လင်းမဟာ - ၁ အထွေထွေရောဂါကုဆေးခန်း
Health and medical services
ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယလေးမှာ
မိဘပြည်သူအပေါင်း ကိုယ်၏ကျမ်းမာခြင်း စိတ်၏ချမ်းသာခြင်း တို့နှင့် ပြည့်စုံနိုင်ကြပါစေလို့
ကျွန်တော်များ လင်းမဟာအထွေထွေရောဂါကု ဆေးခန်း ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
အခုလို မိုးများတဲ့ကာလတွေမှာတော့ ဆရာမတို့ဆေးခန်းတွေမှာ အတွေ့ရများတာက ရာသီတုပ်ကွေးပါပဲ။
🤒 ရာသီတုပ်ကွေး (Seasonal flu) က ရာသီအကူးအပြောင်းကာလနဲ့ မိုးရာသီမှာ ဖြစ်လေ့ရှိပြီး လေထဲကတဆင့် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ပါတယ်။
🥺 ရာသီတုပ်ကွေး ကွေးပြီဆိုရင်
✅ ဖျားနာမယ်
✅ ကိုယ်လက်ကိုက်ခဲမယ်
✅ နှာစေး၊ ချောင်းဆိုး၊ နှာရည်ကျမယ်
✅ လည်ချောင်းနာမယ်
✅ ပျို့ချင်တာ၊ အန်တာနဲ့ ဝမ်းပျက်ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။
😇 ရာသီတုပ်ကွေးဖြစ်ပွားပြီး အမြန်သက်သာဖို့ ထိရောက်မှုရှိတဲ့ နည်းလမ်းလေးတွေကို ဆရာမ ပြောပြချင်ပါတယ်။
👉 အိမ်မှာ လုံလောက်စွာ အနားယူပါ။
👉 အိပ်ရေးဝအောင်အိပ်ပါ။
👉 ရေများများ သောက်ပါ။
👉 အာဟာရ မျှတပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာများကို စားပါ။
‼️ ရာသီတုပ်ကွေးမဖြစ်အောင် ကာကွယ်ဖို့ ထိရောက်တဲ့ နည်းတစ်ခုက ကာကွယ်ဆေးထိုးထားတာပါပဲ။
ဆရာမတို့ဆေးခန်းမှာ Cold chain လုံးဝစိတ်ချရတဲ့ Myanmar FDA အသိအမှတ်ပြု လေးမျိုးစပ် တုပ်ကွေးကာကွယ်ဆေး (Vaxigrip Tetra 2023) ထိုးနိုင်ပါတယ်။
တုပ်ကွေးကွေးတာက ရောဂါကြီးကြီးမားမားလို့ ပြောလို့မရပေမယ့် ကိုက်ခဲတယ့်ဒဏ်ကို ခံစားရတာက အလူးအလိမ့်ပါပဲ။ ရာသီတုပ်ကွေးကြောင့် ခေါင်းကိုက်…ဖျားနာ…နှာစေး…ချောင်းဆိုး…လည်ချောင်းနာပြီး…ကိုယ်လက်ကိုက်ခဲနေရင်
💯 အထိရောက်ဆုံးနဲ့ အမြန်ဆုံး
✅ ငွေကုန်ကြေးကျ သက်သာစွာနဲ့
😊 နေကောင်း သက်သာဖို့ “လင်းမဟာ ဆေးခန်း” ရှိပါတယ်။
⏰ ဆေးခန်း ဖွင့်ချိန်
မနက် ၈ နာရီ - ည ၈ နာရီ
☎️ ဖုန်းနံပါတ်
09798809614
09789592179
🏥 ဆေးခန်း လိပ်စာ
ဆေးခန်း (၁) - အမှတ် ၄၀၄၊ မင်္ဂလာရာမလမ်း၊ ၆၅ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်
ဆေးခန်း (၂) - အမှတ် ၉၂၉၊ ကရုဏာလမ်း၊ ၁၀၇ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်
#လင်းမဟာဆေးခန်း
#ရာသီတုပ်ကွေး
#တောင်ဒဂုံ
လင်းမဟာအထွေထွေရောဂါကုဆေးခန်း
ဆေးခန်းဖွင့်ချိန် မနက်၈-ည၈နာရီထိ
ပြသနိုင်သည့်ရောဂါများ
-အထွေထွေရောဂါများ
-သားဖွားနှင့်မီးယပ်ရောဂါများ
-ကလေးရောဂါများ
-ဆီးချိုရောဂါများ
-သွေးတိုးနှင့်နှလုံးရောဂါများ
-ကျောက်ကပ်ရောဂါများ
-အရိုးအကြောနှင့်ထိခိုက်ဒဏ်ရာများ
-ခွဲစိတ်ကုသမှုဆိုင်ရာရောဂါများ
ရရှိသည့်ဝန်ဆောင်မှုများ
-အထွေထွေရောဂါများကုသပေးခြင်း
-အထူးကုဆရာဝန်များနှင့်ပြသနိုင်ခြင်း
-ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှုများ
-ECGဆွဲခြင်း
-ရောဂါရှာဖွေရန်လိုအပ်သော (ဆီး ဝမ်း သွေး သလိပ်)ဓာတ်ခွဲစစ်ဆေးမှုများ
-ဆီးချို သွေးချိုစစ်ပေးခြင်း
-သွေးအမျိုးအစား အမြန်စစ်ပေးခြင်း
-အိမ်ပင့်ဝန်ဆောင်မှု
-ဆီးပိုက် နှာခေါင်းပိုက်များထည့်နိုင်ခြင်း
-ပန်းနာရင်ကျပ်နှင့် လေပြွန်ရောင်လူနာများအတွက် Nebulizer စက်ဖြင့်ဆေးရှူနိုင်ခြင်း
09789592179
#လက်မောင်းတွင်းထည့်သန္ဓေတားပစ္စည်း
————————————————————
ထည့်နိုင်ထုတ်နိုင်ပါသည်
————————————
သင်တို့ရဲ့မိသားစုဆရာဝန်မှ သားဆက်ခြားနည်းအမျိုးမျိုးအကြောင်းကိုနားလည်အောင်ရှင်းပြပေးမှာဖြစ်ပြီး ကိုယ်နဲ့သင့်တော်တဲ့ သားဆက်ခြားနည်းကိုရွေးချယ်နိုင်အောင် ကူညီပေးမှာပါ😊
"လင်းမဟာ အထွေထွေရောဂါကုဆေးခန်း"
အမှတ် ၄၄၃ ၊ မင်္ဂလာရာမလမ်း ၊ ၆၅ ရပ်ကွက် ၊ တောင်ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့။
ဖုန်း - 09789592179
ယနေ့ ည ၁၀ နာရီ ၁၆ မိနစ် ၄၉ စက္ကန့်
အချိန်တွင်
သင်္ကြန် တက်ပါတော့မည်
ထိုအချိန်တွင်နေစကြဝဠာ၌နေမင်းကို
ဗဟိုတွင်ထား၍ ကမ္ဘာကလှည့်ပတ်ရာ
တစ်ပတ် ပတ်မှိသဖြင့် ၃၆၅ ရက် ၆ နာရီ
၁၂ မိနစ် ၃၆ စက္ကန့် ၃၃ ဝိစက္ကန့် ၃၆ အနု
စက္ကန့် ဖြစ်၍ ၁၃၈၅ ခုနစ်သို့ ကူးပြောင်း
ပါတော့မည်
မနက်ဖန်
၁၃၈၅ ခု နစ်ဆန်းတရက်* 2023
သာသနာသက္ကရာဇ် ၂၅၆၇
မိတ်ဆွေတို့ နှစ်သစ်မှာ ပျော်ရွှင် ကျမ်းမာ ချမ်းသာကြပါစေ
ဥစ္စာဓန ပေါကြွယ်ဝရျ် ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ကြပါစေ။
Credit - U Khin Mg Kyi
မိခင်လောင်း ဗိုက်ဗိုက်တို့ရေ
ဆေးခန်းမှာကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အခမဲ့ပေးနေပါပြီနော် လွယ်အောင်ပြောရရင်တော့ ဗိုက်အခမဲ့အပ်လို့ရပြီပေါ့
ဘယ်တော့အပ်မလဲဆို ကိုယ်ဝန်ရှိမှန်းသိတာနဲ့ လာအပ်ပါနော် ဒါမှလဲလိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုကို အချိန်မီရမှာလေ
ဆရာမတို့ဆီမှာတော့ မတတ်နိုင်တဲ့ မဗိုက်လေးတွေအတွက် အဓိကရည်ရွယ်ပါတယ်
ကိုယ်ဝန် သက်တမ်းတစ်လျှောက်မှာ အာထရာစောင်းရိုက် ဆီးစစ် သွေးစစ် တစ်ကြိမ် အခမဲ့လုပ်ပေးတယ်
မတတ်နိုင်တဲ့လူနာဆိုရင် မီးဖွားစရိတ်အခမဲ့ သော်လည်းကောင်း စရိတ်မျှပေးသော်လည်းကောင်း လုပ်ပေးတယ်
မဗိုက်တို့ ကိုယ့်ရင်သွေးလေးရော ကိုယ်ရောကျန်းမာအောင် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုယူထားဖို့လိုတယ်နော
Edit - N/A ရသွားပါပြီ။
တောင်ဒဂုံ မြို့နယ် ၆၅ ရပ်ကွက်ရှိ ဆေးခန်းတွင် အောက်ပါ ရာထူးအလိုရှိပါသည်။
Nurse aide × 1 post
၆၅ ရပ်ကွက် နှင့်အနီးတစ်ဝိုက် ရပ်ကွက်များတွင်နေထိုင်သူဖြစ်ရပါမယ်
သင်တန်းဆင်းမဟုတ်လဲလျှောက်လို့ရပါတယ်။
Interview ချက်ချင်းရှိပါတယ်။
Password - 935757
အပျော်ပေါ့
ဘယ်လောက်ပေါက်ကြလဲ မန့်ခဲ့ပါဦးနော်
Pocket Money KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။
အရေပြားရောဂါအများစုဟာ လူနာတွေတော်ရုံနဲ့ဆေးခန်းမလာသေးဘဲ လက်တည့်အစမ်းတတ်ကြဆုံး ရောဂါတစ်ခုပါ
လိမ်းဆေးပေါင်းစုံ လိမ်းကြည့်ပြီးကိုယ်တတ်သလို (သို့) ပတ်ဝန်းကျင်ပြောသလို ကုကြည့်ကြပါသေးတယ်
နနွင်းသိပ်ခြင်း၊ဆန်ဝါးအုံခြင်း၊အရွက်များထောင်းသိပ်ထည့်ခြင်း၊ပိုးသတ်ဆေးလုံးများထောင်းကြိတ် အမှုန့်သိပ်ခြင်းများလုံးဝမပြုလုပ်သင့်ပါ
အနာပိုးဝင်လျှင်မကျက်နိုင်တော့ဘဲ ပိုးဆိပ်ပျံ့တတ်ပါသည်
တချို့လဲ မပျောက်ပေမယ့် နေလို့ရတာပဲ ဆိုပြီး ဆေးခန်းမပြဖြစ်ကြပါ
တချို့လူနာတွေကျတော့ private parts တွေမှာဖြစ်နေတော့ရှက်တာရယ် မတိုင်ပင်ရဲတာရယ်ကြောင့် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးဖို့ကြန့်ကြာနေတာပေါ့
တကယ်တော့ဒီလိုပြဿနာတွေကိုဆွေးနွေးတိုင်ပင်နိုင်ဖို့ မိသားစုဆရာဝန်ဆိုတာရှိနေတာပါ😊
လာရောက်ကုသတိုင်ပင်မှသာ အကောင်းဆုံးကုသမှုနဲ့အကြံဉာဏ်တွေပေးနိုင်မှာလေ နော😇
လင်းမဟာအထွေထွေရောဂါကုဆေးခန်း
သရက်မြိုင် ၃လမ်းထိပ်
မင်းကွန်းစျေးအနီး
တောင်ဒဂုံ
09789592179
#လက်မောင်းတွင်းထည့်သန္ဓေတားပစ္စည်း
————————————————————
ထည့်နိုင်ထုတ်နိုင်ပါသည်
————————————
သင်တို့ရဲ့မိသားစုဆရာဝန်မှ သားဆက်ခြားနည်းအမျိုးမျိုးအကြောင်းကိုနားလည်အောင်ရှင်းပြပေးမှာဖြစ်ပြီး ကိုယ်နဲ့သင့်တော်တဲ့ သားဆက်ခြားနည်းကိုရွေးချယ်နိုင်အောင် ကူညီပေးမှာပါ😊
"လင်းမဟာ အထွေထွေရောဂါကုဆေးခန်း"
အမှတ် ၄၄၃ ၊ မင်္ဂလာရာမလမ်း ၊ ၆၅ ရပ်ကွက် ၊ တောင်ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့။
ဖုန်း - 09789592179
မိခင်အစားရှောင်လွန်းလို့ ကလေးက B1 ဓာတ်ချို့တဲ့ပြီး beri beri ရောဂါဖြစ်တာပါ
Cmt တွေဝင်ဖတ်ကြည့်ပါ
ကလေးအမေတွေ ကျန်းမာရေးအသိရှိကြပါ
ကလေး ၆လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ပါ
ရေတိုက်ရန်မလိုပါ
မိခင်က အသားငါးအသီးအရွက် ဥ ပဲ ဆန်ဂျံုပြောင်း မျှတလုံလောက်အောင်စားပါ
အထွေအထူးအစားရှောင်စရာလုံးဝမလိုပါ
နို့တိုက်နေရတာဖြစ်လို့ ယခင်ထက်တောင် ပမာဏများများပိုစားပေးရမှာပါ
Furuncle at the nape of neck
After I & D
Dressing
Sebaceous cyst behind ear 👂
သွေးပြန်ကြောထုံးခြင်း (Varicose Veins)
အသက်ရတာနဲ့အမျှ ခြေသလုံးနဲ့ပေါင်တွေမှာ သွေးကြောပြာပြာစိမ်းစိမ်းတွေကို တွေ့လာတတ်ပါတယ်။ အဲဒီထဲက ၆၀% က Varicose vein လို့ခေါ်တဲ့သွေးပြန်ကြောထုံးခြင်း ဖြစ်ပါတယ်။ တကိုယ်လုံးမှာဖြစ်နိုင်သော်လည်း ခြေထောက်မှာပိုပြီး အဖြစ်များပါတယ်။
♦ ရောဂါလက္ခဏာများ
ရောဂါလက္ခဏာတွေကတော့ -
- ခြေထာက်ရောင်လာခြင်း
- ခြေသလုံးကြွက်သားနာကျင်ခြင်း
- ကြွက်တက်ခြင်း
- အချိန်တော်တော်ကြာအောင်ထိုင်မိပါက (သို့) မတ်တပ်ရပ်မိပါက နာကျင်မှုပိုဆိုးလာခြင်း
- ယားယံခြင်း
- ခြေမျက်စိနားတွင်အနာဖြစ်ခြင်းတို့ ဖြစ်ပါတယ်။
♦ ဖြစ်ပွားရတဲ့အကြောင်းရင်းများ
သွေးကြောဟုဆိုရာတွင် နှလုံးကနေ တကိုယ်လုံးကိုရောက်အောင် လွှတ်ပေးတဲ့ arteny သွေးလွှတ်ကြောနဲ့ တကိုယ်လုံးက သွေးအဟောင်းတွေကို နှလုံးဆီပြန်လာဖို့ သယ်ပို့ပေးတဲ့ vein သွေးပြန်ကြောဆိုပြီး ၂ မျိုးရှိ ပါတယ်။ နှလုံးဆီကို သွေးတွေပြန်ပို့ဖို့အတွက် ခြေထောက်မှာ ရှိတဲ့ သွေးပြန်ကြောတွေဟာကမ်ဘာမြေကြီးရဲ့ ဆွဲအားကို ဆန့်ကျင်ပြီး လုပ်ဆောင်ရပါတယ်။ ဒီသွေးပြန်ကြောတွေထဲမှ သွေးတွေနောက်ပြန် မစီးအောင် ပြုလုပ်ပေးနေတဲ့ အဆို့ရှင်လေးတွေရှိပါတယ်။ ၎င်းအဆို့ရှင်လေးတွေ ကောင်းကောင်းအလုပ်မလုပ်တဲ့အခါမှာ သွေးတွေအောင်း လာပြီး သွေးပြန်ကြောတွေ ဖောင်းကြွလာဖြစ်ပါတယ်။ အဲဒါကို သွေးပြန်ကြောထုံးခြင်းလို့ ခေါ်ပါတယ်။
အသက် - အသက်ကြီးလာတဲ့အခါ သွေးပြန်ကြောတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်း (Elasticity) လည်း လျှော့ကျလာသလို အဆို့ရှင်လေးတွေလည်း အားနည်းလာပါတယ်။ ဒီလိုအနေအထားမျိုးမှာ သွေးပြန်ကြောထုံးတာတွေ ဖြစ်လာပါတယ်။
ကိုယ်၀န်ဆောင်ချိန် - ကိုယ်၀န်ဆောင်စဉ်ကာလမှာ သာမန်အချိန်ထက် ခန္ဓာကိုယ်တွင်း သွေးပမာဏ များနေပါတယ်။ ဒါပေမယ့် ခြေထောက်ကနေ တင်ပဆုံကို သွေးပြန်စီးဆင်းတဲ့နှုန်းကတော့ ကျဆင်းသွားပါတယ်။ ဒီအတွက် ခြေထောက်ထဲက သွေးပြန်ကြောတွေဟာ သွေးတွေနဲ့ ဖောင်းလာရာ က သွေးပြန်ကြောထုံးခြင်း ဖြစ်လာပါတယ်။ ဒါ့အပြင် ကိုယ်၀န်ဆောင်စဉ် ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း၊ သားအိမ်မှ သွေးပြန်ကြောများအပေါ် ဖိအားများလွန်းခြင်းတို့ကလည်း သွေးပြန်ကြောထုံးခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါပေမယ့် ကိုယ်၀န်ဆောင်ချိန်ကာလအတွင်းမှာ ပေါ်လာတဲ့ သွေးပြန်ကြောအထုံးတွေက ကလေးမွေးပြီး (3) လအတွင်းမှာ ကုသမှုခံယူစရာမလိုဘဲ တဖြည်းဖြည်းသက်သာသွားပါတယ်။
♦ သွေးပြန်ကြောထုံးခြင်းကို မြင့်တက်စေသောအကြောင်းရင်းများ
1. အသက်ကြီးခြင်း
2. အမျိုးသမီးများ - ဟော်မုန်းအပြောင်းအလဲတွေ (ဥပမာ - ရာသီမလာခင် ဟော်မုန်းပြောင်းလဲခြင်း၊ ကိုယ်၀န်ဆောင်စဉ် ဟော်မုန်းပြောင်းလဲခြင်း၊ သွေးဆုံးချိန်ဟော်မုန်းပြောင်းလဲခြင်း၊ ဟော်မုန်းဆေးများသုံးစွဲခြင်း၊ သနေ္ဓတားဆေးများသုံးစွဲခြင်းတို့ကြောင့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သွေးပြန်ကြောထုံးနိုင်ခြေပို များပါတယ်။
3. မျိုးရိုးလိုက်ခြင်း
4. အ၀လွန်ခြင်း
5. အချိန်ကြာမြင့်စွာ ထိုင်ခြင်း
6. အချိန်ကြာမြင့်စွာ မတ်တတ်ရပ်ခြင်း
7. လေးလံသောပစ္စည်းများကို ထမ်းပိုးရသော အလုပ်မျိုးကို လုပ်ခြင်း
♦ နောက်ဆက်တွဲဆိုးကျိုးများ
1. အနာဖြစ်ခြင်း - ခြေမျက်စိနားမှာဖြစ်လေ့ရှိပြီး အလွန်အမင်းနာကျင်တတ်ပါတယ်။
2. သွေးပြန်ကြောအတွင်း သွေးခဲဖြစ်ပေါ်ခြင်း
♦ စစ်ဆေးခြင်း
သွေးပြန်ကြောထုံးခြင်းက သိသာထင်ရှားတာမို့ မြင်ရုံနဲ့သိနိုင်ပါတယ်။ သွေးပြန်ကြောအတွင်းရှိ အဆို့ရှင်များ ကောင်း၊ မကောင်းသိချင်ရင်တော့ တယ်လီဗွီးရှင်းဓာတ်မှန် (USG) ရိုက်ကြည့်လို့ရပါတယ်။
♦ ကုသမှု
1. အိပ်ရင်ပဲဖြစ်ဖြစ်၊ ထိုင်ရင်ပဲဖြစ်ဖြစ် ခြေထောက်ကိုမြင့်မြင့်ထားပါ။
2. ကိုယ်အလေးချိန်လျော့ပါ။
3. လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။
4. အရမ်းကျပ်တဲ့အ၀တ်အစားများကို မ၀တ်ပါနဲ့။
5. ကြာကြာမတ်တတ်ရပ်ခြင်း (သို့) ထိုင်ခြင်းကိုရှောင်ပါ။
6. Compression Stocking လို့ခေါ်တဲ့ ခြေအိတ်၀တ်ပေးပါ။
7. နာကျင်မှုအတွက် ဆရာ၀န်နှင့် တိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေး သောက်ပါ။
♦ အခြားသောကုသမှုများ
Sclerotherapy – သွေးပြန်ကြောများအတွင်းသို့ ဆေးထိုးပြီး သွေးပြန်ကြောများ ထုံးခြင်းကို ပျောက်ကင်းအောင် ပြုလုပ်တဲ့နည်းဖြစ်ပါတယ်။ သေချာစွာပြုလုပ်နိုင်ပါက ထိရောက်မှုရှိတဲ့ နည်းဖြစ်ပါတယ်။
Laser therapy - လေဆာအသုံးပြု၍ အပူပေးပြီး သွေးပြန်ကြောများပိတ်သွားအောင် လုပ်တဲ့နည်းဖြစ်ပါတယ်။ တစ်ခါဘဲလုပ်ပေးဖို့လိုအပ်ပါတယ်။
Vein Stripping - အပေါ်ယံသွေးပြန်ကြောအတွင်း သွေးပြန်ကြောထုံခြင်းဖြစ်ပါက အသုံးပြုနိုင်ပါ တယ်။ ဖြစ်နေတဲ့ သွေးပြန်ကြောကို ခွဲထုတ်တဲ့နည်း ဖြစ်ပါတယ်။ ခြေထောက်ကနေ နှလုံးဆီသို့ ပြန်လာ တဲ့ သွေးအများစုကို အတွင်းပိုင်းက သွေးပြန်ကြောကနေ သယ်ပို့ပေးတာကြောင့် အပေါ်ယံ သွေးပြန်ကြောကို ဖယ်ရှားပစ်လို့ ရပါတယ်။
Ambulatory phegbectomy - ခွဲစိတ်တာပဲဖြစ်ပါတယ်။ သွေးပြန်ကြောသေးသေးလေးများ တွင်ဖြစ်ပါက အသုံးပြုပါတယ်။
Endoscopic Vein Surgeny - ကင်မရာအသုံးပြုပြီး ခွဲစိတ်တဲ့နည်းဖြစ်ပါတယ်။
Catheter assisted procedures - သွေးပြန်ကြောအကြီးများတွင်ဖြစ်ပါက ဤနည်းကို အသုံးပြုကြပါတယ်။ ပိုက်သေးတစ်ချောင်းရဲ့ထိပ်ကို အပူပေးပြီး ဖြစ်နေတဲ့သွေးပြန်ကြောထဲကို ထိုးသွင်းပါတယ်။ ပြီးရင်ပိုက်ကို ပြန်ဆွဲထုတ်ပါတယ်။ အပူကြောင့်သွေးပြန်ကြောပြားချပ်သွားပြီး ပိတ်သွားမှာဖြစ်ပါတယ်။
♦ ကာကွယ်နည်း
နေထိုင်မှုပုံစံပြောင်းပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ပုံမှန်လမ်းလျှောက်ပါ။ ခြေထောက်အဖျားပိုင်းကို အမြင့်မှာ ထားပြီးနားပါ။ ခြေချိတ်မထိုင်ပါနှင့်၊ ကျပ်လွန်းသောအ၀တ်အစားများ၀တ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ။ ဆားလျော့စားပါ။ သင့်တင့်မျှတသောကိုယ်အလေးချိန်ကိုထိန်းပါ။ အချိန်အကြာကြီး ထိုင်ခြင်း(သို့) မတ်တပ်ရပ်ခြင်းကိုရှောင်ကြဉ်ပါ။
Credit: Dr.Htet Htet Aung (drmyanmr.com)
Covid အတြင္း သောက်နေကျဆေးတွေ ကုန်သွားပီလား????🤔
ဆရာဝန်ကြီးတွေနဲ့ ပြဖို့ သွေးစစ်ဖို့လိုနေပြီလား??.🤔🤔
အိမ်ပြင်ထွက်လို့ Covid 19 ကူးခံရမှာ စိုးရိမ်နေလား?? 😱😱
ရွှေမန္တလေးရဲ့ ရာသီဥတု အပူဒဏ်ကြောင့် အိမ်ထဲက အိမ်ပြင် မထွက်ချင်ဖြစ်နေပါသလား??🥵🥵🥵
အပင်ပန်းခံပီး ထွက်ဝယ်နေစရာမလိုပါဘူး🙅🏻♂️🙅🏻♂️
အိမ်မှာဘဲနေပါ။ လိုအပ်နေသော ဆေးဝါးများကို သမားတော် အထူးကုဆေးခန်းမှ သင့်အိမ်အရောက်ပို့ဆောင်ပေးနေပါပြီ!! 🚑🚑
သမားတော် ဆေးခန်းကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ ☎️
☎️☎️ဖုန်းလေး ဆက်ပြီးအိမ်ကစောင့်နေရုံပါပဲ
ကိုယ်လိုချင်တဲ့ဆေးကို ဖုန်းဆက်မှာ လိုက်တာနဲ့ အိမ်အရောက် လာပို့ပေးမှာဖြစ်ပါတယ်🚑🚑
➡️➡️လိပ်စာ- ၆၄လမ်း၊ ၃၉လမ်းနှင့် ၄၀လမ်းကြား၊ မန္တလေးမြို့။
☎️☎️ဖုန်း-09977803290၊ 09977803291၊ 09977803292။
Ganglion ဆိုတာ ခြေတွေလက်တွေမှာ အတွေ့ရများတဲ့ အရေပြားအောက်ကနေ ငေါထွက်နေတတ်တဲ့ ခပ်မာမာ အလုံးတစ်လုံးပါပဲ။ အလုံးထဲမှာတော့ ဂျယ်လီလို အရည်ကြည်တွေနဲ့ ပြည့်နေတတ်ပါတယ်။
◼️ အတွေ့ရများတတ်တဲ့ နေရာတွေက ?
လက်ကောက်ဝတ်မှာ အဖြစ်များပြီး လက်ဖမိုးဘက်မှာ ပိုတွေ့ရတတ်ပါတယ်။ လက်ချောင်းတွေရဲ့ အခြေနားနဲ့ ခြေဖမိုးပေါ်မှာလည်း တွေ့ရတတ်ပါတယ်။
◼️ ရောဂါလက္ခဏာတွေက ?
Ganglion လုံးဟာ အရွယ်အမျိုးမျိုးနဲ့ လာတတ်ပါတယ်။ ပဲစေ့လုံး အရွယ်ကနေ ခြောက်စင်တီမီတာ အထိ ကြီးနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ အလုံးဟာ တစ်စင်တီမီတာလောက် ရှိတတ်ပါတယ်။
ခပ်မာမာ အလုံးတစ်လုံး ဖြစ်ပေမယ့် ထိကြည့်တဲ့အခါ ပျော့နေတာ မာနေတာ နှစ်မျိုးလုံး ဖြစ်နိုင်ပါတယ်။
နာကျင်မှု ဒဏ်လည်း မခံစားရဘူး။ ဖြစ်လည်း အနည်းငယ် မသက်မသာ ဖြစ်တာလောက်ပါပဲ။ ဒါပေမယ့် လှုပ်ရှားမှုများတဲ့ လက်ချောင်းတွေရဲ့ အခြေမှာ အလုံးတည်ရင်တော့ အတော်လေး နာတတ်ပါတယ်။
◼️ ဘာကြောင့် Ganglion လုံးဖြစ် ?
အဆစ်နဲ့ အရွတ်ကာ တစ်ရှုးတွေ ပြဲရာကနေ ယောင်လာတာ ကြောင့်ပါ။ အဲ့နောက် ဂျယ်လီလို အရည်တည်ပြီး ဖောင်းပြီး ပြန့်ကားလာတယ်။ အဲ့ဒါကို Ganglion လုံးကို ခေါ်တာပါ။
အများအားဖြင့်တော့ လက်ကောက်ဝတ်နဲ့ ခြေထောက်မှာ ဖြစ်တဲ့ဒဏ်ကြောင့် Ganglion လုံးဖြစ်တတ်ပါတယ်။
◼️ ဘယ်လိုလူတွေမှာ အတွေ့ရများလဲ ?
သက်လတ်ပိုင်း အမျိုးသမီးတွေမှာ အတွေ့ရများပါတယ်။ ပြီးတော့ လက်ကောက်ဝတ်ကို မကြာခဏ အသုံးရပြုလေ့ရှိတဲ့ ဂဟေဆော်သူ (ဝယ်ဒိန်သမား) တွေမှာလည်း အဖြစ်များတတ်ပါတယ်။
◼️ ဘယ်လို ကုသမလဲ ?
Ganglion လုံးဟာ အန္တရာယ်သိပ်မပေးနိုင်ဘူး ဆိုပေမယ့် လျစ်လျူရှုထားလို့ရတဲ့ အရာတော့လည်း မဟုတ်ပါဘူး။ ကျွမ်းကျင်ဆရာဝန်နဲ့ အရင်ဆွေးနွေးပြီး ရောဂါ အခြေအနေကို အတည်ပြုနိုင်ပါတယ်။
ရွေးချယ်စရာ ကုသနည်းများကို ပြောပြချင်ပါတယ်။
(၁) Ganglion လုံးဟာ သူ့ဟာသူ ပျောက်ကင်းတတ်တာမို့ ဘာကုသမှုမှ မယူပဲ ပျောက်ကင်းမယ့် အချိန်ကို စောင့်ပါ။
(၂) အလုံးကကြီးပြီး အချိန်လည်းကြာပြီမို့ မှည့်လာပြီဆို ညှစ်ထုတ်ပြီး ပေါက်အောင် ဖောက်နိုင်ပါတယ်။
(၃) အလုံးရဲ့ အလည်နားလောက်ကို Cortisone ထိုးပြီး ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။
(၄) ခွဲစိတ်ဆရာဝန်က ဖြတ်ထုတ်ပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။
◼️ အပြောများတဲ့ ကုသနည်းက အလုပ်ဖြစ်လား ?
အနောက်နိုင်ငံမှာတော့ Ganglion လုံးပေါ်ရင် သမ္မာကျမ်းစာအုပ် ထူထူနဲ့ ဖိတတ်ကြပါတယ်။ မြန်မာပြည်မှာတော့ ဇိနတ္ထပကာသနီကျမ်းနဲ့ ရိုက်ကြမလား မပြောတတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီနည်းလမ်းဟာ လက်တွေ့မကျတာကြောင့် ဒီနည်းသုံးဖို့ အားမပေးပါဘူး။
◼️ Ganglion လုံးဟာ ပြန်ပေါ်တတ်သလား ?
ပေါ်တတ်ပါတယ်။ ခွဲစိတ်ကုသ ပြီးရင်တောင် ပေါ်တတ်တာမျိုးရှိပါတယ်။ ဒါပေမယ့် အများအားဖြင့်တော့ ပထမဆုံး ကုသပြီးတဲ့ အခါမှာတင် ပျောက်ကင်းတတ်ပါတယ်။
Reference 📚 Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 275
❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️
👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
#တယ်လီကျန်းမာ
အရာအားလုံးစျေးတွေတက်နေချိန်မှာ ပါးနပ်တတ်ကြပါစေရှင်🤍
ရေကြီးတဲ့နောက်ဆက်တွဲကြောင့်ထင်တယ်
ဆေးခန်းမှာ ဝမ်းပျက်ဝမ်းလျှောတာ ဗိုက်ရစ်နာတာ ဗိုက်အောင့်ပြီးအန်တာတွေအလာများပါတယ်
အစားအစာကိုသန့်သန်ရှင်းရှင်း ချက်ပြုတ်ပြင်ဆင်ပါ
ပူပူနွေးနွေးစားပါ
လက်ကိုမကြာခဏဆေးပေးပါ
အစာစားခါနီးတိုင်းလက်ဆေးပါ
ယနေ့ညနေ၄နာရီ
အာထရာဆောင်း
ရှိပါသည်
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
Monday | 08:00 - 20:00 |
Tuesday | 08:00 - 20:00 |
Wednesday | 08:00 - 20:00 |
Thursday | 08:00 - 20:00 |
Friday | 08:00 - 20:00 |
Saturday | 08:00 - 20:00 |
Sunday | 08:00 - 20:00 |
တစ်နိုင်ငံလုံးနီးပါး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09754999258
ကျွန်ုပ်တို့သည် ကုန်ပစ္စည်း အစစ်အမှန်များကိုသာ ရောင်းချပါသည်။ အတုအပများ "လုံးဝ" မရောင်းပါ။
Yangon
အတူနေချိန်စွမ်းဆောင်ရည်ကောင်းတွေရရှိစေဖို့ ကျား/မ ဆေးမျိုးစုံလက်လီ-လက်ကား 09940875707 (viber) (cb)
Yangon
Hlaingtharyar Thakhin Mya Branch Road .Q 12 No 17/B
တစ်နိုင်ငံလုံးနီးပါး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09774144361
Hammer Of Thor ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။