Sone See Yar

We are on a mission to sought after quality education in Myanmar and to promote the learning and shar

Photos from Sone See Yar's post 28/01/2021

Sone See Yar ကနေ မတူညီတဲ့ event တွေ၊ program တွေကို လူငယ်တွေအတွက် အပတ်စဉ်၊
လစဉ်တိုင်း ပြုလုပ်ပေးခဲ့ပြီးပါပြီ...

ဒီလို Program လေးတွေထဲက Sone See Yar နဲ့ Thit Eain တို့ ပူးပေါင်းပြီး တစ်လကြာ ကျင်းပပြုလုပ်ပေးခဲ့တဲ့ Training of Trainer (TOT) Program လေးဟာ မနေ့က ပြီးဆုံးသွားခဲ့ပါပြီ...

ဒီ Program လေးပြီးမြောက်အောင်မြင်ဖို့အဖက်ဖက်ကနေ ဝိုင်းဝန်းကူညီပေးတဲ့ Trainer ဆရာ၊ဆရာမတွေ သာမက တက်ရောက်ပေးကြတဲ့ Participants တစ်ယောက်ချင်းစီတိုင်းကို လည်း ကျေးဇူးအထူးတင်ရှိပါတယ်...

ပါဝင်တက်ရောက်ခဲ့တဲ့ သူတွေလည်း ဗဟုသုတတွေ၊ အသိပညာတွေ အများကြီးကို ယူဆောင်နိုင်ခဲ့ကြမယ်လို့ မျှော်လင့်ပါတယ်....

ဒီလိုမျိုး အကျိုးရှိမယ့် Program တွေ၊ Event တွေကို ဆက်လက်ဖန်တီးပေးဦးမှာမလို့ Sone See Yar ကို မျက်ခြေမပြတ် စောင့်ကြည့်ပေးကြပါဦးနော်...

Photos from Sone See Yar's post 28/01/2021

ဒီတစ်ပတ်မှာတော့ Sone See Yar ရဲ့ Education Team ကနေ ဦးဆောင်ပြီး နိုင်ငံခြားပညာသင်ဆုနဲ့ ပတ်သတ်ပြီး Sharing Program လေးတစ်ခုကို ကျင်းပပြီးစီးခဲ့ပါပြီ...

ဒီ Sharing Program မှာပါဝင်ပြီး ပူးပေါင်းကူညီပေးတဲ့ Expert Education and Visa Service Myanmar (EEVS Myanmar) က General Manager တစ်ယောက်ဖြစ်တဲ့ ဆရာ David Dhakal ကို ကျေးဇူးအထူးတင်ရှိပါတယ်...

ဒါ့အပြင် program လေးက်ို စိတ်ပါဝင်စားစွာပါဝင်ပေးကြတဲ့ participants တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အထူးတင်ရှိပါတယ်...

အချိန်အတိုင်းအတာကြောင့် ဝင်ရောက်မဆွေးနွေးခဲ့ရတဲ့ သူတွေလည်း နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်....

Sone See Yar ကနေနောက်ထပ် အသစ်အသစ်သော event လေးတွေကို ပြုလုပ်ပေးဦးမှာ ဖြစ်တဲ့ အတွက် စောင့်မျှော်ပေးကြဦးနော်...

27/01/2021

အခုဆိုရင်တော့ အားလုံးစောင့်မျှော်နေတဲ့ “Where The Magic Happens” ဆိုတဲ့ Event လေး ရောက်ရှိလို့လာပါပြီ....

ဒီ Event လေးကိုတော့ လူငယ်တို့ရဲ့ Personal Developmentအတွက် အကောင်းဆုံးနည်းလမ်းတွေ၊ Woman Empowerment နဲ့ပတ်သက်တဲ့ ဗဟုသုတဖြစ်စေမယ့်ကြောင်းအရာတွေအပြင် Business အသစ်တစ်ခုကိုစတင်ဖို့ကြိုးစားနေတဲ့သူတွေအတွက် သိသင့်သိထိုက်ပြီး ထိရောက်တဲ့ အကြံဥာဏ်တွေ,လူငယ်တွေအတွက်အကျိုးရှိပြီးမရှိမဖြစ်လိုအပ်တဲ့ skills တွေကို ရယူနိုင်အောင် ရည်ရွယ်ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်..

ကဲ...ဒါဆို ဒီ Eventလေးမှာ ပါ၀င်မယ့် ခေါင်းစဉ်လေးတွေကို မိတ်ဆက်ပေးချင်ပါတယ်

ပထမခေါင်းစဉ် အနေနဲ့ အမျိုးသမီးတွေအတွက် ပိုမိုတိုးတက်စေဖို့ မရှိမဖြစ်လိုအပ်တဲ့ “ Personal Branding for Women Development “ ဆိုတဲ့ ခေါင်းစဉ်လေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်....

ဒုတိယအနေနဲ့ ယနေ့ခေတ်ပတ်၀န်းကျင်မှာ အမြဲကြုံတွေနေရတဲ့ Sexual Harassment နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို ဆွေးနွေးပေးမယ့် “ Understanding the Sexual Harassment “ ဆိုတဲ့ ခေါင်းစဉ်လေးဖြစ်ပါတယ်

နောက်ဆုံးအနေနဲ့ Business တစ်ခုကို စ‌တင်ချင်တဲ့ သူတွေအတွက် “ Foundation Steps for Business “ ဆိုတဲ့ topic လေးကို ဆွေးနွေးတင်ဆက်ပေးမှာ ဖြစ်ပါတယ်..

အားလုံးတွက် အကျိုးရှိစေမယ့် ဒီခေါင်းစဉ်လေးတွေကို သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အောင်မြင်နေကြတဲ့ ပညာရှင်တွေက ဦးဆောင်ဆွေးနွေးအကြံပေးသွားမှာဖြစ်ပါတယ်...

ဒီလို....ဒီလို..အစီအစဉ်လေးတွေအပြင် အားလုံးတွက် စိတ်လှုပ်ရှားဖွယ် အကျိူးရှိစေမယ့် Challenges လေး တွေလည်းပါ၀င်မှာဖြစ်ပြီး....အထူးအစီအစဉ်အနေနဲ့လည်း Eventလေးရဲ့ နောက်ဆုံးနေ့လေးမှာတော့ Women Empowerment Team မှ Fun activities လေးတွေနဲ့ Farewell Party လေး တစ်ခုလည်း စီစဉ်ပေးထားပါသေးတယ်

ဒါတွေအပြင် ဒီ Event မှာ join တဲ့ participants တွေကို E-Certificate တွေလည်းပေးသွားမှာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုအနေနဲ့ Event ရဲ့ နောက်ဆုံးနေ့မှာ participants တွေအတွက် Surprise လေးတစ်ခုလည်းစီစဉ်ပေးထားပါသေးတယ်နော် 💙✨

အသေးစိတ် Agenda ကိုအောက်က link မှာဝင်ကြည့်လို့ရပါတယ်

Agenda Link - https://drive.google.com/file/d/1bts7MVGKpqL_SQIBNxSXbeMEF-IhPWWk/view?fbclid=IwAR2YgXOGgmrrgRBmccgNxPNdbn3Gffjdc5pzbgBMLgRJkZx8gyaFJ9xQkuM

Event Detail Information

Date : 1.2.2021 (Monday) to 7.2.2021 (Sunday)

Time : 6 pm to 7:30 pm

(Only for Monday, Wednesday, Friday, Sunday)

Venue : Zoom Virtual Platform

အခုပဲ Google Form လေးမှာ မြန်မြန်လေး register လုပ်လိုက်တော့နော်...📝📝

“Where The Magic Happens” Event လေးတွက် Registration link လေးကို အောက်မှာ ဖော်ပြပေးထားပါတယ်....

Registration Link:

https://forms.gle/nVt6dtjAEz44Ftxy6

Deadline - 29th January 2021(Friday) - 12 pm (Noon)

အစီအစဉ်လေးမှာ ပါဝယ်မယ့် speaker announcement ကိုလည်း update လုပ်ပေးမှာ ဖြစ်တဲ့အတွက် အားလုံးပဲ Stay tuned ပါနော်..🙆🏻‍♀️

Photos from Sone See Yar's post 27/01/2021

🙋Hello!!!
သူငယ်ချင်းတို့အတွက် ဒီနေ့မှာတော့ Ethnic team ကနေ ချင်းတိုင်းရင်းသားတို့ရဲ့ Fun Facts လေးအချို့ကိုဗဟုသုတအနေနဲ့‌ တင်ပေးလိုက်ပါတယ်နော်…

Sources from Internet

Photos from Sone See Yar's post 26/01/2021

ချင်းတိုင်းရင်းသူတွေဟာ မျက်နှာမှာ ပါးရဲ(တက်တူး) ကို ဘာကြောင့်ထိုးလေ့ရှိကြတာလဲ⁉️

ဘယ်လိုအယူအဆ၊ ယုံကြည်မှုတွေရော ကိန်းအောင်းနေမလဲ⁉️

💁သူငယ်ချင်းတို့အတွက် ဗဟုသုတအနေနဲ့ ဒီတစ်ပတ်မှာ Ethnic Team ကနေ ပြောပြပေးမဲ့ အကြောင်းအရာကတော့ စိတ်ဝင်စားဖို့ကောင်းလှတဲ့ ချင်းလူမျိုးတို့ရဲ့ မျက်နှာတက်တူးထိုးခြင်းပဲဖြစ်ပါတယ်။

Sources from Internet ( atlasofhumanity.com )

25/01/2021

အားလုံးစောင့်မျှော်နေကြမယ့် Foreign Scholarship Sharing Program အကြောင်းလေးကို ပြောပြချင်ပါတယ်...

လူငယ်တွေအတွက်ရည်ရွယ်ပြီး ပြုလုပ်သွားမယ့် Foreign scholarship sharing Program လေးကို ကျွန်တော်တို့ Sone See Yar Education Team နဲ့အတူ Collaborate လုပ်ပေးသွားမယ့် အဖွဲ့အစည်းတစ်ခုလည်းရှိနေပါတယ်...

အဲဒီအဖွဲ့အစည်းကတော့ မြန်မာနိုင်ငံကနေ Australia မှာ ကျောင်းသွားတက်ချင်တဲ့လူငယ်တွေကို ပညာရေးဆိုင်ရာ အကြံဉာဏ်ကောင်းတွေအပြင် ဗီဇာရရှိရေးဆိုင်ရာ ဝန်ဆောင်မှူတွေပေးအပ်နေတဲ့ Expert Education and Visa Services Myanmar (EEVS Myanmar) ပဲဖြစ်ပါတယ်..

EEVS ဟာဆိုရင် အထက်မှာဖော်ပြခဲ့ တဲ့ဝန်ဆောင်မှုတွေအပြင် Australia ကိုရောက်လာတဲ့ ကျောင်းသားတွေကို နွေးထွေးစွာကြိုဆိုပြီး ၄င်းတို့ အနေချနေထိုင်နိုင်ရေးတွေကိုပါ လိုက်ပါဆောင်ရွက်ပေး နေတဲ့ Australia Company တစ်ခုလည်းဖြစ်ပါတယ်...
ကဲ...ဒါဆို ဘယ်နိုင်ငံရဲ့ scholarship program တွေအကြောင်းမျှဝေပေးသွားမှာလဲဆိုတာ ရိပ်မိနေကြပြီမဟုတ်လားဗျာ…?

ဟုတ်ပါတယ် ... လာမယ့် (၂၇) ရက်နေ့မှာ Sone See Yar နဲ့ Expert Education and Visa Services Myanmar တို့ ပူးပေါင်းပြုလုပ်သွားမယ့် Foreign scholarship program လေးမှာ ပြောပြပေးသွားမှာကတော့ Australia နိုင်ငံမှာရှိတဲ့ scholarship program တွေအကြောင်းပဲဖြစ်ပါတယ်...

တစ်ဆက်တည်းမှာပဲ ဒီ Program လေးမှာ မျှဝေပေးသွားမယ့် ဆရာနဲ့ မိတ်ဆက်ပေးချင်ပါတယ်...

Australia နိုင်ငံရဲ့ Scholarship တွေအကြောင်းကို ပြည့်ပြည့်စုံစုံ မျှဝေပေးသွားမယ့် ဆရာကတော့ လက်ရှိမှာလည်း EEVS Myanmar ရဲ့ General Manager တာဝန်ကို ထမ်းဆောင်နေတဲ့ ဆရာ David Dhakal ပဲဖြစ်ပါတယ်။ ဒေးဗစ်ဟာဆိုရင် International education consultant အနေနဲ့ ၂၀၁၉ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ပြီးတော့ Professional International Education Resources (PIER) ကနေ Qualified Education Agent Counselor (QEAC 599) အဖြစ် တရားဝင် လိုင်စင်ရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဆရာဒေးဗစ်ဟာ ဆိုရင် ၂၀၂၀ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး Canadian Course graduate (CCG 01205) ဖြစ်လာခဲ့ပြီး လက်ရှိမှာလည်း Australia Institute of Fitness မှာ Nutrition and Dietetics ဘာသာရပ်ကို လေ့လာနေသူတစ်ဦးဖြစ်ပါတယ်...

ဒီလောက်ဆိုရင်တော့ လာမယ့် (၂၇) ရက်နေ့မှာ ပြုလုပ်မယ့် Foreign Scholarship Sharing Program အကြောင်းကို ပြည့်ပြည့်စုံစုံသိရှိသွားလိမ့်မယ်လို့ထင်ပါတယ်နော်....

သင်ကရော Australia မှာကျောင်းသွားတက်ဖို့ စိတ်ကူးထားသူတစ်ယောက်လား?

ဒါဆိုရင်တော့ သင့်ရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ဒီ program လေးကို အောက်မှာပေးထားတဲ့ registration link ကနေတစ်ဆင့် join ဖို့ ဖိတ်ခေါ်ပါတယ်....

Date: 27.1.2021(Wednesday)
Time: 6:00PM to 7:00PM

Register Link:

https://forms.gle/cUAAF5ny9HLDGupd8

25/01/2021

အခုလို ကိုဗစ်ကာလကြီးအတွင်းမှာ လူငယ်တွေအတွက် ပညာရပ်ဆိုင်ရာ အခွင့်အလမ်းတွေနဲ့မပြတ်ထိတွေ့နေနိုင်ဖို့အတွက် ကျွန်တော်တို့ Sone See Yar အနေနဲ့ အထူးကြိုးပမ်းလျက်ရှိနေပါတယ်...

အခုဆို ကျွန်တော်တို့ Sone See Yar ရဲ့ ကြိုးပမ်းမှုတွေမှာ ပါဝင်အားဖြည့်ဖို့အတွက် Sone See Yar Education Team ကလဲ Ready ဖြစ်လို့နေပါပြီ...

ကဲ...ဒါဆို Sone See Yar Education Team ရဲ့ ပထမဆုံးခြေလှမ်းက ဘာဖြစ်မလဲဆိုတာကို တစ်ချက်လောက် ကြည့်လိုက်ကြရအောင်လားဗျာ...

»»»»»»»»»»»»»»»»»»»»»»«««««««««««««««««««««

ဟုတ်ကဲ့ခင်‌ဗျ ... ကျွန်တော်တို့ SSY Education Team အနေနဲ့မိတ်ဆက်ပေးချင်တဲ့ Program လေးကတော့ Foreign Scholarship တွေအကြောင်းပြောပြပေးသွားမယ့် Program လေးတစ်ခုပဲဖြစ်ပါတယ်...

ယနေ့ခေတ်မှာဆိုရင် လူငယ်တွေဟာ နိုင်ငံခြားမှာ ပညာသင်ကြားခွင့်ရဖို့ ပိုပြီးစိတ်အားထက်သန်လာကြတာကိုတွေ့ရပါတယ်။ ဒီလို နိုင်ငံခြားမှာ ပညာသင်ကြားခွင့်တွေရရှိနိုင်ဖို့ရာကလည်း လူငယ်တိုင်းရဲ့ အိပ်မက်တစ်ခုလိုဖြစ်လာနေပါတယ်။

တစ်ဖက်မှာလည်း လူငယ်တွေရဲ့ စိတ်ကူးအိပ်မက်တွေကိုအကောင်အထည်ဖော်ပေးနိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အစိုးရ၊ တက္ကသိုလ်နဲ့ အဖွဲ့အစည်းတွေက scholarship program အမြောက်အမြားကို စီစဉ်ထားရှိပေးထားကြပါတယ်...

ဒါကြောင့် ကျွန်တော်တို့ Sone See Yar Education Team အနေနဲ့ လူငယ်တွေရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ဖို့အတွက် နိုင်ငံများစွာရဲ့ Scholarship Program များစွာထဲကမှ နိုင်ငံတစ်ခုရဲ့ scholarship program တွေနဲ့ university တွေအကြောင်းကို မိတ်ဆက်မျှဝေပေးသွားမှာဖြစ်ပါတယ်...

သင်ကရော နိုင်ငံရပ်ခြားတစ်ခုခုမှာ ပညာသင်ဖို့ အိပ်မက်ရှိသူတစ်ယောက်လား?

Sone See Yar ကနေ မျှဝေပေးသွားမယ့် scholarship program အကြောင်းကရော ဘယ်နိုင်ငံကဖြစ်မယ်လို့ထင်လဲ?

# #သင့်စိတ်ကူးအိပ်မက်ထဲက နိုင်ငံနဲ့ Sone See Yar က ရွေးချယ်ထားတဲ့နိုင်ငံ ထပ်တူ ကျမကျ သိနိုင်ဖို့ အောက်က comment မှာ ရေးသားခဲ့နိုင်ပါတယ် # #

မကြာခင် အသေးစိတ်ကို ထပ်မံကြေညာပေးသွားမှာဖြစ်လို့ အားလုံးပဲစောင့်မျှော်ပေးကြပါဦးခင်ဗျာ...

22/01/2021

အမိမြန်မာနိုင်ငံရဲ့ရင်သွေး တိုင်းရင်းသားလူမျိုးစုတွေမှာ မတူညီတဲ့ ဓလေ့ထုံးတမ်းတွေ၊ ယုံကြည်မှုတွေ များစွာရှိပါတယ်…🙆

ရှေးရိုးဆန်ပြီး ချစ်စရာကောင်း‌ထူးဆန်းလှတဲ့ ဓလေ့လေးတွေဖြစ်တာကြောင့် ထိန်းသိမ်းစောင့်ရှောက်ရမှာကတော့ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ တာဝန်ပါ ☺️

💁ဒီနေ့မှာတော့ ကျွန်တော်တို့ Ethnic Team ကနေ ချစ်စရာကောင်းတဲ့ ပအို့ဝ်တိုင်းရင်းသားတို့ရဲ့ ထူးထူးခြားခြားရိုးရာဓလေ့အကြောင်းကို အတူဝေမျှပေးချင်ပါတယ်…

🔺အသုဘလို့ပြောတာနဲ့ ကျွန်တော်တို့ဟာ အမင်္ဂလာနေရာအဖြစ် သတ်မှတ်ကြပါတယ်။ လောကဓမ္မတာအရ လူသားတိုင်း မလွဲမသွေကြုံတွေ့ရမဲ့ဖြစ်စဉ် ဖြစ်ပေမဲ့လည်း အယူသီးမှုတချို့ကရှိနေဆဲပါ

🔺သို့သော် အသုဘနဲ့ပတ်သက်လို့ ချစ်စရာပအို့ဝ်တိုင်းရင်းသားတို့ရဲ့ဓလေ့လေးကတော့ ထူးဆန်းလှပါတယ်

အသုဘအိမ်ဟာ ပအို့ဝ်တိုင်းရင်းသားလူပျိုတို့ ပအို့ဝ်တိုင်းရင်းသူလေးများကို လူငယ်သဘာဝပိုးပန်းရာနေရာတစ်ခုဖြစ်ပါတယ်။ အသုဘကိစ္စတစ်ခု ကြုံရပြီဆိုတာနဲ့ ညဘက်တွေမှာ တိုင်းရင်းသား၊ တိုင်းရင်းသူ၊ လူပျို၊ အပျိုတို့က ရိုးရာဝတ်စုံများကို ဝတ်စုံပြည့်ဝတ်ဆင်ပြီး လှပစွာပြင်ဆင်ကာ သွားရောက် ကူညီလုပ်ကိုင်ကြပါတယ်။ ထိုသို့ ကူညီလုပ်ကိုင်ရင်း တစ်ဖက်မှာလည်း လူငယ်သဘာဝ တိုင်းရင်းသူလေးများကို ပိုးပန်းကြပါတယ်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် အသုဘအိမ်ရှင်ကို ကူညီဖေးမရာရောက်ရုံသာမက ပအို့ဝ်တိုင်းရင်းသားတို့ရဲ့ စည်းလုံးညီညွှတ်မှုကို ပြသရာရောက်တယ်လို့လည်းဆိုကြပါတယ်။ လူတိုင်းကြုံတွေ့ရသော၊ လူအများက အမင်္ဂလာအဖြစ်သာခံယူလေ့ရှိသော နာရေးကိစ္စကို အမင်္ဂလာအဖြစ်မခံယူပဲ မင်္ဂလာကိစ္စအဖြစ် ခံယူထားခြင်းကိုမြင်တွေ့ရသည်မှာ အတော်လေးထူးခြားကောင်းမွန်တဲ့ ဓလေ့ထုံးတမ်းဟုဆိုရမှာဖြစ်ပါတယ်

🤗ထိုပအို့ဝ်တိုင်းရင်းသားတို့ရဲ့ ဓလေ့လေးဟာ ချစ်စရာကောင်းလှတဲ့အပြင် အများနှင့်မတူ ထူးခြားနေတာကြောင့် ကျွန်တော်တို့ Ethnic Team ကနေဝေမျှလိုက်ခြင်းဖြစ်ပါတယ်💁

✨…မိမိတို့ရဲ့ သူမတူထူးခြားပြီး လှပချစ်စဖွယ်ကောင်းလာသည့် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာ နှင့် ဘာသာစကား အယူအဆများအား မပျောက်မပျက်အောင်ဝေမျှပေးရင်း မိမိတို့ကိုယ်တိုင်ထိန်းသိမ်းစောင့်ရှောက်နိုင်ကြဖို့ မျှော်လင့်ပါတယ်…✨

20/01/2021

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အရောင်အသွေးစုံလင်လှတဲ့တိုင်းရင်းသားတွေ၊ သူတို့ရဲ့ချစ်စရာကောင်းတဲ့ရိုးရာဓလေ့တွေနဲ့ ဒဏ္ဍာရီတွေက အတူယှဉ်တွဲနေကြပါတယ်…

💁ဒဏ္ဍာရီလာပုံပြင်တွေ၊ ယုံတမ်းတွေများစွာရှိတဲ့အထဲမှာမှ ဒီနေ့မှာတော့ ရှမ်းတိုင်းရင်းသားတို့ သက်ဝင်ယုံကြဆဲ၊ အထွဋ်အမြတ်ထားဆဲ ဖြစ်တဲ့ ကိန္နရီ၊ ကိန္နရာ အကြောင်းကို ဝေမျှပေးသွားပါမယ်။

🧐သူငယ်ချင်းတို့ရော ဘာတွေကြားဖူးထားကြလဲ???

🔺ကိန္နရီ၊ ကိန္နရာဟာ ကျော်ကြားလှတဲ့ရိုးရာပုံပြင်တွေထဲက လူသိများတဲ့ဒဏ္ဍာရီတစ်ခုဖြစ်ပါတယ်။ ကိန္နရီ၊ ကိန္နရာနဲ့ပတ်သက်ပြီး လူအများစုကတော့ သူတို့ရဲ့အသွင်ပြင်ဟာ လူတစ်ပိုင်း ငှက်တစ်ပိုင်းဖြစ်ပြီး ကိန္နရီဟာ အဖိုကိုရည်ညွှန်းပြီး ကိန္နရာဟာ အမကို ရည်ညွှန်းတယ်လို့ လက်ခံယုံကြည်ထားကြပါတယ်။ ကိန္နရီ၊ ကိန္နရာ အကြောင်းကို ဖော်ပြတဲ့ ဒဏ္ဍာရီလာယုံတမ်းတွေ၊ ဇာတ်လမ်းတွေ အများကြီးရှိပါတယ်။ ကွဲပြားတဲ့ ဒဏ္ဍာရီတွေ ဘယ်လောက်ရှိရှိ ရှမ်းလူမျိုးတွေဟာ ကိန္နရီ၊ ကိန္နရာရဲ့ ချစ်မြတ်နိုးပုံကို တန်ဖိုးထားကြစဲဖြစ်ပြီး ကောင်းတဲ့ နိမိတ်အရာဝတ္ထုတစ်ခုအဖြစ်လည်း လက်ခံယုံကြည်ထားကြပါတယ်။

🔺ကိန္နရီ၊ ကိန္နရာ အက ကို ရှမ်းရိုးရာပွဲတော်ကြီးတွေ၊ အထိမ်းအမှတ်ပွဲတွေနဲ့ အခမ်းအနားတွေမှာ ဂုဏ်ယူစွာ ကပြတင်ဆက်နေဆဲဖြစ်တဲ့အပြင် ဗုဒ္ဓ၀င် သမိုင်းနဲ့လည်း ဆက်စပ်နေကြတယ်လို့ ယုံကြည်ထားကြပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ မိခင်မယ်တော်မိနတ်သားကို တရားဟောပြီးလူပြည့်သို့ပြန်လည်ဆင်းသက်လာတော်မူတဲ့အချိန်တွင် မြတ်စွာဘုရားရှင်အား ရည်မှန်းပူဇော်ကြသည့်အနေဖြင့် ရှမ်းတိုင်းရင်းသားတွေက စားသောက်ဖွယ်ရာများ၊ ပန်းများနှင့်အတူ ကိန္နရီ၊ ကိန္နရာ အကဖြင့်ပါ ကြိုဆိုကြတာဖြစ်တယ်လို့ သိရပါတယ်။

🔺Saopha (King of Town) ကိုပူဇော်တဲ့အချိန်၊ ကောက်ရိတ်သိမ်းပွဲ၊ ရှမ်းရိုးရာနှစ်သစ်ကူးပွဲ၊ ရှင်ပြအလှူပွဲတွေ နှင့် ရိုးရာအထိမ်းအမှတ်နေတွေမှာကပြလေ့ရှိတဲ့ ကိန္နရီ၊ ကိန္နရာအကဟာ ရှမ်းရိုးရာ အကအလှ တစ်ခုသက်သက်သာမဟုတ်ပဲ တိုင်းရင်းသားတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်တို့ကိုပါ ဖော်ဆောင်ပြနေသော ပြယုပ်တစ်ခုဖြစ်ပါတယ်။

✨ဒါကြောင့် မိမိတို့ တိုင်းရင်းသားယဉ်ကျေးမှု အမွေအနှစ်၊ ရိုးရာဓလေ့ထုံးတမ်းများကို အောက်မေ့သတိရစွာ ထိန်းသိမ်းစောင့်ရှောက်စေလို၍ ကျွန်တော်တို့ Ethnic Team မှ တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်…✨

(Sources from the Internet)

Photos from Sone See Yar's post 18/01/2021

လူမျိုးတိုင်းလူမျိုးတိုင်းရဲ့ ဓလေ့ထုံးစံတွေပြောကြရင် အစားအသောက်ဓလေ့ထုံးစံကတော့ မပါမဖြစ်ပါပဲနော်…
“ရှမ်း” အစားအသောက်လေးတွေရော စိတ်ဝင်စားကြသလား သူငယ်ချင်းတို့…???🤭
💁ရှမ်းအစားအသောက်ဆိုတာနဲ့ ရှမ်းခေါက်ဆွဲ၊ တိုဟူးနွေးနဲ့ ခေါပုတ် တို့ကတော့ ပြောစရာမလိုအောင် ရင်းနှီးကြမယ်ထင်ပါတယ်…
ဒါတင်ဘယ်ကမလဲ သူတို့ဆီမှာ တစ်ခြားသောလူမျိုးတွေနဲ့မတူ တစ်မူထူးခြားတဲ့ရိုးရာမုန့်နဲ့ အစားအသောက်လေးတွေလည်းရှိနေပါသေးတယ်…😱

ဒါကြောင့် ဒီနေ့မှာတော့ Ethnic Teamကနေ ရှမ်းတိုင်းရင်းသားတို့ရဲ့ ထူးထူးခြားခြား ရိုးရာအစားအသောက်အချို့နဲ့ ဓလေ့တွေကို ပြောပြပေးသွားပါမယ်…

အခုလို သူမတူထူးခြားတဲ့ အစားအသောက်လေးတွေ၊ ရိုးရာအကြောင်းအရာလေးတွေကို Ethnic Team ကနေ အမြဲတင်ဆက်ပေးသွားပါမယ်

✨…သူငယ်ချင်းတို့လည်း မိမိရဲ့ရိုးရာယဥ်ကျေးမှုထုံးတမ်းဓလေ့တွေကို လေ့လာရင်း အစဉ်မပြတ်ထိန်းသိမ်းနိုင်မယ်လို့မျှော်လင့်ပါတယ် ခင်ဗျ…✨

Photos from Sone See Yar's post 16/01/2021

🙋ဟေ့…ဟေ့… ကရင်နှစ်သစ်ကူးနေ့တုန်းက ကရင်ဝတ်စုံလေးတွေဝတ်၊ ဓာတ်ပုံလေးတွေရိုက်ပြီး Happy Karen New Year လုပ်ခဲ့ကြတယ်မလား???

အရမ်းလည်းချစ်ဖို့ကောင်းခဲ့ကြတယ်ဟုတ်..?

ဒီနေ့မှာတော့ Ethnic Team ကနေ ချစ်စဖွယ်၊ မှတ်သားဖွယ် ကရင်အကြောင်းအချို့ ပြောပြပေးသွားပါမယ်နော်…

Photo_Crd

15/01/2021

စိတ်ပင်ပန်းတဲ့နေ့ရက်တွေက သင့်ကို ဘယ်လောက်တောင် ဒုက္ခများစေခဲ့ပြီလဲ❓❓

လူ့ပတ်ဝန်းကျင်မှာ ကျင်လည်နေထိုင်သ၍ ကျွန်မတို့က စိတ်ပင်ပန်းမှုတွေကို ရင်ဆိုင်ရမှာက ဧကန်မလွဲပါပဲ..

အလုပ်ကြောင့်ပင်ပန်းမယ်..
မိသားစုကြောင့် ပင်ပန်းမယ်.. ငွေရေးကြေးရေးကြောင့် ပင်ပန်းမယ်..
စသဖြင့် ကိစ္စမျိုးစုံကြောင့် စိတ်ပင်ပန်းပူပန်နေရတာပေါ့...

အဲ့ဒါ ဘာကြောင့်လဲ??

ကျွန်မတို့ရဲ့ စိတ်၊ အတွေးတွေနဲ့ လုပ်ရပ်တွေကြောင့်ပေါ့...

တစ်ခါတစ်လေမှာ ကျွန်မတို့ဟာ စိတ်ဖိစီးမှုတွေကို ကိုယ်ကိုယ်တိုင် သတိမထားမိဘဲ လက်ခံယူနေကြတယ်..
ဥပမာ- မပြီးပြတ်တဲ့အရာတွေကို လုပ်ဖို့ စိတ်ပူနေတယ်၊ ပြီးပြီးသားကိစ္စတွေကိုလည်း အဆင်ပြေပါ့မလားတွေးမိနေတယ်၊ အဲ့တာတွေက ကိုယ် ကိုယ်တိုင်ကို မသိဘဲ ပူပန်နေတာတွေပါ၊ အဲ့တာတွေက ကျွန်မတို့နေ့စဉ်ဘဝမှာ အကျင့်တစ်ခုလို ဖြစ်နေပါပြီ...

အဲ့ဒီ အကျင့်ကို ပြင်ဖို့တကယ်ကိုလိုအပ်ပါတယ်၊ ပြင်နိုင်မှသာ ကျွန်မတို့အတွက် စိတ်ချမ်းသာမှုဆိုတာ အပြည့်အဝရရှိမှာပါ...

ဒါ့ကြောင့် ကျွန်မတို့ဟာ ကုစားမှုတစ်ခုလိုအပ်တယ်၊ ကျွန်မတို့ရဲ့ စိတ်တွေကို စုစည်းပြီး စိတ်ချမ်းသာအောင် နေနိုင်ဖို့အတွက် ကိုယ့်စိတ်ကိုယ် ပြုပြင်ကုစားရပါမယ်...

ဒီလိုမျိုး ကျွန်မတို့စိတ်တွေကို ပျော်ရွှင်စေဖို့၊ အေးချမ်းစေဖို့ အကောင်းဆုံးကုစားနည်းက Mindfulness Meditation ပါပဲ..

လူတစ်ယောက်ရဲ့ စိတ်ဟာ ထိန်းရခက်ပြီး ပျံ့လွင့်လွယ်ပါတယ်၊ အဲ့ဒီစိတ်ကြောင့်ပဲ ပူပန်မှုတွေဖြစ်လာတယ်၊ ဒါကြောင့်အဲ့လိုစိတ်ကိုစုစည်း ထိန်းချုပ်ဖို့ Meditation က အကောင်းဆုံးပါ..

ဒါဆို.. မိတ်ဆွေတို့ရော ကျွန်မတို့နဲ့ အတူတူ Mindfulness Meditation လေးကို ကြိုးစားကြည့်ဖို့ စိတ်ဝင်စားကြလား❓

စိတ်ဝင်စားတယ်ဆိုရင် အောက်ကပေးထားတဲ့ Link လေးကနေ ဝင်ရောက်စာရင်းသွင်းပြီး ပါဝင်လို့ရပါတယ်နော်....

https://docs.google.com/forms/d/e/1FAIpQLSfJhcxsBmExhUV5W20YgvmUnVjY8ebUBOBbr0gD-k9OmtLzSQ/viewform?usp=sf_link

❗️❗️လူဦးရေ ၁၅ ယောက်ထိသာ လက်ခံတာမို့ မြန်မြန်စာရင်းပေးဖို့တော့လိုတယ်နော်...

15/01/2021

မင်္ဂလာပါ ပျိုမေလေးတို့ရေ....

"ဟဲ့ နင်ဝလာလိုက်တာ၊ ရည်းစားများလိုက်တာ"

အစရှိတဲ့ စကားတွေကို မြန်မာ အမျိုး သမီး တော်တော်များများ ကြားဖူးကြမယ် ထင်ပါတယ်။ ကိုယ်တိုင် လည်း ကြုံဖူးသလို၊ အခြားသူကိုလည်း အမှုမဲ့ အမှတ်မဲ့ ပြောမိတတ်​​ပြီး၊ပြောတဲ့သူရော အပြောခံရသူရောက အမျိုး သမီး တွေ ကိုယ်တိုင် ဖြစ်နေတာ မယုံနိုင်စရာပါပဲ...

နောက်တစ်ခုက မြန်မာ အမျိုး သမီးတစ်ယောက်အနေနဲ့ လိင်မှုကိစ္စကိုရှက်စရာလို့ သတ်မှတ်ကြတဲ့ အတွက်၊ အဲ့လိုမျိုး လိင်မှု ဆန္ဒ ကို ထုတ်ဖော်တဲ့ မိန်းကလေး ကို အမျိုးသမီး ထု တစ်ခုလုံးက အရှက်ရအောင် ကဲ့ရဲ့ကြတယ်..

တကယ်တော့ လိင်မှု ကိစ္စ ကို ထုတ်ဖော် ပြောဆိုတာ၊ ခန္ဒာကိုယ် ပိန်တာ ဝတာ တွေဟာ လိုက်ပြီး ဝေဖန်ပြောဆိုဖို့ မလိုပါဘူး။ ဘာလို့လဲ ဆိုတော့ ဒါတွေက အမျိုးသမီး တစ်ယောက်ရဲ့ အခွင့်အရေး ရပိုင်ခွင့်တွေ ဖြစ်နေလို့ပါပဲ၊

အနောက်နိုင်ငံတွေမှာ ဒီလိုကဲ့ရဲ့ ပြစ်တင်တာကို "Shaming" လုပ်တယ် လို့ ခေါ်ပါတယ်

Shaming

Shaming ဆိုတာက လူ တစ်ဦး တစ်ယောက်ကို အကြောင်း တစ်ခုခုကြောင့် အရှက်ရအောင် အပြစ်တင်တာကို ဆိုလိုပါတယ်၊ လူတိုင်း နီးပါး shaming လုပ်ခံရဖူးပေမဲ့လည်း အမျိုးသမီး တွေဟာ ပတ်ဝန်းကျင်ရဲ့ shaming လုပ်တာကို ပိုမို ခံကြရပါတယ်။ အမျိုးအစား ပြန်ခွဲမယ် ဆိုရင်တော့ မြန်မာ အမျိုးသမီး အများစု ကြုံနေရတာက body shaming နဲ့ slt shaming ဆိုပြီး ယူဆလို့ရပါတယ်

Body shaming ဆိုတာဘာလဲ??

Body shaming ဆိုတာက ခန္ဓာကိုယ် ပုံပန်း သဏ္ဍာန် ၊ ရုပ်ရည် အသွင်အပြင်ကို ကြည့်ပြီး Judge လုပ်တာ၊ တစ်ဖက်လူအနေခက်အောင် သူ့ရဲ့ပုံပန်း သွင်ပြင် ကို စနောက်တာ၊ ထိခိုက်နစ်နာအောင် ကဲ့ရဲ့တာတွေအားလုံး ပါဝင်ပါတယ်

Slut shaming ဆိုတာကရော...

လိင်မှု ကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန် ပြောဆိုတာ၊ ဝတ်ပုံ စားပုံကို ကြည့်ပြီး blame လုပ်တာ တွေကို slt shaming လုပ်တယ်လို့ သတ်မှတ်လို့ရပါတယ်

အမျိုးသားတွေအနေနဲ့ အဝတ်အစား ဝတ်တာ၊ sexual activity ပိုင်းမှာ လွတ်လပ်ခွင့်အပြည့်ရကြပေမဲ့ အမျိုးသမီး တွေ အတွက်ကတော့ အပြစ်ပြော စရာချည်းပဲ ဖြစ်နေတယ်။ Sexy ဆန်ဆန်ကျတဲ့ အဝတ်အစားကို ဝတ်ထားရင်ပဲ မကောင်းတဲ့ မိန်းကလေး အဖြစ် မိန်းကလေး အချင်းချင်း အနိုင်ကျင့်တာကိုခံရပါတယ်

ဘာကြောင့်လုပ်တာလဲ❓❓

(1) Insecurity

Shaming လုပ်တာရဲ့ အဓိက တရားခံက မိမိကိုယ် မိမိ မကျေနပ်တာ ကစပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီလို လုပ်ခြင်းအားဖြင့် သူတို့တွေစိတ်ထဲမှာ ခံစားရတဲ့ Insecurity မလုံခြုံမှုတွေ မရှိတော့ဘူး ၊ သူတို့က အခြားလူတွေထက် သာလွန်တယ် ဆိုတဲ့ ကိုယ့်ကိုယ်ကို ကျေနပ်တဲ့ စိတ်ခံစားမှုတွေ ရရှိလို့ပါပဲ

(2) Social norms

ဒုတိယ တစ်ချက်အနေနဲ့ကတော့ ပိန်မှ လှမယ်၊ အသားဖြူမှ ကြည့်ကောင်းတယ်၊ မိန်းကလေးဆိုရင် စတဲ့ social norms တွေကြောင့်ပါပဲ။ ဒီလို စံသတ်မှတ်ချက်တွေရှိနေတာဟာ ကိုယ့်ရဲ့ ပင်ကိုအလှတရားကို ဖုံးကွယ် သွားပြီး physical appearance နဲ့ ပတ်သက်တဲ့ စိတ်ပင်ပန်းမှုကိုဖြစ်စေပါတယ်။ business တွေရဲ့ အလွန်အကျွံ marketing တွေ ခန္ဒာ ကိုယ် ပိန်တဲ့ အမျိုးသမီး တွေက ဆွဲဆောင်မှုရှိတယ် ဆိုတဲ့ advertising တွေဟာ အမျိုးသမီး တွေ shaming လုပ်ခံရတဲ့ အကြောင်းအရင်း တစ်ချက်ပါပဲ...

(3) Objectifying

Shaming တွေ ဖြစ်နေတာဟာ မိန်းကလေး တွေကို object တစ်ခုလို သဘောထားလို့ပါပဲ။ ကုန်ပစ္စည်း ကြော်ငြာတဲ့ နေရာမှာ sexy ဆန်တဲ့ပုံတွေကို ဦးစားပေးတာ၊ အမျိုးသမီး တွေကို လိင်မှုကိစ္စ အတွက် ဆုံးဖြတ်ပိုင်ခွင့် မပေးတာ တွေဟာ Objectifying လုပ်တယ်လို့ သတ်မှတ်လို့ရပါတယ်။ မိန်းကလေး တစ်ယောက် အဝတ်အစား ဟော့ ဟော့ ဝတ်ထားရင်ပဲ ဒါဟာ ယောက်ျား လေး တွေ နှာကြည့် ကြည့်သမျှ လက်ခံချင်လို့ ဝတ်ထားသယောင် ပြောကြတာဟာ Objectifying ရဲ့ အကျိုးဆက်ပါပဲ။ မထင်မှတ်ထားစရာ တစ်ခုက အမျိုးသမီးတွေ ကိုယ်တိုင် က ကိုယ့်ကိုယ်ကို Object တစ်ခုလို လက်ခံထားကြတဲ့ အတွက်ကြောင့် သူတို့ အယူအဆနဲ့ ဆန့်ကျင်တဲ့ အမျိုးသမီး ကို တွေ့ရင် ဝိုင်းပြီး အရှက်ခွဲ ကြတော့တာပါပဲ

ဘယ်လို ကာကွယ်ကြမလဲ❓❓

(1) ကိုယ့်ကို ကိုယ် ယုံကြည်ပါ

လူတိုင်းမှာ အလှတရား ကိုယ်စီ ရှိကြပါတယ် ပိန်မှ ဝမှ လှတာ မဟုတ်ပါဘူး။ ကိုယ်ကိုယ်ကို ယုံကြည်မှုရှိနေတဲ့ အမျိုးသမီးက အလှဆုံးပါပဲ။

(2) အကောင်းမြင်ကြည့်ပါ

ကိုယ့် ခန္ဒာကိုယ် ရဲ့ စိတ်ကျေနပ်မှုမရှိတဲ့ အပိုင်းတွေကို အပြုသဘောဆောင်တဲ့ ဘက်က ပြောင်းလဲဖို့ကြိုးစားကြည့်ပါ။ အားကစား လုပ်တာ ၊ မိမိကိုယ်ကို အရှိကို အရှိတိုင်း လက်ခံတာ ဒါတွေလုပ်လို့ ရပါတယ်။ ကိုယ့်ကိုယ်ကို ရော သူတစ်ပါးကိုရော Shaming လုပ်မယ့် အစား ကိုယ် လုပ်နိုင်တဲ့ ဘက်က ပြောင်းလဲကြည့်တာဟာ အကောင်း ဆုံးဖြစ်ပါတယ်

(3) Media

Media အနေနဲ့လည်း အမျိုးသမီးတွေ ကိုယ့်ရဲ့ Body image ကိုယုံကြည်မှုရှိအောင်အားပေးသင့်ပါတယ်။ Plus size modelတို့ သာမန်ခန္ဓာကိုယ်ရှိတဲ့ လူတွေ အတွက် model competitionတွေလုပ်တာ၊ plus size and average size model showတွေ၊essayပြိုင်ပွဲ၊ဗီဒီယိုပြိုင်ပွဲတွေလုပ်ပြီး awarenessလုပ်တာ တွေဟာ body shaming ကို တစ်နည်းတစ်ဖုံလျော့ပါးစေပါတယ်

(4) Sharing is caring

ဒီလို shaming ပြသာနာ တွေ အလုံးစုံ ပပျောက်သွားဖို့ ဆိုရင် လူတစ်ဦး တစ်ယောက်ချင်းစီမှာ တာဝန်ရှိပါတယ်။ ကိုယ်တိုင် အရင်ပြောင်းလဲပြီး ကိုယ့်ပတ်ဝန်းကျင်ကိုလည်း မျှဝေ ပေးရမယ်။ ကိုယ်က မိခင်တစ်ယောက်ဆိုရင် ကိုယ့်သားသမီးတွေတွေကို ကိုယ့်ခန္ဒာကိုယ် ကို တန်ဖိုးထားတတ်ဖို့ လူတိုင်းမှာ ပင်ကိုယ် အလှတရား ကိုယ်စီ ရှိတာကို နားလည်လက်ခံလာအောင် သင်ကြားပေးရမယ်။ လူတိုင်းကို လေးစားတတ်ဖို့ educate လုပ်ပေးရပါမယ်

ကဲဒီလောက်ဆိုရင်တော့...

ပျိုမေ တို့အနေနဲ့ shaming အကြောင်း နားလည်သွားလောက်ပြီလို့ထင်ပါတယ်။ ဒါ​ကြောင့်မို့ သူတစ်ပါးကိုရော ကိုယ်ကိုယ်တိုင်ကိုပါ shaming မလုပ်ဘဲ မိန်းမသားအချင်းချင်း ကူညီဖေးမတဲ့ Environment လေး တစ်ခုကို အတူ ဖန်တီး ကြရအောင်နော်...

ပျိုမေတို့အနေနဲ့ Shaming လုပ်ခံဖူးတဲ့ အတွေ့အကြုံလေးတွေကိုလည်း Comments လေးမှာဝင်ရောက် ဆွေးနွေးနိုင်ပါတယ်နော်...

14/01/2021

မင်္ဂလာပါ သူငယ်ချင်းတို့ရေ…🙏

Ethnic team ကနေ အပတ်စဉ် တင်‌ဆက်ပေးမဲ့ Ethnic Culture Quiz လေးလာပါပြီ…

ဒီပထမဦးဆုံး Quiz လေးမှာတော့ သူငယ်ချင်းတို့က ကိုယ့်မြန်မာနိုင်ငံရဲ့ လူမျိုးစုလေးတွေကို ဘယ်လောက်သိလဲ Commentမှာ ဖြေသွားကြည့်လိုက်ကြပါဦး…

မှန်ရင် ဆရာကြီးပဲနော်..

သူငယ်ချင်းတို့ ဒီQuiz လေးကို ဖြေကြည့်ရင်း မိမိလူမျိုး၊ မိမိယဉ်ကျေးမှု နဲ့ ဘာသာစကားတွေကို အမြဲအောက်မေ့သတိရနေပြီး ထိန်းသိမ်းစောင့်ရှောက်ကြဖို့လည်း မျှော်လင့်ပါတယ်…✨

💯အဖြေမှန်ကိုတော့ မနက်ဖြန် Comment ထဲမှာ ပြန်ဖြေပေးသွားပါမယ်နော်...

13/01/2021

✨Happy Karen New Year✨
♦Let's explore about this special day♦

ဒီနေ့ကတော့ '' ကရင်နှစ်သစ်ကူးနေ့''ဖြစ်တာကြောင့် Sone See Yar Ethnic Team ကနေ သူငယ်ချင်းတို့ကို ကရင်နှစ်သစ်ကူးနေ့လေးရဲ့အကြောင်း လေးကို ဝေမျှပေးသွားချင်ပါတယ်📣📣

ကရင်လူမျိုးတွေမှာ ဘိုးဘွားတွေဆီကနေ အဆင့်ဆင့်လက်ဆင့်ကမ်းလာကြတဲ့
''အမျိုးသားမဏ္ဍိုင်(၃)ခု'' ရှိပါတယ်။ ဒါတွေကတော့ ကရင်အမျိုးသားအလံ၊ အမျိုးသားသီချင်း၊ အမျိုးသားနှစ်သစ်ကူးနေ့ တို့ပဲဖြစ်ပါတယ် ✅

ဒီမဏ္ဍိုင်ကြီး၃ ခုထဲက '' နှစ်သစ်ကူးနေ့'' အကြောင်း လေ့လာကြည့်ကြမယ်။ 👏

♦ကရင်နှစ်သစ်ကူးနေ့ဖြစ်ဖို့ ကရင်တမျိုးသားလုံးက ခက်ခက်ခဲခဲကြိုးပမ်းလုပ်ဆောင်ခဲ့ရပါတယ်။♦

♦ ပထမဆုံးလုပ်ဆောင်ဖို့ကြိုးပမ်းခဲ့သူကတော့ ''စောဂျွန်ဆင်ဒီဖိုးမင်း'' ​ဆိုတဲ့ နာမည်ကြီးပုဂ္ဂိုလ်ကြီးပဲ ဖြစ်ပါတယ်။ သူဟာ အစိုးရသစ်တက်တဲ့ ''၁၉၃၇'' ခုနှစ်မှာ ''ကရင်လူမျိုးတို့အတွက် အမှတ်တရနေ့အဖြစ်
အထိမ်းအမှတ်မဏ္ဍိုင်တစ်ခု'' တစ်ခုရှိအောင် '' ကရင် အမျိုးသားနေ့''ကို လွှတ်တော်မှာတင်သွင်းခဲ့ပါတယ် ♦

♦ဒီကိစ္စအောင်မြင်အောင်ဆက်ပြီးကြိုးပမ်းကြသူတွေကတော့ '' ဆာဘွဲ့ရ စံစီဖိုး နဲ့ ဦးဆစ်ဒနီဖိုးနီ '' တို့ပဲ ဖြစ်တယ်။♦

♦''ကရင်နှစ်သစ်ကူးနေ့'' ဖြစ်လာဖို့ ကရင်လွှတ်တော်အမတ် (၁၂) ဦးက အဆိုတင်သွင်းခြင်း၊ ညှိနှိုင်းပူးပေါင်းခြင်း ၊ သဘောတူ​ညီချက်ပြုလုပ်ခြင်းတို့ကို ကြိုးစားပမ်းစားဆောင်ရွက်ခဲ့ကြပါတယ်♦

♦ ''၁၉၃၇ သြဂုတ် ၂ ရက်နေ့'' မှာ ကရင်နှစ်သစ်ကူးနေ့ကို ''ပြန်ထမ်းဝင်အမျိုးသားရုံးပိတ်ရက်'' အဖြစ်ရရှိခဲ့ပါတယ်♦

♦ ''၁၉၃၇ သြဂုတ် ၂၃ ရက်နေ့'' မှာတော့
( မြန်မာပြက္ခဒိန်အရ ပြာသိုလဆန်း၁ရက်၊ ကရင်ပြက္ခဒိန်အရ သလေးလဆန်း ၁ရက် သို့မဟုတ် ၂ရက်နေ့) ကို '' ကရင်နှစ်သစ်ကူးနေ့'' အဖြစ်တရားဝင်သတ်မှတ်ခဲ့ကြပါတယ်♦

(ဒီကရင်အမျိုးသားနေ့ဖြစ်ပေါ်ပုံကိုတော့ မြန်မာ့သမိုင်းပညာရှင်ကြီး ပါမောက္ခဆရာ ''စောထွန်းအောင်ချိန်''ကလည်း ပြောပြပေးခဲ့တာဖြစ်ပါတယ်ရှင်။)

ဒါဆိုရင်သူငယ်ချင်းတို့အားလုံးပဲ
''ကရင်နှစ်သစ်ကူးနေ့''ရဲ့သမိုင်းကြောင်း ကို သိကြလောက်ပြီလို့ ယုံကြည်ပါတယ်ရှင်💢

အားလုံးပဲ ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးနေ့လေး ကိုပိုင်ဆိုင်နိုင်ပါစေလို့ ''Sone See Yar Ethnic team'' ကဆုမွန်ကောင်းတောင်းပေးပါတယ် ✨✨

Photos from Sone See Yar's post 12/01/2021

Sexual Harassment ဆိုတာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ Case ​တစ်ခုဖြစ်တဲ့အတွက် အမျိူးသမီးတွေရဲ့ဘဝတွေဟာ ပြင်ပလောကမှာ မလုံခြုံမှုတွေအရမ်းများလာပါတယ်။ အခုဆိုရင် အမျိုးသမီးတွေသာမက အမျိူးသားတွေပါ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရမှုကို ကြုံတွေခံစားနေကြရပါတယ်။ ဒါ့အပြင် အမျိုးသမီးတစ်ယောက်အနေနဲ့ ကျူးလွန်စော်ကားခံရတဲ့အခါ စော်ကားသူကို ပြန်ပြီးအရေးယူဖို့အတွက် ကြောက်ရွံ့တာတွေ၊ မထုတ်ဖော်ရဲတာတွေရှိနေတဲ့အတွက် တချို့caseတွေမှာ အဖြစ်မှန်တောင်မပေါ်ပေါက်ဘဲ လေမှုန်လေးသဖွယ် ပပျောက်သွားတဲ့ကိစ္စတွေလည်း အများကြီးရှိနေပါတယ်...

ဒီတော့ အမျိုးသမီးတွေအနေနဲ့ သိသင့်သိထိုက်တဲ့ Sexual Harassmentနဲ့ပက်သက်သော Laws တွေ၊ ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတွေအကြောင်းကို Sone See Yar ကနေမျှဝေပေးလိုက်ပါတယ်...💙

11/01/2021

သူရဲကောင်းလေးတို့ရေ...

ဒီတစ်ပတ်မှာလည်း သူရဲကောင်းလေးတို့အချိန်တွေအကျိုးရှိရှိ ကုန်ဆုံးသွားစေဖို့ ရည်ရွယ်ပြီး Sone See Yarကနေ Workshop လေးတစ်ခုကို ပြုလုပ်ပေးဖို့ စီစဉ်ထားတယ်နော်..

12.1.2021 (Tuesday) မှာဆိုရင်တော့ Sone See Yar Academy ကနေ Business English Free Workshop ကို ပြုလုပ်ပေးသွားမှာပါ..

Business English ကို လေ့လာချင်တဲ့ သူငယ်ချင်းတွေ အနေနဲ့ လိုအပ်တဲ့ အကြောင်းအရာတွေ၊ ဗဟုသုတတွေ၊ နည်းစနစ်တွေကို သေချာသိနိုင်ဖို့ အတွက် Tr. Majidahက သင်ကြားပေးသွားမှာနော်.

Business English Free Workshop လေးမှာ ပါဝင်ချင်တယ် ဆိုရင်တော့ စဉ်းစားမနေဘဲ အောက်မှာ ပေးထားတဲ့ Link လေးကိုသာ နှိပ်ပြီး စာရင်းပေးလိုက်ကြရအောင်နော်...

Date - 12.1.2021 (Tuesday)
Time - 5:30Pm To 6:30Pm
Place - Zoom

လူဦးရေ ကန့်သတ်ထားတာဆိုတော့ နောက်မကျခင်အချိန်လေးမှာ Registerလေးလုပ်ဖို့ လိုမယ်နော်..

https://forms.gle/HaVmZJCKBaibR2UXA

✅ Registerလုပ်ပြီးရင် commentမှာ Doneလို့ ရေးပေးခဲ့ကြဦးနော်...

10/01/2021

❗️Check Your Email❗️

Training of Trainers Program ကိုလျှောက်ထားတဲ့ သူငယ်ချင်းတို့ရေ Mail လေးတွေ စစ်ကြည့်ကြဦးနော်...

လာမယ့်အပတ်မှာ စတင်မယ့် Training of Trainers Program တက်ရောက်ဖို့ ရွေးချယ်ခံထားရတဲ့ သူငယ်ချင်းတို့ဆီမှာ Email လေးတွေပို့ထားပြီးပါပြီ.

အရွေးမခံရတဲ့ သူတွေလည်း စိတ်ဓာတ်မကျကြပါနဲ့နော်...

Sone See Yar မှာ နောက်ထပ် အစီအစဉ်တွေ အများကြီးရှိပါသေးတယ်

နောက်ထပ် အသစ်အသစ်သော အစီအစဉ်တွေကို လက်မလွတ်သွားစေဖို့ စောင့်မျှော်ပေးကြပါဦးနော်...

Photos from Sone See Yar's post 09/01/2021

Hello Ladies!!!!

ဒီနေ့ကမ္ဘာကြီးမှာ ခေတ်ရေစီးကြောင်းအလိုက် အမျိုးသမီးများက ရင်ဘောင်တန်းဖို့ ကြိုးစားရင်ဆိုင်ရင်း ကိုယ့်ကိုယ်ကိုယ် self -careလုပ်ဖို့ မေ့နေကြပြီလား.??

ဒါဆိုရင်တော့ စိတ်မပူပါနဲ့💁

Ladies တို့မေ့နေလောက်တဲ့ အရာလေးကို Sone See Yar ရဲ့ Women Empowerment Team ကနေ ကူညီဖော်ထုတ်ပေးဖို့ လာပါပြီ..

ဒီနေ့မှာတော့ မတူညီတဲ့ Self-care tips လေးတွေကို Ladies တို့ဘ၀မှာ အကျိုးရှိစွာ အသုံးချနိုင်ဖို့ ရည်ရွယ်ရင်း sharingလုပ်ပေးလိုက်ပါတယ် 🙆

We (Women Empowerment Project Team from Sone See Yar) wish all the women to get more achievements in life and possess a beautiful & peaceful life ahead.

09/01/2021

ကုန်ဆုံးနေတဲ့ နေ့ရက်တိုင်း၊ အချိန်တိုင်းမှာ ကိုယ့်အတွက် ဘယ်လိုအရာတွေက ပင်ပန်းစေပြီး၊ ဘယ်အရာတွေက အေးချမ်းစေလဲ❓❓

စိတ်ပင်ပန်းမှု ဆိုတာက လူတိုင်းလက်မခံချင်၊ မလိုချင်ကြတဲ့ အရာတစ်ခုပါ၊ ဒါပေမဲ့ လူတိုင်းနီးပါးက စိတ်ပင်ပန်းမှုကို သူတို့ရဲ့နေ့စဉ် ဘဝထဲကို မသိဘဲ လက်ခံထားမိတတ်ကြတယ်

ဥပမာ- သူတစ်ပါးရဲ့ စကားတွေကို နားထောင်မိရင်း ဖြစ်ဖြစ်၊ မဖြစ်သေးတဲ့ အရာတွေကို တွေးပူနေမိလို့ပဲ ဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ မိမိကိုယ်ကို နှိုင်းယှဉ်မိလို့ပဲ ဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့်တော့ စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေက အတွေးထဲ ကို ရောက်ရှိနေတတ်ပါတယ်နော်..

၂၄ နာရီဆိုတဲ့ တစ်ရက်အချိန်လေးက တကယ်တမ်းတော့ တိုတောင်းပြီး တန်ဖိုးရှိတဲ့ အချိန်လေးပါ၊ ဒီလို တန်ဖိုးရှိပြီး အစားထိုးမရနိုင်တဲ့ နေ့ရက်လေးတွေမှာ စိတ်ပင်ပန်းမှုတွေ၊ စိတ်ဓာတ်ကျစရာတွေပဲ ရှိနေရင်တော့ နှမြောစရာကောင်းပါတယ်

ဒါပေမဲ့ နေ့ရက်တိုင်း ပျော်ရွှင်နေဖို့ဆိုတာကတော့ မလွယ်ပါဘူး။ ပင်ပန်းမှုတွေ ၊ ဝမ်းနည်းမှုတွေကတော့ ရှိနေမှာပါ။ အဓိကကတော့ ကိုယ့်စိတ်ကို ပျော်အောင်ထားပြီး၊ စိတ်ညစ်စရာတွေကို အကြာကြီး သိမ်းမထားမိဖို့ပါ

လူတစ်ယောက်က လက်ရှိ ပစ္စုပ္ပန်မှာမနေဘဲ အတိတ်တွေ ၊ အနာဂတ်တွေမှာ ရှင်သန်နေရင် စိတ်ပင်ပန်းစေတယ် ဆိုတာ ကြားဖူးမှာပါ။ အဲ့လို အရာတွေကို ကုစားဖို့ကတော့ လူတစ်ယောက်က Mindful ဖြစ်နေဖို့လိုပါတယ်

Mindfulness ဆိုတာက ကိုယ့်ရဲ့ လက်ရှိရှိနေတဲ့ အချိန်၊နေရာမှာပဲ ကိုယ့်ရဲ့ အာရုံကို စုစည်းထားမျိုးပါ။မိမိလုပ်နေတဲ့ လက်ရှိအလုပ်ကို အကောင်းဆုံး ကြိုးစားရင်း နေ့ရက်တိုင်းမှာ ပျော်ပျော်နေနိုင်ခြင်းက တကယ့်ကို လက်ဆောင်ကောင်းတစ်ခု ရထားခြင်းဖြစ်ပါတယ်

Sone See Yar Team နဲ့အတူ ကိုယ့်ရဲ့ Mindset Reset လေး လုပ်ကြရအောင်နော်..

ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ နေ့ရက်တွေတိုင်းမှာ အတတ်နိုင်ဆုံး Mindfulness ဖြစ်အောင်နေထိုင်ရင်း သာယာတဲ့ နေ့သစ်တွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အောက်က Linkလေးမှာ Registerလုပ်လိုက်တော့နော်👇👇

https://forms.gle/oCLGWKSyysYT9GZD8

Date - 10.1.2021 (Sunday)
Time - 9Am To 10Am
Place - Zoom

Photos from Sone See Yar's post 08/01/2021

“သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားခိုရာ” ဆိုတဲ့ စကားပုံအတိုင်း လူအများကို လမ်းညွှန်ပြသ သင်ကြားပေးနိုင်တဲ့ ဆရာကောင်းတစ်ယောက်၊ Trainer ကောင်းတစ်ယောက်ဟာ လူ့အဖွဲ့အစည်းထဲက သင်ယူသူပေါင်းများစွာကို တိုးတက်ကောင်းမွန်အောင် ဖန်တီးပေးနိုင်ပါတယ်...

Trainer ကောင်းတစ်ယောက်ဆိုတာ လွယ်လွယ်ကူကူ နဲ့ ဖြစ်လာတာတော့ မဟုတ်ပါဘူးနော်..

Creativity၊ Communication ၊ Planning ၊ Training Delivery Methods စတဲ့ Skills တွေအပြင် အသိပညာ ဗဟုသုတတွေပြည့်ဝ လို့ Trainer ကောင်းတွေဖြစ်လာကြတာပါ

Start-Up Teacher ကောင်းတစ်ယောက်ဖြစ်ချင်တဲ့ သူငယ်ချင်းတွေ အတွက် Training of Trainers Programလေးက နောက်တစ်ပတ်ဆိုရင် စတော့မှာနော်...

Training of Trainers Program ကို သင်ကြားပေးသွားမယ့် ဆရာ၊ ဆရာမတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်၊ တစ်ယောက်ချင်းစီရဲ့ Profileတွေကို ပုံလေးတွေအောက်မှာ အသေးစိတ် ဖတ်ရှု့လို့ရပါတယ်...

https://docs.google.com/forms/d/1WBP7InJ1yQdoHE-rMWMKyzxqwVTz0Jw6M0gbWQfk9L8/viewform?edit_requested=true

ဒီနေ့ည (၁၂)နာရီတွင် ဖောင်ပိတ်မှာဖြစ်တာကြောင့် TOT One Month Program လေးမှာ ပါဝင်ပြီး ကိုယ့်စိတ်ကူးတွေကို အကောင်အထည်ဖော်ချင်တယ် ဆိုရင်တော့ မြန်မြန်သာ စာရင်းပေးလိုက်ကြတော့နော်.....

❗️One Month Program မှာ တက်ရောက်ခွင့် ရရှိသူများကို Emailမှတစ်ဆင့် ပြန်လည်ဆက်သွယ်ပေးသွားမှာပဲဖြစ်ပါတယ်..

04/01/2021

နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးခဲ့တာ အခုတော့ ဇန်နဝါရီလကို ရောက်ရှိနေပြီနော်...

ဇန်နဝါရီလ ဆိုတာနဲ့ အားလုံးရင်ထဲ မမေ့နိုင်တဲ့ နေ့တစ်နေ့ရှိနေမယ်လို့ မျှော်လင့်ပါတယ်...

အဲ့ဒီနေ့ကတော့ ဇန်နဝါရီလ ၄ ရက်နေ့( လွတ်လပ်ရေးနေ့) ပဲ ဖြစ်ပါတယ်.. ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က စလို့ ယနေ့ထိ အမှတ်ရနေတဲ့ ဒီနေ့ဟာ အခု ၂၀၂၁ မှာဆိုရင်တော့ (၇၃) နှစ် ပြည့်ခဲ့ပါပြီနော်

မြန်မာနိုင်ငံဟာ နယ်ချဲ့တို့ရဲ့ ကျူးကျော်စစ် သုံးကြိမ်ကို ခံခဲ့ရပြီး ၁၈၈၅ ခုနှစ်မှာတော့ မြန်မာ့လွတ်လပ်ရေးကို ဆုံးရှုံးခဲ့ရပြီး သူ့ကျွန်ဘဝကို ကျရောက်ခဲ့ရပါတယ်

အဲ့အချိန်ကစလို့ လွတ်လပ်ရေး ဆုံးရှုံးမှုကို မခံမရပ်နိုင်ကြသော မြန်မာနိုင်ငံသားတို့က အနုနည်း၊ အကြမ်းနည်း ကို သုံးပြီး လွတ်လပ်ရေး တိုက်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်

လွတ်လပ်ရေးအတွက် ကြိုးပမ်းနေစဉ်မှာပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အစိုးရအဖွဲ့လူကြီးတစ်ချို့ကို နယ်ချဲ့လက်ပါးစေတို့က လုပ်ကြံ သတ်ဖြတ်လိုက်ကြပါတယ်...

လွတ်လပ်ရေးပန်းတိုင်ကို ရောက်ဖို့ ဦးနုနဲ့ နန်းရင်းဝန် မစ္စတာအက်တလီတို့ ထပ်မံ ဆွေးနွေးပြီး နု-အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၁၉၄၈၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ မြန်မာ့လွတ်လပ်ရေးကို ရရှိခဲ့ပါတယ်..

မြန်မာ့လွတ်လပ်ရေးဟာ သမိုင်းဝင်နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပြီး တန်ဖိုးထားစရာနေ့တစ်နေ့လည်း ဖြစ်ပါတယ်.. ဒါ့ကြောင့် လွတ်လပ်ရေးရဲ့ အတိတ်သမိုင်းတွေဟာ ဂုဏ်ယူစရာတွေ ပြည့်နေသလို ကြေကွဲဝမ်းနည်းစရာတွေလည်း ကျန်ရှိနေပါတယ်နော်..

လွတ်လပ်ရေးကို ချစ်မြတ်နိုးပြီး တန်းတူညီမျှမှုတွေ၊ စည်ပင်သာယာမှုတွေကို လုပ်ဆောင်နိုင်တဲ့ နိုင်ငံသားကောင်းတို့ ပေါ်ထွက်နိုင်ပါစေလို့ ၇၃ နှစ်ပြည့် လွတ်လပ်ရေးနေ့ကို Sone See Yarမှ ဂုဏ်ပြုဆုတောင်းလိုက်ပါတယ်

02/01/2021

Sone See Yar နဲ့ Thit Eain တို့မှ ပူးပေါင်းပြီးတော့ Training of Trainers Start- Up Teachers One Month Program အကြောင်းလေးကို သတင်းကောင်းပါးချင်ပါတယ်...

သင်က Teachee ကောင်းတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ Teacher တစ်ယောက်မှာမရှိမဖြစ်လိုအပ်တဲ့ Skillsတွေထဲကမှ Lesson Planning ၊ Creativity and Teaching Methodတွေကို သိထားသင့်တယ်နော်

ဒီProgramလေးကနေ Teacher အဖြစ် ရပ်တည်လိုသူတွေအတွက် အခွင့်အလမ်းများစွာနဲ့အတူ ဗဟုသုတများစွာလည်းရရှိမှာပဲဖြစ်ပါတယ်..

ဒီProgramလေးကို လက်ရှိမှာအောင်မြင်နေတဲ့ Speakerများ၊ Trainerများက Trainingပေးသွားမှာပဲဖြစ်ပါတယ်...

Training of Trainers Start-Up Teachers One Month Programလေးကို ဘယ်သူတွေတက်သင့်လဲ❓❓

⚡သင်ကTeacherတစ်ယောက်ဖြစ်လိုသူလား

⚡ကျောင်းပြီးလို့ Teacherတစ်ယောက်အနေနဲ့ ရပ်တည်မယ်ဆို ဘာတွေလိုအပ်မလဲဆိုတာသိရဖို့

⚡ကျောင်းသားတွေရဲ့ Learner Typeကို လေ့လာချင်သူလား

အဲ့တော့.. ဒီProgramလေးကို တက်ချင်ရင် ဘာတွေလုပ်ရမလဲ❓❓

💢 အောက်မှာပေးထားတဲ့ Registerလေးကို ဖြည့်ပေးရပါမယ်

💢 ယခု Postလေးကို Publicနဲ့ Shareပေးပါ

💢 Shareထားတဲ့ Postလေးကို Screenshotရိုက်ပြီး Commentမှာ မန့်ပေးရပါမယ်

အပေါ်က (၃)ချက်နဲ့ ပြည့်စုံတဲ့သူတွေပဲ တက်ရောက်ခွင့်ရမှာပါနော်...

https://docs.google.com/forms/d/1WBP7InJ1yQdoHE-rMWMKyzxqwVTz0Jw6M0gbWQfk9L8/edit?usp=drive_web

သူများထက်နောက်မကျအောင် Formမပိတ်ခင်လေးမှာ Register လုပ်ထားလိုက်တော့နော်...

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.