GeoEarth

GeoEarth Foundations
[email protected]
Hot No: +959 403518788 (Viber)
Address: No (678),

17/07/2021

အခုလို Covid-19 ဆိုးရွားစွာမြန်မာပြည်တွင်ပျံ့နှံနေချိန်မှာ ကျွန်တော်တို့ အနေဖြင့် လိုအပ်သူများ လိုအပ်သလိုအသုံးပြုနိုင်ရန်

1. Oxygen Available Sites
2. Covid-19 Testing Sites
3. Home Care Services
4. Online Clinic
5. Free Oxygen
6. Oxygen Machine Repairing

တို့ကိုစာရင်းပြုစု၍ မျှဝေလိုက်ရပါတယ်။ ရရှိသော အချက်အလက်များပေါ်မူတည်၍ စာရင်းထပ်မံဖြည့်သွင်းပေးသွားပါ့မယ်။

အားလုံးဘေးကင်းကြပါစေ။

အပြာရောင်စာသား လင့်(ခ်) ကိုနှိပ်ပါ။

https://sites.google.com/view/savethelifewithoxygen/save-the-lifes-with-oxygen

Save The Life's With Oxygen

GEOEARTH FOUNDATIONS 04/05/2021

https://sites.google.com/view/geoearthfoundations/home


.,Ltd.

GEOEARTH FOUNDATIONS Our Motto is "Once & Perpetual".

Photos from GeoEarth's post 27/04/2021

ဖတ်ရန်ကြာမြင့်ချိန် (၂) မိနစ်။

ဗဟုသုတဖြစ်စေရန်ရည်ရွယ်၍မျှဝေရခြင်းဖြစ်ပါသည်။ သိပြီးသားသူများ ကျော်သွားပေးကြပါ။ ဗဟုသုတပြန်လည်မျှဝေလိုသူများအနေဖြင့် အပြုသဘောဆောင်သော ထင်မြင်ယူဆချက်များပေးနိုင်ပါသည်။

Sheet Pile

Sheet pile သည် မြေသားပြုပြင်ရေးနှင့် တူးဖော်ရေးလုပ်ငန်းများအားအထောက်အကူပြုရန် အနားစွန်းများ တစ်ခုနှင့်တစ်ခု လက်ယှက်ထိုးသဏ္ဍာန်ကဲ့သို့ ချိတ်ဆက်ထားသော Sheet အပြားများဖြစ်သည်။ Sheet ပြားအများစုကို သံမဏိနှင့်ပြုလုပ်ပြီး သစ်သား သို့မဟုတ် သံခြင်းပါ၀င်သော ကွန်ကရစ်ဖြင့်လည်း ပြုလုပ်ကြသည်။

Sheet pile ကို မြေအောက်ခန်း၊ pump house နှင့်အခြေခံအုတ်မြစ်၊ Cofferdam တည်ဆောက်ခြင်း၊ Seawall and bulkhead များတည်ဆောက်ခြင်းများတွင် အသုံးပြုလေ့ရှိသည်။

မြို့ပြဒေသတွင် မြေသားထုပြုပြင်ခြင်းများအတွက် အနီးအနားရှိ အဆောက်အဦးများ ကွဲအက်ပြိုကျခြင်းမဖြစ်စေရန် အသုံးပြု၍ရသည်။ ဥပမာ press pile မပြုလုပ်မီ sheet pile ဖြင့်မြေသားနံရံအား ထိန်းထားနိုင်သည်။

Sheet Pile အသုံးပြုခြင်း၏ကောင်းကျိုးများ

၁။ ထပ်ခါတလဲလဲအသုံးပြုနိုင်သည်။
၂။ အရွယ်အစားစုံလင်သော အမျိုးအစားများစွာ
ရွေးချယ်နိုင်သည်။
၃။ ယာယီ သို့မဟုတ် ရေရှည်တည်ဆောက်မှုများ
အတွက် အသုံးပြုနိုင်သည်။
၄။ ဆူညံသံကင်းဝေးခြင်းနှင့် တုန်ခါမှုမရှိသောနည်း
လမ်းများဖြင့် တပ်ဆင်အသုံးပြုနိုင်သည်။
၅။ လုပ်ငန်းခွင်တွင် သေသပ်သန့်ရှင်းခြင်းနှင့်
အပျက်အစီးကင်းဝေးခြင်း။ ကြီးကြပ်မှုနှင့် ပစ္စည်း
ထားသိုမှုနေရာ အနည်းငယ်သာလိုအပ်သည်။
၆။ ကုန်ကျစရိတ်သက်သာ၍ အလျှင်အမြန် တပ်ဆင်
နိုင်သည်။
၇။ ရေထဲတွင် သက်တမ်းကြာရှည်စွာ ထားနိုင်သည်။

ဓါတ်ပုံများကို အင်တာနက်မှကူးယူဖော်ပြပါသည်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

Reading time (2) minutes.

It is shared for the purpose of gaining knowledge. Let those who already know pass by. Those who want to share their knowledge can give positive feedback / comment.

Sheet Pile

Sheet piles are sections of sheet materials with interlocking edges that are driven into the ground to provide earth retention and excavation support. Sheet piles are most commonly made of steel, but can also be formed of timber or reinforced concrete.

Sheet pile walls have been used to support excavations for basements, pump houses, and foundations, to construct cofferdams, and to construct seawalls and bulkheads.

In urban areas, it can be used for earthworks to prevent nearby buildings from collapsing. For example, a sheet pile can be used to support an earthen wall before making a press pile.

Advantages to Sheet Piles:

1. Sheet piles are recyclable and reusable.
2 Piles can come in a wide range of lengths,
size, and steel options.
3. They can be used for temporary and
permanent structures.
4. They can be installed using silent and
vibration-free methods.
5. The work is neat, clean, and creates no spoil
arisings. The supervision of work on-site can
be reduced, and minimal storage space is
required.
6. Sheet piling is a more cost effective and
quicker installation.
7. They have a long life above and below water.

Images are collected from internet.
Thanks for everyone.

More Informations to:

https://sites.google.com/view/geoearthfoundations/home

Email: [email protected]
Hot No: +959 403 518 788/+959 981 026 008
Address: No (678), Thu Nandar Road, (K) Ward, Northern Okkalarpa Township, Postal Code (11032), Yangon, Republic of the Union of Myanmar.


.,Ltd.

Photos from GeoEarth's post 22/04/2021

ဖတ်ရန်ကြာမြင့်ချိန် (၃) မိနစ်။

ဗဟုသုတဖြစ်စေရန်ရည်ရွယ်၍မျှဝေရခြင်းဖြစ်ပါသည်။ သိပြီးသားသူများ ကျော်သွားပေးကြပါ။ ဗဟုသုတပြန်လည်မျှဝေလိုသူများအနေဖြင့် အပြုသဘောဆောင်သော ထင်မြင်ယူဆချက်များပေးနိုင်ပါသည်။

သံခြင်းယက်ခြင်း။

သံခြင်းယက်ခြင်းလုပ်ငန်းစဉ်သည် ကြိုတင်စီမံထားရသော လုပ်ငန်း သို့မဟုတ် အချိန်မီပြီးစီးရန်လိုအပ်သော လုပ်ငန်းဖြစ်သည်။

သံခြင်းယက်ရာတွင်အသုံးပြု‌ေသာ သံချောင်းများ၏ အလေးချိန်နဲ့ ပါ၀င်သောအချောင်းအရေအတွက်ကို သိရှိနားထားပါက ခန့်မှန်းကုန်ကျစရိတ်ချက်ခြင်းနှင့် ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် အဆင်ပြေရန်အတွက် များစွာအကျိုးဖြစ်စေမည်ဖြစ်သည်။

သံခြင်းဒီဇိုင်းပေါ်မူတည်၍ သံချောင်းများအား အတိုင်းအတာတစ်ခုအထိ ထပ်၍ (Overlapping) လဲပြုလုပ်ကြသည်။

(၁) တန်တွင်ပါ၀င်သော အရှည်ပေ (၄၀) ရှိသည့်သံချောင်းများ၏အချက်အလက်များကိုအောက်တွင် လေ့လာနိုင်သည်။

အရေအတွက် အချင်း (လုံးပတ်)
(၂၁၀) (၈) မီလီမီတာ
(၁၃၄) (၁၀) မီလီမီတာ
(၉၃) (၁၂) မီလီမီတာ
(၅၂) (၁၆) မီလီမီတာ
(၃၄) (၂၀) မီလီမီတာ
(၂၁) (၂၅) မီလီမီတာ

သံချောင်းအရှည် (၁) ပေ အတွက် အလေးချိန်မှာ အောက်ပါအတိုင်းဖြစ်သည်။

အချင်း (လုံးပတ်) အလေးချိန်
(၈) မီလီမီတာ (၀.၁၂) ကီလိုဂရမ်
(၁၀) မီလီမီတာ (၀.၁၈၇၆) ကီလိုဂရမ်
(၁၂) မီလီမီတာ (၀. ၂၇) ကီလိုဂရမ်
(၁၆) မီလီမီတာ (၀.၄၈) ကီလိုဂရမ်
(၂၀) မီလီမီတာ (၀.၇၅) ကီလိုဂရမ်
(၂၅) မီလီမီတာ (၁.၁၇၂၆) ကီလိုဂရမ်

မှတ်ချက်။ ။ ထုတ်လုပ်သောသံမဏိ၏ သိပ်သည်းဆအ‌ေပါ်မူတည်၍ အလေးချိန် အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါသည်။

ကျေးဇူးတင်ပါတယ်။
ဓါတ်ပုံများအား အင်တာနက်မှရယူသည်။

Reading time (3) minutes.

It is shared for the purpose of gaining knowledge. Let those who already know pass by. Those who want to share their knowledge can give positive feedback / comment.

Rebar Installation

The rebar installation process is a pre-planned task or a task that needs to be completed on time.

Knowing the weight and number of rods used in welding and weaving can be very helpful in determining the estimated cost and convenience of transportation.

Depending on the design of the rebar install, the rods are overlapped to some extent.

Below you can find the details of (40) feets long steel bars contained in (1) ton.

Quantity Diameter of Rod
(210) (8) mm
(134) (10) mm
(93) (12) mm
(52) (16) mm
(34) (20) mm
(21) (25) mm

The weight for a 1-foot rod is as follows.

Diameter Weight of Rod
(8) mm (0.12) kg
(10) mm (0.1876) kg
(12) mm (0.27) kg
(16) mm (0.48) kg
(20) mm (0.75) kg
(25) mm (1.1726) kg

Note: The weight difference can slightly vary depending on the density of the steel produced.

Thanks to everyone!
Photos Source at Internet.

More Informations to:

https://sites.google.com/view/geoearthfoundations/home

Email: [email protected]
Hot No: +959 403 518 788/+959 981 026 008
Address: No (678), Thu Nandar Road, (K) Ward, Northern Okkalarpa Township, Postal Code (11032), Yangon, Republic of the Union of Myanmar.


/533
.,Ltd.

Photos from GeoEarth's post 20/04/2021

ဖတ်ရန်ကြာမြင့်ချိန် (၄) မိနစ်။

ဗဟုသုတဖြစ်စေရန်ရည်ရွယ်၍မျှဝေရခြင်းဖြစ်ပါသည်။ သိပြီးသားသူများ ကျော်သွားပေးကြပါ။ ဗဟုသုတပြန်လည်မျှဝေလိုသူများအနေဖြင့် အပြုသဘောဆောင်သော ထင်မြင်ယူဆချက်များပေးနိုင်ပါသည်။

"အားလုံးပဲမင်္ဂလာပါ"

ဘိလပ်မြေလောင်းရာတွင် မိမိတို့တည်ဆောက်မည့် အဆောက်အဦး၏ ခံနိုင်၀န်အားကို ထိန်းထားနိုင်ရန်အတွက် အရည်အသွေး တိကျမှန်ကန်သော ဘိလပ်မြေဖျော်စပ်မှုနှင့် လိုအပ်သောပမာဏတွက်ချက်မှုသည် Bored Piling အတွက်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။

တွင်းတူးခြင်း၊ သံခြင်းချခြင်းတို့ပြီးသောအခါတွင် ဘိလပ်မြေလောင်းခြင်းလုပ်ငန်းကို မိမိ၏လုပ်ငန်းပြီးစီးမှုအပေါ်မူတည်၍ချိန်ဆ၍ပြုလုပ်ရမည်ဖြစ်သည်။ တစ်ဆက်တည်းပြုလုပ်မည်ဆိုပါက အကောင်းဆုံးဖြစ်ပြီး တွင်းပြိုကျမှုအခြေအနေကို လျော့ချနိုင်စေမည်ဖြစ်သည်။

ကွန်ကရစ်ဖျော်စပ်မှုအချိုးကို ဥပမာအနေဖြင့် ဘိလပ်မြေအမှုန့်၊ သဲ၊ ကျောက်စရစ် တို့ကို (၁: ၂: ၄) သို့မဟုတ် ( ၂: ၂: ၄) စသည်တို့ဖြင့် လိုအပ်သလိုဖျော်စပ်ကြသည်။ သို့တည်းမဟုတ် အရည်အသွေးပြည့်မီသော အသင့်သုံးကွန်ကရစ်များကို မှာယူအသုံးပြုကြသည်။

ဘိလပ်မြေလောင်းရာတွင် တွင်း၀အကျယ်အ၀န်းနှင့် သံခြင်းအနေအထားပေါ်မူတည်၍ သင့်တော်သော လောင်းပိုက်အားအသုံးပြုရမည်ဖြစ်သကဲ့သို့ ကွန်ကရစ်ဖျော်စပ်ရာတွင် အသုံးပြုသည် ကျောက်စရစ်ခဲများ၏ လုံး၀န်းမှု (Rounding) သည်လဲ အရေးပါလှသည်။ ပုံ (၁)

ကျောက်စရစ်များ၏လုံး၀န်းမှု (Rounding) ကောင်းသောကြောင့် ကွန်ကရစ်လောင်းရာတွင် အဆင်ပြေချောမွေ့စေပြီး တွင်းနေရာအနှံ့ ကွန်ကရစ်များအား ကောင်းစွာပျံ့နှံ့စေပါသည်။ သို့သော် လောင်းပိုက်၏‌ေအာက်‌ေခြမျက်နှာ၀သည် တွင်းအောက်ခြေတွင်ရှိသော ကွန်ကရစ်ထဲတွင် ရှိနေစေရန် အထူးသတိပြုရမည်။

အချင်း (၁) မီတာရှိ‌ေသာ ဆလင်ဒါပံုစံတွင်း ပုံ (၂) အတွက်လိုအပ်သောကွန်ကရစ်အားတွက်ယူရာတွင် အောက်ပါအတိုင်းဖြစ်သည်။
အနက် (၁) မီတာ = ၀.၇၈၅ ကျူ့ပစ်မီတာ (၇၈၅လီတာ)
အနက် (၂) မီတာ = ၁.၅၇၁ ကျူ့ပစ်မီတာ (၁၅၇၁လီတာ)
အနက် (၃) မီတာ = ၂.၃၅၆ ကျူ့ပစ်မီတာ (၂၃၅၆လီတာ)
အနက် (၄) မီတာ = ၃.၁၄၂ ကျူ့ပစ်မီတာ (၃၁၄၂လီတာ)
အနက် (၅) မီတာ = ၃.၉၂၇ ကျူ့ပစ်မီတာ (၃၉၂၇လီတာ)
တွင်းတူးရန်လိုအပ်သော ရေပမာဏအားတွက်မည်ဆိုပါက အထက်ပါအတိုင်း တွက်ယူနိုင်သည်။

ပုံ (၃) တွင် အချင်း (၀.၈) မီတာ နှင့် အနက် (၁၀) မီတာရှိသော တွင်းအတွက် အနည်းဆုံး (၅.၀၂၇) ကျူ့ပစ်မီတာ (၅၀၂၇ လီတာ)ရှိသော ကွန်ကရစ်ပမာဏလိုအပ်မည်ဖြစ်သည်။ အထက်ပါအချက်အလက်အတိုင်း (၁: ၂: ၄) အချိုးအစားဖြင့်တွက်သော် တစ်အိပ်လျှင် (၅၀) ကီလိုဂရမ်ရှိသော ဘိလပ်မြေအမှုန့်အိပ်ပေါင်း (၃၁) အိပ်ခန့် လိုအပ်မည်ဖြစ်သည်။

မှတ်ချက်။ ။ သံခြင်းတွင်အသုံးပြုသော သံချောင်းအရွယ်အစား၊ လွန်သွားတိုက်စားမှုကြောင့် တွင်းနံရံပဲ့ကျမှုနှင့် တွင်းပြိုကျမှုတို့ကြောင့် လိုအပ်သောပမာဏအနည်းငယ် ကွဲလွဲမှုများရှိနိုင်ပါသည်။

ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့၍ နယ်မြေတည်ငြိမ်အေးချမ်းကြပါစေ။

ဓါတ်ပုံနေရာများ
ပုံ (၁) = အင်တာနက်
ပုံ (၂) = အင်တာနက်
ပုံ (၃) = ပေါက်မြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ မြန်မာ။

Reading time (4) minutes.

It is shared for the purpose of gaining knowledge. Let those who already know pass by. Those who want to share their knowledge can give positive feedback / comment.

"Hello everyone"

When laying cement, it is important for Bored Piling to have the right mix of quality cement and the required amount of cement to maintain the durability of the building to be constructed.

Drilling holes; After the reinforcing is done, the cementing process must be adjusted depending on the completion of the work. This is the best way to reduce the risk of wall collapse.

For example, the ratio of concrete mix to cement powder, sand, gravel is mixed with (1: 2: 4) or (2: 2: 4) as needed. Or they order high quality ready-made concrete.

Depending on the size of the drill pit and the condition of the rebar installation, a suitable tremie pipe should be used for pouring cement, as well as the rounding of the gravel used in the concrete mix. Figure (1)

Due to the good rounding of the gravel, it is easy to pour concrete and spread the concrete well all over the hole. However, special care must be taken to ensure that the bottom of the tremie's pipe is in the concrete at the bottom of the pit.

The required concrete for the (1) meter diameter cylindrical hole (Figure.2) is calculated as follows.
Depth 1 meter = 0.785 cubic meter (785 liters)
Depth 2 meters = 1.571 cubic meters (1571 liters)
Depth 3 meters = 2.356 cubic meters (2356 liters)
Depth 4 meters = 3.142 cubic meters (3142 liters)
Depth 5 meters = 3.927 cubic meters (3927 liters)
The amount of water required to drill a well can be calculated as above.

(Figure.3) requires a concrete hole with a diameter of at least (5,027) cubic meters (5,027 liters) for a hole (0.8 m) in diameter and (10 m) depth. Based on the above information (1: 2: 4) ratio, you will need about (31) bags of cement powder weighing (50) kg per bag.

Note. : The size of the iron rod (rebar) used in reinforcement; Excessive erosion may result in a small amount of variation due to the collapse of the pit wall and the collapse of the pit.

Let your hearts rejoice!

Photos Source
Figure (1) = Internet
Figure (2) = Internet
Figure (3) = Pauk Township, Magway Division, Myanmar.

More Informations to:

https://sites.google.com/view/geoearthfoundations/home

Email: [email protected]
Hot No: +959 403 518 788/+959 981 026 008
Address: No (678), Thu Nandar Road, (K) Ward, Northern Okkalarpa Township, Postal Code (11032), Yangon, Republic of the Union of Myanmar.

=πr2h
.,Ltd.

Photos from GeoEarth's post 13/04/2021

ဖတ်ရန်ကြာမြင့်ချိန် (၃) မိနစ်။

ဗဟုသုတဖြစ်စေရန်ရည်ရွယ်၍မျှဝေရခြင်းဖြစ်ပါသည်။ သိပြီးသားသူများ ကျော်သွားပေးကြပါ။ ဗဟုသုတပြန်လည်မျှဝေလိုသူများအနေဖြင့် အပြုသဘောဆောင်သော ထင်မြင်ယူဆချက်များပေးနိုင်ပါသည်။

"အားလုံးပဲမင်္ဂလာပါ"

ယခုအခါ‌ဖော်ပြပေးမှာကတော့ တွင်းတူးရာတွင် မဖြစ်မနေပါ၀င်သော Drilling Mud ဟုခေါ်သော တွင်းတူးရာတွင်အသုံးပြုသည့် (ရွှံ) အရည်တစ်မျိုးအကြောင်းကိုအကြမ်းမျဉ်းဖော်ပြပေးပါ့မယ်။

Drilling Mud တွင် အဓိကအားဖြင့်အောက်ပါဂုဏ်သတ္တိသုံးမျိုးရှိပါသည်။

၁။ လွန်သွားကို အေးမြစေခြင်းနဲ့ တွင်းတူးရာတွင် ချောမွေ့
စေခြင်း။
၂။ တွင်းထဲမှမြေစာများကို စု‌ေဆာင်းရာကန်ထဲသို့ ပို့ဆောင်
ပေးခြင်း။
၃။ တွင်းတူးနေစဉ်တွင်းပြိုခြင်းများမဖြစ်စေရန်လဲကာကွယ်
ပေးခြင်း။

Drilling Mud ၏ စေးပျစ်မှုနှုန်း (Viscosity) သည် တွင်းတူးရာနေရာ၏ မြေသားဖွဲ့စည်းမှုအပေါ်မူတည်၍ ဖျော်စပ်ပေးရပါတယ်။

Mini Bored Pile လုပ်ငန်း၏ Drilling Mud ဖျော်စပ်ရာတွင် အဓိကအားဖြင့် Bentonite ကိုအသုံးပြုကြပြီး နွားချေး‌ေခြာက်၊ ဘိလပ်မြေအမှုန့်နှင့် ဆီတစ်မျိုးမျိုးတို့ဖြင့် လဲအသုံးပြုကြသည်။

Bentonite အများအပြားအသုံးပြုထားသော တွင်းအား သံခြင်းချပြီးနောက် နည်းစနစ်ကျနစွာကွန်ကရစ်လောင်းခြင်းအားဖြင့် S.I.T မအောင်ခြင်း (တိုင်ကျိုးခြင်း) ကိုတားဆီးနိုင်မည်ဖြစ်သည်။
S.I.T = Sonic Integrity Testing

မြန်မာ့နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာခြင်းတို့နဲ့ပြည့်စုံကြပြီး လူယုတ်မာများ၏ရန်မှကင်းဝေးကြပါစေ။

ဓါတ်ပုံ‌ေနရာများ
Drilling Mud (ရွှံ့) = အင်တာနက်
S.I.T = အင်တာနက်
သံခြင်းချခြင်း၊ ကွန်ကရစ်လောင်းခြင်းနှင့်တွင်းတူးညီအကိုများ = တလျော်ကိုင်းတံတားစီမံကိန်း၊ ပေါက်မြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ မြန်မာ။

Reading time (3) minutes.

It is shared for the purpose of gaining knowledge. Let those who already know pass by. Those who want to share their knowledge can give positive feedback / comment.

Hello everyone!

Here's a brief overview of a type of drilling fluid (Mud) used in drilling, which is essential for drilling wells.

Drilling Mud has the following three main properties:

1. It cools the drill bit and makes drilling
smooth.
2. The fragments from the pit is transported to
the collection tank.
3. It also prevents well collapse while drilling.

The viscosity of the drilling mud varies depending on the soil composition at the drilling site.

Bentonite is used primarily in the Drilling Mud of the Mini Bored Pile industry. It is also used with cow dung, cement powder and oil.

Systematic concrete pouring after drilling of wells using large amounts of bentonite can prevent S.I.T failure (column breakage).
S.I.T= Sonic Integrity Testing

Happy Myanmar New Year May they be in good health and free from the wrath of the wicked.

Photos Source
Drilling Mud = Internet
S.I.T = Internet
Reinforcement, Cementing, Drilling and Crews = Tayawkaing Bridge Project, Pauk Township, Magway Division, Myanmar.

More Informations to:

https://sites.google.com/view/geoearthfoundations/home

Email: [email protected]
Hot No: +959 403 518 788/+959 981 026 008
Address: No (678), Thu Nandar Road, (K) Ward, Northern Okkalarpa Township, Postal Code (11032), Yangon, Republic of the Union of Myanmar.

.,Ltd.

19/01/2021

လူကြီးမင်းများအားလုံးမင်္ဂလာပါ။ GeoEarth အနေဖြင့် ယနေ့တွင် Bored Pile အကြောင်းကိုအနည်းငယ်မျှဝေပေးချင်ပါတယ်ခင်ဗျ။

(1) Bored Pile သည်မည်သည်ကိုရည်ညွှန်းပါနည်း?

Bored Pile သည် ဆောက်လုပ်မည့် တိုက်တာ၊ အဆောက်အအုံနှင့် တံတားများကို ပိုမိုခိုင်ခံ့‌စေရန် မြေပြင်မှအောက်ခြေအထိ တွင်းတူးစက် (Drilling Machine) ဖြင့်တွင်းတူးခြင်း ထို့နောက် လိုအပ်သောသံခြင်းဒီဇိုင်းဖြင့် သံခြင်းချ (Reinforcement) ပြီးနောက် တိုင်းတာတွက်ချက်ထားသော ကွန်ကရစ် (Concrete) ကိုဖျော်ထည့်ကာ စံချိန်မီသော Pile တစ်ချောင်းဖြစ်စေရန် ပြုလုပ်ခြင်းဖြစ်ပါသည်။ အများအားဖြင့် တံတားဆောက်လုပ်ရေး၊ အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်ရေး၊ စက်မှုဇုန်လုပ်ငန်းများ စသောလုပ်ငန်းဆောင်တာများတွင် Deep Foundation လိုအပ်တဲ့အတွက် Bored Pile ကိုအသုံးပြုလေ့ရှိကြပါသည်။

(2) Bored Piling လုပ်ငန်းစဉ်!

ယေဘူယျအားဖြင့် Bored Pile လုပ်ငန်းစဉ်တစ်ခုကိုစတင်မည်ဆိုပါက ဦးစွာပထမ Bored Pile ထည့်ဖို့သတ်မှတ်ထားတဲ့နေရာမှာ Bored Piling Machine (Drilling Machine) နဲ့ အချင်း ၄ပေ/၆ပေ၊ အနက် ပေ ၆၀/ပေ ၁၀၀ အစရှိတဲ့လိုအပ်သောအနက်ကိုစပြီးတူးဖော်ပါသည်။ ထို့နောက်တူးထားသောတွင်းထဲသို့ သံခြင်း (Reinforcing Steel Rebar) ကိုချပြီး အပေါ်ကနေ တွင်းဝနားထိ ကွန်ကရစ်လောင်းချပြီး မြေပြင်မှ တိုက်တာအဆောက်အဦးကိုခိုင်ခံ့အောင် supporting ပေးခြင်းဖြစ်ပါသည်။

(3) Bored Pile ကိုအသုံးချခြင်း!

အခြေခံတိုက်တာ၊ အဆောက်အဦးများ၏ ကြီးမားသောအလေးချိန် (Load) ကိုခံနိုင်ရည်ရှိရန်အတွက် အခြေခံအုတ်မြစ် (Foundation) အနေဖြင့် Bored Piling ကိုပြုလုပ်ကြချင်းဖြစ်ပါသည်။ Bored Pile ကိုအထူးသဖြင့် မြေပျော့မြေသား (Unstable Soil Condition) များတွင် အသုံးပြုကြပါသည်။ ထို့အပြင် မြေအောက်လုပ်ငန်းစဉ်များတွင်လည်း ပိုမိုခိုင်ခံ့မှုရှိအောင် မြေအောက်ဘေးနံရံများတွင် ထည့်သွင်း အသုံးပြုလေ့ရှိကြပါတယ်။

(4) Bored Pile လုပ်ငန်းစဉ်တွင်ကြုံတွေ့ရသောအခက်အခဲများ!

Bored Pile ပြုလုပ်ရန်အတွက် တွင်းတူးစက် (Drilling Machine) ဖြင့်မတူးမီ ကနဦး မြေသားအမျိုးအစားစမ်းသပ်တိုင်းတာခြင်း ( Soil Investigation) ကိုလေ့လာပြီးမှ တူးဖော်မည့်နည်းလမ်း (Drilling Method) ကိုရွေးချယ်ခြင်းသည် တွင်းတူးစဉ်ဘေးနံရံမြေသားများပြိုကျမှုကို လျော့နည်းစေပါသည်။ Bored Pile ပြုလုပ်မည့်မြေသားသည် သဲ၊ ကျောက်စရစ်၊ နုန်း အမျိုးအစားဖြစ်နေခဲ့လျှင် တွင်း၏ ဘေးနံရံပြိုကျမှုကို ထိန်းညှိပေးရန်အတွက် စတီးခြင်း (Casing)၊ ရွှံ (Bentonite) စသည့်အရာများကိုထည့်သွင်းအသုံးပြုကြပါသည်။

(5) Bored Pile ၏ အကျိုးကျေးဇူးများ!

ထိုကဲ့သို့ Bored Pile ကိုအသုံးပြုခြင်းဖြင့် အခြားသော အောက်ခြေတိုင်များထက်သာလွန်သော အဓိကအကျိုးကျေးဇူးများမှာ-
(၁) မြေပျော့၊ မြေပွနေရာများတွင် အမျိုးမျိုးသော pile အရှည်ဖြင့် ဖြန့်ထွက်နိုင်ခြင်း။
(၂) စိုထိုင်းသော မြေပြင်အခြေအနေတွင် pile ကိုဖြန့်ထွက်နိုင်ခြင်း။
(၃) ကြီးမားသောတူးဖော်သည့်လုပ်ငန်းစဉ်တွင် မြေသားဖယ်ထုတ်မှုလျော့နည်းခြင်း။
(၄) ဘေးပတ်လည်ရှိမြေသားကျွံကျမှု၊ ထိခိုက်မှုကို လျော့နည်းစေခြင်း။
(၅) အဆောက်အဆုံ၏ခံနိုင်ဝန်ကိုပိုမိုထောက်ပံ့နိုင်မှုကြောင့် အထပ်မြင့်ဆောက်လုပ်ရာတွင် စီးပွားရေးတွက်ခြေကိုက်ခြင်း တို့ဖြစ်ကြပါသည်။

လူကြီးမင်းတို့အနေဖြင့် သိလိုသောအကြောင်းအရာများရှိပါက အောက်တွင်ဖော်ပြထားသောအချက်အလက်များအတိုင်း စုံစမ်းမေးမြန်းရန်အတွက် ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။

Email: [email protected]
Hot No: +959 403 518 788/+959 981 026 008
Address: No (678), Thu Nandar Road, (K) Ward, Northern Okkalarpa Township, Postal Code (11032), Yangon, Republic of the Union of Myanmar.

(Source: Bored Pile Foundation Techniques and Benefits, Photo: When do you need a bored pile)

Geoearthfoundations မှပြန်လည်ပြုစုရေးသားသည်။


.,Ltd.

01/01/2021

Happy New Year 2021!
မင်္ဂလာပါရှိ‌သောနှစ်သစ်တစ်ခုဖြစ်ပါစေကြောင်း GeoEarth Foundations မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါတယ်။ လူကြီးမင်းတို့၏ နေအိမ်တိုက်တာအဆောက်အဦးများ၊ တံတားတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ကျွန်တော်တို့ GeoEarth မှအောက်ပါ၀န်ဆောင်မှုများကို သင့်တော်သောဈေးနှုန်းဖြင့် အကောင်းဆုံး၀န်ဆောင်မှုများပေးလျှက်ရှိပါတယ်။ ယခုလိုနှစ်သစ်ကူးကာလအတွင်းမှာ အလုပ်အပ်မည်ဆိုပါလျှင် အထူးလျှော့ဈေးများကိုလဲ ရရှိမည်ဖြစ်ကြောင်းထပ်မံ၍သတင်းကောင်းပါးအပ်လိုက်ပါတယ်ခင်ဗျာ........

Mini Bore Pile Foundation Services

1. Mini Bore Pile (Multiple Diameter)
တွင်းတူးပေးခြင်း (အရွယ်အစားအမျိုးမျိုး)
2. Installation of reinforcement cage
သံခြင်းချခြင်း၊ သံခြင်းယက်ပေးခြင်း။
3. Cementing
ဘိလပ်မြေလောင်းပေးခြင်း။
4. Retaining Bore Pile
မြေထိန်းနံရံများအတွက်တွင်းတူးပေးခြင်း။

Email: [email protected]
Hot No: +959 403 518 788/+959 981 026 008
Address: No (678), Thu Nandar Road, (K) Ward, Northern Okkalarpa Township, Postal Code (11032), Yangon, Republic of the Union of Myanmar.





.,Ltd.

29/11/2020

GeoEarth Foundations

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon
11032

Other Business Services in Yangon (show all)
Hopin food Hopin food
10A1
Yangon, 11051

Lambest Lady By Theingi Moe Lambest Lady By Theingi Moe
Thitsar Street, Thaketa
Yangon, 11231

Lambest skincare အကြောင်းဖော်ပြခြင်း

Awin ကျောက်ပန်းချီ လက်လီလက်ကားလုပ်ငန်းနှင့် Awin ကျောက်ပန်းချီ လက်လီလက်ကားလုပ်ငန်းနှင့်
Yangon

BKK အဝတ်အထည်များနှင့် ကျောက်ပန်းချီ ကားများ

MMTGW Company Limited MMTGW Company Limited
No. 149, 46th Street Upper Block Botahtaung Township
Yangon, 11072

Heating, Cooling and Bathroom Solution Provider

Shwe mahar transportation Shwe mahar transportation
အမှတ်? 44 သပင်ရွှေထီလမ်း ဘုရင်နောင်
Yangon, 556777

ရွှေမဟာ ကုန်စည် ပိုဆောင်ရေ 095144822

Tzo Fb Service Tzo Fb Service
Yangon

Facebook all in one service

ငွေစုစံ  ကချင်ရိုးရာချည်ထည်ရောင်းဝယ်ရေး ငွေစုစံ ကချင်ရိုးရာချည်ထည်ရောင်းဝယ်ရေး
No. 1119, 2 Ward, Waitharli Street, East Dagon, Township
Yangon

ဆုနန္ဒာချည်ထည်ရောင်းဝယ်ရေး

WAI GYI WAI GYI
Mingalar Market
Yangon

Silver Star Cluster ငွေကြယ်စင်စု Silver Star Cluster ငွေကြယ်စင်စု
Myeik Street
Yangon

General Service and Language Education

9 Star Online Delivery Service 9 Star Online Delivery Service
တုသိတာ (၂) လမ်း မြောက်ဥကလာပ (က) ရပ်ကွက်
Yangon

9 Star Online Delivery Service

Project.com.mm Project.com.mm
No. 85, Moe Thauk Pan Street, Su Paung Housing, Htu Par Yone (1) Ward, Tharkayta Township
Yangon, 11231

HR, CRM & Project Management System