Info Insights
Nearby schools & colleges
Yangon, Ranchi
Myanmar Gone Yi Road
Lanmadaw Township
Tamine11st Street
No368 Thiri Street Ward 3 East Dagon Township Yangon
Shan Gone Condo
Bo Yar Nyunt Street
Hanoi
Insein
11062
11013
Delhi
Room-/Tower/3/Diamond Condo/Kamayut Township/Yangon/Myanmar
ဆေးခန်းမှတ်တိုင်အနီး
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Info Insights, Language school, Yangon.
Woosong University ရဲ့ Tuition fees နဲ့ scholarship အကြောင်းလေးပါ။
Woosong University ရဲ့ Solbridge International School Of Business အကြောင်းလေ့လာလို့ရအောင် တစုတစည်းတည်း စုပေးထားတာပါ။
Myanmar students တွေအတွက် Information share ပေးတဲ့ Woosong University ရဲ့ Official Page ဖြစ်တာမို့ page ကိုလည်း like and share လုပ်ပေးကြပါဦးနော်။
နောက်လည်း Woosong University နဲ့ပတ်သက်ပြီး major အလိုက်ရော ကျောင်းအကြောင်းတွေကို တင်ပေးသွားမှာ ဖြစ်တဲ့အပြင် ကျောင်းသားတိုင်းရဲ့ မေးခွန်းတွေကို အချိန်ရရင် ရသလို admin အမြဲတမ်း ဖြေပေးနေမှာမို့ Feel free to ask me!
Solbridge Campus
https://youtube.com/shorts/QdSfM4zGIXg?si=5-g3H1pTo2bBGkbR
A day in the life of a Solbridge student
https://youtu.be/Qc10HXk1NLQ?si=ClrTtH0ZsFI2Zzd5
Burmese performance On Solbridge culture culture day 2022
https://youtu.be/DNqbrT2v7yU?si=rfioInKaJxVsorMC
Instagram https://instagram.com/solbridge.official?igshid=MzRlODBiNWFlZA==
Utube- https://youtube.com/.official?si=FAWX3gOWHZypuMcU
Website - SolBridge ::
https://www.solbridge.ac.kr
Facebook - https://www.facebook.com/SolBridgeIR?mibextid=LQQJ4d
Admission အတွက် သိချင်တာရှိရင် ဒီ link မှာဝင်ရောက်ဖတ်ရှု့နိုင်ပြီး page chat box ကနေတဆင့်လည်း အချိန်မရွေးမေးနိုင်ပါတယ်။ https://www.facebook.com/61551681187980/posts/pfbid02x97xL8Q6sAcxU73Ydf1SdcYLzDHsPaBThhLnobexGYPSSAj3HvHCkjD8bPqLsYJel/?mibextid=Na33Lf
Solbridge
10 လပိုင်း အတွက် Notary Online booking တင်ရမယ့် ရက်ထွက်လာပါပြီ။
Source - Korean Embassy website https://overseas.mofa.go.kr/mm-my/brd/m_22929/view.do?seq=44
Woosong University English-based curriculum
Woosong University ရဲ့ International schools တွေမှာ 2024 Spring Intake (March Intake) Major တန်းတွေအတွက် Application ဖွင့်နေပါပြီ။
🗓️Deadline က Jan20 ဆိုပေမယ့်စောစောလျှောက်လေ Visa booking အတွက်လည်း အဆင်ပြေမှာပါ။
Woosong university မှာ English track နဲ့Bachelor Degree (4 year program) လျှောက်ထားချင်တဲ့သူတွေအတွက် ရွေးချယ်နိုင်တဲ့ major တွေကတော့
📚AI and Big Data
📚Business Administration
📚Global Convergence Management
📚Global Hotel Management
📚Human and Digital Interface (HADI)
📚K-Beauty Design
📚K-pop Arts Management (Interdisciplinary Studies)
📚Global Media and Communication Arts
📚Resturant and Entrepreneurship
📚Culinary Arts
Bachelor Degree ရှိထားပြီးသူတွေအနေနဲ့ကလည်း
Associate degrees (2 years program ) တွေဖြစ်တဲ့ 📚📚Culinary Arts
📚Baking and Pastry
📚Hotel and food service
📚K-pop:Music and Dance
📚K-Beauty Make up တွေတက်ရောက်နိုင်ပါတယ်။
Required Documents
📎Proof of English Proficiency (for example IELTS or TOEFL) Test မရှိထားသူတွေအတွက် Duolingo နဲ့လည်းလက်ခံပေးပါတယ်။
📎Copy of passport (photo page)
📎Typed Essay – In 300 – 500 words
📎Proof of finances (2 hard copies) –
Student ရဲ့ကိုယ်ပိုင်အကောင့်မှာ USD 18000 အထက် အနည်းဆုံး သက်တမ်း 3 လရှိသော Bank statement and certificate
📎 Korean Embassy seal ပါသော ပညာရေးစာရွက်စာတမ်း( တက္ကသိုလ် ဝင်တန်းအမှတ်စာရင်း/အောင်လက်မှတ်)
📎One Letter of recommendation
📎Application fee of USD 50
Optional Documents
📎extracurricular activities and awards
📎Resume/CV if you have previous work experience (Graduate program အတွက်ကတော့ work experience အနည်းဆုံး 2 နှစ်ရှိထားဖို့လိုပါတယ်)
Graduate Program အတွက် Requirements တွေကိုလည်းအသေးစိတ်ထပ်တင်ပေးပါမယ်။
စာရွက်စာတမ်းအားလုံး ကျောင်းအတွက် 1 စုံ+ Embassy Visa အတွက် 1 စုံ စုစုပေါင်း 2 စုံစီပြင်ထားပေးရပါမယ်။
Feel Free to ask me if you have any questions!
D-2 အတွက် 2024 Spring intake အတွက် သံရုံး sealedရှိထားသူတွေ လျှောက်လို့ရပါတယ်။
ဒေါ်လာအတုများ ဝယ်လာမိတဲ့ မြန်မာကျောင်းသားတစ်ဦးနှင့် ကိုရီးယားဥပဒေ
ကြုံတောင့်ကြုံခဲ ဒီနေ့ ဖြစ်ပျက်သွားတဲ့ အဖြစ်ပျက်လေးဖြစ်ပါတယ်။
အရမ်းရိုးသားလွန်းတဲ့ မြန်မာကျောင်းသားတစ်ဦး လွန်ခဲ့တဲ့ တစ်ရက် နှစ်ရက်က ကိုရီးယားနိုင်ငံကို ပညာတော်သင် စတင်ဝင်ရောက်လာခဲ့တယ်။
ကျောင်းသားရဲ့ ပြောပြချက်အရ လေဆိပ်ကိုရောက်ရောက်ချင်း မြန်မာပြည်မှ ဝယ်လာတဲ့ ( မြန်မာငွေ ကာလပေါက်စျေး ကျပ်သိန်း ၆၀ကျော် တန်ဖိုးရှိတဲ့ ) ဒေါ်လာတွေကို အင်ချွန်းလေဆိပ်မှာရှိတဲ့ Currency Exchange မှာ Won နဲ့ လဲဖို့ လုပ်ခဲ့ပေမယ့် Currency Exchange မှ စက်မှာ မဖတ်တဲ့အတွက် လက်မခံဘူးလို့ပြောလို့ ဒီတိုင်းထွက်လာခဲ့တယ်လို့ပြောပါတယ်။ ( လေဆိပ်မှာတော့ လေဆိပ်က ဘဏ်ဝန်ထမ်းတွေက အလုပ်အရမ်းများတဲ့အတွက် အဲ့အချိန် ဘာရဲကိုမှ မခေါ်သေးဘူးပေါ့ )
ဒီကနေ့ ကိုရီးယားနိုင်ငံရဲ့ မြို့နယ်တစ်ခုမှာရှိတဲ့ ဘဏ်ကိုသွားပြီး လေဆိပ်မှာလဲလို့မရခဲ့တဲ့ ဒေါ်လာတွေကို ဘဏ်ဖြစ်တဲ့အတွက် လဲလို့ရမယ်ဆိုတဲ့အထင်နဲ့ ရိုးသားစွား သွားရောက် ငွေလဲဖို့သွားတဲ့အခါ ဘဏ်ဝန်ထမ်းမှ ဒီဒေါ်လာတွေကို စစ်ကြည့်ပြီး အတုနဲ့ တူတယ်လို့ ပြောပြီး အကြိမ်ကြိမ်စစ်နေခဲ့တယ်၊
ဘဏ်ဝန်ထမ်းက အဲ့လို စစ်နေရင်း သိပ်မကြာပါဘူး ရဲ ၅ယောက် ချက်ချင်းဆိုသလို ရောက်လာပြီး ကျောင်းသားရဲ့ ပတ်စပို့ စတဲ့ ကိုယ်ပိုင်အချက်အလက်တွေတောင်း စစ်ကြည့်ပြီး ထိုကျောင်းသားကို ရဲစခန်းကို ခေါ်သွားပါတယ်။ ကျွန်တော်လည်း ငွေလဲဖို့ ကျောင်းသားနဲ့အတူ ဘဏ်ထဲ လိုက်ပါသွားတာမို့ ဖြစ်သမျှ အကြောင်းစုံကို ဘဏ်ဝန်ထမ်းပြောပြလို့ သိနေတာမို့ ရဲတွေကို အတက်နိုင်ဆုံး ဒီကျောင်းလေးက ဒီဒေါ်လာအတုတွေကို မြန်မာပြည် လူတစ်ဦးထံကနေ ဝယ်လာခဲ့ကြောင်း တခြား ဘာရည်ရွယ်ချက်မှ မရှိကြောင်း၊ ဒေါ်လာက အတုဖြစ်နေတယ်ဆိုတာကိုလည်း အစကတည်းက မသိခဲ့ကြောင်း စတာတွေကို ရှင်းပြလိုက်မှပဲ ရဲတွေ သေချာသဘောပေါက်ပြီး အပြစ်သားတစ်ယောက်လို ဆက်ဆံနေရာကနေ ချက်ချင်းဆိုသလို သနားတဲ့ မျက်လုံး၊အပြောဆိုတွေနဲ့ ဖြစ်သွားတယ်။
ကျောင်းသားလေးရဲ့အခြေအနေကို ရဲတွေ သဘောပေါက်သွားပေမယ့် တာဝန်အရ ရဲစခန်းကို ကားနဲ့တင်ခေါ်သွားတာ ခံခဲ့ရပါတယ်။ ကျွန်တော့်ကိုလည်း စကားပြန်အဖြစ် လိုက်ပေးဖို့ပြောတဲ့အတွက် နောက်ကနေ လိုက်သွားခဲ့ပြီး ရဲစခန်းရောက်တော့ ဒီဒေါ်လာအတုတွေ ဘယ်လိုလက်ထဲရောက်နေတာလဲဆိုပြီး အကြောင်းစုံကို ၁နာရီလောက် စစ်ဆေးခံရပြန်ပါတယ်။
ကျောင်းသားလေးပြောတဲ့အတိုင်း တစ်ခွန်းမကျန် စကားပြန်ရှင်းပြပြီးတဲ့ နောက်ဆုံး ကျောင်းသားလေးကို ရဲတွေကပါ သနားနေပြီး ပြသနာကြီးကြီးမားမားမရှိဘူးလို့ ဖြေသိမ့်ပေးကြပါတယ်။
ဒေါ်လာအတုတွေကိုတော့ ဆက်လက်လုပ်ဆောင်စရာတွေ ရှိသေးတဲ့အတွက် ရဲစခန်းက သိမ်းစည်းထားပါတယ်။
အားလုံးပြီးသွားရင် ကျွန်တော့်ဆီ ပြန်ဆက်သွယ်ပေးမယ်လို့ပြောပြီး အိမ်ပြန်လွှတ်လိုက်ပါတယ်။ ကျွန်တော်လည်း ကျောင်းသားလေးကိုကြည့်ပြီး သနားလွန်းလို့ ပိုက်ဆံအိတ်ထဲမှာရှိတဲ့ ဝမ် ၂သိန်း ထုတ်ပြီး ကလေးကို မုန့်ဖို့ပေးပြီး ၂ယောက်အတူ ရဲစခန်းကပြန်လာခဲ့ကြပါတယ်။
နောက်ထပ် ကိုရီးယားကို ဝင်လာကြမည့် ကျောင်းသားများကိုလည်း ခုဒီကျောင်းသားလေးလို ငွေလည်းဆုံး ရဲစခန်းလည်းရောက် အဲ့လိုဒုက္ခတွေ မဖြစ်ရအောင် ဒေါ်လာဝယ်ပြီး ယူလာမယ်ဆိုရင်လည်း စိတ်ချရတဲ့ဆီမှာ သေချာစစ်ဆေးပြီး ဝယ်ကြဖို့ ၊ ဒါမှမဟုတ် ကိုရီးယားဘက် တာဝန်ခံတွေနဲ့ ဆက်သွယ်ပြီး မြန်မာငွေနဲ့ ကိုရီးယားငွေ လဲလှယ်ကြဖို့ အကြံပေးပါရစေ။
🚫သတိထားဖို့က
အစစအရာရာ ခက်ခဲနေကြတဲ့ ကာလကြီးမှာ မသမာသူတွေက ပြည်ပထွက်တဲ့ ကျောင်းသားလေးတွေကို ပြစ်မှတ်ထားနိုင်တာမို့
-ဒေါ်လာသယ်လာမယ်ဆိုရင် သေချာစစ်ပြီး ဝယ်လာကြပါ
-သေချာတဲ့ တရားဝင် အရောင်းဌာနတွေက ဝယ်လာကြပါ
မြန်မာပြည်မှာဆိုရင်တော့ ငွေအတုတွေနဲ့ သွားလဲလို့ မိလည်း ဒီတိုင်းပြန်လာလို့ ရနိုင်ပေမဲ့ ကိုရီးယားနိုင်ငံမှာကတော့ ငွေအတုတွေယူသွားပြီး ငွေလဲဖို့ကြိုးစားရင် ငွေလဲမပေးတဲ့အပြင် ရဲကဆွဲစိတာ ခံရပါမယ်။
စေတနာဖြင့်
စကားပြန်အဖြစ် ကူညီလုပ်ဆောင်ပေးခဲ့သူ
𝐇𝐭𝐞𝐭 𝐀𝐮𝐧𝐠 𝐒𝐡𝐢𝐧𝐞 ( 𝗧𝗢𝗣 𝗞𝗢𝗥𝗘𝗔၏ 𝑪𝙀𝑶 ) မှ ပြန်လည်မျှဝေသည်။
𝐓𝐎𝐏 𝐊𝐎𝐑𝐄𝐀
လိုအပ်တဲ့သူရှိရင် ယူလို့ရပါတယ်
Chat box မှာလာပြောပေးပါ။
3-1 နဲ့ 3-2ကလွဲရင် ကျန်တာ အားလုံး အသစ်ပါ။
ပို့ခကိုတော့ ယူတဲ့သူဘက်ကရှင်းပေးရပါမယ်။
နယ််ကမို့ Royal ပဲ အပ်ပေးနိုင်ပါတယ်။
တကယ် လိုအပ်မှယူပါနော်
😢
Only 25 left
https://m.facebook.com/story.php?story_fbid=181900434814935&id=100089849372573&mibextid=qC1gEa
EU Plug adapter လေးတွေ နောက် 10 ရက်လောက်နေမှပဲ ထပ်ရောက်ပါတော့မယ်နော်။
ကြိုမှာထားလို့ရပါတယ်။
Admin 5000/6000 လောက်နဲ့ရတဲ့ဟာတွေသေချာကို မရောင်းတာပါ။
Quality/ Voltage နဲ့ safety တွေစိတ်ချရအောင်သေချာကြည့်ပြီးမှ ရောင်းပေးတာပါနော်။
7000 mmk for 1
34500 mmk for 5 pcs
67000 mmk for 10 pcs
Korea ကိုကျောင်းသွားတက်ပြီဆိုတာနဲ့ အချိန်ပိုင်း အလုပ်မလုပ်တဲ့သူဆိုတာ ရှားပါတယ်။ အိမ်ကဘယ်လောက်ပဲ ပေးနိုင်ပေးနိုင် တော်တော်များများကတော့ ကိုယ်တိုင်ပဲရှာသုံးကြတာများပါတယ်။
KOREA IMMIGRATION ကနေ ခွင့်ပြုထားတဲ့ အလုပ်ချိန်တွေနဲ့ သတ်မှတ်ချက်တွေကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်နော်။
D4/D2ရော ကျောင်းသားအားလုံး Korea ကို ရောက်ပြီး 6 လရှိမှသာ တရားဝင် Part time Job လုပ်ကိုင်ခွင့်ရှိတာဖြစ်ပါတယ်။
☑️D-4 Visa Language program ကျောင်းသားတွေအနေနဲ့ကတော့ ကျောင်းဖွင့်ချိန်ရော Vacation အချိန်မှာရော သတ်မှတ်ထားတဲ့ အချိန်က အတူတူပါပဲ။
D-4 Visa ကိုင်ဆောင်ထားသူတွေ အနေနဲ့က
⭕️Korean Language Level -2 နဲ့အထက်သမားတွေကတော့ တစ်ပတ်မှာ 20 နာရီ တရားဝင် အလုပ်လုပ်ခွင့်ရှိပြီး
❌Level 2 မရှိထားတဲ့ ကျောင်းသားတွေကတော့ တစ်ပတ်မှာ 10 နာရီပဲ အလုပ်လုပ်ခွင့်ရှိတာဖြစ်ပါတယ်။
🛑D-4 ကျောင်းသားတွေဟာ D-2 လိုကျောင်းပိတ်ရက်လည်းမရှည်တာမို့ semester တစ်ခုအပြီး Vacation အချိန်မှာလည်း သတ်မှတ်ထားတဲ့ အလုပ်လုပ်ခွင့်ဟာ ကျောင်းဖွင့်ချိန်နဲ့ အတူတူပဲဖြစ်ပါတယ်။
✔️D-2 Visa ကိုင်ဆောင်ထားတဲ့ ကျောင်းသားတွေထဲမှာမှ Bachelor’s Degree နဲ့ Master’s degree ကို ခွင့်ပြု အလုပ်ချိန် ကွဲပြားပါတယ်။
⭕️Bachelor degree တက်ရောက်နေတဲ့ ကျောင်းသားတွေ အနေနဲ့ကတော့
❕Korean language level 3 နဲ့အထက် ရှိမထားဘူးဆိုရင် D-4 ကျောင်းသားတွေလို တစ်ပတ်မှာ 10 နာရီပဲ အလုပ်လုပ်ခွင့်ရှိပြီးသလို ကျောင်းပိတ်ရက်တွေမှာလည်း 10 နာရီသာလုပ်ခွင့်ရှိပါတယ်။
❗️Level 3 နဲ့အထက် D-2 ကျောင်သားတွေကတော့ 20 နာရီ အချိန်ပိုင်း အလုပ်လုပ်ခွင့်ရှိပါတယ်။
ဒါ့အပြင် semester 1 ခုအပြီး ကျောင်းပိတ်ရက်ရှည်တွေမှာဆိုရင်လည်း unlimited အလုပ်လုပ်ကိုင်ခွင့်ရှိပါတယ်။
( ပြောရမယ်ဆိုရင် ဒီ ကျောင်းပိတ်ရက် 2 လဟာ ကိုယ်တိုင် စရိတ်ရှာပြီး ကျောင်းတက်တဲ့သူတွေကတော့ ကျောင်းစရိတ်ရှာတဲ့ ကာလပေါ့နော်)
⭕️Master’s degree ကျောင်းသားတွေ အနေနဲ့ကတော့
❗️Korean language level -4 နဲ့အထက် ရှိထားရမှာဖြစ်ပြီး Level-4 နဲ့အထက်ရှိထားသူတွေကတော့ တစ်ပတ်မှာ 30 နာရီ အလုပ်လုပ်ကိုင်ခွင့် ရှိပါတယ်။
ဒါ့အပြင် Vacation ကာလတွေမှာဆိုရင်လည်း unlimited အလုပ်လုပ်ကိုင်ခွင့်ရှိပါတယ်။
❕Korean Language Level-4. နဲ့အထက်မရှိထားဘူးဆိုရင်တော့ ပိတ်ရက်ရော ကျောင်းဖွင့်ရက်တွေမှာပါ 15 နာရီပဲ အလုပ်လုပ်ကိုင်ခွင့်ရှိပါတယ်။
ဒါကတော့ KOREA IMMIGRATION ရဲ့ သတ်မှတ်ထားတဲ့ Part time job allowed time လေးတွေကို ဗဟုသုတ သိထားရအောင် ဖော်ပြပေးတာဖြစ်ပါတယ်။
Page name လေးပြောင်းထားပါတယ်🥰😬
VISA APPLICATION PROCESS
ဒီနေ့မှာတော့ Admin က Visa Application Process နဲ့ ပတ်သက်ပြီး admin ရဲ့ D-2 visa အတွေ့အကြုံလေးကို sharing လုပ်ပေးသွားပါ့မယ်။
✅ပထမဆုံးအနေနဲ့ VISA booking ကို Admission Letter/ passort/ မှတ်ပုံတင် ပြပြီး Visa ယူရပါမယ်။
(D-2 အတွက်ပါနော်။)
D-4 ကတော့အခုနောက်ပိုင်း ကျောင်းခေါ်စာမပြဘဲ မှတ်ပုံတင်နဲ့ယူလို့ရတာတွေ၊ ထပ်တိုး online booking တွေ လုပ်လာတဲ့အတွက် D-4 visa booking ကတော့ group တွေကို မျက်ခြေမပျက်စောင့်ကြည့်ပြီး လှုပ်ရှားစေချင်ပါတယ်။
✅Booking ယူပြီးတာနဲ့ ကိုယ် ဘယ်နေ့ဝင်ရမလဲဆိုတာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း သံရုံးရဲ့ website မှာတင်ပေးပါတယ်။D-2 ကတော့ booking ယူပြီး 7-10 ရက်အတွင်းဝင်ရတာများပါတယ်။
✅Visa Application Form - Visa form ကိုသပ်သပ်ရပ်ရပ်နဲ့ ဖျက်ရာကင်းကင်း မှန်မှန်ကန်ကန်ဖြည့်ပါ။ Print 4/5 စုံထုတ်ပြီး စိတ်တိုင်းမကျမချင်းပြန်ဖြည့်ပါ။ admin ဆို 7 စုံလောက်ဖြည့်ပါတယ်။
✅ ဘယ် Form ကိုဖြည့်ရမလဲ?
Admin ပုံထဲမှာ ဝိုင်းပြထားတဲ့ 2 ခုလုံးအဆင်ပြေပါတယ်။ ကိုယ်ကြိုက်တာနဲ့ဖြည့်လိုက်ပါ။ 2022.2.7 ဆိုတာလေးကတော့ နောက်ဆုံး updated ပါ။
✅အရေးအကြီးဆုံးအချက် - စာရွက်ဘယ်လိုစီရမလဲ။
D-2 အတွက် admin စီခဲ့တဲ့ အတိုင်းပြောပြပေးတာပါ။
D-2ရော D-4 ရော အသုံးဝင်ပါတယ်။
Embassy website မှာ Visa လျှောက်ထားရန် လိုအပ်သောစာရွက်စာတမ်းများ list ဆိုပြီး တင်ထားတာရှိပါတယ်။ D-2/D-4/C-1/E/F စတဲ့ Visa လျှောက်ထားတဲ့ လိုအပ်တဲ့စာရွက်စာတမ်း list ရှိပါတယ်။
ဥပမာ - admin ဒီ post လေးမှာ D-2 Visa လျှောက်ရန် လိုအပ်သော စာရွက်စာတမ်းများဆိုပြီး တင်ဖူးပါတယ်။
https://m.facebook.com/story.php?story_fbid=177754018562910&id=100089849372573&mibextid=qC1gEa
သံရုံးကတင်ပေးထားတဲ့ နံပါတ်လေးတွေအတိုင်း အစဉ်လိုက် လိုက်စီလိုက်ပါ။
D-4 ဆိုရင်လည်း D-4 အတွက် လိုအပ်သောစာရွက်စာတမ်းလမ်းညွှန်ကိုဖတ်ပြီး အစဉ်လိုက်ကလေးစီလိုက်ပါ။ ဘယ်လိုစီရမလဲ ဘာညာ သူများကို လိုက်မေးနေတာထက် website ကိုကြည့်ပြီးစီလိုက်တာက စိတ်အချရဆုံးနဲ့ အဆင်အပြေဆုံးပါ။
Agency နဲ့မလုပ်ဘဲ ကိုယ်တိုင်လုပ်တဲ့သူတွေအတွက်ပါ။
အဲ့ဒီ အစဉ်အတိုင်းစီပြီး သူတို့ကို အစဉ်လိုက်လေးပေးလိုက်ပါ။ လိုတာတွေ ယူထားပြီး မလိုတာတွေသူတို့ပြန်ပေးပါတယ်။ ကိုယ်လည်း အချိန်ကုန်သက်သာပြီး နောက်ကလူတွေ အတွက်လည်းအဆင်ပြေပါတယ်။
ဝင်ရမယ့်နေ့ကျရင် D-4 က 9-10 am အထိဝင်ရပြီး
D-2 က 10-11 AM ပေးဝင်ပါတယ်။
Admin ကတော့ 10 နာရီ ကွတ်တိ အရောက်သွားလိုက်ပြီး ခဏနေတော့ ဝင်ရတာနဲ့ အကိုက်ပါပဲ။
✅D-2 အတွက် admin စာရွက်စီခဲ့တာကတော့
1️⃣ Visa Application Form (ဓာတ်ပုံကပ်ရန်)
2️⃣Passport and passport color copy
3️⃣Admission Letter
4️⃣ကျောင်းမှတ်ပုံတင်မိတ္တူ+ Invoice
5️⃣ပညာရေးစာရွက်စာတမ်းများ ( တင်မယ့်စာရွက်တိုင်းကို မူရင်း/ မိတ္တူ/ Notary စာရွက်တိုင်းကို အဲ့လိုစီပြီးထပ်လိုက်ပါ။)
6️⃣ပိုင်ဆိုင်မှုအထောက်အထားပြစာတမ်း
(bank စာအုပ်မိတ္တူ/ certificate / statement)
+ ဒီမှာလုပ်ငန်းလိုင်စင် တစ်ခါတည်းတင်မယ့်သူကတော့ ဖခင်ရဲ့မှတ်ပုံတင်မိတ္တူ/Notary နဲ့ အဖေရဲ့လုပ်ငန်းလိုင်စင် တွဲတင်လို့ရပါတယ်။)
7️⃣TB ဆေးစစ်ချက်
8️⃣မိမိ မှတ်ပုံတင်ရဲ့ မူရင်း/မိတ္တူ/Notary
9️⃣အိမ်ထောင်စုစာရင်း မူရင်း/ မိတ္တူ/ Notary
အဲ့ဒီ အတိုင်းစဉ်သွားလိုက်ပါနော်။
မူရင်းတွေ တိုက်စစ်ပြီး မူရင်းအားလုံးပြန်ပေးပါတယ်။
Passport ထားခဲ့ရပါတယ်။
ပြီးရင်တော့ 15 ရက်လောက်နေရင် https://m.facebook.com/story.php?story_fbid=207926695545642&id=100089849372573&mibextid=qC1gEa
ဒီ link လေးမှာ ဝင် check လို့ရပါပြီ။
အားလုံးပဲ VISA အမြန်ဆုံးရကြပြီး
한국에서 만나자🥰
D-4 visa online booking လမ်းညွှန်ချက်
Visa booking မရလိုက်တဲ့သူတွေအတွက် 150 ထပ်ပေးမှာပါ။
#이작은곳
Visa ဝင်ပြီးရင် ကိုယ့်ရဲ့ Visa status အခြေအနေစောင့်ကြည့်ဖို့အတွက်ပါ။
အားလုံးပဲ Visa အမြန်ဆုံးရပြီး 한국 အမြန်ဆုံးရောက်နိုင်ကြပါစေရှင်။
https://www.visa.go.kr/openPage.do?MENU_ID=10301
#이작은곳
KOREA VISA PORTAL 비자신청센터에서 사증을 신청하신 분은 진행현황이 "허가/불허"인 경우에는 여권을 찾을 수 없으며, "여권교부"인 경우에만 찾을 수 있습니다.
EU Plug လေးတွေ restock ပြန်ရောက်ပါပြီ။
မနက်ဖြန် deli အပ်ပေးမှာပါ။
https://m.facebook.com/story.php?story_fbid=181900434814935&id=100089849372573&mibextid=qC1gEa
September Intake လေးတွေ Visa ရနေကြပြီဆိုတော့ယူထားပါနော်။
ဒီ 1 batch ပြီးရင် ထပ်ရဖို့မသေချာလို့ပါ။
EU Plug adapter လေးတွေ နောက် 10 ရက်လောက်နေမှပဲ ထပ်ရောက်ပါတော့မယ်နော်။
ကြိုမှာထားလို့ရပါတယ်။
Admin 5000/6000 လောက်နဲ့ရတဲ့ဟာတွေသေချာကို မရောင်းတာပါ။
Quality/ Voltage နဲ့ safety တွေစိတ်ချရအောင်သေချာကြည့်ပြီးမှ ရောင်းပေးတာပါနော်။
7000 mmk for 1
34500 mmk for 5 pcs
67000 mmk for 10 pcs
28.6.2023 Notary List
Visa form ဖြည့်ဖို့ စိတ်ထင့်နေတာ၊ အခက်အခဲရှိတာမျိုးတွေရှိရင် လာမေးပါနော်။
စိတ်မရှင်းတာရှိရင် လာတိုင်ပင်လို့ရပါတယ်ရှင့်။
EU Plug လေးတွေ restock ပြန်ရောက်ပါပြီ။
မနက်ဖြန် deli အပ်ပေးမှာပါ။
https://m.facebook.com/story.php?story_fbid=181900434814935&id=100089849372573&mibextid=qC1gEa
September Intake သမားတွေယူထားပါနော်။
EU Plug adapter လေးတွေ နောက် 10 ရက်လောက်နေမှပဲ ထပ်ရောက်ပါတော့မယ်နော်။
ကြိုမှာထားလို့ရပါတယ်။
Admin 5000/6000 လောက်နဲ့ရတဲ့ဟာတွေသေချာကို မရောင်းတာပါ။
Quality/ Voltage နဲ့ safety တွေစိတ်ချရအောင်သေချာကြည့်ပြီးမှ ရောင်းပေးတာပါနော်။
7000 mmk for 1
34500 mmk for 5 pcs
67000 mmk for 10 pcs
June 12 Monday မှာ September Intake အတွက် Visa booking သွားယူကြမယ့်သူလေးတွေအတွက်
အစောဆုံးအသုတ် 13 ရက်နေ့ကနေစပြီး တစ်ပတ်အတွင်းဝင်ရမယ့် list က ထွက်ပြီးသားပါနော်။
တစ်ရက်ကို 20 ထည့်တာမို့ ကိုယ်ဝင်ချင်တဲ့ ရက်နဲ့ booking ရောက်သွားတဲ့ နံပါတ်ကို ချိန်ဖို့ booking ဘယ်အထိရောက်ပြီလဲဆိုတာလည်း Group ထဲမှာ မျက်ခြေမပျက်အောင် စောင့်ကြည့်ကြပါနော််။
Admin က Korea ကို ကျောင်းသွားတက်ပါမယ် ဆိုပြီး စလိုက်ကတည်း က ကုန်ကျစရိတ်အားလုံး ဘောပင်လေးတစ်ချောင်းက အစ ကုန်ကျစရိတ်လေးတွေကိုမှတ်ထားတာမို့ အားလုံး ခန့်မှန်းလို့ရအောင် sharing လုပ်ပေးတာပါ။
ဒီနေရာမှာ D2/D4 ကျောင်းစရိတ်ကွာနိုင်ပေမယ့် D-4 သမားတွေလည်း 2 sem စာ 6 လတဖြတ်သွင်းရတဲ့ကျောင်းဆိုရင် ဝမ်25 သိန်း(~ မြန်မာငွေ ၅၇သိန်း) ဝန်းကျင်သွင်းရတဲ့သူတွေဆိုရင် admin နဲ့စရိတ်သိပ်မကွာလောက်ဘူးပေါ့နော်။
Admin ကတော့ D-2 နဲ့ Major တန်း join လိုက်တာပါ။
Admin ကတော့ 1st semester အတွက် 50% off scholarရလို့ ဇယားNO1️⃣က 94 သိန်းကျော်မသွင်းရဘဲ 4725000 ပဲသွင်းလိုက်ရပါတယ်။
D-2 ကတော့ Topik scholar နဲ့ Join ရင် scholar ပိုရပါတယ်။ admin ကတော့ English track မို့ပါ။
1️⃣အဲ့ဒီတော့ admin က ဇယားထဲကဟာ (Air ticket မပါ) အတွက် ကျောင်းကိုချည်းပဲ သိန်း 100✔️ သွင်းလိုက်ရပါတယ်။
2️⃣ No.2 ကတော့ admin တို့လို နယ်သမားတွေအတွက်ပါ။ admin တို့တုန်းကဆိုရင် SEAL BOOKING ကိုလည်း ရန်ကုန်သွားယူရတော့ အဲ့ဒီတစ်ခေါက်စာ စရိတ်ပါ ကုန်ပါတယ်။ ရန်ကုန်ကို
Seal booking ယူ (၁)ခေါက်၊
Seal အတွက်သံရုံးဝင် (၁)ခေါက်
Sealed documents ပြန်ထုတ် (၁) ခေါက်
Visa booking (၁) ခေါက်
Visa ဝင် (၁)ခေါက်
Visa ရပြီး ပြန်ထုတ် (၁) ခေါက်
စုစုပေါင်း (6) ခေါက်သွားရပါတယ်။
ညကားမစီးချင်လို့ တစ်ညပိုအိပ်ရတဲ့ Hotel ခ တွေ၊ အဖော်ခေါ်ရတာတွေနဲ့ Grab ဖိုးတွေ ရန်ကုန်စရိတ်က ပျမ်းမျှ 1 ခေါက်ကို 3 သိန်းပါ။ ဒါတောင် admin ကဆီချွေတာချင်လို့ အိမ်ကို လိုက်မပို့ခိုင်းပဲ Express ကားနဲ့ပဲသွားတာ။ ပထမဆုံး အခေါက်ကဆို အိမ်ကိုလိုက်ပို့ခိုင်းမိတာ ဆီဖိုးတင် (3) သိန်းကုန်တာနဲ့ နောက်အခေါက်တွေများတော့ကိုယ်တိုင်ပဲ သွားလိုက်ပါတယ်။
ဒီစရိတ်ကတော့ ကိုယ်လျှော့နိုင်ရင် လျှော့နိုင်သလောက်ပေါ့နော်။ Sealed documents ထုတ်တာနဲ့ VISA ထုတ်တာကို ကိုယ်စားထုတ်ခိုင်းလို့ရတာမို့ အဲ့ဒီမှာ စရိတ်ချွေတာချင် ချွေတာလို့ရပါတယ်။ ဒါ admin ရဲ့ ကုန်ကျစရိတ်ကိုပြောပြတာပါနော်။
အဲ့ဒီတော့ 2️⃣ရန်ကုန်စရိတ် = 18 သိန်း✔️
( ရန်ကုန်ကသူတွေအတွက် ဒီစရိတ်မကုန်လောက်တော့ပါဘူး)
3️⃣စာရွက်စာတမ်း
သံရုံးက visa အတွက်ဆိုလည်း 3 လကျော်တဲ့ notary ကိုလက်မခံပါဘူး။
Admin ကတော့ intake ရွှေ့သမားမို့ visa အတွက်ကလည်း မီမယ််ထင်ပြီး မမီလိုက်တာကြောင့် စာရွက်တွေထပ်ပြန်ရပါတယ်။
လုပ်ငန်းလိုင်စင်/ အခွန်စာရွက် အားလုံး notary ပြန်တာမို့
မိတ္တူ/ ဓာတ်ပုံ/ $ အကြွေကစလို့ bank statements နဲ့ certi အထိ အားလုံး 2 သိန်းနီးပါးပါ✔️
4️⃣Luggage
ဒါကလည်းရှိထားတဲ့သူတွေဆိုရင်တော့ ဝယ်စရာမလိုဘူးပေါ့နော်။ admin ကတော့ 3 လုံးတွဲဝယ်ပြီး အိမ်ကို တစ်လုံးပေးခဲ့တာမို့ 2သိန်း✔️ပါ။
ဒါလည်း brand ပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ကွာမှာပေါ့နော်။
5️⃣Air ticket - ဒါကလည်း air line / direct/ transit USD rate ပေါ်မူတည်ပြီး ကွာမှာပါ။ သိန်း 20✔️
6️⃣ Cash - USD 1500
Admin ကတော့ 6 လကို တရားဝင် အလုပ်မလုပ်ဘူးမို့ USD 1500 (mmk 44 သိန်း) နီးပါး ✔️ယူသွားပါတယ်။
Language မကျွမ်းသေးဘူးလို့ ယူဆတာကြောင့်တစ်ကြောင်း၊ တရားဝင်လုပ်ခွင့်ရမှ လုပ်ချင်တာကြောင့်တစ်ကြောင်း မလုပ်သေးပါဘူး။ပိုက်ဆံကုန်ရင်တော့ လုပ်မှာပေါ့နော် Hee 😂
7️⃣ Korean Language Fees
Admin ကတော့ self-study အားသန်တဲ့သူပါ။ ဒါကြောင့် self-study လည်းလုပ်ချင်တယ်။ ဒါပေမယ့် စနစ်တကျ မသင်ဖူးတဲ့ language ဖြစ်တာမို့ ရှေ့ပ senior တွေကလည်း self- study လုပ်ချင်ရင်တောင် Basic ကိုတော့ သင်တန်းတက်ပါလို့ အကြံပေးကြပါတယ်။ ဒါကြောင့် admin Zoom မတက်ဘဲ အားတဲ့ အချိန်လုပ်နိုင်တဲ့ Video class တက်လိုက်ပါတယ်။
Admin ရဲ့ ရွေးချယ်မှုက မှန်ပြီး admin တော့ Basic class မှာတင် T chel Khin Yu Wai ရဲ့ စာသင်တဲ့ပုံစံကို အရမ်း သဘောကျပြီး ဆရာမရဲ့ Feel Like Korean Language Centre မှာပဲ Tr Chel Khin Yu Wai ရဲ့ 1-1,1-2,2-1,2-2,3-1 အထိ Video class တွေတက်ခဲ့ပါတယ်။ Promotions တွေလည်း ချပေးတတ်တော့ Basic to 3-1 အထိ စုစုပေါင်း သင်တန်းကြေး 106750✔️ ပဲကုန်ပါတယ်။ admin က 2-1,2-2 - 48500 ကို 50%off 24250 ပဲကျပြီး 3-1 မှာလည်း 50%off နဲ့တက်ခဲ့လိုက်ရတာပါ။ ဆရာမကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ဆရာမ ခင်ယုဝေရဲ့ ကျေးဇူးနဲ့ 3-2,4-1,4-2 တွေကို ကိုယ်တိုင် self-study ဆက်လေ့လာတဲ့အခါမှာလည်း အဆင်ပြေခဲ့ပါတယ်။
8️⃣Korean Language books
Admin က Korea ကို သွားရတော့မှာမို့ Yonsei သင်ရိုးနဲ့သင်တဲ့ Korean Language Center တစ်ခုကို အကူအညီတောင်းပြီး 1-1 ကနေ 4-2 အထိ (8) အုပ်လုံးရောင်းပေးဖို့ အကူအညီတောင်းလိုက်တာပါ။ တစ်အုပ် 6000 နှုန်းနဲ့ 48000 ✔️ ကျပါတယ်။
အပေါ်က Video calss မှာလည်းတခါတည်း pdf file ပါလို့ အဲ့ကနေ print ထုတ်ရင်လည်းရပါတယ်နော် တကယ်ကတော့။
Self-study သမားဆိုတော့ သင်သလောက်ပဲ ရမှာစိုးတာနဲ့ Talk To Me In Korean ( TTMIK) reading & speaking book တွေ ဝယ်ပါတယ်။ အရမ်းကိုအသုံးဝင်ပါတယ်။ TTMIK app လေး download လုပ်ပြီး နားထောင်လို့ရပါတယ်။
TTMIK Printed book တွေကိုတော့ NABI - Language Book & Printing နဲ့ Cherie Korean books and stationary
အဲ့ဒီ page 2 ခုကနေ ဝယ်ပါတယ်။
TTMIK book - 50000 ✔️ ဖိုးလောက်ဝယ်ပါတယ်။
9️⃣နံပါတ် 9 ကတော့ up to you ပါ။
အစားအသောက်/ အဝတ်အစား/ skincare နဲ့အခြားအသုံးအဆောင်/ Power bank/ အားသွင်းကြိုး/ ဖိနပ်/ နာရီ/အိတ်ကစလို့ admin ဆို ဖုန်းမလဲတာ 7 နှစ်ရှိပြီမို့ ဖုန်းပါလဲသွားရပါသေးတယ်။
Skincare ကိုတော့ အရင်ကတည်းက Korea skincare သုံးတာမို့ ထပ်မဝယ်ပေမယ့် မဝယ်တတ်သေးခင် ကျန်တာလေးတွေသုံးဖို့ယူလာပါတယ်။ Foundation လည်း Korea ကအရောင်တွေ မကိုက်မှာစိုးလို့ ယူလာပါတယ်။
1️⃣0️⃣ DHL fees - mmk 2 သိန်း✔️
Agency အပ်တဲ့သူတွေကတော့ agency fees 15 သိန်းဝန်းကျင် ထပ်ကုန်နိုင်ပါတယ်။
Admin ကတော့ ကိုယ်တိုင်လုပ်ခဲ့တာမို့ ကျောင်းကိုပို့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ DHL Fees ပဲကုန်ပါတယ်။
No- 1️⃣to 8️⃣အထိ admin ရဲ့ ကုန်ကျစရိတ်ကတော့ အကြမ်းဖျင်း 19056750 ပါ။
ဆိုတော့ No9️⃣အပါဆို မြန်မာငွေ သိန်း၂၀၀ နီးပါးပါရှင့်။
ပြီးတော့ admin လို 6 လ မစောင့်ဘဲ အလုပ်တန်းလုပ်မယ့်သူတွေ အနေနဲ့လည်း မြန်မာပြည်ကယူလာမယ့်ငွေပမာဏ လျှော့လို့ရပါတယ်။
💸Show Money ကိုတော့ D-2 အတွက် သိန်း 450 ပြခဲ့တာပါ။
သိချင်တဲ့ အကြောင်းအရာ/ post တင်ပေးစေချင်တာရှိရင် comment မှာအကြံပေး၊ မေးမြန်းလို့ရပါတယ်ရှင့်။
အားလုံးပဲ KOREA ကို အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ရောက်လာကြပါစေရှင်။
ကျောင်းအကြောင်းကိုတော့ admin နောက်တစ်ခေါက်တွေမှာသေချာလေးရေးပေးပါမယ်ရှင့်။
EU Plug adapter လေးတွေ နောက် 10 ရက်လောက်နေမှပဲ ထပ်ရောက်ပါတော့မယ်နော်။
ကြိုမှာထားလို့ရပါတယ်။
Admin 5000/6000 လောက်နဲ့ရတဲ့ဟာတွေသေချာကို မရောင်းတာပါ။
Quality/ Voltage နဲ့ safety တွေစိတ်ချရအောင်သေချာကြည့်ပြီးမှ ရောင်းပေးတာပါနော်။
7000 mmk for 1
34500 mmk for 5 pcs
67000 mmk for 10 pcs
6 လပိုင်း intake သမားတွေ ယူသွားချင်ရင် instock ရပါပြီရှင် 🥰
ဒီ EU plug adapter လေးက တကယ်ကိုဆောင်သွားသင့်တာလေးပါနော်။
South Korea ကို ကျောင်းသွားတက်ကြမယ့် သူလေးတွေအတွက် သုံးလက်စ Electronic devices တွေကို ယူသွားဖို့ adapter တစ်ခုချင်းလေးတွေရှာနေတဲ့သူတွေအတွက်ပါ။
အများကြီး ပါတဲ့ travel plug ကလည်းစျေးများလို့ တစ်ခုချင်းလေးတွေဆောင်သွားချင်ရင် admin မှာပေးပါမယ်။
Korea ရောက်နေတဲ့သူလေးတွေအတွက်ဆိုပြီးလည်းလာမှာကြပါတယ်။
Quality ကိုလည်း admin ကိုယ်တိုင်သုံးမှာမို့ ကောင်းတဲ့ brand ထဲကသေချာရှာထားပါတယ်။
September Intake အတွက် D-4 visa booking ယူရမယ့်ရက်လေးထွက်လာပါပြီနော်။
Admission Letter အမြန်ဆုံးရကြပါစေ🥰
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
No. 5 (B/3), 2nd Floor, U Tun Lin Chan Street. Hledan , Kamaryut Township
Yangon, 11041
English Language School (Online Classes & In-Person Classes)
Yangon
အင်္ဂလိပ်ဘာသာစကား လေ့လာရန်၊ အသုံးချရန် မဝံ့မရဲ ဖြစ်နေသူများ အားလုံးအတွက် . . .
No. 128, 3rd Floor, Yankin 12 Lonetan Bus Stop, Yankin Township
Yangon, 11081
လုပ်ငန်းခွင်အတွက်လိုအပ်သော ဘာသာစကားသင်တန်းများကို အခြေခံမှစ၍သင်ကြားပေးနေပါပြီ။
No 34 (2nd Floor)၊ Baho Road & Corner Of Aung Chan Thar Street, (Near Asia Royal Hospital) , Sanchaung Tsp
Yangon, 11111
A Great Place For Your English Journey Which Aims To Broaden Your Education Horizon With Affordable World-Standards Education.
No. 114, 2nd Floor, Sanchaung Street, Sanchaung Township
Yangon
Intensive Training Classes For IELTS.
Yangon
တူရကီဘာသာစကား လေ့လာသင်ယူလိုသူများအ