I made this page for "kyay kwal luu ngl myr"

23/10/2023

🎥Tale of nine tailed

24/07/2023

တကယ့်ဘဝမှာ ငါမျှော်လင့်ထားတဲ့
' --နှစ်ကြာသော် ' ဆိုတဲ့ စာတန်းလည်း ဖြစ်မလာပါဘူး
ငါတို့လည်း ဘယ်တော့မှ ပြန်မတွေ့ကြရတော့ဘူး။

ငါတို့နှစ်ယောက်ကြား အကွာအဝေး ယူနစ် ဟာ
တစ်ခုသော မေလ ကနေ
နောင်သံသရာထိ ဖြစ်ခဲ့ပါတယ်။

- ဆပ်ရိပ်

21/07/2023

ငြင်းပယ်ခံခဲ့ရတဲ့ မိန်းမပါ
ရှင်ပြန်မချစ်ဘူး

ရှင်ပြန်မချစ်ဘူး ဆိုတာကို
တစ်ဘဝလုံး အရသာခံသွားမှာ

ဝမ်းသာရမှာလား
ဝမ်းနည်းရမှာလား မသိတော့ပါ
ရှင့်အသည်းကို ခွဲနိုင်တဲ့ မိန်းမ
မဖြစ်ခဲ့တာ... ။

#မြကျေး

01/06/2023

ကျွန်မကြောင့်ဒဏ်ရာဖြစ်တယ်ဆိုလည်း
ဆေးကုလို့ရတဲ့ အနာပါဘဲ
ကျွန်မကြောင့် အိပ်ပျက်ရတယ်ဆိုလည်း
အိပ်ဆေးကူလို့ရတဲ့ မျက်လုံးတွေပါဘဲ

ရှင်ရဲ့ နိစ္စဓူဝ
ရှင့်ရဲ့ ကာလသုံးပါး
ကျွန်မက ဘယ်အင်အားနဲ့ ရွှေ့နိုင်ပါ့မလဲ

ရှင်မချစ်တော့တာကို ရှင်မမြင်ဘဲ
ကျွန်မကို တရားခံလို စွပ်စွဲနေတယ်။

~မြကျေး~

27/05/2023

ကြည့်ရင်တော့လည်း မဝေးသလိုပါပဲ
ရှင်ကလည်း နေနိုင်တယ်
ကျွန်မကလည်း သေနိုင်တယ်

သစ်ပင် ဖြစ်ခဲ့တာ
ရှင့် ကံတရားဆိုလည်း
သစ်ရွက်လေး ကောက်မိလို့
သတ်ကွင်းထဲရောက်ခဲ့တာ ကျွန်မ ကံပဲ

မကြောက်တတ်တော့ပါ
လိုချင်ရက် ဝေးခဲ့ခြင်းများ
မလိုချင်သော်လည်း ပိုလျှံကျအောင်ရခဲ့ခြင်းများ
ရခဲ့ပြီးပြီ

ထားပါလေ
ရှင်က အမြဲကျွန်မလိုချင်နေတဲ့ သက်ရှိပဲ
အဝေးက ချစ်ပါရစေဆိုတာလည်း
ညာတာပါပဲ

တကယ်က ဒီလိုပါ
ဘယ်အရပ်လှည့်လှည့်
ကျွန်မ ရေဒီယိုလေးဟာ
ရှင့်အကြောင်းပဲ မိနေတာ

ဒီလို လာမချစ်နဲ့လို့ ပြောလည်း
ကျွန်မမှာ ထပ်ပြုတ်ကျစရာ ချောက် မရှိတော့ပြီပဲ...။ ။

#စာအိတ်အမှတ်_၁၃
#ရည်းစားစာ
#မြကျေး

24/05/2023

တစ်ယောက်ကိုတစ်ယာက်
သတိတရရှိနေသေးတယ်ဆိုရင်
ငါတို့လမ်းခွဲခဲ့တာမဟုတ်ဘူး
လမ်းလွဲခဲ့တာ….

#မယ်ညို

24/05/2023

နောက်ဆုံးတော့လဲ
ကျိုးသွားတဲ့ လက်သည်းရှည်လေးကို
ဖြတ်ချလိုက်သလိုမျိုး
မင်းဘဝထဲက ငါ့ကိုအလွယ်တကူ
ဖယ်ချနိုင်လိုက်တာပဲမဟုတ်လား
ငါကသတိရပါတယ်

-သျှားညို

15/05/2023

မောင်ကလိုက်ခဲ့ဟု ခေါ်တုန်းကလည်း
မောင့်ဘေးမှာ ကျွန်မပါသည်။

မောင်ကနေရစ်ခဲ့ဟု ဆိုပြန်တော့လည်း
မောင်စိတ်အနှောင့်အယှက်ဖြစ်မည့်
စာတစ်စောင် စကားတစ်ခွန်းမျှ
မောင်မကြားရစေဘဲ
ကျွန်မငြိမ်သက်စွာ နေရစ်ခဲ့တာအမှန်ပါဘဲ။

အဲ့သည်အထိ
ကျွန်မမောင့်ကိုချစ်မြတ်နိုးခဲ့ပါသည် မောင်။

#အမှတ်တရ
#ဂျူး

12/03/2023

ဘယ်သူ့ကို စောင့်နေတာလဲ မေးရင် ကျွန်တော့်မှာ
အဖြေ မရှိ။
တစ်ခုတော့ ပြောလို့ရတာပေါ့
ကျွန်တော် ဆေးလိပ်သောက်ရင်း ရပ်နေမိတာမျိုးပါပဲ။
ဘယ်သူ့ ကိုမှလည်း မစောင့်ပါဘူး
ဘယ်သူမှလည်း လာတော့မယ် မထင်ပါဘူး ။ ။

မောင်ဆောင်းခ

07/03/2023

ကိုယ့်ကို ဘာနဲ့မှ ဆွဲမထားတဲ့
လူတစ်ယောက်ကို ချစ်ဖို့ဆိုတာ
အရမ်း အန္တရာယ်ကြီးပါတယ်
အချိန်မရွေး ပြတ်တောက်သွားနိုင်တယ်။
အချိန်မရွေး ဘာမဆိုဖြစ်သွားနိုင်တယ်။

- မြကျေး

05/03/2023

ကျွန်တော်တို့ ဆုံရန်မရှိတော့ပါဘူး
နောက်နောင်နွေမှာလည်း
ကျွန်တော်တို့ ဆုံရန်မရှိတော့ပါဘူး။

#အောင်ချိမ့်

05/03/2023

ကျွန်တော်တို့လမ်းချင်းတူရင်
လူချငိးတွေ့ကြမှာပါ

မောင်ချောနွယ်

05/03/2023

မင်းက ဆယ့်ငါးမိနစ် တစ်ခါတကယ်ချစ်ရဲ့လား မေးပြီး
ငါးမိနစ် တစ်ခါ‘ ပြန်မယ် ၊ ပြန်မယ် ’ ပြောလို့
ပျံသန်းခြင်း အတတ်ပညာကို မင်းဆီက သင်ယူနေရတာ
ငါက မစဉ်းစားဘဲ အော်ဟစ်နေသူလား
မင်း ဘယ်တော့မှ မမှားဘူး ။

ငါ့ရဲ့ အမှားက တအားထက်လို့
ဘာမဆို ငါ့ကိုထိရင် ပြတ်လို့
စိတ်ရူးပေါက်ခဲ့စဉ် အခါက
ငါ့ဘက်က ဖြတ်စာလည်း ပေးခဲ့ဖူးတယ် ။

ငါ့အနားမှာ မင်း ရှိရုံနဲ့
မလုံလောက်သေးဘူး
ငါက လောဘအရမ်းကြီးတာပဲ
မင်းကို မရရင် ဘာမှမယူဘူး။

-စိုင်းဝင်းမြင့်

03/03/2023

ရှင် အလိုရှိဦးမယ်ဆိုရင်
ရှင် သဘောကျတဲ့မိန်းကလေးအတွက် ဒေလီယာတစ်စည်းလည်း ဖြစ်နိုင်သေးတယ်
သိပ်မခက်ပါဘူး။

ရှင် ကျွန်မဆီမရောက်တော့မှာ
ကျွန်မ ရှင့်ဆီ မလာဖြစ်တော့တာ ဘာအရေးလဲ
ကျွန်မအသည်းတွေ ဖြန်ကြဲ
ရှင့် ဘေးနားထားပေးခဲ့ပြီပဲ။

မြကျေး

03/03/2023

ချစ်နေရခြင်းကို ဖယ်ကြည့်လိုက်ရင်
အရာအားလုံးဟာ ဒဏ်ရာတွေချည်းပဲ

ဘာကြောင့် မငိုသလဲ မေးရင်
သိပ်နာလွန်းလို့ လို့ဖြေရပါလိမ့်မယ် ။

အောင်ချိမ့်

03/03/2023

ကိုယ်တို့နှစ်ယောက်ကြားမှာ
ထောက်ထားစရာဆိုလို့ ဓားပဲရှိတော့တယ်
မင်းလည်း ပြန်မလာနဲ့
ငါလည်း မငိုနိုင်တော့ဘူး

#ဘုန်းပြည့်စုံမင်း

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

အချစ်ဦးက ဘာလို့အမြဲတမ်းမှားယွင်းနေတာလဲ

Category

Website

Address


Hleden
Yangon
Other Poet in Yangon (show all)
Tom Chrise Tom Chrise
Yangon

feeling

Arramay's Catch-All Arramay's Catch-All
Yangon

Catch-all

Poem٭ Poem٭
Yangon

Like My Video

Wiktor Wiktor
Yangon

Chit Thaw Chit Thaw
Yangon

ERA ERA
Yangon

Hey Don't Give Up

VK-sweet dream VK-sweet dream
Kyaik Khauk Pagoda Road
Yangon, 11291

မင်္ဂလာပါရှင့် K7 Online Games မှ ကြိုဆိုပါတယ်ရှင့်

aung kyaw win htut aung kyaw win htut
Myarnar
Yangon

လွမ်းတိုင်း.........

Saw Lin Aung Saw Lin Aung
တောင်တဂုံ
Yangon, SAW

တစုံတဦးရဲ့ လွမ်းမိုးမူ ကို ငြင်ပယ်သည်.

Dea by chiko Dea by chiko
Yangon

Adorable Poem,Memorable Notes….

My Little Ardani My Little Ardani
Yangon

The ones I love…

Flife Flife
Yangon

Feeling down