Mental Health By Dr.De De

Dr.DeDe (MBBS, M.Med.Sc) (Mental Health)

08/12/2023

ကုသဖို့လိုပြီလား Vs ကုသဖို့ မလိုသေးဘူးလား ❓

👨‍⚕️ ဒီနေ့ပြောပြချင်တာက စိတ်ကျန်းမာရေးမှာ ဘယ်လိုအခြေမျိုးဆိုရင် စိတ်ကျန်းမာရေး ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင် သင့်ပြီလဲဆိုတာ အကြမ်းဖျင်းလေး ဖေါ်ပြပေးသွားပါမယ်။ ဟိုးအရင်တုန်းကလည်း ဒီလိုပုံစံတူ Post တစ်ခု တင်ပေးဖူးတယ်။ Comment မှာ Link ချိတ်ပေးထားပါတယ်။ လူနာ (သို့) မိသားစုဝင် တစ်ယောက်ယောက်က ဒါလေးတွေကို သိထားမယ်ဆိုရင် တစ်ခုခုကို ဆုံးဖြတ်ရတဲ့အခါ အင်မတန်မှ အသုံးဝင်နေပါလိမ့်မယ်။

👨‍⚕️ Post (၂) ခုလုံးက ဘာကိုရည်ရွယ် ထားသလဲဆိုတော့ လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေး အခြေအနေဟာ ကုသဖို့လိုတယ်၊ မလိုဘူး....ပညာရှင်တွေ သတ်မှတ်ကြတဲ့အခါ စိတ်ကျန်းမာရေးနဲ့ဆိုင်တဲ့ နိုင်ငံတကာ ဆေးပညာစာအုပ်၊ သုတေသန၊ စာတမ်းတွေထဲမှာ ဘယ်အချက်တွေကို အမြဲတစေ တညီတညွတ်တည်း ထည့်သွင်းဖေါ်ပြ သတ်မှတ်ပြီးတော့မှသာ ဆုံးဖြတ်တတ်ကြသလဲ ဆိုတာကို သိစေချင်လို့ပါ။

👨‍⚕️ လူတစ်ယောက်ဟာတဲ့၊ လတ်တလော ဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် သူရဲ့

🔺 စိတ်ပိုင်းဆိုင်ရာ
🔺 ရုပ်ပိုင်းဆိုင်ရာ
🔺 စီးပွားရေး
🔺 လူမှုရေး
🔺 ပညာရေး
🔺 ကျန်းမာရေး
🔺 အချစ်ရေး
🔺 အိမ်ထောင်ရေး
🔺 သားသမီးရေး
🔺 မိသားစုအရေး
🔺 ငွေရေးကြေးရေး
🔺 ဘဝရဲ့တိုးတက်ရာ တိုးတက်ကြောင်းအရေး
🔺 ကိုယ့်ဘဝရဲ့ အရေးကြီးတဲ့ ကိစ္စတွေ
🔺 နိစ္စဓူဝလုပ်ရမယ့် အခြေခံအလုပ်တွေ (တစ်ကိုယ်ရည် သန့်ရှင်းမှု၊ ဖီးလိမ်းပြင်ဆင်မှု စသည်)
🔺 အစာစားချင်စိတ်
🔺 ကိုယ်အလေးချိန်
🔺 အိပ်စက်ခြင်းဆိုင်ရာ
🔺 လိင်မှုဆိုင်ရာကိစ္စ

တွေမှာ ထိခိုက်နစ်နာမှုတွေ ရှိလာခဲ့ရင်တော့ ဒါကို စိတ်ရောဂါရှိနေပြီ၊ ကုသဖို့လို​နေပြီလို့ အကြမ်းဖျင်း စတင်သတ်မှတ်လို့ ရနိုင်ပြီးတော့ မရှိသေးဘူးဆိုရင် မလိုသေးဘူးလို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။ မထိခိုက်သေးသမျှ Disorder (ရောဂါ) လို့ တော်ရုံမသတ်မှတ်ပါဘူး။ မထိခိုက်သေးပေမယ့်လို့ ထိခိုက်လာနိုင်မယ့် အရိပ်အယောင်ရှိရင် ကြိုတင်ပြီးတော့ ဆွေးနွေးတိုင်ပင် ထားသင့်တယ့် အခြေအနေမျိုးရှိတာကို ခြွင်းချက်အနေနဲ့ မှတ်ထားရပါမယ်။

👨‍⚕️ ဥပမာဗျာ....လူတစ်ယောက်ဟာ လတ်တလော စိတ်အခြေအနေတွေကြောင့် သာရေးနာရေးလည်း မသွားနိုင်တော့ဘူး၊ ငွေလည်း မရှာချင်တော့ဘူး၊ စာလည်းမလုပ်ချင်၊ အိမ်ထောင်ရေးမှာလည်း အဆင်မပြေဖြစ်၊ သမီးရည်းစားကိစ္စ တွေမှာလည်း အဆင်မပြေ၊ ကျန်းမာရေးကလည်း ချူချာလာ၊ အစာလည်းမစားချင် (သို့) ခါတိုင်းထက်ကို အလွန်အကျွံတွေ စားနေမိတာ၊ အသားကုန် အိပ်တာ (သို့) ဘယ်လိုမှကို အိပ်လို့မရတာ၊ အိပ်ပျော်ဖို့ ခက်နေတာ၊ အိမ်မက်ဆိုးတွေချည်း ဆက်တိုက်မက်နေတာ၊ လန့်နိုးတာ၊ အစောကြ်ိးနိုးနေတာ၊ (ကန်တော့ပါရဲ့) လိင်ကိစ္စတွေမှာပါ စိတ်မပါတော့တာ၊ အမျိုးသားတွေမှာ လိင်ကိစ္စ မစွမ်းဆောင်နိုင်တော့တာ၊ အမျိုးသမီးတွေမှာ ဆိုရင် လိင်စိတ်မဖြစ်တော့တာ၊ လူမှုရေးထိခိုက်လောက်အောင် လူတွေကိုရှောင်တာ (သို့) ဒေါသတကြီးတိုက်ခိုက်တာ၊ ဆဲဆိုတာ စသည်ဖြင့်ပေါ့ဗျာ။ ပြောမယ်ဆို အများကြီး ဖြစ်သွားတော့မယ်။

🔺 အလွယ်မှတ်ထားချင်ရင် ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာတွေကြောင့် ကိုယ့်ကိုယ်ကိုယ်နဲ့ သူတစ်ပါးကို မထိခိုက်ရင် Normal လို့ မှတ်လို့ရတယ် 🔺

👨‍⚕️ ဒီ Post ကို ကျွန်တော်ဘာလို့ ဖေါ်ပြရသလဲဆိုတော့ ဒီကာလမှာ ကျွန်တော့်ဆီ လာရောက် ဆွေးနွေးတိုင်ပင်ကြတဲ့ Clients တွေထဲကမှ သုံးပုံတစ်ပုံလောက်ဟာ ဆေးဝါးတွေ + စိတ်ကုထုံးတွေနဲ့ သူတင်ကိုယ်တင် ကုသရလောက်တဲ့ အခြေအနေမျိုး မရှိပေမယ့် သူတို့ကိုယ်သူတို့ အဲသလို ကုသဖို့လိုနေပြီလို့ ထင်နေကြပါတယ်။ ဆိုလိုချင်တာက စိတ်ရောဂါတွေ မရှိဘဲနဲ့ စိတ်ရောဂါတွေ ရှိနေပြီလို့ ထင်နေကြတာပါ။

👨‍⚕️ အဲဒီလိုထင်စေရတဲ့ တရားခံတွေထဲမှာ ကျွန်တော်လည်း ပါပါတယ်။ ဒီလိုပါ။ Facebook မှာ အရင်ကထက် စိတ်ကျန်းမာရေးနဲ့ ပက်သက်တဲ့ ဗဟုသုတရဖွယ် Post တွေအများကြီးဖြစ်လာတာ အင်မတန်မှ ကောင်းပေမယ့် တစ်ဘက်မှာ အဲဒီစာတွေ၊ စစ်ဆေးလွှာတွေကို ဖတ်ပြီး ကိုယ့်ဘာသာကိုယ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ရှိနေပြီလို့ ထင်သွားကြပါတယ်။ လက်တွေ့ကြုံလာရလို့ ပြောပြတာပါ။

👨‍⚕️ တစ်ချို့ဆို ကျွန်တော့် Page ထဲက စာတွေဖတ်ပြီးတော့မှ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက လိုတာထက် ပိုဆိုးနေပြီလို့ သုံးသပ်လိုက်မိကြတယ်လို့ ဝန်ခံကြတယ်။ တစ်ချို့ဆို နဂိုရှိတာက စိုးရိမ်စိတ်များတာရယ်၊ ကျွန်တော့် Page က စိတ်ကျရောဂါအကြောင်း ဖတ်လိုက်တော့မှ သူ့မှာ စိတ်ကျ​ရောဂါပါ ရှိနေပါပြီလို့ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်လိုက်တဲ့ သူတွေလည်း တွေ့လာရတယ်။

👨‍⚕️ ဒီလိုပါဘဲ တစ်ချို့ဆို စိုးရိမ်စရာကောင်းတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံနေရတာတောင် သူတို့ရဲ့ Defence mechanisms (အတ္တကာကွယ်မှု ယန္တရား) တွေ၊ Cognitive distortions (ဆင်ခြင်ဉာဏ် သွေဖီခြင်း) တွေ ကောင်းလွန်းနေတော့ ကျွန်တော်က တိတိကျကျ ဘာဖြစ်နေသလဲ ပြောပြတာတောင် လုံးဝလက်မခံတဲ့ သူတွေလည်း ရှိတယ်။ စိတ်ပြဿနာတွေမှာ Delusions ကပ်ပြီး ပါလာတဲ့သူတွေပေါ့။

👨‍⚕️ မည်သို့ပင်ဆိုစေကာမှု စိတ်မကျန်းမမာ ဖြစ်နေပြီလား၊ မဖြစ်သေးဘူးလား၊ ဖြစ်တော့မှာလား၊ စိတ်ကျန်းမာရေး ဆရာဝန်တွေနဲ့ ပြသဖို့ရော လိုပြီလား၊ မလိုသေးဘူးလား ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တဲ့အခါမှာ ဒီအချက် ဒီအချက်တွေနဲ့ အကြမ်းဖျင်း သုံးသပ်လို့ ရပါတယ်ဆိုတဲ့အကြောင်း စိတ်ကျမ်းမာရေး ဗဟုသုတအဖြစ် ဖေါ်ပြပေးလိုက်ပါတယ်။

🩺 Dr.DeDe (Mental Health) 🩺

👨‍⚕️ Page မှာ ရေးသားဖေါ်ပြထားတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေ၊ Audio၊ Video တွေကို အများအကျိုးအတွက် Copy ယူမယ့် သူများအနေနဲ့ ဖြတ်ညှပ်ကပ် မလုပ်ဘဲ အပြည့်အဝ Credit ပေးပေးဖို့ အသိပေးလိုပါတယ်။

👨‍⚕️ ဒေါက်တာဒီဒီနဲ့ ဆွေးနွေးလိုတယ် ဆိုရင်တော့ Page messenger (သို့) Phone Call (သို့) Viber တို့ကနေတစ်ဆင့် ဆက်သွယ်ပြီး မေးမြန်း စုံစမ်းနိုင်ပါတယ်။

❗❗လာရောက် ဆွေးနွေးတိုင်ပင်တဲ့ မိတ်ဆွေတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေးကို ကျွန်တော်တို့ ဆရာဝန်များ စောင့်ထိန်းရတဲ့ ကျင့်ဝတ်အတိုင်း လျှို့ဝှက်ပေးထားတာမို့ မိသားစုဝင် တစ်ယောက်လို ယုံကြည်စိတ်ချစွာ ဆွေးနွေး တိုင်ပင်နိုင်ပါတယ်❗❗

#စိတ်ရောဂါ #စိတ်စွဲရောဂါ #စိတ်ကျန်းမာရေး #စိတ်ပညာ

05/12/2023

🟥 စိတ်ကျန်းမာရေးဆေးတွေ သောက်တော့မယ်ဆိုရင် ဘာတွေသိထားရမလဲ ❓

👨‍⚕️ ကျွန်တော့်ရဲ့ Group ထဲမှာ စိတ်ကျန်းမာရေးနဲ့ ပက်သက်လို့ စိတ်ဝင်တစား မေးထားတဲ့ ညီငယ်တစ်ယောက်အတွက် ဖြေပေးထားရင်း စိတ်ကျန်းမာရေးမှာ သိသင့်တယ်လို့ ယူဆတဲ့ အကြောင်းအရာလေးတစ်ခုကို ပြင်ဆင်ထားပါတယ်။

👨‍⚕️ စိတ်ကျန်းမာရေးမှာ ကုသတဲ့ ဆေးတော်တော်များများဟာ ချက်ချင်း အစွမ်းမပြပါဘူး။ စသောက်တဲ့နေ့ကစလို့ အနည်းဆုံး (၂-၃) ပါတ်လောက် ကြာမှသာ စတင်အစွမ်းပြပါတယ်။ အဲဒီတော့ စိတ်ကျန်းမာရေး ဆရာဝန်တွေအနေနဲ့ ဆေးတွေအစွမ်းမပြခင် ကာလမှာ ရေတိုသက်သာစေတဲ့ ဆေးဝါးတွေနဲ့ တွဲပြီးကုသပေး တတ်ကြပါတယ်။ ဒီ့အတွက် စိတ်မပူပါနဲ့။

👨‍⚕️ ဆေးအစွမ်းမပြခင် ဆေးသောက်ပြီး (၁) ပါတ်အတွင်း လက်ရှိခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေက နည်းနည်းလေး ဆိုးသွားတတ်ပါတယ်။ ဥပမာ - စိတ်ကျတဲ့သူက နည်းနည်းလေး စိတ်ပိုကျတယ်၊ အိပ်မပျော်တဲ့သူက နည်းနည်းလေး အိပ်မပျော်တာတွေ ဖြစ်လာတယ်၊ ဂဏာမငြိမ်တဲ့သူက နည်းနည်းလေး ဂဏာမငြိမ် ဖြစ်လာတယ်ပေါ့ဗျာ။ မကြောက်ပါနဲ့။ ဒါဆေးအစွမ်း ပြလာတယ်လို့ ယူဆနိုင်တယ်။

👨‍⚕️ (၂-၃) ပါတ်လောက်ကြာပြီး ဆေးအစွမ်း စပြတဲ့အချိန် ရောက်လာခဲ့ရင် နေရထိုင်ရတာ သက်တောင့်သက်သာ ရှိလာပါလိမ့်မယ်။ အိပ်လို့ကောင်း စားလို့ကောင်းလာပါတယ်။ ဦးနှောက်ထဲမှာ ပျော်ရွှင်စေတဲ့ ဓါတုပစ္စည်း/ ဟော်မုန်းတွေ၊ စိတ်ကိုတည်ငြိမ်စေတဲ့ ဓါတုပစ္စည်း/ ဟော်မုန်းတွေ၊ ကမောက်ကမ ဖြစ်နေတဲ့ စိတ်ကစဉ့်ကလျား ဖြစ်နေမှုကို ချိန်ညှိပေးတဲ့ ဓါတုပစ္စည်း/ ဟော်မုန်းတွေ တစ်ဖြည်းဖြည်း ထွက်လာလို့ ဖြစ်ပါတယ်။

👨‍⚕️ အလွန်အစွမ်းထက်တဲ့ စိတ်ကျန်းမာရေးဆေးတွေရဲ့ အားနည်းချက်တွေထဲက တစ်ခုဖြစ်တဲ့ အချိန်စောင့်ဆိုင်းရတာကို တစ်ခါတစ်လေ ကုသခံရတဲ့ လူနာတွေ၊ မိသားစုဝင်တွေက စိတ်မရှည်တာ၊ စိုးရိမ်လွန်တာတွေ ဖြစ်တတ်ကြလို့ လူနာနဲ့ လူနာရဲ့ မိသားစုဝင်တွေက ဒီအချက်ကို နားလည်သဘောပေါက်ထားမှ ရပါမယ်။ စိတ်ရှည်ဖို့ လိုတယ်လို့ ပြောတာပါ။

👨‍⚕️ အရေးအကြီးဆုံး နောက်တစ်ခုကတော့ စိတ်ကျန်းမာရေး ဆေးဝါးတွေကို ကိုယ့်သဘောနဲ့ကိုယ် အတိုးအလျော့လုပ်တာ၊ မသောက်ဘဲနေတာ၊ အချိန်မှန် မသောက်တာတွေကို လုံးဝ (လုံးဝ) မလုပ်ရပါ။ အန္တရာယ်ရှိနိုင်သလို ဆေးမတိုးတော့တဲ့ စိတ်ရောဂါဘက်ကိုတောင် ရောက်သွားနိုင်တဲ့အတွက် ဆရာဝန်ပြောတဲ့အတိုင်း အတိအကျသောက်ဖို့ လိုအပ်ပါလိမ့်မယ်။

👨‍⚕️ ဆေးသောက်နေရင်း အဆင်မပြေတာတွေ၊ ဒါမှမဟုတ် တစ်လကျော်လို့မှ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေက သိသိသာသာ မထူးခြားလာသေးရင် ပြသနေတဲ့ ဆရာဝန်နဲ့ပွင့်ပွင့်လင်းလင်း တိုင်ပင်ကြည့်ဖို့ အကြံပေးလိုတယ်။

👨‍⚕️ ရေရှည်အမြဲတမ်း သောက်နေရမယ့် စိတ်ရောဂါ အနည်းအကျဉ်းမှအပ (စိတ်ရောဂါပေါင်း အကြမ်းဖျင်း ၃၀၀ ကျော်ရှိတယ်) ဘယ်စိတ်ရောဂါမဆို ပထမဆုံးအကြိမ် စဖြစ်တာဆိုရင် အနည်းဆုံး ၆ လလောက် ဆေးသောက်ခိုင်းသလို ဒုတိယအကြိမ်၊ တတိယအကြိမ်တွေ ထပ်ဖြစ်တယ်ဆိုရင် ၁-၂ နှစ်လောက် ဆေးသောက်ဖို့ ဆေးပညာစာအုပ်တွေက တရားဝင် အကြံပေးထားတယ်။ ခြွင်းချက်တွေကတော့ ရှိတာပေါ့လေ။

👨‍⚕️ ဘယ်စိတ်ရောဂါကိုဘဲကုကု ဆေးဝါး + စိတ်ကုထုံး။ ထပ်ပြောပါမယ်။ ဆေးဝါး + စိတ်ကုထုံးနဲ့ သေသေချာချာ ကုသမှသာ အရှင်းပျောက်ပါတယ်။ တစ်ချို့က စိတ်ကုထုံးတွေကို ယူစရာမလိုဘူးလို့ မှတ်ယူကြပါတယ်။ စိတ်ကုထုံးတွေက ဆေးဝါးတွေလိုဘဲ အရေးကြီးတယ်။ ကျွန်တော်/ ကျွန်မ ဆေးသောက်နေတာကြာပြီ မသက်သာဘူးဆိုရင် စိတ်ကုထုံးတစ်ခုခု ယူကြည့်ဖို့ အကြံပေးရလောက်တဲ့ အထိကို စိတ်ကုထုံးတွေရဲ့ အခန်းကဏ္ဍက အရေးပါပါတယ်။ စိတ်ကုထုံးဆိုပြီး လျော့မတွက်ပါနဲ့။ စိတ်ကုထုံးကို စနစ်တကျပေးတတ်တဲ့ ပညာရှင်တွေနဲ့ဆို တော်ရုံဆေးဝါး သောက်စရာတောင် မလိုပါ။

👨‍⚕️ ဒီအထိဖတ်လာပြီးရင် ဒါတွေကိုကြည့်ပြီး လန့်မသွားပါနဲ့။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ လူတိုင်းနဲ့ မကင်းပါဘူး။ ကျွန်တော့်မှာလည်း ရှိတယ်။ လူတိုင်းနီးပါး ရှိကြတာပါဘဲ။ ကျွန်တော်ရှင်းပြခဲ့တဲ့ ဆေးသောက်ရမယ့် အခြေအနေက ရောဂါအဆင့်ကို ပြောတာပါ။ နောက်တစ်ခု ရှင်းပြချင်တာက စိတ်ကျန်းမာရေး ဆရာဝန်တွေဆီ လာရောက်တိုင်ပင် ဆွေးနွေးကြတဲ့ Clients တွေအကုန်လုံးကို စိတ်ကျန်းမာရေး ဆရာဝန်တွေက စိတ်ရောဂါရှိနေပြီလို့ တော်ရုံခေါင်းစဉ် မတပ်ကြပါ။ ဆိုလိုတာက လူတစ်ယောက်ကို စိတ်ရောဂါ ဖြစ်နေပါပြီလို့ ခေါင်းစဉ်တပ် ကုသဖို့ဆိုတာ မိတ်ဆွေတို့ ထင်သလောက် မလွယ်ဘူးလို့ ဆိုလိုတာပါ။

👨‍⚕️ ရောဂါအဆင့်မဟုတ်ရင် ဆေးဝါးတွေနဲ့ကုသ ခံယူရတာရှားတယ်။ စိတ်ကုထုံး ပုံမှန်ယူလိုက်ရင် သက်သာပါတယ်။ ဒီလောက်ဆို စိတ်ကျန်းမာရေးဆေးတွေ သောက်တော့မယ်ဆိုရင် ဘာတွေသိထားရမလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို အကြမ်းဖျင်း နားလည်ကြမယ်လို့ ယူဆပါတယ်။

🩺 Dr.DeDe (Mental Health) 🩺

👨‍⚕️ Page မှာ ရေးသားဖေါ်ပြထားတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေ၊ Audio၊ Video တွေကို အများအကျိုးအတွက် Copy ယူမယ့် သူများအနေနဲ့ ဖြတ်ညှပ်ကပ် မလုပ်ဘဲ အပြည့်အဝ Credit ပေးပေးဖို့ အသိပေးလိုပါတယ်။

👨‍⚕️ ဒေါက်တာဒီဒီနဲ့ ဆွေးနွေးလိုတယ် ဆိုရင်တော့ Page messenger (သို့) Phone Call (သို့) Viber တို့ကနေတစ်ဆင့် ဆက်သွယ်ပြီး မေးမြန်း စုံစမ်းနိုင်ပါတယ်။

❗❗လာရောက် ဆွေးနွေးတိုင်ပင်တဲ့ မိတ်ဆွေတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေးကို ကျွန်တော်တို့ ဆရာဝန်များ စောင့်ထိန်းရတဲ့ ကျင့်ဝတ်အတိုင်း လျှို့ဝှက်ပေးထားတာမို့ မိသားစုဝင် တစ်ယောက်လို ယုံကြည်စိတ်ချစွာ ဆွေးနွေး တိုင်ပင်နိုင်ပါတယ်❗❗

#စိတ်ရောဂါ #စိတ်စွဲရောဂါ #စိတ်ကျန်းမာရေး #စိတ်ပညာ

03/12/2023

👨‍⚕️ ဒီ Grandiose delusions (ဘဝင်မြင့် ယုံမှားလွန် လက္ခဏာ (သို့) ရောဂါ) အကြောင်း နောက်ဆုံးအပိုင်းမှာတော့ ဒီရောဂါနဲ့ ဆက်စပ်ရောဂါတွေ အကြောင်းကို (ဥပမာ - Bipolar၊ Schizophrenia၊ Brief Psychotic Disorder) ဥပမာတွေနဲ့ ရှင်းပြထားသလို အရေးတကာ အရေးအကြီးဆုံးဖြစ်တဲ့ ဒီရောဂါရှင်တွေရဲ့ စိတ်ထဲမှာ အမှန်တကယ် ခံစားနေရတဲ့ အခြေအနေက လူတွေထင်နေတာထက် ပိုပြီးသနားဂရုဏာသက်ဖို့ ကောင်းတဲ့အကြောင်းကို အလေးအနက်ရှင်းပြထားရင်း Grandiose delusions အကြောင်း အဆုံးသတ်ထားပါတယ်။

🟥 Delusions ဆိုတာဘာလဲ မသိသေးတဲ့ သူတွေအတွက် ဒီ Links တွေကနေ သွားလေ့လာနိုင်ပါတယ်။

🔺 Delusion (ယုံမှားလွန် လက္ခဏာ (သို့) ယုံမှားလွန် ရောဂါများအကြောင်း) မိတ်ဆက်
https://fb.watch/orR1K-xhzT/

🔺 Delusion (ယုံမှားလွန် လက္ခဏာ (သို့) ယုံမှားလွန် ရောဂါများအကြောင်း) မိတ်ဆက် (Photos Version)
https://www.facebook.com/100087066691635/posts/280806544831567/

🔺 Delusion (ယုံမှားလွန် လက္ခဏာ (သို့) ယုံမှားလွန် ရောဂါများအကြောင်း) (အပိုင်း ၁)
https://fb.watch/orRc0wdzlm/

🩺 Dr.DeDe (Mental Health) 🩺

👨‍⚕️ Page မှာ ရေးသားဖေါ်ပြထားတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေ၊ Audio၊ Video တွေကို အများအကျိုးအတွက် Copy ယူမယ့် သူများအနေနဲ့ ဖြတ်ညှပ်ကပ် မလုပ်ဘဲ အပြည့်အဝ Credit ပေးပေးဖို့ အသိပေးလိုပါတယ်။

👨‍⚕️ ဒေါက်တာဒီဒီနဲ့ ဆွေးနွေးလိုတယ် ဆိုရင်တော့ Page messenger (သို့) Phone Call (သို့) Viber တို့ကနေတစ်ဆင့် ဆက်သွယ်ပြီး မေးမြန်း စုံစမ်းနိုင်ပါတယ်။

❗❗လာရောက် ဆွေးနွေးတိုင်ပင်တဲ့ မိတ်ဆွေတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေးကို ကျွန်တော်တို့ ဆရာဝန်များ စောင့်ထိန်းရတဲ့ ကျင့်ဝတ်အတိုင်း လျှို့ဝှက်ပေးထားတာမို့ မိသားစုဝင် တစ်ယောက်လို ယုံကြည်စိတ်ချစွာ ဆွေးနွေး တိုင်ပင်နိုင်ပါတယ်❗❗

#စိတ်ရောဂါ #စိတ်စွဲရောဂါ #စိတ်ကျန်းမာရေး #စိတ်ပညာ

29/11/2023

👨‍⚕️ ဒီ Grandiose delusions (ဘဝင်မြင့် ယုံမှားလွန် လက္ခဏာ (သို့) ရောဂါ) အကြောင်း ဒုတိယပိုင်းလေးမှာတော့ သူ့ရဲ့အခြေအနေကို မိတ်ဆွေတို့ မျက်စိထဲ ပေါ်လွင်အောင် ဥပမာလေးတွေနဲ့ ထပ်ဆင့် ရှင်းပြပေးထားသလို Grandiosity နဲ့ Grandiose delusions ဘယ်လိုကွာခြားသလဲ ဘယ်လိုမျိုး စိတ်ရောဂါတွေမှာ တွဲပြီးတွေ့နိုင်သလဲ၊ ဒီလိုဖြစ်လာပြီဆို ကုသလို့ရောရရဲ့လား ဆိုတာတွေကို ပြောပြထားပါသေးတယ်။

🟥 Delusions ဆိုတာဘာလဲ မသိသေးတဲ့ သူတွေအတွက် ဒီ Links တွေကနေ သွားလေ့လာနိုင်ပါတယ်။

🔺 Delusion (ယုံမှားလွန် လက္ခဏာ (သို့) ယုံမှားလွန် ရောဂါများအကြောင်း) မိတ်ဆက်
https://fb.watch/orR1K-xhzT/

🔺 Delusion (ယုံမှားလွန် လက္ခဏာ (သို့) ယုံမှားလွန် ရောဂါများအကြောင်း) မိတ်ဆက် (Photos Version)
https://www.facebook.com/100087066691635/posts/280806544831567/

🔺 Delusion (ယုံမှားလွန် လက္ခဏာ (သို့) ယုံမှားလွန် ရောဂါများအကြောင်း) (အပိုင်း ၁)
https://fb.watch/orRc0wdzlm/

🩺 Dr.DeDe (Mental Health) 🩺

👨‍⚕️ Page မှာ ရေးသားဖေါ်ပြထားတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေ၊ Audio၊ Video တွေကို အများအကျိုးအတွက် Copy ယူမယ့် သူများအနေနဲ့ ဖြတ်ညှပ်ကပ် မလုပ်ဘဲ အပြည့်အဝ Credit ပေးပေးဖို့ အသိပေးလိုပါတယ်။

👨‍⚕️ ဒေါက်တာဒီဒီနဲ့ ဆွေးနွေးလိုတယ်ဆိုရင်တော့ Page messenger (သို့) Phone Call (သို့) Viber တို့ကနေတစ်ဆင့် ဆက်သွယ်ပြီး မေးမြန်း စုံစမ်းနိုင်ပါတယ်။

❗❗လာရောက် ဆွေးနွေးတိုင်ပင်တဲ့ မိတ်ဆွေတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေးကို ကျွန်တော်တို့ ဆရာဝန်များ စောင့်ထိန်းရတဲ့ ကျင့်ဝတ်အတိုင်း လျှို့ဝှက်ပေးထားတာမို့ မိသားစုဝင် တစ်ယောက်လို ယုံကြည်စိတ်ချစွာ ဆွေးနွေး တိုင်ပင်နိုင်ပါတယ်❗❗

#စိတ်ရောဂါ #စိတ်စွဲရောဂါ #စိတ်ကျန်းမာရေး #စိတ်ပညာ

🩺 Dr.DeDe (Mental Health) 🩺

👨‍⚕️ Page မှာ ရေးသားဖေါ်ပြထားတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေ၊ Audio၊ Video တွေကို အများအကျိုးအတွက် Copy ယူမယ့် သူများအနေနဲ့ ဖြတ်ညှပ်ကပ် မလုပ်ဘဲ အပြည့်အဝ Credit ပေးပေးဖို့ တောင်းဆိုလိုပါတယ်။

👨‍⚕️ ဒေါက်တာဒီဒီနဲ့ ဆွေးနွေးလိုတယ်ဆိုရင်တော့ Page messenger (သို့) Phone Call (သို့) Viber တို့ကနေတစ်ဆင့် ဆက်သွယ်ပြီး မေးမြန်း စုံစမ်းနိုင်ပါတယ်။

❗❗လာရောက် ဆွေးနွေးတိုင်ပင်တဲ့ မိတ်ဆွေတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေးကို ကျွန်တော်တို့ ဆရာဝန်များ စောင့်ထိန်းရတဲ့ ကျင့်ဝတ်အတိုင်း လျှို့ဝှက်ပေးထားတာမို့ မိသားစုဝင် တစ်ယောက်လို ယုံကြည်စိတ်ချစွာ ဆွေးနွေး တိုင်ပင်နိုင်ပါတယ်❗❗

#စိတ်ရောဂါ #စိတ်စွဲရောဂါ #စိတ်ကျန်းမာရေး #စိတ်ပညာ

23/11/2023

👨‍⚕️ မိတ်ဆွေတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိ အထင်ကြီးဖူးပါသလဲ❓

👨‍⚕️ ဘဝင်မြင့်တာဟာ ရောဂါအဆင့်ထိ ဖြစ်နိုင်တာ မိတ်ဆွေတို့ သိပါသလား❓

👨‍⚕️ ဒီအခြေအနေဟာ Neurotransmitters တွေကမောက်ကမ ဖြစ်တာကနေ ဖြစ်နိုင်သလို၊ ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ လူမျိုး၊ ဘာသာရေး၊ မိသားစု၊ ပတ်ဝန်းကျင်၊ အတွေးအခေါ်၊ လူမှုရေး တွေနဲ့ သက်ဆိုင်တာကိုရော သိပါသလား❓

👨‍⚕️ ဒီအခြေအနေကြောင့် သေသေချာချာ ကုသခံယူမှု လိုအပ်တဲ့ သူတွေလည်းရှိသလို မလိုတဲ့သူတွေလည်း ရှိတာကို သိပါသလား❓

👨‍⚕️ Page မှာ တောက်လျှောက်တင်နေတဲ့ Delusions တွေထဲက ဒီတစ်ခေါက်မှာ စိတ်ဝင်စားစရာကောင်းတဲ့ Grandiose delusions (ဘဝင်မြင့် ယုံမှားလွန် လက္ခဏာ (သို့) ရောဂါ) အကြောင်းကို ဥပမာတွေပေးပြီး ဖေါ်ပြပေးသွားပါမယ်။

🟥 Delusions ဆိုတာဘာလဲ မသိသေးတဲ့ သူတွေအတွက် ဒီ Links တွေကနေ သွားလေ့လာနိုင်ပါတယ်။

🔺 Delusion (ယုံမှားလွန် လက္ခဏာ (သို့) ယုံမှားလွန် ရောဂါများအကြောင်း) မိတ်ဆက်
https://fb.watch/orR1K-xhzT/

🔺 Delusion (ယုံမှားလွန် လက္ခဏာ (သို့) ယုံမှားလွန် ရောဂါများအကြောင်း) မိတ်ဆက် (Photos Version)
https://www.facebook.com/100087066691635/posts/280806544831567/

🔺 Delusion (ယုံမှားလွန် လက္ခဏာ (သို့) ယုံမှားလွန် ရောဂါများအကြောင်း) (အပိုင်း ၁)
https://fb.watch/orRc0wdzlm/

🩺 Dr.DeDe (Mental Health) 🩺

👨‍⚕️ Page မှာ ရေးသားဖေါ်ပြထားတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေ၊ Audio၊ Video တွေကို အများအကျိုးအတွက် Copy ယူမယ့် သူများအနေနဲ့ ဖြတ်ညှပ်ကပ် မလုပ်ဘဲ အပြည့်အဝ Credit ပေးပေးဖို့ တောင်းဆိုလိုပါတယ်။

👨‍⚕️ ဒေါက်တာဒီဒီနဲ့ ဆွေးနွေးလိုတယ်ဆိုရင်တော့ Page messenger (သို့) Phone Call (သို့) Viber တို့ကနေတစ်ဆင့် ဆက်သွယ်ပြီး မေးမြန်း စုံစမ်းနိုင်ပါတယ်။

❗❗လာရောက် ဆွေးနွေးတိုင်ပင်တဲ့ မိတ်ဆွေတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေးကို ကျွန်တော်တို့ ဆရာဝန်များ စောင့်ထိန်းရတဲ့ ကျင့်ဝတ်အတိုင်း လျှို့ဝှက်ပေးထားတာမို့ မိသားစုဝင် တစ်ယောက်လို ယုံကြည်စိတ်ချစွာ ဆွေးနွေး တိုင်ပင်နိုင်ပါတယ်❗❗

#စိတ်ရောဂါ #စိတ်စွဲရောဂါ #စိတ်ကျန်းမာရေး #စိတ်ပညာ

21/11/2023

🟥 Mental Health By Dr.DeDe Page မှာ ရေးပြီးခဲ့သမျှ စိတ်ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေကို အလွယ်တကူ ဖတ်ရှုနိုင်ဖို့ တစ်စုတစ်စည်းတည်း ဖေါ်ပြပေးလိုက်ပါတယ်။

🟥 Page ထဲမှာရှိတဲ့ Post တွေ အကုန်လုံးကိုလည်း ပြန်လည်တည်းဖြတ် ပြင်ဆင်ထားပါတယ်။

🟥 ဒီ Post ကို Page မှာ Pin Post လုပ်ထားပြီးတော့ အမြဲ Up to Date လုပ်ပေးသွားပါမယ်။

🟥 ဟိုးအောက်ဆုံးမှာ ဖေါ်ပြပေးထားတဲ့ ဆောင်းပါးတွေကတော့ စိတ်ကျန်းမာချင်တဲ့သူတွေ၊ စိတ်ကျန်းမာရေးကို ဆေးဝါးတွေနဲ့ ကုသနေတဲ့သူတွေအတွက် သိကိုသိရမယ့် ရွှေထက်
အဖိုးတန်တဲ့ ဆောင်းပါးတွေ၊ တစ်နည်းအားဖြင့် စိတ်ရောဂါတွေကို ဆေးဝါးတွေနဲ့ ကုသနေပေမယ့် မသက်သာဘူးထင်နေရင် ကြည့်သင့်/ ဖတ်ရှုသင့်တဲ့ ဆောင်းပါးတွေ ဖြစ်တယ်လို့ မိတ်ဆွေတို့ကို ညွှန်းပေးချင်တယ်။

♾️♾️♾️ ♾️♾️♾️ ♾️♾️♾️ ♾️♾️♾️

🔺 Dr.DeDe ရဲ့ Youtube Channel
https://www.facebook.com/100087066691635/posts/278488971729991/

🔺 Mental Health By Dr.DeDe page ထူထောင်ရတဲ့ ရည်ရွယ်ချက်
https://www.facebook.com/100087066691635/posts/100691396176417/

🔺 စိတ်ရောဂါတွေကို ရေတိုကုသရမှာလား Vs ရေရှည်ကုသရမှာလား အကြမ်းဖျင်း ဘယ်လိုဆုံးဖြတ်နိုင်သလဲ ❓(Insight Vs Judgement)
https://www.facebook.com/100087066691635/posts/101212489457641/

🔺 Su***de related Theory (ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုနဲ့ ဆိုင်တဲ့ သီအိုရီတစ်ခု)
https://www.facebook.com/100087066691635/posts/109391545306402/

🔺 စိတ်ရောဂါတိုင်းက ဆေးသောက်ဖို့လိုသလား၊ ဘယ်လိုမျိုး စိတ်ရောဂါတွေမှာ ဆေးသောက်ကို သောက်ရမလဲ ❓
https://www.facebook.com/100087066691635/posts/168177292761160/

♾️♾️♾️ ♾️♾️♾️ ♾️♾️♾️ ♾️♾️♾️

🟥 စိတ်ရောဂါ စစ်ဆေးလွှာများ

🔺 Beck anxiety inventory (စိုးရိမ်စိတ် စစ်ဆေးလွှာ)
https://www.facebook.com/100087066691635/posts/101919749386915/

🔺 Hamilton Anxiety Rating Scale (HAM-A) (စိုးရိမ်စိတ်စစ်ဆေးလွှာ)
https://www.facebook.com/100087066691635/posts/124728907105999/

🔺 Beck depression inventory (စိတ်ကျရောဂါ စစ်ဆေးလွှာ)
https://www.facebook.com/100087066691635/posts/250396497872572/

🔺 Zung depression inventory (စိတ်ကျရောဂါစစ်ဆေးလွှာ)
https://www.facebook.com/100087066691635/posts/134697706109119/

🔺 PHQ-9 depression Inventory (စိတ်ကျရောဂါ စစ်ဆေးလွှာ)
https://www.facebook.com/100087066691635/posts/108594898719400/

🔺 QIDS - SR (Quick Inventory of Depressive Symptomatology - Self report)
(ကိုယ့်ရဲ့ စိတ်ကျရောဂါ လက္ခဏာ အတိုးအလျော့ကို မြန်မြန်ဆန်ဆန် စစ်ဆေးကြည့်လို့ရတဲ့ စစ်ဆေးလွှာ)
https://www.facebook.com/100087066691635/posts/270952939150261/

🔺 PTSD Inventory (ပြင်းထန်စိတ်ထိခိုက် ရောဂါ စစ်ဆေးလွှာ)
https://www.facebook.com/100087066691635/posts/105067045738852/

🔺 Liebowitz Social Anxiety Scale (လီဘိုဝှစ် လူကြောက်တတ်တဲ့ ရောဂါ စစ်ဆေးလွှာ)
https://www.facebook.com/100087066691635/posts/183121761266713/

🔺 OCD ရောဂါစစ်ဆေးလွှာ
https://www.facebook.com/100087066691635/posts/126011846977705/

🔺 Yale Brown Obsessive Compulsive Scale (Y-BOCS) (OCD သမားတွေအတွက် အပြည့်စုံဆုံး စိတ်စစ်ဆေးလွှာ)
အပိုင်း (၁)
https://fb.watch/orT--p8AL0/

🔺 Yale Brown Obsessive Compulsive Scale (Y-BOCS) (OCD သမားတွေအတွက် အပြည့်စုံဆုံး စိတ်စစ်ဆေးလွှာ)
(နောက်ဆုံးအပိုင်း)
https://fb.watch/orU0u5q14F/

♾️♾️♾️ ♾️♾️♾️ ♾️♾️♾️ ♾️♾️♾️

🟥 စိတ်ဖိစီးမှု၊ စိုးရိမ်သောကရောက်မှု၊ အကြောက်တရားတွေနဲ့ ဆိုင်တဲ့ စိတ်ကျန်းမာရေး ရောဂါများအကြောင်း အပြည့်အစုံ

🔺 Stress (စိတ်ဖိစီးမှု အကြောင်း) အပိုင်း (၁)
https://www.facebook.com/100087066691635/posts/119754110936812/

🔺 Stress (စိတ်ဖိစီးမှု အကြောင်း) (နောက်ဆုံးအပိုင်း)
https://www.facebook.com/100087066691635/posts/120784774167079/

🔺 WHO ကနေ မျှဝေထားတဲ့ စိတ်ဖိစီးမှုများရင် ဖြစ်လာတတ်တဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ
https://www.facebook.com/100087066691635/posts/256263423952546/

🔺 WHO ကနေ မျှဝေထားတဲ့ စိတ်ဖိစီးမှုများရင် ဖြစ်လာတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ
https://www.facebook.com/100087066691635/posts/295333260045562/

🔺 WHO ကနေ မျှဝေထားတဲ့ စိတ်ဖိစီးမှု ကင်းဝေးအောင် နေထိုင်နည်းများ
https://www.facebook.com/100087066691635/posts/269758462603042/

🔺 World Mental Health Day (ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အထိမ်းအမှတ် ဆောင်းပါး)
https://www.facebook.com/100087066691635/posts/282598067985748/

🔺 Anxiety Spectrum Disorder (စိုးရိမ်စိတ်ရောဂါများ အကြောင်း)
https://fb.watch/i7fEloWQNn/

🔺 Separation Anxiety Disorder (ချစ်သောသူနဲ့ ကွေကွင်းရခြင်း ဒုက္ခကြောင့် ဖြစ်လာတဲ့ စိုးရိမ်စိတ်ရောဂါ) (အပိုင်း ၁)
https://fb.watch/i7fNJQL81n/

🔺 Separation Anxiety Disorder (ချစ်သောသူနဲ့ ကွေကွင်းရခြင်း ဒုက္ခကြောင့် ဖြစ်လာတဲ့ စိုးရိမ်စိတ်ရောဂါ) (နောက်ဆုံးအပိုင်း)
https://www.facebook.com/100087066691635/posts/141452848766938/

🔺 Selective Mutism (လူ၊ နေရာရွေးပြီး စကားမပြောခြင်း)
https://www.facebook.com/100087066691635/posts/142107122034844/

🔺 Specific Phobia (တစ်ခုခုကို တိတိကျကျ ကြောက်ရွှံ့ခြင်း)
https://fb.watch/iHl-VqgCEn/

🔺 Valentinophobia & Other Phobias (အကြောက်တရား အမျိုးမျိုး) (အပိုင်း ၁)
https://www.facebook.com/100087066691635/posts/146498978262325/

🔺 Phobia (အကြောက်တရား အမျိုးမျိုး) (အပိုင်း ၂)
https://www.facebook.com/100087066691635/posts/147013928210830/

🔺 Phobia (အကြောက်တရား အမျိုးမျိုး) (နောက်ဆုံးအပိုင်း)
https://www.facebook.com/100087066691635/posts/148159298096293/

🔺 Social anxiety disorder (လူကြောက်တတ်တဲ့ရောဂါ) (အပိုင်း ၁)
https://fb.watch/orgdHhNscY/

🔺 Social anxiety disorder (လူကြောက်တတ်တဲ့ရောဂါ) (နောက်ဆုံးအပိုင်း)
https://fb.watch/orgir0B2iB/

🔺 Panic Disorder (အကြောက်လွန်ရောဂါ အကြောင်း) (အပိုင်း ၁)
https://fb.watch/orivg3_a8s/

🔺 Panic Disorder (အကြောက်လွန်ရောဂါ အကြောင်း) (အပိုင်း ၂)
https://fb.watch/orixq9h1ks/

🔺 Panic Disorder (အကြောက်လွန်ရောဂါ အကြောင်း) (နောက်ဆုံးအပိုင်း)
https://fb.watch/ospL7xKo1J/

🔺 Agoraphobia (လူထူထပ်တဲ့နေရာ၊ ဟင်းလင်းပြင်နေရာ၊ အလုံပိတ် နေရာတွေကို ကြောက်တဲ့ရောဂါ) (အပိုင်း ၁)
https://www.facebook.com/100087066691635/posts/184862244425998/

🔺 Agoraphobia (လူထူထပ်တဲ့နေရာ၊ ဟင်းလင်းပြင်နေရာ၊ အလုံပိတ် နေရာတွေကို ကြောက်တဲ့ရောဂါ) (အပိုင်း ၂)
https://www.facebook.com/100087066691635/posts/186207234291499/

🔺 Generalizaed anxiety disorder (အထွေထွေ စိုးရိမ်စိတ်များတဲ့ ရောဂါ) (အပိုင်း ၁)
https://www.facebook.com/100087066691635/posts/187371374175085/

🔺 Generalizaed anxiety disorder (အထွေထွေ စိုးရိမ်စိတ်များတဲ့ ရောဂါ) (အပိုင်း ၂)
https://www.facebook.com/100087066691635/posts/189340393978183/

🔺 Generalizaed anxiety disorder (အထွေထွေ စိုးရိမ်စိတ်များတဲ့ ရောဂါ) (နောက်ဆုံးအပိုင်း)
https://www.facebook.com/100087066691635/posts/191136093798613/

♾️♾️♾️ ♾️♾️♾️ ♾️♾️♾️ ♾️♾️♾️

🟥 Depression (စိတ်ကျရောဂါ) အကြောင်းအပြည့်အစုံနဲ့ ဆက်စပ်တဲ့ ဆောင်းပါးများ

🔺 Depression (အပိုင်း ၁)
https://www.facebook.com/100087066691635/posts/126680776910812/

🔺 Depression (အပိုင်း ၂)
https://www.facebook.com/100087066691635/posts/127138900198333/

🔺 Depression (အပိုင်း ၃)
https://www.facebook.com/100087066691635/posts/128908550021368/

🔺 Depression (အပိုင်း ၄)
https://www.facebook.com/100087066691635/posts/130408756538014/

🔺 Depression (အပိုင်း ၅)
https://www.facebook.com/100087066691635/posts/131120776466812/

🔺 Depression (နောက်ဆုံးအပိုင်း)
https://www.facebook.com/100087066691635/posts/132658389646384/

🔺 Depression Vs Depression clone (စိတ်ကျရောဂါ Vs စိတ်ကျရောဂါအတု)
https://www.facebook.com/100087066691635/posts/133299012915655/

🔺 DSM (5) TR (စိတ်ကျရောဂါကို ဘယ်လိုသတ်မှတ်မလဲ)
https://www.facebook.com/100087066691635/posts/120992310812992/

🔺 Major depressive disorder (ပြင်းထန်စိတ်ကျရောဂါ ဆိုတာဘာလဲ)
https://www.facebook.com/100087066691635/posts/169726849272871/

🔺 Su***de (ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်း) မှာတွေ့ရတဲ့ တွေးမြင်ပုံတစ်မျိုး
https://www.facebook.com/100087066691635/posts/109391545306402/

🔺 Major Depressive Disorder (ပြင်းထန်စိတ်ကျရောဂါ)၊ Persistent Depressive Disorder (တသမတ်တည်း ဖြစ်နေတဲ့ စိတ်ကျရောဂါ) နဲ့ Premenstrual Dysphoric Disorder (အမျိုးသမီးများ ဓမ္မတာမလာခင် ဖြစ်သော စိတ်အဆင်မပြေတဲ့ ရောဂါ) စစ်ဆေးလွှာများ
https://www.facebook.com/100087066691635/posts/120992310812992/

🔺 Depression ကို မတွန်းလှန်နိုင်ခဲ့တဲ့ Coco Lee
https://www.facebook.com/100087066691635/posts/228842996694589/

♾️♾️♾️ ♾️♾️♾️ ♾️♾️♾️ ♾️♾️♾️

🟥 OCD (စိတ်အစွဲလွန်ရောဂါ) အကြောင်းအပြည့်အစုံနဲ့ ဆက်စပ်တဲ့ ဆောင်းပါးများ

🔺 OCD (စိတ်အစွဲလွန်ရောဂါ အကြောင်းအပြည့်အစုံ)
https://www.facebook.com/100087066691635/posts/125192360392987/

🔺 OCD စစ်ဆေးလွှာ (OCI - R Scale)
https://www.facebook.com/100087066691635/posts/126011846977705/

🔺 OCD သမားတွေအတွက် အပြည့်စုံဆုံး စစ်ဆေးလွှာ (Yale - Brown OCD Scale)
https://fb.watch/olo-R8UH8u/ (အပိုင်း ၁)
https://fb.watch/olp1GL6BDB/ (အပိုင်း ၂)

🔺 Religious OCD or Sprupulosity (ဘုရား၊ တရား၊ သံဃာ အပေါ် ပြစ်မှားစော်ကားမိသော OCD)
https://www.facebook.com/100087066691635/posts/134157836163106/

🔺 OCD သံသရာလည်ပုံ
https://www.facebook.com/100087066691635/posts/215412614704294/

🔺 OCD ကို ဘယ်လိုကုသမလဲ
https://www.facebook.com/100087066691635/posts/218840574361498/

🔺 OCD ဆိုတာ ဂျိုနဲ့လား
https://www.facebook.com/100087066691635/posts/276886241890264/

🔺 Religious OCD သမားတစ်ယောက်နဲ့ စကားပြော ကုသခြင်း
https://www.facebook.com/100087066691635/posts/163740343204855/

🔺 Staring OCD (လူတွေရဲ့ Private နေရာတွေကို စိုက်မကြည့်ရ မနေနိုင်သော OCD)
https://www.facebook.com/100087066691635/posts/134433152802241/

🔺 OCD သမားတွေ သိကိုသိထားရမယ့် ဦးနှောက်ရဲ့ အမှန်တကယ် အလုပ်လုပ်တဲ့ပုံစံ
https://www.facebook.com/100087066691635/posts/143519358560287/

🔺 Body dysmorphic disorder (ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်နဲ့ ပက်သက်ပြီး
တော့ စိုးရိမ်စိတ်များတဲ့ရောဂါ) (အပိုင်း ၁)
https://fb.watch/orMkTr7VnJ/

🔺 Body dysmorphic disorder (ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်နဲ့ ပက်သက်ပြီးတော့ စိုးရိမ်
စိတ်များတဲ့ရောဂါ) (အပိုင်း ၂)
https://fb.watch/orMnnle0NL/

🔺 Body dysmorphic disorder (ကိုယ့်ရုပ်ရည်သွင်ပြင်နဲ့ ပက်သက်ပြီးတော့ စိုးရိမ်
စိတ်များတဲ့ရောဂါ) (နောက်ဆုံးအပိုင်း)
https://fb.watch/orMuo5uZl_/

🔺 Trichotillomania (Hair - Pulling Disorder) (အမွှေးအမျှင်တွေကို မဆွဲနှုတ်ရ မနေနိုင်တဲ့ ရောဂါအကြောင်း) (အပိုင်း ၁)
https://www.facebook.com/100087066691635/posts/220505927528296/

🔺 Trichotillomania (Hair - Pulling Disorder) (အမွှေးအမျှင်တွေကို မဆွဲနှုတ်ရ မနေနိုင်တဲ့ ရောဂါအကြောင်း) (နောက်ဆုံးအပိုင်း)
https://www.facebook.com/100087066691635/posts/223290663916489/

🔺 Hoarding Disorder (ဗြုတ်စဗျင်းတောင်း ပစ္စည်းတွေကို ဥစ္စာခြောက်တဲ့ရောဂါ) (အပိုင်း ၁)
https://www.facebook.com/100087066691635/posts/226414426937446/

🔺 Hoarding Disorder (ဗြုတ်စဗျင်းတောင်း ပစ္စည်းတွေကို ဥစ္စာခြောက်တဲ့ရောဂါ) (နောက်ဆုံးအပိုင်း)
https://www.facebook.com/100087066691635/posts/230975243148031/

♾️♾️♾️ ♾️♾️♾️ ♾️♾️♾️ ♾️♾️♾️

🟥 Bipolar Disorder (စိတ်ကြွစိတ်ကျရောဂါ) အကြောင်းနဲ့ ဆက်စပ်တဲ့ ဆောင်းပါးများ

🔺 Bipolar Disorder (စိတ်ကြွစိတ်ကျရောဂါ အကြောင်း) (အပိုင်း ၁)
https://www.facebook.com/100087066691635/posts/246107051634850/

🔺 Bipolar Disorder (စိတ်ကြွစိတ်ကျရောဂါ အကြောင်း) (အပိုင်း ၂)
https://fb.watch/orNOVf9_94/

🔺 Bipolar Disorder (စိတ်ကြွစိတ်ကျရောဂါ အကြောင်း) (အပိုင်း ၃)
https://fb.watch/orNSivRYIP/

🔺 Bipolar Disorder (စိတ်ကြွစိတ်ကျရောဂါ အကြောင်း) (အပိုင်း ၄)
https://fb.watch/orNTL_Xnhl/

🔺 Bipolar Disorder (စိတ်ကြွစိတ်ကျရောဂါ အကြောင်း) (နောက်ဆုံးအပိုင်း)
https://fb.watch/orNV2WdGX4/

♾️♾️♾️ ♾️♾️♾️ ♾️♾️♾️ ♾️♾️♾️

🟥 Delusion disorder (ယုံမှားသံသလွန်ရောဂါ) အကြောင်းနဲ့ ဆက်စပ်တဲ့ ဆောင်းပါးများ

🔺 Delusion (ယုံမှားလွန် လက္ခဏာ (သို့) ယုံမှားလွန် ရောဂါများအကြောင်း) မိတ်ဆက်
https://fb.watch/orR1K-xhzT/

🔺 Delusion (ယုံမှားလွန် လက္ခဏာ (သို့) ယုံမှားလွန် ရောဂါများအကြောင်း) မိတ်ဆက် (Photos Version)
https://www.facebook.com/100087066691635/posts/280806544831567/

🔺 Delusion (ယုံမှားလွန် လက္ခဏာ (သို့) ယုံမှားလွန် ရောဂါများအကြောင်း) (အပိုင်း ၁)
https://fb.watch/orRc0wdzlm/

🔺 Delusion of Infidelity (ကိုယ့်လက်တွဲဖေါ် (သို့) အိမ်ထောင်ဖက်က ဖေါက်
ပြန်နေတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်နေတဲ့ လက္ခဏာ (သို့) ရောဂါ)
https://fb.watch/orRwtVnCBV/

🔺 Delusion of persecution (လူတွေ (သို့) အဖွဲ့အစည်းတစ်ခုခုက ကိုယ့်ကိုနောက်ယောင်ခံလိုက်နေတယ်၊ အန္တရာယ်ပေးတော့မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်နေတဲ့ လက္ခဏာ (သို့) ရောဂါ) (အပိုင်း ၁)
https://fb.watch/orTtA237Td/

🔺 Delusion of persecution (လူတွေ (သို့) အဖွဲ့အစည်းတစ်ခုခုက ကိုယ့်ကိုနောက်ယောင်ခံလိုက်နေတယ်၊ အန္တရာယ်ပေးတော့မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်နေတဲ့ လက္ခဏာ (သို့) ရောဂါ) (နောက်ဆုံးအပိုင်း)
https://fb.watch/orTAH2ZP0N/

♾️♾️♾️ ♾️♾️♾️ ♾️♾️♾️ ♾️♾️♾️

🟥 စိတ်ပညာရဲ့ အရေးပါတဲ့ Theory များ

🔺 ဆရာကြီး Freud's ရဲ့လူတစ်ယောက် ဖွံ့ဖြိုးတိုးတက်လာပုံ အဆင့်များ (မိဘတိုင်းဖတ်ရှုသင့်)
https://www.facebook.com/100087066691635/posts/118106747768215/

🔺 ဆရာကြီး Erikson's ရဲ့လူတစ်ယောက် ဖွံ့ဖြိုးတိုးတက်လာပုံ အဆင့်များ (မိဘတိုင်းဖတ်ရှုသင့်)
https://www.facebook.com/100087066691635/posts/119180600994163/

🔺 Attachment Theory (သံယောဇဉ် အဘိဓမ္မာ) အပိုင်း(၁) (မိဘတိုင်း ဖတ်ရှုသင့်)
https://www.facebook.com/100087066691635/posts/135320406046849/

🔺 Attachment Theory (သံယောဇဉ် အဘိဓမ္မာ) (နောက်ဆုံးအပိုင်း) (မိဘတိုင်း ဖတ်ရှုသင့်)
https://fb.watch/hUXF0fRLYX/

🔺 Classical conditioning Vs Operant conditioning (စိတ်အကြောင်း နားလည်ချင်တဲ့သူတွေ သိကိုသိရမယ့် စိတ်ပညာ သီအိုရီ)
https://www.facebook.com/100087066691635/posts/117012351210988/

🔺 Defence Mechanisms (လူတွေရဲ့ ကာကွယ်မှု ယန္တရားများ) (အပိုင်း ၁)
https://www.facebook.com/100087066691635/posts/116080144637542/

🔺 Defence Mechanisms (လူတွေရဲ့ ကာကွယ်မှု ယန္တရားများ) (နောက်ဆုံးအပိုင်း)
https://www.facebook.com/100087066691635/posts/116656104579946/

🔺 Id Ego Superego (တိရိစ္ဆာန်စိတ်၊ လူစိတ်၊ နတ်စိတ်)
https://www.facebook.com/100087066691635/posts/115276748051215/

♾️♾️♾️ ♾️♾️♾️ ♾️♾️♾️ ♾️♾️♾️

🟥 စိတ်ရဲ့နက်ရှိုင်းတဲ့ အတွေးအမြင်များ

🔺 မှန်ကန်တဲ့ ရှုတောင့်တွေက ဘာလို့အရေးကြီးတာလဲ (ဘာသာပြန်)
https://www.facebook.com/100087066691635/posts/148669568045266/

🔺 ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေစေမယ့် နည်းလမ်းကောင်းတစ်ခု
https://www.facebook.com/100087066691635/posts/120320407546849/

🔺 အပြစ်တင်မစောပါနဲ့
https://m.facebook.com/story.php?story_fbid=148669568045266&id=100087066691635

🔺 စိတ်အပူတွေငြိမ်းချမ်းသွားစေဖို့ သိရမယ့် အရာများ (၁)
https://www.facebook.com/100087066691635/posts/128071506771739/

🔺 စိတ်အပူတွေငြိမ်းစေဖို့ သိရမယ့် အရာများ (၂)
https://www.facebook.com/100087066691635/posts/133046856274204/

🔺 ပျော်ရွှင်မှုကို ရွေးချယ်လို့ ရသလား ❓
https://www.facebook.com/100087066691635/posts/125798690332354/

🔺 သောကကင်းဝေးချင် ဒီ (၂) ဘဲဆောင်
https://www.facebook.com/100087066691635/posts/121804390731784/

🔺 ကျွန်တော်မြင်တဲ့ တရားသဘော (ဗုဒ္ဓဘာသာဝင်တွေ အတွက်)
https://www.facebook.com/100087066691635/posts/129244469987776/

🔺 အတွေးနောက်က အတွေးကို လိုက်မကပ်ပါနဲ့။ ဉာဏ်ကိုဘဲ လိုက်ကပ်ပေးပါ
https://www.facebook.com/100087066691635/posts/287461934166028/

🔺 စိတ်မကျန်းမမာ ဖြစ်နေတဲ့ စိတ်ကျန်းမာတဲ့သူများ
https://fb.watch/iHlV4Q41HA/

🔺 စိတ်ပြဿနာတွေကဖြေရှင်းရက်နဲ့ ဘာလို့ပိုဆိုးလာရတာလဲ (Advanced Level စိတ်ချမ်းသာနည်း)
https://www.facebook.com/100087066691635/posts/144129101832646/

🔺 သူတော်ကောင်းဖြစ်ချင်တဲ့ဒုက္ခ
https://www.facebook.com/100087066691635/posts/150286984550191/

♾️♾️♾️ ♾️♾️♾️ ♾️♾️♾️ ♾️♾️♾️

🟥 စိတ်ကျန်းမာရေး အသိဉာဏ်ဖွင့်ပေးမယ့် ပုံပြင်များ

🔺 အနန်သောက် နဲ့ အကွယ်လောက် ပုံပြင် (အပိုင်း ၁)
https://www.facebook.com/100087066691635/posts/151930854385804/

🔺 အနန်သောက် နဲ့ အကွယ်လောက် ပုံပြင် (အပိုင်း ၂)
https://www.facebook.com/100087066691635/posts/152963350949221/

🔺 အနန်သောက် နဲ့ အကွယ်လောက် ပုံပြင် (အပိုင်း ၃)
https://www.facebook.com/100087066691635/posts/156233363955553/

🔺 အနန်သောက် နဲ့ အကွယ်လောက် ပုံပြင် (နောက်ဆုံးအပိုင်း)
https://www.facebook.com/100087066691635/posts/157513090494247/

♾️♾️♾️ ♾️♾️♾️ ♾️♾️♾️ ♾️♾️♾️

🟥 Overthinking (အတွေးလွန်ခြင်း) နဲ့ဆိုင်တဲ့ ဆောင်းပါးများ

🔺 အတွေးလွန်တာကိုဘယ်လို ဖြေရှင်းမလဲ (အပိုင်း ၁)
https://fb.watch/iHlyAFbWdk/

🔺 အတွေးလွန်တာကိုဘယ်လို ဖြေရှင်းမလဲ (နောက်ဆုံးအပိုင်း)
https://fb.watch/iHlBi9_Dfw/

🔺 အမှန်တကယ်ဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများ
https://www.facebook.com/100087066691635/posts/133913179520905/

🔺 ကိုယ့်စိတ်ကိုကိုယ် ဘယ်လိုအတင်အချလုပ်မလဲ
https://www.facebook.com/100087066691635/posts/135017152743841/

🔺 ဦးနှောက် AI အမှန်တကယ်ဘယ်လို အလုပ်လုပ်တာလဲ (Advanced Level စိတ်ချမ်းသာနည်း)
https://www.facebook.com/100087066691635/posts/143519358560287/

♾️♾️♾️ ♾️♾️♾️ ♾️♾️♾️ ♾️♾️♾️

🟥 စိတ်ကျန်းမာရေး ဟာသများ

🔺 စိတ်ကျန်းမာရေး ဟာသများ
https://fb.watch/hUzzsDcSyo/

🔺 စိတ်ကျန်းမာရေး ဟာသများ
https://fb.watch/i7fPVTrYQU/

🔺 စိတ်ကျန်းမာရေး ဟာသများ
https://www.facebook.com/100087066691635/posts/143776901867866/

https://www.facebook.com/100087066691635/posts/131806243064932/

🔺 Dr. DeDe သရဲခြောက်ခံရခြင်း
https://www.facebook.com/100087066691635/posts/278147668430788/

♾️♾️♾️ ♾️♾️♾️ ♾️♾️♾️ ♾️♾️♾️

🟥 စိတ်ကျန်းမာချင်တဲ့သူတွေ၊ စိတ်ကျန်းမာရေးကို ဆေးဝါးတွေနဲ့ ကုသနေတဲ့သူတွေ သိကိုသိရမယ့် ရွှေထက်အဖိုးတန်တဲ့ ဆောင်းပါးများ (စိတ်ရောဂါတွေကို ဆေးဝါးတွေနဲ့ ကုသနေပေမယ့် မသက်သာဘူးထင်နေရင် ကြည့်သင့်/ ဖတ်ရှုသင့်တဲ့ ဆောင်းပါးတွေပါ)

🔺 Congitive Distortions
https://www.facebook.com/100087066691635/posts/124800730432150/

🔺 Congitive Distortions (Audio Version Part 1) (စိတ်ရောဂါနဲ့ဆိုင်တဲ့ ဆေးတွေအကြာကြီး သောက်နေပေမယ့် ထင်သလောက် မသက်သာဘူးလို့ ထင်နေရင် ကြည့်သင့်ပါတယ်)
https://fb.watch/i7fANU1VNN/

🔺 Congitive Distortions (Audio Version Part 2) (စိတ်ရောဂါနဲ့ဆိုင်တဲ့ ဆေးတွေအကြာကြီး သောက်နေပေမယ့် ထင်သလောက် မသက်သာဘူးလို့ ထင်နေရင် ကြည့်သင့်ပါတယ်)
https://fb.watch/i7fCr848wl/

🔺 Congitive Distortions (Audio Version) (နိဂုံး) (စိတ်ရောဂါနဲ့ဆိုင်တဲ့ ဆေးတွေအကြာကြီး သောက်နေပေမယ့် ထင်သလောက် မသက်သာဘူးလို့ ထင်နေရင် ကြည့်သင့်ပါတယ်)
https://fb.watch/iHlqMrC94P/

🔺 စိတ်ချမ်းသာစေမယ့် လျှို့ဝှက်ချက် (သို့) Safety behaviors အကြောင်း နားလည်ခြင်း (အပိုင်း ၁)
https://www.facebook.com/100087066691635/posts/233750799537142/

🔺 စိတ်ချမ်းသာစေမယ့် လျှို့ဝှက်ချက် (သို့) Safety behaviors အကြောင်း နားလည်ခြင်း (အပိုင်း ၂)
https://www.facebook.com/100087066691635/posts/236064675972421/

🔺 စိတ်ချမ်းသာစေမယ့် လျှို့ဝှက်ချက် (သို့) Safety behaviors အကြောင်း နားလည်ခြင်း (အပိုင်း ၃)
https://www.facebook.com/100087066691635/posts/237982929113929/

🔺 စိတ်ချမ်းသာစေမယ့် လျှို့ဝှက်ချက် (သို့) Safety behaviors အကြောင်း နားလည်ခြင်း (အပိုင်း ၄)
https://www.facebook.com/100087066691635/posts/239831922262363/

🔺 စိတ်ချမ်းသာစေမယ့် လျှို့ဝှက်ချက် (သို့) Safety behaviors အကြောင်း နားလည်ခြင်း (နောက်ဆုံးအပိုင်း)
https://www.facebook.com/100087066691635/posts/241968718715350/

🔺 ဆန့်ကျင်ဘက်စိတ်တွေနဲ့ အတူနေထိုင်ခြင်း (အပိုင်း ၁)
https://www.facebook.com/100087066691635/posts/193114896934066/

🔺 ဆန့်ကျင်ဘက်စိတ်တွေနဲ့ အတူနေထိုင်ခြင်း (အပိုင်း ၂)
https://www.facebook.com/100087066691635/posts/194519410126948/

🔺 ဆန့်ကျင်ဘက်စိတ်တွေနဲ့ အတူနေထိုင်ခြင်း (အပိုင်း ၃)
https://www.facebook.com/100087066691635/posts/198089553103267/

🔺 ဆန့်ကျင်ဘက်စိတ်တွေနဲ့ အတူနေထိုင်ခြင်း (အပိုင်း ၄)
https://www.facebook.com/100087066691635/posts/199259676319588/

🔺 ဆန့်ကျင်ဘက်စိတ်တွေနဲ့ အတူနေထိုင်ခြင်း (အပိုင်း ၅)
https://www.facebook.com/100087066691635/posts/201812449397644/

🔺 ဆန့်ကျင်ဘက်စိတ်တွေနဲ့ အတူနေထိုင်ခြင်း (အပိုင်း ၆)
https://www.facebook.com/100087066691635/posts/213282614917294/

🔺 ဆန့်ကျင်ဘက်စိတ်တွေနဲ့ အတူနေထိုင်ခြင်း (နောက်ဆုံးအပိုင်း)
https://www.facebook.com/100087066691635/posts/243870105191878/

🔺 အကောင်းမြင်ခြင်း၊ အဆိုးမြင်ခြင်းနှင့် အမှန်မြင်ခြင်း (အပိုင်း ၁)
https://www.facebook.com/100087066691635/posts/260246283554260/

🔺 အကောင်းမြင်ခြင်း၊ အဆိုးမြင်ခြင်းနှင့် အမှန်မြင်ခြင်း (အပိုင်း ၂)
https://www.facebook.com/100087066691635/posts/261582283420660/

🔺 အကောင်းမြင်ခြင်း၊ အဆိုးမြင်ခြင်းနှင့် အမှန်မြင်ခြင်း (အပိုင်း ၃)
https://www.facebook.com/100087066691635/posts/262313380014217/

🔺 အကောင်းမြင်ခြင်း၊ အဆိုးမြင်ခြင်းနှင့် အမှန်မြင်ခြင်း (အပိုင်း ၄)
https://www.facebook.com/100087066691635/posts/263760749869480/

🔺 အကောင်းမြင်ခြင်း၊ အဆိုးမြင်ခြင်းနှင့် အမှန်မြင်ခြင်း (အပိုင်း ၅)
https://www.facebook.com/100087066691635/posts/265456246366597/

🔺 အကောင်းမြင်ခြင်း၊ အဆိုးမြင်ခြင်းနှင့် အမှန်မြင်ခြင်း (နောက်ဆုံးအပိုင်း)
https://www.facebook.com/100087066691635/posts/267232209522334/

🔺 Anxiety၊ Depression၊ OCD သမားတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေတဲ့သူတွေမှာ အကြမ်းဖျဉ်း ရှောင်သင့်တဲ့ (သို့) မှီဝဲသင့်တဲ့ အစားအစာများ
https://www.facebook.com/100087066691635/posts/140781408834082/

🩺 Dr.DeDe (Mental Health) 🩺

👨‍⚕️ Page မှာ ရေးသားဖေါ်ပြထားတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေ၊ Audio၊ Video တွေကို အများအကျိုးအတွက် Copy ယူမယ့် သူများအနေနဲ့ ဖြတ်ညှပ်ကပ် မလုပ်ဘဲ အပြည့်အဝ Credit ပေးပေးဖို့ တောင်းဆိုလိုပါတယ်။

👨‍⚕️ ဒေါက်တာဒီဒီနဲ့ ဆွေးနွေးလိုတယ်ဆိုရင်တော့ Page messenger (သို့) Phone Call (သို့) Viber တို့ကနေတစ်ဆင့် ဆက်သွယ်ပြီး မေးမြန်း စုံစမ်းနိုင်ပါတယ်။

🟥 လာရောက် ဆွေးနွေးတိုင်ပင်တဲ့ မိတ်ဆွေတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေးကို ကျွန်တော်တို့ ဆရာဝန်များ စောင့်ထိန်းရတဲ့ ကျင့်ဝတ်အတိုင်း လျှို့ဝှက်ပေးထားတာမို့ မိသားစုဝင် တစ်ယောက်လို ယုံကြည်စိတ်ချစွာ ဆွေးနွေး တိုင်ပင်နိုင်ပါတယ် 🟥

#စိတ်ရောဂါ #စိတ်စွဲရောဂါ #စိတ်ကျန်းမာရေး #စိတ်ပညာ

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

👨‍⚕️    ဒီ Grandiose delusions  (ဘဝင်မြင့် ယုံမှားလွန် လက္ခဏာ (သို့) ရောဂါ) အကြောင်း နောက်ဆုံးအပိုင်းမှာတော့ ဒီရောဂါနဲ့ ...
👨‍⚕️    ဒီ Grandiose delusions  (ဘဝင်မြင့် ယုံမှားလွန် လက္ခဏာ (သို့) ရောဂါ) အကြောင်း ဒုတိယပိုင်းလေးမှာတော့ သူ့ရဲ့အခြေအနေ...
👨‍⚕️    မိတ်ဆွေတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိ အထင်ကြီးဖူးပါသလဲ❓👨‍⚕️    ဘဝင်မြင့်တာဟာ ရောဂါအဆင့်ထိ ဖြစ်နိုင်တာ မိ...
Yale-Brown Obsessive Compulsive Scale (Y-BOCS)  (ဒုတိယအပိုင်း  Compulsions) (OCD သမားတွေအတွက် အပြည့်စုံဆုံး စိတ်စစ်ဆေးလွ...
Delusion of persecution, Persecutory delusions, Paranoid delusions(နောက်ဆုံးအပိုင်း)👨‍⚕️      နောက်ဆုံးအပိုင်းမှာတော့ De...
Delusion of persecution, Persecutory delusions, Paranoid delusions(အပိုင်း - ၁) 👨‍⚕️   Page မှာ တောက်လျှောက်ဖေါ်ပြနေတဲ့ ...
Delusions of infidelity, Morbid jealousy, pathological jealousy, erotic jealousy, sexual jealousy, Othello syndrome👨‍⚕️ ...
Should statements၊ Must Statements 👨‍⚕️   Cognitive distortions တွေအများကြီးထဲကမှ Should statements လို့ခေါ်ခေါ် Must St...
Delusion  (Part 1)👨‍⚕️    လူတွေအသိချင်ဆုံးနဲ့ အမေးအများဆုံး မေးခွန်းတစ်ခုဖြစ်တဲ့ စိတ်ကျန်းမာရေးဆရာဝန်၊ စိတ်ကျန်းမာရေးပညာ...
Delusions (ယုံမှားလွန်ခြင်း (သို့) အစွန်းရောက်ယုံကြည်မှု ရောဂါများ)👨‍⚕️   တင်စားပြီး ပြောရရင် ကိုလေးဖြူရဲ့ "ယုံကြည်ရာ" သ...
Bipolar disorders (စိတ်ကြွစိတ်ကျရောဂါ)  နောက်ဆုံးအပိုင်း🟥    နောက်ဆုံးအပိုင်းမှာတော့ Bipolar disorders သမားတွေကို ဘယ်လို...
Bipolar disorders (စိတ်ကြွစိတ်ကျရောဂါ)  အပိုင်း (၄)🟥    ဒီ Bipolar disorders အကြောင်းအပိုင်း (၄) မှာတော့ Bipolar disorde...

Category

Telephone

Address


Sanchaung, Kyuntaw Street
Yangon

Opening Hours

Monday 07:00 - 23:00
Tuesday 07:00 - 23:00
Wednesday 07:00 - 23:00
Thursday 07:00 - 23:00
Friday 07:00 - 23:00
Saturday 07:00 - 23:00
Sunday 07:00 - 23:00

Other Yangon clinics (show all)
Myanmar Chemdyes Co. Ltd. Myanmar Chemdyes Co. Ltd.
122, 124, 126. Mahabandoola Garden Street
Yangon, KTDA11181

We specialize in and point-of-care (POC) diagnostics equipment and health food products.

Perfect Hair Stylist and Men Spa Perfect Hair Stylist and Men Spa
(No. 118) Ground Floor, Aung Zayya Street, Sin Min Zay Bus Stop, Near Skyway Club, KyiMyintDing Kannar Street, Alone Township
Yangon, 11121

ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

AMIRA Esthetique De LUXE AMIRA Esthetique De LUXE
No. 150, Corner Of Dhamma Seti Road And Link Road, Bahan Township
Yangon, 11201

Luxury Aesthetic Clinic

Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး
တစ်နိုင်ငံလုံးနီးပါး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09754999258

ကျွန်ုပ်တို့သည် ကုန်ပစ္စည်း အစစ်အမှန်များကိုသာ ရောင်းချပါသည်။ အတုအပများ "လုံးဝ" မရောင်းပါ။

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

VIGA Spray - Myanmar VIGA Spray - Myanmar
ရန်ကုန်၊ မန်းလေး
Yangon, 11181

ကျွန်ုပ်တို့သည် ပစ္စည်းအစစ်အမှန်မျ

Aung Myittar Specialist Clinic Aung Myittar Specialist Clinic
No. 453, (132) Qt. , Min Ye Kyaw Swar Street , East Dagon Tsp
Yangon, 11451

၂၄ နာရီ ပိတ်ရက်မရှိအထွေထွေကျန်းမာရေးစောင့်‌ရှောက်ခြင်း, အထူးကုသခြင်း, မီးဖွားခြင်း, ဓာတ်မှန်, ဓာတ်ခွဲ

SKY SHOP SKY SHOP
Yangon, 11221

အာမခံ အမွှေးပေါက်ဆေးများ မှာယူနိုင?

HOPE TeleCare Myanmar HOPE TeleCare Myanmar
No-148, Pyay Road, Corner Of A1 Street, Mayangone Township
Yangon, 11061

ဆရာ၀န်နှင့်Onlineမှဆွေးနွေးမှုများ၊ ကျန်းမာရေးဆောင်းပါးများ ဖတ်ရှုနိုင်မယ့် HOPE TeleCare Myanmar

MAXX Fitness MAXX Fitness
Waizayantar 5th Street
Yangon

BE YOUR MAXIMUM

DetoxLab DetoxLab
Yangon

Nature support health