ရွှေဟင်္သာ ကြွေပြား ကြွေထည်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး
ရွှေဟင်္သာ ကြွေပြား ကြွေထည်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး
You may also like
Ramsa Tile Installation
Ramsa Tile Installation
Photos from ရွှေဟင်္သာ ကြွေပြား ကြွေထည်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး's post 22/11/2023
မေး : ဒီကြွေပြားကပ်တော့ ဘယ်လို
အကျိူးသက်ရောက်မှုရှိမှာလဲ ???
ဖြေ : ရှိတာပေါ့ရှင်......
✅ ယခုကြွေပြားက Grade - A ရေမပေါက် ကြွေပြားတစ်ခါကပ်ပြီး တစ်သက်လုံး လှည့်ကြည့်စရာမလိုတဲ့အတွက် အပိုငွေ ထပ်ခါထပ်ခါ သုံးနေရခြင်းကို လျော့ချပေးနိုင်ပါတယ်..
✅ အိမ်ရှင်မတို့အတွက် သန့်ရှင်းရေးလုပ်ရလွယ်ကူစေပြီး အချိန်ကုန်သက်သာခြင်း..
✅ မိမိတို့နေအိမ် သန့်ရှင်းလှပနေသောကြောင့် စိတ်အား ကြည်လင်လန်းဆန်းစေခြင်း
✅ ပစ္စည်းပိုင်းမှာ Highest Quality ဖြစ်ကြောင်း အာမခံချက်အပြည့်ပေးတာခြင်း တို့ဖြစ်ပါတယ်ရှင့်
ပုံပါကြွေပြားလေး 8"12"ဆိုဒ် / တစ်ပါကင် (25ချပ်)ပါပါတယ်ရှင့်😍
လူကြီးမင်းတို့အိမ်အတွက် ကြွေပြားဘယ်နှစ်ချပ်ကပ်ရမှလဲ တွက်ရခက်နေရင် အလျား / အနံ ပေလေး Commentမှာ မှန့်ခဲ့ပေးပါနော်
မင်တို့တွက်ပေးပါ့မယ်ရှင့်
ရွှေဟင်္သာ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး🙏🙏🙏
ဆိုင်လိပ်စာ - အဆောင်(28), အခန်း(3,4,5,6),ကျောက်စိမ်း(5)လမ်း, စော်ဘွားကြီးကုန်း, ရိုးမဘဏ်အနီး, အင်းစိန်မြို့နယ်, ရန်ကုန်မြို့။
ဖုန်းနံပါတ်များ
09965447666
09443100333
09972116699
ဆိုင်ကို တိုက်ရိုက် Google map က လမ်းညွှန်ဖြင့် လာချင်သူများအတွက်-
https://goo.gl/maps/MdmEFaST9zxLNghm7
Viber community - https://invite.viber.com/?g2=AQA30o2c9u9lwU6kgJjq7uSr85mb2pJJdDCnAJzY5YD8Q%2BfJhk945fmg45GucPT7
မိတ်ဟောင်းမိတ်သစ်များ အားလုံး ကျန်းမာ ရွှင်လန်း ကြပါစေ 🙏
*T #ကျောက်သား
#ရွှေဟင်္သာ #အိမ်ဆောက်ပစ္စည်း
#ဆောက်လုပ်ရေး #ကြွေပြား # ပေါလစ်အပြောင် #နံရံကပ်ကြွေပြား #နံရံအတွင်း #အိမ်ရှေ့မျက်နှာစာ # 8"12နံရံကပ်ကြွေပြား
#၈လက်မ၁၂လက်မ
Photos from ရွှေဟင်္သာ ကြွေပြား ကြွေထည်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး's post 20/11/2023
Sensor(အလိုအလျှောက်ရေကျစနစ်)ပါသည့် ကျားဆီးအိုး(အကြီး)ကို
ပုံမှန်ဈေး - 198000 ကျပ် မှ
တန်ဆောင်တိုင် Promotion ဈေး -178000 ကျပ် ဖြင့်သာရောင်းချပေးပါမယ်ရှင့်
Sensor (Auto ရေကျစနစ်)နဲ့ယူချင်လား???
ရိုးရိုးနဲ့ပဲယူမလား???
ဆီးအိုး အမျိုးအစားနှစ်မျိုး ကိုစိတ်တိုင်းကြရွေးချယ်နိုင်ပါတယ်ရှင့်
ဦးသူယူမို့ ပစ္စည်းမကုန်ခင်လေး လက်သွက်ဖို့လိုပါမယ်နော်
Chat Box (သို့)မင် vb 09443100333 ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်
*T
#ကျားဆီးအိုး
#ဆီးအိုး
20/11/2023
Monday Quotes...
*t
Photos from ရွှေဟင်္သာ ကြွေပြား ကြွေထည်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး's post 19/11/2023
🏠အဆင့်မြင့်တိုက်ခန်း အိမ်ခန်း တွေအတွက် အသင့်တော်ဆုံး ၂ပေပတ်လည် အခင်းကြွေပြားအကြမ်း 🏘
▫️အခင်းကြွေပြားထဲက ဘုရင်ဖြစ်တဲ့ 2ပေပတ်လည် အကြမ်း မျက်နှာပြင်တွေ တင်ပေးလိုက်ပါတယ်။
ဈေးနှူန်းလေးကလဲ တစ်ချပ်ကို (6000ကျပ်)ဝန်းကျင်နဲ့ပဲ ရောင်းချပေးပါမယ်နော်..
▫️တစ်အိမ်လုံးပတ်လည်ခင်းချင်တယ်ဆိုလဲ သေချာတွက်ချက်ပြီး ဘယ်နှစ်ကျင်းလိုမလဲဆိုတာပြောပေးပါမယ်။
▫️ကြွေသားလဲထူတယ် အရောင်ကလဲ ဘယ်လောက်ကြာကြာ မမှိန်သွားဘူး။
▫️ဆက်သွယ်လိုက်တာနဲ့ အိမ်အရောက်ပို့ပေးဖို့ ရွှေဟသႅာ က တာဝန်ယူပါတယ်။
🔸ရွှေဟသႅာ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး🔸
ဆိုင်လိပ်စာ - အဆောင်(28), အခန်း(3,4,5,6),ကျောက်စိမ်း(5)လမ်း, စော်ဘွားကြီးကုန်း, ရိုးမဘဏ်အနီး, အင်းစိန်မြို့နယ်, ရန်ကုန်မြို့။
ဖုန်းနံပါတ် - 019640411, 09972116699, 09783100333
Facebook သုံးရန်အဆင်မပြေဖြစ်တဲ့ မိတ်ဆွေများအတွက် ရွှေဟသႅာ နှင့် အဆက်မပြတ်သွားအောင် အောက်ပါ Viber နှင့် Telegram Channel လေးတွေကို Join ထားပေးဖို့ မေတ္တာရပ်ခံပါတယ်။
Viber Community - https://invite.viber.com/?g2=AQA30o2c9u9lwU6kgJjq7uSr85mb2pJJdDCnAJzY5YD8Q%2BfJhk945fmg45GucPT7
*T
#ရွှေဟသႅာ #အိမ်ဆောက်ပစ္စည်း
#ဆောက်လုပ်ရေး #ကြွေပြား #2ပေပတ်လည်
18/11/2023
အမြဲတမ်း အရောင်းပိုစ့်တွေပဲကြည့်နေရတော့ ပျင်းနေကြပြီလား?
ကဲ....
ဒီတစ်ခါတော့ မင်မင်နဲ့အတူ ဦးနှောက်လေးကို အလုပ်ပေးပြီး အ‌ဖြေရှာကြည့်ရအောင်?🤔🤔🤔
*T
#ဉာဏ်စမ်း
Photos from ရွှေဟင်္သာ ကြွေပြား ကြွေထည်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး's post 18/11/2023
ရွှေဟင်္သာ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး မှ ဝန်ထမ်းမိသားစုများအတွက် (15)ကြိမ်မြောက်စားသောက်ကုန်ပစ္စည်းများ လှူဒါန်းထောက်ပံ့ပေးခြင်း🙏🙏🙏
ရွှေဟင်္သာ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး မိသားစုမှ (15)ကြိမ်မြောက်အနေဖြင့် အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ ဆန် ၈ ပြည်/ ဆီ 1 ပိသာ / ငါးခြောက် / ကြက်ဥ အစရှိတာတွေကို စက်ရုံနှင့် ဆိုင်ရှိဝန်ထမ်းပေါင်း အယောက် (60)ကျော်အတွက် လှူဒါန်းထောက်ပံ့ပေးခဲ့ပါတယ်ရှင်...
# S*T #စားသောက်ကုန် #လှူဒါန်းခြင်း
16/11/2023
ရှယ်ပလန်နဲ့ ရှယ်တန်တဲ့...တန်ဆောင်တိုင်...
ရွှေဟင်္သာကုမ္ပဏီမှတင်သွင်းဖြန့်ချီသော MAC အမှတ်တံဆိပ်(2 piece)ဘိုထိုင်
- အဖုံး Slow down
- ရေချွေတာရေးဖြစ်သော အလည်
နှစ်ချက်နှိပ်(Dual Flash)စနစ်ပါဝင်ပြီး
-အပိုပစ္စည်းအလွယ်တကူရရှိနိုင်တဲ့
ဘိုထိုင်အား
ပုံမှန်ရောင်းဈေး 145,000/-ကို
ယခုဈေး "130,000/- "
(Budget Save 15,000/-)
15,000/-တောင်သက်သာမှာနော်...
အရေအတွက်များများယူလေ ပိုသက်သာမှာဖြစ်လို့ Chat box မှာ အမည်၊လိပ်စာ၊ဖုန်းနံပါတ်လေးပေးပို့ပြီး အခုပဲမှာယူလိုက်ပါ....
vb-09443100333
မိတ်ဟောင်းမိတ်သစ်များ အားလုံး ကျန်းမာ ရွှင်လန်း ကြပါစေ 🙏
*T #ကျောက်သား
#ရွှေဟင်္သာ #အိမ်ဆောက်ပစ္စည်း
#ဆောက်လုပ်ရေး *t #ဦးသူယူ #ဘိုထိုင်
16/11/2023
Customer များရှင့် ဝန်ဆောင်မှုပိတ်ထားသော မြို့များအားအသိပေးအကြောင်းကြားအပ်ပါသည်ရှင့်📢📢📢
စစ်တွေ ၊ သံတွဲ ၊ အမ်း ၊ ကျောက်တော် ၊ ရန်းဗြဲ ၊ ကျောက်ဖြူ ၊ တောင်ကုတ် ၊ မြောက်ဦး၊ မင်းပြား ၊ လွိုင်ကော် ၊ ကောလင်း ၊ကလေး၊ ဆိပ်ခွန် ၊ တမူး၊ ဟားခါး၊မူဆယ် ၊ လားရှိုး ၊နောင်ချို ၊ ကျောက်မဲ ၊ကသာ ၊ ထီးချိုင့် မြို့များ ပါဆယ် ၊ ပစ္စည်းပို့ပေးသော ဝန်ဆောင်မှု ပိတ်ထားပါတယ်ရှင့်
မုံရွာ ၊ ပြင်ဦးလွင် ၊ မိုးကုတ် ၊ ရွှေကျင် ၊ တာချီလိတ် ၊ပဲနွယ်ကုန်း မြို့များ ပါဆယ် ပစ္စည်း ပေးပို့ရာတွင် သတ်မှတ်ရက်ထက် ကြန့်ကြာနိုင်ပါတယ်ရှင့်
စစ်ကိုင်းတိုင်းရှိ မြို့များနှင့် ကချင်ပြည်နယ်ရှိ မြို့များ ပါဆယ် ပစ္စည်း ပေးပို့ရာတွင် သတ်မှတ်ရက်ထက် ကြန့်ကြာနိုင်ပါတယ်ရှင့်
မကွေးတိုင်းဒေသကြီး ရေစကြို မြို့နှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့များ ပါဆယ်များ ပေးပို့ရာတွက် သတ်မှတ်ရက်ထက် များစွာကြန့်ကြာနိုင်ပါသည်
ထပ်မံ အသိပေးအပ်ပါသည်ရှင့်
ဝန်ဆောင်မှုပိတ်ထားသော မြိုများ မှ ယခင်ရက်များမှ ပါဆယ်များ Retrun အနေနဲ့ ပြန်လာနိုင်ကြောင်း အထူးအသိပေးအကြောင်းကြားအပ်ပါသည်ရှင့်
Crd
#နယ်စုံကားဂိတ်
#အသိပေးခြင်း
#
15/11/2023
ကြွေပြားလန်ကျိုးခြင်းကွာထွက်ခြင်းဆိုတာဘာလဲ ?
===============
လူကြီးမင်းတို့၏နေအိမ်ကြမ်းခင်းမူလနေရာမှ ကပ်ထားသော ကြေပြားများကြွတက်လာခြင်းနှင့် ကြွေပြားတခုနှင့် တခုကြားတွန်ကန်မှုဖြစ်ပေါ်ခြင်းစသည်တို့ကြောင့် ကြွေပြားခုံးကြွကွာထွက်ခြင်းကို ဖြစ်ပေါ်စေသည်။
ထိုကဲသို့ဖြစ်ပေါ်ခြင်းကြောင့် လန်ကျိုးသော ကြွေပြားပြဿနာမဆွဲဘဲလန်တက်သောကြွေပြားပြဿနာ (သို့) ခုံးကြွကောက် ကြွေပြားပြဿနာဆိုပီး ခေါ်တွင်စပြုလာကြသည်။ကြွေပြားခုံးကြွခြင်းပြဿနာကိုကြွေပြား အမျိုးအစားမျိုးစုံတွင် တွေ့မြင်ရတတ်သည်။
ဥပမာ-ကြွေပြား,ပိုစီလင်းကြွေပြား အမျိုးအစားနှင့် မြေသားကြွေပြားအမျိုးအစား။ကြွေပြားကပ်နေစဉ်အတွင်းစနစ်တကျ ဂရုစိုက်ခဲ့ပါက ထိုကဲသို့ပြဿနာ မဖြစ်ပွားနိုင်ပေ။ပြီးပြည့်စုံပီး ကြွေပြားကပ်ထားသော အောက်ကြမ်းခင်းမှ ကြွေပြားများခုံးကြွကွာထွက်လာခြင်းမှာ အပူချိန်ပြောင်းလဲခြင်း၊ကြွေပြားကပ်သည့်နည်းစနစ် မှားယွင်းခြင်းနှင့် အမျိုးမျိုးသော အကျိုးသက်ရောက်မှုများကြောင့်ပင် ဖြစ်သည်။
ကြွေပြားလန်ကျိုးခြင်းကွာထွက်ခြင်းကို ဖြစ်ပေါ်စေနိုင်သော အကြောင်းပြချက်များ
ကြွေပြားလန်ထခြင်းကျွတ်ထွက်ခြင်းကို ဖြစ်ပေါ်စေနိုင်သော အကြောင်းပြချက်များမှာ
အောက်ပါအတိုင်းဖြစ်ပါသည်။
✅အမှတ်စဉ် ၁။ ကြွေပြားကပ်ကော် အသုံးမပြုခြင်း။
ကြွေပြားများတပ်ဆင်ရာတွင် ကြွေပြားကပ်ကော် အသုံးမပြုပါကကြွေပြားများကွာထွက်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
✅အမှတ်စဉ် ၂။ အရည်အသွေးမကောင်းမွန်သော ကြွေပြားကပ်ကော် အသုံးပြုခြင်း။
ကြွေပြားကပ်ထားသော ကြမ်းခင်းကို နေရောင်ခြည်တိုက်ရိုက်ထိတွေခြင်း နှင့် အရည်အသွေးမကောင်းမွန်သော ကြွေပြားကပ်ကော်ကို အသုံးပြုမိခြင်းတို့ကြောင့် ကြွေပြားခုံးကြွလန်ကျိုးခြင်း စသည့် ပြဿနာများ ဖြစ်ပေါ်လာသည်။ နေရောင်ခြည်တိုက်ရိုက်ထိတွေခြင်း တို့ကြောင့် ကြွေပြားခုံးကြွမှု ဖြစ်ပေါ်လာပီး ကြွေပြားကပ်ကော် ဆွဲကပ်အားမကောင်းမွန်ခြင်းကြောင့် ကြွေပြားကွာထွက်ခြင်းစသည့် ပြဿနာများဖြစ်ပေါ်လာရသည်။
✅အမှတ်စဉ်၃။ မှားယွင်းသော ကြွေပြားတပ်ဆင်ခြင်းနည်းလမ်း အသုံးပြုခြင်း။
အရွယ်အစားကြီးကြွေပြား(သို့) ဆိုဒ်လွန် ကြွေပြားကြီးများတပ်ဆင်ရာတွင် ဘီသံလက်ဖြင့် ခင်းကျင်းသည့် နည်းလမ်းသည်သာလျှင် ကြွေပြားမျက်နှာပြင် နှင့် ကြွေပြားကပ်ကော်ကြားကောင်းမွန်သော ဆွဲကပ်အားကို ရရှိစေသည်။ ကြွေပြားကပ်ပီးပါကလည်း သစ်သားတူ ရာဘာတူတို့ဖြင့် ညင်သာစွာ ထုရိုက်ခြင်းသည်လည်း ကော်သားနှင့် ထိတွေ့စေရန်အထောက်အကူပြုပေးသည်။
✅အမှတ်စဉ်၄။သင့်တော်သော ကြွေပြားနှာလိုင်းမထားရှိခြင်း။
ကြွေပြားနှာလိုင်းမထားခြင်း (သို့) မှားယွင်းသော နှာလိုင်းကြားတုန်ခါမှု
မမှန်ကန်သောကြွေပြားကပ်ခြင်းကြောင့် ဖြစ်ပေါ်သည့် ကြွေပြားနှာလိုင်းကြား တုန်ခါမှုကြောင့်လဲကြွေပြားကွာထွက်ခြင်းစသည့် ပြဿနာမျာ ဖြစ်ပေါ်နိုင်သည် ။
✅အမှတ်စဉ်၅။ကြွေပြားကပ်မည့် မျက်နှာပြင်ဧရိယာအား စနစ်တကျ သန့်ရှင်းရေးမပြုလုပ်ခြင်း
ကြွေပြားမကပ်မှီ ကွန်ကရစ်မျက်နှာပြင်အား သန့်ရှင်းရေစနစ်တကျ မပြုလုပ်သောကြောင့် ကောင်းမွန်သော ဆွဲကပ်အားကို မဖြစ်ပေါ်စေနိုင်ပေ။ ယင်းကဲ့သို့ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် ကြွေပြားကွာထွက်ခြင်းစသည့် ပြဿနာများ ဖြစ်ပေါ်လာရသည် ။
✅အမှတ်စဉ်၆။ ကွန်ကရစ် ကြမ်းခင်းမျက်နှာပြင်ကျုံ့ဆန့်မှုဖြစ်ပေါ်ခြင်း။
ကြွေပြားသည် ရေစိမ့်ဝင်နိုင်သောကုန်စည်ဖြစ်သည့်အားလျော်စွာ တခါတရံ ရေငွေ့အားလွန်စွာစုပ်မှုတို့ကြောင့် ကြွေပြားသား ဖောင်းပွခြင်းဖြစ်ပေါ်စေနိုင်သည်။ထိုသို့ ပြန့်ကားမှုဖြစ်ပေါ်ခြင်းကြောင့် ရေ့ငွေဖိအားသည်တွန်းကန်ပီး ကြွေပြားအားကျွတ်ထွက်စေမှုကို ဖြစ်ပေါ်စေသည်။ထိုကြောင့်ကြွေပြားကွာထွက်စေခြင်း ပြဿနာ အစပြုလာသည်။ထိုဖြစ်စဉ်ကိုကြွေပြားကွာထွက်ခြင် ပြဿနာဟုခေါ်သည်။
✅အမှတ်စဉ်၇။ အောက်ကြမ်းခင်း လယ်ဗယ်မညီညာမှု မရှိခြင်း။
အောက်ကြမ်းခင်း လယ်ဗယ်မညီညာမှုသည်လည်းကြွေပြားကွာထွက်ခြင်း၏ အကြောင်းတရားတမျိုးပင်ဖြစ်ပါသည်။ လယ်ဗယ်မညီညာမှုသည် ကြွေပြားနှင့် ကြမ်းခင်းမျက်နှာပြင်ကြား ကြွေပြားကပ်ကော်သား (သို့) မဆလာသားတို့၏ ဆွဲအားကို တသတ်မတ်ထဲ မဖြစ်ပေါ်စေနိုင်ပေ။ထိုကြောင့်မကောင်းမွန်သော မညီညာသော ကြွေပြားကွာထွက်ခြင်းကို ဦးတည်ဖြစ်ပေါ်စေနိုင်ပါသည်။
✅အမှတ်စဉ်၈။ အဘယ်ကြောင့် ကြွေပြားကွာထွက်ခြင်းပြဿနာကို နှစ်အနည်းငယ်ကြာမှသာ ဖြစ်ပွားရသနည်း??
ကြွေပြားကွာထွက်ခြင်းပြဿနာဖြစ်ရခြင်း အဓိကအကြောင်းအရင်း၃ခုမှာ
၁။ဘိလပ်မြေသဲရော မဆလာဖြင့် အလွန်ထူသောမဆလာထု ဖြင့် ကြွေပြားကပ်ခင်းကျင်းခြင်းမှ အက်ကွဲကြောင်းဖြစ်ပေါ်ခြင်း။
၂။အရည်အသွေနိမ့်သော ကြွေပြားကပ်ကော် အသုံးပြုခြင်းတို့ကြောင့် ဆွဲကပ်အားနည်းပါမှုဖြစ်ပွားခြင်း။
၃။အခြားသော ကျယ်ပြန့်သော ပြန်ပ အားကြွေပြား ပေါ် သို့သက်ရောက်ခြင်း။(အပူ,အစိုဓါတ် စုပ်ယူမှုနှင့် အခြား)
ကြွေပြားဆွဲကပ်အားမကောင်းမွန်ပါကလည်းအလွယ်တကူကွာထွက်နိုင်သည်။ကောင်းမွန်သောဆွဲကပ်အားရှိပြန်ပါကလည်း မှာယွန်းသောနှာကြောင်းလိုင်းသည် ကြွေပြားဆွဲကပ်အားယုတ်လျော့စေရန် တွန်းကန်ပေးသည်။အတိုချုပ်ပြောမည်ဆိုပါက ကြွေပြားတပ်ဆင်းသည့် အခါတိုင်း သင့်တင့်မျှတသော နှာလိုင်းအကျယ် ထားပေးရမည်။ကြွေပြားနှင့် မျက်နှာပြင် တွန်ကန်အားမဖြစ်ပေါ်စေရန် ကျုံ့ဆန့်မှုမဖြစ်ပေါ်စေသည်အထူး ဒီဇိုင်းများဖြင့် စနစ်တကျ ကပ်ခြင်းသည် ကြွေပြားများအားသက်တမ်းတခု ကြာမြင့်သည့်အထိ ကောင်းမွန်စွာ စေနေနိုင်မှာပဲဖြစ်ပါသည်။
အနှစ်ချုပ်အားဖြင့်အထက်ဖော်ပြပါ အကြောင်းအရာများသည် ကြွေပြားလန်ကျိုးခြင်း ကွာထွက်ခြင်းတို့ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာ အချို့သာ ဖြစ်သည်။လူကြီးမင်းတို့အနေဖြင့် လုပ်သမားပိုင်းဆိုင်ရာအပိုင်းဖြစ်သည့် အသုံးပြုသည့် ကိရိယာ,ကြမ်းခင်းအခြေအနေ, အလုပ်သမားကျွမ်းကျင်မှု စသည့် အချက်အလက်များကို လဲထည့်သွင်းစဉ်းစားစေချင်ပါသည်။
Crd
Photos from ရွှေဟင်္သာ ကြွေပြား ကြွေထည်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး's post 15/11/2023
အားပေးချက်က 9+++
လိုင်းပေါ်ကနေ တွဲကားတစ်စီးစာ မိချောင်းစီးမက် နှင့် ကြွေပြားဒီဇိုင်းအစုံကို မနက်မိုးလင်းထဲက ခုချိန်ထိ အားပေးကျသော လူကြီးမင်းများအား ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်🙏😍
#မိချောင်း
#အားပေးချက်
#ကျေးဇူးအထူးတင်ရှိပါသည်
Photos from ရွှေဟင်္သာ ကြွေပြား ကြွေထည်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး's post 14/11/2023
ကြွေပြားဆိုရင် ပစ္စည်းအကောင်းဆုံးထဲကပဲ သုံးချင်ပါတယ်ဆိုတဲ့ ကာကာများအတွက် ၁ပေပတ်လည် ယိုးဒယားကြမ်းခင်းကြွေပြား😍
✅ Made In Thailand (အသားတံဆိပ်ပါပြီး)
✅ သန့်ရှင်းရေးလုပ်ရလွယ်ကူခြင်း
✅ ယိုးဒယားကြွေပြားမို့ ရေရှည်ကြွေပြားအရောင် မှိန်မသွားခြင်း
✅ ကြွေပြားတစ်ချပ်နှင့် တစ်ချပ်ဆိုဒ်ညီတဲ့အတွက်ကြောင့် သေသပ်လှပပြီး ကြွေပြားကပ်ရတာ လွယ်ကူလျှင်မြန်စေခြင်း
✅ ရေမစိမ့် /ရေမကွက်ခြင်း
✅ ဧည့်ခန်း / ဘုရားကျောင်းဆောင် / အိပ်ခန်းတွေမှာ အသုံးပြုနိုင်ပါတယ်ရှင့်
✅ ပြုပြင်ထိန်းသိမ်းစရိတ်နည်းပါးခြင်း
✅ တစ်ပေပတ်လည်ဆိုဒ် တစ်ကျင်းအချပ်(100 )ကုန်ပါမယ်ရှင့်
လူကြိုက်အရမ်းများပြီး ပစွည်းအကုန်မြန်လို့ ခုပဲ မင်မင်ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါနော်😍
ရွှေဟင်္သာ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး
ဆိုင်လိပ်စာ - အဆောင်(28), အခန်း(3,4,5,6),ကျောက်စိမ်း(5)လမ်း, စော်ဘွားကြီးကုန်း, ရိုးမဘဏ်အနီး, အင်းစိန်မြို့နယ်, ရန်ကုန်မြို့။
ဖုန်းနံပါတ်များ
09965447666
09443100333
09972116699
ဆိုင်ကို တိုက်ရိုက် Google map က လမ်းညွှန်ဖြင့် လာချင်သူများအတွက်-
https://goo.gl/maps/MdmEFaST9zxLNghm7
Viber community - https://invite.viber.com/?g2=AQA30o2c9u9lwU6kgJjq7uSr85mb2pJJdDCnAJzY5YD8Q%2BfJhk945fmg45GucPT7
မိတ်ဟောင်းမိတ်သစ်များ အားလုံး ကျန်းမာ ရွှင်လန်း ကြပါစေ 🙏
*T #ကျောက်သား
#ရွှေဟင်္သာ #အိမ်ဆောက်ပစ္စည်း
#ဆောက်လုပ်ရေး #ကြွေပြား 300MM tile #ကျွန်းပါကေး #ကျွန်းကွက် #တစ်ပေပတ်လည်ဆိုဒ် #အောက်ကြမ်းခင်း
12/11/2023
Happy Deepawali 🎇
ဒီပါဝလီနေ့ (ခေါ်) ဒေဝါလီနေ့
ယနေ့ ကျရောက်သော ' ဒီပါဝလီ' နေ့မှာ ဟိန္ဒူဘာသာဝင်များနှင့်အတူ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍ ပျော်ရွှင်စရာနေ့ရက်လေးဖြစ်ပါစေ🙏...
Deepawali
#ဒီပါဝလီ #ဒေဝါလီ
*T
11/11/2023
အမြဲတမ်း အရောင်းပိုစ့်တွေပဲကြည့်နေရတော့ ပျင်းနေကြပြီလား?
ကဲ....
ဒီတစ်ခါတော့ မင်မင်နဲ့အတူ ဦးနှောက်လေးကို အလုပ်ပေးပြီး အ‌ဖြေရှာကြည့်ရအောင်?🤔🤔🤔
*T
#ဉာဏ်စမ်း
Photos from ရွှေဟင်္သာ ကြွေပြား ကြွေထည်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး's post 10/11/2023
Online shop နှင့် Live Sale ရောင်းချနေသူများအတွက်သတင်းကောင်း...
မိတ်ဆွေက Online shop လုပ်နေတဲ့သူလား???
Live Sale ရောင်းပြီးရောင်းအားပိုတက်ချင်တာလား???
ဒါဆိုရင်တော့ ဒီ post လေးက မိတ်ဆွေအတွက်ပါ....။Online Shop တွေ Live Sale တွေ မှိုလိုပေါနေတဲ့အချိန်မှာ ကိုယ့် Page,ကိုယ့် Live Sale ကပိုရောင်းရဖို့ဆိုရင် ပိုပြီးအားစိုက်ထုတ်မှုတွေ၊ကြိုတင်ပြင်ဆင်မှုတွေအများကြီးလုပ်ရတာပါ။ကိုယ်ရောင်းမယ့် Product ရဲ့ Quality ကိုမထိခိုက်စေဖို့ ပုံရိုက်တဲ့အခါမှာ အပြင်ပုံနဲ့အနီးစပ်ဆုံးတူဖို့ ရိုက်တဲ့ phone ကအစ,Lighting အလင်းအမှောင် နဲ့ Room Decoration မှသုံးမယ့် Accessories အထိ အသေးစိတ်ဂရုစိုက်မှသာ ပုံကောင်းလေးတွေရရှိမှာဖြစ်ပါတယ်။ဒါကြောင့် Room Decoration ပိုင်းနဲ့ပက်သက်ပြီး ကျွန်မတို့ ရွှေဟင်္သာ မှ အသစ်ရောက်ရှိလာတဲ့ 2' x 2' ကြမ်းခင်းကြွေပြားလေးနဲ့မိတ်ဆက်ပေးပါရစေ...။ဒီ 2' x 2' ကြမ်းခင်းကြွေပြားလေးဟာ.....
- ကျောက်သားဖြစ်၍မာကျောကျစ်လစ်ခိုင်ခံ့ခြင်း
- Coating ပိုင်းမှာလည်း Fully Polish သုတ်ပေးထားခြင်း
- Design ပိုင်းမှာလည်း Luxury ဆန်ပြီးကြည့်ကောင်းခြင်း
- Colour အားဖြင့်လည်း အခန်းကိုပိုလင်းစေခြင်း
- Grade A အဆင့် Quality ရှိခြင်း
စတဲ့အချက်တွေကြောင့် မိတ်ဆွေတို့ရဲ့ Product photo တွေ၊ Live Sale တွေမှာ Classic vibe ရရှိစေမယ့်အပြင် ရေရှည်အတွက်ပြုပြင်ထိန်းသိမ်းစရိတ်သက်သာစေတဲ့အတွက် တစ်ခါဝယ်ပြီးတစ်သက်သုံးပါနော်....
📞📞📞
09443100333
*T
#2ပေပတ်လည်
#ကြမ်းခင်းကြွေပြား
08/11/2023
1. Peg out -ပန္နက်
2. Stake /peg -တိုင်ငုတ်ချွန်၊ပန္နက်တိုင်
3. Pole/Column -တိုင်
4. Concrete Pole-ကွန်ကရစ်တိုင်
5. Pillar -​ဖောင်းအလှတိုင်
6. Wall -နံရံ
7. Beam -ထုတ်/ယက်မ
8. Floor -ကြမ်းခင်း /ကြမ်းပြင်
9. Balcony Floor -လသာ​ဆောင်ကြမ်းခင်း
10. Toilet Floor - အိမ်သာကြမ်းခင်း
11. Polished Concrete -​​ချောမွတ်ပြောင်လက်​နေ​​သော ကွန်ကရစ်နံရံကြမ်းပြင်
12. Brick - အုတ်
13. Lime -ထုံး
14. Sand lime brick -သဲအုတ်
15. Paving brick -လမ်းခင်းအုတ်
16. Ventilation brick -ပန်းအုတ်
17. Concrete brick -ဘိလပ်​မြေအုတ်(​ဘောက်အုတ်)
18. Joint -နှာ(အုတ်စီ)
19. Raking back -​နောက်ဆုတ်အုတ်စီနည်း
20. Stretcher -အုတ်လျား
21. Plinth level -အုတ်ခုံမျက်နှာ
22. Cement -ဘိလပ်​မြေ
23. Water -​ရေ
24. Sand -သဲ
25. Sand Coarse-သဲကြမ်း
26 . Sand fine -သဲနု
27. Gravel -​ကျောက်စရစ်
28. Stone chipping -​ကျောက်ဆန်ကွဲ
29. Marble -စကျင်​ကျောက်
30. Shingle -​ကျောက်စရစ်
31. Steel bar -၃မူးနှင့်အထက်ကြီး​သော
သံ​ချောင်းများ
32. Steel Round Bar -​ပြောင်​ချောသံ​ချောင်း
33. Steel plate -သံပြား
34. Steel flat bar -သံပြားအရှည်
35. Steel wire rod -သွတ်ကြိုး
36. Angle steel bar -ကျင်တွယ်သံ​ချောင်း
37. Welded panels -သံဇကာ
38. Welded net -သံဇကာအ​သေး
39. Iron nail -သံမှို
40. Concrete nail -စတီးသံမှို
41. Bamboo -ဝါး
42. Timber -သစ်
43. Plastic rope-ပလတ်စတစ်ကြိုး
44. Nylon rope -နိုင်လွန်ကြိုး
45. Hardwood Squares -ပျဥ်(သစ်မာ)
46. Plywood -သစ်သားပြား
47. Lumber -သစ်ပွ
48. Earth -​မြေကြီး
49. Dig earth -​​မြေကြီးတူး
50. Earth leveling construction-​မြေကြီးညှိ
51. Cement earth -ဘိလပ်​မြေညှိ(မျဥ်းတိုက်)
52. Construction site clearing -​နေရာဌာနရှင်းလင်း
53. Hall -​ဟောခန်း
54. Bedroom -အိပ်ခန်း
55. Living room -ဧည့်ခန်း
56. Shrine /Buddha room -ဘုရားခန်း
57. Dinning room -ထမင်းစားခန်း
58. Kitchen -မီးဖိူ​ချောင်
59. Pantry -စားနပ်ရိပ်ခါထားရာအခန်း
60. Bathroom -​ရေချိုးခန်း
61. Lounge room/sitting room-အပန်း​ဖြေခန်း
62. Basement -​မြေ​အောက်ခန်း
63. Garage -ကား ထားရန်
64. Study -စာကြည့်ခန်း
65. Balcony -လသာ​ဆောင်
66. Verandah -ဝရန်တာ
67. Path -​လျှောက်လမ်း
68.Roof -အမိုး
69. Ceiling -မျက်နှာကျက်
70. Sheds -အဖီများ
71. Gate -ဝိုင်းဝင်တံခါး
72. Fence - ခြံစည်းရိုး
73. Letter box-အိမ်ဝန်း​ရှေ့စာတိုက်ပုံး
74. Door bell -အိမ်ဝန်း​ရှေ့ အချက်​​​​ပေးဘဲ
75. Ditch - ​ရေ​မြောင်း
76. Water tank -​ရေ​လှောင်ကန်
77. Wattle -ဝါးကပ်
78. Metal -သတ်တု
79. Brass -​ကြေးဝါ
80.Aggreate -​ရောစာ
81. Marble tile -စကျင်​ကျောက်ပြား
82. Marble chipping-စကျင်​ကျောက်ဆန်ကွဲ
83. Abutment wall -​မြေကာနံရံ
84. Chimney -မီးဖို​ခေါင်းတိုင်
85. Gypsum - စကျင် သလင်း​ကျောက်
86. Lodedtone -သံလိုက်​ကျောက်
87. Bismuth(cast iron) -သံကြွပ်
88. Chowket /door&window frame -ကျည်း​ဘောင်
89. Formwork -​ကျောက်ပုံး
90. Flooring tile- ​ကျောက်ပြား
91. Span -ခန်းဖွင့်အကျယ်
92. ridge -​ခေါင်ရိုး
93. ridge piece-​ခေါင်ချုပ်
94. Folding door -​ခေါက်တံခါး
95. Hollw brick -​ခေါင်းပွအုတ်
96. Pudlog -ငြမ်းဆင့်
97. Puglog hole-ငြမ်းဆင့်ထိုး​ပေါက်
98. Scaffolding -ငြမ်းဆင်ခြင်း
99. Binder -ထိန်းချုပ်​ဆေး
100. Ledged&battened door-ပျဥ်​ထောင်တံခါး
Photos from ရွှေဟင်္သာ ကြွေပြား ကြွေထည်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး's post 07/11/2023
လက်ကားဆိုင်သမားကြီးများအတွက် ထွေးထူးပြောပြစရာမလိုပဲ No.1 အရောင်းရဆုံး မိချောင်းတံဆိပ် ယိုးဒယား စီးမက်(ကျောက်မှုန့်)
တွဲကားစီးလိုက် ရောက်လာပြီမို့ ‌ဈေးသက်သက်သာသာနဲ့ အရေအတွက်လိုသလောက် ရောင်းချပေးပါမယ်ရှင့်
တစ်ပါကင် - 27000 ကျပ်
(အနည်းဆုံး ၅ပါကင်အထက် ဝယ်ယူရပါမယ်ရှင့်)
အသေးစိတ်ကို Chat Boxမှတစ်ဆင့် ဆက်သွယ်စုံစမ်း‌မေးမြန်းပေးပါနော်..
09 443 100 333
*T
#ကျောက်မှုန့်
#လက်ကားဈေး
05/11/2023
ဘယ်မှာမှ မရနိုင်မယ့်ဈေးရယ်....
ရတဲ့ဈေးထက်လုံးဝသာမယ့်အရည်အသွေးရယ်....နဲ့
အခြေခံပညာကျောင်းများအတွက် မင်တို့ ရွှေဟင်္သာမှ အထူး အထူး ဈေးနှုန်း 1sqft (5000/-)စွန်းစွန်းလေးနဲ့သာ ရရှိနိုင်မယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါးလိုက်ပါရစေ...။
09 443 100 333
#ကျောင်းဆိုဒ်
#တံခါး
#ကျွန်းတံခါး
#ပြတင်းပေါက်
04/11/2023
အမြဲတမ်း အရောင်းပိုစ့်တွေပဲကြည့်နေရတော့ ပျင်းနေကြပြီလား?
ကဲ....
ဒီတစ်ခါတော့ မင်မင်နဲ့အတူ ဦးနှောက်လေးကို အလုပ်ပေးပြီး အ‌ဖြေရှာကြည့်ရအောင်?🤔🤔🤔
#ဉာဏ်စမ်း
*T
Photos from ရွှေဟင်္သာ ကြွေပြား ကြွေထည်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး's post 03/11/2023
"ဒီစာဖတ်ပြီးမှ....
ကြွေပြားဝယ်ပါ..."
ယခင်တုန်းကကြွေပြားများကို ရေချိုးခန်းနှင့်မီးဖိုချောင်များတွင်သာ အသုံးများသော်လည်း ယခုချိန်တွင် နည်းပညာတိုးတက်ပြောင်းလဲလာမှု၊လူနေမှုပုံစံမြင့်မားလာမှုတို့ကြောင့် ဧည့်ခန်း၊အိပ်ခန်း၊မျက်နှာစာများတွင်လည်းကြွေပြားများဖြင့်အလှဆင်လာကြတယ်။ကြွေပြားများကိုရွေးချယ်ရာတွင် အိမ်ရဲ့ Design ၊အတွင်းအပြင်၊အလင်းရောင်ရရှိမှု၊အခန်းအကျယ်၊အိမ်သုတ်ဆေးအရောင် စတဲ့အချက်တွေကို အခြေခံပြီး လိုက်ဖက်မယ့်ကြွေပြားအရောင်၊Design၊Size၊ထုတ်လုပ်သည့်နိုင်ငံ၊ အရည်အသွေး(Grade - A,B,C)၊ရေပေါက်ကြွေပြား၊ရေမပေါက်ကြွေပြား သုံးမယ့် Budget ပေါ်မူတည်ပြီးရွေးချယ်သင့်ပါတယ်။
ဥပမာ - ဧည့်ခန်းလိုနေရာမျိုးအတွက် နံရံကပ်ကြွေပြားသုံးမည်ဆိုပါက အိမ်ရဲ့အဓိကကျတဲ့အခန်းတွေထဲက တစ်ခုဖြစ်တဲ့အတွက် အခန်းကျယ်လျှင် ကြွေပြားကို size အကြီးသုံးသင့်ပြီး၊အဖြူရောင်၊အရောင်နုများကိုရွေးချယ်ပြီး၊ Design လည်းရိုးရိုးရှင်းရှင်းနဲ့သန့်ရှင်းရေးလုပ်ရ လွယ်ကူတာမျိုး၊အရည်အသွေးပိုင်းမှာလည်း Grade - A လောက်ကိုရွေးချယ်ဖို့အကြံပြုပါရစေ။ အသုံးပြုမယ့်နေရာ၊အိမ်ရဲ့အကျယ်အဝန်းက ကျယ်ရင်ကြွေပြားကို Size ကြီးသုံးသင့်ပြီး၊နေရာကျဉ်းရင် ကြွေပြားကို Size အသေးသုံးမှာသာနေရာပိုကျယ်တယ်လို့ခံစားရမှာဖြစ်ပါတယ်။
တစ်အိမ်လုံးစာအတွက်ကြွေပြားဝယ်ယူမည်ဆိုလျှင် ဖြစ်နိုင်မည်ဆိုပါက ကြွေပြား Design ကိုအခန်းတစ်ခန်းကို Design တစ်မျိုးစီနဲ့ Design အစုံအသုံးပြုခြင်းထက် Design အနည်းငယ်ကိုသာ အသုံးပြုမည်ဆိုပါက အလေ့အလွင့်သက်သာပြီးကုန်ကျစရိတ်ချွေတာနိုင်ပါတယ်။
ကြွေပြားနဲ့ပက်သက်ရင် Size အစုံ၊Design အစုံ၊Brand အစုံကို ကျွန်မတို့ ရွှေဟင်္သာမှာ တစ်ချပ်မှစ၍ အချပ်ရေသောင်းချီအထိ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ဒါ့အပြင် ကြွေပြားဝယ်ယူရာတွင် ကိုယ့်ကာကာတွေပိုမိုအဆင်ပြေစေပြီး ရွေးချယ်မှုမှန်ကန်စေရန်အတွက် ကြွေပြား Design ၊Colour နဲ့အလေ့အလွင့်နည်းစေရန် ကျွန်မတို့ ရွှေဟင်္သာမှ အခမဲ့ အကြံပေးဆွေးနွေးပေးပါတယ်နော်။ ဒါကြောင့် ကြွေပြား၊ကြွေထည်နဲ့ပက်သက်ရင် ‌ကျွန်မတို့‌ ရွှေဟင်္သာ ကိုသတိရလိုက်ပါ…။
📞📞📞
09443100333
#ကြွေပြား
#အိမ်
#အိမ်ပြင်
#ဆောက်လုပ်ရေး
Photos from ရွှေဟင်္သာ ကြွေပြား ကြွေထည်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး's post 02/11/2023
Online မှ ကားတစ်စီးစာ အပြည့် အားပေးကျသော ကာကာများအားလုံး ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်😍🤗
*T
Photos from ရွှေဟင်္သာ ကြွေပြား ကြွေထည်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး's post 01/11/2023
ပုံမှန်ဈေး - 1100 ကျပ်
Promotion ဈေး 1020 ကျပ် ရောင်းချပေးပါမယ်ရှင့်
(အရေအတွက် အကန့်သတ်ရှိပါမယ်နော်)
မျက်နှာပြင်ကြမ်းကြမ်းလေးမို့ မီးဖိုခန်း,ရေချိူးခန်း,အိမ်သာ,ဝရံဒါ ရေကျနိုင်မဲ့ နေရာအစုံမှာ အသုံးပြုနိုင်ပါတယ်ရှင့်
ပစ္စည်းကုန်တာအရမ်းမြန်လို့ မင် cb ကိုအမြန်လေးလာခဲ့ပေးပါနော်...
📞09443100333
#ကြမ်းခင်းကြွေပြား
#၁ပေပတ်လည်
Photos from ရွှေဟင်္သာ ကြွေပြား ကြွေထည်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး's post 31/10/2023
ခမ်းနားထည်ဝါပြီး အမြင်ဆန်းစေမဲ့
2'1' နံရံကပ်ကြွေပြား😍
✅ Shopping Mall, Hotel နံရံ, ဧည့်ခန်း, အိပ်ခန်း, ရေချိူးခန်းနံရံတွေမှာ ကပ်လို့အဆင်ပြေမဲ့ ကြွေပြား
✅ ကြွေပြားတစ်ချပ်နှင့် တစ်ချပ်ကြား ဆက်ကြောင်းနဲသည့်အတွက် အိမ်ရှင်မတွေအတွက် အချိန်ကုန်သက်သာစေပြီး သန်ရှင်းရေးလုပ်ရလွယ်ကူခြင်း
ရန်ကုန်မြို့တွင်းအိမ်အရောက်ပို့ဝန်ဆောင်မှုရှိပြီး နယ်အစုံ အားလုံးကိုကားဂိတ်ချပေးပါတယ်ရှင့်
ရွှေဟင်္သာ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး
ဆိုင်လိပ်စာ - အဆောင်(28), အခန်း(3,4,5,6),ကျောက်စိမ်း(5)လမ်း, စော်ဘွားကြီးကုန်း, ရိုးမဘဏ်အနီး, အင်းစိန်မြို့နယ်, ရန်ကုန်မြို့။
ဖုန်းနံပါတ်များ
09965447666
09443100333
09972116699
ဆိုင်ကို တိုက်ရိုက် Google map က လမ်းညွှန်ဖြင့် လာချင်သူများအတွက်-
https://goo.gl/maps/MdmEFaST9zxLNghm7
Viber community - https://invite.viber.com/?g2=AQA30o2c9u9lwU6kgJjq7uSr85mb2pJJdDCnAJzY5YD8Q%2BfJhk945fmg45GucPT7
မိတ်ဟောင်းမိတ်သစ်များ အားလုံး ကျန်းမာ ရွှင်လန်း ကြပါစေ 🙏
*T #ကျောက်သား
#ရွှေဟင်္သာ #အိမ်ဆောက်ပစ္စည်း
#ဆောက်လုပ်ရေး #ကြွေပြား
#၂ပေ၁ပေ
Photos from ရွှေဟင်္သာ ကြွေပြား ကြွေထည်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး's post 29/10/2023
သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)
သီတင်းကျွတ်အချိန်အခါသမယလေးမှာ ချစ်ခင်လေးစားတန်ဖိုးထားရပါသော မိဘဖိုးဖွား၊ဆရာသမားများ၊မိတ်ဟောင်းမိတ်သစ်များနှင့် သူငယ်ချင်းမိတ်ဆွေညီအကိုမောင်နှမများအားလုံး စိတ်နှလုံးပျော်ရွှင်ချမ်းမြေ့စွာနဲ့ စီးပွားဥစ္စာဒီရေအလားတိုးတက်ကြပါစေလို့ ရွှေဟင်္သာအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏...
#သီတင်းကျွတ်လပြည့်
28/10/2023
ခေါ်ပေးကြပါအုံးနော်.😂
Photos from ရွှေဟင်္သာ ကြွေပြား ကြွေထည်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး's post 27/10/2023
မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယလေးမှာ ရွှေဟင်္သာမိသားစုမှ လူကြီးမိဘဆရာသမားများအား ဂါရဝပြု မှတ်တမ်း...🤗
27/10/2023
ဆိုင်ပိတ်ရက် ကြေညာခြင်း 📢
၂၀၂၃ခုနှစ်အောက်တိုဘာလ(၂၉)ရက်နေ့သည် သီတင်းကျွတ်လပြည့်နေ့) အများပြည်သူ ရုံးပိတ်ရက်ဖြစ်ပါသောကြောင့် ရွှေဟင်္သာအိမ်ဆောက်ပစ္စည်းဆိုင်အား လပြည့်နေ့တစ်ရက်ပိတ်မည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
*T
#သီတင်းကျွတ်လပြည့်နေ့
Photos from ရွှေဟင်္သာ ကြွေပြား ကြွေထည်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး's post 26/10/2023
ကြွေပြားဆိုတာ ခေတ်ရေစီးကြောင်းတစ်ခုထက် အများကြီးပိုပါတယ်...
ကြွေပြား၊ကြွေထည်များဖြင့်အိမ်၊ရုံး အလှဆင်ခြင်းဆိုတာ ကမ္ဘာပေါ်မှာရှေးအကျဆုံးအခင်းမျက်နှာပြင်များထဲမှတစ်ခုဖြစ်ပြီး ရေချိုးခန်း၊မီးဖိုချောင်နှင့် အိပ်ခန်း၊ဧည့်ခန်းအထိ နေရာအစုံ အလှဆင်နိုင်ပါတယ်။
အောက်ခံကျောက်သားပါဝင်မှုများတဲ့ကြမ်းခင်းကြွေပြားများဟာ ကြာရှည်ခံပြီး၊အကြမ်းခံသောကြောင့် ပွတ်တိုက်မှု၊ပြုတ်ကျခြင်းများကြောင့်အလွယ်တကူအက်ကွဲကြောင်းများ မဖြစ်ပေါ်စေခြင်းကြောင့်
ပြုပြင်ထိန်းသိမ်းစရိတ်သက်သာစေနိုင်ပါတယ်။
ဒါ့အပြင်သန့်ရှင်းရေးလုပ်ရလွယ်ကူပြီး၊ Non-slip ဖြစ်သောကြောင့် ကလေးငယ်များနှင့်သက်ကြီးရွယ်အို ရှိတဲ့အိမ်များအတွက် အထူးသင့်လျော်ပါတယ်။
ဒီစာ‌လေးဖတ်ပြီးကြွေပြားခင်းမယ့် ကာကာတို့အတွက် အောက်ခံကျောက်သားနဲ့ပြုလုပ်ထားပြီး လူကြိုက်အများဆုံးဒီဇိုင်းများကို ဖော်ပြပေးထားသောကြောင့် သိချင်တာလေးများရှိရင်အားမနာတမ်းမေးမြန်းနိုင်ပါတယ်နော်🥰
ဆိုင်လာကြည့်ပြီးမှဝယ်ရတာအားရတဲ့ ကာကာများအတွက်လည်း အိမ်ဆောက်ပစ္စည်းလောကတွင်နှစ်ပေါင်း ၁၀ စုနှစ်ကြာ ရပ်တည်နေတဲ့ ရွှေဟင်္သာမှ နွေးထွေးပျူဌာစွာကြိုဆိုလိုက်ပါတယ်....
📞📞📞
09-443100333
25/10/2023
ဈေးတန်လွန်းလို့....အပြေးမြန်ဖို့တော့လိုမယ်.
ရွှေဟင်္သာ မှ တစ်နှစ်မှာတစ်ကြိမ်သာ ပြုလုပ်တဲ့ 🎇သီတင်းကျွတ်အထူးပရိုမိုးရှင်း🎇 ကို (၂၅.၁၀.၂၀၂၃) မှ (၈.၁၁.၂၀၂၃) ကာလအတွင်း အတန်ဆုံးဈေးနဲ့ရောင်းချပေးမည်ဖြစ်သောကြောင့် အပြေးလာဖို့တော့လိုမယ်နော်...
📞 09 443 100 333
📞 09 965 447 666
စိတ်ချယုံကြည် MAC
#အထူးလျော့ဈေး
Photos from ရွှေဟင်္သာ ကြွေပြား ကြွေထည်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး's post 25/10/2023
Video call မပြောခင်တို့...
အပြင်ထွက်ခါနီးတိုင်းတို့...
မှန်ခဏခဏကြည့်တတ်တဲ့ ၉၉၈၃၄ တို့..
Bb၈၁၉၉ တို့အတွက်
LED မီးပါပြီး ကာလာ (3) မျိုး
ပြောင်းနိုင်တဲ့မှန် Design အစုံ
ရွှေဟင်္သာမှာရရှိနိုင်ပါတယ်....။
*t
#အလှမှန်
#မှန်
24/10/2023
ချစ်ကာကာတို့ရဲ့ဆန္ဒကိုလွန်ဆန်နိုင်တဲ့အင်အားမရှိလို့ ထပ်ပြီးတော့ Comment Sale လေးလုပ်ပေးလိုက်ပါတယ်နော်...🙆
ရွှေဟင်္သာကုမ္ပဏီမှတင်သွင်းဖြန့်ချီသော MAC အမှတ်တံဆိပ်(2 piece)ဘိုထိုင်
- အဖုံး Slow down
- ရေချွေတာရေးဖြစ်သော အလည်
နှစ်ချက်နှိပ်(Dual Flash)စနစ်ပါဝင်သော
ဘိုထိုင်အား
ပုံမှန်ရောင်းဈေး 145,000/-ကို
လုံးဝမထင်မှတ်ထားတဲ့ဈေး "120,000/- "
(Save 25,000/-)😱😱😱 နဲ့ ယခု
ပထမဦးဆုံးအော်ဒါအရေအတွက် 10 set အတွက်သာ
ရရှိမည်ဖြစ်သောကြောင့် Comment မှာ 002 လို့မန့်ပြီး အခုပဲအရယူလိုက်ပါ....
vb-09443100333
မိတ်ဟောင်းမိတ်သစ်များ အားလုံး ကျန်းမာ ရွှင်လန်း ကြပါစေ 🙏
*T #ကျောက်သား
#ရွှေဟင်္သာ #အိမ်ဆောက်ပစ္စည်း
#ဆောက်လုပ်ရေး *t #ဦးသူယူ #ဘိုထိုင်
24/10/2023
ချစ်ကာကာလေးတွေရဲ့
တောင်းဆိုမှုအရ...
ဒီညမှာ Amazing Price နဲ့
အရေအတွက်အနည်းငယ်သာ
ရောင်းချပေးမယ့်ပစ္စည်းလေးကို
Update သိရဖို့အတွက် Page ကို seefirst လေးလုပ်ထားပေးပါနော်...။
*t
Photos from ရွှေဟင်္သာ ကြွေပြား ကြွေထည်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး's post 21/10/2023
ရွှေမြန်မာတို့အကြိုက်နဲ့ထပ်တူကျသော
ကျွန်းပါကေးဒီဇိုင်းယိုးဒယားကြမ်းခင်းကြွေပြား😍
Made In Thailand (အသားတံဆိပ်ပါပြီး)
✅ သန့်ရှင်းရေးလုပ်ရလွယ်ကူခြင်း
✅ ယိုးဒယားကြွေပြားမို့ ရေရှည်ကြွေပြားအရောင် မှိန်မသွားခြင်း
✅ ကြွေပြားတစ်ချပ်နှင့် တစ်ချပ်ဆိုဒ်ညီတဲ့အတွက်ကြောင့် သေသပ်လှပပြီး ကြွေပြားကပ်ရတာ လွယ်ကူလျှင်မြန်စေခြင်း
✅ ​ရေမစိမ့် /ရေမကွက်ခြင်း
✅ ဧည့်ခန်း / ဘုရားကျောင်းဆောင် / အိပ်ခန်းတွေမှာ အသုံးပြုနိုင်ပါတယ်ရှင့်
✅ ပြုပြင်ထိန်းသိမ်းစရိတ်နည်းပါးခြင်း
✅ တစ်ပေပတ်လည်ဆိုဒ် တစ်ကျင်းအချပ်(100 )ကုန်ပါမယ်ရှင့်
လူကြိုက်အရမ်းများပြီး ပစွည်းအကုန်မြန်လို့ ခုပဲ မင်မင်ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါနော်😍
ရွှေဟင်္သာ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး
ဆိုင်လိပ်စာ - အဆောင်(28), အခန်း(3,4,5,6),ကျောက်စိမ်း(5)လမ်း, စော်ဘွားကြီးကုန်း, ရိုးမဘဏ်အနီး, အင်းစိန်မြို့နယ်, ရန်ကုန်မြို့။
ဖုန်းနံပါတ်များ
09965447666
09443100333
09972116699
ဆိုင်ကို တိုက်ရိုက် Google map က လမ်းညွှန်ဖြင့် လာချင်သူများအတွက်-
https://goo.gl/maps/MdmEFaST9zxLNghm7
Viber community - https://invite.viber.com/?g2=AQA30o2c9u9lwU6kgJjq7uSr85mb2pJJdDCnAJzY5YD8Q%2BfJhk945fmg45GucPT7
မိတ်ဟောင်းမိတ်သစ်များ အားလုံး ကျန်းမာ ရွှင်လန်း ကြပါစေ 🙏
*T #ကျောက်သား
#ရွှေဟင်္သာ #အိမ်ဆောက်ပစ္စည်း
#ဆောက်လုပ်ရေး #ကြွေပြား 300MM tile #ကျွန်းပါကေး #ကျွန်းကွက် #တစ်ပေပတ်လည်ဆိုဒ် #အောက်ကြမ်းခင်း
20/10/2023
🏡 လူကြီးမင်းတို့အိမ်ပြင်တဲ့အခါ ငွေကိုဘယ်လိုချွေတာနိုင်မလဲ ဆိုတဲ့အချက်လေးတွေ အကြံပြုပေးလိုက်ပါတယ်နော်🏡
အိမ်ပြင်ဖို့အစီအစဉ်ကလည်းရှိနေတယ်။ ပိုက်ဆံကိုလည်း ချွေတာသုံးရမယ်ဆိုရင် ကိုယ်သတိမထားမိဘဲ ပိုက်ဆံအကုန်အကျများနိုင်တဲ့နေရာတွေကို သိထားမှသာ အိမ်ပြင်တဲ့အခါ ပိုက်ဆံချွေတာနိုင်မှာဖြစ်ပါတယ်။ ဥပမာ မီးဖိုချောင်ကို ပိုကောင်းအောင်ပြင်မယ်ဆိုရင် စျေးချိုတဲ့မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ဗီရိုတွေကို ရွေးဝယ်သင့်ပါတယ်။ ၀ယ်တဲ့အခါမှာလည်း သမားရိုးကျပရိဘောဂအရောင်းဆိုင်တွေမှာထက် အရည်သွေးကောင်းပြီး စျေးသက်သာတဲ့ဗီရိုတွေကို အွန်လိုင်းမှာ ရှာဝယ်ကြည့်တာမျိုးလုပ်ပါ။ အလားတူပဲ အိမ်ပြင်တဲ့အခါ ငွေချွေတာနိုင်မယ့်တခြားနည်းလမ်းတွေကိုလည်း သိထားသင့်ပါတယ်။
✅၁။ အကုန်ခံမယ့်ငွေပမာဏတစ်ခုသတ်မှတ်ထားပြီး ပိုမသုံးမိပါစေနဲ့။
အိမ်ပြင်တဲ့အခါ အိမ်ပိုင်ရှင်တွေလုပ်မိတတ်တဲ့အကြီးဆုံးအမှားတွေထဲကတစ်ခုက ကိုယ်သုံးမယ့်ငွေပမာဏကို မသတ်မှတ်ထားမိတာပါပဲ။ ဒီလိုမသတ်မှတ်ထားမိတဲ့အခါ မူလကရည်ရွယ်ထားတာထက် ပိုပြီးအကုန်အကျများသွားတတ်ပါတယ်။ ကိုယ်ဘယ်လောက်တတ်နိုင်လဲဆိုတာ သေချာစဉ်းစားပြီး အိမ်ပြင်မယ့်ပရောဂျက်အတွက် ကုန်ကျစရိတ်တစ်ခုကို တိတိကျကျသတ်မှတ်လိုက်ပါ။
✅၂။ ပစ္စည်းကုန်ကျစရိတ်တွေကို အတတ်နိုင်ဆုံးချွေတာပါ။
အိမ်ပိုင်ရှင်တွေလုပ်မိတတ်တဲ့ နောက်ထပ်အမှားတစ်ခုက ပစ္စည်းကုန်ကျစရိတ်ကို အများကြီးသုံးမိတာပါ။ ဥပမာ တစ်ခါသုံးပြီးသား ဆောက်လုပ်ရေးပစ္စည်းတွေကိုဝယ်သုံးတာက ကုန်ကျစရိတ်သက်သာစေပါတယ်။ တစ်ခါသုံးပြီးသားပစ္စည်းတွေထဲမှာလည်း အရည်အသွေးကောင်းနေသေးတာတွေရှိတာကြောင့် ပစ္စည်းကောင်းကို စျေးချိုချိုနဲ့ ရနိုင်ပါလိမ့်မယ်။
✅၃။ မဖြစ်မနေသုံးရမယ့်ပစ္စည်းတွေအတွက် စျေးလျှော့တဲ့အချိန်ကိုစောင့်ပါ။
အိမ်ပြင်တဲ့အခါ မဖြစ်မနေသုံးရမယ့်ပစ္စည်းတွေဟာ အမြဲစျေးကြီးနေမှာ မဟုတ်ပါဘူး။ နှမ်းဖတ်ကျောက်မီးဖိုချောင်စားပွဲမျက်နှာပြင်ကို စျေးပေါလို့ဝယ်သုံးလိုက်မယ့်အစား အရည်အသွေးကောင်းတဲ့ပစ္စည်းတွေ စျေးချရောင်းတဲ့အချိန်ကို စောင့်လိုက်ပါ။ တခြားမီးဖိုချောင်သုံးပစ္စည်းတွေ၊ ပြတင်းပေါက်ဘောင်တွေနဲ့ အိမ်ပြင်ရာမှာ အသစ်လဲဖို့လိုတဲ့အရာမှန်သမျှကိုလည်း အလားတူပဲ စိတ်ရှည်ရှည်စောင့်ဆိုင်းဝယ်ယူပါ။
✅၄။ စရိတ်မှန်သမျှကို ငွေသားနဲ့ချေပါ။
အိမ်ပြင်တဲ့အချိန်မှာ စရိတ်ချွေတာချင်ရင် စရိတ်မှန်သမျှကို ငွေသားနဲ့ချေတဲ့နည်းက လက်တွေ့မှာ တကယ်အသုံးတည့်တာကို တွေ့ရပါလိမ့်မယ်။ ပစ္စည်းစရိတ်တွေကိုရော လက်သမားခတွေကိုပါ ငွေသားနဲ့ပေးချေသင့်တဲ့ အကြောင်းရင်းနှစ်ခုရှိပါတယ်။ ပထမတစ်ခုက အကြွေးဝယ်ကတ်နဲ့ဝယ်တာမဟုတ်လို့ အတိုးငွေထပ်ကုန်တော့မှာ မဟုတ်ပါဘူး။ နောက်တစ်ခုကတော့ လက်ငင်းငွေချေတဲ့အတွက် လက်သမားနဲ့ကန်ထရိုက်က ကျသင့်တာထက် လျှော့ပေးသွားတာမျိုးလည်း ရှိတတ်ပါတယ်။
✅၅။ ပြီးမယ့်ရက်ကို အလျင်မလိုပါနဲ့။
တစ်ခါတလေ အိမ်ပြင်တာကို မြန်မြန်ပြီးချင်စိတ်ဖြစ်မိတတ်ကြပါတယ်။ ဒီလိုစိတ်မရှည်တာဟာ အမှားကြီးတစ်ခုပါပဲ။ အလျင်လိုပြီး အကြွေးဝယ်ကတ်နဲ့ငွေချေလိုက်တာမျိုးလုပ်မယ့်အစား စိတ်ရှည်ရှည်ထားပါ။ စိတ်ရှည်ရှည်စောင့်ဆိုင်းရင် အကုန်အကျနည်းရမယ့်အစား စိတ်လောမိရင် ပစ္စည်းတွေအတွက်ရော၊ ကန်ထရိုက်ဖိုးတွေပါ မကုန်သင့်ဘဲ အများကြီးအကုန်ခံနေရပါလိမ့်မယ်။
✅၆။ ကိုယ်တိုင်လုပ်ကြည့်ပါ။
အကြီးစားအိမ်ပြင်ဆင်မှုတွေကို မတတ်နိုင်ပေမယ့် အမျိုးသားအများစုက တချို့အသေးစားပြင်ဆင်မှုလေးတွေကိုတော့ လုပ်တတ်ကြပါတယ်။ လွယ်တဲ့အလုပ်လေးတွေကို သူများကို ပိုက်ဆံပေးပြီး လုပ်ခိုင်းနေမယ့်အစား ကိုယ်တိုင်လုပ်ကြည့်လိုက်ရင် ငွေချွေတာနိုင်ပါလိမ့်မယ်။
✅၇။ အတတ်နိုင်ဆုံးပြန်သုံးပါ။�ပြန်သုံးလို့ရမယ့်ပစ္စည်းတွေကို အလဟဿအဖြစ်မခံဘဲ သုံးလို့ရတာတွေကို အတတ်နိုင်ဆုံးပြန်သုံးပါ။ သတ်မှတ်ထားတဲ့ကုန်ကျစရိတ်ကို မကျော်ချင်ဘူး ဒါမှမဟုတ် ဘဏ်ထဲကထပ်မထုတ်ချင်ဘူးဆိုရင်တော့ နည်းလမ်းကောင်းတစ်ခုပါပဲ။ ဗီရိုနဲ့တချို့အသုံးအဆောင်ပစ္စည်းတွေက အသစ်ဝယ်စရာမလိုဘဲ ပြန်သုံးလို့ရကောင်းရနိုင်ပါတယ်။
✅၈။ ပစ္စည်းတွေစျေးမချခင်မှာ ကြီးကြီးမားမားမဝယ်မိပါစေနဲ့။
ပြင်ဆင်မွမ်းမံထားတဲ့မီးဖိုချောင်ထဲမှာ တန်ဖိုးကြီးပစ္စည်းတွေကို အသစ်ဝယ်ထည့်မယ်ဆိုရင် စျေးချတဲ့အချိန်ကို စောင့်ဆိုင်းသင့်ပါတယ်။ အချိန်ပေးရမယ်ဆိုတာမှန်ပေမယ့် ချက်ချင်းကြီးတွေ့ကရာတော့ ကောက်မဝယ်သင့်ပါဘူး။ ရက်ကြီးအခါကြီးမှာ လျှော့စျေးပေးတဲ့အချိန်ကိုတော့ တွက်ကြည့်လို့ရပါတယ်။ ဒီနည်းက ပိုက်ဆံအကုန်အကျအများကြီး သက်သာစေနိုင်ပါတယ်။
✅၉။ ကန်ထရိုက်ကောင်းကို သေချာစုံစမ်းပါ။
အိမ်ပြင်တယ်ဆိုကတည်းက အိမ်ကိုအလှဆုံးဖြစ်စေချင်မှာ အသေအချာပါပဲ။ ဒါနဲ့ပဲ စျေးအကြီးဆုံးနဲ့ အကောင်းဆုံးကန်ထရိုက်ကို ပိုက်ဆံအများကြီးအကုန်အကျခံငှားစရာမလိုပါဘူး။ ဘယ်ကန်ထရိုက်က ဘယ်လိုကောင်းတယ်ဆိုတာ လိုက်စုံစမ်းကြည့်ပါ။ ဒါမှသာ လက်ရာလည်းကောင်းပြီး စျေးလည်းမကြီးတဲ့ ကန်ထရိုက်ကို ရနိုင်မှာပါ။
✅၁၀။ အဟောင်းတွေကို ပြန်ရောင်းပါ။
ပစ္စည်းတွေ အသစ်လဲမယ်ဆိုရင် သုံးလို့ရသေးတဲ့ပစ္စည်းအဟောင်းတွေကို ပြန်ရောင်းကြည့်ပါ။ ရေခဲသေတ္တာနဲ့ မီးဖိုလိုပစ္စည်းတွေကို အသစ်ဝယ်ဖို့စိတ်ကူးရှိတယ်ဆိုရင် တစ်ခါသုံးပြီးသားပစ္စည်းတွေရောင်းတဲ့ အွန်လိုင်းဝက်ဆိုက်ဒ်တွေမှာ ပြန်ရောင်းပါ။ ၀ယ်ချင်တဲ့လူရှိရင်လည်း ရှိနေမှာပါ။ အဟောင်းပြန်ရောင်းတယ်ဆိုပေမယ့် သုံးလို့ရနေသေးတဲ့ပစ္စည်းတွေဖြစ်တာကြောင့် ရောင်းထွက်သွားတယ်ဆိုရင် တစ်ဖက်မှာကုန်ကျနေတဲ့အိမ်ပြင်စရိတ်လည်း သက်သာသွားနိုင်ပါတယ်။
အခုဖော်ပြသွားတဲ့အချက် ၁၀ ချက်ဟာ လက်ရှိမဟုတ်ရင်တောင် နောက်အိမ်ပြင်ဖို့ရှိလာခဲ့ရင် အသုံးတည့်နိုင်ပါတယ်။ တကယ်အသုံးချချင်စိတ်ရှိဖို့နဲ့ တိတိကျကျလိုက်နာနိုင်ဖို့တော့လိုပါတယ်။ လျှော့စျေးချရောင်းတဲ့အချိန်တွေကို ကောင်းကောင်းအသုံးချပါ။ လက်ရာကောင်းပြီး စျေးမကြီးတဲ့ကန်ထရိုက်ကို ငှားပါ။ အိမ်ပြင်တဲ့နေရာမှာ ပိုက်ဆံချွေတာနိုင်ဖို့အတွက် တခြားအချက်တွေကိုလည်း နည်းနည်းမှန်မှန်အသုံးပြုကြည့်သင့်ပါတယ်လို့ အကြုံပြုပေးလိုက်ပါတယ်ရှင့်😇
Crd:စိတ်ကူးသစ်
&after
*T
Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.
Videos (show all)
ပျော်ပျော်ပါးပါး Spin Wheel လှည့်ပြီး လက်ဆောင်လေးတွေ ရယူနေပါပြီ💃🕺....
ကြွေပြားကို အထာကျကျကပ်နည်း😎#crd#knowledge #sharing #tiles #Artist#ကြွေပြားကပ်နည်း
ပန်းကန်ဆေးလို့ရတဲ့ ဘိုထိုင်များရောင်းသည်🤣😂😁 .....crd#funny#toilet #ဘိုထိုင် #basin
ချစ်စရာကောင်းပီး သေသပ်လှပတဲ့ Bath Room ဒီဇိုင်းလေးဖန်းတီးလိုက်ပါ😍🤗
ကျွန်တော်သိထားတဲ့ အထက်တန်းစားဆိုတာ..crd
တွဲလက်တူညီ.....ဝန်းရံမည်🤗
လွမ်းတယ် ❤️အားရ ပါးရ သွင်းခဲ့တဲ့ ကွန်တိန်နာ ကြီးတွေ လွမ်းတယ် ....စျေး မေးစရာ မလို  ရဲရဲကြီး ရောင်းခဲ့တဲ့ ရက်တွေ လွမ်းတယ်...
(Welding) ဝရိန်ဆော်မဲ့ဆရာတိုင်း သိထားသင့်တဲ့ သံဖြတ်နည်းများ 🛠🪚
✨အရောင်စိုစိုလေးနဲ့ အလှဆုံးလို့ ပြောလို့ရတဲ့ 1ပေပတ်လည်ကြွေပြားများ ‼️
MAC Promotion
အချိန်တို အတွင်း အိမ် တစ်လုံး ဘယ်လိုဆောက်လုပ်လဲဆိုတာကို  လေ့လာကြည့်ရအောင်
ဘိုထိုင် အိမ်သာ ထဲမှာ အကောင်းစားနဲ့ စျေးအသက်သာဆုံး
Telephone
Address
Insein
Yangon
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Other Yangon contractors (show all)
Shwe Nan Daw Shwe Nan Daw
Yangon
အိမ်ဆောက်ပစ္စည်းနှင့်အိမ်အလှဆင်ပစ?
Natmauk Construction - Since 1985 Natmauk Construction - Since 1985
Yangon, 11191
Construction
Golden Eagle Aircon Sale & Service Golden Eagle Aircon Sale & Service
No. 67 Nawarat 11st, 8 Ward, Thaketa Township
Yangon, 11231
Bon Bon Bon Bon
Yangon
baby memory collection
Aung Brothers Aircon, Refrigerator and Washing Machine Service Aung Brothers Aircon, Refrigerator and Washing Machine Service
78လမ်းဆုံ မြောက်ဒဂုံ
Yangon
Shwe Pyae Hein Construction Shwe Pyae Hein Construction
No. 173/59, Ground Floor, Shwe Ta Sote Street, (2) Quater, Mayangone Township
Yangon, 11061
Build Your Dream With Us!
Than Tun Aung ဆောက်လုပ်ရေးကုမ္ပဏီ Than Tun Aung ဆောက်လုပ်ရေးကုမ္ပဏီ
ကျန်စစ်မင်းအိမ်ယာ
Yangon
လူကြီးမင်းများစိတ်တိုင်းကျအဆောက်ဦးများကိုဆောက်လုပ်ပေးပါတယ်။
Aspdin Construction & Decoration Group Aspdin Construction & Decoration Group
No. 69F, Zizawa Street, 10 Quarter, Chan Thar Shwe Pyi Housing, East Dagon Township
Yangon, 11451
Aspdin Construction is a commercial construction company located in Yangon, Myanmar, that provides general contracting and project management services. Aspdin Construction has focu...
T-Arch T-Arch
No. 33, Room (6A), Block (16), Parami Road, Hlaing Township
Yangon
Mahar Shwe Aoe Gyi Company Mahar Shwe Aoe Gyi Company
No(38B), 10th Floor, Sabae Phyu Condo, Zawana, Thingangyun
Yangon, 11071
To become the leading construction firm, while delivering projects that consistently exceed international standards and provide exceptional customer satisfaction.