Myanmar Federation of PWDs

Official National Organization of Myanmar The Myanmar Federation of Persons with Disabilities (MFPD) is a national association of Persons with Disabilities.

Photos from Myanmar Federation of PWDs's post 09/05/2024

၆။ “ပညာကိုဆင်”

နက္ခတ်တာရာတို့၏ အဆင်တန်ဆာကား လမင်းဖြစ်၏။

မိန်းမတို့၏ အဆင်တန်ဆာကား ခင်ပွန်းသည်ဖြစ်၏။

တိုင်းနိုင်ငံတို့၏ အဆင်တန်ဆာကား ပြည်ရှင်မင်းဖြစ်၏။

လူအပေါင်းတို့၏ အဆင်တန်ဆာကား ပညာပေတည်း။

(ကျမ်းကိုး။ စာဏကျနိတိနှင့် လောကနိတိ၊ ဦးခင်မောင်ကြီး၊ ရန်ကုန်တက္ကသိုလ်၊ ၁၉၉၁၊ ဇန်နဝါရီ)

ရှေးနှစ်ပေါင်း ၂၀၀၀ ကျော်က ဇာနက္က ပုဏ္ဏား ပညာရှိကြီးက သာကီဝင် စန္ဒဂုတ်မင်းသားအား ဆုံးမဩဝါဒပေးခဲ့သမျှကို စုပေါင်းပြုစုထားသည့် ဤစာဏကျနိတိကျမ်းပါ ဆုံးမစကား ၁၀၀ ကျော်ကို စာရှု့သူတို့ လေ့လာ၍ ပညာရေး၊ ကြီးပွား‌ရေး၊ လူမှုရေး၊ နေထိုင်ရေး၊ လူကောင်းလူမွန်၊ သားကောင်း သားမွန်ဖြစ်ရေးအတွက် အထောက်အကူပြုနိုင်ရန် ဖော်ပြလိုက်ပါသည်။

“ဤအဆိုအမိန့်များကို လေ့လာပြီးလျှင် လူနုံ လူအ၊ လူ့ဗာလပင်ဖြစ်ပါစေ၊ ပညာရှိတစ်ယောက် ဖြစ်လာရပေမည်ဟု အာမခံကြောင်း စာဏကျနိတိကျမ်းတွင် ဖော်ပြထားပါသည်။

09/05/2024

ရန်ကုန် ၈.၅.၂၀၂၄

နားမကြား မသန်စွမ်းသူများ အသိအမှတ်ပြုကတ်ပြား ပြုလုပ်ရာတွင် အခက်အခဲမရှိစေရေး တင်ပြလိုက်ပါတယ်။

အသခ၊ သတင်းစဉ်

Sent from Viber https://www.viber.com/invite/d33dd86647e32e910ba6d25fa169b84a6e6571b86b1c48f1e00a7aca035e51d2

Photos from Myanmar Federation of PWDs's post 07/05/2024

ရန်ကုန်၊ ၇.၅.၂၀၂၄

လိင်မှုနှင့် မျိုးဆက်ပွားကျန်းမာရေးနှင့်တကွ ဘဝဖွံ့ဖြိုးမှုဆိုင်ရာ မိုဘိုင်းအက်ပလီကေးရှင်းတွင် ထည့်သွင်း ဖော်ပြနိုင်ရေး ဖိတ်ခေါ်။

မြန်မာနိုင်ငံဆရာဝန်အသင်း၊ လူငယ့်စေတမန်စီမံချက်သည် လူငယ်များအတွက် လိင်မှုနှင့် မျိုးဆက်ပွားကျန်းမာရေးနှင့်တကွ ဘဝဖွံ့ဖြိုးမှုဆိုင်ရာ မိုဘိုင်းအက်ပလီကေးရှင်း တစ်ခုကို ဖန်တီးခဲ့ကြောင်း။

အဆိုပါ ထာဝရမိုဘိုင်းအက်ပလီကေးရှင်းတွင် လိင်မှုနှင့်မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုပေးနေသော အဖွဲ့အစည်းများ၏ အချက်အလက်များကို လူငယ်များလက်လှမ်းမီနိုင်ရန်ရည်ရွယ်၍ ထည့်သွင်းခဲ့ ကေ​ငြ်း။

ယခုအခါ အချက်အလက်များကို ပြန်လည်ပြုစုနေသည့် ကာလဖြစ်သည့်အတွက် စိတ်ပါဝင်စားသည့်
အဖွဲ့အစည်းများမှ ၂၀၂၄ ခုနှစ် နှစ်ကုန်အထိ မိမိတို့ ပေးသွားမည့် ဝန်ဆောင်မှုများ၏ အချက်အလက်များကို မြန်မာနိုင်ငံဆရာဝန်အသင်း၊ လူငယ့်စေတမန်စီမံချက်၏ ထာဝရမိုဘိုင်းအက်ပလီကေးရှင်းတွင် ထည့်သွင်းဖော်ပြစေလိုလျှင် ဖော်ပြပေးရန် အချက်အလက်များကို ၂၀၂၄ မေလ ၁၀ရက် နောက်ဆုံးထား၍ excel ဖိုင်ဖြင့် ပေးပို့စေလိုကြောင်း၊

အသေးစိတ်ထပ်မံသိရှိလိုပါက အောက်ပါတာဝန်ရှိသူများထံဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

ဒေါက်တာ သန္တာစိုး၊ ၀၉၉၆၄၃၈၅၂၈၈

မဆုထက်ထက်ရည်၊ ၀၉၉၇၃၃၈၃၃၂၁

မချစ်စုဖြိုး၊ ၀၉၇၉၅၄၀၁၃၁၄


ဖြည့်စွက်ရမည့် အကြောင်းအရာများကို ပိုမိုရှင်းလင်းစွာသိရှိလိုပါက အွန်လိုင်းအစည်းအဝေးကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်သွားမည်ဖြစ်၍ တက်ရောက် နိုင်ကြောင်းကို ဖော်ပြအပ်ပါသည်။

ASRH Project is inviting you to a scheduled Zoom meeting.

Topic: Service information updating for HtaWaRa Mobile application (MMA-ASRH project)

ရက်စွဲ။ မေလ ၂ ရက်၊ ၂၀၂၄

အချိန်။ ။ နံနက် ၁၀ နာရီ မှ ၁၂ နာရီ

Join Zoom Meeting

https://us06web.zoom.us/j/8609312815?pwd=HM3HfAe1F7Bl6hp5WgOpQkdq1g3THI.1&omn=81423396683

Meeting ID: 860 931 2815

Passcode: asrh2024

(အသခ၊ သတင်းစဉ်)

Photos from Myanmar Federation of PWDs's post 07/05/2024

၅။ “ပညာရနံ့”

ရုပ်ရည်လှပ၍ ပျိုမြစ်နုနယ်ကာ ဆွေဂုဏ်၊ မျိုးဂုဏ်၊ ဓနဂုဏ်တို့ဖြင့် ပြည့်စုံစေကာမူ ပညာချို့တဲ့ပါက အဆင်းလှပြီး ရနံ့မကြွယ်သည့် ပေါက်ပွင့် ပေါက်ပန်းပမာ လောကအလယ် မတင့်တယ်ချေ။

(ကျမ်းကိုး။ စာဏကျနိတိနှင့် လောကနိတိ၊ ဦးခင်မောင်ကြီး၊ ရန်ကုန်တက္ကသိုလ်၊ ၁၉၉၁၊ ဇန်နဝါရီ)
ရှေးနှစ်ပေါင်း ၂၀၀၀ ကျော်က ဇာနက္က ပုဏ္ဏား ပညာရှိကြီးက သာကီဝင် စန္ဒဂုတ်မင်းသားအား ဆုံးမဩဝါဒပေးခဲ့သမျှကို စုပေါင်းပြုစုထားသည့် ဤစာဏကျနိတိကျမ်းပါ ဆုံးမစကား ၁၀၀ ကျော်ကို စာရှု့သူတို့ လေ့လာ၍ ပညာရေး၊ ကြီးပွား‌ရေး၊ လူမှုရေး၊ နေထိုင်ရေး၊ လူကောင်းလူမွန်၊ သားကောင်း သားမွန်ဖြစ်ရေးအတွက် အထောက်အကူပြုနိုင်ရန် ဖော်ပြလိုက်ပါသည်။

“ဤအဆိုအမိန့်များကို လေ့လာပြီးလျှင် လူနုံ လူအ၊ လူ့ဗာလပင်ဖြစ်ပါစေ၊ ပညာရှိတစ်ယောက် ဖြစ်လာရပေမည်ဟု အာမခံကြောင်း စာဏကျနိတိကျမ်းတွင် ဖော်ပြထားပါသည်။

05/05/2024

၄။ “ပညာဂုဏ်စွမ်း”
“ဆွေဂုဏ် မျိုးဂုဏ် ဓနဂုဏ်တို့ဖြင့် ပြည့်စုံသော်လည်း ပညာမဲ့ချေက မိမိ အမျိုးအနွယ်ကို မတင့်တယ်စေနိုင်။
ဆွေဂုဏ် မျိုးဂုဏ် ဓနဂုဏ် ချို့ငဲ့သော်လည်း ပညာရှိချေက လူသာမက နတ်များပင် ပူဇော်ရာ၏။”

(ကျမ်းကိုး။ စာဏကျနိတိနှင့် လောကနိတိ၊ ဦးခင်မောင်ကြီး၊ ရန်ကုန်တက္ကသိုလ်၊ ၁၉၉၁၊ ဇန်နဝါရီ)
ရှေးနှစ်ပေါင်း ၂၀၀၀ ကျော်က ဇာနက္က ပုဏ္ဏား ပညာရှိကြီးက သာကီဝင် စန္ဒဂုတ်မင်းသားအား ဆုံးမဩဝါဒပေးခဲ့သမျှကို စုပေါင်းပြုစုထားသည့် ဤစာဏကျနိတိကျမ်းပါ ဆုံးမစကား ၁၀၀ ကျော်ကို စာရှု့သူတို့ လေ့လာ၍ ပညာရေး၊ ကြီးပွား‌ရေး၊ လူမှုရေး၊ နေထိုင်ရေး၊ လူကောင်းလူမွန်၊ သားကောင်း သားမွန်ဖြစ်ရေးအတွက် အထောက်အကူပြုနိုင်ရန် ဖော်ပြလိုက်ပါသည်။
“ဤအဆိုအမိန့်များကို လေ့လာပြီးလျှင် လူနုံ လူအ၊ လူ့ဗာလပင်ဖြစ်ပါစေ၊ ပညာရှိတစ်ယောက် ဖြစ်လာရပေမည်ဟု အာမခံကြောင်း စာဏကျနိတိကျမ်းတွင် ဖော်ပြထားပါသည်။

Photos from Myanmar Federation of PWDs's post 04/05/2024

၃။ “သုံးပါးပြည့်မှ”
“မိမိ၏ ဇနီးသည်အား မိခင်ပမာ သဘောထားနိုင်သူ၊
သူတစ်ပါးပစ္စည်းဥစ္စာကို ကျောက်ခဲအလား သဘောထားနိုင်သူ၊
လူအပေါင်းအား ကူညီယိုင်းပင်း ကိုယ်ချင်းစာသူ၊
ဤ သုံးချက်ဖြင့် ပြည့်စုံသူသည် ပညာရှိမည်၏။”

(ကျမ်းကိုး။ စာဏကျနိတိနှင့် လောကနိတိ၊ ဦးခင်မောင်ကြီး၊ ရန်ကုန်တက္ကသိုလ်၊ ၁၉၉၁၊ ဇန်နဝါရီ)
ရှေးနှစ်ပေါင်း ၂၀၀၀ ကျော်က ဇာနက္က ပုဏ္ဏား ပညာရှိကြီးက သာကီဝင် စန္ဒဂုတ်မင်းသားအား ဆုံးမဩဝါဒပေးခဲ့သမျှကို စုပေါင်းပြုစုထားသည့် ဤစာဏကျနိတိကျမ်းပါ ဆုံးမစကား ၁၀၀ ကျော်ကို စာရှု့သူတို့ လေ့လာ၍ ပညာရေး၊ ကြီးပွား‌ရေး၊ လူမှုရေး၊ နေထိုင်ရေး၊ လူကောင်းလူမွန်၊ သားကောင်း သားမွန်ဖြစ်ရေးအတွက် အထောက်အကူပြုနိုင်ရန် ဖော်ပြလိုက်ပါသည်။
“ဤအဆိုအမိန့်များကို လေ့လာပြီးလျှင် လူနုံ လူအ၊ လူ့ဗာလပင်ဖြစ်ပါစေ၊ ပညာရှိတစ်ယောက် ဖြစ်လာရပေမည်ဟု အာမခံကြောင်း စာဏကျနိတိကျမ်းတွင် ဖော်ပြထားပါသည်။

Photos from Myanmar Federation of PWDs's post 03/05/2024

ရန်ကုန်၊ ၃.၅.၂၀၂၄

မသန်စွမ်းသူ အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးခြင်း။
မသန်စွမ်းသူများ၊ ၎င်းတို့၏ မိဘများ၏ တောင်းဆိုချက်အရ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းမှ မသန်စွမ်းသူအဖြစ် အသိအမှတ်ပြုကတ်ပြားများကို ကာယကံရှင်၏ သဘောဆန္ဒအရ အထောက်အထားစုံလင်စွာဖြင့် လျှောက်ထားလာပါက ထုတ်ပေးလျှက် ရှိပါသည်။
ယနေ့ နံနက်ပိုင်းတွင် အကြားအာရုံနှင့် ဉာဏ်ရည်မသန်စွမ်းသူများအား အသင်းချုပ်ရုံးတွင် အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (ဓာတ်ပုံများတွင် ဖော်ပြထားပါသည်။)
အေးချမ်းစွာရှင်သန်နေထိုင်ကြသည့် မသန်စွမ်းသူများ၏ အကျိုးစီးပွားကို မလိုလားသူများ၊ အသင်းချုပ်၏ ပုံရိပ်ကို ဖျက်စီးကာ မိမိ၏ တစ်ကိုယ်ရည်အကျိုးစီးပွားရလိုသူများသည် မသန်စွမ်းသူများ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမှုအပေါ် ပုံဖျက်၍ မမှန်သတင်းများထုတ်လွှင့်နေကြကြောင်း သတင်း ရရှိသည်။
အသိအမှတ်ပြုကတ်ပြားပြုလုပ်လိုသူများအနေဖြင့် လူကိုယ်တိုင် လာရောက်ရန် မလိုအပ်ပဲ အသင်းချုပ်၏ ဖေ့ဘုတ်၊ မက်ဆင်ဂျာတို့မှတဆင့် လိုအပ်ချက်များကို ကြည့်ရှု့ကာ ဆက်သွယ်ပြုလုပ်နိုင်သည်ဟု ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။
(အသခ၊ သတင်းစဉ်)

Photos from Myanmar Federation of PWDs's post 03/05/2024

၂။ “လူမိုက်တစ်ထောင်”
ပညာရှိတို့သည် ရေပြည့်အိုးနှင့်ပမာတူ၏။
အကျင့်သိက္ခနှင့် ပြည့်စုံ၏။
မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားတို့ဖြင့် ပြည့်ဝ၏။
လူမိုက်သည်ကား အမှိုက်ပုံပမာတည်း။
ထို့ကြောင့် လူမိုက်တစ်ထောင်ကို ရှောင်ကြဉ်ပါလေ။
ပညာရှိကား တစ်ယောက်တည်းပင် ဖြစ်ပါစေ၊ ပူဇော်ရာ၏။
(ကျမ်းကိုး။ စာဏကျနိတိနှင့် လောကနိတိ၊ ဦးခင်မောင်ကြီး၊ ရန်ကုန်တက္ကသိုလ်၊ ၁၉၉၁၊ ဇန်နဝါရီ)

ရှေးနှစ်ပေါင်း ၂၀၀၀ ကျော်က ဇာနက္က ပုဏ္ဏား ပညာရှိကြီးက သာကီဝင် စန္ဒဂုတ်မင်းသားအား ဆုံးမဩဝါဒပေးခဲ့သမျှကို စုပေါင်းပြုစုထားသည့် ဤစာဏကျနိတိကျမ်းပါ ဆုံးမစကား ၁၀၀ ကျော်ကို စာရှု့သူတို့ လေ့လာ၍ ပညာရေး၊ ကြီးပွား‌ရေး၊ လူမှုရေး၊ နေထိုင်ရေး၊ လူကောင်းလူမွန်၊ သားကောင်း သားမွန်ဖြစ်ရေးအတွက် အထောက်အကူပြုနိုင်ရန် ဖော်ပြလိုက်ပါသည်။
“ဤအဆိုအမိန့်များကို လေ့လာပြီးလျှင် လူနုံ လူအ၊ လူ့ဗာလပင်ဖြစ်ပါစေ၊ ပညာရှိတစ်ယောက် ဖြစ်လာရပေမည်ဟု အာမခံကြောင်း စာဏကျနိတိကျမ်းတွင် ဖော်ပြထားပါသည်။

Photos from Myanmar Federation of PWDs's post 02/05/2024

၁။ မင်းနှင့် ပညာရှိ
“ပြည့်ရှင်မင်းဟူသည် မိမိအုပ်စိုးရာ နိုင်ငံအတွင်း၌သာ ရိုသေလေးမြတ်ခြင်းကို ခံရနိုင်သည်။
ပညာရှိတို့အား အရပ်ရှစ်မျက်နှာ ရောက်လေရာတွင် ကြည်ညိုပူဇော်ခြင်း ခံရလေသည်။”
(ကျမ်းကိုး။ စာဏကျနိတိနှင့် လောကနိတိ၊ ဦးခင်မောင်ကြီး၊ ရန်ကုန်တက္ကသိုလ်၊ ၁၉၉၁၊ ဇန်နဝါရီ)

ရှေးနှစ်ပေါင်း ၂၀၀၀ ကျော်က ဇာနက္က ပုဏ္ဏား ပညာရှိကြီးက သာကီဝင် စန္ဒဂုတ်မင်းသားအား ဆုံးမဩဝါဒပေးခဲ့သမျှကို စုပေါင်းပြုစုထားသည့် ဤစာဏကျနိတိကျမ်းပါ ဆုံးမစကား ၁၀၀ ကျော်ကို မသန်စွမ်းသူများ လေ့လာ၍ ပညာရေး၊ ကြီးပွား‌ရေး၊ လူမှုရေး၊ နေထိုင်ရေး၊ လူကောင်းလူမွန်၊ သားကောင်း သားမွန်ဖြစ်ရေးအတွက် အထောက်အကူပြုနိုင်ရန် ဖော်ပြရခြင်း ဖြစ်ပါသည်။

“ဤအဆိုအမိန့်များကို လေ့လာပြီးလျှင် လူနုံ လူအ၊ လူ့ဗာလပင်ဖြစ်ပါစေ၊ ပညာရှိတစ်ယောက် ဖြစ်လာရပေမည်ဟု အာမခံကြောင်း စာဏကျနိတိကျမ်းတွင် ဖော်ပြထားပါသည်။

Photos from Myanmar Federation of PWDs's post 28/04/2024

ရန်ကုန်၊ ၂၈.၄.၂၀၂၄။
၁၆ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ အစည်းအဝေး ကျင်းပမည်။
၂၀၂၄ ခုနှစ် မေလ ၇ ရက်နေ့တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း ရုံးချုပ်တည်ရှိရာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်တွင် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး လမ်းပြမြေပုံ ၂၀၂၃ အရ ပြီးခဲ့သည့် (၁)နှစ်တာကာလအတွင်းဆောင်ရွက်ခဲ့မှုများနှင့် နောက်ဆုံးနှစ် ၂၀၂၅ အတွက် သုံးသပ်မည့် အစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ယင်းအစည်းအဝေးမှ ထပ်မံရေးဆွဲဖော်ဆောင်မှု အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ ၂၀၂၄ အတွက် အထောက်အပံ့ဖြစ်စေမည့် အချက်အလက်များ ရရှိမည်ဟု မျှော်လင့်ကြောင်း သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။
ယင်းအစည်းအဝေးသို့ အာဆီယံ မသန်စွမ်းသူများဖိုရမ်ဆိုင်ရာ မြန်မာနိုင်ငံ(ရွေးကောက်ခံ)
ကိုယ်စားလှယ်ကိုလည်း တက်ရောက်ရန် အာဆီယံက ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။
အသခ၊ သတင်းစဉ်

25/04/2024

ရန်ကုန်၊ ၂၅.၄.၂၀၂၄
ပုဂ္ဂလိမျိုးစေ့ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချရေးအတွေ့အကြုံများဟောပြောပွဲ တက်ရောက်နိုင်ရန် ဖိတ်ကြားခြင်း။
ဗဟုသုတမျှဝေခြင်းဟောပြောပွဲအဖြစ် ၂၀၂၄ ဧပြီလ ၂၇ - ရက်) စနေနေ့ ညနေ ၈-နာရီတွင် ဒေါ်လွင်လွင်မိုး (၂၀၁၀ ခုနှစ်၊ စိုက်ပျိုးရေးတက္ကသိုလ်ဆင်း)၊ ရတနာမျိုးစေ့ကုမ္ပဏီ တည်ထောင်သူနှင့်ဥက္ကဌက ‘ပုဂ္ဂလိမျိုးစေ့ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချရေးအတွေ့အကြုံများ’ကို အွန်လိုင်းစနစ်ဖြင့် ဟောပြောမည်ဖြစ်ကြောင်း သိရှိရပါသည်။
စိတ်ဝင်စားသည့် မသန်စွမ်းသူများနှင့် မိမိတို့၏ မိတ်ဆွေများအား အသိပေးအပ်ပါသည်။
အွန်လိုင်းကို အောက်ဖော်ပြပါ Zoom Meeting အကောင့်ကတဆင့် ဝင်ရောက်ရန် ဖြစ်ပါသည်။
https://zoom.us/j/9292391478?pwd=YnJvd3FTWTYxMS9FYTc3WCtVNytCZz09
၂၀၂၄ ခုနှစ် ဇပြီခ ၂၇ ရက်၊ စနေနေ့ ညနေ ၈ နာရီ။
Meeting ID: 929 239 1478
Passcode: ASDF2021
ကိုးကား။ Prof. Dr. Myo Kywe, Chief Advisor, Golden Plain Livelihood Development Services Co-op td; Yangon, Mobile 09-793246996, e-mail: [email protected]; [email protected].
(အသခ၊ သတင်းစဉ်)

Photos from Myanmar Federation of PWDs's post 24/04/2024

ရန်ကုန်၊ ၂၃.၄.၂၀၂၄

မသန်စွမ်းသူ အသိအမှတ်ပြုကတ်ပြားများ ပြန်လည် လက်ခံဆောင်ရွက်ပေးခြင်း။

အသင်းချုပ်အနေဖြင့် မသန်စွမ်းသူ အသိအမှတ်ပြုကတ်ပြားများကို ပြုလုပ်ပေးလျှက်ရှိရာ အနယ်နယ်အရပ်ရပ်မှ လျှောက်ထားသူများအနေဖြင့် အွန်လိုင်းမှလည်းကောင်း၊ အသင်းချုပ်ရုံးခန်း တည်ရှိရာ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းသို့လည်းကောင်း လူကိုယ်တိုင် ဆက်သွယ်၍ လာရောက်ပြုလုပ်လျှက် ရှိပါသည်။

သင်္ကြန်ကာလ ရုံးပိတ်ရက်များ ကျော်လွန်ပြီဖြစ်၍ အသိအမှတ်ပြုကတ်ပြား များ ပြုလုပ်လိုသူများအနေဖြင့် သင့်တော်သည့် နည်းလမ်းဖြင့် ဆက်သွယ်ပြုလုပ်နိုင်ပြီး ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ပုံ။ အသင်းချုပ် ရုံးခန်းသို့ ဆက်သွယ်လာရောက်သူများ၏ လျှောက်လွှာများ လက်ခံခြင်း။
(အသခ၊ သတင်းစဉ်)

Photos from Myanmar Federation of PWDs's post 24/04/2024

နေပြည်တော်၊ ၂၃.၃.၂၀၂၄

အသင်းချုပ်ပိုင် နေပြည်တော် မြေနေရာအား ရှင်းလင်းခြင်း။

နေပြည်တော် ဒက္ခိဏီရိမြို့နယ်၊ ရုံးကြီးရပ်တွင် တည်ရှိသည့် အသင်းချုပ်ပိုင် မြေတွင် မသန်စွမ်းသူမှုဆိုင်ရာ ဗဟိုဌာန အဆောက်အအုံဆောက်လုပ်နိုင်ရေး ကို အလုပ်အမှုဆောင်အဖွဲ့က ကိုယ့်အားကိုယ်ကိုး စတင်ဆောင်ရွက်လျှက် ရှိရာ ပထမအဆင့်အနေဖြင့် ခြံစည်းရိုးကာရံရန် ‌ရှင်းလင်းခြင်းလုပ်ငန်းကို ဒုတိယဥက္ကဌ-၂ ဦးသန်းကျော်ဦး၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

(အသခ၊ သတင်းစဉ်)

Photos from Myanmar Federation of PWDs's post 01/04/2024

ရန်ကုန် (၁.၄.၂၀၂၄)
“ကမ္ဘာ့အော်တစ်ဇင်နေ့အထိမ်းအမှတ် အသိပညာပေးဆောင်းပါး”

နိုင်ငံသားများ ခံစားခွင့်ရှိသည့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မသန်စွမ်းသူများအား လုံး တန်းတူညီမျှ အပြည့်အဝရရှိစေရန်နှင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင် နိုင်မှုများကို နိုင်ငံတော်နှင့် နိုင်ငံသားတို့က အသိအမှတ်ပြုနိုင်ရန်အတွက် မသန်စွမ်းသူများ၏ အခွင့် အရေးဥပဒေ(၂၀၁၅)၊ နည်းဥပဒေများ (၂၀၁၇)တို့နှင့်အညီ နိုင်ငံတော်အစိုးရက ဖော်ဆောင်ပေးလျှက် ရှိပါသည်။
မသန်စွမ်းသူများအနက် ဉာဏ်ရည်မသန်စွမ်းသူ အော်တစ်ဇင်များ၏ လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို အများနည်းတူ အပြည့်အဝရရှိစေရေးအတွက် ထပ်လောင်းအတည်ပြုပေးခြင်း၊ မြှင့်တင်ပေးခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ၂၀၀၇ ခုနှစ်၊ ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ် ဧပြီလ ၂ ရက်နေ့ကို ကမ္ဘာ့အော်တစ်ဇင်နေ့အဖြစ် သတ်မှတ်ပေးခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ၁၇ နှစ် ပြည့်မြောက်မည် ဖြစ်ပါသည်။ ယခုနှစ် ကုလသမဂ္ဂ၏ ဆောင်ပုဒ်မှာ “Moving from Surviving to Thriving: Autistic individuals share regional perspectives” ဖြစ်ပါသည်။

အော်တစ်ဇင်ဆိုတာဘာလဲ။
ဂရိဘာသာဖြင့် aftismós မှ ဆင်းသက်လာပြီး အထီးကျန်သူ၊ တစ်ဦးတည်းနေတတ်သူ၊ ကိုယ့်ကို ကိုယ်သာ အာရုံစိုက်တတ်သူဟု အဓိပ္ပာယ်ရကြောင်း၊ ဆေးပညာဆိုင်ရာ အခေါ်အဝေါ်အပြည့်အစုံမှာ Autism Spectrum Disorder ဖြစ်ကြောင်း လေ့လာသိရှိနိုင်ပါသည်။ ဦးနှောက်နှင့်အာရုံကြော အစိတ် အပိုင်းများ ဟန်ချက်ညီ မဖွံ့ဖြိုးခြင်းကြောင့် စွမ်းဆောင်ရည်အချို့ ချို့ယွင်းကာ ဉာဏ်ရည် မသန် စွမ်းမှုကို ဖြစ်ပေါ်စေပါသည်။ စိတ်ရောဂါ၊ ကူးစက်ရောဂါ မဟုတ်ဘဲ လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာ၊ နေရာဒေသ၊ ကျား၊မ မရွေး ခံစားရနိုင်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ၏ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့ ဖော်ပြချက်အရ ကလေး (၁၀၀)ဦးတွင် တစ်ဦး နှုန်းသည် အော်တစ်ဇင်ဖြစ်ကြောင်း၊ ကမ္ဘာ့လူဦးရေ၏ ၁ ရာခိုင်နှုန်း၊ ၇၅ သန်းခန့်သည် အော်တစ်ဇင် များဖြစ်ကြောင်း၊ အော်တစ်ဇင်ဖြစ်မှုနှုန်း နှစ်စဉ်တိုးပွားလာနေကြောင်း၊ အမျိုးသားများသည် အမျိုး သမီးများထက် ဖြစ်နိုင်ခြေပိုများကြောင်း၊ အော်တစ်ဇင်ဖြစ်ခြင်းသည် သဘာဝပတ်ဝန်းကျင် ပျက်စီး ခြင်း၊ မျိုးဗီဇရှိခြင်းတို့နှင့်လည်း သက်ဆိုင်ကြောင်း လေ့လာသိရှိရပါသည်။ သို့ရာတွင် အော်တစ်ဇင် ဖြစ်ရခြင်း အခြားအကြောင်းရင်းများကို ပညာရှင်များက လေ့လာရှာဖွေဆဲ ဖြစ်ပါသည်။
အော်တစ်ဇင်ကလေးများ၏ စိတ်ခံစားမှု၊ အပြုအမူ၊ အပြောအဆို၊ ပေါင်းသင်းဆက်ဆံရေးစသည် တို့သည် ပုံမှန်မဟုတ်ပါ။ ယင်းအခြေအနေကို သာမန်ဆေးထိုး၊ ဆေးသောက်ဖြင့် ပျောက်ကင်း စေနိုင် ခြင်း မရှိပါ။ ဦးနှောက်၏ အလုပ်လုပ်ပုံ မူမမှန်ခြင်းကြောင့် အာရုံစိုက်မှု၊ တုန့်ပြန်မှုများသည် ကစင့် ကလျား ဖြစ်နေလေ့ရှိပါသည်။ အဓိကအားဖြင့် လူမှုဆက်ဆံရေး အားနည်းခြင်း၊ စကားပြော နောက် ကျခြင်း၊ နှေးခြင်း၊ အပြုအမှုတစ်ခုကို ထပ်ခါထပ်ခါ ပြုလုပ်ခြင်းများကို တွေ့ရသော်လည်း တစ်ဦးနှင့် တစ်ဦး ကွာခြားမှု ရှိပါသည်။ အချို့သည် အမှီအခိုမလိုပဲ ရပ်တည်နေထိုင်နိုင်ပြီး အချို့မှာမူ အခြားသူ တစ်ဦးဦးအပေါ် လုံး၀မှီခို၍ ရပ်တည်နေထိုင်ကြရပါသည်။
မြန်မာနိုင်ငံတွင် အော်တစ်ဇင်နေ့ အထိမ်းအမှတလှုပ်ရှားမှုများကို ၂၀၁၁ ခုနှစ်မှ စတင်၍ အော်တစ်ဇင် ကလေးများ၏ မိဘများက ဦးဆောင်၍ ကျင်းပခဲ့ပါသည်။ အော်တစ်ဇင်များကို ပြုစုပျိုးထောင်ခြင်း၊ စောင့်ရှောက်ခြင်း၊ ပြန်လည်ထူထောင်ခြင်းဆိုင်ရာ အသိပညာများကို ပြည်သူလူထုအတွင်း ပိုမိုသိရှိ နားလည်စေရန်၊ ဥပဒေပါအခွင့်အရေးများရရှိမှုနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး လုပ်ငန်း များတွင် အထူးလိုအပ်ချက်ရှိသော အော်တစ်ဇင်များပါဝင်မှု ပိုမိုသေချာစေရန် ရည်ရွယ်၍ ဆောင်ရွက် ခဲ့ကြခြင်း ဖြစ်သည်။ ယခုနှစ်တွင်လည်း အထိမ်းအမှတ်လှုပ်ရှားမှုများ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

အော်တစ်ဇင်၏ လက္ခဏာများ
အော်တစ်ဇင်လက္ခဏာများကို အသက် ၂ နှစ်၊ ၃ နှစ်အရွယ်ရောက်မှသာ သိသာထင်ရှားစွာ တွေ့မြင် နိုင်သော်လည်း သတိထားစောင့်ကြည့်ပါက လသားအရွယ်ကပင် စောစီးစွာ သိရှိနိုင်ပါသည်။ ဥပမာ၊ အသက် ၃ လ ခန့်ရှိသော ကလေးငယ်ကို ချော့မြုရာတွင် တုန့်ပြန်မှုမရှိခြင်း၊ အသံထွက်သော၊ လှုပ်ရှား နေသော အရာဝတ္တုကို မျက်စေ့ရှေ့ပြသရာ လိုက်မကြည့်ခြင်း၊ ၇ လသားအရွယ်တွင် အသံထွက်၍ မရယ်ခြင်း၊ ဘူးမမှုတ်ခြင်း၊ တစ်နှစ်သားခန့်တွင် အဖေ၊ အမေကို မခေါ်တတ်ခြင်းစသည့် အခြေ အနေများကို လေ့လာ၍ သိနိုင်ပါသည်။ အသက်တစ်နှစ်ကျော်ပြီးနောက်ပိုင်း မိမိကလေး၏ တတ် ကျွမ်းပြီး ကျွမ်းကျင်မှုများ လျော့နည်းသွားလျှင် သို့မဟုတ် ပျောက်ဆုံးသွားလျှင် ကလေးအထူးကု ဆရာဝန် သို့မဟုတ် အော်တစ်ဇင်ကုထုံးပညာရှင် တစ်ဦးဦးနှင့်ပြသကာ စစ်ဆေးသင့်ပါသည်။ ဓါတ်မှန် ရိုက်၍ လည်းကောင်း၊ ဓာတ်ခွဲစမ်းသပ်၍လည်းကောင်း အော်တစ်ဇင်ဖြစ်၊မဖြစ် မသိနိုင်ပါ။ ကလေး အထူးကုဆရာဝန်၊ အော်တစ်ဇင် ကုထုံးပညာရှင်၊ စိတ်ရောဂါဆရာဝန်တို့ပါဝင်သည့် အော်တစ်ဇင် ဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ဖြင့်သာ စစ်ဆေး၍ အတည်ပြုနိုင်ပါသည်။ ရှေးဦးအရွယ် ကလေးသူငယ် များ ဖွံ့ဖြိုးရေးအခြေအနေကို တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနသို့ နည်းဥပဒေ(၂၀၁၇)အရ တာဝန်အပ်နှင်းထားပြီးဖြစ်၍ သက်ဆိုင်ရာ နိုင်ငံပိုင်ဆေးရုံကြီးများတွင် သွားရောက်စစ်ဆေးခံနိုင်ပါသည်။

မြန်မာအော်တစ်ဇင် လူဦးရေ
မြန်မာနိုင်ငံ၏ အော်တစ်ဇင်ဖြစ်ပွားမှုကို ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းပါ နှစ်စဉ်လူဦးရေတိုးနှုန်းအပေါ် အခြေခံတွက်ချက်ပါက တစ်နှစ်လျှင် ၄,၅၇၀ဦးခန့် ရှိနိုင် ကြောင်း၊ အာဆီယံနိုင်ငံများ၏ လူဦးရေ ၆၂၅ သန်းခန့်တွင် အော်တစ်ဇင်ဦးရေ (၆)သန်းခန့် ရှိကြောင်း သိရပါသည်။ မြန်မာနိုင်ငံ၏ အော်တစ်ဇင်အပါအဝင် မသန်စွမ်းသူအမျိုးအစား၊ မသန်စွမ်းမှုအခြေ အနေနှင့် လူဦးရေစာရင်းကို သိရှိနိုင်ရေးအတွက် မသန်စွမ်းသူများ မှတ်ပုံတင်ရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်က ဆောင်ရွက်လျှက်ရှိပါသည်။ သို့မှသာ မသန်စွမ်းမှုအမျိုးအစားအလိုက် လိုအပ်သော ကျန်းမာရေးနှင့် ပြုစုစောင့်ရှောက်ရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ ပညာရေး၊ အလုပ်အကိုင်နှင့် ကဏ္ဍ အသီးသီးကို အားလုံးအကျုံးဝင်လက်လှမ်းမီနိုင်ရေး စီစဉ်ပေးနိုင်မည် ဖြစ်ပါသည်။ အော်တစ်ဇင်များ ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်ရန်၊ ရပ်ရွာအသိုင်းအဝိုင်းတွင် ပါဝင်ဆောင်ရွက်နိုင်ရန်၊ လူမှုရေး ကူညီမှုများရရှိနိုင်ရန်၊ ဥပဒေအရာတွင် တရားမျှတမှုရရှိနိုင်ရန် စသည့်လိုအပ်ချက်များကိုလည်း ပိုမို၍ ထည့်သွင်း အကောင်အထည်ဖော်ပေးနိုင်မည် ဖြစ်ပါသည်။ အော်တစ်ဇင်လူဦးရေ တိုးပွားလာခြင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အကြား ဆက်စပ်မှုကို သုံးသပ်ဖော်ထုတ်နိုင်ရေး တိကျသည့် ကိန်းဂဏန်း အချက်အလက်များရရှိရန် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပိုမိုအလေးထား ဆောင်ရွက်ကြရ မည် ဖြစ်ပါသည်။ ပြည်သူများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ပြုစုစောင့်ရှောက်ခြင်း
အော်တစ်ဇင်ဝေဒနာကို လူမှုပတ်ဝန်းကျင်နှင့် လုံးဝဆက်သွယ်ပြောဆိုခြင်းမရှိသော ပြင်းထန်အဆင့်၊ အများနှင့်မတူပဲ ထူးခြားစွာ တုန့်ပြန်တတ်သော မပြင်းထန်အဆင့်ဟူ၍ အစွန်း ၂ ဘက်ရှိသော်လည်း အများစုသည် အလယ်အလတ်အဆင့် ဖြစ်ကြပါသည်။ အခြားသူအပေါ် ရာနှုန်းပြည့်မှီခိုရခြင်း၊ တစ် စိတ်တစ်ပိုင်းမှီခိုရခြင်းနှင့် အနည်းငယ်မှီခိုရခြင်း စသည့်တို့ကိုအခြေခံပြီး ဉာဏ်ရည်မသန်စွမ်းမှု အခြေ အနေကို ခွဲခြားလေ့ရှိပါသည်။ သို့ရာတွင် စနစ်တကျ အချိန်ယူ၍ စောလျှင်စွာ လေ့ကျင့်သင်ကြားပေး ပါက အော်တစ်ဇင်ဉာဏ်ရည်မသန်စွမ်းကလေးများ၏ မသန်စွမ်းမှုအဆင့်ကို လျော့ချနိုင်ပါသည်။ မိဘအုပ်ထိန်းသူများက စိတ်ရှည်သည်းခံ၍ သင်ပြပေးခြင်း၊ အထူးသင်ကြားရေးကျောင်းများသို့ အပ်နှံ ပြီး သင်ကြားစေခြင်းနည်းလမ်းများဖြင့် ပြုစုပျိုးထောင်ပေးနိုင်ပါသည်။
အထူးသင်ကြားရေးကျောင်းများသို့ အပ်နှံသင်ကြားရန် အကြံပြုရခြင်းသည် အော်တစ်ဇင်များကို ခွဲခြားဆက်ဆံခြင်း မဟုတ်ပါ။ နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းကလေးသူငယ်များကို ခွဲခြား ဆက်ဆံခံရခြင်း မရှိစေရန် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေအပြင် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာဥပဒေ(၂၀၁၉)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျှက်ရှိပါသည်။ အော်တစ်ဇင် ကလေးများသည် စကားထစ်ခြင်း၊ အကြောင်းအရာတစ်ခုကို ထပ်တလဲလဲ ပြောခြင်း၊ အကျိုး အကြောင်း ဆီလျော်မှုမရှိပဲ ပြောဆိုတတ်ခြင်း၊ သမရိုးကျသင်ကြားမှုကို တုန့်ပြန်မှု အားနည်းခြင်း၊ နားလည်ရန် မလွယ်ကူခြင်း၊ အကြောင်းမဲ့ မကြာခဏ ရီတတ်ခြင်း၊ ငိုတတ်ခြင်း၊ မိမိ ပြောလိုသည်ကို ဆရာများ၊ အတန်းဖော်များ နားလည်အောင် မပြောတတ်၊ ရှင်းမပြတတ်ခြင်း၊ ဆရာများနှင့် မျက်လုံးချင်းဆုံအောင် မကြည့်တတ်ခြင်း၊ ခန္ဓာကိုယ်လှုပ်ရှားများကို လိုက်မလုပ်တတ်ခြင်း၊ အခြား အတန်းဖော်များနှင့် ဆော့ကစားမှု၊ ပေါင်းသင်း ဆက်ဆံမှု မလုပ်နိုင်ခြင်း၊ ဆူညံသံများ၊ မျက်စိရှုပ်မှုများ တွေ့ကြုံရပါက စိတ်အနှောက်အယှက် ဖြစ်ခြင်း၊ စွဲလမ်းစိတ်ရှိ၍ အခြားအတန်းဖော်များနှင့် ပစ္စည်း၊ ကစားစရာများလုခြင်း၊ စိတ်ဝင်စားသည့် အရာတစ်ခုကိုသာ အာရုံစူးစိုက်တတ်ခြင်းတို့ကြောင့် သင်ကြားမှုတွင် အခက်အခဲရှိနိုင်၍ အကြံပြုရခြင်း ဖြစ်ပါသည်။

အထူးကျောင်းများ
လူမှုဝန်ထမ်းဦးစီးဌာနတွင် မသန်စွမ်းမှုအမျိုးအစားများအလိုက် သင်ကြားနိုင်သည့် ကျောင်းများနှင့် မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာ (၁)ခု ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါသည်။ ပုဂ္ဂလိက မသန်စွမ်းဂေဟာ(၁၂)ခုကိုလည်း နည်းပညာနှင့် ငွေကြေးထောက်ပံ့ပေးလျက်ရှိပါသည်။ အခြားသူသို့ တစ်စိတ်တစ်ပိုင်းနှင့် အနည်းငယ်သာမှီခိုရသည့်(Mild အဆင့်) အော်တစ်ဇင်ကလေးများကို အစိုးရနှင့် ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၊ အခြေခံပညာကျောင်းများတွင် လက်ခံသင်ကြားပေးလျှက် ရှိပါ သည်။ ရန်ကုန်နှင့် အခြားမြို့ကြီးအချို့ရှိ အော်တစ်ဇင်ကလေးများအတွက် အထူးသင်ကြားရေး ကျောင်းများတွင်လည်း တက်ရောက်နိုင်ပါသည်။ ယင်းကျောင်းများတွင် Therapists for Speech, Language, Occupational and Behavior Therapists စသည့် ဘာသာရပ်အလိုက် ကျွမ်းကျင်သူများ ဖြင့် ကလေးများ၏သင်ယူနိုင်မှု ပိုမိုအဆင်ပြေရန်နှင့် ဉာဏ်ရည်မသန်စွမ်းမှု လျော့ပါးသက်သာစေရန် သင်ကြားပေးနေကြောင်း၊ ကျွမ်းကျင်နားလည်သော အထူးကုဆရာဝန်များဖြင့် စစ်ဆေး၍ လိုအပ် သော လေ့ကျင့်ပြုစုမှုများကို ဆောင်ရွက်ပေးလျှက်ရှိကြောင်း လေ့လာသိရှိနိုင်ပါသည်။
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီသည် အော်တစ်ဇင်ကလေးများ အပါအဝင် မသန်စွမ်းသူများကို ပြုစုပျိုးထောင်ရေးဆိုင်ရာ လက်တွေ့နည်းပညာများနှင့် သင်ထောက် ကူ ပစ္စည်းများရရှိရေး၊ အရွယ်ရောက်သော မသန်စွမ်းသူများအတွက် Vocational Training Center များတွင် သင်ကြားနိုင်ရေး၊ သင်ကြားပေးမည့် နည်းပြဆရာများကို မွေးထုတ်နိုင်ရေးတို့အတွက် မဟာ ဗျူဟာ(၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇)ကို ရေးဆွဲကာ မျှော်မှန်းရလဒ်များ သတ်မှတ်ပေးပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများအား ဆောင်ရွက်စေလျှက်ရှိပါသည်။ မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကို လည်း ဆက်လက်အကောင်အထည်ဖော်လျှက်ရှိရာ မသန်စွမ်းအမျိုးအစားအလိုက် လူဦးရေ၊ အသက် အပိုင်းအခြား၊ နေထိုင်ရာဒေသအလိုက် တိကျသည့်ကိန်းဂဏန်းများရရှိပါက ပြုစုပျိုးထောင်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လိုအပ်ချက်များကို အားလုံးလက်လှမ်းမီရရှိအောင် ထိရောက်စွာ ဖြည့် ဆည်းပေးနိုင်မည် ဖြစ်ပါသည်။

အော်တစ်ဇင်အသင်းအဖွဲ့များ
၂၀၁၅ ခုနှစ် မသန်စွမ်းသူများ အခွင့်အရေးဥပဒေအရ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်တွင် ဉာဏ်ရည်မသန်စွမ်းသူများ၏ မိဘများ ပါဝင်ပြီး မိတ်ဖက် မသန်စွမ်းသူအသင်းအဖွဲ့ များနှင့် လက်တွဲကာ မသန်စွမ်းသူများ၏ အခွင့်အရေးအတွက် ကူညီဆောင်ရွက်ပေးလျှက် ရှိပါသည်။ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများကို နိုင်ငံတော်နှင့် နိုင်ငံသားတို့က အသိအမှတ်ပြုနိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများကို ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ် ထည့်သွင်းဖော်ဆောင်နေပါသည်။ အသင်းချုပ်၏ ဖွဲ့စည်းပုံစည်းမျဉ်းနှင့်အညီ အမျိုးသားကော်မတီ နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများဖြင့် မသန်စွမ်းသူများအသင်းအဖွဲ့များ၏ ဦးဆောင်အဖွဲ့အစည်းအဖြစ် ရပ်တည်ဆောင်ရွက်လျှက် ရှိပါ သည်။ အာဆီယံမသန်စွမ်းသူများဖိုရမ် (ASEAN Disability Forum)၏ အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ ကိုယ်စားပြုကိုယ်စားလှယ်ကို ရွေးကောက်စေလွှတ်၍ ပူးပေါင်းဆောင်ရွက်လျှက် ရှိပါသည်။
၂၀၁၉ အောက်တိုဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ASEAN Autism Workshop and Congress အလုပ်ရုံဆွေးနွေးပွဲကို အာဆီယံအထွေထွေအတွင်းရေးမှူးရုံးနှင့် အာဆီယံနိုင်ငံများမှ အော်တစ်ဇင်အသင်းများ ပူးပေါင်း၍ ကျင်းပခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲတွင် အော်တစ်ဇင်ဆိုင်ရာ အာဆီယံမူဝါဒများ ချမှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ ဉာဏ်ရည်မမီသူများ၏ မိဘများ စုပေါင်းဖွဲ့စည်းထားသော (Family Support Network)အသင်းမှ ကိုယ်စားလှယ်များ တက် ရောက်ခဲ့ကြောင်း၊ အာဆီယံ အော်တစ်ဇင်ကွန်ယက် (ASEAN Autism Network- AAN)ကို အာဆီယံ နိုင်ငံများမှ ၃ ဦးစီဖြင့် ရွေးချယ်၍ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာ (၁၅)ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်း၊ မြန်မာ အော်တစ်ဇင်အသင်းမှ ကိုယ်စားလှယ်များ ပါဝင်ကြောင်း လေ့လာသိရှိရပါသည်။

ထင်ရှားသည့်အော်တစ်ဇင်များ
အော်တစ်ဇင်ကလေးအချို့သည် သာမာန်ကလေးများထက် ဉာဏ်ရည်ထက်မြက်သည့် အထောက် အထားများရှိပါသည်။ နယ်ပယ်အသီးသီးက ထင်ရှားသော ပုဂ္ဂိုလ်များဖြစ်သည့် Albert Einstein (သိပ္ပံနှင့်သင်္ချာ)၊ Anthony Hopkins (သရုပ်ဆောင်)၊ Bobby Fischer (စစ်တုရင် ချန်ပီယံ)၊ Bill Gates (Microsoft ထူထောင်သူ)၊ Sir Isaac Newton (သိပ္ပံ၊ သင်္ချာနှင့် နက္ခတ္တ ဗေဒ)၊ Elon Musk (စွန့်ဦး တီထွင်သူ)စသည်တို့သည် အော်တစ်ဇင်များ ဖြစ်ကြပါသည်။ သို့ဖြစ်၍ အော်တစ်ဇင်ကလေးများကို မိမိပတ်ဝန်းကျင်တွင် တွေ့ရှိပါက ပစ်ပယ်ထားခြင်း၊ ခွဲခြားဆက်ဆံခြင်းမပြုပဲ ဖေးမကူညီခြင်း၊ ပံ့ပိုး ပေးခြင်း၊ နွေးထွေးစွာ ဆက်ဆံခြင်း၊ မှန်ကန်သော အပြုအမူ၊ အလေ့အထများဖြင့် နေထိုင်တတ်ရန် သင်ကြားပြသပေးခြင်းဖြင့် ဉာဏ်ရည်မသန်စွမ်းသူ အော်တစ်ဇင်ကလေးများသည် အများနည်းတူ နေထိုင်ပြုမူနိုင်ပြီး အနာဂတ်၏ လူသားအရင်းအမြစ်များအဖြစ် အားကိုးနိုင်မည် ဖြစ်ပါသည်။
သို့ပါ၍ ဉာဏ်ရည်မသန်စွမ်းသူ အော်တစ်ဇင်များ၏ဘဝ စဉ်ဆက်မပြတ်တိုးတက်စေရေး၊ အများနည်း တူ နေထိုင်ရပ်တည်နိုင်ရေးတို့အတွက် ကူညီစောင့်ရှောက်ကြပါ၊ အော်တစ်ဇင်များအတွက် တိုးတက် သည့် ဆေးပညာရပ်များကို အသုံးပြုနိုင်ရေး ဆေးသုတေသနလုပ်ငန်းများ ပိုမိုပြုလုပ်သွားကြပါ၊ အော်တစ်ဇင်များ၏ စွမ်းဆောင်နိုင်မှုများကို ချီးမြှင့်အသိအမှတ်ပြုကြပါ၊ ယခင်က အော်တစ်ဇင် တစ်ဦးချင်း အသက်ရှင်သန်နိုင်ရေးအတွက် ရုန်းကန်ရသည့်အခြေအနေမှ တိုးတက်ကြီးပွားသည့် အခြေအနေသို့ မြှင့်တင်ပေးနိုင်ရေး ဉာဏ်ရည်မသန်စွမ်းသူအော်တစ်ဇင်များ၏ မိဘများမှသည် အစိုးရမဟုတ်သည့်အသင်းအဖွဲ့များ၊ ပြည်သူများအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါဟု တိုက်တွန်းနိုးဆော်အပ် ပါသည်။

ဆက်လက်ဝဲ (MDevS)

သတင်းစဉ် (အသခ)

19/03/2024

(နေပြည်တော်၊ ၁၉.၃.၂၀၂၄)
၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဒေါင်းစင်ဒရုန်း(Down Syndrome)နေ့ အထိမ်းအမှတ် အသိပညာပေး ဆောင်းပါးကို နိုင်ငံပိုင် ပုံနှိပ်မီဒီယာ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားပါသည်။

ကောက်စာ ""ကျန်းမာရေးဆိုင်ရာ စစ်တမ်းများတွင် မိခင်အသက်အရွယ်နှင့် ဒေါင်းစင်ဒရုန်းကလေး မွေးဖွားမှုသည် ဆက်စပ်ကြောင်း၊ မိခင်၏ အသက် ၂၀နှစ်ဆိုပါက ၁:၁၄၄၁၊ ၃၀နှစ်ဆိုပါက ၁:၉၅၉၊ ၄၀နှစ်ဆိုပါက ၁:၈၄၊ ၅၀နှစ်ဆိုပါက ၁:၄၄ အချိုးအသီးသီးရှိကြောင်း ဖော်ပြထားပါသည်။ အသက် (၄၅)နှစ်အရွယ် ကိုယ်ဝန် ဆောင် ၃၀ ဦးတွင် တစ်ဦးက ဒေါင်းစင်ဒရုန်းကလေး မွေးဖွားနိုင်ချေ အလွန်မြင့်မားကြောင်း ဆေးပညာ ဆိုင်ရာတွေ့ချက်အရ အသက်ကြီးမိခင်မှ ဒေါင်းစင်ဒရုန်းကလေး မွေးဖွားနိုင်ချေများသည်ဟု ဆိုနိုင်သော် လည်း ဒေါင်းစင်ဒရုန်းကလေး ၇၀ ရာခိုင်နှုန်းကို အသက် ၃၀နှစ်နှင့် အောက် မိခင်များက မွေးခဲ့ခြင်း ဖြစ်ကြောင်း။"

19/03/2024

(ရန်ကုန်၊ ၁၉.၃.၂၀၂၄)

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသင်တန်းကို တက်ရောက်နိုင်ပါပြီ။

အသေးစိတ်ကို အောက်ပါ လင့်တွင် ဝင်ရောက်ကြည့်ရှု့ပါရန်။

YSSW မှ ဖွင့်လှစ်တော့မယ့် Wave 6 courses များအတွက် Scholarship များပေးအပ်နေတာဖြစ်ပါတယ်။

ဒါကြောင့် မသန်စွမ်းသူ မိဘများနဲ့ စိတ်ဝင်စားသူ မသန်စွမ်းသူများအတွက် YSSW မှပေးအပ်နေတဲ့ Wave 6 Course Scholarship အကြောင်းကို မျှဝေပေးပါခင်ဗျာ။

ဒ့ါအပြင် စိတ်ဝင်စားတဲ့ သင်တန်းများကိုလည်း လာရောက်စာရင်းသွင်းရင် တက်ရောက်နိုင်ပါကြောင်းကိုလည်း ‌ဖိတ်ခေါ်ပေးစေချင်ပါတယ်။

အောက်ပါလင့်များမှ သွားရောက်စာရင်းပေးနိုင်ပါတယ်။
သင်တန်းလျှောက်ထားရန် Link
https://docs.google.com/forms/d/e/1FAIpQLSe0ZvUcER6RBYd7K84puuKTTXgWLErASiJhdMXEYGYqaN3C_g/viewform?usp=sf_link

Need-based Scholarship လျှောက်ထားရန် Link
https://docs.google.com/forms/d/e/1FAIpQLSfdm0OilcrYrj_jtj_e42CPkf5ylZg72nYoQlhf_F35uYbYWQ/viewform?usp=sf_link

ကိုးကား။ MNGOs Coordination Meeting

(အသခ၊ သတင်းစဉ်)

Photos from Myanmar Federation of PWDs's post 18/03/2024

(ရန်ကုန် ၁၈.၃.၂၀၂၄)

မတ်လ ၂၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဒေါင်းစင်ဒရုန်းနေ့ကို အသိအမှတ်ပြုကြိုဆိုပါကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်က ‌ကမ္ဘာ့ ဒေါင်းစင်ဒရုန်းနေ့အထိမ်းအမှတ် အသိပညာပေးဆောင်းပါးကို
ဖော်ပြအပ်ပါသည်။

"ကမ္ဘာ့ ဒေါင်းစင်ဒရုန်းနေ့အထိမ်းအမှတ် အသိပညာပေးဆောင်းပါး"

၂၀၁၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ ရည်ရွယ်ချက်များ၌ “မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင် နိုင်မှုများကို နိုင်ငံတော်နှင့် နိုင်ငံသားတို့က အသိအမှတ်ပြုနိုင်ရန်” ဆိုသည့် ရည်ရွယ်ချက်ပါဝင်ပါသည်။

အဆိုပါ ရည်ရွယ်ချက်အရ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီက “မသန် စွမ်းမှု အမျိုးအစားအလိုက် အထိမ်းအမှတ်နေ့များတွင် မသန်စွမ်းသူများ၏ အခွင့်အရေး၊ မသန်စွမ်းသူ များ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများကို အများပြည်သူက ပိုမိုအလေးထား အသိ အမှတ်ပြုလာစေရေး လှုံဆော် အသိပညာပေးလုပ်ငန်းများကို နိုင်ငံပိုင်စာနယ်ဇင်း၊ မီဒီယာများကတဆင့် ဆောင်ရွက်ရန်” ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သည့် အစည်းအဝေးတွင် ဆုံးဖြတ်၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်တို့ကို တာဝန်ပေးအပ်ခဲ့ပါ သည်။

၂၀၀၆ ခုနှစ်မှစတင်၍ နှစ်စဉ် မတ်လ ၂၁ ရက်နေ့တိုင်း ကမ္ဘာ့ဒေါင်းစင်ဒရုန်း(Down Syndrome)နေ့အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ် လှုပ်ရှားမှုများကို နှစ်စဉ်ကျင်းပလာခဲ့ပါသည်။ လာမည့် ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ကမ္ဘာ့ဒေါင်းစင်ဒရုန်းနေ့ ကျရောက်မည်ဖြစ်ရာ ဒေါင်းစင်ဒရုန်းဉာဏ်ရည် မသန်စွမ်းသူများ အတွက် တန်းတူအခွင့်အရေးရရှိမှု သေချာစေရန်၊ ဒေါင်းစင်ဒရုန်းကလေးများဘဝ ပိုမို ဖွံ့ဖြိုးလာစေရေး အထောက်အကူပြုနိုင်ရန်၊ အခြားကလေးများနည်းတူ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ပိုမို ပါဝင်လာနိုင်စေရန်၊ ဒေါင်းစင်ဒရုန်းမသန်စွမ်းသူများ၏ စွမ်းဆောင်နိုင်မှုကို ပိုမိုအသိအမှတ်ပြုလာစေ ရန်နှင့် ပြုစုပျိုးထောင်ပေးသော မိဘအုပ်ထိန်းသူများကို အားပေးကူညီနိုင်ရန်အတွက် သက်ဆိုင်ရာ ဝာာဝန်ရှိသူများနှင့် အများပြည်သူသို့ ယခုကဲ့သို့ နိုးဆော်အသိပေးရခြင်း ဖြစ်ပါသည်။

ဒေါင်းစင်ဒရုန်း အထိမ်းအမှတ်နေ့

ဒေါင်းစင်ဒရုန်းဆိုသည့် ‌ဝေါဟာရကို မရင်းနှီးသေးသော ပြည်သူများကို ဦးစွာမိတ်ဆက်ပေးလိုပါသည်။ ဒေါင်းစင်ဒရုန်းသည် မျိုးဗီဇကြောင့် ကမ္ဘာပေါ်ရှိလူတိုင်းတွင် ဖြစ်ပွားနိုင်ပါသည်။ ဖြစ်ပွားရသည့် အကြောင်းရင်းမှာ သန္ဓေသားလောင်းဖြစ်ရန် မိခင်နှင့် ဖခင်ထံမှ မျိုးဗီဇသယ်ဆောင်သည့် အမျှင် (ခရိုမိုဇုန်း- chromosome)များ ပုံမှန် မဖြစ်ခြင်းကြောင့်ဟု ဆိုပါသည်။ ပုံမှန်သန္ဓေသားအတွက် ခရိုမိုဇုန်း အမျှင် ၂၃ စုံ ကို လက်ခံရရှိပါသည်။ ခရိုမိုဇုန်းအမျှင် ၁ စုံလျှင် အမျှင် ၂ မျှင်နှုန်းဖြင့် စုစုပေါင်း ခရိုမိုဇုန်း အမျှင် ၄၆ ခု ပါရှိသည်။ ခရိုမိုဇုန်း ၄၆ စုံ အနက် ၂၁ စုံမြောက် ခရိုမိုဇုန်းအမျှင် တစ်စုံ (အမျှင် ၂ မျှင်) သည် ပုံမှန်မဟုတ်ပဲ ၁ မျှင် ပိုမိုပါဝင်ခြင်းကြောင့် တစ်နည်းအားဖြင့် စုစုပေါင်း ခရိုမိုဇုန်းအမျှင် ၄၇ ခုကြောင့် ဒေါင်းစင်ဒရုန်းကလေးများ မွေးဖွားလာရခြင်း ဖြစ်ပါသည်။ အဆိုပါ အမျှင်တစ်စုံ၏ နံပါတ်သည် ၂၁ ခုမြောက် (Trisomy 21) ဖြစ်၍ မတ်လ ၂၁ ရက်နေ့ကို ကမ္ဘာ့ဒေါင်းစင်ဒရုန်းနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါသည်။

ဒေါင်းစင်ဒရုန်း ဖြစ်နိုင်ခြေ။

ကမ္ဘာ့နိုင်ငံများတွင် အရှင်မွေးကလေး ၈၀၀ ဦးတွင် တစ်ဦးသည် ဒေါင်းစင်ဒရုန်းကလေး ဖြစ်နိုင်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစကလေးများ၊ ကလေးသူငယ်များတွင် မသန်စွမ်းဖြစ်ပွားမှုနှုန်း အနည်းဆုံးဖြစ်စေရန် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ပုဒ်မ ၂၇ အရ ကျန်းမာရေးဝန်ကြီးဌာနအား စီမံချက်များ ချမှတ်၍ ဖော်ဆောင်စေလျှက် ရှိပါသည်။ ဒေါင်းစင်ဒရုန်းနှင့် အခြားမျိုးဗီဇရောဂါများ ဖြစ်ပွားမှုကို ကာကွယ်လျော့ချနိုင်ရေးအတွက် သားသမီးမယူမီ ကျွမ်းကျင်သော ဆရာဝန်များ၊ ပညာရှင်များနှင့်တွေ့ဆုံပြီး မိမိတို့၏ မျိုးဗီဇရောဂါဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်း (Genetic Counselling) ပြုလုပ်သင့်ပါသည်။

အထူးသဖြင့် မိမိကိုယ်တိုင် သို့မဟုတ် မိသားစုတွင် မျိုးဗီဇ ရောဂါရှိသူများ၊ ဒေါင်းစင်ဒရုန်းဝေဒနာ ခံစားနေရသည့် သား၊ သမီးကြီးရှိသည့် မိဘများ၊ နှုန်းလွန်အသံ လှိုင်း (Ultrasound)ဖြင့် ကိုယ်ဝန်ကို စစ်ဆေးစဉ် မူမမှန်သောအခြင်းတစ်ခုခု တွေ့ရှိရသည့် မိခင်လောင်း များအနေဖြင့် မျိုးဗီဇရောဂါဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်းကို မဖြစ်မနေ ဆောင်ရွက်သင့်ပါသည်။ ကိုယ်ဝန် ဆောင်ချိန်တွင်လည်း (Triplemarkers tests/ Quard test)စသည်တို့ကို ဆောင်ရွက်၍ သန္ဓေသား၏ ဒေါင်းစင်ဒရုန်းဖြစ်နိုင်ခြေ (High Risk Percentage) ကို တွက်ချက်စစ်ဆေးနိုင်ပါသည်။ ယင်းသို့ စစ်ဆေး ခြင်းဖြင့် ဒေါင်းစင်ဒရုန်းကလေး မွေးဖွားလာပါက ပြုစုပျိုးထောင်နိုင်ရေးကို ကြိုတင်စီစဉ်ဆောင်ရွက် နိုင်မည် ဖြစ်ပါသည်။

မိဘအသက်အရွယ်နှင့် ဒေါင်းစင်ဒရုန်း။

ကျန်းမာရေးဆိုင်ရာ စစ်တမ်းများတွင် မိခင်အသက်အရွယ်နှင့် ဒေါင်းစင်ဒရုန်းကလေး မွေးဖွားမှုသည် ဆက်စပ်ကြောင်း၊ မိခင်၏ အသက် ၂၀နှစ်ဆိုပါက ၁:၁၄၄၁၊ ၃၀နှစ်ဆိုပါက ၁:၉၅၉၊ ၄၀နှစ်ဆိုပါက ၁:၈၄၊ ၅၀နှစ်ဆိုပါက ၁:၄၄ အချိုးအသီးသီးရှိကြောင်း ဖော်ပြထားပါသည်။ အသက် (၄၅)နှစ်အရွယ် ကိုယ်ဝန် ဆောင် ၃၀ ဦးတွင် တစ်ဦးက ဒေါင်းစင်ဒရုန်းကလေး မွေးဖွားနိုင်ချေ အလွန်မြင့်မားကြောင်း ဆေးပညာ ဆိုင်ရာတွေ့ချက်အရ အသက်ကြီးမိခင်မှ ဒေါင်းစင်ဒရုန်းကလေး မွေးဖွားနိုင်ချေများသည်ဟု ဆိုနိုင်သော် လည်း ဒေါင်းစင်ဒရုန်းကလေး ၇၀ ရာခိုင်နှုန်းကို အသက် ၃၀နှစ်နှင့် အောက် မိခင်များက မွေးခဲ့ခြင်း ဖြစ်ကြောင်း လေ့လာသိရှိနိုင်ပါသည်။

ထို့အပြင် ဖခင်၏ အသက်အရွယ်ကြီးခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ အသက်ကြီးသောအမျိုးသားနှင့် ၃၅နှစ်နှင့်အထက် အမျိုးသမီးတို့ အိမ်ထောင်ပြု၍ သားသမီးရယူခြင်းသည် အသက် ၃၅နှစ်အောက် အမျိုး သမီးနှင့် အိမ်ထောင်ပြု၍ သားသမီးရယူခြင်းထက် ဒေါင်းစင်ဒရုန်းကလေး ပိုမိုဖြစ်နိုင်ကြောင်းလည်း လေ့လာသိရှိနိုင်ပါသည်။ ဒေါင်းစင်ဒရုန်းကလေး မွေးဖွားမှုသည် အမျိုးသမီး၊ အမျိုးသား၊ အသက်အရွယ် အပေါ် မူတည်ခြင်းထက် မိမိ၏ ကံ၊ ကံ၏ အကျိုးကြောင့်လည်း ဖြစ်နိုင်ကြောင်း အယူအဆများ ရှိပါသည်။

မသန်စွမ်းမှုအဆင့်ကို လျှော့ချခြင်း

အမျိုးသားကော်မတီအနေဖြင့် မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ မဟာဗျူဟာ ၅ နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇)ကို ချမှတ်၍ ကျန်းမာရေးဝန်ကြီးဌာနအား ကျန်းမာ‌ရေးကဏ္ဍဆိုင်ရာ လုပ်ငန်းစီမံချက်ကို ရေးဆွဲစေကာ ဖော်ဆောင်စေလျှက် ရှိပါသည်။ လုပ်ငန်း စီမံချက်တွင် “မသန်စွမ်းဖြစ်မှုနှင့် မသန်စွမ်းမှု အဆင့်အခြေအနေ (Disability Grading) ပိုမိုဆိုးရွားလာမှုကို ကြိုတင်ကာကွယ်သည့် အစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ခြင်း” လုပ်ငန်း ပါဝင်ပါသည်။ ဒေါင်းစင်ဒရုန်းကလေး အရွယ်ရောက်ပါက ဝေဒနာ ပျောက်ကင်းသွားခြင်းမရှိပဲ အသက်ထက်ဆုံး အမြဲတမ်းမသန်စွမ်းမှုဖြင့် နေထိုင်သွားရမည် ဖြစ်ပါသည်။ သို့ဖြစ်၍ မသန်စွမ်းမှုအဆင့်အခြေအနေ ပိုမိုဆိုးရွားမလာရန်ကာကွယ်နိုင်ရေးအတွက် မွေးကင်းစ ကလေးများတွင် ဒေါင်းစင်ဒရုန်းဖြစ်၊မဖြစ်ကို နိုင်ငံပိုင်ဆေးရုံကြီးများသို့ သွားရောက်ပြီး ပညာရှင်များဖြင့် တိုင်ပင်ပြသကာ စစ်ဆေး၍ အကြံဉာဏ် ရယူနိုင်ကြောင်း အသိပေး တိုက်တွန်းအပ်ပါသည်။

ဒေါင်းစင်ဒရုန်း သွင်ပြင်လက္ခဏာ

ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် ရှေးခေတ်မွန်ဂိုလူမျိုးမျက်နှာပေါက်မျိုးရှိသော ချစ်စရာကလေးများကို တွေ့ မြင်နိုင်ပါသည်။ ယင်းကလေးများ၏ ဦးခေါင်း၊ မျက်နှာ၊ ခြေလက် သွင်ပြင်လက္ခဏာများသည် တူညီလေ့ရှိ ပါသည်။ ခေါင်းသေးခြင်း၊ ပြားခြင်း၊ မျက်နှာပြားခြင်း၊ မျက်လုံးထောင့်များ အပေါ်ဘက်သို့ စွေနေခြင်း၊ နှာခေါင်းသေးပြီး နှာရိုးပြားခြင်း၊ ပါးစပ်သေးခြင်း၊ လျှာအပြင်ထွက်ပြီး အက်ကွဲနေခြင်း၊ မျက်ဆံတွင် အဖြူအပြောက်လေးရှိနေခြင်း၊ လက်တိုခြင်း၊ လက်သန်းကွေးနေခြင်း၊ ခြေညှိုးနှင့် ခြေခလယ်ကြား အကွာအဝေးကျဲနေခြင်း၊ လက္ခဏာတစ်ကြောင်းတည်းပါခြင်း၊ ကြွက်သားများပျော့နေခြင်း၊ ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှု နောက်ကျခြင်း စသည်တို့သည် ဒေါင်းစင်ဒရုန်း၏ ထင်ရှားသောသွင်ပြင်များ ဖြစ်ပါသည်။

မွေးရာပါ အမြင်အာရုဏ်ချို့ယွင်းခြင်း၊ အကြားအာရုဏ် ချို့ယွင်းခြင်း၊ နှလုံးရောဂါ၊ ကင်ဆာ၊ သွေး ကင်ဆာ၊ သိုင်းရိုက်ရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်အူလမ်းကြောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျိုးဆက်ပြန့်ပွားနိုင်ခြေနည်းခြင်း စသည့် ရောဂါများလည်း ပါဝင်လာနိုင်ပါသည်။ စကားပြောနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှု နောက်ကျခြင်းမရှိရန် ကုသမရသော်လည်း မိဘများနှင့်မိသားစုက လိုအပ်သော စောင့်ရှောက်မှုများပေးခြင်း၊ ကူညီဖေးမခြင်းနည်းလမ်းများဖြင့် ဒေါင်းစင်ဒရုန်းကလေးများကို ကိုယ်တိုင် အခက်အခဲမရှိ ရပ်တည်နေထိုင်နိုင်ရန် လေ့ကျင့် ပျိုးထောင်ပေးနိုင်ပါသည်။

ပြုစုပျိုးထောင်ခြင်း

ဒေါင်းစင်ဒရုန်းကလေးများကို လူမမာကဲ့သို့ အိပ်ရာပေါ်တွင်မထားရန်၊ အခြားကလေးများနှင့်အတူ ဆော့ ကစားစေခြင်းကို ခွင့်ပြုရန်၊ နေ့စဉ်လုပ်ဆောင်ရသောကိစ္စများကို မိသားစုက လုပ်ပေးခြင်း မပြုပဲ ဖြည်းဖြည်းမှန်မှန် အချိန်ယူ၍ သင်ပေးရန်၊ လုပ်ခွင့်ပြုရန် လိုအပ်ပါသည်။ အိပ်ချိန်၊ အိပ်ရာထချိန်၊ သွားတိုက်၊ မျက်နှာသစ်၊ ရေချိုး၊ အင်္ကျီဝတ် စသည့်တို့ကို အချိန်မှန် ဆောင်ရွက်တတ်ရေး လေ့ကျင့်ပေး ရန်၊ အလုပ်တစ်ခုပြီး နောက်အလုပ်လုပ်ရန် သိသာသည့် အချက်ပြသင်္ကေတများ (ဥပမာ- မျက်နှာသစ်ပြီး သွားတိုက်ရန် သွားတိုက်နေသော ရုပ်ပုံကို ပြသထားခြင်း)ကို စီစဉ်ထားပြီး နားလည်လိုက်နာစေရေး လေ့ကျင့်ပေးထားရန်စသည့် နည်းစနစ်များကို မိဘအုပ်ထိန်းသူများကိုယ်တိုင် နားလည်ထားရန် အရေး ကြီးပါသည်။ ရုပ်ပုံ၊ ဓာတ်ပုံများဖြင့် ပြသသင်ကြားပေးခြင်းသည် ထိရောက်ကြောင်း သိရှိရသဖြင့် တစ်နေ့တာလုပ်ဆောင်ရမည့် လှုပ်ရှားမှုပြ ရုပ်ပုံ၊ ဓါတ်ပုံများကို စုဆောင်း၍ ဒေါင်းဆင်ဒရုန်းကလေး များကို လေ့ကျင့်ပေးသင့်ကြောင်း အကြံပေးလိုပါသည်။

ကျောင်းနေအရွယ်ရောက်ပါက သက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ကလေးကို စစ်ဆေးမှုများပြုလုပ်ပြီး ကြိုတင်ပြင်ဆင်ရပါမည်။ အိမ်စာများကို ကလေးနှင့်အတူ ကူလုပ်ပေးခြင်း၊ နားမလည်သည့် သင်ခန်းစာ များကို သင်ပြပေးခြင်း၊ ရိုက်ခြင်း၊ ဆူခြင်းမပြုပဲ စိတ်ရှည်ရှည်ဖြင့် ညင်သာစွာ ပြောဆို သင်ကြားခြင်း စသည့်နည်းလမ်းများကိုလည်း နားလည်ထားရန် လိုအပ်ပါသည်။ နေ့စဉ်လူမှုဘဝတွင် ဦးဆောင်လုပ်ကိုင် တတ်စေရန် အဝတ်အစားကို ကိုယ်တိုင်ရွေးချယ်စေခြင်း၊ စိုးရိမ်စိတ်ဖြင့် အကာအကွယ်ပေးတားဆီးခြင်း အစား စောင့်ကြည့်ကာစောင့်ရှောက်ပေးခြင်း နည်းလမ်းများဖြင့် လွတ်လပ်ခွင့်၊ လုပ်ခွင့်ပေးခြင်း၊ ပြဿနာတစ်ရပ် (ဥပမာ- ကျောင်းက အတန်းဖော်နှင့် ဖြစ်တတ်သော ပြဿနာ၊ တွေ့ကြုံရသည့် အခက်အခဲ)ကို ကိုယ်တိုင် ဖြေရှင်းနိုင်ရန် အကူအညီပေးခြင်း၊ မှန်ကန်စွာ ဖြေရှင်းတတ်ရန် တည့်မတ်ပေး ခြင်းစသည့် နည်းလမ်းများကိုလည်း အသုံးပြုနိုင်ပါသည်။

မိဘအုပ်ထိန်းသူများအနေဖြင့် ဒေါင်းစင်ဒရုန်းကလေးများကို ပြုစုပျိုးထောင်ရေးအသိပညာများကို တတ် ကျွမ်းနားလည်စေရန် လေ့လာပြီး စိတ်ခွန်အားအပြည့်ဖြင့် ဆောင်ရွက်ခြင်းဖြင့် မိမိတို့ ကွယ်လွန်သည့် အချိန်တွင် ကလေးကိုယ်တိုင် အမှီခိုအနည်းဆုံးဖြင့် ရပ်တည်နေထိုင်သွားနိုင်မည် ဖြစ်ပါသည်။ နိုင်ငံတော် ကလည်း မသန်စွမ်းသူများ လူမှုအသိုင်းအဝိုင်းတွင် အခြားသူများနည်းတတူ ပါဝင်ဆောင်ရွက်နိုင်ရေး၊ လုပ်ရည်ကိုင်ရည်နှင့် စွမ်း‌ဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရေး၊ ရုပ်ပိုင်း၊ စိတ်ပိုင်း ဉာဏ်ရည်ပိုင်း၊ ဘာသာ စကားဆိုင်ရာနှင့် လူမှုရေးပိုင်းဆိုင်ရာ ပြုစုပျိုးထောင်ရေးနှင့် ပြန်လည်ထူထောင်‌ရေးလုပ်ငန်းများကို မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ အမျိုးသားကော်မတီက မူဝါဒများ ချမှတ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများအား စီမံချက်များနှင့် အစီအစဉ်များ ရေးဆွဲစေကာ တစ်နှစ်ထက် တစ်နှစ် တိုးမြှင့်ဖော်ဆောင်စေလျှက်ရှိပါသည်။

ခွဲခြားဆက်ဆံခြင်း မပြုရန်

‌ဒေါင်းစင်ဒရုန်းကလေးများသည် ရုပ်ပိုင်းနှင့် ဉာဏ်ရည်ပိုင်းတွင် အခြားကလေးများနှင့် ကွဲပြားမှု ရှိသော် လည်း ပင်ကိုယ်သဘောထားနူးညံ့သူများဖြစ်ပြီး အလွယ်တကူ ဒေါသထွက်ခြင်းမရှိပဲ အကျင့်ကောင်းမွန် သူများ ဖြစ်ကြပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဒေါင်းစင်ဒရုန်း ဉာဏ်ရည်မသန်စွမ်းသူများသည် အလုပ် လုပ်ကိုင်နိုင်ကြပြီး ဝတ်စုံဒီဇိုင်နာ၊ တေးဂီတ၊ အားကစား၊ ကျောင်းဆရာ၊ မော်ဒယ်၊ ပန်းပုဆရာ၊ စာရေးဆရာ၊ သရုပ်ဆောင်၊ မုန့်တိုက်လုပ်ငန်း စသည့်ကဏ္ဍစုံတွင် ထူးချွန်သူများအဖြစ် ရပ်တည်လျှက် ရှိပါသည်။

စပိန်နိုင်ငံမှ Ángela Bachiller သည် ဒေါင်းစင်ဒရုန်း ဉာဏ်ရည်မသန်စွမ်းသူများ ရွေးကောက်ခံ ပိုင်ခွင့်အတွက် ကြိုးပမ်းခဲ့သူ နိုင်ငံရေးသမားအဖြစ် ထင်ရှားပါသည်။ သို့ဖြစ်၍ အခြားကလေးများနည်းတူ သွားလာနေထိုင်ပြုမူခြင်းကို လုပ်ခွင့်ရရှိစေ‌ရေး မိသားစုအပါအဝင် အများပြည်သူအနေဖြင့် ခွဲခြား ဆက်ဆံခြင်းမပြုပဲ တန်းတူလေ့ကျင့်သင်ကြားပေးရန် အရေးကြီးပါသည်။ နိုင်ငံတော်အနေဖြင့် မသန်စွမ်း သူများကို တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အဖွဲ့အစည်းများကဖြစ်စေ၊ လုပ်ငန်းဌာနများက ဖြစ်စေ နည်း မျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်း၊ အကြမ်းဖက်ခြင်း၊ အလွဲသုံးခြင်း၊ လျစ်လျူရှု့ခြင်းတို့မှ အကာအကွယ် ပေးနိုင်ရန် ဉပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ပြီး စီမံဆောင်ရွက်ပေးလျှက် ရှိပါသည်။

အထူးပညာရေးအစီအစဉ်

နိုင်ငံတော်အစိုးရသည်မသန်စွမ်းကလေးသူငယ်တိုင်းအတွက် ပညာသင်ကြားရေးဆိုင်ရာ အခွင့်အလမ်း များ ရရှိစေရန် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာ ဝန်ကြီး ဌာနများသို့ တာဝန်ပေးဆောင်ရွက်စေလျှက် ရှိပါသည်။ ကျောင်းပညာသင်ကြားနိုင်သည့် ဒေါင်းစင်ဒရုန်း ကလေးများအနေဖြင့် အခြားကလေးများနည်းတူ အခြေခံပညာကျောင်းများတွင် တက်ရောက် သင်ကြား နိုင်ပါသည်။

‌ကျောင်းပညာမသင်ကြားနိုင်သော မသန်စွမ်းကလေးများအား ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် အခက် အခဲ မရှိရပ်တည်နိုင်ရန်၊ စွမ်းဆောင်ရည် မြင့်မားလာရန်အတွက် နိုင်ငံပိုင်နှင့် မှတ်ပုံတင်ထားသော ပုဂ္ဂလိကကျောင်းများ၏ သီးသန့်အထူးပညာရေး အစီအစဉ်များတွင် ပါဝင်တက်ရောက်နိုင်ပါသည်။ ယင်း အစီအစဉ်များတွင် ဒေါင်းစင်ဒရုန်းကလေးများအတွက် စကားပြောကုထုံးများနှင့် အသက်မွေးဝမ်း ကြောင်းပညာရပ်များဆိုင်ရာ အထူးလေ့ကျင့်ခန်းများကို သင်ကြားပေးလျှက် ရှိပါသည်။

မိဘအုပ်ထိန်းသူများအနေဖြင့် ‌ဒေါင်းစင်ဒရုန်းကလေးများကို နွေးထွေးလုံခြုံမှုပေးခြင်း၊ စနစ် တကျ လေ့ကျင့်သင်ကြားပေးခြင်း၊ ဂရုတစိုက် ပြုစုပျိုးထောင်ပေးခြင်းတို့ဖြင့် ကလေးများ ကြီးပြင်းလာပါက မိမိကိုယ်တိုင်ရပ်တည်နေထိုင်နိုင်သည့်အပြင် မိသားစုနှင့် ပတ်ဝန်းကျင်အတွက် တန်ဖိုးရှိသူတစ်ဦး ဖြစ် လာနိုင်ပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ခုနှစ်မှ စတင်၍ ကမ္ဘာ့ဒေါင်းစင်ဒရုန်းနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများကို မသန်စွမ်း အသင်းအဖွဲ့များ၊ ဒေါင်းစင်ဒရုန်းမသန်စွမ်းသူများ၏ မိဘများက စတင်ဆောင်ရွက်လာခဲ့ရာ ယခုနှစ်တွင် (၁၀)နှစ်ပြည့်မြောက်ပြီ ဖြစ်ပါသည်။ အမျိုးသားကော်မတီ၏ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇)အရ ပညာရေး၊ ကျန်းမာရေး၊ အလွယ်တကူလက်လှမ်းမီ ရယူ အသုံးပြုနိုင်ရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့် အရေးပေါ် အခြေအနေ၊ လုပ်ငန်းနှင့် အလုပ်အကိုင်ဆိုင်ရာလုပ်ငန်းစီမံချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများက ရေးဆွဲဖော်ဆောင်လျှက် ရှိရာ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် မိတ်ဖက်အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်လျှက် ရှိပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် ဉာဏ်ရည်မသန်စွမ်းသူများ၏ အခွင့်အရေး၊ ဒေါင်းစင်ဒရုန်း ကလေးများဘဝ ပိုမိုဖွံ့ဖြိုးလာစေရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ပိုမိုပါဝင်လာနိုင်စေရေး အတွက် တန်းတူအလေးထား ထည့်သွင်း အကောင်အထည် ဖော်လျှက် ရှိပါသည်။

အများပြည်သူအနေဖြင့် ဒေါင်းစင်ဒရုန်းဉာဏ်ရည်မသန်စွမ်းသူများ၏ စွမ်း‌ဆောင်နိုင်မှုများနှင့် ယင်းသို့ စွမ်းဆောင်နိုင်ရန် ပြုစုပျိုးထောင်ပေးသော မိဘအုပ်ထိန်းသူများ၏ ကြိုးပမ်းအားထုတ်မှုများကို အသိ အမှတ်ပြုကြိုဆိုရင်း ဒေါင်းစင်ဒရုန်းကလေးများဘဝ ပိုမိုဖွံ့ဖြိုးလာစေရေးအတွက် ဝိုင်းဝန်း အထောက် အထောက်အကူပြုကြပါစို့ဟု တိုက်တွန်းနိုးဆော်အပ်ပါသည်။

ဆက်လက်ဝဲ (MDevS)

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ရန်ကုန် ၈.၅.၂၀၂၄နားမကြား မသန်စွမ်းသူများ အသိအမှတ်ပြုကတ်ပြား ပြုလုပ်ရာတွင် အခက်အခဲမရှိစေရေး တင်ပြလိုက်ပါတယ်။အသခ၊ သတင်းစဉ်...
မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ဥက္ကဋ္ဌ၏ ၂၀၂၁ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား
ကိုဗစ်-၁၉အလွန် မသန်စွမ်းသူများ၏ မျှော်လင့်ချက် စကားဝိုင်းဆွေးနွေးပွဲ (၂)
Covid-19 ကာလအတွင်း မသန်စွမ်းသူတို့ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ

Telephone

Address


Yangon
11101

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Other Non-Governmental Organizations (NGOs) in Yangon (show all)
Myanmar Monks Group Hacker Anonymous Myanmar Monks Group Hacker Anonymous
ငုဝါလမ်း
Yangon, M.M

White Hat We are Myanmar

ရွှေရောင်အနာဂတ် လူမှုကူညီကယ်ဆယ်ရေးအသင်း ရွှေရောင်အနာဂတ် လူမှုကူညီကယ်ဆယ်ရေးအသင်း
Yangon

ပြည်သူများသို့ကူညီရန် ကျွန်တော်/ကျ?

Astrio Astrio
Yangon

'ASTRIO' is a tech-based community organization which intends to help Myanmar youths. It involves in

Grow Back for Posterity Grow Back for Posterity
7 Pyitawaye Street
Yangon, 11111

community-based solutions for wildlife conservation

Forever Middle SHWE Forever Middle SHWE
Yangon, 95

ပရဟိတ လူမှူကူညီရေးအသင်း

အေးချမ်းဖြူစင်မေတ္တာရှင်လူမှုကူညီရေးအသင်း အေးချမ်းဖြူစင်မေတ္တာရှင်လူမှုကူညီရေးအသင်း
အနော်မာလမ်း ၁၃ ရပ်ကွက် တောင်ဥက္ကလာ
Yangon, [email protected]

သင့်ကြောင့် အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာကို မထိခိုက်ပါစေနှင့်

The Asia Foundation Myanmar The Asia Foundation Myanmar
No. 11, Ko Min Ko Chin Yeik Thar Street, West Ngar Htet Kyi Ward, Bahan Township
Yangon

Strengthening governance, expanding economic opportunity, increasing environmental resilience, empowering women, and promoting international cooperation

Pyit Tine Htaung a.k.a The Tumbling Kelly Pyit Tine Htaung a.k.a The Tumbling Kelly
Yangon

Pyit Tine Htaung a.k.a The Tumbling Kelly | Burmese NFT Project

Aung Zeya Youth Movement Myanmar Aung Zeya Youth Movement Myanmar
Ahlone
Yangon, 11121

လူမျိုးဘာသာမရွေး ၏ အခက်အခဲများ အားလ?

Phyusin Monmyat Welfare Association Phyusin Monmyat Welfare Association
No. 144, 1st Floor, Bo Galay Zay Street , Botahtaung Tsp
Yangon