Future Plus Education

Learning and Development Centre for young learners and adult learners

26/11/2023

တန်ဆောင်မုန်းလပြည့်နေ့တွင် သတ္တဝါအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း Future Plus Education မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

29/10/2023

သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) တွင် သတ္တဝါအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း Future Plus Education မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

27/10/2023

Future Plus Education မှ အသက် (၄) နှစ်အရွယ် ကလေးများအတွက် ဖွင့်လှစ်ထားသော Ready for Schools အတန်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ သီတင်းကျွတ် activities များ ပြုလုပ်ကြပုံများ ဖော်ပြခြင်း။
Future Plus Education သင်တန်းကျောင်း၏ သီတင်းကျွတ်ကျောင်းပိတ်ရက်များမှာ (၂၈.၁၀.၂၀၂၃) မှ (၃၁.၁၀.၂၀၂၃) ထိ ဖြစ်ပါသည်။

15/10/2023

အလုပ် လိုအပ်နေသူများအတွက် သတင်းစကားမျှဝေပေးပါဦးဗျ

📣FutureELC ၏ ရန်ကုန် campus များတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးများ ခေါ်ယူနေပါသည်။📣

1. Student service staff (၄) ဦး (full time)
- အထက်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။
- တက္ကသိုလ် တစ်ခုခု မှ ဘွဲ့ရရှိပြီးသူများ အားသာချက် ရရှိမည်ဖြစ်သည်။
- လူမှုဆက်ဆံရေး ကောင်းမွန်ပြီး အပြောအဆို ယဉ်ကျေးသူ ဖြစ်ရမည်။
- Microsoft office tools, Google tools, zoom အသုံးပြုနိုင်သူ ဦးစားပေးမည်။
- ကလေးများကို ချစ်ခင်ကြင်နာတတ်ပြီး စိတ်ရှည်သူဖြစ်ရမည်။
- သင်ယူလိုစိတ်ရှိပြီး ကြိုးစားလိုသောသူများကို ဖိတ်ခေါ်ပါသည်။

2. Housekeeper / သန့်ရှင်းရေး ကျွမ်းကျင် (၂) ဦး
- အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
- အတွေ့အကြုံရှိသူကို ဦးစားပေးမည်။
- ကလေးများကို ချစ်ခင်ကြင်နာတတ်ပြီး စိတ်ရှည်သူဖြစ်ရမည်။
- အချိန်ပိုင်း လုပ်လိုသူများလည်း လျှောက်ထားနိုင်သည်။

3. Security (၂) ဦး
- အရပ်အမြင့် အနည်းဆုံး (၅ ပေ ၄ လက်မ) ရှိသူဖြစ်ရမည်။
- ကျန်းမာသန်စွမ်းသူ ဖြစ်ရမည်။ ရိုးသား၍ အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံပါက အလုပ်လျှောက်ထားလိုသူများသည် ကိုယ်ရေးရာဇဝင်အကျဥ်း (CV) တွင် လျှောက်ထားလိုသော ရာထူး ထည့်သွင်းရေးသား၍

> လိုင်စင်ဓာတ်ပုံ ၂ ပုံ၊
> ပညာအရည်အချင်း ထောက်ခံစာမိတ္တူ၊
> ၃ လအတွင်းရယူထားသော ရဲစခန်းနှင့် ရပ်ကွက်ထောက်ခံစာမူရင်း၊
> အလုပ်သမားမှတ်ပုံတင် (လေဘာ) မိတ္တူ၊
> မှတ်ပုံတင်မိတ္တူ၊
> အိမ်ထောင်စုဇယားမိတ္တူ စသည်တို့ကို ပြည့်စုံစွာ တင်ပြ၍
💻[email protected] သို့လည်းကောင်း

🏫 FutureELC Centre 1 - အမှတ် D2A၊ လှိုင်ရတနာလုံးချင်းအိမ်ရာ၊ သဇင်လမ်း၊ (၉) ရပ်ကွက် ၊ လှိုင်မြို့နယ် သို့ လူကိုယ်တိုင် လာရောက်၍ လည်းကောင်း လျှောက်ထားနိုင်ပါသည်။

အသေးစိတ် စုံစမ်းလိုပါက Centre 1 ဖုန်းနံပါတ်
☎️ 09731 744 59 သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

05/10/2023

"Teachers' Day" အတွက် Future Plus Education က ဖွင့်လှစ်တဲ့ Ready for Schools အတန်းမှာ သင်တန်းတက်ရောက်နေကြတဲ့ ကျောင်းသား ကျောင်းသူများရဲ့ activities များကို အမှတ်တရအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
ဆရာများနေ့မှာ Future Plus Education က ဆရာ၊ဆရာမများသာမက ကမ္ဘာတစ်ဝန်းလုံးက ဆရာ၊ဆရာမအားလုံး ကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်💜

09/09/2023

😍 Ready for Schools Program မှ သားသားမီးမီးလေးများ၏ အရောင်များကို လေ့လာအပြီး လက်တွေ့ activity ပြုလုပ်နေမှု အမှတ်တရ ဓါတ်ပုံလေးတွေပါ။ 😍

👦👧R4S programme သည် အသက် လေးနှစ်မှ ငါးနှစ်ဝန်းကျင် အရွယ် ကလေးများအတွက် အထူးရည်ရွယ်ထားပါတယ်။

နိုင်ငံခြားဘာသာစကားများကို အစောပိုင်း မိတ်ဆက်ခြင်းသည် ပြဿနာဖြေရှင်းနိုင်စွမ်းရည်နှင့် တီထွင်ဖန်တီးနိုင်မှုတို့ကဲ့သို့ ကြီးမားသော သိမြင်နိုင်စွမ်းကို မြှင့်တင်ပေးကြောင်း သုတေသနလေ့လာမှုများစွာက ရှာဖွေတွေ့ရှိထားပြီးဖြစ်ပါတယ်။

သင့်ကလေးငယ်များရဲ့ English Language လေ့လာမှု ခရီးစဉ် စတင်ခြင်းအတွက် Future Plus ရဲ့ R4S programme က အသင့်စောင့်ကြိုနေပါတယ်။

အသေးစိတ်စုံစမ်းဖို့အတွက် Future Plus Education ရဲ့ ဖုန်းနံပါတ်
09 5400 776
09 731 744 59 ကို ရုံးချိန် အတွင်း (အင်္ဂါနေ့မှ လွဲ၍) ဆက်သွယ်နိုင်သလို Future Plus Education page မှာလည်း messenger မှ တဆင့် စုံစမ်း စာရင်းသွင်းနိုင်ပါပြီ။

Photos from Bixel Group of Creative's post 27/08/2023
25/08/2023

ဝါဆိုသင်္ဃန်းကပ် အလှူပါဗျ

ယနေ့ ဩဂုတ်လ (၂၅) ရက် သောကြာနေ့တွင် Future English Language Centre (Centre 1) ၌ ဗုဒ္ဓ မြတ်စွာ အမှူးထားပြီး သံဃာ (၃) ပါးကို သင်္ကန်း၊ ဆွမ်း၊ ဝတ္ထုငွေတို့ကို ကပ်လှူလှူဒါန်းခဲ့သည့် FutureELC ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဝန်ထမ်းများ၏ အလှူဒါနကုသိုလ် အဝဝကို အများပြည်သူသို့ အမျှပေးဝေပါသည်။

အားလုံး ကုသိုလ် အကျိုး မျှဝေခံစားခွင့်ရပါစေသော်ဝ်

လေးစားစွာဖြင့်

20/08/2023

📡ပြောင်းလဲလာတဲ့ ပညာရေး ရေစီးကြောင်းအရ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ငယ်စဉ်ကတည်းကစပြီး နိုင်ငံတကာ သင်ရိုးတွေကို လေ့လာထားဖို့ လိုအပ်လာပါပြီ။

👍ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ Future Plus Education မှ Cambridge Primary သင်ရိုးများထဲမှ Maths သင်္ချာဘာသာရပ်ကို Online Primary Maths အတန်းသစ်များအနေဖြင့် စက်တင်ဘာလ (၁၆) ရက်နေ့ကစပြီး ထပ်မံ ဖွင့်လှစ် သင်ကြားပေးတော့မှာ ဖြစ်ပါတယ်။

ဒီအတန်းကို တက်ရောက်ခြင်းဖြင့်
✅ အလွတ်ကျက်စနစ်နဲ့ မဟုတ်ဘဲ သင်္ချာသဘောတရားများ နားလည်စေခြင်း
✅ အတန်းတွင်း projects များကြောင့် Problem solving skills နဲ့ creative thinking skills များ တိုးတက်လာစေခြင်း
✅ နိုင်ငံတကာ သင်္ချာသင်ရိုးကို မိမိအိမ်မှနေ၍ သက်တောင့်သက်သာဖြင့် လေ့လာနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများစွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

👍ဒါကြောင့် International သင်ရိုးကို လေ့လာနေသော ကျောင်းသားများသာမက မြန်မာသင်ရိုးကို လေ့လာနေသော ကျောင်းသားများအတွက်ပါ အထောက်အကူ ဖြစ်စေပါတယ်။👍

💻 Zoom application ကို အသုံးပြုပြီး သတ်မှတ်ထားတဲ့ အတန်းချိန်မှာ သင်ကြားရေးအတွေ့အကြုံရှိ ဆရာများနဲ့ activities နဲ့ discussion တွေ အတူတူလုပ်ရင်း သင်ယူရမှာပါ။ 💻

📝 တစ်ခန်းပြီးတာနဲ့ တစ်ခါ Quiz, Test တွေ ဖြေရမှာဖြစ်ပါတယ်

🙋🏼‍♂️ထိရောက်တဲ့ online သင်ကြားရေးဖြစ်စေဖို့ ဆရာ၊ ကျောင်းသား အချိုး ညီမျှအောင် လူဦးရေ ကန့်သတ်ထားပါတယ် 🙋🏼

⏰ သင်တန်းအချိန် ⏰
စနေ၊ တနင်္ဂနွေ

🗓️ သင်တန်းကာလ - (၇) လ

👍 သင်တန်းကြေး 👍
ပထမ (၄) လစာ - ၂၀၀,၀၀၀ ကျပ်
စာအုပ်ဖိုး (၇ လစာ) - ၄၀,၀၀၀ ကျပ်

🚚စာအုပ်များကို အိမ်အရောက် ပို့ဆောင်ပေးမှာ ဖြစ်ပြီး Delivery ပို့ဆောင်ခကို ကျောင်းသားများက ကျခံပေးရမှာ ဖြစ်ပါတယ်။ 🚚

📝 ကျောင်းသားအသစ်များ Placement test စာမေးပွဲ ဖြေဆိုရပါမည်။ 📝

ကျောင်းဝင်ကြေး သီးသန့် ကောက်ခံထားခြင်း မရှိသဖြင့် သင်တန်းအပ်ပြီးပါက ငွေပြန်အမ်းမည် မဟုတ်ပါသောကြောင့် အတန်းတက်ရောက်မည်ဟု သေချာမှ ကျောင်းအပ်စေလိုပါတယ်။

📞သင်တန်းကြေးနှင့် အသေးစိတ်ကို ရုံးချိန်အတွင်း page messenger (သို့မဟုတ်)
☎️ 09 5400 776 , 09731 744 59 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

01/08/2023

ဩဂုတ်လ (၁) ရက် အင်္ဂါနေ့သည် ဓမ္မစကြာနေ့ အများပြည်သူရုံးပိတ်ရက် ဖြစ်ပါသောကြောင့် Future Plus Education သင်တန်းကျောင်း၏ ရုံးလုပ်ငန်းများနှင့် အတန်းများအားလုံး ပိတ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
ဓမ္မစကြာနေ့တွင် ပြည်သူပြည်သားများအားလုံး ဘေးဘယာ ကင်းဝေးပြီး မေတ္တာတရားများ လွှမ်းခြုံနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

23/07/2023

📣 ကျောင်းတက်ဖို့ပြင်ဆင်နေတဲ့ ကလေးငယ်များ အတွက် English ဘာသာစကားနှင့် a,b,c,d စတဲ့ အက္ခရာများကို ရင်းနှီးကျွမ်းဝင်မှု ရှိလာစေရန် အတွက် သီးသန့် ရည်ရွယ်ပြင်ဆင်ထားတဲ့ Ready for School programme (R4S Programme) ကို Future Plus မှာ မကြာခင်ဖွင့်လှစ်ပါတော့မယ်။

👦👧R4S programme သည် အသက် လေးနှစ်မှ ငါးနှစ်ဝန်းကျင် အရွယ် ကလေးများအတွက် အထူးရည်ရွယ်ထားပါတယ်။

⭐အဆိုပါကလေးငယ်များဟာ သဘောတရား ဆိုင်ရာ စကားလုံးများကို နားလည်နိုင်ပြီး စကားလုံးလေးလုံးအပြင် စာကြောင်းများစွာကိုလည်း ပေါင်းထည့်လာနိုင်ပြီဖြစ်ပါတယ်။

• အနီ၊ အပြာ၊ အစိမ်း စသောအရောင်များအတွက် စကားလုံးများကို နားလည်နိုင်နေပါပြီ။
• စက်ဝိုင်း၊ စတုရန်း ပုံသဏ္ဍာန်အချို့အတွက် စကားလုံးများကို နားလည်နိုင်စွမ်းလည်းရှိနေကြပြီဖြစ်တဲ့အပြင်
• ဖေဖေ၊မေမေ စတဲ့ မိသားစုဝင်တွေနဲ့သက်ဆိုင်တဲ့ စကားလုံးတွေကိုလည်း သိရှိနားလည်နေကြပြီ ဖြစ်ပါတယ်။

🌟R4S programme က ကလေးငယ်များရဲ့ သိရှိထားပြီးဖြစ်တဲ့ စကားလုံးများကို English ဘာသာစကားအဖြစ် ကောင်းမွန်စွာ သုံးစွဲနိုင်စေဖို့ ပေါင်းကူးပေးမှာ ဖြစ်ပါတယ်။

🌟R4S မှာ Oxford University ထုတ် သင်ရိုးစာအုပ်များကို အဓိကအသုံးပြုပြီး အင်္ဂလိပ်အသံထွက် (phonics) အပြင် a to z alphabet များ ရေးဆွဲနည်းကိုလည်း သင်ကြားပေးမှာ ဖြစ်ပါတယ်။

👍ဒါ့အပြင် ကလေးငယ်များ ကျောင်းပျော်အောင် အင်္ဂလိပ်ကဗျာ၊ သီချင်းများနဲ့အတူ စာဖတ်ခြင်းအလေ့အထ ရရှိအောင် အင်္ဂလိပ်ပုံပြင်များကိုလည်း ဖတ်ရှူလေ့လာရမှာ ဖြစ်ပါတယ်။

သင်တန်းအချိန်တွေအနေနဲ့ကတော့

⏰ Section A - ဗုဒ္ဓဟူး၊ ကြာသပတေး (မနက် ၁၀ မှ ၁၂ နာရီ ထိ)

⏰ Section B - စနေ၊ တနင်္ဂနွေ (မနက် ၁၀ နာရီ မှ နေ့လည် ၁၂ နာရီ ထိ) ဆိုပြီး
မိဘများ အဆင်ပြေရာ အချိန်ကိုရွေးချယ်နိုင်ပါတယ်။

🗓️သင်တန်းကာလ - (၆) လ

💴 သင်တန်းကြေး - ၄၀,၀၀၀ ကျပ် (၂ လတစ်ကြိမ် ပေးသွင်းနိုင်သည်)

📚 စာအုပ်စာတမ်းကြေး - ၃၀,၀၀၀ ကျပ် (၆ လစာအပြီး)

📅 သင်တန်းစမည့်ရက် - ဩဂုတ်လ (၁၆) ရက်

နိုင်ငံခြားဘာသာစကားများကို အစောပိုင်း မိတ်ဆက်ခြင်းသည် ပြဿနာဖြေရှင်းနိုင်စွမ်းရည်နှင့် တီထွင်ဖန်တီးနိုင်မှုတို့ကဲ့သို့ ကြီးမားသော သိမြင်နိုင်စွမ်းကို မြှင့်တင်ပေးကြောင်း သုတေသနလေ့လာမှုများစွာက ရှာဖွေတွေ့ရှိထားပြီးဖြစ်ပါတယ်။

သင့်ကလေးငယ်များရဲ့ English Language လေ့လာမှု ခရီးစဉ် စတင်ခြင်းအတွက် Future Plus ရဲ့ R4S programme က အသင့်စောင့်ကြိုနေပါတယ်။

ကောင်းမွန်ထိရောက်တဲ့ သင်ကြားမှုရှိစေရန် နှင့် ဆရာ၊ တပည့် အချိုးညီမျှစေရန် ကျောင်းသား အရေအတွက်ကို အကန့်အသတ်ဖြင့်သာ လက်ခံမှာဖြစ်လို့ နှစ်သက်ရာ section အတွက် အမြန်ဆုံး ဆက်သွယ် စာရင်းသွင်းနိုင်ပါတယ်။

အသေးစိတ်စုံစမ်းဖို့အတွက် Future Plus Education
☎️ 09 5400 776
☎️ 09 731 744 59 ကို ရုံးချိန် အတွင်း (အင်္ဂါနေ့မှ လွဲ၍) ဆက်သွယ်နိုင်သလို Future Plus Education page မှာလည်း messenger မှ တဆင့် စုံစမ်း စာရင်းသွင်းနိုင်ပါပြီ။

05/06/2023

အုပ်ထိန်းသူများနှင့် ကျောင်းသားကျောင်းသူများသို့မေတ္တာရပ်ခံခြင်း
သင်တန်းကြေးများကို Kpay,AYA pay, CB pay, UAB pay (သို့မဟုတ်) mobile banking စနစ်များဖြင့် ပေးသွင်းသည့်အခါ #ကျောင်းသားအမည် အား မဖြစ်မနေ ရေးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျေးဇူးတင်ပါသည်။
💜FuturePlusEdu 💜

03/06/2023

Future Plus Education သင်တန်းကျောင်းအား ယနေ့ (၃.၆.၂၀၂၃) တွင် တစ်ရက် ခေတ္တပိတ်ထားမည်ဖြစ်ပါသည်။
ဖုန်းအဝင်ခေါ်ဆိုမှုများ၊ စာအဝင်များနှင့် placement test ဖြေဆိုထားသည်များကို မနက်ဖြန် (၄.၆.၂၀၂၃) တွင် ပြန်လည်ဆက်သွယ်ပေးပါမည်။
ကျေးဇူးတင်ပါသည်။
💜 FuturePlusEdu 💜

02/06/2023

Future Plus Education သင်တန်းကျောင်း တွင် Primary Maths အတန်းများအား သင်ကြားပေးနိုင်မည့် လုပ်ရည်ကိုင်ရည်ပြည့်ဝသောဆရာ/ဆရာမများ အလိုရှိပါသည်။

Class Teacher (Part-time : Online) (2 posts)

Requirements
1. Any Graduate
2. English Proficiency is preferable
3. At least 1years experience in Primary Maths Teaching online
4. Be punctual, organized, patient and creative
5. Have learnability & team spirit
6. Dedication and commitment to teaching and learners
7. Have a laptop and other necessary online teaching equipments and a high-speed wifi connection
8. Excel in using digital tools

Responsibilities
- Planning lessons and teaching materials based on the students' level, age and interest
- Delivering engaging and effective learner-centered lessons
- Creating a supportive and positive learning atmosphere
- Facilitating learners' learning
- Consulting based on learners' needs and requirements in English proficiency
- Helping to develop learners' confidence
- Assessing students' learning interest and development
- Organizing engaging club activities

Benefits
✅ Join a winning organization
✅ Salary increment review after every term
✅ Bonus based on performance
✅ Regular Internal Training & External Training

Working hours - 24 hours per month (at least)

Contract type - 1 year (at least)

✅ လျှောက်ထားသူများသည် အဖွဲ့အစည်းနှင့် ရေရှည် လက်တွဲလုပ်ကိုင်လိုစိတ်ရှိသူများ ဖြစ်ရမည်။

✅ Teaching Demonstration (Online) တစ်ချိန် သင်ပြရမည်။

📣 စိတ်ဝင်စား၍ လျှောက်ထားလိုသူများအနေဖြင့်
က) သက်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်များ။
ခ) ခန့်မှန်းလစာ ဖော်ပြထားသော CV form update ကို
[email protected] သို့ (၂၀.၆.၂၀၂၃) ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်သည်။

📣 အင်တာဗျူးအတွက် ရွေးချယ်ခံရသူများအား မေးလ်မှတဆင့် လျှောက်ထားပြီး ၇ ရက်အတွင်း အကြောင်း ပြန်ပေးမည်။

01/05/2023

ယနေ့ မေလ ၁ ရက် အလုပ်သမားနေ့သည် အများပြည်သူ ရုံးပိတ်ရက် ဖြစ်ပါသောကြောင့် FutureELC နှင့် Future Plus Education ရှိ Online, On campus အတန်းများ အားလုံးနှင့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များ အားလုံးကို ပိတ်ထားမည် ဖြစ်ပါသည်။
Placement Test ဖြေဆိုထားခြင်းများနှင့် ဖုန်းအဝင်ခေါ်ဆိုမှုများကို ရုံးဖွင့်ရက်တွင် ပြန်လည် ဆက်သွယ် အကြောင်းကြားပေးပါမည်။

💜 ကျေးဇူးတင်စွာဖြင့် 💜

05/03/2023

ယနေ့ မတ်လ ၅ရက် တပေါင်းလပြည့်နေ့သည် အများပြည်သူ ရုံးပိတ်ရက် ဖြစ်ပါသောကြောင့် FutureELC နှင့် Future Plus Education ရှိ Online, On campus အတန်းများ အားလုံးနှင့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များ အားလုံးကို ပိတ်ထားမည် ဖြစ်ပါသည်။
Placement Test ဖြေဆိုထားခြင်းများနှင့် ဖုန်းအဝင်ခေါ်ဆိုမှုများကို ရုံးဖွင့်ရက်တွင် ပြန်လည် ဆက်သွယ် အကြောင်းကြားပေးပါမည်။

💜 ကျေးဇူးတင်စွာဖြင့် 💜

02/03/2023

ယနေ့ မတ်လ ၂ ရက် တောင်သူလယ်သမားနေ့သည် အများပြည်သူ ရုံးပိတ်ရက် ဖြစ်ပါသောကြFuture English Language Centre နှင့် Future Plus Education ရှိ Online, On campus အတန်းများ အားလုံးနှင့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များ အားလုံးကို ပိတ်ထားမည် ဖြစ်ပါသည်။
Placement Test ဖြေဆိုထားခြင်းများနှင့် ဖုန်းအဝင်ခေါ်ဆိုမှုများကို ရုံးဖွင့်ရက်တွင် ပြန်လည် ဆက်သွယ် အကြောင်းကြားပေးပါမည်။

💜 ကျေးဇူးတင်စွာဖြင့် 💜

11/02/2023

မနက်ဖြန် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့သည် အများပြည်သူ ရုံးပိတ်ရက် ဖြစ်ပါသောကြောင့် Future Plus Education နှင့် Future English Language Centre ရှိ Online, On campus အတန်းများ အားလုံးနှင့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များ အားလုံးကို ပိတ်ထားမည် ဖြစ်ပါသည်။
Placement Test ဖြေဆိုထားခြင်းများနှင့် ဖုန်းအဝင်ခေါ်ဆိုမှုများကို ရုံးဖွင့်ရက်တွင် ပြန်လည် ဆက်သွယ် အကြောင်းကြားပေးပါမည်။

💜 ကျေးဇူးတင်စွာဖြင့် 💜

27/01/2023

📡တိုးတက်ပြောင်းလဲလာတဲ့ ခေတ်အနေအထားအရ ကျောင်းသားတွေအနေနဲ့ နိုင်ငံတကာသင်ရိုးတွေကိုလည်း အချိန်နဲ့တပြေးညီ လေ့လာထားဖို့ လိုအပ်လာပါပြီ။📡

🤩ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ Primary 4 (Cambridge Maths) online သင်တန်းကို ဖေဖော်ဝါရီလ (၁၈) ရက်နေ့ကစပြီး Future Plus Education မှာ လေ့လာနိုင်တော့မှာ ဖြစ်ပါတယ်။🤩

ဒီအတန်းကို တက်ရောက်ခြင်းဖြင့်
✅ အလွတ်ကျက်စနစ်နဲ့ မဟုတ်ဘဲ သင်္ချာသဘောတရားများ နားလည်စေခြင်း
✅ အတန်းတွင်း projects များကြောင့် Problem solving skills နဲ့ creative challenging skills များ တိုးတက်လာစေခြင်း
✅ နိုင်ငံတကာ သင်္ချာသင်ရိုးကို မိမိအိမ်မှနေ၍ သက်တောင့်သက်သာဖြင့် လေ့လာနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများစွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

👍ဒါကြောင့် International သင်ရိုးကို လေ့လာနေသော ကျောင်းသားများသာမက အစိုးရသင်ရိုးကို လေ့လာနေသော ကျောင်းသားများအတွက်ပါ အထောက်အကူဖြစ်စေပါတယ်။👍

💻 Zoom application ကို အသုံးပြုပြီး သတ်မှတ်ထားတဲ့ အတန်းချိန်မှာ သင်ကြားရေးအတွေ့အကြုံရှိ ဆရာနဲ့ activities နဲ့ discussion တွေ အတူတူလုပ်ရင်း သင်ယူရမှာပါ။ 💻

📝 တစ်ခန်းပြီးတာနဲ့ တစ်ခါ Quiz, Test တွေ ဖြေရမှာဖြစ်ပါတယ်📝

🗓️သင်တန်းအပ် လက်ခံမယ့် နောက်ဆုံးရက်ကတော့ ၂၀၂၃ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ပါ။ 🗓️

🙋🏼‍♂️ထိရောက်တဲ့ online သင်ကြားရေးဖြစ်စေဖို့ ဆရာ၊ ကျောင်းသား အချိုး ညီမျှအောင် လူဦးရေ ကန့်သတ်ထားတာဖြစ်လို့ နောက်ဆုံးရက် မတိုင်ခင် သတ်မှတ်လူဦးရေပြည့်သွားရင်တော့ သင်တန်းသားအသစ် လက်ခံမှာ မဟုတ်ပါဘူး။🙋🏼

⏰ သင်တန်းအချိန် ⏰
စနေ၊ တနင်္ဂနွေ - ညနေ ၃:၃၀ မှ ၅:၀၀ နာရီ အထိ

🗓️ သင်တန်းကာလ - (၇) လ

👍 သင်တန်းကြေး 👍
ပထမ (၄) လစာ - ၂၀၀,၀၀၀ ကျပ်
စာအုပ်ဖိုး (သင်တန်းကာလအပြီး) - ၃၅,၀၀၀ ကျပ်

🚚စာအုပ်များကို အိမ်အရောက် ပို့ဆောင်ပေးမှာ ဖြစ်ပြီး Delivery ပို့ဆောင်ခကို ကျောင်းသားများက ကျခံပေးရမှာ ဖြစ်ပါတယ်။ 🚚

📝 ကျောင်းသားအသစ်များ Placement test စာမေးပွဲ ဖြေဆိုရပါမည်။ 📝

📞သင်တန်းကြေးနှင့် အသေးစိတ်ကို ရုံးချိန်အတွင်း page messenger (သို့မဟုတ်)
☎️ 09 5400 776 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

22/01/2023

Gong Xi Fa Cai

04/01/2023

ဇန်နဝါရီလ ၄ ရက်နေ့အား Future Education Group ၏ လွတ်လပ်ရေးနေ့ ရုံးပိတ်ရက်အနေဖြင့် သတ်မှတ်ထားပါသည်။

Future Education Group ၏ ပညာရေးဝန်ဆောင်မှုများကိုလည်း လွတ်လပ်ရေးနေ့ ရုံးပိတ်ရက်တွင် ခေတ္တပိတ်ထားမည် ဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်။

02/01/2023

📣2023 မှာ ကိုယ့် career development အတွက် သင်တန်းကောင်းတစ်ခုကို ရှာဖွေနေတဲ့ ဆရာ ဆရာမများအတွက် Future Education Group မှ အစီအစဉ်ကောင်းလေးတစ်ခု 📣

👨‍🏫👩‍🏫Future Education Group နဲ့ Impact Institute တို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်မယ့် အင်္ဂလိပ်စာ ဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် TKT Training (in person) အတန်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။👨‍🏫👩‍🏫

👍သင်တန်းကျောင်းမှာ တက်ရောက်ရမယ့် အတန်းဖြစ်တဲ့အတွက် Online အတန်းတွေထက် ပိုပြီး အာရုံစူးစိုက်မှု ပိုမိုရရှိနိုင်ပါတယ်။ ဒါ့အပြင် တက်ရောက်သူ ဆရာ၊ ဆရာမများအချင်းချင်း activities များ၊ discussion များ လုပ်ဆောင်ရင်း အတွေ့အကြုံများ ဖလှယ်နိုင်တဲ့အပြင် မိတ်ဆွေလည်း တိုးလာနိုင်ပါတယ်။👍

👍TKT လို့ အလွယ်ခေါ်တဲ့ Teaching Knowledge Test ဆိုတာက Cambridge Assessment က သင်ရိုးဆွဲအတည်ပြု စီစဉ် စစ်ဆေးပေးနေတဲ့ အင်္ဂလိပ်ဘာသာစကားသင်ကြားရေးဆိုင်ရာ အခြေခံအရည်အချင်းစစ် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ထုတ်ပေးတဲ့ စာမေးပွဲတစ်ခုပါ။ အင်္ဂလိပ်ဘာသာစကားသင်ကြားရေးနယ်ပယ် (ELT) ထဲ အခြေခံကောင်းကောင်းနှင့် စတင်လျှောက်လှမ်းနိုင်စေမယ့် ရပ်တည်နိုင်စေမယ့်ဆရာဖြစ်လက်မှတ်တစ်ခုပေါ့။ 👍

✅TKT သင်တန်းသည် အင်္ဂလိပ်စာ level B1 အဆင့်ရှိပြီး သင်ကြားရေးနယ်ပယ်ထဲကို အရည်အချင်းပြည့်မီစွာ ဝင်ရောက်ချင်သူ ဆရာ၊ ဆရာမလျောင်းလျာများ၊ သင်ကြားရေးအတွေ့အကြုံရှိပြီး သင်ကြားရေး နည်းစနစ်တွေကို စနစ်တကျ စာတွေ့၊ လက်တွေ့ထပ်မံလေ့လာချင်သူများ၊ နိုင်ငံတကာအသိအမှတ်ပြု သင်ကြားရေးဆိုင်ရာ လက်မှတ်တစ်ခု ရရှိလိုသူ ဆရာ၊ ဆရာမများအတွက် အထူးသင့်လျော်ပါတယ်။✅

⌚ကြာမြင့်ချိန်ကတော့ Module ၃ ခုလုံးအတွက်ကို စုစုပေါင်း (၈) ပတ် (၃၂ နာရီ) ဝန်းကျင် သင်ယူလေ့လာပြီး Practice Test (၂) ကြိမ် ဖြေဆိုလေ့ကျင့်ခွင့်ရမည်ဖြစ်ပါသည်။ Pre-readings များကိုလည်း Google Classroom မှတဆင့် ပုံမှန်သင်ယူလေ့လာရပါမယ်။⌚

👍Future Education Group သည် Cambridge အသိအမှတ်ပြု Exam Preparation Center လည်း ဖြစ်သောကြောင့် စာမေးပွဲဖြေဆိုရန် စာမေးပွဲကြေးသွင်းခြင်းနှင့် စာစစ်ဌာနနှင့်ချိတ်ဆက်ပေးခြင်းများပါ ဆောင်ရွက်ပေးသွားမှာလည်း ဖြစ်ပါတယ်။👍

🤩 အရည်အချင်းရှိသူ အင်္ဂလိပ်ဘာသာစကားသင် ဆရာ၊ဆရာမ အဖြစ် အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ အလုပ်အကိုင် အခွင့်အလမ်းကောင်းများလည်း ရှိပါတယ်။ 🤩

👨‍🏫သင်တန်းမှာ coaching လုပ်ပေးမယ့် ဆရာကတော့ Impact Institute ရဲ့ Founder ဖြစ်တဲ့ ဆရာ မျိုးသန်းထွန်း ပဲဖြစ်ပါတယ်။

ဆရာကတော့

MA (English), MA (TEFL), Dip in ELTM, Cert. in TKT (Cambridge, UK), Cert. in EFL Assessment (UMBC, USA), Cert. in Train the Trainer (Cambridge, UK), Level 5 Cert. in Professional Consulting (CMI, UK) စတဲ့ Qualification များ ကိုရရှိထားပြီး ၂၀၁၀ ကတည်းကနေ ယနေ့ထိ Corporation များ၊ NGO များ၊ Education Organization များ နှင့် ဆရာ၊ ဆရာ မများစွာကို Coaching , consulting, mentoring တွေ ပြုလုပ်ပေးနေသူပဲ ဖြစ်ပါတယ်။ 👨‍🏫

⌚သင်တန်းအချိန် - အင်္ဂါနေ့ (မနက် ၁၀ နာရီမှ နေ့လယ် ၂:၃၀ အထိ)

📆သင်တန်းစတင်မည့်ရက် - ဇန်နဝါရီလ (၁၇) ရက်

🤩 သင်တန်းကြေး - ၂၆၀,၀၀၀ ကျပ် (စာအုပ်ဖိုးပါ အပြီး)
ဇန်နဝါရီလ (၁၀) ရက်နေ့မတိုင်ခင် ပထမဆုံး သင်တန်းအပ်သူ (၅) ဦးမှာ 5% discount ခံစားခွင့်ရမည် ဖြစ်ပါသည်။ 🤩

🏫 သင်တန်းနေရာ - D2A, လှိုင်ရတနာလုံးချင်းအိမ်ယာ၊ သဇင်လမ်း၊ ၉ ရပ်ကွက်၊ လှိုင်မြို့နယ်။ 🏫

📲ဆက်သွယ်ရန်ဖုန်း - 09 5400 776📲

31/12/2022

🥳 Happy New Year 2023 🥳
၂၀၂၃ ခုနှစ် နှစ်သစ် အခါသမယမှစတင်ပြီး မြန်မာပြည်သူပြည်သားများအားလုံး ယခုထက် ပိုမိုကောင်းမွန်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေကြောင်း FutureELC နှင့် Future Plus Education မိသားစုများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

30/12/2022

FutureELC နှင့် Future Plus Education ၏ နှစ်သစ်ကူးရုံးပိတ်ရက်များအနေဖြင့် ဒီဇင်ဘာလ ၃၁ ရက်နေ့နှင့် ဇန်နဝါရီလ ၁ ရက်နေ့များကို သတ်မှတ်ထားပါသည်။

မကြာခင် ရောက်ရှိတော့မည့် ၂၀၂၃ နှစ်သစ် အချိန်အခါသမယမှ စတင်၍ မြန်မာပြည်သူပြည်သားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပြီး ဘေးဘယာမှန်သမျှ ဝေးကွာကြပါစေကြောင်း FutureELC နှင့် Future Plus Education မိသားစုဝင်များမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

FutureELC နှင့် Future Plus Education မှ ပညာရေးဝန်ဆောင်မှုများကိုလည်း နှစ်သစ်ကူး ရုံးပိတ်ရက်များတွင် ခေတ္တပိတ်ထားမည် ဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်။

Photos from Future English Language Centre's post 26/12/2022

Future ELC ရဲ့ Annual Party လေးပါ။

25/12/2022

🎄 Merry Christmas 🎄
ယနေ့ကျရောက်သော Christmas အချိန်အခါမှစတင်ပြီး မြန်မာပြည်သူပြည်သားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပြီး ဘေးဘယာမှန်သမျှ ဝေးကွာကြပါစေကြောင်း FutureELC နှင့် Future Plus Education မိသားစုဝင်များမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

FutureELC နှင့် Future Plus Education မှ ပညာရေးဝန်ဆောင်မှုများကို ယနေ့ တစ်ရက်တာ ခေတ္တပိတ်ထားမည် ဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်။

22/12/2022

📡တိုးတက်ပြောင်းလဲမှုမြန်ဆန်တဲ့ယနေ့ခေတ်အနေအထားအရ မိမိတို့သားသမီးတွေ အနာဂတ် ပညာရေးမှာ သင်္ချာ ဘာသာရပ်က မဖြစ်မနေ လိုအပ်ချက် တစ်ခု ဖြစ်လာပါပြီ။📡

💟📐Future Plus Education အနေနဲ့ လူကြီးမင်းတို့ရဲ့ ကလေးငယ်များအတွက် Cambridge Maths online သင်တန်း ကို ၂၀၂၃၊ ဇန်နဝါရီလ (၁၄) ရက်နေ့ မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။💟📐

👨‍👩‍👦‍👦အခုဖွင့်လှစ်မယ့်သင်တန်းလေး က အသက် ၁၀ နှစ် က နေ ၁၂ နှစ် အရွယ် သားသားမီးမီး တို့ အတွက် ဖွင့်လှစ်တဲ့ Primary 5 & Primary 6 Cambridge Maths online class ပဲဖြစ်ပါတယ်👨‍👩‍👧‍👧

💻 Zoom application ကို အသုံးပြုပြီး သတ်မှတ်ထားတဲ့ အတန်းချိန်မှာ သင်ကြားရေးအတွေ့အကြုံရှိ ဆရာနဲ့ activities တွေ အတူတူလုပ်ရင်း သင်ယူရမှာပါ။ 💻

📝 တစ်ခန်းပြီးတာနဲ့ တစ်ခါ Quiz, Test တွေ ဖြေရမှာဖြစ်ပါတယ်📝

🗓️သင်တန်းအပ် လက်ခံမယ့် နောက်ဆုံးရက်ကတော့ ၂၀၂၃ ဇန်နဝါရီလ (၁၂) ရက်နေ့ပါ။

🙋🏼‍♂️ထိရောက်တဲ့ online သင်ကြားရေးဖြစ်စေဖို့ ဆရာ၊ ကျောင်းသား အချိုး ညီမျှအောင် လူဦးရေ ကန့်သတ်ထားတာဖြစ်လို့ နောက်ဆုံးရက် မတိုင်ခင် သတ်မှတ်လူဦးရေပြည့်သွားရင်တော့ သင်တန်းသားအသစ် လက်ခံမှာ မဟုတ်ပါဘူး။🙋🏼

⏰ သင်တန်းအချိန် ⏰

Primary 5 စနေ၊ တနင်္ဂနွေ - နေ့လည် ၁:၃၀ မှ ၃:၀၀ နာရီ အထိ

Primary 6 စနေ၊ တနင်္ဂနွေ - ညနေ ၃:၃၀ မှ ၅:၀၀ နာရီ အထိ

🚚စာအုပ်များကို အိမ်အရောက် ပို့ဆောင်ပေးမှာ ဖြစ်ပြီး Delivery ပို့ဆောင်ခကို ကျောင်းသားများက ကျခံပေးရမှာ ဖြစ်ပါတယ်။ 🚚

📝 ကျောင်းသားအသစ်များ Placement test စာမေးပွဲ ဖြေဆိုရပါမည်။ 📝

📞သင်တန်းကြေးနှင့် အသေးစိတ်ကို ရုံးချိန်အတွင်း page messenger (သို့မဟုတ်)
☎️ 09 5400 776 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

06/12/2022

Future Plus Education မှ နွေးထွေးစွာ ကြိုဆိုပါတယ်။
Future Plus Education သည် လူကြီးမင်းတို့ရဲ့ သားသမီးများ အတွက် ကောင်းမွန်သော သင်ကြားရေးဝန်ဆောင်မှုများ ပေးနေ တဲ့ Education Centre တစ်ခုဖြစ်ပါတယ်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

🥳 Happy New Year 2023 🥳 ၂၀၂၃ ခုနှစ် နှစ်သစ် အခါသမယမှစတင်ပြီး မြန်မာပြည်သူပြည်သားများအားလုံး ယခုထက် ပိုမိုကောင်းမွန်သော န...

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 10:00 - 17:00

Other Child Development in Yangon (show all)
Teacher Myat - Child Edu Consultation Teacher Myat - Child Edu Consultation
Thingangyun
Yangon

သားသားမီးမီးများရဲ့ ပညာရေးဆိုင်ရာအခွင့်အလမ်းများ၊ အခက်အခဲများအတွက် consultation services ရှိပါတယ်...

Life Science & Stories By Uncle Htun Life Science & Stories By Uncle Htun
North Dagon
Yangon

Stories for Everyone ��

Rillus Myanmar Rillus Myanmar
Yangon
Yangon

Symbiotic with Multivitamin

SIS: RVi Academy Yangon - Preschool SIS: RVi Academy Yangon - Preschool
72 Chin Dwin Street, Kamaryut Township
Yangon

We are part of SIS: RVi Academy Yangon. We offer classes from Pre-Nursery to International A Levels

The Whole Program by Peekaboo The Whole Program by Peekaboo
No (E20A) Myoth Taw 1st Street, Chan Thar Shwe Pyi Housing , Near MaWaTa Junction
Yangon

The Whole Program is designed to meet every child’s needs and intended for holistic development.

Hand Abacus - ပေသီးသချ်ာ Hand Abacus - ပေသီးသချ်ာ
Yangon
Yangon

သချ်ာပညာရပ်မှာ ကျွမ်းကျင်ထူးချွန်ဖို့ ပေသီးသချ်ာသင်ကြစို့။

Immanuel Orphane -  ဧမာနွေလမိဘမဲ့ဂေဟာ Immanuel Orphane - ဧမာနွေလမိဘမဲ့ဂေဟာ
Near Tarsone Bus Stop, Hlegu Town
Yangon, 11374

Since 2006

Big Boss Education Hub Big Boss Education Hub
No
Yangon, 11121

Big Boss supports you to be Big Boss