
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from My Taste Ready Made Food and Household products, Grocers, Yangon.

Photos from My Taste Ready Made Food and Household products's post 03/08/2020

My Taste ကို အားပေးကြတဲ့ ညီအကိုမောင်နှမတွေကို ကျေးဇူးတင်ပါတယ် Covid ဖြစ် သင်္ကြန်ပြီးတည်းက ပို့စ်ထပ်မတင်ဖြစ်ပေမယ့် ဆက်တိုက် မှာနေကျ ဖောက်သည်တွေလဲအထူးကျေးဇူးတင်ပါတယ်
အခုတော့ မေမေတွေ အတွက် ကျောင်းဖွင့်ရင်အသုံးတည့်မယ့် စားစရာ အသစ်လေးနဲ့ ပုံမှန်ပို့စ်တွေပြန်လာပါပီနော် My Taste က တင်သမျှ စားစရာတွေ အကုန်လုံးကို ကိုယ်တိုင် အမျိုးစုံစမ်းသပ် မြည်းကြည့်ပီး စိတ်တိုင်းကျမှ တင်တာမို့်လို့ post တင်တာနှေးပေမယ့် quality နဲ့ အရသာကို ပြောစရာမလိုတာ အာမခံပါတယ်နော်
အခုကတော့ သားသားမီးမီးတွေ အကြိုက် Chicken Nugget လေးတွေနဲ့ မိတ်ဆက်ပေးလိုကိပါတယ် ဈေးကွက်ထဲမှာ တံဆိပ်အမျိုးမျိုး ဈေးအမျိုးမျိုးရှိပေမယ့် လက်ရှိတော့ My Taste က ဒီ တံဆိပ်လေးကို သဘောအကျဆုံးပဲ အသားအစစ်ကို ပေါင်မုန့်မှုန့် ကပ်ပြီးသား အဆင်သင့်ကြော်ရုံပဲဆိုတော့ မကြိုက်တဲ့ ကလေး ဘယ်မှာရှိမလဲနော် ။ အရိုးလုံးဝမပါတဲ့ ကြက်သားစစ်စစ် အချိုမှုန့်တွေ အရသာမှုန့်တွေမပါပဲ ကြက်သားရဲ့ မူလအရသာ သီးသန့်မို့ စိတ်ချလက်ချကျွေးနိုင်ပါတယ် အသင့်ကြော်ရုံပဲ ဆိုတော့ မေမေတို့လဲ မပင်ပန်းတော့ဘူး အရန်သင့်ကြော်ပြီးသားဆိုင်မှာဝယ်ကျွေးရင်လဲ ဆီမသန့်မှာ စိတ်ပူရဦးမယ် ဒါလေးဆို မေမေတို့ သုံးနေကျ ဆီသန့်နဲ့ ကြော်လိုက်ရုံပဲမို့လို့ မေမေတို့ အလုပ်ရှုပ်တာ အများကြီးသက်သာသွားပြီနော်။
My Taste က recommandation ပေးချင်တာက သူ့ကို ကြော်ခါနီး ၁၅/၂၀ မိနစ်လောက်မှ Freezer ထဲကထုတ်ပါ တခုချင်း ခွာလို့ရပြီဆိုတာနဲ့ မာနေတုန်းမှာ ခွာပြီး မီးအေးအေး ဆီများများနဲ့ မိနစ် ၂၀ လောက်ကြော်ပါ Freezer ကနေ အပြင်ရောက်တာ သိပ်ကြာသွားရင် ပေါင်မုန့်မှုန့်တွေကြွေကျတယ်ရှင့် သူက artificial တွေ မသုံးထားတော့ အကြမ်းသိပ်မခံဘူး။
ပုံထဲကပြထားသလို ရွှေဝါရောင်သန်းလာပြီး အပေါ်ယံလေးတင်းတင်းလေးကြွပ်လာပြီဆိုရပါပြီ နီရဲသွားတဲ့ အထိဆို မာဆတ်ဆတ်ဖြစ်သွားမယ်ရှင့် ခပ်မာမာမှ ကြိုက်တတ်တယ်ဆိုရင်တော့ နဲနဲ နီတဲ့ အထိကြော်လို့ရပါတယ်။
သူ့ချည်းပဲ ခလိန်းတို့စိတ်ကြိုက် အချဉ်ရည်နဲ့ တို့စားလဲ ရတယ်။ ကြော်ပီး ချိုချဉ်ကြော် ကုန်းဘောင်ကြော်လိုမျိုး ပြန်သုံးလဲ ရတော့ တမျိုးတည်းစားရတာပျင်းတတ်တဲ့ မိသားစုတွေ အတွက်လဲ အဆင်ပြေမယ်ထင်ပါတယ်။ My Taste မိသားစုကတော့ သူ့ချည်းကြော်တာကို ကြော်မလောက်ဖြစ်နေတုန်းပဲမို့ ချိုချဉ်တွေ ကုန်းဘောင်တွေ အလှည့်မရောက်သေးဘူးရှင့်။
Made in Thailand အစစ်ဖြစ်ပြီး တထုပ်ကို 1000 gm တောင်ပါတာမို့လို့ အကြီးကြီးပါနော်။ ဂရမ်နဲ့ချိန်ထားတာမို့ အတုံးရေ အတိအကျပြောမရပေမယ့် ၄၅/၅၀ ကြားလောက်ပါမယ်ထင်ရပါတယ်။ တမျိုးတည်းမဟုတ်ပဲ အမျိုးစုံလဲ လုပ်စားလို့ရတဲ့ တထုပ်ကိုမှ ၆၀၀၀ မို့လို့ အရမ်းကိုတန်ပါတယ်နော်။ ပုံလေးတွေ တပုံချင်းကြည့်ကြည့်ပါနော်။

20/04/2020

လောလောဆယ် အခြေအနေတွေ မတည်ငြိမ်လို့ ဧပြီလကုန်ထိ ခန ရပ်ထားရပါမယ်ရှင်
ရန်ကုန်မြို့တွင်း အော်ဒါကြီးတွေတော့ ကျမကိုယ်တိုင် ကြိုးစားပို့ပေးပါမယ် နယ်နဲ့ အိမ်သုံးအော်ဒါတွေကတော့ အရင်လို ပုံမှန်ပို့ပေးမယ့်သူတေ မရှိလို့ပါ
အားပေးကြတာကျေးဇူးပါ

07/04/2020

ဒီနေ့ကနေ ၂၀ ရက်နေ့အထိ ခန နားပါတယ်ရှင် အားလုံးပဲ Happy Myanmar New Year ပါ။ နှစ်သစ်မှာကျန်းကျန်းမာမာ အန္တရာယ်ကင်းကင်းနဲ့ပြန်တွေ့ကြပါမယ်။ My Taste ကိုအားပေးကြတာ ကျေးဇူးတင်ပါတယ်ရှင်။

Photos from My Taste Ready Made Food and Household products's post 16/03/2020

ဝူဟန်ကြောင့်လဲ ပစ္စည်းတေမပြတ်ပါဘူးနော် အရင်လိုပဲ တပတ်တခါ အော်ဒါကောက်ပေးနေပါတယ်လို့
ဒါက ကိုယ့်ဘာသာကိုယ်ကြော်စားဖြစ်တာလေးတေ ရှေ့နောက်သေချာမြင်ရအောင်တင်ပေးလိုက်တာပါ

Photos from My Taste Ready Made Food and Household products's post 05/03/2020

My Taste ကနေ ယိုးဒယား ဝက်သားချဉ်
ကြက်/ဝက် ဆိုက်ကော် အမျိုးမျိုး
ကြက်ကြာဆံချောင်း ဝက်ကြာဆံချောင်းတွေလဲ ရနိုင်ပါတယ်


ပို့စ်တွေ မတင်ဖြစ်တာကြာသွားတယ်။စီဘီကနေ မေးမြန်းစုံစမ်းပြီး အားပေးနေတဲ့ အမျိုးတွေကို အများကြီးကျေးဇူးတင်ပါတယ် ပစ္စည်းတွေက ရှိနေပါတယ် အသစ်တွေလဲရောက်ပါတယ် မအားတာနဲ့ မတင်ဖြစ်တာပါ ရှေ့မှာ တင်ထားတဲ့ ပစ္စည်းတွေလဲ အကုန်လုံး ရှိပါတယ်နော်။ တကယ်တော့ တင်စရာတွေ အရမ်းများလို့ ဘယ်ကစတင်ရမယ်မှန်းမသိတာလဲ ပါတယ်။ စဉ်းစားရင်း မအားရင်းနဲ့ အချိန်တွေကြာနေတာ။ ဒီတခါတော့ ဝက်သားနဲ့ပတ်သတ်တာလေး ခိုင့် အကြိုက်လေးတွေ ရွေးတင်ပေးချင်ပါတယ်။ လောလောဆယ် အရမ်းကို သဘောကျနေတာ page မှာ မတင်နိုင်လောက်အောင် အရင်စားနေတာ မလေးရှားက ဝက်မှိုလုံးလေးပါ။ အသားအရသာ အစစ်မို့ အလုံးလေးထဲ့ပြုတ်ထားတဲ့ အရည်ကပါပစ်ချင်စရာမရှိတာ။ သူက ဝက် မို့ တရုတ်လိုတွေရေးထားပါ Made in China လုံးဝ မဟုတ်ပါဘူးနော်။ စျေးလဲ တရုတ်ဖြစ်နဲ့ကွာပါတယ်။ ခေါက်ဆွဲပြုတ် ဆန်ပြုတ် လိုမျိုးတွေ အပြင် ခိုင်ကတော့ ပါးပါးလှီးပြီး အစိမ်းကြော်ကြော်စားတယ်။ ခေါက်ဆွဲကြော် ကြာဆံကြော်ကြော်စားလဲ ရပါတယ် အသားစိမ်းသိမ်းရတာထက် လွယ်တယ် ကြာရှည်ထားလို့ရတယ် အရသာလဲအရမ်းကောင်းတယ် ချက်ပြုတ် ပြင်ဆင်ရတာလဲ အရမ်းလွယ်ပါတယ် ။စုထားမိသလောက်ပုံလေးတွေ တင်သွားမယ်နော်။ သူက တထုပ်ကို ၆၅၀၀ ပါ။

Photos from My Taste Ready Made Food and Household products's post 28/11/2019

အလုံးစုံ လေးတွေ မေးတဲ့သူများလို့ ဒီတပတ် အော်ဒါပြန်ကောက်ပေးပါမယ်နော်။ ဒီ ပုံထဲကလို အမျိုးအစား အတိအကျတော့ တထပ်တည်းတူချင်မှ တူပါမယ် ပစ္စည်းအရည်အသွေး နဲ့ အမျိုးအစားတော့ မကွာစေရပါဘူးနော်။ စနေနေ့ည အော်ဒါပိတ်ပီး တနင်္ဂနွေနေ့ delivery ပို့ပေးပါမယ်။
အားပေးကြတဲ့ အမတို့ ညီမလေးတို့ကို ကျေးဇူးအထူးတင်ပါတယ်နော်။

Photos from My Taste Ready Made Food and Household products's post 06/11/2019

ခုတလော ခရီးထွက်တာရယ် ပြန်လာတော့ အလုပ်ကြွေးတွေ ပိနေတာရယ်နဲ့ ပို့စ်တောင် မတင်ဖြစ်ဘူး။ ပစ္စည်းအသစ်တွေ ထပ်ရောက်ပါတယ် Review လေးတွေ နောက်ရက် ထပ်တင်ပေးမယ်နော် လောလောဆယ် ပို့စ် အသစ်မတင်ပဲနဲ့ကို အားပေးနေတဲ့ regular customers တွေကိုကျေးဇူးတင်ပါတယ်လို့။ ဂုတ်သားကင် နဲ့ Cheese chicken sausage အပတ်တိုင်းအားပေးတဲ့ မကေ Kay Thwe Phyu. ငါးဥလုံးတွေ နဲ့ Cheese sausage တွေ အမြဲအားပေးတဲ့ Zin Mar Lwin, တခါမှာရင် အထုတ်ကြီးတထုတ်စာ အစုံ ပလုံ အားပေးတဲ့ Ya Min Aye မာလာအနှစ်ထုတ်တွေ ပုံမှန်မှာစားတဲ့ မမြတ် Aye Myat Aye တို့ကနေပီး အခုလက်ရှိ အများကြီးအားပေးတဲ့ hot pot ဆိုင်တွေကိုရော တခြား customers တွေကိုပါ ကျေးဇူးတင်ပါတယ်။ ဒီတခါတော့ အခု တလော အမေးများအယူများနေတဲ့ PFP တံဆိပ်ထဲက ပစ္စည်းတွေနဲ့ ဈေးနှုန်းတွေ တင်ပေးလိုက်ပါတယ်နော်။

အရင်လိုပဲ တပတ်လုံးအော်ဒါကောက်ပေးနေပါတယ်နော်။ စနေ တနင်္ဂနွေတွေကို deli ပို့ပေးပါတယ်။

Photos from My Taste Ready Made Food and Household products's post 11/09/2019

ဒီတပတ်ကတော့ အရင်ပို့စ်တင်ထားတဲ့ အထဲက မှာနေတဲ့ အော်ဒါတွေ ပို့နေတာတင် ပို့စ်အသစ်မတင်ဖြစ်လိုက်ဘူး။ အခုတော့ ပစ္စည်းအသစ်လေးတွေရောက်လို့ အမြည်းစားကြည့်ပြီး review လေးတင်လိုက်ပါတယ်။
မြည်းကြည့်တာ သုံးမျိုးပါ။

AFM က ထုတ်တဲ့ ကြက်သားချဉ်။ သူက အစပ်နံ့ လေး နဲနဲပါတယ် အရမ်းစပ်ထဲအထဲမပါဘူး။ ကြက်သားချဉ်ဆိုပေမယ့် အချဉ်လဲ မပြင်းဘူး။ ငရုတ်သီးစိမ်း အရသာပါးပါးလေးနဲ့ အချဉ်ပြေပြေလေးကြိုက်တတ်ရင် သဘောကျမယ့်ဟာလေးပါ။ ဈေးနဲ့ နာမယ်နဲ့ကို ရောမှာစိုးလို့ပုံအောက်မှာရေးထားပေးပါတယ်နော်။
AFM ကြက်ဆာတေး။ သူက တုတ်လေးထိုးပြီးသားလေး။ ငရုတ်ကောင်း အရသာနဲ့ ကြက်ဆာတေး ချိုချိုလေးမို့ ဝက်မစားတဲ့ ဆာတေး သမားတွေ အဆင်ပြေပြီပေါ့။
နောက်ဆုံးတခုကလဲ ကြက်ပါပဲ။ သူကတော့ ကြက်အူချောင်းချိစ်။ အထဲက ချိစ် အဖြူနဲ့။ အခုတလော ကလေးတွေ အရမ်းကြိုက်ကြလို့ အားပေးကြမ်းနေတဲ့ AFM cheese sausage အစိမ်းပုံစံမျိုးပဲ ဒါပေမယ့် သူက ချိစ် အဖြူ။ အစိမ်းထုပ်တက ချိစ် အဝါ။ တမျိုးစီ ကောင်းပါတယ်။
နောက် ပို့စ်တခုကျမှ bad review တခုရေးပေးမယ်နော်။

ထုံးစံအတိုင်း တပတ်အော်ဒါကောက်ပြီး စနေည delivery နဲ့ပို့ပေးပါမယ်နော်။ ပစ္စည်းအသစ်ရောက်တာတွေရော အရင်တင်ထားတဲ့ အသားလုံးတွေရော မှာလို့ရပါတယ်။

Photos from My Taste Ready Made Food and Household products's post 31/08/2019

တနေကုန် ပစ္စည်းတွေသွားယူ Deli အပ် တချို့နီးတဲ့ အသိမိတ်ဆွေလဲ ကိုယ်တိုင်သွားပို့ ဒီနေ့ထပ်မှာတဲ့ ပစ္စည်းတွေ ပို့ဖို့ ထပ်ခွဲ အားလုံးပြီးတော့ မောတာနဲ့ ကိုယ့်အလုံးလေးတွေ ကိုယ်ကြော်ပြီး မြည်းနေပါပြီနော်။ ဒီအလုံးတွေက ရေနွေးပွက်ပွက်ဆူနဲနဲထဲကို ခနလေးထဲ့ပြုတ်ပီး ဆီလေးပါလေကာနဲ့ လှိမ့်ကြော်တာပိုမြန်တယ်။ ခုနပြုတ်ထားတဲ့ ရေနွေးကလဲ ပင်လယ်စာပြုတ်နံ့ မွှေးကျန်ခဲ့တော့ ဟင်းချိုတို့ ခေါက်ဆွဲပြုတ်တို့ပြန်သုံးလို့ရသေးတယ်။
လမ်းဘေးမှာ ဘာမှန်းမသိတဲ့ အလုံးတွေကို ဘယ်နှပြန်ကြော်ထားမှန်းမသိတဲ့ ဆီတွနဲ့ ကြော်ထားတာ ဝယ်မစားတော့ဘူး ကိုယ့် ဘာသာ ပဲဆီစစ်စစ်လေးနဲနဲလေးနဲ့ လှိမ့်ပြီး စိတ်ကြိုက်စားရတာပိုမိုက်တယ်လို့။ မယုံရင် မြည်းကြည့်ပါလို့ နော်။

Photos from My Taste Ready Made Food and Household products's post 31/08/2019

ဒီနေ့ အလုံးစုံ အော်ဒါတွေ ပို့ပေးလိုက်ပါပြီနော်။ အားပေးကြမ်းလို့ ကင်းမွန်ငါးဥလုံးရော ချိစ်တို့ဖူးရော ပစ္စည်းပါပြတ်ကုန်လို့ ဒီနေ့ ထပ်မှာတဲ့ ဘူးတွေကို ငါးလုံး ငါးဥရယ် ငါးတိုဖူးချိစ်ရယ်နဲ့ အစားထိုးပေးထားပါတယ်လို့
အားလုံးဖဲ စားကောင်းကြပါစေနော်။

Photos from My Taste Ready Made Food and Household products's post 27/08/2019

အိမ်မှာ မာလာရှမ်းကောချက်စားရင် ပင်​လယ်​စာအလုံး​တွေကို များများစားချင်တဲ့ သူ​တွေ အတွက်​ရယ်​။

နောက်​ အိမ်​က သားသားမီးမီး တို့အတွက်​ အလွယ်​တကူ ထမင်းနဲ့ပဲ ဖြစ်​ဖြစ်​ သွားရည်​စာအဖြစ်​ ပဲ ဖြစ်​ဖြစ်​ သန့်​ရှင်းလတ်ဆတ်တဲ့ ကွာလတီ ပစ္စည်း​လေး​တွေ ကို အလွယ်​တကူ ​ကြော်​​ကျွေးလိုရပြီနော်။

ဒီ ပင်​လယ်​စာထဲက ဘယ်​ဟာ​လေး​တွေ ကို ပိုကြိုက်​လဲလို့ မြည်းကြည့်ပြီး ထပ်​မှာချင်ရင်လဲ ရ​အောင်​ ပင်​လယ်​စာအစုံအထုပ်​​လေး​တွေ ထုပ်​​ရောင်း​ပေးချင်ပါတယ်​ ။

အရသာက ကိုယ်​တိုင်​စားကြည့်​ပြီးမှ ကြိုက်​တဲ့ ပင်​လယ်​စာ​လေးတွေပဲ collection လုပ်​ပြီး ထုပ်​ထားပါတယ်​ ။

အလွယ်​တကူ စားလို့ လည်းလွယ်​တယ်​ ။ ​ရေခဲ​သေတ္တာထဲမှာ ထဲ့ ပြီးသိမ်းထားလို့လည်း ရတဲ့ပင်​လယ်​စာ အစုံ အထုပ်လေးတွေက မာလာရှမ်းကော အနှစ်တော့ မပါဘူး။ တထုပ်မှ ၆၀၀၀ ပဲနော်။ အထုပ်ကြီးတထုပ်စာဈေး နဲ့ အသားလုံး အစုံ စားရမှာနော်။

အပတ်တိုင်း သောကြာနေ့အထိ အော်ဒါလက်ခံပြီး စနေည နောက်ဆုံးထားပြီး delivery နဲ့ပို့ပေးပါမယ်နော်။

Photos from My Taste Ready Made Food and Household products's post 27/08/2019

ယိုးဒယား ဝက်ဂုတ်သားကင်ဘယ်သူကြိုက်လဲဟင်။ ခိုင်တော့ အဲ့ အကင်လေးက ချိုချို အိအိလေးမို့ အပြင်ထွက်တိုင်း စားဖြစ်တယ်။ မြည်းလို့အရမ်းကောင်းတာ။ တခုပဲ တချို့ဆိုင်တွေမှာ ဂုတ်သားအစစ်မဟုတ်ပဲ အသားစက သတ်သတ် အဆီတွေက သတ်သတ်နဲ့ဖြစ်နေတာ။ ကြုံဖူးကြလားဟင်။ တော်တော်စိတ်ညစ်ရတယ်။ ကိုယ့် ဘာသာကိုယ် ဝယ်ကင်စားမယ်လုပ်တော့လဲ ၅၂ ချောင်းတောင်။ မုန်းကုန်မှာ စိုးရတယ်။ အဲ့တော့ ကိုယ့်ဘာသာလဲ စားရင်း ၁၀ ချောင်းစီ ထုပ်ရောင်းမယ်လေ။ တချောင်းငါးရာ နဲ့ပဲ ဆယ်ချောင်း ၅၀၀၀ တည်းပဲနော်။ အိမ်မှာ gas မီးဖိုပေါ်မှာ grilled အပြားလေးနဲ့ မီးအေးအေးနဲ့ပဲကင်ကင် oven ထဲပဲ ထည့်ထည့် Microwave ထဲမှာ ပန်းကန်လုံးလေးအုပ်ပြီး ဖြေးဖြေးချင်းကင်ကင် အဆင်ပြေတယ်နော်။ အခုတခေါက် non stick pan ထဲမှာ မီးအေးအေးနဲ့ လှိမ့်ပြီးကင်ကြည့်တာလဲ အလုပ်ဖြစ်တယ်။ အကင်ဆိုပြီး ခက်ခက် ခဲခဲတွေ လုပ်နေစရာမလိုတော့ဘူးပေါ့။

အပတ်တိုင်း သောကြာနေ့အထိ အော်ဒါလက်ခံပြီး စနေည နောက်ဆုံးထားပြီး delivery နဲ့ပို့ပေးပါမယ်နော်။

Photos from My Taste Ready Made Food and Household products's post 27/08/2019

ချစ်မတို့ ညလေးတို့

မာလာရှမ်းကောဆိုင်သွားစားတိုင်း အရွက်ဖိုးတွေ ရေစိမ်ဖိုးတွေ ပေးရတာ မတန်ဖူးလို့ ခံစားနေရလား။ မသွားပြန်ရင်လဲ သူ့ထဲက အသားလုံးတွေက ဘယ်ကရှာရမှန်းမသိဘူးလေ။
အခု My Taste မှာ ရပြီဆိုတော့လဲ အထုပ်က အကြီးကြီးတွေ။ တထုပ်ဝယ်ပြီး တမျိုးတည်းစားရတာလဲ မမိုက်ဘူး။ နှစ်မျိုး သုံးမျိုးဝယ်တော့လဲ မကုန်နိုင်တော့ဘူး။
မပူပါနဲ့တော့နော်။ My Taste ရဲ့ ကွာလတီကောင်းတဲ့ premium အသားလုံးတွေကို နဲနဲစီ အစုံထဲ့ပေးပြီး မာလာရှမ်းကော အနှစ်ထုပ်လေးပါ ပါတဲ့ အသင့်စား အလုံးစုံ အထုပ်လေးတွေ ထုပ်ပေးနေပါပြီ။ အားလုံးကို My Taste မှာ တင်တဲ့ တံဆိပ်တွေထဲကပဲ ခွဲပေးထားတာမို့လို့ အရသာရော အရည်အသွေးနဲ့ လတ်ဆတ်မှုကိုရော လုံးဝ အာမခံပါတယ်။
ရေစိမ်ထဲက ခေါက်ဆွဲ နှစ်မျိုး မှိုခြောက်နှစ်မျိုးနဲ့ ကြာစွယ်လဲ ထည့်ပေးထားတယ်။ ကိုယ်ကြိုက်တဲ့ အသား ငါး ပုဇွန် နဲ့ အသီးအရွက် တွေ လိုချင်သလောက်ပဲ ဝယ်ပြီးထပ်ထည့်ချက်လိုက်ရုံပါပဲ။ Hi မာလာရှမ်းကော အနှစ်အထုပ်သေးတထုပ် နဲ့ ငရုပ်သီးခြောက်ပါတော့ ချစ်မတို့ ညလေးတို့ ထပ်ထည့်တဲ့ အသီးအရွက်ပေါ် မူတည်ပြီး မိသားစု သုံးယောက်ကနေ လေးငါးယောက် အေးဆေးစားလို့ရပြီပေါ့။

ဒီ အလုံးစုံ လေးတွေ ထည့်ဖို့ကိုလဲ သဘာဝပတ်ဝန်းကျင်မပျက်စီးဖို့ ဖော့ဗန်းအစား ကွမ်းသီးဖတ်နဲ့လုပ်ထားတဲ့ ဗန်းလေးတွေပဲ သုံးထားပြီး ပလတ်စတစ်ကိုလဲ အတတ်နိုင်ဆုံးလျှော့သုံးထားပါတယ်နော်။

ဒီဗန်းလေး တဗန်းကိုမှ ၁၂၀၀၀ ပဲ ကျမှာမို့လို့ စနေတနင်္ဂနွေ မိသားစု စပါယ်ရှယ်ချက်စားဖို့ CB ကိုသာလာခဲ့လိုက်ပါတော့နော်။

အပတ်တိုင်း သောကြာနေ့အထိ အော်ဒါလက်ခံပြီး စနေည နောက်ဆုံးထားပြီး delivery နဲ့ပို့ပေးပါမယ်နော်။

Photos from My Taste Ready Made Food and Household products's post 27/08/2019

ခနခနအမေးခံရတဲ့ မေးခွန်းက မာလာရှမ်းကောထဲက ငါးဥလုံးတွေ ဘယ်မှာဝယ်ရမလဲတဲ့။
တော်ရုံဆိုင်တွေမှာလဲ မရ၊ တွေ့တာတွေကလဲ ဘယ်ကလုပ်တဲ့ ဘာတံဆိပ်တွေမှန်းမသိဖြစ်နေလို့ မစားရဲဖြစ်နေရင် My Taste ကို သတိရလိုက်ပါနော်။
My Taste မှာ premium အသားလုံးတွေ အစုံရှိပါတယ်။ Premium တံဆိပ် မို့ နာမယ်ကို online မှာ ရှာလို့လဲရပါတယ်နော်။

လောလောဆယ် လူကြိုက်များတဲ့ အမေးများတဲ့ မာလာရှမ်းကော ထဲ ထည့်စားတဲ့ အထဲကမှ ကိုယ်တိုင်မြည်းကြည့်ပြီး ကြိုက်တာသေချာတဲ့ အလုံးလေးတွေ အရင် တင်ပေးလိုက်ပါတယ်။

ဈေးကို တပုံချင်းစီအောက်မှာရေးပေးထားပါတယ်နော်။ စိတ်ဝင်စားတာလေးတွေရှိရင် CB မှာ လာမေးလိုက်ပါနော်။ ကွာလတီပစ္စည်းအစစ်ဖြစ်တာ အာမခံပါတယ်။
စနေနေ့ညတိုင်းကိုအိမ်အရောက် ပို့ပေးနေပါပြီ။

Photos from My Taste Ready Made Food and Household products's post 11/08/2019

မတ်မတ်တို့ ညလေးတို့ ( ချစ်တို့လို့ မခေါ်ရဲတော့ဘူး စမီးလဲကြောက်ဆယ် ခိခိ)

ဒီတပတ်တော့ ကိုယ်တိုင်စိတ်ကြိုက်ချက်စားဖို့ ကွေ့တီယိုအနှစ်ထုတ်လေးတွေ ညွှန်းချင်ပါတယ်လို့

အထုပ်က ကွေ့တီယိုအတွက် ဟင်းခတ်အမွှေးအကြိုင်နဲ့ သတ်သတ်လွတ် soup base ပါ။ အစိမ်းထုပ်လေးက အနောက်ရည်။ လိမ္မော်ရောင်က အနောက်ရည် ဒါပေမယ့် သူက အမှုန့် ။ အပြာလေးကတော့ ကွေ့တီယိုဟင်းရည် အကြည်အတွက်ပါ။ အထုပ်တွေမှာ ချက်ပြုတ်နည်း recipe လေးတွေလဲပါပါတယ်။

ဒါလေးတွေက လွယ်လွယ်ကူကူ ချက်စားလို့ရပြီး တကယ့် ထိုင်းအရသာ အစစ်လဲသေချာပေါက်ရမှာပါနော်။ နောက်ဆုံး သူ့ ချက်နည်းတွေအတိုင်းမဟုတ်ရင်တောင် ရေနွေးထဲကို soup base လေးခတ် အသားလုံးလေး အိမ်မှာရှိတဲ့ အသားလေး ငါး ပုဇွန်လေး ရရာခတ် ကန်စွန်းရွက်ဖြစ်ဖြစ် ပဲပင်ပေါက်ဖြစ်ဖြစ် ရှိတဲ့ အသီးအရွက်လေးပစ်ထဲ့ရင်ကိုပဲ ခေါက်ဆွဲလေး ပစ်ထဲ့ရင်ကိုပဲ အရသာရှိတဲ့ ကွေ့တီယို တပွဲရနေပါပီ။ ခိုင်ကတော့ တပွဲစာလေး ထချက်စားပြီး ပိုတဲ့အနှစ်ကို ဘူးထဲထည့်ပီး ရေခဲသေတ္တာထဲထည့်ထားတယ်။ ထိုင်းအရသာ စစ်စစ်ရမယ့် အပြင် အရည်ထုပ်တွေက တထုပ်ကို ပွဲ ၅၀ စာမို့လို့ ဈေးလဲ အရမ်းတန် တွက်ခြေလဲတအားကိုက်တယ်နော်။
တွဲစားဖို့ ကွေ့တီယို ခေါက်ဆွဲခြောက်လဲ ရမယ် သက်လား။

အသားလုံးတွေလဲ အစုံရှိတယ်နော်။ Sis တို့လိုချင်တာကို CB ကနေသာလှမ်းပြောလိုက်ပါ။ Delivery နဲ့ အိမ်အရောက်ပို့ပေးမှာနော်။

Photos from My Taste Ready Made Food and Household products's post 05/08/2019

ချစ်တို့ရေ မာလာရှမ်းကော ကြိုက်ကြတယ် ဟုတ်?

ခိုင်လဲ ကြိုက်တယ်။ Spicy House က member card ပါရထားတဲ့ top fan ပါ။ အခြား ကောင်းကောင်းတို့ Mala wok တို့ Chili Pot တို့ ဆိုင်တွေလဲ အစုံစားဖြစ်တယ်။ ဒါပေမယ့် တခါတလေ ကိုယ့်ဘာသာကိုယ် အိမ်မှာ စိတ်ကြိုက်လုပ်စားချင်သေးတဲ့အချိန်မျိုးက ရှိကြတာပဲမဟုတ်လား။
အဲ့ဒီအခါကျရင် Hi ကို သတိရလိုက်ပါနော်။ My Taste page လေးမှာ ယိုးဒယား စင်္ကာပူနဲ့ မလေးရှား မိတ် သန့်ရှင်းလတ်ဆတ် ပီးစိတ်ချရတဲ့ ပစ္စည်းတွေပဲတင်ပါတယ် တရုတ် ပစ္စည်းမပါသလောက်ရှားပါတယ် ဒီ Hi မာလာရှမ်းကော အနှစ်လေးကတော့ အဆန့်အတန်းမှီတဲ့ တရုတ်ပစ္စည်းပါ။ အရည်အသွေးရော အရသာရော အရမ်းကောင်းလို့တင်ထားတာပါ။ ဈေးနှုန်းကလဲ တထုပ်မှ ၄၀၀၀ တည်းနော်။ Spicy House အရသာမျိုးနီးပါးကိုရပါတယ်။ အထုပ်တထုပ်မှာ အထုပ်သေးနှစ်ထုပ်နဲ့ ငရုတ်သီးခြောက်တထုပ်ပါပါတယ်။ ကိုယ်စိတ်ကြိုက် ပြင်ဆင်ပြီးစားလို့ရပီနော်။
မာလာရှမ်းကော မချက်ဖူးသေးတဲ့သူတွေ အတွက်လဲ ချက်နည်းလေး ရေးပေးမယ်နော်။

ချစ်တို့ ကြိုက်တဲ့ အသားလုံး အသားလွှာ ဟင်းသီးဟင်းရွက်တွေ အားလုံးပြင်ပြီးရင် ရေနွေးဆူဆူထဲကို အသားတွေ အရင်ထဲ့ပြီး ခနလေးထားပြီး ပြန်ဆယ်ပါ။ နောက် အရွက်တွေ ထဲ့ပီး ဆယ်ပါ။ ဒယ်အိုး ကြီးကြီးထဲမှာ မာလာနှစ်တထုပ်ကိုဖောက်ထဲ့ပီး မီးမျှင်းမျှင်းလေးနဲ့ ခနလှိမ့်လိုက်ပါ။ အနံ့ က ချက်ချင်းမွှေးပျှံ့ လာပါလိမ့်မယ်။ ခုနက ဆယ်ထားတဲ့ အသားနဲ့ အသီးအရွက်တွေ ထဲ့ပါ မီးနဲနဲတင်ပီး သေချာနှံ့ အောင်မွှေပေးပါ။ အပေါ့ အငံ အထုံ အစပ် မြည်းပီး လိုချင်တာ ထပ်ထည့်ပါ။ ခိုင်ကတော့ ပြုတ်တာကို အချိန်လျှော့ပြီး အနှစ်နဲ့မွှေတာကို နဲနဲကြာကြာထားတယ် အသားတွေ အရွက်တွေထဲ မာလာအရသာဝင်အောင်။ စိတ်ကျေနပ်ပီဆိုရင် သုံးဆောင်နိုင်ပါပြီ။

ဪ.... spicy House က ငါးဥငါးလုံး ငါးဥပုဇွန်လုံး ပုဇွန်ဖက်ထုတ်မျိုးလေးတွေ ထည့်ချင်ရင်လဲ My Taste မှာရှိတယ်နော်။ CB ကနေသာ hi လိုက်ပါ။

Photos from My Taste Ready Made Food and Household products's post 05/08/2019

My Taste မှ ကြိုဆိုပါတယ်။ My Taste ကတော့ အသင့်ပြင်ဆင်ပြီး အလွယ်တကူချက်ပြုတ်စားနိုင်တဲ့ အဆင့်အတန်းပြည့်မှီတဲ့ အသားလုံး ပင်လယ်စာ ကြက်အူချောင်း ဝက်အူချောင်း မာလာရှမ်းကော အနှစ် အသင့်စား ကွေ့တယိုအနှစ် စတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ ယိုးဒယားမိတ် စင်္ကကာပူမိတ် အစားအသောက်အမျိုးမျိုးကို လက်လီလက်ကားဖြန့်ချီပေးနေပါတယ်။ ဒါ့အပြင် ယိုးဒယားက တင်သွင်းလာတဲ့ လူသုံးကုန် အိမ်သုံးကုန် ပစ္စည်းအမျိုးမျိုးကိုတင်သွင်းရောင်းချပေးဖို့ကြိုးစားနေပါတယ်။

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
95

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Other Food & Grocery in Yangon (show all)
Aisha online shop Aisha online shop
မဂ်လာတောင်ညွန်မြို့နယ်
Yangon

Cosmetics skin care လက်လီလက်ကား

May Hlaing May Hlaing
Yangon
Yangon, 11241

male

Soe Sandar စားသုံးဆီရောင်းဝယ်ရေး Soe Sandar စားသုံးဆီရောင်းဝယ်ရေး
Yangon

Soe Sandar စားသုံးဆီရောင်းဝယ်ရေး 09775772463 09420083838 ရန်ကုန်

Aung Htoo San Aung Htoo San
Than Street
Yangon, HLAINGTOWNSHIP

ဆန် ၊ ဆီ နဲ့ အခြားကုန်မျိုးစုံကို ​ေ?

Theint Padaythar Online Shop Theint Padaythar Online Shop
Mingaladon
Yangon

မင်္ဂလာပါရှင့်

U Nay Win U Nay Win
Yangon, 273099

UNayWin

ဝလုံးလေး Olineshopping ဝလုံးလေး Olineshopping
ရန်ကုန်
Yangon

ဝလုံးလေး Olineshopping

Yoon NanDar Yoon NanDar
၁/ရပ်ကွက်သာကေတ
Yangon

အတွေ့အကြုံများSharing လုက်ပေးမယ့်

Tamil Marlaie India Store Tamil Marlaie India Store
Pazundaung
Yangon