Doctor HTOO

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Doctor HTOO, Yangon.

10/12/2023
08/12/2023

ဂေါတမဘုရားသာ အခုခေတ်မှာပရိနိဗ္ဗာန်စံခဲ့မယ်ဆိုရင် ဘုရားရှင် နောက်ဆုံးသုံးတော်မူခဲ့တဲ့ဟင်းက "သူများ "ပယောဂ" အောက်လမ်းနဲ့ပြုစားလို့ ပရိနိဗ္ဗာန်စံရတာပါ"လို့ တခြားလူ/အဖွဲ့အစည်းတစ်ခုကို စွပ်စွဲပြီး အန္တရာယ်ပြု ရန်လိုက်မူနေကြဦးမှာပဲ
ဗုဒ္ဓဘာသာဝင်သာဆိုတယ် သေခြင်းတရားကို လက်မခံနိုင်ဘဲ ဂေါတမကို အရည်းကြီးလိုလူ ပယောဂ​ဆရာဆီ ပို့နေကြဦးမှာ သေချာတယ်

05/12/2023

ဆရာဝန်တွေကို ဘာလို့ အနစ်နာခံသူတွေလို့ မြင်ကြလဲ

ဆရာဝန်တွေကို တွေ့ရင် "ဆရာ/ဆရာမလေး" လို့ လူနာတို့ လူနာရှင်တို့င နှုတ်ဆက်ပြီး ခါးလေးတွေ ကျုံ့ပြီး ဖြတ်သွားကြတာမျိုးကို ဒီက ပုံမှန်ဖြစ်စဥ်တစ်ခုလို သတ်မှတ်ထားကြတယ်

ဆရာဝန်တွေကိုဆိုရင် အပြင်လူတော်တော်များများက လောကရဲ့ universal လူလိမ်မာလေးတွေ လူကောင်းတွေ လို့ မြင်ကြတယ် (တကယ်တော့ အထဲက အပုပ်အပွတွေက အချင်းချင်းပဲ မြင်ကြသိကြတာ)

အဲ့လို over respect တွေပေးပြီး နိုင်ငံအတွက် အနစ်အနာခံသူ လူလိမ်မာလေးတွေဆိုပြီး သတ်မှတ်ထား/မြင်ထားတဲ့ norm ကြောင့် ဆရာဝန် လစာဆိုလည်း နှစ်ပဲခြောက်ပြားပဲပေးပြီးခိုင်းတယ်
အာဏာသိမ်းပြီး လူတွေအားလုံး ဆင်းရဲလာလို့ ဆေးမကုနိုင် ဆေးမသောက်နိုင်တော့တာကိုလည်း ဆရာဝန်တွေ အလကားမကုပေးလို့ အနစ်နာခံပြီး အလကားမခွဲစိပ်ပေးလို့ဆိုတဲ့ အမြင်တွေ ဖြစ်လာကြတယ် ဆေးတောင် ဆရာဝန်တွေဆီက အလကားလိုချင်လာကြတယ်

အဲ့လို norm ကြောင့်လည်း တချို့သောဆရာဝန်တွေက သူတို့ကိုယ်သူတို့ သူများထက် superior ဖြစ်တယ်လို့ ခံယူထားကြတယ် တော်တော် arrogant ဖြစ်တဲ့ထဲမှာပါတယ်
လူနာတွေဆို ဆိုးဆိုးရွားရွားပြောဆိုဆက်ဆံတယ်
(ဆရာဝန်အချင်းချင်းလည်း ရိုင်းစိုင်းကြတယ် အကြီးအငယ် အနိုင်ကျင့်ကြတယ်)
Sympathy မရှိဘူး ရောဂါဖြစ်စဥ် မရှင်းပြကြဘူး
(ခွဲခန်းဝင်ခါနီးရင် informed consent လက်မှတ်ပဲ ထိုးခိုင်းတာ အထဲက အကြောင်းအရာ မရှင်းပြကြဘူး ဟိုတလောက private ဆေးရုံမှာ ဖြစ်တဲ့ ကိစ္စဆိုရင် လူနာဆုံးတော့ ဆရာဝန်ကို အပြစ်တင်တော့ informed consent နဲ့ ပြန်ချေပတယ် ဒါပေမယ့် informed consent ကို လူနာက တကယ်မှ မဖတ်လိုက်ရတာ အပြစ်တင်မှာပဲ)

အစကတည်း တခြား profession တွေလိုပဲ ဒါ
က ထိုက်သင့်တဲ့ ငွေကြေးယူပြီး အလုပ်လုပ်ရတဲ့ အလုပ်ဖြစ်တဲ့ အတွက်ကြောင့် အရမ်းတွေ respect ပေးပြီး ဆက်ဆံစရာ မလို ဘယ်ဆရာဝန်ကမှလည်း ဘယ်သူ့အတွက်ကိုမှ အနစ်နာခံနေတာ မရှိပါဘူး
ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ့်ဘဝတွေပါပဲ

How to Predict a Divorce with 91% Accuracy 27/11/2023

ကိုယ့် Relationship, ကိုယ့် အိမ်ထောင်ရေးမှာ ဒီအချက်တွေနဲ့ ပြည့်နေလားလို့ Awareness ရအောင် ကြည့်ရှု့သင့်တဲ့ video လေး တစ်ခု
မကွဲခင် မပြတ်ခင်ကတည်းက သတိထားမိပြီး couples therapy ယူကြဖို့ တိုက်တွန်းပါတယ်

How to Predict a Divorce with 91% Accuracy Psychologist Dr. Mark Baker explains the latest scientific research on the signs of divorce.

30/10/2023

Hyperkalemia
Causes, Symptoms and Treatment

Credits: Science of Medicine

Photos from PACES Digest's post 30/10/2023
Allergic asthma/eczema linked to heightened osteoarthritis risk | BMJ 22/09/2023

Allergic asthma/eczema linked to heightened osteoarthritis risk 🦴

- Drugs used to dampen down allergic pathways in the body may help lessen this risk

Allergic asthma/eczema linked to heightened osteoarthritis risk | BMJ Drugs used to dampen down allergic pathways in the body may help lessen this risk People with atopic (allergic) diseases like asthma or eczema may be at heightened risk of the painful and often disabling joint condition, osteoarthritis, finds research published online in the Annals of the Rheumatic....

Photos from Doctor HTOO's post 22/05/2023

ငါးအစုလိုက်အပြုံလိုက် သေဆုံးမှု သို့မဟုတ် Fish Kill

Fish kill တွေက ရေကန်တစ်ကန်ရဲ့ ရေတွင်း အောက်ဆီဂျင်ထုတ်လွှတ်မှု ကျတဲ့အခါ၊ ရေရဲ့ အပူချိန်ပြောင်းလဲမှုကို မွေးထားတဲ့ ငါးအမျိုးအစားက မခံနိုင်တဲ့အခါ၊ ရေထဲမှာပေါက်တဲ့ တချို့သော algae တွေကြောင့် ရေအဆိပ်သင့်စေတဲ့အခါ အစုလိုက်အပြုံလိုက် သေတာမျိုး ကမ္ဘာအနှံမှာ ဖြစ်ကြပါတယ်
အဖြစ်များတာကတော့ အောက်ဆီဂျင်ပြတ်လပ်တာ (Ecological hypoxia) ကြောင့် ဖြစ်ပါတယ်

Fish kills တွေဖြစ်ရင် တကယ့် Main concern က အဲ့ရေကန်ကနေ သောက်သုံးရေ သုံး/မသုံး ကို ပြန်ကြည့်ရပါတယ်။
ရေအထဲမှာ ပေါက်နေတဲ့ algae တွေက လူတွေကိုရော အဆိပ်ဖြစ်နေလား လူတွေ ဆက်သုံးလို့ရသေးလားပေါ့နော်
လူတွေ သောက်ရေသုံးရေ လုပ်ထားတဲ့ ကန်လည်း ဖြစ်နေမယ်ဆိုရင် ငါးတွေရဲ့ တကယ့်သေဆုံးမှု ဖြစ်စေတဲ့ အကြောင်းအရင်းကို ရှာသင့်ပါတယ်

ယေဘုယအားဖြင့်တော့ ဆိုဒ်အကြီးငါးတွေ အများစု သေတာဆိုရင် ရေတွင်း အောက်ဆီဂျင်ပြတ်လတ်မှုကြောင့်လို့ မှန်းဆလို့ရပြီး
ဆိုဒ်အစုံ ရေနေသတ္တဝါအကုန် သေဆုံးတာဆိုရင် ရေအဆိပ်သင့်မှု ဖြစ်နေမလားလို့ မှန်းဆလို့ ရပါတယ်

Fish kill လို့ ရှာလိုက်ရင်လည်း နိုင်ငံတကာမှာ ဖြစ်ဖူးတဲ့ ဖြစ်နေတဲ့ ငါးတွေ အပြုံလိုက် သေဆုံးနေမှုတွေကို ဆက်လက်ဖတ်လို့ရပါတယ်

20/04/2023

ADHD

Timeline photos 01/08/2022

G6PD ချို့တဲ့ခြင်း (G6PD Deficiency)

G6PD လို့ အတိုကောက်ခေါ်တဲ့ Glucose 6 Phosphate Dehydrogenase (G6PD) ဟာ သွေးနီဥတွေအလုပ် ကောင်းကောင်းလုပ်နိုင်အောင်ကူညီနေတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်ပြီး ကမ္ဘာတ၀န်းရှိလူပေါင်း 400 မီလီယံခန့်ဟာ G6PD ချို့တဲ့မှုကို ခံစားနေရပါတယ်။

G6PD ချို့တဲ့မှုဟာ မျိုးရိုးလိုက်တဲ့အခြေအနေတခုဖြစ်ပြီး အမျိုးသားတွေမှာ ပိုပြီးအဖြစ်များပါတယ်။ စစ်တမ်းများအရ အာဖရိကနှင့် မြေထဲပင်လယ်ဒေသမှာနေထိုင်တဲ့ လူတွေမှာပိုပြီး အဖြစ်များတယ်လို့သိရပါတယ်။


♦ G6PD ရဲ့အရေးပါပုံ

ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး အောက်စီဂျင်ရောက်ရှိအောင် သွေးနီဥတွေက လုပ်ဆောင်ပေးပါတယ်။ G6PD က သွေးနီဥတွေ အလုပ်ကောင်းကောင်းလုပ်နိုင်အောင် ကူညီပေးပြီး တခုခုမဖြစ်သွားအောင်လည်း အကာအကွယ်ပေးပါတယ်။

G6PD ချို့တဲ့လာပါက သွေးနီဥတွေကို အကာအကွယ် မပေးနိုင်တာကြောင့် သွေးနီဥတွေ ဖျက်ဆီးခံရပြီး အလုံအလောက်ပြန်မထုတ်ပေးနိုင်တဲ့အခါမှာ သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။



♦ G6PD ချို့တဲ့ခြင်းရဲ့ နောက်ဆက်တွဲပြဿနာ

G6PD ရှိတဲ့ မွေးကင်းစကလေးငယ်တွေမှာ အသားဝါဖြစ်နိုင်ပြီး မီးပြတဲ့နည်းဖြင့် ကုသနိုင်ပါတယ်။ များသောအားဖြင့် G6PD ရှိတဲ့ ကလေးငယ်တွေမှာ ရောဂါလက္ခဏာပြလေ့မရှိဘဲ ရောဂါပိုး (ဗိုင်းရပ်စ်/ဘက်တီးရီးယား) ကူးစက်ခံရခြင်း၊ ပဲကြားစားသုံးမိခြင်း၊ ပရုတ်လုံးအနံ့ရှုမိခြင်း၊ အချို့သောဆေးဝါးများသုံးစွဲမိခြင်းစတဲ့ အခြေအနေမှာ သွေးနီဥတွေ ယိုယွင်းပျက်ဆီးပြီး သွေးအားနည်းရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ -

- အသားအရေဖြူဖျော့ခြင်း

- နုံးခွေခြင်း

- ရင်တုန်ခြင်း

- အသက်ရှုမြန်ခြင်း

- အသက်ရှုမ၀ခြင်း

- မျက်လုံးဝါခြင်း/ အသားဝါခြင်း

- ခါးနာခြင်း/ ဘေလုံးကြီးခြင်း

- ဆီးအရောင်ရင့်ခြင်း စတဲ့လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

အထက်ပါလက္ခဏာတွေ တွေ့ရှိပါက ဆရာဝန်နှင့်အမြန်ဆုံးပြသပါ။ G6PD ချို့တဲ့သူနဲ့ မတည့်တဲ့အရာတွေကို ဖယ်ရှားလိုက်တာနှင့် ရောဂါလက္ခဏာတွေက ရက်သတ္တပတ်အနည်းငယ်အတွင်း သက်သာလာမှာဖြစ်ပါတယ်။

G6PD ချို့တဲ့သော အခြေအနေရှိသူတယောက်အနေဖြင့် မိမိနှင့်မတည့်သော အစားအစာ၊ ဆေးဝါးတွေကို သိထားဖို့ လိုအပ်ပါတယ်။



♦ G6PD ချို့တဲ့သောသူများရှောင်ကြည်ရမယ့်ဆေးဝါးများ



1. acetylsalicylic Acid ပါဝင်သောဆေးဝါးများ (ဥပမာ - Aspirin)

2. vitamin C လို့လူသိများတဲ့ Ascorbic Acid

3. chloramphenicol

4. chloroquine

5. dapsone

6. dimercaprol

7. doxorubicin

8. mepacrine

9. methylene blue

10. methyldopa

11. nalidixic acid

12. naphthalene

13. nitrofurantoin

14. phenazopyridine

15. primaquine

16. quinine

17. sulfacetamide

18. sulfadiazine

19. sulfamethoxazole (Co-trimoxazole, Septra)

20. sulfanilamide

21. sulfapyridine

22. sulfisoxazole (Pediazole)

23. toluidine blue

ဆေးဝါးကုသမှုခံယူရာမှာလည်း ဆေးရောင်းသူကိုဖြစ်စေ၊ ဆရာဝန်ကိုဖြစ်စေ၊ ကုသမှုပေးတဲ့ ကျန်းမာရေးဝန်ထမ်းကိုဖြစ်စေ မိမိမှာ G6PD ချို့တဲ့မှုရှိကြောင်းကြိုတင်ပြောပြထားပါ။

သွေးနီဥတွေဖျက်ဆီးနှုန်းနဲ့ သောက်သုံးလိုက်တဲ့ဆေးဝါးပမာဏ ဆက်စပ်နေပါတယ်။ ပမာဏများလေလေ၊ သွေးနီဥ ပျက်စီးနှုန်းပိုများပြီး ပိုမိုပြင်းထန်လေဖြစ်ပါတယ်။


♦ G6PD ချို့တဲ့သူများနှင့် မတည့်သောအစားအစာများ

1. Fava Beans အပါအ၀င် အခြားသော ပဲတောင့်ရှည်များ

ပဲလက်မ (Broad Bean)၊ တောင်ကြီးပဲ (Fava Bean)၊ ပဲပိစပ် (Soy bean) အပါအ၀င် အခြားသော ပဲအမျိုးမျိုး



2. Methol (ပရုတ်အေး)

သွားတိုက်ဆေး၊ သကြားလုံး၊ ခံတွင်းသန့်စင်ဆေးရည် အပါအ၀င် အခြားသောပရုတ်အေးပါသော အစားအစာများ



3. လူတို့ဖန်တီးပြုလုပ်ထားသော ဆိုးဆေးများ

အပြာရောင်အပါအ၀င် အစားအစာ ဆေးဆိုးရာမှာအသုံးပြုတဲ့ လူလုပ်အရောင်တွေကြောင့် သွေးနီဥတွေ ပျက်ဆီးနိုင်ပါတယ်။ နံနွင်း၊ စပျစ်သီး စတာတွေမှရရှိတဲ့ သဘာဝအရောင်တွေက ဘေးကင်းတာကြောင့် စိတ်ချစွာအသုံးပြုနိုင် ပါတယ်။



4. Ascorbic Acid (ဗီတာမင် C)

များသောအားဖြင့် အစားအစာနှင့် ဗီတာမင် ဖြည့်စွက်ဆေးတွေမှာ လူတွေပြုလုပ်ထားတဲ့ Artificial ဗီတာမင် C တွေ ပါဝင်နေပါတယ်။ အစားအစာအတော်များများမှာ ထည့်သွင်းအသုံးပြုကြတာကြောင့် သတိမထားမိလိုက်တဲ့အချိန်မှာပင် ခန္ဓာကိုယ်ထဲသို့ တော်တော်များများရောက်နေပြီဖြစ်ပါတယ်။ Artificial Vitamin C ပမာဏများများစားသုံးမိပါက သွေးနီဥတွေ ပျက်စီးခြင်းကိုဖြစ်စေပါတယ်။



5. အားဖြည့်ရေ (Tonic Water)

Tonic Water မှာ G6PD ချို့တဲ့မှုရှိသူတွေ ရှောင်ရှားရမယ့် guanine ပါဝင်နေတာကြောင့်ရှောင်ရှား ရမည့်အရာ ဖြစ်ပါတယ်။



6. Gluten free products (Gluten ပါဝင်မှုမရှိသော အစားအစာထုတ်ကုန်များ)

ဂလူတန် (Gluten) မတည့်တဲ့သူတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်တဲ့ အစားအစာတွေမှာ Favabeans ပါဝင်နေတတ် တာကြောင့် အစားအစာများကို မ၀ယ်ခင်နှင့် မစားသုံးခင်မှာ အညွှန်းကိုသေချာစွာဖတ်ပါ။



7. ကြက်ဟင်းခါးသီး

အလွယ်တကူဝယ်ယူရနိုင်ပြီး လူကြိုက်များတဲ့ကြက်ဟင်းခါးသီးဟာ G6PD ချို့တဲ့သူတွေအတွက်ကတော့ ရှောင်ကြဉ် ရမယ့်အစားအစာဖြစ်ပါတယ်။



8. ဗီတာမင် K

G6PD ရှိတဲ့ ကလေးငယ်တွေကို ဗီတာမင် K ပေးမိပါက သွေးနီဥများပျက်ဆီးခြင်း၊ ဦးနှောက်နှင့်အသည်းထိခိုက်ခြင်း နှင့် ပြင်းထန်ပါက အသက်အန္တရာယ်သေဆုံးခြင်းတို့ဖြစ်နိုင်ပါတယ်။



9. Sulfites နှင့် Sulfites ပါဝင်သော အစားအစာများ

Sulfites ကို အစားအစာအမျိုးမျိုးမှာ ထည့်သွင်းလေ့ရှိတာကြောင့် မ၀ယ်မီနှင့် မစားသုံးမီမှာ အညွှန်းစာရွက်ကို သေချာစွာဖတ်ဖို့လိုအပ်ပါတယ်။



10. တရုတ်တိုင်းရင်းဆေးများ

အထူးသဖြင့် Rhizoma Coptidis (huang Lien), Calculus Bovis (neu huaung), Flos Chimonanthi Praccocis (lch mci hua), Flos Ionicerae (Kam ngan fa), Margarita, Gan Cao (Licarice root) စတာတွေပါဝင်တဲ့ တရုတ်တိုင်းရင်းဆေးတွေဟာ G6PD ချို့တဲ့သူတွေရှောင်းရှားသင့်တဲ့အရာတွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

credit
Dr. Htet Htet Aung
drmyanmar

Photos from Science Of Medicine's post 29/07/2022
11/07/2022
Photos from Dr Fatah Hamid's post 10/07/2022
Photos from Helping Hands Medical Education Centre's post 08/07/2022
07/07/2022

Intrastromal circumferential keratopigmentation with micronized gold:
▪️Slit-lamp examination showed sclerotic cataracts in both eyes and several circumferential intrastromal keratopigmentations with micronized gold at the periphery of both corneas.
▪️The patient stated that corneal tattooing was performed with micronized gold fifteen years ago for cosmetic reasons.
▪️It is well-tolerated since gold is biologically inert without causing any inflammatory reaction in the adjacent tissue.
▪️Corneal tattooing has been used in special cases for esthetic or functional purposes, as in eyes with corneal opacities that cannot tolerate cosmetic contact lenses and improve visual quality in patients with iris malformations defects and albinism.
▪️Rarely, it has been used to change the apparent color of eyes for purely cosmetic reasons.
▪️Representative slit-lamp photographs of the right and left eyes show circumferential-shaped tattooings with micronized gold in the peripheral cornea.
Credit: www.ajo.com

Photos from Dr. Aung Min Thu's post 29/06/2022
Photos from Sha Lu's post 20/06/2022
Timeline photos 16/06/2022

A 31-year-old man was admitted with perianal and pe**le ulcers, re**al pain, and vesiculopustular rash. He had first noticed itchy white “bumps” around the a**s 9 days earlier. https://nej.md/3xs40zd

Photos from Rapid Revise's post 14/06/2022
09/06/2022

9 နှစ်ကျော် အတွေ့အကြုံရှိ ဆရာမကြီး ဒေါ်မြမြဆွေနဲ့အတူ Social Anxiety, Depression, Phobia, Parent-Youth Relationship, Marital Problem, Workplace Relationship နဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးလိုပါက Counselling session ယူနိုင်ပါပြီရှင်။

ဆရာမကြီး ဒေါ်မြမြဆွေရဲ့ Profile ကို အောက်ပါလင့်ခ်မှတစ်ဆင့်လည်း လေ့လာကြည့်ရှုနိုင်ပါတယ်ရှင်။
http://bit.ly/Trgyiprofile

မိမိတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိတ်ရှုပ်ထွေးမှုတွေ၊ စိတ်ဓာတ်ကျနေမှုတွေအတွက် ကိုယ့်ကိုယ်ကို ဖြေသိမ့်နိုင်ဖို့၊ ဖြေရှင်းဖို့ အစရှိတဲ့အရာတွေကို ဒီအတိုင်းလစ်လျူရှုပြီး ကြာရှည်ဆက်သွားမယ်ဆိုရင် အကျပ်အတည်းတွေ၊ အဆင်မပြေမှုတွေနဲ့ ရလဒ်တွေက ပိုမိုဆိုးဝါးလာနိုင်တာမို့ အတွေ့အကြုံရှိ Professional Counsellor နဲ့ ဆွေးနွေးခြင်းက ကျွန်မတို့အတွက် လမ်းပြမှုတစ်ခုဖြစ်စေမယ် ဆိုတာ အသေအချာပါပဲ။ သင့်ရဲ့ စိတ်ခံစားချက်တွေ၊ ရှင်သန်နေထိုင်မှုတွေ ပိုမို အဓိပ္ပာယ်ရှိလာအောင် သင်ကိုယ်တိုင်စိတ်ပိုင်းဖြတ်ပြီး နည်းလမ်းရှာနိုင်ဖို့တော့ လိုအပ်ပါတယ်။

ဒါကြောင့် သင့်အနေနဲ့ Counsellor နဲ့တိုင်ပင်ဆွေးနွေးဖို့ စိတ်ကူးမိတယ်ဆိုရင်‌တော့ Honest Hour က သင့်အတွက် အမြဲရှိနေပါတယ်ရှင်။

ဆရာမကြီး ဒေါ်မြမြဆွေ(စိတ်ပညာ) နဲ့ Counselling Session ကို ယူလိုသူများအနေနဲ့ 09792824522 ကိုဖြစ်စေ Page ၏ Chat Box မှ ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

09/06/2022

" O ပြီး သေသွားရင် ဘလိုလုပ်ပစ်ကြလဲ"

"အဆင်ပြေသလိုပဲပေါ့ဆရာ
တံတားအောက်သွားပစ်ရင် ပစ်
မပစ်ရင်လည်း ချောင်းထဲချလိုက်ကြတာပါပဲ"

IDU (intravenous drug user) တွေနဲ့အလုပ်လုပ်လာတာအချိန်လေးနည်းနည်းရလာတော့
သူတို့လောကထဲက စကားတွေနဲ့လည်း
နှုတ်ကျိုးလာခဲ့တယ်။
ဆေးထိုးအပ်ကို ဂန်း လို့ပဲ ခေါ်ဖြစ်လာတယ်။
ဘိန်းထိုးသေးလား ကို
"ခဗျား ပျောစော တီးလာလား "လို့ မေးဖြစ်လာတယ်။
ဆေးလွန် Overdose ဖြစ်တာကို
"ဒီကောင်တော့ အိုသွားပြီလို့ ပါးစပ်ထဲစွဲလာတော့တာပဲ။

ပြီးခဲ့တဲ့လပိုင်းတွေကို အလုပ်လိုအပ်ချက်အရ
ရန်ကုန်မြို့ထဲက မူးယစ်ဆေးဝါးသမားတွေ စုပြီး သုံးစွဲကြတဲ့နေရာတွေကို ရောက်ခဲ့တယ်။
အံ့သြစရာကောင်းတာက တရားဥပဒေအရတင်းတင်းကြပ်ကြပ်တားမြစ်ထားတာတောင်မှ သုံးစွဲသူတွေ နဲ့ ရောင်းဝယ်ဖောက်ကားတဲ့အိမ်ဆိုင်တွေဟာ
ခေတ်အဆက်ဆက်ကိုအံတုလို့ ရှင်သန်ခဲ့ကြတာပဲ။

လမ်းထိပ်ဓမ္မာရုံဘေးမှာ ပါလာတဲ့ကားကိုထိုးခဲ့ရပြီး
အဲ့ဒီကနေစ လမ်းကျဥ်းလေးအတိုင်း လမ်းလျှောက်ပြီး ရပ်ကွက်ထဲကို ဝင်ဖို့ပြင်ကြတယ်။
ပထမဆုံးစသတိထားမိတာတော့ အသုံးပြုပြီးသား ဆေးထိုးအပ်တွေ ဆေးထိုးပြွန်တွေပဲ ။
လမ်းထိပ်မှာ တင် ပျံ့ကျဲ လို့။

ဆေးထိုးအပ်တွေ ရှောင်ကွင်းပြီး လမ်းလေးအတိုင်း
ရင်တထိတ်ထိတ်နဲ့ဝင်လာကြတာပေါ့။
တွေ့တွေ့သမျှလူတွေရဲ့
ဘယ်သူတွေလဲ
ဘာလာလုပ်တာလဲ ဆိုတဲ့အကြည့်စိမ်းတွေဟာ
သူတို့ကိုမျက်လုံးချင်းအကြည့်ပြန်ဆိုင်ဖို့တောင်
ခက်ခဲသွားစေတဲ့အထိပဲ။

လမ်းကျဥ်း လေးရဲ့တဖက်တချက်က အိမ်တွေက
ဟိုဖက်အိမ်ဒီဖက်အိမ် သွယ်ယှက်လုနီးနီးပဲ။
တအိမ်နဲ့ တအိမ်ကြားက
မစီးနိုင်တော့တဲ့ရေဆိုးအိုင်ကြီး​​​ေတွ
အဲ့ဒီရေဆိုးအိုင်တွေပေါ်မှာ ဘောလောပေါ်နေတဲ့
အမှိုက်ပုံကြီးတွေ တွေ့တွေ့သမျှက
စိတ်မွန်းကျပ်စရာတွေပဲပေါ့။

"ဘာလာလုပ်တာလဲ"

တနေရာရောက်တော့ အပေါ်ပိုင်းဗလာကျင်း
တက်တူးအပြည့်နဲ့ လူတယောက်အိမ်ထဲကထွက်လာပြီး
ကျွန်တော်တို့ကိုဆီးမေးတော့တာပဲ။
ကျွန်တော်တို့ကိုခေါ်သွားတဲ့ ကောင်မလေးက သူ့အနားကပ်ပြီး တိုးတိုးလေး ရှင်းပြတယ်။
ခဏကြာတော့ ဆရာသမားက
"သွားလေ ရပါတယ် "ဆိုပြီး
သူ့အိမ်ဘေးလမ်းကြားလေးကို မေးငေါ့ပြတယ်။

လမ်းကြားလေးရဲ့နောက်ထဲမှာ အိမ်အိုအပြိုလေးတခု
ဟိုနေရာပြိုကျ ဒီနေရာပျက်စီးနဲ့ပေါ့။
နေရှိန်တွေကလည်းထိုးလိုက်တာမှာ
ပူလောင်အိုက်စပ်နေတာပဲ။
ဖိနပ်ချွတ်မှာ ရပ်လိုက်ချိန်မှာပဲ အိမ်ထဲကို
ဘလိုမှဆက်တက်လို့မရမှန်း သဘောပေါက်တော့တယ်။ ဆယ်ပေပတ်လည်လောက်အခန်းထဲမှာ ဆေးသုံးနေတဲ့လူတွေက သုံးလေးဆယ် မက ပဲ။

ယောကျာ်းတွေရော မိန်းမတွေရော

လူငယ်တွေရော လူကြီးတွေရော

Burmese ရော non burmese တွေရော စုံလိုပါပဲ။

တစ်ယောက်နဲ့ တစ်ယောက်ပေါင်ချင်းထပ်မတတ်ထိုင်ရင်း တခြားကမ္ဘာတွေဆီအလည်ရောက်နေကြတယ်
ထင်ပါရဲ့။ တယောက်တလေမှ အဖက်လုပ်ပြီး
လှည့်မကြည့်ကြဘူး။

ခဏနေတော့ ဘိန်းခန်းထဲမှာတောက်တိုမယ်ရလုပ်တဲ့ ကောင်လေးတစ်ယောက်ထွက်လာတယ်။

မီးညှပ်လေး လက်ကကိုင်လို့။

"မီးညှပ်ကဘာလုပ်တာလဲ"လို့မေးတော့

"အပ်တွေလိုက်ကောက်တာလေ ဆရာ" တဲ့။

အပ်ပုံးတွေနံရံမှာရိုက်ပေးထားရင်အဆင်ပြေလောက်လားမေးတော့

မရဘူး ဆရာ တဲ့။ သုံးပြီး ဘေးမှာပဲပုံထားကြတာ။
ကျွန်တော်ပဲမီးညှပ်နဲ့လိုက်ကောက်ပေးရတယ်။

Overdose ဖြစ်သွားတဲ့သူတွေရှိလား မေးတော့
ရှိတယ်တဲ့ ။
ဘာတွေလုပ်ပေးကြလဲဆိုတော့
မျက်နှာရိုက်တာရော ဆားရည်ထိုးပေးတာရော
သံပုရာသီးညှစ်ထည့်တာရော သူဖြေတဲ့နည်းတွေ
စုံနေတာပဲ။
Overdose ဖြစ်သွားရင်ထားရမယ့် position လေးတွေ၊ ဆေးလွန်နေတဲ့သူကို မလုပ်သင့်တာတွေ ၊ တခြားလုပ်ပေးလို့ရတာတွေ တတ်နိုင်သမျှလေး ပြောပြပေးခဲ့တယ်။
စိတ်မကောင်းစရာက အဲ့ဒီနားတဝိုက်မှာပဲ
ပြေးလွှားဆော့ကစားနေတဲ့ ကလေးလေးတွေ
တွေ့ခဲ့ရတာပဲ။ မတော်တဆ ဒီကလေးတွေသာ
သုံးပြီးသားဆေးထိုးအပ်တွေ စူးမိသွားခဲ့ရင်.....။

အခုချိန်ထိ HIV အကူးစက်ခံရဆုံး risk groups တွေထဲမှာ IDU ( မူးယစ်ဆေးထိုးသွင်းသုံးစွဲသူ)တွေက ထိပ်ဆုံးက ဦးဆောင်ဆဲပါ။Users တွေ ကျန်းမာရေးအသိ ရှိလာတာရယ် တချို့ IDU တွေကို Health Care ပေးနေတဲ့
အဖွဲ့တွေက ဆေးထိုးအပ်အသစ်တွေဝေပေးတဲ့ programm တွေရှိလာတာကြောင့်
ကူးစက်မှုတွေလျော့ကျလာတယ်ဆိုပေမယ့်
နံပါတ်တစ်ကိုတော့ ဖယ်မပေးသေးပါဘူး။

အဲ့ဒါနဲ့ ပြန်ခါနီး စိတ်ဝင်စားလို့
မေးကြည့်ဖြစ်တယ်။
" အို ပြီး သေသွားရင် ဘလိုလုပ်ပစ်ကြလဲ"

"အဆင်ပြေသလိုပဲပေါ့ဆရာ
တံတားအောက်သွားပစ်ရင် ပစ်
မပစ်ရင်လည်း ချောင်းထဲချလိုက်ကြတာပါပဲ"။

#စာနာစိတ်ထားပါ
#နှစ်သိမ့်နားလည်ပေးပါ
#လက်တွဲခေါ်ယူပါ

Photos from မရှက်နဲ့'s post 07/06/2022
Photos from Dr. Phonesithulwin's post 28/05/2022
23/05/2022

#မျောက်ကျောက်ရောဂါလက္ခဏာများ

မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က (၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁) ရက်ထိအောင် ကြာမြင့်နိုင်ပါတယ်။

ရောဂါကူးစက်ချိန်ကို အချိန်ကာလာနှစ်ခု ပိုင်းခြားထားနိုင်ပါတယ်။

#ပထမဆုံး (၅) ရက်အတွင်းမှာ
• ဖျားခြင်း၊
• ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
• ပြန်ရည်အိတ် (lymph nodes)များ ရောင်ရမ်းခြင်း၊
• ခါးနာခြင်း၊
• ကြွက်သားများနာကျင်ကိုက်ခဲခြင်းနှင့် အားအင်ချိနဲ့ခြင်း
စသည်တို့ ခံစားရနိုင်ပါတယ်။
ပြန်ရည်အိတ် (lymph nodes) များ ရောင်ရမ်းလာခြင်းက အခြားသော ရေကျောက်၊ ဝက်သက်စသည့်ရောဂါများနှင့်
မတူ ကွဲပြားသည့် အချက်ဖြစ်ပါတယ်။

#ဖျားပြီး (၁) ရက်ကနေ (၃) ရက်အတွင်းမှာ
• အရေပြားပေါ်မှာ အဖုတွေ စတင်ပေါ်ပေါက်လာပါတယ်။
• အနီစက်များဟာ ခန္ဓာကိုယ်ပေါ်ထက် မျက်နှာနှင့် ခြေလက်
များပေါ်မှာ ပိုပေါက်လာပါတယ်။
• အနီစက်များဟာ အရည်ကြည်များ၊ ပြည်များပါဝင်ပါတယ်။
• အနာတွေက အရေအတွက် အနည်းငယ်ကနေ
ထောင်ပေါင်းများစွာအထိ ဖြစ်နိုင်ပါတယ်။ အနာများဟာ
တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားပြီးနောက် အရေပြားတွေဟာ
ကွာကျလာနိုင်ပါတယ်။

မျောက်ကျောက်ရောဂါဟာ ကိုယ်ခံအားကျဆင်းသူတွေမှာ ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။
ကျောက်ကြီးရောဂါကာကွယ်ဆေးများဟာ ယခင်က ကာကွယ်ပေးနိုင်သော်လည်း ယခုအခါမှာတော့ အသက် (၄၀) နှင့် (၅၀) နှစ်အောက် ငယ်ရွယ်သူများမှာ ပိုအဖြစ်များပါတယ်။

#မျောက်ကျောက်ရောဂါနောက်ဆက်တွဲအနေဖြင့်
• အဆုတ်ရောင်ရောဂါ၊
• ပိုးဝင်ခြင်း၊
• ဦးနှောက်ရောင်ရောဂါ၊
• မျက်ကြည်လွှာပိုးဝင်ခြင်း စသည်တို့ ဖြစ်လာနိုင်ပါတယ်။

ရောဂါလက္ခဏာမပေါ်သည့် ပိုးဝင်ခြင်းများ ရှိလားဆိုတာကိုတော့ မသိရသေးပါဘူး။မျောက်ကျောက်ရောဂါကြောင့် သေဆုံးနှုန်းဟာ ကလေးငယ်တွေကြားမှာ ပိုမြင့်မားပါတယ်။ မကြာသေးခင်ကအထိတော့ (၃) ရာခိုင်နှုန်းကနေ (၆) ရာခိုင်နှုန်းအထိ ရှိပါတယ်။

ကျောက်ကြီးရောဂါကာကွယ်ဆေးဟာ မျောက်ကျောက်ရောဂါကို (၈၅) ရာခိုင်နှုန်း အထိ ကာကွယ်နိုင်ပါတယ်။ ယခင် ကာကွယ်ဆေးထိုးနှံထားသည့် အမှတ်အသားကတော့ လက်မောင်းပေါ်မှာ အမာရွတ်သေးသေးလေးကို တွေ့နိုင်ပါတယ်။ လက်ရှိမှာတော့ မူလကျောက်ကြီးကာကွယ်ဆေးများဟာ နောက်ထပ်မရနိုင်တော့ပါဘူး။ ကျောက်ကြီးရောဂါနှင့် မျောက်ကျောက်ရောဂါ ကာကွယ်ဆေးများကိုတော့ ဆက်လက်လုပ်ဆောင်နေပါတယ်။

#ကြိုတင်ကာကွယ်ခြင်း
မျောက်ကျောက်ရောဂါနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုများ၊ ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေးများ စသည့် လေ့လာမှုများကို ပြုလုပ်နေပါပြီ။ တစ်ချို့သော နိုင်ငံများမှာ ကျန်းမာရေးဝန်ထမ်းများ၊ ဓာတ်ခွဲခန်းဝန်ထမ်းများ၊ ကယ်ဆယ်ရေးဝန်ထမ်းများကဲ့သို့ ကူးစက်မှုအန္တရာယ်များတဲ့သူတွေကို ကာကွယ်ဆေးများ ထိုးနှံပေးနေပါပြီ။

#လူအချင်းချင်းကူးစက်မှုကို လျှော့ချနိုင်စေရန်
• မျောက်ကျောက်ရောဂါဖြစ်ပွားလာလျှင် ရောဂါပိုးရှိသူနှင့်
အနီးကပ်မနေပါနှင့်။

• ကျန်းမာရေးဝန်ထမ်းများဟာ ကူးစက်ခံရနိုင်ချေ ပိုများပါတယ်။

ယခင်က ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးနှံသူများသာလျှင် လူနာကို စောင့်ရှောက်သင့်ပါတယ်။

ကူးစက်မှု ဖြစ်နိုင်ချေရှိသည့် အရာအားလုံးကို သေချာစောင့်ကြည့်နေဖို့ အရေးကြီးပါတယ်။

#တိရစ္ဆာန်မှတဆင့် လူကို ကူးစက်နိုင်ချေ လျှော့ချခြင်း
• တောရိုင်းတိရစ္ဆာန်များနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ရန်။

• ဖျားနာနေသော သို့မဟုတ် သေဆုံးပြီးသော အကောင်များ
ကို ကိုင်တွယ်ခြင်း ကို ရှောင်ကြဉ်ရန်။

• အသားများအားလုံး မကျက်တကျက် စားသုံးခြင်းကို
ရှောင်ကြဉ်ရပါမယ်။

• အသားတွေကို အစာမစားခင်မှာ သေချာကျက်အောင် ချက်ပြုတ်ပါ။

မျောက်ကျောက်ရောဂါနှင့် ကျောက်ကြီးရောဂါအကြား ဆက်စပ်မှုများကျောက်ကြီးရောဂါဟာ အလွယ်တကူကူးစက်နိုင်ပြီး လူနာသေဆုံးနှုန်းက (၃၀) ရာခိုင်နှုန်းထိ ရှိပါတယ်။ (၁၉၈၀) မှာ ကျောက်ကြီးရောဂါကို အမြစ်ဖျက်ချေမှုန်း နိုင်ပြီဟု ကြေညာထားပါတယ်။ ယခုအခါမှာ ကျောက်ကြီးရောဂါကာကွယ်ဆေး မထိုးထားသည့်နေရာများမှာ မျောက်ကျောက်ရောဂါပိုး ကူးစက်မှု ဖြစ်နိုင်ချေ ပိုများပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်အနေဖြင့် မျောက်ကျောက်ရောဂါဖြစ်ပွားနိုင်သည့် နိုင်ငံများမှာ ကြိုတင်ပြင်ဆင်မှုများနှင့် တုံ့ပြန်မှုများနှင့် စောင့်ကြည့်နေမှုများကို ကူညီဆောင်ရွက်ပေးနေပါတယ်။ နောက်ထပ် အကြောင်းအရာများကိုလည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။

!!!OSC Hospital အား Credit ပေး၍ လွတ်လပ်စွာ Share နိုင်ပါသည်.....

22/05/2022

Since May 13, 2022, cases of Monkeypox have been detected in countries that are not endemic for the Monkeypox virus. Monkeypox virus is part of the same family of smallpox. It was first detected in monkeys in 1958 and the first human case was recorded in 1970.

As of of July 29, 2022, the Department of Health has announced the first confirmed case of Monkeypox virus in the Philippines. Let us educate ourselves on what the Monkeypox virus is

So, what do we need to know about the Monkeypox?

Symptoms include the following:

Initial symptoms of:
🔺 Fever
🔺 Headache
🔺 Muscle ache (Myalgia)
🔺 Fatigue
🔺Swollen lymph nodes

Followed by:
🔺 Mouth/oral sores
🔺 Skin rashes

How does it spread?
🔸Human-to-human transmission occurs primarily through large respiratory droplets (e.g. coughing, talking, sneezing)
🔸Direct contact with body fluids or skin lesions (rashes)
🔸Indirect contact with contaminated materials such as clothes and beddings
🔸Direct contact with infected animals

Is there treatment for Monkeypox?
There is no specific clinically proven treatment for monkeypox. Treatment is mainly supportive and aimed at managing symptoms. Anti-virals may be given. Smallpox vaccine has been proven effective in the prevention of the spread of the virus.

SkolarMD is an educational page that aims to provide medical information, easy to understand lectures and events.

08/05/2022

Ocular Gonorrhea👇👇👇👇

🔹A 24-year-old woman presented to the emergency department with a 2-day history of redness, pain, blurry vision, and yellow discharge in her left eye.

🔹She reported no sore throat, dysuria, vaginal discharge, abdominal pain, rash, or joint pain. On examination, she was unable to open the left eye. Periorbital swelling, proptosis, and purulent discharge were noted (Panel A).

🔹The conjunctiva was hyperemic, swollen, and purulent. Extraocular movements were intact. Computed tomography of the orbits performed without the administration of contrast material showed postseptal inflammation of the left orbit that extended to the extraconal and intraconal fat.

🔹Gram’s staining of the discharge showed gram-negative intracellular diplococci (Panel B), and cultures of the fluid grew Neisseria gonorrhoeae.

🔹A diagnosis of gonococcal conjunctivitis with preseptal and orbital cellulitis was made. A polymerase-chain-reaction assay of the urine was negative for gonorrhea; pharyngeal, re**al, and cervical samples were not collected.

🔹Screening tests for other sexually transmitted infections were negative. Her symptoms resolved with intravenous antibiotic treatment.

05/05/2022

🌞🌞သားသားမီးမီးတို့ လှပတဲ့အပြုံးပိုင်ရှင်လေးများဖြစ်စေဖို့ 🌞🌞

ဆာကူရာဆေးရုံကြီးနှင့် Smile Train အဖွဲ့တို့ ပူးပေါင်းပြီး မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအား အခမဲ့ခွဲစိတ်ကုသပေးခြင်းအစီအစဉ်ပြန်လည်စတင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့် 😊

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဘာလို့ဖြစ်ရသလဲ❓

သန္ဓေသားဘဝမှာ တချို့ခန္ဓာကိုယ်အစိတ်အပိုင်းတွေပေါင်းစည်းပုံမမှန်တဲ့အတွက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြစ်ရတာ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ ကမ္ဘာပေါ်ကမွေးဖွားလာတဲ့ကလေးငယ် ၇၀၀ မှာ ၁ ယောက်ဟာ အလားတူချို့ယွင်းချက်နဲ့မွေးဖွားလာတယ်လို့ဆိုပါတယ်။

ကလေးငယ်မှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲချို့ယွင်းချက်ကြောင့် ဘာတွေဖြစ်လာနိုင်သလဲ❓

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲချို့ယွင်းချက်ကိုမကုသခဲ့ရင် ကလေးငယ်အနေနဲ့ စကားပြောဆိုတဲ့အခါ၊ အသက်ရှုတဲ့အခါနဲ့ စားသောက်တဲ့အခါတွေမှာ အခက်အခဲတွေ့နိုင်ပါတယ်။

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြစ်တာကို ကုသလို့ရသလား❓

လွန်ခဲ့တဲ့ နှစ် ၅၀ လောက်တည်းက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတာကိုခွဲစိတ်ကုသဖို့နည်းလမ်းတွေ ရှိနေတာဖြစ်ပြီး အခုချိန်မှာတော့ တိုးတက်ကောင်းမွန်လာတဲ့ခွဲစိတ်နည်းပညာတွေ၊ စက်ကိရိယာတွေကြောင့် ပိုပြီးလျင်လျင်မြန်မြန်နဲ့ ကုသနိုင်နေပါပြီ။

ဒါ့ကြောင့် ကလေးငယ်များအားလုံး လှပတဲ့အပြုံးပိုင်ရှင်လေးတွေဖြစ်စေဖို့အတွက် Smilt Train အဖဲ့ွနဲ့ ပူးပေါင်းပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေကို အလုံးစုံအခမဲ့ (Free of Charge) ခွဲစိတ်ပေးလျက် ရှိကြောင်းသတင်းကောင်းပါးအပ်ပါတယ်ရှင့်။

အသေးစိတ်စုံစမ်းမေးမြန်းရန်အတွက် ဖုန်းနံပါတ် 09-424405952/53, 09-965121864/65, 01-7527710, 01-7510186 သို့ဆက်သွယ်နိုင်ပါတယ်။ page Messenger မှတစ်ဆင့်လည်း မေးမြန်းနိုင်ပါတယ်ရှင့်။
---------------------------------------------------------------------------------------------------------------------
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
🏥ဆာကူရာဆေးရုံ - အမှတ်(၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

05/05/2022

Raccoon Eye Sign:
➖Synonyms: raccoon eyes, raccoon sign, panda sign, periorbital ecchymosis, or periorbital hematoma
➖The pooling of blood around the eyes is most commonly associated with fractures of the anterior cranial fossa.
➖This finding is typically not present during the initial evaluation and delays by 1 to 3 days.
➖If bilateral, this finding is highly predictive of a basilar skull fracture.
➖Classically, the tarsal plate will be spared. Further extravasation of the blood beyond the periorbital region is limited owing to the orbital septum inserting into the tarsal plate.
➖Although commonly associated with skull base fracture, raccoon sign may also present in a variety of other conditions which include:
▪️Traumatic: unilateral and bilateral orbital fractures
➖Minor periorbital trauma, like the plucking of eyebrows
➖Non-accidental injuries
➖Thoracic trauma and crush injuries
➖Following vigorous sneezing, coughing, or vomiting-probably due to periorbital venous hemorrhage.
➖Post-traumatic orbital emphysema (due to fracture of orbital wall and entrapment of air from paranasal sinuses)
▪️Vascular:
➖Subarachnoid hemorrhage (SAH) from ophthalmic artery aneurysm
➖Sinus thrombosis - dural, superior sagittal sinus, and cavernous sinus thrombosis
➖Giant cell arteritis
➖Trigeminal autonomic cephalalgia
➖Benign intracranial hypertension
➖Acute migraine (due to vasodilation and release of vasoactive substances including heparin)
▪️Infectious:
➖Severe pediatric adenovirus infection
➖Periorbital leukoderma
➖Frontal sinus mucocele
▪️Immune-mediated:
➖The neonatal lupus erythematosus (vasculitis may lead to facial and periorbital purplish-red plaques)
➖Chronic atypical neutrophilic dermatosis with lipodystrophy and elevated temperature (CANDLE) syndrome (neutrophilia and skin lesions containing mature neutrophils may also cause raccoon eyes appearance due to periorbital erythematous edema; due to a predilection to involve periorbital skin)
➖Lichen pla**s pigmentosus (hyperpigmentation due to pigment incontinence)
➖Sweet syndrome or acute febrile neutrophilic dermatosis is a skin disease characterized by the sudden onset of fever, an elevated white blood cell count, and tender, red, well-demarcated papules and plaques that show dense infiltrates by neutrophil granulocytes on histologic examination.
▫️Raccoon sign in this condition is due to secondary vascular damage caused by prolonged exposure to matrix metalloproteinases.
▫️Toxic products of neutrophils in the infiltrate may be responsible for vascular damage leading to erythrocyte extravasation.
▪️Metabolic:
➖Amyloidosis (most commonly, light chain (AL) type) – due to increased vascular fragility resulting from amyloid deposition - this is one of the most common causes of raccoon eyes other than trauma; the finding presents in about one-fifth of patients with AL amyloidosis.
➖Myxedema
▪️Malignancies:
➖Hematological malignancies: blastic plasmacytoid dendritic cell neoplasm, lymphoblastic lymphoma, acute myeloid leukemia
➖Metastatic neuroblastoma (secondary to tumoral obstruction of the palpebral vessels): neuroblastoma can present as periorbital ecchymosis in 5.4% of cases
➖Orbital metastasis of solid malignancies
➖Kaposi sarcoma
➖Multiple myelomas: Infiltration of amyloid proteins in the capillaries lead to increased fragility, which can burst under minor stress, resulting in raccoon sign - usually, such an ecchymosis is painful in multiple myeloma.
▪️Genetic:
Hemophilia
▪️Iatrogenic (perioperative raccoon eyes):
➖Usually associated with systemic amyloidosis of AL type
➖Post-rhinoplasty (due to a bleeding disorder)
➖Post-endoscopic retrograde cholangiopancreatography (ERCP) (prone positioning, consumption of steroid and Valsalva maneuver might cause increased venous pressure, which in turn lead to the rupture of fragile vessels in the orbit of an elderly patient).
Credit: https://www.ncbi.nlm.nih.gov/books/NBK542227/

28/04/2022

Larva Currens in Strongyloides Hyperinfection Syndrome 👇👇

🔹A 64-year-old man with metastatic lung adenocarcinoma had an itchy rash and mild diarrhea develop while he was hospitalized for malignant spinal cord compression.

🔹He had started high-dose glucocorticoid therapy 4 days before the symptoms began. Over the previous 3 years, he had had intermittent peripheral eosinophilia of unknown cause, with a maximal absolute eosinophil count of 2300 per microliter (reference value,

26/04/2022

Signs on Lung radiology.

15/04/2022

Thrombectomy in Acute Ischemic Stroke👇🏻👇🏻👇🏻👇🏻

🔸A 63-year-old man with atrial fibrillation, hypertension, and type 2 diabetes presented to the emergency department with weakness on the left side and difficulty speaking, both of which had begun 6 hours earlier.

🔸On examination, he had dysarthria, 0/5 strength in the left arm, and 1/5 strength in the left leg. Computed tomography (CT) of the head, performed without the administration of intravenous contrast material, showed no ischemic changes, but CT angiography of the neck revealed an occlusion of the right internal carotid artery.

🔸Intravenous thrombolysis was not performed; instead, endovascular therapy was initiated. Angiography, performed before the start of the intervention, confirmed a complete occlusion of the right internal carotid artery (Panel A).

🔸Mechanical thrombectomy, which was performed with the use of an aspiration catheter, resulted in the withdrawal of several large clot fragments (Panel B) and the restoration of perfusion (Panel C).

🔸The day after the procedure, atorvastatin and aspirin were administered, and 7 days after the procedure, the patient’s previous treatment with apixaban was resumed.

🔸In patients with acute ischemic stroke due to large-vessel occlusions, endovascular therapy improves neurologic outcomes in selected patients.

🔸At the time of hospital discharge 12 days after presentation, the patient’s neurologic examination was normal except for the strength in the left arm, which was assessed as 4/5.

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon

Other Yangon clinics (show all)
ZAR & ZAR Co., Ltd. ZAR & ZAR Co., Ltd.
No. 99/A3, Boe Hla Garden, Than Lwin Road
Yangon

One of the leading phamarceutical distributors in Myanmar. Contact - (01)7532640/1/2/3, 09791089803

Myanmar Chemdyes Co. Ltd. Myanmar Chemdyes Co. Ltd.
122, 124, 126. Mahabandoola Garden Street
Yangon, KTDA11181

We specialize in and point-of-care (POC) diagnostics equipment and health food products.

Perfect Hair Stylist and Men Spa Perfect Hair Stylist and Men Spa
(No. 118) Ground Floor, Aung Zayya Street, Sin Min Zay Bus Stop, Near Skyway Club, KyiMyintDing Kannar Street, Alone Township
Yangon, 11121

Dr. KETO Guide for fit Dr. KETO Guide for fit
Yangon

ဆရာဝန်ကိုယ်တိုင်မှ Ketogenic Diet နဲ့ပတ်သတ်ပြီး Guidelines လေးတွေပေးသွားမှာပါ။

ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

AMIRA Esthetique De LUXE AMIRA Esthetique De LUXE
No. 150, Corner Of Dhamma Seti Road And Link Road, Bahan Township
Yangon, 11201

Luxury Aesthetic Clinic

Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး
ရန်ကုန်၊ မန်းလေး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09766888990

Formula 41 ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။ လက်လီ/လက္ကားရပါသည်။ �

Statum Statum
Yangon

မှိုကြောင့်ဖြစ်သော အရေပြားရောဂါများအတွက် စတေတမ်

Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး
တစ်နိုင်ငံလုံးနီးပါး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09754999258

ကျွန်ုပ်တို့သည် ကုန်ပစ္စည်း အစစ်အမှန်များကိုသာ ရောင်းချပါသည်။ အတုအပများ "လုံးဝ" မရောင်းပါ။

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

VIGA Spray - Myanmar VIGA Spray - Myanmar
ရန်ကုန်၊ မန်းလေး
Yangon, 11181

ကျွန်ုပ်တို့သည် ပစ္စည်းအစစ်အမှန်မျ