Aung Online Hospitality Training
Quality hospitality training delivered online.
English စာကိုလေ့လာသင်ယူနေသူများအတွက်အရမ်အသုံး၀င်တဲ့ grammar စာအုပ်လေးဖြစ်တဲ့ Essential Grammar in Use (Elementary Level) စာအုပ်လေးကိုအောက်ပါ လင့် မှာ ဒေါင်းလုပ် ယူနိုင်ပါတယ်။
https://drive.google.com/file/d/1iHAE7-0nBbYec5W4VZethOjmLplsUJEN/view?usp=sharing
ဟိုတယ် (သို့) Restaurant ကိုလာရောက်တဲ့ ဧည့်သည်များကို English လိုကောင်းမွန်စွာပြောဆိုပြီး ၀န်ဆောင်မှုပေးနိုင်ဖို့နဲ့ ဧည့်သည်နဲ့ ခရီးသွားလုပ်ငန်းများထံမှ email များကိုဖတ်ပြီး English လို စနစ်တကျ အကြောင်းပြန်စာ ရေးနိုင်ဖို့ သင်ကြားပေးမဲ့ Hospitality English Course (Intermediate Level) ကို Aung Online Hospitality Training (https://fb.me/AungHospitalityTraining) မှာတက်ရောက်နိုင်ပါတယ်။
သင်တန်းမှာစုစုပေါင်း Unit 16 ခုရှိပြီး ယူနစ်တခုစီမှာ သင်ခန်းစာမှာပါ၀င်မဲ့ စကားလုံးတွေ အသုံးအနှုံးတွေကို ရှင်းပြပေးပြီး ဟိုတယ် (သို့) Restaurant မှာ အလုပ်မလုပ်ဖူးသေးသူများအတွက် လုပ်ငန်းခွင်နဲ့ ဆိုင်တဲ့အချက်အလက်များကို လည်းတပါတည်းရှင်းပြပေးသွားမှာပါ။ အဲဒီနောက် English လို ပြောဆိုခြင်း၊ နားထောင်ခြင်း၊ ဖတ်ခြင်း၊ ရေးသားခြင်းများကို အသေးစိတ်ပြည့်စုံစွာ သင်ကြား လေ့ကျင့်ပေးမှာပါ။
English စာကိုလေ့လာသင်ယူနေသူများအတွက်အရမ်အသုံး၀င်တဲ့ grammar စာအုပ်လေးဖြစ်တဲ့ Essential Grammar in Use (Elementary Level) စာအုပ်လေးကိုအောက်ပါ လင့် မှာ ဒေါင်းလုပ် ယူနိုင်ပါတယ်။
https://drive.google.com/file/d/1iHAE7-0nBbYec5W4VZethOjmLplsUJEN/view?usp=sharing
ဟိုတယ် (သို့) Restaurant ကိုလာရောက်တဲ့ ဧည့်သည်များကို English လိုကောင်းမွန်စွာပြောဆိုပြီး ၀န်ဆောင်မှုပေးနိုင်ဖို့နဲ့ ဧည့်သည်နဲ့ ခရီးသွားလုပ်ငန်းများထံမှ email များကိုဖတ်ပြီး English လို စနစ်တကျ အကြောင်းပြန်စာ ရေးနိုင်ဖို့ သင်ကြားပေးမဲ့ Hospitality English Course (Intermediate Level) ကို Aung Online Hospitality Training (https://fb.me/AungHospitalityTraining) မှာတက်ရောက်နိုင်ပါတယ်။
သင်တန်းမှာစုစုပေါင်း Unit 16 ခုရှိပြီး ယူနစ်တခုစီမှာ သင်ခန်းစာမှာပါ၀င်မဲ့ စကားလုံးတွေ အသုံးအနှုံးတွေကို ရှင်းပြပေးပြီး ဟိုတယ် (သို့) Restaurant မှာ အလုပ်မလုပ်ဖူးသေးသူများအတွက် လုပ်ငန်းခွင်နဲ့ ဆိုင်တဲ့အချက်အလက်များကို လည်းတပါတည်းရှင်းပြပေးသွားမှာပါ။ အဲဒီနောက် English လို ပြောဆိုခြင်း၊ နားထောင်ခြင်း၊ ဖတ်ခြင်း၊ ရေးသားခြင်းများကို အသေးစိတ်ပြည့်စုံစွာ သင်ကြား လေ့ကျင့်ပေးမှာပါ။
ဟိုတယ်အလုပ်အကိုင်ကောင်းကောင်းလိုချင်သူများသာဖတ်ရန်
အခုအချိန်မှာပြည်တွင်းနဲ့ ပြည်ပရှိဟိုတယ်များမှအလုပ်ခေါ်စာတွေများလာပေမဲ့ အလုပ်လိုချင်သူ အလုပ်လျှောက်သူ တွေကလဲအများကြီးရှိနေတာမို့လို့ ကိုယ့် CV ကိုယ့်အလုပ်လျှောက်လွှာကို အင်တာဗျူးအတွက်အရွေးချယ်ခံရဖို့နဲ့ အင်တာဗျူးမှာအဆင်ပြေစေဖို့အောက်ပါအချက်တွေကို ဂရုစိုက်ဖို့လိုပါတယ်
၁။ အရမ်းအရေးကြီးတဲ့အချက်တခုက ခေါ်ယူတဲ့ရာထူးအတွက် မရှိမဖြစ်လိုအပ်တဲ့အချက်တွေ အရည်အချင်းတွေ ကိုယ့်မှာရှိကြောင်း ကိုယ့် CV ကိုယ့်အလုပ်လျှောက်လွာကပေါ်လွင်အောင်ဖေါ်ပြနိုင်ဖို့လိုပါတယ်။ CV ၊ အလုပ်လျှောက်လွှာ စသည်တို့ဟာသပ်သပ်ရပ်ရပ်နဲ့ အချက်အလက်အမှား စာလုံးပေါင်းအမှားကင်းဖို့လိုပါတယ်။ ဒါကြောင့်အလုပ် ကောင်းကောင်းရလိုသူတွေဟာ မိတ္တူကူးဆိုင်တွေမှာအဆင်သင့်ပြုလုပ်ထားပြီးရောင်းချလေ့ရှိတဲ့ CV ဖောင်ကို၀ယ် ပြီးလက်ရေးနဲ့ဖြည့်ပြီးအလုပ်လျှောက်တာမျိုးမလုပ်သင့်ပါ။ CV နဲ့ အလုပ်လျှောက်လွှာ ကို ကွန်ပျူတာနဲ့ နည်းလမ်းတကျစာစီရေးသားပြီး print ထုတ်ဖို့လိုပါတယ်။ ပြီးတော့ CV ကို pdf file အနေနဲ့ ဖုန်းပေါ်မှာလဲသိမ်းထားသင့်ပါ တယ်။ တချို့ကတော့ မိတ္တူကူးဆိုင်တွေမှာ အဆင်သင့်ပြုလုပ်ထားပြီးရောင်းချလေ့ရှိတဲ့ CV ဖောင်ကို၀ယ်၊ လက်ရေးနဲ့ဖြည့်ပြီး စားပွဲခင်း(သို့)ကြမ်းခင်းပေါ်ချပြီး ဖုန်းနဲ့ဓာတ်ပုံရိုက်ပြီးပို့လိုက်တာတွေတွေ့ဖူးပါတယ်။ CV ကို Viber (သို့) messenger ကပို့ခိုင်းတယ်ဆိုရင်လဲ pdf file အနေနဲ့ပို့တာကပိုကောင်းပါတယ်။ ဖုန်းနဲ့ဓာတ်ပုံရိုက်ပို့ရင်လဲ စားပွဲခင်း (သို့)ကြမ်းခင်းတွေပါပေါ်နေတာ ဝါးနေပြီးကြည်လင်ပြတ်သားမှုမရှိတာ စသည်တို့မဖြစ်အောင် ဂရုစိုက်ဖို့လိုပါတယ်။
ပြည်တွင်းနဲ့ ပြည်ပရှိ 4-star, 5-star hotel ကြီးတွေမှာအလုပ်လျှောက်ရင် CV နဲ့ အလုပ်လျှောက်လွာ (cover letter) ကို အင်္ဂလိပ်လိုရေးပြီး များသောအားဖြင့် email နဲ့ပို့ရတာဖြစ်လို့ CV နဲ့ cover letter ကိုအင်္ဂလိပ်လိုကောင်းကောင်းရေးတတ်ဖို့ လိုပါတယ်။ ကိုယ်ပိုင် email တခုရှိလည်းရှိသင့်ပါတယ်။ gmail တခုကိုအလွယ်တကူလုပ်လို့ရပါတယ်။ ကိုယ့် ဘွဲ့လက်မှတ်၊ အောင်လက်မှတ်၊ ထောက်ခံစာ၊ ပတ်စ်ပို့ စသည်တို့ကို ကွန်ပျူတာဆိုင်မှာ scan ဖတ်ပြီး scanned copies တွေကို CV (in MS Word format & pdf format) တွေနဲ့အတူ google drive မှာသိမ်းထားရင် အလုပ်လျှောက်တဲ့အခါ အဲဒီ စာရွက်တွေကို email နဲ့အလွယ်တကူတွဲပြီးပို့လို့ရပါတယ်။
၂။ အလုပ်ရှာတဲ့အခါ Agency နဲ့ ရှာလို့ရသလို ကိုယ်တိုင်ရှာလို့လဲရပါတယ်။ ကိုယ်တိုင်ရှာတာက agent fees မပေးရဘူး၊ အလုပ်ရှင်နဲ့တိုက်ရိုက်ဆက်သွယ်ပြောဆိုခွင့်ရတယ် စတဲ့ကောင်းကျိုးတွေရှိပါတယ်။ Facebook ပေါ်မှာလည်း ဟိုတယ်အလုပ်ခေါ်စာတင်ပေးတဲ့ Group တွေအများကြီးရှိသလို ပြည်ပ Hotel & restaurant အလုပ်တွေရှာချင်ရင် www.catererglobal.com, www.hozpitality.com, www.naukri.com စတဲ့ website တွေမှာရှာလို့လဲရပါတယ်။ အဲဒီလိုရှာမယ်ဆိုရင် အင်္ဂလိပ်လိုတတ်ကျွမ်းဖို့တော့လိုပါတယ်။ ပြည်ပရှိ 4-star, 5-star hotel ကြီးတွေက 4-star, 5-star hotel တခုခုမှာလုပ်ငန်းအတွေ့အကြုံရှိပြီး အင်္ဂလိပ်လိုတတ်ကျွမ်းသူတွေကိုဘဲ အလုပ်ခေါ်လေ့ရှိပါတယ်။
၃။ အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်ပါ။ မေးလေ့ရှိတဲ့အင်တာဗျူးမေးခွန်းများရှိပါတယ်။ အဲဒီမေးခွန်းတွေမေး လာရင်ဘယ်လိုပြန်ဖြေမယ်ဆိုတာကိုကြိုတင်လေ့ကျင့်ထားသင့်ပါတယ်။ ကောင်းကောင်းပြင်ဆင်ထားတယ်ဆိုရင် အင်တာဗျူးမှာ သင်မိမိကိုယ်ကိုပိုမိုယုံကြည်မှုရှိပြီး သက်တောင့်သက်သာရှိပါလိမ့်မယ်။
၄။ အင်တာဗျူးအတွက်သွားတဲ့အခါ အချိန်နောက်မကျဖို့၊ တကိုယ်ရည်သန့်ရှင်းမှုရှိဖို့၊ သပ်ရပ်ယဉ်ကျေးစွာ ၀တ်စားဖို့၊ ယဉ်ကျေးစွာပြောဆိုဖို့၊ အင်တာဗျူးဖြေနေစဉ်ဖုန်းကို silent လုပ်ထားဖိူ့ လိုတယ်ဆိုတာ လူတိုင်းလိုလိုသိပြီးဖြစ်ပေမဲ့ အင်တာဗျူးလာဖြေသူထံမှ ချွေးနံ့တွေထွက်နေတာ၊ ဆေးလိပ်နံ့၊ အရက်နံ့ထွက်နေတာ၊ သွားတွေမှာ ကွမ်းကျိူးတွေတက်နေတာတွေကို တွေ့ကြုံဖူးပါတယ်။
၄။ စိတ်ဓာတ်မကျပါနဲ့။ အလုပ်ရှာဖွေမှုတိုင်းမှာ No ၏နောက်တွင် Yes ဖြစ်သည် ဟု ဆိုကြသည်။ "No" တစ်ခုစီသည် အလုပ်ရှင်က Yes ဟုပြောသောနေ့ကိုရောက်ရန် ခြေတစ်လှမ်းပိုနီးကပ်စေပါသည်။ အကောင်းမြင်စိတ်ထား ထားရှိကာ ရရှိခဲ့တဲ့ အတွေ့အကြုံများမှသင်ခန်းစာယူပြီး နောက်တကြိမ်တွင် ပိုကောင်းအောင်လုပ်ပါ။
ပြည်တွင်း/ပြည်ပရှိ Hotel (သို့) Restaurant ကြီးများမှာ အလုပ်ရဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်ခွင်သုံးအင်္ဂလိပ် ဘာသာစကားကျွမ်းကျင်မှုကိုရရှိစေရန် ၊ CV နဲ့ cover letter ကိုအင်္ဂလိပ် လိုကောင်းကောင်းရေးတတ်စေရန်နဲ့ အင်တာဗျူးမှာအင်္ဂလိပ်လိုကောင်းစွာဖြေဆိုနိုင်ရန် သင်ယူလိုပါက Aung Online Hospitality Training တွင် Hospitality English Course (Intermediate Level) ကိုတက်ရောက်သင်ယူနိုင်ပါတယ်။ Facebook Private Group တွင် သင်ခန်းစာ ဗီဒီယိုဖိုင်များ အသံဖိုင်များ၊ မှတ်စုနှင့်လေ့ကျင့်ခန်းလုပ်ရန် PDF ဖိုင်များတင်ထားပေးပြီး Online မှသင်ကြားပေး မည်ဖြစ်ပါသည်။ Telegram Group မှသင်လိုသူများကိုလည်း Telegram Group ကို join နိုင်ရန်စီစဉ်ပေးပါမည်။ အသေးစိတ်ကိုအောက်ပါ video တွင်ရှင်းပြထားပါသည်။
ဟိုတယ် Receptionist ကောင်းတစ်ယောက်ဖြစ်လိုလျှင်
သင်ဟာ အမြဲပြုံးနေတဲ့ လူစားမျိုးလား။ မိမိတို့နိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းမှကွဲပြားခြားနားသောလူများနှင့် တွေ့ဆုံရန် နှစ်သက်ပါသလား။ အကယ်၍ အဖြေက ဟုတ်ပါတယ် ဆိုရင် ဟိုတယ် Receptionist အလုပ်က သင့်အတွက် သင့်လျော်တဲ့အလုပ်တခုပါ။ စိတ်အားထက်သန်မှုနှင့် အသေးစိတ်အာရုံစိုက်မှုတို့သည် ဟိုတယ်ဧည့်ကြိုတိုင်းတွင် ရှိသင့်သောအဓိကအရည်အချင်းများ ဖြစ်သည်။ သင်သည်ကောင်းမွန်သောဝန်ဆောင်မှုတသမတ်တည်းအမြဲပေးနိုင်လျှင် လျင်မြန်စွာရာထူးတက်လာနိုင်သည်။
ဟိုတယ် Receptionist ၏လုပ်ငန်းတာ၀န်များ
ဧည့်သည်ကိုအပြုံးနှင့် ၀န်ဆောင်မှုပေးခြင်းသည် ဧည့်ကြိုအလုပ်၏မြင်သာသောအပိုင်းဖြစ်သော်လည်း အခြားများစွာသော တာဝန်များကိုလည်း ထမ်းဆောင်ရပါသည်။ ၄င်းတာ၀န်များတွင်အောက်ပါတို့လည်းပါ၀င်ပါသည်။
ဖုန်းခေါ်ဆိုမှုများကို ဖြေကြားခြင်း သို့မဟုတ် တဆင့်လွဲပေးခြင်း
ကြိုတင်မှာကြားခြင်း (booking) များကိုလက်ခံခြင်း
မိမိမြို့ (သို့) နိုင်ငံနှင့်ပတ်သက်၍ အချက်အလက်များပေးခြင်း သို့မဟုတ် အကြံပြုချက်ပေးခြင်း
ဧည့်သည်များ၏တောင်းဆိုချက်များကို ဖြည့်ဆည်းပေးခြင်း (ဥပမာ ကားလက်မှတ်/လေယာဥ်လက်မှတ်၀ယ်ပေးခြင်း၊ ပစ္စည်း အပ်နှံပါက လက်ခံသိမ်းဆည်းပေးခြင်း)
အခန်းများသတ်မှတ်နေရာချထားပေးခြင်း
ဘေလ်ထုတ်ပေးခြင်းနှင့် ငွေပေးချေမှုများကိုလက်ခံခြင်း
ပြဿနာများ သို့မဟုတ် မကြေနပ်ချက်များကို ကိုင်တွယ်ဖြေရှင်းပေးခြင်း
ဟိုတယ် Receptionist ကောင်းတစ်ယောက်မှာဘယ်လိုအရည်အချင်းများရှိသင့်ပါသလဲ
၄င်းအရည်အချင်းများမှာ
ယဉ်ကျေးသိမ်မွေ့ခြင်း
လူမှုဆက်ဆံရေးကောင်းခြင်း
English ဘာသာဖြင့် နှုတ်နှင့်စာဖြင့် ကောင်းမွန်စွာပြောဆိုဆက်သွယ်နိုင်မှု (မိမိတို့ဟိုတယ်ပေါ်မူတည်၍ အခြားနိုင်ငံခြား ဘာသာတက်ကျွမ်းရန်လည်းလိုနိုင်ပါသည်။)
ကောင်းမွန်သောဝန်ဆောင်မှုကိုပေးနိုင်ခြင်း
စိတ်ရှည်သည်းခံခြင်းနှင့် လိမ္မာပါးနပ်မှု
ဖိအားအောက်မှာအလုပ်လုပ်ရလျှင်လည်း တည်ငြိမ်မှုရှိခြင်း
မိမိ၏စိတ်ခံစားချက်များကိုထိန်းချုပ်နိုင်ခြင်း
ကွန်ပျူတာကိုကျွမ်းကျင်စွာသုံးနိုင်ခြင်း
ငွေသား၊ အကြွေး၀ယ်ကတ်များနှင့်နိုင်ငံခြားငွေများကိုကိုင်တွယ်လက်ခံနိုင်စွမ်း
အသေးစိတ်ကိုအာရုံစိုက်နိုင်စွမ်းနှင့်တိကျသေချာမှု
ဧည့်သည်သည်ဟိုတယ်ရှေ့တံခါးပေါက်မှ၀င်လာပြီးနောက် ပထမဆုံးတွေ့ရသော၀န်ထမ်းသည် များသောအားဖြင့် Receptionist ဖြစ်သောကြောင့် Receptionist သည်အထက်ဖေါ်ပြပါ အရည်အချင်းများရှိသူဖြစ်ပါက ဧည့်သည်က ထိုဟိုတယ်အပေါ် အကောင်းမြင်မှု၊ အထင်ကြီးမှုများဖြစ်လာစေနိုင်ပါသည်။ ထို့ကြောင့် Receptionist ကောင်းများသည် ဟိုတယ်တခုအတွက် မရှိမဖြစ်သော၀န်ထမ်းများဖြစ်ပါသည်။
ပြည်တွင်း/ပြည်ပရှိ ဟိုတယ်ကြီးများတွင် Receptionist တယောက်အဖြစ်လုပ်ကိုင်လိုပါက မရှိမဖြစ်လိုအပ်သော English ဘာသာစကားကျွမ်းကျင်မှုကိုရရှိစေရန် သင်ယူလိုပါက Aung Online Hospitality Training တွင် Hospitality English Course (Intermediate Level) ကိုတက်ရောက်သင်ယူနိုင်ပါသည်။ Facebook Private Group တွင် သင်ခန်းစာ ဗီဒီယိုဖိုင်များ အသံဖိုင်များ၊ မှတ်စုနှင့်လေ့ကျင့်ခန်းလုပ်ရန် PDF ဖိုင်များတင်ထားပေးပြီး Online မှသင်ကြားပေး မည်ဖြစ်ပါသည်။ အသေးစိတ်ကိုအောက်ပါ video တွင်ရှင်းပြထားပါသည်။
Facebook မှ Meta သို့
Mark Zuckerberg က လွန်ခဲ့သည့် ၁၇ နှစ်က သူတည်ထောင်ခဲ့သည့် Facebook ကုမ္ပဏီကို Meta အဖြစ် အမည်ပြောင်းလိုက်ပြီး ၎င်း၏ကုမ္ပဏီသည် metaverse ဟုခေါ်သည့် အင်တာနက်ဗားရှင်းအသစ်ကို မည်သို့တည်ဆောက်ရန် ရည်ရွယ်ထားကြောင်းကို အောက်တိုဘာ ၂၈ ရက်က ကုမ္ပဏီ၏နှစ်ပတ်လည် အစည်းအဝေးတွင်ပြောဆိုရှင်းလင်းခဲ့သည်။ ကုမ္ပဏီအမည်ပြောင်းသွားသော်လည်း၄င်း၏ လူမှုကွန်ယက် (social media) သည် Facebook အမည်ဖြင့်ဆက်လက်ရှိနေမည်။
metaverse သည် လွန်ခဲ့သော အနှစ် ၃၀ က "Snow Crash" ဆိုသည့် ဝတ္ထုတွင် ရေးစပ်ထားသည့် ဝေါဟာရတစ်ခုဖြစ်သည်။ metaverse ကို Meta ကုမ္ပဏီ က "သင်နှင့်အတူတနေရာထဲတွင်ရှိမနေသော အခြားသူများနှင့်အတူ သင် စူးစမ်းခံစားနိုင်သည့် ကွန်ပျူတာကဖန်တီးပေးသောအခြေအနေ" အဖြစ် ဖော်ပြပါသည်။ ဥပမာအားဖြင့်ဆိုသော် ဖျော်ဖြေပွဲတခုကိုတက်ရောက်နေသော သင်၏သူငယ်ချင်းထံသို့ ကွန်ပျူတာက ဖန်တီးပေးသော သင်၏ပုံရိပ်ကိုပို့ပြီး သူနှင့်အတူနားဆင်ခံစားခြင်း၊ ကွန်ပျူတာပေါ်တွင်သာရှိသော အစည်းဝေးစားပွဲတွင် လုပ်ဖော်ကိုင်ဖက်များနှင့် အတူထိုင်ပြီးပြောဆိုဆွေးနွေးခြင်း
Meta ကုမ္ပဏီက metaverse အတွက် ဒေါ်လာငွေ သန်းထောင်ချီ၍ ရင်းနီးမြုပ်နှံပြီးတီထွင်စမ်းသပ်လျက်ရှိပါသည်။
(Ref.: “Enter the metaverse: the digital future Mark Zuckerberg is steering us toward” The Guardian
"Facebook changes name to Meta as it refocuses on virtual reality” Reuters)
Hotel PMS ဆိုသည်မှာ
ဟိုတယ်လုပ်ငန်းတွင် PMS ဟုခေါ်သော ဟိုတယ်စီမံခန့်ခွဲမှုစနစ်သည် ကွန်ပျူတာ software တခုဖြစ်ပြီး ၄င်း software သည် ဟိုတယ်လုပ်ငန်းဌာနများဖြစ်သော ဧည့်ကြိုဌာန၊ အရောင်းဌာန၊ သန့်ရှင်းရေးဌာန၊ ငွေစာရင်းဌာန၊ အစားအသောက်၀န်ဆောင်မှုဌာန၊ ပြုပြင်ထိန်းသိမ်းရေးဌာန စသည်တို့၏ နေ့့စဥ်လုပ်ငန်းဆောင်တာများကိုလွယ်ကူထိရောက်စေရန်ကူညီပေးပြီး မှတ်တမ်းများကိုလည်းတိကျ သေချာစွာသိမ်းဆည်းပေးပါသည်။
ယနေ့ခေတ်တွင် Hotel PMS သည်ဟိုတယ်တလုံးအတွက်မရှိမဖြစ် လိုအပ်ချက်တခုဖြစ်ပြီး ၄င်း software မရှိပါက နေ့့စဥ်လုပ်ငန်းဆောင်တာများကို Microsoft Office ကိုသုံးပြီးဆောင်ရွက်ရမည်ဖြစ်သောကြောင့် ကြံ့ကြာမှုများနှင့်အမှားအယွင်းများမကြာခဏကြုံတွေ့ရပါလိမ့်မည်။ ဥပမာအားဖြင့် ဧည့်သည်က နောက်လအတွင်းရှိရက်တရက်အတွက် အခန်းအမျိုးအစားတခုကို ၂ ညတာအတွက်ရနိုင်မည်လား မေးသောအခါ (သို့) သူလုပ်ထားပြီးသော booking ကို ရက်ပြောင်းခြင်း၊ အခန်းအမျိုးအစားပြောင်းခြင်း စသည်တို့ပြုလုပ်လို၍ ဖုန်းဆက်မေးမြန်းသောအခါ Hotel PMS ရှိပါက ၄င်းကိုသုံးပြီး လွယ်ကူလျင်မြန် တိကျစွာပြန်ဖြေနိုင်မည်ဖြစ်သော်လည်း Hotel PMS မရှိပါက လျင်မြန်တိကျစွာပြန်ဖြေရန်ခက်ခဲပါမည်။ ဤသည်မှာ Hotel PMS ၏အသုံး၀င်မှုမြောက်များစွာထဲမှ ဥပမာလေးတခုဖြစ်ပါသည်။
Hotel PMS software အမျိုးအစားများစွာရှိပါသည်။ ဟိုတယ်ကြီးများတွင် OPERA software ကိုအသုံးများပြီး eZee, EasyFO စသည်တို့သည်လည်းအသုံးများပါသည်။ ၄င်း software များမှာနိုင်ငံခြားကုမ္ပဏီများမှ software များဖြစ်ပါသည်။ ပြည်တွင်း ကုမ္ပဏီများမှ software များလည်းရှိပါသည်။ အခမဲ့ရသော နိုင်ငံခြား software အချို့မှာ KW Hotel, Hotel Druid စသည်တို့ဖြစ်ပါသည်။ မြန်မာဘာသာဖြင့်ရေးသားထားသော software လည်းရှိပါသည်။ မိမိတို့၏ ဟိုတယ်၊ မိုတယ်၊ Guest House နှင့်ကိုက်ညီမည့် software အမျိုးအစား ကိုမေးမြန်းဆွေးနွေးလိုပါက ကြိုဆိုပါသည်။
Essentials of Great Customer Service
SMILE Staff will warmly greet guests, SMILE, and speak clearly in a friendly manner.
EYE Staff will make EYE contact when meeting and speaking with guests.
RECOGNITION Staff will create a sense of RECOGNITION by using the guest’s name when known. Staff will recognize the repeat guests and use their names.
VOICE Staff will speak to guests in an attentive, natural and courteous manner, avoiding pretension.
INFORMED All guest-contact staff will be well INFORMED about their property, their products, will take ownership of simple questions, and not refer guests elsewhere.
CLEAN Staff will always appear CLEAN, well-groomed and well-fitted.
EVEYONE EVERYONE, everywhere, all the time show their care for our guests.
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the school
Website
Address
21, Mill Road, Tamwe Township
Yangon
11211
Opening Hours
Monday | 09:30 - 17:30 |
Tuesday | 09:30 - 17:30 |
Wednesday | 09:30 - 17:30 |
Thursday | 09:30 - 17:30 |
Friday | 09:30 - 17:30 |
Saturday | 09:30 - 17:30 |
Sunday | 10:00 - 14:00 |
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon
Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3
No. 9 Kan Street, Hlaing Township
Yangon, 11012
Enhancing educational and career opportunities for Myanmar youth since 2009.
Yangon
တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ
Pansodan Road (Middle Block)
Yangon, 11182
ရန်ကုန်ကျောင်းခွဲများကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09942000120 09942000130 မော်လမြိုင်ကျောင်းခွဲကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09768148233 09978391056 ဘားအံကျောင်းခွဲကို ဆက်သွယ်...
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon
Education
Yangon
We aim to teach subjects relating to the business world at affordable prices.