HEIN LWIN Enterprise

မီးစက် ကုမ္ပဏီ
Premium Quality Gensets | Professional Engineering Services | Spare Parts

မီးစက်ကြီးများနှင့်တကွ အခြားပါဝါလျှပ်စစ်ထုတ်လုပ်ရေးဆိုင်ရာ ရောင်းဝယ်/ငှားရမ်းချင်သူများအတွက် သတင်းအချက်အလက် စုံလင်စွာဖော်ပြပေးနေတဲ့ နေရာလေးဖြစ်ပါတယ်။

HEIN LWIN Enterprise သည် TOP ONE POWER Generator (Hong Kong), MOTEURS BAUDOUIN (France), WEICHAI Power Generation (China), KORYO (Korea), KWISE, POWERFLEET စသည့် အရည်အသွေးမြင့် နာမည်ရထိပ်တန်း Generators မီးစက်ကြီးများ၊ Engines အင်ဂျင်ကြီးများ၊ Alte

Photos from HEIN LWIN Enterprise's post 28/11/2023

𝗛𝗘𝗜𝗡 𝗟𝗪𝗜𝗡 𝗘𝗻𝘁𝗲𝗿𝗽𝗿𝗶𝘀𝗲 အဖွဲ့သားတွေ တန်ဆောင်တိုင်ပိတ်ရက်မှာ #ပုဂံဘုရားဖူးခရီး လေးသွားခဲ့ကြတာလေးတွေ ဝေမျှလိုက်ပါတယ်ရှင်။

ဆယ်စုနှစ်တစ်ခုကျော်လာသည်အထိ မီးစက်ကြီးများ၊ Engineering Service များ၊ Spare Parts များကို အစဥ်အမြဲအားပေးလာကြပါသော Customer မိတ်ဆွေကြီးများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင်။

#မင်္ဂလာအပေါင်းချမ်းမြေ့ပျော်ရွှင်မှုအပေါင်းနှင့်ပြည့်စုံကြပါစေ🙏🙏🙏

Photos from HEIN LWIN Enterprise's post 19/11/2023

မင်္ဂလာ​ပါ သာယာသောနေ့တစ်နေ့ဖြစ်ပါစေရှင့်...🙏
ကဲ... မီးစက် တစ်လုံးမှာ ဘာကြောင့် Sensor တွေ တပ်ဆင် အသုံးပြုရတာလဲ ❓❓❓

✔ GEN SET တစ်လုံးကို အချိန်ကြာမြင့်စွာ မောင်းနှင်နိုင်ရန် နှင့် တစ်စုံတစ်ရာကြောင့် ပြစ်ချက် ဖြစ်ပေါ်လာပါက အချိန်မှီ သိရှိပြီး ကုန်ကျစရိတ်နည်းစွာဖြင့် ပြုပြင်နိုင်ရန် အတွက် အလိုအလျောက် ရပ်ပေးသောစနစ် (Auto Shut Down) ကို သက်ဆိုင်ရာ အသိပေးသော (Sensors) များဖြင့် ထိန်းချုပ်ပေးထားပါတယ်။
၎င်းတို့မှာ …..

a. Engine Oil Pressure Sensor
b. Temperature Sensor
c. Magnetic Pick-up Sensor တို့ပဲ ဖြစ်ပါတယ် ။

(a) Engine Oil Pressure Sensor
Engine Oil Pressure Sensor သည် အင်ဂျင်ထဲမှ အင်ဂျင်ဝိုင် ပမာဏကို သတ်မှတ်ထားသည့် Bar အရေအတွက်တိုင်းပြပေးပြီး Bar အရေအတွက် ပုံမှန်ထက် ကျလာပါက အင်ဂျင်ကို အလိုအလျောက်ရပ်ပေးသော Sensor ဖြစ်ပါတယ်။
(ဥပမာ - ပုံမှန် 5 bar မှ 3bar ထိ ကျလာပါက ရပ်တန့်ပေးမှာပါ။)

(b) Temperature Sensor
Temperature Sensor သည် အင်ဂျင်အတွင်းမှ ရေအပူချိန်ကို GEN SET မောင်းနှင်စဉ် မည်မျှပူလာသည်ကို ပြသပေးသော Sensor ဖြစ်ပါသည်။သတ်မှတ်အပူချိန်ထက် ကျော်လွန်၍ပူလာလျှင် အင်ဂျင်ကို အလိုလျောက်ရပ်ပေးပါမည် ။

(c) Magnetic Pick - Up Sensor
R.P.M Sensor သည် အင်ဂျင်အပတ်ရေ မည်မျှလည်သည်ကို အတိအကျပြသပေးနိုင်ရန် တပ်ဆင်ထားသေည Sensor တစ်ခုဖြစ်ပါသည်။ အင်ဂျင်အပတ်ရည်မှန်မှသာ ၎င်းနှင့်ထပ်တူကျသော Voltနှင့် Hz ( Frequency ) များ မှန်နိုင်ပြီး ကောင်းမွန်စွာ သုံးနိုင်မှာ ဖြစ်ပါသည်။

ထို့ကြောင့် Sensor ထိန်းချုပ်ပေးသော စနစ်သည် GEN SET တစ်လုံးတွင် မရှိမဖြစ် အထူးလိုအပ်ပြီး သုံးစွဲသူများနှင့် ၀ယ်ယူသူများအတွက် အရေးကြီးသော အခန်းကဏ္ဍတစ်ခုအဖြစ် ရှိနေမည်ဖြစ်ပါသည်။ Sensor တိုင်းသည် နူးညံ့စွာ ဖွဲ့စည်းထားပြီး ၎င်းတို့ကို အလုပ်ပုံမှန်လုပ်နိုင်ရန် Send Volt ( DC Supply Voltage ) များ အသီးသီးပေးသွင်းထားရပါသည်။ Supply Voltage များမမှန်ခြင်း၊ မရောက်ခြင်း၊ ကြားခံ Relay များ ကောင်းမွန်စွာလုပ်ဆောင်မှုမရှိခြင်းများသည် GEN SET အဆင်ပြေစွာ သုံးစွဲနိုင်မှာမဟုတ်ကြောင်း ဆွေးနွေးတင်ပြလိုက်ရပါတယ်ရှင့်။

🥇 ပထမတန်းစားအရည်အသွေးမှန်ပစ္စည်း
👨🏼‍🔧 တာဝန်ယူမှု ကျွမ်းကျင်မှုရှိသောဝန်ဆောင်မှု

👉 မီးစက်များကို Service လုပ်လို၍ဖြစ်စေ၊ မီးစက်များ ၀ယ်ယူလို၍ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုဆိုအပ်ပါတယ်ရှင်။

Sales & Technical Team:
🤳🏻📲
📞𝟬𝟵 𝟵𝟳𝟳 𝟭𝟮𝟭𝟮𝟭𝟮
📞09-4210-47773
📞09-696-444-999
📞09-4400-47747
📞09-42-1100-991
📞09-250-400-445
📞09-49-59-5559

Monday to Saturday (ရုံးချိန်အတွင်း) မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။

https://www.heinlwin.com
တွင်လည်း လေ့လာသိရှိနိုင်ပါတယ်ရှင်။

ရုံးချုပ်။ ။ ရွှေဟင်္သာတာဝါ၊ ပြည်လမ်းမ၊ ၆ မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

#မီးစက်

Photos from HEIN LWIN Enterprise's post 17/11/2023

လူကြီးမင်းရဲ့
မီးစက်က Heat ခဏခဏ တက်နေပါသလား?
အင်ဂျင်စက်သံ တမျိုးဖြစ်နေ သို့ တုန်ခါနေပါသလား?
မီးအဆွဲမခံ မီးထွက်မမှန်ဖြစ်နေပါသလား?
မီးခိုး အမဲ သို့ အဖြူ အထွက်များနေပါသလား?
ဆီစားများနေပါသလား?
စနှိုးရခက်နေပါသလား?
Control System ကြောင်နေပါသလား?
ဘာပဲလိုလိုနော် မီးစက်ကြီးတွေနဲ့ပတ်သက်လာလျှင် Service ရော Spare Parts ရော ရပါတယ်နော် 🫡

𝗚𝗲𝗻𝗲𝗿𝗮𝘁𝗼𝗿𝘀 မီးစက်ကြီးများအား ပုံမှန်ထိန်းသိမ်းပေးခြင်း (Preventive Maintenance Services) များအပြင် အထူးပြုပြင်မှု (Repair Services) တို့အပါအဝင် မီးစက်နှင့် ပတ်သက်သော Generator Engineering Services အမျိုးမျိုးတို့ကို 𝗛𝗘𝗜𝗡 𝗟𝗪𝗜𝗡 𝗘𝗻𝘁𝗲𝗿𝗽𝗿𝗶𝘀𝗲 အင်ဂျင်နီယာများမှ လုပ်ဆောင်ပေးလျှက်ရှိပါသည်ခင်ဗျာ။

မီးစက် kVA Size အမျိုးအစား 20kVA မှ 1500kVA ထိ Service လုပ်ဆောင်ပေးပါတယ်ခင်ဗျာ။

မီးစက်​ကြီးများ Generator Engineering Service နှင့်ပတ်သက်လာလျှင် ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုဆိုအပ်ပါတယ်ခင်ဗျာ။

ပစ်ထားတာကြာရင် ပြင်စရိတ်လည်း ကြီးသွားတာမျိုး ပြင်သုံးလို့မရတော့တာမျိုးလည်း ဖြစ်တတ်ပါတယ်။

⚙️ မီးစက်ကြီးတွေကို သေချာစစ်ဆေးထိန်းသိမ်းပြုပြင်တာ ပုံမှန်ပြုလုပ်ခြင်းက ရေရှည် အသုံးခံဖို့အတွက် ထိရောက်မှုရှိတာ အသေအချာပါပဲ။

👨‍🔧👩‍🔧 𝙋𝙧𝙤𝙛𝙚𝙨𝙨𝙞𝙤𝙣𝙖𝙡 𝘿𝙞𝙚𝙨𝙚𝙡 𝙂𝙚𝙣𝙚𝙧𝙖𝙩𝙤𝙧 𝙀𝙣𝙜𝙞𝙣𝙚𝙚𝙧𝙞𝙣𝙜 𝙎𝙚𝙧𝙫𝙞𝙘𝙚𝙨 & 𝙎𝙥𝙖𝙧𝙚 𝙋𝙖𝙧𝙩𝙨

If you are looking for a team of experienced generator specialists to do the following power generator related engineering works, Please call us!

· Survey
· Installation
· Commissioning
· ATS System Installation
· Inspection
· Maintenance Work
· Repair Work
· Cables Installation
· Spare Parts

𝗛𝗘𝗜𝗡 𝗟𝗪𝗜𝗡 𝗘𝗻𝘁𝗲𝗿𝗽𝗿𝗶𝘀𝗲 မှ မြန်မာပြည် တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် နှစ်ပေါင်းများစွာ တရားဝင် ဖြန့်ဖြူးရောင်းချလျက်ရှိသော
𝙏𝙊𝙋 𝙊𝙉𝙀 𝙋𝙊𝙒𝙀𝙍 Generators (Hong Kong) မီးစက်များ၊ 𝗠𝗢𝗧𝗘𝗨𝗥𝗦 𝗕𝗔𝗨𝗗𝗢𝗨𝗜𝗡 (France) မီးစက်အင်ဂျင်များနှင့်
𝗣𝗢𝗪𝗘𝗥𝗙𝗟𝗘𝗘𝗧 𝗪𝗘𝗜𝗖𝗛𝗔𝗜 Generators မီးစက်များအပြင် အခြား အထင်ကရ မီးစက် Brand မျိုးစုံ (👉 𝐀𝐥𝐥 𝐁𝐫𝐚𝐧𝐝𝐬) တို့ကို Regular Preventive Maintenance Service များ၊ Repair Service များကို ပြုလုပ်ပေးလျက်ရှိပါတယ်ခင်ဗျာ🙏🏻

✅ 𝗛𝗘𝗜𝗡 𝗟𝗪𝗜𝗡 Engineering Teams များမှ

🔹️ ပုံမှန် Preventive Maintenance Service ပြုလုပ်ပေးခြင်း
🔹 ️Radiator ပိုင်းစစ်ဆေးပြုပြင်သန့်စင်ခြင်းများ
🔹️ Control Panel ပိုင်းစစ်ဆေးပြုပြင်လဲလှယ်ခြင်းများ
🔹 ️Fuel Line နှင့် Fuel Tank ပိုင်းစစ်ဆေးပြုပြင်သန့်စင်ခြင်းများ
🔹 ️Fuel Pump ပိုင်းစစ်ဆေးပြုပြင်ခြင်းများ
🔹 ️Auto Fuel Pump ပိုင်းတပ်ဆင်​ခြင်းများ
🔹 ️Wiring ပိုင်းစစ်ဆေးပြုပြင်ခြင်းများ
🔹️ Thermostat ပိုင်းစစ်ဆေးလဲလှယ်ခြင်းများ
🔹️ MCCB နှင့် Relay ပိုင်းစစ်ဆေးလဲလှယ်ခြင်းများ
🔹️ Solenoid ပိုင်းစစ်ဆေးပြုပြင်ခြင်းများ
🔹️ Preventive Maintenance များ
🔹️ အင်ဂျင်ဝိုင်များ၊ Filters ဆီစစ် လေစစ် များ လဲလှယ်ခြင်းများ
🔹️ သတ်မှတ်မောင်းနှင်ချိန် နာရီ 250 ပြည့်သွားသော မီးစက်များအား Engine Oil & Coolant အသစ် နှင့် လိုအပ်သော Filters အသစ်များ ​လဲလှယ်တပ်ဆင်ပေးခြင်း
🔹️ Sensor မျိုးစုံ စစ်ဆေးပေးခြင်း၊ လဲလှယ်ပေးခြင်း
🔹️ Battery နှင့် Battery Charger များလဲလှယ်ပေးခြင်းများ၊
🔹️ ATS Service ပြုလုပ်ပေးခြင်းများ၊
🔹️ AVR Card များအား Checking လုပ်ပေးခြင်း၊ Adjust ပြုလုပ်ပေးခြင်း/အသစ်တပ်ဆင်​ပေးခြင်း
​🔹️ Speed Control Card များအား Checking လုပ်ပေးခြင်း၊ Adjust ပြုလုပ်ပေးခြင်း/အသစ်တပ်ဆင်​ပေးခြင်း
🔹️ Actuator Voltage Testing ပြုလုပ်ပေးခြင်း
🔹️ ATS များ၏ Dry Connection / Three Phase Sensing များ Checking ပြုလုပ်ပေးခြင်း၊ ပြုပြင်ပေးခြင်း
🔹️ Charging Dynamo များနှင့် Charging Card များ စစ်ဆေးပေးခြင်း၊ ပြုပြင်ခြင်း၊
🔹️ Control Panels များအား Software Check ပြုလုပ်ခြင်းများ၊ Commissioning ပြုလုပ်ခြင်း၊
🔹️ Engine အင်ဂျင် ပိုင်းဆိုင်ရာ စစ်ဆေးခြင်း၊ ပြုပြင်ခြင်း
🔹️ ECU ပိုင်းဆိုင်ရာ စစ်ဆေးခြင်း၊ ပြုပြင်ခြင်း
🔹️ Alternator ပိုင်း Coil ပိုင်း မီးအထွက် ပိုင်းဆိုင်ရာ စစ်ဆေးခြင်း၊ ပြုပြင်ခြင်း
🔹️ Radiator များ၊ မီးစက်အတွင်းခန်းများအား သန့်စင်ပေးခြင်း

စသည်ဖြင့် မီးစက်ကြီးများအတွက် Inspection စစ်ဆေးခြင်း၊ Consultation အကြံပြုခြင်း၊ Preventive Maintenance ပုံမှန်ထိန်းသိမ်းခြင်း၊ Repair ပြုပြင်ခြင်း Engineering Service အမျိုးမျိုး တို့ကို ဆောင်ရွက်ပေးနေပါသည် ခင်ဗျာ။

Sales & Technical Team Hotlines:
🤳🏻📲
📞𝟬𝟵 𝟵𝟳𝟳 𝟭𝟮𝟭𝟮𝟭𝟮
📞09-4210-47773
📞09-4400-47747
📞09-250-400-445
📞09-49-59-5559

Monday to Saturday (ရုံးချိန်အတွင်း) မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။

Engineering Service ဆောင်ရွက်များစွာမှအချို့ကို
https://www.heinlwin.com/engineering
တွင် သိရှိလေ့လာနိုင်ပါတယ်ခင်ဗျာ။

ရုံးချုပ်။ ။ ရွှေဟင်္သာတာဝါ (C-2)၊ ပြည်လမ်းမ၊ ၆ မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

#မီးစက်

26/10/2023

🙏🙏🙏

23/10/2023

⚙️ အသုံးခံစေချင်လို့ပဲ စစ်ဆေးထိန်းသိမ်းချင်တာဖြစ်ဖြစ်
⚙️ ပျက်နေလို့ ပြင်ချင်တာပဲဖြစ်ဖြစ်
⚙️ အပိုပစ္စည်း သီးသန့်ပဲလိုချင်တာဖြစ်ဖြစ်

💡ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

Sales & Technical Team:
🤳🏻📲
📞𝟬𝟵 𝟵𝟳𝟳 𝟭𝟮𝟭𝟮𝟭𝟮
📞09-4210-47773
📞09-696-444-999
📞09-4400-47747
📞09-42-1100-991
📞09-250-400-445
📞09-49-59-5559

Monday to Saturday (ရုံးချိန်အတွင်း) မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။

Engineering Service ဆောင်ရွက်များစွာမှအချို့ကို
https://www.heinlwin.com/engineering
တွင် သိရှိလေ့လာနိုင်ပါတယ်ခင်ဗျာ။

ရုံးချုပ်။ ။ ရွှေဟင်္သာတာဝါ (C-2)၊ ပြည်လမ်းမ၊ ၆ မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

#မီးစက်

Photos from HEIN LWIN Enterprise's post 12/10/2023

မင်္ဂလာ​ပါ သာယာသောနေ့တစ်နေ့ဖြစ်ပါစေရှင့်...🙏
ဒီတစ်ခါမှာတော့ Diesel Engine တွင် သိထားရမည့် စနစ်များအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်ရှင့်။😊

✔ Diesel Engine တစ်လုံးတွင် ကောင်းမွန်ပြည့်စုံစွာ အလုပ်လုပ်နိုင်ရန်အတွက် အခြေခံအားဖြင့် Systemကြီး 4မျိုးဖြင့် တည်ဆောက်ထားပါတယ်။

✔ ၎င်း System ကြီး 4မျိုးမှာ -
(1) Cooling System
(2) Lubrication System
(3) Fuel Supply System နှင့်
(4) Exhaust System တို့ဖြစ်ပါတယ်။

ထို System များထဲမှ (1) Cooling System အကြောင်းကို သိသမျှ မျှဝေလိုက်ပါတယ်ရှင်။😊✌

✔ Cooling System ဆိုသည်မှာ Engine မောင်းနေစဉ် အင်ဂျင်းအတွင်းရှိ လည်ပတ်လှုပ်ရှားအလုပ်လုပ်နေသော သံ ၊ သတ္တု အစိတ်အပိုင်းများသည် ပြင်ပလေကိုယူပြီး ဖိအားပေး "အပူ" ဖြင့်ပေါက်ကွဲအားကြောင့် အချိန်ကြာလာသည်နှင့်အမျှ အပူချိန်တစ်ခုကို ဖြစ်ပေါ်စေတယ်။ ထိုအပူချိန်သည် ပုံမှန်မဟုတ်ပဲ မြင့်တက်လာတဲ့အခါ ၎င်းအပူချိန်ကို ပုံမှန်ရှိသင့်သည်ထက် ပိုမသွားရအောင် နည်းမျိုးစုံဖြင့် အအေးခံပေးသောစနစ်ကို ဆိုလိုပါတယ်။

✔ အအေးခံသောစနစ်များတွင် ပထမတစ်ချက်မှာ ပြင်ပလေကို ပန်ကာစနစ်ဖြင့် ဆွဲယူ၍ လေမှုတ်ပေးသောစနစ်ဖြစ်ပြီး၊ ဒုတိယတစ်ချက်မှာ အင်ဂျင်အစိတ်အပိုင်းအားလုံးကို ပြင်ပမှ ရေထည့်သွင်းလည်ပတ်စေခြင်းဖြင့် အပူကို သယ်ဆောင်သွားသော စနစ်ဖြစ်ပါတယ်။

✔ အင်ဂျင်တွင် ရေလည်ပတ်စေခြင်းကို ရေလယ်အုံ ( Water Pump ) မှ အင်ဂျင်လည်သည့်အတိုင်း လိုက်၍ လည်ပြီး အပူသယ်ယူစွန့်ထုတ်ပါတယ်။

✔ ထို့ကြောင့် Cooling System မှာ အင်ဂျင်လည်အားအတိုင်း ရေတိုင်ကီကို လေဖြင့်မှုတ်ပေးသော Cooling Fan နှင့် အင်ဂျင်လည်သည့်အတိုင်း ရေတိုင်ကီမှ အင်ဂျင်၊ အင်ဂျင်မှ ရေတိုင်ကီသို့ လည်ပေးသော Cooling Water Pump ဟူ၍ တပ်ဆင်အသုံးပြုပေးထားပါတယ်။

✔ Cooling Fan ကို အင်ဂျင် Main Pulley နှင့် ပန်ကာကြိုး ( Belt ) ဖြင့် ဆက်သွယ် လည်ပတ်စေပြီး ၊ အမြဲတမ်းလည်ပတ်မှုအားကောင်းစေရန်အတွက် ( Belt ) ကြိုးတင်းအားနှင့် ( Belt ) ကြိုးကောင်းမွန်မှုသည်လည်း အလွန်အရေးပါလှပါတယ်ရှင့်။

✔ ထိုနည်းတူစွာ Cooling Water Pump ကို အင်ဂျင် Main Pulley နှင့် ပန်ကာကြိုး ( Belt ) ဖြင့် ဆက်သွယ်လည်ပတ်စေသည့်အတွက် Pump လည်အား ကောင်းမွန်ခြင်းနှင့် ပြင်ပသို့ရေယိုစိမ့်မှုမဖြစ်စေရန် ရေလယ်အုံ ( Ball ) နှင့် ရေလုံ ( Seal ) သည်လည်း အဓိကအရေးပါတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်နော်။ ၎င်းတို့ကို အမြဲစစ်ဆေးပေးရန်လိုအပ်ပြီး လိုအပ်လျှင်လည်း အလျင်အမြန်လဲလှယ်၍ ပြုပြင်ပေးခြင်းလုပ်မှသာ Cooling System ၏ အကျိုးကျေးဇူးကို ရမည်ဖြစ်ပါကြောင်းကို သတင်းစကားလေး ပါးပါရစေရှင့်။📃

🥇 ပထမတန်းစားအရည်အသွေးမှန်ပစ္စည်း
👨🏼‍🔧 တာဝန်ယူမှု ကျွမ်းကျင်မှုရှိသောဝန်ဆောင်မှု

👉 မီးစက်များကို Service လုပ်လို၍ဖြစ်စေ၊ မီးစက်များ ၀ယ်ယူလို၍ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုဆိုအပ်ပါတယ်ရှင်။

Sales & Technical Team:
🤳🏻📲
📞𝟬𝟵 𝟵𝟳𝟳 𝟭𝟮𝟭𝟮𝟭𝟮
📞09-4210-47773
📞09-696-444-999
📞09-4400-47747
📞09-42-1100-991
📞09-250-400-445
📞09-49-59-5559

Monday to Saturday (ရုံးချိန်အတွင်း) မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။

https://www.heinlwin.com
တွင်လည်း လေ့လာသိရှိနိုင်ပါတယ်ရှင်။

ရုံးချုပ်။ ။ ရွှေဟင်္သာတာဝါ၊ ပြည်လမ်းမ၊ ၆ မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

#မီးစက်

Photos from HEIN LWIN Enterprise's post 11/10/2023

💡 နေ့စဉ် လိုအပ်ချက်အရ အသုံးပြုနေရတဲ့ အပတ်စဥ် လစဥ် နာရီပေါင်းများစွာ အသုံးပြုနေရတဲ့ မီးစက်တွေအတွက် လိုအပ်တာရှိရင်ပြောပါ ခင်ဗျာ။

🔺️ ပစ်ထားတာကြာရင် ပြင်စရိတ်လည်း ကြီးသွားတာမျိုး ပြင်သုံးလို့မရတော့တာမျိုးလည်း ဖြစ်တတ်ပါတယ်။

⚙️ မီးစက်ကြီးတွေကို သေချာစစ်ဆေးထိန်းသိမ်းပြုပြင်တာ ပုံမှန်ပြုလုပ်ခြင်းက ရေရှည် အသုံးခံဖို့အတွက် ထိရောက်မှုရှိတာ အသေအချာပါပဲ။

👨‍🔧👩‍🔧 𝙋𝙧𝙤𝙛𝙚𝙨𝙨𝙞𝙤𝙣𝙖𝙡 𝘿𝙞𝙚𝙨𝙚𝙡 𝙂𝙚𝙣𝙚𝙧𝙖𝙩𝙤𝙧 𝙀𝙣𝙜𝙞𝙣𝙚𝙚𝙧𝙞𝙣𝙜 𝙎𝙚𝙧𝙫𝙞𝙘𝙚𝙨 & 𝙎𝙥𝙖𝙧𝙚 𝙋𝙖𝙧𝙩𝙨

If you are looking for a team of experienced generator specialists to do the following power generator related engineering works, Please call us!

· Survey
· Installation
· Commissioning
· ATS System Installation
· Inspection
· Maintenance Work
· Repair Work
· Cables Installation
· Spare Parts

အကယ်၍များ လူကြီးမင်းရဲ့ မီးစက်က

▫️အင်ဂျင်သံ၊ စက်သံ မမှန်တာလား?
▫️Heat ခဏလေးနဲ့ တက်တက်နေတာလား?
▫️မီးအထွက်မမှန်တာလား?
▫️မီးခိုးတွေအရမ်းထွက်နေတာလား?
▫️Load အဆွဲမခံတာလား?
▫️မီးစက်က နှိုးထားရင် အရမ်းခါနေတာလား?
▫️Control ကြောင်နေတာလား?
▫️ဆီလိုင်းဂျီးပိတ်နေတာလား?
▫️စနှိုးရင် ၃ ခါ ၄ ခါ နှိုးနေရတာလား?
▫️Breaker, Controller, Governor, Sensors ပစ္စည်းတွေ လဲချင်တာလား?
▫️ထိုးထိုးရပ်နေတာလား?
▫️မနှိုးတာအရမ်းကြာလို့ နှိုးမရတော့တာလား?

လိုအပ်ချက်တစ်ခုခုဖြစ်နေတဲ့ မီးစက်ကြီးတွေနဲ့ပတ်သက်လာလျှင် Engineering Service ရော Spare Parts ရော ရပါတယ်နော် 🫡

⚙️ 𝗚𝗲𝗻𝗲𝗿𝗮𝘁𝗼𝗿𝘀 မီးစက်ကြီးများအား ပုံမှန်ထိန်းသိမ်းပေးခြင်း (Preventive Maintenance Services) များအပြင် အထူးပြုပြင်မှု (Repair Services) တို့အပါအဝင် မီးစက်နှင့် ပတ်သက်သော Generator Engineering Services အမျိုးမျိုးတို့ကို 𝗛𝗘𝗜𝗡 𝗟𝗪𝗜𝗡 𝗘𝗻𝘁𝗲𝗿𝗽𝗿𝗶𝘀𝗲 အင်ဂျင်နီယာများမှ လုပ်ဆောင်ပေးလျှက်ရှိပါသည်ခင်ဗျာ။

မီးစက် kVA Size အမျိုးအစား 20kVA မှ 1500kVA ထိ Service လုပ်ဆောင်ပေးပါတယ်ခင်ဗျာ။

𝗛𝗘𝗜𝗡 𝗟𝗪𝗜𝗡 𝗘𝗻𝘁𝗲𝗿𝗽𝗿𝗶𝘀𝗲 မှ မြန်မာပြည် တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် နှစ်ပေါင်းများစွာ တရားဝင် ဖြန့်ဖြူးရောင်းချလျက်ရှိသော
𝙏𝙊𝙋 𝙊𝙉𝙀 𝙋𝙊𝙒𝙀𝙍 Generators (Hong Kong) မီးစက်များ၊ 𝗠𝗢𝗧𝗘𝗨𝗥𝗦 𝗕𝗔𝗨𝗗𝗢𝗨𝗜𝗡 (France) မီးစက်အင်ဂျင်များနှင့်
𝗣𝗢𝗪𝗘𝗥𝗙𝗟𝗘𝗘𝗧 𝗪𝗘𝗜𝗖𝗛𝗔𝗜 Generators မီးစက်များအပြင် အခြား အထင်ကရ မီးစက် Brand မျိုးစုံ (👉 𝐀𝐥𝐥 𝐁𝐫𝐚𝐧𝐝𝐬) တို့ကို Regular Preventive Maintenance Service များ၊ Repair Service များကို ပြုလုပ်ပေးလျက်ရှိပါတယ်ခင်ဗျာ🙏🏻

✅ 𝗛𝗘𝗜𝗡 𝗟𝗪𝗜𝗡 Engineering Teams များမှ

🔹️ ပုံမှန် Preventive Maintenance Service ပြုလုပ်ပေးခြင်း
🔹 ️Radiator ပိုင်းစစ်ဆေးပြုပြင်သန့်စင်ခြင်းများ
🔹️ Control Panel ပိုင်းစစ်ဆေးပြုပြင်လဲလှယ်ခြင်းများ
🔹 ️Fuel Line နှင့် Fuel Tank ပိုင်းစစ်ဆေးပြုပြင်သန့်စင်ခြင်းများ
🔹 ️Fuel Pump ပိုင်းစစ်ဆေးပြုပြင်ခြင်းများ
🔹 ️Auto Fuel Pump ပိုင်းတပ်ဆင်​ခြင်းများ
🔹 ️Wiring ပိုင်းစစ်ဆေးပြုပြင်ခြင်းများ
🔹️ Thermostat ပိုင်းစစ်ဆေးလဲလှယ်ခြင်းများ
🔹️ MCCB နှင့် Relay ပိုင်းစစ်ဆေးလဲလှယ်ခြင်းများ
🔹️ Solenoid ပိုင်းစစ်ဆေးပြုပြင်ခြင်းများ
🔹️ Preventive Maintenance များ
🔹️ အင်ဂျင်ဝိုင်များ၊ Filters ဆီစစ် လေစစ် များ လဲလှယ်ခြင်းများ
🔹️ သတ်မှတ်မောင်းနှင်ချိန် နာရီ 250 ပြည့်သွားသော မီးစက်များအား Engine Oil & Coolant အသစ် နှင့် လိုအပ်သော Filters အသစ်များ ​လဲလှယ်တပ်ဆင်ပေးခြင်း
🔹️ Sensor မျိုးစုံ စစ်ဆေးပေးခြင်း၊ လဲလှယ်ပေးခြင်း
🔹️ Battery နှင့် Battery Charger များလဲလှယ်ပေးခြင်းများ၊
🔹️ ATS Service ပြုလုပ်ပေးခြင်းများ၊
🔹️ AVR Card များအား Checking လုပ်ပေးခြင်း၊ Adjust ပြုလုပ်ပေးခြင်း/အသစ်တပ်ဆင်​ပေးခြင်း
​🔹️ Speed Control Card များအား Checking လုပ်ပေးခြင်း၊ Adjust ပြုလုပ်ပေးခြင်း/အသစ်တပ်ဆင်​ပေးခြင်း
🔹️ Actuator Voltage Testing ပြုလုပ်ပေးခြင်း
🔹️ ATS များ၏ Dry Connection / Three Phase Sensing များ Checking ပြုလုပ်ပေးခြင်း၊ ပြုပြင်ပေးခြင်း
🔹️ Charging Dynamo များနှင့် Charging Card များ စစ်ဆေးပေးခြင်း၊ ပြုပြင်ခြင်း၊
🔹️ Control Panels များအား Software Check ပြုလုပ်ခြင်းများ၊ Commissioning ပြုလုပ်ခြင်း၊
🔹️ Engine အင်ဂျင် ပိုင်းဆိုင်ရာ စစ်ဆေးခြင်း၊ ပြုပြင်ခြင်း
🔹️ ECU ပိုင်းဆိုင်ရာ စစ်ဆေးခြင်း၊ ပြုပြင်ခြင်း
🔹️ Alternator ပိုင်း Coil ပိုင်း မီးအထွက် ပိုင်းဆိုင်ရာ စစ်ဆေးခြင်း၊ ပြုပြင်ခြင်း
🔹️ Radiator များ၊ မီးစက်အတွင်းခန်းများအား သန့်စင်ပေးခြင်း

စသည်ဖြင့် မီးစက်ကြီးများအတွက် Inspection စစ်ဆေးခြင်း၊ Consultation အကြံပြုခြင်း၊ Preventive Maintenance ပုံမှန်ထိန်းသိမ်းခြင်း၊ Repair ပြုပြင်ခြင်း Engineering Service တို့ကို ဆောင်ရွက်ပေးနေပါသည် ခင်ဗျာ။

Sales & Technical Team:
🤳🏻📲
📞𝟬𝟵 𝟵𝟳𝟳 𝟭𝟮𝟭𝟮𝟭𝟮
📞09-4210-47773
📞09-696-444-999
📞09-4400-47747
📞09-42-1100-991
📞09-250-400-445
📞09-49-59-5559

Monday to Saturday (ရုံးချိန်အတွင်း) မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။

Engineering Service ဆောင်ရွက်များစွာမှအချို့ကို
https://www.heinlwin.com/engineering
တွင် သိရှိလေ့လာနိုင်ပါတယ်ခင်ဗျာ။

ရုံးချုပ်။ ။ ရွှေဟင်္သာတာဝါ (C-2)၊ ပြည်လမ်းမ၊ ၆ မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

#မီးစက်

27/09/2023

Diesel 𝗚𝗲𝗻𝗲𝗿𝗮𝘁𝗼𝗿𝘀 Engineering Services & Spare Parts

If you are looking for a team of experienced generator specialists to do the following power generator related engineering works, Please call us!

· Survey

· Installation

· Commissioning

· ATS System Installation

· Inspection

· Maintenance Work

· Repair Work

· Cables Installation

· Spare Parts Or Lubricants

𝗚𝗲𝗻𝗲𝗿𝗮𝘁𝗼𝗿𝘀 မီးစက်ကြီးများအား ပုံမှန်ထိန်းသိမ်းပေးခြင်း (Preventive Maintenance Services) များအပြင် အထူးပြုပြင်မှု (Repair Services) တို့အပါအဝင် မီးစက်နှင့် ပတ်သက်သော Generator Engineering Services အမျိုးမျိုးတို့ကို 𝗛𝗘𝗜𝗡 𝗟𝗪𝗜𝗡 𝗘𝗻𝘁𝗲𝗿𝗽𝗿𝗶𝘀𝗲 အင်ဂျင်နီယာများမှ လုပ်ဆောင်ပေးလျှက်ရှိပါသည်ခင်ဗျာ။

Sales & Technical Team:
🤳🏻📲
📞𝟬𝟵 𝟵𝟳𝟳 𝟭𝟮𝟭𝟮𝟭𝟮
📞09-4210-47773
📞09-696-444-999
📞09-4400-47747
📞09-42-1100-991
📞09-250-400-445
📞09-49-59-5559

Monday to Saturday (ရုံးချိန်အတွင်း) မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။

Engineering Service ဆောင်ရွက်များစွာမှအချို့ကို
https://www.heinlwin.com/engineering
တွင် သိရှိလေ့လာနိုင်ပါတယ်ခင်ဗျာ။

ရုံးချုပ်။ ။ ရွှေဟင်္သာတာဝါ (C-2)၊ ပြည်လမ်းမ၊ ၆ မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

#မီးစက်

16/09/2023

မင်္ဂလာ​ပါ သာယာသောနေ့တစ်နေ့ဖြစ်ပါစေရှင့်...🙏
ဒီတစ်ပါတ်မှာတော့ လူကြီးမင်းတို့အတွက် Generator မှာပါတဲ့ AVR system အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်ရှင့်။ ✌😊

Generator တွေမှာ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ Automatic Voltage Regulator (AVR)အကြောင်း နည်းနည်း ပြောပြချင်ပါတယ်။ AVR ရဲ့အလုပ်က Generator ရဲ့ Output Voltage ကို ဖြစ်နိုင်သမျှ တစ်သမတ်ထဲထွက်ဖို့၊ ငြိမ်ဖို့ ထိန်းပေးတာပါ။ မြင်သာအောင် ခြုံပြောရရင် AVR က Generator Output Voltage ကို Sense လုပ်တယ်။ Set Voltage ထက် နည်းရင်Exciterရဲ့ Field Coil ကို DC ပေးတယ်။ (Firing လို့ ခေါ်ပါတယ်။) Voltage များရင် DC မထုတ်ဘဲ ရပ်လိုက်တော့ Excitation မရတဲ့အတွက် Voltage ကျသွားပါတယ်။ နောက် နည်းသွားရင် ပြန်ပေးလိုက်ပြန်ရော။ အဲဒီလိုအဖွင့်အပိတ် လုပ်ငန်းစဉ်ကို တစ်စက္ကန့် အတွင်းအကြိမ်ကြိမ် လုပ်ပေးတော့ Out voltage က ငြိမ်နေတာပေါ့။ အဖွင့်နဲ့အပိတ် အချိုးကို duty cycle ခေါ်ပါတယ်။ ခြွင်းချက်အနေနဲ့ Compound type AVR မှာတော့ Fire မလုပ်ဘဲ ပိုနေတဲ့ exciter current ကို divert လုပ်ပြီး လျော့ချပေးပါတယ်။
အဲဒီမှာ AVR ကို အပိုင်းလိုက် ခွဲကြည့်ရင်
(၁) Voltage Sensing
(၂) AVR power supply
(၃) Control and Switching ဆိုပြီး ခွဲလို့ရပါတယ်။

(၁) Voltage Sensing အပိုင်းကတော့ ရှင်းပါတယ်။ Generator output မှ Sensing ကြိုးထုတ်ပြီး AVR ကို ဝင်ထားပါတယ်။ Voltage တင်မက frequency ကိုလည်း sense လုပ်ပါတယ်။

(၂) AVR power supply ပေါ်မူတည်ပြီး generator စနစ် အမျိုးမျိုး ကွဲသွားပါတယ်။ တစ်နည်းအားဖြင့် Generator အမျိုးအစားပေါ်မူတည်ပြီး AVR power supply အမျိုးမျိုး ကွဲသွားတယ်လို့ ပြောရင်လည်း ရပါတယ်။ အကြမ်းဖျင်းအားဖြင့် ဒီလို အုပ်စု(၃) မျိုးခွဲလိုက်လို့ရပါတယ်။

(က) Self-excited (Shunt type) အမျိုးအစား ကတော့ Generator ရဲ့ output power ကိုပြန်ယူသုံးတဲ့ အမျိုးအစား ဖြစ်ပါတယ်။ စက်လည်ကာစမှာ Residual magnetism ကြောင့် ထွက်လာတဲ့ Output Volt အနည်းငယ် နဲ့ AVR ကို power ပေးပြီး AVR output နဲ့ excitation လုပ်ပြီး voltage build up လုပ်ယူတာပါ။ ဒီအမျိုးအစားရဲ့ အားသာချက်က လွယ်ကူရိုးရှင်းပြီး စျေးလည်း သက်သာပါတယ်။ Generator မှာလည်း Main Generator နဲ့ Exciter နှစ်ခုဘဲ လိုပါတယ်။ အားနည်းချက်ကတော့ AVR ရဲ့ power က Generator output voltage ကို တိုက်ရိုက်ယူထားတဲ့ အတွက် power ကြီးတဲ့ motor တွေ ရုတ်တရက်ဆွဲလိုက်တဲ့ အခါ surging ကြောင့် voltage ကျသွားရင် AVR မှာပါ အဝင် voltage ကျသွားတဲ့အတွက် Excitation current ပါကျသွားပါတယ်။ ပြန်ပြီး တည်ငြိမ်ဖို့ အချိန်တစ်ခု စောင့်ရပါတယ်။ တစ်ခါတရံ trip ဖြစ်နိုင်ပါတယ်။

(ခ) Permanent Magnet Generator (PMG) အမျိုးအစားမှာ AVR power supply အတွက် PMG generator တစ်ခု shaft ထိပ်မှာ အပိုတပ်ထားပါတယ်။ စက်စလည်တာနဲ့ permanent magnet ကြောင့် ထွက်လာတဲ့ power ကို AVR ကရနေပါပြီ။ AVR အထွက်က excitation ကို ထုတ်ပေးပြီး လိုတဲ့ Voltage ရအောင် control လုပ်ပေးတာပါ။ ဒီအမျိုးအစားရဲ့ အားသာချက်က permanent magnet သုံးထားလို့ residual magnetism ပျောက်ပြီး Volt မထွက်မှာ မစိုးရိမ်ရတော့ဘူးပေါ့။ နောက်တစ်ခုက Load ဆွဲလို့ output voltage ကျသွားရင်လည်း AVR power ကို အနှောက်အယှက်မပေးတာမို့ တည်ငြိမ်မှု ပိုရနိုင်တယ်လို့ ဆိုပါတယ်။ PMG အမျိုးအစားတွေကတော့ လူသိအများဆုံးနဲ့ အသုံးကြဆုံးလို့ ဆိုရမှာပါဘဲ။

(ဂ) Excitation Boost System(EBS) မှာ power supply က Self excited မှာလိုဘဲ Generator output power ကနေ ယူထားပါတယ်။ တည်ဆောက်ပုံက PMG နဲ့ ဆင်ပါတယ်။ Shaft ထိပ်က PMG နေရာမှာ Excitation Boost Generator (EBG) လို့ခေါ်တဲ့ generator တစ်ခုရှိပါတယ်။ နောက် Control လုပ်ပေးမယ့် Excitation Boost Controller(EBC) တစ်ခုပါ ပါတယ်။ EBG ကထုတ်ပေးတဲ့ power ကို EBC ကတစ်ဆင့် AVR ကထွက်လာတဲ့ Excitation ကြိုးနဲ့ အပြိုင်ဆက်ထားပါတယ်။ AVR ရဲ့ excitation ကို boost လုပ်ပေးချင်ရင် AVR က EBC ကို လှမ်း အချက်ပြလိုက်ရင် ပေါင်းထည့်ပေးမှာပါ။ စက်လည်စမှာတော့ over excite ဖြစ်မှာစိုးလို့ ပိတ်ထားပါတယ်။ ဒီစံနစ်ရဲ့ ကောင်းကွက်တွေကတော့ Dynamic response နဲ့ Short Circuit Current (SCC) ခံနိုင်ရည်ရှိတယ် ဆိုပါတယ်။ ဒီအမျိုးအစားက တွေ့ရခဲပါတယ်။ တစ်ခါဘဲ တွေ့ဖူးပါတယ်။

(ဃ) Auxiliary winding(AUX) အမျိုးအစား မှာတော့ AVR power supply ကို Auxiliary Winding ကထုတ်ပေးပါတယ်။ Auxiliary winding ဆိုတာ Main Stator winding နေရာမှာ နောက်ထပ် winding အပို နှစ်ခု ပါ ပါတယ်။ တစ်ခုက Generator Output Voltage နဲ့ အချိုးတူပြီး နောက်တစ်ခုက Load ကြောင့် ပြောင်းသွားတဲ့ current နဲ့ အချိုးတူပါတယ်။ ဒီအမျိုးအစားကလည်း PMG မှာလိုဘဲ Load ကြောင့် AVR supply ကို မထိခိုက်စေပါဘူး။ ဒါ့အပြင် Load current ရဲ့ သက်ရောက်မှုအတွက်ပါ ညှိပေးတဲ့အတွက် ပိုကောင်း တယ်လို့ ဆိုပါတယ်။

(င) Self excited compound generator အမျိုးအစားကတော့ ပြီးခဲ့တဲ့ လေးမျိုးလုံး နဲ့ လုံးဝ ကွဲပြားပါတယ်။ ပြီးခဲ့တဲ့လေးမျိုးက Excitation အတွက် AVR ကထုတ်ပေးတဲ့ DC အပေါ်မှီနေရပါတယ်။ ဒီအမျိုးအစားမှာ Compound Transformer နဲ့ Reactor က excitation current ကို ထုတ်ပေးပြီး Main Stator မှာ Output Voltage ထွက်စေပါတယ်။ ထွက်တဲ့ Output Voltage ကို Operating Voltage ထက် နည်းနည်း ပိုမြှင့်ထားတတ်ပါတယ်။ ပြီးမှ AVR က excitation current ကို divert လုပ်ပြီး လျှော့ချပေးတာပါ။ အားနည်းချက်က AVR အပြင် Compound transformer, reactor inductor စတဲ့ အပိုဆောင်း ပစ္စည်းတွေ excitation circuit ထဲမှာ ပါတော့ အနည်းငယ် ရှုပ်ထွေးပြီး ထိန်းသိမ်းရခက်ပါတယ်။ နောက်ပြီး AVR က မညှိပေးခင် Output voltage က လိုချင်တဲ့ Voltage မရောက်ဘူးဆိုရင် AVR က မကူညီနိုင်ပါဘူး။ အပြင် ပစ္စည်းတွေဖြစ်တဲ့ Compound transformer ရဲ့ Tapping ချိန်ပေးတာ၊ Gap ညှိပေးတာတို့ လုပ်ပြီး Voltage ပိုမြင့်အောင် အရင်လုပ်ပေးရပါတယ်။ ကောင်းတဲ့ အချက်က Load ကြောင့် ဖြစ်လာမယ့် surging အပြင် reactive power ကိုပါ ပြင်ပေးနိုင်တဲ့ အတွက် တည်ငြိမ်မှုပိုရှိတယ်လို့ဆိုပါတယ်။ နောက်ပြီး AVR နေရာမှာ Rheostat နဲ့ အစားထိုးပြီး Voltage ကို manually control လုပ် နိုင်ပါတယ်။ Taiyo, Hyundai စတဲ့ generator တွေမှာ ဒီအမျိုးအစား အသုံးများပါတယ်။

(၃) Control and Switching အပိုင်းမှာတော့ AVR အမျိုးအစား တင်မကဘဲ Maker ပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားပါတယ်။ Switching / Firing အတွက် တစ်ချို့က SCR သုံးပြီး တစ်ချို့က FET transistor သုံးပါတယ်။
Control လုပ်တဲ့သဘော block diagram ကို အောက်မှာပြထား ပါတယ်။ ယေဘုယျ သိနိုင်ရုံလောက်ပါဘဲ။ အသေးစိတ် အလုပ်လုပ်ပုံက ကွဲပြားပါလိမ့်မယ်။ တစ်ခုချင်းစီကို ရှင်းမပြတော့ပါဘူး။ အဲဒါထက် ဘယ်လိုသုံးရမလဲ သိဖို့က ပိုအရေးကြီးမယ်ထင်လို့ပါ။
AVR Control အနေနဲ့ user တွေကို ဘာတွေ adjust ပေးလုပ်သလဲဆိုတာလည်း အမျိုးမျိုးရှိပါတယ်။ Voltage, Trim, droop, stability, gain, sensitivity, Under frequency, Over Voltage, Over Excitation, Ramp, I limit အစရှိတဲ့ parameter တွေကို Adjust လုပ်ခွင့်ပေးတတ်ကြပါတယ်။ Maker အလိုက် တစ်ချို့ parameter တွေ ထည့်ပေးပြီး တစ်ချို့ကို မထည့်ထားပါဘူး။ မီးစက်နဲ့ပတ်သတ်တဲ့ သိသင့်သိထိုက်တဲ့ ဗဟုသုတများကို တင်‌ပြပေးလိုက်ပါတယ်။

🥇 ပထမတန်းစားအရည်အသွေးမှန်ပစ္စည်း
👨🏼‍🔧 တာဝန်ယူမှု ကျွမ်းကျင်မှုရှိသောဝန်ဆောင်မှု

👉 မီးစက်များကို Service လုပ်လို၍ဖြစ်စေ၊ မီးစက်များ ၀ယ်ယူလို၍ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုဆိုအပ်ပါတယ်ရှင်။

Sales & Technical Team:
🤳🏻📲
📞𝟬𝟵 𝟵𝟳𝟳 𝟭𝟮𝟭𝟮𝟭𝟮
📞09-4210-47773
📞09-696-444-999
📞09-4400-47747
📞09-42-1100-991
📞09-250-400-445
📞09-49-59-5559

Monday to Saturday (ရုံးချိန်အတွင်း) မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။

https://www.heinlwin.com
တွင်လည်း လေ့လာသိရှိနိုင်ပါတယ်ရှင်။

ရုံးချုပ်။ ။ ရွှေဟင်္သာတာဝါ၊ ပြည်လမ်းမ၊ ၆ မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

#မီးစက်

Photos from HEIN LWIN Enterprise's post 15/09/2023

မီးစက်ဆို နှစ်ပေါင်း ၆၀ ကျော် နာမည်ရလာတဲ့ အရည်အသွေးမြင့်ပြီး တာရှည်ခံ လူကြိုက်များတဲ့ 𝘉𝘳𝘢𝘯𝘥 𝘕𝘦𝘸 𝙏𝙊𝙋 𝙊𝙉𝙀 𝙋𝙊𝙒𝙀𝙍 Generators ၏ TOP55 (50-55kVA) နှင့် TOP220 (200-220) မီးစက်များကို in stock ရရှိနိုင်ပါပြီခင်ဗျာ။

𝘾𝙐𝙈𝙈𝙄𝙉𝙎 Engine(𝙐𝙎𝘼) 🇺🇸
𝙎𝙏𝘼𝙈𝙁𝙊𝙍𝘿 Alternator (𝙐𝙆) 🇬🇧
𝘿𝙀𝙄𝙁 Controller (𝘿𝙚𝙣𝙢𝙖𝙧𝙠)🇩🇰 တို့ကိုသာ အသုံးပြုထားပါတယ်။

𝗛𝗘𝗜𝗡 𝗟𝗪𝗜𝗡 𝗘𝗻𝘁𝗲𝗿𝗽𝗿𝗶𝘀𝗲 မှ မီးစက်များကို ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနေကြသော မိတ်ဟောင်းမိတ်သစ်များအားလုံး ကို ကျေးဇူးအထူးတင်ရှိပါသည် ခင်ဗျာ။ အာမခံ Warranty ပေးအပ်ထားသည့်အတိုင်း Engineering Service များကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ခင်ဗျာ။

☑️ 𝗛𝗘𝗜𝗡 𝗟𝗪𝗜𝗡 𝗘𝗻𝘁𝗲𝗿𝗽𝗿𝗶𝘀𝗲 မှ မြန်မာပြည် တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် နှစ်ပေါင်းများစွာ တရားဝင် ဖြန့်ဖြူးရောင်းချလျက်ရှိသော 𝙏𝙊𝙋 𝙊𝙉𝙀 𝙋𝙊𝙒𝙀𝙍 Generators (Hong Kong) 🇭🇰 မီးစက်များကို ၁၉၆၂ ခုနှစ်မှ စတင်တည်ထောင်ခဲ့သည့် (၆၁) နှစ်သက်တမ်းရှိ YIP SHING Diesel Engineering Ltd (HK) မှ ကမ္ဘာ့ထိပ်တန်း Branded အစိတ်အပိုင်းများနှင့်တွဲဖက်၍ထုတ်လုပ်ပါတယ်ခင်ဗျာ။

✅ 𝙏𝙊𝙋 𝙊𝙉𝙀 𝙋𝙊𝙒𝙀𝙍 (HK) မီးစက်များအကြောင်းအသေးစိတ်ကို အောက်တွင် ဖော်ပြထားပါတယ်ခင်ဗျာ။

300~2500 kVA အထိ အိမ်သုံး၊ စက်ရုံသုံးနှင့် စီးပွားရေးလုပ်ငန်းသုံး မီးစက်ကြီးများကို kVA အမျိုးအစား အစုံအလင် ရရှိနိုင်ပါသည်။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။

✴️Reliable Power
✴️Branded Genuine Parts
✴️Premium Generators
✴️Recognized Quality Control
✴️Experienced and Professional Engineering Teams

Sales & Technical Team:
📞 09-977-121212
📞 09-4400-477-47
📞 09-696-444-999
📞 09-42-1100-991
📞 09-45-7494-285
📞 09-42-10-47773
📞 09-49-59-5559

မီးစက်များဝယ်ယူလို၍ဖြစ်စေ၊ ၊ မီးစက်များ၏ Spare Parts များ၊ ဝါယာကြိုးများ၊ Power Control System များ၊ Automatic Transfer Switch (ATS) System များ၊ Industrial Engine များ၊ Alternator များနှင့်ပတ်သက်၍ International Brands ပစ္စည်းမှန်ပစ္စည်းကောင်းများကို ဝယ်ယူလိုပါက HEIN LWIN Enterprise ထံဆက်သွယ်လိုက်ပါခင်ဗျာ။

ရွေးချယ်မှုအတွက် လိုအပ်သော အကြံဉာဏ် Survey တို့နှင့်တကွ ကျွမ်းကျင်မှုရှိသော အင်ဂျင်နီယာများမှကူညီရန်လည်း အဆင်သင့်ရှိပါတယ်။

🔼 Reliable & Responsible Products & Services

အာမခံချက်များကို လက်တွေ့ ဝယ်ယူသုံးစွဲထားသော Customer များထံမှ လည်းစုံစမ်းသိရှိလေ့လာနိုင်ပါတယ်။

စက်ရုံလေ့လာရေးနှင့် Factory Assessment Test များကိုလည်း စီစဉ်ထားရှိပါတယ်။

▶️ Professional Care for Quality Products.

ကျွန်တော်တို့ HEIN LWIN ENTERPRISE သို့ Monday to Saturday (ရုံးချိန်အတွင်း) မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။

🏢 အမှတ် ၁၀၁၆၊ ရွှေဟင်္သာတာဝါ ၊ ပြည်လမ်းမ၊ ၆ မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

ကျွန်တော်များ 𝗛𝗘𝗜𝗡 𝗟𝗪𝗜𝗡 𝗘𝗻𝘁𝗲𝗿𝗽𝗿𝗶𝘀𝗲 မှ Hong Kong ၏ ရောင်းအား အကောင်းဆုံးဖြစ်သည့် Top One Power မီးစက်များကိုရောင်းချပေးနေခဲ့တာ (၂၀၁၄)ခုနှစ်မှ (၉)နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။

အရည်အသွေးရေရှည်ဦးစားပေးရွေးချယ်သော ကုမ္ပဏီကြီးများ၊လုပ်ငန်းကြီးများကိုအလုံးရေရာပေါင်းများစွာ ရောင်းချပေးခဲ့ပြီးဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်မှ စတင်တည်ထောင်ခဲ့သည့် (၆၁) နှစ်သက်တမ်းရှိ YIP SHING Diesel Engineering Ltd (HK) မှ ထုတ်လုပ်ပါတယ်ခင်ဗျာ။
Control ပိုင်း၊ Wiring ပိုင်း ၊ Safety ပိုင်း၊ Maintenance ပိုင်းတို့တွင် သိသာထင်ရှားစွာ ကွာခြားသော Premium Quality
𝙏𝙊𝙋 𝙊𝙉𝙀 𝙋𝙊𝙒𝙀𝙍 Generator
အမှတ်တံဆိပ် မီးစက်များကို မြန်မာနိုင်ငံ တစ်ဦးတည်းသော ကိုယ်စားလှယ် အဖြစ်ရောင်းချပေးလျက် ရှိပါသည်။

✅ 𝙏𝙊𝙋 𝙊𝙉𝙀 𝙋𝙊𝙒𝙀𝙍 (HK) မီးစက်များအကြောင်းအသေးစိတ်

𝙏𝙊𝙋 𝙊𝙉𝙀 𝙋𝙊𝙒𝙀𝙍 Generator များ၏ အဓိက ကွာခြားချက်များမှာ
1. အရည်အသွေး စိတ်ချရသော Cummins Engine (USA), Perkins Engine (UK), Scania Engine (Sweden) နှင့် Stamford Alternator (UK), Leroy Somer Alternator (France) တို့ကို အသုံးပြုထားပါတယ်။
-
ထိုသို့အသုံးပြုရာတွင် Cummins နှင့် Stamford စက်ရုံ များမှ ထုတ်လုပ်သော အစစ်ဆေးခံနိုင်သည့် Serial No. နှင့်တကွ Bar Code များပါဝင်သော Cummins နှင့် Stamford ပစ္စည်းအစစ်များကိုသာ အသုံးပြုထားပြီး Copy များ Fake များအသုံးပြုထားခြင်း လုံးဝမရှိပါ။ Used (အသုံးပြုထားခဲ့ပြီးသော) ပစ္စည်းများကိုလည်းလုံးဝမသုံးကြောင်း အာမခံနှင့်ရောင်းချသည့် အပြင်ကိုယ်တိုင်လာရောက် ကြည့်ရှုစစ်ဆေးနိုင်ပါသည်။

2. Main Circuit Breaker အနေဖြင့် ၁၉၈၇ နှစ်မှ စတင်ထုတ်လုပ်ခဲ့သော ဆွစ်ဇာလန်နိုင်ငံထုတ် အရည်အသွေးမြင့် ABB Circuit Breaker ကိုထည့်သွင်းထားသည့်အတွက် ရေရှည်အသုံးခံပြီး Safety ပိုင်းအတွက် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်မည်ဖြစ်ပါသည်။

3. အသံလုံမှု Sound Proof ပိုင်းတွင် Silent ကောင်းမွန်သည့် စက်များဖြစ်သည့်အတွက် မီးစက် KVA အသေးများတွင် (60 dBA) ခန့်မှ မီးစက်ကြီးများတွင်(80 dBA)ခန့်သာရှိသဖြင့် ကောင်းမွန်သော အသံလုံစနစ်ဖြစ်သော မီးစက်များဖြစ်ပါသည်။ အသံလုံမှုသာမက အပူချိန်ထိန်းညှိနိုင်ရန် Swift Air Ventilation လေပေါက်များပါရှိခြင်း၊ ဖုန်အစိုင်အခဲများနှင့်ကြွက်ကဲ့သို့အကောင်များမဝင်နိုင်ရန်ပြုလုပ်ထားသော Enclosure Canopy များဖြစ်ပါသည်။

4. Load Test များပြုလုပ်ထားသည့်အပြင် သက်တမ်းကြာရှည်သော Hong Kong Brand ဖြစ်သည့်အတွက် Quality Control (QC) ပိုင်းတွင် စိတ်ချရပြီး ရေရှည်အသုံးခံသည့်အတွက် Customer များ စိတ်ချမ်းသာစွာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

5. Safely ပိုင်းတွင် မီးစက်အသုံးပြုသူများ လုံခြုံစိတ်ချမှု အပြည့်အဝရှိစေရန် သတိပေးချက်တိုင်းကို အလိုအလျောက်အသိပေးမည့် Warning Alarm များ၊ Sensor များ၊ Relay များ ပါရှိပါသည်။

6. ဥပမာအားဖြင့် Module Circuit Barker များထားရှိခြင်း ၊ Fuel Gauge အပြင် Fuel Level Sensor များတပ်ဆင်ထားခြင်း၊ Relay များအားပြည့်စုံစွာထားရှိခြင်း၊ Wiring ပိုင်းတွင် Colour Coding System များထားရှိခြင်း၊ Auxiliary Ports တွင်ပါဝင်သော Connection Box များထားရှိခြင်း၊ Terminal Connection Port များထားရှိခြင်း အစရှိသည်ဖြင့် Control ပိုင်းတွင် ထိန်းချုပ်ရလွယ်ကူမှုရှိစေရန် ATS ကဲ့သို့အခြားသော System များနှင့် လွယ်ကူစွာ ချိတ်ဆက်နိုင်စေရန် Battery များအား အလိုအလျောက် အားကုန်ခြင်းမဖြစ်စေရန် အားပြန်သွင်းပေးသော Auto Battery Charger ပါဝင်ခြင်း။ Safety ပိုင်းတွင် အန္တရာယ်မဖြစ်စေပဲ လုံခြုံစိတ်ချစွာ ရေရှည်သုံးစွဲနိုင်စေရန် အဓိကအရေးအကြီးဆုံးဖြစ်သော Trouble Shooting နှင့် Maintenance ပိုင်းတို့အတွက် လွယ်ကူလျင်မြန်စွာ ပြုပြင်ထိန်းသိမ်းနိုင်ရန် ထုတ်လုပ်ထားပါသည်။

7. 𝙏𝙊𝙋 𝙊𝙉𝙀 𝙋𝙊𝙒𝙀𝙍 မီးစက်များ သည် ထိန်းသိမ်းရလွယ်ကူပြီး အပိုပစ္စည်းလွယ်ကူသောကြောင့် Servicing ပြုလုပ်ရာတွင် လွယ်ကူလျင်မြန်စွာ ပြင်ဆင်ပြီးစီးနိုင်ပါသည်။
Service Engineer များအနေဖြင့် မီးစက် မည့်သည့်အကြောင်းကြောင့် ပျက်သည်ဖြစ်စေ၊ Fault Finding လျင်မြန်စွာပြုလုပ်နိုင်ပြီး မီးစက်ကို အချိန်မှီ ပြန်လည်ကောင်းမွန်အောင်ပြုပြင် နိုင်စေမည် ဖြစ်ပါသည်။

8. 𝙏𝙊𝙋 𝙊𝙉𝙀 𝙋𝙊𝙒𝙀𝙍 ၏ ဆီတိိုင်ကီသည်လည်းအနည်းဆုံး (၁၀)နာရီကြာမောင်းနှင်နိုင်သောCapacity ရှိသည့်အတွက် ပုံမှန်ဆီတိုင်ကီ များထက် (၂)နာရီခန့် ကြာပိုမိုမောင်းနှင်နိုင်ပါသည်။ Load အသုံးပြုမှုအပေါ်မူတည်၍ ဆီစားနှုန်းသက်သာအောင် ချိန်ညှိပေးသော Electrical Governor များ ကိုလည်း 𝙏𝙊𝙋 𝙊𝙉𝙀 𝙋𝙊𝙒𝙀𝙍 မီးစက်တိုင်းတွင် ထည့်သွင်းထားပါသည်။

9. Warranty အနေဖြင့် Part Warranty (1) year (သို့) 1500 hours (whichever comes first) International Warranty ပေးထားပြီး Service Warranty အနေဖြင့် စုစုပေါင်း (2) years (သို့) 2000 hours ခံစားခွင့်ပေးထားပါသည်။

10. မီးစက်တစ်လုံးဝယ်ယူရာတွင် Technical ထောက်ပံ့မှု သည်လည်း အရေးပါသည့်အတွက် ကျွန်တော်များ 𝗛𝗘𝗜𝗡 𝗟𝗪𝗜𝗡 𝗘𝗻𝘁𝗲𝗿𝗽𝗿𝗶𝘀𝗲 အနေဖြင့် Engineering Service Teamကို ခိုင်မာအောင် ဖွဲ့စည်း၍ Customer များ စိတ်ကျေနပ်မှု့ရှိစေရန် အသင့်အနေအထားဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။
Service Warranty ကာလအတွင်း Customer များမှ ခေါ်သည်ဖြစ်စေ မခေါ်သည်ဖြစ်စေ လစဉ် Regular Service သွားရောက်ပြုလုပ်ပေးလေ့ရှိပါသည်။
အရေးပေါ်ကိစ္စ (Emergency Case) များပေါ်ပေါက်လာလျင်လည်း ရန်ကုန်မြို့တွင်းသာမက နယ်မြို့များအထိ သွားရောက်ပြုပြင်ပေးပါသည်။

11. Spare Parts နှင့်ပက်သက်လာလျင်လည်း ပုံမှန်လိုအပ်လေ့ရှိသော Spare Parts များကို ရန်ကုန်မြို့တွင် In-stock ထားရှိသဖြင့် မီးစက် ချို့ယွင်းခဲ့ပါက လွယ်ကူစွာ ပြုပြင်နိုင်မည် ဖြစ်ပါသည်။
Spare Parts များကို Hong Kong စက်ရုံတွင် In-Stock ရှိပြီး နှစ်ပတ် အတွင်း မှာယူရရှိနိုင်ပါသည်။

12. မီးစက်များ၏ အချက်အလက်များနှင့် အသေးစိတ်တို့ကို ကိုယ်တိုင်လာရောက် လေ့လာနိုင်ရန် နွေးထွေးစွာကြိုဆိုလျှက်ရှိပါသည်။
အသံလုံသော Silent Type Generator များအပြင် Open Type Generator များကိုလည်း လူကြီးမင်းတို့စိတ်ကြိုက် ဝယ်ယူရရှိနိုင်ပါသည်။

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Our Story

အရည်အသွေးအဆင့်မီသော မီးစက်များ ရောင်းဝယ်/ငှားရမ်းချင်သူများအတွက် အကောင်းဆုံးအစုံလင်ဆုံးသော ပစ္စည်းများနှင့် သတင်းအချက်အလက်တို့ကို ပြည့်စုံစွာ ဖော်ပြပေးနေသော နေရာလေးဖြစ်ပါတယ်။

• HEIN LWIN Enterprise မှ အဓိကအားဖြင့် Hong Kong ၏ထိပ်တန်းမီးစက် brand ဖြစ်သော Top One Power Generator ကိုမြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တာဝန်ယူတင်သွင်းဖြန့်ချီလျက်ရှိပါတယ်။

• ၁၉၆၂ ခုနှစ်မှစတင်တည်ထောင်ခဲ့သော YIP SHING Diesel Engineering Co., Ltd မှထုတ်လုပ်သော Top One Power မီးစက်ဟာ ကမ္ဘာ့စျေးကွက်မှာ ၂၀၀၈ခုနှစ်ကတည်းက တွင်ကျယ်စွာဖြင့် လျင်လျင်မြန်မြန်နေရာရလာတဲ့ Hong Kong Brand တစ်ခုဖြစ်ပါတယ်။

ကျွန်တော်များ Hein Lwin Enterprise Ltd. မှ 2014 ခုနှစ်မှစတင်ကာ နှစ်ပေါင်း ၅၇ ကျော်သက်တမ်းရှိပြီဖြစ်သော YIP SHING ၏ Top One Power Generators များအားရောင်းချရာတွင်

Videos (show all)

CUMMINS 100 Years

Telephone

Address


Shwe Hintha Tower C-2, #1016, Pyay Road, 6. 5 Mile, Hlaing Township
Yangon
11052

Opening Hours

Monday 09:30 - 18:00
Tuesday 09:30 - 18:00
Wednesday 09:30 - 18:00
Thursday 09:30 - 18:00
Friday 09:30 - 18:00
Saturday 09:30 - 18:00

Other Yangon engineering companies (show all)
Han Sein Thant Horizontal Directional Drilling Service Han Sein Thant Horizontal Directional Drilling Service
Bld (112), Room 28/29, 3rd Floor, Above Mayangone YOMA Bank, Near 8th Mile Junction, Pyay Road, Mayangone Township
Yangon

Horizonal Directional Drilling and Pipe Laying Service

Aung Myint group steel structure Aung Myint group steel structure
Yatanartheinga Street, Dagon Seikkan Township
Yangon

H&K Engineering Co.,Ltd H&K Engineering Co.,Ltd
No. 175, Sebal Street, Bo Gyoke Aung San Main Road
Yangon, 11411

Generator Sale & Service

Artificial Intelligence - အေအိုအေအိုင် Artificial Intelligence - အေအိုအေအိုင်
No. 490, DammarYone Street , 47 Block, North Dagon
Yangon, 11051

Interested in the field (C++ Python VHDL/Verilog FPGA RaspberryPi Arduino DSP ML AI DeepLearning and Embedded Systems)

OKK OKK
Yangon

Rehoboth Steelweld Engineering Rehoboth Steelweld Engineering
Yangon, 11121

MSWE Provides process plant construction,maintenance & inspection of equipment,piping and welding.

Heaven Ice Engineering Group Air-con Sale & Service Centre Heaven Ice Engineering Group Air-con Sale & Service Centre
No. 70/Ohe Bo Street, Ohe Bo Qr, Kyimyintine
Yangon, 11101

service​ကောင်း​ကောင်း တာဝန်​ယူမှူ့အပြ?

Absolon Geotextile Absolon Geotextile
No(19), U Pho Hlaing Street , Shwe Pyi Thar Industrial Zone(3)
Yangon, 09972236235

Geotextile ကို 100% Polyester သုံးထားပြီး Korea ကုန်ကြမ်

BEST SOLAR POWER BEST SOLAR POWER
Shwetamar (2) Street
Yangon, 11401

Move to Green

Future Comet Engineering Future Comet Engineering
Yangon

M&E Engineering Services

Naing Naing
Yangon

U Ba Han Street.Thingangyun Township.Yangon