Atar Nway Oo

Atar Nway Oo

You may also like

Timie Training
Timie Training

ဘာသာရေးနှင့်အသိပညာဆိုင်ရာဗဟုသုတများမျှဝေရာနေရာ

Photos from Atar Nway Oo's post 01/10/2022

ယနေ့ ကျွန်တော် အတာနွေဦး၏ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်း မှတ်တိုင်အနားရှိ မဟေသနတ်ဘီလူးမင်း၊ သာရဒနတ်ဘီလူးမင်းတို့နှင့် ရှေးမင်းအဆက်ဆက်၏ ကုသိုလ်တော် ရှေးဟောင်းသမိုင်းဝင် အပရာဇိတကျိုက်ဝိုင်းစေတီတော်မြတ် အား သီတင်းကျွတ်လဆန်းရှစ်ရက် ဥပုသ့်အကြိုနေ့အထိမ်းအမှတ် အဖြစ် သွားရောက် ကန်တော့ ရှိခိုးပူဇော်ခြင်း အမှတ်တရ။

#ဘုရားကျောင်းကန်စေတီပုထိုးများ
#အပရာဇိတကျိုက်ဝိုင်းစေတီတော်
#ရန်ကုန်မြို့ရှိစေတီပုထိုးများ

Photos from Atar Nway Oo's post 31/08/2022

မင်္ဂလာရှိသော နေ့မြတ်လေးဖြစ်ပါစေ။ ဗုဒ္ဓဘာသာဝင်သူတော်ကောင်းများ ခင်ဗျာ့။

၁။ ယနေ့ သာသနာနှစ် ၂၅၆၆ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် တော်သလင်းလဆန်း ၇ရက် ကြာသပတေးနေ့၊ အင်္ဂလိပ်နှစ် ၂၀၂၂ခုနှစ် စက်တင်ဘာလ ၁ရက်နေ့သည် ဥပုသ့်အကြိုနေ့ ဖြစ်ပေ၏။

၂။ သာသနာနှစ် ၂၅၆၆ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် တော်သလင်းလဆန်း ၈ရက် သောကြာနေ့၊ အင်္ဂလိပ်နှစ် ၂၀၂၂ခုနှစ် စက်တင်ဘာလ ၂ရက်နေ့သည် ဥပုသ့်နေ့ ဖြစ်ပေ၏။

၃။ သာသနာနှစ် ၂၅၆၆ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် တော်သလင်းလဆန်း ၁၄ရက် ကြာသပတေးနေ့၊ အင်္ဂလိပ်နှစ် ၂၀၂၂ခုနှစ် စက်တင်ဘာလ ၈ရက်နေ့သည် ဥပုသ့်အကြိုနေ့ ဖြစ်ပေ၏။

၄။ သာသနာနှစ် ၂၅၆၆ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် တော်သလင်းလပြည့် သောကြာနေ့၊ အင်္ဂလိပ်နှစ် ၂၀၂၂ခုနှစ် စက်တင်ဘာလ ၉ရက်နေ့သည် မဟာဗုဒ္ဓဝင်ကျမ်းမြတ်တော်များအရ မြတ်စွာဘုရားရှင်သည် ကုရုတိုင်းတွင် ကုရုဓမ္မဇာတကတော်အားဟောကြားတော်မူခဲ့သောနေ့ထူးဖြစ်သောကြောင့် ကုရုဓမ္မအခါတော်နေ့ ဖြစ်သည့်အပြင် ဥပုသ့်နေ့ ဖြစ်ပေ၏။

၅။ သာသနာနှစ် ၂၅၆၆ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် တော်သလင်းလဆုတ် ၇ရက် သောကြာနေ့၊ အင်္ဂလိပ်နှစ် ၂၀၂၂ခုနှစ် စက်တင်ဘာလ ၁၆ရက်နေ့သည် ဥပုသ့်အကြိုနေ့ ဖြစ်ပေ၏။

၆။ သာသနာနှစ် ၂၅၆၆ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် တော်သလင်းလဆုတ် ၈ရက် စနေနေ့၊ အင်္ဂလိပ်နှစ် ၂၀၂၂ခုနှစ် စက်တင်ဘာလ ၁၇ရက်နေ့သည် ဥပုသ့်နေ့ ဖြစ်ပေ၏။

၇။ သာသနာနှစ် ၂၅၆၆ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် တော်သလင်းလဆုတ် ၁၄ရက် သောကြာနေ့၊ အင်္ဂလိပ်နှစ် ၂၀၂၂ခုနှစ် စက်တင်ဘာလ ၂၃ရက်နေ့သည် ဥပုသ့်အကြိုနေ့ ဖြစ်ပေ၏။

၈။ သာသနာနှစ် ၂၅၆၆ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် တော်သလင်းလကွယ် စနေနေ့၊ အင်္ဂလိပ်နှစ် ၂၀၂၂ခုနှစ် စက်တင်ဘာလ ၂၄ရက်နေ့သည် ဥပုသ့်နေ့ ဖြစ်ပေ၏။

ဤရက်မြတ်များတွင် ပေးလှူခြင်း၊စောင့်ထိန်းခြင်းနှင့်ပွားများခြင်းဟူသော ကောင်းသောအလုပ်များအား ပြုလုပ်နိုင်ကြစေရန်အတွက် အကျွန်ုပ်အတာနွေဦးမှ အသိပေးနှိုးဆော်ကာတိုက်တွန်းအပ်ပါသည်။

ဤရက်မြတ်များတွင် ကုသိုလ်ကောင်းမှုများပြုလုပ်နိုင်ကြသည်ဖြစ်သဖြင့် မိမိတို့၏ အလိုရှိသည့်ကိစ္စရပ်များသည့် ပြည့်စုံပြီးစီးကြပါစေသတည်း။

#၂၀၂၂ခုနှစ်တော်သလင်းလဆိုင်ရာဥပုသ့်နေ့များ

24/08/2022

သုတ္တန်ပိဋကတ်ဇာတကပါဠိတော်အလာ မြတ်စွာဘုရားသခင်၏ သတ္တဝါအပေါင်း၏ချစ်ခင်မှုကိုရရှိစေနိုင်သောပရိတ်တော်
-
-
-
ဘုန်းတော်ခြောက်ပါးသခင် သဗ္ဗညုမြတ်စွာဘုရားသခင်-
“မြွေမျိုးလေးမျိုးနှင့်ချစ်ကြည်ရင်းနှီးမှုယူခြင်း
-
-
ဝိရူပက္ခ မြွေမင်းမျိုးတို့သည် ငါအား မိတ်ဆွေအနေနှင့်ချစ်ခင်မြတ်နိုး ခြင်းဖြစ်ပါစေ။
ဧရာပထမြွေမင်းမျိုးတို့သည် ငါအား မိတ်ဆွေအနေနှင့်ချစ်ခင်မြတ်နိုး ခြင်းဖြစ်ပါစေ။
ဆဗျာပုတ္တမြွေမင်းမျိုးတို့သည် ငါအား မိတ်ဆွေအနေနှင့်ချစ်ခင်မြတ်နိုး ခြင်းဖြစ်ပါစေ။
ကဏှာ ဂေါတမကမြွေမင်းမျိုးတို့သည် ငါအား မိတ်ဆွေအနေနှင့်ချစ်ခင်မြတ်နိုး ခြင်းဖြစ်ပါစေ။
-
-
သတ္တဝါလေးမျိုးနှင့်ချစ်ကြည်ရင်းနှီးမှုယူခြင်း
-
-
အခြေမရှိသော သတ္တဝါတို့သည် ငါအား မိတ်ဆွေအနေနှင့်ချစ်ခင်မြတ်နိုး ခြင်းဖြစ်ပါစေ။
အခြေနှစ်ချောင်တို့သည် ငါအား မိတ်ဆွေအနေနှင့်ချစ်ခင်မြတ်နိုး ခြင်းဖြစ်ပါစေ။
အခြေလေးချောင်းရှိသော သတ္တဝါတို့သည် ငါအား မိတ်ဆွေအနေနှင့်ချစ်ခင်မြတ်နိုး ခြင်းဖြစ်ပါစေ။
အခြေများစွာရှိသော သတ္တဝါတို့သည် ငါအား မိတ်ဆွေအနေနှင့်ချစ်ခင်မြတ်နိုး ခြင်းဖြစ်ပါစေ။
-
-
မိမိအားမနှိပ်စက်ရန် တောင်းဆိုခြင်း
-
အခြေမရှိသော သတ္တဝါသည် ငါ့အား မနှိပ်စက်ပါစေနှင့်။
အခြေနှစ်ချောင်းရှိသော သတ္တဝါသည် ငါ့အား မနှိပ်စက်ပါစေနှင့်။
အခြေလေးချောင်းရှိသော သတ္တဝါသည် ငါ့အား မနှိပ်စက်ပါစေနှင့်။
အခြေများစွာရှိသော သတ္တဝါသည် ငါ့အား မနှိပ်စက်ပါစေနှင့်။
-
-
သတ္တဝါလေးမျိုးအားမေတ္တာပို့ခြင်း
-
သတ္တဝါအားလုံးတို့သည်လည်းကောင်း၊ ထွက်သက်ဝင်သက်ရှိသော သတ္တဝါအားလုံးတို့သည်လည်းကောင်း၊ အကြွင်းမဲ့ ဥပပါတ်သတ္တဝါအားလုံးတို့သည်လည်းကောင်း ကောင်းသော အမြင်အာရုံတို့ကို မြင်ကြပါစေသတည်း။ တစ်ဦးတစ်ယောက်ဆီကိုမျှ မကောင်းသောအရာများ မရောက်ကြပါစေနှင့်။
-
-
ကိလေသာရှိသောသူနှင့်ကိလေသာမရှိသောသူတို့၏ကွာခြားချက်
-
မြတ်စွာဘုရားသည် အတိုင်းအတာမရှိ(ကြီးမြတ်တော်မူ၏)။ တရားတော်သည် အတိုင်းအတာမရှိ(ကြီးမြတ်တော်မူ၏)။ သံဃာတော်သည် အတိုင်းအတာမရှိ(ကြီးမြတ်တော်မူ၏)။ ကင်း၊သန်း၊မြွေ၊ကင်းမြီးကောက်၊ကင်းခြေများ၊ပင့်ကူ၊အိမ်မြှောင်၊ကြွက်တို့သည် (ကြီးမြတ်ခြင်းနိမ့်ကျခြင်း)အတိုင်းအတာရှိကုန်၏။
-
-
ပရိတ်အရံအတားပြုခြင်းနှင့် ဘုရားခုနှစ်ဆူအားရှိခိုးခြင်း
-
ငါသည် အကာအကွယ်အစောင့်အရှောက်ကို ပြုထားအပ်ပြီ။ ငါသည် အရံအတားအဆီး ကို ပြုထားအပ်ပြီ။ (အန္တရာယ်ပြုမည့်)သတ္တဝါတို့သည် ဖယ်ခွာကြလေ။
ငါသည် ဘုန်းတော်ခြောက်ပါးသခင် (နေမင်းမျိုးနွယ်)မြတ်စွာဘုရားရှင်အား ရှိခိုးပါ၏။
ဂေါတမဗုဒ္ဓအပါအဝင် ဝိပဿီ၊သီခိ၊ဝေဿဘူ၊ကကုသန္ဓ၊ကောဏာဂမန၊ကဿပ တည်းဟူသော သဗ္ဗညုမြတ်စွာဘုရားသခင်ခုနှစ်ပါးတို့အား ရှိခိုးပါ၏။´´
-
-
ဤသည်မှာ သုတ္တန်ပိဋကတ် ခုဒ္ဒကနိကာယ် ဇာတကပါဠိတော် နတံဒဠှဝဂ် ခဏ္ဍဇာတကံသုတ်တော် အားလေ့လာကိုးကားကာ သတ္တဝါအပေါင်း၏ချစ်ခင်မှုကိုရရှိစေနိုင်သောပရိတ်တော် မြန်မာပြန်စကားပြေအဖြစ် ပြန်လည်ရေးသားခြင်းနည်းဖြင့် သဗ္ဗညုမြတ်စွာဘုရားသခင်အား ပူဇော်ခြင်းသည် ပြည့်စုံစွာ ပြီးစီးခဲ့လေပြီ။
-
-
-
ပြည့်စုံပြီးစီးခြင်းတန်ခိုးအပေါင်းနှင့်ပြည့်စုံတော်မူပြီး အမှန်တရားလေးမျိုးတို့ကို မိမိကိုယ်တော်တိုင် မှန်ကန်စွာသိမြင်တော်မူသည့်အပြင် အများသတ္တဝါကိုပါ သိရှိနိုင်အောင် ဟောပြောဆုံးမတော်မူတတ်သူ သဗ္ဗညုမြတ်စွာဘုရားအား ရှိခိုးပါ၏။
-
-
-
#သုတ္တန်ပိဋကတ်ဇာတကပါဠိတော်
#သုတ္တန်ပိဋကတ်ဇာတကပါဠိတော်ဒုကနိပါတ်နတံဒဠှဝဂ်ခဏ္ဍဇာတက
#အရှင်မဟာကဿပမထေရ်နှင့်အရှင်အာနန္ဒာမထေရ်
#နိုင်ငံတော်ဗုဒ္ဓသာသနအဖွဲ့

12/07/2022

သုတ္တန်ပိဋကတ် ခုဒ္ဒကနိကာယ် သုတ္တနိပါတ ဥရဂဝဂ်၏ ကိုးခုမြောက် ဟေမဝတသုတ်တော် (သို့မဟုတ်) မြတ်စွာဘုရားရှင်နှင့်တရားတော်၏ကောင်းမွန်ခြင်းဂုဏ်ရည်ကို နယ်တကာလှည့်ကြွေးကြော်မည့် နတ်ဘီလူးများအကြောင်း မြန်မာပြန်စကားပြေ
-
-
-
သာတာဂီရီဘီလူးမင်းနှင့် ဟေမဝတဘီလူးမင်းတို့၏ မြတ်စွာဘုရားရှင်၏ဂုဏ်တော်နှင့် သက်ဆိုင်သော အမေးအဖြေ(ဝါဆိုလပြည့်ည၏ ဤအမေးအဖြေကိုကြားသိသူ ကာဠီအမျိုးသမီးသည် သောတာပန်ဖြစ်လေ၏။)
-
-
(ထို သာတာဂိရဘီလူးမင်းနှင့် ဟေမဝတဘီလူးမင်းတို့သည်-)
“(၁) သာတာဂိရဘီလူး-‘ အသင် ဟေမဝတ။ ယနေ့သည် တစ်ဆယ့်ငါးရက်ဥပုသ့်နေ့(ဝါဆိုလပြည့်နေ့) ဖြစ်ပေ၏။ (ယနေ့)ညသည် လင်းထိန်တောက်ပထင်ရှားမှုရှိ၏။ စွမ်းဆောင်မှုဂုဏ်ရည်တို့ကြောင့် ရရှိသော အမည်နာမတော်များ ပိုင်ဆိုင်တော်မူသော နေမင်းမျိုးနွယ်ဖွား ငါတို့၏ဆရာသခင် သဗ္ဗညုမြတ်စွာဘုရားရှင်ကို ယခုပင် (သွားရောက်) ဖူးတွေ့ကြပါစို့။’

(၂) ဟေမဝတဘီလူး-‘အသင် သာတာဂိရ။ သင်၏ဆရာ ထို မြတ်စွာဘုရားရှင်သည် သတ္တဝါအားလုံးအနက် (တာဒိ)ဂုဏ်ရည်နှင့်ပြည့်စုံပြီး စိတ်ကို တုန်လှုပ်ခြင်းမရှိဘဲ ကောင်းမွန်စွာ ထားနိုင်သူ ဖြစ်ပါ၏လော။ (ထိုမြတ်စွာဘုရား၏) အလိုရှိသော အမြင်အာရုံ၊ အလိုမရှိသော အမြင်အာရုံ နှင့် ကြံစည်ခြင်း( ဝိတက်) တို့သည် ထိုမြတ်စွာဘုရားရှင်၏ အလိုတကျ ဖြစ်ပေးရပါသလော။

(၃) သာတာဂိရဘီလူး-‘အသင် ဟေမဝတ။ ငါတို့၏ဆရာ မြတ်စွာဘုရားရှင်သည် သတ္တဝါအားလုံးအနက် (တာဒိ)ဂုဏ်ရည်နှင့်ပြည့်စုံပြီး စိတ်ကို တုန်လှုပ်ခြင်းမရှိဘဲ ကောင်းမွန်စွာ ထားနိုင်သူ ဖြစ်ပါပေသည်။ (ထိုမြတ်စွာဘုရား၏) အလိုရှိသော အမြင်အာရုံ၊ အလိုမရှိသော အမြင်အာရုံ နှင့် ကြံစည်ခြင်း( ဝိတက်) တို့သည် ထိုမြတ်စွာဘုရားရှင်၏ အလိုတကျ ဖြစ်ပေးကြရပါသည်။

(၄) ဟေမဝတဘီလူး-‘ အသင် သာတာဂီရ။ မြတ်စွာဘုရားရှင်သည် ပိုင်ရှင် ပေးသောအရာကို မယူဘဲ နေပါသလော။ သတ္တဝါတို့ကို နှိပ်စက်ပြီးဇီဝိန်ခြွေခြင်းကို မပြုလုပ်ဘဲ ရှောင်ပါသလော။ မေ့လျော့ခြင်းကို ဖြစ်စေတတ်သည့် ကာမချမ်းသာငါးမျိုးတို့ကို စိတ်ပါဝင်စားခြင်းနှင့် ဝေးဝေးနေပါသလော။ ဈာန်တရားကို အမြဲမပြတ် ဝင်စားပါသလော။’

(၅) သာတာဂိရဘီလူး-‘အသင် ဟေမဝတ။ ငါတို့၏ဆရာ သဗ္ဗညုမြတ်စွာဘုရားသခင်သည် မပေးသော ပစ္စည်းကို မယူပါ။ သတ္တဝါတို့ကို နှိပ်စက်ပြီးဇီဝိန်ခြွေခြင်းကို မပြုလုပ်ဘဲ ရှောင်ပါ၏။ မေ့လျော့ခြင်းကို ဖြစ်စေတတ်သည့် ကာမချမ်းသာငါးမျိုးတို့ကို စိတ်ပါဝင်စားခြင်းနှင့် ဝေးဝေးနေပါပေ၏။ မြတ်စွာဘုရားသခင်သည် ဈာန်တရားကို အမြဲမပြတ် ဝင်စားပါပေ၏။’

(၆) ဟေမဝတဘီလူး-‘အသင် သာတာဂိရ။ သင်တို့၏ဆရာ မြတ်စွာဘုရားရှင်သည် သိသိနှင့်မှားသောစကားကို မပြောဆိုဘဲ နေပါသလော။ ကြမ်းတမ်းစကားကို မပြောသူ ဖြစ်ပါသလော။ ပျက်စီးရာပျက်စီးကြောင်းနည်းလမ်း စကားကို မပြောသူ ဖြစ်ပါသလော။ အကျိုးမရှိသောစကားကို မပြောဆိုသူ ဖြစ်ပါသလာ။’

(၇) သာတာဂိရဘီလူး-‘အသင် ဟေမဝတ။ ငါတို့၏ဆရာ သဗ္ဗညုမြတ်စွာဘုရားသခင်သည် သိသိနှင့်မှားသောစကားကို မပြောဆိုသူ ဖြစ်ပါ၏။ ကြမ်းတမ်းစကားကို မပြောသူ လည်းဖြစ်ပါ၏။ ပျက်စီးရာပျက်စီးကြောင်းနည်းလမ်း စကားကို မပြောသူ လည်း ဖြစ်ပါ၏။ အကျိုးမရှိသောစကားကို မပြောဆိုသူလည်း ဖြစ်ပါ၏။’

(၈) ဟေမဝတဘီလူး-‘အသင် သာတာဂိရ။ သင်တို့၏ဆရာ မြတ်စွာဘုရားရှင်သည် ကာမတရားတို့နှင့် မပတ်သက်သူဖြစ်ပါသလော။ စိတ် မနောက်ဘဲ အမြဲ စိတ်ကြည်လင်သူ ဖြစ်ပါသလော။ မောဟတရားအားလုံးမှ လွတ်မြောက်ပြီးသူလည်းဖြစ်ပါသလော။ တရားအပေါင်းကို(သိမြင်သော) မျက်စိနှင့်တူသောပညာရှိသူ ဖြစ်ပါသလော။

(၉) သာတာဂိရဘီလူး-‘ အသင် ဟေမဝတ။ ငါတို့၏ဆရာ သဗ္ဗညုမြတ်စွာဘုရားသခင်သည် မြတ်စွာဘုရားရှင်သည် ကာမတရားတို့နှင့် မပတ်သက်သူဖြစ်ပါ၏။ စိတ် မနောက်ဘဲ အမြဲ စိတ်ကြည်လင်သူ ဖြစ်ပါ၏။ မောဟတရားအားလုံးမှ လွတ်မြောက်ပြီးသူလည်းဖြစ်ပါ၏။ တရားအပေါင်းကို(သိမြင်သော) မျက်စိနှင့်တူသောပညာရှိသူ ဖြစ်ပါ၏။’

(၁၀) ဟေမဝတဘီလူး-‘အသင် သာတာဂိရ။ သင်တို့၏ဆရာ မြတ်စွာဘုရားရှင်သည် ဟူသော ဝိဇ္ဇာဉာဏ်သုံးမျိုးနှင့်ပြည့်စုံသူ ဖြစ်ပါသလော။ သန့်ရှင်သော အကျင့်စရဏကို ကျင့်ကြံပြီးသူဖြစ်ပါသလော။ ထိုမြတ်စွာဘုရားရှင်၏ ဟူသော အာသဝေါတရားများကုန်ခမ်းပြီးသွားသူဖြစ်ပါ၏လော။ နောက်တစ်ကြိမ် ပြန်မွေးဖွားခြင်း မရှိသူလည်းဖြစ်ပါ၏လော။ ’

(၁၁) သာတာဂိရဘီလူး-‘ အသင် ဟေမဝတ။ ငါတို့၏ဆရာ သဗ္ဗညုမြတ်စွာဘုရားသခင်သည် ဟူသော ဝိဇ္ဇာဉာဏ်သုံးမျိုးနှင့်ပြည့်စုံသူ ဖြစ်ပါ၏။ သန့်ရှင်သော အကျင့်စရဏကို ကျင့်ကြံပြီးသူဖြစ်ပါ၏။ ထိုမြတ်စွာဘုရားရှင်၏ ဟူသော အာသဝေါတရားများကုန်ခမ်းပြီးသွားသူဖြစ်ပါ၏။ နောက်တစ်ကြိမ် ပြန်မွေးဖွားခြင်း မရှိသူဖြစ်ပါ၏။

(၁၂) (က) ဟေမဝတဘီလူး-‘အသင်သာတာဂိရ။ ပြောဆိုခဲ့ပြီးသည့်အတိုင်း မြတ်စွာဘုရားရှင်၏စိတ်တော်သည် တာဒိစသော ဂုဏ်ရည်များနှင့် ပြည့်စုံတော်မူ၏။ ကိုယ်အမူအရာကာယကံသည်လည်း ကောင်းမွန်ခြင်းနှင့် ပြည့်စုံတော်မူ၏။ နှုတ်အမူအရာဝစီကံသည်လည်း ကောင်းမွန်ခြင်းနှင့်ပြည့်စုံတော်မူ၏။’

(၁၂) (ခ) ဟေမဝတဘီလူး-‘ဤသို့သော စိတ်တော်အားပိုင်ဆိုင်တော်မူထားပြီး ဝိဇ္ဇာသုံးပါးနှင့်စရဏတစ်ဆယ့်ငါးပါးနှင့်ပြည့်စုံတော်မူသူ မြတ်စွာဘုရားသခင်၏အကြောင်းကို အသင်သာတာဂိရသည် မှန်ကန်စွာ ချီးကျုးပါပေ၏။’

(၁၃) (က) သာတာဂိရဘီလူး-‘အသင်ဟေမဝတ။ ပြောဆိုခဲ့ပြီးသည့်အတိုင်း မြတ်စွာဘုရားရှင်၏စိတ်တော်သည် တာဒိစသော ဂုဏ်ရည်များနှင့် ပြည့်စုံတော်မူ၏။ ကိုယ်အမူအရာကာယကံသည်လည်း ကောင်းမွန်ခြင်းနှင့် ပြည့်စုံတော်မူ၏။ နှုတ်အမူအရာဝစီကံသည်လည်း ကောင်းမွန်ခြင်းနှင့်ပြည့်စုံတော်မူ၏။’

(၁၃) (ခ) ဤသို့သော စိတ်တော်အားပိုင်ဆိုင်တော်မူထားပြီး ဝိဇ္ဇာသုံးပါးနှင့်စရဏတစ်ဆယ့်ငါးပါးနှင့်ပြည့်စုံတော်မူသူ မြတ်စွာဘုရားသခင်၏အကြောင်းကို ကြားသိသော ဟေမဝတသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်လေ၏။

(၁၄) သာတာဂိရဘီလူး-‘ပြောဆိုခဲ့ပြီးသည့်အတိုင်း မြတ်စွာဘုရားရှင်၏စိတ်တော်သည် တာဒိစသော ဂုဏ်ရည်များနှင့် ပြည့်စုံတော်မူ၏။ ကိုယ်အမူအရာကာယကံသည်လည်း ကောင်းမွန်ခြင်းနှင့် ပြည့်စုံတော်မူ၏။ နှုတ်အမူအရာဝစီကံသည်လည်း ကောင်းမွန်ခြင်းနှင့်ပြည့်စုံတော်မူ၏။ ဤသို့သော စိတ်တော်အားပိုင်ဆိုင်တော်မူထားပြီး ဝိဇ္ဇာသုံးပါးနှင့်စရဏတစ်ဆယ့်ငါးပါးနှင့်ပြည့်စုံတော်မူသူ နေမင်းမျိူးနွယ်ဖွား မြတ်စွာဘုရားသခင်ကို ယခုချက်ချင်း ငါတို့ ဖူးတွေ့ကြပါစို့။’

(၁၅) ဟေမဝတဘီလူး-‘ အသင်သာတာဂိရ။ လာလော့။ ဧဏီအမည်ရှိသူသား၏ ဒူးခေါင်းကဲ့သို့သော ဒူးခေါင်းလည်း ရှိတော်မူသော၊ အင်္ဂါကြီးငယ်ပြည့်စုံပြီး သွယ်လျသော ကိုယ်ခန္ဓာလည်းရှိတော်မူသော၊ အတွင်းအပြင် ဘေးရန်များကို ဖျက်ဆီးတော်မူတတ်သော၊ တစ်နပ်တည်းသာ စားသောကြောင့် အာဟာရနည်းပါးသူလည်းဖြစ်တော်မူသော၊ အာဟာရအတွက် စိုးရိမ်ခြင်း မရှိတတ်သောကြောင့် အနာဂါရအမည်ရှိသော မုနိဖြစ်တော်မူပြီး တောတွင်(နေလေ့ရှိပြီး) ဈာန်တရားကို အမြဲဆင်ခြင်တွေးတောသုံးဆောင်တော်မူတတ်သော နေမင်းမျိုးနွယ် မြတ်စွာဘုရားကို ယခုချက်ချင်း ငါတို့ ဖူးတွေ့ကြပါစို့။’

(၁၆) ဟေမဝတဘီလူး-‘ခြင်္သေမင်းနှင့်တူတော်မူခြင်း ကိလေသာကိုအပေါင်းအသင်းမလုပ်ဘဲ တစ်ယောက်တည်းသာနေတော်မူခြင်း၊ ဘဝသစ်ဆီသို့ သွားတော်မမူတတ်ခြင်ူ၊ ကာမတရားကို အလေးပေးခြင်း မရှိခြင်း ဟူသော ဂုဏ်ရည်များနှင့် ပြည့်စုံသော ထိုမြတ်စွာဘုရားသခင်ထံသို့ သွားပြီး သေမင်း၏ ကျော့ကွင်းမှ လွတ်မြောက်စေတတ်သော နိဗ္ဗာန်အကြောင်းကို မေးမြန်းကြပါစို့။’
(ဟူ၍ အမေးအမြန်ပြု ကြလေ၏။)
-
-
သဗ္ဗညုမြတ်စွာဘုရားရှင်နှင့်ဟေမဝတဘီလူးမင်းတို့၏ အမေးအဖြေစကားများ
-
-
ဟေမဝတဘီလူးမင်းနှင့်သာတာဂိရဘီလူးမင်း-‘မှန်ကန်ခြင်းအသိဉာဏ်ပညာအကြောင်းကို ဟောကြားတော်မူတတ်သော၊ ခြင်း(ကိစ္စ)ဉာဏ်နှင့် ခြင်း(ကတ)ဉာဏ်ကို ဖြစ်ပွားစေတတ်သော၊ စတုဘူမကတရားအားလုံးတို့ထက် ကျော်လွန်ကာ (နိဗ္ဗာန်ဟူသော) ကမ်းတစ်ဖက်သို့ ရောက်တော်မူပြီး ဘေးရန်အပေါင်းတို့မှ လွတ်မြောက်တော်မူပြီးသူ နေမင်းမျိုးနွယ် (ဂေါတမ) သဗ္ဗညုမြတ်စွာဘုရားသခင်ကို အကျွန်ုပ်တို့ မေးစရာရှိပါ၏။’(ဟူ၍ တောင်းဆိုပြီးနောက်)

ဟေမဝတဘီလူးက-(၁) ‘မည်သို့သောတရားဖြစ်သောအခါ လောကသည် ဖြစ်ပေါ်ရပါသနည်း။ လောကသည် အဘယ်တရားတွင် တဏှာဒိဋ္ဌိနှင့်ပေါင်းစပ်ခြင်း ပြုပါသနည်း။ ဘယ်သို့သောတရားကို မှီခွဲပြီး လောကဟု ခေါ်ဝေါ်ပါသနည်း။ အဘယ်သို့သောတရားကြောင့် လောကကြီးသည် ဆင်းရဲပင်ပန်းနေရပါသည်း။’ဟူ၍ မေးမြန်းလေ၏။

ဘုန်းတော်ခြောက်ပါးသခင် သဗ္ဗညုမြတ်စွာဘုရားရှင်မှ-‘ဟေမဝတ။ အာယတန(စိတ်နှင့်စေတသိက်တို့ဖြစ်ပေါ်ကြောင်း အကြောင်းတရား) ခြောက်ပါးတို့ ဖြစ်ပေါ်လျှင် လောကကြီးသည် ဖြစ်ပေါ်ရ၏။ လောကသည် အာယတနခြောက်ပါးတို့တွင် (စွဲလမ်းခြင်းနှင့်မသိမြင်ခြင်း)တဏှာဒိဋ္ဌိဟူသည့် ပေါင်းစပ်မှုကို ပြု၏။ အာယတနခြောက်ပါးတို့ကိုပင် လောကဟူ၍ သတ်မှတ်ခေါ်ဆို၏။ အာယတနခြောက်ပါးတို့ကြောင့် လောကကြီးသည် ပင်ပန်းဆင်းရဲရ၏။’ဟူ၍ ဖြေကြားလေ၏။

ဟေမဝတဘီလူးက-(၂) ‘ထိုစွဲလမ်းမှုကြောင့် လောကကြီးသည် ပင်ပန်းလေ၏။ ထိုစွဲလမ်းခြင်း (ဥပါဒါန်) ဆိုသည်မှာ အဘယ်သို့နည်း။ (သံသရာ)ဝဋ်ဆင်းရဲမှ ထွက်မြောက်ခြင်းအကြောင်းကို မေးရန်သင့်တော်သူ ရှင်ပင်မြတ်ဘုရားသည် ဟောတော်မူပါလော့။ အဘယ်သို့သောအကြောင်းနှင့် ဆင်းရဲမှုမှ လွတ်မြောက်နိုင်ပါသနည်း။’ဟူ၍ မေးမြန်းလေ၏။

ဘုန်းတော်ခြောက်ပါးသခင် သဗ္ဗညုမြတ်စွာဘုရားရှင်မှ-‘လောကတွင် စိတ်အပါအဝင် ခြောက်ခုမြောက်နှင့်ယှဉ်တွဲသော (အဆင်း၊အသံ၊အနံ့၊အရသာ၊အတွေ့အထိတည်းဟူသော)ကာမဂုဏ်တရားငါးမျိုးတို့ကို ဖော်ပြသင့်ပေ၏။(ဥပါဒါန်အကြောင်း) စိတ်အပါအဝင် ကာမဂုဏ်ငါးပါး ဟူသော ဤဒုက္ခသစ္စာတရားတွင် တဏှာဆန္ဒကို ဖျက်ဆီးပြီး ဤသို့သော အကြောင်းတရားနည်းဖြင့် ဆင်းရဲမှ လွတ်မြောက်နိုင်၏။(နိရောဓသစ္စာ)

ဤ မဂ္ဂသစ္စာ(လွတ်မြောက်မှုရရန်နည်းလမ်းအမှန်)ကို လောက၏လွတ်မြောက်ကြောင်းနည်းလမ်းဟူ၍ ငါသည် သင်တို့အား မှန်ကန်စွာ ဟောကြား၏။ ဤသို့သောအကြောင်းနှင့် ဆင်းရဲမှလွတ်မြောက်နိုင်၏ဟူ၍ ငါသည် ဤထွက်မြောက်ကြောင်းကို သင်တို့အား ငါဟောပါ၏။ ။’ဟူ၍ ဖြေကြားလေ၏။

ဟေမဝတဘီလူးက-(၃) ‘ဤလောကတွင် အဘယ်သို့သောသူသည် သံသရာရေဝဲလေးမျိုးကို ကူးမြောက်နိုင်ပါသနည်း။
ဤလောကတွင် အဘယ်သို့သောသူသည် သံသရာတည်းဟူသောသမုဒ္ဒရာကို ကူးမြောက်နိုင်ပါသနည်း။
ထောက်စရာလည်းမမှီမကမ်း၊ ဆွဲကိုင်ချိတ်စရာလည်းမရှိသော နက်နဲလှသည့် သံသရာတည်းဟူသောသမုဒ္ဒရာကို အဘယ်သို့သောသူကသာ မနစ်မြုပ်နိုင်ပါသနည်း။’ဟူ၍ မေးမြန်းလေ၏။

ဘုန်းတော်ခြောက်ပါးသခင် သဗ္ဗညုမြတ်စွာဘုရားရှင်မှ-‘ တစ်စုံတစ်ယောက်သည် အမြဲ စောင့်ထိန်းမှုအကျင့်(သီလ)နှင့်ပြည့်စုံမှန်ကန်၏။ ပညာအမြင်လည်းရှိ၏၊ ကောင်းမွန်သော တည်ငြိမ်ခြင်းလည်းရှိ၏။ ကိုယ်တွင်း စိတ်တွင်လည်း အရှိကိုအရှိအတိုင်း မှန်ကန်စွာ သိမြင်ခြင်း (ဝိပဿနာ)ဉာဏ်အကြောင်း တွေးကြံသုံးသပ်လေ့ရှိ၏။ မမေ့မလျော့(သတိ)ရှိ၏။ ထိုသူသည် (ကာမတရားများကိုလိုလားတောင့်တမိခြင်း၊ ဈာန်တရားအပေါ်တွင်လိုလားတောင့်တမိခြင်း၊ မှားသောအယူများကိုလိုလားတောင့်တမိခြင်း၊ မှန်ကန်သောပညာတရားကိုမသိခြင်းတည်းဟူသော)သံသရာရေဝဲလေးမျိုးကို ကူးမြောက်နိုင်ပါသည်။

တစ်စုံတစ်ယောက်သည် ကာမသညာ(ကာမတရားကိုမှတ်သားခြင်း)ကို ရှောင်ကြဉ်၏။ သံယောဇဉ်အားလုံးကိုလွန်မြောက်ပြီးသားဖြစ်၏။ နှစ်သက်မှု (တဏှာ)နှင့် အမှတ်သညာရှိခြင်းဘဝ၊ အမှတ်သညာမရှိခြင်းဘဝ၊ အမှတ်သညာရှိသည်လည်းမဟုတ်မရှိသည်လည်း မဟုတ်သော ဘဝသုံးမျိုး ကုန်ဆုံးပြီးလည်းဖြစ်၏။ ထိုသူသည် နက်နဲလှသည့် သံသရာတည်းဟူသောသမုဒ္ဒရာကို မနစ်မြုပ်နိုင်တော့ပေ။’ဟူ၍ ဖြေကြားလေ၏။
-
-
မြတ်စွာဘုရားရှင်နှင့်တရားစကား၏ဂုဏ်ရည်များအကြောင်းကို ကြွေးကြော်ခြင်း
-
-
ဟေမဝတနတ်ဘီလူးမင်းနှင့်သာတာဂိရနတ်ဘီလူးမင်း-‘ နက်နဲသောပညာဉာဏ်အားပိုင်ဆိုင်တော်မူပြီး နူးညံ့သိမ်မွေ့သော ပြဿနာတို့၏ အဓိပ္ပာယ်အတိုင်းအတာကိုပင် မြင်တော်မူနိုင်သော၊ စွဲမက်ခြင်းစသော စိုးရိမ်စရာအကြောင်းမရှိသော၊ ကာမဘုံဘဝကိုလည်း မကပ်ငြိတွယ်သော၊ အာရုံအားလုံး၏ အချုပ်အနှောင်အဖွဲ့မှ လွတ်မြောက်ပြီးသော (ဖြူစင်သန့်ရှင်းသော)ဝိသုဒ္ဓိနတ်အရှင်မြတ်တို့၏ လမ်းခရီး(သမာပတ်ရှစ်ပါး)သို့ ကြွလှမ်းတော်မူသော၊ ဂုဏ်ရည်ကျေးဇူးကို ရှာတော်မူလေ့ရှိသော ထို သဗ္ဗညုမြတ်စွာဘုရားသခင်အား သင်တို့ ဖူးမျှော်ကြလေကုန်။

မြတ်လှစွာသော ဂုဏ်ရည် အရည်အချင်းတို့ ကြောင့် ရသင့်သော အမည်နာမတော်များလည်း ရှိတော်မူသော နူးညံ့သိမ်မွေ့သော ပြဿနာတို့၏ အနက်အဓိပ္ပာယ်ကို (ချက်ချင်း)သိမြင်တော်မူသော၊ ပညာဉာဏ်(ဆု)ကို ပေးသနားတော်မူတတ်သော၊ ကာမတရားတို့အပေါ်တွင် တွယ်တာတပ်မက်ခြင်း ကင်းဝေးတော်မူသော၊ တရားအားလုံးကို သိမြင်တော်မူပြီးသော၊ မြတ်သောပညာလည်းရှိတော်မူသော၊ အရိယာတို့၏ လွတ်မြောက်ခြင်းလမ်းကြောင်းမှန် ကို အသုံးပြုကြွသွားတော်မူတတ်သော၊ မြတ်သော အကျိုးကို ရှာဖွေတော်မူတတ်သော ထို ဘုန်းတော်ခြောက်သခင် သဗ္ဗညုမြတ်စွာဘုရားရှင်ကို သင်တို့ ဖူးမျှော်ကြလေကုန်။

(ကာမတရားများကိုလိုလားတောင့်တမိခြင်း၊ ဈာန်တရားအပေါ်တွင်လိုလားတောင့်တမိခြင်း၊ မှားသောအယူများကိုလိုလားတောင့်တမိခြင်း၊ မှန်ကန်သောပညာတရားကိုမသိခြင်းတည်းဟူသော)သံသရာရေဝဲလေးမျိုးမှ လွတ်မြောက်တော်မူပြီးသော၊ (ကာမဂုဏ်၊အကျိုး၊အမြင်မှား၊မသိမြင်ခြင်းတို့တွင်)ယစ်မူးခြင်းကင်းတော်မူသူ သဗ္ဗညု မြတ်စွာဘုရားရှင် ကို ယနေ့ ငါတို့ ဖူးတွေ့ကြရသောကြောင့် ကောင်းသောအမြင်ကို မြင်ရခြင်းပင်ဖြစ်ပေ၏။ ကောင်းသောမိုးလင်းခြင်းပင်ဖြစ်ပေ၏။ ကောင်းသောအိပ်ရာမှ ထရခြင်းပင်ဖြစ်ပေ၏။

တန်ခိုးကြီးပြီး အခြံအရံအသိုင်းအဝိုင်းများသည့် အားလုံးသော ဘီလူးတစ်ထောင်တို့သည် သဗ္ဗညုအရှင်ဘုရားအား ကိုးကွယ်ခြင်းသို့ ရောက်ကြပါကုန်၏။ အရှင်ဘုရားသည်သာ အကျွန်ုပ်တို့၏ အတုမရှိ အတူမရှိသောဆရာလည်း ဖြစ်တော်မူပါပေ၏။

အကျွန်ုပ်တို့သည် မြတ်စွာဘုရားနှင့် ကောင်းသောတရား၏ အကြောင်း ကို ရှိခိုးကြလျက် တစ်ရွာမှ တစ်ရွာ သို့၊ တစ်တောင် မှ တစ်တောင် သို့ လှည့်လည်ပြီးသွားကြပါမည်။’ဟူ၍ ကြွေးကြော်ကြလေပြီ။

ဤသို့ဖြင့် အကျွန်ုပ်အတာနွေဦးသည် သုတ္တန်ပိဋကတ် ခုဒ္ဒကနိကာယ် သုတ္တနိပါတ် ဥရဂဝဂ်၏ ကိုးခုမြောက် ဟေမဝတသုတ်တော်မြန်မာပြန်အား လေ့လာကိုးကားပြီး ဟေမဝတသုတ်တော် (သို့မဟုတ်) မြတ်စွာဘုရားရှင်နှင့်တရားတော်၏ကောင်းမွန်ခြင်းဂုဏ်ရည်ကို နယ်တကာလှည့်ကြွေးကြော်မည့် နတ်ဘီလူးများအကြောင်း မြန်မာပြန်စကားပြေအဖြစ် ပြန်လည်ရေးသားကာမျှဝေသောနည်းဖြင့် မြတ်စွာဘုရားရှင်အား ပူဇော်ကန်တော့ခြင်းသည် အောင်မြင်စွာပြီးဆုံးပါလေသတည်း။
-
-
-
သိဒ္ဓိတန်ခိုးအဖုံဖုံနှင့်ပြည့်စုံတော်မူသော၊ သစ္စာလေးတန်တရားမှန်ကို မိမိကိုယ်တော်တိုင်ရော သူတစ်ပါးပါသိစေတော်မူတတ်သည့် သဗ္ဗညုဗုဒ္ဓမြတ်စွာဘုရားအား ရှိခိုးပါ၏။
-
-
#သုတ္တန်ပိဋကတ်ခုဒ္ဒကနိကာယ်
#သုတ္တန်ပိဋကတ်ခုဒ္ဒကနိကာယ်သုတ္တနိပါတ်ဥရဂဝဂ်၏ကိုးခုမြောက်မေတ္တသုတ်တော်မြန်မာပြန်
#အရှင်မဟာကဿပမထေရ်နှင့်အရှင်အာနန္ဒာမထေရ်
#ပိဋကတ်တော်မြန်မာပြန်စကားပြေ
#နိုင်ငံတော်ဗုဒ္ဓသာသနအဖွဲ့

Photos from Atar Nway Oo's post 03/07/2022

မင်္ဂလာရှိသော နေ့မြတ်လေးဖြစ်ပါစေ။ ဗုဒ္ဓဘာသာဝင်သူတော်ကောင်းများ ခင်ဗျာ့။

၁။ သာသနာနှစ် ၂၅၆၆ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် ဝါဆိုလဆန်း ၇ရက် တနင်္လာနေ့၊ အင်္ဂလိပ်နှစ် ၂၀၂၂ခုနှစ် ဇူလိုင်လ ၄ရက်နေ့သည် ဥပုသ့်အကြိုနေ့ ဖြစ်ပေ၏။

၂။ သာသနာနှစ် ၂၅၆၆ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် ဝါဆိုလဆန်း ၈ရက် အင်္ဂါနေ့၊ အင်္ဂလိပ်နှစ် ၂၀၂၂ခုနှစ် ဇူလိုင်လ ၅ရက်နေ့သည် ဥပုသ့်နေ့ ဖြစ်ပေ၏။

၃။ သာသနာနှစ် ၂၅၆၆ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် ဝါဆိုလဆန်း ၁၄ရက် တနင်္လာနေ့၊ အင်္ဂလိပ်နှစ် ၂၀၂၂ခုနှစ် ဇူလိုင်လ ၁၁ရက်နေ့သည် ဥပုသ့်အကြိုနေ့ ဖြစ်ပေ၏။

၄။ သာသနာနှစ် ၂၅၆၆ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် ဝါဆိုလပြည့် အင်္ဂါနေ့၊ အင်္ဂလိပ်နှစ် ၂၀၂၂ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့သည် မဟာဗုဒ္ဓဝင်ကျမ်းမြတ်တော်များအရ မိဂဒါဝုန်တောတွင် မြတ်စွာဘုရားရှင် သည် ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစက္ကပဝတ္တနသုတ်တော်ဟောကြားတော်မူသောနေ့ထူး ဖြစ်သည့်အပြင် ဥပုသ့်နေ့ ဖြစ်ပေ၏။

သာသနာနှစ် ၂၅၆၆ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် ဝါဆိုလပြည့်ကျော် ၅ရက် တနင်္ဂနွေနေ့၊ အင်္ဂလိပ်နှစ် ၂၀၂၂ခုနှစ် ဇူလိုင်လ ၁၇ရက်နေ့သည် မဟာဗုဒ္ဓဝင်ကျမ်းမြတ်တော်များအရ မိဂဒါဝုန်တောတွင် မြတ်စွာဘုရားရှင် သည် ပဉ္စဝဂ္ဂီငါးဦးတို့အား အနတ္တလက္ခဏသုတ်တော်ဟောကြားတော်မူသောကြောင့် ပဉ္စဝဂ္ဂီငါးဦးလုံး ရဟန္တာဖြစ်သောနေ့ထူးဖြစ်ပေ၏။

၅။ သာသနာနှစ် ၂၅၆၆ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် ဝါဆိုလဆုတ် ၇ရက် အင်္ဂါနေ့၊ အင်္ဂလိပ်နှစ် ၂၀၂၂ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့သည် ဥပုသ့်အကြိုနေ့ ဖြစ်ပေ၏။

၆။ သာသနာနှစ် ၂၅၆၆ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် ဝါဆိုလဆုတ် ၈ရက် ဗုဒ္ဓဟူးနေ့၊ အင်္ဂလိပ်နှစ် ၂၀၂၂ခုနှစ် ဇူလိုင်လ ၂၀ရက်နေ့သည် ဥပုသ့်နေ့ ဖြစ်ပေ၏။

၇။ သာသနာနှစ် ၂၅၆၆ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် ဝါဆိုလဆုတ် ၁၄ရက် အင်္ဂါနေ့၊ အင်္ဂလိပ်နှစ် ၂၀၂၂ခုနှစ် ဇူလိုင်လ ၂၆ရက်နေ့သည် ဥပုသ့်အကြိုနေ့ ဖြစ်ပေ၏။

၈။ သာသနာနှစ် ၂၅၆၆ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် ဝါဆိုလကွယ် ဗုဒ္ဓဟူးနေ့၊ အင်္ဂလိပ်နှစ် ၂၀၂၂ခုနှစ် ဇူလိုင်လ ၂၇ရက်နေ့သည် ဥပုသ့်နေ့ ဖြစ်ပေ၏။

ဤရက်မြတ်များတွင် ပေးလှူခြင်း၊စောင့်ထိန်းခြင်းနှင့်ပွားများခြင်းဟူသော ကောင်းသောအလုပ်များအား ပြုလုပ်နိုင်ကြစေရန်အတွက် အကျွန်ုပ်အတာနွေဦးမှ အသိပေးနှိုးဆော်ကာတိုက်တွန်းအပ်ပါသည်။

ဤရက်မြတ်များတွင် ကုသိုလ်ကောင်းမှုများပြုလုပ်နိုင်ကြသည်ဖြစ်သဖြင့် မိမိတို့၏ အလိုရှိသည့်ကိစ္စရပ်များသည့် ပြည့်စုံပြီးစီးကြပါစေသတည်း။

#၂၀၂၂ခုနှစ်ဝါဆိုလဆိုင်ရာဥပုသ့်နေ့များ

04/06/2022

မြတ်စွာဘုရားသခင် လင်းလွန်းပင်ရင်းတွင် နေထိုင်တော်မူခြင်းနှင့် ဥက္ကလာဒေသမြို့မှ တပုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ သရဏဂုံနှစ်မျိုးကို ခံယူခြင်း အကြောင်းမြန်မာပြန်စကားပြေ
-
-
-
ပထမသင်္ဂါယနာတင်မှတ်တမ်း
-
-
အရှင်ဥပါလိ-“ဘုန်းတော်ခြောက်ပါးသခင် သဗ္ဗညုမြတ်စွာဘုရားသခင်သည် ခုနှစ်ရက် ကုန်ပြီးနောက် ထို ကိလေသာရန်သူများကို အပြတ်ရှင်းပြီး ရရှိသော အကျိုးကျေးဇူးနှင့် သက်ဆိုင်သော စိတ်တည်ကြည်အေးချမ်းခြင်းကို သုံးသပ်ဆင်ခြင်ခြင်းကို ရပ်တန့်တော်မူပြီး

ကျည်းပင်ရင်းမှ လင်းလွန်းပင်ရင်းသို့ သွားတော်မူကာ လင်းလွန်းပင်ရင်းတွင်လည်း ခုနှစ်ရက်အထိ ကိလေသာရန်သူများကို အပြတ်ရှင်းပြီး ရရှိသော အကျိုးကျေးဇူးနှင့် သက်ဆိုင်သော စိတ်တည်ကြည်အေးချမ်းခြင်းသုခကို သုံးဆောင်တော်မူပြီး မပြောင်းလဲသော တင်ပျဉ်ခွေနည်းဖြင့် တစ်ထိုင်တည်း ထိုင်တော်မူနေ၏။
-
-
ကုန်သည်ညီနောင်များအား မြေတွင်နေသောနတ်က တိုက်တွန်းခြင်း
-
-
ထိုအခါတွင် တပုဿ နှင့် ဘလ္လိက ကုန်သည် ညီနောင်တို့သည် ဥက္ကလာမြို့ဒေသမှ ထိုအရပ်သို့ ခရီးရှည်သွားကြလေ၏။ ထိုအချိန်တွင် တပုဿ နှင့် ဘလ္လိက ကုန်သည် ညီနောင်များ နှင့် အမျိုးတော်ဖူးသော မြေတွင်နေသော နတ်သည် တပုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်များအား- ‘အသင်တို့။ ဤ ဘုန်းတော်ခြောက်ပါးသခင် မြတ်စွာဘုရားအရှင်သည် ရှေးဦးစွာ သစ္စာလေးပါးကို သိမြင်တော်မူပြီးသည်ဖြစ်သဖြင့် လင်းလွန်းပင်ရင်းတွင် နေထိုင်တော်မူဆဲဖြစ်၏။ သွားကြလော့။ ထိုမြတ်စွာဘုရားသခင်ကို မုန့်ကြွက်ကျစ်နှင့် ပျားမုန့်ဆုပ်တို့ဖြင့် လုပ်ကျွေးကြလော့။ ဤသို့ လုပ်ကျွေးခြင်းသည် သင်တို့အတွက် ရှည်ကြာလှသော နေ့ရောညပါ(ရရှိမည့်) စီးပွားချမ်းသာခြင်းသည် ဖြစ်လိမ့်မည်။’ဟူ၍ ပြောလေ၏။
-
-
ကုန်သည်ညီနောင်များက ဆွမ်းဦးကပ်တော်မူခြင်းနှင့် နတ်မင်းကြီးလေးပါးက ကျောက်ညိုသပိတ်လေးလုံး လှူတော်မူခြင်း
-
-
ထိုအခါတွင် တပုဿ ဘလ္လိက ကုန်သည်ညီနောင်တို့သည် မုန့်ကြွက်ကျစ်နှင့် ပျားမုန့်ဆုပ်တို့ကို ယူပြီး မြတ်စွာဘုရားသခင် ထံသို့ သွားကြပြီး ရှိခိုးကာ တစ်နေရာတွင် နေကြပြီး မြတ်စွာဘုရားသခင်အား-‘ အရှင်ဘုရား။ ဘုန်းတော်ခြောက်ပါးသခင် မြတ်စွာဘုရားရှင်သည် အကျွန်ုပ်တို့၏ မုန့်ကြွက်ကျစ်နှင့် ပျားမုန့်ဆုပ်တို့ကို လက်ခံတော်မူပါ။ ဤသို့ အလှူခံလက်ခံတော်မူခြင်းသည် အကျွန်ုပ်တို့အတွက် ရှည်ကြာလှသော နေ့ရောညပါ(ရရှိမည့်) စီးပွားချမ်းသာခြင်းသည် ဖြစ်နိုင်ပါ၏။’ဟူ၍ တောင်းဆိုလေ၏။

ထိုအခါတွင် မြတ်စွာဘုရားသခင်သည်-‘ ဘုန်းတော်ခြောက်ပါးသခင် သမ္မာသမ္ဗုဒ္ဓ ဘုရားတို့သည် လက်အတိုင်းအသာဖြင့် လက်မခံကြကုန်။ ငါသည် ဤ မုန့်ကြွက်ကျစ်နှင့် ပျားမုန့်ဆုပ်တို့ကို ဘယ်လို လက်ခံရမည်နည်း။’ဟူ၍ အကြံဖြစ်လေ၏။
နတ်မင်းကြီးလေးယောက်တို့သည် မိမိတို့၏ စိတ်ဖြင့် မြတ်စွာဘုရားသခင်၏ စိတ်အတွေးကို သိကြကာ အရပ်လေးမျက်နှာမှ (အလုံးစုံကို) ကျောက်ညိုဖြင့် ပြုလုပ်ထားသော သပိတ်လေးလုံးတို့ကို မြတ်စွာဘုရားသခင်အား-‘အရှင်ဘုရား။ ဘုန်းတော်ခြောက်ပါးသခင် မြတ်စွာဘုရားရှင်သည် ဤသပိတ်ဖြင့် မုန့်ကြွက်ကျစ်နှင့် ပျားမုန့်ဆုပ်တို့ကို လက်ခံတော်မူပါ။’ဟူ၍ လှူကြလေ၏။

မြတ်စွာဘုရားသခင်သည် တန်ဖိုးများစွာ ထိုက်တန်ပြီး (အလုံးစုံကို) ကျောက်ညိုဖြင့် ပြုလုပ်ထားသော သပိတ်ဖြင့် မုန့်ကြွက်ကျစ်နှင့် ပျားမုန့်ဆုပ်တို့ကိုလက်ခံကာ သုံးဆောင်တော်မူ၏။
-
-
တပုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ သရဏဂုံနှစ်မျိုးကို ဆောက်တည်ခြင်း
-
-
ထိုအခါတွင် တပုဿနှင့် ဘလ္လိက ကုန်သည် ညီနောင် တို့သည် မြတ်စွာဘုရားသခင်မုန့်များသုံးဆောင်ပြီး သပိတ်တော်ကို လက်မှ ဖယ်ပြီးသည်ကို သိသဖြင့် မြတ်စွာဘုရားသခင်၏ ခြေတော်အစုံကို ဦးခေါင်းဖြင့် ရှိခိုးကာ မြတ်စွာဘုရားသခင်ကို-‘အရှင်ဘုရား။ အကျွန်ုပ်တို့သည် သစ္စာလေးပါးမြတ်တရားကို သိမြင်ပြီးသူ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ သတ်မှတ်ကာ ကိုးကွယ်ကြပါမည်။ အဆုံးအမတရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ သတ်မှတ်ကာ ကိုးကွယ်ကြပါမည်။ မြတ်စွာဘုရားသခင်သည် ယနေ့မှ စပြီး အကျွန်ုပ်တို့အား သက်တမ်းကုန်ဆုံးသည်အထိ (မိမိအား) ကိုးကွယ်ဆည်းကပ်သူ ဟူ၍ သတ်မှတ်တော်မူပါ။’ဟူ၍ လျှောက်ကြလေ၏။
-
-
ပထမသင်္ဂါယနာတင်မှတ်တမ်း
-
-
အရှင်ဥပါလိ-ထိုကုန်သည် ညီနောင်တို့သည် လောကတွင် ပထမအဦးဆုံး သရဏဂုံနှစ်မျိုးကို ကိုးကွယ်ဆောက်တည်သူ များပင်ဖြစ်ကြလေ၏။”
-
-
-
ဤသို့ဖြင့် အကျွန်ုပ်အတာနွေဦးသည် ဝိနည်းပိဋကတ် မဟာဝဂ်ပါဠိတော် မဟာခန္ဓကအခန်း၏ မြတ်စွာဘုရားသခင် လင်းလွန်းပင်ရင်းတွင် နေထိုင်တော်မူခြင်းကို လေ့လာကိုးကားကာ လင်းလွန်းပင်ရင်းတွင် နေထိုင်တော်မူခြင်းနှင့် ဥက္ကလာဒေသမြို့မှ တပုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ သရဏဂုံနှစ်မျိုးကို ခံယူခြင်း အကြောင်းမြန်မာပြန်စကားပြေ ကို ပြန်လည်ရေးသားမျှဝေသောနည်းဖြင့် သဗ္ဗညုမြတ်စွာဘုရားသခင်အား ပူဇော်ခြင်းသည် ပြီးပြည့်စုံစွာအောင်မြင်လေပြီ။
-
-
အကျွန်ုပ်အတာနွေဦးသည် ပြီးပြည့်စုံခြင်း တန်ခိုးအမျိုးမျိုးတို့ကို ပိုင်ဆိုင်တော်မူပြီး အမှန်တရားလေးမျိုးတို့ကို မိမိကိုယ်တော်တိုင် သိမြင်တော်မူသည့်အပြင် သူတစ်ပါးတို့ကိုပါ ဟောတော်မူနိုင်သော သဗ္ဗညုမြတ်စွာဘုရားသခင်အား အမြင့်အမြတ်ဆုံး သတ်မှတ်ကိုးကွယ်ရာဟူ၍ သတ်မှတ်ကာ ကိုးကွယ်ပါ၏။
ထို့အတူ သဗ္ဗညုမြတ်စွာဘုရားသခင်၏ အဆုံးအမတရားတော်ကို အမြင့်အမြတ်ဆုံး သတ်မှတ်ကာ ကိုးကွယ်ပါ၏။
ရှင်ပင်မြတ်ဘုရားသည် အကျွန်ုပ်ကိုလည်း ယနေ့မှ စပြီး အကျွန်ုပ်အား သက်တမ်းကုန်ဆုံးသည်အထိ (မိမိအား) ကိုးကွယ်ဆည်းကပ်သူ ဟူ၍ သတ်မှတ်တော်မူပါ။
-
-
-
#ဝိနည်းပိဋကတ်မဟာဝဂ်ပါဠိတော်မဟာခန္ဓက
#ဝိနည်းပိဋကတ်မဟာဝဂ်ပါဠိတော်မဟာခန္ဓကလင်းလွန်းပင်ရင်းတွင်စံနေတော်မူခြင်း
#အရှင်မဟာကဿပမထေရ်နှင့်အရှင်ဥပါလိမထေရ်
#နိုင်ငံတော်ဗုဒ္ဓသာသန့အဖွဲ့

20/05/2022

မြတ်စွာဘုရားသခင် ကျည်းပင်ရင်းတွင် နေထိုင်တော်မူခြင်း နှင့် မုစလိန္ဒနဂါးမင်း၏ကုသိုလ်အား ချီးကျူးသော ဥဒါန်းစကားတော် မြန်မာပြန်စကားပြေ
-
-
-
ပထမသင်္ဂါယနာတင်မှတ်တမ်း
-
-
အရှင်ဥပါလိ-“ဘုန်းတော်ခြောက်ပါးသခင် သဗ္ဗညုမြတ်စွာဘုရားသခင်သည် ခုနှစ်ရက် ကုန်ပြီးနောက် ထို ကိလေသာရန်သူများကို အပြတ်ရှင်းပြီး ရရှိသော အကျိုးကျေးဇူးနှင့် သက်ဆိုင်သော စိတ်တည်ကြည်အေးချမ်းခြင်းကို သုံးသပ်ဆင်ခြင်ခြင်းကို ရပ်တန့်တော်မူပြီး

ဆိတ်ကျောင်းညောင်ပင်ရင်းမှ ကျည်းပင်ရင်းသို့ သွားတော်မူကာ ကျည်းပင်ရင်းတွင်လည်း ခုနှစ်ရက်အထိ ကိလေသာရန်သူများကို အပြတ်ရှင်းပြီး ရရှိသော အကျိုးကျေးဇူးနှင့် သက်ဆိုင်သော စိတ်တည်ကြည်အေးချမ်းခြင်းသုခကို သုံးဆောင်တော်မူပြီး မပြောင်းလဲသော တင်ပျဉ်ခွေနည်းဖြင့် တစ်ထိုင်တည်း ထိုင်တော်မူနေ၏။

ထိုအချိန်တွင် ချမ်းအေးသော လေနှိပ်စက်သောကြောင့် ခုနှစ်ရက်တိုင်တိုင်ရွာမည့် အချိန်အခါမဲ့ မိုးကြီးသည် ရွာလေ၏။ ထိုအခါတွင် မုစလိန္ဒနဂါးမင်းသည် မိမိ၏ဗိမာန်တော်မှ ထွက်လာပြီး-‘မြတ်စွာဘုရားကို အအေးဒဏ်၊ အပူဒဏ်၊ ခြင်ဒဏ်၊ မှက်ဒဏ်၊ လေဒဏ်၊ နေဒဏ်၊ မြွေဒက်၊ ကင်းဒဏ်နှင့် သန်းဒဏ် တို့နှင့် မတွေ့ပါစေနှင့်’ဟူ၍ စိုးရိမ်ကာ မြတ်စွာဘုရားသခင်၏ ကိုယ်လုံးတော်ကို (နဂါး)အခွေတို့ဖြင့် ခုနှစ်ပတ်ရစ်ပတ်ပြီး ဦးခေါင်းထက်တွင် ကြီးမားသော ပါးပျဉ်းဖြင့် အုပ်မိုးကာ နေလေ၏။

ထိုအခါတွင် မုစလိန္ဒ နဂါးမင်းသည် ခုနှစ်ရက်ပြည့်သဖြင့် ကောင်းကင်တွင် တိမ်တိုက်များပျောက်ကင်းကြည်လင်နေသည်ကို သိသဖြင့် မြတ်စွာဘုရားသခင်၏ ကိုယ်လုံးတော်မှ အခွေများကိုဖြေကာ မိမိ(၏မူလရုပ်)အသွင်ကို ဖျောက်ကာ ယောကျာ်းလူပျိုအသွင်ကို ပြောင်းလဲဖန်ဆင်းပြီး မြတ်စွာဘုရားသခင်ကို လက်အုပ်ချီရှိခိုးပြီး မြတ်စွာဘုရားသခင်၏ ရှေ့တော်တွင် ရပ်နေ၏။

ထိုအခါတွင် မြတ်စွာဘုရားသခင်သည် ထိုအကြောင်းအရာ အားလုံးကို သိတော်မူပြီး ထိုအချိန်အတွင်း-‘ ကိလေသာအားအပြတ်ရှင်းစေမည့်နည်းလမ်းလေးမျိုးဟူသော နှစ်သိမ့်တတ်ခြင်း ရှိသည်ဖြစ်သဖြင့် သေချာစွာသိမြင်ပြီးသော တရားရှိသည့် ခပ်သိမ်းသောတရားအပေါင်းကို မြင်သူ ရဟန္တာပုဂ္ဂိုလ်အတွက် နိဗ္ဗာန်ဟူသော ဝိဝေကသည် ချမ်းသာ၏။
လောကတွင် အမျက်ဒေါသမထွက်ခြင်းနှင့် သတ္တဝါအပေါင်းတို့၏အပေါ်တွင် မနှိပ်စက်ခြင်းသည်လည်း ချမ်းသာ၏။

လောကတွင် ကာမတရားများမှ လွတ်မြောက်ခြင်း ဟူသတ်မှတ်သင့်သော စွဲမက်ခြင်း ရာဂကင်းသည့် အကြောင်းသည်လည်း ချမ်းသာ၏။
ငါဟူသော မာနတရားကို ဆုံးမထိန်းသိမ်းနိုင်ခြင်းသည် အမှန်တကယ် အမြတ်ဆုံး ချမ်းသာခြင်းဖြစ်ပေ၏။’ ဟူသော စကားတော်မြတ်ကို ဥဒါန်းကျုးရင့်တော်မူခဲ့လေပြီ။”
-
-
-
ဤသို့ဖြင့် အကျွန်ုပ်အတာနွေဦးသည် ဝိနည်းပိဋကတ် မဟာဝဂ်ပါဠိတော် မဟာခန္ဓကအခန်း၏ မြတ်စွာဘုရားသခင် ကျည်းပင်ရင်းတွင် နေထိုင်တော်မူခြင်းကို လေ့လာကိုးကားကာ ကျည်းပင်ရင်းတွင် နေထိုင်တော်မူခြင်းနှင့် မာန်မဝင့်သောသူသည် ဗြာဟ္မဏဖြစ်ကြောင်းကို ပြဆိုသော ဥဒါန်းစကားတော် မြန်မာပြန်စကားပြေကို ပြန်လည်ရေးသားမျှဝေသောနည်းဖြင့် သဗ္ဗညုမြတ်စွာဘုရားသခင်အား ပူဇော်ခြင်းသည် ပြီးပြည့်စုံစွာအောင်မြင်လေပြီ။
-
-
ပြီးပြည့်စုံခြင်း တန်ခိုးအမျိုးမျိုးတို့ကို ပိုင်ဆိုင်တော်မူပြီး အမှန်တရားလေးမျိုးတို့ကို မိမိကိုယ်တော်တိုင် သိမြင်တော်မူသည့်အပြင် သူတစ်ပါးတို့ကိုပါ ဟောတော်မူနိုင်သော သဗ္ဗညုမြတ်စွာဘုရားသခင်အား ရှိခိုးပါ၏။
-
-
-
#ဝိနည်းပိဋကတ်မဟာဝဂ်ပါဠိတော်မဟာခန္ဓက
#ဝိနည်းပိဋကတ်မဟာဝဂ်ပါဠိတော်မဟာခန္ဓကကျည်းပင်ရင်းတွင်စံနေတော်မူခြင်း
#အရှင်မဟာကဿပမထေရ်နှင့်အရှင်ဥပါလိမထေရ်
#နိုင်ငံတော်ဗုဒ္ဓသာသန့အဖွဲ့

13/05/2022

မနက်ဖြန်(၁၄၊၅၊၂၀၂၂)ကဆုန်လပြည့်ဗုဒ္ဓနေ့ နှင့် ဥပုသ့်နေ့ဓမ္မဒါန
ဝိနည်းပိဋကတ် မဟာဝဂ်ပါဠိတော် မဟာခန္ဓကအပိုင်းအလာ ဆိတ်ကျောင်းညောင်ပင်ရင်းတွင် နေထိုင်တော်မူခြင်းနှင့် မာန်မဝင့်သောသူသည် ဗြာဟ္မဏဖြစ်ကြောင်းကို ပြဆိုသော ဥဒါန်းစကားတော် မြန်မာပြန်စကားပြေ
-
-
-
ပထမသင်္ဂါယနာတင်မှတ်တမ်း
-
-
အရှင်ဥပါလိ-“ဘုန်းတော်ခြောက်ပါးသခင် သဗ္ဗညုမြတ်စွာဘုရားသခင်သည် ခုနှစ်ရက် ကုန်ပြီးနောက် ထို ကိလေသာရန်သူများကို အပြတ်ရှင်းပြီး ရရှိသော အကျိုးကျေးဇူးနှင့် သက်ဆိုင်သော စိတ်တည်ကြည်အေးချမ်းခြင်းကို သုံးသပ်ဆင်ခြင်ခြင်းကို ရပ်တန့်တော်မူပြီး

ဗောဓိပင်ရင်းမှ ဆိတ်ကျောင်းရာနေရာညောင်ပင်ရင်းသို့ သွားတော်မူကာ ဆိတ်ကျောင်းရာနေရာညောင်ပင်ရင်းတွင်လည်း ခုနှစ်ရက်အထိ ကိလေသာရန်သူများကို အပြတ်ရှင်းပြီး ရရှိသော အကျိုးကျေးဇူးနှင့် သက်ဆိုင်သော စိတ်တည်ကြည်အေးချမ်းခြင်းသုခကို သုံးဆောင်တော်မူပြီး မပြောင်းလဲသော တင်ပျဉ်ခွေနည်းဖြင့် တစ်ထိုင်တည်း ထိုင်တော်မူနေ၏။

ထိုအခါတွင် ရှုးရှုးဟုန်ဟုန်(ဖြစ်သည်အထိ မာန်ထောင်စိတ်ကြီးဝင်ခြင်းကို)ပြုလုပ်တတ်သူ ပုဏ္ဏားတစ်ယောက်သည် သဗ္ဗညုမြတ်စွာဘုရားသခင်ထံသို့ သွားကာ မြတ်စွာဘုရားရှင်နှင့်အတူ ဝမ်းမြောက်ဝမ်းသာဖွယ် ကောင်းသော အမှတ်တရနှုတ်ဆက်စကားများ (အပြန်အလှန်)ပြောဆိုကြ၏။
-
-
ပုဏ္ဏား၏မေးခွန်းနှင့် မြတ်စွာဘုရားသခင် ဝမ်းမြောက်ဝမ်းသာဖွယ် ဥဒါန်းတွင်မည့်စကားအား ဟစ်ကြွေးတော်မူခြင်း
-
-
ထို ဝမ်းမြောက်ဝမ်းသာဖွယ် ကောင်းသော အမှတ်တရနှုတ်ဆက်စကားများ (အပြန်အလှန်)ပြောဆိုကြပြီးသောအခါ (ပုဏ္ဏားသည်) တစ်နေရာတွင် နေပြီး မြတ်စွာဘုရားသခင်ကို-‘ အရှင်ဂေါတမ။ ဘယ်လောက်အတိုင်းအတာ(သတ်မှတ်ချက်)ဖြင့် ဗြာဟ္မဏ ဟူ၍ သတ်မှတ်သင့်ပါသနည်း။ ဗြာဟ္မဏဖြစ်ကြောင်းကို ဖြစ်စေတတ်သော တရားသည် အဘယ်တရားနည်းလမ်းများဖြစ်ပါသည်း။’ဟူ၍ မေးလျှောက်၏။

ထိုအခါတွင် သဗ္ဗညုမြတ်စွာဘုရားသခင်သည် ပုဏ္ဏား၏မေးခွန်းစကားအကြောင်းကို ကြားသိတော်မူသဖြင့် ထိုအချိန်အတွင်းပင်-‘ တစ်စုံတစ်ယောက်သော ကိလေသာရန်သူများကို အပြတ်ရှင်းပြီး ရရှိသော အကျိုးကျေးဇူးကို ရရှိပြီးသည့်သူသည်ရှုးရှုးဟုန်ဟုန်(ဖြစ်သည်အထိ မာန်ထောင်စိတ်ကြီးဝင်ခြင်းကို)မပြုလုပ်တတ်။
ညစ်ပေစွန်းခြင်းကို ဖြစ်စေတတ်သော ကိလေသာဖန်ရည်လည်း မကပ်ငြိ။
တရားကိုသာ ဆင်ခြင်တွေးတောကြိုးစားအားထုတ်တတ်သောစိတ်ရှိ၏။
ကိလေသာရန်သူများကို အပြတ်ရှင်းမည့်နည်းလမ်းတို့၏ပန်းတိုင် အကျိုးကျေးဇူးကို ရရှိ၏။
မြတ်သော အကျင့်ကို ကျင့်သုံးပြီးသူလည်းဖြစ်၏။
(ထို့ကြောင့်) ထိုရဟန္တာသည် မှန်ကန်သောကြောင့် ငါ ဗြာဟ္မဏ(ပါ) ဟူသော စကားကို ပြောဆိုကောင်း၏။
လောကတစ်ခုလုံးရှိ တစ်စုံတစ်ရာသောအာရုံတွင် တပ်မက်မှုစသည့်(ကိလေသာများ) ဖြစ်ပွားခြင်းတို့သည် ထိုရဟန္တာပုဂ္ဂိုလ်တွင် မရှိပေ။’ ဟူသော စကားတော်မြတ်ကို ဥဒါန်းကျုးရင့်တော်မူခဲ့လေပြီ။”
-
-
-
ဤသို့ဖြင့် အကျွန်ုပ်အတာနွေဦးသည် ဝိနည်းပိဋကတ် မဟာဝဂ်ပါဠိတော် မဟာခန္ဓကအခန်း၏ မြတ်စွာဘုရားသခင် ဆိတ်ကျောင်းညောင်ပင်ရင်းတွင် နေထိုင်တော်မူခြင်းကို လေ့လာကိုးကားကာ ဆိတ်ကျောင်းညောင်ပင်ရင်းတွင် နေထိုင်တော်မူခြင်းနှင့် မာန်မဝင့်သောသူသည် ဗြာဟ္မဏဖြစ်ကြောင်းကို ပြဆိုသော ဥဒါန်းစကားတော် မြန်မာပြန်စကားပြေကို ပြန်လည်ရေးသားမျှဝေသောနည်းဖြင့် သဗ္ဗညုမြတ်စွာဘုရားသခင်အား ပူဇော်ခြင်းသည် ပြီးပြည့်စုံစွာအောင်မြင်လေပြီ။
-
-
ပြီးပြည့်စုံခြင်း တန်ခိုးအမျိုးမျိုးတို့ကို ပိုင်ဆိုင်တော်မူပြီး အမှန်တရားလေးမျိုးတို့ကို မိမိကိုယ်တော်တိုင် သိမြင်တော်မူသည့်အပြင် သူတစ်ပါးတို့ကိုပါ ဟောတော်မူနိုင်သော သဗ္ဗညုမြတ်စွာဘုရားသခင်အား ရှိခိုးပါ၏။
-
-
-
#ဝိနည်းပိဋကတ်မဟာဝဂ်ပါဠိတော်မဟာခန္ဓက
#ဝိနည်းပိဋကတ်မဟာဝဂ်ပါဠိတော်မဟာခန္ဓကဆိတ်ကျောင်းညောင်ပင်ရင်းတွင်စံနေတော်မူခြင်း
#အရှင်မဟာကဿပမထေရ်နှင့်အရှင်ဥပါလိမထေရ်
#နိုင်ငံတော်ဗုဒ္ဓသာသန့အဖွဲ့

07/05/2022

မနက်ဖြန် (၈၊၅၊၂၀၂၂) ကဆုန်လဆန်းရှစ်ရက် ဥပုသ့်နေ့အထိမ်းအမှတ် ဓမ္မဒါန
ဝိနည်းပိဋကတ် မဟာဝဂ်ပါဠိတော် မဟာခန္ဓကအပိုင်းအလာ မြတ်စွာဘုရားသခင်ဗောဓိပင်ရင်းတွင် ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အပြန်အလှန်တွေးတောပျော်ရွှင်တော်မူခြင်း
-
-
-
ပထမသင်္ဂါယနာတင်မှတ်တမ်းနှင့် မြတ်စွာဘုရားသခင် ပဋိစ္စသမုပ္ပါဒ်တရားတော်ကို တွေးတောဆင်ခြင်ခြင်း
-
-
အရှင်ဥပါလိ-“ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော သဗ္ဗညုမြတ်စွာဘုရားသခင်သည် ဥရုဝေလတောအုပ်၏ နေရဉ္ဇရာမြစ်ကမ်းနားရှိ ဗောဓိပင်ရင်းတွင် အမှန်တရားလေးမျိုးကို အဦးပထမ သိမြင်တော်မူပြီးနောက် ဆက်လက်နေထိုင်တော်မူသောအခါတွင် မြတ်စွာဘုရားသခင်သည် (ထို)ဗောဓိပင်ရင်းတွင် ခုနှစ်ရက်ပတ်လုံး (ကိလေသာရေစီးကြောင်းကိုပယ်သတ်ပြီးနောက်ရှိသည့် ဉာဏ်) အရဟတ္တဖိုလ်၏ အကျိုးချမ်းသာကို သုံးဆောင်ကာ (မပြောင်းမလဲသည့်) တင်ပျဉ်ခွေတစ်ထိုင်ဖြင့် ထိုင်တော်မူနေ၏။

ထိုအချိန်တွင် ဘုန်းတော်ကြီးတော်မူသူ သဗ္ဗညုမြတ်စွာဘုရားရှင်သည် ညချမ်းကာလတစ်ခုလုံး ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အပြန်အလှန် အဖြစ်အပျက်အနေနဲ့ တွေးတောဆင်ခြင်တော်မူ၏။
-
-
ဖြစ်ပေါ်ပုံအနေနှင့် ရှုမြင်ခြင်း
-
-
သဗ္ဗညုမြတ်စွာဘုရားသခင်-‘မသိမြင်ခြင်း(အဝိဇ္ဇာ) ဟူသော အကြောင်းကြောင့် ပြုပြင်ဖန်တီးခြင်း(သင်္ခါရ) တို့သည် ဖြစ်ကြရ၏။
ပြုပြင်ဖန်တီးခြင်(သင်္ခါရ)ကြောင့် အသက်ဓာတ် (ဝိညာဉ်)တို့သည် ဖြစ်ကြရ၏။
အသက်ဓာတ်(ဝိညာဉ်)ကြောင့် စိတ်နှင့်ရုပ် (နာမရူပ)တို့သည် ဖြစ်ကြရ၏။
စိတ်နှင့်ရုပ် (နာမရူပ)တို့ကြောင့် အာရုံတည်မှီရာ(အာယတန)ခြောက်မျိုး တို့သည် ဖြစ်ကြရ၏။
အာရုံတည်မှီရာ(အာယတန)ခြောက်မျိုးတို့ကြောင့် တွေ့ထိခြင်း(ဖဿ) တို့သည် ဖြစ်ကြရ၏။
တွေ့ထိခြင်း(ဖဿ)ကြောင့် ခံစားခြင်း(ဝေဒနာ) တို့သည် ဖြစ်ကြရ၏။
ခံစားခြင်း(ဝေဒနာ)ကြောင့် တပ်မက်လိုချင်ခြင်း(တဏှာ)တို့သည် ဖြစ်ကြရ၏။
တပ်မက်လိုချင်ခြင်း(တဏှာ)ကြောင့် စွဲလမ်းတွယ်တာခြင်း(ဥပါဒါန်)တို့သည်ဖြစ်ကြရ၏။
စွဲလမ်းတွယ်တာခြင်း(ဥပါဒါန်)ကြောင့် ဖြစ်ပေါ်ရန်အကြောင်းအရင်း(ဘဝ)တို့သည်ဖြစ်ကြရ၏။
ဖြစ်ပေါ်ရန်အကြောင်းအရင်း(ဘဝ)ကြောင့် ဖြစ်ပေါ်ခြင်း(ဇာတိ)တို့သည်ဖြစ်ကြရ၏။
ဖြစ်ပေါ်ခြင်း(ဇာတိ)ဟူသော အကြောင်းအရင်းကြောင့် အိုမင်းခြင်း၊ ကွယ်လွန်ခြင်း၊ စိုးရိမ်ပူပန်ရခြင်း၊ ငိုကြွေးဝမ်းနည်းရခြင်း၊ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲခြင်းနှင့် ပြင်းထန်စွာ စိတ်မော လူမောခြင်း တို့ ဖြစ်ကြရလေ၏။
ဤသို့သောနည်းလမ်းဖြင့် ဆင်းရဲခြင်းပေါင်းစုံသီးသန့်သည် ဖြစ်ပေါ်ရလေ၏။’ ဟူ၍ တွေးတောဆင်ခြင်တော်မူ၏။
-
-
ချုပ်ငြိမ်းခြင်းအနေနှင့် ရှုမြင်ခြင်း
-
-
သဗ္ဗညုမြတ်စွာဘုရားသခင်-‘မသိမြင်ခြင်း(အဝိဇ္ဇာ) ကို (ကိလေသာရေစီးကိုပယ်သတ်ပြီးရရှိသည့်ဉာဏ်) အရဟတ္တမဂ်ဖြင့် အကြွင်းအကျန်မရှိ ရှင်းလင်းပြီးသဖြင့် ချုပ်ငြိမ်းသွားသောကြောင့် ပြုပြင်ဖန်တီးခြင်း (သင်္ခါရ) တို့သည် ချုပ်ငြိမ်းကြရ၏။
ပြုပြင်ဖန်တီးခြင်(သင်္ခါရ) ချုပ်ငြိမ်းသွားသောကြောင့် အသက်ဓာတ် (ဝိညာဉ်)တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
အသက်ဓာတ်(ဝိညာဉ်) ချုပ်ငြိမ်းသွားသောကြောင့် စိတ်နှင့်ရုပ် (နာမရူပ)တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
စိတ်နှင့်ရုပ် (နာမရူပ) ချုပ်ငြိမ်းသွားသောကြောင့် အာရုံတည်မှီရာ(အာယတန)ခြောက်မျိုး တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
အာရုံတည်မှီရာ(အာယတန)ခြောက်မျိုးတို့ ချုပ်ငြိမ်းသွားသောကြောင့် တွေ့ထိခြင်း(ဖဿ) တို့သည်လည်း ချူပ်ငြိမ်းကြရ၏။
တွေ့ထိခြင်း(ဖဿ) ချုပ်ငြိမ်းသွားသောကြောင့် ခံစားခြင်း(ဝေဒနာ) တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
ခံစားခြင်း(ဝေဒနာ) ချုပ်ငြိမ်းသွားသောကြောင့် တပ်မက်လိုချင်ခြင်း(တဏှာ)တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
တပ်မက်လိုချင်ခြင်း(တဏှာ) ချုပ်ငြိမ်းသွားသောကြောင့် စွဲလမ်းတွယ်တာခြင်း(ဥပါဒါန်)တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
စွဲလမ်းတွယ်တာခြင်း(ဥပါဒါန်) ချုပ်ငြိမ်းသွားသောကြောင့် ဖြစ်ပေါ်ရန်အကြောင်းအရင်း(ဘဝ)တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
ဖြစ်ပေါ်ရန်အကြောင်းအရင်း(ဘဝ) ချုပ်ငြိမ်းသွားသောကြောင့် ဖြစ်ပေါ်ခြင်း(ဇာတိ)တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
ဖြစ်ပေါ်ခြင်း(ဇာတိ)ဟူသော အကြောင်းအရင်း ချုပ်ငြိမ်းသွားသောကြောင့် အိုမင်းခြင်း၊ ကွယ်လွန်ခြင်း၊ စိုးရိမ်ပူပန်ရခြင်း၊ ငိုကြွေးဝမ်းနည်းရခြင်း၊ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲခြင်းနှင့် ပြင်းထန်စွာ စိတ်မော လူမောခြင်း တို့ ချုပ်ငြိမ်းကြရလေ၏။
ဤသို့သောနည်းလမ်းဖြင့် ဆင်းရဲခြင်းပေါင်းစုံသီးသန့်သည် ချုပ်ငြိမ်းကြရလေ၏။’ ဟူ၍ တွေးတောဆင်ခြင်တော်မူ၏။
-
-
နှစ်သက်ဝမ်းမြောက်ဖွယ်စကားအား ကျူးရင့်ပြောဆိုတော်မူခြင်း
-
-
ထို့နောက်တွင် ဘုန်းတော်ခြောက်ပါးသခင် သဗ္ဗညုမြတ်စွာဘုရားသခင်သည် ထိုအဖြစ်အပျက်ကို သိတော်မူပြီး-‘ ကိလေသာကို ကြောက်လန့်စေတတ်သည့် ရှုမြင်အားထုတ်ခြင်းလုံ့လရှိသော၊ မကောင်းမှုကို ပယ်ရှင်းရှို့မြိုက်တတ်သော၊ မကောင်းမှုမှ ထွက်သွားပြီးသော ရဟန္တာတွင် ဗောဓိပက္ခိယ(မဂ်ဉာဏ်ရရန်ကူညီသော)တရား သုံးဆယ့်ခုနှစ်မျိုးတို့သည် ထိုအခါတွင် အမှန်တကယ် ထင်ရှားစွာ ဖြစ်ပေါ်လာလေ၏။ ထိုအချိန်တွင် အကြောင်းနှင့်အတူဖြစ်ပေါ်သည့် ပဋိစ္စသမုပ္ပါဒ်တရားကို အကျယ်အနေဖြင့် သိမြင်သောကြောင့် ထိုရဟန္တာသူတော်မြတ်တွင် ယုံမှားခြင်းအလုံးစုံတို့သည် ပျောက်ကင်းလေ၏။’ဟူသော ဝမ်းမြောက်ဝမ်းသာဖွယ်(ဥဒါန်း)စကားတော်မြတ်ကို ကျူးရင့်တော်မူခဲ့လေပြီ။
-
-
နှစ်ကြိမ်မြောက်ပဋိစ္စသမုပ္ပါဒ်တရားတော်ကို တွေးတောတော်မူခြင်း
-
-
ထိုအချိန်တွင် ဘုန်းတော်ကြီးတော်မူသူ သဗ္ဗညုမြတ်စွာဘုရားရှင်သည် ညသန်းခေါင်ယံကာလတစ်ခုလုံး ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အပြန်အလှန် အဖြစ်အပျက်အနေနဲ့ တွေးတောဆင်ခြင်တော်မူ၏။
-
-
ဖြစ်ပေါ်ပုံအနေနှင့် ရှုမြင်ခြင်း
-
-
သဗ္ဗညုမြတ်စွာဘုရားသခင်-‘မသိမြင်ခြင်း(အဝိဇ္ဇာ) ဟူသော အကြောင်းကြောင့် ပြုပြင်ဖန်တီးခြင်း(သင်္ခါရ) တို့သည် ဖြစ်ကြရ၏။
ပြုပြင်ဖန်တီးခြင်(သင်္ခါရ)ကြောင့် အသက်ဓာတ် (ဝိညာဉ်)တို့သည် ဖြစ်ကြရ၏။
အသက်ဓာတ်(ဝိညာဉ်)ကြောင့် စိတ်နှင့်ရုပ် (နာမရူပ)တို့သည် ဖြစ်ကြရ၏။
စိတ်နှင့်ရုပ် (နာမရူပ)တို့ကြောင့် အာရုံတည်မှီရာ(အာယတန)ခြောက်မျိုး တို့သည် ဖြစ်ကြရ၏။
အာရုံတည်မှီရာ(အာယတန)ခြောက်မျိုးတို့ကြောင့် တွေ့ထိခြင်း(ဖဿ) တို့သည် ဖြစ်ကြရ၏။
တွေ့ထိခြင်း(ဖဿ)ကြောင့် ခံစားခြင်း(ဝေဒနာ) တို့သည် ဖြစ်ကြရ၏။
ခံစားခြင်း(ဝေဒနာ)ကြောင့် တပ်မက်လိုချင်ခြင်း(တဏှာ)တို့သည် ဖြစ်ကြရ၏။
တပ်မက်လိုချင်ခြင်း(တဏှာ)ကြောင့် စွဲလမ်းတွယ်တာခြင်း(ဥပါဒါန်)တို့သည်ဖြစ်ကြရ၏။
စွဲလမ်းတွယ်တာခြင်း(ဥပါဒါန်)ကြောင့် ဖြစ်ပေါ်ရန်အကြောင်းအရင်း(ဘဝ)တို့သည်ဖြစ်ကြရ၏။
ဖြစ်ပေါ်ရန်အကြောင်းအရင်း(ဘဝ)ကြောင့် ဖြစ်ပေါ်ခြင်း(ဇာတိ)တို့သည်ဖြစ်ကြရ၏။
ဖြစ်ပေါ်ခြင်း(ဇာတိ)ဟူသော အကြောင်းအရင်းကြောင့် အိုမင်းခြင်း၊ ကွယ်လွန်ခြင်း၊ စိုးရိမ်ပူပန်ရခြင်း၊ ငိုကြွေးဝမ်းနည်းရခြင်း၊ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲခြင်းနှင့် ပြင်းထန်စွာ စိတ်မော လူမောခြင်း တို့ ဖြစ်ကြရလေ၏။
ဤသို့သောနည်းလမ်းဖြင့် ဆင်းရဲခြင်းပေါင်းစုံသီးသန့်သည် ဖြစ်ပေါ်ရလေ၏။’ ဟူ၍ တွေးတောဆင်ခြင်တော်မူ၏။
-
-
ချုပ်ငြိမ်းခြင်းအနေနှင့် ရှုမြင်ခြင်း
-
-
သဗ္ဗညုမြတ်စွာဘုရားသခင်-‘မသိမြင်ခြင်း(အဝိဇ္ဇာ) ကို (ကိလေသာရေစီးကိုပယ်သတ်ပြီးရရှိသည့်ဉာဏ်) အရဟတ္တမဂ်ဖြင့် အကြွင်းအကျန်မရှိ ရှင်းလင်းပြီးသဖြင့် ချုပ်ငြိမ်းသွားသောကြောင့် ပြုပြင်ဖန်တီးခြင်း (သင်္ခါရ) တို့သည် ချုပ်ငြိမ်းကြရ၏။
ပြုပြင်ဖန်တီးခြင်(သင်္ခါရ) ချုပ်ငြိမ်းသွားသောကြောင့် အသက်ဓာတ် (ဝိညာဉ်)တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
အသက်ဓာတ်(ဝိညာဉ်) ချုပ်ငြိမ်းသွားသောကြောင့် စိတ်နှင့်ရုပ် (နာမရူပ)တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
စိတ်နှင့်ရုပ် (နာမရူပ) ချုပ်ငြိမ်းသွားသောကြောင့် အာရုံတည်မှီရာ(အာယတန)ခြောက်မျိုး တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
အာရုံတည်မှီရာ(အာယတန)ခြောက်မျိုးတို့ ချုပ်ငြိမ်းသွားသောကြောင့် တွေ့ထိခြင်း(ဖဿ) တို့သည်လည်း ချူပ်ငြိမ်းကြရ၏။
တွေ့ထိခြင်း(ဖဿ) ချုပ်ငြိမ်းသွားသောကြောင့် ခံစားခြင်း(ဝေဒနာ) တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
ခံစားခြင်း(ဝေဒနာ) ချုပ်ငြိမ်းသွားသောကြောင့် တပ်မက်လိုချင်ခြင်း(တဏှာ)တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
တပ်မက်လိုချင်ခြင်း(တဏှာ) ချုပ်ငြိမ်းသွားသောကြောင့် စွဲလမ်းတွယ်တာခြင်း(ဥပါဒါန်)တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
စွဲလမ်းတွယ်တာခြင်း(ဥပါဒါန်) ချုပ်ငြိမ်းသွားသောကြောင့် ဖြစ်ပေါ်ရန်အကြောင်းအရင်း(ဘဝ)တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
ဖြစ်ပေါ်ရန်အကြောင်းအရင်း(ဘဝ) ချုပ်ငြိမ်းသွားသောကြောင့် ဖြစ်ပေါ်ခြင်း(ဇာတိ)တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
ဖြစ်ပေါ်ခြင်း(ဇာတိ)ဟူသော အကြောင်းအရင်း ချုပ်ငြိမ်းသွားသောကြောင့် အိုမင်းခြင်း၊ ကွယ်လွန်ခြင်း၊ စိုးရိမ်ပူပန်ရခြင်း၊ ငိုကြွေးဝမ်းနည်းရခြင်း၊ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲခြင်းနှင့် ပြင်းထန်စွာ စိတ်မော လူမောခြင်း တို့ ချုပ်ငြိမ်းကြရလေ၏။
ဤသို့သောနည်းလမ်းဖြင့် ဆင်းရဲခြင်းပေါင်းစုံသီးသန့်သည် ချုပ်ငြိမ်းကြရလေ၏။’ ဟူ၍ တွေးတောဆင်ခြင်တော်မူ၏။
-
-
နှစ်သက်ဝမ်းမြောက်ဖွယ်စကားအား နှစ်ကြိမ်မြောက်ကျူးရင့်ပြောဆိုတော်မူခြင်း
-
-
ထို့နောက်တွင် ဘုန်းတော်ခြောက်ပါးသခင် သဗ္ဗညုမြတ်စွာဘုရားသခင်သည် ထိုအဖြစ်အပျက်ကို သိတော်မူပြီး-‘ ကိလေသာကို ကြောက်လန့်စေတတ်သည့် ရှုမြင်အားထုတ်ခြင်းလုံ့လရှိသော၊ မကောင်းမှုကို ပယ်ရှင်းရှို့မြိုက်တတ်သော၊ မကောင်းမှုမှ ထွက်သွားပြီးသော ရဟန္တာတွင် ဗောဓိပက္ခိယ(မဂ်ဉာဏ်ရရန်ကူညီသော)တရား သုံးဆယ့်ခုနှစ်မျိုးတို့သည် ထိုအခါတွင် အမှန်တကယ် ထင်ရှားစွာ ဖြစ်ပေါ်လာလေ၏။ ထိုအချိန်တွင် အဝိဇ္ဇာစသော အကြောင်းတရားတို့မရှိသော နိဗ္ဗာန်(တရားတော်)ကို သိမြင်သောကြောင့် ထိုရဟန္တာသူတော်မြတ်တွင် ယုံမှားခြင်းအလုံးစုံတို့သည် ပျောက်ကင်းလေ၏။’ဟူသော ဝမ်းမြောက်ဝမ်းသာဖွယ်(ဥဒါန်း)စကားတော်မြတ်ကို ကျူးရင့်တော်မူခဲ့လေပြီ။
-
-
သုံးကြိမ်မြောက်ပဋိစ္စသမုပ္ပါဒ်တရားတော်ကို တွေးတောတော်မူခြင်း
-
-
ထိုအချိန်တွင် ဘုန်းတော်ကြီးတော်မူသူ သဗ္ဗညုမြတ်စွာဘုရားရှင်သည် မိုးသောက်ယံကာလတစ်ခုလုံး ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အပြန်အလှန် အဖြစ်အပျက်အနေနဲ့ တွေးတောဆင်ခြင်တော်မူ၏။
-
-
ဖြစ်ပေါ်ပုံအနေနှင့် ရှုမြင်ခြင်း
-
-
သဗ္ဗညုမြတ်စွာဘုရားသခင်-‘မသိမြင်ခြင်း(အဝိဇ္ဇာ) ဟူသော အကြောင်းကြောင့် ပြုပြင်ဖန်တီးခြင်း(သင်္ခါရ) တို့သည် ဖြစ်ကြရ၏။
ပြုပြင်ဖန်တီးခြင်(သင်္ခါရ)ကြောင့် အသက်ဓာတ် (ဝိညာဉ်)တို့သည် ဖြစ်ကြရ၏။
အသက်ဓာတ်(ဝိညာဉ်)ကြောင့် စိတ်နှင့်ရုပ် (နာမရူပ)တို့သည် ဖြစ်ကြရ၏။
စိတ်နှင့်ရုပ် (နာမရူပ)တို့ကြောင့် အာရုံတည်မှီရာ(အာယတန)ခြောက်မျိုး တို့သည် ဖြစ်ကြရ၏။
အာရုံတည်မှီရာ(အာယတန)ခြောက်မျိုးတို့ကြောင့် တွေ့ထိခြင်း(ဖဿ) တို့သည် ဖြစ်ကြရ၏။
တွေ့ထိခြင်း(ဖဿ)ကြောင့် ခံစားခြင်း(ဝေဒနာ) တို့သည် ဖြစ်ကြရ၏။
ခံစားခြင်း(ဝေဒနာ)ကြောင့် တပ်မက်လိုချင်ခြင်း(တဏှာ)တို့သည် ဖြစ်ကြရ၏။
တပ်မက်လိုချင်ခြင်း(တဏှာ)ကြောင့် စွဲလမ်းတွယ်တာခြင်း(ဥပါဒါန်)တို့သည်ဖြစ်ကြရ၏။
စွဲလမ်းတွယ်တာခြင်း(ဥပါဒါန်)ကြောင့် ဖြစ်ပေါ်ရန်အကြောင်းအရင်း(ဘဝ)တို့သည်ဖြစ်ကြရ၏။
ဖြစ်ပေါ်ရန်အကြောင်းအရင်း(ဘဝ)ကြောင့် ဖြစ်ပေါ်ခြင်း(ဇာတိ)တို့သည်ဖြစ်ကြရ၏။
ဖြစ်ပေါ်ခြင်း(ဇာတိ)ဟူသော အကြောင်းအရင်းကြောင့် အိုမင်းခြင်း၊ ကွယ်လွန်ခြင်း၊ စိုးရိမ်ပူပန်ရခြင်း၊ ငိုကြွေးဝမ်းနည်းရခြင်း၊ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲခြင်းနှင့် ပြင်းထန်စွာ စိတ်မော လူမောခြင်း တို့ ဖြစ်ကြရလေ၏။
ဤသို့သောနည်းလမ်းဖြင့် ဆင်းရဲခြင်းပေါင်းစုံသီးသန့်သည် ဖြစ်ပေါ်ရလေ၏။’ ဟူ၍ တွေးတောဆင်ခြင်တော်မူ၏။
-
-
ချုပ်ငြိမ်းခြင်းအနေနှင့် ရှုမြင်ခြင်း
-
-
သဗ္ဗညုမြတ်စွာဘုရားသခင်-‘မသိမြင်ခြင်း(အဝိဇ္ဇာ) ကို (ကိလေသာရေစီးကိုပယ်သတ်ပြီးရရှိသည့်ဉာဏ်) အရဟတ္တမဂ်ဖြင့် အကြွင်းအကျန်မရှိ ရှင်းလင်းပြီးသဖြင့် ချုပ်ငြိမ်းသွားသောကြောင့် ပြုပြင်ဖန်တီးခြင်း (သင်္ခါရ) တို့သည် ချုပ်ငြိမ်းကြရ၏။
ပြုပြင်ဖန်တီးခြင်(သင်္ခါရ) ချုပ်ငြိမ်းသွားသောကြောင့် အသက်ဓာတ် (ဝိညာဉ်)တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
အသက်ဓာတ်(ဝိညာဉ်) ချုပ်ငြိမ်းသွားသောကြောင့် စိတ်နှင့်ရုပ် (နာမရူပ)တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
စိတ်နှင့်ရုပ် (နာမရူပ) ချုပ်ငြိမ်းသွားသောကြောင့် အာရုံတည်မှီရာ(အာယတန)ခြောက်မျိုး တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
အာရုံတည်မှီရာ(အာယတန)ခြောက်မျိုးတို့ ချုပ်ငြိမ်းသွားသောကြောင့် တွေ့ထိခြင်း(ဖဿ) တို့သည်လည်း ချူပ်ငြိမ်းကြရ၏။
တွေ့ထိခြင်း(ဖဿ) ချုပ်ငြိမ်းသွားသောကြောင့် ခံစားခြင်း(ဝေဒနာ) တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
ခံစားခြင်း(ဝေဒနာ) ချုပ်ငြိမ်းသွားသောကြောင့် တပ်မက်လိုချင်ခြင်း(တဏှာ)တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
တပ်မက်လိုချင်ခြင်း(တဏှာ) ချုပ်ငြိမ်းသွားသောကြောင့် စွဲလမ်းတွယ်တာခြင်း(ဥပါဒါန်)တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
စွဲလမ်းတွယ်တာခြင်း(ဥပါဒါန်) ချုပ်ငြိမ်းသွားသောကြောင့် ဖြစ်ပေါ်ရန်အကြောင်းအရင်း(ဘဝ)တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
ဖြစ်ပေါ်ရန်အကြောင်းအရင်း(ဘဝ) ချုပ်ငြိမ်းသွားသောကြောင့် ဖြစ်ပေါ်ခြင်း(ဇာတိ)တို့သည်လည်း ချုပ်ငြိမ်းကြရ၏။
ဖြစ်ပေါ်ခြင်း(ဇာတိ)ဟူသော အကြောင်းအရင်း ချုပ်ငြိမ်းသွားသောကြောင့် အိုမင်းခြင်း၊ ကွယ်လွန်ခြင်း၊ စိုးရိမ်ပူပန်ရခြင်း၊ ငိုကြွေးဝမ်းနည်းရခြင်း၊ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲခြင်းနှင့် ပြင်းထန်စွာ စိတ်မော လူမောခြင်း တို့ ချုပ်ငြိမ်းကြရလေ၏။
ဤသို့သောနည်းလမ်းဖြင့် ဆင်းရဲခြင်းပေါင်းစုံသီးသန့်သည် ချုပ်ငြိမ်းကြရလေ၏။’ ဟူ၍ တွေးတောဆင်ခြင်တော်မူ၏။
-
-
နှစ်သက်ဝမ်းမြောက်ဖွယ်စကားအား သုံးကြိမ်မြောက်ကျူးရင့်ပြောဆိုတော်မူခြင်း
-
-
ထို့နောက်တွင် ဘုန်းတော်ခြောက်ပါးသခင် သဗ္ဗညုမြတ်စွာဘုရားသခင်သည် ထိုအဖြစ်အပျက်ကို သိတော်မူပြီး-‘ ကိလေသာကို ကြောက်လန့်စေတတ်သည့် ရှုမြင်အားထုတ်ခြင်းလုံ့လရှိသော၊ မကောင်းမှုကို ပယ်ရှင်းရှို့မြိုက်တတ်သော၊ မကောင်းမှုမှ ထွက်သွားပြီးသော ရဟန္တာတွင် ဗောဓိပက္ခိယ(မဂ်ဉာဏ်ရရန်ကူညီသော)တရား သုံးဆယ့်ခုနှစ်မျိုးတို့သည် ထိုအခါတွင် အမှန်တကယ် ထင်ရှားစွာ ဖြစ်ပေါ်လာလေ၏။ ထိုအချိန်တွင် ကောင်းကင်ကို လင်းထိန်စေတတ်သော နေသည် အမိုက်အမှောင်ကို ပယ်ဖျက်လျက် တည်ရှိနေသလို ထိုရဟန္တာသူတော်မြတ်သည်လည်း မာရ်စစ်သည်(ငါးမျိုး)တို့ကို ဖျက်ဆီးချေမှုန်းပြီး နေထိုင်နေလျက်ရှိ၏။’ဟူသော ဝမ်းမြောက်ဝမ်းသာဖွယ်(ဥဒါန်း)စကားတော်မြတ်ကို ကျူးရင့်တော်မူခဲ့လေပြီ။”
-
-
-
ဤသို့ဖြင့် အကျွန်ုပ်အတာနွေဦးသည် ဝိနည်းပိဋကတ် မဟာဝဂ်ပါဠိတော် မဟာခန္ဓကအခန်း၏ ဘုရားဖြစ်တော်မူခြင်းကို လေ့လာကိုးကားကာ မြတ်စွာဘုရားသခင်ဗောဓိပင်ရင်းတွင် ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အပြန်အလှန်တွေးတောကြည်နူးတော်မူခြင်း မြန်မာပြန်စကားပြေကို ပြန်လည်ရေးသားမျှဝေသောနည်းဖြင့် သဗ္ဗညုမြတ်စွာဘုရားသခင်အား ပူဇော်ခြင်းသည် ပြီးပြည့်စုံစွာအောင်မြင်လေပြီ။
-
-
ပြီးပြည့်စုံခြင်း တန်ခိုးအမျိုးမျိုးတို့ကို ပိုင်ဆိုင်တော်မူပြီး အမှန်တရားလေးမျိုးတို့ကို မိမိကိုယ်တော်တိုင် သိမြင်တော်မူသည့်အပြင် သူတစ်ပါးတို့ကိုပါ ဟောတော်မူနိုင်သော သဗ္ဗညုမြတ်စွာဘုရားသခင်အား ရှိခိုးပါ၏။
-
-
-
#ဝိနည်းပိဋကတ်မဟာဝဂ်ပါဠိတော်မဟာခန္ဓက
#ဝိနည်းပိဋကတ်မဟာဝဂ်ပါဠိတော်မဟာခန္ဓကဘုရားဖြစ်တော်မူခြင်း
#အရှင်မဟာကဿပမထေရ်နှင့်အရှင်ဥပါလိမထေရ်
#နိုင်ငံတော်ဗုဒ္ဓသာသန့အဖွဲ့

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon
Other Religious Schools in Yangon (show all)
Madrasah Swadiqiah Hifzulquran - Yangon Madrasah Swadiqiah Hifzulquran - Yangon
No. 181 , 183
Yangon, 959

Grade Dhamma School Grade Dhamma School
Yangon

“ပညာပြည့်ဝနှလုံးလှဖို့ ဓမ္မအမွေဖြန

Diakonia KIDS & TEENS Diakonia KIDS & TEENS
Yangon

Free Zoom Sunday School Classes (Ages 5-13)

နေး အဆိုနှင့်သရုပ်ဆောင် နေး အဆိုနှင့်သရုပ်ဆောင်
မြိတ်လမ်း
Yangon

သီချင်းဆိုမယ် သရုပ်ဆောင်မယ် အမှန်‌?

NCMS Brothers - Yangon NCMS Brothers - Yangon
No. 14, Malikha Road, Mayangone
Yangon

St. Joseph's National Catholic Major Seminarians (Yangon)

Harvest Bible College - HBC Harvest Bible College - HBC
12/1450, Aung Raja 1 Street
Yangon, 11032

HBC, a globally recognized by International Bible Training Center (ibtc -USA). Here we provides a bi

University Of Abhidhamma -Yangon University Of Abhidhamma -Yangon
Moe Kaung Pagoda Compound, Yankin Township
Yangon, 11081

The first international University of higher learning in the world, dedicated to the teaching of the Buddhist Abhidhamma in English.

AFAZ Religious AFAZ Religious
Yangon

This page is ONLY for Islamic Study Reason. No Rude reply be accepted.

Swalehia Darul Iftah Swalehia Darul Iftah
အပိုင်(၁၁)ပေါက်ကုန်းရပ်ကွက်၊ခလောက်ကွန်ဒိုင်ကျေးရွာ၊
Yangon

viber နံပါတ် 09943403877 သို့ ဓမ္မသတ်မေးမြန်းနိုင်ပါသည်။

တရားတော်များ တရားတော်များ
No. (7), Panchan Kyoung Road, (13) Block, Hlaing Township
Yangon, 11051

仰光福音神学院 Yangon Evangelical Seminary 仰光福音神学院 Yangon Evangelical Seminary
62/7, Nawaddy Housing,Hlaing Htar Yar
Yangon, 11011