Glorious Myanmar 2Dfire Software Solution

Glorious Myanmar 2D fire Software Company @ For Catering and Retailing Business

14/08/2023

ကုမ္ပဏီမှတိုက်ရိုက်ခေါ်ယူခြင်း

Sales Manager (1) ( Male or Female)

 အထက်တန်းအောင်(သို့ ) ဘွဲရရှိပြီးသူဖြစ်ရမည်။
 အသက် (၂၀ မှ ၂၅) အတွင်းလျှောက်ထားနိုင်သည်။
 မှတ်ပုံတင် (သို့ )ကျောင်းသားကဒ်ရှိရမည်။
 အရောင်းပိုင်းနှင့်သက်ဆိုင်သော Certificate ( or) Diploma ရှိရမည်။
 အင်္ဂလိပ်စကားပြောဆိုနိုင်ရမည်။
 ကွန်ပျူတာပိုင်ဆိုင်ရာကျွမ်းကျင်သူဖြစ်ရမည်။
 လုပ်ငန်းအတွေ့အကြုံရှိသူကိုဦးစားပေးမည်။
 ဆက်ဆံရေးအထူးကောင်းမွန်ပြီးစကားပြောဆိုချိုသာသူဖြစမရမည်။
 ရုံးစည်းကမ်းကိုလိုက်နိုင်သူဖြစ်ရမည်။
 အသင်းအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်နိုငရမည်။

အကျိုးခံစားခွင့်
 Sunday and Public Holiday ပိတ်ခြင်း။
 လမ်းစရိတ်ပေးခြင်း၊ရက်မှန်ကြေးပေးခြင်း။
 % အလိုက် Bonus ပေးခြင်း
 အခြေခံလစာ ၃၅၀၀၀၀ - ၅၀၀၀၀၀

ဆက်သွယ်ရန်
Viber – 09 450 020 880

Block-03, Ground Floor-04 Golden City Condominium, Yankin Road, Yankin Township, Yangon, Myanmar

14/08/2023

ကုမ္ပဏီမှတိုက်ရိုက်ခေါ်ယူခြင်း

အရောင်းဝန်ထမ်း (၅) ယောက် (Male or Female)
 အထက်တန်း (သို့) အထက်တန်းအောင်
 အသက် (၁၈ မှ ၂၅) အတွင်းလျှောက်ထားနိုင်သည်။
 မှတ်ပုံတင် (သို့ )ကျောင်းသားကဒ်ရှိရမည်။
 ဆက်ဆံရေးအထူးကောင်းမွန်ပြီးစကားပြောဆိုချိုသာသူဖြစမရမည်။
 ရုံးစည်းကမ်းကိုလိုက်နိုင်သူဖြစ်ရမည်။
 အသင်းအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်နိုငရမည်။
 အတွေအကြုံမရှိသူများလည်းလျှောက်ထားနိုင်သည်။

အကျိုးခံစားခွင့်
 Sunday and Public Holiday ပိတ်ခြင်း။
 လမ်းစရိတ်ပေးခြင်း၊ရက်မှန်ကြေးပေးခြင်း။
 % အလိုက် Bonus ပေးခြင်း
 အခြေခံလစာ ၁၅၀၀၀၀

ဆက်သွယ်ရန်
Viber – 09 450 020 880

Block-03, Ground Floor-04 Golden City Condominium, Yankin Road, Yankin Township, Yangon, Myanmar

03/04/2023

POS အသုံးပြုရတာ ဈေးကြီးတယ်လိုထင်နေတုန်းလား​ ❓

လုပ်ငန်းကြီးထွားလာတာနဲ့အမျှ ဝန်ဆောင်မှုကတစ်ဖက် စာရင်းဇယားကတစ်ဖက်နဲ့မို့ အရေးကြီးတာတွေ မလစ်ဟင်းရအောင် အာရုံစိုက်နိုင်ဖို့ Manual အလုပ်တွေကို POS တစ်ခုနဲ့ စနစ်တကျ ဖြစ်အောင် စီမံထားဖို့လိုပါတယ်။

Glorious Myanmar ရဲ့ POS မှာ
🔹အချိန်နှင့်တ​စ်ပြေးညီ စာရင်းစီမံခန့်ခွဲမှု၊ စိတ်ကြိုက် ပြင်ဆင်နိုင်သောE-Menu များ၊
🔹အသေးစိတ်ကျသော ရောင်းချမှု အစီရင်ခံစာများအပြင်
🔹မီးဖိုချောင်မှ လေလွင့်မှုစာရင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ပါတယ်။
🔹နောက်ပြီး ဆိုင်ကိုလာမယ့် ဧည့်သည် Customers တွေအနေနဲ့ မိမိတို့ဘာသာ E-Menu တွေကို Scan ဖတ်ပြီး Order လုပ်နိုင်မှာ ဖြစ်တာကြောင့် စိတ်ကိုလည်း သက်တောင့်သက်သာ​ဖြစ်စေပါတယ်။

🔹Payment အပိုင်းမှာလည်း ခရက်ဒစ်ကတ်တွေနဲ့ ငွေရှင်းနိုင်ခြင်း၊
🔹Mobile ငွေပေးချေမှုတို့နဲ့ Customers များ ငွေရှင်းနိုင်တဲ့ အချက်တွေကြောင့် အရင်ကထက်ပိုပြီး ချော​မွတ်တဲ့ ဝန်ဆောင်မှုတွေနဲ့ ဝန်ဆောင်မှုကောင်းတွေ ပေးနိုင်မှာပါ။

ဒါတွေအပြင် Glorious Myanmar ရဲ့ POS ရဲ့ နောက်ထပ်အကျိုးရှိတဲ့ အချက်အလက်တွေကျန်ပါသေးတယ်။

ဒါကြောင့် ပေးရတာထက် အများကြီးတန်တဲ့ စားသောက်ဆိုင်တွေအတွက် အသင့်တော်ဆုံး၊ အကိုက်ညီဆုံး POS ကို အသုံးပြုဖို့ဆိုရင်တော့ အခုပဲ Glorious Myanmar ကိုဆက်သွယ်လိုက်ပါ​။

📱Tel: 09 954 000 335, 09 979 716 493
🏢 Block - 3, Ground floor – 04, Golden City Condo, Yankin Road, Yankin Township, Yangon 11081, Myanmar.

25/03/2023

စားသောက်ဆိုင်တစ်ချို့မှာ အသုံးပြုနေတဲ့ POS က လူကြီးမင်းတို့မြင်နေရတာထက် ပိုပြီးကျယ်ပြန့်ပါတယ်။

E-Payment စနစ်တွေနဲ့ ငွေရှင်းနိုင်တာကတော့ ကျွန်တော်တို့ Customers အပိုင်းက ထိတွေ့မှုများတဲ့အပိုင်းပါ။

တကယ့်တကယ်မှာ ဆိုင်တစ်ဆိုင်အတွက် POS Software က အကျိုးအမြတ်တွေ အများကြီးကို ဖြစ်စေပါတယ်။

Glorious Myanmar ရဲ့ POS ဆိုရင် စားသောက်ဆိုင်တစ်ဆိုင်ရဲ့ စာရင်းအင်းကို တိတိကျကျ ဖြစ်စေလို့ ယိုပေါက်တွေကိုလည်း ပိတ်ဆို့နိုင်တယ်။

နောက်ထပ်အားသာချက်တွေကို ပြောရမယ်ဆိုရင်

🔹Cloud Based ဖြစ်တာကြောင့် နေရာမရွေး အချိန်မရွေး စာရင်းစစ်နိုင်သလို စီမံခန့်ခွဲမှုတွေ လုပ်နိုင်ခြင်း။

🔹E Menu အသုံးပြုနိုင်တာကြောင့် နေ့စဉ်နဲ့အမျှ Menu ကို Up To Date လုပ်နေနိုင်ခြင်း။

🔹နေ့စဉ် ဝင်ငွေထွက်ငွေစာရင်းတွေ စစ်ဆေးနိုင်သလို လအလိုက် Report တွေကို စစ်ဆေးပြီး ကိုယ့်လုပ်ငန်းရဲ့ အရှုံးအမြတ်ကို တွက်ချက်ခန့်မှန်းနိုင်ခြင်း။

🔹Customer Relationship တည်ဆောက်ဖို့အတွက် Member Card တွေ၊ လက်ဆောင်ကူပွန်တွေဖန်တီးနိုင်ပြီး အမြဲတန်း Customers တွေဖြစ်လာအောင် စီစဉ်နိုင်ခြင်း။

ဒီလိုအားသာချက်တွေကြောင့် Glorious Myanmar ရဲ့ POS & Devices တွေက သုံးလိုက်ရတဲ့ Budget ထက် အကျိုးအမြတ်အများကြီးကို ဖော်ဆောင်ပေးပါတယ်🤩

ဒါကြောင့် လူကြီးမင်းတို့ရဲ့ စားသောက်ဆိုင်မှာ POS အသုံးပြုပြီး စနစ်တကျနဲ့ ဆက်လက်အလုပ်လုပ်ဖို့အတွက်ဆိုရင်တော့ Glorious Myanmar ကိုသာ အမြန်ဆုံး ဆက်သွယ်လိုက်ပါ။

📱Tel: 09 954 000 335, 09 979 716 493
🏢 Block - 3, Ground floor – 04, Golden City Condo, Yankin Road, Yankin Township, Yangon 11081, Myanmar.

13/03/2023

စားသောက်ဆိုင်တော်တော်များများနဲ့ နေရာတော်တော်များများမှာ POS တွေ အသုံးပြုပြီး ဝန်ဆောင်မှုတွေပေးနေတာမျိုးကို တွေ့ဖူးကြမှာပါ။

ဒီလို POS နည်းပညာက ဘယ်ချိန်ကတည်းက ပေါ်လာခဲ့တာလည်းဆိုတာကို သိပါသလား ❓

ကမ္ဘာ့ပထမဦးဆုံး POS ကို 1879 မှာ Ohio ပြည်နယ်က James Ritto က စပြီးတီထွင်ခဲ့တာဖြစ်ပါတယ်။ အဲ့ချိန်က POS က စက်ပုံစံလိုမျိုးသာရှိသေးပြီး ငွေစာရင်းမှတ်တမ်းကို သိမ်းထားနိုင်ဖို့အတွက် ထိထိရောက်ရောက် အမှားအယွင်းမရှိ အသုံးပြုနိုင်တာလောက်ပဲရှိပါသေးတယ်။

ဒီတီထွင်မှုကနေ အကျိုးအမြတ်တွေလိုချင်သေးတာကြောင့် သူ့ရဲ့ မူပိုင်ခွင့်ကို တခြားသူကို ပြန်လည်ရောင်းချခဲ့ပါတယ်။

နောက်ဆုံးမှာတော့ National Cash Register (NRC) က မူပိုင်ခွင့်ရသွားခဲ့ပါတယ်။

ဒီလိုမူပိုင်ခွင့်ရသွားတဲ့ NRC က ၂၀ရာစုအစောပိုင်းကာလမှာ Customers တွေကို Receipts တွေပြန်ပေးဖို့အတွက် POS စက်တွေမှာ စက္ကူလိပ်တွေထည့်သွင်းတီထွင်လာတဲ့အပြင် ငွေသားအံဆွဲတွေကိုပါ ပေါင်းစပ်ဖန်တီးလာပါတယ် 🗞️

ဒီလိုပြောင်းလဲတီထွင်လိုက်တဲ့အတွက် လုပ်ငန်းအများအပြား POS စက်တွေအသုံးပြုလာကြပြီး အရောင်းအဝယ်မှတ်တမ်းတွေကို တိတိကျကျလုပ်နိုင်တဲ့အပြင် အရင်းအနှီးကို စီမံခန့်ခွဲရလွယ်ကူစေတဲ့အထိ အကျိုးဖြစ်ထွန်းခဲ့ကြပါတယ် 😊

၁၉၀၀ ခုနစ် အလယ်ပိုင်းကာလမှာတော့ POS စက်တွေဟာ ငွေရှင်းကောင်တာတွေမှာ LCD မျက်နှာပြင်၊ ခရက်ဒစ်ကတ်သံလိုက်ပြားတွေနဲ့အတူ အပူပိုင်းစနစ်နဲ့ပုံနှိပ်နိုင်တဲ့ စွမ်းရည်မြင့် ဒစ်ဂျစ်တယ်စက်တစ်ခုအသွင်ဖြစ်လာခဲ့ပါတယ်။

စားသောက်ဆိုင်တွေအတွက် ပထမဦးဆုံး Electronic Cash Register (ECR)ပါဝင်တဲ့ POS စနစ်ကို IBM က ၁၉၇၃မှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ နောက်ပြီး မီးဖိုချောင်စီ Order လှမ်းတင်နိုင်တဲ့အထိ စွမ်းဆောင်ရည်ကောင်းလာခဲ့ပါတယ် ♻️

နောက်ထပ်အားသာချက်ကတော့ ဖောက်သည်တွေအနေနဲ့ တိကျတဲ့ ပြေစာကိုလည်း ရနိုင်သလို ပြေစာမှာပါတဲ့ အခွန်စာရင်းကိုလည်း POS သုံးပြီး သီးသန့်ခွဲထုတ်ပေးနိုင်ပါတယ် 🤗

ဒါပေမယ့် အဲ့ဒီခေတ်တုန်းက ECR စနစ်ကိုရခဲ့ပေမယ့် တကယ်အသုံးပြုတဲ့အခါ နည်းနည်းကြာပြီး နှောင့်နှေးခဲ့တာကြောင့် အဆင်မပြေမှုလေးတွေတော့ ရှိခဲ့ပါတယ် ...

Touch Screen နဲ့အသုံးပြုလို့ရမယ့် ပထမဦးဆုံး POS ကိုတော့ ၁၉၈၆ မှာ Gene Mosher ကဖန်တီးခဲ့ပါတယ်။

Mosher ရဲ့ ဖန်တီးမှုကို အရင်းပြုပြီး Microsoft ကလည်း စားသောက်ဆိုင်လိုလုပ်ငန်းတွေအတွက် စီးပွားဖြစ် POS Software ကို ဆန်းသစ်တီထွင်လိုက်ပါတယ် 👍

အဲ့ဒီ POS Software က အရောင်းအဝယ်ဆိုင်ရာငွေကြေး Database တစ်ခုဖြစ်လာရုံသာမက ဖောက်သည်တွေရဲ့အချက်အလက်တွေကိုလည်း မှတ်တမ်းတင်နိုင်လို့ POS Software စံနမူနာကောင်းတစ်ခုဖြစ်လာခဲ့ပါတယ် 🥇

အင်တာနက်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့နောက်မှာ Credits Card တွေနဲ့ မြန်မြန်ဆန်ဆန်ငွေရှင်းနိုင်တဲ့အထိပါ POS Software တွေက စွမ်းဆောင်ရည်အားကောင်းလာကြပါတယ် 🎉

ဒါတွေအပြင် Cloud Based နဲ့ချိတ်ဆက်ထားတဲ့ POS တွေဆိုရင် User တွေအနေနဲ့ ဘယ်နေရာကမဆို ထိန်းချုပ်စီမံနိုင်တဲ့အထိ တိုးတက်လာခဲ့ပါတယ် 🔝

POS Software တွေက Customers တွေကို ဝန်ဆောင်မှုတွေပေးတဲ့နေရာမှာ မြန်ဆန်စေသလို ဝန်ထမ်းတွေကို စီမံတဲ့နေရာမှာလည်း အသုံးဝင်တာကြောင့် ဒီနေ့ခေတ်မှာတော့ POS Software တွေကို နေရာတိုင်းလိုလိုမှာတွေ့မြင်နိုင်ပြီး စားသောက်ဆိုင်လိုလုပ်ငန်းတွေအပြင် လုပ်ငန်းတော်တော်များများမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီဖြစ်ပါတယ် ✅

ဒါတွေကတော့ ခေတ်အဆက်ဆက် ပြောင်းလဲဖြစ်ပေါ်လာခဲ့တဲ့ Point Of Sale System အကြောင်းလေးပဲဖြစ်ပါတယ်။

အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ရှိပါတယ် 🥰

03/03/2023

Cloud Base System နဲ့ POS ကို ဘာကြောင့် အသုံးပြုသင့်တာလဲ ❓

POS သုံးတော့မယ်ဆိုရင် Cloud Base System ကို အသုံးပြုထားတဲ့ Glorious Myanmar ရဲ့ POS ကိုရွေးပါ ✅

ဘာကြောင့်လဲဆိုရင် Cloud Based ကို အခြေခံပြီး ရေးဆွဲထားတဲ့ POS System မှာ ခုလို အားသာချက် ( ၇ )ချက်အထိရှိပါတယ် 👇

💁‍♂️ Data တွေအလွယ်တကူ မပျက်ဆီးနိုင်ခြင်း။

Data တွေ အလွယ်တကူ မပျက်ဘူး။ အကြောင်းအမျိုးမျိုးကြောင့် Hardware ပျက်ဆီးတာပဲဖြစ်ဖြစ်၊ မှားနိပ်မိတာပဲဖြစ်ဖြစ် Cloud မှာ Data တွေကျန်နေမှာဖြစ်လို့ Backup အနေနဲ့ ပြန်ယူလို့ရနေမှာဖြစ်နေတာက နံပါတ်တစ်အားသာချက်ပါပဲ။

💁‍♂️ ဖောက်သည်တွေကို မြန်မြန်ဆန်ဆန်နဲ့ ဝန်ဆောင်မှုများပေးနိုင်ခြင်း။

ကိုယ့် Customers တွေကို မြန်မြန်ဆန်ဆန်နဲ့ တိတိကျကျဝန်ဆောင်မှုပေးနိုင်တယ်။

ဆိုင်ကိုလာတဲ့အခါ Menu ကိုကြည့်ပြီး မေးမြန်းတဲ့အခါ မရနိုင်တဲ့အစားအစာက မရတတ်သလိုမျိုးရှိတတ်ပါတယ်။ ဒီအခါ Customer တစ်ယောက်အနေနဲ့ နောက်ထပ်ရွေးချယ်စရာတွေကို ထပ်ပြီးစဉ်းစားရပါတယ်။ POS ကိုသုံးပြီး Up to date ဖြစ်နေမယ့် E-Menu ကို ဖန်တီးထားတဲ့အခါ ဒီလို ပြဿနာတွေမရှိတော့ပါဘူး။ Scan လေးဖတ်ပြီး အလွယ်တကူ မှာယူရုံပါပဲ။

နောက်ပြီး ငွေရှင်းတဲ့နေရာမှာလည်း လွယ်ကူမြန်ဆန်စေတယ်။ Printer တွေနဲ့ချိတ်ပြီး ပြေစာပေးနိုင်တာတွေကတော့ သိလောက်ပြီးသားဖြစ်မယ် ထင်ပါတယ်။

💁‍♂️ Up To Date Software

Glorious Myanmar ရဲ့ POS က နောက်ဆုံးပေါ်နည်းပညာထဲက တစ်ခုဖြစ်တာကြောင့် Error ဖြစ်တာမျိုးဖြစ်မှာလည်း ပူစရာမလိုသလို အသုံးပြုရင်း နားမလည်တဲ့အပိုင်းတစ်ခုခုကိုတွေ့တဲ့အခါမျိုးမှာလည်း အချိန်မရွေးပြန်လည်မေးမြန်းလို့လည်းရပါတယ်။ Software နဲ့ပတ်သက်ပြီး ပြင်ချင်တာတွေရှိရင်လည်း ပြန်ပြင်လို့ရနေမှာမို့ Software က အမြဲ Up To Date ဖြစ်နေမှာပါ 🔝

💁‍♂️ သက်သာတဲ့ Hardware ပိုင်းကုန်ကျစရိတ်

POS Software အသုံးပြုဖို့အတွက် Device တွေအများကြီးလိုတာမျိုးမဟုတ်ပဲ မဖြစ်မနေလိုအပ်တဲ့နေရာလောက်မှာ အသုံးပြုမယ့် Hardware လောက်အတွက်ပဲ ကုန်ကျမှာဖြစ်သလို ကျန်တဲ့ Devices တွေကလည်း Log in ဝင်ထားနိုင်ပြီး စီမံနိုင်တဲ့အတွက် ကုန်ကျစရိတ်ကို အများကြီး လျှော့ချနိုင်မှာလည်း ဖြစ်ပါတယ် 💸

💁‍♂️ တိကျတဲ့ စာရင်းအင်း စီမံနိုင်မှု

Customers တွေကို ဝန်ဆောင်မှုပေးတဲ့နေရာမှာ ကိုယ်သတ်မှတ်ထားတဲ့ နှုန်းထားတွေနဲ့ပဲ POS က အလုပ်လုပ်ပြီး ဝန်ဆောင်မှုပေးနိုင်မှာဖြစ်ပြီး Report တွေမှာ အလိုအလျှောက် စာရင်းမှတ်ပြီးသားဖြစ်နေမှာမို့ စာရင်းမှားတာမျိုးလုံးဝဖြစ်မှာမဟုတ်ပါဘူး။ ဒါကြောင့် တိကျတဲ့ စာရင်းစီမံခန့်ခွဲမှုကိုလည်း ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်မှာဖြစ်ပါတယ် 😊

👉 ဒါ့အပြင် နောက်ထပ်အားသာချက်က နေ့စဉ် ဝင်ငွေ၊ ထွက်ငွေစာရင်းတွေက အချိန်နဲ့အမျှ Save ဖြစ်ပြီးသားမလို့ တာဝန်တစ်ခု ခွဲပြီး သီးသန့်လုပ်နေစရာလည်း လိုတော့မှာ မဟုတ်ပါဘူး 🤗

💁‍♂️ Customers တွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ခြင်း။

အမြဲတမ်း Customers တွေအတွက် အထူးလျှော့ဈေးပေးချင်သေးတယ်ဆိုရင်တောင် Pos ထဲမှာ Customer တစ်ဦးချင်းစီရဲ့ Data တွေထည့်ထားပြီး ကူပွန်လေးတွေပြန်ပေးဖို့အတွက် လွယ်ကူမြန်ဆန်စွာနဲ့ ဆောင်ရွက်နိုင်ဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် E-Menu တွေဖန်တီးနိုင်မှာဖြစ်တာကြောင့် ပြတ်သွားတဲ့ကုန်ပစ္စည်းကို Menu ထဲက ဖယ်ပစ်ပြီး အသစ်ရလာတဲ့ ကုန်ပစ္စည်းကို ချက်ခြင်းထည့်ချင်တယ်ဆိုရင်လည်း ခဏလေးနဲ့ ပြင်နိုင်ဆင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဆိုင်ကို လာရောက်အားပေးတဲ့ Customers တွေအနေနဲ့ E-Menu ကို Scan ဖတ်ပြီး သိရှိနိုင်တာကြောင့် မှန်ကန်တဲ့ Information နဲ့ ဝန်ဆောင်မှုတွေရနိုင်မှာဖြစ်ပါတယ် 🛒

💁‍♂️ အသုံးပြုရလွယ်ကူခြင်း။

Glorious Myanmar ရဲ့ POS Software က User တွေ အသုံးပြုရလွယ်အောင်လုပ်ထားပြီး စ,စချင်း တပ်ဆင်အသုံးပြုကတည်းက မိတ်ဆက်ရှင်းပြပေးသလို နားမလည်တာတွေကိုလည်း ပြန်လည်မေးမြန်းနိုင်အောင် ရှင်းပြထားတဲ့ Video တွေကိုလည်း အချိန်မရွေးပြန်ကြည့်နိုင်အောင် စီစဉ်ပေးထားပါသေးတယ် 😌

👉 ဒါကြောင့် လူကြီးမင်းတို့ရဲ့ဆိုင်ကို အရင်ကထက်ပိုပြီး အဆင့်မြှင့်တင်ပြီး Customers တွေကို ဝန်ဆောင်မှုကောင်းတွေပေးဖို့အတွက် POS Software အသုံးပြုဖို့Glorious Myanmar ကိုသာ အမြန်ဆုံးဆက်သွယ်လိုက်ပါဗျာ 👨‍💼

📱Tel: 09 954 000 335, 09 979 716 493
🏢 Block - 3, Ground floor – 04, Golden City Condo, Yankin Road, Yankin Township, Yangon 11081, Myanmar.

02/03/2023

ယနေ့ မတ်လ ၂ရက်နေ့မှာ ကျရောက်တဲ့
တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ခင်ဗျာ 🌾

ကျေးဇူးရှင် တောင်သူလယ်သမားများအားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပါစေဖို့ကိုလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🙏🏻


#တောင်သူလယ်သမားနေ့

23/02/2023

စားသောက်ဆိုင်တစ်ဆိုင်ဆိုတာ…

💁‍♂️တစ်ဖက်မှာ ဆိုင်ကိုလာတဲ့ Customers တွေကို ဝန်ဆောင်မှုတွေ ပေးနေရသလို
💁‍♂️တစ်ဖက်မှာလည်း စာရင်းဇယားတွေနဲ့ အလုပ်တွေ ရှုပ်နေမှာတော့ အမှန်ပါပဲ။

Customers တွေအများကြီးအပေါ် ဝန်ဆောင်မှုတွေ ပေးခဲ့တာတွေ၊ ကုန်ပစ္စည်းစာရင်းတွေနဲ့ ဆိုင်တစ်ဆိုင်လုံးရဲ့ ဝင်ငွေထွက်ငွေ အစရှိတဲ့ စာရင်းဇယားတွေအပေါ်မှာ အရင်လို အချိန်အများကြီးပေးပြီး အလုပ်ရှုပ်ခံပြီး အာရုံစိုက်ပေးနေရဦးမှာပါ။

အဲ့အတွက် တစ်ချို့အရေးကြီးတဲ့နေရာတွေမှာ အာရုံစိုက်ဖို့ လစ်ဟာသွားနိုင်ပါတယ် 🤔

ဒီလိုတွေ မဖြစ်ရအောင် ခေတ်မီတဲ့ POS & Devices တွေနဲ့အတူ လုပ်ငန်းတစ်ခုကို အရှိန်မြှင့်ပြီး လုပ်ဆောင်လိုက်ပါ။

စာရင်းဇယားတွေကို အချိန်တိုလေးအတွင်းမှာ တိတိကျကျလုပ်ဆောင်နိုင်ရုံသာမက ဝန်ဆောင်မှုအပိုင်းတွေမှာလည်း ချောမွေ့ပြေပြစ်နေမှာတော့အမှန်ပါပဲ🤗

လူကြီးမင်းတို့ဆိုင်မှာ စနစ်တကျ တပ်ဆင်ပေးပြီးတာနဲ့ အသုံးပြုပုံတွေကိုလည်း ပြသပေးသွားမှာ ဖြစ်သလို 👉 Facebook Private Group ကနေလည်း အမြဲတမ်းလေ့လာလို့ရနေမှာလည်းဖြစ်သလို အချိန်မရွေး သိရှိလိုတာတွေကို မေးမြန်းနိုင်မှာလည်း ဖြစ်ပါတယ်ဗျာ။

ဒါကြောင့် Glorious Myanmar ရဲ့ POS Software & Devices တွေကို အသုံးပြုဖို့ဆိုရင်တော့ အခုပဲ ဆက်သွယ်လိုက်ပါ 📲

📱Tel: 09 954 000 335, 09 979 716 493
🏢 Block - 3, Ground floor – 04, Golden City Condo, Yankin Road, Yankin Township, Yangon 11081, Myanmar.

31/01/2023
30/01/2023

POS ဆိုတာ…

တစ်ချို့စားသောက်ဆိုင်တွေက ဘာကြောင့် POS တွေသုံးနေကြတာလဲ 🤔

👉အဓိက,ကတော့ ဆိုင်တစ်ခုလုံးမှာ လည်ပတ်နေတဲ့နေရာတွေကို စနစ်တကျလုပ်ချင်တာနဲ့ ဆိုင်ရဲ့ဝင်ငွေထွက်ငွေတွေကို တိတိကျကျ စာရင်းအင်းထားနိုင်ဖို့အတွက်ပါ။

👉နောက်ပြီး Customers တွေကို ဝန်ဆောင်မှုပေးတဲ့နေရာမှာ ရိုးရှင်းလွယ်ကူစေတဲ့အပြင် အမြဲတမ်းဖောက်သည်ဖြစ်တဲ့အထိ ထိန်းသိမ်းနိုင်လို့ပါ။

ဆိုင်အတွက် POS Software နဲ့ လိုအပ်တဲ့ Devices တွေလိုတယ်ဆိုရင်တော့ Glorious Myanmar ကိုသာ ဆက်သွယ်လိုက်ပါဗျာ📲

📱Tel: 09 954 000 335, 09 979 716 493
🏢 Block - 3, Ground floor – 04, Golden City Condo, Yankin Road, Yankin Township, Yangon 11081, Myanmar.

25/01/2023

“ငွေချေ၊ ပြေစာ၊ စာရင်းမှတ်တာတွေ အားလုံးအတွက် အကောင်းဆုံး POS”

ကိုယ့်ဆိုင်ကိုလာတဲ့ Customer တွေကို အကောင်းဆုံး ဝန်ဆောင်မှုတွေကို ပေးချင်ကြတာတော့ ဆိုင်တိုင်းလုပ်ငန်းတိုင်းပါပဲ 🤗💕

ခေတ်ကာလအရ ဆိုင်ကိုလာရောက်အားပေးတဲ့ Customers တိုင်းက မြန်ဆန်တာမျိုးကို သဘောကျကြပါတယ်။

စားပွဲဝိုင်းမှာ ထိုင်လိုက်တာနဲ့ ဘာတွေရမလဲလို့မေးနေတာထက် ကိုယ့်ဘာသာ Menu လေး အေးဆေးကြည့်ပြီး ကိုယ်ကြိုက်တာမှာရတာလေးမျိုးကို ကြိုက်တယ်။

မှာထားတာလေးတွေ မြန်မြန်ရချင်တယ်။ ပြန်ခါနီး ငွေရှင်းရင်လည်း မြန်မြန်ဆန်ဆန်ပဲ လုပ်ချင်ကြတယ်။

👉ဒီလို E-Menu တွေ၊
👉မြန်ဆန်တဲ့ Order တွေ၊
👉လျှင်မြန်တဲ့ ငွေရှင်းစနစ်၊
👉ပြေစာတွေ စတဲ့ အလုပ်တွေအားလုံးအတွက် ဝန်ထမ်းတွေ ထပ်ခေါ်နေစရာမလိုပါဘူး။
Glorious Myanmar ရဲ့ POS တွေရှိပါတယ် 😎

နောက်ပြီး ဆိုင်ရဲ့ ယိုပေါက်တွေမရှိအောင် စာရင်းမှတ်တာတွေ Customers တွေအတွက် Promotion ကူပွန်လေးတွေဖန်တီးတာတွေလည်း လုပ်နိုင်ပါသေးတယ်။

Cloud Base System နဲ့ဖန်တီးထားတဲ့ Glorious Myanmar ရဲ့ POS Software တွေကတော့ ဆိုင်ရဲ့ အဝေးကို ရောက်နေချိန်မှာတောင် အလွယ်တကူစီမံနိုင်တဲ့အထိ စွမ်းဆောင်ပေးနိုင်ပါတယ်။

ဒါကြောင့် နည်းပညာအကူအညီတွေနဲ့ ဆိုင်ရဲ့တိုးတက်မှုနှုန်းတွေကို တစ်ဆစ်ချိုးပြောင်းလဲဖို့ဆိုရင် Glorious Myanmar ကိုသာဆက်သွယ်လိုက်ပါ 🤗

📱Tel: 09 954 000 335, 09 979 716 493
🏢 Block - 3, Ground floor – 04, Golden City Condo, Yankin Road, Yankin Township, Yangon 11081, Myanmar.

11/01/2023

လူကြီးမင်းရဲ့ စားသောက်ဆိုင်လုပ်ငန်းကို အဆင့်မြှင့်တင်ဖို့အတွက် Glorious Myanmar ရဲ့ POS Software တွေက အဆင်သင့်ဖြစ်နေပါပြီ 😊

အသုံးပြုရလွယ်ကူပြီး Customers တွေကို အချိန်အကြာကြီး စောင့်ဆိုင်းနေရာမလိုဘဲ အချိန်ခဏလေးနဲ့ အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် ဖန်တီးပေးထားတာဖြစ်ပါတယ်။

✅ ဒါ့အပြင် နေ့အလိုက် ရောင်းအား Report တွေ လအလိုက် ရောင်းအား Report တွေကို ပြန်လည်ကြည့်ရှုနိုင်ခြင်း၊

✅ E menu တွေနဲ့ Barcode တွေဖန်တီးနိုင်ခြင်း၊

✅ Order များ စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်း၊ မှတ်သားထားနိုင်ခြင်း၊

✅ ကိုယ့်ဆိုင်ကို အမြဲတမ်းလာအားပေးနေတဲ့ Customers တွေကို Member ကူပွန်လေးတွေ ပေးထားပြီး ပိုကောင်းသထက် ကောင်းအောင် ဝန်ဆောင်မှုပေးနိုင်ခြင်း၊

✅ ငွေရှင်းရမြန်ဆန်ခြင်းနဲ့

✅ Cloud Base စနစ်ဖြစ်တာကြောင့် ကိုယ့်ရဲ့ Mobile Device ကနေ Data တွေဝင်ကြည့်နိုင်ခြင်း စတဲ့ အမျိုးမျိုးသော အားသာချက်တွေနဲ့ ကိုယ့်စားသောက်ဆိုင်လုပ်ငန်းကို Run နေနိုင်မှာပါ။

ဒါကြောင့် လူကြီးမင်းတို့ရဲ့ စားသောက်ဆိုင်လုပ်ငန်းကို ပိုခေတ်မီပြီး Smart ကျချင်တယ်၊
လာအားပေးတဲ့ Customers တိုင်းကို စိတ်ချမ်းသာရအောင် ဝန်ဆောင်မှုတွေပေးဖို့ POS Software တွေသုံးချင်တယ်ဆိုရင်တော့ Glorious Myanmar ကိုသာဆက်သွယ်လိုက်ပါ 🤩

📱Tel: 09 954 000 335, 09 979 716 493
🏢 Block - 3, Ground floor – 04, Golden City Condo, Yankin Road, Yankin Township, Yangon 11081, Myanmar.

04/01/2023

ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သော (၇၅) ကြိမ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

#လွတ်လပ်ရေးနေ့
# POS

31/12/2022

🎉 Happy New Year 🎉

နှစ်သစ်မှာ ဆန္ဒနှင့်ဘဝ ထပ်တူကျနိုင်ပါစေကြောင်းနှင့် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ ပြည့်စုံကြပါစေလို့ Glorious Myanmar မှ ဆုတောင်းပေးလိုက်ပါတယ်ဗျာ 🙏

30/12/2022

စီးပွားရေးလုပ်ငန်းရှင် တစ်ဦးအနေနဲ့ နေရာစုံက ဦးဆောင်ပြီးလုပ်နေရတဲ့အခါ ကိုယ်လိုချင်တဲ့ Result အတွက် အာရုံစိုက်ဖို့ အားနည်းသွားနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်လုပ်ငန်းကို စနစ်တစ်ခုနဲ့ လည်ပတ်နေနိုင်အောင် ဖန်တီးထားသင့်ပါတယ် 🤗

ဒီအတွက်လည်း ခေါင်းစားနေစရာမလိုတော့ပါဘူး။ Glorious Myanmar ရဲ့ POS System တွေက ကောင်းကောင်းညီ ကူညီပေးနိုင်ပါတယ်။

လူကြီးမင်းတို့ရဲ့ လုပ်ငန်းမှာ POS System သာရှိမယ်ဆိုရင်

👉ဝန်ထမ်းတွေရဲ့ ပုံမှန်အလုပ်တွေကို (30%)ထိ လျှော့ချသွားနိုင်မယ်။
👉Menu တွေထုတ်ရတာ စီစဉ်ရတာ၊ အသစ်တွေဖြည့်ရတာတွေအတွက် (99%) ထိ သက်သွားသွားမယ်။
👉နောက်ပြီး (30%)သော Customers တွေရဲ့ Data တွေကို သိမ်းဆည်းထားနိုင်မယ်။

👉 Customer တစ်ဦးချင်းစီတိုင်းကို Member Card တွေ ထုတ်ပေးနိုင်ပြီး အထူး Promotion တွေ သီးသန့်ပေးနိုင်မယ်

ဒါ့အပြင် Cloud Base System ဖြစ်တာကြောင့် Daily Report တွေကို ကိုယ့်ရဲ့ ဖုန်းကနေ အလွယ်ဝင်ကြည့်နိုင်ပါတယ် 📲

ဆက်ပြောပြရရင် တန်းစီစနစ်တွေ အသုံးပြုနိုင်တာ၊ QR Code တွေနဲ့ Menu ကို Scan ဖတ်တာ၊ E-Paymentတွေနဲ့ ငွေရှင်းနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေအများကြီးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး လုပ်ငန်းကိုစမတ်ကျကျနဲ့ Strong ဖြစ်နေအောင် စီမံထားချင်ရင်တော့ Glorious Myanmar ကိုသာ ဆက်သွယ်လိုက်ပါဗျာ။

📱Tel: 09 954 000 335, 09 979 716 493
📍Block - 3, Ground floor – 04, Golden City Condo, Yankin Road, Yankin Township, Yangon 11081, Myanmar.

24/12/2022

လုပ်ငန်းတစ်ခု လည်ပတ်ဖို့ ကြိုးစားနေရတာ တကယ်မလွယ်နေပါဘူး။

ကွာဟသွားတဲ့ ကိန်းဂဏန်းတွေအမှားတွေက လူကိုတစ်ခါတစ်လေ ရှော့(ခ်)ဖြစ်သွားစေတတ်ပါတယ်။

တစ်နေ့တာရောင်းချခဲ့ရတာတွေကို စီစစ်တွက်ချက်ရတာကလည်း တကယ့်ကို ခေါင်းခဲစရာပါ 🤔

Total ချုပ်လိုက်တဲ့အခါ မြတ်သလား၊ ရှုံးသလား သေချာသိဖို့ ရင်းထားတဲ့ ပမာဏတွေနဲ့ အမြတ်ပမာဏတွေ တိတိကျကျ ခွဲခြမ်းနိုင်ဖို့လည်း သေချာအားထုတ်ရပါသေးတယ်။

ဒီလိုလုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့ Glorious Myanmar ရဲ့ POS Software တွေရှိပါတယ် 🤗

Glorious Myanmar က လူကြီးမင်းတို့လုပ်ငန်း တစ်ဆစ်ချိုးပြောင်းလဲဖို့ POS နဲ့ပတ်သက်လာရင်

👉လုပ်ငန်းနဲ့အကိုက်ညီဆုံး Software တွေကို ဖန်တီးပေးခြင်း
👉လိုအပ်တဲ့ Devices တွေကို တစ်ခါတည်း တပ်ဆင်ပေးခြင်း
👉User တွေကျွမ်းကျွမ်းကျင်ကျင်သုံးတတ်အောင် သေချာရှင်းပြပေးခြင်း
👉အချိန်မရွေး မေးမြန်းနိုင်အောင် Private Group ထဲထည့်ပေးထားခြင်း
👉POS အသုံးပြုပုံတွေကို ရှင်းပြပေးထားသော Tutorial Video တွေကို ထပ်ဆောင်းပေးပို့ခြင်း

စတဲ့ဝန်ဆောင်မှုတွေကို Glorious Myanmar က တာဝန်ယူဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ရဲ့ Smooth ဖြစ်တဲ့လုပ်ငန်းလည်ပတ်မှုအတွက် အကောင်းဆုံး POS တွေအတွက်ဆိုရင် Glorious Myanmar ကိုသာ သတိရလိုက်ပါ 🙋‍♂️

22/12/2022

ကရင်တိုင်းရင်းသားတို့ အထွတ်အမြတ်ထားရာ “ကရင်အမျိုးသားနှစ်သစ်ကူး” ​လေးကို စိတ်လက်ချမ်းသာ ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် ခင်​ဗျာ။

19/12/2022

We’re Hiring 2 Dfire Sales Position (Male/Female)

▪️Age - 20 to 25

▪️Salary - Negotiable

▪️High school graduated (or) University Student

▪️Must have relevant work experience

▪️ Excellent in Selling and must have Communication and negotiation skill

Interested candidates please send your CV Form to Viber.

💜 Viber Number - 09 450 020 880

📍Location - Glorious Myanmar Company Limited
(Block - 3, Ground floor – 04, Golden City Condo, Yankin Road, Yankin Township, Yangon 11081, Myanmar)

18/12/2022

ချောမွေ့တဲ့လုပ်ငန်းလည်ပတ်မှုတစ်ခုကို System တစ်ခုနဲ့ ထိန်းသိမ်းဖို့ တွေးနေပြီလား ???

ဒါဆိုရင်တော့ အကောင်အထည်ဖော်ဖို့အတွက် လိုအပ်နေတဲ့ POS တွေအကြောင်း အကြမ်းဖျင်းလေး မိတ်ဆက်ပေးပါရစေ။

မိတ်ဆွေတို့လုပ်ငန်းမှာသာ POS တွေ သုံးမယ်ဆိုရင် 👇

▪️အရောင်းစာရင်းတွေနဲ့ ငွေရှင်းပြေစာတွေကို အချိန်နဲ့အမျှ ကိုယ့်ရဲ့ Mobile Device ကနေ Checking လုပ်လို့ ရနေမယ်။

▪️ဝယ်လိုအားများတဲ့ ကုန်ပစ္စည်းတွေကို အချိန်နဲ့အမျှ သိနေပြီး ကုန်တော့မယ်ဆို ကြိုဝယ်ထားနိုင်မယ်။

▪️ ဖောက်သည်အများဆုံးလာတတ်တဲ့ နေ့တွေ၊ အချိန်တွေနဲ့ သူတို့ကြိုက်တတ်တဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု စတဲ့ Data တွေ သိမ်းထားချင် သိမ်းထားလို့ရမယ်။

▪️လုပ်ငန်းလည်ပတ်ပုံအဆင့်ဆင့်မှာလည်း လျှင်မြန်ပြီး စမတ်ကျစေပါတယ်။

ဒီလို အကျိုးကျေးဇူးများတဲ့ POS တွေသုံးချင်တယ်။ ဒါပေမယ့် ငွေကုန်ကြေးကျများမယ်လို့လည်း မထင်လိုက်ပါနဲ့။

ယိုပေါက်တွေ လစ်ဟာမှုတွေကို ဟန့်တားနိုင်တာကြောင့် ဆုံးရှုံးမှုတွေကို ထိန်းသိမ်းကာကွယ်​ရာလည်း ရောက်ပါတယ်။

ဒါကြောင့် မိတ်ဆွေတို့လုပ်ငန်းမှာ POS Software နဲ့ လိုအပ်တဲ့ Devices တွေ အသုံးပြု​တော့မယ်ဆိုရင်တော့ Glorious Myanmar ကိုသာ ဆက်သွယ်လိုက်ပါ​ဗျာ။

📱Tel: 09 954 000 335, 09 979 716 493
📍Block - 3, Ground floor – 04, Golden City Condo, Yankin Road, Yankin Township, Yangon 11081, Myanmar.

07/12/2022

မလုပ်နိုင်ဘူးဆိုတာမရှိဘူး။ မလုပ်တတ်သေးတာပဲရှိပါတယ်။

POS သုံးရတာ လုပ်ငန်းအတွက် အကျိုးကျေးဇူးများတယ်ဆိုတာကို မိတ်ဆွေတို့အနေနဲ့လည်း သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် လက်တွေ့သုံးကြည့်တဲ့အခါ အဆင်မပြေမှာစိုးရိမ်တယ်။ နည်းပညာပိုင်းတွေဖြစ်တာကြောင့် ကိုယ့်အဖွဲ့ဝင်တွေ မသုံးတတ်မှာလည်းကိုလည်း စိတ်ပူနေကြလောက်မယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် 🤗

Glorious Myanmar က POS Software တွေကို အလွယ်ကူဆုံးနဲ့ လုပ်ငန်းအတွက် ကိုက်ညီမှုအရှိဆုံးဖြစ်အောင် ဆောင်ရွက်ပေးနေသလို လိုအပ်တဲ့ Device တွေကိုလည်း တစ်ခါတည်းတပ်ဆင်ပေးနေပါပြီ 🤩

အဲ့ဒီလို တပ်ဆင်ပေးပြီးတာနဲ့ Software အသုံးပြုပုံအကြောင်းကိုလည်း တစ်ခါတည်း Training ပေးသွားမှာပါ။

နောက်ပြီး Software အကြောင်းကို စီကာပတ်ကုံးသေချာရှင်းပြပေးထားတဲ့ Video လေးတွေကို ပို့ပေးသွားမှာ ဖြစ်သလို Facebook Private Group ထဲမှာလည်း မရှင်းတဲ့အပိုင်းတွေကို မိတ်ဆွေတို့အနေနဲ့ သေချာပြန်လည်ကြည့်ရှုနိုင်ဦးမှာလည်း ဖြစ်ပါတယ်။

ဒါကြောင့် လုပ်ငန်းရှင်မိတ်ဆွေတို့အတွက် စိတ်အေးလက်အေးနဲ့ အလားအလာကောင်းတဲ့ လုပ်ငန်းတစ်ခုကို POS System တွေနဲ့ ဆက် Run လို့ရနေမှာပါ။

မိတ်ဆွေတို့ရဲ့လုပ်ငန်းကို စနစ်တကျနဲ့ စမတ်ကျကျ ပိုမိုလည်ပတ်ပြီး ဝန်ဆောင်မှုကောင်းတွေ ဖန်တီးဖို့ POS Software တွေနဲ့ Device တွေလိုအပ်ခဲ့ရင်တော့ Glorious Myanmar ကိုသာ ဆက်သွယ်လိုက်ပါ 🙋‍♂️

ဆက်သွယ်ရန် ဖုန်း

📱Tel: 09 954 000 335, 09 979 716 493

📍Block - 3, Ground floor – 04, Golden City Condo, Yankin Road, Yankin Township, Yangon 11081, Myanmar.

05/12/2022

သန့်ရှင်းသပ်ရပ်မှုတွေ၊ ဖော်ရွေပြုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ ခေတ်မီပြီး စမတ်ကျတာကို လူတော်တော်များများ နှစ်သက်ကြပါတယ် 💞

တစ်ချို့စားသောက်ဆိုင်တွေနဲ့ Supermarket တွေမှာ POS software တွေအသုံးပြုနေကြတာ မိတ်ဆွေတို့မြင်မိမှာပါ။

POS system ရဲ့အားသာချက်တွေကတော့

👉အထွေထွေကုန်ကျစရိတ်တွေကို အချိန်နဲ့တစ်ပြေးညီ တွက်ချက်နိုင်မှာဖြစ်သလို …
👉တာဝန်ခွဲဝေမှုတွေကို စနစ်တကျ စီမံနိုင်တယ်
👉ဘယ်လိုပစ္စည်းမျိုးကို ဝယ်ယူအားပေးမှုများတာကို သိရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ ခံစားရမယ်
👉ဘယ်အချိန်က ဝန်ဆောင်မှုအများဆုံးပေးရလဲဆိုတာ မှတ်တမ်းတင်ထားနိုင်တာတွေနဲ့
👉ဖောက်သည်တွေရဲ့အချက်အလက်တွေကို မှတ်တမ်းတင်ထားနိုင်ပြီး Customer Relationship Management (CRM) စတဲ့ Features တွေပါ ထည့်သွင်းအသုံးပြုနိုင်တာကြောင့် လုပ်ငန်းတစ်ခုအတွက် အကျိုးအမြတ် အများကြီးကို ရရှိစေပါတယ်💰

ဒါကြောင့် မိတ်ဆွေတို့လုပ်ငန်းမှာ စီမံခန့်ခွဲမှု အားနည်းတာမျိုးတွေ၊ Customer တွေ စိတ်အနှောက်အယှက်မရှိ ဆူညံနေတာမျိုးတွေနဲ့ ဝန်ဆောင်မှုပေးတဲ့နေရာမှာ လစ်ဟင်းမှုမရှိအောင်နဲ့ ငွေရှင်းဘောင်ချာတွေကအစ စနစ်တကျဖြစ်အောင် POS software တွေ အသုံးပြုချင်တယ်ဆိုရင်တော့ Glorious Myanmar ကိုသာ ဆက်သွယ်လိုက်ပါဗျာ 📲

မိတ်ဆွေတို့လုပ်ငန်းနဲ့ အကိုက်ညီဆုံး POS software တစ်ခုဖြစ်လာဖို့ အသုံးပြုရလွယ်ကူစေဖို့ နားလည်လွယ်အောင် သေချာရှင်းပြပေးထားတဲ့ Video လေးတွေကိုလည်း Life Time ရရှိဦးမှာလည်း ဖြစ်ပါတယ်ဗျ။

📱Tel: 09 954 000 335, 09 979 716 493

📍Block - 3, Ground floor – 04, Golden City Condo, Yankin Road, Yankin Township, Yangon 11081, Myanmar.

17/11/2022

အမျိုးသားနေ့တို့မမေ့

၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက် ၁၀၂ ကြိမ်မြောက်အမျိုးသားနေ့အား Glorious Myanmar မှ လှိုက်လှဲဂုဏ်ယူစွာ ကြိုဆိုအပ်ပါသည်။


#အမျိုးသားနေ့

30/01/2021

ဖေဖော်ဝါရီ လကုန်ထိ တိုးမြှင့် သတ်မှတ်ထားကြောင်း အသိပေးကြေငြာချက်

28/01/2021

စားသောက်ဆိုင်ဖွင့်ဖို့ ပထမအဆင့်အနေနဲ့ အစီစဉ်ဆွဲ PLAN ချပြီးပြီ ဆိုရင်တော့ လက်တွေ့မှာ သင်လုပ်ဆောင်ရမယ့် အချက် ၅ ချက် ကို အကြံပြုဖော်ပြပေးလိုက်ပါတယ်။

- သင်သေသေချာချာ ရေးဆွဲထားတဲ့ Plan အတိုင်းဆောင်ရွက်ပါ
- လုပ်ငန်းအစမှာ ဆိုင်အသေး မှ စတင်တာ ပိုကောင်းပါတယ်၊ ဆိုင်ကြီးတွေ နဲ့ ဆိုင်ခွဲများစွာ ရှိတဲ့ လုပ်ငန်းတွေဟာ ဆိုင်သေးသေးလေးတွေက စခဲ့ကြတယ် ဆိုတာ မမေ့ပါနဲ့။
- လွယ်လွယ်ကူကူ ရောက်ရှိနိုင်မယ့် ပန်းတိုင် Target မျိုးကို ချမှတ်ပါ။ လုပ်ငန်းစတင်ခြင်းမှာ ခက်ခဲပြီး မြင့်မားတဲ့ Target မျိုးက သင့်ကို စိတ်ဖိစီးမှု ဖြစ်စေနိုင်ပါတယ်။
- ဘယ်လိုဆိုင်ပုံစံ နဲ့ အကျယ်အဝန်းကို သေချာ စဉ်းစားပြီး သင်ရင်းနှီး မြှပ်နှံမယ့် ငွေပမာဏ ကို တွက်ချက်ပြီး ဘတ်ဂျက်အတွင်းမှာပဲ လုံလောက်အောင် ဆောင်ရွက်ပါ။
- သင့်စိတ်ကူးတွေ အကောင်အထည်ဖော်ဖို့ သင့်ကို အကူအညီ ကောင်းကောင်းပေးနိုင်မယ့် လူမျိုးကို ရှာပါ။ (စားဖိုမှုးဖြစ်စေ၊ မန်နေဂျာဖြစ်စေ၊ လိုအပ်ရင် စားသောက်ဆိုင်အတွက် အကြံပေးလို သူမျိုးပေါ့)
နောက်ထပ် အကြံပြု ဖော်ပြချက်တွေမှာ ပြန်ဆုံပါမယ် ခင်မျာ...

Photo: Crd

Glorious Myanmar 2Dfire Solution
Smart CRM + POS Solution
09 969 110 666, 09 954 000 336

25/01/2021

💥💥စားသောက်ဆိုင်ပိုင်ရှင်တွေအတွက် 1 year FREE အထူးအစီအစဉ် 💥💥

ယနေ့ခေတ်ဆိုင်အများစုဟာ POS ကိုအသုံးပြုပြီးစီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်စွာတိုးချဲ့လာနေကြပါပြီ။
ဒါဆိုရင် POSကသင့်ရဲ့ဆိုင်လုပ်ငန်းကိုဘယ်လိုကူညီပြီး တိုးတက်အောင်ပြုလုပ်ပေးမှာလဲ ???

📌အီလက်ထရောနစ်ခေတ်မှာ Menu ကိုဖုန်းထဲကနေကြည့်ရှုပြီးအလွယ်တကူအော်ဒါမှာယူနိုင်ခြင်း၊ E menu ဖြစ်သောကြောင့် ဟင်းပွဲ အသစ် များ ထပ်ထည့်ခြင်းနှင့် ပြုပြင် ခြင်းများကို အလွယ်တကူ ပြုလုပ်နိုင်ခြင်း၊

📌 နေ့စဉ်အရောင်းစာရင်းတွေကိုတိတိကျကျမှတ်တမ်းတင်ပေးထားလို့လချုပ်/နှစ်ချုပ်စာရင်းတွေမှာခေါင်းကိုက် စရာမလိုပဲ တိကျ မှန်ကန် မြန်ဆန်ခြင်း၊

📌ဖောက်သည်တွေကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဈေးလျော့ပေးတဲ့ကူပွန်များ၊ နှစ်ပတ်လည်အထိမ်းအမှတ် ပရိုမိုးရှင်းများ ပြုလုပ်နိုင်ခြင်း နှင့် ကြိုတင် ငွေဖြည့်သွင်းပြီး စားသုံးနိုင်တဲ့ Top up စနစ်ကြောင့် ပုံမှန် စားသုံးသူများ တိုးပွားလာနိုင်ခြင်း၊

‌📌Dining မှ အော်ဒါ များ မီးဖိုဆောင်သို့ တိုက်ရိုက် ရောက်ရှိနိုင်သည့် KDS (Kitchen Display System) ပါဝင်ခြင်း

📌ဆိုင်ခွဲများရှိ အရောင်းနှင့် အစီရင်ခံစားများကိုလဲ ရုံးချုပ်မှ နေ၍ပင် စီမံ ခန့်ခွဲနိုင်ခြင်း၊

📌Cloud Based System ဖြစ်တဲ့ အတွက် သင့် Mobile / Tablet မှ ပင် အရောင်းစာရင်းနှင့် အစီရင်ခံစာ များကို Internet ရရှိသည့် မည့်သည့်နေရာမှ မဆို အချိန်မရွေး ကြည့်ရှု စစ်ဆေးနိုင်ခြင်း၊ လူလုပ် အမှားကြောင့် Data များ ပျောက်ဆုံးမှု မဖြစ်ပေါ်နိုင်ခြင်း၊ စသည်ဖြင့်အဆင့်မြင့် Softwareတစ်ခုကို ဈေးနှုန်းသက်သာစွာနဲ့ အသုံးပြုပြီး သင့်ဆိုင်ရဲ့ရောင်းအားကိုမြှင့်တင်နိုင်ပါတယ်။

🤩1 Year FREE အထူးအစီအစဉ်

Basic Package > Software 1yr (FREE) +POS +Printer (ZM-POS58) + Electronic Metal Cash drawer(4 bill trays) > 499,000 K
--------------------------------------------------------------------------

After Sale Service Team မှ တပ်ဆင် အသုံးပြုပုံကို Online training , Video များပေးပို့ပြီး guideline ပေးသွားမှာ ဖြစ်ပါတယ်။

Glorious Myanmar 2D fire Software Solution
Smart (SaaS) CRM + POS
Block - 3, Ground floor – 04, Golden City Condo, Yankin Road, Yankin Township, Yangon 11081, Myanmar.
Tel: 09 95 4000 336, 09 969 110 666

23/01/2021

စားသောက်ဆိုင် လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုသော့ချက်က ဘာလဲ ???

စားသောက်ဆိုင်လုပ်ငန်းဟာ အပြိုင်အဆိုင်များတဲ့ စီးပွားရေး လုပ်ငန်းတစ်ခုပါ။ ဆိုင်အများစု ကျရှုံးသွားရတဲ့ အကြောင်းအရင်းတွေ ထဲမှာ အတွေ့အကြုံ မရှိတဲ့ ပိုင်ရှင် နဲ့ ရင်းနှီးမြှပ်နှံသူတွေဟာ ကြိုတင်စီစဉ်မှု PLAN ကို ချန်လှပ်ထားခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဈေးကွက် သုတေသန နဲ့ သင့်လျော်တဲ့ Planning တစ်ခုက သာမန်ဖြစ်လေ့ဖြစ်ထရှိသော အမှားအယွင်းများ၊ အချိန် နှင့် ရင်းနှီးငွေ ကုန်ကျစားရိတ်များကို သက်သာစေနိုင်ပါတယ်။

ဘယ်လို အမှားတွေလဲ ၊ ဘာတွေလုပ်သင့်လဲ ဆိုတာ ကြည့်ရအောင်

📌 ဆိုင်ခန်း ငှားရမ်းခ နှုန်းထား မြင့်မားခြင်းက ရေရှည် ရပ်တည်နိုင်ရေးမှာ လျာထား ဘတ်ဂျက်ထက် ပိုမို များပြားနေခြင်း၊

📌 လုပ်ငန်း လည်ပတ်ိနုင်သည်အထိထောက်မထားရမည့် ရင်းနှီးငွေ မလုံလောက်ခြင်း၊

📌 အသေးသုံး ငွေကြေးစီမံခန့်ခွဲမှုများကို ဂရုမစိုက်ခြင်း (ငွေကြေးစီမံခန့်ခွဲမှုကို ထိန်းချူပ်ခြင်း၊ ဟင်းပွဲ Portion, အစားအစာ နဲ့ အဖျော်ယမကာ များအလေအလွင့် မဖြစ်အောင် ထိန်းသိမ်းခြင်း၊ Inventory များခိုးယူ မခံရအောင် ဂရုစိုက်ခြင်း၊ ပျက်စီးခြင်း အလေအလွင့် မဖြစ်အောင် စီမံ ခြင်းတို့က အောင်မြင်သော Operation တစ်ခု အတွက် များစွာ အရေး ကြီးပါတယ်)

📌 Well-trained ဝန်ထမ်းနဲ့ လုပ်ငန်းခွင်မှာ ပျော်ရွင်တဲ့ ဝန်ထမ်းတွေဟာ လုပ်ငန်းအောင်မြင်ရေး အတွက် အဓိကကျပါတယ်။ ဝန်ထမ်းတွေရဲ့ စိတ်ဓါတ်ခံယူချက်နဲ့ စွမ်းဆောင်ရည်တွေက စားသုံးသူတွေ နောက် တစ်ခေါက် ပြန်လာဖို့ ဆွဲဆောင်နိုင်တဲ့ အတွက် ဝန်ထမ်းတွေကို စီမံခန့်ခွဲမှုဟာလဲ လျစ်လျူရှု မထားသင့်တဲ့ အချက်ပါ၊

📌 ဆိုင်ရှင် အများစုဟာ သူတို့ရဲ့ စိတ်ကူးထဲက ဆိုင်ခန်းအတိုင်း တည်ဆောက်ခင်ကျင်းခြင်း၊ အသုံးအဆောင်များဝယ်ယူခြင်း ၊ ပြင်ဆင်ခြင်းစသည့် လုပ်ငန်း စတင်သည့် အချိန်မှစ၍ပင် ငွေကြေးအမြောက်အများသုံးစွဲခြင်း ဟာ ရေရှည်အတွက် စီစဉ်ထားတဲ့ Budget Limit အတွင်းဖြစ်ဖို့ သတိပြုရပါမယ်။

📌 ဆိုင်ခန်း နေရာ ရွေးချယ်ရေး နဲ့ သင့်တော်တဲ့ အစားအသောက် ရောင်းချရေး မှန်ကန်မှုကလဲ အလွန်အ‌ရေးကြီးတဲ့အချက်ဖြစ်ပါတယ်၊
📌 စားသုံးသူမှ ပေးရတဲ့ ငွေနဲ့ ထိုက်တန်သော ဝန်ဆောင်မှု နဲ့ အစားအသောက် များ စီမံပေးဖို့ ဆိုတာကလဲ မဖြစ်မနေ ထည့်သွင်း စဉ်းစားသင့်တဲ့ အချက်ဖြစ်ပါတယ်။

အထက်ပါ အချက်အလက်များမှာ စားသောက်ဆိုင်လုပ်ငန်း စတင်မယ့် ပိုင်ရှင်များ အနေဖြင့် လုပ်ဆောင်သင့်တဲ့ အချက်တွေနဲ့ ရှောင်ရှားရမယ့် အချက်တွေ ကို အကြံပြု ဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။
စိတ်ကူးထဲက စားသောက်ဆိုင်လုပ်ငန်း အောင်မြင်ပါစေလို့ ဆုတောင်းရင်း ‌နောက်ထပ် ဆွေးနွေး အကြံပေး ပို့စ်တွေမှာ ပြန်တွေ့မယ်နော် း)
photo: Crd

Glorious Myanmar 2D fire Solution
09 969 110 666, 09 95 4000 336

20/01/2021

Social Distancing နဲ့ အတူ အရင်လို ရောင်းအားကို ဘယ်လို ပြန်မြှင့်တင်မလဲ ❓❓❓

📌အရင်နည်းလမ်းအဟောင်းတွေနဲ့ ဆိုရင်တော့ Social Distancing ကာလ ရောင်းအားတိုးဖို့က မသေချာပါဘူး။

📌ဒါဆိုရင် လက်တွေ့မှာ ရောင်းအား တို့ဖို့ စားသုံးသူများ ယုံကြည် စိတ်ချမှု့အတွက် အောက်မှာ ဖော်ပြထားတဲ့ အချက် ၉ ချက်ကို သင်ကြိုးစားကြည့်နိုင်ပါတယ် ။

1️⃣ ကိုဗစ်ကာလမှ ပေါ်ထွက်လာတဲ့ Social Distancing ဆိုတဲ့ စကားလုံးကို သင့်ဖောက်သည်တွေက တခါတရံ သတိမေ့နေနိုင်ပါတယ်။ ခပ်ခွါခွါနေဖို့ သတိပေးတဲ့ sign တွေ ထားရှိခြင်းဖြင့် စားသုံးသူကို အမြဲ မပြတ် သတိပေးရာ ရောက်ပါတယ်။

2️⃣ ဝင်ပေါက် ထွက်ပေါက် များကို သီးသန့် လမ်းညွှန်ဖော်ပြပေးထားခြင့်ဖြင့် ထိတွေ့မှု ကို လျော့ချနိုင်ပါတယ်။

3️⃣ Buffet counter, salad bar, Soda fountains ကဲ့သို့ ကိုယ်တိုင်ယူစနစ်ဖြင့် ဝန်ဆောင်မှုပေးသည့် နေရာများတွင် Social Distancing အတွက် မဖြစ်နိုင်သဖြင့် ယာယီအားဖြင့် ထိုင်ခုံနေရာသို့ ဝန်ဆောင်မှု ပေးသည့် စနစ်သို့ ပြောင်းလဲကျင့်သုံး သင့်ပါသည်။

4️⃣ စားပွဲဝိုင်း တစ်ဝိုင်း နှင့် တစ်ဝိုင်းအကြား ၆ပေအကွာ ခင်းကျင်းထားဖို့ အဓိက လိုအပ်ပါတယ်။

5️⃣ Floor plan အခင်းအကျင်းအတွက် အခက်အခဲ ရှိနေပါက ပလက်စတစ်အကြည်အကာအကွယ်များကို စားသုံးသူနှင့် ကောင်တာ အကြား၊ ဝိုင်းများအကြား ပိုင်းခြားခြင်းဖြင့်လဲ ထိတွေ့မှုကို လျော့ချနိုင်ပါတယ်။

6️⃣ နေရာ အပိုရှိပါက Indoor dining အပြင် outdoor dining ကိုလဲ ပြင်ဆင်ခင်းကျင်း နိုင်ပါတယ်။

7️⃣ နည်းပညာသုံး QR Code system/ Online Menu အသုံးပြုပြီး ထိတွေ့မှု ကို အနည်းဆုံး ဖြစ်အောင်ပြုလုပ်နိုင်ပါတယ်။

8️⃣ Reservation လက်ခံပြီးတော့လဲ စားသုံးသူများ မလိုအပ်ပဲ တပြိုင်နက် များပြားခြင်းမှ ကာကွယ်နိုင်ပါတယ်။

9️⃣ Hand-On payment အပြင် Credit Card, Visa Card စသည့် Contactless payment ကိုလဲ လက်ခံသင့် ပါသည်။

စသည့် အထက်တွင် ဖော်ပြထားသည့် အချက်များကို လိုက်နာပြီး Social Distancing နဲ့ အညီ အမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရန် အကြံပြု ဆုတောင်းပေးလိုက်ပါတယ်။

Source- Internet
Photo - Crd
-------------------------------------------------------------------------
Glorious Myanmar 2D fire Solution
09 95 4000 336 / 09 969 110 666

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Glorious Myanmar 2Dfire Software Solution

Glorious Myanmar 2Dfire distributes the Cloud based software for Catering & Retail business and POS, Printers, Scanners and Automatic cash drawers in Myanmar. We have after sales service team, who provide installation , training and mechanical supporting to the customers.

Videos (show all)

POS ဆိုတာ… တစ်ချို့စားသောက်ဆိုင်တွေက ဘာကြောင့် POS တွေသုံးနေကြတာလဲ 🤔👉အဓိက,ကတော့ ဆိုင်တစ်ခုလုံးမှာ လည်ပတ်နေတဲ့နေရာတွေကို ...

Telephone

Website

Address


B3-G04, Golden City Condo, Yankin Road, Yankin Township
Yangon
11081

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Other Yangon computer & electronics services (show all)
Judd Bradley Photography Judd Bradley Photography
Yangon

Photography by Judd Irish Bradley

Ideal Technology - Ideal Future Ideal Technology - Ideal Future
B05, B1, Times Link Condominium, Link Lane, Dhammazedi Road, Bahan
Yangon, 11201

Leading web design and development company based in Yangon, Myanmar. Own and run by young talented Myanmar professionals from Myanmar.

BizSoft BizSoft
2nd Floor , 38th Street Plaza, Seikkantha Street
Yangon, 11182

Information System Implementation, Consultancy Software Development Software Outsourcing

Access Spectrum Access Spectrum
No. 364/366, Mahabandoola Garden Street, Kyauktada Township
Yangon, 11182

Your Access to a Spectrum of reliable ICT products and services since 1998! Connecting the dots in your digital transformation. We wish to become a trusted partner in your digital...

ACE Data Systems ACE Data Systems
Hlaing Campus
Yangon

Ever since its foundation in 1992, ACE Data Systems has been the most successful IT Services company

MyanmarIT Development Fan Club MyanmarIT Development Fan Club
ProblemClean ICT Solutions No(16)A, Ground Floor, Dhamawihara Street, Kyarkywetthit Quarter, Kyauk Myaung , Tamwe Township . Yangon 01-540905 , 09-5415894 , 09-73902718
Yangon

http://forum.mmitd.com တွင်နည်းပညာများကို ဆိုဒ်အတွင်းမန်ဘာ၀င်ရောက်၍ ဆွေးနွေးလေ့လာနိုင်ပါသည်။

Delight Myanmar Group Delight Myanmar Group
No. 6, 1st Floor, Sanchaung Street, Sanchaung Township
Yangon, 11111

Delight Myanmar ( Hotline -09-427411120, 09-427330877)

BACA BONE BACA BONE
Yangon

Good luck

Welink Fiber Internet Welink Fiber Internet
Yadanar Road
Yangon

Welink Fiber Internet Service Yangon 09976070905 Viber 09797373338

MTK Computer Training Center MTK Computer Training Center
North Dagon
Yangon

M.M.M - Electronics M.M.M - Electronics
Yangon

Good quality & Have guarantee

Jack Branded Bike Electric Jack Branded Bike Electric
Gandamar Street
Yangon

လျှပ်စစ်ပစ္စည်းမျိုးစုံရောင်းချရေ?