I Love Diet
စနစ်တကျ ဝိတ်ချကြစို့
ဒီပုံလေးကိုမြင်တဲ့သူတိုင်း
နှစ်ဆန်းတရက်နေ့မှ စတင်၍ ကောင်းမွန်သော ကံကြမ္မာပြောင်းလဲခြင်းများ ဝင်ရောက်လာမည်။ လာဘ်လာဘများ ပွင့်လန်းလာပြီး အလုပ်အကိုင်များ အဆင်ပြေမည်။ ငွေကြေးအခက်အခဲများ ပြေလည်ပြီး စိတ်ချမ်းသာ ပျော်ရွှင်မှုများ ရရှိလာပါလိမ့်မည်။
အရသာရှိပြီး ပြင်ဆင်ရလွယ်ကူသော သစ်သီးဖျော်ရည်များ 🍑🍒🍈🍓🍇🍹🍹🍹
အမေက ပြောတယ်။
မင်းကို တကယ်ချစ်တဲ့သူက
မင်းကို စိတ်ညစ်အောင် မလုပ်ဘူးတဲ့ ။
အဲ့ဒီစကားကို ကြားရပြီးကတည်းက
လူတစ်ယောက်က လိုတာထက်ပိုပြီး
ကိုယ့်ကို စိတ်ညစ်စေရင်
ဒီလူဟာ ကိုယ့်ကို တကယ် မချစ်တာပါလားဆိုတဲ့
အသိကလေးပါ ဒွန့်တွဲပြီး ဝင်လာတယ်။
ကိုယ့်ကို ချစ်တဲ့သူတစ်ယောက်က
သူ့အတွက်နဲ့ ကိုယ့်ကို စိတ်ညစ်ရအောင် မလုပ်ဘူး။
စိတ်ညစ်အောင်လည်း မထားဘူး။
အမြဲကိုယ်ပျော်ဖို့ပဲ လိုက်လျောပေးတဲ့ လူစားမျိုးပေါ့
ကိုယ့်ကို မျက်ရည်ကျစေတဲ့သူဟာ
ကိုယ်ချစ်ရတဲ့သူဖြစ်ပြီး
ကိုယ့်မျက်ရည်ကို နားလည်တာကတော့
ကိုယ့်ကို ချစ်တဲ့သူပဲ
ဒီစာသားလေးကို နိုင်နိုင်းစနေရဲ့ စာအုပ်လေးထဲမှာ
ဖတ်မိထားတာ ကြာတော့ကြာပြီ။
သဘောကျလို့
ခုချိန်ထိ အမြဲလိုလို ခေါင်းထဲ ရှိနေတဲ့စာသားလေး ။
လူတစ်ယောက်က ကိုယ့်ကို ချစ်တယ်ပြောပြီး
နေ့စဉ်နှင့်အမျှ ဒူးနဲ့မျက်ရည်သုတ်ရအောင် လုပ်နေရင်
သူပြောတဲ့ ချစ်တယ်ဆိုတာဟာ အလကားပဲ။
တကယ်ချစ်ရင် ပျော်အောင်ထား ။
လူတစ်ယောက်ကို
ကိုယ့်ကြောင့် အမြဲပျော်ရွှင်အောင် လုပ်ပေး ။
ဒါမျိုးမှ တကယ် ချစ်တာ...
စိတ်ညစ်စရာတွေ လာပေးတဲ့သူက တကယ်ချစ်တာလား
ကိုယ့်ကို အမြဲပျော်အောင်ထားတဲ့သူက
တကယ်ချစ်တာလားဆိုတာ ခင်ဗျားလည်း သိမှာပါ။
အမေက အဖေ့ကို ဘာလို့ရွေးချယ်ခဲ့လဲ ဆိုတော့
အမေက အဖေ့ကြောင့်တစ်ခါမှ စိတ်မညစ်ရဖူးဘူးလို့
ဖြေတယ်။
လူတစ်ယောက်ရဲ့ ချစ်တယ် ဆိုတာဟာ
ကိုယ့်ကို ပျော်အောင်ထားခြင်းပါပဲ ။
Credit
ဝတာလေးက ဖက်ထားလို့ရပါတယ် 😍
ဒီကမ်ဘာမှာ အအေးချမ်းဆုံး နေရာတွေဟာ
ပန်းတွေရှိတဲ့အရပ်ရယ် စစ်ပွဲတွေမရှိတဲ့အရပ်ဒေသရယ်
စစ်မှန်တဲ့မေတ္တာတွေရှိတဲ့ရပ်ဝန်းရယ်ပဲဖြစ်လိမ့်မယ်။
-
စကားဆိုတာနိမိတ်ပါပဲ နိမိတ်ဆိုရှိပါတယ်နော် 🙏
ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း
သြဘာနိမိတ်ထွန်းစေသတည်း....🙏🙏🙏
ငွေဆိုတာအပေါဆုံးအရာပဲ
ငွေရှာရတာအရမ်းလွယ်ကူတယ်
ငါဟာငွေကိုစုပ်ယူဆွဲငင်နိုင်စွမ်းရှိတယ်
ဒီပိုစ့်ကို မြင်တဲ့ သူတွေအားလုံး
အသက်ရှုတိုင်းငွေဝင်ပါစေ
အလုပ်ကိုင်အဆင်ပြေပါစေ
ဆန္ဒနဲ့ဘဝတစ်ထပ်ထဲကျပါစေ
သတ္တဝါများအားလုံး ကျန်းမာချမ်းသာကြပါစေ
ရွှေ၊ငွေ၊အိမ်၊ကားစည်းစိမ်ချမ်းသာလိုတိုင်းတရကြပါစေ🙏
ကျွန်တော်တို့ လူ့သက်တမ်းကို ပျမ်းမျှ အနှစ် ၇၀ သတ်မှတ်မယ်ဆိုရင် ကျွန်တော်တို့ ၁၀ နှစ် ၇ ကြိမ်ပဲ ရကြမှာပါ..
ပထမ ၁၀ နှစ်ကတော့ ဘာမှ တတ်သိနားလည်မှု မရှိသေးတဲ့ ကလေးဘဝနဲ့ပဲ အချိန်ကုန်ခဲ့ရတယ်...
ဒုတိယ ၁၀ နှစ်ကျပြန်တော့ ကျောင်းစာတွေ သင်ကြား လေ့ကျင့်ရင်း အချိန်ကုန်ခဲ့ကြပြန်ရော...
တတိယ ၁၀ နှစ်ကျတော့ သင်တန်းတွေ တက်ရင်း အလုပ်တွေ တစ်ခုပြီးတစ်ခု ပြောင်းလုပ်ရင်း အချိန်တွေကုန်လို့ ကုန်မှန်းမသိ ဘဝကို ဖြတ်သန်းခဲ့ကြတယ်...
စတုတ္ထ ၁၀ နှစ်ကျပြန်တော့ စီးပွားရှာ မိသားစုဘဝ တည်ဆောက်ရင်းနဲ့ပေါ့...
ပဉ္စမ ၁၀ နှစ်မှာကျတော့ ရှာဖွေစုဆောင်းထားသမျှကို အသုံးပြုရင်း တည်မြဲအောင် ထိန်းသိမ်းရင်း အချိန်တွေ ကုန်သွားပြန်ရော...
ဆဋ္ဌမ ၁၀ နှစ်ထဲရောက်လာတော့ ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေးတွေ ကောင်းမွန်ဖို့အတွက် လုံးပမ်းရပြန်တယ်...
နောက်ဆုံး ၁၀ နှစ်ထဲမှာရောက်တော့ အရာရာ လွှတ်ချထားခဲ့နိုင်ဖို့ ကြိုးစားရင်း လာလမ်းအတိုင်း ပြန်ဖို့အချိန်ကို စောင့်ဆိုင်းကြရတယ်...
( ဒါတွေဟာ ယေဘုယျအားဖြင့်ပါ.)
ကျွန်တော်တို့ ဖြတ်သန်းပြီးခဲ့တဲ့ အချိန်တွေကို သေချာ ပြန်စဉ်းစားကြည့်ပါ. ၁၀ နှစ် တစ်စုချင်းစီက ကုန်ဆုံးတာ အရမ်း မြန်ဆန်လွန်းလို့ မျက်လှည့် ပြလိုက်သလိုပါပဲ...
သိပ်မကြာခင် အချိန်မှာပဲ ကျွန်တော်တို့ လက်ရှိ ၁၀ နှစ် အပိုင်းအခြားလေးက ကုန်ဆုံးသွားတော့မယ်...
ကျွန်တော်တို့ လုပ်ဆောင်ပြီးခဲ့တာတွေလည်း အများကြီး ရှိသလို မလုပ်ရသေးတာတွေလည်း အများကြီး ကျန်နေသေးတယ်...
ကျွန်တော်တို့ရဲ့ အချိန်တွေကို ကိုယ်လိုချင်တဲ့ အရာဝတ္ထုတွေနဲ့ လဲလှယ်ခဲ့ကြတယ်...
ကျွန်တော်တို့ရဲ့ အချိန်တွေကို အလုပ်တွေနဲ့ သွားလဲခဲ့ကြတယ်...
ကျွန်တော်တို့တွေ အချိန်တွေကို ငွေတွေနဲ့ သွားလဲခဲ့ကြတယ်...
ဒါပေမဲ့ ကျွန်တော်တို့တွေ ငွေနဲ့ ကုန်သွားတဲ့ အချိန်တွေကို ပြန်ဝယ်လို့ မရေတာ့ဘူး...
အချိန်ဘဏ်တိုက်ဆိုတာ မရှိတဲ့အတွက် ကျွန်တော်တို့မှာ နောက်ထပ်သုံးဖို့ အချိန်တွေ ဘယ်လောက် ကျန်သေးလဲဆိုတာ ပြန်စစ်ဖို့ အချိန်စုစာအုပ် မရှိကြဘူး...
ကျွန်တော်တို့ သိနိုင်တာတစ်ခုက ကျွန်တော်တို့ ၁၀ နှစ်အစုတွေ ဘယ်နှစ်ကြိမ် ထုတ်သုံးခဲ့ကြပြီလဲ...
ကျန်နေသေးတဲ့ ၁၀ နှစ်အစု အချိန်တွေကို အကုန်ပြည့်အောင် သုံးခွင့်ရပါ့မလား ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး...
ကျွန်တော်တို့ သုံးပြီးခဲ့တဲ့ ဆယ်နှစ် အစုတွေအတွက်ကရော တန်ခဲ့ကြရဲ့လား...
နောက်ပြန် လှည့်ကြည့်မိတဲ့ အခါတိုင်းမှာ ပြန်နှမြောနေစရာ မလိုအောင် အကျိုးရှိရှိ အသုံးချခဲ့ကြရဲ့လား...
ဒါကြောင့် လက်ရှိပစ္စုပ္ပန် ၁၀ နှစ်အစုကို အကျိုးရှိရှိ
အသုံးချကြရအောင် ..!
- မဖျားနာသေးပေမဲ့ ကြိုတင်ကာကွယ်ထားပါ.
- မဆာသေးဘူးဆိုပေမဲ့ ရေများများသောက်ပေးပါ.
- ဘဝက အရမ်း ရှုပ်ထွေးနေတယ်ဆိုရင် လွှတ်ချသင့်တာ လွှတ်ချထားခဲ့ပါ.
- ပတ်သက်ဖို့ အကြောင်းတရား ရှိနေသေးတယ် ဆိုရင်လည်း အလျှော့ပေး ဆက်ဆံလိုက်ပါ.
- ရာထူးအာဏာ ရှိတယ်ဆိုရင်တောင် ကိုယ့်ကိုယ်ကို နှိမ့်ချပါ.
- လူက မပင်ပန်းဘူးဆိုရင်တောင် စိတ်ကိုတော့ အနားပေးလိုက်ပါ.
- မချမ်းသာသေးဘူး ဆိုပေမယ့် ရှိတာနဲ့ တင်းတိမ် ရောင့်ရဲပါ.
- အလုပ်တွေ ဘယ်လောက်များများ မိသားစုနဲ့ အပန်းဖြေလိုက်ပါ.
- စားချင်တာရှိရင် စားပါ. လည်ပတ်ချင်ရင် လည်ပတ်လိုက်ပါ.
- စိတ်ဆင်းရဲစရာ စိတ်မချမ်းသာစရာတွေ သိမ်းမထားပါနဲ့. ပျော်ပျော်ရွှင်ရွှင်သာ နေပါ.
- လက်တွဲခွင့်ရတုန်း တွေ့ဆုံခွင့်ရကြတုန်း အပေါင်းအသင်းတွေနဲ့ ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင် ပွင့်ပွင့်လင်းလင်း နေလိုက်ပါ...
- တစ်ယောက်နဲ့တစ်ယောက် ဖက်ထားလို့ ရနေသေးချိန်မှာ အားရပါးရ ဖက်ထားလိုက်ပါ.
- အဖေ အမေ ညီအကို မောင်နှမ သူငယ်ချင်း ချစ်သူ ဇနီး ခင်ပွန်း စတဲ့ ရောက်ရာ တာဝန်တွေမှာ အကောင်းဆုံးဖြစ်အောင် နေလိုက်ပါ...
- အတူတူ ရှိနေကြတုန်းမှာ ဘာအကြာင်းကြောင့်ပဲဖြစ်ဖြစ် လွယ်လွယ်နဲ့ မမုန်းတီးကြ အာဃာတ မထားကြပါနဲ့...
- အရေးအကြီးဆုံးကတော့
ဘဝကို ကိုယ်ကအသုံးချတဲ့သူ ဖြစ်နေပါစေ... ဘဝက ကိုယ့်ကို ပြန်အသုံးချပြီး ဒီအတိုင်း ..
"သေဆုံးသွားရတာမျိုး"
မဖြစ်ပါစေနဲ့....။
လေးညှင်းပွင့်ဖြင့် ငွေခေါ်နည်း
ခုတေလာ ငွေဝင်နည်းလေးတွေဝေမျှပါလို့ပြောလို့ လည်း
post မတင်တာကြာတော့ ငွေခေါ်နည်းတွေထဲက တစ်ခုဖြစ်တဲ့
လေးညှင်းပွင့်ကိုသုံးပြီး ငွေခေါ်နည်းလေးကိုဝေမျှပေးလိုက်ပါတယ်....
ဒီနည်းလေးဟာ အရမ်းကိုရိုးရှင်းပြီးလုပ်ရတာလည်းလွယ်ကူပါတယ်....
လေးညှင်း (Clove) ကိုရပ်ကွက်ထဲက ကုန်ခြောက်ဆိုင် ၊ ကုန်စုံဆိုင်တွေလည်း အလြယ္တကူဝယ္လို့ရသလို ပရဆေးဆိုင်တွေမှာလည်းဝယ်လို့ရပါတယ်...
Ocean/ City Mart တို့မှာလည်းဝယ်လို့ရတာကြောင့်
ဒီနည်းလေးကိုရေးပေးဖြစ်တာပါ....
နည်းလေးကတော့....
အရောင်းအဝယ်ကောင်းချင်သူများ/ဈေးရောင်းနေသူများ
ပစ္စည်းတွေရောင်းမထွက်ပါက လေးညှင်းပွင့်လေးကို ပစ္စည်းတွေကြားမှာထားပေးပါ.....
( အပွင့်အရေအတွက်မသတ်မှတ်ထားပါ)
တပတ် တခါတော့လုပ်ပေးပါ...
ထင်မထားလောက်အောင်အရောင်းသွက်လာပါမယ်နော်....
Online မှအရောင်းအဝယ်လုပ်နေသူများကတော့ လေးညှင်းပွင့်ကို လေးညှင်းပွင့်လေး 5 ပွင့်ကို အိတ်ထဲထည့်ကာ ဆောင်ထားပါ...
မနက်တိုင်း အိတ်ဖြင့် ဖုန်းကိုပုတ်ကာ မိမိလိုရာဆုတောင်းပါ...
အရောင်းအဝယ် ငွေကြေးလာဘ်လာဘတွေပွင့်ပါလိမ့်မယ်....
မိမိအိမ်ခြံမြေဆိုင်ခန်းမှာ လာဘ်ပိတ်နေတယ်လို့ထင်ရင်တော့ လေးညှင်းပွင့် ပြုတ်ရည်ဖြင့်သာ နေရာအနှံ့ပတ်ဖြန်းပါတော့....
ပြုတ်ရည်သာသုံးပါရန်....
တလတကြိမ်လုပ်လို့ရပါတယ်....
ငွေဝင်ချင်ရင်တော့ ပိုက်ဆံအိတ်ထဲမှာ လေးညှင်းပွင့် 3 ပွင့်ထည့်ကာဆောင်ထားပါ....
စန်းကျနေတယ်ထင်ပါက လေးညှင်းပွင့်ပြုတ်ရည်နှင့်ခေါင်းလျှော်ပေးပါ....အနံစွဲတာမကြိုက်သူများကတော့ ပြီးရင်တော့ရေနဲ့ပြန်လျှော်ပေါ့နော်.....
စန်းကောင်းမှ လာဘ်ကောင်းတာမလို့ စန်းဟာလည်းအရေးကြီးလှပါတယ်....
လုပ်ရလွယ်တဲ့နည်းမို့လို့ လူတိုင်းလိုက်လုပ်ကြည့်ပါနော်....
ယခုနည်းလေးကို မိမိနှစ်သက်ရာ နေ့ရက် အချိန်မှစပြီးလုပ်လို့ရပါတယ်....
Credit to the owner
အားမငယ်တော့ဘူး
Fashion ကျိန်စာ မိနေတဲ့ အဖော်တွေ ရှိသေးတယ်
😁😁😁😁😁😁
"မိဘတွေအတွက် ရှင်သန်ပါ "
ကြိုးစားတိုင်းမအောင်မြင်ပါဘူး ။
အောင်မြင်မှုတစ်ခု ၊ ကိုယ်လိုချင်တဲ့အရာတစ်ခုဟာ
လွယ်လွယ်နဲ့ရတယ်ဆိုတာ မရှိပါဘူး။
ရူးသွပ်စွာ ကြိုးစားဖို့လို့တယ် ။
ကိုယ့်အလုပ်နဲ့ပတ်သက်ရင်
အမြဲဆာလောင်နေဖို့ လိုပါတယ် ။
ကိုယ် တကယ် ဖြစ်ချင်တဲ့အရာ ၊
ကိုယ့်နှလုံးသားက တကယ်မြတ်နိုး
တဲ့အရာကို လုပ်ပါ ။
ပင်ပန်းလာရင် ခဏတာအပန်းဖြေလိုက်ပါ ။
ကျွန်တော်တို့ ရပ်နေလို့ မဖြစ်ဘူး
ရှေ့ဆက်လျှောက်ရမယ့် ခရီးအတွက်
အားအင်တွေရှိဖို့လိုတယ် ။
အရာရာခက်ခဲနေခဲ့ရင်တောင် ငါ့မိဘအတွက်
ငါ ရှင်သန်ရမယ်ဆိုတဲ့စိတ်ကို မွေးစေချင်ပါတယ် ။
ဘဝခရီးက ကြမ်းပါတယ် ။
ကိုယ်ကိုယ်တိုင်က သန်မာအောင်နေပါ ။
လက်ရှိဘဝထက် ပိုမြင့်တဲ့နေရာရောက်အောင်
အမြဲကြိုးစားအားထုတ်နေပါ ။
နေ့ရက်တိုင်းကို တန်ဖိုးရှိအောင် ဖြတ်သန်းပါ ။
အရာရာခက်ခဲနေခဲ့ရင်တောင်
မိဘတွေအတွက်ရှင်သန်ပါ ။
🙏🙏🙏
#မေတ္တာဖြင့်
🙏🙏🙏🙏🙏
ခင်တွယ်စရာမိဘဟူသည် အစားထိုးဖွယ်မရှိပြီ ❤
ဆီးချိုသမားတွေအတွက် သစ်သီးဆိုသည်မှာ
သစ်သီးများကို ဆီးချိုတွင် ရှောင်ရန် မလိုပါ။
အချိုကဲသော သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီးတို့ကို သင့်တင့်အောင် စားနိုင်ပါသည်။
သိပ်မချိုသော မမှည့်သေးခင် ဝမ်းပျဉ်း သို့မဟုတ် အစိမ်းစားပါက များများစားနိုင်ပါသည်။
စားရန်ပို၍ သင့်တော်သော သစ်သီးများမှာ ပန်းသီး ၊ လိမ္မော်သီး၊ မာလကာသီး၊ ဖရဲသီး၊ သင်္ဘောသီးနှင့် နာနတ်သီးတို့ဖြစ်သည်။
သစ်သီးမှည့်များတွင် ဖရပ်တို့စ် သကြားပါဝင်သည်။
မှည့်လေ၊ ချိုလေ၊ ဖရပ်တို့စ် များလေဖြစ်သည်။
ဖရပ်တို့စ် အူမှစုပ်ယူရာတွင် ဂလူးကို့စ်လောက် မမြန်ချေ။
ယင်း၏ ဂျီအိုင်မှာ (၂၀) မျှသာ ရှိသည်။
အကြမ်းဖြင်း သစ်သီး (၁၀၀) ဂရမ် (၁၆ ) ဂရမ်သည် တစ်ကျပ်သားနှင့် ညီသည်တွင် ကယ်လိုရီ (၈၀) ခန့်ပါဝင်သည်။
ဖရပ်တို့စ်၏ ဂျီအိုင်မှာ (၂၀) သာရှိသော်လည်း သစ်သီးအမျိုးမျိုးတွင် ဖရပ်တို့စ်နှင့် အခြား သကြားပါဝင်မှု အနားအများပေါ် မူတည်၍ ဂျီအိုင် ကွားခြားမှုရှိသည်။
ပန်းသီး ၃၉၊ လိမ္မော်သီး ၄၀ ၊ ငှက်ပျောသီး ၆၉ တို့ ဖြစ်သည်။
ထို့ကြောင့် သစ်သီးများကို သွေးချိုတွင် ရှောင်ရန် မလိုပါ။
အချိုကဲပြီး ဂျီအိုင်မြင့်သော သရက်သီး၊ ငှက်ပျောသီး စပ်စ်သီးတို့ကို သင့်တင့်အောင် စားနိုင်ပါသည်။
သိပ်မချိုသော မမှည့်သေးခင် ဝမ်းပျဉ်း သို့မဟုတ် အစိမ်းစားပါက များများစားနိုင်ပါသည်။
စားရန္ပို၍ သင့်တော်သော သစ်သီးများမှာ ပန်းသီး ၊ လိမ္မော်သီး၊ မာလကာသီး၊ ဖရဲသီး၊ သင်္ဘောသီးနှင့် နာနတ်သီးတို့ဖြစ်သည်။
သစ်သီးများတွင် ဗီတာမင်၊ သတ္တုဓာတ်များနှင့် ခန္ဓာကိုယ် အညစ်အကြေး၊ အဆိပ်အတောက်များကို ခြေဖျတ်နိုင်စွမ်းရှိသော အင်တီအောက်စီးဒင့် (Antioxidant) များ အလျှံပယ်ပါဝင်သည်။
ထို့ကြောင့် သစ်သီးများကို နေ့စဉ် ပုံမှန်စားသင့်ပါသည်။
သစ်သီးတစ်ခါစား သည် ကစီဓာတ် (၁၀) ဂရမ် ပါဝင်ပြီး (၈၀) ကယ္လိုရီ ပေးသည်ဟု သတ်မှတ်ထားရာ ပန်းသီး, မာလကာသီး အသေးတလုံး၊ ဖရဲသီး အစိတ်ငယ် နှစ်စိတ်သုံးစိတ် ၊ သင်္ဘောသီး ပန်းကန်သေးတစ်လုံး စားရန် ဖြစ်သည်။
တစ်ခါစား ပမာဏ တစ်နေ့နှစ်ကြိမ်၊ သုံးကြိမ်စားနိုင်ပါသည်။
😊 ဆီးချိုသွေးချိုနှင့် သွေးတိုး ဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊
အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
အထက်ပါအကြောင်းအရာများကို ပါမောက္ခနေဝင်း(ဆေးပညာ) ရေးသားထားသော သွေးချိုရောဂါအကြောင်း သိသင့်သမျှ စာအုပ်မှ ကောက်နုတ်ဖော်ပြထားပါသည်။
Sinocare Myanmar
Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ
ပါရမီဖြည့်ဖက်ဆိုတာ လင်နဲ့မယားကိုသာ ဆိုလိုတာမဟုတ်ဘူး။
လင်မယားဖြစ်သွားရုံနဲ့လည်း ပါရမီဖြည့်ဖက်မဖြစ်ဘူး။
လင်မယားဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊
ခင်မင်သိကျွမ်းသည်ဖြစ်စေ၊ မခင်မင်မသိကျွမ်းသည်ဖြစ်စေ၊
ယောကျာ်းချင်းဖြစ်စေ၊ မိန်းမချင်းဖြစ်စေ
ကိုယ့်ကို ကောင်းမွန်တဲ့အလုပ်တွေ လုပ်ဖြစ်အောင် ကူညီပံ့ပိုးပေးရင် ပါရမီဖြည့်ဖက်ပဲဖြစ်တယ်။
ကောင်းမွန်တဲ့အလုပ်ဆိုတာက ဘာတွေလဲ?
(၁) ဒါန - အများအဆင်ပြေစေဖို့ ကိုယ့်ရှိတာထဲကနေ မျှဝေပေးကမ်းတယ်။ အများအဆင်ပြေစေဖို့ ကိုယ့်ဘဝကို စွန့်လွှတ်ပြီး လုပ်ဆောင်ပေးရမှာကို လုပ်ဆောင်ပေးတယ်။
(၂) သီလ - သူတစ်ပါးကို ထိခိုက်နစ်နာအောင် မလုပ်မိစေဖို့အတွက် ကိုယ်ကျင့်တရားကောင်းအောင်နေတယ်။
(၃) နေက္ခမ္မ - ကိုယ်ကျိုးစီးပွားကို မငဲ့ကွက်ပဲ သူတစ်ပါးအဆင်ပြေစေဖို့သာ အဓိကထားပြီး အလုပ်လုပ်တယ်။
(၄) ပညာ - အမွား အမှန်ခွဲခြားသိအောင် အားထုတ်ပြီး သိတဲ့အတိုင်း အမှားကိုပယ်စွန့်ပြီး အမွန္ကိုသာ လုပ်ဆောင်တယ်။
(၅) ဝီရိယ - ကောင်းမွန်မှန်ကန်ပြီး အကျိုးရှိတဲ့အလုပ်တွေကို မိမိသူတစ်ပါးအတွက် ကြိုးကြိုးစားစား လုပ်ဆောင်တယ်။
(၆) ခန္တီ - ကြုံတွေလာရတဲ့ အကောင်းအဆိုး လောကဓံတွေကြောင့် ဖောက်ပြန်မသွားပဲ ကောင်းမွန်မှန်ကန် အကျိုးရှိတဲ့ အလုပ်တွေကို ပြီးဆုံးအောင်မြင်အောင် လုပ်ဆောင်တယ်။
(၇) သစ္စာ - မှန်ကန်ကောင်းမြတ်တဲ့အလုပ်ကို မှန်မှန်ကန်ကန် လုပ်ဆောင်တယ်။ ကြော်ငြာထားတဲ့အတိုင်း မှန်မှန်ကန်ကန် လုပ်တယ်။ လုပ်ပေးနိုင်တာကိုသာ ပြောတယ်။ လုပ်မပေးနိုင်တာတွေကို မပြောဘူး။
(၈) အဓိဋ္ဌာန - ဆုံးဖြတ်ထားတဲ့အတိုင်း ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်တယ်။
(၉) မေတ္တာ - သူတစ်ပါးကို အဆင်ပြေ ချမ်းသာစေလိုသောစိတ်ထား ထားရှိပြီးတော့ အဆင်ပြေ ချမ်းသာအောင် တတ်နိုင်သမျှ လုပ်ဆောင်ပေးတယ်။
(၁၀) ဥပေက္ခာ - ချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ ကိုယ်လုပ်ပေးရမယ့်အလုပ်ကို မပိုမလိုလုပ်ဆောင်ပေးတယ်။
နှစ်သစ်ကာလမှစ၍ ပါရမီဖြည့်ဖက်များ၊ ပါရမီရှင်များဖြစ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေသော်။
#မိုးသု #မန္တလေး
#ပါရမီဖြည့်ဖက်
ကိုယ့်ရဲ့ ပျော်ခြင်း၊ မပျော်ခြင်း၊ အဆင်ပြေခြင်း၊ မပြေခြင်းတွေကို ကိုယ်သိစေချင်တဲ့သူ... သိရအောင် social media ပေါ်တက်ရေးတတ်ကြတယ် မဟုတ္လား... ဒီသဘောပါပဲ...
နင့်ကြောင့်.. ငါ အသည်းကွဲတယ်၊ ငါအသည်းကွဲလို့... ဒီလိုလုပ်ချလိုက်ပြီ... လှည့်မကြည့်တော့တဲ့သူကို စိတ်ထဲထားနေမိသေးလို့... သူ့ကြောင့် ကိုယ်ဘာလုပ်တယ်ဆိုတာ သူ သိစေချင်သေးတာ... သူသိစေဖို့ကလည်း ဒီနည်းလမ်းပဲသုံးဖို့ရှိတော့တယ်လေ...
ပြီးတော့ ဒဏ်ရာရနေသူဟာ... ကုစားပေးမယ့်သူ လိုကိုလိုအပ်တယ်... ဘယ်သူမှ အမြဲ စောက်ကြောမာမနေနိုင်ဘူး...
အိမ်မှာတုံးလို့ရတယ်လေ ဆိုပြန်တော့လည်း... ဘယ္မိဘ ဘယ်ညီအစ်ကိုမောင်နှမ က ငါတို့သမီးလေး... စောင်သည်းကွဲနေတယ်... ဝိုင်းပြီး မြှောက်ပေးကြစို့ဆိုပြီး... မျက်ရည်လည်ရွဲနဲ့ ကတုံးကြီးထိုင်တုံးတာကို.. ဘယ်လို ငုတ်တုတ်ထိုင်ကြည့်ကြနေမှာတုန်း.....
သီလရှင်ဝတ်လိုက် ဆိုရပြန်အောင်လည်း... ရည်းစားပူမိပြီး စောင်သည်းကွဲနေပါတယ်ဆိုမှ... သာသနာ့ဘောင်ဝင်ပြီး ငရဲထပ်အကြီးခံရဦးမှာလား....
လူတွေဟာ...
တစ်ယောက်နဲ့ တစ်ယောက် ခံစားနိုင်မှူခြင်းတွေ... ခံနိုင်ရည်တွေမတူညီကြဘူး...
အပ်ဖျားတစ်ထောက်စာ ဒဏ်ရာဆိုပေမယ့်
ဆပ်ပြာပူဖောင်းအတွက်တော့ ဘဝပျက်သွားနိုင်တယ်မဟုတ်လား ဆိုတာလိုပဲ... ကိုယ်ခံစားနေရတာကမှ ဒဏ်ရာအစစ်..လို့ သတ်မှတ်လို့တော့ ဘယ်ရပါ့မလဲ...
ရိုးရိုးလေးနားလည်ပေးလို့ရတယ်လေဗျာ...
ကိုယ်က သူမဟုတ်သလို....
သူကလည်း ကိုယ်မှမဟုတ်တာ....
credit kyawhtetthu
"သိပ်ပျော်နေမယ်လို့ ထင်ရတဲ့သူတွေကို
တိုးတိုးလေး မေးချင်တယ်...
တကယ် အဆင်ပြေပါရဲ့လား
ကိုယ့်ကိုယ်ကိုလည်း....
သတိပေးနေရတယ်...
မပျော်ရွှင်မှုတွေအပေါ်မှာလည်း
ရိုးသားရမယ် ဆိုတဲ့အကြောင်း...."
credit kyaw htet thu
#သံပုရာရည်တစ်ခွက်
#မနက်တိုင်းသောက်သုံးပေးခြင်းက #ဗိုက်အဆီကျစေနိုင်လား ??
ကျစေနိုင်တာပေါ့ ။
ဒါဆို ဘာလို့ ကျစေနိုင်တာလဲလို့ သိဖို့မလိုဘူးလား။?
သံပုရာသီးဟာ Vitamin C , Antioxidants , နဲ့ အက်ဆစ်ဓာတ်တွေ အများဆုံးပါဝင်တဲ့ အသီး ဖြစ်နေလို့ပါပဲ ။
သံပုရာသီး ဘာကြောင့်ချဉ်လဲ ဆိုတော့ Citric Acid လို့ခေါ်တဲ့ ခန္ဓာကိုယ် အကျိုးပြု အက်ဆစ်ဓာတ်တစ်မျိုး ကြွယ်ဝစွာ ပါဝင်နေလို့ပါပဲ ။
Citric Acid ကို သဘာဝအစာခြေအက်ဆစ်လို့ခေါ်တယ် ။ သူက ခန္ဓာကိုယ်ထဲ ရောက်သွားရင် အစာခြေရည် အဖြစ်ပြောင်းသွားတယ် ။ အစာအိမ်ထဲ မှာရှိတဲ့ အစာခြေပစ္စည်းတွေကိုလည်း တိုးပွားလာစေတယ် ။
ဒါကြောင့် ရလဒ်က ဘာပဲ စားလိုက်စားလိုက် ကြေညက်စွာ ချေဖျက်လာနိုင်တယ် ။ အစာမကြေတာ မဖြစ်တော့ဘူး ။ အစာကြေတဲ့ အတွက် ဝမ်းလည်း ကောင်းကောင်း သွားနိုင်လာတယ် ။ ကောင်းမွန်တဲ့ အစာခြေစနစ်က ဗိုက်အဆီတွေ လျော့ပါးလာဖို့ အကူအညီပေးပါလိမ့်မယ် ။
သံပုရာသီးမှာ ပါဝင်တဲ့ antioxidants တွေဟာ အဆီဆဲလ်တွေ ကို ချေဖျက်ပြီး စွမ်းအင်ပြောင်းလဲ တာတွေ အတွက် ကူညီတယ် ။ အားကစား လုပ်နိုင်ဖို့ အထောက်အကူ ပေးတယ် ။ ခန္ဓာကိုယ်မှာ အဆီစုတဲ့နေရာတွေကနေ စပြီး အဆီဆဲလ်တွေကို ချေဖျက်တယ် ။ ဒါကြောင့် ဗိုက်အဆီတွေဟာ တဖြည်းဖြည်း ပျော်ကျလာရပါတယ် ။ ဒါတင်မက သံပုရာသီးမှာပါတဲ့ Vitamin C ဟာ ကိုယ်ခံစွမ်းအားနဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးတဲ့အတွက် တက်ကြွ လန်းဆန်းစွာ လှုပ်ရှားလာနိုင်မယ် ။ ပေါ့ပါးလန်းဆန်းလာမယ် ။
အက်ဆစ်ဓာတ်မြင့်မားစွာ ပါဝင်တဲ့ သံပုရာသီးဟာ အူ နံရံတွေ မှာ ရှိတဲ့ အဆီပြင်တွေကို ပျော်ကျစေတယ် ။ အူနံရံ ရဲ့ သကြားဓာတ် စုပ်ယူမှု ကို ထိန်းပေးလိုက်တယ် ။ သဘောကတော့ သွေးထဲ ကို သကြားဓာတ်တွေ မရောက်တော့ဘူး ။ သွေးတွင်းသကြားဓာတ် လွန်ကဲမှုတွေ မဖြစ်တော့ဘူး။
သွေးတွင်းသကြားဓာတ်တွေ နည်းပါးလာရင် အဆီကျလာမယ် ။ တစ်ဆက်ထဲ ပဲ ဆီးချိုရောဂါ ဖြစ်ပွားမှု လည်း ထိန်းပြီးသား ဖြစ်သွားမယ် ။
ဒါတင်မကသေးဘူး Vitamin C များများပါဝင်မှုကြောင့် အသားအေရ လှလာမယ် ။ မျက်နှာ အရေးအကြောင်းတွေ လျော့ပါးလာမယ် ။ဝိတ်ကျဖို့ လေ့ကျင့်ခန်း လုပ်သူတွေ သံပုရာသီးကို မှီဝဲ ပြီး အားကစားလုပ်ရင် အဆီ ကျနှုန်း ပိုမြန်လာမယ် ။
သံပုရာသီးမှာပါတဲ့ ဓာတ်ပစ္စည်းတွေ စာရင်းချကြည့်ရင်
ဗီတာမင် C
သံဓာတ်
ကယ်လ်ဆီယမ်
ဗီတာမင် B6
သိုင်ရမိုင်း ( Thiamine)
ပိုတက်ဆီယမ်
အမျှင်ဓာတ် ( Fibre )
ပရိုတင်း
ဆစ်ထရစ် အက်ဆစ် ( Citric Acid )
တို့ပဲ ဖြစ်ပါတယ် ။
ဗိုက်အဆီချချင်တဲ့ သူပဲ ဖြစ်ဖြစ်
ဝိတ်ချချင်တဲ့ သူပဲ ဖြစ်ဖြစ်
အဓိက အားဖြင့် ( ၃) ချက် လိုအပ်တယ် ။
၁။ ကိုယ်ခံအားကောင်းရမယ် ။
၂။ ဇီဝကမ္မဖြစ်စဉ် လျင်မြန်ရမယ် ။
၃။ အစာ ခြေဖျက်မှု စနစ် ကောင်းရမယ် ။
ဒီ ၃ ချက် လုံးကို သံပုရာသီးက ပေးစွမ်းနိုင်တယ် ။ ဒီတော့ ရှင်းရှင်းလေးပါ ။ သံပုရာရည်ကိုသာ နေ့စဉ်မှီဝဲ အဆီကျဖို့ မလွဲတော့ဘူး မဟုတ်လား ။
#ဘယ်လိုမှီဝဲရမလဲ။
မနက်ခင်း အိပ်ရာထချိန် ဘာမှ မစားခင်မှာ
ရေနွေး တစ်ခွက်ထဲကို သံပုရာသီး တစ်လုံး ညှစ်ထည့်ပြီး သောက်ဖို့ပါပဲ ။ အချဉ်ဓာတ် ကြောက်တဲ့ သူတွေ ဆားလေးနည်းနည်း ထည့်သောက်နိုင်ပါတယ် ။
သံပုရာ နဲ့ ရေနွေး သောက်ပြီး နာရီဝက်ခန့် နေမှ မနက်စာ စားပါ ။
မနက်ခင်း ဘာလို့ ရွေးသောက်ရလဲ ဆိုတော့ ဗိုက်ထဲ ဘာအစာမှ မစားရခင် အချိန်မှာ သောက်ရင် အကျိုးပြု အစာခြေရည် တွေ တိုးပွားမှု ပိုမို ကောင်းမွန်ပါတယ် ။ အူနံရံကလည်း အစာမရှိတဲ့ အတွက် စုပ်ယူမှု အားအကောင်းဆုံး အချိန် ဖြစ်ပါတယ် ။ အထိရောက်ဆုံး အချိန်မို့ပါ။
( အစာအိမ်ရောဂါ ရှိသူများကတော့ တစ်ခြမ်းလောက်ဆို လုံလောက်ပါတယ်။ ကိုယ့်ကိုကိုယ် စိတ်မချရင် လည်း မသောက်ပါနဲ့ ။ ရေနွေးပူပူ သာ သောက်ပါ။ သူကလည်း အူနံရံကို အကျိုးပြုပြီး ဝမ်းသွားရမှန်စေပါတယ် ။ )
ဝိတ်ချချင်တယ် ဆိုသူလေးတွေအတွက် နောက်ထပ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းလမ်းကောင်းလေးတွေ ထပ်ထပ် တင်ပေးသွားမှာမို့ Page ကို Like & See First ထားပါဦးနော် ။
သိချင်ဖတ်ချင်တဲ့ အကြောင်းအရာသစ်လေးတွေ ရှိရင်လည်း စဉ်ဆက်မပြတ် တင်ပြပေးနိုင်ဖို့ အတွက် ဒီပိုစ့်အောက်မှာ comment လေးတွေပေးခဲ့နော် ။
ကိုယ့်အတွက် အသုံးဝင်သလို တခြားသူလေးတွေလည်းဖတ်လို့ရအောင် Post ကို လွတ်လပ်စွာ Share လို့ ရပါတယ်နော် ။
Healthy Diet Wieght Loss Plan၏ မူပိုင်ရေးသားဖန်တီးမှု ဖြစ်ပါသောကြောင့် ခွင့်ပြုချက်မပါဘဲ ကူးယူဖော်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။
#ဝိတ်ချကြမယ်
လုပ်ချင်တာလုပ်ပီးရင်တော့ ပြေးပီမေမေရေ😂😂😂
ဖိုတို/ခရတ်ဒစ်
လူတိုင်းမှာ
အဆင်မပြေမှုတွေ ရှိတယ်
တစ်ချို့ကျတော့ ဘေးလူက
ဝင်ကူညီမှကို အဆင်ပြေမဲ့ အခြေနေမျိုး...😌
ဒီကာလမွာ
ဝမ်းနည်းစရာတွေ မြင်ရလည်း
ကြိုးစားပြီးတော့ ရှေ့ဆက်ရမှာဘဲ
#သိသင့်တာလေးတွေမျှဝေပေးသည်
ကြက်ပေါင်းရည် လုပ်နည်း
အပြင်မှာကြက်ပေါင်းရည်ဝယ်မရတော့ဘူးဆိုလို့
ကြက်ပေါင်းရည်လုပ်နည်းလေး ပြန်လည်၍ဝေမျှပေးလိုက်ပါတယ် ။
ကိုယ်လည်းအပြင်မထွက်တာ ၁ပတ်လောက်ရှိပြီမို့
ရှိတာလေးနဲ့လုပ်ပြထားပါတယ် ။ ကြက်ပေါင်းရည်ဆိုတာ
ကြက်ကိုပေါင်းပြီးထွက်လာတဲ့အရည်ချိုကိုပြောတာပါ ။
ကြက်သား ဂျင်း ကြက်သွန်ဖြူ နံနံပင်အမြစ်တို့လိုပါတယ်
ကြက်သားကိုရေစင်အောင်ဆေးပါ
နံနံပင်ရဲ့အမြစ်ကိုရေစင်အောင်ဆေးပါ
ဂျင်းကိုအခွံခွာပြီး မထူမပါးလွီးပါ
ကြက်သွန်ဖြူအမွှာကိုခွာယူပြီး ရေဆေးပါ
(အခွံမခွာပါဘူးရှင် အခွံနဲ့တစ်ပါတည်းထည့်ပေါင်းမှာပါ )
ဇောက်နက်တဲ့ပန်းကန်ထဲကို
ပန်းကန်လုံးအသေးလေးတစ်လုံးမှောက်ထည့်ပါ
သူ့အပေါ်မှ ကြက်သား ဂျင်း ကြက်သွန်ဖြူ
နံနံပင် ဖြန့်ပြီးထည့်ပါ
ထမင်းပေါင်းအိုးထဲကို ရေထက်ဝက်ခန့်ထည့်ပြီး
အပေါ်ကန့်သုံးကာ ၂နာရီခန့်ပေါင်းပါ
အဖုံးမဖွင့်ကြည့်ပါနဲ့ ကြက်ပေါင်းရည်ရဖို့
အချိန်၂နာရီကလုံလောက်ပါတယ်ရှင်
ကြက်ပေါင်းရည်လိုတာထက်ပိုထွက်ချင်ရင်
ဒီလိုလေးလုပ်ပါရှင်
ဇစ်အိတ်လေးတွေထဲ ရေခဲတုံးလေးတွေထည့်ပြီး
အိုးအဖုံးပေါ်ကို တင်ပေးပါရှင်
ဘယ်အချိန်လုပ်ရမလဲဆိုတော့ အချိန်ပြည့်ဖို့ ၅မိနစ်၁၀မိနစ်အလိုလောက်မှာလုပ်လို့ရပါတယ်
ဘာအရသာမှုန့် ဘာဆားမှမထည့်ပါဘူး
ကြက်ကတော့ ဗမာကြက်အသုံးပြုတာအကောင်းဆုံးပါရှင် ။
ကြက်ပေါင်းရည်ထဲမှာအဆီတွေဝေ့နေတာ
မနှစ်သက်ဘူးဆိုရင် ကြက်ပေါင်းတဲ့အခါ
ကြက်အရေခွံကိုဖယ်ပြီးပေါင်းပေးပါရှင့် ။
Credit Htun Thiri
မူရင်းပိုစ့်ပိုင်ရှင် မမအားcredit ပေးပါသည်။
မှတ်ချက်
အရေခွံမချွတ်လျှင် အဆီထွက်ပြီးလည်ချောင်းယားပြီးချောင်းဆိုးတတ်ပါသည်။
မြန်မာ့ဂုဏ်ကိုဆောင်မယ့် မြန်မာမလေး Ni Ni Lin Eain
တစ်ယောက်တည်းလာခဲ့တာမဟုတ်ဖူး
ငါ့နိုင်ငံကိုပါခေါ်လာခဲ့တာ ဆိုပြီး
ယုံကြည်မှုအပြည့်နဲ့ ရဲ့ရဲ့ ဝံ့ဝံ့တစ်ယောက်တည်း
ကြိုးစားလာခဲ့တဲ့ Ni Niရေ 😘
Winner ဆုကြီးကိုနီနီပဲရမှာပါ
နီနီကိုအားပေးချင်တယ်ဆိုရင်တော့
ဒီ link လေးကိုနှိပ်ပြီးအမြန်လေး vote ပေးလိုက်ကြရအောင်
Instagram တိုက်ရိုက် link ပါ။
https://www.instagram.com/p/CyqXAWXB2Ns/?igshid=NjIwNzIyMDk2Mg==
Mr. Nawat Extra Voting Link
https://www.instagram.com/p/CyqdwHxSpoD/?igshid=NjIwNzIyMDk2Mg==
ပြထားတဲ့ Link ထဲကိုဝင်ပါ
ထိပ်ဆုံးကနာမည်စာတန်းအမဲလေးကိုနှိပ်ပြီး Acc Follow လုပ်ပါ ပြီးမှ Ni Ni ပုံကို အသည်းလေးတွေပေးရင်း Ni Ni ရဲ့ကြိုးစားမှုကိုအတူတူဂုဏ်ပြုလိုက်ကြရအောင်နော်
Vv တွေ နာရီပိုင်းအတွင်းမှာ အမှီလိုက်လာနေကြပါပြီ
Instagram ပြေးကြမယ်
MGI and Nawatကိုဖော်လိုလုပ်ဖို့အရမ်းအရေးကြီးပါတယ်
https://www.instagram.com/p/CyqXAWXB2Ns/?igshid=MzRlODBiNWFlZA==
EXTRA Vote from Mr Narwat
https://www.instagram.com/p/CyqdwHxSpoD/?igshid=MzRlODBiNWFlZA==
MGI နဲ့ပါးပါနဝမ် Acc FollowထားမြVoting ကအကျုံးဝင်မှာမလို့ Followပေးပါနော်
FOLLOW Miss Grand International
https://instagram.com/missgrandinternational?igshid=MzRlODBiNWFlZA==
FOLLOW Mr Narwat account follow
https://instagram.com/nawat.tv?igshid=MzRlODBiNWFlZA=
" ဗိုက်ပူတာ ဘာကြောင့်လဲ
လူအများစုရဲ့အထင်က ဗိုက္ပူတာဟာ
ဝမ်းဗိုက် မှာအဆီတွေ စုပါများပြီး
အဆီတွေအခေါက်တွေ ထူလာလို့ဖြစ်ရတာလို့ပဲ
ထင်နေကြပါတယ်။
အဲဒါတစ်ခုတည်းကြောင့်တော့ မဟုတ္ဘူး။
လူတွေ သတိမထားမိကြသေးတဲ့
အကြောင်းတစ်ခု ရှိနေပါသေးတယ်။
အဲဒါကေတာ့ အူမကြီးတွေ
ကြီးမားတုတ်ခိုင်လွန်း နေလို့
ဗိုက်ပူထွက်နေကြရခြင်း ပဲဖြစ်ပါတယ်။
အထူးသဖြင့် အသက်ကြီးလာလို့
ဗိုက်ပူထွက် လာကြရသူတွေဟာ
အဲဒီ့အူမကြီးတွေ တုတ်ခိုင်ကြီးမားလာလို့
ဖြစ်ရတာ များပါတယ်။
အူမကြီးတွေ ဘာကြောင့် ကြီးမား
တုတ်ခိုင်လာကြရတာလဲ။ဖြစ်စဉ်ကတော့
အနှစ်နှစ်အလလ အစားအစာတွေကို
စားလာခဲ့ရာကေန ဖြစ်လာရတာပါပဲ။
အစာစားလိုက်တဲ့ အခါမွာ အစာဟောင်းတွေဟာ
အူမကြီးထဲကို ရောက်ရှိပြီး အထိုင်ချပါတယ်။
အဲဒီ အစာဟောင်းတွေဟာ
ရှေ့ကိုမြန်မြန်တိုးပြီး မစင်အဖြစ်
ခန္ဓာကိုယ်ပြင်ပကို ထွက်သွားဖို့လိုပါတယ်။
သို့သော်လဲ လူက ရေသောက်နည်းခြင်း
အမျှင်စာ စားတာနည်းခြင်း
လှုပ်ရှားမှု နည်းခြင်းတွေကြောင့်
အစာဟောင်းတွေဟာရှေ့ကို
မြန်မြန် မတိုးနိုင်ကြဘူး။
အဲဒီ့အခါမွာ အူမကြီး အတွင်းနံရံတွေမှာ
မစင်တွေကချိုး(ဂျိုး)အဖြစ် ကပ်ကပ်လာပါတယ်။
ဒီဖြစ်စဉ်မျိုးက အမြဲတန်းဖြစ်လာရာက
ကြာတော့ အူမကြီးတွေ အလုံးတုတ်တုတ်လာပြီး
ဗိုက်ကြီးက ပူထွက်လာတော့ တာပေါ့။
ထင်ရှားတဲ့ ဥပမာနဲ့ ပြောရရင်
သံကောင်တွေ အများကြီးရှိတဲ့ ကလေးတွေ
ဗိုက်ပူနေတဲ့ ပုံစံမျိုးပါပဲ။
အမေရိကန်နိုင်ငံက ဗိုက်အလွန်ပူတဲ့
လူတစ်ယောက်သေသွားလို့ သူ့အလောင်းကို
ခွဲစိတ်ကြည့်ကြပါတယ်။ဗိုက်ကို ခွဲလိုက်ရာမှာ
သူ့ရဲ့အူမကြီးတွေဟာ အလွန်ကိုကြီးမား
တုတ်ခိုင်နေတာကို တွေ့ကြပါတယ်။
အဲဒီအူမကြီးကို ခွဲလိုက်ရာမှာတော့
ကြောက်စရာကောင်းလောက်အောင်
နံစော်နေတဲ့ မစင်ချိုးတွေ ကပ်နေတာကို
တွေ့ရတယ်လို့ဆိုပါတယ်။အနှစ်နှစ်အလလက
စုအောင်းလာတဲ့ မစင်ချိုးတွေကြောင့်
အူမကြီးတွေ တုတ်ခိုင်ကြီးမားပြီး
ဗိုက်ပူထွက်လာခြင်းဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့အူအရှည်ဟာ
၂၆ ပေကနေ ပေ ၃၀ လောက်အထိ ရှည်ပါတယ်။
အဲ့လောက်ရှည်တဲ့ အူတွေတုတ်ခိုင်ကြီးမားနေတော့
ဝမ်းဗိုက်ကလည်း ပူထွက်လာတော့တာပေါ့။
အူမကြီးတွေမှာမစင်ချိုးတွေ များနေခြင်းဟာ
လူကိုရောဂါများစေပြီး အသက်လည်း
တိုတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့
အဲဒီမစင်ချိုးတွေကနေ ထြက္လာတဲ့
အဆိပ်အတောက်တွေဟာ အူနံရံတွေကနေ
ဝင်ပြီးတစ်ကိုယ်လုံးကို ပျံ့နှံ့ရောက်ရှိပြီး
ရောဂါဖြစ်စေလို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် အဲဒီ မစင်ချိုးတွေကို
ဖယ်ရှားရှင်းလင်းဖို့ လိုအပ်ပါတယ်။
မစင်ချိုးတွေကို ဘယ္လို ရှင်းလင်း
ဖယ်ရှားပစ်ရမလဲ။
နိုင်ငံခြားမှာတော့ဝမ်းချူတဲ့ စက်တွေနဲ့
စအိုကေန ဆေးရည်သွင်းပြီး ဖယ်ရှားကြပါတယ်။
၇ကွိမျလောကျ ဝမ်းချူလိုက်ပြီးနောက်မှာ
မစင်ချိုးတွေ ရှင်းသွားပြီး ဗိုက်လည်းချပ်
နေလို့ထိုင်လို့လည်း ကောင်းသွားကြတယ်လို့
ဆိုပါတယ်။ကျနော်တို့ တိုင်းပြည်မှာတော့
အဲ့ဒီ့လောက် ခေတ်မမှီသေးဘူး
ဒါကြောင့်မြန်မာ့နည်းမြန်မာ့ဟန်နဲ့ပဲလုပ်ကြတာပေါ့။
မြန်မာတွေ အလွန်နှစ်သက်တဲ့
ဟင်းအမယ်တွေရှိပါတယ်။
အဲဒီ့ထဲမွာ ထမင်းကို အလွန်မြိန်စေတတ်တဲ့
ကင်ပွန်းချည်ကို မကြိုက်သူ မရှိသလောက်ပါပဲ။
ကြော်ချက်အဖြစ်၄င်း ဟင်းချိုအဖြစ်၄င်း
ချက်စားကြပါတယ်။ကင်ပွန်းသီးကိုလည်း
တရော်နဲ့ တွဲပြီးခေါင်းလျှော်ကြပါတယ်။
ကင်ပွန်းပင်ဟာ ဆပ်ပြာကဲ့သို့
ဆေးကြောပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။
ကင်ပွန်းချဉ်ရွက်ကို ဟင်းချိုအဖြစ်
အရသာရှိအောင် ခပ်ပျစ်ပျစ်ချက်ပြီး
နေ့လယ် ထမင်းစားချိန်မှာ ထမင်းနဲ့အတူ
အားရပါးရစားပါသောက်ပါ။
တစ်ပန်းကန်လုံး ကုန်အောင်သောက်ပစ်လိုက်ပေါ့။
အဲဒီကင်ပွန်းချဉ်က အူမကြီးထဲရောက်ရင်
မစင်ချိုးတွေကို နှူးပေးပါလိမ့်မယ်။
ရှေ့ကဆပ်ပြာနဲ့ နှူးထားပြီးရင်
နောက်က တံမြက်စည်းနဲ့လှဲပြီး
သန့်ရှင်းရေး လုပ်ပေးရပါတယ်။
ဒါကြောင့်ညနေဘက်မှာ အမျှင်ဓါတ်ကြွယ်ဝတဲ့
ဂေါရခါးညွန့်လို အရွက်အညွန့်တွေ
ဗိုက်ဝတဲ့ အထိ ကြော်စားပေးပါ။
ညအိပ်ယာမဝင်ခင် ပန်းသီးတစ်လုံးစားပြီး
အိပ်လိုက်ပါ။အူတွေ လှိုင်းထအောင်
ညနေဘက်မှာ လမ်းလျှောက်ထွက်ပေးပြီး
ရေများများသောက်ဖို့လည်း လိုပါတယ်။
အဲနောက်နေ့ မနက် မှာတော့
တကွီကွီတစီစီနဲ့ E ပါပြီး အူမကြီးထဲက
မစင်ချိုးတွေ အကျိအချွဲတွေအရိအရွဲတွေ
ထွက်ကျလာလိမ့်မယ်။
ဝမ်းခိုင်တဲ့ သူတွေကတော့ ဝမ်းနူးပါလိမ့်မယ်။
တစ်ပတ်တစ်ခါလောက် ပုံမှန်လေးလုပ်ပေးရင်
၁ နှစ်လောက်အကြာမှာ
သိသိသာသာ ဗိုက်ချပ်ပါတယ်။
နေလို့လည်း ကောင်းသွားလိမ့်မယ်။
အသက်ကြီးလာလို့ ဗိုက်ပူလာပြီး
အစားလျှော့ပေမဲ့ ဗိုက် မချပ်သူများ
ဒီနည်းကို စမ်းကြည့်နိုင်ပါတယ်။
ဗိုက်လေးချပ်မှလည်း
ကြည့်ကောင်းတာ မဟုတ္လား
ယောက်ျားဖြစ်သူက လစာထုတ်တဲ့နေ့ကစပြီး KTVသွားတယ် စော်လေးတွေနဲ့ကဲတယ် ၃ရက်အိမ်မပြန်ဘူး
အဲ အိမ်ပြန်တဲ့နေ့ကျ လက်ထဲတစ်ပြားမှမကျန်တော့ မိန်းမဖြစ်သူကတင်းပြီလေ
အဲ့ဒီမှာမေးတယ်
မိန်းမ။ ။ ယောက်ျား ရှင့်ကိုမတွေ့ရတာ ၃ရက်ရှိပြီနော် ဘာလုပ်နေတာလဲ
ယောက်ျား။ ။ အေး ငါ့ဘာသာပျော်နေတာ မင်းဝင်မပါစမ်းပါနဲ့
မိန်းမ။ ။ ဟုတ်ပြီလေ ရှင်ကျွန်မကိုမတွေ့ရင်ရော ဘာလုပ်မှာလဲ
ယောက်ျား။ ။ ဟာ ငါပျော်မှာပေါ့
အဲ့လိုနဲ့ ပထမတစ်ပတ် ယောက်ျားကမိန်းမကိုမမြင်ဘူး
ဒုတိယတစ်ပတ် မမြင်သေးဘူး
တတိယတစ္ပတ္က်မွ မျက်လုံးအယောင်နည်းနည်းကျပြီး မျက်လုံးထောင့်နားကနေမိန်းမကိုနည်းနည်းမြင်လာတယ်
Credit
ရခိုင်မုန့်တီသုပ် စပ်စပ်လေးလုပ်စားကြရအောင် 😍
ရခိုင်မုန့်တီသုပ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ငရုပ်သီးစိမ်း အနှစ်ချက်နည်း
-----------------------------------------------------
ငရုပ်သီးစိမ်းကို ရေနွေးဖြင့်ပြုတ်ပြီး ရလာသော ငရုပ်သီးစိမ်းကို ထောင်း ပါ သို့မဟုတ် blender ဖြင့် ကြိတ်လိုက်ပါ။
ရလာသော ငရုပ်သီးအနှစ် ၊ ငပိ ၊ ငါးအသားနွှင် ၃ ပုံ ၁ ပုံ ၊ ဆားလိုသလောက် ခန့်မှန်းထည့်ကာ ကြိုချက်ပေးပါ။
ဆူပွက်လာချိန်မှာ အပေါ့အငန်းမြည်းပြီးရင် ငါးရွှေအဖတ်ကလေးများဖြင့် ငရုပ်သီးအနှစ်ချက်ရပါပြီ။
တချို့တွေကတော့ ငရုပ်သီးအနှစ်ချက်မှာ ဟင်းချိုမှုန့်ခတ်တတ်ကြပါတယ်။
နောက်ထပ် ပြင်ဆင်ထားရန်များ
-------------------------------------
ဆီချက်သတ်ပေးပါ။
မကျည်းသီးအနှစ်ရည် ဖျော်ထားပါ။
နံနံပင် လှီးထားပေးပါ။
ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်းစေ့ အနည်းငယ် ရောထောင်းထားပေးပါ။
ကြက်သွန်စိမ်း ပါးပါးလှီးထားပေးပါ။ ( ကြိုက်သူများ အတြက္သာ)
သံပုရာသီး အစိပ်လေးတွေ လှီးထားပေးပါ။
ငရုပ်သီးအကျက်မှုန့် အနည်းငယ် ပြင်ဆင်ထားပါ။
ကိုယ်ကြိုက်ရာ ပဲကြော် ငါးဆုပ်ကြော် ၀က်ဆီဖတ် တမျိုးမျိုး ပြင်ဆင်
ထားပါ။
အထက္က လုပ်နည်းတွေအတိုင်း လုပ်ထားပြီးပြီ ဆိုလျှင်တော့ ရခိုင်မုန့်တီ အရည် ၊ အသုပ်အစုံ စားလို့ ရပါပြီရှင်။
ရခိုင်မုန့်တီသုပ်နည်း
-----------------------
ကိုယ်စားနိုင်မယ် ထင်သလောက် မုန့်ဖတ်ကို သုပ်မယ့် ခွက်ထဲထည့်ပါ။
ချက်ထားတဲ့ငရုပ်သီးအနှစ်ကို မိမိအစပ်ကြိုက်တဲ့အပေါ်မူတည်ပြီးထည့်ပါ။
မကျည်းသီးအနှစ်ဖျော်ရည် နည်းနည်းထည့်ပေးပါ။
ဆားလိုသလောက် ထည့်ပေးပါ။
ဆီခ်က္ကို ကြိုက်သူတွေလည်း ထည့်စားတတ်ကြပြီး မထည့်ပဲ စားတတ်တဲ့ သူတွေလည်း ရှိပါတယ်။
ရခိုင်မုန့်တီသုပ်မှာ ငရုပ်သီးအနှစ်ချက်က အဓိက ကျပါတယ်။
က်မကေတာ့ မုန့်တီသုပ်ဆိုရင် မကျည်းနှစ်ဖျော်ရည်ဖြင့် သုပ္စားရတာ ကြိုက်ပြီး တစ်ချို့တွေကြပြလည်းသံပုရာသီး အနည်းငယ်ညှစ်ထည့်ကာ ကြက်သွန်စိမ်းပါးပါးလေး လှီးထည့်ကာ စားကြပြန်ပါတယ်။
ကိုယ်ကြိုက်နှစ်သက်ရာ အကြော်တစ်မျိုးကို ညှပ်ထည့်က ရောသုပ်လိုက်ပါ။
သုပ်ပြီးပြီးဆိုရင်တော့ အပေါ်ကနေ နံနံပင်ညှပ်ထားတာလည်းကို ထည့်လိုက်ပါ။
ဒါဆိုရင်တော့ ကျမတို့အကြိုက် ရခိုင်မုန့်တီသုပ်တစ်ခွက် ရရွိလာမွာ ဖြစ်ပါတယ်ရှင်။
Credit : မူရင်းပိုင်ရှင်အား လေးစားလျက် :-) ရခိုင်သူ
Credit photo : မြကလေး
ဘရုစ်လီရဲ့ ဂျီကွန်ဒို လက်သီးဆုပ်နည်း။
ဂျီကွန်ဒိုလက်သီး ထိုးထုတ်ဖို့အတွက်ဆိုရင် လက်သီးဆုပ်နည်းကို တိတိက်က် သိထားဖို့ လိုအပ်ပါတယ်။
တိတိကျကျမဆုပ်တတ်ဘူးဆိုရင် လက္သီးထိုးတဲ့အခါမွာ လက်ချောင်းကျိုးတာ၊ လက်ကောက်ဝတ်ဆစ် နာတာတွေ ဖြစ်တတ်ပါတယ်။
လက်သီးဆုပ်တော့မယ်ဆိုရင် -
ပထမဆုံး ဓါတ္ပုံ(A)ထဲကလို လက်ဝါးဖြန့်လိုက်ပြီး ဓါတ္ပုံ(B)ထဲကလို လက်မထောင်ပြီး လက်ချောင်းလေးတွေကို ကွေးယူလိုက်ပါ။
ပြီးရင် ဓါတ္ပုံ(C)ထဲကလို လက်ချောင်းလေးတွေကို လက်မရင်းထိ လိပ်ယူလိုက်ပြီး လိပ္ထားတဲ့ လက်ချောင်းလေးတွေအပေါ်မှာ ဓါတ္ပုံ(D)ထဲကလို လက်မကို ဖိပြီး တင်လိုက်ပါ။
ဒါဆိုရင်တော့ မျှတညီညွတ်တဲ့ လက်သီးတစ်လုံးရပြီပဲ ဖြစ်ပါတယ်။
ဒါပေမယ့် လက်သီးထိုးထုတ်တဲ့အခါမှာတော့ လက္သီးရဲ့ ထိချက်ဟာ အောက်မှာ ထိုးပြထားတဲ့ ဓါတ္ပုံထဲကလို လက်သန်း၊ လက်သူကြွယ်၊ လက်ခလယ် နဲ့ပဲ ထိရပါမယ်။ ပထမဉီးစားပေး ထိချက်ဟာ လက်သန်းဖြစ်ရပါမယ်။
တကယ္လို့ လက္သီးကို လက်ညိုးဉီးစားပေး ထိပေးမယ်ဆိုရင် လက်ကောက်ဝတ် နာတာတွေ၊ ခန္ဓာကိုယ်တစ်ခုလုံးအား ထုတ်မရတာတွေ ဖြစ်တတ်ပါတယ်။
လက်သီးထိုးထုတ်တဲ့အခါမှာလည်း လက္သီးကို အလျားလိုက် မထွက်စေဘဲ ဒေါင်လိုက် အနေအထားနဲ့ ထွက်စေရပါမယ်။ ဒီလို ဒေါင်လိုက် ထွက်သွားတာမျိုးဟာ လက္သီးကို ပိုမြန်စေသလို၊ ပိုပြီးလည်း အားပြင်းစေပါတယ်။
မိန်းကလေးတွေရဲ့ ကိုယ်အလေးချိန်
1 90-100 -အစားသောက်ကောင်းကောင်းစားပေးပါ။😋
2 90-110 -ဘာဝတ်ဝတ်လှနေတယ်။🙈
3 110-130 - အသားရည်ပြည့်တယ်၊ကိတ်တယ်။🙊
4 130-150 - အရမ်းအဆီများနေပြီ။
5 150-170 - ဝက္ကေလး
170-180 - မျိုနေတာအခုရပ်လိုက် ။
_( သင်ရော နံပါတ် ဘယ်လောက်နဲ့ ဦးဆောင်နေလဲ )
နှစ်တစ်ရာသီးပန်းစိမ်းဥနီကြော်
____________________________
ပန်းပွင်းအစိမ်း တစ်ပွင့်
နှစ်တစ်ရာသီး ၁၀ သား
ဥနီ တလုံး
အသီးအရွက်တွေကိုကိုင်တွယ်လှီးခွတ်ပြီး.ဆားရည်လေးစိမ်ထား
ကြက်သွန်ဖြူ ဓားပြားရိုက်ပြီးဆီသတ်
နှစ်တစ်ရာသီး အရင်ထည့်ကြော်
ဥနီထည့်....နောက်ဆုံးမှပန်းစိမ်းလေးထည့်ကြော
Dashi ငါးအသားမှုန့်လေးဖြူး
ရိုးရိုးလေးနဲ့ အရသာရှိပြီး စားကောင်းစေမယ့် အရံဟင်းပွဲလေး တစ္ပြဲ....😋
သတ်သတ်လွတ်ဟင်းအနေနဲ့ စားလို့ရပါတယ်နော်.......
Credit Mar Lay
ဝိတ်ချရခက်တဲ့သူတွေပါ အမှန်တကယ်သွယ်လျလှပစေမယ့်ညစာ
🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏
ဘေးကင်းကင်းနဲ့စနစ်တကျလှပချင်ရင်
သင်Exerciseမှန်မှန်လုပ်လို့ရပါတယ်
ဒါဆိုလေ့ကျင့်ခန်းလုပ်ဖို့အချိန်မပေးနိုင်ရင်ရော
တခြားနည်းလမ်းနဲ့ ဘေးကင်းကင်း သွယ်လျချင်လို့ပါ ဆိုရင်
သင်စမ်းကြည့်သင့်တဲ့ နည်းလမ်းတစ်ခု iloveDiet က ရှိနေပါတယ်
ကိုယ်အလေးချိန်လျော့ဖို့ဘယ်လောက်ခက်တယ်ဆိုဆို
သေချာ Diet လုပ်ရင် ဆေးမသောက် လေ့ကျင့်ခန်းမလုပ်
အပင်ပန်းခံဖို့ မလိုအပ်ဘဲ လှပနိုင်ပါပြီ 😘
Admin Team နဲ့အတူ 2_Month_Planလေး Joinမယ်ဆို
ငွေ အလဟဿမဖြစ်ဘဲ အချိန်မကုန်ဘဲ အပင်ပန်းခံဖို့်မလိုဘဲ
သတ်မှတ်ကာလ အတွင်း သိသိသာသာ ကျစ်လစ်လှပလာမှာပါနော်
သတ်မှတ် အချိန်အတွင်းမှာ အရပ် နဲ့ လိုက်ဖက် သင့်တော်သော ကိုယ်အလေးချိန် ရရှိ ပိုင်ဆိုင် သည် အထိ ပြောင်းလဲသွားမယ့် ရလဒ်လေး လိုချင်ရင် 2_Month_Plan လေး Join လို့ရပါပြီ
Plan လေး အကြောင်း အသေးစိတ် ဆက်လက် သိရှိလိုပါက Page messenger ကနေတဆင့်ဆက်သွယ် စုံစမ်း မေးမြန်း လို့ရနေပါပြီနော်
😂 ကဲ မဖုတ်ရှိတ်ဒေါင်နိုင်း နဲ့တွေ့တော့ဘာတတ်နိုင်သေးလဲ
ဖြတ္မရ ဓားမဆံုး😐😐😐
ချန်နီတစ်လုံးဝယ်
ပြီးရင် အသားကို ဓါးနဲ့ခြမ်း အစေ့ထုတ်
Vanilla Icecream နှင့် ကောက်ညှင်းကိုညှပ်
ပြီးရင် အုန်းနို့ချိုချိုလေးဆမ်းပြီးစား
ဘယ်လောက်တောက် ကောင်းလိုက်မလဲ
အီဆိမ့်ဆောင့်တက် ရောက်ရှိလိုက်မယ့်ဖြစ်ခြင်း😋
Click here to claim your Sponsored Listing.
Videos (show all)
Contact the business
Website
Address
No. 99/A3, Boe Hla Garden, Than Lwin Road
Yangon
One of the leading phamarceutical distributors in Myanmar. Contact - (01)7532640/1/2/3, 09791089803
ကျန်စစ်သားလမ်း, (၁၀၈)ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်
Yangon, HARMONY
We are selling Thailand & Korea cosmetic, skin care
No 70, Yadanar Street, Kamayut Tsp
Yangon, 11041
ခန္ဓာကိုယ်သွယ်လျ အဆီကျကျစ်လစ်ဖို့ JolieCသောက်ကြစို့
Yangon
ဆရာဝန်ကိုယ်တိုင်မှ Ketogenic Diet နဲ့ပတ်သတ်ပြီး Guidelines လေးတွေပေးသွားမှာပါ။
ရန်ကုန်၊ မန်းလေး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09766888990
Formula 41 ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။ လက်လီ/လက္ကားရပါသည်။ �
တစ်နိုင်ငံလုံးနီးပါး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09754999258
ကျွန်ုပ်တို့သည် ကုန်ပစ္စည်း အစစ်အမှန်များကိုသာ ရောင်းချပါသည်။ အတုအပများ "လုံးဝ" မရောင်းပါ။
No. 16 , Ground Floor , Sa Ka Sein Street , Alone Township
Yangon, 11111
ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအသောက်များကို ရောင်းချပေးတဲ့ Healthy Food Mart မှ ဖိတ်ခေါ်ပါတယ်နော်