Myanmar Tele Tech Training School
Nearby schools & colleges
Bahan Township
အမှတ်မော်ကျော့လမ်း၊သိမ်ကုန်းရပ်ကွက်
No.(10)Ground floor,113st,Mingalar Taung Nyunt
Shwedagon Pagoda Road
Thein Phyu Road
To become one of the HR Practical Training School in Myanmar.
လိုအပ်နေသူတွေအတွက် အကျိုးရှိစေဖို့ရာ
သေသေချာချာပြုစုထားသူရဲ့စေတနာတွေ
ပိုမိုထိရောက်စေဖို့ share ပေးခြင်းဖြစ်ပါသည်။
ကျွန်တော်သည် post ပိုင်ရှင်မဟုတ်ပါ။
🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏
အလုပ်ထုတ်နစ်နာကြေး ဆိုတာဘာလဲ ?
Notice ကြေး ဆိုတာဘာလဲ ?
📓📓📓📓📓📓📓📓📓📓📓📓📓📓📓
🔔 နစ်နာကြေးကိုဘယ်အချိန်မှာ ပေးမလဲ ?
> အပြစ်မရှိပဲအလုပ်ကထုတ်ခြင်း
> အလုပ်ပိတ်သိမ်းခြင်း
> ဝန်ထမ်းလျော့ချခြင်း
> ဝန်ထမ်း ဆန္ဒမရှိခြင်း
စသည့်အကြောင်းအရာများတွင် အလုပ်ရှင်မှပေးရန်
တာဝန်ရှိသည့်ငွေကြေးကို ဆိုလိုသည်။
🔔 နစ်နာကြေးကို ဘယ်အချိန်မှာ ပေးရန်မလိုအပ်ဘူးလဲ ?
> သာမာန်ပြစ်မှုကျူးလွန်သောဝန်ထမ်းအား
လုပ်ထုံးလုပ်နည်းနှင့်အညီ အကြိမ်ကြိမ်
သတိပေးပြီးသော်လည်း ဝန်ထမ်းမှ ဆက်လက်
ကျူးလွန်သောအခါမျိုးတွင် နစ်နာကြေးပေးရန်
မလိုအပ်ပဲ အလုပ်မှရပ်စဲနိုင်သည်။
> ကြီးလေးသောပြစ်မှုကျူးလွန်သောအခါ
နစ်နာကြေးပေးရန်မလိုအပ်ပဲ အလုပ်မှ
ချက်ချင်းရပ်စဲနိုင်သည်။
🔔 Notice ကြေးကိုဘယ်အချိန်မှာ ပေးမလဲ ?
> အထက်ဖော်ပြပါနစ်နာကြေးပေးရန်အကြောင်း
အရာများကြောင့် ဝန်ထမ်းအား အလုပ်ရပ်စဲသည့်
အခါများတွင် ၁ လ ကြိုတင်အသိပေးရပါမည်။
ထိုသို့ ၁လ ကြိုတင်အသိပေးခြင်းအား ပျက်ကွက်
သည့်အခါတွင် အဆိုပါ နို့တစ်ကြေးအား အလုပ်ရှင်မှ
ပေးရန်တာဝန်ရှိသည်။
🔔 Notice ကြေးကိုဘယ်အချိန်မှာ ပေးရန်မလိုအပ်ဘူးလဲ ?
တစ်လကြိုတင်အသိပေးပါက နို့တစ်ကြေးအား
အလုပ်ရှင်မှ ပေးဆောင်ရန်မလိုအပ်သလို ဝန်ထမ်းမှ
လည်း တောင်းဆိုခွင့်မရှိပါ။
🔔 အလုပ်ရှင်မှ လုပ်ဆောင်ထားရန်
> အလုပ်ခန့်ထားမှုသဘောတူစာချုပ် နှင့် ဝန်ထမ်း
လက်စွဲစာအုပ်၊ policy စာအုပ်တွင် ပြစ်မှုအမျိုး
အစားများအား အသေးစိတ်ဖော်ပြထားရန်
> သာမာန်ပြစ်မှု၊ ကြီးလေးသောပြစ်မှု ဟူ၍
ခွဲခြားဖော်ပြရန်
> ထိုသို့ပြစ်မှုများကျူးလွန်ပါက လုပ်ထုံးလုပ်နည်းနှင့်
အညီဆောင်ရွက်မည်ဖြစ်ပြီး နစ်နာကြေးရရှိမည်
မဟုတ်ကြောင်းကိုလည်း အတိအလင်းရှင်းလင်းစွာ
ဖော်ပြထားရန်။
Chit Chit Po
Payroll and Labour Laws Trainer
09973906542
Copy ယူပြီး ပြန်လည်မျှဝေခြင်း
"Ethical Mindset"
Ethic ကျင့်ဝတ် ဆိုတာ?
ကျွန်တော်တို့ အနေနဲ့ ကိုယ့်ရဲ့ စိတ်နေသဘောထား Mindset ကို ကောင်းမွန်အောင် မွေးမြူရာမှာ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်တဲ့ Ethic ကျင့်ဝတ် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို အနည်းငယ် ပြောပြပေးချင်ပါတယ်။
Ethic ကျင့်ဝတ် ဆိုတာ အရှင်းဆုံးပြောရရင် ကိစ္စတစ်ခုမှာ ကိုယ့်ကို ဒီလို လုပ်ရမယ်လို့တော့ ဘယ်သူကမှ ဖိအားမပေးဘူး။ ဒါပေမယ့် ကိုယ့်အနေနဲ့ ကိစ္စတစ်ခုကို ဒီလို လုပ်သင့်တယ် လို့ ယူဆလို့ ဘယ်သူမှဖိအားမပေးပေးမယ့် ကိုယ့်ကိုကိုလေးစားတဲ့အနေနဲ့ ဒီလို လုပ်လိုက်တယ် ဆိုတာမျိုးပါ။
ဥပမာ ပြောရရင် သင့်အနေနဲ့ လမ်းမှာ သွားနေရင်း ကိုယ်စားပြီးသားမုန့်ရဲ့ အမှိုက်ကို လမ်းဘေးမှာ ပစ်ချခဲ့မလား? ဒါမှမဟုတ် အမှိုက်ပုံးထဲကို သေချာ သွားပစ်မလား? လမ်းဘေးမှာ အလွယ်တကူ ပစ်ချတဲ့အခါ သင် လမ်းဘေးမှာ အမှိုက်ပစ်ချတာကို ဘယ်သူမှ မမြင်တဲ့အတွက် သင့်ကို ဒဏ်ခတ်ချင်မှခတ်ပါလိမ့်မယ်။
ဒါပေမယ့် သင့်အနေနဲ့ သင်အမှိုက်ပစ်တာကို ဘယ်သူမှ မမြင်၊ ဘယ်သူမှ ပြစ်ဒဏ်မပေးပေမယ့်လည်း အမှိုက်ကို ဒီလိုပြီးစလွယ်ပြစ်တာ ငါတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ မလုပ်သင့်ဘူးဆိုပြီး ကိုယ့်ကိုကို ထိန်းချုပ်ပြီး အမှိုက်တောင်းထဲသေချာ သွားပစ်တာကို ကျင့်ဝတ် လို့ ခေါ်နိုင်ပါတယ်။
ဒါက ဥပမာ တစ်ခုပဲ ရှိပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ နေ့စဉ်ဘဝမှာ ကိုယ့်ကို ဘယ်သူမှ ဒီလိုလုပ်ကို လုပ်ရမယ်လို့ အတင်းအကြပ်မခိုင်းပေမယ့် ကျင့်ဝတ်ကို လေးစားတဲ့အနေနဲ့ လုပ်သင့်တဲ့ ကိစ္စတွေအများကြီးရှိပါတယ်။ အလုပ်ထဲမှာ လူတိုင်းကို အနိမ့်အမြင့်မခွဲပဲ တန်းတူညီမျှဆက်ဆံတာ၊ ကိုယ်တစ်ယောက်ထဲကောင်းဖို့အတွက် တဖက်သူကို မထိခိုက်စေတာ၊ ကိုယ့်ကို ယုံကြည်ထားတဲ့သူဆီက အခွင့်အရေးမယူတာ၊ ကိုယ်ယူလို့ရပေမယ့် ကိုယ့်အတွက်မဟုတ်ဘူးဆိုတဲ့အရာတွေကို ငြင်းဆန်တာ အစရှိသဖြင့် ဘယ်သူမှ မသိပေမယ့် ကိုယ်ကိုယ်တိုင်ပဲသိမယ့် လေးစားလုပ်ဆောင်ရမယ့် ကျင့်ဝတ်တွေရှိပါတယ်။
ကျင့်ဝတ်ကို လိုက်နာနိုင်ဖို့ဆိုရင် ကိုယ့်အနေနဲ့ ဘယ်အရာက အမှန်၊ ဘယ်အရာက အမှားဆိုတာ အရင်ဆုံးသိရပါမယ်။ ဒီလိုမှ မသိသေးရင် ကိုယ့်အနေနဲ့ လုပ်သင့်လား၊ မလုပ်သင့်လား မခွဲခြားနိုင်ပဲ ကျင့်ဝတ်တွေကို မလိုက်နာမိပဲဖြစ်တတ်ပါတယ်။
လူတစ်ယောက်အနေနဲ့ ကျင့်ဝတ်ကို လိုက်နာတဲ့အခါ ဘာ ဆုတံဆိပ်၊ ဘာ ဂုဏ် မှ မရပေမယ့် အနည်းဆုံး ကိုယ့်ကိုကို လေးစားမှုရှိလာမယ်။ ကိုယ့်ကိုကို ယုံကြည်မှုရှိလာနိုင်တယ်။ ဘေးလူတွေအနေနဲ့လည်း ရေရှည်မှာ သင့်ရဲ့ ကျင့်ဝတ်အပေါ်လေးစားမှုကို သိမြင်လာတဲ့အခါ သင့်အပေါ် ပြန်လေးစားလာမှာပါ။
ကျင့်ဝတ်တွေကို လိုက်နာရတာ တခါတလေ ခက်ခဲတတ်တယ်၊ တခါတလေ စိတ်ပင်ပန်းရတတ်တယ်။
ဒာပေမယ့် ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံး Ethic နဲ့အညီ နေနိုင်လာတဲ့အခါ ကိုယ့်ကိုကိုလေးစားတဲ့၊ သူများကလေးစားတဲ့သူတစ်ယောက် ဖြစ်လာမှာပါ။
"ကျင့်ဝတ်ဆိုတာ သင့်ကို သူများတွေက ဘာမှပြောမှမဟုတ်ပဲ ကိုယ့်ကိုကို ထိန်းချုပ်ပြီး လိုက်နာကျင့်ကြံရမယ့် အရာပါ။"
Dr. Pyae Sone Ko Ko
Your Mindset Adviser
Proactive Vs Reactive
လူတစ်ယောက်သစ်ပင်မြင့်ကြီးတစ်ပင်ပေါ်တက်ပြီး အကိုင်းကြီးတစ်ခုကို ခုတ်ချနေတယ်။ သူနေရာယူပုံကမှားနေတယ်။ သစ်ပင်ရဲ့ အရင်းဘက်ကက ထိုင်ပြီး သစ်ကိုင်းကို မခုတ်ပဲ၊
သစ်ကိုင်းပေါ်ထိုင်ပြီး အရင်းဖက်ကို ခုတ်ချနေတယ်။ ဒါကိုလမ်းသွားလမ်းလာတစ်ယောက်က မြင်တော့
"ဟေ့လူ၊ ခင်ဗျားအဲ့လိုသာဆက်ခုတ်နေရင်၊ သစ်ကိုင်းလည်းအပြတ် ခင်ဗျားလည်း ပြုတ်ကျမှာပဲ"။
သစ်ပင်ခုတ်နေသူဟာ စိတ်အနှောက်ယှက်ဖြစ်သွားတယ်။ ဒီလမ်းသွားဟာ သူ့ကိစ္စကိုဝင်စွက်ဖက်တယ် လို့မြင်တယ်။ လမ်းသွားကိုလည်း စိတ်ထဲက သူ့များကိစ္စ၀င်ပါလို့ အမြင်မကြည်ဘူး။ သို့ပေမယ့် ဘာမှတော့ ပြန်မပြောဘူး။
အဲလိုပဲခုတ်နေရင်းနဲ့ သစ်ကိုင်းဟာ ကျိုးကျသွားတော့ သစ်ကိုင်းပေါ်ထိုင်နေတဲ့ သူပါသစ်ကိုင်းနဲ့ အတူအောက်ကိုပြုတ်ကျသွားတယ်။ အောက်ရောက်တော့ နာနာကျင်ကျင်နဲ့ပဲ ဖုတ်ဖက်ခါပြီး ပြာပြာ သလည်းထ၊ ခဏကလမ်းသွား သွားလိုက်တဲ့ ဖက်ကိုလမ်းမျှော်ကြည့်ပြီး မချိတင်ကဲပြောရှာတယ်။
"တောက် .... ကွာ၊ ငါတော်တော်တုံးပါလား၊ ခဏကလူဟာ ရှေ့ ဖြစ်ဟောနိမိတ်ဖတ်ဆရာ ဖြစ်ရမယ်၊ မှန်လိုက်တာ ဟောသွားတာများ၊ ဒက်ထိပါလား၊ ငါ့ဘ၀ရှေ့ ဖြစ်လေး မဟောခိုင်းလိုက်ရတာ နာသကွာ။"
~~~~~~~~~~~~~~~~~~~~~~~
လူ့ဘ၀ဆိုတာ ကာလ (Time)၊ ဒေသ (Space) ဆိုတဲ့ Dimension ကြားထဲမှာ ဖြစ်ရတာပဲ။ ကိုယ့် ရောက်နေတဲ့ ကာလဒေသ အလိုက်ကိုယ်ပြုမူအောင်ရွက်ရမယ့်ကိစ္စ၊ တာဝန်ယူရမယ့်ကိစ္စ၊ အခြေအနေနဲ့ လိုက်လျောညီထွေစွာ လုပ်ကိုင်ရမယ့်ကိစ္စတွေ သိပြီး ကြိုတင်ပြင်ဆင်တာ၊ ကြိုတင်တွေးဆထားတာကို Proactive လို့ခေါ်တယ်။ ကိုယ်ကိုင်တွယ်ဖြေရှင်းရမယ့် ဘ၀အခြေအနေတွေနဲ့ပါတ်သက်ပြီး တာဝန်ယူနိုင်စွမ်းကို Proactive လို့ခေါ်ရမယ်။
Proactive ဖြစ်တယ်ဆိုတာ ကိုယ်ရင်ဆိုင်နေရတဲ့ အခြေအနေကပေးလာမယ့်၊ ကောင်းကျိုးတွေ အပြည့်အ၀ရအောင်၊ ဆိုးကျိုးတွေကိုယ့်ကို မထိခိုက်အောင် ကြိုတင်ပြင်ဆင်တာကိုပြောတာပဲ။
အခြေအနေတစ်ခုကိုရင်ဆိုင်ရာမှာ Proactive မဖြစ်တဲ့အခါ၊ အခြေအနေရဲ့ သက်ရောက်မူ(Affect)
ကို လူတစ်ယောက်ရဲ့ အသိပညာဥာဏ်စွမ်းနဲ့၊ စိတ်ဓါတ်ရင့်ကျင်မူအရ တုံ့ပြန်ပုံ (Reactions) နှစ်မျိုးရှိတယ်။
အသိဥာဏ်ပညာနည်းပါးပြီး၊ ရင့်ကျက်မူနည်းပါသူတွေဟာ အခြေအနေရဲ့ သက်ရောက်မူကို စိတ်ခံစားချက်တွေနဲ့သာတုံ့ ပြန်တတ်တယ်၊ Emotional Reactions ပေါ့။ အခြေအနေရဲ့ ပြဋ္ဌာန်းမူ အလိုက် ပျော်ရွင်ခြင်း၊ ၀မ်းနည်းခြင်း၊ စိတ်ဓါတ်ကျဆင်းခြင်း၊ စိတ်ဓါတ်တက်ကြွခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုဝန်တိုခြင်း၊ စိတ်အလိုမကျဖြစ်ခြင်း၊ စတဲ့လောဘ၊ ဒေါသ၊ မောဟကို အခြေခံတဲ့ စိတ်ခံစားချက်တွေ ဖြစ်လာတယ်။ အခြေနေကြောင့်စိတ်ခံစားချက်တွေ ရလာတာမျိုးကို Conditional ဖြစ်တယ်လို့ခေါ်တယ်။
လူတစ်ယောက်ဟာ စိတ်ခံစားချက်နဲ့ အပြုအမူတွေဟာ အခြေအနေရဲ့ ပြဋ္ဌာန်းခြင်းကို ခံနေရတာတဲ့ အခြေအနေကို Conditionally Sensitive ဖြစ်တယ်လို့ဆိုရမယ်။ အခြေနေက ၀မ်းနည်းစေရင်၊ အလွယ်တစ်ကူဝမ်းနည်းတတ်ပြီး၊ အခြေအနေက ကိုယ့်ကို စိတ်ဆိုးစေရင် အလွယ်တစ်ကူစိတ်ဆိုးတတ်တယ်ဆိုရင် ဒီလူဟာ မိမိကိုယ်မိမိ ထိမ်းချုပ်နိုင်စွမ်းမဲ့နေပြီဖြစ်တယ်။ အပြုအမူ၊ အတွေးအခေါ်၊ စိတ်ဓါတ်ခံယူချက်အားလုံးဟာ အခြေအနေအလိုက်ဖြစ်ပေါ်နေပြီး Conditional ဖြစ်လွန်းနေတယ်ဆိုရင်တော့ လူဖြစ်ရူံးနေပြီဖြစ်တယ်။
အသိဥာဏ်ပညာ (Wisdom) အထိုက်အလျောက်မြင့်မားသူ၊ စိတ်ဓါတ်ရင့်ကျက်မူ (Maturity) အထိုက်အလျောက်ရှိသူတွေဟာ အခြေအနေရဲ့ သက်ရောက်မူတွေကို တုံ့ပြန်ရာမှာ အကျိုးသင့် အကြောင်းသင့် ဆင်ဆင်ခြင်ခြင်တုံ့ပြန်ကြတယ်။ Rational Reaction ပေါ့။ စိတ်ခံစားချက်နောက် မလိုက်ဘဲ အခြေအနေရဲ့ (Situation) သက်ရောက်မူတွေကို၊ အကြောင်းအကျိုးနဲ့ မြင်အောင်ကြည့် တတ်မယ်၊ ဖြစ်တတ်တဲ့သဘောကို လက်ခံနိုင်မယ်၊ ဖြစ်သင့်တဲ့သဘောကို လုပ်ဆောင်ရမယ့် နည်းလမ်းကို ချင့်ချိန်တတ်တယ်ဆိုရင် Rational Reaction ဖြစ်တာပဲ။
လူတိုင်းနီးပါး ကိုယ်ရောက်နေတဲ့ အခြေအနေရဲ့ သက်ရောက်မူကြောင့် စိတ်ပိုင်းဆိုင်ရာထိုက်ခိုက် မူတွေဖြစ်ပြီး မပျော်ရွင်ကြတာတွေ့ရတယ်။ အဲ့လိုမပျော်မရွင်ဖြစ်နေရတဲ့ အခြေအနေနဲ့ စိတ်ခံစားချက်လွမ်းမိုးမူတွေကနေ ဘယ်လိုရုန်းထွက်ရမှန်း မသိတဲ့အခါ ဒေါသသင့်ပြီး ဘ၀နဲ့ချီပြီး စိတ်ပျက်လာကြတယ်၊ ဘ၀ကို အားမလိုအားမရတွေဖြစ်လာတယ်။ ကိုယ့်ဘ၀နဲ့ကိုယ် လူစွမ်းလူစပျောက်ပြီး စိတ်ပျက်အားငယ်လာတတ်တယ်။ ဘ၀ကို အဆိုးမြင်တတ်လာပြီး မပျော်မရွင်ဖြစ်လာတတ်တယ်။
အခြေအနေတစ်ခုကို ရင်ဆိုင်ရာမှာ
- မှန်ကန်သော စိတ်ဓါတ် (Right Attitude) ရှိမယ်၊
- တာဝန်ယူနိုင်စွမ်း (Respondility) ရှိမယ်၊
- အခြေအနေကို ကြိုတင်ပြင်ဆင်နို်င်စွမ်း (Proactive) ဖြစ်မယ် ဆိုရင် လူစွမ်းလူစမဲ့ပြီး အခြေအနေအပေါ်မူတည် ခံစားနေရတဲ့ဘ၀၊ Conditional ဖြစ်လွန်းတဲ့ ဘ၀ကနေ ရုန်းထွက်နိုင် လာမှာဖြစ်တယ်။
အခြေနေတစ်ခုကို Proactive မဖြစ်မိလို့၊ အခြေအနေတွေရဲ့ သက်ရောက်မူတွေကိုရင်ဆိုင်ရာမှာ တုံ့ပြန်မူတွေ (Reactions) ဟာ အကြောင်းအကျိုးနဲ့ မြင်အောင်ကြည့် တတ်မယ်၊ ဖြစ်တတ်တဲ့သဘောကို လက်ခံနိုင်မယ်၊ ဖြစ်သင့်တဲ့သဘောကို လုပ်ဆောင်ရမယ့် နည်းလမ်းကို ချင့်ချိန်တတ်မယ်၊ Rational ဖြစ်မယ်ဆိုရင် ပြင်ပအကြောင်းတရားတွေဖြစ်တဲ့ အခြေအနေရဲ့ ပြဋ္ဌာန်းချက်တွေက အတွင်းစိတ်သဏ္ဍန်ကို သက်ရောက်ပြီး ၀မ်းနည်းလွယ်၊ ၀မ်းသာလွယ်တာမျိုးဖြစ်တာ လျော့နည်းလာမယ်။ Sensitive ဖြစ်တာ၊ Over-reactive ဖြစ်တာတွေရှောင်ရှားနိုင် လာမှာပဲဖြစ်တယ်။
အထက်ကသစ်ပင်ခုတ်သမားဥပမာမှာ သစ်ခုတ်သမားဟာ သူရင်ဆိုင်နေရတဲ့ အခြေအနေကို ဘယ်လိုအကောင်းဆုံးဖြေရှင်း ရမလည်းမသိဘူး။ Proactive မဖြစ်ဘူးပေါ့။ သူလုပ်နေတဲ့ အလုပ်ကိုသေသေချာချာ ကြိုတင်ပြင်ဆင်မူမရှိတဲ့ အတွက် အခြားသူရဲ့ အယူအဆကိုလည်း လက်မခံနိုင်ဘူး၊ တုံ့ပြန်မူတွေ ဟာလည်း Preoccupied Mind Set ဖြစ်နေတယ်။
Preoccupied Mind Set ဆိုတာ လက်ရှိအခြေနေအစစ်မှန် ကိုလက်မခံနိုင်လောက်အောင်ကို မိမိမှာ ကြိုတင်ယူဆခံစားထားတဲ့ အကြောင်းတွေနဲ့ ပြည့်နေတဲ့ စိတ်ဓါတ်ခံယူချက် တစ်ခုဖြစ်တယ်။
ကျဉ်းမြောင်းတဲ့ စိတ်ဓါတ်ခံယူချက်ပုံစံတစ်မျိုးဖြစ်တယ်။
တစ်ကယ်ပဲ သစ်ကိုင်းကျိုးကျသွားတာတောင်မှ လက်ရှိအခြေအနေရဲ့ အမှန်တရားကို မြင်နိုင်စွမ်းမရှိဘူး။ အခြေအနေကိုသုံးသပ်နိုင်စွမ်းတွေဟာလည်း လွဲမှားနေတယ်။
သစ်ခုတ်သမားအဖြစ်ဟာ ရီမောစရာ ဟာသဆန်ပေမယ့်၊ ကျွန်တော်တို့ကိုင်တိုင်ကိုက သူ့လိုလူ့စွမ်းလူ့စမဲ့ နေတဲ့ကိစ္စတွေအများကြီးပါပဲ။ အသိဥာဏ်ပညာပြီးပြည့်စုံနေတဲ့ လူတစ်ယောက်သာ ကျွန်တော်တို့ဘ၀တွေကို ပြဇတ်ကြည့်သလို ထိုင်ကြည့်နေရင် အသိဥာဏ်ပညာ (Wisdom) ကင်းမဲ့နေလို့ ရယ်စရာ၊ ရင်မောစရာဖြစ်နေတာတွေ အများကြီးတွေ့နေမှာသေချာတယ်။
သူများ post ကို ကြိုက်လို့ share ပေးတာပါ......
Original By:
~ AMM ~
(Greenhill)
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. (41), Nawaday Street, Dagon Township, First Floor, Alfa Hotel Building
Yangon
No-12A , Dagon Center-2(Residence Tower)
Yangon, 11111
မြန်မာနိုင်ငံရဲ့ လူစွမ်းအားအရင်းအမြစ်နှင့် နည်းပညာသင်တန်း
No 70, Min Ye Kyaw Swar Road , 9th Ward , East Dagon Township , (Near 7/8 Junction North Dagon)
Yangon, 11421
We offer hands-on training programs designed to prepare students for a successful career
Yangon
Your Trustworthy Global Educational & Career Consultant
No 52/53, Second Floor, Sule Tower (1), Corner Of Sule Road And Anawrahta Road, Pabedan Township
Yangon, 11182
Go Go Hankuk Korean Education & Consultant
Yangon
AOEI is the Higher Education revolution. It is the first non-profit online Blockchain University in t
(Level 3, Taw Win Centre) 45, Pyay Road
Yangon
The best quality education at the most affordable price! ❤️Following the Cambridge curriculums❤️
No 135(A), Thanlwin Road, 10 Ward, Kamayut Township
Yangon, 11041
AU MIT Myanmar University provides dynamic academic programs for undergraduate, postgraduate and prof