Okka Insurance

Insurances are the best way of saving money for you and your future. Having life insurance is impera Or accidents. Or a large stack of documents with small type.

When you think of insurance, you probably think about natural disasters. At Chubb, we think about things differently. For us, insurance is about one thing: craftsmanship. It’s who we are. It’s what we do. It’s how we serve our clients. Craftsmanship is about creating something from scratch. It’s about molding and shaping our coverage into exactly what our clients need. It’s about having the skills

06/07/2022

ယခု ဇွန်လအတွင်း
အာမခံဝယ်ယူထားသည့်မိတ်ဆွေ
များအတွက်
တုပ်ကွေးကာကွယ်ဆေးနှင့်ကိုဗစ်ကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေး
ပါမည်။

အာမခံဝယ်ယူထားသူများ
အမြန်ဆက်သွယ်ပြီး ထိုးနှံနိုင်ပါပြီ။

ကျန်းမာရေးအာမခံ
ငွေစုအာမခံနှင့်ပတ်သတ်၍
အသေးစိတ်အား
Messenger မှဆက်သွယ်မေးမြန်း
နိုင်ပါပြီ။

06/07/2022

ကျွန်တော်တို့တွေရဲ့ အနာဂတ်အတွက်
ငွေကြေးနှင့်ပတ်သတ်ပြီး
အကောင်းဆုံးစီမံခန့်ခွဲဖို့အတွက်

Okka Insurance ရဲ့
Financial Advisors များနဲ့ တိုင်ပင်
နိုင်ပါပြီ။

ဆက်သွယ်ရန်
Dr Oke Kar Min
095242933

Photos from Okka Insurance's post 15/05/2022

Chubb Life မှာ အာမခံကိုယ်စားလှယ်
အသစ်များအတွက် အာမခံ
လိုင်စင်သင်တန်းအပတ်စဉ် ၃

ကိုအောင်မြင်စွာဖွင့်လှစ်သင်ကြား
ပေးနိုင်ခဲ့ပါတယ်။

အာမခံကိုယ်စားလှယ်လိုင်စင် ဆိုတာ
အာမခံလုပ်ငန်းရဲ့အသက်လို့ပြော
လို့ရပါတယ်။

ဒီလိုလိုင်စင်ရပြီးမှလည်း Chubb
ရဲ့ တရားဝင်ကိုယ်စားလှယ်ဖြစ်ပါတယ်

အနာဂတ်အတွက်အလားအလာအကောင်းဆုံးသော Insurance Industry မှာ ဝင်ရောက်လုပ်ကိုလိုသူ
များအတွက်လည်း

ပညာလည်းရ ဝင်ငွေလည်းရ
တန်ဖိုးရှိတဲ့
Training တွေ Workshop
တွေမှာလည်း တက်ရောက်ခွင့်
ရမည့် အစီအစဉ်များစွာလည်း
ရှိသည့်အတွက် စိတ်ဝင်စားသူများ
ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

13/05/2022

ကိုဗစ် နဲ့ ကိုစစ် ကြောင့် အရည်အချင်းကောင်းများစွာ ရှိလျက်နဲ့ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့သူတွေ အတွက် တကယ်စိတ်မကောင်းဖြစ်မိပါတယ်။ 😔

တကယ်အရည်အချင်းရှိတဲ့ အရောင်းသမားတွေအတွက် CHUBB Life Insurance Myanmar မှာ အအောင်မြင်ဆုံး၊ Active အဖြစ်ဆုံး Team နဲ့ Industry အသစ်တစ်ခုကို အတူတူ လုပ်ကိုင်ခွင့် / သင်ယူခွင့်တွေရမဲ့ အလုပ်အကိုင်အခွင့်အလမ်းတစ်ခုကို Challenge ကို ကြိုက်နှစ်သက်သူတွေအတွက် အသိပေးချင်ပါတယ်။

❗️Compensation Package ခံစားပိုင်ခွင့်/ရပိုင်ခွင့်တွေက ဘာများလဲ? ❗️🧐

Very Attractive နဲ့ Competitive Package in the Market ပါ။ လောလောဆယ်မှာ Job Market ထဲမှာ Talent တွေကို အခြေနေအရ စျေးနှိမ်နေတာတွေ တွေ့နေရပါတယ်။
CHUBB က Interview လို့ သဘောကျရင်တော့ Salary Package ကတော့ You Name It ပါ။ 💪💪💪

JD ကတော့ အောက်မှာရေးထားပါတယ်။ (ရှုရှောင်အလုပ် လုံးဝ မဟုတ်ပါ။ အောင်မြင်ဖို့ အတွက် Pain တစ်ခုရှိနေတဲ့သူ သို့မဟုတ် အောင်မြင်ဖို့ အတွက် Why တစ်ခု ကြီးကြီးမားမား ရှိနေတဲ့သူတွေ အတွက်ပဲ ပိုသင့်တော်ပါတယ်။)

• Drive sales and recruit high caliber candidates to ensure key targets and objectives are delivered
• Establish sales and referral network with local businesses in order to maximize value from connection
• Lead and motivate talents for the development and startup of the agency of the agency district
• Ensuring effective motivational measures and programs to achieve objectives
• Implement sales training and orientation program to educate new hires our operation grows
• Assess the business landscape and institute changes to the sales & Promotion program
• Develop and ensure the ex*****on of business plans which meet short and long term Business Objective
• Manage and Monitor the performance of team members to ensure continuous and sustainable growth
• Actively contribute to the overall management of the Agency Distribution area: provide input to and develop recommendations to the distribution strategy
• Manage and execute projects that have impact on the entire Agency Operation

JD ဖတ်ပြီး လန့်သွားပြီလား။ မလန့်ပါနဲ့။ အရောင်းပိုင်းပါပဲ။ ရောင်းတာကိုမှ တော်တော်ကို သိမ်မွေ့တဲ့ အရောင်းပါ။

Middle Management Position of Global Insurance Company ဖြစ်တဲ့အတွက် Leadership Skills, English Language နဲ့ Communication Skills တွေ လိုအပ်ပါတယ် ခင်ဗျာ။ Language သိပ်မရလဲ လျှောက်ထားလို့ ရပါတယ်။

ဆိုတော့ Challenge ကို Accept လုပ်နိုင်တယ် ထင်တဲ့သူတွေက ကျွန်တော့် Email ([email protected]) ကို cover letter နဲ့ တကွ CV/Resume ပေးပို့ နိုင်ပါတယ်။ Expected Salary Package ကိုလည်း Email မှာ ဖော်ပြထားပေးပါ။ Telco နဲ့ Banking Industry Background ကို ပို သဘောကျ ပါတယ်။

🤩🤩🤩🤩🤩

မိတ်ဆွေများ အနေနဲ့ သင့်တော်တဲ့သူတွေကို Share ပေးရင် တကယ် ကျေးဇူးတင်မိမှာပါ 🙏

Insurance Industry မှာ Agency Development Manager / Business Development Manager အလုပ်က လွယ်ကူတဲ့ အလုပ်တစ်ခု မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော် ကိုယ်တိုင် 2019 က စပြီး ၁ရက် ကို ၁၂ နာရီ တပတ်ကို ၇ရက် နီးပါးလောက်ကို နေ့တိုင်း နီးပါး အချိန်ပေး ကိုယ်တိုင်လုပ်နေရတဲ့ အတွက် ရှုရှောင်လာလုပ်လို့မရပါ။ ရှုရှောင်လုပ်ရင် Result က တန်းပေါ်ပါတယ်။

❗️ Chubb သည် ကမ္ဘာ့အကြီးဆုံး ပိုင်ဆိုင်မှုနှင့် မတော်တဆထိခိုက်မှု ဆိုင်ရာ အများပိုင် အာမခံကုမ္ပဏီ (P&C insurance company) တစ်ခု ဖြစ်သော Chubb ၏ နိုင်ငံတကာအသက်အာမခံကုမ္ပဏီတစ်ခုဖြစ်ပါသည်။ အမေရိကန်နိုင်ငံ ဖိလာဒယ်ဖီးယားမြို့တွင် ၁၇၉၂ နှစ်ခုကတည်းက စတင်တည်ထောင်ခဲ့ပြီး သက်တမ်း နှစ်ပေါင်း ၂၀၀ ကျော် သမိုင်းကြောင်းရှိသော ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံနှင့် ဒေသ‌ပေါင်း ၅၄ နိုင်ငံတွင် လုပ်ငန်းလည်ပတ်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်မူ မတော်တဆထိခိုက်မှုအာမခံ၊ ကျန်းမာရေးအာမခံနှင့် အသက်အာမခံများကို လူတန်းစားမျိုးစုံအတွက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။❗️

13/05/2022

❗️ဘဝအာမခံချက်အတွက် ထိုက်သင့်တဲ့ငွေပမာဏကို စုဆောင်းပြီးမှသာ ကျန်ငွေနဲ့ ရင်းနှီးမြှပ်နှံသင့်ကြောင်း ❗️

Photos from Okka Insurance's post 07/05/2022

Insurance Industry မှာ ဝန်ဆောင်မှု
ပေးမည့်သူများရဲ့ ပထမဆုံးခြေလှမ်း

Onboarding Day1




Financial Advisor
အနေနဲ့ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း
တစ်ခုအနေနဲ့အပိုဝင်ငွေနဲ့ ရှာချင်သူများ ဆက်သွယ်နိုင်ပါတယ်။

095242933
Dr Oke Kar Min
Agency Leader
Wellness & Business Coach/Consultant
PBCA & NLP Coach
MBBS (Ygn)
MSc Nutrition and Dietetics (UK)

07/05/2022

💰ငွေကြေးဆိုင်ရာအတွက် စုဆောင်းမှုတစ်ခုကို နေ့စဉ်ပြုပါ။💰

06/05/2022

သင်သာ #လုပ်ပိုင်ခွင့်ရှိတဲ့သူ ဆိုရင်
ငွေကြေးဆုံးရှုံးမှုတွေမဖြစ်အောင်
ဘယ်လိုကြိုတင်စီမံခန့်ခွဲမလဲ?

၁။ ဘဏ်မှာငွေစုမယ်
၂။ ရင်းနှီးမြှုပ်နှံမယ်
၃။ စတော့ရှယ်ရာဝယ်မယ်
၄။ ရွှေ/ဒေါ်လာဝယ်စုမယ်
၅။ အာမခံဝယ်ထားမယ်

စေတနာများစွာဖြင့်
ဒေါက်တာဥက္ကာမင်း
𝑨𝒈𝒆𝒏𝒄𝒚 𝒍𝒆𝒂𝒅𝒆𝒓
𝐂𝐡𝐮𝐛𝐛 𝐋𝐢𝐟𝐞 𝐌𝐲𝐚𝐧𝗺𝐚𝐫

05/05/2022

ကမ္ဘာကျော်ထိပ်တန်းကုမ္ပဏီကြီး
ရဲ့
Founder & CEO ကပြော
တဲ့စကားလေး…


အာမခံထားခြင်းကြောင်းသင့်ဘဝကြီး
ပြောင်းလဲမသွားပါဘူး
ဒါပေမယ့် သင့်ရဲ့ လူနေမှုပုံစံ ပုံမှန်လည်ပတ်နေမှုကို မထိခိုက်ရအောင်
အကာအကွယ်ပေးပါတယ်…


ကျန်းမာရေးစောင့်ရှောက်မှုကြောင့်
ဆေးရုံတက်ရတဲ့ကုန်ကျစားရိတ်
တွေကသင့်မိသားစုရဲ့စုဆောင်းထား
တဲ့ငွေကြေးဥစ္စာတွေကိုအများကြီး
ဖြုန်းတီးပစ်လိုက်မှာ

အာမခံထားလိုက်လို့သင့်ဘဝမပျက်
သွားပါဘူး…
ဒါပေမယ့် အာမခံမထားမိလို့
သင့်စီးပွါးကိုထိခိုက်သွားနိုင်ပါတယ်

Dr Oke Kar Min
𝗔𝗴𝗲𝗻𝗰𝘆 𝗟𝗲𝗮𝗱𝗲𝗿 𝗖𝗛𝗨𝗕𝗕
𝗪𝗲𝗹𝗹𝗻𝗲𝘀𝘀 𝗖𝗼𝘂𝗻𝘀𝘂𝗹𝘁𝗮𝗻𝘁
Founder of Smart Clinic
MBBS(YGN)
Nutrition Specialist
MSc Nutrition and Dietetics (UK)
University of Bedfordshire

Photos from Okka Insurance's post 04/05/2022

ချစ်သူကို တွေ့ချင်ပြီး နောင်တရမှာစိုးလို့ Zoom ဆော့ဖ်ဝဲကို တီထွင်ခဲ့သူ အဲရစ်ယွမ်

''Zoom ဆော့ဖ်ဝဲရဲ့အစ အချစ်က'' လို့ ပြောရင် လွန်မယ်မထင်ဘူး။ အဲရစ်ယွမ်က တက္ကသိုလ် ပထမနှစ်ကျောင်းသားဘဝမှာ ရည်းစားထားတယ်။ သူ့ချစ်သူကို တွေ့ရင်ချင် ၁၀ နာရီလောက် ရထားစီးသွားရတော့ ဒီထက် ပိုလွယ်မယ့်နည်းလမ်းတွေကို တွေးရင်း ရုပ်မြင်ရတဲ့ တယ်လီဖုန်း ဆော့ဖ်ဝဲရှိရင် ကောင်းမယ်လို့ သူ အကြံရသွားတယ်။ ဒါက သူ့အိပ်မက်ပဲ။ အဲဒီအချိန်တုန်းက သူ့အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ ၁၇ နှစ်သားလေး အဲရစ်ယွမ်က နှစ် ၂၀ ကျော်ကြာတဲ့အထိ သူ့အိပ်မက်ကို မစွန့်လွှတ်ခဲ့ပါဘူး။

အဲရစ်ယွမ်ကို တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်မှာ မွေးတယ်။ သူ့မိဘတွေက သတ္တုတွင်း အင်ဂျင်နီယာတွေ။ ငယ်ငယ်ကတည်းက စီးပွားရေးအကွက်မြင်တယ်လို့ ပြောရမလားပဲ။ ၄ တန်းကျောင်းသားအရွယ်မှာကတည်းက အတိုအစတွေကို ပြန်ရောင်းပြီး ငွေရှာနေတတ်ပြီ။ အထက်တန်းကျောင်းပြီးတော့ ရှန်ဒေါင်းသိပ္ပံနဲ့ နည်းပညာတက္ကသိုလ်မှာ အသုံးချသင်္ချာဘာသာရပ်ယူပြီး ဘွဲ့ရတယ်။ ပြီးတော့ တရုတ်နိုင်ငံ မိုင်းတူးဖော်ရေးနဲ့ နည်းပညာတက္ကသိုလ်မှာ သတ္တုတွင်းအင်ဂျင်နီယာဘာသာရပ်နဲ့ မာစတာဘွဲ့ ထပ်ယူတယ်။ မာစတာဘွဲ့ သင်တန်းတက်နေတုန်းမှာပဲ သူ့ချစ်သူ ရှာရီနဲ့ အိမ်ထောင်ပြုပြီး ဘေဂျင်းမှာပဲ အခြေချလိုက်တယ်။

အဲရစ်ယွမ်ရဲ့အိပ်မက်တွေကို တစ်ကျော့ပြန် နိုးဆွပေးသူက ဘီလ်ဂိတ်လို့ ပြောရမယ်။ အဲရစ်ယွမ်က အိမ်ထောင်ကျပြီးနောက် ဂျပန်နိုင်ငံမှာ အလုပ်သွားလုပ်တယ်။ ၁၉၉၅ ခုနှစ်မှာ ဘီလ်ဂိတ်က ဂျပန်ကို ရောက်လာပြီး မိန့်ခွန်းပြောသွားတယ်။ သူ့မိန့်ခွန်းထဲမှာ ဆီလီကွန်တောင်ကြားအကြောင်း ပါတယ်။ အဲဒီစကား ကြားလိုက်ရကတည်းက အမေရိကန်ကို သူ သွားချင်နေပြီ။ ဒါပေမဲ့ သူ့ဇာတာက ဆိုးတယ်လို့ပဲ ပြောရမလား။ အမေရိကန်သွားဖို့ ဗီဇာ လျှောက်တာ ၈ ကြိမ်တောင် ပယ်ချခံရတယ်။ ပြီးတော့ သူက အင်္ဂလိပ်စကားလည်း ကောင်းကောင်းမပြောတတ်ဘူး။

ဒါပေမဲ့ သူ လက်မလျှော့ခဲ့ဘူး။ ၁၉၉၇ မှာတော့ ၉ ကြိမ်မြောက် ဗီဇာလျှောက်တာ အောင်မြင်ခဲ့ပြီး သူ အမေရိကန်ကို ရောက်လာခဲ့တယ်။ ဗီဒီယိုကွန်ဖရန့်နည်းပညာ application တွေရေးတဲ့ WebEx မှာ သူ အလုပ်ဝင်လုပ်တယ်။ ရေငတ်တုန်း ရေတွင်းတယ်ကျတယ်ပဲ ဆိုရမလား။ သူ့အိပ်မက်နဲ့ ကိုက်ညီတဲ့အလုပ်ကို လုပ်နေရတော့ အဲရစ်ယွမ်က အမြဲတမ်းတကုပ်ကုပ် လုပ်နေတာပဲတဲ့။ ၂၀၀၇ ခုနှစ်မှာ WebEx ကို Cisco Systems က ဝယ်လိုက်တယ်။ အဲဒီနှစ်မှာပဲ အဲရစ်ယွမ်လည်း အင်ဂျင်နီယာပိုင်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဖြစ်နေပါပြီ။

နောက် ၄ နှစ်ကြာချိန်မှာ သူက စမတ်ဖုန်းတွေနဲ့ အသုံးပြုနိုင်တဲ့ ဗီဒီယိုကွန်းဖရန့်စနစ်တစ်ခု ဖန်တီးဖို့ အဆိုပြုတယ်။ ဒါပေမဲ့ ကုမ္ပဏီဘက်က သူ့အကြံကို လက်မခံဘူး။ ပယ်ချလိုက်တယ်။ ဒီတော့ အဲရစ်ယွမ်လည်း အလုပ်ထွက်ပြီး ကိုယ်ပိုင်ကုမ္ပဏီထောင်လိုက်တယ်။ သူ့ဇနီးကတော့ အလုပ်ထွက်မှာကို မလိုလားဘူး။ '' ဒီခရီးက ရှည်လျားပြီး ခက်ခဲကြမ်းတမ်းမယ်ဆိုတာ ကိုယ် သိပါတယ်။ ဒါပေမဲ့ ကိုယ် မကြိုးစားဘူးဆိုရင် ဘဝမှာ နောင်တရနေလိမ့်မယ်'' လို့ အဲရစ်ယွမ်က ပြောခဲ့ဖူးပါတယ်။ အင်ဂျင်နီယာအယောက် ၄၀ နဲ့ စတင်ခဲ့တဲ့ သူ့ကုမ္ပဏီက Saasbee, Inc. တဲ့။ နောက်တော့မှ Zoom Communications ဖြစ်လာတာပါ။ အဲဒီအချိန်မှာ လူတော်တော်များများက ဗီဒီယိုတယ်လီဖုန်းဈေးကွက်မှာ ဝေစုတွေ ပြည့်နေပြီလို့ ထင်ကြတာကြောင့် သူ့ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ကြဘူး။ ၂ လလောက်ကြာတော့မှ WebEx ကို တည်ထောင်သူ ဆူဘရာအိုင်ယာ၊ Cisco ရဲ့ ဒုတိယဥက္ကဋ္ဌဟောင်း ဒန်ရှိန်းမန်းနဲ့ နောက်ထပ် မတည်သူ ၃ ယောက်က ဒေါ်လာ ၃ သန်း မြှုပ်နှံခဲ့ကြတယ်။

၂၀၁၂ မှာတော့ လူ ၁၅ ယောက် ပါဝင်ဆွေးနွေးနိုင်တဲ့ beta version စထုတ်နိုင်ခဲ့တယ်။ Zoom ရဲ့ ပထမဆုံးဖောက်သည်ကတော့ စတန်းဖို့ဒ်တက္ကသိုလ်ပဲ။ အဲရစ်ယွမ်ကလည်း စတန်းဖို့ဒ်တက္ကသိုလ်မှာ တက်ခဲ့သူလေ။ နောက်တစ်နှစ်ကြာတော့ ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၆ သန်း ထပ်ရပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီမှာ Zoom ကို စတင်မိတ်ဆက်နိုင်ခဲ့တယ်။ Zoom ကို စတင်နိုင်ချိန်မှာ အဲရစ်ယွမ်က ၄၃ နှစ် ရှိနေပါပြီ။ ၁၇ နှစ်အရွယ်က အိပ်မက်ကို ၂၆ နှစ်အကြာမှာ အကောင်အထည်ဖော်နိုင်ခဲ့တာပေါ့။

Zoom ရဲ့ version 1.0 မှာ လူ ၂၅ ယောက်အထိ ပါဝင်ဆွေးနွေးလို့ရနေပြီ။ Zoom စတင်တဲ့ ပထမဆုံးလမှာ အသုံးပြုသူ ၄ သိန်းအထိ ရှိခဲ့ပြီး နောက် ၄ လအကြာမှာတော့ အသုံးပြုသူ ၁ သန်းပြည့်သွားတယ်။ ၄ နှစ်အကြာမှာတော့ အမေရိကန်ဒေါ်လာ ၁ ဘီလျံတန်ကြေးရှိတဲ့ ကုမ္ပဏီစာရင်း ဝင်သွားခဲ့ပါပြီ။ ၂၀၁၉ ခုနှစ်မှာ ပထမဆုံး အမြတ်ငွေစရခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာတော့ Zoom အသုံးပြုသူတွေ တဟုန်ထိုး မြင့်တက်လာခဲ့တာပါ။ ဒါကြောင့် အမြတ်ငွေစရပြီး ၂ နှစ်မပြည့်ခင် အချိန်အတွင်းမှာပဲ အဲရစ်ယွမ်ရဲ့ အသားတင်ကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၁၇ ဘီလျံအထိ ရှိလာခဲ့ပါတယ်။ Zoom ရဲ့ ရှယ်ယာတန်ဖိုးတွေ အမြင့်ဆုံးဖြစ်သွားချိန်မှာ အဲရစ်ယွမ်ရဲ့ကြွယ်ဝမှုက ဒေါ်လာ ၂၅ ဘီလျံလောက် ဖြစ်သွားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပြန်ကျသွားခဲ့ပါတယ်။

ကြွယ်ဝမှုပမာဏ ကျဆင်းသွားခဲ့ပေမဲ့ အဲရစ်ယွမ်ရဲ့ အောင်မြင်မှုကတော့ တည်တံ့နေတုန်းပါပဲ။ အင်္ဂလိပ်စကား ကောင်းကောင်းမပြောတတ်သလို ဗီဇာ ၈ ကြိမ်တောင် ပယ်ချခံခဲ့ရသူတစ်ယောက်ဟာ အခုချိန်မှာတော့ ဆီလီကွန်တောင်ကြားရဲ့ ဘီလျံနာတစ်ယောက် ဖြစ်နေပါပြီ။ သူကတော့ ၅၂ နှစ်ပဲ ရှိသေးတဲ့ အမေရိကန်နိုင်ငံသား အဲရစ်ယွမ်ပါပဲ။ Zoom ကို အသုံးပြုသူတွေ အခက်အခဲ ကြုံရတဲ့အခါ အဲရစ်ယွမ်က ကုမ္ပဏီဝန်ထမ်းတွေကို မခိုင်းဘဲ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ဖြေရှင်းပေးတတ်သူပါ။ စွန့်ဦးတီထွင်လုပ်ငန်းရှင် ဖြစ်ချင်တဲ့ လူငယ်တွေအတွက် အဲရစ်ယွမ်ရဲ့ အမှာစကားကတော့ ကုမ္ပဏီစထောင်မယ်ဆိုကတည်းက ကုမ္ပဏီရဲ့ ယုံကြည်ချက်နဲ့ နှုန်းစံတန်ဖိုးတွေကို အခိုင်အမာတည်ဆောက်ကြပါတဲ့။

Ref: Indian Express & The Dreamer

Credit to Yo Yar Lay

Photos from Okka Insurance's post 30/04/2022

#ဘဝမှာအရေးကြီးဆုံးကဘာလဲ ?
🤔🤔🤔
လူတစ်ယောက်နဲ့တစ်ယောက်ရဲ့အဖြေ
တွေမတူနိုင်ပါဘူး…

Business Opportunities
Presentation တက်ရောက်သူပေါင်း ၁၀၀ ကျော်ရဲ့အဖြေ…

💞💞💞
တစ်ချို့သူတွေအတွက်တော့..
ချစ်ခြင်းမေတ္တာ…
💰💰💰
တစ်ချို့တွေအတွက်တော့..
ငွေကြေးဥစ္စာ…
💊💊💊
တစ်ချို့တွေအတွက်တော့
ကျန်းမာရေး…

အားလုံးကတစ်ဦးတစ်ယောက်ချင်း
စီရဲ့ စိတ်ပေါ်မူတည်တာပါပဲ…

တစ်ကယ်တမ်းအားလုံးထက်ပိုပြီး
အရေးကြီးဆုံးကတော့

#စိတ်အေးချမ်းသာမှု
🧘‍♂️🧘‍♂️🧘‍♂️
ကတော့ဘာနဲ့မှအစားထိုးလို့မရပါဘူး။

ဒီအတွက်ငွေကြေးနဲ့ပတ်သက်ပြီး
ကြိုတင်စီမံခန့်ခွဲဖို့လိုအပ်ပါတယ်..

ဒီတော့ ငွေကြေးကို မိမိအတွက်လည်းစုဆောင်းထားရင်း
အများအတွက်လည်းကူညီရင်း

စီးပွါးရေးအခွင့်အလမ်းတစ်ခု
ရရှိအောင် အကူအညီပေး
တဲ့ Seminar ပွဲလေးကို
၃၀.၄.၂၀၂၂ နေ့မှာ
အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း
ဝမ်းမြောက်စွာနဲ့ မှတ်တမ်းတင်အပ်ပါတယ်။

ငွေကြေးစီမံခန့်ခွဲမှု
ကျန်းမာရေးအာမခံ
အသက်အာမခံငွေစုခြင်းနဲ့ ပတ်သက်
ပြီးအသေးစိတ်ဆွေးနွေးလိုပါက
ဆက်သွယ်ရန်

📳
095242933
Dr Oke Kar Min
Agency Leader
Wellness & Business Coach/Consultant
PBCA & NLP Coach
MBBS (Ygn)
MSc Nutrition and Dietetics (UK)

28/04/2022

30-April-2022 (စနေနေ့) မှာ
===================
မနက် ၉ခွဲ မှ ၁၁ခွဲ ထိ

Business Opportunities Seminar. ရှိပါမယ်။

စိတ်ဝင်စားသူများ
30 April မှာ BOS တက်ရောက်ပြီး

7+8 May မှာ Onboarding Training 2 ရက်ကို Chubb ရုံးမှာ
တက်ရောက်ရမှာပါ။

11+12 & 14+15 မှာ လိုင်စင်သင်တန်းတက်ရောက်ခွင့်ရမှာဖြစ်
ပါတယ်။

အာမခံကိုယ်စားလှယ်အနေနဲ့လူအများကိုကူညီရင်းနဲ့မိမိရဲ့အသက်မွေးဝမ်းကျောင်းအတွက်အာမခံချက်အပြည့်အဝ
ရရှိမည့် အခွင့်အလမ်းတစ်ခုပါ။
👏👏👏

ပွဲတက်ရောက်လိုသူများအောက်ပါဖုန်းနံပါတ်ကိုဆက်သွယ်ပေးပါ။

Dr Okka
Agency Leader Chubb
095242933
လိုအပ်တဲ့စာရွက်စာတန်းများ
၁။ CV
၂ ။ မှတ်ပုံတင်မိတ္တူ
၃။ ပညာရေးဆိုင်ရာစာရွက်စာတမ်းများ (ဒီဂရီ၊ အောင်လက်မှတ်များစသည်ဖြင့်)
၄။ ဓာတ်ပုံ ၂ ပုံ (နောက်ခံအဖြူ) ၁" x ၁.၅"
၅။ အိမ်ထောင်စုစာရင်း (သန်းခေါင်စာရင်း)
၆ ။ ရပ်ကွက်ထောက်ခံစာ (လက်ရှိလိပ်စာနှင့်အိမ်ထောင်စုစာရင်းမှလိပ်စာမတူညီပါကလိုအပ်ပါသည်။)
၇။ ဘဏ် Passbook မိတ္တူ (Clear ACC နံပါတ်)
၈။ နိုင်ငံကူးလက်မှတ် (ရှိလျှင်)

09/03/2022

မြန်မာပြည် အာမခံ ဈေးကွက်သို့ နိုင်ငံခြား အာမခံ ကုမ္ပဏီများမှ ကန်ဒေါ်လာ သန်း ၁၂၀ ထပ်မနည်း ရင်းနှီးမြုပ်နှံလာ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံခြားအာမခံကုမ္ပဏီများကို နိုင်ငံတွင်း အာမခံဈေးကွက် အတွင်း လုပ်ငန်းများလုပ်ကိုင်နိုင်ရန် ခွင့်ပြုခဲ့သည်။

ထို့နောက် နိုင်ငံခြားအာမခံကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်လာကြပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ဝန်းကျင်ခန့်နှင့် မြန်မာကျပ်ငွေ ဘီလျံ ၆၀ ခန့် ရှိသည်ဟု ဆိုသည်။

၂၀၁၉ ခုနှစ်အတွင်းက စီမံ၊ဘဏ္ဏာဝန်ကြီးဌာနက နိုင်ငံခြားသားပိုင် အာမခံကုမ္ပဏီကြီး ၅ ခုနှင့် နိုင်ငံခြားသား-မြန်မာ နှစ်ဦးနှစ်ဖက် အကျိုးတူပူးပေါင်း လုပ်ကိုင်သော Joint Venture အာမခံလုပ်ငန်းများကိုလည်း ခွင့်ပြုခဲ့သည်။

နိုင်ငံခြားသားပိုင်ဆိုင်မှု (ရာနှုန်းပြည့်) ဖြစ်သည့် အသက်အာမခံ လုပ်ငန်းကြီးများမှာ-
• AIA,
• Chubb,
• Dai-ichi,
• Manulife နှင့်
• Prudential တို့ဖြစ်ကြပြီး
ယင်းလုပ်ငန်းကြီးတို့၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၆၅ သန်းခန့်ရှိပြီး၊

အခြား နိုင်ငံခြားသား-မြန်မာ ဖက်စပ်လုပ်ကိုင်သော အသက်အာမခံလုပ်ငန်း ၃ ခုမှာ-
• Capital Taiyo Life,
• CB Life နှင့်
• GGI Nippon Life တို့ဖြစ်ကြ၍
ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာ ၃၄ သန်းခန့်နှင့် မြန်မာကျပ်ငွေ ၁၀ ဘီလျံ တို့ ဖြစ်ကြသည်။

အခြား Non-life Insurance Sector တွင်လည်း နိုင်ငံခြားသား-မြန်မာ ပူးပေါင်းဆောင်ရွက်သည့်-
• AYA Sompo,
• GGI Tokio Marine နှင့်
• KBZ MS တို့ လုပ်ကိုင်နေကြပြီး
လုပ်ငန်းထည့်ဝင်ငွေ စုစုပေါင်း ကန်ဒေါ်လာ ၂၆ သန်း နှင့် မြန်မာကျပ်ငွေ ၆၅ ဘီလျံ ဖြစ်သည်ဟု သိရသည်။

Source: asianinsurancereview — feeling excited in Myanmar.

Photos from Okka Insurance's post 24/02/2022

မိဘတိုင်းရဲ့
အမြင့်မားဆုံးသော…ရည်မှန်းချက်
ဟာ…

ကိုယ့်
#သားသမီးတွေရဲ့အနာဂတ် ပါ…
သူတို့လေးတွေ…ကောင်းမွန်စွာ
ကြီးပျင်းလာဖို့…နဲ့
#အကောင်းဆုံးပညာရေးကိုသင်ကြားခွင့်ရဖို့…ဆိုတာမိဘတိုင်းရဲ့
မျှော်လင့်ချက်တစ်ခုပါပဲ…

ကိုယ့်သားသမီးရဲ့
အနာဂတ်အတွက်မစဉ်းစားတဲ့
မိဘဆိုတာမရှိပါဘူး
ကလေးတွေရဲ့ဘဝအတွက်
ကိုယ်နည်းကိုယ်ဟန်နဲ့ငွေကြေး
စုဆောင်းတတ်ကြပါတယ်…

အဲ့ဒီကိုယ့်ရဲ့မျှော်လင့်ချက်တွေ
အတွက်ငွေစုထားရင်း

မျှော်လင့်မထားတဲ့သေခြင်းတရား
နဲ့သာရင်ဆိုင်ရမယ်ဆိုရင်လည်း
ကိုယ်စုထားတဲ့ ပမာဏရဲ့ နှစ်ဆ
ကိုလျော်ကြေးငွေအနေနဲ့ ကိုယ့်သားသမီးကခံစားခွင့်ရရှိမှာပါ…

မိဘတိုင်းဟာသားသမီးတိုင်းအတွက်အချိန်ပြည့်ရှင်သန်ချင်ကြသူ
တွေကြီးပါပဲ
ဒါဟာမိဘတစ်ယောက်ရဲ့
အနှိုင်းမဲ့မေတ္တတရားပါ…

အကယ်၍မလွန်ဆန်နိုင်တဲ့ကံတရား
ကြောင့်ကိုယ့်သားသမီးနဲ့အတူ
ရှိခွင့်မရတော့ပေမယ့်လည်း
သူကြီးလာအရွယ်မှာသူ့အတွက်
လုံလောက်တဲ့ငွေးကြေးပမာဏတစ်ခုရှိနေဖို့အတွက်…

အခုကတည်းကကြိုတင်ပြင်ဆင်
ထားပေးတာကတော့အလုပ်သင့်
ဆုံးအလုပ်ပါ…

ကိုယ့်ရဲ့ ပညာရေးစုငွေနဲ့အာမခံထား
ငွေတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ
သိန်း ၁၀၀၀ နီးပါးရှိပါတယ်…

ဒါတွေအားလုံးဟာ..
သားသားအတွက်….
ဖေဖေရှိသည်ဖြစ်မရှိတော့သည်ဖြစ်
စေ…ဖေဖေ့ရဲ့ အဆုံးမဲ့မေတ္တာပါပဲ…

မေတ္တာအနှိုင်းမဲ့စွာဖြင့်
ဖေဖေ

Photos from Okka Insurance's post 29/01/2022

ဲ့
𝟸𝟶𝟸𝟸 ᴄᴀʟᴇɴᴅᴀƦ

သေသပ်လှပပြီးအရောင်အသွေးစုံလင်
တဲ့ CHUBB ရဲ့ ၂၀၂၂ ခုအတွက်ပြက္ခဒိန်
လေး…

မည်သည့်အာမခံအမျိုးအစားထား
သည့်သူ (ပေါ်လစီပိုင်ရှင်) များ
လက်ဆောင်လာရောက်ထုတ်ယူနိုင်
ပါတယ်ခင်ဗျ…

အာမခံထားရှိမည့်သူများအတွက်
လည်း ၂၀၂၂ အတွက်အမှတ်တရလက်ဆောင်များစီစဉ်ထားပါတယ်

၂၀၂၂ တစ်နှစ်လုံးအတွက်
ကျန်းမာရေးအာမခံနှင့်အသက်အာမခံ
ထားရှိပြီးမိမိတို့ရဲ့ငွေကြေးနဲ့အသက်
ဆုံးရှုံးနိုင်မှုကိုကာကွယ်ထားရင်း
လတ်တလောအဖြစ်အပျက်များမှ
စိတ်ငြိမ်းချမ်းမှုနဲ့လုံခြုံမှုကိုရရှိနိုင်ပါစေ

စေတနာဖြင့်

Dr Oke Kar Min
𝗔𝗴𝗲𝗻𝗰𝘆 𝗟𝗲𝗮𝗱𝗲𝗿 𝗖𝗛𝗨𝗕𝗕
𝗪𝗲𝗹𝗹𝗻𝗲𝘀𝘀 𝗖𝗼𝘂𝗻𝘀𝘂𝗹𝘁𝗮𝗻𝘁
Founder of Smart Clinic
MBBS(YGN)
Nutrition Specialist
MSc Nutrition and Dietetics (UK)
University of Bedfordshire

27/01/2022

✨အားလုံးအတွက်အကျိုးရှိစေမယ့်
#အခွင့်အလမ်းတစ်ခုနဲ့မိတ်ဆက်ပေး
ချင်ပါတယ်…✨

🎈အခုလိုခက်ခဲတဲ့တာကာလမှာ
ဝင်ငွေရလမ်းတစ်ခုရှိနေဖို့က
အရေးကြီးပါတယ်…

မြန်မာ့လူ့အဖွဲ့အစည်းအတွက်
မကြာခင်ပိုပြီးဖွံ့ဖြိုးတိုးတက်လာမည့်
အာမခံလုပ်ငန်းတွင်ပါဝင်လုပ်
ကိုလိုသူများအတွက်သတင်းကောင်း

🎈သိက္ခာရှိရှိ Professional အလုပ်
🎈လူတွေရဲ့…စီးပွါးဥစ္စာ…ငွေကြေး
များကိုမဆုံးရှုံးရအောင်ကာကွယ်
ပေးတဲ့အလုပ်
🎈မိမိရဲ့လူမှုဆက်ဆံရေးအသိုက်
အဝန်းကိုပိုပြီးချဲ့ထွင်နိုင်တဲ့အလုပ်
🎈ကုသိုလ်လည်းရဝမ်းလည်းဝတဲ့
အလုပ်
🎈ကိုကြိုးစားရင်ကြိုးစားသလောက် ဝင်ငွေရနိုင်တဲ့ အလုပ်

ဒါတွေနဲ့ပတ်သက်ပြီးအသေးစိတ်
ရှင်းပြပေးမယ့် အလုပ်အကိုင်အခွင့်
အလမ်းမိတ်ဆက်ပွဲလေးကို

လာမည့် စနေနေ့ နံနက် ၉:၀၀ နာရီ
မှာ မြန်မာစင်တာရှိ Chubb Life Myanmar ရုံး၌ ကျင်းပပြုလုပ်သွား
ဖို့ရှိပါတယ်….

စိတ်ပါဝင်စားသူများ
အောက်ပါဖုန်းနံပါတ်သို့
ဆက်သွယ်စာရင်းပေးသွင်း
နိုင်ပါတယ်။

095242933
Dr Oke Kar Min
Agency Leader
Chubb

💥မှတ်ချက်💥
လူဦးရေးကန့်သတ်ထားပါသဖြင့်
အမြန်ဆုံးစာရင်းပေးသွင်းဖို့
လိုပါတယ်…

Photos from Okka Insurance's post 27/12/2021

#2021

အာမခံကိုယ်စားလှယ်များနှင့်
ညစာစားပွဲ

“အာမခံကိုယ်စားလှယ်ဆိုတာ
မိသားစုဝင်တစ်ယောက်ပါ

မိသားစုတွေရဲ့ အလိုအပ်ဆုံးသော
ကွက်လပ်တွေကိုအကောင်းဆုံးဖြည့်ဆည်းပေးရတဲ့ မွန်မြတ်တဲ့
အသက်မွေးဝမ်းကျောင်းတစ်ခုပါ”

Dr Oke Kar Min
Agency Leader
Life Planner @ Chubb

21/12/2021

#မိသားစုရဲ့ အနာဂတ်ဆိုတာ...
သားသမီးရတနာတွေပါ...

သားသမီးတွေရဲ့အနာဂတ်ဆိုတာ..
ပညာရေးပါ...

မိမိရဲ့သားသမီးတွေအတွက်
မိဘရဲ့ အကောင်းဆုံးသောအမွေဟာ...
သူတို့လေးတွေရဲ့ အနာဂတ်လှပဖို့
ကောင်းမွန်စွာပညာသင်ကြားရေးပါ...

အဲ့ဒီအတွက်မိဘတွေကြိုတင်ပြင်ဆင်
နိုင်တာကတော့....

ခိုင်မာမှုရှိပြီး...အကာအကွယ်ပါရရှိနိုင်မည့်
ပညာရေးမဏ္ဍိုင် အသက်အာမခံကတော့
ဘယ်အခြေအနေမျိုးအတွက်မဆိုအကျိုးရှိ
စေမယ့်ငွေစုနည်းလည်းဖြစ်ပါတယ်...

ဘယ်လိုစုမလဲ...
မိမိရဲ့သားသမီးတွေရဲ့ အဆင့်မြင့်ပညာသင်
ရမည့်အချိန်ကို ကြိုတင်မှန်းဆပြီးစုထားလို့ရပါတယ်...

၅ နှစ် ၇ နှစ် ၁၀နှစ် ဆိုပြီး ရွေးချယ်လို့ရသလို
အနိမ့်ဆုံးသိန်း ၅၀ ကနေစပြီးစု လို့ရပါတယ်....

ငွေကိုတစ်လုံးတည်းသွင်းစရာမလိုပါဘူး..
ငွေစုနေစဥ် ကာယကံရှင်မိဘအနေဖြင့်
ချွတ်ချော်တိမ်းပါးသွားခဲ့လျင်လည်း...
မိမိရဲ့ကလေးက..စုငွေရဲ့ ခံစားခွင့်ကို
အပြည့်အဝခံစားခွင့်ရမှာဖြစ်တဲ့အတွက်
ပထမအကြိမ် အရီမီယံသွင်းပြီးတာနဲ့
မိမိရဲ့သားသမီးတို့ရဲ့ပညာရေးအတွက်
စိတ်ပူစရာမလိုတော့ပါဘူး...

အဲ့ဒါကြောင့်..
လုံခြုံစိတ်ချတဲ့ မိသားစုဘဝတစ်ခုပိုင်ဆိုင်
ချင်တယ်ဆိုရင်တော့
အခုပဲ ကျွမ်းကျင်ပြီးစေတနာပြည့်ဝစွာ
ရှင်းပြပေးနိုင်မယ့်အာမခံကိုယ်စားလှယ်တစ်ယောက်
နဲံဆက်သွယ်လိုက်ပါ။

စေတနာများစွာဖြင့်
ဒေါက်တာဥက္ကာမင်း
𝑳𝒊𝒇𝒆 𝑷𝒍𝒂𝒏𝒏𝒆𝒓
𝑨𝒈𝒆𝒏𝒄𝒚 𝒍𝒆𝒂𝒅𝒆𝒓
𝐂𝐡𝐮𝐛𝐛 𝐋𝐢𝐟𝐞 𝐌𝐲𝐚𝐧𝗺𝐚𝐫

Chubb မှ အာမခံဝန်ဆောင်မှုများအကြောင်းအသေးစိတ်လေ့လာရန်။

https://drive.google.com/file/d/1OV-CXQ5fgKCnlNgMjDjAlk_HwUKKMZVU/view?usp=sharing





#ချက်ဘ်အသက်အာမခံ
#ချက်ဘ်ကျန်းမာရေးအာမခံ
#အာမခံကိုယ်စားလှယ်

20/12/2021

အသစ်ကျလာတဲ့ #အာမခံပေါ်လစီတွေ
ကို
ရုံး၌လာထုတ်ပေးဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေအတွက်
အကျွမ်းတဝင်မဖြစ်သေးပေမယ့်
အာမခံရဲ့အကျိုးကျေးဇူးနဲ့အနှစ်
သာရကိုနားလည်တဲ့သူတွေကတော့
အသက်အာမခံတွေ၊ကျန်းမာရေ
အာမခံတွေကိုထားတဲ့သူတွေ
တဖြည်းဖြည်းများလာနေပါပြီ။

အာမခံထားတယ်ဆိုတာမိမိရဲ့အကျိုး
ထက်မိမိချစ်ခင်တဲ့မိသားစုနဲ့မိမိဝန်ထမ်းတွေအတွက်အကာအကွယ်
ရစေချင်၊မိမိရှိသည်ဖြစ်စေ၊
မရှိတော့သည်ဖြစ်စေ
မမျှော်လင့်တဲ့အကြောင်းတစ်ခုခုကြောင့်အသက်အန္တရာယ်ထိခိုက်ခဲ့မည်ဆို
ပါကကျန်ရစ်သူမိသားစုဟာ
အခြေအနေမပျက်ဆက်လက်ရပ်တည်
နိုင်စေဖို့အတွက်တစ်ခုတည်းသောရွေး
ချယ်မှုပဲဖြစ်ပါတယ်။

ယခုအချိန်မှာမှန်ကန်တဲ့ဆုံးဖြတ်ချက်
ဟာသင့်ရဲ့အနာဂတ်ကိုအကောင်းဆုံး
ပုံဖော်ပေးမှာပါ….

အားလုံး
ဘေးကင်းလုံခြုံ
ကျန်းမာချမ်းသာပါစေ
🙏🏼🙏🏼🙏🏼

Dr Oke Kar Min
𝗔𝗴𝗲𝗻𝗰𝘆 𝗟𝗲𝗮𝗱𝗲𝗿 𝗖𝗛𝗨𝗕𝗕
𝗪𝗲𝗹𝗹𝗻𝗲𝘀𝘀 𝗖𝗼𝘂𝗻𝘀𝘂𝗹𝘁𝗮𝗻𝘁
Founder of Smart Clinic
MBBS(YGN)
Nutrition Specialist
MSc Nutrition and Dietetics (UK)
University of Bedfordshire

Photos from Okka Insurance's post 10/12/2021

ပညာတန်ဖိုး
--------------------

သင်္ဘောကြီးတစ်စီးရဲ့ အင်ဂျင်စက်ချို့ယွင်း သွားသည်။

သင်္ဘောပိုင်ရှင်တွေဟာ ကျွမ်းကျင်သူတွေ တစ်ယောက်ပြီးတစ်ယောက် ခေါ်ပြပေမယ့် သင်္ဘောကြီး အင်ဂျင်က ပြန်ကောင်းမလာခဲ့ဘူး။

တစ်နေ့တော့ အဘိုးအိုတစ်ယောက် ကိုခေါ်လာခဲ့တယ်။ ဒီအဘိုးအိုက သူ ငယ်စဉ်ကထဲက သင်္ဘော မျိုးစုံကို လက်ပွန်းတတီးပြင်လာခဲ့တဲ့သူပေါ့။

ဒီလိုနဲ့ အဘိုးအိုလဲ အိတ်ကြီးဆွဲပြီးတော့ သင်္ဘောအင်ဂျင်ခန်းကို လိုက်စစ်တယ်။

အားလုံးစစ်ပြီးသွားတဲ့ သကာလ တစ်နေရာမှာ အဘိုးအိုရပ်လိုက်ပြီးတော့ အိတ်ထဲက တူလေး တစ်လက် ဆွဲထုတ်လိုက်တယ်။

ပြီးတာနဲ့ အင်ဂျင်ရဲ့တစ်နေရာကို ခပ်ဖွဖွလေး နှစ်ချက်လောက် တူနဲ့ခေါက်လိုက်တာ ချက်ချင်း အင်ဂျင်နိုးသွားခဲ့တယ်။ အင်ဂျင်ကောင်းသွားပြီ။

တစ်ပတ်လောက်နေတော့ အဘိုးအိုဆီက ကျသင့်ငွေ ပြေစာ ရောက်လာတယ်။ ဒေါ်လာ တစ်ထောင် ကျကြောင်းတွေ့လိုက်ရတော့ သင်္ဘောပိုင်ရှင် ဟာ မျက်လုံးပြူးသွားတယ်။

"ဘာ..! ဒီအဘိုးကြီး ငါတို့ရှေ့တင် တူလေးတစ်ချောင်းနဲ့ ဟိုနားဒီနား ခေါက်တာ တောင်းစရာလားကွ ဒီလောက်! ဟေ့.. ကုန်ကျစားရိတ် အသေးစိတ်တွက်ထားတာ လိုချင်တယ် လို့အကြောင်းပြန် လိုက်စမ်း" တဲ့။ သင်္ဘောပိုင်ရှင်တွေ ငွေမပေးချင်တော့ အကောက်ကြံပြီလေ။

အဘိုးကြီးဆီက နောက်တစ်နေ့ပဲ ကုန်ကျစားရိတ်တွက်ထားတာကို ပြန်ပို့လာတယ်။

တူဖြင့် ခေါက်သည်-------------------- ၂ ဒေါ်လာ
ဘယ်ကို ခေါက်ရမလဲ သိသည်------ ၉၉၈ ဒေါ်လာ

သင်ခန်းစာ။ လုပ်အားသည် အရေးပါသည်ကား မှန်ပေ၏။ သို့သော် လုပ်အားကို ဘယ်နေရာမှာ သုံးရမည်ကို သိသည့် ပညာကား လူတစ်ယောက်နှင့် တစ်ယောက် အကြား ကွာခြားချက် ပင်တည်း။

ref: Right Effort
--------------------

- မှတ်စုကြမ်းမှဘာသာပြန်သည်။

--------------------
စာဖတ်သူ တစ်ယောက်၏ သုံးသပ်ချက်။

ဒီအဖြစ်နဲ့အလားတူ အဖြစ် တခုဟိုင်ကြီးမှာဖြစ်သွားခဲ့တယ်။ ဦးကင်စွန် ဆိုသော လူတယောက် workshop တခုဖွင့်ခဲ့တယ်။

တနေ့့ပုလဲနဲ့ငါးမှ သင်္ဘောတစီးက သူတို့ လုံးဝချွတ်လို့ မရတဲ့ တခုထဲကို တခုစွပ် နေတဲ့ပိုက် ၂ ခုယူလာပြီးချွတ်ခိုင်းတယ်။

သူက ပိုက်ရဲ့သုံးနေရာ လောက်ကို ဒုံ ဒုံ ဒုံ လို့ ထုပြီး ဆွဲချွတ် လိုက်တယ်။

ပြီးတော့ ကျသင့်ငွေ ၅၀၀၀ ကျပ်လို့ပြောတယ်။

သုံးချက်ပဲ ထုရတာ ၅၀၀၀ မများဘူးလား လို့တဘက်က ပြောတော့ သူက ဘာမှပြန်မပြော ၊ "ဂွပ်" ဆိုပိုက် ၂ ခုကို ပြန်စွပ် ပလိုက်ပြီး တခုဘဲပြောတယ်။

"ချွတ်ကြည့်" တဲ့။

တဖက်လူတွေက ဒါလေးများ ဆိုပြီး သူထုသလို သူထုတဲ့ နေရာ တွေကိုထုပြီးပိုက် ၂ ခုကိုဆွဲချွတ်လိုက်တယ်။

မရပါဘူးခင်ဗျာ။ အဲဒီတော့မှ ဦးကင်စွန်က ဒုံ ဒုံ ဒုံ ၃ ချက် ထုပြီး ပြန်ချွတ်ပေးလိုက်တယ်။

တဖက်ကငွေ ၅၀၀၀ ထုတ်ပေးတာကို သူခေါင်းခါပြလိုက်တယ်။

ပြီးတော့ဘောက်ချာ အသစ်တရွက်ဖြတ်ပေးလိုက်တယ်။

အဲဒီငွေပြေစာမှာဘာရေးထားသလဲဆိုတော့

၁ ။ ပထမအကြိမ်ဖြုတ်ခ - -၅၀၀၀ ကျပ်။
၂ ။ ပြန်တပ်ခ - - - - - - - -၁၀၀၀ ကျပ်။
၃ ။ ဒုတိယအကြိမ်ဖြုတ်ခ - ၅၀၀၀ ကျပ်။
စုစုပေါင်း===========၁၁၀၀၀ ကျပ်။

ပြီးတော့တခွန်းပြောလိုက်သေးတယ်။
# #ခေါက်ထာတော့လူတိုင်းခေါက်တတ်တာပေါ့။ ဒါပေမဲ့ ဘယ် နေရာ ခေါက်ရမယ်။လက်ဆ ဘယ်လောက်နဲ့ ခေါက် ရမယ် ဆိုတာသိရမယ်။ အဲဒါ ပညာ လို့ခေါ်တယ်။

credit: ဦးဝင်းမြင့်

12/11/2021

အလုပ်အကိုင်အခွင့်အလမ်း

အခက်ခဲဆုံးအချိန်အတွက်မှန်ကန်သောရွေးချယ်မှု
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘

စိန်ခေါ်မှုတွေ၊အခက်ခဲတွေကိုရင်ဆိုင်ပြီးမထင်မက်လောက်တဲ့ဝင်ငွေရဖို့ကိုအိမ်မက်မက်နေသူတွေအတွက်အကောင်းဆုံးအခွင့်အလမ်း။

အာမခံကိုယ်စားလှယ်တစ်ယောက်လုပ်ပြီးသင့်ရဲ့ဘဝရဲ့ပြောင်းလဲမှုကိုလိုချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့
Chubb Life Myanmar နှင့်လက်တွဲဖို့ဖိတ်ချင်ပါတယ်။
ယခုအချိန်မှာလုပ်ငန်းသစ်တစ်ခုစဖို့(သို့)အလုပ်တစ်ခု
အသက်မွေးဝမ်းကြောင်းတစ်ခုရှာဖို့အတွက်ခက်ခဲနေသူ
များအတွက်အခွင့်လမ်းကောင်းတစ်ခုပါပဲ...

လစာကိုသတ်မှတ်ချက်နဲ့ရတာမျိုးမဟုတ်ပါဘူး။ကိုယ်ပိုင်လုပ်ငန်း Insurance Franchise လုပ်ငန်းအနေနဲ့
ခံစားခွင့်ကော်မရှင်ရရှိတာပါ...

အခြေခံလိုအပ်ချက်
✅ဘွဲ့ရ (စီးပွားရေးနှင့်ဘဏ္ဍာရေး ပိုမိုသင့်တော်)
✅မန်နေဂျာအဆင့်နှင့်အထက်လုပ်ကိုင်ဖူးသူ
✅စျေးကွက်အသစ်အားထိုးဖောက်နိုင်သူ
✅အသင်းအဖွဲ့နှင့်ဆောင်ရွက်တတ်သူ
✅ပရဟိတ(သို့)အများအကျိုးစိတ်ဝင်စားသူ

အကျိုးခံစားခွင့်
✅အာမခံလုပ်ငန်းအတွက်သင်တန်းအခမဲ့တက်ရမည်။
✅အာမခံလိုင်စင်အားကုမ္ပဏီစားရိတ်ဖြင့်ရရှိပါမည်။
✅အာမခံအမျိုးအစားလိုက်ခံစားခွင့်
✅လစဥ်ဆုကြေးနှင့်နှစ်စဥ်ဆုကြေးငွေ
✅နိုင်ငံခြားခရီးစဥ်များလိုက်ပါခွင့်

လိုအပ်သောစာရွက်စာတန်းများ
Financial Advisor လျှောက်သူများ
အောက်ပါစာရွက်စာတမ်းများဖြင့်ရုံးသို့လူကိုယ်တိုင်လာရောက်
၁။ CV
၂ ။ မှတ်ပုံတင်မိတ္တူ
၃။ ဘွဲ့လက်မှတ်မိတ္တူ
၄။ ဓာတ်ပုံ ၂ ပုံ (နောက်ခံအဖြူ) ၁" x ၁.၅"
၅။ သန်းခေါင်စာရင်းမိတ္တူ (ရှေ့နောက်)
၆။ ဘဏ် Passbook မိတ္တူ (Clear ACC နံပါတ်)
၇။ နိုင်ငံကူးလက်မှတ် (ရှိလျှင်)

မိမိဘက်မှအားစိုက်ထုတ်ရန်
အပတ်စဥ် ကြာသာပတေး၊သောကြာ
On Boarding Training
Thursday
9:00am-4:00pm
Friday
9:00am-12:00pm

စိတ်ပါဝင်စားသူများအနေဖြင့်အောက်ပါလိပ်စာအတိုင်း
တနလ်ာနေ့နှင့်အဂ်ါနေ့ နေ့လည် ၁၂ နာရီမှ ၃နာရီအတွင်း
လူကို​ယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။


Myanmar Plaza Tower 2
18th Floor
Kabar Aye Pagoda Road

12/11/2021

ခုလို #ငွေသားရှားပါးနေတဲ့ကာလ



ဒီ​နေ့မှာ ပရီမီယံ​ငွေ သိန်း၈၀ လာပြီး သွင်းသွားတဲ့ လှိုင်သာယာက Customer ပါ။ Customer က လှိုင်သာယာမှာ ကုန်စုံ ဆိုင်ဖွင့်ထားတာပါ။ သိန်း ၄၀၀ plan ကို ၅နှစ်နဲ့ တနှစ်စာ သိန်း၈၀ သွင်းတာပါ။ ခုလို Risk များ​နေတဲ့ အချိန် + မိမိရဲ့. Bank မှာ ရှိထားတဲ့ ​ငွေ ​တွေ ပြန်ထုတ် လို့လည်း မရတဲ့ အချိန်မှာ မှာ ​ #ငွေစု + #အကာကွယ်ယူထားတာဟာ
အမှန်ကန်ဆုံးသောရွေးချယ်မှုChubb Life Myanmar
Chubb Life Myanmar Office

Messenger မှာ Appointment ယူ၍
အာမခံနှင့်ပတ်သက်၍သိလိုသိများကို
အခမဲ့ဆွေးနွေးပေးပါသည်။

Dr Oke Kar Min
𝗔𝗴𝗲𝗻𝗰𝘆 𝗟𝗲𝗮𝗱𝗲𝗿 𝗖𝗛𝗨𝗕𝗕
𝗪𝗲𝗹𝗹𝗻𝗲𝘀𝘀 𝗖𝗼𝘂𝗻𝘀𝘂𝗹𝘁𝗮𝗻𝘁
Founder of Smart Clinic
MBBS(YGN)
Nutritionist Intern
MSc Nutrition and Dietetics (UK)
University of Bedfordshire


Myanmar Plaza Tower 2
18th Floor

12/11/2021

Gloria Jean's Cofee တစ်ခွက်က ၅၀၀၀ ​ကျော်၊ Hotpot ဆိုင် တခါ သွားစားရင် သိန်း​ကျော် ကုန်ပါတယ်။

သို့​သော် မိမိနဲ့ မိမိ မိသားစုရဲ့ အနာဂတ် အတွက်၊ သားသမီး​တွေရဲ့ ပညာ​ရေး အတွက် တစ်​နေ့ မြန်မာ​ငွေ ၃ ​ထောင် စုပါ ဆိုရင်​တော့ မအား​သေးဘူးတို့ ​နောက်မှတို့ 😜😜😜

မ​တော်တဆနဲ့ ထင်မှတ်မထားတဲ့ အရာ​တွေက ကိုယ်​တွေ မျက်စိ​ရှေ့မှာ ​​နေ့တိုင်း ဖြစ်​နေတာ​တွေ ဆို​တော့
ကိုယ့် မိသားစု အနာဂတ်အတွက် Financial Planning ကို ကြိုတင် စီမံထားသင့်တဲ့ အခွင့်အ​ရေး​တွေ ရှိ​​နေပါပြီ။

11/11/2021

တစ်ရက်ကို ၃၀၀ လောက်ပဲကုန်ကျမယ့်…

ကျန်းမာရေးအာမခံကိုဘယ်လိုထားမလဲ…

Dr Oke Kar Min
𝗔𝗴𝗲𝗻𝗰𝘆 𝗟𝗲𝗮𝗱𝗲𝗿 𝗖𝗛𝗨𝗕𝗕
𝗪𝗲𝗹𝗹𝗻𝗲𝘀𝘀 𝗖𝗼𝘂𝗻𝘀𝘂𝗹𝘁𝗮𝗻𝘁
Founder of Smart Clinic
MBBS(YGN)
Nutritionist Intern
MSc Nutrition and Dietetics (UK)
University of Bedfordshire


#ချက်ဘ်ကျန်းမာရေးအာမခံ

20/10/2021

သီတင်းကျွတ်အခါ သမယမှာ လူကြီးမိဘများ နဲ့ မိသားစုဝင်များ အားလုံး ရွှင်လန်းချမ်းမြေ့ ငြိမ်းချမ်း နိုင်ပါစေလို့ Chubb Life Myanmar မိသားစုမှ ဆုမွန်ကောင်း ပို့သလိုက်ပါတယ်။

Chubb Life Insurance Myanmar team would like to extend our sincere appreciation and wishing everyone a Healthy, Safe, and Happy Thadingyut!

May this festive season bring good health, peace, and prosperity to you and your family.



#ချက်ဘ်အသက်အာမခံ

Photos from Okka Insurance's post 14/10/2021

Digging Deep….

Under writer…တွေကအာမခံထားသူ
တွေကိုဘယ်လို…

Risk Assessment လုပ်လဲဆိုတာတစ်
ကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်..

အသက်အာမခံပေါ်လစီဆိုတာ
လူသုံးကုန်ပစ္စည်းလိုမျိုးလိုချင်လို့
ဝယ်ထားမယ်ဆိုပြီး…

ရော့…အင့်…ပိုက်ဆံယူ…
ပေါ်လစီတစ်စောင်ပေးဆိုပြီးတော့ဝယ်
လို့မရပါဘူး…

အာမခံပေါ်လစီတစ်စောင်ထားဖို့ဆုံး
ဖြတ်ထားသူကိုလက်ခံဖို့အတွက်
Risk Assessment တွေလုပ်ရပါတယ်…

အဲ့ဒီအပေါ်မူတည်ပြီးလက်ခံ/လက်မခံ
ဆုံးဖြတ်ရတာမျိုးပါ…

အသက်နဲ့ကျန်းမာရေးအခြေအနေ
ပေါ်မူတည်ပြီးတော့
ကုမ္ပဏီဘက်ကလက်ခံနိုင်တဲ့ Risk
ဆိုရင် အာမခံပေါ်လစီလျှောက်သူကို
လက်ခံတာမျိုးပါ…

ဒါနဲ့ပတ်သက်ပြီးကျန်းမာရေးနဲ့
အသက်သေဆုံးနိုင်ချေရှိမရှိကို
ကြိုတင် စစ်ဆေးထားတယ်ဆိုရင်တော့
ကိုရဲ့လျှောက်လွှာကိုကုမ္ပဏီကလက်ခံ
နိုင်ဖို့အခွင့်အလမ်းများပါတယ်….

အာမခံကုမ္ပဏီကလက်ခံသူဆိုတာ
တနည်းအားဖြင့်ကျန်းမာရေးအခြေ
အနေ အလယ်အလတ်အဆင့်ရှိတာဖြစ်
တဲ့အတွက်….ကိုယ်တိုင်လည်းစိတ်ကျေ
နပ်မှုရမှာပါ…

အားလုံးပဲအနာဂတ်အတွက်မိသားစု
အတွက် အကာအကွယ်ပေးနိုင်ဖို့
အာမခံပေါ်လစီတစ်စောင်ကိုတော့
ထားဖို့ကြိုးစားသင့်ကြောင်း
စေတနာများစွာဖြင့်မျှဝေပေးလိုက်ရပါတယ်။

Dr Oke Kar Min
𝘼𝙜𝙚𝙣𝙘𝙮 𝙇𝙚𝙖𝙙𝙚𝙧 & 𝙇𝙞𝙛𝙚 𝙋𝙡𝙖𝙣𝙣𝙚𝙧
𝗖𝗛𝗨𝗕𝗕
𝙎𝙥𝙚𝙘𝙞𝙖𝙡𝙞𝙨𝙩 𝙉𝙪𝙩𝙧𝙞𝙩𝙞𝙤𝙣𝙞𝙨𝙩
𝗠𝗕𝗕𝗦 (𝗬𝗚𝗡)
𝗠𝗦𝗰. 𝗡𝘂𝘁𝗿𝗶𝘁𝗶𝗼𝗻 & 𝗗𝗶𝗲𝘁𝗲𝘁𝗶𝗰𝘀 (𝗨𝗞)

To Focus On Healthcare, Cigna To Sell Life Insurance Business To Chubb For $5.75 Billion 08/10/2021

CHUBB အာမခံကုမ္ပဏီဟာ အ​မေရိကန် အ​ခြေစိုက် ကမ္ဘာ့ အကြီးဆုံး အာမခံ ကုမ္ပဏီ ​တွေထဲက တစ်ခုဖြစ်တဲ့ CIGNA Company ရဲ့ Korea , Taiwan , New Zealand, Thailand, Hong Kong နဲ့ Indonesia နိုင်ငံ စသည်
Asia -Pacific Region မှ နိုင်ငံ​ပေါင်း ၆ နိုင်ငံရဲ့ Operation ​တွေကို ​ဒေါ်လာ 5.75 Billions in Cash နဲ့ ဝယ်ယူဖို့ သ​ဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

ထို့အတူ Turkey တူရကီ နိုင်ငံမှာ​​တော့ CHUBB နဲ့ CIGNA ကုမ္ပဏီ တို့ အတူတူ ပူးတွဲ လုပ်​​ဆောင်ကြဖို့လဲ သ​ဘောတူညီမှု ​တွေ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ယခုလို ဝယ်ယူမှုဟာ CHUBB အ​နေနဲ့ မြန်မာ အပါအဝင်
Asia-Pacific Region နိုင်ငံ​တွေမှာ အသက်အာမခံ၊ ကျန်းမာ​ရေး အာမခံ၊ မ​တော်တဆ ထိခိုက်မှု အာမခံ နဲ့ အခြား အာမခံ ဆိုင်ရာ ဝန်​ဆောင်မှုများကို အရင်ထက်ပို​ပြီး လူအများကို ဝန်​ဆောင်မှု ​ပေးလို့ရ​တော့မှာ ဖြစ်ပါတယ်။

Credit To
Agency Developement Manager
Ko Aung AUNG Zaw
Chubb Life Myanmar

https://www.forbes.com/sites/brucejapsen/2021/10/07/cigna-to-sell-life-accident-business-to-chubb-for-575-billion/?fbclid=IwAR11FuU9-zLliS7NKrkG1slxs70zK_zrxWPTyNs7JOJ_Jv9jB1EGhpExSys&sh=1f3dcf215435

To Focus On Healthcare, Cigna To Sell Life Insurance Business To Chubb For $5.75 Billion Cigna is selling its life, accident and supplemental benefits businesses to Chubb for $5.75 billion to focus on its healthcare business.

28/09/2021

အာမခံကုမ္ပဏီတွေ ခိုင်မာရဲ့လား။

အာမခံလုပ်ငန်း (အာမခံကုမ္ပဏီ) တွေဟာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနရဲ့ လက်အောက်ဌာနခွဲ တစ်ခုဖြစ်သော ငွေရေးကြေးရေးကြီးကြပ်စီစစ်ရေးဌာန FRD နှင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ IBRB တွေရဲ့ ကြီးကြပ်ကွပ်ကဲမှုတွေအောက်မှာ လုပ်ကိုင်ဆောင်ရွက် ဝန်ဆောင်မှုပေးရပါတယ်။

အာမခံလုပ်ငန်း ဝန်ဆောင်မှုပေးနိုင်ဖို့အတွက်လည်း Paidup Capital အဖြစ် General Insurance အတွက် ကျပ် (သန်းပေါင်း ၄၀,၀၀၀)၊ Life Insurance အတွက် ကျပ် (သန်းပေါင်း ၆,၀၀၀)၊ စုစုပေါင်း ကျပ် ၄၆ ဘီလီယျံ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် Treasure Bond တွေ၊ Reserved Fund တွေအဖြစ် အရံရန်ပုံငွေများလည်း သီးသန့်စီမံထားကြပါတယ်။

Paidup Capital - 46 Billion ရဲ့ 10% ဖြစ်တဲ့ 4.6 Billion ကို Myanmar Economics Bank - MEB မှာ Deposit သွင်းထားရပါတယ်။..
Paidup Capital ရဲ့ 30% အဖြစ် 13.8 Billion ကို Treasure Bond (ငွေတိုက်စာချုပ်) ဝယ်ထားရပါတယ်။

2020 ထဲမှာ ပြည်ပအသက်အာမခံကုမ္ပဏီ (၅) ခုလဲ တရားဝင်လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိနေပြီဖြစ်ပြီး ပြည်တွင်းရှိ နိုင်ငံတော်ပိုင် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် ပြည်တွင်းပုဂ္ဂလိကအာမခံကုမ္ပဏီများထဲမှ အချို့ကလည်း ကမ္ဘာကျော်ပြည်ပအာမခံကုမ္ပဏီအချို့ရဲ့ ရင်းနှီးမြုပ်နှံမှုများနှင့်အတူ Joint Venture အကျိုးတူ ပူးပေါင်းဆောင်ရွက်လာကြပြီဖြစ်လို့ ယခင်ကထက် ပိုပြီးခိုင်မာလာသလို ပိုပြီး ဝန်ဆောင်မှုပေးလာနိုင်တော့မှာ ဖြစ်ပါတယ်။

အာမခံလုပ်ငန်းဟာ အာမခံထားသူများရဲ့ ဆုံးရှုံးမှုများအတွက် စီမံခန့်ခွဲပေးရတဲ့ Risk Management ဝန်ဆောင်မှုတစ်ခု ဖြစ်လို့ အာမခံကုမ္ပဏီတွေ ကိုယ်တိုင်ကလည်း Risk Mitigation အစီအမံတွေ ကြိုတင်စီမံထားကြပါတယ်။

အာမခံထားသူတွေရဲ့ ငွေပမာဏများပြားတဲ့ အာမခံထားရှိမှုတွေကို အပြည့်အ၀ ၀န်ဆောင်မှုပေးနိုင်ဖို့ အတွက် နိုင်ငံတော်ပိုင် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် ပြည်တွင်းရှိအာမခံကုမ္ပဏီအားလုံးပါဝင်တဲ့ Risk ကို မျှဝေလက်ခံတဲ့ Co-Insurance ...
ဒါ့အပြင် ပြည်ပအာမခံကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး Reinsurance (တဆင့်အာမခံ) ထားရှိထားခြင်းစနစ်များဖြင့် ကြိုတင်အစီအမံတွေ ထားရှိထားကြပါတယ်။

အာမခံကုမ္ပဏီများဟာ အာမခံအမျိုးအစားအလိုက် Funding များလည်း ထူထောင်ထားရပါတယ်။ ဒါကတော့ Company တစ်ခုချင်းစီရဲ့ Working Capital, Income Statement တို့ပေါ်မူတည်ပြီး သက်ဆိုင်ရာ Finance အပိုင်းတွေက သတ်မှတ်ထားရှိကြရပါတယ်။

အသက်အာမခံလုပ်ငန်းဘက်မှာဆိုလည်း
အသက်အာမခံပေါ်လစီရှင်များကို ကာကွယ်ရန်အတွက် အသက်အာမခံ ရန်ပုံငွေစာရင်းများကိုလည်း သီးသန့် ဖွင့်လှစ်ထားရှိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အသက်အာမခံကုမ္ပဏီ (၁၇) ခု ရှိပါတယ်။ နိုင်ငံတော်ပိုင် (၁)ခု၊ ပြည်တွင်းကုမ္ပဏီ (၈)ခု၊ ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီ (၃)ခုနဲ့ ရာနှုန်းပြည့် ရင်းနှီးမြုပ်နှံမှုနှင့် လုပ်ကိုင်ခွင့်ရထားတဲ့ ပြည်ပကုမ္ပဏီ (၅)ခု ရှိပါတယ်။

🔖 Government-owned (1)
☑ မြန်မာ့အာမခံ
🔖 Local Companies (8)
☑ အောင်မြင့်မိုရ်မင်း
☑ အောင်သစ္စာဦး
☑ AMI Life
☑ EFI Life
☑ FNI Life
☑ GWI, GLI
☑ KBZ Life
☑ Young
🔖 Joint Venture (JV) Companies (3)
☑ Capital Taiyo Life
☑ CB Life
☑ GGI Nippon Life
🔖 Foreign Companies (5)
☑ AIA
☑ Chubb
☑ Dai-ichi
☑ Manulife
☑ Prudential

အာမခံကုမ္ပဏီ တစ်ခုချင်းစီမှာ အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိပါတယ်။
အာမခံ အမျိုးအစားတွေကလည်း အာမခံထားမယ့်သူရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး ကိုက်ညီတဲ့ Cover တွေရအောင် ရွေးချယ်ထားရှိဖို့ လိုပါတယ်။

ဒါကြောင့် မိမိနှစ်သက်ရာ အာမခံကုမ္ပဏီများမှာ အာမခံထားရှိပြီး အကာအကွယ်ယူထားခြင်းဖြင့် ကိုယ့်ရဲ့ Future Financial Plan တွေကို လုံခြုံစိတ်ချစွာ စီမံထားနိုင်ပါတယ်။

နိဂုံးအနေဖြင့် မိတ်ဆွေတို့ သိလိုတဲ့ အာမခံအမျိုးအစား၊ ကိုယ်နဲ့ကိုက်ညီသင့်တော်တဲ့ အာမခံအမျိုးအစား၊ ဝန်ဆောင်မှုပေးနေတဲ့ အာမခံကုမ္ပဏီတွေအကြောင်းတွေနဲ့ မည်သည့်အာမခံကုမ္ပဏီမှာပဲဖြစ်ဖြစ် အာမခံထားရှိခြင်းတွေကို အေးအေး ဆေးဆေး ရင်းရင်းနှီးနှီးဖြင့် မိမိသိလိုရာ ဆွေးနွေးတိုင်ပင်လိုရင်ဖြင့် ...
ငွေရေးကြေးရေးကြီးကြပ်စီစစ်ရေးဌာန FRD, အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ IBRB တို့ရဲ့ တရားဝင်လိုင်စင်ရ Insurance Agent #အာမခံကိုယ်စားလှယ် တွေက အခမဲ့ အကြံဉာဏ်ပေး၊ ဝန်ဆောင်မှုပေးနေတာမို့ မိတ်ဆွေတို့ရဲ့ အနီးဆုံး အာမခံကိုယ်စားလှယ် တစ်ဦးဦးကိုသာ ဆက်သွယ်လိုက်ဖို့ အကြံပြုတိုက်တွန်းရင်း မျှဝေတင်ပြအပ်ပါတယ်။

Credit ... A9 Business

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ရာသီပေါတုပ်ကွေးနှင့်ကာကွယ်ဆေးအကြောင်း
တန်ဖိုးရှိတဲ့မိမိတို့ရဲ့အသက်တစ်ချောင်းနှင့်ပိုင်ဆိုင်မှုအတွက်ဘယ်လိုကာကွယ်မလဲ?အခုလိုအချိန်မှာလူတိုင်းအတွက်ငွေကြေးဆိုင်ရာပ...
ကျန်းမာရေးအာမခံနှင့်ပတ်သက်၍ရှင်းလင်းပြောကြားချက်
ကျန်းမာရေးအာမခံနှင့်ပတ်သက်၍ရှင်းလင်းပြောကြားချက်
Chubb အာမခံအကြောင်းမိတ်ဆက် အပိုင်း(၁)
စိတ်တထင့်ထင့်နဲ့...ကြည့်နေရတာ...
ဖုန်းဘေကံစမ်းမဲ

Telephone

Website

Address


Kabar Aye Pagoda Road, 192, Tower 2, 18F
Yangon
11201

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00

Other Financial Services in Yangon (show all)
Hmone Nathar Tun Hmone Nathar Tun
Yangon, 11071

If you're interested in protecting families from the comfort of your home, send me a message. I would be happy to discuss our opportunity with you. Keep dreaming!

Myanmar Remit Myanmar Remit
Urban Asia Center, Room No 254, 2nd Floor , Corner Of 48th Street & Maha Bandula Road, Botataung Tsp
Yangon, 11221

We provide an official platform for receiving and recording the amount of money transferred to/from

Insurance Coverage with CHUBB by NVN Insurance Coverage with CHUBB by NVN
Kabaaye Pagoda Road
Yangon

Protecting your Family

Shwe Pyae Sone Firm & Company Agent Shwe Pyae Sone Firm & Company Agent
No. 39, (42) Street, Between Merchand &Kanner Street, Botahtaung Township
Yangon

AiGold 125 AiGold 125
Yangon

YK Forex Technical Analysis YK Forex Technical Analysis
No. 11, Coner Of Kan Yeik Thar Road &, U Aung Myat Rd
Yangon

ကမ္ဘာ့ရွှေ ရောင်းဝယ်ရေး နှင့် အကောင့်ဖွင့်ခြင်း ဝန်ဆောင်မှု

Happy Life Happy Life
18 Floors, Office Tower 2, Myanmar Plaza, Kabaraye Pagoda Road, Bahan
Yangon

Myanmar needs Insurance

Life Insurance Advisor Aye Thuzar Khine Life Insurance Advisor Aye Thuzar Khine
Yangon

Life Insurance Advisor at Manulife Myanmar

Anna - Quick Exchange Anna - Quick Exchange
Yangon

1% exchange- Wave,Kpay,CbPay,AyaPay,A+Wallet,UabPay,Citizens Pay, Cb,Aya,Kbz,Abank,MAB Bank,MCB Bank are available to exchange. %ဖြင့်ငွေသားထုတ်ချင်းလုံး၀မလုပ်ပါရှင့်။

AIA Myanmar Hannah AIA Myanmar Hannah
Junction City Tower, No. 3/A. Bogyoke Aung San Road, 22nd Floor
Yangon, 11141

Specialised in insurance covering Life, Education, Health and general insurance.

Fiscal APEX Myanmar Fiscal APEX Myanmar
Building 27, No/7/05, 52th Street Lower Block, Botahtaung Township
Yangon, 11161

Start your trading life with us.

Forex Idiots Forex Idiots
Yangon