ShweNote
နိုင်ငံတကာက စာအုပ်ကောင်းတွေကို မြန်မာဘာသာနဲ့ အချိန်နေရာမရွေး 'အနှစ်ချုပ်' ရော၊ 'အသံစာအုပ်ရှည်' အနေနဲ့ပါ ဖတ်ရှုနားဆင်နိုင်မဲ့ သင့်ဖုန်းထဲက ဒီဂျစ်တယ်စာကြည့်တိုက်
❝ လူဖတ်အများဆုံး စာအုပ်များ ❞
ဒီတစ်ခေါက်မှာတော့
ShweNote စာဖတ်သူတွေအတွက်
ShweNote App ထဲမှာ
လူဖတ်အများဆုံး စာအုပ် (၁၀) တွေကို
မျှဝေပေးလိုက်ရပါတယ် ခင်ဗျား။
ဘယ်စာအုပ်တွေ ပါနေမလဲ.. ကဲ..
ကြည့်လိုက်ရအောင်ဗျာ။
လူအကြိုက်များဆုံး စာအုပ်တွေကို ဖတ်ပြီး
အခုပဲ ရွှေနုတ်နဲ့အတူ ကိုယ့်ဘဝ ကိုယ့်အသိဉာဏ်ကို နောက်တစ်ဆင့် ပြန်မြှင့်တင်လိုက်ပါ။ ShweNote မှာ စာဖတ်ချင်တယ်ဆိုရင်တော့ 09940084444 ကို အခုပဲ ဆက်သွယ်စုံစမ်းပါ။
#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက် #အနှစ်ချုပ်စာအုပ်
❝ အစွဲများရင် မှားတတ်တယ် ❞
အထိအတွေ့ အရသာ စတဲ့
အာရုံ ငါးပါးအပေါ်မှာ စွဲလမ်းစိတ်
ခဏခဏ ဖြစ်ပေါ်နေတာဟာ
ဦးနှောက်ကို ထိခိုက်စေပါတယ်။
လူသားတွေရဲ့ ဦးနှောက်ထဲမှာ
ဒိုပါမင်း (Dopamine) ဆိုတဲ့
စိတ်စွဲလမ်းမှုကို ဖြစ်စေတဲ့
ဓာတုဓာတ်တစ်မျိုးရှိတယ်၊
အဲဒီ ဒိုပါမင်းဓာတ် ကုန်ခမ်းလာရင်
လူ့စိတ်က မလိုအပ်တာထက်ပိုပြီး
အကျင့်ဆိုးတွေ လုပ်လာတတ်တယ်။
ဆိုတော့.. ဒိုပါမင်း (Dopamine) ဆိုတာကို
အရင် ရှင်းပြချင်ပါတယ်။
မူးယစ်ဆေးသုံးမှ မဟုတ်ဘူး။
အကြောင်းအရာ ကိစ္စတစ်စုံတစ်ခုကို
ကိုယ်ကလုပ်ကိုင်နေရတာကို ခုံမင်လာတယ်၊
သဘောကျတယ်၊ စိတ်ပျော်လာတယ်။
အဲဒီလိုဖြစ်လို့ကို ဒီကိစ္စကိုပဲ
ထပ်ခါထပ်ခါ လုပ်ကြည့်ချင်တယ်။
ဒီလိုလုပ်နေရမှ စိတ်ထဲသာယာကြည်နူးနေမိတယ် စတဲ့
အနေအထားမျိုးတွေဟာ ကျန်းမာရေး ရှုထောင့်အရ
ကြည့်ရင် ဒိုပါမင်း (Dopamine) လို့ခေါ်တဲ့
ဦးနှောက်ကထုတ်တဲ့ ဟော်မုန်းတစ်မျိုးကြောင့်ပါ
စိတ်ပျော်ဟော်မုန်းလို့လည်း
လွယ်လွယ်ကူကူ ခေါ်နိုင်တယ်။
ဆိုပါစို့၊ မိတ်ဆွေက အပြာကား ကြည့်ရတာ
ကြိုက်တဲ့သူတစ်ယောက် ဖြစ်နေတယ်။
အဲဒီ အပြာကားလေးတွေကြည့်နေရရင်
သာယာနေတယ်၊ ပျော်နေတယ်၊
ဒီလိုအချိန်အခါမျိုးလေးတွေမှာဆိုရင်
သင့်ဦးနှောက်က ဒိုပါမင်းလေးတွေကို
ပုံမှန်ထုတ်လွှတ်နေပြီး ကိုယ့်ကို
သာယာတယ်ဆိုတဲ့ စိတ်ကျေနပ်မှုကြီး
ဖြစ်နေတတ်တယ်။
အပြာကားကြည့်နေမှ
ဒိုပါမင်းထွက်တာမျိုးတော့ မဟုတ်ပါဘူး
ကိုယ်ကြိုက်တာ ကိုယ်လုပ်နေရရင်ကို
သာယာနေတာ၊ ကောင်းတာပဲလုပ်လုပ်
မကောင်းတာပဲလုပ်လုပ်
ထပ်ထပ်လုပ်ချင်နေမိတယ်ဆိုတာ
ဒီလို ဒိုပါမင်းလေးတွေကို
ဦးနှောက်ကထုတ်ပေးနေလို့ပါ။
မူးယစ်ဆေးနဲ့ ဒိုပါမင်း ဘယ်လိုဆက်စပ်လဲဆိုရင်
အရက်၊ နီကိုတင်း၊ အမ်ဖီတမင်းတို့၊ ကိုကင်းတို့လို
ဆေးတွေကို သုံးစွဲမိရင် ဦးနှောက်က
ဒိုပါမင်းကို သာမန်အချိန်တွေမှာထက်
များများမြန်မြန် ပိုထုတ်လေ့ရှိတယ်။
အဲဒီအကျိုးဆက်ကြောင့်ပဲ
သင်ဟာ လိင်ဆက်ဆံနေရတဲ့အခါမှာလည်း
ဆေးမသုံးဘဲ ဆက်ဆံတာထက်စာရင်
ဆေးနဲ့ လိင်ဆက်ဆံတာတွဲသွားတဲ့အခါရတဲ့
ခံစားချက်ကို ပိုပိုသာယာလာတယ်။
စွဲလမ်းနေတဲ့ ကာမအရသာကို
ခဏခဏကြုံချင်လာတဲ့အခါ
ဒိုပါမင်းအထွက်များစေမဲ့ မူးယစ်ဆေးလို
ခဏခဏ ဆက်ဆံချင်မိနေတာမျိုး
မူးယစ်ဆေးမှ ပူးတွဲမပါရင်
လုပ်ရကိုင်ရတာ အရသာမရှိသလိုမျိုးတွေ
ဖြစ်လို့တတ်တယ်။
စဉ်းစားကြည့်ရင် ကြောက်စရာကြီး။
ဆိုတော့ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း
ဒိုပါမင်းထွက်တိုင်း ကျန်းမာရေးအတွက်ကလဲ
သိပ်ကောင်းတဲ့ လက္ခဏာမဟုတ်နေဘူး။
အဲဒီ စွဲလမ်းမှု လွန်ကဲတဲ့ပြဿနာကြောင့်
မဖြစ်သင့်တဲ့ ရောဂါ၊
မလိုအပ်တဲ့ လူမှုရေးပြဿနာတွေ ကြုံရနိုင်တယ်။
ကိုယ်ကတော့ ပျော်လို့လုပ်လိုက်တာပဲ။
အပျော်နောက်မှာ အပျက်ပါလာရင်
ကိုယ်ပဲ ထိခိုက်တယ်။
ပျော်တိုင်းပျက်သွားတယ်လို့
ပြောလို့မရပေမဲ့ လူ့သဘာဝအရ
ပျော်တာကိုသိကြတယ်။
ပျက်တာကိုသိချိန်မှာတော့
ဘဝက ဘာအဖတ်မှ ဆည်လို့မရတော့။
ဒါ့ကြောင့် ခန္ဓာကိုယ်ထဲက
ဒိုပါမင်းဓာတ်တွေကို မလိုအပ်ဘဲနဲ့
မထွက်မိအောင် ထိန်းချုပ်ထားဖို့ အရေးကြီးပါတယ်။
ဒိုပါမင်းနဲ့ပတ်သက်ပြီးတော့ ShweNote ထဲမှာ
Dopamine Detox ဆိုတဲ့ စာအုပ်လေး ရှိပါတယ်။
ဒီစာအုပ်က စွဲလမ်းမှုဖြစ်စေတဲ့
ဒိုပါမင်းအကြောင်းကို လေ့လာဆန်းစစ်ထားတဲ့
စာအုပ်လေးပဲ ဖြစ်ပါတယ်။
#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက် #အနှစ်ချုပ်စာအုပ်
❝ သြဂုတ်လထွက် အနှစ်ချုပ်စာအုပ်တွေရဲ့ အမှတ်စာရင်း ❞
၂၀၂၄၊ သြဂုတ်လအတွင်း ShweNote App မှာ အမျိုးအစားအလိုက် အနှစ်ချုပ် စာအုပ်အသစ်ပေါင်း (၅)အုပ်တိတိ တင်ဆက်ပေးခဲ့ပါတယ်။
အဲဒီစာအုပ်တွေကို ကျွန်တော်တို့ ShweNote Team ကနေပြီးတော့မှ အကြောင်းအရာ၊ ဘာသာပြန်စွမ်းရည်၊ စာဖတ်သူရဲ့ စိတ်ပါဝင်စားနိုင်ခြေ ဒါတွေပေါ် မူတည်ဖတ်ရှု အမှတ်ပေးပြီး Rating သတ်မှတ်ပေးလိုက်ပါတယ်ဗျ။
ShweNoter တို့ အကြိုက်နဲ့ ထပ်တူကျမကျ ကြည့်လိုက်ပါဦး။
🚩Difficult Conversations 7/10
ပြောရဆိုရကောင်းတဲ့လူတွေနဲ့ချည်း အမြဲတွေ့ကြုံရမှာမဟုတ်တဲ့ လူ့အသိုင်းအဝိုင်းထဲမှာ ပြောရဆိုရခက်တဲ့ လူတွေနဲ့ ဘယ်လို စကားပြောမလဲ၊ လက်ပေါက်ကပ် ခက်ခဲတဲ့ စကားဝိုင်းတွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့ အဖြေတွေ အားလုံး ဒီစာအုပ်ထဲမှာ ရှိပါတယ်။
ဘာသာပြန်ညက်ညောမှု၊ မြင်လွယ်ထင်ရှားမှု၊ စာဖတ်သူ စိတ်ဝင်စားမှု အပြင် လူမှုပြောဆို ဆက်ဆံရေးအတွက် ဖတ်ကိုဖတ်ကြည့်သင့်တဲ့ စာအုပ်ဖြစ်လို့ Rating 7/10 ပေးထားပါတယ်ဗျ။
🚩Always Day One 6/10
ဒီစာအုပ်ဟာ ကုမ္ပဏီကြီးတွေရဲ့ ထူးခြားတဲ့ လုပ်ငန်းခွင်ဓလေ့စရိုက်တွေကို စမ်းစစ် ရေးသားထားတာဖြစ်ပြီး ကုမ္ပဏီကို စီမံခန့်ခွဲတဲ့နေရာမှာသုံးတဲ့ Engineering mindset အကြောင်းကိုပါ လေ့လာရမဲ့စာအုပ်ဖြစ်တာကြောင့် လုပ်ငန်းရှင်တွေအတွက် လက်စွဲကျမ်းလို့ တင်စားရမဲ့ စာအုပ်ဖြစ်ပါတယ်။
ဘာသာပြန်စွမ်းရည်၊ စာဖတ်ပရိသတ်ရဲ့ စိတ်ပါဝင်စားမှု နယ်ပယ်ကို ထောက်ရှုပြီး Rating ကတော့ 6/10 ပေးထားပါတယ်။
🚩Genghis Khan and the Marketing of the Modern World 8/10
ကမ္ဘာ့သမိုင်းမှာ အထင်ရှားဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်ပြီး မွန်ဂိုစစ်ဘုရင်တစ်ပါးလဲဖြစ်တဲ့ ဂျင်ဂစ်ခန်အကြောင်းကို ဒီစာအုပ်မှာ စိတ်ဝင်စားဖွယ် လေ့လာရမှာဖြစ်ပြီး ဂျင်ဂစ်ခန်ရဲ့ မွန်ဂိုနိုင်ငံတော်ဟာ ဘာလို့ ကမ္ဘာ့သမိုင်းရေစီးကြောင်းမှာ နှစ်ပေါင်းများစွာ နေရာ ယူခဲ့တာလဲ၊ အင်အားဘာလို့ တောင့်ခဲ့တာလဲ စတဲ့ သမိုင်းဆိုင်ရာ သုံးသပ်ချက်တွေကိုပါ ကွက်ကွက်ကွင်းကွင်း ဖတ်ရမှာဖြစ်လို့ ပရိသတ်အကြိုက်နဲ့ ထပ်တူကြခဲ့တဲ့ ဒီစာအုပ်ကို Rating 8/10 ပေးထားပါတယ်ဗျ။
🚩How We Love 7/10
လူတစ်ယောက် ဘယ်လိုချစ်ရမလဲ၊ တစ်ဖက်လူ လိုလားတဲ့ အချစ်မျိုးကို ဘယ်လိုနည်းနဲ့ ဖန်တီးပေးရမယ် ဆိုတဲ့ Love style (၅) မျိုးကို ဒီစာအုပ်မှာ လေ့လာရမှာဖြစ်ပြီး နည်းမှန်လမ်းမှန် ချစ်တတ်အောင် လမ်းပြထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ ညက်ညောတဲ့ ဘာသာပြန်စွမ်းရည်နဲ့ ပရိသတ်စိတ်ဝင်စားမှုပေါ် မူတည်ပြီး Rating 7/10 ပေးထားပါတယ်။
🚩All About Love 6/10
ဒီစာအုပ်ထဲမှာတော့ အချစ်ရဲ့ ဒဿန၊ အချစ်ရဲ့ စွမ်းအင်၊ အချစ်ရဲ့ မြစ်ဖျားခံရာ၊ အချစ်ရဲ့ လေးနက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် စတဲ့ အချစ်နဲ့ သက်ဆိုင်နေတဲ့ အကြောင်းအရာ အားလုံးကို ကျယ်ကျယ်ဝန်းဝန်း ဖတ်ရှုကြရမှာပဲ ဖြစ်ပါတယ်။
နှလုံးသားအာဟာရ အတွက် စာအုပ်ကောင်းဖြစ်ပေမဲ့ နည်းနည်းလေး အီစေနိုင်တာမလို့ Rating ကိုတော့ 6/10 ပေးထားပါတယ်ဗျ။
🚩Becoming 9/10
အောင်မြင်တဲ့ယောက်ျားတိုင်းရဲ့ နောက်မှာ လူအဆင့်အတန်း၊ စိတ်အဆင့်အတန်းမြင့်တဲ့ မိန်းမတစ်ယောက်ရှိတယ် ဆိုတဲ့ ဆိုရိုးအတိုင်း အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ယောက်မြောက်နဲ့ ပထမဦးဆုံး လူမည်းအမျိုးသားသမ္မတဖြစ်ခဲ့တဲ့ အိုဘားမားရဲ့ အိမ်ဖြူတော်ခရီးလမ်း ဘဝဇာတ်ဝင်ခန်းတွေမှာ သူ့အမျိုးသမီး မီရှဲအိုဘားမားကို လုံးဝချန်ထားခဲ့လို့ မရပါဘူး။ အဲဒီဘဝဇာတ်ဝင်ခန်းတွေကို သူ့ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှာ ကွက်ကွက်ကွင်းကွင်း ပြောပြထားပြီးတော့ ShweNote ဘာသာပြန်ဆိုသူတွေကလဲ အကောင်းဆုံးအနှစ်ချုပ် ရေးသားတင်ဆက်ထားတာဖြစ်လို့ Rating 9/10 အထိ ပေးထားပါတယ်ဗျ။
🚩Made to Stick 6/10
ကိုယ်ပြောပြချင်တဲ့ အကြောင်းအရာတွေ၊ ကိုယ့်ရဲ့အိုင်ဒီယာအသစ်တွေကို လူတွေရဲ့ စိတ်ထဲမှတ်မိလွယ်ဖို့၊ လူတွေ လွယ်ကူစွာလိုက်လုပ်နိုင်ဖို့အတွက် ကူညီပေးမဲ့ SUCCESs နိယာမ (၆) ခု အကြောင်းကို အသေးစိတ်ရေးသားဖော်ပြထားတဲ့စာအုပ်ဖြစ်ပြီး အဲဒီနိယာမတွေကို ဘယ်လိုအသုံးပြုရမယ်ဆိုတာကိုပါ ဆွေးနွေးပေးထားပါသေးတယ်။ ဘာသာပြန်စွမ်းရည်၊ ပရိသတ်စိတ်ဝင်စားမှုပေါ်မူတည်ပြီး Rating ကတော့ 6/10 ပါ။
🚩Discipline is Destiny 6/10
အရည်အချင်း ဘယ်လောက်ရှိရှိ စည်းကမ်းမရှိရင် ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းနိုင်ပါဘူး။ လူရယ်လို့ဖြစ်လာရင် ကလေးဘဝမှာကတည်းက စည်းနဲ့ကမ်းနဲ့ နေတတ်လုပ်တတ်ဖို့ အရေးကြီးပါတယ်။ ဒီစာအုပ်မှာ စည်းကမ်းရဲ့ အခြေခံကျင့်ဝတ်၊ စည်းကမ်းရှိခြင်းရဲ့ အကျိုးကျေးဇူး၊ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ သူတို့ လိုက်နာတတ်တဲ့ စည်းကမ်းတွေကို ဖတ်ရှုရမှာပဲ ဖြစ်လို့ ဘဝကို စည်းကမ်းနဲ့တည်ဆောက်နေသူတွေအတွက် အဖိုးတန်တဲ့ စာအုပ်လို့ဆိုချင်ပါတယ်။ Rating ကတော့ 6/10 ပါခင်ဗျာ။
ဆိုတော့... အခု အမှတ်ပေးစာရင်းမှာပါတဲ့ စာအုပ်တွေထဲက ဘယ်နှအုပ်ကို ဖတ်ပြီးပြီလဲ?
စာဖတ်ချစ်သူတွေကိုယ်တိုင် အမှတ်ပေးရမယ်ဆိုရင်ရော ဘယ်စာအုပ်ကို ဘယ်နှမှတ်ပေးချင်လဲ?
ကော်မန့်ထဲမှာ ဆွေးနွေးခဲ့ပါဦးခင်ဗျာ။
အသစ်ထွက် အနှစ်ချုပ်စာအုပ်တိုင်းကို Up to date ဖတ်ရှုနိုင်ဖို့ Subscription ဝယ်ချင်တယ်ဆိုရင် အခုပဲ 𝑺𝒉𝒘𝒆𝑵𝒐𝒕𝒆 ရဲ့ Page Messenger မှာ အသေးစိတ်ကို လာစုံစမ်းပါ။
📞𝟎𝟗𝟗𝟒𝟎𝟎𝟖𝟒𝟒𝟒𝟒 ကို ဖုန်းဆက်ပြီးတော့လဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်
“အသက်ကြီးတဲ့လူတွေ ဘာကြောင့်
စောစောနိုးကြသလဲ သိလား၊
တစ်ရက် တစ်ရက်ကို အချိန်ပိုပြီး
နေရအောင်လို့များလားကွနော်”
အသက်အရွယ်အရ လူ့အသိုင်းအဝိုင်းက
ဖယ်ကြဉ်တဲ့ဒဏ်ကိုခံရတဲ့ အဘိုးအိုရဲ့
အတွေးစကား တစ်ခွန်းပေါ့။
ကမ္ဘာကျော် ပင်လယ်ပြာနှင့်တံငါအို
စာအုပ်ထဲက ကျွန်တော်ကောက်နုတ်ထားတာပါ။
စာအုပ်ထဲမှာ...
ဇာတ်ဆောင်အဘိုးအို ဆန်တီယာဂိုက
ငါးကြီးကြီးတစ်ကောင်လောက် ဖမ်းပြပြီး
သူ့ကိုအထင်သေးနေတဲ့ ရွာသားတွေကို
'တစ်ခုခုလုပ်ပြလိုက်ချင်တဲ့စိတ်' ရှိနေတာပါ။
မြန်မာစကားပုံနဲ့ပြောရရင်
'ငါမအိုသေး....' ဆိုသလိုပေါ့။
ငယ်ငယ်တုန်းက ခေသူမဟုတ်ခဲ့လေတော့
အသက်ကြီးလာပေမဲ့ မာန်မချချင်သေးတဲ့
သဘောနေမှာပေါ့လေ။
သူ့ကို တလေးတစားနဲ့ ဂရုစိုက်တာဆိုလို့
မာနိုလင်း ဆိုတဲ့ လူငယ်လေးပဲ ရှိတာကိုး...။
အသက်ကြီးလာလို့
လုပ်ကိုင်နိုင်စွမ်းတွေ ကျသွားတဲ့အခါ
အရင်ကလို လူရာဝင်ချင်တဲ့စိတ်၊
လေးစားခံချင်တဲ့စိတ်မျိုး
ကျွန်တော်တို့မှာလဲ ဖြစ်လာမယ်ထင်ပါရဲ့။
အဘိုးအို ဆန်တီယာဂိုရဲ့
အဲဒီ 'တစ်ခုခု လုပ်ပြချင်တဲ့စိတ်' က
ကြီးမားကျယ်ပြောလှတဲ့ ပင်လယ်ထဲမှာ
ဂုဏ်သိက္ခာတစ်ခုအတွက်
ငါးကြီးနဲ့ သူတင်ကိုယ်တင်
ယှဉ်ချဖို့ ခွန်အားဖြစ်ခဲ့ပါတယ်။
အသက်ရှင်ဖို့တောင်
မသေချာတဲ့အခြေအနေမှာ
အရှုံးမပေး လက်မလျှော့ဘဲ
သိက္ခာအတွက်...
သူရဲ့ လုပ်ပြချင်စိတ်အတွက်...
ကြိုးစားခဲ့တာကို ဖတ်ရတဲ့အခါ
ကျွန်တော်ကတော့ ကြက်သီးထတယ်။
ပြီးတော့ ဒီဇာတ်လမ်းက
တကယ်ရှိတာတဲ့ဗျ။
တွေးကြည့်စမ်းပါ...
အဖိုးကြီးတစ်ယောက်ရဲ့ ခွန်အားကို
အဓိက မောင်းနှင်သွားတာ
'စိတ်ဓာတ်'ပဲမလား။
နောက်ပြီးတော့...အဖိုးအိုက
သူလုပ်ပြချင်တဲ့အရာတစ်ခုကို
စိတ်ရှည်ရှည်စောင့်တယ်၊
အခွင့်အရေးရတဲ့အခါ
အမိအရ ဆုပ်ကိုင်ပြီး
ရေကုန်ရေခန်း ကြိုးစားတယ်၊
အဆုံးသတ်အထိ
သူလက်မလျှော့ခဲ့ဘူး။
ကြိုတင်တွက်ဆ စီစဉ်မှု
အားနည်းခဲ့ပေမဲ့လို့ပေါ့လေ...
ဆိုတော့...
စာဖတ်ချစ်သူတွေအနေနဲ့လဲ
ကိုယ့်မှာ တစ်ယောက်ယောက်ကို
တစ်ခုခု လုပ်ပြချင်တဲ့စိတ် ရှိလား?
▪️ စိတ်ရှည်ရှည်နဲ့ စောင့်ပါ
▪️ အခွင့်အရေးရလာရင် သိက္ခာရှိရှိ
အသေအကျေ ကြိုးစားပါ
▪️ အဆုံးသတ်မဟုတ်မချင်း လက်မလျှော့ပါနဲ့
အားလုံးပဲ အဆုံးသတ်လှတဲ့
နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
တကမ္ဘာလုံးက စာဖတ်ပရိသတ်တွေကို
စိတ်ခွန်အားအကောင်းဆုံးပေးနိုင်ခဲ့တဲ့
ကမ္ဘာကျော် 'ပင်လယ်ပြာနှင့်တံငါအို' စာအုပ်ကို
ကျွန်တော်တို့ 𝑺𝒉𝒘𝒆𝑵𝒐𝒕𝒆 𝑨𝒑𝒑 ထဲမှာ
အသံစာအုပ်ရှည်အနေနဲ့
တစ်အုပ်လုံး အစအဆုံး
ဝယ်ယူနားထောင်နိုင်ပါပြီ။
အသေးစိတ်ကို Page Messenger မှာ
လာရောက် စုံစမ်းမေးမြန်းလို့ရသလို
📞𝟬𝟵𝟵𝟰𝟬𝟬𝟴𝟰𝟰𝟰𝟰 ကိုလဲ
ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက် #ပင်လယ်ပြာနှင့်တံငါအို
❝ ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်ဖို့ ❞
ရင့်ကျက်တယ်ဆိုတာကို
တချို့က ကိုယ်ချင်းစာတတ်ခြင်း၊
တချို့က ဟန်ဆောင်ကောင်းခြင်း၊
တချို့က အတွေ့အကြုံပေါ်မူတည်ပြီး
သြဇာရှိခြင်း၊ တချို့ကျပြန်တော့လည်း
အကောင်းမြင်တတ်ခြင်းလို့ဆိုပြီး
သူတို့အထင် သူတို့အမြင်နဲ့
နှိုင်းပြဝေဖန်ဖွင့်ဆိုတတ်ကြတယ်။
တကယ်တမ်း ရင့်ကျက်တယ်ဆိုတာက
ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာကို
ခွဲခြားနိုင်တဲ့စိတ်ခံစားမှု တစ်ခုလို့ပဲ မြင်ပါတယ်။
ဆိုတော့ ShweNote App ထဲမှာ
လူအဖတ် အများဆုံး ဖြစ်နေတဲ့
စာအုပ် (၅) အုပ် ညွှန်းပေးလိုက်ပါတယ်ဗျ။
ဒီစာအုပ် (၅) အုပ်ဟာ
ကျွန်တော်တို့ရဲ့စိတ်ကို ရင့်ကျက်စေပြီး
ဘဝမှာ အမှားတွေ မများအောင်
သွန်သင်ပေးနိုင်တဲ့ အကောင်းဆုံး
ဆရာသမားတွေပဲ ဖြစ်ပါတယ်။
ဘာစာအုပ်တွေ ပါသလဲဆိုတာကို
တစ်ပုံချင်း ထောက်ကြည့်လိုက်ပါ။
𝗙𝘂𝗹𝗹 𝗔𝘂𝗱𝗶𝗼𝗯𝗼𝗼𝗸 နားဆင်နည်း၊ ဝယ်ယူနည်းနဲ့ပတ်သက်လို့
မရှင်းတာ ဒါမှမဟုတ် သိချင်တာရှိရင်
𝑺𝒉𝒘𝒆𝑵𝒐𝒕𝒆 page Messenger မှာ မေးမြန်းနိုင်သလို
𝟎𝟗𝟗𝟒𝟎𝟎𝟖𝟒𝟒𝟒𝟒 ကို ဖုန်းဆက်စုံစမ်းလို့လဲ ရပါတယ်ခင်ဗျာ။
#𝑺𝒉𝒘𝒆𝑵𝒐𝒕𝒆
#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်
❝ ဖန်တီးမှု မူပိုင်ခွင့်တွေကို ဘယ်လိုထိန်းသိမ်းမလဲ ❞
ဒီဘက်ခေတ်
Digital marketing လောကမှာ
တီထွင်ဖန်တီးမှု အသစ်တွေ
များလာသလောက်
အဲဒီ တီထွင်မှုကို အခြေခံပြီး
တိုက်ရိုက် Copy ယူကြတဲ့
ဖန်တီးမှုအတုတွေ၊ ခိုးချ ဖန်တီးမှုတွေ
သူများ လုပ်ပြီးသား စာပေ၊ ဂီတ၊ ပန်းချီ
စတဲ့ အနုပညာတွေလို ကိုယ်တိုင် ဖန်တီးထားသလို
ကိုယ့်အိုင်ဒီယာလို လုပ်နေကြတဲ့ လူတွေလဲ
လက်ချိုးပြီး ရေတွက်လို့ မရအောင်
များလာတယ်။
ကိုယ့်ဉာဏ်စွမ်းရှိသလောက်
ကိုယ့်ရဲ့ ဖန်တီးမှုလက်ရာကို
တစ်စုံတစ်ယောက်က ခပ်လွယ်လွယ်နဲ့
အချောင် ယူသွားတဲ့အခါ
ဖန်တီးသူ ကိုယ့်အနေနဲ့
မြင်မြင်ချင်း ဒေါသထွက်မယ် စိတ်ဆိုးမယ်
တန်ရာတန်ကြေး ပြန်လိုချင်ကောင်း
လိုချင်လိမ့်မယ်
ဘယ်သူမဆို ဒါမျိုး ဖြစ်ကြမှာပဲ။
ဒီလိုမျိုး အိုင်ဒီယာသူခိုးတွေကို
လွှတ်ထားလို့ ဘယ်လိုလုပ် အဆင်ပြေမလဲ
လွှတ်ပေးထားရင် ပိုဆိုးမယ်
နောက်ဆို ဖန်တီးမှုအတုတွေများပြီး
အကုန်လုံး ပေါ်ပင်နောက်လိုက် ဖြစ်သွားမယ်
ဒီ့အတွက် ထုတ်ပြောသင့်ရင် ထုတ်ပြောရမယ်။
နောက်ထပ် အကောင်းဘက်ခြမ်းကို
ထည့်သွင်း စဉ်းစားရမှာက
ကိုယ့်အိုင်ဒီယာ ကိုယ့်အတွေး
ကိုယ့်ရဲ့ ဖန်တီးမှုတွေက
ကောင်းလွန်းလို့ ကူးချခံရ ခိုးချခံရတာကို
သတိရဖို့ အရေးကြီးတယ်။
ခိုးချသူက ကိုယ့်ရဲ့လောင်းရိပ်
ကိုယ့်ဖန်တီးမှုအောက်မှာ မျောနေတဲ့လူ
ကိုယ့်ဟာ သူ့ထက် အများကြီးသာလို့
ကူးချ ခံရတာလို့ ကိုယ့်ကိုယ်ကိုယ်
ဂုဏ်ယူဝင့်ကြွားနေဖို့ လိုတယ်။
ဒါပေမဲ့ ဒီလိုမျိုး ဖြစ်တာတွေက
ဘယ်က စခဲ့တာလဲ။
ဘယ်သူ့မှာ တာဝန်ရှိနေလဲ။
ဒီအကြောင်းအရာတွေကို
အခု အသစ်တင်ပေးနေတဲ့
How Music Got Free စာအုပ်ထဲမှာ
အကြောင်းစုံ ဖော်ထုတ်ရေးထားပါတယ်။
အုပ်ရေ (၅၇၀) မြောက် စာအုပ်
How Music Got Free
စာအုပ်ဖတ်ရန် လင့်ခ် - https://shwenoteebook.page.link/bHWd
𝑺𝒉𝒘𝒆𝑵𝒐𝒕𝒆 𝑨𝒑𝒑 ရဲ့ အသစ်ထွက်စာအုပ်တိုင်းကို
တစ်အုပ်မကျန်ဖတ်ချင်သူတွေအတွက်
S𝘂𝗯𝘀𝗰𝗿𝗶𝗽𝘁𝗶𝗼𝗻 အသေးစိတ်ကို
messenger မှာ စာပို့မေးမြန်းနိုင်သလို
𝟬𝟵𝟵𝟰𝟬𝟬𝟴𝟰𝟰𝟰𝟰 ကို ဖုန်းဆက်လို့ရပါတယ်။
#𝑺𝒉𝒘𝒆𝑵𝒐𝒕𝒆 #သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်
မြန်မာ့စာပေဂုဏ်ကို မျိုးစေ့ချပေးခဲ့တဲ့ အင်းဝခေတ်စာဆို ပညာရှင် ရှင်မဟာရဋ္ဌသာရရဲ့ ဂူဗိမာန်ကို သွားရောက်ဖူးမြော်ခြင်းအကြောင်းကို ကိုကျော်စွာက မျှဝေပေးထားပါတယ် ။ 💙
❝ ဂရုမစိုက်ခြင်းအနုပညာစာအုပ်ထဲက သင်ခန်းစာများ ❞
🔳 တကယ်ကောင်းမွန်တဲ့ ဘဝကို
လိုချင်ရင် အရာရာတိုင်းကို ပိုပိုပြီး
ဂရုစိုက်အဖက်လုပ်နေလို့ မရဘူး။
စစ်မှန်ပြီး တကယ်လိုအပ်တဲ့
အရေးကြီးတဲ့အရာတွေကို ရွေးပြီး
ဂရုစိုက်တတ်ဖို့လိုတယ်။
◾ဘဝမှာ အဆင်မပြေမှုတွေဆိုတာ
ကျွန်တော်တို့ မလိုချင်ဆုံးနဲ့ ကျွန်တော်တို့ကို
ဝမ်းအနည်းစေဆုံးအရာတွေပဲ ဖြစ်တယ်။
◾ဒါပေမဲ့ ကိုယ်သွားချင်တဲ့ လမ်းဆုံး
ပန်းတိုင်ဆီကို စိတ်ချမ်းသာ ပျော်ရွှင်စွာနဲ့
ရောက်ဖို့ဆိုရင် အခက်အခဲတွေ ပြဿနာတွေနဲ့
ပတ်သက်လို့ အချက်(၂) ချက် သိထားဖို့ လိုပါလိမ့်မယ်။
◾တစ်အချက်က ပြဿနာတွေကို
အခက်အခဲတွေဆိုတာ ရှောင်လွှဲလို့မရ
နံပါတ်နှစ်အချက်က ကိုယ်သိတဲ့
ပြဿနာတွေဟာ ကိုယ်တကယ်
ရင်ဆိုင်သင့်တဲ့အရာတွေလား ဆိုတဲ့အချက်။
◾ ပထမအချက်က ကျွန်တော်တို့နဲ့
ရင်းနှီးပြီးသား။
အဲဒီပြဿနာအတွက် အဖြေက ပြဿနာတွေကို
အရှိအတိုင်း လက်ခံပြီး အဲဒီအရာတွေကို
ပြည့်ပြည့်ဝဝနားလည်သဘောပေါက်ဖို့ လိုတယ်။
ဒီလောက် သိရုံနဲ့တင် ရှေ့ဆက်လျှောက်လှမ်းဖို့
ကိုယ့်ကိုယ်ကိုယ် တွန်းအားပြန်ပေးလို့ ရပြီ။
◾ဒုတိယအချက်က ပိုအရေးကြီးတယ်။
ဘဝမှာ “ ဘဝမှာ ပြဿနာမဟုတ်တာကို
ပြဿနာလို့ ထင်နေရင် အဲဒါ ပြဿနာစစ်စစ်ပဲ။ ”
ဘာမှမဟုတ်တဲ့ အသေးအဖွဲ့ကိစ္စတွေမှာ
အကြီးအကျယ် အာရုံစိုက်နေမိမယ်ဆိုရင်
ပြဿနာမဟုတ်တဲ့ အရာတွေနဲ့ပဲ
ကိုယ့်တစ်ဘဝလုံးက အချိန်ကုန်နေလိမ့်မယ်။
◾ဒါ့ကြောင့် ခံစားဖို့ မထိုက်တန်တဲ့
ကိစ္စသေးသေးလေးတွေအတွက် ပိုပြီး
မခံစားမိအောင် နေတတ်ဖို့၊ မနစ်မြုပ်သင့်တဲ့
ကိစ္စဖြစ်ရပ်တွေအပေါ်မှာ စိတ်မနှစ်ထားဖို့
အင်မတန်အရေးကြီးတယ်။
🔳 ကောင်းတာတွေကိုပဲ လိုချင်နေတာဟာ
မကောင်းတဲ့စိတ်ဖြစ်ပြီး မကောင်းတာတွေကို
လက်ခံလိုက်တာဟာ ကောင်းတဲ့စိတ် ဖြစ်တယ်။
◾စကားပုံတစ်ခု ရှိပါတယ်။
“ မစားရအရှင်း၊ စားရဆီထမင်း ” တဲ့၊
အဓိပ္ပါယ်က မစားရင် လုံးဝမစားဘဲ နေမယ်၊
စားမယ်ဆိုရင်လည်း အစားကောင်းမှ
စားမယ် ဆိုတဲ့ သဘောပါ။
◾အထူးသဖြင့် ဒီလိုလူတွေဟာ
ငတ်သွားကြတာ များတယ်၊
ဘာလို့ဆို ကိုယ့်မှာ ရှိတာနဲ့ မရောင့်ရဲဘဲ
ကိုယ့်မှာ မရှိနေတဲ့အရာတွေအပေါ်မှာ
ခဏခဏ စိတ်ရောက်နေလို့ပဲ။
🔳 အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ
လူတိုင်းက အခြေအနေ (၃) ခုနဲ့ ကိုယ့်ရဲ့
အဆင်မပြေခြင်းတွေကို ကျော်လွှားကြတယ်။
(၁) အခက်အခဲတွေကို အပြစ်တင်ရင်းနဲ့နေသွားတယ်
(၂) လုံးဝအဆင်ပြေမှုကို ဦးတည်လျှောက်လှမ်းတယ်
(၃) အခက်အခဲတွေကို သင်ယူပြီး အမြင့်ကို တက်တယ်
◾ကိုယ်ကြုံနေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့
လူတွေနဲ့အခြေအနေတွေကို အပြစ်တင်တာဟာ
ကိုယ့်ဘဝမှာ ပိုပိုပြီး ပြဿနာတွေ ဝန်းရံလာစေတယ်။
◾ အဆင်မပြေမှုဟာ အစွန်းတစ်ခုဖြစ်ပြီးတော့
လုံးဝအဆင်ပြေမှုကို မျှော်လင့်နေတာကလည်း
နောက်ထပ်အစွန်းတစ်ခု ဖြစ်တယ်။
◾အဆင်ပြေမှုနဲ အဆင်မပြေမှုတို့အပေါ်
မှန်ကန်တဲ့ နားလည်ခြင်းကသာ ပျော်ရွှင်မှု
အစစ်အမှန်ကို ဘဝက ပေးနိုင်မှာ ဖြစ်တယ်။
◾ အခက်အခဲတွေကို ကျော်လွန်နိုင်ဖို့ မဖြစ်နိုင်ဘူး။
မှားပြီးသား အမှားကို ထပ်မမှားနိုင်ဖို့ပဲ ဖြစ်နိုင်တယ်။
🔳 ပျော်ရွှင်မှုဆိုတာ ဘာလဲဆိုပြီး
လိုက်ရှာနေရင် ပျော်ရမှာ မဟုတ်သလို
ဘဝဆိုတာ ဘာလဲဆိုပြီးနားလည်ဖို့ပဲ
ကြိုးစားနေရင် တန်အောင်နေလိုက်ရမှာ မဟုတ်ဘူး။
- Albert Camus (အဲလ်ဘတ် ကမူး)
◾ကိုယ်တကယ် ဂရုမစိုက်သင့်တဲ့အရာတွေကို
မြင်လာတာနဲ့တစ်ပြိုင်နက်
ကိုယ်တကယ် ဂရုစိုက်ရမယ့်အရာတွေကိုလည်း
အလိုလိုမြင်လာပါလိမ့်မယ်။
◾ရှုပ်ထွေးနေတဲ့အရာတွေကို
ကိုယ့်ဘဝထဲမှာ လုံးဝရှောင်လွှဲလို့
မရနိုင်ပေမဲ့ အရေးကြီး မှတ်ထားရမှာက
အဲဒီရှုပ်ထွေးမှုက ကိုယ့်ဆီကနေ စပြီး
မြစ်ဖျားခံလာတာမျိုး လုံးဝ မဖြစ်စေနဲ့။
◾ကိုယ်တိုင်က ရှုပ်ဆထွးမှုကို
ဖန်တီးနေမယ်ဆိုရင် ကိုယ်ဟာ ကိုယ့်ဆီမှာ
ရှိပြီးသားအရာကို သူတစ်ပါးဆီမှာ ရှာဖွေရင်း
အချိန်ကုန်သွားတဲ့သူပဲ ဖြစ်လိမ့်မယ်။
🔳 ဘဝမှာ ကြေကွဲဖွယ် အကောင်းဆုံးဟာ
ကိုယ်လိုချင်တာ ငါးမဟုတ်မှန်းသိဖို့အတွက်
တစ်သက်တာကို ငါးမျှားရင်း အချိန်ဖြုန်းပစ်မိတာပါပဲ။
◾ကိုယ် မရောက်သေးတဲ့ နေရာတစ်ခုကို
ရောက်ဖို့ ကြိုးစားတဲ့ နေရာမှာ
အရေးအကြီးဆုံး ဂရုစိုက်ရမယ့်အရာက
ကိုယ်ရောက်နေတဲ့အရာကို သိဖို့ပဲ။
◾ပစ္စုပ္ပန်က အနာဂတ်ထက် အရေးကြီးတယ်၊
မဖြစ်သေးတာထက် ဖြစ်နေတာ ပိုအရေးကြီးတယ်၊
အဖြေဆိုတာ ပစ္စုပ္ပန်မှာပဲ ရနိုင်ခြေများတယ်။
◾ပြဿနာကို မဖြေရှင်းခင်မှာ
ဒါက ပြဿနာ ဟုတ်မဟုတ်ဆိုတာကို
လေ့လာဆန်းစစ်ပြီး လက်ခံထားသင့်တယ်။
🔳 ခံစားချက်တွေကို မေးခွန်းထုတ်နိုင်ရင်
အဲဒီခံစားချက်တွေကနေ လွတ်မြောက်ပါလိမ့်မယ်။
◾ကျွန်တော်တို့ဟာ သဘာဝအလျောက်
ပျော်ရွှင်တတ်တယ်၊ ဝမ်းနည်းတတ်ကြတယ်။
ဒါပေမဲ့ နာကျင်မှုတွေဟာ အဆိုးဆုံးအပြုအမူတွေ
ဖြစ်လာအောင် ကိုယ့်စိတ်ကို ထပ်ခါထပ်ခါ
နှိုးဆွပေးပါတယ်။
◾နာကျင်မှုတွေ ကြေကွဲဝမ်းနည်းမှုတွေဟာ
ကိုယ့်ကို အတိတ်ကနေ မသင်ယူတက်အောင်
တားဆီးတတ်ကြသလို တခြားသူတွေနဲ့
အခြေအနေတွေပေါ်မှာလည်း အပြစ်တင်လွယ်
လာစေပါတယ်။
◾ငါ့ကျမှ ဘာလို့ဖြစ်တာလဲ စတဲ့
မေးခွန်းတွေဟာ ကိုယ်ခံစားနေရတဲ့
နာကျင်မှုတွေကို ကြီးထွားစေတယ်။
◾အဲဒီလို ကြီးထွားလာတဲ့ ဝမ်းနည်းကြေကွဲစရာတွေက
ကိုယ့်ကို အဖြေတွေအစား ခံစားချက်တွေအပေါ်မှာပဲ
နစ်မြုပ်စေတယ်။
🔳 စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ကိုယ် အသေအချာ
ရွေးချယ်ထားတဲ့ ပိုကောင်းတဲ့ ဒုက္ခတွေကို
စီမံခန့်ခွဲနိုင်ခြင်းကနေ လာတယ်
- Mark Manson
◾ပိုကောင်းတဲ့ ဒုက္ခဆိုတာ ဘာလဲ။
အဲဒီလို ပိုကောင်းတဲ့ ဒုက္ခတွေကို
ဘယ်လိုလက်ခံရနိုင်သလဲ။
◾ပျော်နေတဲ့သူဟာ "ငါပျော်နေတယ်"လို့
ကိုယ့်ကိုယ်ကိုယ် ပြောမနေသလို
သတ္တိရှိတဲ့သူတစ်ယောက်ဟာလည်း
"ငါသတ္တိရှိတယ်"လို့ကိုယ့်ကိုယ်ကိုယ်
သတိပေးနေဖို့မလိုပါဘူး။
ဒီတော့ "ငါ့ဘဝမှာ အားလုံး အဆင်ပြေနေတယ်"
"ငါပြည့်စုံတယ်"လို့ ကိုယ့်ဘာသာ
လိမ်ညာနေမယ့်အစား ဒုက္ခဆိုတာ
လုံးဝ ရှောင်လွှဲလို့မရဘူးဆိုတာကို
အရင်လက်ခံဖို့ ကြိုးစားရပါလိမ့်မယ်။
◾ပိုကောင်းတဲ့ ဒုက္ခဆိုတာဟာ
လုံးဝအခက်အခဲ မရှိတော့ခြင်းကို
ဆိုလိုခြင်းမဟုတ်ပဲ အဆိုးရွားဆိုး
ဒုက္ခတွေကို ရင်ဆိုင်သင်ယူပြီး
ပိုရင့်ကျက်တဲ့ သူတစ်ယောက်အဖြစ်
ဒုက္ခအသစ်တွေကို ရင်ဆိုင်ဖို့ကြိုးစားနေခြင်း
ဖြစ်ပါတယ်။
🔳 အမှားတွေကို ရွေးချယ်ခွင့် မရှိပါဘူး။
နောက်တစ်ခါ ထပ်မမှားဖို့ကိုသာ သင်ယူနိုင်ပါတယ်။
◾နာကျင်မှုတွေကို စီမံခန့်ခွဲနိုင်ဖို့ဟာ
ကိုယ်ကြုံတွေ့ရမယ့်အခက်အခဲတွေအတွက်
ကိုယ့်ကိုယ်ကိုယ် ကြိုတင်ပြင်ဆင်ခြင်းနဲ့ဆိုင်ပါတယ်။
◾ပျော်ရွှင်မှုဆိုတာ နာကျင်မှုတွေထဲကနေ
ထွက်ပေါ်လာတာ ဖြစ်သလို အမှန်ဆိုတာဟာလည်း
အမှားတွေကို ဖြတ်သန်းသင်ယူနေရင်းကနေ
ရှာဖွေတွေ့ရှိလာတာ ဖြစ်ပါတယ်။
🔳 ဒီစာအုပ်ကို ဆရာချမ်းမြေ့ဝင်းက
ဘာသာပြန်ထားပြီး စာအုပ်ဖတ်ချင်တယ်ဆိုရင်တော့
ShweNote Application ထဲမှာ
အသံစာအုပ်ရှည်အနေနဲ့ တင်ထားပေးပါတယ်။
စာအုပ်ဖတ်ချင်တယ်ဆိုရင်တော့
အခုပဲ 𝟬𝟵 𝟵𝟰𝟬𝟬𝟴𝟰𝟰𝟰𝟰 ကို
ဆက်သွယ်လိုက်ပါ။
#𝑺𝒉𝒘𝒆𝑵𝒐𝒕𝒆
#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်
ကိုယ်ချင်းစာစိတ်ဆိုတာ
◾မွန်းကြပ်တဲ့ ဒုက္ခကို
ကိုယ်တိုင်က မခံစားတိုင်ဘူးဆိုရင်
တစ်ဖက်လူရဲ့ လွတ်လပ်မှုကို
ထည့်တွက်ပေးရမယ်။
◾စိတ်ဖိစီးမှုကို မခံစားနိုင်ဘူးဆိုရင်
တစ်ဖက်လူရဲ့ စိတ်ငြိမ်းချမ်းမှုကို
ငဲ့ညှာစဉ်းစားပေးရမယ်။
◾ကိုယ့်လက်ထဲက ပစ္စည်းတွေကို
အဆုံးအရှုံးမခံနိုင်ဘူးဆိုရင်
တစ်ဖက်လူရဲ့ ရပိုင်ခွင့်ကို
တတ်သိ နားလည်ပေးရမယ်။
◾အရှုံးရလဒ်ကို မလိုချင်ဘူးဆိုရင်
သူများ ရှုံးနှိမ့်နေတဲ့အခါ
နှစ်သိမ့်ပေးရမယ်။
◾ပြည့်တန်ဆာတစ်ယောက်ရဲ့
ဒုက္ခကို နားလည်နိုင်ဖို့
ကိုယ်တိုင်က ပြည့်တန်ဆာ ဖြစ်စရာမလိုဘူး။
◾ခလုတ်တိုက်တိုင်း ခြေထောက်နာမှန်းသိရင်
ခြေထောက်မရှိတော့တဲ့ လူတစ်ယောက်
ဘယ်လောက်တောင် နာနေလေမလဲ။
◾မျက်စိကွယ်နေသူတစ်ယောက်ရဲ့ အရှေ့မှာ
မျက်စိနာတာကို တမင်နာပြနေတာမျိုးပဲဆိုရင်
ကိုယ်ချင်းစာစိတ် ကင်းမဲ့တဲ့လုပ်ရပ်ပဲ။
◾ကမ္ဘာကြီး ဘာလို့ ပျက်ရသလဲမေးရင်
ကိုယ်ချင်းစာစိတ် မရှိလို့ ပျက်ရတာလို့ပဲ
ပြန်ဖြေရလိမ့်မယ်။
#𝑺𝒉𝒘𝒆𝑵𝒐𝒕𝒆
#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်
အချစ်မှာ မျက်စိမရှိပေမဲ့
အချစ်မှာ ဘာသာစကားတော့ ရှိပါတယ်။
တကယ်တမ်းကျတော့ အချစ်ဆိုတာ
နှုတ်က တဖွဖွပြောနေရတာ မဟုတ်ဘူး။
ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကို
တစ်ဖက်လူ ခံစားရစေအောင် လုပ်တာမျိုးပါ။
ချစ်တယ်ဆိုတာ တကယ်တမ်း
သိပ်ခက်တဲ့အလုပ်တော့ မဟုတ်ဘူး။
ဘယ်လို ချစ်ပေးရမလဲဆိုတာကပဲ
အင်မတန်ခက်ခဲတာပါ။
ဒါဆိုရင် လူတစ်ယောက်ကို
ဘယ်လို ချစ်ပေးရမလဲဆိုရင်
အချစ်ဘာသာစကား (Love language) တွေနဲ့
ချိတ်ဆက်ပြီး ကိုယ့်ရဲ့အချစ်ကို ဖော်ထုတ်ဖို့ လိုတယ်။
ဒီ Love languages တွေကို
နားလည်ထားမယ်ဆိုရင် ကိုယ်ကိုယ်တိုင်
Long-term relationship (ရေရှည်ဆက်ဆံရေး)
တစ်ခုတည်ဆောက်တဲ့အခါ အကျိုးရှိစေပါတယ်။
အချစ်ဘာသာစကား (၅) မျိုးရှိတယ်
(1) Words of Affirmation
(ချစ်စကား ပြောတာ)
ချီးမွမ်းစကားဆိုတာ
တချို့က အချစ်ခံနေရတယ်လို့သာ ပြောတာ၊
တကယ်တမ်း တစ်ဖက်လူရဲ့
ချစ်ခြင်းမေတ္တာကို လက်မခံတတ်ဘူး၊
အချစ်ခံရကြောင်းကို မဖော်ပြတတ်တာတွေ ရှိတယ်။
တကယ်ဆိုရင် ကိုယ့်ရဲ့ လက်တွဲဖော်ကို
ချီးမွမ်းထောပနာ ပြုဖို့ အရေးကြီးတယ်၊
ကိုယ်ဟာ သူ့ကြောင့် နွေးထွေးတယ်၊
စိတ်လုံခြုံမှု ရတယ်အတွက် သူ့ကို ချီးကျူးရမယ်၊
ကိုယ်ဟာ သူ့ကြောင့် အသက်ရှင်နေရတာပဲဆိုတဲ့အချက်ကို
သူသိအောင် ဖော်ပြပေးရမယ်။
တစ်ဖက်လူ ချစ်ပေးတာကို
အသိမှတ်ပြုဖို့ကလည်း အရေးကြီးတယ်။
(2) Receiving Gifts
(လက်ဆောင် အပြန်အလှန်ပေးတာ)
တချို့လူတွေကကျတော့
ချစ်တာကို လက်ဆောင်လေးတွေနဲ့
ထုတ်ပြတတ်တယ်။
လက်ဆောင်ဆိုတဲ့နေရာမှာ
ပြီးပြီးရော ပေးတာမျိုးမဟုတ်ပါဘူး၊
ကိုယ့်အတွက် အသေးစိတ်ကလေး စဉ်းစားပြီး အမြတ်တနိုးပေးတာမျိုးပါ။
လက်ဆောင်ဆိုတာ
ငွေကြေးအရ တန်ဖိုးနည်းကောင်း
နည်းနိုင်ပေမဲ့ လက်ဆောင်ထဲမှာ
စိတ်နှစ်ထားတဲ့ အရာ၊ တစ်ဖက်လူကို
ပျော်ရွှင်စေချင်တဲ့ စေတနာတွေ
အများကြီး ပါပါတယ်။
(3) Acts of service
(ဝေယျာဝစ္စ လုပ်ပေးတာ)
သဘောက သူနေမကောင်းရင်
အနီးကပ်ပြုစု စောင့်ရှောက်တာမျိုး၊
သူ့ကိစ္စအတွက် အနောက်ကနေ
ပံ့ပိုးကူညီပေးတာမျိုး၊
ပြောမယ်ဆို ချစ်တယ်ဆိုတာကို
အပြောသက်သက်နဲ့ပဲ မဟုတ်ဘူး၊
လုပ်ရပ်နဲ့လဲ သက်သေပြတယ်၊
ဒီလုပ်ရပ်ကြောင့် တစ်ဖက်လူဟာ
သူ ချစ်နေပါတယ်ဆိုတာကို
ပြည့်ပြည့်ဝဝ ခံစားနေရတယ်၊
ဒါဟာ Act of service နဲ့ ချစ်ပေးတာပဲ။
(4) Quality Time
(အချိန်ကောင်းတွေ ဖန်တီးပေးတာ)
သူ့အလုပ် သူလုပ်
ကိုယ့်အလုပ်လဲ သူမရှုပ်၊
လုပ်စရာရှိတာကို အရင်လုပ်မယ်။
အလုပ်နားလို့ရှိရင်
ကိုယ်နဲ့သူနဲ့ ချစ်စကားလေးတွေ ပြောမယ်။
အပြင် အတူတူသွားမယ်၊
ထိုင်ခုံတန်းလေးမှာ ထိုင်ရင်း
အနာဂတ်အကြောင်း ဆွေးနွေးမယ်၊
မုန့်အတူတူ စားတာမျိုး
စသဖြင့် အချိန်ကောင်းတွေ ဖန်တီးဖို့ လိုတယ်။
(5) Physical Touch
(ယုယကြင်နာစွာ ပွေ့ဖက်တာ)
လက်ကလေးကို ကိုင်ထားပေးတာ၊
ပါးချင်းအပ်ပြီး အနမ်းပေးတာ၊
တစ်ယောက်က စိတ်ညစ်နေရင်
နောက်တစ်ယောက်က ဖက်ထားပေးတာ၊
ကိုယ့်ရင်ခွင်ထဲ ဝင်နေရလို့ ရှိရင်
လုံခြုံနွေးထွေးနေတာမျိုး၊
ကြည်လင်အေးချမ်းနေတာမျိုး၊
Skinship လို့ခေါ်တဲ့ အသားချင်းထိတာကို
မကြိုက်တဲ့ လူတွေတောင်
ကိုယ့်ချစ်သူဆီက အယုအယ၊
အနမ်းလေးတစ်ပွင့်နဲ့ ပွေ့ဖက်တာကို
လိုချင်တတ်ကြတယ်။
တကယ်ချစ်တယ်ဆိုရင်
တစ်ဖက်လူကို ကိုယ်တကယ်ချစ်ပါတယ်ဆိုတဲ့
ခံစားချက်ကို သူတို့ ခံစားမိတဲ့အထိ ချစ်စေချင်တယ်။
ကိုယ် ပျော်ရွှင်ရုံသက်သက်
ချစ်နိုင်တယ်ဆိုတာ တကယ် အချစ်မဟုတ်တော့ဘူး။
ကဲ.. ကိုယ့်ချစ်သူကရော ဘယ်လိုချစ်ပေးတာကို
ကြိုက်တဲ့ပုံစံမျိုးလဲ ဖြေခဲ့ကြပါအုံး။
#𝑺𝒉𝒘𝒆𝑵𝒐𝒕𝒆
#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်
❝ သောကနဲ့အတူ ယှဉ်တွဲနေထိုင်တတ်ခြင်း ❞
ကိုယ် အရမ်းအလေးထားတဲ့လူတစ်ယောက်
ကိုယ့်အပေါ် ချစ်ပေး ဂရုစိုက်ပေးတဲ့လူတစ်ယောက်
သူဟာ ကိုယ့်အတွက် မရှိမဖြစ်တဲ့လူတစ်ယောက်။
အဲလို လူတစ်ယောက်က ကိုယ့်ကိုထားပြီး
ရုတ်တရက်ကြီး ပျောက်ကွယ်သွားတာ၊
လောကကြီးကနေ ထွက်သွားတဲ့အခါမျိုးမှာဆိုရင်
ကိုယ့်စိတ်မှာ ဘယ်လိုခံစားရလဲ။
သေချာတယ် ရင်ထဲမှာ
အောင့်သက်သက် ဟာတာတာနဲ့
ဖြေမဆည်နိုင်အောင် ရှိုက်ကြီးတငင်ဖြစ်ကြမှာပဲ
တစ်သက်လုံး မကျဖူးတဲ့ မျက်ရည်တွေတောင်
အဲဒီလူတစ်ယောက်အတွက်ကြောင့်
မျက်ရည်ခမ်းလောက်အောင် ကျမိမှာပဲ။
ဆိုတော့ အဲဒါ ဘာဖြစ်လို့ ဖြစ်တာလဲဆိုပြီး
တွေးဖူးလား၊ ဆုံးရှုံးသွားတဲ့ လူတစ်ယောက်က
ကိုယ် ချစ်ခင်ရတဲ့ လူမဟုတ်နေရင်ရော..
ဒီလို ဝမ်းနည်းမှု၊ ပူဆွေးမှု၊ စသဖြင့်
ဒီလိုမျိုး သောကတွေ မဖြစ်တော့ဘူးလား။
ဘာလို့ ဒီလိုဖြစ်ရတာလဲဆိုရင်တော့
ကျွန်တော်တို့ရဲ့ ဦးနှောက်ကြောင့်ပဲလို့ ဆိုရမယ်။
ကျွန်တော်တို့ ဦးနှောက်ဟာ
ကိုယ် ချစ်ခင်ရတဲ့ လူတစ်ယောက်ကို
ဆုံးရှုံးလိုက်ရပြီလို့ သတင်းကြားတဲ့အခါမှာ
ခန္ဓာကိုယ်ထဲက ဇီဝဓာတု (Biochemistry)
ဖြစ်စဉ်ဟာ အပြောင်းအလဲ ဖြစ်သွားပါတယ်။
ကိုယ် ဆုံးရှုံးလိုက်ရတဲ့သာက
ကိုယ်နဲ့ သံယောဇဥ်မရှိဘူး၊ မချစ်ခင်ဘူးဆိုရင်
ခုနက ပြောတဲ့ ဇီဝဓာတုဖြစ်စဉ်ဟာ
သိပ်ပြီး အပြောင်းအလဲ မဖြစ်စေဘူး။
အဲဒီ ဇီဝဓာတု အပြောင်းအလဲကြောင့်
ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ နဂိုပုံမှန်လို
မဟုတ်နေတော့ဘဲ အစားပျက်တာ၊
အိပ်ရေးပျက်တာ၊ မောတာ၊ ချွေးစေးပြန်တာ၊
နှလုံးခုန်နှုန်း မူမမှန်တာမျိုးတွေကို ကြုံရစေတယ်။
နောက်တစ်ခုက ဆုံးရှုံးမှုကြောင့်
ကျွန်တော်တို့ စိတ်ထဲမှာ ဖြစ်နေတဲ့သောကတွေဟာ
ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်ကိုပါ ထိပါးစေတာပဲ၊
ဦးနှောက်အထဲမှာ ရှိတဲ့ Forntal ဆိုတဲ့
အာရုံကြော အစိတ်အပိုင်းကို သွားထိတာမို့
ခဏခဏ မေ့တာ၊ သတိရဖို့အတွက်ဆိုရင်
အားယူပြီး စဉ်းစားရတာမျိုးတွေ ဖြစ်တတ်တယ်။
ဒါဆို သောကတွေကို ရင်ဆိုင်မလဲ..?
အကောင်းဆုံးသော ဖြေရှင်းနည်းကတော့
စိတ်သောကတွေနဲ့ အတူယှဉ်တွဲပြီး
နေထိုင်တတ်အောင်၊ ကျင့်သားရအောင် နေဖို့ပါ။
ဒီနည်းလမ်းက နာကျင်မှု (Pain) တွေကို
အပြီးတိုင် ဖယ်ရှားလိုက်တဲ့နည်းမဟုတ်ဘဲ
Suffering လို့ခေါ်တဲ့ ဒုက္ခတွေကြားမှာ
အဆင်ပြေအောင် နေတာပဲ ဖြစ်ပါတယ်။
စိတ်နာကျင်စရာတွေကို နာစရာလို့
အသိအမှတ်ပြုပြီး စိတ်ထဲမှာ လက်ခံနိုင်ရင်
စိတ်ဆင်းရဲခြင်းကို
တစ်ဝက်နီးပါးသက်သာစေတယ်။
လူတော်တော်များများက
နာကျင်တာကို ပျောက်ကင်းအောင်ဆိုပြီး
ကိုယ်နဲ့ လက်လှမ်းမမီတဲ့ ဝေးလွန်းတဲ့အရာတွေကို
တွေးပြီး ထွက်ပေါက်အမှားတွေ ရှာတာမျိုးတွေ
လုပ်တတ်ကြတယ်၊ တကယ်တမ်း ပထမဆုံး
ကြိုးစားလုပ်ကိုင်ရမှာကတော့ အရင်ကလို
အအိပ်မှန်၊ အစားမှန်ဖြစ်အောင်
ပြန် ကြိုးစားရပါမယ်။
သောကကြောင့် ပြောင်းလဲသွားတဲ့
ခန္ဓာကိုယ်ထဲက ဇီဝဓာတုဖြစ်စဉ်ကို
ပုံမှန် လည်ပတ်နိုင်အောင် ခန္ဓာကိုယ်ကို
အာဟာရ ပြန်လည် ဖြည့်တင်းဖို့ လိုပါမယ်။
ခန္ဓာကိုယ်ထဲမှာ Stress Hormone တွေ
ပြန်ထွက်လာပြီး စိတ်ဖိစီးမှုတွေ ပိုပြီးတော့
ဖြစ်စေပါတယ်။
မြတ်ဗုဒ္ဓက ဟောခဲ့ဖူးပါတယ်။
“ စိတ်ချမ်းသာမှု အစစ်ဟာ
စိတ်ဒုက္ခတွေကို ရှောင်လွှဲတာမျိုးမဟုတ်ဘဲ
အဲဒီစိတ်သောကတွေကြားမှာ
နေသားကျအောင် ပွေ့ဖက်နေနိုင်တာဟာ
စိတ်ချမ်းသာမှု စစ်စစ်ပါ ” တဲ့။
ဒါ့ကြောင့်မို့ အကြောင်းအမျိုးမျိုးကြောင့်
စိတ်သောကတွေ ကြုံရ ရင်ဆိုင်ရတဲ့အခါ
ကိုယ့်သောကဟာ အချိန်တန်ရင်
ပြေလည်သွားမယ်ဆိုတဲ့ မမြဲတဲ့သဘောတရားကို
နှလုံးသွင်းပြီး ရင်ဆိုင်တတ်အောင် ကြိုးစားရပါလိမ့်မယ်။
#𝑺𝒉𝒘𝒆𝑵𝒐𝒕𝒆
#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်
If you want to grow your brain level, read ShweNote.
❝ အာရုံတွေ ဘယ်ရောက်နေလဲ ❞
ခေတ်တွေ စနစ်တွေ
ပြောင်းလာတာနဲ့အမျှ
မြို့ပြတွေ၊ ကျေးလက်တွေက
တဖြည်းဖြည်းပြောင်းလဲလာတယ်။
နေရာတိုင်း သွားချင်စရာ၊
စားစရာတိုင်းကလဲ မငြင်းနိုင်စရာ၊
အဝတ်အစားဆိုလဲ မြင်သမျှက
လိုချင်စရာချည်းပဲ။
ဒီတော့... လူတွေက
ဘာဖြစ်လာလဲဆိုရင်
ခေတ်ရဲ့သားကောင်၊
ခေတ်ရဲ့ စေခိုင်းရာ၊ ကျရာဇာတ်ရုပ်နဲ့
ရှင်သန် သရုပ်ဆောင်နေရင်း
ပင်ပန်းလာတယ်။
ကြာလာတော့ အာရုံတွေနောက်၊
အာရုံတွေ ထွေပြားပြီး
ကိုယ်တကယ် အာရုံစိုက်ရမဲ့အရာတွေလုပ်ဖို့
ပျက်ကွက်လာကြတော့တာပဲ။
ဒါကို Stolen Focus လို့ခေါ်တယ်။
ကိုယ့်အာရုံကို တခြားအရာတွေက
လာလာခိုးယူနေတဲ့ သဘောပေါ့ဗျာ။
အလုပ်လုပ်မလုပ်ခင်
“ခဏလေး” ဆိုပြီး ဖုန်းပွတ်လိုက်တာ
နေ့တပိုင်းကျိုးသွားတာမျိုး...
စာလုပ်နေရင်း Noti ဝင်လာလို့
ဖုန်းယူကြည့်ရင်းကနေ
ညည့်နက်သန်းခေါင် ဖြစ်သွားတာတို့...
နောက်ဆုံးပေါ် ပစ္စည်းတွေမှာ
အာရုံကျလို့ လိုချင်တပ်မက်စိတ်နဲ့
လုပ်မိလုပ်ရာ လျှောက်လုပ်မိတာတို့...
ဒါတွေအားလုံးက Stolen Focus ပဲဗျ။
ဒီလိုပြဿနာတွေ ကြုံနေရတယ်ဆိုရင်
ShweNote App ထဲက
Stolen Focus စာအုပ်ကို
သွားဖတ်ကြည့်လိုက်ပါ။
အာရုံမများတော့ဘဲ
လုပ်ရမဲ့ကိစ္စတွေပေါ်မှာ
သေချာ အာရုံစိုက်နိုင်အောင်
ဒီစာအုပ်လေးက
အဖြေရှာ ကုစားပေးပါလိမ့်မယ်။
စကားမစပ်...
မိတ်ဆွေရော ဘယ်လိုအရာတွေပေါ်
အာရုံများနေလဲ???
#စာဖတ်ခြင်းဖြင့်ဘဝကိုမြှင့်တင်ပါ
❝ကလေးရပြီးမှ ရင်ခုန်သံတွေ အေးစက်သွားပြီလား❞
ဇနီးမောင်နှံနှစ်ဦးအတွက် အရာအားလုံး
အသားကျနေတဲ့ဘဝထဲကို
ကလေးလေး တစ်ယောက်
ရောက်လာတဲ့အခါ ...
ပိုများလာတဲ့ တာဝန်ဝတ္တရားတွေကို
ဖေဖေနဲ့မေမေက
အညီအမျှခွဲဝေယူဖို့ ညှိနှိုင်းရတာ၊
တစ်ယောက်ကိုတစ်ယောက်
အရင်ကလောက် အချိန်မပေးနိုင်တော့တာ၊
သွေးသားပြောင်းလဲမှုကြောင့်
ခံစားမှုတွေ ပြင်းထန်လာတာ၊
ဒါမျိုးအခြေအနေတွေက
မလွဲမသွေ ကြုံလာရမဲ့အရာတွေပါ။
ဒီလို အဆင်မပြေမှုတွေကို
သေချာမကိုင်တွယ်နိုင်လို့
လမ်းခွဲလိုက်ကြတဲ့ စုံတွဲတွေလည်း
အများကြီးပါပဲ။
ဒါကြောင့် အိမ်ထောင်တစ်ခုမှာ
ကလေးလေး ရောက်လာတာက
ဘဝရဲ့ အကောင်းဆုံး
လက်ဆောင်တစ်ခု ဖြစ်သလို
အိမ်ထောင်ရေးပြိုကွဲစေနိုင်တဲ့
အကြောင်းရင်းတွေထဲက
တစ်ခုဆိုရင်လည်း မမှားပါဘူး။
တကယ်လို့ ကိုယ်က အခုအခြေအနေမှာ
ကလေးတစ်ယောက်ကလဲ ရနေပြီ၊
အိမ်ထောင်ရေး အဆင်မပြေမှုတွေကိုလဲ
ခံစားနေရတယ်၊
တစ်ယောက်နဲ့ တစ်ယောက်
အရင်လို နွေးထွေးမှုတွေ မရှိတော့ဘူး၊
တာဝန်ဝတ္တရားတွေကို တွပ်ကပ်နေကြတယ်၊
အရင်ကလို နှစ်ယောက်တစ်ဘဝ
ဟန်ချက်ညီမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို
ပြန်ပြီးရချင်တယ်ဆိုရင်...
ဒီနေ့လေ့လာရမဲ့
How Not to Hate Your Husband After Kids
စာအုပ်ကို မဖြစ်မနေ သွားဖတ်ပါ။
ဒီစာအုပ်မှာဆိုရင်
▪️ မိဘဖြစ်လာတဲ့အခါ ကြုံတွေ့ရတဲ့ပြဿနာတွေ
▪️ အဲဒီပြဿနာတွေကို ဖြေရှင်းနည်း
▪️ စာရေးသူကိုယ်တိုင် မိဘဖြစ်လာပြီးတဲ့နောက်
ကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့
▪️ အခက်အခဲတွေကြားမှာ ရယ်မောတတ်အောင်
ဘယ်လိုနေခဲ့လဲ ဆိုတာတွေကိုပါ လေ့လာရမှာပါ။
ဒီတော့... ကလေးရပြီးမှ
ရင်ခုန်သံတွေ အေးစက်နေတဲ့ဇနီးမောင်နှံတွေ
အခုပဲ သွားဖတ်လိုက်ပါဗျ။
အုပ်ရေ (၅၆၉) မြောက် စာအုပ်
How Not to Hate Your Husband After Kids
စာအုပ်ဖတ်ရန် လင့်ခ် - https://shwenoteebook.page.link/tz3n
𝑺𝒉𝒘𝒆𝑵𝒐𝒕𝒆 𝑨𝒑𝒑 ရဲ့ အသစ်ထွက်စာအုပ်တိုင်းကို
တစ်အုပ်မကျန်ဖတ်ချင်သူတွေအတွက်
S𝘂𝗯𝘀𝗰𝗿𝗶𝗽𝘁𝗶𝗼𝗻 အသေးစိတ်ကို
messenger မှာ စာပို့မေးမြန်းနိုင်သလို
𝟬𝟵𝟵𝟰𝟬𝟬𝟴𝟰𝟰𝟰𝟰 ကို ဖုန်းဆက်လို့ရပါတယ်။
#𝑺𝒉𝒘𝒆𝑵𝒐𝒕𝒆 #သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက် HateYourHusbandAfterKids
လေးလံတဲ့ ပစ္စည်းတစ်ခုခုကို
အကြာကြီး ထမ်းထားပြီးမှ
ရုတ်တရက် လွှတ်ချလိုက်မယ်ဆိုရင်
ခန္ဓာကိုယ်က ပေါ့ပါးနေသလိုမျိုး
စိတ်ထဲမှာ မျိုသိမ့်ထားတဲ့ အရာတွေကို
တင်းမထားဘဲ လွှတ်ချလိုက်မယ်ဆိုရင်
စိတ်ထဲမှာ ပေါ့ပါးလန်းဆန်းလာတယ်။
မွန်းကြပ်ပိတ်လှောင်မှုတွေကို လွှတ်ချလိုက်တော့
လွတ်လပ်ခြင်းကို ရရှိစေတယ်။
ထိုနည်းတူပဲ လေးလံဖိစီးနေတဲ့ စိတ်ဒုက္ခတွေကို
လွှတ်ချလိုက်တော့ ပေါ့ပါးပျော်ရွှင်ခြင်းကို
ရရှိစေတယ်။
ဒါ့ကြောင့် ဘဝမှာ တစ်စုံတစ်ခုကို
စွန့်လွှတ်တယ်၊ လက်လွှတ်တယ်ဆိုတာ
သိမ်မွေ့တဲ့ အနုပညာတစ်မျိုးပဲ။
ကျွန်တော်တို့ဘဝမှာ စိတ်ဖိစီးမှုတွေကို
တဖြည်းဖြည်း လျော့နည်းလာအောင်
လွှတ်ချဖို့ လိုအပ်တယ်။
ဘယ်သူကမှ စိတ်ဖိစီးမှု မရှိဘဲ
ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့
နေချင်ကြတာချည်းပဲ။
ဒါပေမဲ့ ဘဝဆိုတာ ပန်းခင်းတဲ့လမ်းမဟုတ်ဘူး၊
လေပြေသင်းနေမဲ့ ရှုခင်းဒေသမဟုတ်နေဘူး၊
မုန်တိုင်းကြားထဲမှာ ခရောင်းလမ်းကို
လျှောက်ချင် လျှောက်ကြရမှာပဲ။
ကိုယ် မျှော်လင့်ထားလို့ ဖြစ်စေ၊
မျှော်လင့်မထားဘဲနဲ့လည်း ဖြစ်စေ၊
ကိုယ် ကြုံရတဲ့ပြဿနာ၊ ကိုယ်ထမ်းထားရတဲ့ဝန်ဟာ
ခက်ခဲကောင်း ခက်ခဲနိုင်တယ်၊
ပြင်းထန်ကောင်း ပြင်းထန်နိုင်တယ်။
အဖြစ်အပျက်ဆိုးနဲ့ ကြုံရင်
စိတ်ဖိစီးမယ်၊ စိတ်ဓာတ်ကျမယ်၊
စိတ်ကို မမြင်ရတဲ့ လှိုင်းတွေက
အမျိုးမျိုး ရိုက်ခတ်ပါလိမ့်မယ်။
ဒါကြောင့်ပဲ လူဆိုတာ
စိတ်ဓာတ်ကျလိုက်၊
လမ်းပျောက်လိုက်၊
ပြန်ထလိုက်၊
ပြန်လဲလိုက်နဲ့ပဲ ဆက်ပြီးကြိုးစား ရှင်သန်နေကြရတာ။
ဒါဟာ သဘာ၀ပါပဲ။
ချိုလိုက်၊ ခါးလိုက်ဖြစ်နေမယ့်ဘ၀မှာ
စိတ်ဖိစီးမှုတွေကို ဘယ်လိုလက်ခံယူမလဲ၊
ဘယ်လိုလွှတ်ချမလဲဆိုတာ သိပ်ကိုအရေးကြီးတယ်။
ဒါ့ကြောင့်မို့ ကိုယ့်ကို ဖိစီးပင်ပန်းစေတဲ့
အရာတွေကိုလေးလေးလံလံ ထမ်းပိုးမထားနဲ့တော့။
ကိုယ့်ကို စိတ်ဖိစီးစေတဲ့ အရာတွေ၊
လူတွေကြောင့်နဲ့ ကိုယ့်ကိုယ်ကိုယ်
မွန်းကြပ် ပိတ်မလှောင်နဲ့တော့။
စိတ်ဖိစီးမှုတွေကို လွှတ်ချတတ်ဖို့ ကြိုးစားကြည့်ပါ။
စိတ်ဖိစီးမှု၊ စိုးရိမ်ပူပင်မှုတွေနဲ့
ကြုံနေရတဲ့ စာဖတ်သူတွေအတွက်
စာအုပ်ကောင်းတစ်အုပ်ကို တစ်ခါတည်း
ညွှန်းပေးလိုက်ပါတယ်။
ဒီစာအုပ်က Status Anxiety ဆိုတဲ့ စာအုပ်ပါ။
ဒီစာအုပ်ထဲမှာ လူတွေ ဖြစ်လေ့ရှိတဲ့ သိမ်ငယ်စိတ်
စိုးရိမ်ကြောင့်ကြစိတ်၊ စိတ်ဖိစီးမှုတွေကို
ဘယ်လိုကိုင်တွယ် ဖြေရှင်း ကျော်လွှားမလဲဆိုတာကို
အချက်အလက်နဲ့ တင်ပြထားပေးပါတယ်။
ShweNote ထဲမှာလဲ ဖတ်နိုင်ပါတယ်ခင်ဗျား။
#𝑺𝒉𝒘𝒆𝑵𝒐𝒕𝒆
#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်
တစ်ခါတုန်းကပေါ့ဗျာ....
ရွာတစ်ရွာမှာ စီးပွားတူ သူငယ်ချင်းနှစ်ယောက်ရှိတယ်တဲ့။ နှစ်ယောက်လုံးက မြင်းအငှားလိုက်တဲ့ လုပ်ငန်းကို လုပ်ကြတာဗျ။
သူတို့ပိုင်တာကလဲ တစ်ယောက်ကို မြင်းတစ်ကောင်စီပါပဲ။ အဲ... မြင်းတစ်ကောင်စီ ပိုင်တာခြင်း၊ မြင်းအငှားလိုက်တာခြင်း တူပေမဲ့ မတူတာက ဘာလဲဆိုတော့...
အဲဒီမြင်းတွေကို ပြောဆိုဆက်ဆံပုံပါ။
တစ်ယောက်က သူ့မြင်းကို မဝရေစာ မြောက်ခြောက်နဲ့ ရေငံလောက် တိုက်ပြီး နေပူမရှောင် မိုးရွာမရှောင် မနားတမ်း အလုပ်ခိုင်းတယ်တဲ့။
ဒါတင်ဘယ်ကမလဲ တချိန်လုံး ဆဲဆိုနေသေးတာဗျ။ စိတ်မထင်ရင် မထင်သလို ပြေးပြေးရိုက်တတ်သေးတယ်။ မြင်းခမျာ သူ့ပိုင်ရှင်ကို ကြောက်လိုက်တာမှ တုန်လို့...🥹
နောက်တစ်ယောက်ကတော့ သူ့မြင်းကို သူ့လုပ်ဖော်ကိုင်ဖက်လို သဘောထားပြီး ကောင်းပေ့ဆိုတဲ့မြက်တွေ ရှာရိတ်ကျွေးတယ်။ ခေါင်းလေးပွတ် ကျောလေးသပ်ပြီး "ဖေ့သားကြီး ပင်ပန်းနေပြီလား" "သားကြီးရေ အတူရုန်းရအောင်ကွာ" "သားရေ မင့်ဖို့ မြက်နုတွေပါလာတယ် အကြိုက်စားဟေ့" ဆိုပြီးတော့မှ ကောင်းကောင်းမွန်မွန်လဲ ဆက်ဆံတယ်တဲ့။ ရိုက်ဖို့နေနေသာသာ လက်နဲ့တောင်မရွယ်တဲ့ ပိုင်ရှင်မျိုးပေါ့ဗျာ။ ဒီတော့ သူ့မြင်းလေးကလဲ ဉာဉ်ကောင်းကောင်းနဲ့ အလုပ်လုပ်ပေးတော့ စီးပွားဖြစ်တာပေါ့။
တစ်နေ့တော့ သူငယ်ချင်းနှစ်ယောက် မြင်းကိုယ်စီ စီးပြီး ဟိုဘက်ရွာက အငှားခေါ်တဲ့ ရှင်ပြုပွဲဆီ ချီတက်ကြပါလေရောဗျို့။
တောအုပ်တစ်ခုကို အဖြတ်မှာ ကျားကြီးတစ်ကောင်ထွက်လာပြီး ရန်ပြုပါလေရောတဲ့ဗျာ။ 😱
မြင်းတွေက ကြောက်လန့်တကြား ထရပ်တော့ မြင်းပိုင်ရှင်တွေလဲ ဒလိမ့်ခေါက်ကွေး ပြုတ်ကျတော့တာပေါ့။
မြေကြီးပေါ် ပြုတ်ကျတော့ သူတို့လဲ ကျားရန်ကလွတ်အောင် အတင်းကာရော ပြေးမိပြေးရာ ထပြေးကြတယ်တဲ့။
အဲဒီမှာ...
ကောင်းကောင်းမွန်မွန် ဆက်ဆံခံရတဲ့ မြင်းက သူ့သခင်ဆီ တန်းနေအောင်ပြေးသွားပြီး ခြေနှစ်ချောင်း ညွတ်ပေးရင်း သခင် ကျောပေါ်တက်နိုင်အောင် လုပ်ပေးရှာတယ်။ သူ့သခင်လဲ အမြန်ပြေးတက်ပြီး ကျားရန်လွတ်ရာဆီ မြင်းကို ဒုန်းစိုင်းမောင်းပြေးသွားတော့တာပဲဗျာ။
ဟော... မြင်းကို ဆဲဆိုရိုက်နှက်နေတတ်တဲ့ သခင်ကလဲ ဟိုတစ်ယောက်တော့ သူ့မြင်းနဲ့ပြေးပြီဟ ဆိုပြီး သူလဲ သူ့မြင်းဆီ ခြေကုန်သုတ် အပြေးသွားတော့တာပေါ့။
သခင်ပြေးလာတာမြင်တဲ့ မြင်းလေးက သူ့သခင်က အရင်လိုပဲ သူ့ကိုပြေးရိုက်တယ်ထင်ပြီး တောအုပ်ထဲဝင်ပြေးပါတော့တယ်။
ဒီတော့ ပုံပြင်လေးရဲ့ အဆုံးသတ်မှာ ပါးစပ်ကြမ်းလက်ကြမ်းပြီး မညှာတာတတ်တဲ့ မြင်းပိုင်ရှင်ဟာ ကျားကိုက်ခံရပြီး သေရတော့တာပေါ့။
ကဲ... ပုံပြင်လေးကတော့ ဒါပါပဲခင်ဗျာ။😌
တိရိစ္ဆာန်တွေတောာင် ရက်စက်ကြမ်းကြုတ်၊ လူစိတ်မရှိတာကို လက်မခံဘူးဆိုရင် ကျွန်တော်တို့ လူချင်းချင်းက ပိုလို့တောင် လက်မခံကြဘူးပေါ့ဗျာ။
ဒါကြောင့်
▪️ကိုယ်အသာစီးရတိုင်း အနိုင်မကျင့်ပါနဲ့။
▪️နှုတ်ကြမ်းတာကို ဘယ်သူမှ မကြိုက်လို့ ရှောင်ပါ။
▪️ချိုသာယဉ်ကျေးခြင်းက ကိုယ့်ဖြစ်ချင်တာကို သိမ်းသွင်းနိုင်တဲ့ လ-က်န-က်တစ်ခုဆိုတာ အမြဲနားလည်ထားပါလို့... ပြောရင်းနဲ့မှ...
ဒီပုံပြင်ကနေ ရတဲ့ သင်ခန်းစာတစ်ခုလောက် ကော်မန့်မှာ ရေးခဲ့ပါဗျ။
#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the school
Telephone
Website
Address
No. 36(C), Sabel Myaing Chan Street, Yankin Township
Yangon
1111
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon
Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3
No. 9 Kan Street, Hlaing Township
Yangon, 11012
Enhancing educational and career opportunities for Myanmar youth since 2009.
Yangon, 1
The Official Page of Myanmar Internet Journal, which is the leading IT journal in Myanmar, focusing o
Yangon
တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ
Pansodan Road (Middle Block)
Yangon, 11182
ရန်ကုန်ကျောင်းခွဲများကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09942000120 09942000130 မော်လမြိုင်ကျောင်းခွဲကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09768148233 09978391056 ဘားအံကျောင်းခွဲကို ဆက်သွယ်...
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon
Education