Jin Seon ကိုရီးယားဘာသာ အခြေခံသဒ္ဒါနှင့် စကားပြောသင်တန်း
Nearby schools & colleges
Hledan Road
Hledan Road
Hledan Road
Hledan Road, Kamayut
No.23, (A) Fourth Floor/Fifth Floor, လှည်းတန်းလမ်း
Helden, Kamayut Township
အမှတ်၅၆၊ လှည်းတန်းလမ်းမကြီး၊ လှည်းတန်းစျေးမှတ်တိုင်၊ စိန်ဂေဟာအနီး၊ ကမ
Hledan Street, Kamayut
Kamayut
အမှတ်၅၆. လှည်းတန်းလမ်းမကြီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်
Hledan Street
Hlaetan
Hledan Main Road
Hledan Road, Kamayut
U Tun Lin Chan Road, Kamayut
You may also like
ကိုရီးယားဘာသာစကားသင်တန်း၊ EPS-TOIPK နှင့် CBT သင်တန်း
ဦးဦး CBT တို့ရေ
အလုပ်လျှောက်လွှာတင်ရန်အတွက်ဖြစ်ပါတယ် https://www.facebook.com/100064843472236/posts/747977934040316/?mibextid=foGmsV7Oky6BOihX
ရာသီပေါ်လုပ်သားနှင့် ပတ်သက်တဲ့ ကြေငြာချက်
https://www.facebook.com/100064867080949/posts/720997770072453/?mibextid=rS40aB7S9Ucbxw6v
https://www.facebook.com/100064843472236/posts/737006048470838/?mibextid=y8rfaViCqr9mkxpQ
EPS-TOPIK
မေးခွန်း - ၂၀၀၀ မြန်မာဘာသာပြန်
တန်ဖိုး - ၁၅၀၀၀ ကျပ်
095098468 ကို ဆက်သွယ်မှာယူနိုင်ပါသည်
က်ိုရီးယားတစ်ခေါက်ပြန်တွေရဲ့
CBT စာမေးပွဲကြေငြာချက်
၂၀၂၄ တွင် EPS လုပ်သားများ ပိုမိုခေါ်ယူမည် ၊ စည်းကမ်းများပိုမိုတင်းကြပ်ပြီး အခွင့်အရေးများလဲ ပိုမိုရရှိမည်
တောင်ကိုရီးယားနိုင်ငံရဲ့အရေးပါအရာရောက်တဲ့ နိုင်ငံစီးပွါးရေးဆိုင်ရာ လေ့လာစမ်းစစ်သူအဖွဲ့အစည်း ၂ ခုရဲ့ လေ့လာစုံစမ်းစစ်မှုများလုပ်ဆောင်မှုအပြီးတွင် တောင်ကိုရီးယားအစိုးရက လာမယ့်နှစ် ၂၀၂၄ ခုနှစ်တွင် ယခုနှစ် ၂၀၂၃ တွင်ခေါ်ယူသော eps လုပ်သားဦးရေထက်ပိုမိုတိုးမြှင့် ခေါ်ယူဖို့ ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။
Covid 19 ကပ်ရောဂါဆိုးကြောင့် တောင်ကိုရီးယားလုပ်ငန်းခွင်များတွင် လုပ်သားရှားပါးမှုဒဏ်ကိုခံစားခဲ့ရပြီး တောင်ကိုရီးယားအစိုးရဟာ ၂၀၂၃ ခုနှစ်တွင် eps လုပ်သား ၁၁၀၀၀၀ ( တစ်သိန်းတစ်သောင်း ) ခေါ်ယူဖို့စီစဉ်ခဲ့ပါတယ်။
နိုင်ငံစီးပွါးရေးဆိုင်ရာ လေ့လာစုံစမ်းစစ်ဆေးသူအဖွဲ့အစည်းရဲ့ စစ်တမ်းများအရ E9 လုပ်သားများနှင့် လည်ပတ်နေသော လုပ်ငန်း ၅၀၂ ခုကို မေးမြန်းခဲ့ရာ -
၄၃.၂ % သော လုပ်ငန်းရှင်များက ယခုနှစ်ခေါ်ယူတဲ့အရေအတွက်အတိုင်းပဲလဲ ရပါတယ်လို့ဖြေကြားခဲ့ပြီး
၄၆.၈ % သော လုပ်ငန်းရှင်များကတော့ လုပ်သားမလုံလောက်တာကြောင့် လုပ်သားတိုးမြှင့်ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
၉.၈ % ကတော့ လျှော့ခေါ်လဲရပါတယ်လို့ ဖြေကြားခဲ့ပြီး
၀.၈ % ကတော့ ဒီကိစ္စနှင့် ပတ်သတ်ပြီး ဘာထင်မြင်ချက်မှ မပေးခဲ့ပါဘူး။
စုံစမ်းစစ်ဆေးသူအဖွဲ့က လုပ်သားများအလုပ်ခွင်အမြဲဘဲ ခဏခဏရွှေ့ပြောင်းတဲ့ကိစ္စကိုလဲ မေးမြန်းခဲ့ပြီး ၅၂.၄ % သော လုပ်ငန်းရှင်များက သူတို့ရဲ့လုပ်ငန်းမှာ E9 လုပ်သားများမမြဲဘဲ ခဏလေးနဲ့ထွက်စာတောင်းတာကို ကြုံခဲ့ကြတယ်လို့ ဖြေခဲ့ကြပါတယ်တဲ့ .. ထွက်စာမပေးလျှင် အလုပ်ခွင်ခိုကပ်ခြင်း၊ အလုပ်ပျက်ကွက်ခြင်း၊ အလုပ်ခွင်မှရှောင်ထွက်ခြင်းများပါလုပ်ဆောင်ကြတယ်လို့သိရပါတယ်။
စုံစမ်းစစ်ဆေးသူအဖွဲ့ရဲ့ စစ်ဆေးတင်ပြချက်များကို အခြေပြုပြီး တောင်ကိုရီးယားအစိုးရဟာ ၂၀၂၄ တွက် E9 လုပ်သားများ ပိုမိုခေါ်ယူရန်၊ E9 လုပ်သားများ လုပ်ငန်းခွင်ခဏခဏပြောင်းလဲမှုမရှိအောင် စည်းကမ်းများအထူးပိုမိုတင်းကြပ်ရန်၊ တစ်ဖက်တွင်လဲ E9 လုပ်သားများအတွက် ပိုမိုကျယ်ပြန့်သော လုပ်ငန်းခွင်ရွေးချယ်မှုများပေးရန် စီစဉ်နေတယ်လို့သိရပါတယ်။
တောင်ကိုရီးရားနိုင်ငံပိုင်သတင်းဠာန The Korea Herald မှ ထုတ်ပြန်သောသတင်းကို စီလျှော်အောင်ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။ မူရင်းသတင်းလင်ခ့်ကို ကွန်းမန့်မှာတင်ထားပေးပါမယ် ❤️
🔺တောင်ကိုရီးယားအစိုးရဟာ ၂၀၂၄ ခုနှစ်မှာ ယခုနှစ် ၂၀၂၃ တွင်ခေါ်ယူသော လုပ်သားအရေအတွက် ၁၁၀၀၀၀ ( တစ်သိန်းတစ်သောင်း ) ထက်ပင်ပိုမိုတိုးမြှင့်ခေါ်ယူမှာဖြစ်လို့ ဝမ်းသာစရာကိစ္စဖြစ်ပါတယ်။
🔻တစ်ဖက်မှာလဲ လုပ်သားများလုပ်ငန်းခွင်မမြဲတဲ့ပြသနာကြောင့် ခေါ်ယူတဲ့လုပ်သားများကို အလုပ်ခွင်ပြောင်းလဲရာတွင်ပိုမိုခက်ခဲအောင်၊ လုပ်ငန်းပြောင်းရာတွင်စည်းကမ်းများအထူးပိုမိုတင်းကြပ်သွားမှာဖြစ်ပါတယ် ( လုပ်ငန်းခွင်ကောင်းကောင်းကိုရောက်သူများအတွက်အဆင်ပြေပေမယ့်၊ အဆင်မပြေတဲ့လုပ်ငန်းခွင်ကိုရောက်သူများအတွက်တော့ အတော်ကိုခက်ခဲမယ့်ကိစ္စဖြစ်ပါတယ် )။
🔺ကုန်ထုတ်၊ ဆောက်လုပ်ရေး နဲ့ စိုက်ပျိုးရေးလုပ်ငန်းများသာမက အခြားသောလုပ်ငန်းများမှာလဲ E9 လုပ်သားများဝင်ရောက်လုပ်ကိုင်နိုင်ဖို့ဆောင်ရွက်နေတာကြောင့် လုပ်ငန်းခွင်ပိုမိုရွေးချယ်စရာများလာတာကတော့ ကောင်းသတင်းပဲဖြစ်ပါတယ်။
အားလုံးပဲ ဘေးရန်ကင်းကွာ စိတ်ချမ်းသာကိုယ်ကျန်းမာကြပြီး အိပ်မက်တွေအမြန်ဆုံးအကောင်ထည်ပေါ်ကြဖို့ ဆုတောင်းပေးလိုက်ပါတယ်ရှင် 🤍🙏🏻
ဒီတစ်ခေါက် ကိုရီးယားတစ်ခေါက်ပြန်တွေအတွက် စာမေးပွဲက အရင်နှစ်တွေကထက် ထူးဆန်းနေတယ်
ကိုရီးယားနိုင်ငံက အလုပ်သမားခေါ်တဲ့ နိုင်ငံ ၁၅ နိုင်ငံလုံး CBT ဖြေဆိုမှာကို တွေ့ရပါတယ်
တစ်ခေါက်ပြန်တွေကို အများကြီးပဲ ပြန်ခေါ်မလား
တစ်ခေါက်ပြန်တွေကို စပယ်ရှယ်ဆိုတဲ့အတိုင်းပဲ အမှတ်တွေ စပယ်ရှယ်ဖြတ်ပြသွားမလား စောင့်ကြည့်ရပါမယ်.
စာမေးပွဲသတင်းကို မကြေငြာမချင်းစောင့်နေကြသူများ
ဘယ်တော့ ကြေငြာမှာလဲ တဖွဖွမေးနေကြသူများ
စာမေးပွဲက ရှိရော ရှိမှာလား မေးနေကြသူများ
စာမေးပွဲသေချာမှ စာလုပ်ချင်ကြသူများ
အခုအချိန်အထိ စာမလုပ်ရသေးသူများ
စာမေးပွဲက ခင်ဗျားဆီရောက်လာတဲ့အချိန်ဟာ စာမေးပွဲဖြေဖို့ရက် သိပ်မလိုတော့တဲ့အချိန်ပဲဖြစ်ပါတယ်
အခုချိန်ကစပြီးတော့ ကိုရီးယားမှာ မနက် ၇ ည ၈ အားသွန်ကစ်သလို
ကစ်ပါလို့ မှာပါရစေဗျာ
အားလုံး အမှတ်ကောင်းကောင်းနဲ့ ဖြေဆိုနိုင်မယ့် CBT စာမေးပွဲဖြစ်ပါစေလို့ ဆုတောင်းပါတယ်
ကိုရီးယားသမ္မတနိုင်ငံ၌ ၃ နှစ်အထက် တရားဝင် အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့သော လုပ်သားများအတွက် ကျင်းပပြုမည့် CBT စာမေးပွဲ ( ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ Special EPS Topik)အတွက် အသိပေးကြေညာခြင်းဖြစ်ပါသည်။ အသေးစိတ်ကို နိုင်ငံပိုင်သတင်းစာနှင့် POEA-EPS တို့တွင် ထပ်မံ အသိပေးကြေညာမည်ဖြစ်ပါသည်။
ကိုရီးယားအခြေခံသဒ္ဒါနှင့် စကားပြောစာအုပ်
ရပါပြီ
စျေးနှုန်း - ၇၅၀၀ ကျပ်
စာအုပ်မျက်နှာဖုံးအနည်းငယ်ပြောင်းထားပြီး MP3 အသံဖိုင်ကို CD အစား Qr Code ဖြင့် download လုပ်နိုင်ပါသည်
EPS-TOPIK ဝေါဟာရများစာအုပ်ရပါပြီ
စျေးနှုန်း - ၃၅၀၀ ကျပ်
ကိုရီးယားသဒ္ဒါနှင့် လေ့ကျင့်ခန်းများစာအုပ်
ဝယ်ယူနိုင်ပါပြီ။
စျေးနှုန်း - ၁၄၀၀၀ ကျပ်
အားရပါးရဖြေခဲ့သူတွေရယ်
အားရပါးရဖြေမယ့်သူတွေရယ်
ကြိုးစားပေးကြလို့
ကျေနပ်ပီတိဖြစ်ရပါတယ်
Jin Seon
ကိုရီးယားအခြေခံသဒ္ဒါနှင့် စကားပြောသင်တန်း
ကိုရီးယား-မြန်မာအဘိဓါန်
ရပါပြီ
စျေးနှုန်း - ၁၆၀၀၀ ကျပ်
ကုန်ထုတ်ပထမအသုတ်စာမေးပွဲအောင်မြင်ထားသူများ အလုပ်လျှောက်လွှာတင်ရန်
စာတွေကို သေသေချာချာဖတ်ပြီး လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ကြပါခင်ဗျာ
လိုအပ်ရင် ဟယ်လိုလိုက်နော်🥰🥰🥰
Jin Seon
ကိုရီးယားအခြေခံသဒ္ဒါနှင့် စကားပြောသင်တန်း
축하해요🎉🎉🎉🎉👏👏👏
수고했어요🎉🎉🎉🎉👏👏👏👏👏
ဒုတိယအသုတ် ကုန်ထုတ်စာမေးပွဲဖြေဆိုဖို့ စောင့်နေကြသူများအတွက်
မေးခွန်းဟောင်းလေ့ကျင့်သင်တန်း
ပထမအသုတ်က မတက်လိုက်ရသူများ၊
ပထမအသုတ်မှာ တက်ပြီး စာမေးပွဲမဖြေရသေးသူများ၊
မေးခွန်းဟောင်းလေ့လာချင်သည့် ကျောင်းသားများ မည်သူမဆို တက်ရောက်နိုင်ပါတယ်။
သင်တန်းသားအဟောင်းများကတော့ ၁၀၀၀၀ ကျပ်
အပြင်သင်တန်းသားများကတော့ ၃၀၀၀၀ ကျပ်ဖြစ်ပါတယ်။
တက်ရောက်လိုပါက comment တွင် စာရင်းသွင်းအပ်နှံနိုင်ပါသည်။
သင်တန်းတက်နေစဉ် ကင်မရာဖွင့်ထားရပါမည်။
ကိုရီးယားစကားပြောသင်တန်း(အွန်လိုင်းသင်တန်း)
လူဉီးရေကန့်သတ်ထားပါသည်။
EPS-TOPIK စာမေးပွဲအောင်မြင်ထားပြီး ကိုရီးယားနိုင်ငံကို သွားရောက်ရန် စောင့်စားနေသူများနှင့် စကားပြောအခက်အခဲရှိသူများအတွက်
ကိုရီးယားစကားပြော၊ ကိုရီးယားသဒ္ဒါ၊ ကိုရီးယားယဉ်ကျေးမှုတွေကိုလည်း တစ်စုတစ်စည်းတည်း သင်ကြားပေးမှာဖြစ်ပါသည်။
သင်တန်းစမည့်ရက် - ၁၂ လပိုင်း ၉ ရက်နေ့၊
သင်တန်းအချိန် - ည ၆ နာရီမှ ည ၇ နာရီခွဲအထိ(မြန်မာအချိန်)
ည ၈ နာရီခွဲမှ ၁၀ နာရီအထိ(ကိုရီးယားအချိန်)
သင်ကြားမည့်ရက် - သောကြာ၊ စနေ၊ တနင်္ဂနွေ၊
သင်ကြားမည့်ကာလ - ၂ လခွဲ မှ ၃ လကြား၊
သင်တန်းကြေး - ၁ သိန်းကျပ်၊
09 509 8468 နှင့် Page Messager တွင် ၁၂ လပိုင်း ၇ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းသွင်း အပ်နှံနိုင်ပါသည်။
Jin Seon
ကိုရီးယားအခြေခံသဒ္ဒါနှင့် စကားပြောသင်တန်း
ကိုရီးယားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်လိုသူများအတွက်
EPS-TOPIK (online class)
ကိုရီးယားဘာသာစကားသင်တန်း
တက်ရောက်လိုသူများအနေဖြင့် ၁၂ လပိုင်း ၄ ရက်နေ့အထိ နောက်ဆုံးထားပြီး 095098468, page messager တွင် ကြိုတင်စာရင်းပေး အပ်နှံနိုင်ပါပြီ။
အလုပ်တစ်ဖက်ဖြင့် တက်လို့ရအောင် ညပိုင်းကို အချိန်ပြောင်းထားပါသည်။
Jin Seon
ကိုရီးယားအခြေခံသဒ္ဒါနှင့် စကားပြောသင်တန်း
၂၀၂၃ ခုနှစ်အတွက် ပထမအကြိမ်အလုပ်သမားခေါ်ယူဖို့အတွက် အလုပ်ရှင်တွေက အလုပ်သမားရုံးမှာ အလုပ်သမားခေါ်ယူခွင့်လျှောက်ထားရန်အတွက် ကြေငြာချက်ဖြစ်ပါတယ်။
Jin Seon
ကိုရီးယားအခြေခံသဒ္ဒါနှင့် စကားပြောသင်တန်း
ကိုရီးယားဘက်က eps page မှာ တင်ထားသည့် ဒုတိယပိုင်း ကုန်ထုတ်နှင့် ဆောက်လုပ်ရေး စာမေးပွဲဖြေဆိုရမည့် ရက်များဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ ရက်အပြောင်းအလဲဖြစ်နိုင်ပါတယ်။
*ဆောက်လုပ်ရေးစာမေးပွဲနောက်က ဒုတိယပိုင်းဆိုတာ မှားရေးမိထားတာပါ... 😍😍😍
ကိုရီးယားသွားမည့်သူများ သိစေရန်
EPS စာမေးပွဲအောင်စာရင်းကြည့်ရန်အောက်က လင့်ခ်ကို နှိပ်ပြီးဝင်ပါ။ ပြီးရင် ပုံထဲကအတိုင်းလုပ်ကြည့်ပါ။
https://eps.hrdkorea.or.kr/epstopik/pass/candidate/sucessReportList.do?lang=ko&fbclid=IwAR2eVGtmb7pfSQu4H3MJXSdhn4MOaOQQCx4pNs3uRDnXsRAZLh_khGx-C-w
ကိုရီးယားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်လိုသူများအတွက်
EPS-TOPIK (online class)
ကိုရီးယားဘာသာစကားသင်တန်း
တက်ရောက်လိုသူများအနေဖြင့် 095098468, page messager မှ ကြိုတင်စာရင်းပေး အပ်နှံနိုင်ပါပြီ။
Jin Seon
ကိုရီးယားအခြေခံသဒ္ဒါနှင့် စကားပြောသင်တန်း
ကိုရီးယားသွားရတော့မယ့်သူတွေအတွက်
၂၀၂၃ ခုနှစ် ၁ လပိုင်းတွင် ကိုရီးယားနိုင်ငံမှ အလုပ်သမားခေါ်ယူမယ့်ဉီးရေနှင့် အလုပ်ရှင်များ အလုပ်သမားခေါ်ယူရန် လျှောက်လွှာတင်ရက်နှင့် အလုပ်သမားခေါ်ယူရန် ခွင့်ပြုချက်ထုတ်ပေးခြင်းတို့ဖြစ်ပါတယ်.
အခုလက်ရှိစာမေးပွဲဖြေဆိုနေသူများအနေဖြင့် ၁ လပိုင်း ခေါ်ယူမည့်စာရင်းတွင် မပါနိုင်ပါဘူးခင်ဗျာ
၁ လပိုင်း အောင်စာရင်းထုတ်ပြန်ပြီး အလုပ်လျှောက်လွှာတင်ခွင့်ရခဲ့လျှင် ၂၀၂၃ ခုနှစ် ၄ လပိုင်းမှ စပြီး အလုပ်သမားခေါ်မယ့်အထဲတွင် ပါနိုင်ကောင်းပါနိုင်ပါလိမ့်မယ်ခင်ဗျာ
စာမေးပွဲအောင်မယ်လို့ ယုံကြည်ထားရင် စာတွေ နေ့တိုင်းဖတ်ပြီး စောင့်နေပါ။ ခေါ်တဲ့လုပ်ငန်းစဥ်တွေဟာ သူ့အစီအစဥ်လိုက် သွားနေတာဖြစ်တဲ့အတွက် စိတ်မလောပါနဲ့လို့ပြောချင်ပါတယ်။
အခုလိုပြောနေတာတွေကို မင်းမယုံကြည်ရင်တော့ မောနေရုံမှတပါး အခြားမရှိနိုင်ပါဘူး။
Jin Seon
ကိုရီးယားအခြေခံသဒ္ဒါနှင့် စကားပြောသင်တန်း
ကိုရီးယားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်လိုသူများအတွက်
ကိုရီးယားနိုင်ငံဟာ နှစ်စဥ်အခြေခံလစာကို နည်းနည်းချင်းတိုးပေးလေ့ရှိပါတယ်။ ၂၀၀၇ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ နှစ်စဥ်အခြေခံလစာကို တိုးပေးလာတာကို ပုံမှာ ကြည့်လျှင် သိနိုင်ပါတယ်။
ကိုရီးယားစရောက်တဲ့ခုနှစ်မှာ ၁ နာရီကို ၄၀၀၀ သာရခဲ့တဲ့အချိန်ပေါ့။ တစ်လရဲ့ လစာက ၉ သိန်းကျော်ပဲ ရခဲ့တယ်။ အလုပ်ပင်ပန်းတယ်။ အန္တရာယ်ရှိတဲ့အလုပ်တွေ လုပ်ရတယ်။ ဒါပေမယ့်လည်း ဆွဲရတာပဲ။ အခု ၂၀၂၃ ခုနှစ်ရောက်တော့မယ်။ တစ်နာရီလုပ်ခ ၉၆၂၀၊ တစ်လကို သိန်း ၂၀ ကျော်ရမယ်။ အရင်အချိန်တွေနဲ့ ယှဥ်ကြည့်လိုက်ပါ။ အရင်က ၂ နာရီလုပ်မှ ရတဲ့ လစာက အခု ၁ နာရီလုပ်ရင်ရတယ်။ အရင်က ၂ ရက်လုပ်မှ ရတဲ့ လစာက အခု ၁ ရက်လုပ်ရင်ရတယ်။ အရင်က ၂ နှစ်လုပ်မှ ရတဲ့ လစာက အခု ၁ နှစ်လုပ်ရင်ရတယ်။ အရင်က ကိုရီးယားကို ၂ ခေါက်ပြန်မှ ရမယ့်လစာက အခု ကိုရီးယားကို ၁ ခေါက်တည်းနဲ့ ရနိုင်တယ်။ ကြော်ငြာတွေလို သိန်း ၄၀ ကျော်အထက်ရမယ်ဆိုတာက လူနည်းစုဖြစ်ပါလိမ့်မယ်။ အဲဒီထက်ပိုရတဲ့လူတွေလည်း ရှိနိုင်ပါတယ်။ မိမိရဲ့ ကံဇာတာနဲ့သာ ဆိုင်ပါလိမ့်မယ်။ မိမိတတ်ကျွမ်းထားတဲ့ အရည်အချင်းတွေနဲ့ ကိုရီးယားဘာသာစကားကျွမ်းကျင်မှု့တွေအပေါ်မူတည်ပြီး အလုပ်သက်သာတာတွေလည်း ရှိနိုင်ပါတယ်။ အဲဒီတော့ မင်းကိုရီးယားသွားဖို့ ကြိုးစားသင့်လား။ မကြိုးစားဘဲ နေသင့်လား။ စဥ်းစားကြည့်ပေါ့။ ဒါပေမယ့် ကိုရီးယားရောက်သွားတဲ့လူတိုင်း ပိုက်ဆံစုမိလားမေးကြည့်လိုက်ပါ။ အလုပ်လုပ်ပြီး မြန်မာပြည်မှာ အေးဆေးနေနိုင်ကြတဲ့သူတွေ ရှိသလို အကြောင်းအမျိုးမျိုးကြောင့် မစုမိနိုင်တဲ့လူတွေ ထုနဲ့ဒေးရှိပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ စီမံခန့်ခွဲမှု၊ မိသားစု၊ ညီအစ်ကိုမောင်နှမ၊ ဆွေးမျိုးသားချင်းတွေအပေါ်လည်း မူတည်နိုင်ပါတယ်။ ဖွန်ကြောင်ရင်းနဲ့ အလိမ်ခံရလို့ပါသွားတာတွေလည်း ရှိပါတယ်။ ၁ လုံးတွေ၊ ၂ လုံးတွေ၊ ၃ လုံးတွေလည်း ပေါပါတယ်။ တစ်ခါတစ်လေ ကုလားကားတွေ ကြည့်ကြရင်း အချိန်တွေကုန် အကြွေးတွေတင်ပြီး ကကြီးမှာ သောင်တင်နေတာတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေက ကိုယ့်ဒေါသနဲ့ကိုယ်ပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် ကိုရီးယားသွားဖို့ လုပ်နေသူတွေ သိသင့်တာလေးတွေ ရေးပေးတာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်ရောက်ရင်လည်း အခြေခံလစာက တိုးနေဦးမှာပဲ။
၂၀၂၅ ခုနှစ်ရောက်ရင်
၂၀၂၆ ခုနှစ်ရောက်ရင်
၂၀၂၇ ခုနှစ်ရောက်ရင်
မင်းသွားမယ့်နှစ်ရောက်မှ
မဟာအခွင့်အရေးကြီးတစ်ခုလို
တိုးပေးတာမဟုတ်ဘူးဆိုတာ သိထားဖို့တော့ လိုမယ်ထင်ပါတယ်။
စာကြွင်း.....
လက်ရှိရောက်နေသူများ အိမ်က မိန်းမနဲ့ရန်ဖြစ်လျှင် ဒီပို့စ်နဲ့မဆိုင်ပါ🤣🤣🤣
Jin Seon
ကိုရီးယားအခြေခံသဒ္ဒါနှင့် စကားပြောသင်တန်း
EPS စာမေးပွဲခန်း ကွန်ပျူတာတွင် မြင်ရမည့် ပုံစံ နမူနာဖြစ်ပါတယ်
အမှတ် ၂၀၀ ဖိုးဖြေခဲ့ပါတယ် 😂😂😂
Jin Seon
ကိုရီးယားအခြေခံသဒ္ဒါနှင့် စကားပြောသင်တန်း
EPS ကိုရီးယားဘာသာစကားအရည်အချင်းစစ်စာမေးပွဲ ဖြေဆိုနေသည့် သင်တန်းသားများနှင့် ကိုရီးယားသွားပြီး အလုပ်လုပ်ရန် ရည်ရွယ်ထားသူများ သိစေရန်
EPS စနစ်ဖြင့် အလုပ်သမားမည်မျှခေါ်မည်ဆိုတာကို နှစ်စဉ် ၁၀ လပိုင်းလောက်မှာ ဆုံးဖြတ်လေ့ရှိပါတယ်။ ဉပမာ - ၂၀၂၃ ခုနှစ်အတွင်း အလုပ်သမားမည်မျှခေါ်မည်ဆိုတာကို ၂၀၂၂ ခုနှစ် ၁၀ လပိုင်းလောက်မှာ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်လေ့ရှိပါတယ်။ အခု ၂၀၂၃ ခုနှစ်ရဲ့ ခေါ်ယူမယ့်အလုပ်သမားဉီးရေ ၁ သိန်း ၁ သောင်းခေါ်မယ်လို့ စာရင်းထွက်လာပါပြီ။ လုပ်သားအသစ်အနေနဲ့ ၈၉၉၇၀ ယောက်၊ ကိုရီးယားမှာ ၄ နှစ် ၁၀ လ အလုပ်လုပ်ပြီး စာချုပ်သက်တမ်းပြည့်သွားသူ ၂၀၀၃၀ ယောက်ကို ပြန်ခေါ်မှာဖြစ်ပါတယ်။ အဆိုပါ လူဉီးရေဟာ နိုင်ငံပေါင်း ၁၆ နိုင်ငံကို ခွဲပြီး ခေါ်ယူရမှာြဖစ်ပါတယ်။ အဲဒီလူတွေကို ဘယ်လိုခေါ်မလဲဆိုရင်--
နှစ်စဉ် ၁ လပိုင်းမှာ ပထမအသုတ် လူဘယ်လောက်ခေါ်မယ်ဆိုပြီး လူရွေးပါတယ်။ ၁ လပိုင်းမှာ လူရွေးတာကို အလုပ်ရှင်တွေက အလုပ်သမားရုံးမှာ လျှောက်လွှာတင်ပြီး ရွေးချယ်ရပါတယ်။ ရွေးထားသည့် အလုပ်သမားများကို ၂ လပိုင်း ၃ လပိုင်းမှာ ကိုရီးယားနိုင်ငံကို ခေါ်ကြပါတယ်။
နှစ်စဉ် ၄ လပိုင်းမှာ ဒုတိယအသုတ်နေဖြင့် လူဘယ်လောက်ထပ်ခေါ်မယ်ဆိုပြီး လူရွေးပါတယ်။ ၄ လပိုင်းမှာ လူရွေးပြီး ရွေးထားသည့် အလုပ်သမားများကို ၅ လပိုင်း၊ ၆ လပိုင်းမှာ ကိုရီးယားနိုင်ငံကို ခေါ်ကြပါတယ်။
နှစ်စဉ် ၇ လပိုင်းမှာ တတိယအသုတ်နေဖြင့် လူဘယ်လောက်ထပ်ခေါ်မယ်ဆိုပြီး လူရွေးပါတယ်။ ၇ လပိုင်းမှာ လူရွေးပြီး ရွေးထားသည့် အလုပ်သမားများကို ၈ လပိုင်း၊ ၉ လပိုင်းမှာ ကိုရီးယားနိုင်ငံကို ခေါ်ကြပါတယ်။ အလုပ်ရှင်တွေက အလုပ်သမားခေါ်ယူမူများလျှင် ထပ်တိုးခေါ်ယူဖို့ ၇ လပိုင်းလောက်မှာ ထပ်တိုးခေါ်မယ်ဆိုတာကိုလည်း ကြေငြာလေ့ရှိပါတယ်။ နှစ်စဉ်မဟုတ်ပါ။ တချို့နှစ်တွေမှာ ခေါ်တတ်ပါတယ်။
နှစ်စဉ် ၁၀ လပိုင်းမှာ ဒုတိယအသုတ်နေဖြင့် လူဘယ်လောက်ထပ်ခေါ်မယ်ဆိုပြီး လူရွေးပါတယ်။ ၁၀ လပိုင်းမှာ လူရွေးပြီး ရွေးထားသည့် အလုပ်သမားများကို ၁၁ လပိုင်း၊ ၁၂ လပိုင်းမှာ ကိုရီးယားနိုင်ငံကို ခေါ်ကြပါတယ်။
အခုလိုခေါ်ယူသည့် ပုံစံမှာ ကိုဗစ်မဖြစ်ခင်အချိန်အထိ နှစ်စဉ်ခေါ်ယူတဲ့ပုံစံဖြစ်ပါတယ်။ ကိုဗစ်ကာလမှာတော့ ၁ လပိုင်းအစား ၂ လပိုင်းမှာ ခေါ်ပြီး ၄ လပိုင်းအစား ၅ လပိုင်းမှာ ခေါ်တာမျိုး ရှိခဲ့ပါတယ်။ တစ်နှစ်ကို ၄ ကြိမ်မခေါ်ဘဲ ၃ ကြိမ်ပဲ ခေါ်တာမျိုးလုပ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ပုံမှန်အတိုင်းခေါ်မယ်ဆိုပါက အပေါ်မှာ ရေးထားတဲ့အတိုင်း ခေါ်ပါလိမ့်မယ်ခင်ဗျာ။
မိမိလုပ်ရမယ့်အလုပ်က စာမေးပွဲအောင်အောင်ဖြေထားဖို့ပါပဲခင်ဗျာ။ စာမေးပွဲအောင်ပြီး အလုပ်လျှောက်လွှာတင်ပြီးရင် မင်းရဲ့တာဝန်ပြီးသွားပြီ ကျန်တာ သူတို့ဘက်က ခေါ်ဖို့ပဲကျန်တယ်။ စာမေးပွဲအောင်ပြီး ကိုရီးယားရောက်သွားတဲ့လူတွေ အများကြီးရှိသလို ခေါ်စာမကျလို့ မသွားရသေးသူတွေလည်း အများကြီးရှိတယ်ဆိုတာတော့ မမေ့နဲ့ပေါ့။
အားလုံးလိုအင်ဆန္ဒတွေ ပြည့်၀ကြပါစေဗျာ
Jin Seon
ကိုရီးယားအခြေခံသဒ္ဒါနှင့် စကားပြောသင်တန်း
2006 ခုနှစ်ကနေ 2023 ခုနှစ်အထိ EPS စနစ်ဖြင့် နှစ်စဉ်နိုင်ငံခြားသားအလုပ်သမားခေါ်ယူခဲ့သည့်အရေအတွက်တွေပါ
ကိုရီးယားမှာ တက္ကသိုလ်တက်ဖို့ ကျောင်းလျှောက်မယ်ဆိုရင်
ကိုရီးယားဘာသာစကား အရည်အချင်း Topik Level 3 အနည်းဆုံးရှိရပါမယ်။ Topik မရှိလျှင် IELTS, Tofel အောင်လက်မှတ်လိုအပ်ပါလိမ့်မယ်။
A. ကျောင်းလခအနေနဲ့ (ပညာသင်နှစ်တစ်ခုလျှင်)
၁။ လူမှုရေးဘာသာရပ် - ဝမ် ၁၈ သိန်းမှ ၃၆ သိန်းအကြား(မြန်မာကျပ်ငွေ သိန်း ၄၀ မှ သိန်း ၈၀ အကြား)
၂။ သိပ္ပံဘာသာရပ် - ဝမ် ၂၀ သိန်းမှ ၄၂ သိန်းအကြား(မြန်မာကျပ်ငွေ ၄၄ သိန်း မှ သိန်း ၉၀ ကျော်အကြား)
၃။ အင်ဂျင်နီယာဘာသာရပ် - ဝမ် ၂၀ သိန်းမှ ၄၇ သိန်းအကြား(မြန်မာကျပ်ငွေ ၄၄ သိန်းမှ သိန်း ၁၀၀ အကြား)
၄။ ဒီဇိုင်းဘာသာရပ် - ဝမ် ၂၁ သိန်းမှ ၄၉ သိန်းအကြား(မြန်မာကျပ်ငွေ သိန်း ၄၆ မှ ၁၀၈ သိန်းအကြား)
မိမိလျှောက်ထားသည့် ကျောင်းအပေါ်မူတည်ပြီးတော့ ကျောင်းလခ ကွာခြားနိုင်ပါတယ်။ ကိုရီးယားဘာသာစကား အရည်အချင်းပေါ်မူတည်ပြီး ကျောင်းလခ၏ ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း….စသည်ဖြင့် ကျောင်းအပေါ်မူတည်ပြီး စကော်လာအနေနဲ့ ကျောင်းလခလျော့ပေးတာတွေ ရှိနိုင်ပါသည်။
B. အခန်းခ (၂ယောက်ခန်း) – (၃ လစာ) ၇ သိန်း(ကျောင်းအဆောင်) (မြန်မာငွေဖြင့် ၁၅ သိန်းကျပ်ဝန်းကျင်)
C. စားစရိတ်၊ အခြားအသုံးစရိတ်(တစ်လ) - ၃ သိန်း မှ ၅ သိန်းကြား(ကိုယ်ဒေါသနဲ့ကိုယ် ပိုကုန်ကျနိုင်(၁၀ သိန်းကျပ်ဝန်းကျင်)၊
မိမိယူသည့် ဘာသာရပ်ပေါ်မူတည်ပြီး ၄ နှစ်မှ ၆ နှစ်အကြား တက္ကသိုလ်တက်ရမည်ဖြစ်ပါတယ်။
Jin Seon
ကိုရီးယားအခြေခံသဒ္ဒါနှင့် စကားပြောသင်တန်း
ကိုရီးယားမှာ ကျောင်းသွားတက်ချင်သူများ၊ ကျောင်းသားမိဘများသိစေရန်(နောက်ထပ်ကျောင်းတစ်ခုရဲ့ ကုန်ကျစရိတ်ဖြစ်ပါတယ်)
ကိုရီးယားဘာသာစကားကို အခြေခံကနေ စတက်မည်ဆိုပါက
စာသင်ချိန် ၂ လခွဲ ၃ လစာအတွက်
၁။ ကျောင်းလခ - ၁၂၀၀၀၀၀ ဝမ်ခန့်(မြန်မာငွေဖြင့် ၂၆ သိန်းကျပ်ဝန်းကျင်)
၂။ အခန်းခ (၂ယောက်ခန်း) – (၃ လစာ) ၇ သိန်း(ကျောင်းအဆောင်) (မြန်မာငွေဖြင့် ၁၅ သိန်းကျပ်ဝန်းကျင်)
၃။ စားစရိတ်၊ အခြားအသုံးစရိတ်(တစ်လ) - ၃ သိန်း မှ ၅ သိန်းကြား(ကိုယ်ဒေါသနဲ့ကိုယ် ပိုကုန်ကျနိုင်(၁၀ သိန်းကျပ်ဝန်းကျင်)၊
စုစုပေါင်း - ၂ လခွဲ- ၃ လစာ ကုန်ကျစရိတ် - ဝမ် ၂၅ သိန်း မှ ဝမ် ၃၀ သိန်း(မြန်မာငွေ သိန်း ၆၀ ကျပ်ဝန်းကျင်) ကုန်ကျနိုင်ပါသည်။ ကျောင်းလခ၊ အခန်းခ၊ မီတာခ၊ ဂတ်စ်ဖိုး၊ စားစရိတ်၊ အခြားအသုံးစရိတ် အားလုံးပေါင်းလျှင် မြန်မာငွေ သိန်း ၆၀ ကျပ်ဝန်းကျင်ကုန်ကျနိုင်ပါသည်။
Level 1 မှစပြီး Level 4 အထိ တက်ရောက်မည်ဆိုပါက
Yonsei University Book ဖြင့်သင်ကြားမည့်ကျောင်းဖြစ်ပါက
Yonsei University Book – (1-1,1-2) (၂ လခွဲတက် ၂ ပိတ်ကျောင်းပိတ်)
Yonsei University Book – (2-1,2-2) (၂ လခွဲတက် ၂ ပိတ်ကျောင်းပိတ်)
Yonsei University Book – (3-1,3-2) (၂ လခွဲတက် ၂ ပိတ်ကျောင်းပိတ်)
Yonsei University Book – (4-1,4-2) (၂ လခွဲတက် ၂ ပိတ်ကျောင်းပိတ်)
မြန်မာငွေ သိန်း ၆၀ ကို 4 ကြိမ် ကုန်ကျမည်ဖြစ်သည့်အတွက် Level 1 မှ Level 4 အထိ သိန်း ၂၄၀ ကုန်ကျမည်ဖြစ်ပါသည်။ ဒါကတော့ ဘာသာစကားသင်တာြဖစ်ပြီး တက္ကသိုလ် နောက်ထပ် ၄ နှစ်ထပ်တက်ပါမှ ကိုရီးယားမှာ ဘွဲ့ရမည်ဖြစ်ပါသည်။ တက္ကသိုလ်တက်မယ့် ၄ နှစ်စာ ထပ်ပြီးကုန်ကျမည်ဖြစ်ပါသည်။ အကြံပြုချင်တာကတော့ ကိုရီးယားဘာသာစကားကို အနည်းဆုံး Level 4 အထိ မြန်မာနိုင်ငံတွင် သင်ယူပြီးမှ ကိုရီးယားကို သွားပါက အဲဒီ ကုန်ကျမည့်ပိုက်ဆံကို တက္ကသိုလ်တက်မည့်နေရာတွင် သုံးလို့ရမည်ဖြစ်ပါသည်။ Level 4 အထိတက်ပြီးသွားတာဖြစ်သည့်အတွက် ကျောင်းတစ်ဖက်နှင့် အလုပ်လုပ်ရသည်မှာ အဆင်ပြေပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ Level 4 အထိသင်တန်းတက်ပါက Level 1 တစ်ခုကို တစ်ယောက်ချင်း သီးသန့်သင်လျှင် ၂ သိန်းဆိုပါစို့ (ဈေးနည်းတာတွေလည်း ရှိပါတယ်) Level 4 အထိ ၈ သိန်းသာကုန်ကျမည်ဖြစ်ပြီး အဲဒီထက်လည်း ဈေးနည်းနည်းဖြင့် သင်လို့ရနိုင်ပါသည်။ သိန်း ၂၄၀ လောက်အကုန်ခံပြီး ကိုရီးယားသွားတက်မယ့်အစား မြန်မာပြည်မှာ တက်ပြီးမှ သွားစေချင်ပါသည်။ Level 4 အထိကုန်ကျမယ့် ကုန်ကျစရိတ်ဖြင့် တက္ကသိုလ်တက်မယ့်ကုန်ကျစရိတ်ကို
ဖုန်းဆက်မေးမြန်းသူများနှင့် မသိသေးသည့်သူများကို သိစေချင်သည့်အတွက် ရေးသားခြင်းဖြစ်ပါသည်။ အခု ရေးထားသော ငွေကြေးတန်းဖိုးများသည် ခန့်မှန်းချေတွက်ချက်ရေးသားထားခြင်းဖြစ်ပါသည်။ ဒီထက် ပိုကုန်ကျနိုင်သလို နေရာဒေသအပေါ်မူတည်ပြီး လျော့ပြီးကုန်ကျနိုင်တာလည်း ရှိနိုင်ပါသည်။ ငွေကြေးတွက်ချက်ပြီး ကျောင်းသွားတက်မည့်သူများအတွက် ရည်ရွယ်ပါသည်။
ကျောင်းတစ်ကျောင်းနှင့် တစ်ကျောင်းရဲ့ သင်ကြားတဲ့ သင်ရိုးတွေ မတူကြသလို သင်ကြားတဲ့ အချိန်ကာလတွေ မတူကြပါဘူး၊ ကုန်ကျစရိတ်တွေလည်း အနည်းငယ် ကွာခြားတာတွေ ရှိနိုင်ပါတယ်။
ကိုရီးယားတစ်နိုင်ငံလုံးမှာ တက္ကသိုလ် စုစုပေါင်း ၃၃၉ ကျောင်းရှိပြီး( ၄ နှစ်တက်ရတဲ့ တက္ကသိုလ်က ၁၉၁ ကျောင်း)ရှိပါသည်။ အစိုးရတက္ကသိုလ်၊ ပုဂ္ဂလိက တက္ကသိုလ်တွေ ရှိကြပါတယ်။ ဘာသာစကားသင်တဲ့ တက္ကသိုလ်ရှိသလို မသင်တဲ့ တက္ကသိုလ်တွေလည်း ရှိပါတယ်။
Jin Seon
ကိုရီးယားအခြေခံသဒ္ဒါနှင့် စကားပြောသင်တန်း
၂၀၂၂ ခုနှစ် ၁၀ လပိုင်း ၂၂ ရက်(၆ နာရီခွဲ)
ကိုရီးယားမှာ ကျောင်းသွားတက်ချင်သူများ၊ ကျောင်းသားမိဘများသိစေရန်
ကိုရီးယားဘာသာစကားကို အခြေခံကနေ စတက်မည်ဆိုပါက
စာသင်ချိန် ၂ လခွဲစာအတွက်
၁။ ကျောင်းလခ - ၁၂၀၀၀၀၀ ဝမ်ခန့်(မြန်မာငွေဖြင့် ၂၆ သိန်းကျပ်ဝန်းကျင်)
၂။ အခန်းခ (၂ယောက်ခန်း) - ၃ သိန်းခွဲမှစပြီး (မြန်မာငွေဖြင့် ၈ သိန်းကျပ်ဝန်းကျင်)
၃။ မီတာခ၊ဂတ်စ်ဖိုး - ၄၀၀၀၀ မှစပြီး သုံးသလောက်(မြန်မာငွေဖြင့် ၁ သိန်းကျပ်ဝန်းကျင်)
၄။ စားစရိတ်၊ အခြားအသုံးစရိတ် - ၃ သိန်း မှ ၅ သိန်းကြား(ကိုယ်ဒေါသနဲ့ကိုယ် ပိုကုန်ကျနိုင်(၁၀ သိန်းကျပ်ဝန်းကျင်)၊
စုစုပေါင်း - ၂ လခွဲ- ၃ လစာ ကုန်ကျစရိတ် - ဝမ် ၂၅ သိန်း မှ ဝမ် ၃၀ သိန်း(မြန်မာငွေ သိန်း ၆၀ ကျပ်ဝန်းကျင်) ကုန်ကျနိုင်ပါသည်။ ကျောင်းလခ၊ အခန်းခ၊ မီတာခ၊ ဂတ်စ်ဖိုး၊ စားစရိတ်၊ အခြားအသုံးစရိတ် အားလုံးပေါင်းလျှင် မြန်မာငွေ သိန်း ၆၀ ကျပ်ဝန်းကျင်ကုန်ကျနိုင်ပါသည်။
Level 1 မှစပြီး Level 4 အထိ တက်ရောက်မည်ဆိုပါက
Seoul University Book ဖြင့်သင်ကြားမည့်ကျောင်းဖြစ်ပါက
Seoul University Book – 1A (၂ လခွဲတက် ၂ ပတ်ကျောင်းပိတ်)
Seoul University Book – 1B (၂ လခွဲတက် ၂ ပတ်ကျောင်းပိတ်)
Seoul University Book – 2A (၂ လခွဲတက် ၂ ပတ်ကျောင်းပိတ်)
Seoul University Book – 2B (၂ လခွဲတက် ၂ ပတ်ကျောင်းပိတ်)
Seoul University Book - 3A (၂ လခွဲတက် ၂ ပတ်ကျောင်းပိတ်)
Seoul University Book – 3B (၂ လခွဲတက် ၂ ပတ်ကျောင်းပိတ်)
Seoul University Book – 4A (၂ လခွဲတက် ၂ ပတ်ကျောင်းပိတ်)
Seoul University Book – 4B (၂ လခွဲတက် ၂ ပတ်ကျောင်းပိတ်)
မြန်မာငွေ သိန်း ၆၀ ကို ၈ ကြိမ် ကုန်ကျမည်ဖြစ်သည့်အတွက် Level 1 မှ Level 4 အထိ သိန်း ၄၈၀ ကုန်ကျမည်ဖြစ်ပါသည်။ ဒါကတော့ ဘာသာစကားသင်တာြဖစ်ပြီး တက္ကသိုလ် နောက်ထပ် ၄ နှစ်ထပ်တက်ပါမှ ကိုရီးယားမှာ ဘွဲ့ရမည်ဖြစ်ပါသည်။ တက္ကသိုလ်တက်မယ့် ၄ နှစ်စာ ထပ်ပြီးကုန်ကျမည်ဖြစ်ပါသည်။ အကြံပြုချင်တာကတော့ ကိုရီးယားဘာသာစကားကို အနည်းဆုံး Level 4 အထိ မြန်မာနိုင်ငံတွင် သင်ယူပြီးမှ ကိုရီးယားကို သွားပါက အဲဒီ ကုန်ကျမည့်ပိုက်ဆံကို တက္ကသိုလ်တက်မည့်နေရာတွင် သုံးလို့ရမည်ဖြစ်ပါသည်။ Level 4 အထိတက်ပြီးသွားတာဖြစ်သည့်အတွက် ကျောင်းတစ်ဖက်နှင့် အလုပ်လုပ်ရသည်မှာ အဆင်ပြေပါလိမ့်မယ်။ Level 4 အထိကုန်ကျမယ့် ကုန်ကျစရိတ်ဖြင့် တက္ကသိုလ်တက်မယ့်ကုန်ကျစရိတ်ကို
ဖုန်းဆက်မေးမြန်းသူများနှင့် မသိသေးသည့်သူများကို သိစေချင်သည့်အတွက် ရေးသားခြင်းဖြစ်ပါသည်။ အခု ရေးထားသော ငွေကြေးတန်းဖိုးများသည် ခန့်မှန်းချေတွက်ချက်ရေးသားထားခြင်းဖြစ်ပါသည်။ ဒီထက် ပိုကုန်ကျနိုင်သလို နေရာဒေသအပေါ်မူတည်ပြီး လျော့ပြီးကုန်ကျနိုင်တာလည်း ရှိနိုင်ပါသည်။ ငွေကြေးတွက်ချက်ပြီး ကျောင်းသွားတက်မည့်သူများအတွက် ရည်ရွယ်ပါသည်။
ကိုရီးယားတစ်နိုင်ငံလုံးမှာ တက္ကသိုလ် စုစုပေါင်း ၃၃၉ ကျောင်းရှိပြီး( ၄ နှစ်တက်ရတဲ့ တက္ကသိုလ်က ၁၉၁ ကျောင်း)ရှိပါသည်။ အစိုးရတက္ကသိုလ်၊ ပုဂ္ဂလိက တက္ကသိုလ်တွေ ရှိကြပါတယ်။ ဘာသာစကားသင်တဲ့ တက္ကသိုလ်ရှိသလို မသင်တဲ့ တက္ကသိုလ်တွေလည်း ရှိပါတယ်။
Jin Seon
ကိုရီးယားအခြေခံသဒ္ဒါနှင့် စကားပြောသင်တန်း
https://eps.hrdkorea.or.kr/epstopik/home/main/mainPage.do?lang=en
EPS ဆိုဒ်ကို ဝင်ပြီး ပုံပါအတိုင်း ခုံနံပါတ်ရိုက်ထည့်ရှာကြည့်ကြပါ
အမှတ်ပြည့်ယူကြမယ်လို့တော့ ပြောကြတာပဲ😍😍😍
CBT . EPS
Jin Seon သင်တန်းသားဟောင်းများအားလုံး
အခမဲ့ တက်ရောက်နိုင်ပါတယ်ခင်ဗျာ
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the school
Telephone
Website
Address
တိုက် ၃၅၊ အခန်း ၅ ဘီ၊ ၅ လွှာ၊ လှည်းတန်းလမ်းမ၊ စိန်ဂေဟာဘေးတိုက် ကမာရွတ်မြို့နယ်။
Yangon
11041
No. 5 (B/3), 2nd Floor, U Tun Lin Chan Street. Hledan , Kamaryut Township
Yangon, 11041
English Language School (Online Classes & In-Person Classes)
Yangon
အင်္ဂလိပ်ဘာသာစကား လေ့လာရန်၊ အသုံးချရန် မဝံ့မရဲ ဖြစ်နေသူများ အားလုံးအတွက် . . .
No. 128, 3rd Floor, Yankin 12 Lonetan Bus Stop, Yankin Township
Yangon, 11081
လုပ်ငန်းခွင်အတွက်လိုအပ်သော ဘာသာစကားသင်တန်းများကို အခြေခံမှစ၍သင်ကြားပေးနေပါပြီ။
No 34 (2nd Floor)၊ Baho Road & Corner Of Aung Chan Thar Street, (Near Asia Royal Hospital) , Sanchaung Tsp
Yangon, 11111
A Great Place For Your English Journey Which Aims To Broaden Your Education Horizon With Affordable World-Standards Education.
No. 114, 2nd Floor, Sanchaung Street, Sanchaung Township
Yangon
Intensive Training Classes For IELTS.
Yangon
တူရကီဘာသာစကား လေ့လာသင်ယူလိုသူများအ