကမ္ဘာကိုရော ချပြရဲသလား
စီးပွားပျက်ကပ် ရဲ့ အခွင့်အလမ်းများ
လက်ရှိဖြစ်ပေါ်နေတဲ့ ကပ်ရောဂါ အခြေအနေ ၊ နိုင်ငံရေး မတည်ငြိမ်မှုအခြေအနေ တွေကြောင့် စီးပွားရေး လုပ်ငန်းများ လဲ ဝင်ငွေ ကျဆင်းတာ၊ အလုပ်လက်မဲ့နှုန်းတွေ တိုးတက်လာတာ စတဲ့ စီးပွားရေး ကျဆင်းမှု လက္ခဏာ တွေကို မြင်တွေ့လာရပြီး ကမ္ဘာဘဏ် တို့လို ငွေကြေး အဖွဲ့အစည်းတွေ ကလဲ မြန်မာနိုင်ငံ ရဲ့ စီးပွားရေး ဟာ ၁၈% လောက် ကျုံ့သွားနိုင်ပြီး စီးပွားရေး ကျဆင်းမှု recession ထဲကို ရောက်ရှိနေပြီဆိုတဲ့ ခန့်မှန်းချက်တွေထွက်ပေါ် လာနေတာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။
ဒီလိုအချိန်မှာ ကျွန်တော့် ကိုမေးလာကြတဲ့ မေးခွန်းတွေကတော့ လက်ရှိမှာ စီးပွားရေး လုပ်ငန်းလေး တစ်ခု စချင်နေတယ် ဒီလို အချိန်ကာလမှ စသင့်ရဲ့လား၊ စီးပွားရေးပျက်ကပ်မှာ အလုပ်ဖြစ်နိုင်တဲ့ လုပ်ငန်းတွေ ရှိနိုင်လား၊ လုပ်ငန်းတွေ အနေနဲ့ ဘာတွေ ပြင်ဆင်သင့်လဲ စတာ တွေပဲဖြစ်ပါတယ်။ ဒီနေ့ တော့ ဒီမေးခွန်းလေးတွေ အတွက် စီးပွားပျက်ကပ် Recession တစ်ခု အတွင်းမှာ ဘယ်လို စီးပွားရေး အခွင့်အလမ်းတွေ ရှိလာနိုင်တယ်ဆိုတာကို မျှဝေပေးလိုပါတယ်။
ကျွန်တော့် အနေနဲ့ စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူတွေကို အားပေးလိုတာကတော ဘယ်လိုစီးပွားရေး အမျိုးအစား မှ မကောင်းတဲ့ အချိန် ဆိုတာတော့ မရှိ ဘူးဆိုတာပါပဲ။ ဒီလိုပြောလို အခုလို ကပ်ရောဂါ အချိန်မှာ အသက်နဲ့ ဆိုင်တဲ့ ဆေးပစ္စည်းတွေကို လည်ပင်းညစ် ဓားပြတိုက်သလို စျေးတင် ပြီး ကျင့်ဝတ်နဲ့ မညီတဲ့ ခေတ်ပျက် စီးပွားရှာနည်းတွေကို ဆိုလိုတာမဟုတ်ပါဘူး။ စီးပွားရေး ပျက်ကပ် ဆိုတာဟာ နိုင်ငံ တစ်ခု လုံးရဲ့ စီးပွားရေး တိုးတက်မှု ကျဆင်းနေပေမယ့် နိုင်ငံအတွင်းက Business Industry အမျိုးအစား အနက်က အချို့ကတော့ ပိုကောင်းလာတာ မျိုးရှိလေ့ရှိပါတယ်။ဥပမာ Great Recession လို့ဆိုကြတဲ့ 2008 စီးပွားပျက်ကပ်ကြီးမှာ Sweets Industry ဆိုတဲ့ သကြားလုံး ချောကလက် စတဲ့ သရေစာ မု့န့်အချို လုပ်ငန်းတွေဟာ အမြတ်တွေ များစွာ တိုးခဲ့ပါတယ်တဲ့။ Cadbury ချောကလက် လုပ်ငန်းဟာ ရောင်းအား ၃၀% တိုးတက်ခဲ့ပြီး Nestle. ဆိုရင်လည်း ၁၁% တိုးတက်လာပါတယ်တဲ့။ ဒါ့အပြင် နာမည်ကြီး လော်လီပေါ့ ဖြစ်တဲ့ Tootsie Pop, ချောကလက်မုန့် Snickers စတဲ့လုပ်ငန်းတွေဟာ ၂၀၀၈ စီးပွားပျက်ကပ် အတွင်းမှာ product တွေ အသစ် စတင်နိုငိခဲ့ပါတယ်တဲ့။ ဒီလိုပြောင်း လဲ မှုတွေဟာ Customer တွေရဲ့ Behavior ပြောင်းလဲ မှုတွေပေါ်မူတည် နေတာဖြစ်ပါတယ်။
ဒီတော့ စီးပွားပျက်ကပ် အတွင်းမှာ မိမိလုပ်ငန်း survive ဖြစ်လိုတယ် ဝင်ငွေထိမ်းသိမ်း ထားချင်တယ် ဆိုရင် မိမိလုပ်ငန်းရဲ့ Customer segment ဟာ ဘယ်လို လူအမျိုးအစားတွေဖြစ်တယ် စီးပွားရေး ကျဆင်းတဲ့ အခါ သူတို့ ရဲ့ စိတ်ခံစားချက်တွေကဘယ်လိုဖြစ်သွားတယ် ဝယ်ယူမှု အပြုအမူ နဲ့ဆုံးဖြတ်ချက် Buying Decision and customer behavior တွေက ဘယ်လိုပြောင်းလဲ သွားတယ် ဆိုတာကို သိ ရှိ ဖို့လိုအပ်ပါတယ်။
ယေဘုယျအားဖြင့်တော့ စီးပွားရေး ကျဆင်းမှု စီးပွားပျက်ကပ်တွေ ကြုံလာရတဲ့အခါ အောက်ပါ လုပ်ငန်း နဲ့ စျေးကွက်အမျိုးအစားတွေဟာအားကောင်းလာလေ့ရှိတတ်ပါတယ်။
(၁) Quality အတူတူ စျေးပိုနည်းတဲ့ Product တွေ..
စီးပွားရေး ကျဆင်းမှုတွေဖြစ်တဲ့အခါ အကျိုးဆက်အနေနဲ့ လူအများစု ဝင်ငွေပမာဏ ကျဆင်းတာ၊ အလုပ်လက်မဲ့ဦးရေပေါများတာ စတာတွေ ဖြစ်လာလေ့ရှိပါတယ်။ အဓိကက တော့ အခြေခံ လူတန်းစားနဲ့ လူလတ်တန်းစားတွေဟာ ဝင်ငွေ ကျဆင်းတတ်လေ့ရှိပါတယ်။ လူလတ်တန်းစား အမြင့်ပိုင်း အလွှာနဲ့ ဝင်ငွေမြင့်လူတန်းစားတွေကတော့ ဝင်ငွေကျဆင်းမှု အနည်းငယ်သာ ရှိတတ် လေ့ရှိပါတယ်။ ဒါပေမယ့် စီးပွားရေး မကောင်းတော့ဘူး ဝင်ငွေတွေ ကျဆင်းလာပြီးဆိုတဲ့ လူအများစု ရဲ့ အသံတွေကျယ်လောင်လာတဲ့အခါမှာ အားလုံးမှာ ဆိုက်ကို အနေနဲ့ ဝင်သွားပြီး အသုံးအစွဲတွေ လျော့ချ လာကြတာကတော့ အတူတူပဲဖြစ်ပါတယ်။ ဒီအခါမှာ ဝင်ငွေမြင့် သူတွေ အနေနဲ့ကလဲ ယခင်က စျေးကြီး တဲ့ Branded ပစ္စည်းတွေကိုသာ သုံးစွဲ တတ်ကြပေမယ့် စီးပွားရေး ကျဆင်းချိန်မှာတော့ အရည်အသွေး Quality အတူတူ ၊ကိုမှ စျေးပို သက်သာ တာကို ပြောင်းသုံးလာကြလေ့ရှိပါတယ်။ ဒီအတွက် စီးပွားပျက်ကပ် အတွင်းမှာ Branded Product တွေနဲ့ အရည်အသွေးတူအောင် ထုတ်ပြီး စျေးသက်သာစွာ ရောင်းချ နိုင်တဲ့ လုပ်ငန်းငယ်တွေဟာ ပိုပြီး ဝင်ငွေတိုးလာလေ့ရှိပါတယ်တဲ့။ ဥပမာ ပုံမှန် အချိန်မှာ နာမည်ကြီးဆိုင်က ဘာဂါ ကို စားလေ့ရှိကြပေမယ့် ဝင်ငွေ ကျဆင်းလာတဲ့ အခါဖြစ်ဖြစ် လက်ရှိ မကျသေးပေမယ့် ရှေ့လျောက် ငွေရှာရခက်မယ်လို့ တွေးမိရင်ဖြစ်ဖြစ် စျေးကြီးတဲ့ ဘာဂါကို ဝယ်ယူ တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘာဂါ ကိုစားလေ့ရှိ ပြီး အရသာ တွေ့နေတဲ့အခါ စားသုံး မှု အကြိမ်ရေကိုတော့ မလျော့ချနိုင်ပဲ စျေးသက်သာတဲ့ ဆိုင်အသစ်ကို ပြောင်းအားပေးကြတဲ့ သဘော ပါပဲ။
(၂) Second Hand တစ်ပတ်ရစ်စျေးကွက်…
ဝင်ငွေ ကျဆင်းလာတာကြောင့် ကျဆင်းမယ်လို့စိုးရိမ်တာကြောင့် ပြောင်းလဲသွားတဲ့ Customer behavior တစ်ခုကတော့ Second Hand တွေကို ပိုမို အသုံးပြုလာကြခြင်းဖြစ်ပါတယ်။ ပုံမှန်အခြေအနေ မှာ အိမ်အတွက် ၁၀ သိန်း ဝန်းကျင် ရေခဲသတ္တော ကို ဝယ်ယူဖို့ လွယ်ကူပေမယ့် စီးပွားပျက်ကပ်မှာတော့ တစ်ပတ်ရစ် သုံးသိန်း တန်လောက်ကိုဝယ်ဖို့ ပိုပြီး စိတ်ကူးလာကြလေ့ရှိပါတယ်။
စီးပွားရေး ပျက်ကျပ်ကြုံရတဲ့အခါ လူသုံးပစ္စည်း မျိုးစုံ ဟာ တစ်ပတ်ရစ် စျေးကွက်အနေနဲ့ အကြီးအကျယ် ပေါ်ပေါက်လာတတ်လေ့ရှိပါတယ်။ မော်တော်ကား၊ တီဗီ ရေခဲသေတ္တာ အဲကွန်း လျှပ်စစ်ပစ္စည်းတွေ၊ အကျင်္ီ ကအစ Second စျေးကွက်ဟာ ကြီးထွားလာတတ် ပါတယ်။
(၃) Maintenance and Servicing စျေးကွက်…
Recession အတွင်း customer အများစု မှာ ဖြစ်ပေါ်လာတဲ့ Behavior တစ်ခုကတော့ ပျက်စီး သွားတဲ့ ပစ္စည်းတွေကို လွင့်မပစ်ပဲ မရရအောင် ပြန်လည်ပြင်ဆင် အသုံးပြုလာကြတဲ့ အပြုအမူဖြစ်ပါတယ်။ စီးပွားရေး ကောင်းတုန်းကလို တစ်ခုခုဆို စိတ်ညစ်မခံပဲ အသစ်ဝယ်လိုက်တာမျိုး မဟုတ်တော့ပဲ ပျက်သွားရင် ပြင်ဆိုင်ပို့တာ ပိုလုပ်လာကြပါတယ်။ ဒါ့အပြင် အထက်က second စျေးကွက် ကြီးထွား လာတာနဲ့ အတူ အပျက်အစီးတွေကလဲ ပိုဖြစ်လာ တဲ့အတွက် လူသုံးပစ္စည်း အမျိုးမျိုးကို ပြုပြင်ပေး ရတဲ့ စျေးကွက်ဟာ ကြီးထွားလာလေ့ရှိပါတယ်။ ဥပမာ စီးပွားရေး ကောင်းချိန်မှာ မိုးတွင်းအတွက် ထီး အသစ်တစ်လက် အလွယ်လေးဝယ်ယူနိုင်ကြပါတယ်။ ဂျပန်မှာဆိုရင် တစ်ခါသုံး ထီးတွေတောင် သုံးကြပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ ငယ်ငယ် တုန်း က စီးပွားရေး မတိုးတက်သေး ချိန်မှာတော့ ထီး ပြင် တဲ့ဆိုင်တွေ ထီးပြင်ပေးတဲ့ လမ်းလျှောက် ပြင်ဆင်သူတွေကို အများအပြား တွေ့ခဲ့ ရဖူးတာ အမှတ်ရကြပါလိမ့်မယ်။
(၄) စျေးသက်သာတဲ့ အသင့်စား စားသောက်ကုန်စျေးကွက်..
အမေရိကရဲ့ စီးပွားရေး ကျဆင်းတဲ့ အချိန်တိုင်းမှာ ရောင်းအားတက်လာတာကတော့ အသင့်စား စျေးပေါတဲ့ စားသောက်ကုန် တွေဖြစ်ပါတယ်။ ဟမ်ဘာဂါ၊ ဆန်းဒဝစ် ၊ ခေါက်ဆွဲခြောက် စတာတွေဟာ ချက်ပြုတ်စရာလဲမလို၊ စျေးကလဲသက်သာ၊ အရသာကလဲ ရှိ တဲ့အတွက် ဝင်ငွေ ကျလို့စိတ်ညစ်ပြီး မချက်ပြုတ်ချင်တာဖြစ်ဖြစ် ချွေတာချင်တာဖြစ်ဖြစ် အံကိုက်ဖြစ်နေပါလေရော။
(၅) Cheap Entertainment
စီးပွားရေး ကျဆင်း တာကို ပျော်တဲ့ လူရယ်လို့တော့ ရှိလောက်မယ် မထင်ပါဘူး အားလုံး ကျပ်တည်း ကုန်ကြတာကိုးဗျာ။ ဒီတော့ အကျိုးဆက်ကတော့ လူတိုင်းစိတ်ညစ် လာတာပါပဲ။ ဒီအတွက် စိတ် ညစ်တာကိုဖြေဖျောက်ဖို့အတွက် စျေးသက်သာတဲ့ entertainment ဖျော်ဖြေရေး နည်းလမ်း တွေကို ရှာဖွေလာကြလေ့ရှိပါတယ်။ စျေးသက်သာတဲ့ တီဗီဇာတ်လမ်းတွေ၊ ပြဇာတ်တွေ၊ ပန်းခြံတွေ၊ စာအုပ်တွေ စတဲ့ Cheap ဖြစ်တဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေဟာ တိုးတက်လာတတ်ပါတယ်။
(၆) အဖျော်ယမကာ စျေးကွက်…
အထက် နံပါတ် ၅ ကြောင့် ဆက်တိုက်ဖြစ်ပေါ်လာတဲ့ ကြီးမားတဲ့စျေးကွက်ကတော့ ယမကာ စျေးကွက် ဖြစ်ပါတယ်။ စိတ်ညစ်တာတွေကို ဖြေဖျောက်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ ပါ စျေးသက်သာတဲ့ အရက် တွေကို သောက်လာကြတဲ့ အတွက် အရက်ရောင်းအားတွေ ဟာ စီးပွားပျက်ကပ်မှာ တက် လာကြလေ့ရှိ တတ်ပါတယ်။ ဒါပေမယ့် စျေးကြီးတဲ့ နိုင်ငံခြား အရက် တွေ ထက် ကိုယ်တိုင်ချက်လုပ် တဲ့ စျေးသက်သာတဲ့ အရက် အမျိုးအစားတွေက ပိုပြီး ရောင်းလာရလေ့ရှိပါတယ်တဲ့။
(၇) စားဝတ်နေရေး..
ဝင်ငွေ ဘယ်လောက် ကျကျ စားဖို့ နေဖို့ ဝတ်ဖို့ ကတော့ ဝယ်ယူသုံးစွဲနေရဆဲဖြစ်ပါတယ်။ ဒီအတွက် အခြေခံစားသောက်ကုန်တွေ၊ ကုန်ခြောက် ဆိုင်တွေ ၊ ဟာလည်း အလုပ်ဖြစ်လာလေ့ရှိပါတယ်။ ဒါပေမယ့် Customer Behavior က စျေးသက်သာ တာကို ပိုရွေးချယ်ဝယ်ယူလာကြတာ ကို သတိပြုဖို့လိုအပ်ပါတယ်။
(၈) မှောင်ခို စျေးကွက်…
ဒါကတော့ အတော်များများ ကြားဖူး သိဖူးကြမှာဖြစ်ပါတယ်။ စီးပွားရေး ကျဆင်းတဲ့အခါ နိုင်ငံခြားကနေ တင်သွင်းတဲ့ ပစ္စည်းတွေဟာ စျေးနှုန်းကြီးမြင့် သွားလေ့ရှိပါတယ်။ ဒါ့အပြင် သတ်မှတ်ထားတဲ့ အခွန်အခ တွေကြောင့် ပြည်တွင်းကိုတရား ဝင်လမ်းကြောင်းက ဝင်ရောက်တဲ့ ကုန် တွေဟာ စျေးနှုန်း အတော်လေးမြင့်သွားတတ် ပါသေးတယ်။ ဒီလိုအခြေအနေ မှာ စျေးနှုန်း သက်သာတာကို လိုချင်ကြ တဲ့ ပြည်တွင်းက ဝယ်လိုအားအတွက် အခွန်အခ တွေကို ရှောင် ပြီး တရားမဝင်လမ်းအောက်လမ်း ကနေ ကုန်တွေ သွင်းကြတဲ့ စျေးကွက်ဟာ လဲ ကြီးထွားလာတတ် ပြန်ပါတယ်။
(၉) စိုက်ပျိုး မွေးမြူ ထုတ်လုပ်ရေး..
စီးပွားရေး ကျဆင်းချိန်မှာ လူတွေရဲ့. Spending Power သုံးစွဲနိုင်မှု ကပါ လျော့ကျသွားတဲ့ အတွက် နိုင်ငံ ခြားက တင်သွင်းတဲ့ ပစ္စည်း တွေကို လူအနည်းစုကသာ ဝယ်ယူ သုံးစွဲနိုင်ပါတော့တယ်။ ဒါ့အပြင် နိုင်ငံခြားငွေ စီးထွက်မှုကို တားဆီး ပြီး ပြည်တွင်းစီးပွားရေး ပြန်ကောင်းလာဖို့အတွက် အစိုးရတွေက ပြည်တွင်း ကုန်ထုတ်လုပ်ရေး တွေကို အားပေး လာရလေ့ရှိပါတယ်။
ဒီအတွက် နိုင်ငံခြား ကုန် အစားထိုး ပြည်တွင်းက စိုက်ပျိုးရေး မွေးမြူရေး ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေဟာ ပုံမှန် အချိန်ထက် စျေးကွက်ပိုမိုရရှိလာနိုင် တဲ့ အခွင့်အရေး ရှိလာတတ်ပါတယ်။
(၁၀) စျေးနှုန်းတွေ ကျဆင်းတတ်..
Recession အတွင်းမှာ ငွေသုံးစွဲနိုင်မှုတွေ ကျဆင်းလာတာကြောင့် Demand ဆိုတဲ့ ဝယ်လိုအား တွေဟာ နေရာတိုင်းမှာ လျော့နည်းသွားလေ့ရှိပါတယ်။ ဒီအတွက် ပိုင်ဆိုင်မှု Asset တွေရဲ့ စျေးဟာ လဲ ဝယ်လိုအားနည်းရင် နည်းတဲ့ အမျိုးအစားအလိုက် ကျဆင်းတတ်ပြန်ပါတယ်။ ဥပမာ တိုက်ခန်းတွေ အိမ်တွေ မြေကွက် တွေ စသည်ဖြင့်ပါပဲ။ ဒီအတွက် ကိုယ့်အတွက် ပထမဆုံး အိမ် ကိုဝယ်မယ်ဆိုရင် စီးပွားပျက်ကပ်အတွင်းမှာ ဝယ်ယူ တာက အတော်လေး တန်ပြီး အရှုံး နည်းပါးတတ်လေ့ရှိပါတယ်။
ဒါပေမယ့် ရှိသမျှအိမ် တိုက် မြေ အားလုံး စျေးကျတာတော့ ဖြစ်ကောင်းပါဖြစ်နိုင်ပါလိမ့်မယ်။ အမျိုးအစား နေရာ စတာတွေပေါ်မူတည်နိုင်ပါသေးတယ်။
(၁၁) ရှင်ကျန်နိုင်တဲ့ လုပ်ငန်း..
စီးပွားပျက်ကပ် ကြုံရတဲ့အခါ လုပ်ငန်းကြီးငယ်လတ် အားလုံး ထိခိုက်ရပြီး ပိတ်သိမ်းရတာတွေ ကြုံရလေ့ရှိပါတယ်။ စီးပွားပျက်ကပ်ဟာ လုပ်ငန်းတွေကို စာမေးပွဲ စစ်ဆေးလိုက်သလိုဖြစ်ပါတယ်။ အတော်လေးတင်းကျပ်တဲ့ စာမေးပွဲပါပဲ။ ဒီစာမေးပွဲကို အောင်မြင်နို်င်ဖို့အတွက် လုပ်ငန်းတွေဟာ Efficiency ဖြစ်ဖြစ် နဲ့ Performance ကောင်းအောင် အသည်းအသန် ကြိုးစားကာ အသက်ရှင်သန် ကျန်ရစ်ဖို့ကြိုးစားရလေ့ရှိပါတယ်။ ဒီလို ရှင်ကျန် ခဲ့တဲ့ လုပ်ငန်းတွေဟာ စီးပွားပျက်ကပ်အတွင်းမှာ အလေ့အကျင့်ကောင်းတွေ အတွေ့အကြုံကောင်းတွေ ရရှိသွားတဲ့အတွက် စီးပွားရေး ပြန်ကောင်းချိန်မှာ တိုးတက်မှု ကြီးကြီးမားမား ရရှိလေ့ရှိတာကလဲ အခွင့်အလမ်းတစ်ခုအနေနဲ့ ယူနိုင်ရမှာပါပဲ။
ဒီလောက်ဆိုရင်တော့ စီးပွားပျက်ကပ် အတွင်းမှာ ဘယ်လိုစျေးကွက်တွေ ထွန်းပေါက်လာနိုင်တယ် ဘယ်လိုကောင်းကျိုးတွေ ရရှိ လာနိုင်တယ်ဆိုတာကို နားလည် လောက်ပြီ လို့ ယူဆပါတယ်ဗျား
လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ် စေနိုင်ပါလိမ့်မယ်။
Kaung Hein Soe - Strategic
Business Consultant
နိုင်ငံပျောက်သူ short film (စ/ဆုံး) ဖြစ်ပါတယ် နိုင်ငံပျောက်သူ Short Filmဒါရိုက်တာဏကြီးကိုယ်တိုင်ဇာတ်ညွှန်းရေးသားရိုက်ကူးပြီးအဓိကဇာတ်ဆောင်တွေအဖြစ် ဒေါင်းနဲ...
NUG Pay မိုဘိုင်းဖုန်း ငွေကြေးဝန်ဆောင်မှု ဇွန်လမှာ စသုံးနိုင်မည်
~~~~~~
■ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ NUG Pay ငွေကြေးဝန်ဆောင်မှု အပလီကေးရှင်းကို Andriod ဖုန်းအမျိုးအစားတွေမှာ ဇွန်လမှာ စတင်သုံးစွဲနိုင်တော့မယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက RFA ကို ပြောပါတယ်။
ပြည်သူတွေ လက်ရှိသုံးစွဲနေတဲ့ ငွေကြေးဝန်ဆောင်မှု အပလီကေးရှင်းတွေအတိုင်း အလွယ်ကူဆုံး ဖြစ်အောင် လုပ်ဆောင်ထားတယ်လို့ ဦးမင်းဇေယျာဦးက ပြောပါတယ်။
“ငွေကြေး အထုတ်အသွင်းအတွက်လည်း လွယ်ကူအောင် ကျနော်တို့ တော်တော်လေး ဆောင်ရွက်ထားပါတယ်။ NUG Pay က နည်းပညာအရ ဆန်းသစ်ထားတဲ့ ကိစ္စရပ်ဖြစ်တယ်၊ လုံခြုံရေးအရ စိတ်ချရတယ်၊ တော်လှန်ရေးအတွက် အထောက်အကူဖြစ်တယ်၊ မြန်မာပြည်တွင်း ငွေကြေးလည်ပတ်မှုကိုလည်း အတိုင်းအတာ တစ်ခုအထိ အကူအညီ အထောက်အပံ့ပေးနိုင်မယ်လို့ ယူဆပါတယ် သုံးစွဲကြဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်”
NUG အစိုးရ တစ်နှစ်ကျော်သက်တမ်းအတွင်း ပထမဆုံးထုတ်ပြန်တဲ့ ငွေကြေးဝန်ဆောင်မှုဆိုင်ရာ အပလီကေးရှင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလတည်းက လူငယ်နည်းပညာရှင်တွေနဲ့ ဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။ Andriod ဖုန်းအမျိုးအစားအပြင် IOS ဗားရှင်းနဲ့ အသုံးပြုနိုင်အောင် စီစဉ်သွားမယ်လို့လည်း ပြောပါတယ်။
ဒီအပလီကေးရှင်းကို အသုံးပြုဖို့အတွက် NUG Pay ဝန်ဆောင်မှုအေးဂျင့် (ကိုယ်စားလှယ်) တွေကတစ်ဆင့် ကုဒ်နံပါတ်ကို မြန်မာငွေကျပ် ၁ သောင်းနဲ့ စတင်ဝယ်ယူသုံးစွဲရမယ်လို့ ပြောပါတယ်။
သုံးစွဲခွင့်ရတဲ့အချိန်ကစပြီး နွေဦးထီ၊ ငွေတိုက်စာချုပ်… စတဲ့ ထောက်ပံ့ရေးအစီအစဉ်တွေကို NUG Pay ကတဆင့် လှူဒါန်းနိုင်မှာဖြစ်သလို၊ NUG Pay သုံးစွဲသူအချင်းချင်းကြား ငွေလွှဲတာ၊ ကုန်စည်ဝယ်ယူ သုံးစွဲတာတွေ လုပ်နိုင်မယ်လို့လည်း ပြောပါတယ်။
လောလောဆယ် မြန်မာငွေတစ်မျိုးတည်းကိုပဲ သုံးစွဲနိုင်မှာဖြစ်ပေမယ့် နောက်ပိုင်းမှာ နိုင်ငံခြား ငွေလွှဲငွေထုတ် အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
NUG ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အင်းလျားလမ်းနေအိမ်ရောင်းချမှု၊ ငွေတိုက်စာချုပ် ရောင်းချမှုတို့ကနေ NUG အစိုးရအတွက် အမေရိကန်ဒေါ်လာ ၄၂ သန်းအထိ ဘဏ္ဍာငွေ ရှာဖွေပေးနိုင်ခဲ့ပြီလို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောဆိုထားပါတယ်။
(unicode)
------
NUG Pay မိုဘိုင်းဖုန်း ငွေကြေးဝန်ဆောင်မှု ဇွန်လမှာ စသုံးနိုင်မည်
~~~~~~
■ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ NUG Pay ငွေကြေးဝန်ဆောင်မှု အပလီကေးရှင်းကို Andriod ဖုန်းအမျိုးအစားတွေမှာ ဇွန်လမှာ စတင်သုံးစွဲနိုင်တော့မယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက RFA ကို ပြောပါတယ်။
ပြည်သူတွေ လက်ရှိသုံးစွဲနေတဲ့ ငွေကြေးဝန်ဆောင်မှု အပလီကေးရှင်းတွေအတိုင်း အလွယ်ကူဆုံး ဖြစ်အောင် လုပ်ဆောင်ထားတယ်လို့ ဦးမင်းဇေယျာဦးက ပြောပါတယ်။
“ငွေကြေး အထုတ်အသွင်းအတွက်လည်း လွယ်ကူအောင် ကျနော်တို့ တော်တော်လေး ဆောင်ရွက်ထားပါတယ်။ NUG Pay က နည်းပညာအရ ဆန်းသစ်ထားတဲ့ ကိစ္စရပ်ဖြစ်တယ်၊ လုံခြုံရေးအရ စိတ်ချရတယ်၊ တော်လှန်ရေးအတွက် အထောက်အကူဖြစ်တယ်၊ မြန်မာပြည်တွင်း ငွေကြေးလည်ပတ်မှုကိုလည်း အတိုင်းအတာ တစ်ခုအထိ အကူအညီ အထောက်အပံ့ပေးနိုင်မယ်လို့ ယူဆပါတယ် သုံးစွဲကြဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်”
NUG အစိုးရ တစ်နှစ်ကျော်သက်တမ်းအတွင်း ပထမဆုံးထုတ်ပြန်တဲ့ ငွေကြေးဝန်ဆောင်မှုဆိုင်ရာ အပလီကေးရှင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလတည်းက လူငယ်နည်းပညာရှင်တွေနဲ့ ဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။ Andriod ဖုန်းအမျိုးအစားအပြင် IOS ဗားရှင်းနဲ့ အသုံးပြုနိုင်အောင် စီစဉ်သွားမယ်လို့လည်း ပြောပါတယ်။
ဒီအပလီကေးရှင်းကို အသုံးပြုဖို့အတွက် NUG Pay ဝန်ဆောင်မှုအေးဂျင့် (ကိုယ်စားလှယ်) တွေကတစ်ဆင့် ကုဒ်နံပါတ်ကို မြန်မာငွေကျပ် ၁ သောင်းနဲ့ စတင်ဝယ်ယူသုံးစွဲရမယ်လို့ ပြောပါတယ်။
သုံးစွဲခွင့်ရတဲ့အချိန်ကစပြီး နွေဦးထီ၊ ငွေတိုက်စာချုပ်… စတဲ့ ထောက်ပံ့ရေးအစီအစဉ်တွေကို NUG Pay ကတဆင့် လှူဒါန်းနိုင်မှာဖြစ်သလို၊ NUG Pay သုံးစွဲသူအချင်းချင်းကြား ငွေလွှဲတာ၊ ကုန်စည်ဝယ်ယူ သုံးစွဲတာတွေ လုပ်နိုင်မယ်လို့လည်း ပြောပါတယ်။
လောလောဆယ် မြန်မာငွေတစ်မျိုးတည်းကိုပဲ သုံးစွဲနိုင်မှာဖြစ်ပေမယ့် နောက်ပိုင်းမှာ နိုင်ငံခြား ငွေလွှဲငွေထုတ် အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
NUG ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အင်းလျားလမ်းနေအိမ်ရောင်းချမှု၊ ငွေတိုက်စာချုပ် ရောင်းချမှုတို့ကနေ NUG အစိုးရအတွက် အမေရိကန်ဒေါ်လာ ၄၂ သန်းအထိ ဘဏ္ဍာငွေ ရှာဖွေပေးနိုင်ခဲ့ပြီလို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောဆိုထားပါတယ်။
🔔GEDကိုstudy-studyလုပ်ပြီးစာမေးပွဲအတွက်ပြင်ဆင်ချင်ပေမယ့်websiteတွေရှာမတွေ့လို့စိတ်ညစ်နေလား??🧐
ဒါဆိုရင်ကျွန်မတို့ရဲ"Home Education"ကအထူးspecial ပြုလုပ်ထားတဲ့အရာလေးရှိလို့အဆုံးထိဖတ်ကြည့်ပေးပါအုံးနော်။😍
⏸️အခုပြောပြပေးမှာကတော့GEDကိုfreeလေ့လာလို့ရနိုင်မယ့်websiteလေးတွေပဲဖြစ်ပါတယ်ရှင့်။♀️
1️⃣GED Maths Practice Test
📎ဒီwebsiteလေးကGEDသင်္ချာကိုအခမဲ့လေ့ကျင့်လို့ရတဲ့testဖြစ်လို့သင်္ချာစွမ်းရည်တိုးတက်အောင်လုပ်ဖို့ သင့်တော်ပါတယ်ရှင့်။သင်္ချာအလေ့အကျင့်စာမေးပွဲအပြီးမှာမိမိရဲ့အားသာချက်များနဲ့အားနည်းချက်များကို ခွဲခြားသိမြင်နိုင်ရန်အတွက်အသေးစိတ်ကျတဲ့ရမှတ်ရလဒ်များကိုထုတ်ပေးလို့မထိရောက်မှာကိုစိတ်ပူစရာမလိုပါဘူးနော်။🙅
https://www.varsitytutors.com/ged_math-practice-tests
2️⃣ Everything about GED Prep
🖇️ဒီwebsiteမှာတော့ကျောင်းသား/သူတွေအတွက်အကောင်းဆုံးGEDကြိုတင်ပြင်ဆင်အတန်းများနဲ့GEDဖြေဆိုဖို့ကူညီရန်အခမဲ့online classတွေ၊လက်တွေ့စမ်းသပ်မှုတွေကို ပြုလုပ်ပေးပါတယ်။ဒီonline classနဲ့ လက်တွေ့စမ်းသပ်မှုတွေကိုOnsego GEDမှပံ့ပိုးပေးထားတာဖြစ်ပြီးတော့master teachersတွေနဲ့Ph,Dမှပူးပေါင်းပြုလုပ်ထားတာဖြစ်လို့GED Learnersလေးတို့အတွက်အကောင်းဆုံးwebsiteလေးဖြစ်ပါတယ်ရှင့်။💁
https://bestgedclasses.org
3️⃣ Hello USA🇺🇲👋
🔗Hello USAမှာGED pre-testဖြေလို့ရနိုင်ပေမယ့် တခြားwebsiteတွေနဲ့လုံးဝမတူပါဘူး။
GEDကိုfreeလေ့လာနိုင်တဲ့အပြင်ဒီwebsiteမှာစာမေးပွဲဖြေဆိုအောင်မြင်ပြီးရင်အထက်တန်းကျောင်းနဲ့ညီမျှတဲ့diplomaကိုရရှိမှာဖြစ်ပါတယ်။အင်္ဂလိပ်ဒါမှမဟုတ်စပိန်ဘာသာဖြင့်လည်းစာမေးပွဲနှစ်ခုလုံးကိုဖြေဆိုနိုင်ပါတယ်ရှင့်။🙆
https://classroom.usahello.org/programs/ged/
4️⃣Free Study Guides For GED Test
📎ဒီwebsiteမှာကGEDစာမေးပွဲအတွက်အခမဲ့လေ့လာမှုလမ်းညွှန်များနဲ့ဘာသာရပ်အပိုင်းလေးပိုင်းလုံးအတွက် သိလိုသည့်အချက်အလက်နဲ့သဘောတရားများကိုနက်နက်နဲနဲရှင်းပြပေးထားပါတယ်။
ဒါ့အပြင်ဘာသာရပ်တွေအတွက်လိုအပ်တဲ့course bookတွေကိုလဲdownloadပြုလုပ်နိုင်တာမလို့recommendပေးပါတယ်ရှင့်။🙆
https://uniontestprep.com/ged-test/study-guide
5️⃣ Kaplan
🖇️Kaplanကအားလပ်ချိန်မှာGEDစာမေးပွဲအတွက်လေ့လာရာတွင်အထောက်အကူဖြစ်ဖို့ပြုလုပ်ပေးထားတဲ့သင်တန်းတစ်ခုဖြစ်ပါတယ်။သင်တန်းကာလကတော့3လရှိပြီးGEDစမ်းသပ်ခြင်းဝန်ဆောင်မှုနဲ့ပူးပေါင်းပြီးတီထွင်ထားတဲ့အပြန်အလှန်အကျိုးသက်ရောက်မှု၊တိုက်ရိုက်သင်ယူမှုအတွေ့အကြုံကိုခံစားရရှိစေမှာဖြစ်ပါတယ်။ Kaplanမှာသင်တန်းဗီဒီယို150 ကျော်(မိနစ်60မှ90အထိ) ရှိပြီးGED အတွက်အလေ့အကျင့်မေးခွန်းများနဲ့စာမေးပွဲပေါင်းများစွာရှိပါတယ်။တိုက်ရိုက်နှင့်အသံသွင်းထားသောအတန်းများကိုဝင်ခွင့်ပေးတဲ့GED Liveအစီအစဉ်ကိုလည်းရွေးချယ်လို့ရပါတယ်ရှင့်။👻
https://www.kaptest.com/ged
6️⃣The Best Free GED Prep
🔗GEDမှာပါဝင်တဲ့ဘာသာရပ်တစ်ခုစီတိုင်းအတွက်အခမဲ့လေ့ကျင့်လို့ရတဲ့စာမေးပွဲများစွာကိုသိချင်ရင်တော့ဒီwebsiteမှာအခမဲ့ကြည့်လို့ရပါတယ်နော်။🤓
https://study.com/academy/popular/the-best-free-ged-prep.html
7️⃣Free GED Practice Test-1257 Questions
📎GEDစာမေးပွဲအတွက်မိမိရဲ့အရည်အချင်းတွေကိုစစ်ဆေးပြီးကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေကိုသိချင်တယ်ဆိုရင်တော့ဒီwebsiteလေးကိုညွှန်းပါတယ်ရှင့်။
ဘာသာရပ်အလိုက်GED Preparation Practice Testsအလေ့အကျင့်စာမေးပွဲများကိုအဆင့်သတ်မှတ်ထားတဲ့အဖြေများနဲ့ရှင်းပြချက်များပါဝင်လို့လေ့လာရာမှာအထောက်အကူဖြစ်စေမှာပါနော်။🤩
https://gedeno.com/practice-tests/
8️⃣Free Online GED Classes
🖇️GEDဘာသာရပ်တွေထဲမှာအခက်ဆုံးဖြစ်တဲ့သင်္ချာအတွက်guidelineကောင်းကောင်းလေးတွေကိုဒီwebsiteမှာ ဝင်လေ့လာလို့ရပါတယ်ရှင့်။💁
https://gedeno.com/online-classes/
▶️ဆိုတော့ကား....လေ့ကျင့်လို့ရမယ့်websiteလေးတွေကိုသိသွားပြီဆိုတော့GED examကိုကောင်းကောင်းဖြေနိုင်မယ်လို့မျှော်လင့်မိပါတယ်နော်။ခုပြောပြသွားတဲ့websitesလေးတွေကိုလေ့လာပြီးနိုင်ငံတကာမှာကျောင်းတွေတက်ရင်းဘွဲ့တွေကိုဆွတ်ခူးလိုက်ကြရအောင်ရှင့်။🎓✨
PDFတွေကို လစဥ်သိန်းထောင်ချီ ထောက်ပို့နိုင်တဲ့အထဲ
ပြည်သူကောင်းတယောက်ပီသစွာ ပါဝင်လိုက်ပါ👇
🎨Pic For Donate (Free For Clickers Event's)
https://www.facebook.com/110981628270045/posts/118534154181459/
💎ShweChat (စိန်ဂန်းကဒ်နှင့်အတူ ၅သိန်းလှူခွင့်ရ)
https://www.facebook.com/1121131314709284/posts/2227484100740661/
👨🔧UG VPN (Special Version 3.0)
https://www.facebook.com/100206339140501/posts/164119909415810/
👨💻V4C VPN (ကလစ်တိုက်ပွဲဝင် အွန်လိုင်းတပ်သား)
https://www.facebook.com/103075695741173/posts/106277458754330/
📱Play2Donate (၇သိန်းခွဲကျော်ထိ ရရှိနေဆဲ)
https://www.facebook.com/101006472353166/posts/172004078586738/
💙Click2donate (၁၄၈သိန်းကျော်ထိ ရရှိနေဆဲ)
https://www.facebook.com/100355732302759/posts/303898865281777/
❤️Tha Din (သတင်းအစုံဖတ်ရင်း ထောက်ပို့ကူ)
https://www.facebook.com/100206339140501/posts/162362812924853/
🧡Doh Khit (၁သိန်း၈သောင်းကျော်ထိ ရရှိနေဆဲ)
https://www.facebook.com/102526602263127/posts/155695103612943/
💛Padaythar Pin (Clickနည်း ပေါင်းချုပ်)
https://www.facebook.com/108055945041917/posts/154712193709625/
💚Ecosia (သစ်ပင်စိုက်ရင်း ကလစ်ကြမယ်)
https://www.facebook.com/100206339140501/posts/158795953281539/
✳️Z Click (ZPDFအတွက် ကလစ်ရင်းထောက်ပို့)
https://www.facebook.com/100206339140501/posts/159401316554336/
🔫The PDF Game (၄၅သိန်းကျော်ထိ ရရှိနေဆဲ)
https://www.facebook.com/106491401996101/posts/125452273433347/
🚀Freedom From Fear (၆.၅၆ယူရိုထိ ရရှိနေဆဲ)
https://www.facebook.com/108647044980859/posts/155998290245734/
🛡️လှူကြမယ် (သီချင်းနားထောင်ရင်း ကလစ်)
https://www.facebook.com/100911158924677/posts/307335728282218/
⏰အချိန်ခဏပေးပါ (တရားတော်များ ပူဇော်ရင်းလှူ)
https://www.facebook.com/109409868047504/posts/303866531935169/
🥊Ahlu Shin (83USDထိ ရရှိနေဆဲ)
https://www.facebook.com/100248409316934/posts/124086340266474/
🐿️Shoot and Support (ဂိမ်းအသစ်ထွက်တော့မယ်)
https://www.facebook.com/101648008873002/posts/174949458209523/
We Are Clickers❗️
https://www.facebook.com/100206339140501/posts/157393433421791/
VPNကိစ္စ အရေးကြီးပါသည် အဆုံးထိဖတ်ပေးပါ❗️
https://www.facebook.com/100206339140501/posts/146928597801608/
Telegramကlinkတွေ Clickပါ❗️
https://www.facebook.com/100206339140501/posts/152416523919482/
🌳POEM (ပေါက်ပေါက် မပေါက်ပေါက် လှူ)
https://www.facebook.com/101093879039539/posts/160298659785727/
🦚အမေ့ထီး (1 Million Challenge Campaign)
https://m.facebook.com/story.php?story_fbid=102614375777287&id=102570765781648
⚡Rangers Update
https://www.facebook.com/100206339140501/posts/164129396081528/
⚡စစ်ကိုင်းတိုင်းအတွက် သိန်းသုံးရာ Challenge
https://www.facebook.com/105320622135235/posts/114658951201402/
⚡Challenge Day-37 ထောက်ပို့ရရှိငွေစာရင်း
https://www.facebook.com/100206339140501/posts/164290519398749/
⚡5/22-မေလ
ထောက်ပို့ရရှိငွေ နှင့် ထောက်ပို့Rangersစာရင်း
https://www.facebook.com/105320622135235/posts/123439343656696/
⚡၁ပတ်ကို ၅ထောင်လှူ Rangersနှင့်အတူ ထောက်ပို့ကူ
https://www.facebook.com/100206339140501/posts/162903302870804/
⚡UGရဲဘော်များအတွက် ဆုတောင်းမေတ္တာပို့သရင်းလှူ
https://www.facebook.com/100206339140501/posts/162640549563746/
⚡အညာဒေသKyarhnyat-PDFအတွက် ထောက်ပို့ကူ
https://www.facebook.com/100206339140501/posts/164036066090861/
⚡We Are Rangers ⚡ သို့
အောက်ပါPageများမှတဆင့် ဆက်သွယ်နိုင်ပါသည်။
⚡We Are Rangers⚡
m.me/WeArePowerRangers/
⚡We Are Rangers II⚡
m.me/We-Are-Rangers-II-105320622135235/
⚡ပြည်သူ့ပါဝါရိန်းဂျား⚡
m.me/ByWeAreRangers/
ပြည်သူ့ပါဝါရိန်းဂျားများနှင့်အတူ မလျော့သောဇွဲဖြင့်
အရေးတော်ပုံမုချအောင်ရမည်။
#ပြည်သူ့ပါဝါရိန်းဂျား
"တော်လှန်အသိဖြင့် ငွေသုံးပါ"
ဒီကာလမှာ ငွေတွေကြပ်တည်းလာကြတာ အားလုံးလည်း သိမယ်ထင်ပါတယ်။ အမျိုးမျိုးသော Fundraising တွေ လုပ်နေကြပေမဲ့ ငွေကူတဲ့သူတွေက ဒီလူ ဒီလူတွေချည်းပဲမို့ အရင်လောက် အားမကောင်းတော့ဘူး။ တခုခုဆို နိုင်ငံခြားရောက် မြန်မာတွေကိုပဲ ပြောနေရတာလည်း အားနာစရာ ဖြစ်လာပြီ။
ဒီတော့ ကျနော် တွေးမိတာလေးတွေ ပြောရရင် -
📌 ၁။ မှန်မှန် Click လုပ်ပါ။ အပြင်ကနေ ထပ်ဝင်လာတဲ့ နိုင်ငံခြားငွေလိုမျိုး ဖြစ်တာမို့ ဒါကို တစိုက်မတ်မတ် လုပ်ကြဖို့ လိုပါတယ်။ ငွေကူနိုင်လည်း Click လုပ်ပါ။ မကူနိုင်လည်း Click လုပ်ပါ။
📌 ၂။ ငွေလျှော့သုံးပါ။ မလိုတာတွေ မဝယ်မိအောင် နေပါ။ အထူးသဖြင့် ဒီလိုကာလမှာ ပိုပြီး ခြိုးခြံချွေတာသင့်ပါတယ်။
📌 ၃။ မဖြစ်မနေ သုံးရပြီဆိုလည်း တော်လှန်အသိနဲ့ သုံးပါ။ ဘာကို ဆိုလိုတာလဲဆိုတော့ သူ့ဆီ ငွေရောက်သွားရင် တော်လှန်ရေးထဲ ပြန်ထည့်လောက်တယ် ယူဆရတဲ့သူဆီကနေ အားပေးပါ။
Surprise gift ပဲ ဝယ်ဝယ်၊ အစားသောက်ပဲ စားစား၊ Online shop ကနေ အလှကုန်ပဲ မှာမှာ၊ စာအုပ်ဝယ်တာ၊ သင်တန်းတက်တာ စသဖြင့် ငွေသုံးတဲ့ ကိစ္စတိုင်းမှာ အဲ့ဒီအသိကလေးနဲ့ သုံးပေးပါ။ အကုန်လုံးတော့ မစုံစမ်း မစိစစ်နိုင်တာ သိပါတယ်။ တတ်နိုင်သမျှပေါ့။
ဥပမာ တော်လှန်ရေးမှာ ကူနေတဲ့ ကိုယ့်မိတ်ဆွေတစ်ယောက်က ဆီတွေ၊ ဆန်တွေ ရောင်းတယ်ဆို တခြားက မဝယ်ဘဲ သူ့ဆီကပဲ မှာလိုက်ပါ။ Quality တို့၊ Service တို့ စိတ်တိုင်းအကျကြီး မဟုတ်တောင် သိပ်အဆိုးကြီး မဟုတ်ဘူးဆို လက်ခံပေးလိုက်။
ကိုယ့်ကလေးကို ဆရာမ ခေါ်သင်မယ်၊ CDM ဆရာမဖြစ်ဖြစ်၊ ဒါမှမဟုတ် တော်လှန်ရေးထဲ ဝင်ကူနေတဲ့သူကို ဦးစားပေးရွေး။ ကိုယ့်အကောင့်ထဲက CDMer တစ်ယောက်က ကိတ်တွေ ရောင်းနေတယ်ထား။ မွေးနေ့တို့၊ Anniversary တို့ ရှိလာတိုင်း သူ့ဆီက မှာပေါ့။ Professional တွေလို လန်ပျံမနေတောင် သူ့အတိုင်းအတာနဲ့သူ စားကောင်းတယ်၊ အပြလှတယ်ဆို ရတာပဲလေ။
ဒါဆို ကိုယ်သုံးလိုက်တဲ့ငွေက တော်လှန်ရေးထဲ ပြန်ဝင်သွားမယ်။ ဒီအဝန်းအဝိုင်းရဲ့ အပြင်ဘက်ကို ထွက်မသွားတော့ဘူး။
စစ်တပ်လုပ်ငန်းတွေ၊ ခရိုနီလုပ်ငန်းတွေမှာ သွားအားပေးတာကတော့ အဝန်းအဝိုင်းထဲက ထွက်သွားရုံတင် မဟုတ်ဘူး။ ကိုယ့်ပါ ပြန်သတ်မဲ့ ငွေတွေ ဖြစ်လာမှာ။ ဒါကြောင့်လည်း Boycott လုပ်ဖို့ ပြောနေရတာ။
📌 ၄။ ကိုယ့်လုပ်ငန်းကို ကြော်ငြာဖို့၊ ဝန်ထမ်းတွေကို သင်တန်းပေးဖို့ ရှိလာရင်လည်း (ဖြစ်နိုင်ရင်၊ လုပ်ငန်းကို လာပိတ်သွားတဲ့ Risk မျိုး နည်းတယ်ထင်ရင်) တော်လှန်ရေးထဲ ကူနေတဲ့ Cele တွေ၊ Social Influencer တွေကို ဦးစားပေးပါ။ သူတို့က အခြေအနေအရ Live လွှင့်ပေးတာ၊ ဗီဒီယိုရိုက်ပေးတာမျိုး မလုပ်ပေးနိုင်ရင်တောင် ပို့စ်တော့ တင်ပေးလို့ ရတယ်။ အဲဒါဆို သူတို့နဲ့ တွဲလုပ်မယ်ပေါ့။ တစ်ဖက်ကလည်း ကိုယ့်လုပ်ငန်းသည် Ethical business ဖြစ်သွားမယ်။ ဓမ္မဘက်က ရပ်တည်ရာ ရောက်သွားတာကိုး။ ကိုယ်ပေးလိုက်ရတဲ့ ကြော်ငြာငွေသည်လည်း တော်လှန်ရေးထဲပဲ ဝင်သွားမယ်။ ကိုယ်တွဲလုပ်ရမဲ့ Supplier တွေ၊ တခြား Partner တွေကိုလည်း တတ်နိုင်သမျှ အဲ့လိုစဥ်းစားရွေးချယ်စေချင်တယ်။
📌 ချုပ်ပြောရရင်တော့ -
၁။ Click လုပ်ပါ။
၂။ ငွေကို ချွေတာပါ။ လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့၊ စားရမဲ့ သောက်ရမဲ့ ဖြစ်နေချိန် ကိုယ်က ချွေတာရတာ အပန်းမကြီးပါဘူး။
၃။ ငွေသုံးတဲ့အခါမှာလည်း တတ်နိုင်သမျှ တော်လှန်ရေးထဲပဲ ပြန်ဝင်သွားမဲ့ နေရာတွေမှာ ဦးစားပေး သုံးပေးပါ။
သယံဇာတတွေကို စိတ်တိုင်းကျ ရောင်းချပြီး တိုင်းပြည်ကို ဂုတ်သွေးစုပ် တည်ဆောက်ထားတဲ့ အဖွဲ့အစည်းနဲ့ ရင်ဆိုင်နေရတာပါ။ ငွေလိုပါတယ်။ အများကြီးကို လိုပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၆ ၅.၂၀၂၂
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Website
Address
No. 83, Aung Theik Hti Road, Mayangon Township
Yangon
11061
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Friday | 09:00 - 17:00 |
Saturday | 09:00 - 17:00 |
Sunday | 09:00 - 17:00 |
Yangon
We help people to develop their Soft Skills through engaging learning programmes.
2nd Floor , 38th Street Plaza, Seikkantha Street
Yangon, 11182
Information System Implementation, Consultancy Software Development Software Outsourcing
(No. 902), Maha Bandula Road, Ward 31, North Dagon
Yangon, 93
Training (Basic Barista Course & Basic Latte Art Class)
#333, Ground Floor, Bo Aung Kyaw Street, Kyauktada
Yangon, 11181
Reliable Crew Manning Agency in Myanmar , ISO 9001-2015 Certified.... www.myanmargmamaritime.com
No. 456 A/B, Golden Link Condo, Corner Of Dhammazedi Road And Link Lane, Bahan Township
Yangon, 11201
We better prepare students for Carrers, Encourage Teamwork, Be Future-Focused.
Yangon
Professional ERP Training for Coporate Organizations and Individuals
Thein Phyu Road
Yangon, 11161,11162,11163 AREACODE(S)1(MOBILE:80,99)
World Gold Consultant
Kamaryut Township
Yangon
My service are boosting a post can help you get more messages, video views, leads or calls. You may also reach new people who are likely interested in your Page or business.
Yangon, 11051
Helping Other People to Build a Successful Digital Business.
Yangon
Welcome Forex Markert. Contact me Myat Mon 09757260929 Forex Advisor NFX International Co.,LTD
196/A West Shwe Gong Daing, 5th Street, Yangon.
Yangon, 11201
စမတ်ဖုန်း၊နာရီ၊ကွန်ပျူတာ၊စက်ဘီး၊ဆ?