Yuparhtwe.aungnaing #MoeYupar

Yuparhtwe.aungnaing #MoeYupar

You may also like

Richard Cachi Segovia
Richard Cachi Segovia

Without social responsibility, it is natural for humans to flee without confronting the subsequent p

@yuparhtwe.aungnaing
-------------------
@ဦးကြုံဝမ်း၊ @ဒေါ်ငွေတင် @ဗိုလ်မှူးအောင်နိုင်_(ခ)_Peter @ဗိုလ်မှူးဒေါ်ခင်သန်းသန်း @ဆန်းအောင်နိုင် @San_Aung_Naing @ထူးအောင်နိုင် @Htoo_Aung_Naing
-------------------

https://www.facebook.com/yuparhtwe.aungnaing
https://www.facebook.com/nay.la.5209
https://www.facebook.com/thiriaungnaing
@yuparhtwe.aungnaing/photos
@yuparhtwe.aungnaing/friends
@yuparhtwe.a

12/04/2023

နှစ်စဉ်သစ်ကူး အတာသင်္ကြန်အချိန်ကာလကို ရောက်တိုင်း မကောင်းသူတွေကို ပယ်ပြီး ကောင်းသူတွေကို ကယ်တင်ဖို့ဆိုပြီး နှစ်စဉ်နှစ်တိုင်း တာဝတိံသာ နတ်ပြည်ကနေ ဆင်းသက်လာလေ့ရှိတယ်လို့ ဘမှားတွေ ယုံကြည်လေ့ ရှိကြတဲ့အတိုင်း ဒီနှစ်မှာလည်း ရိုးရာမပျက် သိကြားမင်းဟာ ဆင်းသက်လာခဲ့ပြီ ဖြစ်ပါတယ်။

တာဝတိံသာနတ်ဘုံရှိ (၃၃) ပါးတဲ့ နတ်မင်းကြီးတွေရဲ့ အကြီးအမှူး (အုပ်ကြီး) ဖြစ်တော်မူနေသော သိကြားမင်းကိုယ်တိုင်… ဒီနှစ်မှာတော့

မှောင်ခိုလမ်းကြောင်းမှတဆင့် မှာကာ အများမသိအောင် ဝယ်ယူထားခဲ့သော ကျည်ကာအင်္ကျီအား ဝတ်ဆင်ပြီး..

မိမိကိုယ် မိမိ ခုခံကာကွယ်ရန်နှင့် ထာဝရငြိမ်းချမ်းရေးသာမက.. စစ်ကို မုန်းလွန် လွန်းလို့ဟု ဆိုက လက်မှလည်း ရဇိမ် - မိုးကြိုးလက်နက်အား ကိုင်ဆောင်ကာ.. တရုတ်လုပ် ပါဝါဘန့်ကိုလည်း ခါးမှာ ထိုးထားသည့်အပြင်.. ဓာတ်ဆီဖိုး ငွေကိုပါ ကျန်တစ်ဖက်မှ ကျစ်ကျစ်ပါအောင်စုပ်လျှက်…

နှုတ်မှလည်း “ငါယိုး-မြေယိုဒေ အကုန် များ2သေမြန်2သန့်ပဲ… အတာစားတယ် မပြောနက်… ကိုယ်ဖြစ်.. ကိုယ်ခံ.. ဘယ်သူမှ မကောင်းမကြံ.. ကောင်းဖို့လို့သာ.. ဆိုခဲ့ကြတာကြည့်ပဲ..” ဟုလည်း ဆိုကာ လူ့ပြည်သူ့ ဆင်းသက်လာလေ သတည်း.. တဲ့ ခ်ခ်
---
ပိတောက်တစ်မျက်နှာ - ဇော်ဝမ်း
သင်္ကြန်မိုး ရုပ်ရှင်သီချင်းများ
---
Provided to YouTube by The Orchard Enterprises
Drinking Tequila · Jim Reeves
A Country Legend
℗ 2010 Smith & Co
Released on: 2010-10-11
Music Publisher: Dandelion Music Co
Auto-generated by YouTube.

-----------
■ Direct Contributions can be made by membership in Youtube Channel.
https://www.youtube.com/channel/UC5pysxVjItmj8EYwH0saAig/join
-----------

28/03/2023

တော်လှန်ရေးကြီးအောင်မြင်ဖို့... သောက်ဖောင်း အသံမစဲ Live တွေ များများ လွှင့်ကြစို့...

20/03/2023

တော်လှန်ရေး သွေးသစ္စာ ဥပါဒါန်အစွဲတွေကို စွန့်နိုင်ကြမှသာ နွေဦးတော်လှန်ရေးကြီးဟာ အောင်မြင်နိုင်ကြမှာ

Live @ Youtube
https://youtube.com/live/DuZrbXEWZOA?feature=share

18/02/2023

စစ်မှာတမူ ကဗျာလို သမိုင်းဝင် ကျန်ခဲ့ဖို့... CDM ဝန်ထမ်း မူလတန်းပါမကျန် လက်နက်ကိုင် တိုက်.. အလှူငွေနဲ့ မစ်ရှင်ကြေးကို မမျှော် အလောင်းဘုရား အယုဒယကို သိမ်းသလို.. စစ်အာဏာရှင်တွေ အမြစ်ပျက်ဖို့... ရေအားလျှပ်စစ်ထုတ်တာထက်... စားကျတ်ကိုယ့်ဟာကို စိုက်ဖို့လိုတယ်...

12/02/2023

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဲ့ လွန်ခဲ့တဲ့ နှစ်တွေက ကျရောက်ခဲ့တဲ့ ပြည်ထောင်စုနေ့နှင့် အမျိုးသားတန်းတူညီမျှရေးဆိုင်ရာ အစီအစဉ်များအား ပြန်လည်ထုတ်နှုတ် ရွေးချယ်ပြီး ထုတ်လွှင့်ပေးထားပါတယ်။

12/02/2023

တိုင်းရင်းသားတွေရဲ့ အမျိုးသားတန်းတူညီမျှရေးကို ဖက်ဒရယ်ဆိုတဲ့ ပျားရည်နဲ့ ဝမ်းချလို့ မရ... စစ်မှန်တဲ့ နိုင်ငံရေးဦဆောင်မှုအခန်းကဏ္ဍတွေကိုပါ ပေးကြမှ ဖြစ်မယ့်အကြောင်း ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ Late Night Show မှာ ပြောနေပါတယ်။

https://youtube.com/live/iu7ySgNpzM0?feature=share

စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးမှာ စစ်မှန်တဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို တိုင်းရင်းသားနိုင်ငံရေး အင်အားစုတွေကို ဘယ်လိုနိုင်ငံရေး အခြေအနေမျိုးမှာ မဆိုပေးအပ်ဖို့ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ အထူးလိုအပ်နေတဲ့ အကြောင်းတွေဖြစ်ပါတတယ်။

ဥပမာ - ၂၀၀၈ ခြေဥရဲ့ အခြေခံမူ ၆(စ) လိုဟာမျိုးရဲ့ အထက်မှာ အဲ့ဒီလို ပုဒ်မမျိုနဲ့ အနာဂတ်ပြည်ထောင်စုကို ယုံကြည်စွာ ပုံအောအပ်ပြီး ရင်းနှီးမြှုပ်နှံလိုက်ကြဖို့ အခုလို နိုင်ငံရေးအကြပ်အတည်းကာလမျိုးမှာ အထူးလိုအပ်နေတဲ့ အကြောင်းတွေလည်း ပါဝင်နေတာပါ။

၇၆ နှစ်တိုင် နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ (၁၂) ရက်နေ့ တစ်ရက်တည်း ပြည်ထောင်စုနေကြလို့ မဖြစ်.. အထူးသဖြင့် မြန်မာလူများစုတွေ နေစဉ်နေ့တိုင်း ပြည်ထောင်စုကြမှ ဖြစ်မယ့်အပြင် လွတ်လပ်ရေးကို အတူလာပေါင်းပြီး ယူခဲ့ကြတဲ့… ချင်း၊ ကရင်နီအစရှိတဲ့ တောင်တန်းပြည်နယ်တွေကို တန်းတူညီမျှသာမက.. ပြည်ထောင်ကို ဒီနေ့ထက်ပို စုနိုင်ဖို့ဆို.. ဘယ်အရာကိုမဆို ကိုယ်ကျင့်တရား နှုန်းစံတွေရဲ့ အမြင့်ဆုံးမှာ ထားပြီး ဦးစားပေး အကြွေးစပ်ကြရမယ့် အချိန်ဖြစ်တဲ့ အကြောင်းပါလို့…

08/02/2023

၃ ကြိမ်မြောက် စစ်အာဏာ အသိမ်းခံရတာ ၃ နှစ်ထဲကို ရောက်ရှိ သွားခဲ့ပြီ ဖြစ်တဲ့ နွေဦးတော်လှန်ရေးကြီးရဲ့ အနာဂတ်တွေမှာ ပသာဒ သဒ္ဓါနဲ့ အသက်ဘဝခန္ဓာတွေ ဆက်လက်ဒါန ပြုကြအုန်းမယ့်အကြောင်းတွေကို ဩဘာ.. ကထာ... ဋီကာ [Season 1 Episode 2] မှာ အခုလို ဖွင့်ဆိုထားပါတယ်လို့...

30/01/2023

ယက်တောနဲ့ ပျံဆွဲလိုးဝါဒ ထွန်းကားစေမယ့် တော်လှန်ရေးမျိုး မလုပ်

လူကြိုက်များပြီးရောဆိုတဲ့ "ယက်တော-ပျံဆွဲလိုးဝါဒ ထွန်းကားဖို့အကြံ လက်မခံ" ဆိုတာ ဘာညာတွေပေါ့ဗျာ...

ဖက်ဆစ်စနစ်ရဲ့ လမ်းဆုံးဟာ.. ရွေးကောက်ပွဲအသံ မကြားချင်တာကြာတာပဲ ရှိတယ်.. စသဖြင့် ဘာညာတွေ..

ကမ္ဘာ့ဖက်ဆစ်ဝါဒရဲ့ အမှိုက်ပုံ ဗမာပြည်ဖြစ်အောင်.. ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့သမီးအပါအဝင်.. သူ့သမီးကို ထောက်ခံကြသူတွေလုပ်ခဲ့တာ.. .. အမေရိကန် နိုင်ငံသား ယက်တောနဲ့... ပျံဆွဲလိုးဝါဒ က ပေးတဲ့ သင်ခန်းစာဘာညာတွေပါလို့...

28/01/2023

အာဏာနိုင်ငံရေးနဲ့ မင်းပြောင်းမင်းလဲ အတွက် ရုန်းကန်တဲ့ ကစားပွဲတွေမှာ ကျင့်သုံးလေ့ ရှိတတ်ကြတဲ့.. ရှေးရိုးနည်းတွေလို့တောင် ဆိုကြရတော့မှာ ဖြစ်တဲ့.. လက်နက်ကိုင်လမ်းစဉ်နဲ့ ရွေးကောက်ပွဲနည်းလမ်းဆိုတဲ့.. လမ်း နှစ်သွယ် အကြားက မြန်မာ့နိုင်ငံရေးဆိုတာ.. ဘယ်လို ဖြစ်နေပါလဲ..

ညက https://www.youtube.com/watch?v=BO_ETx_JNYU&t=1627s ပွားထားတာလေး ပြန်ထုတ်နှုတ်ပေးထားပါတယ်။

28/01/2023

အသစ် ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ် ဘာလဲ ဘယ်လဲ...

23/01/2023

"ငုတ်တုတ်.. သရော် ဩဘာ .. ဍီကာတွေ.." (Sit Down Comedy Satire Commentary) ရဲ့ Open Mic ပဲ ဆိုဆို.. Open House လို့ပဲ ပြောပြော... ဖွင့်ပွဲကို 2023 ရဲ့ Chinese Newyear အထိမ်းအမှတ်အနေနဲ့ စတင်ဖွင့်လှစ်ပေးလိုက်ပါတယ်။ ဘယ်ပေါင်းစုံက နိုင်ငံရေးအင်အားစုတွေ.. စိတ်မဆိုးကြေးနော်လို့ပဲ ပြောပါရစေ... လို့...

19/01/2023

ဒေါ်စုကို လုပ်ကြံမယ့် အကြံ လက်မခံ

19/01/2023

Late Night Show @ ဘာမှ ဖြစ်မလာမယ့် နှစ်များ... အပိုင်း (၁)

15/01/2023

တဖက်နဲ့ တဖက် အပြတ်အသတ်ကို အပြတ်ချေမုန်းကြရမယ့် "၂၀၂၃" (တတိယပိုင်း) ဖြစ်ပါတယ်။

09/01/2023

တဖက်နဲ့ တဖက် အပြတ်အသတ်ကို အပြတ်ချေမုန်းကြရမယ့် "၂၀၂၃" (ဒုတိယပိုင်း) ကို ပွားပေးနေတာပါလို့...

07/01/2023

စမ်းရင်းသပ်ရင်း.. သောက်ရင်းစားရင်း ပေါ့ပေါ့ပါးပါး လွှင့်ပေးလိုက်တာပါလို့...

03/01/2023

တဖက်နဲ့ တဖက် အပျက်အသတ်ကို ချေမုန်းကြရမယ့် "၂၀၂၃"

27/12/2022

"တော်လှန်ရေး.." နဲ့အတူ "ကျောင်းမတတ်နဲ့ ကျောင်းထွက်.." ဆိုတဲ့ ကလေးတွေနဲ့ ကလေးမိဘတွေအတွက် ဖျော်ဖြေရေးနှုံးစံမြှင့်ထားတဲ့ Netflix က ထုတ်လွှင့်ပြသနေတဲ့ တေးဂီတနောက်ခံ ရုပ်ရှင် တစ်ကားဖြစ်တဲ့ Roald Dahl's Matilda: The Musical (2022) ဆိုတဲ့ ရုပ်ရှင်လေးကိုလည်း ကလေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်ရင်း.. "တော်လှန်ရေးနဲ့.. ကျောင်း.." ဆိုတဲ့... လေတွေဝမ်းတွေကို ကွဲကွဲပြားပြား ခံစားသိရှိနိုင်ကြစေဖို့ တင်ပေးသွားပါအုန်းမယ်လို့...

27/12/2022

အမျိုးသမီး နိုင်ငံရေးသမားစစ်စစ်ဆိုတာ ဘယ်လိုဆိုတာ သိနိုင်ကြဖို့... အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ နန်စီ ပက်ထရစ်ရှာ ပလိုစီ (၁၉၄၀-) အကြောင်း HBO က ထုတ်တဲ့ Documentary Film လေးကို မကြာခင်ရက်ပိုင်းမှာ တင်ပေးသွားပါအုန်းမယ်လို့....

16/07/2022

ထောင်တံတိုင်းတွေကို ဒိုင်းနမိုက်နဲ့ခွဲ.. မေမေအုပ်ချုပ်ဖို့.. အရိုးစုတွေခင်းလို့.. သားတို့သမီးတို့က လာကယ်ထုတ်ပါတယ်ဆိုအုန်း… မေမေ လက်ခံလိမ်လို့ ထင်ကြလား…. ဘာညာတွေကို Late Night Show မှာ ပွားနေတာပါ။
---------------
အမေဒေါ်စု… ပြည်ထောင်စုကြီးကို သူနားလည်သလောက်နဲ့ အရင်ကထက် ပိုကောင်းလာအောင် .. မလုပ်နိုင်ခဲ့ပေမယ့်.. နောက်ဆုံး သူ လုပ်တတ်သလောက်နဲ့.. အချုပ်ထောင်ထဲမှာ ဘဝတန်ဘိုးတွေကို ရင်းနှီးမြှုပ်နှံ… ဆိုကရေးတီးလို အဆိပ်တိုက်ရင်တောင်.. ပြည်ထောင်စုကြီးအတွက်လို့ဆိုပြီး သောက်ပေးအုန်းမယ့်သူကို.. ထောင်တံတိုင်းတွေကို ဒိုင်းနမိုက်နဲ့ခွဲ.. မေမေအုပ်ချုပ်ဖို့.. အရိုးစုတွေခင်းလို့.. သားတို့သမီးတို့က လာကယ်ထုတ်ပါတယ်ဆိုအုန်း… မေမေ လက်ခံလိမ်လို့ ထင်ကြလား…. စကားတွေ.. အားတွေလျှော့… စနစ်တွေ ပြောင်းဖို့ဆိုတာက မေမေအုပ်ချုပ်နေတုန်းကတည်းက…

04/07/2022

■ အာဏာသိမ်း စစ်ကောင်စီနဲ့ အတိုက်အခံတွေအကြား တွေ့ဆုံ ဆွေးနွေးကြဖို့ တရုတ်နိုင်ငံခြား ရေးဝန်ကြီး ဝမ်ယိက တိုက်တွန်း ပြောကြားထားပါတယ်။ ဒါပေမယ့်လည်း "သွေးကြွေးကို - ဆွေးနွေးဖို့" အဲ့ဒီလို တရုတ်အစိုးရရဲ့ တိုက်တွန်းမှုကို ဂရုပြု ကြပါ့မလား ? ဆိုတာကလည်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေမှာက စိတ်ဝင်စားစရာ ကောင်းလှတဲ့ အရာမျိုးဖြစ်နေတာပါ။
------------------------
အပြည့်အစုံ - https://bit.ly/3fBmQe5
https://youtu.be/r-kpZtCQq6o
------------------------
■ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးနဲ့ နစကကောင်စီ နိုင်ငံခြားရေး ဝန်ကြီးတို့ရဲ့ ဇူလိုင်လ (၃) ရက်နေ့က တွေ့ဆုံ ဆွေးနွေးမှုတွေနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ အဲ့ဒီလို တိုက်တွန်း ထားတာလို့ AFP သတင်းဌာနနဲ့ ပြည်ပ သတင်းမီဒီယာတွေမှာ ဖော်ပြနေကြတာပါ။
■ စတဲ့ အကြောင်းအရာတွေနဲ့အတူ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ (Wang Yi) ရဲ့ ဒီခရီးစဉ်အတွင်း နစက ကောင်စီနဲ့ ဘာသဘောတူ စာချုပ်တွေနဲ့ နားလည်မှု စာချွန်လွှာတွေ ချုပ်ဆိုခဲ့ကြတယ်ဆိုတာတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။

02/07/2022

■ အိပ်စားကာမနဲ့ မေထုံမှုပြုပြီး အားတိုင်းမွေးထားတဲ့ (မြန်မာတွေလို ဒေဝဒတ်အမျိုး ဘဝတွေ) ကနေ လွတ်မြောက်ရေး .. ဒို့အရေး
---------------------------------------
■ အပြည့်အစုံ - https://bit.ly/3fBmQe5
https://youtu.be/ShCIT62ygCU
---------------------------------------
■ ကြိုတင်ဘိုကင်လုပ်ပြီး စနစ်တကျ စီရင် စီမံ ပြင်ဆင်ထားတဲ့ ပရော်ဖက်ရှင်နယ်အသက်ဘဝခန္ဓာ (Pro-Life) တွေ ဖြစ်ဖို့အရေး... ဒို့အရေး

■ အမေရိကန်နဲ့ ကမ္ဘာတလွှားက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့အတူ MCN TV NEWS နဲ့ ကျွန်တော်အံ့ဘုန်းမြတ် အတူတကွ ရပ်တည်နေလျှက်ရှိကြောင်း ဘာညာပါလို့...
---------------------------------------
■ Direct Contributions can be made by membership in Youtube Channel.
တစ်လ ၁ ဒေါ်လာနှုန်းမှ စတင်ပြီး Channel Member ပြုလုပ်ကာ MCN TV NEWS တိုက်ရိုက် ပံ့ပိုးကူညီနိုင်ပါသည်။ (Link အားနှိပ်ပါ) https://bit.ly/3fBmQe5
---------------------------------------
#
#မြန်မာ #သတင်း #သုံးသပ်ချက် #အင်တာဗျူး #ဆက်သွယ်မေးမြန်းခန်း #ရုပ်သံအစီအစဉ် #မြန်မာ #ရုပ်/သံ #သတင်းဌာန

02/07/2022

"တစ်ဦးတစ်ယောက်မှ မကျန်စေရ.." ဆိုတဲ့ အာဆီယံ မူဝါဒနဲ့ "လူ့အသက်ထက် အရေးကြီးသည် မရှိ" ဆိုတဲ့ နစက မူဝါဒ နှစ်ခုနဲ့ ထိပ်တိုက်ဖြစ်နေတဲ့ အာဆီယံအဖွဲ့ကြီးနဲ့ မြန်မာ့အရေး…

အာဆီယံအဖွဲ့ကြီးရဲ့ အထူးကိုယ်စား လှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ ပရက်ဆော့ခွန်း (Prak Sokhonn) ရဲ့ ဒုတိယအကြိမ် ခရီးစဉ်အပေါ် သုံးသပ်ထားတာပါ။
---------------------------
https://youtu.be/vrL6tizEMT8
---------------------------
ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၃ ရက်နေ့အထိ (၅) ရက်တာ ကြာမြင့်မယ့် အာဆီယံ အထူးကိုယ်စားလှယ် အနေနဲ့ ဒီခရီးစဉ်အတွင်းမှာတော့ NCA လက်မှတ် ရေးထိုးထားတဲ့ EAOs တွေအပြင် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

30/06/2022

အမေရိကန်ပြည်ထောင်စုမှာ တရားမ၀င် ကိုယ်ဝန်ဖျက်ချမှုတွေကို လျှို့ဝှက် လုပ်ဆောင်ပေးနေကြတဲ့ အမျိုးသမီးတွေအကြောင်းကို ရိုက်ကူးထားတဲ့ The Janes (2022) ဆိုတဲ့ မှတ်တမ်းရုပ်ရှင် (Documentary Film) မိတ်ဆက်နဲ့ မြန်မာစာတမ်းထိုး ရုပ်ရှင် Download Lin တွေကို မျှဝေပေးလိုက်ပါတယ်။

ဇာတ်ကားရဲ့ အမည်ဖြစ်တဲ့ ဂျိန်း (Janes) ဆိုတာကတော့ အဲ့ဒီလို ဆောင်ရွက်ပေးနေသူတွေကို အမည်ဝှက်နဲ့ ခေါ်ဆိုကြတဲ့ ဘန်းစကား ဝေါဟာရ စကားလုံး တစ်ခုပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အမေရိကန် တရားရုံးချုပ်ရဲ့ သန္ဓေသားဖျက်ချခွင့် (Roe vs Wade) စီရင်ထုံးကို ဖျက်သိမ်းလိုက်တဲ့အပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ အများအပြား ဖြစ်ပေါ်နေချိန်မှာပဲ HBO Max ကနေ ဇွန်လ ၈ ရက်နေ့က စတင်ပြီး The Janes (2022) ကို ထုတ်လွှင့် ပြသခဲ့တာ ဖြစ်ပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ထဲမှာတော့ တရားမဝင် ကိုယ်ဝန် ဖျက်ချပေးမှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်း အပြစ်ပေး အရေးယူ ပြစ်ဒဏ်တွေ အသီးသီး ကိုယ်စီ ချမှတ် ခံခဲ့ကြရတဲ့ ဂျိန်း (Jane) ဆိုတဲ့ အမည်ဝှက်နဲ့ အမျိုးသမီး (၇) ဦးရဲ့ အကြောင်းတွေကို တွေ့မြင်ကြရမှာပါ။

မဟာဣတ္ထိရဝါဒလို့ ဆိုရမယ့် အမျိုးသမီးပဓာနဝါဒ (Feminism) ကို အခြေခံပြီး ပြသချိန် (၁၀၁) မိနစ်ရှိတဲ့ The Janes (2022) မှတ်တမ်းရုပ်ရှင် (Documentary Film) ကို ဒါရိုက်တာ တီယာ လင်လင်း (Tia Lessin) နဲ့ အမ်မာ ပေလ်ဒ်စ် (Emma Pildes) တို့က ဖန်တီးပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

စတင်ပြသတာ မကြာသေးပေမယ့် The Janes (2022) မှတ်တမ်းရုပ်ရှင်ဟာ အမေရိကန်ပြည်ထောင်စုက ထိပ်တန်း ရုပ်ရှင်ထူးချွန်ဆု (၂) ခုကို ရရှိထားပြီး ဖြစ်သလို နောက်ထပ် (၂) ဆု အတွက်ကိုလည်း စံကာတင်စာရင်းကို ဝင်ရောက်နေတာပါ။
---------------------------------------
ရရှိထားတဲ့ ဆုနှစ်ခုကတော့ -
---------------------------------------
- ၂၀၂၂ ခုနှစ် ကလီဗ်လန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် (Cleveland International Film Festival 2022) မှာ အကောင်းဆုံး အမျိုးသမီး ဒါရိုက်တာဆုဖြစ်တဲ့ ReelWomenDirect Award

- Filmfest DC လို့ ခေါ်တဲ့ ဝါရှင်တန် ဒီစီ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် (Washington, DC International Film Festival) မှာလည်း အကောင်းဆုံး မှတ်တမ်းရုပ်ရှင် (Best Documentary) အဖြစ် ပရိသတ်အကြိုက်ဆုံးဆု (Audience Award) အနေနဲ့ ရရှိထားတာမို့ ... လောကအမြင် ရင့်သန်လိုသူတွေအနေနဲ့ မနှေးအမြန်သာ ဒေါင်းလုတ်ယူပြီး ကြည့်တော်မူကြပါလို့...
---------------------------------------
The Janes (2022) မြန်မာစာတမ်းထိုးရုပ်ရှင် Download Link
https://uploadhub.to/77b526fa5101552b

30/06/2022

ဒေါ်အောင်ဆန်းစုကြည်နဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ မောင်နှမရင်း နှစ်ဦးအကြားက နှစ် ၂၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ အမွေဆိုင် အိမ်ယာ အမှုကြီးရဲ့ နောက်ဆုံး အခြေအနေက ဘယ်လိုတွေ ရှိနေပါလဲ။

ဇွန်လ ၂၇ ရက်နေ့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ဦးအောင်ဆန်းဦးဘက်က တင်သွင်းထားတဲ့ အမွေပုံစီမံခန့်ခွဲပေးစေလိုမှု နောက်ဆုံးအထူးအယူခံကို စတင်ကြားနာခဲ့ပြီး သုံးလအတွင်းမှာ ဆုံးဖြတ်ချက် ချမှတ်နိုင်ချေ ရှိနေတာပါ။

အခုကြားနာနေတဲ့ နောက်ဆုံးအထူးအယူခံမှုရဲ့ အမှုရဲ့ မူလအစကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ဘယ်လိုတွေ စတင်ဖြစ်ပွားခဲ့လဲဆိုတာတွေကို ဒီအစီအစဉ်ထဲမှာ ပြန်လည်တွေ့မြင်ကြရမှာလည်း ဖြစ်ပါတယ်။

(၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ ည ၁၀ နာရီအချိန်က MCN TV NEWS ကနေ ထုတ်လွှင့်ခဲ့တဲ့ LAST WEEK TONIGHT အစီအစဉ် SEASON-1, EPISODES-1 အပြည့်အစုံကို https://youtu.be/PHBwx7Rysto မှာ ကြည့်ရှုနိုင်ပါတယ်။)

30/06/2022

စအိုနဲ့ လိင်ဆက်ဆံရတာကို ကြိုက်တဲ့.. အသက်အရွယ် ကြီးရင့်လာတဲ့... လိင်တူချင်း ချစ်ခင်စုံမက် ပေါင်းဖက်ရတာကို နှစ်သက်သူ (LGBT) အမျိုးသားကြီးတွေမှာ စအိုဝ ကင်ဆာဟာ ပိုပြီး ဖြစ်နိုင်ချေများတဲ့ အကြောင်း တင်ဆက်ထားပါဝယ်။

ယူကေနိုင်ငံက စအိုနဲ့ အူလမ်းကြောင်း ကင်ဆာ အထူးကုသမားတော်ကြီး ပါမောက္ခ အာသာစန်းမြင့်က ဘီဘီစီ (မြန်မာ) ပိုင်းရဲ့ ကျန်းမာရေးဆိုင်ရာကဏ္ဍတစ်ခုဖြစ်တဲ့ Health Matters အစီအစဉ်မှာ စအိုဝ ကင်ဆာအကြောင်း ရှင်းပြထားတဲ့ အကြောင်းအရာတွေထဲကနေ ထုတ်နှုတ်ပြီး မျှဝေဆွေးနွေးထားတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ ည ၁၀ နာရီအချိန်က MCN TV NEWS ကနေ ထုတ်လွှင့်ခဲ့တဲ့ LAST WEEK TONIGHT အစီအစဉ် SEASON-1, EPISODES-1 အပြည့်အစုံကို https://youtu.be/PHBwx7Rysto မှာ ကြည့်ရှုနိုင်ပါတယ်။)

30/06/2022

LAST WEEK TONIGHT အစီအစဉ်ကို ပုံစံသစ် တမျိုးနဲ့ ပြောင်းလဲပြင်ဆင်ပြီး ပြန်လည် ထုတ်လွှင့်ပေးဖြစ်ခဲ့တဲ့ အကြောင်းတွေ ပြောပြထားတာ လေးတွေဖြစ်ပါတယ်။

၂၈ ရက်နေ့ညက ပြန်လည်စတင်ထုတ်လွှင့်ခဲ့တဲ့ LAST WEEK TONIGHT SEASON-1, EPISODES-1 အစီအစဉ်ကို ကြည့်ဖြစ်ခဲ့ကြရင်လည်း Feed Back လေးတွေ ပြုပေးကြစေချင်ပါတယ်ဗျ..

မကြည့်ရသေးဘူးဆိုရင်လည်း https://youtu.be/PHBwx7Rysto မှာ ကြည့်နိုင်ကြောင်းပါလို့... https://youtu.be/oAvfc-JB5-Y
---------------------------------------
■ Channel Membership နဲ့ Direct Contributions လုပ်လိုကြရင်တော့ ဒီ Link ကနေတဆင့် လုပ်နိုင်ကြမှာဖြစ်ပါတယ်။
---------------------------------------
https://www.youtube.com/channel/UC5pysxVjItmj8EYwH0saAig/join

09/04/2022

■ မတူသမျှ အုပ်စုဖွဲ့ပြီး ဝိုင်းကိုက်နေကြတဲ့ "ဘက်တိုက်တော်လှန်ရေး" ဟူသမျှ ဆန်ကျင်ကြ - ညက Late Night Show မှာ ပြောဖြစ်ခဲ့တာတွေကို Short Shock အနေနဲ့ ထုတ်နှုတ်ပေးထားပါတယ်။

| #အစွန်းရောက် ကံကြွေးချ #လေရှင်ပဒေသရာဇ် #ဖက်ဆစ်လက်သစ်ဝါဒဆန့်ကျင်ကြ

09/04/2022

■ အမလ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို အသေခံဗုံးခွဲ တိုက်ခိုက်တာ မမြင်ရပဲ - လက်နက်မဲ့ အရပ်ဖက်ဝန်ထမ်း အမျိုးသမီးတွေကိုသာ ပြစ်သတ်နေတာတွေပဲ တွေ့မြင်နေရတဲ့အပေါ် အထူး အံ့ဩမိတဲ့အကြောင်း - ညက Late Night Show မှာ ပြောဖြစ်ခဲ့တာတွေကို Shock Short အနေနဲ့ ထုတ်နှုတ်ပေးထားပါတယ်။

#အမျိုးသမီး #အကြမ်းဖက်မှုရပ် | #အစွန်းရောက် ကံကြွေးချ #လေရှင်ပဒေသရာဇ် #ဖက်ဆစ်လက်သစ်ဝါဒဆန့်ကျင်ကြ

07/04/2022

■ တော်လှန်သင်္ကြန်ဟူသမျှ မွေးရာပါ အခွင့်အရေးအရ ဆန့်ကျင်ကြ - ဧပြီလ ၆ ရက်နေ့က MCN TV NEWS ရဲ့ ညနှောင်းပိုင်းအစီအစဉ် Late Night Show မှာ ပြောဖြစ်ခဲ့တာတွေကို တိုတိုတုတ်တုတ် Short To The Point ကနေ ပြန်တည် ထုတ်နှုတ်ပေးထားပါတယ်။ အပြည့်အစုံကိုတော့ https://youtu.be/KyXHJNHXaSs မှာ ရှုစားနိုင်ကြမှာပါ။၊

05/04/2022

ဘုန်းတော်ဘွဲ့နဲ့... သားချော့တေးတွေကို မကြိုက်တဲ့.. ခင်ဗျားတို့ရဲ့ လူမိုက်.. ထိုးထွင်းဆင်ချင်.. သိမြင်စေချင်တာ.. တော်လှန်ရေးဆိုတာဟာ.. စကားလုံးတွေနဲ့ လောလာရာ ဖင်ပေးပြီး နို့သက်ခံစို့ဖို့ မဟုတ်ဘူး..

28/03/2022

◉ စစ်ကောင်စီကို အမြန်ဆုံးဖြုတ်ချပြီး လူထုတိုက်ပွဲကို အမြန်ဆုံး အောင်ပွဲနဲ့အတူ ပွဲသိမ်း အဆုံးသက်ပေးနိုင်မယ့် လူထုတိုက်ပွဲ နည်းလမ်းအချို့ကို Short Point ကနေ ပြန်လည်ထုတ်နှုတ်ပေးလိုက်ပါတယ်။

26/03/2022

◉ ဒီကနေ့တော့ ထူးထူးခြားခြား အမေရိကန် ပြည်ထောင်စုနဲ့ လက်တင်လူမျိုး တွေသမိုင်းကို ဘရော့ခ်ဝေး ပြဇာတ်ရုံ တွေမှာ ဟောပြောတင်ဆက်ပေးထားတဲ့ တစ်ကိုယ်တော် ကွက်စိပ်ဟောပြော ပို့ချချက် တစ်ခု ဖြစ်တဲ့ Latin History for Morons (2018) ကို မျှဝေ တင်ဆက်ပေးလိုက်ပါတယ်။
▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂
ဒေါင်းလုတ်လင့် (Download Link) -
https://youtu.be/M166YiCzStE
https://ahuntphonemyat.wixsite.com/mysite/post/latin-history-for-morons-2018
https://megaup.net/13c33/Latin.History.For.Morons_(2018)_MyanmarSubtitleByGoogle.mp4
▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂
◉ စာတမ်းဖတ်ပွဲတွေလို ပညာရေးသင်ကြား ပို့ချချက်တွေလို... စာပေဟောပြောပွဲတွေလို၊ ကွက်စိပ်ဟောမှုတွေလို အမျိုးအစား အားလုံးဖြစ်တဲ့- စာပေ၊ သဘင်၊ ရုပ်ရှင်၊ သမိုင်း၊ သုတေသနလို တက္ကသိုလ်နယ်ပယ်အသီးသီးက ပညာရပ်တွေ အားလုံးကို ပေါင်းစပ် (Hybrid) လုပ်ထားတဲ့ အမျိုးအစားသစ် တစ်ခုအနေနဲ့ တွေ့မြင်ကြရမှာပါ။

◉ မျက်မှောက်ခေတ် ကမ္ဘာ့ဖျော်ဖြေရေး စင်မြင့်တွေမှာ အထူးခြားဆုံးနဲ့ ထိုးထွင်းသိမြင်ပြီး ဖျော်ဖြေမှုအရှိဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်လာသူ ဂျွန် လီဂူဇာမို (John Leguizamo) က သူကိုယ်တိုင် သုတေသန ပေါင်းများစွာကို ပြုလုပ်ပြီး ရေးသားခဲ့တဲ့ Latin History for Morons စာအုပ်ကနေ ကြားခံမီဒီယံ ပြောင်းလဲပြီး ပြဇာတ်၊ ရုပ်ရှင်၊ ဟောပြောမှု၊ ဟာသစတဲ့ ဖျော်ဖြေရေး အနုပညာနဲ့ အတတ်ပညာတန်ဘိုးတွေကို ထပ်မံပေါင်းစပ်ပြီး တင်ဆက်ထားတာပါ။

◉ ဂျွန် လီဂူဇာမို (John Leguizamo) အကြောင်းကို မိတ်ဆက်ပေးရအုန်းမယ် ဆိုရင်တော့ သူဟာ တချိန်က ရုပ်သံအစီအစဉ်မှူးအဖြစ် တာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးတဲ့ TV Star တစ်ဦးပါ။ သူဟာ ဒီ "ကျပ်မပြည့်သူတွေအတွက် လက်တင်သမိုင်း" Latin History for Morons စာအုပ်နဲ့ ကွက်စိပ်ပြဇာတ်နဲ့ပဲ လတ် တလော အမေရိကန်ပြန်ထောင်စုမှာ ဩဇာကြီးမားပြီး ထင်ရှားလှတဲ့ Tony & Emmy Award® ဆုရှင် ဖြစ်ခဲ့သူတစ်ဦးပါ။

◉ Latin History for Morons (2018) ကို အသက် ၁၃ နှစ်အထက် ရှိသူတွေသာ ကြည့်ရှုသင့်တဲ့ ကွက်စိပ်ပြဇာတ် တစ်ခုအဖြစ်လည်း အကြံပြုထား တာပါ။ ပြဇာတ် ကိုတော့ ဂျွန် လီဂူဇာမို (John Leguizamo) ဟာ သားဖြစ်သူရဲ့ ကျောင်းက သမိုင်းပရောဂျက်တစ်ခုအတွက် လက်တင်သူရဲကောင်း တစ်ဦးကို ရှာဖွေပေးဖို့ ကြိုးစားရာက အမေရိကန်တွေရဲ့ ကျောင်းသုံးသမိုင်းစာအုပ်တွေမှာ လက်တင်လူမျိုးတွေ အကြောင်း လုံးဝနီးပါး မပါဝင်ပဲ ဖော်ပြထားခြင်း မရှိတာကို တွေ့ခဲ့ရတာပါ။

◉ ဒါကြောင့် သူ့သားရဲ့ ကျောင်းက သမိုင်းပရောဂျက်အတွက် လက်တင် သူရဲကောင်းတစ်ဦးကို အမေရိကန်ပြည်ထောင်စု သမိုင်းကြောင်းကြီး တလျှောက်အပြင် - လူသားထုကြီး တစ်ရပ်လုံးနဲ့ သဘာဝလောကြီး တစ်ခုလုံးရဲ့ သမိုင်းတွေကိုပါ ထုံးလိုချေ ရေလိုနှောက်ပြီး ရှာဖွေမှုတစ်ခုကို အရူးအမူး ပြုခဲ့တာနဲ့ စတင်ဖွင့်လှစ်ထားပါတယ်။

◉ ဆိုတော့ "ကျပ်မပြည့်သူတွေအတွက် လက်တင်သမိုင်း" Latin History for Morons (2018) ကို Off-Broadway လို့ခေါ်တဲ့ ထိုင်ခုံ ၁၀၀ နဲ့ ၅၀၀ ကြားပဲ အလယ်အလပ် အဆင့်ဖြစ်တဲ့ နယူးယောက်စီးတီးရှိ ပရော်ဖက်ရှင်နယ် ပြဇာတ်ရုံ တွေမှာ စတင် တင်ဆက်ခဲ့ချိန်တွေက အမေရီးကားရဲ့ ဒိတ်ဒိတ်ကျဲ ရုပ်သံလိုင်းကြီးတစ်ခု ဖြစ်တဲ့ CBS News ရဲ့ ပရိသတ် အများဆုံးအစီအစဉ် တစ်ခုဖြစ်တဲ့ နောက်ပိုင်းရှိး (The Late Show) ကနေ ပြဇာတ်အကြောင်း တွေ့ဆုံမေးမြန်းထားတာတွေကိုလည်း တွေ့မြင်ကြရမှာပါ။

◉ နောက်ပိုင်းရှိး (The Late Show) ရဲ့ အထင်ကရ ရုပ်သံအစီအစဉ်မှူးကြီး စတီဗင် ကိုလ်ဘတ် (Stephen Colbert) က Latin History for Morons ရဲ့ ဖန်တီးရှင် ဂျွန် လီဂူဇာမို (John Leguizamo) ကို ဒီ စာအုပ်နဲ့ ပြဇာတ်အတွက် ဘယ်လို သမိုင်း သုတေသနပြုခဲ့ရတယ်ဆိုတာတွေနဲ့ အတူ သူအနေနဲ့ ပြည်ထောင်စု အတွက် ဘယ်လိုတန်ဘိုး မဖြတ်နိုင်တဲ့ မွေအနှစ်တွေကို ဘယ်လောက်အထိ ဘယ်လိုတွေ တွေ့ရှိခဲ့ရလဲဆိုတာတွေကို မေးမြန်းနေတာပါ။

◉ Mayans နှင့် Pitbull တို့ကြား နှစ်ပေါင်း 3,000 ကို ခွဲခြမ်းစိတ်ဖြာကာ အက်ဇ်တက်စ် (Aztec) အင်ပါယာ အကျဉ်းချုပ်ကနေ အမေရိကန် တော်လှန်ရေး စစ်ပွဲတွေနဲ့ ပြင်ပက အမည်မသိ လက်တင်မျိုးချစ်တွေရဲ့ ဇာတ်လမ်းများအထိ လေ့လာနိုင်ကြမှာပါ။

◉ ဒီအကြောင်းအရာတွေကို လီဂူဇာမို (Leguizamo) က သူ့ရဲ့ ထူးခြားတဲ့ တင်ပြပုံ စတိုင်တွေနဲ့အတူ သူရဲ့ တွေ့ရှိချက်တွေ၊ ကောက်ချက်မှုတွေကို အစဉ်အလာ အားလုံးကို တော်လှန်ပြီး မိနစ် (၁၁၀) - ၂ နာရီနီးပါး ကြာ ဟောပြောတင်ဆက်ထားတဲ့ "ကျပ်မပြည့်သူတွေ အတွက် လက်တင်သမိုင်း" Latin History for Morons (2018) ကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂
ဒေါင်းလုတ်လင့် (Download Link) -
https://youtu.be/M166YiCzStE
https://ahuntphonemyat.wixsite.com/mysite/post/latin-history-for-morons-2018
https://megaup.net/13c33/Latin.History.For.Morons_(2018)_MyanmarSubtitleByGoogle.mp4
▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂

06/03/2022

❖ Our Flag Means Death (2022) (Mini Series)

● ဒီကနေ့ ညတော့ .. ပေါ့ပေါ့ပါးပါးဖြစ်စေမယ့်.. ပင်လယ်ဓားပြဟာသကားလေး တစ်ကားဖြစ်တဲ့ HBO Max က ရိုက်ကူးပြီး မတ်လ (၃) ရက်နေ့ကမှ စတင်ပြသလိုက်တဲ့ Our Flag Means Death (2022) ဆိုတဲ့ အပိုင်း (၁၀) ပိုင်း ရှိမယ့် TV Mini Series လေးကို မျှဝေပေးလိုက်ရပါတယ်။

● အပိုင်း (၁၀) ပိုင်း ရှိတဲ့ထဲက ၃ ပိုင်းကိုပဲ အရင်ဆုံးတင်ပေးလိုက်ရပါတယ်။ ဆိုတော့ ဇာတ်လမ်းအကျဉ်းကတော့ ၁၈ ရာစုအစောပိုင်းကာလ ၁၇၀၀ ပြည့်နှစ်လွန်ကာလတွေဟာ ဥရောပသားတွေကြားမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပင်လယ်ဓားပြအလုပ်တွေနဲ့ အသက်မွေးဝမ်းကြောင်းမှုတွေရဲ့ ရွှေခေတ်ကြီးလို့လည်း ဆိုကြရမှာပါ။
--------------------------------
❖ ဇာတ်လမ်း သမိုင်းကြောင်းနောက်ခံ
--------------------------------
● ၁၄၈၇ ခုနှစ် ဂွတ်ဟုပ်အငူကို တွေ့ရှိခဲ့တဲ့ ၁၅ ရာစု အကုန်က စတင်ပြီး ကိုလိုနီနယ်ချဲ့မှုတွေ ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွေနဲ့အတူ ပင်လယ်ဓားပြအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုမှုတွေဟာ အဲ့ဒီကာလတွေက ဥရောပတလွှား ခရစ္စယာန်ဘုန်းတော်ကြီးကျောင်းတွေက အုပ်ချုပ်နေတဲ့ အမှောင်ခေတ်ကာလကြီးကို တော်လှန်တဲ့ တော်လှန်မှုတွေထဲက တစ်ခုလို့လည်းဆိုကြရမှာပါ။

● ဒီလို ဥရောပ တလွှားက အမှောင်ခေတ်တွေကို တော်လှန်ဆန့်ကျင်လိုကြတဲ့ လူစွန့်စားတွေဟာ သူတို့ အသစ်ရှာဖွေတွေ့ရှိတဲ့ ဒေသတွေသစ်မှာ ပင်လယ်ဓားပြအလုပ်နဲ့ အသက်မွေးကြတဲ့ ကြေးစားစစ်သားတွေနဲ့ ထူထောင်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အတူ ဥပဒေမျိုးတွေပါပြဌာန်းပြီး နိုင်ငံသစ်တွေ အနေနဲ့ ဦးဆောင် တည်ထောင်မှုတွေလည်း အများအပြားရှိခဲ့ကြတာပါ။

● အဲ့ဒီလို စွန့်လွှတ်စွန့်စားမှုတွေနဲ့ တော်လှန်မှု၊ နိုင်ငံသစ်တည်ထောင်မှု၊ ချမ်းသာကြွယ်ဝမှု၊ လူသိများထင်ရှားမှုတွေလို အကျိုးစီးပွားများပြားလွန်းတဲ့အတွက် လူကြိုက်များပေါ်ပြူလာတဲ့ အသက်မွေးဝမ်းကျောင်းမှု တစ်ခုအဖြစ် ဗြိတိသျှသားတွေ အပါအဝင် ဥရောပသားတွေအကြားမှာ ရွက်မလွှင့်ဖူးသူဟာ ခေတ်မမှီသူ တစ်ယောက်လောက်အထိကို ဖြစ်ခဲ့ကြရတာပါ။

● အဲ့ဒီထဲမှာတော့ မြန်မာတွေရဲ့ ပြောစကားမှာတော့.. လူကြီးလူကောင်းဓားပြက ဗိုလ်အောင်ဒက စဆိုသလို.. တော်လှန်ရေးနဲ့ ဓားပြဆိုတာကလည်း လက်တစ်လုံးပဲ ခြားပြီး.. အစိုးရတစ်ရပ်ဆိုတာကလည်း အကြီးစားဓားပြမျိုးသာ ဖြစ်တယ်ဆိုတဲ့ အယူအဆတွေလည်း ရှိကြတာမျိုးပါ။
--------------------------------
❖ သမ္မတနိုင်ငံထူထောင်ချင်တဲ့ သူတော်ကောင်း ပင်လယ်ဓားပြကြီး စတီဒီ ဘွန်နက်
--------------------------------
● “ငါတို့ အလံတော်ရဲ့ အဓိပ္ပါယ်ဟာ သေခြင်းတရားသာ” လို့ မြန်မာလို အဓိပ္ပါယ်ကောက်ယူရမယ့် Our Flag Means Death ကတော့ "ပင်လယ်ဓားပြတွေရဲ့ သမ္မတနိုင်ငံ" လို့ လူသိများတဲ့ ပင်လယ်ဓားပြတွေအတွက် ခိုလှုံရာနိုင်ငံတစ်ခုကို တည်ထောင်ဖို့ ကြိုးစားခဲ့တဲ့ လူကြီးလူကောင်းပင်လယ်ဓားပြ "The Gentleman Pirate" စတီဒီ ဘွန်နက် (Stede Bonnet) ရဲ့ အကြောင်းကို ရိုကူးပုံဖော်ထားတာပါ။

● စတီဒီ ဘွန်နက် (Stede Bonnet) ဟာ အတော်အတန် ချမ်းသာကြွယ်ဝတဲ့ အင်္ဂလိပ် မိသားစုကနေ မွေးဖွားခဲ့ပြီး ၁၆၉၄ ခုနှစ်တွင် ဖခင်သေဆုံးပြီးနောက် မိသားစုပိုင်မြေကို အမွေရခဲ့သူပါ။ ၁၇၀၉ ခုနှစ်မှာတော့ မေရီ အယ်လမ်ဘီနဲ့ လက်ထပ်ခဲ့ပြီး ဗြိတိသျှတော်ဝင်စစ်တပ်မှာ စစ်မှုထမ်းဆောင်တဲ့ စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပါတယ်။

● သူဟာ အိမ်ထောင်ရေးပြဿနာတွေကြောင့် ပင်လယ်ပြင်ထဲ ရွက်လွှင့်တဲ့ အတွေ့အကြုံမရှိပေမယ့်လည်း ဘွန်နက်ဟာ ၁၇၁၇ ခုနှစ် နွေရာသီမှာ ပင်လယ်ဓားပြအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းမှု ပြုဖို့ဆုံးဖြတ်ခဲ့တာပါ။ ဒီလိုဆုံးဖြတ်ပြီး သူရဲ့ပိုင်ဆိုင်မှုတွေနဲ့ ရွက်သင်္ဘော တစ်စီးကို ဝယ်ယူခဲ့ပြီး ခရီးစဉ်ကို လက်စားချေခြင်းလို့ အမည်ပေးခဲ့တဲ့ အခုခေတ် အမေရိကန် ပြည်ထောင်စု အရှေ့ပိုင်း ပင်လယ် ကမ်းခြေတစ်လျှောက် သူ့ရဲ့ လစာပေးထားတဲ့ သင်္ဘောသားတွေနှင့်အတူ ရွက်လွှင့်ခဲ့ကြတာ ဖြစ်ပါတယ်။

● ဆိုတော့ "ပင်လယ်ဓားပြတွေရဲ့ သမ္မတနိုင်ငံ" ထူထောင်ဖို့ ကြိုးစားခဲ့သူ နောက်ဆုံး ကြိုးပေးသတ်ဖြတ်တာ ခံခဲ့ရတဲ့ လူကြီးလူကောင်း ဂန္တဝင် ပင်လယ်ဓားပြကြီး စတိဖ်စ် ဘွန်နက် (Stede Bonnet) အကြောင်းတွေကတော့ ပြောမကုန်နိုင်အောင်ကို အများကြီးပါ။

● ဒါပေမယ့် လျှပ်စစ်မီးလာတဲ့ အချိန်လေးထဲကနေ လုပြီး အညွှန်းနဲ့ ရုပ်ရှင်ဖိုင်တွေကို မျှဝေပေးရတာဖြစ်လို့ .. စကား ရှည်မနေတော့ပဲ ရုပ်ရှင်တွေကိုသာ ဒေါင်းလုတ်ယူပြီး လေ့လာကြည့်ကြပါလို့သာ ပြောရင်း အဆုံးသတ်လိုက်ရပါတယ်။
ABM 06MARCH2022
Download Link
--------------------------------
အပိုင်း (၁) မာလိန်မှူးကြီးဘွန်နက် (Pilot)
Download Link - https://megaup.net/1IKbw/Our.Flag.Means.Death.S01E01.720p.WEB.x265-MiNX.mp4
--------------------------------
အပိုင်း (၂) လူယုတ်မာကြီးဘွန်နက် (A Damned Man)
Download Link - https://megaup.net/1IKag/Our.Flag.Means.Death.S01E02.720p.WEB.x265-MiNX.mp4
--------------------------------
အပိုင်း (၂) လူကြီးလူကောင်းပင်လယ်ဓားပြ (A Gentleman Pirate)
Download Link - https://megaup.net/34F5v/Our.Flag.Means.Death.S01E03.720p.WEB.x265-MiNX.mp4
--------------------------------

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

မေမေအုပ်ချုပ်ဖို့  လာကယ်ထုတ်တာ မေမေလက်ခံမလား ?
တရားမ၀င် ကိုယ်ဝန်ဖျက်ချပေးသူတွေအကြောင်း The Janes (2022) မှတ်တမ်းရုပ်ရှင်
မောင်နှမရင်း နှစ်ဦးအကြားက နှစ် ၂၀ ကျော်ကြာ အမွေဆိုင် အိမ်ယာ အမှုကြီး
THE RETURN OF "LAST WEEK TONIGHT" PROGRAM
အပိုင်း (၂)
နောက်ပိုင်းဇာတ်ဆိုတာ သိစေချင်တယ်...
[Morning Show] များများသေမှ မြန်မြန်သန့်မယ့်မြေ
မရမချင်းလွှင့်...

Category

Address


Hilltop Vista Condominium
Yangon
11121

Other Language schools in Yangon (show all)
Success Language Academy Success Language Academy
No. 5 (B/3), 2nd Floor, U Tun Lin Chan Street. Hledan , Kamaryut Township
Yangon, 11041

English Language School (Online Classes & In-Person Classes)

Dots English Dots English
Wai Bargi Road
Yangon, 11031

Sprachcafé Mon Sprachcafé Mon
Yangon

Deutschkurse Für die Deutschlernenden in Myanmar

Global Bridge Language Academy Global Bridge Language Academy
Yangon

အင်္ဂလိပ်ဘာသာစကား လေ့လာရန်၊ အသုံးချရန် မဝံ့မရဲ ဖြစ်နေသူများ အားလုံးအတွက် . . .

Sar Pan Eain - Language Center Sar Pan Eain - Language Center
No. 128, 3rd Floor, Yankin 12 Lonetan Bus Stop, Yankin Township
Yangon, 11081

လုပ်ငန်းခွင်အတွက်လိုအပ်သော ဘာသာစကားသင်တန်းများကို အခြေခံမှစ၍သင်ကြားပေးနေပါပြီ။

LEVEL UP - English Language School LEVEL UP - English Language School
Yangon

Make Your Dream!

Ivy English School Ivy English School
No 34 (2nd Floor)၊ Baho Road & Corner Of Aung Chan Thar Street, (Near Asia Royal Hospital) , Sanchaung Tsp
Yangon, 11111

A Great Place For Your English Journey Which Aims To Broaden Your Education Horizon With Affordable World-Standards Education.

Heiwa 平和 Heiwa 平和
.Thingangyun
Yangon

日本語クラス

Dreams Come True Dreams Come True
Yangon
Yangon, 11201

IELTS Warriors IELTS Warriors
No. 114, 2nd Floor, Sanchaung Street, Sanchaung Township
Yangon

Intensive Training Classes For IELTS.

OREN Turkish Language Centre - တူရကီ စာနှင့်စကားပြော သင်တန်း OREN Turkish Language Centre - တူရကီ စာနှင့်စကားပြော သင်တန်း
Yangon

တူရကီဘာသာစကား လေ့လာသင်ယူလိုသူများအ