Kaung Thu Kha General Practice

Kaung Thu Kha General Practice

Facebook ပေါ်က သင့်ရဲ့ မိသားစုဆရာ၀န်

08/07/2022

Medroxyprogestrone ဆိုတဲ့ တားဆေးကို

😺ဘယ်လိုနေရာမှာသုံးလဲ
👉🏼ကြောင်လေး ခွေးလေးတွေ ဟိလာတဲ့အချိန်လျှော့နည်းစေးရန်
👉🏼သန္ဓေသားတားရန်
👉🏼ရန်လိုမှုလျှော့ကျစေရန် (male to male aggression)
👉🏼ကြောင်ထီးလေးတွေ ရှူရှူးလျှောက်ပန်းတာ (urine spraying) နဲ့ နယ်နိမိတ်သတ်မှတ်တာ (Marking)တွေလျှော့နည်းစေရန်

😺ဘယ်လို‌ မြောင်လေး၊ဝုလေးတွေမှာ မသုံးသင့်ဘူးလဲ?
👉🏼သိထားပြီးသားဖြစ်ကြတဲ့ မိတ်လိုက်ထားပြီးအချိန်နဲ့ ကိုယ်၀န်ဆောင်နေစဉ်အပြင် ၊ အရွယ်မရောက်သေးချိန်နဲ့ ဟိလာပြီး ၂လအတွင်းမှာ သုံးလို့မရပါဘူး
👉🏼ဆီးချိုရှိတဲ့ ကလေးတွေ
👉🏼ဆေးမှာပါ၀င်တဲ့ Hormone နဲ့ မတည့်တဲ့ ကလေးတွေမှာ သုံးလို့မရပါဘူး

😺ဘေးထွက်ဆိုးကျိုးများ
👉🏼‌စားချင်သောက်ချင်စိတ်ပိုများခြင်း
👉🏼‌ဝိတ်တက်ခြင်း
👉🏼‌တက်ကြွမှုမရှိခြင်း
‌ 👉🏼 ရင်သားတစ်သျှူး ပြောင်းလဲခြင်း (အကျိတ်ဖြစ်ခြင်း..ကင်ဆာဖြစ်ခြင်း)
👉🏼 ဆီးချိုရောဂါဖြစ်ခြင်း
👉🏼 သိုင်းရွိုက်ဟော်မုန်းနည်းစေခြင်း
👉🏼 သားအိမ်ပိုး၀င်ခြင်း ၊ ပြည်တည်နာဖြစ်ခြင်း
👉🏼 သားပျက်သားလျှောစေခြင်း
တို့ပဲဖြစ်ပါတယ်

သတိထားရမှာလေးတစ်ခုက တိလေးအတွက်ထိုးဆေးနဲ့ လူထိုးဆေးက မတူပါဘူး။ အဲ့ဒါကြောင့် ဆေးထိုးမယ်ဆိုရင် တိဆရာ၀န်တွေနဲ့ တိုင်ပင်ပြီးထိုးမယ်ဆိုရင်ပိုကောင်းပါတယ်ဗျ။

၂၀၂၀ မြန်မာနိုင်ငံ ကိုဗစ်စ၀င်ကတည်းက အခုထိ အကူအညီလိုအပ်သူများကို အခမဲ့ဆွေးနွေးတိုင်ပင်ပေးနေတုန်းပါ။ အဖြစ်များတဲ့ရောဂါများနဲ့ ကျန်းမာရေးဆောင်းပါးတွေအပြင် ကိုယ်တိုင်က တိချစ်သူတစ်ဦးမို့လို့ တိလေးတွေနဲ့ ဆိုင်တဲ့ ကျန်းမာရေး‌အကြောင်းအရာများကိုပါ မကြာမကြာ တင်ပေးမှာဖြစ်ပါတယ်။
Like and share လေးနဲ့ ကူညီပေးပါခင်ဗျ 🙏🏻🙏🏻🙏🏻

10/05/2022

Credit to
ပါမောက္ခ ဦးစောဝင်း
ပါမောက္ခ/ ဌာနမှူး (ငြိမ်း)
ကလေးကျန်းမာပညာဌာန ဆေး(၁)
ဒေါက်တာစောဝင်း (ကလေးကျန်မာရေး )

ယခုနှစ် အစ ထဲက သွေးလွန်တုပ်ကွေးရောဂါနဲ့ဆေးရုံ တက်ရတဲ့ကလေးတွေ ပါရမီဆေးရုံကြီးမှာ အမြဲရှိ နေပါတယ် ရန်ကင်း နဲ့ ရန်ကုန် ကလေး ဆေးရုံကြီး တွေမှာ လည်းရှိတယ် လို့ သိရပါတယ်

သွေးလန့်တဲ့ကလေး​တွေ သွေးရည်ကြည် အထိ သွင်းရတဲ့ ကလေးတွေလည်း ရှိပါတယ်

မိုးကျလါတာနဲ့ ကျောင်းဖွင့်ချိန်နဲ့ ပိုပြီးတွေ့လာနိုင်စရာရှိပါတယ်

အရေးအကြီးဆုံးကတော့ သွေးလွန်တုပ်ကွေး ကို ဖြစ်မှန်းသိ ဆေးရုံတင်သင့်တဲ့ကလေးတွေ တင် ထားပြီး စံနစ်တကျကုသရင် အဆင်ပြေပါတယ်

ဆရာဝန်များကျန်းမာရေးဝန်ထမ်းများ မိဘများ သတိထားနိုင်ဖို့ပါ

သွေးလွန်တုပ်ကွေး အနှစ် ချုပ်

သွေးလွန်တုပ်ကွေး ဖြစ် နိုင် သည် ဟုသတ်မှတ် ခြင်း (propable dengue )

ဖျား ခြင်း နှင့် အောက်ပါ အချက် များ ထဲ မှ ၂ချက် ရှိ လျှင်

၁. အော့ အံ ခြင်း
၂. အရေပြား ပေါ် တွင် အပိန့့်ထွက် ခြင်း rash
၃. ကိုယ်လက် ကိုက်ခဲ ခြင်း
၄. သွေးပေါင် ချိန် တိုင်းကရိယာ ဖြင့် စမ်းသပ်ရာတွင် + ဖြစ် ခြင်း Hess Test
၅. သွေး ဖြူ ဥ နည်း ခြင်း leukopenia
၆. အန္တရာယ် လက္ခဏာ တခုခု ရှိ ခြင်း
၇. နှာခေါင်းသွေးလျှံခြင်း ကေါ်ဖီနှစ် ရောင်အံခြင်း

အလွယ်ဆိုရင်တော့ အဖျား ကြီး ပြီး မလန်းဆန်းရင် မှိန်း ရင် အစားအသောက် ပျက် လျင် ဖြစ်နိုင်တယ်လို့ မှတ်ရပါ မယ်

အန္တရာယ် လ က္ခဏာ များ

၁. ဝမ်း ဗိုက်နာ ခြင်း ဖိလျှင် နာ ခြင်း
၂. ဆက် တိုက် အန် ခြင်း
၃. အဆုတ်နှလုံး ဝမ်းဗိုက်တို့တွင် အရည် စု ခြင်း
၄. မှိန်း ခြင်း သို.မဟုတ့်ကယောင်ကတမ်း ဖြစ် ခြင်း
၅. အသည်း ၂ စင်တီမီတာ ထက် ကြီး ခြင်း
၆. သွေးဖြူဥ ကျလာ ခြင်း သွေးပြစ်နှုံး pcv တက်လာ ခြင်း

ဆေးရုံတက်သင့် သော လုနာများ

၁. အန္တရာယ် လက္ခ ဏာ တခုခု ရှိ ခြင်း
၂. တနှစ် အောက် ကလေး
၃. အဝလွန်သော သူ
၄. အ ခြား ရာ ဂါ ရှိ သော သူ ဥပမာ thalassaemia ရောဂါရှိသူ
၅. ဆေးရုံ နှင့် ဝေးသော သူ

သွေးလွန်တုပ်ကွေးထောင်ချောက်

အရေး ကြီးသည့် သွေး လန့် ခြင်း မဖြစ် မှီ တွင် အဖျားကျ သွားတတ် သည်နေကောင်းသွားပြီ ဟု မှားယွင်းစွာယူဆတတ်သည်
အဖျား ကျ ပြီး မလန်းဆန်းလျှင် မှိန်း လျှင် ကယောင် ကတမ်း ဖြစ် လျှင် မူးဝေအော့ အံ လျှင် ဆေးရုံ သ်ို့ အမြန် သွားရပါ မည်
စားသောက် ဆော့ ကစားနေ လျှင် မစိုးရိမ် ရပါ

သွေး လွန် တုပ် ကွေး အန္တရာယ်ကင်း ဂါ ထာ

ရာသီတိုင်းတွင် ဖျားနာ လျှင်
သွေးလွန် တုပ် ကွေး မှတ်

အဖျားကျ စဉ် မလန်း လျှင်
အစဉ် သတိ ချပ်

28/12/2021

Crd

မြန််မာနိုင်ငံကို Omicron တကယ်ရောက်လာပါပြီ 🚨

ဒူဘိုင်းကနေပြန်လာတဲ့ မြန်မာနိုင်ငံသား ၄ ယောက်မှာ 28.12.21 စစ်ဆေးမှုအဖြေအရ ကိုဗစ်ဗီဇမျိုးကွဲ အိုမီခရွန် ( Omicron) တွေ့ရှိပါတယ်တဲ့။
တစ်ယောက်သာ ကိုဗစ်လက္ခဏာပြပြီး ကျန်သုံးယောက် လက္ခဏာမပြပါဘူးတဲ့။ လေးယောက်လုံး ကျန်းမာရေးကောင်းမွန်နေပါတယ်တဲ့။

အားလုံးပဲ မပေါ့ဆကြပါနဲ့ ။
အကြောက်လဲမလွန်ကြပါနဲ့။
Mask တပ်ပါ။ လက်ဆေးပါ။
လူထူထပ်တဲ့နေရာတွေရှောင်ပါ။

08/12/2021

10.12.2021
မနက်ခင်း ဆေးခန်းပိတ်ပါသည်။

Photos from Ministry of Health, National Unity Government of Myanmar's post 26/10/2021
Photos from Our Beloved Pharmacist's post 24/10/2021
19/07/2021

မနှစ်ဆေးခန်း page စဖွင့်ကတည်းက အခုထိ ကူညီလျှက်ရှိပါတယ်။
ဒီလိုအချိန်မှာ ပိုပြီး ကူညီပေးမှာဖြစ်လို့ မေးမြန်းလိုတာရှိရင် မေးမြန်းန်ိုင်ပါတယ်။

03/06/2021

ဆေးခန်းဖွင့်ပါပြီ
မနက် (၇)နာရီ မှ နေ့လည်(၁၁)နာရီ
ညနေ (၄)နာရီ မှ ည‌(၇)နာရီ
ပိတ်ရက်မရှိပါ

Photos from Kaung Thu Kha General Practice's post 13/10/2020

Test & Care ဧရာ၀တီစင်တာ သို့လာရောက်ပြသမည့် ရောဂါလက္ခဏာခံစားနေရသူများ အတွက် ကြိုတင်သိရှိထားရန် အချက်များ။

စာရင်းပေးသွင်းရမည့် ဝက်ဘ်ဆိုက်
https://bit.ly/36UvIss
Hotlines: 014705555
Email: [email protected]

Credit goes to
Fournation

Photos from Kaung Thu Kha General Practice's post 11/10/2020

ဖျားနာခြင်း၊ အနံ့ပျောက်ခြင်း အပါအဝင် COVID 19 ရောဂါလက္ခဏာ ခံစားရပါက COVID-19 Rapid Diagnostic Test (RDT) ဖြင့် စမ်းသပ် စစ်ဆေးပေးနိုင်ရန် သုဝဏ္ဏအားကစားကွင်းအတွင်း Testing center တစ်ခု ဖွင့်လှစ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်၊ အောက်တိုဘာ (၁၁)

ရန်ကုန်တိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနနှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ ရန်ကုန်မြို့နေ ပြည်သူလူထုများ ဖျားနာခြင်း၊ အနံ့ပျောက်ခြင်း အပါအဝင် COVID 19 ရောဂါလက္ခဏာ ခံစားရပါက COVID-19 Rapid Diagnostic Test (RDT) ဖြင့် စမ်းသပ် စစ်ဆေးပေးနိုင်ရန်အတွက် သုဝဏ္ဏအားကစားကွင်းအတွင်း Testing center တစ်ခုကို အောက်တိုဘာလ (၁၁)ရက်နေ့က စတင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ Testing center သို့ လာရောက်ပြသရန်အတွက် ဖုန်း (သို့မဟုတ်) online ဖြင့် မှတ်ပုံတင်ခြင်းဆောင်ရွက်ရမည်ဖြစ်ပြီး လူနာနံပါတ်တစ်ခု ကြိုတင်ရယူထားရမည်ဖြစ်သည်။ လူနာ၏အခြေအနေပေါ်မူတည်၍ လာရောက်ပြသရမည့် နေ့ရက်နှင့် အချိန်ကို တစ်ပါတည်း သတ်မှတ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

လူနာများအနေဖြင့် လာရောက်ပြသချိန်တွင် RDT စစ်ဆေးရန်လိုအပ်ပါက ချက်ချင်းစစ်ဆေးကာ ဓါတ်ခွဲအဖြေပေါ်မူတည်၍ ဆက်လက်ကုသခြင်း၊ quarantine ထားရှိခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ လုပ်ငန်းအတွက် မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်များအသင်းနှင့် ပုဂ္ဂလိကဆေးရုံများမှ စေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေးပညာရှင်များ အပါအဝင် Quarantine Center များမှ စေတနာ့ဝန်ထမ်း စုစုပေါင်း (၄၀)ဦးခန့်က ဝင်ရောက် လုပ်အားပေး ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

Credit goes to
#ရန်ကုန်သတင်းဌာနခွဲ

04/10/2020

🔴 Quarantine
ဝင်ရတာနဲ့ပတ်သက်တဲ့ အသစ်ထုတ်ပြန်ချက်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Update - Quarantine
————————
🔺 * Facility Quarantine —> ၇ ရက်၊
- ၅ ရက်မြောက် swab ယူ၊
- ၇ ရက်မြောက် အဖြေထွက် Negative
ဖြစ်လျှင် အိမ်ပြန်။
- Home Quarantine ၇ ရက် ဆက်နေရမည်။
စုစုပေါင်း ၁၄ ရက်ပြည့်လျှင် လွတ်လပ်မည်။

🔺 * Primary Contact
(ရောဂါလက္ခဏာ မရှိမှသာ)
- အိမ်တွင်ရောဂါသည်ရှိလျှင်
Facility Quarantine သာ ၁၄ ရက်ပြည့်အောင်
ဆက်နေပါ။
- Swab မယူတော့ပါ။

🔺 * သံသယရှိ PUI ရောဂါလက္ခဏာပြသူများ *
- ဆေးရုံရှိ Tank Q နှင့် မြို့နယ် သီးခြား Q များ
ဝင်ရမည်။
- တန်းစီးဇယားအရ Swab အလှည့်ကျ ယူမည်။
- Positive ဆိုရင် COVID ဆေးရုံတက်ရမည်။
- Negative ဆိုရင် ၇ ရက်မြောက် အိမ်ပြန်။
- Home Q ၇ ရက် ဆက်နေရမည်။

🔺 * ကျန်မာရေးဝန်ထမ်းများ၊ GP များ
—> Positive လူနာနှင့်ထိတွေ့စဉ်
- Surgical Gown, Face Shield ပါသော
Level 2 PPE ဝတ်ထားလျှင် ၁ ရက်ကျော်လျှင်
Swab ယူ.
- ၃ ရက်မြောက် အဖြေထွက်..Negative ဖြစ်လျှင်
အလုပ်ပြန်ဝင်။
- Level 2 ဝတ်မထားလျှင် ၁ ရက်ကျော်လျှင်
Swab ယူ..
- Negative ဖြစ်လျှင် ၃ ရက်ကြာလျှင်
ဒုတိယအကြိမ် swab ယူ.. Negative ထွက်လျှင်
အလုပ်ပြန်ဝင်။

🔺🔺** Positive
လူနာများ မတက်မနေရ ဆေးရုံတက်ရမည်။

• သာမန်ရောဂါ လက္ခဏာပျော့လျှင် ၁၁ ရက်
ပြည့်ပြီးလျှင် ဆေးရုံဆင်းရမည်။
• ပြင်းလျှင် ၂၁ ရက် ပြည့်ပြီးမှဆေးရုံ
ဆင်းရမည်။
• ရောဂါလက္ခဏာ မရှိလျှင် Positive အဖြေထွက်
သည့်နေ့မှ စပြီး ၁၁ ရက်ပြည့်လျှင် ဆေးရုံ
ဆင်းရမည်။
• ဆေးရုံဆင်းများ Home Quarantine ၇ ရက်
ဆက်နေရမည် ဖြစ်ပါသည်။

🔺 မှတ်ချက်

ဆေးရုံမှ မဆင်းမီ..

- Paracetamol မသောက်ပဲ အဖျားမရှိ၊
ရောဂါလက္ခဏာ မရှိလျှင်၁ ရက်သာ လိုပါသည်။
- သာမန်လူနာအများစုမှာ ရောဂါလက္ခဏာပြပြီး
၇ ရက်အတွင်း သက်သာကြသည်။
- ၁၁ ရက်ပြည့်မှ ဆေးရုံဆင်းရမည်ဖြစ်ပါသည်။

Credit goes to

#ပါမောက္ခဒေါက်တာဇော်ဝေစိုး

Photos from Kaung Thu Kha General Practice's post 30/09/2020

မိမိ (သို့) မိသားစု၀င်များ ၊ အသိမိတ်ဆွေများ Covid19 ဟု သံသယရှိစရာ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက မိမိတို့မြို့နယ်ရှိ ဖျားနာဆေးကုခန်း (Fever clinic) များသို့သွားရောက်ပြသကြပါခင်ဗျာ။
Photos - crd

29/09/2020

လူတိုင်း လူတိုင်းဆီကို ဒီ message ပို့ပေးပါ
(Dr.ဇော်ဝေစိုးရဲ့ request ပါ 28.9.2020)

ရန်ကုန်မှာရှိသော လှည်းနေလှေအောင်း မြင်းဇောင်းမကျန် (လူ 7သန်း) တစ်ဦးတစ်ယောက်ချင်းစီ အတူပါဝင် စည်းကမ်းလိုက်နာပြီး တိုက်မှသာ နိုင်မယ့်
"နောက်ဆုံးတိုက်ပွဲ"ပါ
နောက်ဆုံးတစ်ကြိမ် အတူတိုက်ရအောင်ပါ

စစ်တဲ့ပုံစံပြောင်းတာရယ် NHA ရဲ့ overload ကိုလျှော့တာမို့ ဒီနေ့ 390- ကျော်ပဲ တွေ့မှာပါ
လူလျော့စစ်ထားလို့ပါ
Antigen Test တွေ Kit တွေနဲ့
စစစ်တော့မှာမို့ နောက်ရက်တွေ ထောင်ချီထွက်လာမှာပါ

ပိုးတွေ့လူနာနဲ့ ဆေးရုံကုတင်လုံလောက်အဆင်ပြေနေပါတယ်
-အောင်မြင့်မိုရ် ကုတင် 500
-ရိုးမ (၂)
ပြင်ဆင်ပြီးပါပြီ
-ယဉ်ကျေးမှုတက္ကသိုလ်
-ရန်ကင်းပညာရေးကောလိပ်
-နယ်စပ်စည်ပင်သင်တန်းကျောင်း များ ပြင်ဆင်လျှက်ရှိပါတယ်
-YCC
-Fortune Plaza တို့ကိုလည်း ကြည့်ထားပာတယ်

အောင်မြင့်မိုရ်မှာ သံဃာတော်များကို ဝိနည်းနဲ့အညီကုသပေးနိုင်ရန်စီစဉ်ထားပါတယ် လိုအပ်လာရင် သာသနာရေးနဲ့ပူးပေါင်းပြီး ဗိမ္မာန်တော်များမှာ ထားရှိပါမယ် 1000-1500 စာ စီစဉ်ထားပြီးပါပြီ
Oxygen နဲ့ ကုသမှုလိုအပ်လာရင် သီးခြားဆေးရုံစီစဉ်ထားပါတယ်
သရက်တောကျောင်း ဒီနေ့ SWOT အပါး 100ကျော် ယူနေပါပြီ
တပ်မတော်(ဆေး)နဲ့ ညှိနှိုင်းပြီး ကုသဖို့ပို့သင့်တာပို့နေပါတယ်
သူတို့ဆီကနေရာ 500-1000 စာလောက်ထပ်ရပါမယ်

အတိုင်ပင်ခံရဲ့ ညွှန်ကြားမှုနဲ့အညီ
ဒီတစ်ပတ် Containment "နောက်ဆုံးတိုက်ပွဲ"တိုက်ဖို့ အင်နဲ့အားနဲ့ အစွမ်းကုန်ပြင်ဆင်နေပါတယ်

လမ်းပေါ် ကားပေါ် ရပ်ကွက်ထဲ အိမ်ထဲ(ထမင်းကို တစ်ယောက်တည်းစားပါ မျက်နှာချင်းဆိုင် အတူမစားပါနဲ့) လိုက်နာရမယ့်စည်းကမ်းတွေလိုက်နာပြီး သည်းခံခွင့်လွှတ်ပြီး အစွမ်းကုန်တိုက်ပေးကြပါ

အရေးအကြီးဆုံးအချိန်ပါ
အနူးအညွတ်မေတ္တာရပ်ခံပါတယ်
နောက်ဆုံးတစ်ကြိမ် အတူတိုက်ရအောင်

ဒီတစ်ပတ်ထိန်းနိုင်မှ ရန်ကုန်ကိုထိန်းနိုင်ပါမယ် တစ်နိုင်ငံလုံးကို ထိန်းနိုင်ပါမယ်
(Dr. ဇော်ဝေစိုး 28.9.20)
---------------------------------------------
တိုက်ပွဲခေါ်သံ လို့ ခံစားရပါတယ်
"နောက်ဆုံး"ဆိုတဲ့ စကားလုံးကို ထပ်ခါတလဲလဲ သုံးသွားပါတယ်
ရန်ကုန်ကျရင် တစ်ပြည်လုံးဘာဖြစ်မယ်ဆိုတာ ပြောစရာမလိုတဲ့ ကိစ္စပါ

အစိုးရ လုပ်သမျှကို
မပိတ်သေးဘူးလား
ပိတ်ပါတော့လား
ဘာလို့ပိတ်တာလဲ
ဘာလို့ကပ်ပြီးပိတ်တာလဲ
YBS က ဘာဖြစ်
ကိုယ်ပိုင်ကားက ဘာဖြစ်
online permit ကဘာဖြစ်...
ကန့်လန့်ကိုတိုက်လို့ fb ပေါ်ပွထ
တစ်ကိုယ်စီရဲ့အတ္တတွေ
တရားကျစရာမြင်ရတယ်

ကမ္ဘာမှာ ဘယ်သူမှ မကြုံဖူးတဲ့ ကပ်ဘေးမို့ မမြင်ဖူးခဲ့တဲ့ပိုးမို့ Plan A B C တွေလည်း သိပ်အလုပ်မဖြစ်တာ ကမ္ဘာနဲ့အဝှမ်းမှာအမြင်ပါပဲ... အစိုးရလည်းမီးစင်ကြည့်'က' အကောင်းဆုံးကြိုးစားပေးနေတာလည်း မြင်ရက်နဲ့...
ကိုယ့်တိုင်းပြည်ရဲ့ resource နဲ့ ကိုယ့်အစိုးရရဲ့အခြေနေလည်းသိရက်နဲ့...
အင်းးး ပြောခွင့်ရှိတဲ့ခေတ်မှာ ပြောခွင့်ရနေတာ ကံကောင်းကြပါတယ်လို့
ပြောခွင့်မရှိတဲ့ခေတ်မှာ လူဖြစ်လာခဲ့ဖူးသူတစ်ဦးအနေနဲ့ တွေးမိတယ်

ကိုယ့်အတ္တနဲ့ကိုယ် ခုချိန်ထိ ထွက်မကူနိုင်သေးသူတစ်ယောက်ရဲ့ အသွေးထဲ အသားထဲကနေ ရှေ့တန်းတိုက်စစ်မှူးတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
-ဦးညွှတ်ပါတယ်
စကားလုံးရှာမရအောင်အထိ
-လေးစားပါတယ်

ကျွန်တော်တို့ စကားနားထောင်မယ်
ဒီတိုက်ပွဲကို ကျွန်တော်/ကျွန်မတို့အတူတိုက်ကြမယ်
ယုံကြည်တယ် နိုင်ရမယ်
အဖိတ်အစင်တွေက်ိုအနည်းဆုံးထိ လျှော့ချရင်း
ရန်ကုန်ရေ...
အနိုင်တိုက်မယ်
နိုင်ရမယ်
Credit မူရင်း

26/09/2020

ကောင်းသုခ မိသားစုကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းမှနေ၍ ရောဂါအခံရှိသူများ ၊ ရှောင်တခင်ဖျားနာနေသူများ နှင့် ကျန်းမာရေးနှင့်ပတ်သတ်၍သိလိုသူများ အတွက် ရည်ရွယ်၍ page messenger မှ တဆင့် မေးခွန်းများကို ‌ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်ခင်‌ဗျာ။

မေးမြန်းလိုသူများအနေနှင့်
👉🏽 ယခင်ဖြစ်ခဲ့ဖူးသောရောဂါများ

👉🏽 ရောဂါအခံရှိ/မရှိ

👉🏽မိဘ၊ဘိုးဘွား၊ဆွေမျိုးများတွင် သွေးတိုး၊ဆီးချို၊နှလုံး အစရှိသည့်ရောဂါများအပြင်အခြား မျိုးရိုးထဲတွင်ဖြစ်လေ့ရှိသော ရောဂါများ ရှိ/မရှိ

👉🏽အကိုက်အခဲပျောက်ဆေး ၊ ပိုးသတ်ဆေး နှင့် အခြားဆေးဝါး သောက်ခြင်း ၊ ထိုးခြင်းကြောင့် ဓာတ်မတည့်မှု ရှိ/မရှိ

👉🏽 လက်ရှိသောက်သုံးနေသောဆေးနှင့် အမြဲစွဲသာက်နေရသောဆေး ရှိ/မရှိ (ဆေးကဒ်နာမည်ပါသည့်ဘက် ဓာတ်ပုံရိုက်ပြလည်း ရပါတယ်ခင်ဗျာ)

စသည်တို့ကို ဆေးခန်း page ၏ chat box တွင် ဖြည့်စုံစွာ ပြောကြားပြီး မေးမြန်းလို့ရပါတယ်ခင်ဗျာ။

စမ်းသပ်မှုပြုလုပ်ခြင်းမလုပ်ရသည့်အတွက် ဆေးညွှန်ကြားမှုပေးသည့်အခါမှာ (palliative care) ရောဂါသက်သာစေရန် ရည်ရွယ်၍ ဆေးပေးခြင်းကိုသာ ပြုလုပ်မည်ဖြစ်ပါသည်ခင်ဗျာ။

"သင်ရဲ့ အွန်လိုင်းမိသားစုဆရာ၀န်"

Photos from Kaung Thu Kha General Practice's post 03/08/2020

🩺 မကြာခင်မှာ လှိုင်သာယာမြို့နယ်အတွင်း ဖွင့်လှစ်တော့မယ် "အေးမြချမ်းသာ မိသားစုကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း" ပြင်ဆင်နေပုံလေးဖြစ်ပါတယ်ခင်ဗျာ။
🩺 ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ Covid19 ကာလနဲ့လည်း လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်နေလျှက်ရှိပါတယ်။
🩺 ပေ့ဂ်ျလေးမှာလည်း ကျန်းမာရေးနဲ့ပတ်သတ်တဲ့ သတင်းတွေလည်း အမြဲမပြတ်တင်ပေးနေမှာ ဖြစ်လို့ like လုပ်ထားနိုင်ပါတယ် ခင်ဗျာ။

"သင်နှင့် သင့်မိသားစု ကျန်းမာရေးကို စဉ်ဆက်မပြတ်ကြိုးစားစောင့်ရှောက်ပေးနေမယ့် အေးမြချမ်းသာ ဆေးခန်း"

🏥 အေးမြချမ်းသာအဆောင် ၊ အမှတ်(၁၁၄၈/၁၁၄၉) ၊ မြရိပ်ညို(၆)လမ်း ၊ အမှတ်(၅)ရပ်ကွက် ၊ လှိုင်သာယာမြို့နယ်

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Monday 07:00 - 11:00
16:00 - 19:00
Tuesday 07:00 - 11:00
16:00 - 19:00
Wednesday 07:00 - 11:00
16:00 - 19:00
Thursday 07:00 - 11:00
16:00 - 19:00
Friday 07:00 - 11:00
16:00 - 19:00
Saturday 07:00 - 11:00
16:00 - 19:00
Sunday 07:00 - 11:00
16:00 - 19:00

Other Family Therapists in Yangon (show all)
Be Healthy, Be Smart Be Healthy, Be Smart
Yankin
Yangon, 00110

We are a group of Professionals providing the advise, knowledge and expirences on daily living about

ABC Bird's Nest သဘာဝ ငှက်သိုက် ABC Bird's Nest သဘာဝ ငှက်သိုက်
Corner Of Shwedagon Pagoda Road And Yaw Min Gyi Street
Yangon, 11191

We provide real edible bird's nest without any chemical.