Swe Htike

Supplement မျိုးစုံ ကို တစ်နေရာ တည်းမှာ အလွယ်တကူဝယ်ယူနိုင်ပါသည်။

07/12/2022

📣 ျို့❗
⚽Guess the World Cup Champion 2022🏆
🇦🇷 🇳🇱 🇵🇹 🇲🇦 🇧🇷 🇭🇷 🇬🇧 🇫🇷
ကမ္ဘာဖလားဗိုလ်စွဲမယ့်အသင်းကို ခန့်မှန်းရင်း Healthy Origin Vitamin C ဘူးလေး လက်ဆောင်ရယူလိုက်ပါ
1️⃣ Page ကို like and follow လုပ်ပေးရမှာ
ဖြစ်ပြီး ယခု post ကို public နဲ့ share ပေးပါ
2️⃣ Share ပြီးကြောင်း ss ကို comment မှာ ပြပေး
ပြီး ဗိုလ်စွဲမယ့် အသင်းတစ်သင်း ကို မန့်ပေးပါရှင်
တစ်ယောက်ကို အသင်းတစ်သင်းပဲ မန့်ခွင့်ရှိ
ပါမယ်
3️⃣ ၁၃ရက်နေ့ ည ၁၀နာရီမှာ မန့်ပိတ်မှာဖြစ်ပြီး
အဖြေမှန်သူကို ၁၉ရက် မနက်၁၀နာရီမှာ
ကြေငြာ ပေးပါမယ်
အဖြေမှန်သူတစ်ဦးထက်ပိုပါက random comment picker ကနေ ရွေးချယ်ပေးပါမယ်ရှင်
Deliခ ကိုလည်း ဒီက မင်မင် အချောလေးက ကျခံပေးပါမယ်ရှင်🥰🥰🥰

06/12/2022

📣Today Special Sale‼️
Centrum Silver Men50+[275tab]
Exp: 8/23
Price _ 65000ks
အရေအတွက်အနည်းငယ်ပဲ ရှိလို့ ဦးသူရပါမယ်ရှင်

❎Order confirm ပြီးပါက Cancle မရပါရှင်
☎️မှာယူလိုပါက Swe Htike chat box (သို့) 09420251071သို့ ဆက်သွယ်နိုင်ပါသည်ရှင်🥰

29/11/2022

အိပ်ရေးဝ ခြင်း ( Broken Brain မှ )

ကျန်းမာရေး အမြန်ဆုံး ပြန် လည် ကောင်းမွန် လာ နိုင် သည့် အကြောင်း
တစ်ခု က တော့ အိပ်ရေးဝ ခြင်း ဖြစ် ပါ တယ်။

တစ်ခါတလေ ၊ ကျွန်မ တို့ တ တွေ အားလုံး ဟာ မောဟိုက် နွမ်းလျ နေ တတ် ပြီး ပိုဆိုး တာ က တော့ ခြေကုန်လက်ပန်းကျ နေ သလို ခံစား
တတ် ကြ ပါ တယ်။

လောက ဓမ္မတာ အတိုင်း ဖိစီး ကြောင့်ကြ သောက တွေ ဖြစ် တတ် သည့် အပြင်၊
မနာမကျန်း ဖြစ် သည့် အခါ တွေ မှာ လူ တွေ ကို ပြားဝပ် သွား စေ တတ် ပါ တယ်။

ဒီ လို အခါ မျိုး တွေ မှာ ဒယိမ်းဒယိုင်၊စမ်းတဝါးဝါး နဲ့ တစ်နေ့ တာ ကို
ဥဏှောက် မကြည် မလင် နုံး ချိ၊နုံး ခွေ နဲ့ ဖြတ် သန်း ကြ ရ ပါ တယ်။

ဒါ တွေ နဲ့ ပတ်သက် လို့ အချိန် ကြာကြာ ပို အိပ် နိုင် ရ အောင်၊
ပို ပြီး အိပ် လို့ ကောင်း ရ အောင် အိပ် နိုင် ဖို့ အကြံ ပြု မှာ ဖြစ် ပါ တယ်။

အိပ်ရေး ဝ ခြင်း ဖြင့် ခန္ဓာကိုယ် ကြီး ဟာ human growth hormone
တွေ ထုတ် ပေး ပြီး ဒီ ဟော်မုန်းဓာတ် ဟာ မိမိအိမ်မက် ကမ္ဘာ မှာ ကောင်းစွာ အိပ် ပျော် နေ စဉ် ခန္ဓာကိုယ် ကြီး ကို ကုစားပေး တာ ဖြစ် ပါ တယ်။

ကိုယ် တစ်ချိန် လုံး နွမ်းလျ၊ နုံးချိ နေ မယ် ဆို ရင် မိမိဆရာဝန် နဲ့ ရှေးဦးစွာ
တိုင် ပင် ပါ။
ရောဂါ ရှိ နေ သ လား၊ ဘာဓာတ် တွေ လို နေ လို့ လဲ၊ စ သည် ဖြင့် ဖြစ် ပါ တယ်။

လို အပ် သ လို ပြု ပြင် သွား ရ မှာ ဖြစ် ပါ တယ်။

၁. Electronic ပစ္စည်း မျိုးစုံ ဖြင့် ညနေ စောင်း ပိုင်း မှာ မွေ့ လျော် ခြင်း
ကို ရပ် လိုက် ပါ။
Computer, cell phone , TV စ သည့် ဖြင့် ဖြစ် ပါ တယ်။
ညနေစောင်း လာ လျှင် စိတ် ကို ငြိမ်ငြိမ် လေး ထား ရ မှာ ဖြစ် ပါ တယ်။
ဒါ မှ သူ့ အလုပ် သူ လုပ် ပြီး အိပ်ပျော် သွား နိုင် မှာ ဖြစ် ပါ တယ်။

Cell phone ကို ပိတ် ထား လိုက် ပါ။

ဦးဏှောက် က နေ သဘာဝ အိပ်ပျော် စေ သည့် ဟော်မုန်းဓာတ် ကို မှောင် လာ ရင် ထုတ် ပေး ပါ တယ်။ ဒါ ကြောင့် လဲ တဖြေးဖြေး မှောင် လာ တာ နဲ့ အိပ်ချင် လာ တာ ဖြစ် ပါ တယ်။

Cell phone, TV, I Pad, computer screen စ သည် ဖြင့် မှ ထွက် သော High energy visible blue light ဟာ ခန္ဓာကိုယ် က ည ဘက်
ကို အိပ် ပျော် စေ တတ် သည့် သဘာဝ ဟော် မုန်း Melatonin hormone ထုတ်လုပ် မှု ကျ ဆင်း စေ ပါ တယ်။

Melatonin hormone ဟာ ကျန်းမာ ရေး ကောင်းမွန် ကြောင်း ဖြစ် သည့် ဗီဇ တွေ ပေါ် မှာ အကျိုး သက်ရောက် မှု ရှိ နေ ပါ တယ်။

ဒီ ဟော်မုန်းဓာတ် နည်း နေ မယ် ဆို ရင် မှတ်ဉာဏ် အား လဲ
ယုတ် လျော့ စေ ပြီး လုပ်ရိုးလုပ်စဉ် လုပ်ငန်း များ ကို လည်း လုပ်
နိုင် သည့် စွမ်းရည် ကျ ဆင်း တတ် ပါ တယ်။

စိတ် လှုပ်ရှား ခြင်း များ နေ တတ် ပြီး အင်အား တွေ လည်း ယုတ် လျော့့
နေ စေ တတ် ပါ တယ်။

မအိပ်ခင် TV ကြည့် ခြင်း မှ ရှောင် လိုက် ပါ။

ထွန်းထား သော မီး များ ကိုလည်း.လျော့ လိုက် ပါ၊

ဖုံး ပြော ခြင်း ကို လည်း ရပ် လိုက် ပါ။

အိပ်ယာထဲ မှာ computer သုံး ခြင်း ကို လည်း ရှောင် လိုက် ပါ။

၂. မိမိ အခန်း၊ မိမိ အိပ်ယာ ထဲ မှာ နား နေ ပါ။ အိပ် ပါ။
TV ထိုင် ကြည့် ရင်း နဲ့ အိပ် ပျော် တယ် ဆို တာ မဖြစ် ပါ စေ နှင့်။

ခေါင်းအုန်း နဲ့ မွှေ့ ရာ ဟာ သက်သောင့် သက်သာ ကောင်းကောင်းမွန်မွန် ရှိ ပါ စေ။

ခေါင်းအုန်း မကောင်း ရင် တည လုံး ချမ်းသာစွာ နဲ့ အိပ် ရ တော့ မည်
မဟုတ် ပါ။

၃. မနက် အိပ်ယာ က နိုး ရင် ၊ နေရောင် အလင်း ရ ပါ စေ၊
မနက် နေ ရောင် ဟာ ည အိပ်ပျော် ဖို့ အကျိုးပြု စေ ပါ တယ်။
နေ့ အလင်းရောင် ဟာ ဥဏှောက် ကို timer လုပ် ပေး လိုက် သ လို ဖြစ် ပါ တယ်။

အိပ်ယာ က နိုး ပြီး တစ်နာရီ အတွင်း အပြင် မှ မနက် အလင်း ရောင် ကို နာရီဝက် လောက် ရ ရင် ကောင်း ပါ တယ်။

( မှတ် ချက် ——- လို အပ် ရင် Melatonin 3 - 5- 10 mg အထိ သောက် လို့ ရ ပါ တယ် )

မအိပ် ခင် ရေနွေးနွေး လေး ထဲ မှာ ဆားခါး ထည့် ပြီး ရေ ချိုး၊
Magnesium သောက်၊
Melatonin သောက်၊ အခန်း ကို အမှောင်ချ၊ ဆောင်းတွင်း မှာ လိုအပ် ရင်
ခြေစွပ် စွပ်၊ပြီး အထက် ဖော် ပြ ပါ အချက် များ ကို လိုက် နာ မယ် ဆို ရင်
အိပ်ပျော် နိုင် ဖို့ လမ်း များ ပါ တယ်။
Crd_To a better health
Photo Credit

24/11/2022

Healthy Origins Vitamin D3 5000IU(120 softgels)

Vitamin D ကို နေရောင်ခြည်ကနေအဓိကရရှိပါသည်။ကြက်ဥ၊နွားနို့၊မှို နှင့် အဆီများသောငါး ကနေလည်းအနည်းငယ်ရရှိနိုင်ပါသည်။
💠VitaminD က ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့နေရာမှာ အထောက်အကူပြုပါတယ်၊ဒါအပြင် အရိုးနှင့် သွားများကို သန်မာစေ ပြီး အရိုးပွရောဂါနှင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
💠Vitamin D ချို့တဲ့ရင် ခုခံအားကျဆင်းပြီး မကြာခဏ ဖျားနာခြင်း၊အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း၊အရိုးနှင့်ကြွက်သားများနာကျင်ခြင်း ၊အရိုးပွ​ရောဂါကို ခံစားရခြင်းများ ဖြစ်တက်ပါ
တယ်ရှင်။
💊ဆေးညွှန်း_တစ်နေ့ (၁)လုံး အစာစားပြီးသောက်သုံးနိုင်ပါသည်(သို့)ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်သုံးနိုင်ပါသည်ရှင်။

In stock
💯Authentic from USA
☎️မှာယူလိုပါက Swe Htike chat box သို့ 09420251071သို့ ဆက်သွယ်နိုင်ပါသည်ရှင်။
ငွေဈေးအပြောင်းအလဲကြောင့်ဈေးနှုန်းအနည်းငယ် ပြောင်းလဲ နိုင်ပါသည်။

10/11/2022

Omega 6 & Omega 3 oils

အဆီ ကြောင်း ဆက် ပြီး ပြော ကြ ရ အောင် ——-

Polyunsaturated fatty acids အကြောင်း ဆက် ကြ ရ အောင်။

အရင် က ပြော ထား ပြီး ဖြစ် ပါ တယ်။

Polyunsaturated fatty acid ဆို တာ fatty acid chain မှာ ရှိ နေ တဲ့ carbon တွေ မှာ နှစ်နေရာ ထက် ပို ပြီး hydrogen လွတ် နေ တာ ဖြစ် ပါ တယ်။

နေရာ တွေ လွတ် နေ တဲ့ အတွက် အောက်စီဂျင် ဟာ အလွယ် တကူ လာ ချိတ် နိုင် တာ ဖြစ် ပါ တယ်။

နောက် တစ် နည်း ပြော ပြ ရ ရင် ဒီဆီ တွေ ဟာ အလွယ်တကူ oxidized ဖြစ် နိုင် ပါ တယ်။
အလွယ်တကူ အစ် သွား နိုင် တယ် ပေါ့။

ကျွန်မ ရေး ထား တာ ကို ပြန် ကြည့် စေ ချင် ပါ တယ်။

ဒီ Polyunsaturated oils တွေ ဟာ နှစ် မျိုး ရှိ ပါ တယ်။

၁. Omega 6 oils
ဥပမာ များ မှာ ——-Sunflower oil, corn oil, peanut oil, soybean oil, canola oil, sesame oil

၂. Omega 3 oils
ဥပမာ များ မှာ ——- Fish oil, Cod liver oil, Flaxseed oil

လူတစ်ဦး ကျန်းမာ နေ ဖို့ ဆို ရင် Omega6 , Omega3 ratio က ဆတူ ဖြစ် နေ ရ ပါ တယ် ။ 1:1 ဖြစ် ပါ တယ်။

သို့ ပါ သော် လည်း ယခုခေတ် အခါ မှာ Omega6 oil အစား အလွန် များ ကြ ပါ တယ်။ ဟင်း ချက် ရုံ မ က၊
မုန့် လုပ် တဲ့ အခါ မှာ လည်း ဒီဆီ တွေ ကို သုံး လေ့ ရှိ ကြ ပါ တယ်။

သူတို့ ရဲ့ အာနိသင် တွေ ကြည့် ကြ ရ အောင်။

Omega3 fats အကျိုး ပြု အဆီ များ

၁. ခန္ဓာကိုယ် ခုခံအား ကောင်း စေ ပါ တယ်။

၂. ခန္ဓာကိုယ် ယောင်ကိုင်း ခြင်း ကို လျော့ စေ ပါ တယ်။

၃. ကင်ဆာ ကလာပ်စည်း တွေ မပွားရ အောင်၊ အဝေး သို့ မရောက် ရ အောင် ဖိနှိပ် ထား တတ် ပါ တယ်။

၄. ဥဏှောက် အလုပ် ကောင်းကောင်း လုပ် နိုင် ရ အောင် ကူညီ ပါ တယ်။

၅. သွေး ခဲ ခြင်း ကို အား မ ပေး ပါ။ blood clots

၅. စိတ်ဓာတ် ကျ ဆင်း ခြင်း ကို လဲ သက်သာ လာ စေ ပါ တယ်။

၆. ကီမိုဆေး တွေ ရဲ့ အာနိသင် ကို ထက် မြက် စေ ပါ တယ်။

Omega 6 fats အကျိုး ယုတ် စေ သော အဆီ များ

၁. ခန္ဓာကိုယ် ခု ခံ အား ကို ကျဆင်း စေ ပါ တယ်။

၂. ယောင်ကိုင်း ခြင်း ကို ပို ပြီး ဖြစ် စေ ပါ တယ်။

၃. စိတ်ဓာတ် ကျ ဆင်း ခြင်း ကို ပို ဆိုး သွား စေ တတ် ပါ တယ်။

၄. ကင်ဆာကလာပ်စည်း တွေ ပွား စေ တတ် ပြီး အဝေး သို့ မြန်မြန် ရောက် စေ တတ် ပါ တယ်။

၅. သွေးခဲ စေ ခြင်း ကို အား ပေး ပါ တယ်။

မှတ် သား ရ မည့် အချက် များ မှာ ——-

၁. Polyunsaturated fats တွေ ဟာ အလွယ်တကူ oxidized ဖြစ် တတ် ပါ တယ်။

၂. ကောင်း တဲ့ဆီ Omega3 fats နှင့် မ ကောင်းတဲ့ ဆီ Omega6 fats ရယ် လို့ နှစ် မျိုး ရှိ ပါ တယ်။

၃. အထူး သ ဖြင့် fish oil, cod liver oil, flaxseed oils တွေ ဝယ် ပြီး ရင် ဖြစ် နိုင် ရင် ရေခဲသတ္တာ ထဲ
မှာ ထား ရ မှာ ဖြစ် ပါ တယ်။ Oxidized ဖြစ် လွယ် လို့ ဖြစ် ပါ တယ်။

၄. Fish oil or cod liver oil ဝယ် တဲ့ အခါ သတိ ထား ပြီး DHA 500mg and EPA 400mg ပါ
တာ ကို ရွေး ပြီး ဝယ် ရင် ကောင်း ပါ တယ်။

အထူး သ ဖြင့် ကင်ဆာ ကလာပ်စည်း တွေ ကို အတိုက် အခံ လုပ် နိုင် တာ DHA ဖြစ် ပါ တယ်။

အဆီ မျိုးစုံ ဗဟုသုတ တွေ တိုး ပွား ကြ ပါ စေ။

Crd _ Dr Daw Khin Nwe Win
To a better health
Photo Credit

08/11/2022

Osteo Bi_Flex Triple Strength
Price_71000ks
အသက်အရွယ်ကြီးရင့်လာခြင်းကြောင့် ဒူး အဆစ်အမြစ်ကိုက်ခဲခြင်း၊ထိုင်ရထရခက်ခဲခြင်း၊လှေကားအတက်အဆင်းခက်ခဲခြင်းတို့ ဖြစ်တက်ပါတယ်။

Osteo Bi flex triple strengthတွင် အရိုးအဆစ်များကို သန်မာစေသော glucosamine & chondroitin ပါဝင်သောကြောင့် လွယ်လွယ်ကူကူ လှုပ်ရှားနိုင်ပြီး အရိုးနုများကို သက်တောင့်သက်သာဖြစ်စေပါသည်။
*ကောင်းကျိုးများ
✅အရိုးအဆစ်များကိုသန်မာစေခြင်း၊
✅ကွေးဆန့်မှုကို လွယ်ကူအောင် ထောက်ပံ
ပေးခြင်း၊
✅သက်တောင့်သက်သာ ရွေ့လျားမှုကို ပံပိုး
ပေးခြင်း၊
✅(၇)ရက်အတွင်း အရိုးနုအဆစ်အမြစ်များ
ကို သက်သာလာစေပါသည်။

Osteo Bi flex သည် USA၏ နံပါတ် 1 ကျန်းမာရေး အမှတ်တံဆိပ်ဖြစ်ပြီး အရိုးအဆစ်များကို သက်တောင့်သက်သာဖြစ်စေသောကြောင့် သင်၏တစ်နေ့တာ လှုပ်ရှားမှုများအတွက် အထောက်အကူ ဖြစ်စေသော ဖြည့်စွက်အားဆေးလေး ဖြစ်ပါသည်။
💊ဆေးညွှန်း_တစ်နေ့ (၂)လုံး အစာနှင့်တွဲဖက်သောက်သုံးပေးပါရှင်


💯Authentic from USA
☎️မှာယူလိုပါက Swe Htike chat box သို့ 09420251071သို့ ဆက်သွယ်နိုင်ပါသည်ရှင်။

ငွေဈေးအပြောင်းအလဲကြောင့်ဈေးနှုန်းအနည်းငယ် ပြောင်းလဲ နိုင်ပါသည်။

07/11/2022

နောက်ဆုံး ဂဏန်း 3 လုံး အရင်ဆုံးမှန်တဲ့သူ ဖုန်းဘေ 5000 ယူပါရှင် 😍😍😍
Edit_ အဖြေမှန်သွားပါပြီရှင်

Pocket Money 07/11/2022

This Pocket Money is password protected! Enter (759895) to open the pocket money

Pocket Money Send blessing to more friends and find who's the luckiest By KBZPay Pocket Money

06/11/2022

Healthy origins Probiotic 30 billion 60 caps
Price _ 35000ks
NB Probiotic 20 billion 70 caps _ 60000ks
Smarty Pants for Kid Probiotic _ 28000ks

🔶Probiotic အကျိုးကျေးဇူးများ

(၁) ပဋိဇီဝဆေး (ပိုးသတ်ဆေး) ကြောင့် ဝမ်းလျောခြင်းကို ကာကွယ်ကုသပေးသည်။
(၂) ကျန်းမာကောင်းမွန်သော ကိုလက်စထရောကို အားပေးသည်။
(၃) စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှုတို့ကို ကင်းဝေးစေသည်။
(၄) ကိုယ်ခံအားကို တိုးတက်စေသည်။
(၅) ဝမ်းဗိုက် နာခြင်း၊ အောင့်ခြင်း (အူသိမ်အူမ ရောဂါ လက္ခဏာများ) ကိုသက်သာစေသည်။
(၆) ကိုယ်တွင်း ပြည်တည်နာဖြစ်ခြင်းကို အမြစ်ဖြတ် သုတ်သင်သည်။
(၇) ဆီးချိုရောဂါ မဖြစ်အောင် တားဆီးပေးသည်။
(၈) ဒိုင်ဝါတီခရူလာ ရောဂါ (အူတွင်း၌ အိတ်ငယ်ကလေးများ ဖြစ်ပေါ်ခြင်းနှင့် ၎င်းတို့ရောင်ရမ်းခြင်း (သို့) သွေးယိုခြင်း) ကိုထိန်းချုပ်ပေးသည်။
(၉) ပိုနေသော ဝမ်းဗိုက်အဆီကို လျော့ကျစေသည်။
(၁၀) အစာကြေညက်စေသည် ဝမ်းမှန်စေသည်။
(၁၁) အကျိုးပြုပိုးများ ပြန်လည်ဖြည့်တင်းပေး၍ ရောင်ရမ်းမှုကို ထိန်းချုပ်ပေးသည်။
(၁၂) မှိုရောဂါ ကူးစက်ဖြစ်ပွားမှု ပမာဏကို လျော့ကျစေသည်။
(၁၃) ဗိုက်တာမင်များအား စုပေါင်း ညှိနှိုင်း ဆောင်ရွက်မှု စွမ်းရည်ကို တိုးမြှင့်ပေးသည်။

Probiotic ကို ဝယ်သည့်အခါမှာ ပိုးအမျိုးအစား များများ ပါသော တံဆိပ်ကို ဝယ်သင့်ပါတယ်။ ဘူးမှာ ရေးထားတဲ့ Probiotic 10 ဆိုတာ ပိုးအမျိုးအစား ၁၀ မျိုး ပါတာကို ပြောတာပါ၊ 20 billion, 30 billion ဆိုတာ serving size မှာ ပါတဲ့ ပိုးကောင်ရေကို ပြောတာပါ၊
အသက်အလိုက် သောက်ရမည့်နှုန်း
1 နှစ် 2 billion
2 နှစ် 4 billion
4 နှစ် 8 billion
10 နှစ် 12 billion
16 နှစ် 15 billion
16 နှစ်အထက် 20 billion

အစာမရှိချိန် (Empty Stomach) သောက်ပါ လို့ ရေးထားတာ ရှိသလို အစာနဲ့အတူ (with meal) လို့ ရေးထားတဲ့ အမျိုးအစားလဲ ရှိပါတယ်

ပိုးသတ်ဆေး (antibiotic) သောက်ရင်တော့ ၄ နာရီ ခြားပြီး သောက်ရပါတယ်။

-To a better health


ငွေဈေး အပြောင်းအလဲကြောင့် ဈေးနှုန်း အနည်းငယ် ပြောင်းလဲ နိုင်ပါသည်။
☎️မှာယူလိုပါက Swe Htike chat box သို့ 09420251071သို့ ဆက်သွယ်နိုင်ပါသည်ရှင်။

01/11/2022

Youtheory Collagen 390 Tablets

Collagenသည် လူ့ခန္ဓာကိုယ်ရှိ အဓိက ပရိုတင်း
တစ်မျိုးဖြစ်ပြီး အရေပြား၊အရိုး၊အဆစ်၊သွေးကြောနှင့် တွယ်ဆက်တစ်ရှုးများတွင်တွေ့ရပါသည်။အသက်ကြီးလာသည်နှင့်အမျှ ကော်လာဂျင်သည် သဘာဝ အတိုင်း ပြိုကွဲ သွားပြီး အချိန်ကြာလာသည်နှင့်အမျှလျော့ပါးလာကာ အိုမင်းရင့်ရော်ခြင်းလက္ခဏာများကို ဖြစ်ပေါ်စေပါသည်၊ဒီလိုအချိန်တွင် collagen supplement များကို စတင် သုံးစွဲသင့်ပါသည်၊collagen သည် အလှပတွက်သာမက ကျန်းမာရေးအတွက်ပါအထောက်အကူပြုပါသည်။
🔸အရွယ်မတိုက်မီ အိုမင်းရင့်ရော်ခြင်း ကို
ကာကွယ်ပေးခြင်း
🔸အသားအရည် ကိုတင်းရင်းစိုပြေကြည်လင်
လာခြင်း
🔸ခြေသည်း၊လက်သည်းများကျိုးလွယ်သည်ကို
တာဆီးကာ သန်မာစေခြင်း၊
🔸ဆံသားများ ကိုကျန်းမာသန်စွမ်းစေခြင်း၊
🔸အရိုးအရွတ်စသည့် အဆစ်မြစ် နာကျင်
ကိုက်ခဲခြင်းများ ကို သက်သာစေပါတယ်ရှင်။
💊ဆေးသောက်ရန်အညွှန်း_တနေ့(၆)လုံး အစာနှင့် နာရီဝက်ခွာပြီးသောက်သုံးနိုင်ပါသည်၊သို့မဟုတ် မနက် ည ခွဲပြီး သောက်သုံး နိုင်ပါသည်ရှင်၊
👫အမျိုးသားရော အမျိုးသမီးပါ သောက်သုံးနိုင်ပါသည်။
❎ကိုယ်ဝန်ဆောင်နို့တိုက်မိခင်နှင့် အသက်(၁၈)နှစ်အောက်လူငယ်များမသောက်သုံးသင့်ပါရှင်။

Price _64000ks

ငွေဈေး အပြောင်းအလဲကြောင့် ဈေးနှုန်း အနည်းငယ် ပြောင်းလဲ နိုင်ပါသည်။
☎️မှာယူလိုပါက Swe Htike chat box သို့ 09420251071သို့ ဆက်သွယ်နိုင်ပါသည်ရှင်

24/10/2022

ပျော်ရွှင်စရာ ဒီပါဝါလီ ပွဲတော်နေ့ ဖြစ်ပါစေကြောင်း Swe Htike မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်🙏🙏🙏

23/10/2022

Nature Made Fish Oil 1200mg
Price _ 38000ks

Fish oil သည် လူသုံးအများဆုံး အာဟာရဖြည့်စွက်စာများထဲမှ တစ်ခုဖြစ်ပါသည်။ငါးမစားသောသူများသည် fish oil သောက်သုံးခြင်းဖြင့် Omega_3 fatty acids လုံလောက်စွာရရှိရန် ကူညီပေးပါသည်။
💠အကျိုးကျေးဇူးများ
🔸နှလုံးရောဂါအတွက် အထောက်အကူပြုခြင်း၊
🔸မျက်စိအားကောင်းစေခြင်း၊
🔸ရောင်ရမ်းနာကျင်မှုကိုလျော့ချပေးနိုင်ခြင်း၊
🔸အသားအရေကိုကြည်လင်ကောင်းမွန်စေခြင်း၊
🔸 အသည်းအဆီဖုံးခြင်းကို လျော့ချပေးခြင်း
🔸စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှု ကျန်းမာရေး
လက္ခဏာ များကို ကောင်းမွန်စေခြင်း
🔸ကလေးသူငယ်များ၏ အာရုံစူးစိုက်နိုင်စွမ်း
ကိုတိုးတက် စေခြင်း၊
🔸ပန်းနာရင်ကျပ်ရောဂါနှင့် ဓာတ်မတည့်မှု
အန္တာရယ် များကို သက်သာစေခြင်း၊
🔸အရိုးအဆစ်များကို ပါကောင်းမွန်သန်မာစေ
ပါတယ်ရှင်
💊ဆေးညွှန်း_တစ်နေ့ (၂)လုံး အစာနှင့်တွဲဖက်သောက်သုံးပေးပါရှင်

In stock
💯Authentic from USA
☎️မှာယူလိုပါက Swe Htike chat box သို့ 09420251071သို့ ဆက်သွယ်နိုင်ပါသည်ရှင်။
ငွေဈေးအပြောင်းအလဲကြောင့်ဈေးနှုန်းအနည်းငယ် ပြောင်းလဲ နိုင်ပါသည်။

20/10/2022

Centrum Silver 50+Men _ 70000ks
Centrum Silver 50+Women _ 70000ks
Centrum Silver 50+Adults _ 70000ks

17/10/2022

Life Extension Zinc Caps 50mg

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေရန်နှင့် ရောဂါပိုးများ တိုက်ထုတ်ရန် ဇင့်ဓာတ် လိုအပ်ပါသည်ရှင်
▪️ဇင့်ဓာတ်သည် အအေးမိရောဂါ လက္ခဏာကို သက်သာစေသည်၊
▪️ကိုယ်ဝန်ဆောင်စဥ်နှင့် ကလေးများကောင်းစွာကြီးထွားဖွံ့ဖြိုးရန် အထောက်အကူ ပြုပါသည်၊
▪️အနာကျက်မြန်စေပြီး အရေပြားရောင်ရမ်း နာကျင်ခြင်း တွေအတွက် ဇင့်ဖြည့်စွက်ဆေးကို အသုံးပြုနိုင်ပါသည်ရှင်
ခန္ဓာကိုယ်တွင် ဇင့်ဓာတ် အလုံအလောက်မရရှိသူများသည် အဆုတ်အအေးမိခြင်းနှင့် အခြားသော ရောဂါပိုးများ ဝင်ရောက်နိုင်ခြေ ပိုများပါသည်၊
ဒါ့အပြင် ဆံပင်ကျွတ်ခြင်း၊ဝမ်းလျောခြင်း၊ပန်းသေခြင်း၊အမြင်အာရုံ လျော့နည်း ခြင်း၊အရေပြား ပြသနာများနှင့် အစာစားချင်စိတ် ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်ရှင်။

💊ဆေးအညွှန်း_တနေ့(၁)လုံး သို့ ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်သုံး နိုင်ပါသည်ရှင်
Price _13000
☎️မှာယူလိုပါက Swe Htike chat box သို့ 09420251071သို့ ဆက်သွယ်နိုင်ပါသည်ရှင်။
ငွေဈေးအပြောင်းအလဲကြောင့်ဈေးနှုန်းအနည်းငယ်ပြောင်းလဲနိုင်ပါသည်။

Photos from Swe Htike's post 09/10/2022

10.10 Flash Sales❗❗❗
တန်မှတန် လျော့ဈေးလေးမို့ မှာယူမယ်ဆို အမြန်ဆုံး ဆက်သွယ်လိုက်တော့နော်😍😍😍

🚛ရန်ကုန်မြို့အတွင်း မှာယူပြီး ၃ရက်အတွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်
ကျန်မြို့ နယ်များ အတွက် ငွေလွှဲဝင်ပြီးမှ ပို့ဆောင်ပေးပါသည်
🥰Wave, Kpay ကြိုက်နှစ်သက်ရာဖြင့်လွှဲနိုင်ပါသည်
%မပေးရပါ။
❎Order confirm ပြီးပါက Cancle မရပါရှင်၊
☎️မှာယူလိုပါက Swe Htike chat box သို့ 09420251071သို့ ဆက်သွယ်နိုင်ပါသည်ရှင်

နေ့ရက်တိုင်းကို ကျန်းမာပျော်ရွှင်စွာဖြင့် ဖြတ်သန်း နိုင်ကျပါစေရှင်💛💛💛

09/10/2022

10.10 Flash sales မှာ supplement မျိုးစုံကို အထူးလျော့ဈေးနဲ့ ရောင်းချပေးနေပါပြီရှင် 😍
Promotion ကာလ ၃ရက်တည်းမို့ လက်မနှေးပဲ အမြန်ဆုံး ဝယ်ယူ လိုက်တော့နော် 😊

08/10/2022

🌷🌷🌷မင်္ဂလာရှိတော့ သီတင်းကျွတ်လပြည့်နေ (အဘိဓမ္မာအခါတော်နေ့) အခါသမယလေးမှာ ကိုယ်စိတ်နှလုံး လုံခြုံ ချမ်းမြေ့ ၍ ကျန်းမာ ချမ်းသာ ပါစေကြောင်း Swe Htike မိသားစုမှ ခုနှစ်ရက်သားသမီး အပေါင်းကို ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် ရှင် 🙏🙏🙏

Photo credit

Photos from Swe Htike's post 05/10/2022

သီတင်းကျွတ်ကာလမှာ ဖိုးဖိုး၊ဖွားဖွား ၊ဖေဖေ၊မေမေ စသည့်လူကြီးမိဘတွေကို ကန်တော့ဖို့ ပဲ ဖြစ်ဖြစ် လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် စဥ်းစားမယ်ဆို ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ supplement လေးတွေနဲ့ ကန်တော့ပြီး ဂါရဝပြုရအောင်လားရှင် 😍😍😍
🚛ရန်ကုန်မြို့အတွင်း မှာယူပြီး ၃ရက်အတွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်
ကျန်မြို့ နယ်များ အတွက် ငွေလွှဲဝင်ပြီးမှ ပို့ဆောင်ပေးပါသည်
🥰Wave, Kpay ကြိုက်နှစ်သက်ရာဖြင့်လွှဲနိုင်ပါသည်
%မပေးရပါ
❎Order confirm ပြီးပါက Cancle မရပါရှင်
သိလိုသည်များကို comment box or chat box တွင် မေးမြန်းနိုင်ပါသည်ရှင်
☎️မှာယူလိုပါက Swe Htike chat box သို့ 09420251071သို့ ဆက်သွယ်နိုင်ပါသည်ရှင်

04/10/2022

ဆေးသက်တမ်း Expiry date နှင့် အာနိသင်

ကျွန်မက ဗဟုသုတတွေ ဝေမျှပေးနေခြင်းသာ ဖြစ်ပါတယ် ၊၊ သိသွားပြီဆိုရင် မိမိသဘောအတိုင်း အဆင်ပြေသလို လုပ်နိုင်ပါတယ် ၊၊
ဆေးတွေ ထုတ်တဲ့အခါ ဆေးသက်တမ်းထည့်ရမယ်ဆိုပြီး ၁၉၇၉ ခုနစ် က ပြဌာန်းလိုက်ပါတယ် ၊၊ သက်တမ်းကို ပြထားခြင်းအားဖြင့် ဆေးအာနိသင် အပြည့်အဝဟာ ဒီသက်တမ်းအတွင်းမှာ ရှိတယ်ဆိုတဲ့ အာမခံချက်တစ်ရပ်သာ ဖြစ်ပါတယ် ၊၊ သက်တမ်းကျော်သွားရင် အာနိသင် နည်းနည်းလျော့နိုင်တယ် ၊ ဥပဒ်တော့ မရှိဘူးဆိုတာ သိစေချင်လိုပါ ၊၊ အထူးသဖြင့် အေးတဲ့နေရာမှာ ( ရေခံသေတ္တာ ) အဖုံးလုံလုံနဲ့ သိမ်းထားမယ်ဆိုရင် ပိုပြီးအာနိသင်ကျန်တယ်ဆိုတာ နားလည်ရပါမယ် ၊၊ အထူးသဖြင့် အဆီပါတဲ့ ဆေးတွေဆိုရင် ရေခဲသေတ္တာထဲမှာ ထားပါ ၊၊ Oxidized ဖြစ်သွားတတ်လို့ပါ ၊၊
ဆေးဘူးပေါ်မှာ ထုနှိပ်ထားတဲ့ ဆေးရဲ့သက်တမ်း Expiry date ရဲ့ အဓိပ္ပါယ်ကို သိထားသင့်ပါတယ် ၊၊ ဒီရက်အတွင်းမှာသောက်ရင် ဆေးရဲ့အာနိသင် အပြည့်အဝရနိုင်တယ် ဆိုတာ ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ အာမခံချက်သာဖြစ်ပါတယ် ၊၊ ရက်စွဲကျော်လွန်သွားတဲ့ဆေးတွေသောက်ရင် ဥပဒ်ရှိတယ် ဆိုတဲ့ အဓီပ္ပါယ် မသက်ရောက်ပါ ၊ ဟုတ်လည်းမဟုတ်ပါ ၊၊
သုတေသန အရဆိုရင် ဆေးတွေဟာ ဆေးသက်တမ်းကုန်ပြီး ၁၅ နှစ် ကြာသွားတာတောင် ဥပဒ် မရှိဘဲ သုံးနိုင်ပါတယ်တဲ့ ၊ အာနိသင်တာ အနည်းငယ် လျော့သွားချင် လျော့သွားနိုင်ပါတယ်တဲ့ ၊ အာနိသင်လုံးဝ မရှိတော့တာမဟုတ်ပါ ၊၊ ဆေးပညာရှင်တွေ ပြောပုံအရ သက်တမ်းလွန်ဆေးတွေ သောက်ရင် ဥပဒ်မရှိနိုင်ပါ
ဒါဆိုရင် ဆေးထုတ်တဲ့ ကုမ္ပဏီတွေရဲ့ လှည့်စားချက်တစ်မျိုးလို့ ယူဆချင်ရင်လည်း ယူဆနိုင်ပါတယ်လို့ ပြောပါတယ် ၊၊ ( ကျွန်မ ပြောတာ မဟုတ်ပါ ) ဘာသာပြန်ပေးနေခြင်းသာ ဖြစ်ပါတယ် ၊၊
နောက်အမြင်တစ်မျိုးနဲ့ ကြည့်နိုင်တာကတော့ ဆေးရဲ့အာနိသင်အပြည့်အဝကို အာမခံထားတဲ့ ရက်စွဲ အနေနဲ့ကြည့်လို့ရပါတယ် ၊၊ နားလည်စေချင်တာက ဆေးဘူးကိုကြည့်ပြီး သက်တမ်းကုန်လွန်သွားပြီ ဆိုပြိး လွှင့်မပစ်လိုက်ပါနဲ့ ၊ ဆေးဘူးတွေက ဝယ်ရတာလည်း စျေးအလွန်ကြီးလာနေပါတယ် ၊၊ ဥပဒ် မဖြစ်ဘူးဆိုတဲ့အချက်ကို နားလည်စေချင်ပါတယ် ၊၊ ဥပဒ်မဖြစ်ဘူးဆိုတဲ့ အချက်ကို နားလည်စေချင်ပါတယ် ၊၊
တလောက Facebook မှာ သက်တမ်းကုန်တဲ့ ဆေးတွေ လှူလို့ဆိုပြိး ဝိုင်းပြီး အပြစ်ပြောတာကို ဖတ်မိလိုက်လို့ပါ ၊၊ လုံးဝ သောက်စရာမရှိတာထက် စာရင် အများကြီး အထောက်ကူ ပြုပါတယ်ရှင် ၊၊
ဖေါ်ပြပါ အချက်ကို နားလည်သွားပြီဆိုရင် သက်တမ်းကုန်ဆေးဝါးလှူတဲ့လူကို ဝိုင်းပြီး အပြစ်တင် ဆဲဆိုခြင်း မလုပ်ကြစေချင်ပါ ၊၊
ပြန်လည်ဝေမျှခြင်းဖြင့် ကုသိုလ်ယူလိုက်ပါ ၊၊

Credit _Dr Daw Khin New Win
To A Better Health
Photo credit

Photos from Swe Htike's post 30/09/2022
26/09/2022

Life Extension B_Complex

B complex ဆိုတာ ဦးနှောက်နဲ့ အာရုံကြောလုပ်ဆောင်မှုတွေကို ပိုမိုအားကောင်းစေပြီး မှတ်ဥာဏ်စွမ်းအားကို မြှင့်တင်ပေးပါသည်၊ ဒါ့အပြင် Vitamins B ချို့တဲ့သူတွေမှာတွေ့ရတဲ့ စိတ်ကျရောဂါနဲ့ စိုးရိမ်သောက လက္ခဏာများကို လျော့ချပေးနိုင်ပါသည်။

Life Extension B_Complex တွင် B1, B2, B3, B5, B6, B7, B9, B12 စတဲ့ vitamins ၈မျိုး ပါဝင်နေတဲ့အတွက် ဆေးတလုံးတည်းနဲ့ ထိရောက်တဲ့ ဆေးဖြစ်ပါသည်။

💊ဆေးအညွှန်း _ အစာစားပြီးတိုင်း မနက်(၁)ကြိမ်ည(၁)ကြိမ်သောက်သုံးနိုင်ပါသည်၊သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးနိုင်ပါသည်ရှင်

💰Price_27000ks
ငွေဈေးအပြောင်းအလဲကြောင့် ဈေးနှုန်း အနည်းငယ်ပြောင်းလဲနိုင်ပါသည်။

☎️မှာယူလိုပါက page chat box သို့ 09420251071သို့ ဆက်သွယ်မှာယူနိုင်ပါသည်ရှင်

Photos from Swe Htike's post 21/09/2022

🙏မင်္ဂလာပါ Swe Htike Supplement Store မှ ကြိုဆိုပါတယ်ရှင်
💊လူကြီးမင်းတို့ရဲ့ နေစဥ်ဘဝတွင် လိုအပ်သော Supplement မျိုးစုံ ကို တစ်နေရာတည်းတွင် စိတ်ချ ယုံကြည်စွာဖြင့် ဆက်သွယ် မှာယူနိုင်ပါပြီရှင်
🚛ရန်ကုန်မြို့အတွင်း မှာယူပြီး ၃ရက်အတွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်
ကျန်မြို့ နယ်များ အတွက် ငွေလွှဲဝင်ပြီးမှ ပို့ဆောင်ပေးပါသည်
🥰Wave, Kpay ကြိုက်နှစ်သက်ရာဖြင့်လွှဲနိုင်ပါသည်
%မပေးရပါရှင်
❎Order confirm ပြီးပါက Cancle မရပါရှင်
💲ငွေဈေး အပြောင်းအလဲကြောင့် ဈေးနှုန်း အနည်းငယ် ပြောင်းလဲ နိုင်ပါသည်
☎️မှာယူလိုပါက Swe Htike chat box သို့ 09420251071သို့ ဆက်သွယ်နိုင်ပါသည်ရှင်
👇ပုံတပုံချင်းဆီအောက်တွင် ဈေးနှုန်းများ ဖော်ပြထားပါသည်။

21/09/2022

Smarty Pants
ကလေးငယ်တွေအတွက် အစာခြေစနစ် ကောင်းမွန်စေဖို့ prebiotic & probioticပါဝင်တဲ့ smarty pants လေးက_
✔️အစာခြေဖျက်အားကောင်းမွန်စေတယ်၊
✔️အူယောင်တာကို သက်သာစေတယ်၊
✔️ကိုယ်ခံစွမ်းအားမြှင့်တင်ပေးတယ်၊
✔️ဝမ်းပျက်ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်၊
စတော်ဘယ်ရီအရသာပါဝင်ပြီး ဝါးစားလို့ရတဲ့ ဖြည့်စွက်စာလေးဖြစ်လို့ ဆေးတိုက်ရခက်ပြီး ဆေးသောက်ရမှာကြောက်တဲ့ ကလေးငယ်တွေအတွက် မေမေတွေ ရွေးချယ်သင့်တဲ့ အားဆေးကောင်းလေးဖြစ်ပါတယ်။
အသက်(၃)နှစ် မှ စတင်ပြီး တိုင်ကျွေးလို့ ရပါ
တယ်ရှင်။
Price_32000ks
Instock
☎️မှာယူလိုပါက Swe Htike chat box သို့ 09420251071သို့ ဆက်သွယ်နိုင်ပါသည်ရှင်။

17/09/2022

Osteo Bi Flex

အသက်အရွယ်ကြီးရင့်လာခြင်းကြောင့် ဒူး အဆစ်အမြစ်ကိုက်ခဲခြင်း၊ထိုင်ရထရခက်ခဲခြင်း၊လှေကားအတက်အဆင်းခက်ခဲခြင်းတို့ ဖြစ်တက်ပါတယ်။

Osteo Bi flex triple strengthတွင် အရိုးအဆစ်များကို သန်မာစေသော glucosamine & chondroitin ပါဝင်သောကြောင့် လွယ်လွယ်ကူကူ လှုပ်ရှားနိုင်ပြီး အရိုးနုများကို သက်တောင့်သက်သာဖြစ်စေပါသည်။
*ကောင်းကျိုးများ
✅အရိုးအဆစ်များကိုသန်မာစေခြင်း၊
✅ကွေးဆန့်မှုကို လွယ်ကူအောင် ထောက်ပံ
ပေးခြင်း၊
✅သက်တောင့်သက်သာ ရွေ့လျားမှုကို ပံပိုး
ပေးခြင်း၊
✅(၇)ရက်အတွင်း အရိုးနုအဆစ်အမြစ်များ
ကို သက်သာလာစေပါသည်။

Osteo Bi flex သည် USA၏ နံပါတ် 1 ကျန်းမာရေး အမှတ်တံဆိပ်ဖြစ်ပြီး အရိုးအဆစ်များကို သက်တောင့်သက်သာဖြစ်စေသောကြောင့် သင်၏တစ်နေ့တာ လှုပ်ရှားမှုများအတွက် အထောက်အကူ ဖြစ်စေသော ဖြည့်စွက်အားဆေးလေး ဖြစ်ပါသည်။
💊ဆေးညွှန်း_တစ်နေ့ (၂)လုံး အစာနှင့်တွဲဖက်သောက်သုံးပေးပါရှင်
Price_75000ks

💯Authentic from USA
☎️မှာယူလိုပါက Swe Htike chat box သို့ 09420251071သို့ ဆက်သွယ်နိုင်ပါသည်ရှင်။

ငွေဈေးအပြောင်းအလဲကြောင့်ဈေးနှုန်းအနည်းငယ် ပြောင်းလဲ နိုင်ပါသည်။

16/09/2022

Centrum Silver 50+Men (275)Tablets
Centrum Silver 50+Women(275)Tablets
Centrum Silver Adults 50+(325)Tablets

Centrum Silver ဆိုတာ အသက် ၅၀ ကျော် လူကြီး မိဘ များ ဆောင်ထားသင့်တဲ့ Vitamin နှင့် Mineral များစွာ ပါဝင်တဲ့ အားဆေးကောင်းလေး ဖြစ်ပါတယ်။
❤️B Vitamins ပါဝင်လို့ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးလည်ပတ်မှုကို အထောက်အကူပြုပါတယ်၊
🧠Zinc နဲ့ Vitamin B ပါဝင်တဲ့ အတွက် မှတ်ဥာဏ်စွမ်းအားကို မြင့်မားစေပြီး သတိမေ့လျော့ခြင်းကို လျော့နည်းစေပါတယ်၊
👁️‍🗨️Vitamin A,C,E,Lutein ပေါင်းစပ်ပါဝင်တဲ့ အတွက် မျက်စိအားကောင်းစေပါတယ်၊
🦴Vitamin D,Magnesium,B6 ပါဝင်လို့ ကြွက်သားလုပ်ဆောင်မှုကို ထောက်ပံပေးပြီး အရိုးများကို သန်မာစေပါတယ်၊
💊ဆေးအညွှန်း _ အစာစားပြီးတိုင်း တနေ့တလုံး မှီဝဲနိုင်ပါသည်။
Price _75000ks
ငွေဈေးအပြောင်းအလဲကြောင့် ဈေးနှုန်းအနည်းငယ်ပြောင်းလဲနိုင်ပါသည်။
ဆေးခွဲလိုချင်သူများအတွက် အလုံး (60) မှစ၍ ခွဲရောင်းပေးပါတယ်ရှင်
☎️မှာယူလိုပါက Swe Htike chat box သို့ 09420251071သို့ ဆက်သွယ်နိုင်ပါသည်ရှင်။

15/09/2022

Youtheory Collagen 390 Tablets

Collagenသည် လူ့ခန္ဓာကိုယ်ရှိ အဓိက ပရိုတင်း
တစ်မျိုးဖြစ်ပြီး အရေပြား၊အရိုး၊အဆစ်၊သွေးကြောနှင့် တွယ်ဆက်တစ်ရှုးများတွင်တွေ့ရပါသည်။အသက်ကြီးလာသည်နှင့်အမျှ ကော်လာဂျင်သည် သဘာဝ အတိုင်း ပြိုကွဲ သွားပြီး အချိန်ကြာလာသည်နှင့်အမျှလျော့ပါးလာကာ အိုမင်းရင့်ရော်ခြင်းလက္ခဏာများကို ဖြစ်ပေါ်စေပါသည်၊ဒီလိုအချိန်တွင် collagen supplement များကို စတင် သုံးစွဲသင့်ပါသည်၊collagen သည် အလှပတွက်သာမက ကျန်းမာရေးအတွက်ပါအထောက်အကူပြုပါသည်။
🔸အရွယ်မတိုက်မီ အိုမင်းရင့်ရော်ခြင်း ကို
ကာကွယ်ပေးခြင်း
🔸အသားအရည် ကိုတင်းရင်းစိုပြေကြည်လင်
လာခြင်း
🔸ခြေသည်း၊လက်သည်းများကျိုးလွယ်သည်ကို
တာဆီးကာ သန်မာစေခြင်း၊
🔸ဆံသားများ ကိုကျန်းမာသန်စွမ်းစေခြင်း၊
🔸အရိုးအရွတ်စသည့် အဆစ်မြစ် နာကျင်
ကိုက်ခဲခြင်းများ ကို သက်သာစေပါတယ်ရှင်။
💊ဆေးသောက်ရန်အညွှန်း_တနေ့(၆)လုံး အစာနှင့် နာရီဝက်ခွာပြီးသောက်သုံးနိုင်ပါသည်၊သို့မဟုတ် မနက် ည ခွဲပြီး သောက်သုံး နိုင်ပါသည်ရှင်၊
👫အမျိုးသားရော အမျိုးသမီးပါ သောက်သုံးနိုင်ပါသည်။
❎ကိုယ်ဝန်ဆောင်နို့တိုက်မိခင်နှင့် အသက်(၁၈)နှစ်အောက်လူငယ်များမသောက်သုံးသင့်ပါရှင်။

Price _67000ks

ငွေဈေး အပြောင်းအလဲကြောင့် ဈေးနှုန်း အနည်းငယ် ပြောင်းလဲ နိုင်ပါသည်။
☎️မှာယူလိုပါက Swe Htike chat box သို့ 09420251071သို့ ဆက်သွယ်နိုင်ပါသည်ရှင်

13/09/2022

ဖြည့်စွက်စာ ( supplements ) ဘယ်လိုသောက်မလဲ။

ဖြည့်စွက်စာ ( supplements ) ဘယ်လိုသောက်မလဲ မေးကြသူတွေအတွက် ၂၀၂၀ ၊ ဇွန်လအထိ မှတ်သားမိသမျှ ရေးပါတယ်။

1. ဗိုက်တာမင် D3 ကို မနက် သို့မဟုတ် နေ့လည်အစာစားပြီးသောက်နိုင်ပါတယ်။

2. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို တစ်လုံးတည်းသောက်တဲ့အခါ ညဘက်သောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။

3. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို ၂ လုံးသောက်ရမည်ဆိုလျှင် မနက် နှင့် ည သောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။

4. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို ၃ လုံးသောက်ဖို့လိုလျှင် မနက်၊ နေ့လည်၊ ည သောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။

5. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို ၄ လုံးသောက်ရမည်ဆိုလျှင် မနက် ၂ လုံး နှင့် ည ၂ လုံးသောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။

6. ဇင့် ( Zinc ) ကို 30 mg ကနေ 50 mg ထိ ညစာစားပြီးသောက်နိုင်ပါတယ်။ ဇင့်သောက်တဲ့အခါ တစ်ချို့လူများမှာ ပျို့အန်ချင်စိတ်ပေါ်လာတတ်ပါတယ်။

7. ဆယ်လီနီယမ်ကို တစ်ချို့က အစာမစားမီသောက်တဲ့အခါ အဆင်မပြေတတ်ပါ။
အစာမစားမီသောက်လို့ အဆင်မပြေတဲ့အခါ အစာစားပြီးသောက်ပါ။

8. ဗိုက်တာမင် K2 ဖြည့်စွက်စာများကို မနက် သို့မဟုတ် နေ့လည်အစာစားပြီးသောက်နိုင်ပါတယ်။

9. ပရိုဘိုင်အိုတစ်ကို အစာစားပြီးသောက်နိုင်ပါတယ်။ တစ်ချို့က အစာစားပြီးသောက်တဲ့အခါ လေပွတတ်ပါတယ်။ ပရိုဘိုင်အိုတစ် အစာစားပြီးသောက်တဲ့အခါ လေပွတတ်သူတွေအတွက် အစာမစားမီ မိနစ် ၃၀ ကြိုပြီး သောက်လို့ရပါတယ်။

10. Ox bile & digestive enzymes ဖြည့်စွက်စာကို အစာမစားမီ ၁၅ မိနစ် ကြိုသောက်ပါ။

11. Betaine HCl ကို အစာစားပြီး ၁၅ မိနစ်အတွင်းသောက်သင့်ပါတယ်။

12. Betaine HCl , Ox bile & digestive enzymes ပေါင်းထားတဲ့ ဖြည့်စွက်စာကို အစာစားပြီးမှသောက်ပါ။

13. Cold pressed virgin coconut oil ကို အစာစားပြီး သောက်ကြပါတယ်။ ဝမ်းသွားဖို့ သောက်ချင်သူတွေက မနက်စစောစောစီးစီး အစာမစားမီသောက်ကြပါတယ်။ မနက်စစောစောစီးစီး အစားမစားမီသောက်တဲ့အခါ ဗိုက်နာတတ်ပါတယ်။

14. MCT oil ကို ထမင်းစားပြီး 2 နာရီကျော်မှသောက်ပါ။

15. ဆီကို နနွင်းထည့်သောက်တဲ့အခါ အစာစားပြီးမှသောက်ပါ။

16. N acetyl cystiene ( NAC ) , L carnitine & L glutamine တွေ ကို အစာမစားခင် 2 နာရီ၊ အစာစားပြီး 2 နာရီကျော်မှ သောက်ပါ။

17. Melatonin , GABA & L theanine တွေကို တွေ ကို ညစာစားပြီး ၂ နာရီကျော်မှ သောက်ပါ။ ညအိပ်ချိန်မရောက်ခင် ၁ နာရီကြိုသောက်သင့်ပါတယ်။

18. Vitamin C နှင့် ငါးကြီးဆီကို အစာစားပြီးမှသောက်ပါ။ ငါးကြီးဆီးကို ညစာ နှင့် သောက်တဲ့ အချို့လူတွေမှာ အိပ်မပျော်ဖြစ်တတ်ပါတယ်။

19. ဗိုက်တာမင် B များ ( B1, niacin, B5, B2, B6, B12, folate ) ကို အစာနှင့်အတူ သောက်ပါ။ တသ်ချို့လူတွေ သောက်လို့မရပါ။

20. CoQ 10 ကို မနက်စာစားပြီးသောက်တာပိုအဆင်ပြေပါတယ်။ ကျောက်ကပ်အစားထိုးထားသူတွေကို CoQ10 (30 mg ) ကို တစ်နေ့ သုံးကြိမ်သောက်ခိုင်းပါတယ်။

21. R lipolic acid ကို အစာစားပြီး ၁ နာရီကျော်မှ သောက်သင့်ပါတယ်။

22. D ribose တွေကို အစာစားပြီးမှ သောက်ပါ။ ကော်ဖီ၊ လက်ဖက်ရည်ကြမ်း၊ လက်ဖက်ရည်၊ သံပုရာရည် ၊ အသီးဖော်ရည်များထဲ ထည့်သောက်နိုင်ပါတယ်။

23. Cod liver oil မှာ omega 3 အပြင် ဗိုက်တာမင် D နှင့် A အနည်းငယ်ပါဝင်ပါတယ်။ အစားစာပြီးမှသောက်ပါ။ နနွင်းနဲ့လည်း တွဲသောက်လို့ရပါတယ်။

24. Milk thistle ကို အစာစားပြီးသောက်ပါ။ Selenium နှင့် ဗိုက်တာမင် B တွေနဲ့ တွဲသောက်နိုင်ပါတယ်။

Brand name နှင့် ဖြည့်စွက်စာတွေအတွက်

1. Jarrow က ထုတ်တဲ့ collagen type -1 ကို အစားမစားမီ ၁ နာရီမှာ ၆ လုံးသောက်ရပါတယ်။ ကျွန်တော်ကတော့ မနက်စာ မစားမီ ၃ လုံး နေ့လည်စားမစားမီ ၃ လုံး ခွဲသောက်ပါတယ်။

2. CanPrev တံဆိပ်နဲ့ antioxidant network supplements ကို ကျွန်တော်သောက်တုန်းက တစ်ရက် နှစ်လုံးသောက်ပါတယ်။ အစာစားပြီးသောက်ရတာပါ။ နောက်ပိုင်း CanPrev antioxidant network supplement အစား Jarrow က ထုတ်တဲ့ S acetyl L glutathione ကို ပြောင်းသောက်ပါတယ်။

3. Jarrow က ထုတ်တဲ့ S acetyl L glutathione မှာ glutathione 100 mg ပါဝင်ပါတယ်။ Glutathione 100 mg ဆိုတော့ ပမာဏနည်းပါတယ်။ နေ့စဉ်အဆိပ်ထုတ်လုပ်ငန်းကို ဆိုးကျိုးမရှိစေဘဲ လုပ်ဆောင်နိုင်အောင် glutathione 100 mg လောက်ကိုသာ ထည့်ထားတယ်လို့ပြောပါတယ်။ ကျွန်တော်က မနက်စာစားပြီးသောက်ပါတယ်။

4. Allergy Research Group ကထုတ်တဲ့ 200 mg of zen ကိုတော့ ညအိပ်ယာမဝင်ခင် တစ်နာရီမှာ ၁ လုံး သို့မဟုတ် ၂ လုံးသောက်ပါ။

5. Allergy Research Group ကထုတ်တဲ့ Thyroid glandular supplement ကို မနက်စာစားပြီးသောက်ပါ။ ကျွန်တော်ကိုယ်တိုင်သောက်နေတာပါ။

6. D ribose အနေနဲ့ ကျွန်တော်အသုံးပြုနေတာ PowerfulHealth တံဆိပ်ပါ။ စျေးသက်သာတာကြောင့်သုံးတာတော့ မဟုတ်ပါ။ အနံ၊ အရသာမပါဝင်လို့ လိုသလို သုံးလို့ရတာပါ။ အခြားဓာတုပစ္စည်းမပါတာကြောင့် ခဲတတ်သော သဘောရှိပါတယ်။
မနက် ကော်ဖီသောက်တိုင်း ထမင်းစားဇွန်းနဲ့ကို ထည့်သောက်တာပါ။

7. Bio Tech တံဆိပ် D3 plus မှာ ဗိုက်တာမင် D3 အပြင် D3 ရဲ့ cofactors တွေပါပါတယ်။Serving size က နှစ်လုံးပါ။ D 3 (5000 iu) ပြည့်ဖို့ ၂ လုံးသောက်ရပါမည်။ သာမန်လူတွေအတွက်ပြသနာမရှိပါ။ ကျောက်ကပ်လုပ်ဆောင်မှု လွန်စွာနည်းသူ နှင့် ဇင့်သောက်ပြီး အန်ချင်သူတွေနဲ့ မတည့်ပါ။

8. Garlum တံဆိပ်နဲ့ ကြက်သွန်ဖြူဆေးကို ကျွန်တော်အမြဲသောက်ပါတယ်။ အန္တရာယ်ပြုမည့် အဆီပိုတွေလျော့ချပေးဖို့ ရည်ရွယ်ပါတယ်။ အစာစားပြီး နာရီဝက်လောက်ငုံပြီး ဝါးစားပါတယ်။ အရသာမကောင်းပါ။

9. Allmeric တံဆိပ်နဲ့ နနွင်းဆေးကို ငုံလို့ရပါတယ်။ ဝက်ခြံ၊ သွားကိုက်ခြင်းအတွက် ကောင်းပါတယ်။

10. Jarrow Magnesium optimizer ကို မနက်စာစားပြီး 1 ကြိမ် & ညစာစားပြီး 1 ကြိမ်သောက်ပါ။

Credit to ဒေါက်တာ ဖြိုးမောင်မောင် ( Dr.PHYO MAUNG )
Photo Credit

12/09/2022

ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းရဲ့
ကျန်းမာရေးဆုံးမစာ

သက်ရှည် ကျန်းမာချင်ကြရင်

၁. အစာ လျော့စားပါ။

၂. စားတဲ့ ပမာဏကို လျော့ပါ။

၃. မလိုအပ်တဲ့ အရသာရှိအောင်ထည့်တဲ့
အပိုတွေ မသုံးသင့်ပါ။

၄. ရိုးရိုးရေပဲ သောက်ပါ။

၅. အိပ်ရေးဝအောင် အိပ်ပါ။

၆. လမ်းလျှောက် ပါ။ ကိုယ်လက်လှုပ်ရှားပါ။

၇. Vegetable oil, Soy bean oil,
Corn oil, Canola oil သုံးပြီး မီးပူပူဖြင့်
ချက်ခြင်းကို ရှောင်ပါ။

၈. အသားလျော့စားပါ။

၉ .အရွက်များများစားတဲ့ အကျင့်လုပ်ပေးပါ။

၁၀ အဆီ စားပါ။

၁၁. Carbohydrates ဓာတ်ကို
လျှော့နိုင်သမျှ လျှော့ ပါ။

၁၂. နေပူ တစ်နေ့ ကို ၁၅ မိနစ် -
နာရီဝက် လောက်အထိ ခံပါ။

၁၃. မြေဓာတ် ယူတတ်ပါစေ။

၁၄. အပြင် အစားအသောက်များ
လျှော့နိုင်သမျှ လျှော့ပါ။ အိမ်မှာ ချက်စားပါ။

၁၆. ချဉ်ဖတ်စားတဲ့ အကျင့် လုပ်ပေးပါ။

၁၇.အိမ်လုပ် ဒိန်ချဉ် အကောင်းဆုံး
ဖြစ်ပါတယ်။ ဒိန်ချဉ်လုပ်တဲ့အခါ Probiotics
ဖောက်ထည့်ပါ။

၁၈.Vitamin D3 5000 IU မှန်မှန်သောက်ပါ
Vitamin K 2 နဲ့ တွဲ သောက် ပါ။

၁၉ . ကျောက်ပွင့် စားတတ်အောင် လေ့ကျင့်ပါ။

၂၀. အသီးစားတဲ့ ပမာဏကို လျော့ပါ။

၂၁. တတ်နိုင်တယ်ဆိုရင် လိုအပ်တဲ့ ဗီတာမင်နဲ့ အကူဓာတ်စာများကိုမှီဝဲပါ။

၂၂. ယောနိသော မနသိကာရ
( အကောင်းမြင်ဝါဒ နဲ့ နှလုံးသွင်းခြင်း)
ရှိရင် စိတ်အေးချမ်းမယ်။

အစာနည်းတဲ့သူဟာ အသက်ရှည်တတ်ပါတယ်။

စားတဲ့အစာကို ခန္ဓာကိုယ်က
စွမ်းအင်ထုတ်တဲ့ အခါ
(Krebs Citric Acid Cycle ) မှာ
စွမ်းအင်တွေထွက် လာတာနဲ့အမျှ
ဥပါဒ်ပေးမဲ့ free radicals တွေလည်း
ထွက်လာလို့ဖြစ်ပါတယ်။ ဆေးကျောင်းတုန်း
ကသင် ထားတဲ့ အခြေခံဖြစ်ပါတယ်။

Free radical တွေများလေ ခန္ဓာကိုယ်
ယောင်ကိုင်းလေဖြစ်ပါတယ်။

များများစားလေ ခန္ဓာကိုယ်ယောင်ကိုင်းဖို့
လမ်းများလေဖြစ်ပါတယ်။

လူတွေအများကြီး စားနေကြတာဟာလည်း
များသောအားဖြင့် ရသတဏှာကြောင့်
ဖြစ်ပါတယ်။

ရသတဏှာသည် သံသရာ၌ ဆင်းရဲအပေါင်းကို
ဖြစ်စေတတ်သောကြောင့် နိကန ္တိဘေးမည်၏။
( ဝိသုဒ္ဓိမဂ် အာဟာရေ ပဋိက္ကူလ သညာ )

အစာစားတဲ့အခါ မမက်မော၊ မတွေဝေဘဲ
အလိုရှိ သောအကျိုးကိုသာ ဉာဏ်နဲ့ယှဉ် ပြီး
စားရမှာ ဖြစ်ပါတယ်။

ခရီးခဲ၌ သား၏အသားကိုစားရသကဲ့သို့
( ဝိသုဒ္ဓိမဂ် )

Credit # Dr Khin Nwe Win

09/09/2022

Healthy Origins Vitamin D3 5000IU(120 softgels)

Vitamin D ကို နေရောင်ခြည်ကနေအဓိကရရှိပါသည်။ကြက်ဥ၊နွားနို့၊မှို နှင့် အဆီများသောငါး ကနေလည်းအနည်းငယ်ရရှိနိုင်ပါသည်။
💠VitaminD က ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့နေရာမှာ အထောက်အကူပြုပါတယ်၊ဒါအပြင် အရိုးနှင့် သွားများကို သန်မာစေ ပြီး အရိုးပွရောဂါနှင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
💠Vitamin D ချို့တဲ့ရင် ခုခံအားကျဆင်းပြီး မကြာခဏ ဖျားနာခြင်း၊အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း၊အရိုးနှင့်ကြွက်သားများနာကျင်ခြင်း ၊အရိုးပွ​ရောဂါကို ခံစားရခြင်းများ ဖြစ်တက်ပါ
တယ်ရှင်။
💊ဆေးညွှန်း_တစ်နေ့ (၁)လုံး အစာစားပြီးသောက်သုံးနိုင်ပါသည်(သို့)ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်သုံးနိုင်ပါသည်ရှင်။
Price_19000ks
In stock
💯Authentic from USA
☎️မှာယူလိုပါက Swe Htike chat box သို့ 09420251071သို့ ဆက်သွယ်နိုင်ပါသည်ရှင်။
ငွေဈေးအပြောင်းအလဲကြောင့်ဈေးနှုန်းအနည်းငယ် ပြောင်းလဲ နိုင်ပါသည်။

07/09/2022

Healthy Origins Vitamin C 1000Mg_120Caps

လူ့ခန္ဓာကိုယ် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သောVitamin C သည် ရေမှာပျော်ဝင်နိုင်သည့် Vitamin ဖြစ်ပါသည်။ Vitamin C ကို အသီးအနှံများတွင် အများဆုံးတွေ့ရပါသည်။ဥပမာ သံပရာသီး၊စတော်ဘယ်ရီသီး၊နံနတ်သီး၊လိမ္မော်သီး၊ဆီးဖြူ၊ဖန်ခါး၊မာလကာသီး စသည့် အရည်ရွှမ်းသော အသီးများမှ Vitamin C ကို ရရှိနိုင်ပါသည်။
Vitamin Cချို့တဲ့ပါက Scurvy(Spongy of gum)သွေးကြောမျှင်နံရံများ ပျက်စီးပြီး သွေးယိုထွက်ခြင်းကို ဖြစ်စေနိုင်ပါသည်။
✅Vitamin C ၏ကောင်းကျိုးများ
🔸ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊
🔸အနာကျက်မြန်စေခြင်း၊
🔸အရိုးများခိုင်မာစေခြင်း၊
🔸သွေးအားကောင်းစေခြင်း၊
🔸စိတ်ဖိစီးမှုကိုလျော့ချပေးပြီး လူကိုလန်းဆန်း
စေခြင်း၊
🔸ကင်ဆာနှင့် လေဖြတ်ရောဂါများကို လျော့ကျ
ကာကွယ်ပေးခြင်း၊
🔸ခန္ဓာကိုယ်အတွက်လိုအပ်သော collagen ကို
ထုတ်လုပ်ပေးခြင်း၊
🔸ရောဂါပိုးများ ဝင်ရောက်ခြင်းကို ကာကွယ်
ပေးခြင်း စသည့် များစွားသော အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါသည်။
Price _25000ks

ဆေးခွဲလိုချင်သူများအတွက် အလုံး (60) မှစ၍ ခွဲရောင်းပေးပါသည်။
☎️မှာယူလိုပါက Swe Htike chat box သို့ 09420251071သို့ ဆက်သွယ်နိုင်ပါသည်ရှင်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon

Other Vitamins/Supplements in Yangon (show all)
Magic Product Yangon Magic Product Yangon
MarlarMyaing
Yangon

welcome To Magic Page

DetoxLab DetoxLab
Yangon

Nature support health

Herbalage Outlets Herbalage Outlets
Yaw Min Gyi Street , Dagone Township , Yangone
Yangon

Herbalage company မှ ထွက်သော ဖြည့်စွက်စာ အားလုံ?

Biomanix Japan Company Limited Direct Biomanix Japan Company Limited Direct
Parami Road
Yangon, 11061

အမျိုးသားအား​​ဆေးတိုင်းရဲ့ အ​ကောင်းဆုံး Biomanix Japan

Ginesomega - ဂျင်ဆင်း နှင့် အိုမီဂါ-3 အားဆေး Ginesomega - ဂျင်ဆင်း နှင့် အိုမီဂါ-3 အားဆေး
132 Nd Street
Yangon, 11211

Stay FIT & ACTIVE with Ginesomega ! �Endurance �Stamina �Vigour �Vitality

PSM Online Store PSM Online Store
Yangon

Own business

Erica Online USA Supplement Erica Online USA Supplement
Pyay Road
Yangon, 11201

supplement

Fon RSD Fon RSD
YANGON
Yangon

လိပ်ခေါင်းပျောက်ဆေး

Pregna Gold Pregna Gold
34, Sabal Street, Corner Of Kantkaw Street, Bolane Aungmingalar Quarter
Yangon, 11211

Pregna Gold နဲ့အတူ ကျန်းမာလှပ မိခင်နဲ့ ရင်သွေးလေး ဘ၀ Distributed & Marketed by Pharma Wisdom

DEE Australia Authentic Products DEE Australia Authentic Products
Yangon

Especially Australia Skincare, Beauty & Healthy Products

Glass Skin By Psyche’ Glass Skin By Psyche’
Yangon

အမှန်တကယ်ဖြူဝင်းစေဖို့ အတွက် Glass Skin C ဆောင်ထားစို့