MIM Academy

Maths For Everyone.

22/01/2024

⭐ 𝗜𝗚𝗖𝗦𝗘 ဖြေမယ့် သူတိုင်းအတွက် အထူး သင်္ချာအတန်း ⭐

👉 𝗜𝗚𝗖𝗦𝗘 မှာ အမှတ်ကောင်းဖို့ဆိုတာ 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 ကောင်းကောင်းမှာ join ခွင့်ရဖို့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်သလို၊ ကလေးတစ်ယောက်အတွက် အကောင်းဆုံး ရလာဒ် ထွက်အောင် ဖြေဆိုနိုင်ဖို့ အရင်းအနှီး အထုတ်သင့်ဆုံးသော အတန်းလဲ ဖြစ်ပါတယ်။

𝗠𝗜𝗠 𝗔𝗰𝗮𝗱𝗲𝗺𝘆 ဟာ ၂၀၁၉ ခုနှစ်ကတည်းက သင်္ချာတစ်ဘာသာထဲကိုပဲ အထူးပြုပြီး တစ်စိုက်မက်မက် သင်ကြားလာခဲ့တာ ဖြစ်ပြီးတော့ အောင်မြင်မှုများစွာလဲ ရရှိထားပြီးသား ဖြစ်ပါတယ်။ 💯

🥇အမျိုးမျိုးသော သင်ယူမှု behavior ရှိတဲ့ ကျောင်းသားတိုင်းကို အမျိုးမျိုးသော သင်ကြားမှုပုံစံများဖြင့် အဆင်ပြေ အလျှင်းသင့်အောင် သင်ကြားပေးခဲ့နိုင်ပြီ ဖြစ်ပြီး သင်ကြားသမျှ ကျောင်းသားတိုင်းကိုလဲ အောင်မြင်မှုပန်းတိုင်သို့ ပို့ဆောင်ပေးပြီး ဖြစ်ပါတယ်။🥇

နှစ်စဉ် အတန်းခေါ်ယူမှု အလွန် နည်းပါးပြီး တက်ရောက်ဖြစ်တဲ့ ကျောင်းသားတိုင်းကို သင်္ချာဘာသာနဲ့ ပက်သက်ပြီး အထူး သေချာ ကြပ်မတ်ဂရုစိုက်ပေးခဲ့ပြီးပါပြီ။

⚠️ ကျောင်းသား မိဘတွေအနေနဲ့ မိမိတို့ ကလေးရဲ့ သင်္ချာဘာသာရပ်အပေါ် သင်ယူမှုကို တိုးတက်စေချင်လို့ပဲ ဖြစ်စေ… ပိုမို ထူးချွန်စေလိုဘဲ ဖြစ်စေ…ဆရာတို့ 𝗠𝗜𝗠 𝗔𝗰𝗮𝗱𝗲𝗺𝘆 ရဲ့ အထူး special သင်္ချာအတန်းကို join သင့်ပါတယ်။ ⚠️

ဆရာတို့ အခု May, June Intake ဖြေမယ့် ကလေးတွေအတွက် အထူးတန်းအနေနဲ့ 𝗖𝗮𝗺𝗯𝗿𝗶𝗱𝗴𝗲 𝗖𝘂𝗿𝗿𝗶𝗰𝘂𝗹𝘂𝗺 တစ်ခုထဲကိုပဲ သီးသန့် အာရုံစိုက်ပြီး သင်ပေးမှာ ဖြစ်ပါတယ်။

အတန်းချိန်၊ ကျောင်းလခတွေကိုလဲ မက်ဆင်ဂျာကို လာခိုင်းမှာ မဟုတ်ပဲ အခု တစ်ခါထဲ ပြောပေးသွားမှာ ဖြစ်ပါတယ်။

အတန်းချိန်ကတော့ -

🕗 အပါတ်စဥ် စနေ (မနက် ၈ နာရီ - မနက် ၁၀ နာရီ) နှင့်
တနင်္ဂနွေ (မနက် ၈ နာရီ - မနက် ၁၀ နာရီ) ပဲ ဖြစ်ပါတယ် 🕙

တစ်လကို နာရီ ၂၀ သင်ကြားမှာ ဖြစ်ပြီးတော့ လိုအပ်မယ်ဆိုရင် အချိန်ပိုတွေနဲ့ အခြားသော အပိုထပ်ဆောင်းလိုအပ်မှုများကိုလဲ သေချာ ဂရုတစိုက် ဖြည့်ဆည်းပေးသွားမှာ ဖြစ်ပါတယ်။ 💯

🏦သင်တန်းကြေးကတော့ တစ်လ ကို ၁ သိန်း ၆ သောင်းကျပ် တိတိပဲ ဖြစ်ပါတယ်။🏦

⚠️ လျှော့စျေးလဲ မရှိပါဘူး… အပိုကြေးလဲ ထပ်မကောက်ပါဘူး… ဘာဆို ဘာမှ ထပ်မရှိပါဘူး။ အတိအကျကို ၁ သိန်း ၆ သောင်း တိတိပဲ ဖြစ်ပါတယ်။ ခွဲသွင်းလို့လဲ ရပါမယ် ⚠️

စာအုပ်ကြေးနဲ့ ဘာဖိုး ညာဖိုးတွေ ဘာမှထပ်မကောက်ပါဘူး။ ကျောင်းသားနဲ့ ကျောင်းသားမိဘတွေကို ရှင်းလင်းတဲ့ information တွေကိုပဲ အတိအကျ ပေးချင်တယ်။

ဆရာတို့ တစ်ကျောင်းလုံးက သင်္ချာဆရာတွေပဲမို့ တိကျ သေချာနေမှ ကြိုက်တာ ဖြစ်လို့ တိတိကျကျပဲ ပြောပါတယ်။

ကျောင်းသား တစ်ယောက် ရောက်လာရင် ဆရာတို့က ဒီတိုင်းသင်တာ မဟုတ်ပါဘူး။ ကျောင်းသားကို ရက်ပိုင်းလောက် သေချာ လေ့လာပြီး ကျောင်းသားနဲ့ သင့်တော်မယ့် Curriculum ကို သေချာ ရွေးချယ်ပြီး သင်ကြားပေးတာဖြစ်ပြီး အဆင်အပြေဆုံး သင်ကြားမှုဖြစ်အောင် လစဉ် သုံးသပ်ချက်တွေ၊ အစည်းအဝေးတွေ ပြုလုပ်ပြီး အမြဲ ဂရုစိုက် သင်ကြားပေးတာ ဖြစ်ပါတယ်။

သင်ကြားမယ့် ဘာသာရပ်တွေကတော့ -

📚 Cambridge IGCSE A Maths & E Maths ပဲ ဖြစ်ပါတယ်။ 📚

🌟 အတန်း စမယ့် ရက်ကတော့ နောက်လ ၃ ရက်နေ့ - 3.2.2024 ပဲ ဖြစ်ပါတယ်။ 🌟

တစ်ခြား သိချင်တာ ရှိသေးတယ်…. လေ့လာစုံစမ်းချင်တယ်… သိချင်တာပဲ ဖြစ်ဖြစ်… တက်ချင်တာပဲ ဖြစ်ဖြစ်....

(၁) ဆရာတို့ 𝗠𝗜𝗠 𝗔𝗰𝗮𝗱𝗲𝗺𝘆 Page ရဲ့ မက်ဆင်ဂျာမှာ စာလာပို့လို့ရမယ် 📲

(၂) ဆရာတို့ ကျောင်းဖုန်းနံပါတ် - 09 885 490 740 ကို ဖုန်းဆက် မေးမြန်းလို့ ရမယ် ☎️

(၃) ဆရာတို့ကို Viber (09 885 490 740) ကနေ ဆက်သွယ်မေးမြန်းလို့ ရပါတယ် 📱

⚠️ အတန်း မတက်ဖြစ်ဘူး ဆိုရင်လဲ ဆရာတို့ရဲ့ ကျောင်းသား လူငယ်တွေရဲ့ ရှေ့ရေး အနာဂတ်နဲ့ ပက်သက်ပြီး ကြိုက်ရာ လာဆွေးနွေးလို့ ရပါတယ်… ⚠️

ဆရာတို့ သိသလောက် အကုန် အခမဲ့ ပြန်လည်ပြောကြား ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။ ဘယ်လို အကြောင်းအရာ ဖြစ်ဖြစ် လူငယ်တွေရဲ့ အနာဂတ်နဲ့ ပက်သက်နေရင် ဆရာတို့နဲ့ သက်ဆိုင်တာပါပဲ။ 💯

အဲ့ဒါကြောင့် ဆရာတို့ ကျောင်းရဲ့ slogan က

“လူငယ်နှင့် ပညာရေး ဝေးသည် မရှိစေရ”
MIM Academy

Photos from MIM Academy's post 22/01/2024

မြန်မာနိုင်ငံမှာ ၁၀ တန်းအောင်ပြီးတဲ့ လူတွေ ကျောင်းဆက် မတက်ဘူးဆိုရင် ဘာတွေ လုပ်သင့်လဲ?

ဆရာ ဒီစာကို series လိုက်ကြီး ရေးပေးမှာ မို့လို့ အခု ခေါင်းစဉ်က ကိုယ်နဲ့ မကိုက်ညီသေးဘူးဆိုရင် ခဏစောင့်ပါ…။ နောက်ပိုစ့်တွေမှာ ဖတ်ပေးပါ။

မြန်မာနိုင်ငံက လူငယ်တွေ အားလုံးအတွက် ဆရာ သိမြင်ကြားသိထားသလောက် အသိပညာအားလုံးကို အကုန်ထုတ်သုံးပြီး၊ လက်လှမ်းမှီသမျှ လူအကုန်လုံးကို မေးမြန်းပြီး ဒီစာတွေကို ရေးထားတာ ဖြစ်ပါတယ်။

ကဲ… အဲ့တော့ အခု ဒီစာကို ဖတ်မယ့် လူငယ်တွေက ၁၀ တန်း အောင်ပြီးသား ဖြစ်ရပါမယ်။ အစိုးရ တက္ကသိုလ် or ကျောင်းကို မ join ထားတဲ့လူ ဖြစ်ရပါမယ်။

📌 အပိုင်း (၄) ပိုင်း ဆရာ ခွဲပြောသွားပါမယ်။
(၁) ပညာရေး
(၂) အသက်မွေးဝမ်းကြောင်း
(၃) ထိတွေ့မှုနယ်ပယ်များ
(၄) အနှစ်ချုပ်

အောက်မှာ ဆက်ဖတ်ပါ။

21/01/2024

⭐ 𝗜𝗚𝗖𝗦𝗘 ဖြေမယ့် သူတိုင်းအတွက် အထူး သင်္ချာအတန်း ⭐

👉 𝗜𝗚𝗖𝗦𝗘 မှာ အမှတ်ကောင်းဖို့ဆိုတာ 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 ကောင်းကောင်းမှာ join ခွင့်ရဖို့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်သလို၊ ကလေးတစ်ယောက်အတွက် အကောင်းဆုံး ရလာဒ် ထွက်အောင် ဖြေဆိုနိုင်ဖို့ အရင်းအနှီး အထုတ်သင့်ဆုံးသော အတန်းလဲ ဖြစ်ပါတယ်။

𝗠𝗜𝗠 𝗔𝗰𝗮𝗱𝗲𝗺𝘆 ဟာ ၂၀၁၉ ခုနှစ်ကတည်းက သင်္ချာတစ်ဘာသာထဲကိုပဲ အထူးပြုပြီး တစ်စိုက်မက်မက် သင်ကြားလာခဲ့တာ ဖြစ်ပြီးတော့ အောင်မြင်မှုများစွာလဲ ရရှိထားပြီးသား ဖြစ်ပါတယ်။ 💯

🥇အမျိုးမျိုးသော သင်ယူမှု behavior ရှိတဲ့ ကျောင်းသားတိုင်းကို အမျိုးမျိုးသော သင်ကြားမှုပုံစံများဖြင့် အဆင်ပြေ အလျှင်းသင့်အောင် သင်ကြားပေးခဲ့နိုင်ပြီ ဖြစ်ပြီး သင်ကြားသမျှ ကျောင်းသားတိုင်းကိုလဲ အောင်မြင်မှုပန်းတိုင်သို့ ပို့ဆောင်ပေးပြီး ဖြစ်ပါတယ်။🥇

နှစ်စဉ် အတန်းခေါ်ယူမှု အလွန် နည်းပါးပြီး တက်ရောက်ဖြစ်တဲ့ ကျောင်းသားတိုင်းကို သင်္ချာဘာသာနဲ့ ပက်သက်ပြီး အထူး သေချာ ကြပ်မတ်ဂရုစိုက်ပေးခဲ့ပြီးပါပြီ။

⚠️ ကျောင်းသား မိဘတွေအနေနဲ့ မိမိတို့ ကလေးရဲ့ သင်္ချာဘာသာရပ်အပေါ် သင်ယူမှုကို တိုးတက်စေချင်လို့ပဲ ဖြစ်စေ… ပိုမို ထူးချွန်စေလိုဘဲ ဖြစ်စေ…ဆရာတို့ 𝗠𝗜𝗠 𝗔𝗰𝗮𝗱𝗲𝗺𝘆 ရဲ့ အထူး special သင်္ချာအတန်းကို join သင့်ပါတယ်။ ⚠️

ဆရာတို့ အခု May, June Intake ဖြေမယ့် ကလေးတွေအတွက် အထူးတန်းအနေနဲ့ 𝗖𝗮𝗺𝗯𝗿𝗶𝗱𝗴𝗲 𝗖𝘂𝗿𝗿𝗶𝗰𝘂𝗹𝘂𝗺 တစ်ခုထဲကိုပဲ သီးသန့် အာရုံစိုက်ပြီး သင်ပေးမှာ ဖြစ်ပါတယ်။

အတန်းချိန်၊ ကျောင်းလခတွေကိုလဲ မက်ဆင်ဂျာကို လာခိုင်းမှာ မဟုတ်ပဲ အခု တစ်ခါထဲ ပြောပေးသွားမှာ ဖြစ်ပါတယ်။

အတန်းချိန်ကတော့ -

🕗 အပါတ်စဥ် စနေ (မနက် ၈ နာရီ - မနက် ၁၀ နာရီ) နှင့်
တနင်္ဂနွေ (မနက် ၈ နာရီ - မနက် ၁၀ နာရီ) ပဲ ဖြစ်ပါတယ် 🕙

တစ်လကို နာရီ ၂၀ သင်ကြားမှာ ဖြစ်ပြီးတော့ လိုအပ်မယ်ဆိုရင် အချိန်ပိုတွေနဲ့ အခြားသော အပိုထပ်ဆောင်းလိုအပ်မှုများကိုလဲ သေချာ ဂရုတစိုက် ဖြည့်ဆည်းပေးသွားမှာ ဖြစ်ပါတယ်။ 💯

🏦သင်တန်းကြေးကတော့ တစ်လ ကို ၁ သိန်း ၆ သောင်းကျပ် တိတိပဲ ဖြစ်ပါတယ်။🏦

⚠️ လျှော့စျေးလဲ မရှိပါဘူး… အပိုကြေးလဲ ထပ်မကောက်ပါဘူး… ဘာဆို ဘာမှ ထပ်မရှိပါဘူး။ အတိအကျကို ၁ သိန်း ၆ သောင်း တိတိပဲ ဖြစ်ပါတယ် ⚠️

စာအုပ်ကြေးနဲ့ ဘာဖိုး ညာဖိုးတွေ ဘာမှထပ်မကောက်ပါဘူး။ ကျောင်းသားနဲ့ ကျောင်းသားမိဘတွေကို ရှင်းလင်းတဲ့ information တွေကိုပဲ အတိအကျ ပေးချင်တယ်။

ဆရာတို့ တစ်ကျောင်းလုံးက သင်္ချာဆရာတွေပဲမို့ တိကျ သေချာနေမှ ကြိုက်တာ ဖြစ်လို့ တိတိကျကျပဲ ပြောပါတယ်။

ကျောင်းသား တစ်ယောက် ရောက်လာရင် ဆရာတို့က ဒီတိုင်းသင်တာ မဟုတ်ပါဘူး။ ကျောင်းသားကို ရက်ပိုင်းလောက် သေချာ လေ့လာပြီး ကျောင်းသားနဲ့ သင့်တော်မယ့် Curriculum ကို သေချာ ရွေးချယ်ပြီး သင်ကြားပေးတာဖြစ်ပြီး အဆင်အပြေဆုံး သင်ကြားမှုဖြစ်အောင် လစဉ် သုံးသပ်ချက်တွေ၊ အစည်းအဝေးတွေ ပြုလုပ်ပြီး အမြဲ ဂရုစိုက် သင်ကြားပေးတာ ဖြစ်ပါတယ်။

သင်ကြားမယ့် ဘာသာရပ်တွေကတော့ -

📚 Cambridge IGCSE A Maths & E Maths ပဲ ဖြစ်ပါတယ်။ 📚

🌟 အတန်း စမယ့် ရက်ကတော့ နောက်လ ၃ ရက်နေ့ - 3.2.2024 ပဲ ဖြစ်ပါတယ်။ 🌟

တစ်ခြား သိချင်တာ ရှိသေးတယ်…. လေ့လာစုံစမ်းချင်တယ်… သိချင်တာပဲ ဖြစ်ဖြစ်… တက်ချင်တာပဲ ဖြစ်ဖြစ်....

(၁) ဆရာတို့ 𝗠𝗜𝗠 𝗔𝗰𝗮𝗱𝗲𝗺𝘆 Page ရဲ့ မက်ဆင်ဂျာမှာ စာလာပို့လို့ရမယ် 📲

(၂) ဆရာတို့ ကျောင်းဖုန်းနံပါတ် - 09 885 490 740 ကို ဖုန်းဆက် မေးမြန်းလို့ ရမယ် ☎️

(၃) ဆရာတို့ကို Viber (09 885 490 740) ကနေ ဆက်သွယ်မေးမြန်းလို့ ရပါတယ် 📱

⚠️ အတန်း မတက်ဖြစ်ဘူး ဆိုရင်လဲ ဆရာတို့ရဲ့ ကျောင်းသား လူငယ်တွေရဲ့ ရှေ့ရေး အနာဂတ်နဲ့ ပက်သက်ပြီး ကြိုက်ရာ လာဆွေးနွေးလို့ ရပါတယ်… ⚠️

ဆရာတို့ သိသလောက် အကုန် အခမဲ့ ပြန်လည်ပြောကြား ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။ ဘယ်လို အကြောင်းအရာ ဖြစ်ဖြစ် လူငယ်တွေရဲ့ အနာဂတ်နဲ့ ပက်သက်နေရင် ဆရာတို့နဲ့ သက်ဆိုင်တာပါပဲ။ 💯

အဲ့ဒါကြောင့် ဆရာတို့ ကျောင်းရဲ့ slogan က

“လူငယ်နှင့် ပညာရေး ဝေးသည် မရှိစေရ”
MIM Academy

20/01/2024

စာမလုပ်တာ ကြာပြီ… ဒါပေမယ့် အခု ပြန်လုပ်ချင်လာတဲ့အခါ ဘယ်က စလုပ်ရမလဲ… ဘယ်လို ပြင်ဆင်ရမလဲ

အကြောင်းအမျိုးမျိုးကြောင့် စာလုပ်တာကို ရပ်နားထားပြီးတော့ အခုမှ ပြန်လေ့လာချင်တယ်… ဆိုတဲ့ စိတ်ကလေး ပေါ်နေသူတွေအတွက် ဒီစာက အပြည့်အ၀ ကူညီပေးပါလိမ့်မယ်။ အချက် (၁) ချက်ချင်းဆီကို သေချာဖတ်ပြီး တကယ်လိုက်လုပ်ကြည့်ပါ။

ကဲ… စာတွေ ရှည်မနေတော့ဘူး…
အခုချက်ချင်းပဲ ပထမ တစ်ဆင့်ကို သွားလိုက်ရအောင်။

×
(၁) ကိုယ်ဘာကို လေ့လာချင်တာလဲ?

ဘာမှမလုပ်ခင်… ကိုယ်ဘာကို လေ့လာချင်တာလဲ ဆိုတာကို အရင် သိဖို့လိုပါတယ်။
အဲ့တော့… အခု စာဖတ်နေတဲ့သူက ဖြေမှာပေါ့… “စာ” လေ့လာချင်တာပါဆိုပြီးတော့

မဟုတ်ဘူး… အဲ့လို “စာ” ဆိုပြီး တစ်လုံးထဲနဲ့ overall ပုံစံကြီး မပြောပဲနဲ့ အသေးစိတ်လေး စဉ်းစားကြည့်ပါ။

ကိုယ်ဘာကို လေ့လာချင်တာလဲ?

ဒီလို အဆင့်လိုက်တွေးကြည့်ပါ… ဥပမာ ပြရရင်

အဆင့် ၁ - “စာ” လေ့လာချင်တယ်
အဆင့် ၂ - “တရုတ်စာ” လေ့လာချင်တယ်
အဆင့် ၃ - “တရုတ်စာကို HSK 1 အဆင့်” လေ့လာချင်တယ်
အဆင့် ၄ - “တရုတ်စာကို HSK 1 အဆင့် ဖြေပြီးတဲ့ အထိ” လေ့လာချင်တယ်

နောက်ဆုံး အဆင့် (၄) မှာ ရှိသလို ကိုယ်တကယ် ဘာကို လေ့လာချင်တာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သေသေချာချာ သိဖို့လိုပါတယ်။ ဒါက ပထမဆုံး နဲ့ အရေးအကြီးဆုံး အချက်ပါပဲ

စာဆိုတာကို ဘာမှ မကိုင်တွယ်ခင်… မလေ့လာခင်မှာ ကိုယ်က ဘယ်အဆင့်ထိ သွားချင်တာလဲဆိုတာကိုပါ တကယ်သိထားမှ စာလုပ်ရတာ အားရှိမှာပါ။

မဟုတ်ပဲ စမ်းတဝါးဝါးနဲ့ ကိုယ်ဘာလိုချင်မှန်းမသိပဲ ဒီတိုင်း အချိန်တွေ ပိုနေလို့၊ အားနေလို့ စာလုပ်ချင်တယ် ဆိုတာမျိုးက သင့်ကို ဘယ်နေရာမှရောက်အောင် မပို့ဆောင်နိုင်ပါဘူး။

၂ လ၊ ၃ လ လောက် ယောင်ဝါးဝါး စာလုပ်ဖြစ်သွားတာပဲရှိမယ်။
ပြီးရင် အရင်လိုပဲ… စာနဲ့ ပြန်ဝေးသွား ဦးမှာပါပဲ။ အဲ့တော့ ကိုယ်ဘာကို ဘယ်အထိ လေ့လာချင်တာလဲဆိုတာ အရင်သိအောင် လုပ်ပါ။

သိပြီးရင် နောက်တစ်ဆင့်ကို သွားပါမယ်။
အဲ့ဒါက…

×
(၂) သေးသေးလေးက စရအောင်

လူတွေ တော်တော်များများက တစ်ခုခုကို လုပ်ချင်ပြီ လုပ်ကြပြီဆိုရင်… အား အကုန်သုံးပြီးတော့ တဟုန်ထိုး ချက်ချင်းလုပ်တတ်ကြတာ သဘာဝပါ။

အဲ့လို လုပ်ပြီး လမ်းအဆုံးထိ မရောက်ပဲ အဖျားရှူးကြတာလဲ အများကြီးပဲ…

ပန်းတိုင်တွေ ရည်မှန်းချက်တွေနဲ့ ကိုယ်ဘာကို လေ့လာချင်တာလဲဆိုတာလဲ သိသွားပြီဆိုရင် စိတ်တွေအရမ်းတက်ကြွပြီး ချက်ချင်း ၂ နာရီ၊ ၃ နာရီ ဆက်တိုက် စာတွေ ထ လုပ်တတ်ကြတယ်။

လုပ်နိုင်တယ်… အာမခံ နိုင်ရင်တော့ လုပ်ပါ။ မတားပါဘူး…

ဒါပေမယ့် ၁၀၀ ရာနှုန်း အာမခံချက်ရှိတဲ့… အဖျားမရှူးစေမယ့် နည်းလမ်းကတော့… သေးသေးလေးကနေ စတာပါပဲ။

ဘယ်လိုသေးသေးလေးတွေလဲ?

ဘာမှ မရှုပ်ထွေးတဲ့ လုပ်စရာလေးတွေပါ။

ဥပမာ - တနေ့ကို ဂျပန်စာ meaning ၅ လုံးလောက် ကျက်တာမျိုး
တရုတ်စာ ဝေါဟာရ ၃ လုံးလောက် လေ့လာတာမျိုး
သင်္ချာ ၅ ပုဒ် တွက်တာမျိုး

“ငါ ဒီနေ့ စာတွေလုပ်နေပါလား” ဆိုပြီး မသိသာစေတဲ့ သေးသေးလေးတွေကိုလုပ်ပါ… ၂ ပါတ်၊ ၃ ပါတ်လောက် ကြာတဲ့အထိ

“ငါ စာတွေလုပ်နေရပါလား” ဆိုတဲ့ အသိက စစချင်းတော့ ကောင်းတယ်… မိုက်တယ်။ ကိုယ်ကပဲ သူများတွေထက် ရှေ့ကို ခြေတလှမ်း ကြိုရောက်နေသလိုလို
ခံစားရစေလိမ့်မယ်ဆိုပေမယ့်… ကြာလာရင် ဖိအားကြီး တစ်ခုဖြစ်လာနိုင်ပါတယ်။

အဲ့ဒါကြောင့် စာ စလုပ်လုပ်ခြင်း… အချိန် ၂ ပါတ်လောက်မှာ သေးသေးလေးတွေပဲ လုပ်ရင်း ကိုယ်စာလုပ်နေတာကို မေ့နေပါစေ။

ကိုယ်က သတိမထားမိဘူးဆိုပေမယ်… တနေ့ကို meaning ၅ လုံး ကျက်နေတဲ့အတွက်၊ ၂ ပါတ်ဆိုတော့ ၁၄ ရက်၊ Meaning အလုံး ၇၀ အသားတင် ရနေမှာ။

ဒီမှာ စောတက တက်စရာ ရှိတာက...
၇၀ ဆိုပေမယ့်လဲ ၇၀ လုံး မမှတ်မိဘူးလေ… ဘာညာဆိုပြီးတော့
ဟုတ်တယ်… အဲ့အကြောင်းကို နောက်မှာ ဆက်ပြောပေးပါမယ်။

အခုပြောချင်တာကတော့... စာပြန်လုပ်ချင်ရင် သေးသေးလေးက စ… ၂ ပါတ်၊ ၃ ပါတ်လောက်အထိ အဲ့ flow နဲ့ သွား…

×
(၃) စာလုပ်ချိန်လေး စတင်ထားရှိမယ်

၁ လလောက် အပေါ်က ပြောသလို စာလုပ်လို့ အသားကျလာပြီဆိုရင်… စာလုပ်ချိန်စပြီး သတ်မှတ်ကြပါမယ်။

ပြန်တွေးကြည့်ပါ… ကိုယ် တနေ့ကို meaning ၅ လုံးကျက်တုန်းက
ဘယ်အချိန်တွေမှာ အများဆုံး ကျက်ဖြစ်ခဲ့သလဲ?

အဲ့ဒီအချိန်နားပါတ်ခြာလည်လေးမှာပဲ စာလုပ်ချိန်ကို စတင်တည်ဆောက်ပါမယ်။
တစ်ခြားအချိန်တွေမှာ ထူးပြီးတော့ သက်သက်ကြီးဖဲ့ပြီး စာလုပ်ချိန် မထားသေးဘူး။

ကိုယ် meaning ၅ လုံး ကျက်ဖြစ်တဲ့ အချိန် ပါတ်ခြာလည်လေးမှာပဲ စာလုပ်ချိန်ကို စတင်သတ်မှတ်ပါမယ်။

၁၅ မိနစ်ကနေ ၄၅ မိနစ်အထိ ထားလို့ရပါတယ်။
တစ်ခုပဲ… ကိုယ့်ကိုယ်ကို မညာပါနဲ့… ကိုယ်က ၁၅ မိနစ်လောက်ပဲ လုပ်နိုင်မှာကို နာရီဝက်ဆိုပြီး အချိန်ကြီး ကြိုမချထားပါနဲ့။

သတိထပ်ပေးပါမယ်… ဝန်ပိလာပါလိမ့်မယ်။
စစချင်းကို နိုင်သလောက်ပဲ လုပ်ပါ။

စာလုပ်တယ်ဆိုတာက ၃ လ လောက် လုပ်ပြီး ဘွဲ့ကြီးရသွားတာမျိုး မဟုတ်ပါဘူး။
အဲ့ဒါကြောင့် ကိုယ်လေ့လာနေတဲ့ ရည်မှန်းချက် goal တစ်ခု မပြည့်မချင်း လုပ်နေရမှာ ဖြစ်လို့ မလောပါနဲ့။

နိုင်သလောက်ပဲ သတ်မှတ်ပါ…
နည်းလဲ စာလုပ်တာ… များလဲ စာလုပ်တာပါပဲ။

×
(၄) စာလုပ်ဖို့နေရာလေး တစ်ခုတော့ ထားမှဖြစ်မယ်

စာလုပ်ဖို့ နေရာကို “သီးသန့် ဖြစ်နေတဲ့ နေရာ” မျိုး ရွေးချယ်ထားရှိတာ အကောင်းဆုံးပါပဲ။

နေရာက -
နံပါတ် (၁) သန့်ရှင်းရမယ်။
နံပါတ် (၂) တိတ်ဆိတ်မှုလေး အတိုင်းအတာ တစ်ခုအထိ ရှိရပါမယ်။

လိုအပ်တဲ့ စာအုပ်၊ စာရေးကိရိယာတွေနဲ့ စာရွက်တွေ ပြည့်ပြည့်စုံစုံ ရှိအောင် ထားပါ။ အဲ့ဒါမှ စာလုပ်ချင်စိတ် ဖြစ်မှာပေါ့။

×
(၅) ပျင်းစရာ မကောင်းအောင် စာလုပ်ပါ

စာလုပ်တာကြီးကိုက… တော်တော်ပျင်းဖို့ကောင်းနေတာကို ဘယ်လို ပျင်းစရာမကောင်းအောင် လုပ်ရမလဲ? ဆိုပြီး မေးခွန်းထုတ်နေမှာပေါ့။

အဲ့ဒါကြောင့် စိန်ခေါ်မှု ထားရပါမယ်။

စာအုပ်ကို မကြည့်ပဲ အလွတ်ချရေးတာတို့…
Exercise တွေကို အဖြေမကြည့်ပဲ တွက်ပြီးမှ အဖြေတိုက်တာတို့…
မေးခွန်းတွေ… လေ့ကျင့်ခန်းတွေကို online ကနေ ရှာဖွေပြီး ဖြေကြည့်တာတို့…

ပြောချင်တာကတော့ … ခက်ခက်လေး ဖြစ်အောင် စာလုပ်
မပျင်းရအောင် challenge လေးတွေ ထားပြီး စာလုပ်ပါ။

Activity တွေ အမျိုးမျိုး ပြောင်းလုပ်ပါ။
Flash Card လိုမျိုး သင်ထောက်ကူတွေကို သုံးပါ။

×
(၆) အကူအညီ လိုအပ်တဲ့အခါ အကူအညီလိုက်ရှာပါ

ကိုယ်နားမလည်တဲ့ အပိုင်းတွေ၊ ကိုယ် မရှင်းလင်းတဲ့ အရာတွေကို ရှင်းပြမယ့်… ဆရာ သို့မဟုတ် သူငယ်ချင်းတွေ ရှိအောင်လုပ်ပါ။

တစ်ယောက်ထဲကြီး စာတွေ ကုန်းရုန်းလုပ်နေတာ ကြာရင်ပျင်းဖို့ကောင်းတယ်။
ကိုယ့်လိုပဲ စာလုပ်နေတဲ့ သူငယ်ချင်းတွေကို လိုက်ရှာပြီး သူတို့နဲ့ အချိတ်အဆက် တစ်ခုထားရှိတာက အများကြီး ပျော်ဖို့ကောင်းပါတယ်။

လူတွေက စက်ရုပ်တွေ မဟုတ်လို့ ပျော်စရာလိုအပ်တာအမှန်ပဲ။ အဲ့ဒါကြောင့် စာလုပ်နေတဲ့ community လေးတွေမှာ မိတ်ဆွေဖွဲ့ရင်း သူများကိုလဲ ကူညီပေး…
ကိုယ်လိုအပ်ရင်လဲ အကူအညီ ပြန်ယူပါ။

×
(၇) တစ်လပြည့်တိုင်း ပြန်သုံးသပ်မယ်

ဒီတစ်လမှာ ကိုယ်စာလုပ်နေတာက တိုးတက်မှုရှိရဲ့လား။
ကိုယ်က သိပြီးသားတွေပဲ တစ်ချိန်လုံး ပြန်နွှေးနေတာလား။
အသစ်တွေ ဆက်တိုက်လေ့လာနေပေမယ့် တစ်ခုမှ မမှတ်မိဘူးလား…

ဘယ်လို ဖြစ်နေလဲဆိုတာကို လတိုင်း ပြန်သုံးသပ်ပါ။

အဲ့လို သုံးသပ်ပြီး… စာလဲ မရလာဘူးဆိုပြီး စိတ်ဓါတ်ကျခိုင်းတာ မဟုတ်ဘူးနော်…

အဲ့လို သုံးသပ်ပြီး လိုအပ်ချက်တွေကို နောက်လမှာ ပြင်ဆင်ရမှာ...

ဘယ်သူဖြစ်ဖြစ် အမှားကင်းပြီးတော့ လုပ်သမျှသည် ရေအလျှင်ကဲ့သို့ လျှောလျှောရှူရှူဖြစ်လေသတည်း ဆိုတာမျိုးမရှိဘူး… အဲ့တော့ စိတ်ဓါတ်ကျစရာမလိုဘူး… စာ ဆက်လုပ်ရမယ်

×
(၈) နောက်ဆုံး လက်ဆောင် အမှာစကား

ကိုယ် ဘယ်အထိ စာလုပ်မှာလဲဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့...
IELTS လား…၊ JLPT N5 လား၊ HSK 2 လား၊ GED လား… ဘာပဲ ဖြစ်ဖြစ် စာလုပ်ပြီဆိုရင်တော့ ပန်းတိုင် တစ်ခုထားပါ။

မထားနိုင်သေးဘူး… ဘာဖြေရမယ်မှန်းလဲ မသိသေးဘူး
ဒီတိုင်း အားနေလို့ စာပဲ လုပ်နေချင်တာမျိုးဆိုရင်တော့ စာမလုပ်ပါနဲ့
ဂိမ်းဆော့တာပဲ ဖြစ်ဖြစ်… TV ကြည့်နေတာပဲ ဖြစ်ဖြစ် လုပ်လိုက်ပါ…

စာလုပ်လဲ ၂ လလောက်နေရင် ရပ်သွားပြီး လုပ်ထားသမျှတွေလဲ မှတ်မိတာလိုလို၊ မေ့တာလိုလိုတွေ ဖြစ်ကုန်မှာမို့လို့ အဲ့အစား တစ်ခြား ကိုယ့်ကို ပျော်စေမယ့် အရာတွေမှာ အချိန်သွားပေးတာ ပိုအဆင်ပြေပါလိမ့်မယ်…

အဲ့လိုမဖြစ်ချင်ရင်တော့ ကိုယ်ဖြေမယ့် စာမေးပွဲ or တစ်ခုခုကို goal ချပြီး လုပ်ပါ။

စာမလုပ်တာကြာပြီဆိုတဲ့ လူငယ် အားလုံး… ကိုယ်လိုချင်တဲ့ ပန်းတိုင် ချမှတ်ပြီး
ရောက်ရှိနိုင်ကြပါစေ… စာတွေလဲ လုပ်ဖြစ်ကြပါစေ။

(Disclaimer: ဒီပိုစ့်မှာ ရေးထားတဲ့ စာလုပ်နည်း အဆင့်ဆင့်တွေက လူတစ်ဦးတစ်ယောက်ချင်းဆီနဲ့ လိုက်ပြီးတော့ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်… အဲ့ဒါကြောင့် ဒီ ပိုစ့်ကို ဂိုက်လိုင်း အနေနဲ့ပဲ အသုံးပြုပြီးတော့ တစ်ဆင့်ချင်းဆီကို ကိုယ်နဲ့ အဆင်ပြေအောင် ပြုပြင်ပြောင်းလဲပြီး အသုံးပြုတာက အများကြီး ပိုအဆင်ပြေနိုင်ပါတယ်)

ကျောင်းသား လူငယ်တွေနဲ့ ပက်သက်ပြီး တိုင်ပင်ဆွေးနွေးချင်တာ ရှိရင် အချိန်မရွေး လာမေးလို့ရပါတယ်။ အဆင်ပြေတဲ့ အချိန်တွေမှာ ပြန်ဖြေပေးပါမယ်။

နောက်ထပ်လဲ ဒီလိုမျိုး လူငယ်တွေအတွက် အကျိုးရှိစေမယ့် စာတွေ ရေးသွားဦးမှာမို့… အမြဲ ဖတ်ချင်တယ်ဆိုရင်တော့ Page ကို like & follow လုပ်ထားပါ။

အခမဲ့ ဖတ်ရှုပါ >
https://www.facebook.com/sayarTSandsayarSH?mibextid=ZbWKwL

“လူငယ်နှင့် ပညာရေး ဝေးသည် မရှိစေရ”
MIM Academy

16/01/2024

အချိန်ဆွဲတာက လွယ်တဲ့ အလုပ်တွေကို ခက်ခဲသွားစေပြီး
ခက်ခဲတဲ့ အလုပ်တွေကို မဖြစ်နိုင်တော့လောက်အောင်ကို ဖြစ်သွားစေတယ်။

အဲ့ဒါကြောင့် ဘာပဲ လုပ်စရာရှိရှိ သတိရရခြင်းမှာ ထလုပ်တတ်တဲ့ အလေ့အကျင့်ကို မွေးမြူနိုင်ကြပါစေလို့ မနက်ခင်းဆုတောင်းလေး ပြုပေးလိုက်ပါတယ်။

ဒီ Quote လေးကိုကြည့်ပြီး ဒီနေ့ တစ်ရက်တာမှာ အချိန်မဆွဲပဲ လုပ်စရာရှိတာတွေကို အခုချက်ချင်းပဲ ထလုပ်နိုင်ကြပါစေ။

15/01/2024

သင်ယူတယ်ဆိုတဲ့ အရာက အမှားမရှိပဲ လုံးဝကို မဖြစ်နိုင်ဘူး...
အဲ့တော့ တစ်ခုခုကို သင်ယူနေတုန်းမှာ ရှက်မနေနဲ့။

သိပြီးသား၊ တတ်ပြီးသား လူတွေကတော့ လှောင်ရင် လှောင်လိမ့်မယ်။ ဒါပေမယ့်ကွာ... ဘာအရေးလား... ကိုယ်သင်ယူနေတဲ့ အရာကို တတ်မြောက်သွားဖို့က ကိုယ့်ဘဝ တစ်ခုလုံးနဲ့ ဆိုင်တယ်။

လူတွေနဲ့ တွေ့ရတာတွေ... အလှောင်ခံရတယ်ဆိုတာတွေက မတည်မြဲပါဘူး။ အလွန်ဆုံး လူတွေ စားမြုံ့ပြန် ၁ နှစ်၊ ၂ နှစ်ပေါ့။

ဘဝမှာ တစ်စုံတစ်ခုကို သင်ယူနေတုန်း အမှားဖြစ်မှာ မကြောက်ဖို့ရယ်... မရှက်ကြဖို့ရယ်အတွက် မနက်ခင်း ဆုတောင်းလေး ပြုပေးလိုက်ပါတယ်။

ဒီ Quote လေးကို ကြည့်ပြီးတော့ ဒီနေ့ တစ်ရက်တာမှာ အရှက်တရားမရှိပဲ ပညာကို သည်းကြီးမဲကြီး ရှာဖွေနိုင်ကြပါစေ။

14/01/2024

ဆရာတွေဆိုတာ တံခါးတွေကိုပဲ ဖွင့်ပေးနိုင်မှာ ဖြစ်ပြီး ဖြတ်လျှောက်တာကိုတော့ ကိုယ်တိုင်လုပ်ရမှာ ဖြစ်တယ်။

ဘဝမှာ ဆရာကောင်းနဲ့ ကြုံတွေ့ရဖို့ရယ်၊ ကြုံတွေ့ရတဲ့ ဆရာကောင်းဆီကနေ အမှန်တကယ် အနှစ်သာရရှိတဲ့ အရာတွေကို သင်ယူနိုင်ကြဖို့ရယ်ကို မနက်ခင်း ဆုတောင်းလေး ပြုပေးလိုက်ပါတယ်။

ဒီ Quote လေးကို ကြည့်ပြီး ဒီနေ့ တစ်ရက်တာမှာ ဆရာတွေဆီကနေ အနှစ်သာရရှိတဲ့ အသိပညာတွေကို ဆီးပူးနိုင်ကြပါစေ။

13/01/2024

လူဆိုတာ သူ့ရဲ့ ဉာဏ်ရည်ပေါ်မူတည်ပြီး ဇာတ်ကောင်စရိုက် ဖြစ်တာမို့လို့ အသိဉာဏ် မြင့်မားဖို့အတွက် သိမှု၊ တွေးမှု‌တွေကို အမြဲလိုလို သွေးပေးနေသင့်တယ်။

လူတိုင်း ဉာဏ်ရည်မြင့်မားပြီး ကောင်းမွန်တဲ့ ဇာတ်ကောင်စရိုက်တွေမှာ နေထိုင်တိုင်ကြပါစေလို့ ဆရာက မနက်ခင်း ဆုတောင်းဘေး ပြုပေးလိုက်ပါတယ်။

ဒီ Quote လေးကို ကြည့်ပြီး ဒီနေ့ တစ်ရက်တာမှာ အသိဉာဏ်ပညာတွေ ရှာ‌ဖွေလေ့လာနိုင်ကြပါစေ။

12/01/2024

ဒီနေ့မှာ မနက်ဖြန် အတွက် ပြင်ဆင်တတ်တဲ့လူမျိုးကပဲ
မနက်ဖြန်နဲ့ ထိုက်တန်တယ်ဆိုတာ မှန်တယ်...

မနက်ဖြန်တွေမှာ လှလှပပ ဖြတ်သန်းချင်တယ်ဆိုရင်...
ဒီကနေ့မှာ သေသေချာချာ ပြင်ဆင်သင့်တယ်။

လူတိုင်း မိမိလိုချင်တဲ့ နေရာကို ရောက်ရှိနိုင်ကြပါစေလိုဆရာက မနက်ခင်း ဆုတောင်းလေး ပြုပေးလိုက်ပါတယ်။

ဒီ quote လေးကို ဖတ်ပြီး ဒီနေ့ တစ်ရက်တာအတွက်
စိတ်ဓါတ် ခွန်အားတွေ ရရှိနိုင်ကြပါစေ။

23/10/2023

ဆရာတို့ Page က reply ပြန်လို့မရတဲ့ error လေး ဖြစ်နေပါတယ်

အဲ့ဒါကြောင့် အတန်း လာစုံစမ်း မေးမြန်းကြတဲ့သူအားလုံး ခဏစောင့်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ

02/09/2023

အတန်းထဲမှာ စာညံ့တယ်လို့ သတ်မှတ်ခံထားရတဲ့ ကျောင်းသားရဲ့ မိဘတွေအနေနဲ့ ကလေးကိုဘာလုပ်ပေးလို့ ရမလဲ?

ကလေးတွေမှာ ညံ့တယ်ဆိုတာမျိုးမရှိပါဘူး
ကလေးတိုင်းက ထူးခြားပြောင်မြောက်လှတဲ့
စွမ်းရည်အမျိုးမျိုးပိုင်ဆိုင်ထားပြီးသား

ဒါဆို ဘာကြောင့် ကျောင်းမှာ ညံ့ဖျင်းတယ်လို့ အဖြေထွက်နေတာလဲ?
ကလေးတစ်ယောက်ရဲ့ သင်ယူမှုကို
ခက်ခဲစေတဲ့ အချက်က တကယ်တော့ (၂) ချက်ပဲ ရှိပါတယ်။

နံပါတ် (၁) ကလေးရဲ့ ပါတ်ဝန်းကျင်
နံပါတ် (၂) ကလေးကိုယ်တိုင်

ပါတ်ဝန်းကျင်က ကလေးနဲ့ အဆင်မပြေလို့
မသင်ယူနိုင်တာလဲ ဖြစ်နိုင်သလို

ကလေးကိုယ်တိုင်ရဲ့ သင်ယူနိုင်တဲ့ ပုံစံက
သာမန်မဆန်တာမျိုးဖြစ်နေလို့လဲ
မသင်ယူနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။

ဘာကြောင့်ပဲ ဖြစ်ဖြစ်…
အတန်းထဲမှာ စာကြီး မိုးပျံအောင် မတော်ရင်တောင်
အလည်အလတ်လောက်တော့
ကလေးကို အဆင်ပြေအောင် ကူညီပေးဖို့
ကျနော်တို့ မိဘတွေနဲ့ ဆရာတွေဆီမှာ တာဝန်ရှိပါတယ်။

အဲ့တာကြောင့် အခု
စာညံ့တယ်လို့ သတ်မှတ်ခံထားရတဲ့ ကလေးကို
မိဘ/ ဆရာတွေ အနေနဲ့ ဘယ်လိုတိုးတက်အောင်
ကူညီပေးလို့ ရမလဲ ဆိုတာလေးတွေကို ပြောပြပေးပါမယ်။

(၁) ကလေးကို မကြောက်အောင် ထားပါ။

ဘာစာမှ မသင်ခင် ကျနော်တို့ အရင်လုပ်ရမှာက
ကလေးကို မကြောက်အောင် ထားဖို့ပါပဲ။

သက်တောင့် သက်သာ ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ပါတ်ဝန်းကျင် အပြင်
စိတ်ပိုင်းဆိုင်ရာ ပါတ်ဝန်းကျင်ကိုပါ ဖန်တီးပေးထားရပါမယ်။

ကလေးကို သူ့ရဲ့ ခံစားချက်၊ သူ့ရဲ့အတွေးအမြင်တွေကို
သက်တောင့် သက်သာနဲ့ ထုတ်ဖော် စကားပြောနိုင်အောင်
မိဘများ၊ ဆရာများက ခွင့်ပြုပေးထားရပါမယ်။

တိုတိုတုတ်တုတ် ပြောရရင်ဗျာ…
ကလေးက သူထင်ရာကို ပြောပလေ့စေ
ကျနော်တို့က လေးလေးစားစားနဲ့ နားထောင်ပြီး
သေချာလေး ပြန်ရှင်းပြ၊ ပြောပြပေးရမှာ

ဘုနဲ့ ဘောက်နဲ့ ငြင်းတာတို့
ကလေးရဲ့ အတွေးအမြင်ကို ပေါ့ပေါ့လေးဆက်ဆံတာတို့
မလုပ်ရဘူး။

(၂) ကလေး အားနည်းနေတဲ့ အပိုင်းတွေကို သေချာဂရုစိုက်ရမယ်။

ကလေးက သင်္ချာညံ့လို့ သင်္ချာကို မသင်နဲ့တော့ ဆိုပြီး
လုပ်လို့ မရပါဘူး။

ကျနော် အစမှာပြောသလိုပါပဲ…
ကလေးဟာ Average လောက်တော့ ရှိရပါမယ်။

တစ်ချို့မိဘတွေ/ ဆရာတွေ ကျတော့ အလိုလိုက်လွန်းတယ်။
ကလေးက ဟင့်အင်း ပြောတာနဲ့
လုံးဝကို မသင်ခိုင်းတော့ဘူး
အဲ့တာက ကလေးရဲ့ long life ဖြတ်သန်းမှုမှာ
အခက်အခဲတွေ ဖြစ်လာစေနိုင်ပါတယ်။

နောက်ပြီး ကလေးက လွယ်လွယ်နဲ့
အရှုံးပေးတတ်တဲ့ စိတ်ဝင်သွားနိုင်တယ်
အဲ့တာကြောင့် နည်းနည်းတော့ struggling ကို ခံစားခိုင်းရပါမယ်။

ကျနော်တို့က ကလေးကို အသေဖိခိုင်းတာလဲ မဖြစ်ရဘူး
လုံးဝကြီး လျှော့ပေးလွှတ်ပေးတာလဲ အဖြစ်ရဘူးဗျာ…
အလည်အလတ်လေးပေါ့…

အဲ့တော့ ကလေး အားနည်းတဲ့ အပိုင်းလေးတွေကို
စိတ်ဝင်စားစရာ ကောင်းအောင်…
ကလေး ပျော်အောင်…
နည်းနည်းလဲ ကြိုးစားရုန်းကန်ရအောင်…
Challenge လေးတွေ ဖန်တီးပြီး ပိုဂရုစိုက်
ပို အလေးပေးကြည့်ရှုပေးရပါမယ်။

(၃) ကလေးအတွက် လက်တွေ့ကျတဲ့ ပန်းတိုင်လေးတွေ ကူညီ ချမှတ်ပေးရပါမယ်။

စာမေးပွဲ တစ်ခါဖြေ ၁၅ မှတ်လောက်ပဲ ရနေတဲ့ ကလေးကို
ချက်ခြင်းကြီး အမှတ် ၁၀၀ ရအောင် ကြိုးစားခိုင်းလို့မရပါဘူး

၁၅ မှတ်ကနေ နောက်စာမေးပွဲဖြေရင်
အမှတ် ၃၀ လောက်ရအောင် ကြိုးစားခိုင်းတာမျိုး

ကြိုးစားခိုင်းတဲ့ အခါမှာလဲ “ဆု” ကြီးကြီးမားမားတွေ မလိုပါဘူး
တစ်ချို့ မိဘတွေ/ ဆရာတွေက အထင်လွဲတတ်ကြတယ်
ဆုချရမယ် ဆိုတာနဲ့ ပစ္စည်းတွေ ပေးရမယ်လို့ တွေးမိကြတယ်

တကယ်တော့ ကိုယ့်ကလေး လိုအပ်နေတာက
အဖေ၊ အမေရဲ့ ချီးမွန်းမှုလေး တစ်ခုလဲ ဖြစ်နိုင်ပါတယ်

“ဆု” ဆိုတိုင်း ပစ္စည်းတွေပဲ ပေးရမှာ မဟုတ်ဘူးနော်…
တော်လိုက်တာ ငါ့သားလေးက ဆိုပြီး ချီးမွန်းပေးတာကို
ကလေးတွေက ပိုတောင် လိုချင်ပါလိမ့်ဦးမယ်ဗျာ

(၄) အချိန်မှန်မှန် စာလုပ်အောင် ကြီးကြပ်ပေးတာ

ဖြေးဖြေးမှန်မှန်သွားတာလောက် ကောင်းတဲ့ အရာ
ဒီကမ္ဘာပေါ်မှာ မရှိဘူး

ကိုယ့်ကလေးက စာညံ့တယ်ဆိုရင်
ပိုလို့တောင် အချိန်မှန်မှန် စာ လုပ်ဖို့ လိုပါလိမ့်ဦးမယ်

အဲ့တာကြောင့် ကလေးကို အချိန်မှန်လေး စာလုပ်ရမယ့်အကြောင်း
အချိန်မှန် စာလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ...
အချိန်မှန် စာလုပ်ရင် အခု အမှတ် ၃၀ ရနေရာကနေ
ပလိန်းကြီး အမှတ် ၅၀ ထိ ခုန်တက်သွားနိုင်ကြောင်းတွေ
ပြောပြပြီး အချိန်မှန် စာလုပ်ဖြစ်အောင်
တိုက်တွန်း... ကူညီပေးရပါမယ်။

စာဆိုတာ ထိတွေ့မှုအမြဲရှိနေမှ
မဟုတ်ရင် စာနဲ့ ဝေးလာလေလေ...
စာကို ကြောက်လာလေလေပဲဖြစ်လာလိမ့်မယ်

တကယ်တန်း နေ့တိုင်း စာလုပ်ရင်
“စာဆိုတာ ငါထင်သလောက်လဲ မခက်ပါလား ဟ” ဆိုပြီးတော့
အဆင်ပြေလာပါလိမ့်မယ်။

(၅) အချိန်မှန်မှန် စာလုပ်ဖို့အတွက် နေရာ

နေရာလေးတစ်ခုတော့ ကလေးစာလုပ်ဖို့
သတ်သတ်မှတ်မှတ်လေး ဖန်တီးပေးသင့်ပါတယ်

ကိုယ်က မိဘပဲလေ…
ဒါလေးတော့ ကြိုးစားပေးနိုင်တယ် မဟုတ်ဘူးလား

ကလေးက သူ့ဖာသူ ထပြီးတော့ ခုံတွေရွေ့
စားပွဲတွေချပြီးတော့ စာလုပ်တဲ့ နေရာတော့ မဖန်တီးနိုင်ဘူးလေနော့်

တစ်ချို့ အိမ်တွေက ကျဉ်းလိမ့်မယ်…
ရန်ကုန်က တိုက်ခန်းတွေ… or ကိုယ်က ငွေ သိပ်မရှိလို့
နေရာရယ်… စာပွဲရယ်… ခုံရယ်လို့ သတ်သတ်မှတ်မှတ် မပေးနိုင်ဘူးဆိုပါတော့

ဘယ်လိုလေး စီစဉ်ပေးရင် အဆင်ပြေမလဲ

နံပါတ် တစ် - တိတ်ဆိတ်ရမယ်
ကလေး စာလုပ်မယ့် နေရာက တိတ်ဆိတ်ရင် တိတ်ဆိတ်
မဟုတ်ရင်
ကလေး စာလုပ်နေတဲ့ အချိန်မှာ တိတ်ဆိတ်ပေးရပါမယ်

နံပါတ် နှစ် - သန့်ရှင်းနေရမယ်

ကလေး စာလုပ်မယ့် နေရာက ခြင်တွေ ဗုန်းပေါလအော
ပျံသန်းနေလို့ ဘယ်ဖြစ်မလဲ…
သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်လေး ရှိအောင်
ကြိုးစားပေးနိုင်ရင်တော့ အဆင်ပြေတာပေါ့

ဒါပါပဲ…
ကလေးအတွက် စာလုပ်ဖို့ နေရာလေး တစ်ခုကို
မိဘတွေအနေနဲ့ ငွေရှိတဲ့၊ အိမ်ကျယ်တဲ့ လူကလဲ တတ်နိုင်သလို
ငွေသိပ်မရှိ၊ အိမ်ကျဉ်းနေလဲ တတ်နိုင်သလိုလေးပေါ့
လုပ်ပေးရပါမယ်။

(၆) အချိန်ဇယား ကူဆွဲပေး

ကျောင်းကနေ အိမ်ပြန်လာတဲ့ အချိန်
လုပ်ချင်ရာ လုပ်ဆိုပြီး ထားလို့ မရပါဘူး
ကလေးအတွက် ပုံမှန် Routine လေး တစ်ခုကို
ကိုယ်ကပါ ကူညီ လည်ပါတ်ပေးရပါမယ်။

ဒီဟာကလဲ အပေါ်က အချက်တွေ ချိတ်ဆက်နေပါတယ်
ဥပမာ - ၆ နာရီဆို ထမင်းစားတယ်ဆိုပါစို့
အဲ့တာဆို ကျောင်းက ပြန်လာရင် နားခိုင်း
ဆော့ပလေ့စေ… ၆ နာရီဆို ရေမိုးချိုးပေး
ပြီးရင် ထမင်းစားဖို့ လုပ်ပေး
(အတူတူ စားကြတာကတော့ အကောင်းဆုံးပါပဲ…
လူကြီးကို ဦးချပေးတာတို့လိုမျိုး
Table manner လေးတွေကိုပါ သင်ပေးလို့ရတာပေါ့)

စားပြီးရင် နာရီဝက် ဖုန်းသုံးခွင့်ပေး…
ပြီးတာနဲ့ စာတွေ စလုပ်မယ် ဆိုတာလိုမျိုးပေါ့

ကလေးနဲ့ မိဘ အတူတူပေါင်းပြီး အချိန်ဇယားလေး
တစ်ခုကို ဖန်တီးပေးထားနိုင်ရင်
စာလဲ ပုံမှန် လုပ်ဖြစ်မယ်…
စာလဲ တဖြေးဖြေး ပိုရလာမယ်…
ကလေးက အချိန်ကို ဘယ်လို စီမံရမလဲ ဆိုတာတွေ
သိလာပြီး… ကျောင်းစာမှာ တော်မလာရင်တောင်
ဘဝမှာ အစည်းအဝေး နောက်ကျတာတို့
ကားမမှီ… ရထား မမှီတာတို့ မဖြစ်တော့ဘူးပေါ့ဗျာ

အချိန်ကို စီမံခန့်ခွဲ တတ်သွားတာကိုးဗျ။

(၇) ဆရာကောင်း တပည့် ပန်းကောင်းပန်

နောက်ထပ် တစ်ခုကတော့ ဆရာကောင်းဆီမှာ
သင်ယူလေ့လာစေတာပဲ ဖြစ်ပါတယ်

ဒီနေရာမှာ ဆရာကောင်းဆိုတာ ဘာလဲ
နာမည်ကြီး ဆရာလား…
ဈေးကြီး ဆရာလား…
Facebook မှာ Follower သိန်းချီနေတဲ့ဆရာလား…

ဆရာတွေ တစ်ယောက်နဲ့ တစ်ယောက်
သင်ပုံ သင်နည်း လုံး၀ (လုံးဝ) ကို မတူတာကို သတိချပ်စေချင်တယ်
ဆရာ့တပည်က ဆရာအ‌နေနဲ့ ပြန်သင်ရင်တောင်
နဂိုမူရင်းဆရာကြီးနဲ့ သင်ပုံသင်နည်း တူမှာ မဟုတ်ပါဘူး

အဲ့လိုပဲ ကျောင်းသား တစ်ယောက်ချင်းစီ၊ ကလေး တစ်ယောက်ချင်းစီရဲ့
သင်ယူတဲ့ learning ပုံစံတွေကလဲ မတူကြပါဘူး
တစ်ချို့က အိမ်စာများများပေးတာ ကြိုက်တယ်…
တစ်ချို့က အိမ်စာ ပေးတာ မကြိုက်ဘူး
တစ်ချို့က (၂) ခုလုံး မကြိုက်ဘူး…

အဲ့တော့ ဆရာနဲ့ ကျောင်းသား ကိုက်ညီတယ်ဆိုရင်
အဲ့တာ ဆရာကောင်းပါပဲ။

နာမည်ကြီးဖို့မလိုဘူး… စာသင်သက်တွေ များနေဖို့မလိုဘူး
ကိုယ့်ကလေးက ဒီဆရာရှင်းပြတာကို နားလည်တယ်ဆိုရင်
အဲ့ဒါ ဆရာကောင်းပါပဲ

ဝါရင့်… နာမည်ကြီး ဆရာကြီးတွေကို
မကောင်းဘူး ပြောတာ မဟုတ်ကြောင်း သတိချပ်စေချင်တယ်
ဆရာကြီး၊ ဆရာမကြီးတွေ ဘာကြောင့် နာမည်ကြီးလဲဆိုရင်
သူတို့ရဲ့ သင်ပုံသင်နည်းက လူအများစု အတွက် အဆင်ပြေစေလို့
ကျောင်းသားတွေ အများကြီး သူတို့ဆီတက်ပြီး
အောင်မြင်စွာ ဖြေဆိုလို့ နာမည်ကြီးတာ…

But ကိုယ့်ကလေးက ထူးချွန်ပြီး
အဲ့ ဆရာကြီး၊ ဆရာမကြီး သင်တဲ့နည်းလမ်းကို
မခံယူနိုင်တာမျိုးလဲ ဖြစ်နေနိုင်တယ်

အဲ့တာကြောင့် ကျနော်တစ်ဦးထဲရဲ့
ယူဆချက်ကတော့
စာသင်ကောင်းတဲ့ ဆရာဆိုတာလဲ မရှိပါဘူး
စာသင်ညံ့တဲ့ ဆရာဆိုတာလဲ မရှိပါဘူး
တပည့်နဲ့ ဆရာ ကိုက်ညီ၏၊ မကိုက်ညီ၏ ပဲ ရှိပါတယ်။
(ဆရာ အတု၊ ဆရာလိမ်၊ ပေါ့ပေါ့တန်တန် ဆရာ တွေကို မပါ)

(၈) ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး

ကျန်းမာမှ စာလုပ်နိုင်မယ်မဟုတ်လား
ကလေးရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးပါ

ကျန်းမာရေးဆိုတာကလေ နေမကောင်း ဖြစ်တာကိုပဲ
ပြောတာ မဟုတ်ဘူးနော်…
ကလေး နေ့စဉ် ဘာစားလဲ…
အာဟာရလေး ပြည့်ပြည့်၀၀တော့ ဖြစ်မှရမယ်

ကိုယ်တတ်နိုင်သလောက်လေးပေါ့ဗျာ…
အတိအကျကြီးတော့ ဘယ်ဟုတ်မလဲ
မိဘတွေ ကိုယ်တိုင်တောင် အစား စားချိန်မမှန်
စားတဲ့ အစားအစာတွေက အရမ်း healthy မဖြစ်နေတာ ကျနော်သိပါတယ်။

ဒါပေမယ့် တတ်နိုင်သလောက်လေးပေါ့
အချိန်ရတယ်ဆိုရင် ကလေးရဲ့ ထမင်း၊ ဟင်းကို
ကိုယ်တိုင် ပြင်ဆင်ပေးတာ…
ပြင်ဆင်တဲ့ အခါမှာလဲ အသားဟင်းလေး တစ်ခွက်ပါမယ်ဗျာ
အရွက်ကြော်ကလေး ပါမယ်ဗျာ
အရည်သောက်လိုလို ဘာလိုလိုလေး တစ်ခွက်ဗျာ
ထမင်း မှိန်စေမယ့် ချဉ်ချဉ်စပ်စပ်လေး တစ်ခုခုဗျာ…
ဒီလိုပေါ့

ကိုယ် ကြံဖန်လို့ အဆင်ပြေသလိုလေးပေါ့…
အသားဟင်းလေး မပါတော့လဲ ပဲလေး တမျိုးမျိုး ပါမလား
(ပရိုတင်း၊ အသားဓါတ်အတွက် အသားဟင်းမပါရင်
ပဲကျွေးပေးပါ)
ဒီလိုပေါ့...

အာဟာရက ကလေးတွေအတွက် မထင်မှတ်ထားရလောက်အောင်
အရေးကြီးပါတယ်ဗျာ
မိဘတွေ အနေနဲ့ ဂရုစိုက်ပေးကြပါ

နောက်တစ်ခုက ကလေးရဲ့ အိပ်ချိန်
အိပ်ချိန်လေးကို ကြီးကြပ်ပေးနော် ဖေဖေ၊ မေမေ များ

ဒီခေတ်က ဖုန်းခေတ်ဆိုတော့ ဖုန်းတွေ အရမ်းကြည့်ကြတော့
Blue light တွေ ကြည့်ပြီး မျက်စိတွေ ကြောင်
အိပ်မပျော်တာတွေ ဖြစ်ကြတယ်

ကလေးလေးတွေကိုတော့ အိပ်ချိန် လုံလုံလောက်လောက် ရှိပလေ့စေနော်
အဲ့တာမှ ဦးနှောက်နဲ့ ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်လာမှာ

တရက်၊ နှစ်ရက် အိပ်ရေးပျက်တာတော့ ဘယ်သိသာမလဲ
လနဲ့ချီ… နှစ်နဲ့ချီ အိပ်ချိန်မမှန်ရင်တော့
သိသာပါတယ်… နည်းနည်းတော့ ဦးနှောက်က
ကဂျီကဂျောင် ဖြစ်လာတာပါပဲ

(၉) အသိပညာ လေ့လာစရာ

ကလေးကို စာဖတ်အကျင့်လေး ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးပါ

ဆရာရယ်…
ကျနော်၊ ကျမတို့ မိဘတွေတောင် စာမဖတ်တာ
ဘယ်လို ကလေးကို သင်ရမှာလဲ

မပူပါနဲ့…
ခေတ်ကြီးက တိုးတက်လာပြီပဲ ဟာကို
စာဖတ်တာက အရမ်းခက်နေရင်
တစ်ခြား နည်းလမ်းလေးတွေလဲ ရွေးချယ်စရာ ရှိပါတယ်

နံပါတ် တစ် - Podcast နားထောင်တာ
အရင်က စာပေဟောပြောပွဲတွေရှိတယ်။
မိဘတွေ တော်တော်များများ သိကြ… ကြားဖူးကြမယ် ထင်ပါတယ်။

အဲ့တာလေးတွေ အိမ်မှာ အားရင်
ကလေးလဲ စာမလုပ်နေဖူး ဆော့နေတယ်ဆိုရင်
အသံခပ်ကျယ်ကျယ်နဲ့ ဖွင့်ထားလိုက်ပါ

စာပေဟောပြောပွဲတွေ မဟုတ်ရင်လဲ
Podcast တွေပေါ့ဗျာ

မြန်မာနိုင်ငံမှာ Podcast သိပ်မရှိသေးပေမယ့်
ရှိတာလေးတွေထဲက ကောင်းနိုးရာရာလေးတွေကို ရှာဖွေပြီး
ကလေးဆော့နေတဲ့ အချိန်၊ အားနေတဲ့ အချိန်လေးတွေမှာ
အသံ ခပ်ကျယ်ကျယ်လေး ဖွင့်ပေးထားခြင်းအားဖြင့်
ကလေးကို Podcast နားထောင်တတ်အောင်
အကျင့်လေး လုပ်ပေးလို့ရပါတယ်။

နံပါတ် နှစ် - Youtube

Youtube မှာ မကောင်းတာရော… ကောင်းတာရော ရှိတယ်ဆိုပေမယ့်
တစ်ခြား Tiktok, Facebook, Instagram, Twitter ထက် စာလို့ရှိရင်တော့
အသိပညာ အသစ်တွေ လေ့လာဆည်းပူးတဲ့ နေရာမှာ
ပိုအသုံးဝင်တာ သိသာပါတယ်။

ပြီးတော့ ကလေးရဲ့ attention span ကို မတိုအောင်ရော
YouTube က အဆင်အပြေဆုံး platform တစ်ခု ဖြစ်မှာပါ
(TikTok အရမ်းကြည့်ရင် ကလေးမပြောနဲ့
လူကြီးတွေတောင် attention span တိုလာတယ်နော်)

YouTube kid ဆိုတာလေး ရှိတယ်နော်
ကလေးတွေ အတွက်လုပ်ပေးထားတာ

ကိုယ့်ကလေးက အရမ်းငယ်သေးရင်
အဲ့ဒါလေးက အဆင်ပြေစေမှာပါ

အဲ့တော့ ကလေးက စာမဖတ်ဖူးဆိုရင်တောင်
အနည်းဆုံးတော့ Youtube သုံးအောင် အကျင့်လေး လုပ်ပေးသင့်ပါတယ်

(၁၀) ကလေးက ကိုယ့်နောက်ကို အမြဲကြည့်နေတာ

မိဘတွေရဲ့ အမူအကျင့်တွေက
ကလေးတွေဆီကို ကူးစက်တယ်

အဲ့တာကြောင့် ကလေးတွေ ရှေ့မှာ ကိုယ်က
သေသေချာချာ လုပ်ကိုင်ပြရပါမယ်

မိဘ ကိုယ်တိုင်က ပညာရေးကို အလေးထားရပါမယ်
အသိ ပညာ၊ အတတ် ပညာတွေကို လေးစားရပါမယ်

မိဘကိုယ်တိုင်က
“ဟိုမှာကြည့် ပရံလုပ်နေတဲ့ လူတွေ တွေ့လား…
ဆင်းဆင်းရဲရဲ နဲ့ ပညာမတတ်တဲ့ လူ‌တွေ... ” တို့

“လောကမှာ ငွေရှိရင် ဘာမဆို ရတယ်” တို့လို
စကားတွေ ပြောတာပဲ ဖြစ်စေ…
ပြုမူပြတာပဲ ဖြစ်စေ…
လုံးဝ (လုံးဝ) မလုပ်သင့်ပါဘူး

အဲ့အစား လူလူ အချင်းချင်း လေးစားဖို့
ပညာကို လေးစားဖို့…
ပြသင့်တဲ့ အပြင်

မိဘ ကိုယ်တိုင်ကလဲ ကလေးရှေ့မှာ စာဖတ်ပြတာ…
Podcast နားထောင်ပြတာတွေ လုပ်ပြသင့်ပါတယ်

ခေါင်းစဉ်အတိုင်းပါပဲ
ကလေးက ကိုယ့်နောက်ကို အမြဲကြည့်နေတာပါပဲ

(၁၁) သဘာ၀ တရားကို ခံစားပါစေ

ကလေးကို screen time အများကြီး မပေးပါနဲ့
ငြိမ်ရင်ပြီးရောဆိုပြီး ကလေးကို
Screen အကြာကြီး ပေးကြည့်တာက

ကလေးရဲ့ ဦးနှောက် အလုပ်လုပ်ပုံကို ထိခိုက်စေတဲ့ အပြင်
မကောင်းတဲ့ behavior တွေပါ သင်ယူလာတတ်ပါတယ်။

ကလေးပဲ လား ဆိုတော့ မဟုတ်ပါဘူး
လူကြီးတွေလဲ ကလေးနဲ့ အတူတူ screen time လျှော့ပြီးတော့
လမ်းလျှောက်ထွက်ပါ…
အပြင်သွားလည်ကြပါ…
အိမ်ထဲမှာပဲ မိုနိုပိုလီ ဆော့ကြမလား….

သဘာ၀ တရားကို ကလေးနဲ့ အတူတူ ခံစားပါ

(၁၂) ကလေးရဲ့ ကိုယ်ပိုင်စဉ်းစာဉာဏ်

ဒါကတော့ ဘာလုပ်ရင် တိုးတက်လာမယ်ရယ်လို့
နည်းလမ်းအတိအကျမရှိဘူး

မိဘ/ ဆရာ အနေနဲ့ ကိုယ့်ကလေးကို
ကိုယ်ပိုင်စဉ်းစားတွေးခေါ်တတ်အောင်
ဘယ်လိုလုပ်ရမလဲ ဆိုတာကို သိကြလိမ့်မယ်ထင်တယ်

ကိုယ့်ကလေးအကြောင်း
ကိုယ်သာ အသိဆုံး ဖြစ်မှာမို့လို့
ထွေထွေထူးထူး နည်းလမ်းတွေ ပြောပြမနေတော့ပါဘူး
နိဂုံး

ကလေးတွေမှာ တော်တယ်၊ ညံ့တယ် ရယ်လို့
မရှိပေမယ့်လဲ
ဒီကမ္ဘာမှာ ဒီလူတွေနဲ့ နေရတာ ဖြစ်လို့
သူ့ပါတ်ဝန်းကျင်လေးနဲ့သူ အထိုက်အလျှောက်
အံဝင်ဂွင်ဂျဖို့ကလဲ လိုတာကိုး

အဲ့တာကြောင့် ကလေးတွေကို ကူညီပေးပါ၊ ဖေးမပေးပါ၊ မြေတောင်မြှောက်ပေးပါ
ကလေးတွေက တချိန်မှာ လူကြီးဖြစ်လာမှာကို ကျနော်တို့ အားလုံး သိတယ်မလား
အဲ့ဒါကြောင့်ကောင်းတဲ့ လူကြီးတွေ ဖြစ်လာဖို့ လိုပါတယ်

ကောင်းတဲ့ လူကြီးဖြစ်ဖို့အတွက်
ကလေးငယ်တွေကို ကောင်းအောင် ထားပေးရမယ်လို့ ပြောရင်း…
နိဂုံးချုပ်လိုက်ပါတယ်။

×
ကလေးငယ်နဲ့ ပက်သက်ပြီး တိုင်ပင်ဆွေးနွေးချင်တာလေးတွေရှိရင် အချိန်မရွေး လာမေးလို့ရပါတယ်။
ကျောင်းသားတွေလဲ သိချင်တာရှိရင် လာမေးလို့ရပါတယ်။ အဆင်ပြေတဲ့ အချိန်တွေမှာ ပြန်ဖြေပေးပါ့မယ်။

နောက်ထပ်လဲ ဒီလိုမျိုး ကျောင်းသားတွေ၊ မိဘတွေ အတွက် အကျိုးရှိစေမယ့် စာတွေ ရေးသွားပါဦးမယ်။
အမြဲဖတ်ချင်တယ်ဆိုရင်တော့ Page ကို Like & Follow လုပ်ထားပါ။

Page Link – https://www.facebook.com/sayarTSandsayarSH?mibextid=ZbWKwL

Telegram Channel ထဲမှာလဲ ကျောင်းသားတွေ ဗဟုသုတရစေမယ့် စာလေးတွေ ရေးတင်ပေးနေပါတယ်။ ဖတ်ချင်ရင် အခမဲ့ ဝင်လို့ရပါတယ်။ အောက်မှာ link

https://t.me/+fmnZvT5HuzpiMTM1

“လူငယ်နှင့် ပညာရေး ဝေးသည် မရှိစေရ”
MIM Academy

30/06/2023

Scholarship ဆိုတာကို ကြားဖူးပေမယ့် ဘယ်လို၊ ဘယ်ပုံ လျှောက်ရတာလဲ... ပြီးတော့ ဘာတွေလိုအပ်တာလဲ၊ လျှောက်လို့အောင်ရင် တကယ်ကြီး ဘာရမှာလဲ ဆိုတာကို လုံးဝ(လုံးဝ) မသိတဲ့ လူတွေ အတွက်

ဖတ်ရန် ကြာချိန် (၅) မိနစ်

Scholarship ဆိုတာ ဘာလဲ?

Scholarship ဆိုတာ ‌ကျောင်းသားတစ်ယောက်ကို ပေးတဲ့ ငွေကြေးထောက်ပံ့မှုပဲ။ ကျောင်းသားရဲ့ ပညာရေးမှာ ထူးချွန်မှု (academic achievement) အပါအဝင် တစ်ခြား အကြောင်းအရာတွေကို ကြည့်ပြီး အဖွဲ့အစည်း တစ်ခုခုက ပေးတာမျိုး ဖြစ်တယ်။

ပညာရေးမှာ ထူးချွန်မှုဆိုတာကတော့ အားလုံးသိကြတဲ့ အတိုင်း အမှတ်ကောင်းတာ၊ စာတော်တာပေါ့လေ။
အဲ့ဒါအပြင် scholarship ပေးမယ်၊ မပေးဘူး စဉ်းစားတဲ့ထဲမှာ ပါဝင်တဲ့ ကိစ္စတွေကတော့

ကျောင်းသားရဲ့ ငွေကြေး မပြည့်စုံမှု
တနည်းအားဖြင့် ကျောင်းသားရဲ့ အုပ်ထိန်းသူများက ကျောင်းသားရဲ့ ပညာရေးလမ်းကြောင်းကို အပြည့်အဝ မထောက်ပံ့ပေးနိုင်တာ

ပြီးတော့ ကျောင်းသားရဲ့ ကျောင်းတက်ရခြင်း ရည်ရွယ်ချက်
ကျောင်းကို ဘာကြီးဖြစ်ချင်လို့ တက်တာလဲ၊ ပညာရေးလမ်း ပြီးဆုံးသွားတဲ့အခါမှာ ဘာတွေ ဆက်လုပ်မလဲ
ဆိုတဲ့ ကိစ္စတွေက scholarship ပေး၊ မပေးကို ဆုံးဖြတ်ပေးပါတယ်။

Scholarship ပေးတဲ့ နေရာမှာ ပိုက်ဆံကို တိုက်ရိုက်ပေးတာလဲ ရှိသလို၊ ပိုက်ဆံ မဟုတ်ပဲ တစ်ခြား နည်းလမ်းတွေနဲ့ ပေးတာလဲ ရှိပါတယ်။

ကျောင်း၊ University အဖွဲ့အစည်းကနေ ပေးတာတွေက
များသောအားဖြင့် Scholarship ကို ကျောင်းသားလက်ထဲ ထည့်ပေးတာမျိုး မဟုတ်ပဲ ကျောင်းလခကိုပေးစရာမလိုဘူးဆိုပြီး အခမဲ့ တက်ခွင့်ရအောင် လုပ်ပေးတာများပါတယ်။

ကဲ အဲ့တာဆိုရင် Scholarship အမျိုးအစာတွေနဲ့ ပုံစံတွေအကြောင်း ဆက်ပြောပြပါမယ်။
Scholarship အမျိုးအစားတွေ အကြောင်းကို သိမှ ကိုယ်က ဘယ်လို Scholarship ကို လျှောက်ရင် ရနိုင်မလဲဆိုတာကို စဉ်းစားလို့ ရမှာပါ။

×
Scholarship အမျိုးအစားများစွာ

Scholarship အမျိုးအစားတွေက အများကြီးမှ အများကြီးကို ရှိပါတယ်။ ပေးတဲ့ အဖွဲ့အစည်းက ဒီဟာ၊ ဒီဟာ ပေးမယ်...
ကျောင်းသားတွေ လျှောက်လို့ရမယ်
ဆိုတာနဲ့တင် Scholarship ဖြစ်နေပြီ
ဖြစ်တဲ့အတွက် တိကျတဲ့ပုံစံခွက် တစ်ခုအနေနဲ့ မရှိပါဘူး။

ဒါပေမယ့် တော်တော်များများသော နာမည်ကြီး Scholarship တွေက ဘယ်လိုပေးသလဲဆိုတာကို ဒီမှာပြောပြပေးပါမယ်။

Academic Scholarship
(ပညာရေး ဆိုင်ရာ Scholarship)

Academic ဆိုတဲ့ အတိုင်းပဲ အမှတ်တွေ လန်ပျံထွက်နေတဲ့ သူတွေကို ပေးတာပါ။ Scholarship ပေးမယ့် အဖွဲ့အစည်းက အသိအမှတ်ပြုထားတဲ့ စာမေးပွဲတွေမှာ (SAT, ACT, OSSD, IGCSE, GED...etc.) အမှတ်ကောင်းကောင်း ရရင် ပေးပါတယ်။

Athletic Scholarship
(အားကစား ဆိုင်ရာ Scholarship)

မြန်မာနိုင်ငံမှာ ဒီဟာ လျှောက်နိုင်တဲ့လူ နည်းနည်းရှားပါလိမ့်မယ်။ အားကစား scholarship ပါ။ ကျောင်းမှာ ဘောလုံးကန်တာ ဘယ်လို performance တွေနဲ့ ဘယ်လိုဆုတွေ ယူဖူးသလဲ ဆိုတာမျိုးကို ကြည့်ပါတယ်။ ကျောင်း အားကစား ကလပ်ကနေ တော်တဲ့လူတွေကို ခေါ်ယူတဲ့ ပုံစံပါ။ ဒီမှာတော့ ဘောလုံးကန်ကြပေမယ့် အားကစား ကလပ်လိုမှ မရှိပဲကိုး။ တစ်ခြား sport တွေလဲ အတူတူပါပဲ။ Performance အရမ်းကောင်းတဲ့လူကို ငွေကြေးထောက်ပံ့ပြီး ကျောင်းဆက်တက်စေတာပါ။

Merit Scholarship
(လူထု အကျိုးပြု Scholarship)

လူတွေကို ကူညီဖူးလား။ Volunteer လုပ်ဖူးလား ဆိုတာတွေနဲ့ ကျောင်းသားရဲ့ ရည်ရွယ်ချက်၊ ဖြတ်ထိုးဉာဏ်၊ research skill တွေ၊ သင်လွယ်တတ်လွယ် ဖြစ်သလားတွေကို ကြည့်တဲ့ Scholarship ပါ။ လက်ရှိမှာ လူပေးအများဆုံး Scholarship ပဲ ဖြစ်ပါတယ်။ ဘယ်သူမဆို လျှောက်လို့ရပါတယ်။ ငယ်ငယ်တည်းက အဖွဲ့အစည်းတွေမှာ အားကျိုးမာန်တက် ဝင်ရောက် လုပ်ကိုင်ဖူးတဲ့လူတွေ၊ ဒီတိုင်း general skills ကောင်းတဲ့လူတွေ‌ လျှောက်လို့ရပါတယ်။

Language Skill ကောင်းတာ၊ စာမှာလဲ အလယ်အလတ်လောက်၊ လူထုအကျိုးပြုလုပ်ငန်းတွေလဲ ပါဝင်လုပ်ဆောင်ဖူးတယ် ဆိုတဲ့ general skill တွေကို base ကြည့်ပြီး ပေးတာပါ။

Skill ကို ကြည့်တယ်ဆိုပေမယ့်လဲ Scholarship ဆိုတာ ပညာရေးအတွက် ပေးတာ ဖြစ်လို့ စာတော်လေ ရနိုင်ချေ ပိုများလေပါပဲ။

တစ်ခြား Scholarship ပုံစံလေးတွေလဲ ရှိသေးတယ်။ အဲ့ဒါတွေက Need-based ( မိဘမဲ့ ကလေးတွေ၊ အုပ်ထိန်းသူ မရှိတဲ့ လူ‌မျိုးက academic ပညာရေးကို ဆက်လျှောက်ချင်တဲ့အခါ ‌ပေးတာမျိုး) Students-specific (မျိုးနွယ်တစ်ခု၊ လူမျိုးစုတစ်ခု၊ ဘာသာရေး၊ မွေးရာပါ ရောဂါရှိတဲ့လူတွေ... အဲ့လိုမျိုး ကျောင်းသားရဲ့ အခြေအနေပေါ်မှာ ပေးတာမျိုး) Career-specific (အသက်မွေးဝမ်းကြောင်း ပညာရပ် တစ်ခုခုကို မူတည်ပြီး ပေးတာမျိုး၊ နိုင်ငံတွင်းမှာ လိုအပ်နေတဲ့ အသက်မွေးဝမ်းကြောင်း နယ်ပယ်တွေ၊ ဥပမာ - သက်ကြီးရွယ်အို စောင့်ရှောက်ရေးတို့၊ မိုးလေဝသ ပညာရှင်တို့လို နိုင်ငံအတွက် လိုအပ်တဲ့ နယ်ပယ်ကို ဖြည့်တင်းဖို့အတွက် ပညာရေးကို ထောက်ပံ့ပေးမယ် ဒီနယ်ပယ်မှာ ဘယ်အထိ အလုပ်လုပ်ပေး ဆိုတာမျိုး) College-specific (ဘယ်ကျောင်းက ထွက်တာလဲ၊ ဘယ် college ကို တက်ခဲ့တာလဲ ဆိုတာကို ကြည့်ပြီး ပေးတာမျိုး။ အထူးသဖြင့် စစ်တပ်ဆိုင်ရာ နေရာတွေမှာ အပေးများတယ်။ အခြေခံ ပညာ အလယ်တန်းအောင်တဲ့အချိန် အထက်တန်း ဆက်မတက်ပဲ စစ်တပ် college ကိုပြောင်းတက်ပြီး အောင်မြင်တဲ့အခါ စစ်တပ်ဆိုင်ရာ တက္ကသိုလ်ကို ဆက်တက်နိုင်အောင် ထောက်ပံ့ပေးတာ။ အလွယ်ပြောရရင်တော့ ဘယ်ကျောင်းက ထွက်တာလဲကို ကြည့်ပြီး ပေးတာပါပဲ။) Brand (ပုဂ္ဂလိက ကုမ္ပဏီတွေက သူတို့ရဲ့ brand ကို လူတွေကြားထဲမှာ အဆင်ပြေပြေရှိနေအောင် ပေးတာမျိုး။ Coca Cola တို့၊ Milo တို့) Creative Contest (ပြိုင်ပွဲတစ်ခု လုပ်ပေးပြီး နိုင်တဲ့လူကို scholar ပေးတာမျိုး)

ဒီလောက်ဆို Scholarship တွေ ဘယ်လိုပေးသလဲ ဆိုတာ သိကြပြီ ထင်တယ်။

တစ်ခြား တော်တော်ရှားတဲ့ Scholarship တွေလဲ ရှိသေးတယ်။Music Scholarship ( ကျောင်းက music club မှာ သေအောင် ကောင်း၊ သေအောင်တော် ပြီးတော့ နာမည်လဲ အတန်အသင့်ကြီးတဲ့ ကျောင်းသားတွေကို music ကျောင်းပဲ ဖြစ်ဖြစ်၊ academic ကျောင်းပဲ ဖြစ်ဖြစ် ကျောင်းသား ဆန္ဒရှိသလို တက်လို့ရအောင် ထောက်ပံ့ပေးတာမျိုး)Legacy Scholarship (ဒီကျောင်းမှာ တက်ခဲ့ဖူးပြီး သမ္မတကြီး ဖြစ်သွားတာတို့၊ ဒါမှမဟုတ်လဲ လူ အယောက် ၂ ထောင်လောက် ဘေးကင်းဖို့ အတွက် အသက်ပေးသွားတာတို့လို သူရဲကောင်း၊ လူအများ လေးစားရတဲ့ လူရဲ့ မျိုးဆက်ကို ပေးတာမျိုးပါ။ အထူးသဖြင့်တော့ အသက်ပေးသွားရတဲ့ လူတွေရဲ့ မျိုးဆက်‌ကို‌ ပေးတာများပါတယ်။)

Scholarship မှာ Full scholarship နဲ့ partial scholarship ဆိုပြီး အဓိက (၂) မျိုး ရှိတယ်။ Full ဆိုရင် ကျောင်းလခ (တနည်း ကျောင်းစရိတ်) ငြိမ်းမယ်။
Partial ဆိုရင် မငြိမ်းဘူး ကိုယ့်ဖက်ကလဲ ပေးရမယ်။ အပြည့်မပေးရတာပဲ ရှိတာ။

Full-Ride ဆိုတာ ရှိသေးတယ်။ အဲ့တာက ကျောင်းလခ + နေစရိတ် + စားစရိတ် + Lab အသုံးပြုခ + စာအုပ်ဖိုး ဘာဘာညာညာ အကုန်ငြိမ်းတယ်။
ကိုယ့်ဖက်က ဘာမှ မထုတ်ရသလောက်ပဲ။ တစ်ခါတစ်လေ ထောက်ပံ့ကြေးတွေပါ ထပ်ရနိုင်သေးတယ်။

ကဲ အခုတော်တော် များများလဲ ‌ပြောပြီးပြီ ဆိုတော့ ကျနော်၊ ကျမ က ဘာလုပ်ဖို့ လိုသလဲ ရှင့်၊ ဗျ ဆိုတဲ့ မေးခွန်းကို ဆက်ဖြေပေးပါ့မယ်။

×
What we need
(လျှောက်မယ့်လူက ဘာတွေလိုမလဲ)

(၂) ချက်ပဲ
အရမ်းအရေးကြီးပါတယ်။

(၁) စာတော်ရမယ်
(၂) ပိုက်ဆံ မတတ်နိုင်ရဘူး

စာမတော်ဘူးဆို ရဖို့မလွယ်ပါဘူး။ ချွင်းချက် အခြေအနေမှာ ရောက်နေတဲ့ ကျောင်းသားတွေလွဲရင် ကျန်တဲ့ ကျောင်းသားတော်တော်များများက စာမှာ ကိုယ့်ရဲ့ highest potential ကို တင်ထားရပါမယ်။ ပြောချင်တာက ကိုယ်လုပ်နိုင်တာ ဒါအကုန်ပဲ ဆိုတဲ့ အဆင့်ထိရောက်အောင် ကြိုးစားထားဖို့ လိုပါတယ်။

နောက်တစ်ခုက ပိုက်ဆံ တတ်နိုင်တယ်ဆိုရင် မလျှောက်တာ ကောင်းပါတယ်။ ပိုက်ဆံ မတတ်နိုင်တဲ့ လူတွေကို ဦးစားပေးတဲ့ အနေနဲ့ရော၊ scholarship ရဲ့ နောက်ဆက်တွဲ တာဝန်ယူရမှုတွေ အတွက်ရော၊ ကျောင်းသားရဲ့ လွတ်လပ်စွာ ရွေးချယ်နေထိုင်ခွင့်ကို အကန့်အသတ် ဖြစ်‌စေဂတဲ့အတွက် ပိုက်ဆံ တတ်နိုင်ရင်တော့ မလျှောက်တာ ကောင်းပါတယ်။

(ပိုက်ဆံ မတတ်နိုင်တာကတော့
တစ်နိုင်ငံလုံး နီးပါးပဲ‌မို့ အားလုံး အတူတူလောက်ပါပဲ
မြင်သာအောင် ထည့်ပြောပေးတာပါ)

အပေါ်က အချက် (၂) ချက်နဲ့ ပြည့်စုံပြီဆိုရင် နောက်ထပ် လိုအပ်တဲ့ တစ်ချက်ကတော့ "တော်"ရပါမယ်။

ဘာကို "တော်"ရမှာလဲဆိုရင် အကုန်လုံးပါပဲ။
Email သုံးတတ်ရမယ်၊ Google Service တွေ သုံးတတ်သင့်တယ်၊ Language Skill က နေရာတစ်ခုမှာ ရှိသင့်တယ်၊ မျက်စိဖွင့် နားစွင့်ပြီး အမြင်ကျယ်မယ်၊ Communication Skill ကောင်းရမယ်၊ စကားပြောတတ်၊ ဆိုတတ်ရမယ်။

လူတစ်ယောက်မှာ တော်တယ်လို့ သတ်မှတ်လို့ ရတဲ့ traits တွေ တော်တော်များများ ရှိဖို့လိုပါတယ်။
မရှိသေးရင် ရှိအောင် အခုက စပြီး ကြိုးစားပါ။
အဲ့တာက Scholarship ရဖို့ တစ်ခုထဲတင်မဟုတ်ပဲ ကျောင်းသားတွေရဲ့ ဘဝမှာ စွန့်စားခန်းတွေ ထွက်တဲ့အခါအများကြီး လိုအပ်တဲ့ အတွက်‌ကြောင့်ပါပဲ။

Scholarship ဆိုတာ အခြေခံ ပညာအဆင့် (မူလတန်း+အလယ်တန်း+အထက်တန်း) မှာ ပေးတာမဟုတ်ပဲ advance ပညာရေးဖြစ်တဲ့ University ပညာရေးမှာ ပေးတာ ဖြစ်လို့ ကလေးဘဝ ကနေ လူကြီး စတင်ဖြစ်လာတဲ့ အချိန်လို့ ပြောလို့ရတယ်

အဲ့ဒီအတွက် ဘဝကို ရင်ဆိုင်ဖို့ skills တွေ အတိုင်းအတာ တစ်ခုအထိ လိုအပ်ပါတယ်။ အခုက စတင်ပြီး develop လုပ်ရမှာ ဖြစ်တယ်။ အဲ့အတွက် "တော်" အောင် ကြိုးစားသင့်တယ်။

ယေဘူယျအားဖြင့် လူတစ်ယောက်ကို တော်စေနိုင်မယ့် အရာလေးတွေကို နည်းနည်းပြောပြရရင် စာဖတ်ခြင်း အသိပညာ၊ ဗဟုသုတတွေကို ရရင် ရသလို ရှာဖွေ လေ့လာနေတတ်ခြင်း စိတ်ခံစားချက်ကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်ခြင်း ကိစ္စတစ်ခုကို ဟိုဖက်၊ ဒီဖက် ဘက်ပေါင်းစုံက တွေးပြီး ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်ခြင်း ပေါင်းတတ် သင်းတတ်ခြင်း အချိန်မဖြုန်းတတ်ခြင်း
အများကြီးပေါ့လေ... Scholarship လျှောက်ချင်တယ်။ ရချင်တယ်ဆိုရင်တော့ ဒီလို အလေ့အကျင့်ကောင်းတွေကို develop လုပ်သင့်တယ်။

ကဲ ဘာတွေလိုအပ်သလဲဆိုတာကို သိပြီဆိုရင် ဘယ်လိုလျှောက်ရမလဲ ဆက်ပြောပြမယ်။

×
How to လျှောက်
(Scholarship ဘယ်လို စလျှောက်ရမလဲ)

Step by step

(1) Scholarship ပေးနေတဲ့ Program တွေကို ရှာရမယ်။

Internet Access ရတဲ့ ဘယ်သူမဆို ရှာလို့ရပါတယ်။ အရာအားလုံးက Online ပေါ်မှာ ရောက်နေပြီမဟုတ်ဘူးလား။
အဲ့တော့ ရှာပါ။

ကိုယ်က ထိုင်းမှာ တက်ချင်တယ်ဆိုရင် ထိုင်းမှာ ရှိတာကို ရှာပါ။ ကိုယ်က UK ဆို UK မှာ ရှိတာကို ရှာပါ။ များများ ရှာလေလေ... များများတွေ့လေလေပါပဲ။

အကြောင်းအရာ အပြည့်အစုံ နီးပါး သက်ဆိုင်ရာ website တွေမှာ ရေးသားထားပြီးသား။ ရှာဖတ်ရပါမယ်။ ရှာနေတာနဲ့တင် လနဲ့ ချီတောင် ကြာနိုင်ပါတယ်။ အေးအေးဆေးဆေး ရှာပါ။

(2) ဘာတွေလိုအပ်သလဲ သေချာ စုံစမ်းပါ။

ရှာလို့ တွေ့ပြီ... "ဒိုင်း" ဆိုပြီး ကိုယ်နဲ့ ကွက်တိ Scholarship ကို။
တက်ချင်တဲ့ တက္ကသိုလ် right ✅
လိုချင်တဲ့ ဘာသာရပ် အထူးပြုဘွဲ့ right ✅
သွားတက်ရမယ့် နေရာ right ✅ (Online ကနေလဲပါတယ်)
ပြီဆိုရင်...

အဲ့တာ လျှောက်တာ အောင်ဖို့အတွက် ဘာတွေလိုအပ်သလဲ သေချာ အသေးစိတ် လိုက်စုံစမ်းပါ။

IELTS band 8 လိုသလား
iGCSE A lvl လိုသလား
SAT အောင်ဖို့ လိုသလား

ဘာတွေ လိုသလဲ သေချာ စုံစမ်းပါ။ ပြီးရင် လိုတာတွေကို list လုပ်ပြီး တစ်ခုချင်းစီ ဖြည့်ပါ။

(3) လိုတာလဲ ပြည့်ပြီဆိုရင် လျှောက်ထားရမယ့် form တွေ လိုက်ရှာပါ။ အကုန် ဖြည့်သင့်တာ ဖြည့်၊ တောင်းသင့်တာ တောင်းပါ။

Recommendation letter တို့၊ ကျောင်းသားရဲ့ ကျောင်းတက်ရခြင်း ရည်ရွယ်ချက်၊ ကျောင်းပြီးရင် ဘာဆက်လုပ်မလဲ ဆိုတာတွေ...

ဒီနေရာမှာ တစ်ခု ပြောပြစရာရှိတာက ကျောင်းပြီးရင် ပိုက်ဆံရှာမှာကလေ လူတိုင်းရှာမှာ သိလား
တကယ်တော့ ကမ္ဘာပေါ်မှာ ရှိတဲ့လူတိုင်းက ပိုက်ဆံ ရှာနေကြတာချည်းပဲ

ဒါပေမယ့် အဲ့ထက်ပိုတဲ့ Goal တစ်ခုကို မြင်နိုင်ဖို့ လိုအပ်တယ်။ ရှိဖို့လဲ လိုအပ်တယ်။
ကဲ... အခု သောက်နေတဲ့ Coca Cola ပဲ ဆိုပါစို့။
အဲ့တာ အအေးရောင်းပြီး ပိုက်ဆံ ရှာနေတာပဲ but
နောက်ကွယ်မှာ လူတွေကို အမောပြေစေချင်တာ။ အပန်းပြေစေချင်တာ။ ပျင်းနေတာကနေ ပျော်စေချင်တာ။ ရေဆာ သက်သာစေချင်တာ။

ဘဝမှာ မောစရာကိစ္စတွေ လူတိုင်းမှာ တစ်ပုံကြီး။
အလုပ်က အပြန် လက်ဖက်ရည်ဆိုင်မှာ Cola အေးအေးလေး တစ်လုံးမှာပြီး သောက်လိုက်မယ်။ ဟူးးး အခုမှပဲ နည်းနည်း အမောပြေသွားတော့တယ်။ ပင်ပန်းလိုက်တာ အလုပ်က ဆိုပြီး တွေးမယ်။

ဆိုလိုရင်းက ကမ္ဘာပေါ်မှာ ရောင်းနေတဲ့ ဘယ်ကုန်ပစ္စည်း၊ ဘယ် service မဆို လူတွေကို အကျိုးပြုနေလို့ပဲ။
အကျိုးမပြုတဲ့ ပစ္စည်း ဘယ်တစ်ခုကိုမှ လူတွေ မဝယ်ဘူး။
အဲ့တာကြောင့် ငွေရှာတယ်ဆိုတဲ့ နောက်ကွယ်မှာ လူတွေကို အကျိုးတစ်ခုခု ပြုဖို့လိုအပ်တယ်။ လူတွေ ကိုယ့်ကြောင့် တစ်နေရာရာမှာ အဆင်ပြေသွားဖို့ လိုအပ်တယ်။

ပညာသင်ရခြင်း ရည်ရွယ်ချက်နဲ့ ကျောင်းပြီးသွားရင် ဘာလုပ်မလဲဆိုဝာာ အဲ့တာကို မေးတာပဲ။
ဒီပညာရပ်ကို အသုံးချပြီး ပိုက်ဆံရှာမယ် ဆိုတာ မှန်တယ်။
ဒါပေမယ့် အဲ့တာရဲ့ နောက်ကွယ်မှာ ကိုယ်က လူတွေကို ဘာလုပ်ပေးချင်လဲ ဆိုတာပဲ။

ဆေးကျောင်းတက်တဲ့ ကျောင်းသား တစ်‌ယောက် ဘွဲ့ရသွားရင် လူတွေကို ဆေးကုပေးမယ်။ နေမကောင်း ဖြစ်နေတဲ့ လူတွေကို ကူညီပေးချင်တယ်။ ခံစားနေရတဲ့ ရောဂါတွေ သက်သာအောင် ဆေးထုတ်ချင်တယ်။ ဆိုတာမျိုး...

(4) အကုန်ပြီးပြီဆိုရင်တော့ လျှောက်ရုံပဲပေါ့

ဘာများလိုသေးလို့လဲ... ကိုယ့်ဖက်ကလိုတာတွေ ပြည့်အောင် ဖြည့်စည်း ပြီးပြီဆိုရင် လျှောက်လိုက်ဖို့ပဲ လိုတော့တာ
အောင်မြင်တယ်၊ မအောင်မြင်ဖူးဆိုတာက ပေးမယ့် အဖွဲ့အစည်းက ဆုံးဖြတ်တာ ဖြစ်လို့ အဲ့တာ သူတို့အပိုင်းပါပဲ။

အောင်မြင်ရင် ကောင်းတယ်။ အဆင်ပြေတယ်။ ရှေ့ကို ဆက်ပြီး သွားမယ်။

မအောင်မြင်ဘူး ဆိုရင်လဲ ကိုယ်က အကောင်းဆုံး ကြိုးစားခဲ့တာပဲလေ... စိတ်ဓါတ်ကျစရာ မလိုပါဘူး။ နောက်တစ်ကြိမါထပ်ကြိုးစားတာပဲ ဖြစ်ဖြစ်၊ တစ်ခြား တစ်နေရာမှာ ဆက်လျှောက်တာပဲ ဖြစ်ဖြစ်... လုပ်ပါ။

×
အောင်မြင်ပြီး နောက်ပိုင်း ကိစ္စများ

အောင်မြင်ပြီ တက်လို့ရပြီဆိုရင် နောက်ဆက်တွဲ ကိစ္စလေးတွေ ရှိတယ်။
တစ်ခါထဲ ရှင်းရှင်းလင်းလင်း အကုန်မေးထားဖို့ လိုပါတယ်။

I receive Scholarship
What do I need to give?
ကိုယ်က ဘာပြန်ပေးဖို့ လိုသလဲ...
ဘာမှ ပေးစရာ မလိုတာမျိုးလဲ ရှိတယ်။

ပေးစရာ လိုတဲ့အခါလဲ ရှိတယ်။ သူတို့ သတ်မှတ်ထားတဲ့ နေရာမှာ အလုပ်တစ်ခုကို ၁ နှစ်၊ ၂ နှစ် ဝင်လုပ်ပေးရတာမျိုး။
သူတို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းမှာ ကူညီပေးရတာမျိုး။
အမျိုးမျိုးပေါ့လေ...

သေသေချာချာ မေးမြန်းပြီး ကိုယ်လက်ခံနိုင်တယ်ဆိုမှ တက်ပါ။ လက်မခံနိုင်ဘူးဆိုရင် ငြင်းပယ်လို့ ရပါတယ်။ (မလျှောက်ခင်ကတည်းက တစ်ခါထဲ မေးမြန်းထားတာ ပိုကောင်းတယ်။ တစ်ချို့ Scholarship တွေက ရပြီးရင် ပြန် ငြင်းလို့ မရဘူး)

နောက်တစ်ခုက
ကျောင်းတက်နေစဉ် ကိုယ်က ဘာတွေ ပြည့်မှီရမလဲ?

အဲ့တာလဲ သိထားဖို့လိုမယ်။
မဟုတ်ရင် ကျောင်းတန်းလန်းနဲ့ အိမ်ကို ပြန်ပို့ခံရနိုင်တယ်။

အတန်းချိန် ပျက်ခွင့်မရှိတာတို့။
လစဉ် စာမေးပွဲတိုင်းမှာ အမှတ် ဘယ်လောက် အနည်းဆုံး ရနေရမှာတို့။
အကြောင်းအရာလေးတွေ ရှိတယ်။ မေးပါ။ မြန်းပါ။ စုံစမ်းပါ။

It's all about research ပဲ။
အကုန် ရှာဖွေ စုဆောင်းရမှာချည်းပဲ။

ကဲ အခုဆို တော်တော် သိသွားကြပြီထင်တယ်။
ထပ်သိချင်တာရှိရင် ဒီ Page မှာ အချိန်မရွေး လာမေးလို့ ရပါတယ်။ အဆင်ပြေတဲ့အချိန်တွေမှာ ပြန်ဖြေပေးပါ့မယ်။

နောက်ထပ်လဲ ဒီလိုမျိုး ကျောင်းသားတွေကို အကျိုးရှိစေမယ့် စာတွေ ရေးသွားပါဦးမယ်။
အမြဲ ဖတ်ချင်တယ်ဆိုရင်တော့ Page ကို Like & Follow လုပ်ထားပါ။

Page link - https://www.facebook.com/sayarTSandsayarSH/

Telegram Channel ထဲမှာလဲ ကျောင်းသားတွေအတွက် ဆရာ စာလေးတွေ ရေးရေးပြီး တင်ပေးနေပါတယ်။ ဖတ်ချင်ရင် အခမဲ့ ဝင် လို့ရပါတယ်။
အောက်မှာ link

https://t.me/+wnhYTKjAuSVjMGJl

"လူငယ်နှင့် ပညာရေး ဝေးသည် မရှိစေရ"
MIM Academy

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Power ကြီးပြီး တွက်ရခက်တဲ့ ပုစ္ဆာတွေအတွက် ဖြတ်လမ်းနည်းSayar T.S

Category

Telephone

Website

Address


Yangon

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Rangoon International Higher Education Academy - RIHEA   Yangon Branch Rangoon International Higher Education Academy - RIHEA Yangon Branch
Pansodan Road (Middle Block)
Yangon, 11182

ရန်ကုန်ကျောင်းခွဲများကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09942000120 09942000130 မော်လမြိုင်ကျောင်းခွဲကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09768148233 09978391056 ဘားအံကျောင်းခွဲကို ဆက်သွယ်...

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.