Minn Interior Design & Decoration

Welcome From Minn Interior Design & Decoration ( Yangon ). It's located in (No.253) Khay Mar Thi St

Minn Interior decoration မှ လူကြီးမင်းတို့၏ နေအိမ်၊ ရုံးခန်း အစရှိသည်တို့ကို သင့်တင့်သောဈေးနှုန်း၊ ကောင်းမွန်သော အရည်အသွေးနှင့် လှပသော ဒီဇိုင်းများဖြင့် စိတ်တိုင်းကျသည်အထိ တာဝန်ယူဆောင်ရွက်ပေးနေပါပြီ။

27/02/2024

အုတ်ကောင်းမကောင်း ဘယ်လိုစမ်းသပ်ကြမလဲ …
အုတ်တစ်ချပ် ကောင်းမကောင်း အောက်ပါနည်းတွေနှင့် စမ်းသပ်နိုင်ပါတယ်။
(1) Absorption test ရေစုပ်ယူမှု
(2) Crushing strength test ဖိအားခံနိုင်မှု
(3) Hardness test မာကြောမှု
(4) Shape and size ပုံစံနှင့် အရွယ်အစား
(5) Color test အရောင်
(6) Soundness test အသံကောင်းမွန်မှု
(7) Structure of brick ဖွဲ့စည်းပုံ
(😎 Presence of soluble salts (efflorescence test) ဆားပေါက်မပေါက် စတဲ့နည်းလမ်းတွေနှင့် စမ်းသပ်လို့ ရပါတယ်။
(1) Absorption test ရေစုပ်ယူမှုက အုတ်တစ်ချပ်အနေနှင့် ဘယ်လောက်ရေစုပ်ယူသလဲ ဆိုတာကို ကြည့်တာပါ။ အုတ်တစ်ချပ်ကိုယူ အလေးချိန်ချိန်ပြီး ရေထဲ ၂၄နာရီ စိမ်ထားရပါမယ်။ အလေးချိန်ပြန်ချိန်ကြည့်တဲ့အခါ ရေစုပ်ယူလို့ တိုးလာတဲ့ အလေးချိန်က မူလအလေးချိန်ရဲ့ ၂၀% မကျော်ရဘူး ဆိုပါတယ်။
(2) Crushing test ဖိအားခံနိုင်မှုက အုတ်တစ်ချပ်ကို ကွန်ကရစ်တုံး ခွဲစမ်းသလို compression test machine မှာ ဖိပြီး စမ်းကြည့်တာပါပဲ။ ကွဲသွား ကျိုးသွားတဲ့ ဖိအားက 3.5N/mm2 ထက်မနည်းရဘူး ဆိုပါတယ်။ 507.632 psi ပေါ့။
(3) Hardness test မာကြောမှုက မာကြောတဲ့ အရာတစ်ခုနှင့် ခြစ်ကြည့်ရာမှာ အရာမထင်ရဘူး ဆိုပါတယ်။ လုပ်ငန်းခွင်မှာ အများအားဖြင့် လက်သည်းနှင့် ခြစ်ကြည့်တာပါပဲ။ လက်သည်းနှင့် ခြစ်ကြည့်ရာမှာ အရာမထင်ရင် မာကြောတယ်လို့ ယူဆကြပါတယ်။
(4) Shape and size ပုံစံနှင့် အရွယ်အစားမှာ ပုံစံအားဖြင့် စောင်းခြင်း ရွဲ့ခြင်းမရှိ လေးထောင့်ကျပြီး အစွန်းအနားတွေဟာ ဖြောင့်တန်းညီညာနေရပါမယ်။ အရွယ်အစားအားဖြင့် အုတ်ချပ်၂ဝလောက်ကို ကောက်ယူပြီး တိုင်းတာကြည့်တဲ့အခါ တစ်ချပ်နှင့် တစ်ချပ် တူညီမှု ရှိရပါမယ်။ အတိုအရှည် အထူအပါး ကွဲပြားမှု မရှိရပါ။
(5) Color test အရောင်က အုတ်ချပ်တွေဟာ တူညီတဲ့ အရောင်ရှိရမှာဖြစ်ပြီး အုတ်ချပ်တစ်ချပ်မှာကို အရောင်အနုအရင့် ကွဲတာမျိုး မဖြစ်ရပါဘူး။
(6) Soundness test အသံကောင်းမွန်မှုက အုတ်၂ချပ်ကို ယူပြီး တစ်ချပ်နှင့်တစ်ချပ် ရိုက်ကြည့်ရာမှာ ပေါ့ပါးတဲ့ ချိုလွင်တဲ့အသံကြားရပါမယ်။ လေးလေးပင်ပင် ထုံတုံတုံအသံမျိုး မရှိရပါဘူး။
(7) Structure of brick ဖွဲ့စည်းမှုက အုတ်ကို ချိုးကြည့်ပြီး ဒါမှမဟုတ် အုတ်ကျိုးကို ယူကြည့်တဲ့အခါ အုတ်ရဲ့ အတွင်းသားမျက်နှာပြင်တွေက အက်ကြောင်း အပေါက် စတာမျိုးတွေ မရှိရပဲ တစ်သားထဲရှိနေရပါမယ်။
(😎 Efflorescence test ဆားပေါက်မပေါက်က အုတ်ကို ရေထဲ ၂၄နာရီစိမ်ထားပြီး အခြောက်ခံပါ။ ခြောက်သွေ့သွားတဲ့အခါ အုတ်ချပ်ပေါ်မှာ မီးခိုးရောင် အဖြူရောင် အမှုန်လေးတွေ ကပ်နေတာမျိုး တွေ့ရရင် အုတ်မှာ ဆားဓါတ်ပါတယ် ဆိုပါတယ်။
အဲဒါတွေက ယေဘုယျအားဖြင့် စမ်းသပ်ကြည့်လို့ရတဲ့ နည်းလမ်းတွေပါ။ lab တွေမှာ ဒီထက် အသေးစိပ် စမ်းသပ်ကြည့်လို့ရပါတယ်။
ခုနက ပြောတဲ့ အုတ်က မကျိုးရဘူး ဆိုတာက ဒီလိုပါ။ ရိုက်ကြည့်လို့ မကျိုးရဘူး ဆိုတာမှာ ဖြည်းဖြည်းရိုက်ရင်တော့ ဘယ်ကျိုးပါ့မလဲ။ အင်းဟာ … အင်းဟာ … ဆိုပြီး အားနှင့် ရိုက်လို့ကတော့ ကျိုးမှာပေါ့။ တစ်ချို့ များ ပစ်ချရင် မကျိုးရဘူး ဆိုပြီး အပေါ်ကိုတောင် အားပါးတရ ပစ်တင်လိုက်ကြတယ်။ အမှန်က အောက်မှာရှိတဲ့ အုတ်တစ်ချပ်အပေါ်ကို အမြင့် 1m(3ft) အမြင့်ကနေ အသာကိုင်ပြီး လွတ်ချရတာပါ။ အဲလိုလွတ်ချတဲ့ အုတ်က မကျိုးရဘူးလို့ ဆိုတာပါ။
#မူရင်းရေးသားသူအားcreditပေးပါသည် #

Photos from Minn Interior Design & Decoration's post 15/02/2024

North Okkalapa House Renovation (Exterior)
============================

ဒါလေးကတော့ မြောက်ဥက္ကလာက အိမ်လေးကို renovate ပြန်လုပ်ထားတာလေးပါ။ ပုံမှန်အားဖြင့်‌တော့ကျွန်တော်တို့ Minn Interior Design & Decoation က အိမ်အတွင်းပိုင်းအလှဆင်တာကို အဓိကလုပ်တာဖြစ်ပေမယ့် အခုအိမ်ကတော့ တစ်ထပ်အိမ်ဖြစ်တာကတစ်ကြောင်း ၊ ပြန်လည်မွန်းမံတာပဲလုပ်တာကတစ်ကြောင်းမို့ ကိုယ်တိုင်ပဲလုပ်ဖြစ်ပါတယ်။
အပြင်ပိုင်း exterior အနေနဲ့ ရုပ်ထွက်ပိုင်း ပိုလှသွားအောင် Design ပြန်ပြင်ထားပါတယ်။ Design လှရုံနဲ့မရပါဘူး။ နေလို့ထိုင်လို့ အဆင်ပြေဖို့ကလည်း လိုသေးတယ်မဟုတ်လား? ဒါကြောင့်မို့လို့ မိုးတွင်းခြံထဲရေအရမ်းဝင်လို့ ခြံမြေကိုလည်းမြှင့်ထားပါတယ်။ ခြံထဲမှာလည်း ရေစိမ့်ဝင်မှုကောင်းအောင် ကွန်ကရစ်တွေကိုဖြိုပြီး လမ်းခင်းဘလော့တုံးလေးတွေပြန်ခင်းထားပါတယ်။ ကွန်ကရစ်လိုအပိတ်မဟုတ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်တာပေါ့။
အိမ်အတွင်းထဲမှာလည်း ကျဉ်းနေလို့အဆင်မပြေတဲ့အခန်းတွေကို ချဲ့လိုက်တာတို့ မလိုအပ်ပဲကျယ်နေတဲ့အခန်းတွေ ပြန်ကျဉ်းတာတို့ လုပ်လိုက်ပါတယ်။ တံခါးနဲ့ ပြတင်းပေါက်တွေကိုလည်း အဆင်ပြေအောင်ပြန်ပြင်ထားပါတယ်။ အဲ့ဒါတွေကိုတော့ Interior ပိုင်းပြင်ထားတဲ့ ပုံတွေ ထပ်တင်ပြီး ရှင်းပြပေးပါဦးမယ်ခင်ဗျာ။
Minn Interior Design & Decoation
09 4500 66935, 09 2628 13094

11/02/2024

သင့်အိမ်ရဲ့နံရံမှာ ရေငွေ့ ( moisture)ဖြစ်ပေါ်နေလို့ ဆေးသုတ်ဖို့အခက်အခဲ ဖြစ်နေပြီလား
ဒါဆိုဒီစာလေးကိုအဆုံးထိကြည့်ကြည့်ရအောင်
#ဘယ်နေရာတွေမှာရေငွေ့ရိုက်တာဖြစ်ပေါ်စေတာလဲ
1 မိမိအိမ်အပြင်ဘက် ရေပိုက်လိုင်းပေါက်ခြင်း ( သို့ ) အပြင်ဘက်နံရံမှာ အက်ကြောင်းကွဲ ရှိနေခြင်း
2 အပြင်နံရံဘက်မှာညောင်အမြှစ်တွယ်နေခြင်း ၊ ညောင်ပင်ပေါက်နေခြင်း
3 အပြင်ဘက်နံရံမှာမဆလာမချောပဲ ထားရှိခြင်း
4 ရေချိုးခန်း နှင့် နံရံနီးကပ်နေခြင်း
စတာတွေပဲ ဖြစ်ပါတယ်
#ဘယ်လိုကာကွယ်ဖြေရှင်းမလဲ
မိမိအိမ်ရဲ့အပြင်ဘက်နံရံမှာ ရေပိုက်လိုင်းပေါက်ပါက သေချာပြုပြင်ပေးဖို့လိုအပ်ပါတယ် ၊ အကယ်၍ ရေပိုက်လိုင်း ကောင်းပါက အပြင်ဘက်နံရံမှာ နံရံအက်ကွဲကြောင်းများရှိ မရှိစစ်ဆေးပြီး အက်ကွဲကြောင်းများရှိပါက သေချာဖာထေးပြုပြင်ရပါ့မယ်( ရေတားဆေးသုတ်လို့လည်းရပါတယ်ခဗျာ)
မိမိအိမ်နံရံအပြင်ဘက်မှာ ညောင်အမြှစ်တွယ်နေပါက ခုတ်ထွင်ရှင်းလင်းပေးဖို့လိုအပ်ပါတယ် အကြောင်းက ညောင်အမြစ်တွေကတစ်ဆင့် နံရံကိုအက်ကွဲစေတတ်ပြီး မိုးရာသီရောက်တဲ့အခါ အတွင်းထဲကို ရေစိမ့်နိုင်ပါတယ်။
တစ်ချို့တိုက်ခန်းတွေမှာ အတွင်းနံရံမှာမဆလာချောထားတတ်ပြီး အပြင်မှာနံရံတွေမှာ အကြောင်းတစ်ခုခုကြောင့် မဆလာမချောပဲထားရှိတတ်ကြပါတယ်။ ထို့ကြောင့် အပြင်နံရံတွေကိုသေချာစွာမဆလာချောပေးဖို့လိုအပ်ပါတယ်။ အပြင်နံရံတွေကို မဆလာမချောထားတဲ့အခါ အုတ်ကြားထဲကတစ်ဆင့် ရေစိမ့်နိုင်တာ ၊ အတွင်းနံရံထဲသို့ ရေငွေ့ရိုက်တာ ( moisture)ဖြစ်ပေါ်စေနိုင်ပါတယ်။
ရေချိုးခန်းနဲ့နီးတဲ့နံရံတွေကို ရေငွေ့ ( moisture)မရိုက်စေဖို့ အတွက်အကောင်းဆုံးကတော့ ရေချိုးခန်းတွေကို ဆေးမသုတ်ပဲ ကြွေပြားကပ်တာအကောင်းဆုံးပါ ( ဆေးသုတ်ခြင်းရင်တော့ ရေတားဆေးကိုတစ်ကုတ်ကနေ နှစ်ကုတ်ထိအရင်ဆုံးသုတ်ပေးဖို့ လိုအပ်ပါတယ်) ရေချိုးခန်းက ရေကိုအမြဲတမ်းသုံးနေရတဲ့အတွက်ကြောင့် ရေချိုးခန်းနဲ့နီးနဲ့ နံရံတွေကို ရေငွေ့ရိုက်တတ်တာတွေဖြစ်တတ်ကြပါတယ်။
#ဒါဆိုဒီလိုနေရာတွေမှာဆေးဘယ်လိုသုတ်ကြမလဲ
အရင်နံရံမှာရှိတဲ့ဆေးအဟောင်းတွေကိုခွာချပြီး သန့်ရှင်းရေးသေချာလုပ်ပေးရပါမယ်
သန့်ရှင်းရေးပြုလုပ်ပြီးရင်တော့ ရေတားဆေး ကိုတစ်ထပ်ကနေ နှစ်ထပ်အထိသုတ်ပေးရပါမယ် ( ရေတားဆေးတစ်ထပ်သုတ်ပေးပြီးပါက ခြောက်သွေ့အောင် နာရီအနည်းငယ်စောင့်ပေးပြီးမှ ဒုတိယတစ်ထပ်သုတ်ပေးရပါမယ်)
ရေတားဆေး ခြောက်သွေ့ပါက ဆီလာ ထပ်ပြီးချုပ်ပေးရပါမယ်
ဆီလာခြောက်သွေ့ပါက ပတ်တီးတစ်ကုတ် ရိုက်ပေးပြီး ခြောက်သွေ့တဲ့အခါ နောက်ထပ် ပတ်တီး ထက်ရိုက်ပေးရပါမယ်
ပတ်တီးခြောက်သွေ့ပါက ကော်ပတ်တိုက်ပြီး နံရံအားသန့်ရှင်းရေးလုပ်ပေးရန်လိုအပ်ပါတယ်
သန့်ရှင်းရေးပြုလုပ်ပြီးရင်တော့ ဆီလာချုပ်ပေးရပါမယ်
ဆီလာခြောက်သွေ့ တဲ့အခါ မိမိနှစ်သက်ရာ ဆေးကို နှစ်ကုတ်ကနေ သုံးကုတ်အထိသုတ်ပေးရန်လိုအပ်ပါတယ်ခဗျာ
ဒါဆို မိမိအိမ်လေး လှပပြီး ရေငွေ့ ရိုက်ခြင်း ( moisture)လည်းကင်းလွှတ်စေပြီပေါ့

Credit to Oringinal

09/02/2024

ဆီလာ(ခံဆေး+ချုပ်ဆေး)နှင့်
ရေတားဆေးအကြောင်းတစေ့တစောင်း📌📌📌📌📌
ဆီလာ(ခံဆေး)ဆိုတာ ရေတားဆေးမဟုတ်ပါဘူးနော်▪️
=====================================
တချို့မသိသေးတဲ့ သူများက ဆီလာ(ခံဆေး)ကို ရေတားတယ်ထင်တတ်ကြပါတယ်၊ ဆီလာ(ခံဆေး)ကိုသုတ်ထားရင် ရေမစိမ့်ဘူးလို့ အထင်မှား အသိမှားတတ်ကြတာရှိပါတယ်။
ကျွန်တော်တို့လည်း ဆေးသုတ်တဲ့အခါ အိမ်ရှင်တချို့နဲ့ကြုံဖူးပါတယ်။ ဆီလာ(ခံဆေး)ကို ရေတားဆေးဆိုပြီ ထူထူလေးသုတ်ပေးပါ၊ ရေတွေစိမ့်မှာဆိုလို့ပါဆိုပြီး
အဲ့ဒီအခါ ကျွန်တော်တို့က ပြန်ရှင်းပြရပါတယ်အိမ်ရှင်တွေကို ဆီလာ(ခံဆေး)က ရေတားဆေးမဟုတ်ပါဘူးရေစိမ့်တာကို မကာကွယ်နိုင်ပါဘူး ဆိုတဲ့အကြောင်းကိုပြောပြရပါတယ်။
ဆီလာ(ခံဆေး)က ရေမတားပါဘူး ဆီလာဆေးကိုသုတ်ရတဲ့အကြောင်းရင်းက
---------------------------------------------------------------------
✅အိမ်ဆေးသုတ်တဲ့အခါ နံရံကို ပတ်တီးမရိုက်ခင် ၁ထပ်သုတ်တယ်၊ ဘာလို ဆီလာ(ခံဆေး)ကို အရင် သုတ်ရသလဲဆိုရင်... ပတ်တီးသားစွဲကပ်အား၊ကုတ်အားကောင်းအောင်လို့ပါ၊ပတ်တီးအသားတတ်တယ်၊ နံရံမှာရေငွေ့(moisture)ရှိရင်ကာကွယ်ပေးတယ်၊ နံရံမှာထုံးဓာတ်ဖြစ်ပေါ်မှုနဲ့ နံရံဆားပေါက်မှုကိုကာကွယ်ပေးတယ် (အချိန်အတိုင်းတာတစ်ခုထိ)
✅ (နံရံမှာပတ်တီးရိုက်ပြီး) ဆီလာ(ခံဆေး)သုတ်ခြင်းကဆေးသားကိုစွဲကပ်အားကောင်းစေတယ်၊ဆေးသားရဲ့သက်တမ်းကြာရှည်စွာထိန်းထားနိုင်တယ်၊ဆေးသားကွက်ခြင်း၊အရောင်မညီခြင်းကိုကာကွယ်ပေးတယ်။
ဥပမာ== ပြောရရင် မိန်းခလေးတွေအလှပြင်တဲ့အခါ အချိန်ကြာကြာမိတ်ကပ်(make.up)မျတ်နှာမှာမပျက်သွားအောင် တိုနာ(toner)ကို အရင်လိမ်းထားရတဲ့သဘောပါ📌📌📌
ဒါကတော့ ဆီလာ(ခံဆေး)ရဲ့ အကြောင်းပါပဲခင်ဗျ ရေတားဆေးမဟုတ်၍ ရေကိုမတားဆီးနိုင်ပါဘူးခင်ဗျ။
-------------------------------------
💦 ရေတားဆေးဆိုတာက 🤔
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အဆောက်အဦး အတွင်းပိုင်း/အပြင်ပိုင်းတွေမှာ အကြောင်းအမျိုးမျိုးကြောင့် နံရံ ရေယိုစိမ့်ခြင်းမရှိအောင်အသုံးပြုရတဲ့ ဆေးဖြစ်ပါတယ်
🛡️ဘယ်နေရာတွေမှာ သုံးနိုင်လဲဆိုရင်
==========================
ရေတားဆေးကို အဆောက်အဦး အမိုး Slab တွေမှာ အသုံးပေးမယ်ဆိုရင် ရေယိုတာကိုလည်း တားဆီးပေးပါတယ်၊ အိမ်သာ၊ရေချိုးခန်းတွေမှာ လည်း ဆေးမသုတ်ခင်၊ကြွေပြားမကပ်ခင် ရေတားဆေးသုတ်ထားခြင်းဖြင့်လည်း ရေယိုစိမ့်မှုမရှိအောင် ကာကွယ်ထားနိုင်ပါတယ်။
ဒါက ရေတားဆေးရဲ့အကြောင်းရာ အနည်းငယ်ပါခင်ဗျ။
ဆီလာ (ခံဆေး) က ဆီလာ (ခံဆေး)
(ရေတားဆေး)က (ရေတားဆေး)
သပ်သပ်ဆီပါ ခင်ဗျ မတူပါဘူး။
မသိသေးသောသူများအတွက် ရေးသားဖော်ပြပါသည်...🖊️🖋️🖋️

Credit to Original

Photos from Minn Interior Design & Decoration's post 13/01/2024

ဒါလေးကတော့ Thingangyun Site သုမနလမ်းမှာ ပြုလုပ်ခဲ့တဲ့ Design & Decoration လေးတွေပဲဖြစ်ပါတယ်။ ယုံကြည်စွာအပ်နှံပေးတဲ့ အိမ်ရှင်စုံတွဲကိုလည်း ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျ။
Design ရော Decoration ရော တစ်ခါတည်းအဆင်ပြေပြေနဲ့ ပြုလုပ်ချင်တယ်ဆိုရင် Minn Interior Design & Decoration ကို သတိရလိုက်ပါ ^_^
Phone : 09 4500 66935 , 09 2628 13094

Photos from Minn Interior Design & Decoration's post 13/01/2024

ဒီ Site လေးက ဟုမ်းလမ်းမှာ Decoration လုပ်ခဲ့တဲ့ မှတ်တမ်းပုံအပြည့်အစုံလေးပဲဖြစ်ပါတယ်။ ဒီဇိုင်းရော Decoration ရော အပ်ပေးခဲ့တဲ့ အစ်ကိုနဲ့ အစ်မကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
Design & Decoration ဆိုရင် Minn Interior Design & Decoration ကို သတိရလိုက်ပါနော်။
Phone : 09 4500 66935 , 09 2628 13094

Photos from Minn Interior Design & Decoration's post 12/01/2024

ဒီတစ်ခါမှာတော့ ပုံမှန် သစ်ကြောတွေနဲ့မဟုတ်တော့ပဲ သဘာ၀ဆန်တာထက် Luxury ဆန်ပြီး အရောင်ငြိမ်တဲ့ အသားအရောင်လေးနဲ့ သုံးပြီး ဒီဇိုင်းဆွဲထားပါတယ်။
ခုလောလောဆယ်တော့ Design ဆွဲတဲ့အဆင့်ပဲရှိပါသေးတယ်။ သိပ်မကြာခင်မှာတော့ အကောင်အထည်ဖော် ဆောင်ရွက်တော့မှာဖြစ်ပါတယ်ဗျ။
Design ဖြစ်ဖြစ် Decoration လုပ်ချင်တာဖြစ်ဖြစ် Minn Interior Design & Decoration ကိုသတိရလိုက်ပါနော် ^_^
Phone : 09 4500 66935 , 09 2628 13094

Photos from Minn Interior Design & Decoration's post 12/01/2024

တောင်ဥက္ကလာ site မှာ ပြီးဆုံးသွားပြီဖြစ်တဲ့ Kitchen Cabinet လေးနဲ့ TV စင်လေးပဲဖြစ်ပါတယ်။ Decoration အပ်နှံပေးတဲ့ အိမ်ရှင်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
‌Modern Furniture အပ်လိုတာပဲဖြစ်ဖြစ် တစ်အိမ်လုံး Decoration လုပ်ချင်တာပဲဖြစ်ဖြစ် Minn Interior Design & Decoration ကို သတိရလိုက်ပါ ^_^
Phone : 09 4500 66935 ၊ 09 2628 13094

Photos from Minn Interior Design & Decoration's post 04/01/2024

Minn Interior Design & Decoration က ဆွဲခဲ့ဖူးတဲ့ Design လေးတွေပါ။ ဒီ project လေးတွေက Design ချည်းပဲသီးသန့်အပ်လို့ ဆွဲပေးခဲ့တာလေးတွေပါဗျ။

Photos from Minn Interior Design & Decoration's post 13/11/2023

လျှို့ဝှက်တံခါးလေးတွေပါတဲ့ Design လေး
=========================
ကျွန်တော်တို့ Minn Interior Design & Decoration က ဖန်တီးပေးခဲ့တဲ့ Design လေးပါ။
ကျွန်းရောင်လေးကိုမှ Modern ဆန်ဆန်လေးဖန်တီးပေးထားပါတယ်။ TV Backdrop နဲ့ Bedroom Backdrop မှာလည်း လျှို့ဝှက် တံခါးလေးတွေထည့်ပေးထားတာ။
Modern Furniture အပ်လိုတာပဲဖြစ်ဖြစ် တစ်အိမ်လုံး Decoration လုပ်ချင်တာပဲဖြစ်ဖြစ် Minn Interior Design & Decoration ကို သတိရလိုက်ပါ 😊
Phone : 09 4500 66935 ၊ 09 2628 13094

Photos from Minn Interior Design & Decoration's post 11/11/2023

Minn Interior Design & Decoration မှ ဖန်တီးထားတဲ့ Design လေးဖြစ်ပါတယ်ခင်ဗျာ 😍😍😍

Photos from Minn Interior Design & Decoration's post 28/10/2023

အလျား ၃ပေခွဲ၊ အနံ ၂ပေ၊ အမြင့် ၇ ပေ ဘုရားကျောင်းဆောင်လေး သွားရောက် တပ်ဆင်ပြီးပါပြီ။ ဝယ်ယူအားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
ဒီပုံစံလေးကတော့ အိမ်ရှင်စိတ်ကြိုက် ဒီဇိုင်းဆွဲပြီး ဖန်တီးပေးထားတာဖြစ်ပါတယ်။ စျေးနှုန်းလေးကတော့ 830000 ပါခင်ဗျာ။
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ 🙏🙏🙏

Photos from Minn Interior Design & Decoration's post 18/10/2023

Minn Interior Design & Decoration က ဆွဲပေးထားတဲ့ အသုံးမပြုဖြစ်တဲ့ Design လေးပါဗျ။ Confirm ဖြစ်သွားတဲ့ Design အသစ်လေးကတော့ Installation လုပ်တော့မှပဲ ထပ်တင်ပါဦးမယ်။
Minn Interior Design & Decoration မှာ Decoration တစ်အိမ်လုံးစာအပ်တယ်ဆိုရင် အခုလိုမျိုး Design ကို အခမဲ့ဆွဲပေးခြင်း၊ စျေးနှုန်းတွက်ပေးခြင်း၊ အသုံးပြုချင်သော Material များကို သေချာဆွေးနွေးရှင်းပြပေးခြင်း စတာတွေကိုပြုလုပ်ပေးပါတယ်ခင်ဗျာ။
အားလုံးပဲ ကျန်းမာချမ်းသာ လိုအပ်ဆန္ဒပြည့်ကြပါစေ 🙏🙏🙏

Photos from Minn Interior Design & Decoration's post 29/08/2023

မြောက်ဒဂုံမှာသွားရောက်တင်ဆင်ပြီးတဲ့ ဘုရားစင်လေးပါ။ ဘုရားစင်လေးမဖန်တီးခင် client စိတ်ကြိုက် ဒီဇိုင်းဖန်တီးပေးခဲ့တဲ့ Render ပုံလေးတွေပါ တွဲပြီးတင်ပေးထားပါတယ်။

ခုလို Minn Interior ကို ယုံကြည်စိတ်ချစွာ အပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Photos from Minn Interior Design & Decoration's post 27/08/2023

ကလေးသုံးယောက်စာ အိပ်ခန်းဒီဇိုင်း ဖန်တီးခဲ့ပုံ
===========================

ဒီအခန်းလေးက မကျဉ်းပေမယ့် ကလေးသုံးယောက်နေဖို့နဲ့ သူတို့အသုံးအဆောင်ပစ္စည်းတွေ လုံလုံလောက်လောက်ထားနိုင်ဖို့ storage space များများရအောင် တော်တော်လေး စဉ်းစားပြီးဖန်တီးခဲ့ပါတယ်။

မျက်နှာကြက် - အခန်းထဲမှာ furniture များတဲ့အတွက် မျက်နှာကြက် ဒီဇိုင်းကို လုံး၀ ရိုးရှင်းအောင်ဖန်တီးထားပါတယ်။ မဟုတ်ရင် furniture များရတဲ့အထဲ မျက်နှာကြက်ဒီဇိုင်းကလည်းရှုပ်ဆိုရင် အခန်းကြီးက သေချာသန့်ရှင်းထားလည်း ရှုပ်နေတဲ့ပုံစံကြီးဖြစ်နေမှာမို့ပါ။

Lighting Design - မီးဒီဇိုင်းအနေနဲ့ကတော့ ကလေးကုတင် ခေါင်းရင်းတွေမှာ ဖုန်းအားသွင်းတာဖြစ်ဖြစ် တစ်ခုခုသုံးလို့ရအောင် မီးပလပ်လေးတွေထားပေးထားတယ်။ ညဖက်ဖွင့်အိပ်ဖို့ မီးအဝါရဲ့ ခလုတ်ကိုလည်း ကုတင်နားမှာပဲ ထားပေးထားပါတယ်။ အိပ်ခါနီးကျရင် အဝေးကြီးသွားထပိတ်ဖို့မလိုတော့ဘူးပေါ့။ စာကြည့်စားပွဲတွေနားမှာလည်း မီးပလတ်ပေါက်တွေထားထားပေးပါတယ်။ laptop ကွန်ပြူတာသုံးဖို့ ဖုန်းအားသွင်းဖို့ အစရှိတာတွေလုပ်ဖို့ပါ။

နံရံအရောင် - နံရံအရောင်ကတော့ ကလေးဆန်ဆန်လေးလည်းဖြစ်အောင် ကျယ်ဝန်းတဲ့ခံစားမှု၊ လွတ်လပ်ပေါ့ပါးတဲ့ခံစားမှုပေးတဲ့ မိုးပြာရောင်လေးသုတ်ပေးထားပါတယ်။ ခန်းလုံးပြည့် မိုးပြာရောင်သုတ်ရင်တော့ ပြာနှမ်းသွားမှာစိုးလို့ feature wall ပုံစံမျိုးလောက်ပဲသုံးထားပါတယ်။

Furniture အရောင် - ပရိဘောဂတွေကိုတော့ အခန်းကျယ်တဲ့ပုံစံဖြစ်အောင် အဖြူရောင်တွေပဲအဓိကထားသုံးပေးထားပါတယ်။ laminate မျက်နှာပြင်တွေမို့လို့ အပေအတေခံ အကြမ်းခံတဲ့အတွက် ဘယ်အရောင်သုံးသုံး Modern furniture တွေအတွက်က ပြဿနာမရှိပါဘူး။ သန့်ရှင်းရေးလုပ်ရလွယ်ပါတယ်။

ကုတင် - ကုတင်တွေကို သာမာန်ကုတင်တွေထက် ခိုင်အောင် အထဲမှာ ဖရိန်တွေအများကြီးခံပေးထားပါတယ်။ ကလေးတွေက ကုတင်ပေါ်တက်ခုန်တဲ့အကျင့်ရှိလို့ပါ။
ရယ်ဒီမိတ်ကုတင်တွေထက်အားသာတာကတော့ စိတ်ကြိုက်ဒီဇိုင်းဖြစ်တဲ့အတွက် လိုတဲ့ပစ္စည်းတွေ ထပ်သိမ်းလို့ရအောင် ကုတင်အောက်မှာ အံဆွဲထည့်တာတို့ ကုတင်ခေါင်းရင်းမှာ ပစ္စည်းထည့်ဖို့ စင်လေးတွေတို့ လုပ်လို့ရသွားပါတယ်။ မဟုတ်ရင် အိပ်ယာခင်း၊ စောင်စွပ်၊ခေါင်းအုံးစွပ်၊ ခြင်ထောင်အပို စတာတွေကို ဘယ်နားသွားသိမ်းရမလဲပေါ့နော် 😅

စာအုပ်စင် - စာအုပ်စင်ဆိုရင်လည်း ကလေးသုံးယောက်စာသုံးမှာဆိုတော့ မျက်နှာကြက်တိုက်တဲ့အထိ အကြီးကြီးလုပ်ပေးထားပါတယ်။ အဲ့ဒါမှမလောက်ရင် သူ့ဘယ်ဘက်မှာရှိတဲ့ လှေကားခြေနင်းအောက်တွေကို ပစ္စည်းထည့်လို့ရအောင် cabinet လေးတွေလုပ်ပေးထားတာမို့ ထားစရာကရှိနေပါသေးတယ်။ 😎

စာကြည့်စားပွဲ - study table ကတော့ ကလေးတွေက laptop လောက်ပဲသုံးတာမို့ အကြီးကြီးမလုပ်ထားပါဘူး။ အံဆွဲလေးတွေတော့ တစ်ယောက်နှစ်ခုစီရအောင်ထည့်ပေးထားပါတယ်။ အဲ့ဒီနေရာလေးမှာ ကလေးတွေ ထိုင်ကစားလို့လည်းရအောင် နေရာလွတ်နည်းနည်းလေးတော့ချန်ထားပေးလိုက်တယ်။

ဗီဒို - ဗီဒိုကိုလည်း ပုံမှန် ready made ဗီဒိုတွေလို အကန့်နည်းနည်းလေးပါတာမျိုးမဟုတ်ပဲနဲ့ အကန့်များများနဲ့ အဝတ်များများထည့်နိုင်အောင်ကို ဖန်တီးပေးထားပါတယ်။ တံခါးဖွင့်ပြီး ဓာတ်ပုံရိုက်ဖို့မေ့သွားလို့ ပုံထဲမှာတော့ မပါလိုက်ဘူး။

ကျွန်တော်တို့ ဒီဇိုင်းဖန်တီးတာက အမြင်အရလှဖို့ပဲမဟုတ်ပဲ တစ်ကယ်အသုံးပြုရင်လည်း အဆင်ပြေဖို့၊ ခိုင်ခန့်ဖို့၊ ဘေးကင်းဖို့၊ ပစ္စည်းသိမ်းဆည်းရအဆင်ပြေဖို့ အစရှိသည်ဖြင့် အဖက်ဖက်က စဉ်းစားပြီးမှ ဖန်တီးထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Decoration လုပ်မယ်ဆိုရင် Minn Interior ကိုသတိရလိုက်ပါနော် 😍

Minn Interior Design & Decoration - 09 4500 66935

Photos from Minn Interior Design & Decoration's post 09/08/2023

ဟုမ်းလမ်းဆိုဒ် ဧည့်ခန်းဖန်တီးခဲ့ပုံ
===================

Decoration လုပ်ထားတဲ့ ဓာတ်ပုံလေးတွေကိုပဲကြည့်နေရင် စာဖတ်သူအနေနဲ့ အတွင်းကျကျလေ့လာနိုင်မှာမဟုတ်လို့ အသေးစိတ် ဖန်တီးထားမှုလေးတွေကို ဗဟုသုတပါရအောင်လို့ ဒီစာလေးကိုဖတ်ကြည့်ပေးပါနော်။

၁. Interior Plan - Planning ပိုင်းနဲ့ပတ်သက်လို့ ဧည့်ခန်းကို လေဝင်လေထွက်ကောင်းအောင်၊ အလင်းရောင်ကောင်းကောင်းရအောင်နဲ့ ပရိဘောဂပစ္စည်းများများထည့်လို့ရအောင် သေသေချာချာလေးဖန်တီးပေးခဲ့ပါတယ်။

၂. Modern Furniture - ပရိဘောဂအနေနဲ့ကတော့ နံရံတစ်ဖက်တည်းမှာ ဘုရားစင်၊ တရုတ်ဘိုးဘွားစင်၊ တီဗွီစင် ၊ အိမ်တွင်းစင် စတာတွေအကုန်ပါအောင် သေချာလေးဒီဇိုင်းဆွဲပြီး ဖန်တီးခဲ့ပါတယ်။ သူ့ရဲ့ မျက်နှာချင်းဆိုင်က ဆိုဖာဆက်တီကိုလည်း ရေမြှုပ်ကို နှစ်ကြာတဲ့အထိ ချိုင့်ခွက်မသွားတဲ့ ရေမြှုပ်အကောင်းသုံးပေးခဲ့ပါတယ်။ အပေါ်က Leather သားရေအစွပ်ကိုလည်း အက်ကွဲကြောင်းတွေမဖြစ်တဲ့ ကွာလတီအကောင်းကိုသုံးပေးထားပါတယ်။ ဆိုဖာအောက်မှာလည်း အံဆွဲတွေလုပ်ထားတဲ့အတွက် အသုံးမလိုတာတွေလည်း ထည့်လို့ရတာပေါ့။ ဧည့်ခန်းဝင်ပေါက်မှာ ဖိနပ်ထည့်တဲ့ cabinet နဲ့ မီးဖိုချောင်နားမှာရှိတဲ့ (bar counter) ဘားကောင်တာလေး ကိုလည်း ဧည့်ခန်းနဲ့လိုက်ဖက်အောင် ဒီဇိုင်းဆွဲပေးထားပါတယ်ဗျ။

၃. နံရံဆေး - ဧည့်ခန်းက ကွန်ဒိုဧည့်ခန်းတွေထက် အနည်းငယ်ကျဉ်းတဲ့အတွက် ကျယ်တဲ့ပုံစံလည်းပေါက် အလင်းရောင်လည်းရအောင် အဖြူရောင်လေးသုတ်ပေးထားပါတယ်။ မျက်လုံးအေးပြီး Modern ဆန်ဆန် ရေဆေးအမှိန် (Jotun - Morning Fog) လေးသုတ်ပေးထားပါတယ်။ အဖြူရောင်ရေဆေးက ပြောင်နေရင် မျက်လုံးကျိန်းလို့ပါ။

၄. မျက်နှာကျက် - မျက်နှာကျက်ကတော့ ထူးထူးခြားခြားမရှိပါဘူး။ ရိုးရိုးရှင်းရှင်းလေးနဲ့ အချိန်အကြာကြီးအထိ ခေတ်မီနေမယ့် Contemporary အဝိုက်ဒီဇိုင်းလေးပဲဆွဲပေးထားပါတယ်။

၅. ကြမ်းခင်း - ကြမ်းခင်းကတော့ ရှိပြီးသားကြမ်းခင်းကိုပဲပြန်ခွာပြီးခင်းပေးထားတာပါ။ လိုအပ်တဲ့ Skirting (ဇကာတင်) လေးတွေတော့ အသစ်ပြန်တပ်ပေးခဲ့ပါတယ်။

၆. မီးကြိုး - မီးကြိုးတွေကို သုံးတဲ့ လျှပ်စစ်ပစ္စည်းပေါ်မူတည်ပြီး ဝန်အားခံနိုင်မယ့် မီးကြိုးတွေကိုပဲ သုံးပေးထားတာမို့လို့ မီးအားမနိုင်လို့ မီးကြိုးက ညှော်နံ့ထွက်တာတွေ မဖြစ်တော့ဘူးပေါ့။ မီးကြိုးတွေကို မျက်နှာကျက် Frame တွေပေါ်မှာ ဒီတိုင်းတင်ထားတာမဟုတ်ပဲ မီးပိုက်လေးတွေထဲ ကြိုးကိုထည့်ပြီးမှ ဆင်ထားတဲ့အတွက် မီးကြိုးပေါက်ပြဲတာတွေလည်း မဖြစ်တော့ပါဘူး။ နောက်ပြီး Breaker တွေလည်းသေချာတပ်ထားတဲ့အတွက် ရှော့ဖြစ်ရင်လည်း အလိုလိုမီးဖြတ်ချတာမို့လို့ မီးလောင်မှာဘာညာ မပူရတော့ပါဘူး။

၇. Lighting Fixture & Socket - မီးဆိုင်းတွေကိုတော့ စျေးသင့်တင့်ပြီး ကွာလတီကောင်းတာလေးတွေ ရှာဝယ်ပြီးတပ်ပေးခဲ့တယ်။ မီးပလပ်ပေါက်တွေကိုတော့ အိမ်ရှင်က ရှိပြီးသားအဟောင်းတွေကို ပြန်သုံးပြီး လိုတာပဲအသစ်ဝယ်မယ်ဆိုပေမယ့် မီးပလပ်အဟောင်းတွေက ဝါနေတော့ ကြည့်မကောင်းလို့ အမြတ်ထဲကပဲစိုက်ထုတ်ပြီးတော့ အကုန်လုံးအသစ်ပြန်လဲတပ်ပေးခဲ့ပါတယ်။

တစ်ချို့အရာတွေက သာမာန်ကြည့်ရင်မမြင်နိုင်ပေမယ့် အသေးစိတ်ကအစ အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးထားတာမို့လို့ Minn Interior Design & Decoration ကို ဒီဇိုင်းဆွဲချင်တာဖြစ်ဖြစ် Decoration လုပ်လိုတာဖြစ်ဖြစ် ဆက်သွယ်လိုက်ပါနော်။ စျေးလည်းအများကြီးမယူပဲ ကွာလတီလည်း ကောင်းစေရပါမယ်ခင်ဗျာ။

Minn Interior Design & Decoration - 09 4500 66935

Photos from Minn Interior Design & Decoration's post 03/08/2023

ပြီးစီးသွားပြီဖြစ်တဲ့ ကြည့်မြင်တိုင်က Project လေးပါ။ ပြီးသွားတာတော့ကြာပါပြီ။ ကြားထဲမှာ Design အပ်ထားတာတွေနဲ့ အလုပ်ရှုပ်နေလို့ မအားတာနဲ့ခုမှတင်ဖြစ်တာ။
အရင်က ဒီ Project လေးအတွက်ဆွဲထားတဲ့ Design ပုံတွေကို page မှာတင်ခဲ့ပါသေးတယ်။ အခုတင်ထားတာကတော့ အပြင်မှာတစ်ကယ်ပြီးစီးသွားတဲ့ပုံပါခင်ဗျ။
Minn Interior Design and Decoration
Contact us : 09 4500 66935

17/06/2023

🏢ကန်ထရိုက်တိုက်ခန်းဝယ်တော့မယ်ဆိုရင်..🏬

🟢- ကန်ထရိုက်တိုက်ဝယ်တော့မယ်ဆိုရင်
မိုးတွင်းမှာဝယ်ပါ။
မိုးတွင်းမှာ ဝယ်တဲ့အခါ တိုက်ခန်းက
နံရံရေစိမ့်/မစိမ့် သိရပါတယ်။

🟢- တကယ်လို့ ဝယ်ယူမယ့်အခန်းက
အပေါ်ဆုံးထပ်တိုက်ခန်း
ဖြစ်မယ်မယ်ဆိုရင်တော့ မိုးရွာတဲ့အခါ
မျက်နှာကျက်က ရေစိမ့်/မစိမ့်စီစစ်ပါ။
ဒီအချက်တွေကတော့ မိုးတွင်းမှာပဲ
သိနိုင်၊ စစ်ဆေးနိုင်မှာပဲ ဖြစ်ပါတယ်။

🟢- တိုက်ခန်းရဲ့ ဖွဲ့စည်းပုံအနေနဲ့ဆိုရင်
ဘေးလှေကားလား၊ အလယ်ရင်ခွဲ
လှေကားနဲ့ တည်ဆောက်ထားတဲ့
နှစ်ခန်းတွဲတိုက်အမျိုးအစားလား ကြည့်ပါ။

🟢- အလယ်ရင်ခွဲတိုက်တွေမှာ
အပေါ်ဆုံးအလွှာမှာ အလယ်မြင်းမိုကို
အုတ်စီထားသလား? (သို့မဟုတ်)
သံဇကာ ကာထားလား ကြည့်ပါ။

🟢- အကယ်၍ သံဇကာနှင့်ကာပြီး
ဆောက်ထားတဲ့ တိုက်ဆိုရင်
တစ်ဖက်ခန်းနှင့် တစ်ခန်း
မျက်နှာကျက်ကနေ ကူးနိုင်တာမို့
တိုက်ခန်းလုံခြုံမှု မရှိနိုင်ပါ။

🟢- နောက်ဖေး မိလ္လာကန်တွေမှာ
အနံ့ထွက်ပိုက် (ခေါ်) လေပိုက်
တပ်ဆင်ထားမှုကို စစ်ဆေးပါ။
အနံ့ထွက်ပိုက်/လေပိုက် တပ်ဆင်ထားမှု
စနစ်မကျပါက မိလ္လာနံ့ဆိုးများ
အခန်းတွင်း ဝင်လာနိုင်ပါတယ်။

🟢- အရေးပေါ်လှေကား စတီးလက်ရန်းလား၊
ဟော်လိုလက်ရန်းလား ကြည့်ပါ။
စတီးပိုက်ဆိုရင် ကြာရှည်ပြီး
ဆွေးမြေ့မလွယ်ပေမယ့်၊
ဟော်လိုပိုက်ဆိုရင် သံချေးကိုက်ပြီး
ဆွေးမြေ့လွယ်ပါတယ်။

🟢- နောက်ဖေးဘက်တွင် အဝတ်လှန်းတဲ့အခါ
(သို့မဟုတ်) အရေးပေါ်လှေကားက
မဖြစ်မနေဆင်းရတဲ့အခါတွေမှာ
လက်ရန်းကဆွေးမြေ့နေရင်
အန္တရာယ်ရှိနိုင်ပါတယ်။

🟢- မြေညီစက်ခန်းက ရေလှောင်ကန်
လုံ/မလုံကိုလည်း စစ်ဆေးပါ။
အကယ်၍ ရေမလုံတဲ့အခါ ဝယ်ယူဖို့
သေချာစဥ်းစားပါ။ တစ်ချို့
ကန်ထရိုက်တိုက်တွေမှာဆိုရင်
မြေအောက်ရေလှောင်ကန်ကို
ကြွေပြားကပ်ပါတယ်။ ရေကန်ဆိုတာ
ပုံမှန်ရေလဲလှယ်ဆေးကြောရတော့
ကြွေပြားကပ်ထားတာ ကောင်းပါတယ်။

🟢- နောက် ရေလှောင်ကန်အဖုံး
အနားကွပ်က ‌ခြောက်လက်မလောက်
မြင့်ထားရပါတယ်။

🟢- ရေမော်တာ ရေစုပ်ပိုက်ကနေ
ရေထွက်ပေါက်ကို နှစ်လက်မပိုက်ကို
ခြောက်လက်မလောက်စွပ်ပြီးတော့
မဆလာနှင့် ပိတ်ထားရပါတယ်။
ရေကန်ပြည့်လို့ ရေလျှံတဲ့အခါ
အဖုံးဆလပ်ကတဆင့်
မကောင်းတဲ့ရေတွေ ကန်ထဲမကျတော့ပါ။

🟢- အပြင်ဘက်ကိုလည်း ရေဆင်းကောင်းအောင်
ဇောက်လျှောလုပ်မလုပ်ကိုလည်း ကြည့်ပါ။

🟢- လူနေပြီးသားတိုက်ကို ဝယ်မယ်ဆိုရင်
တိုက်ဆောက်လုပ်တဲ့ ရာဇဝင်ကို
မသိနိုင်ပေမယ့်လို့ ခန့်မှန်းလို့တော့
ရနိုင်ပါတယ်။

🟢- တိုက်ရဲ့ဘေးဘီဝဲယာ ရှေ့‌/နောက်
စောင်း/မစောင်း မျက်မြင်နဲ့ခန့်မှန်းကြည့်ပါ။
နောက်မြေညီတိုင် ကော်လံအရွယ်အစားကို
ကြည့်ပါ။ တစ်ချို့သော ၅ထပ်၊ ၆ထပ်
တိုက်တွေမှာ မြေညီတိုင်ကအစ
9”x12” အရွယ်တွေနဲ့လုပ်ထားတာ၊
နံရံတွေ အက်ကွဲမှုရှိမရှိကိုလည်း
မျက်မြင်နဲ့ လေ့လာလို့ရပါတယ်။

🟢- ကွန်ဒိုမဟုတ်ပဲ ရိုးရိုးဖောင်‌ဒေးရှင်းတိုက်တွေ
ဝယ်ရင် သေချာနားလည်တဲ့သူနဲ့ ဝယ်ပါ။

🟢- ဒါတွေစစ်ပြီးပြီဆိုရင်တော့
ရောင်းချတဲ့တိုက်ခန်းက
ကန်ထရိုက်တာထံက
ဝယ်တဲ့တိုက်ခန်းလား၊ မြေရှင်ထံက
ဝယ်တဲ့တိုက်ခန်းလားဆိုတာ ခွဲခြားစီစစ်ပါ။

🟢- ဝယ်ယူတဲ့အခါမှာ ရောင်းမှား/ဝယ်မှားမဖြစ်ဖို့
တိုက်ခန်းနဲ့ ပက်သက်တဲ့
လိုအပ်တဲ့စာရွက်စာတမ်း
အချက်အလက်များ၊ ပိုင်ဆိုင်မှု
စာရွက်စာတမ်းများ
မှန်ကန်မှုရှိ/မရှိ စစ်ဆေးပါ။

🟩ဒါ့ကြောင့် တိုက်ခန်းဝယ်တဲ့အခါမှာ
ဒီအချက်အလက်တွေကို သေချာစီစစ်ပြီး
အရောင်းအဝယ်ပြုလုပ်ကြပါရန်
အကြံပြုလိုက်ရပါတယ်။🟩

မူရင်းပိုင်ရှင်ကို Credit ပေးပါတယ်

Photos from Minn Interior Design & Decoration's post 13/06/2023

အခု လက်ရှိ Decoration လုပ်နေတဲ့ အိမ်ရဲ့ Proposed Design လေးပါ။ ကျွန်တော်တို့ Minn Decoration လုပ်မယ်ဆိုရင် Design ခနဲ့ အသုံးပြုသင့်တဲ့ Material ၊ အကြံဉာဏ်များအတွက် အခမဲ့ ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ။

31/05/2023

Marble TV Wall Design
===============

Minn Interior Design က ဆွဲပေးပြီး မသုံးဖြစ်တော့တဲ့ Marble TV Wall Design လေးပါ။ Design ပြောင်းသွားလို့ မသုံးဖြစ်တော့တာပါ။ ကြိုက်တဲ့သူ ယူသုံးလိုက သုံးနိုင်သည် 😊😊😊
တစ်ကယ်တော့ မာဘယ်နဲ့လုပ်ထားတဲ့အစား မာဘယ်အကြောကြွေပြားလေးတွေ သုံးမယ်ဆိုရင် စျေးသက်သာပြီး လှလည်းလှတဲ့ တီဗွီစင်လေး ဖြစ်သွားမှာပါ။ စျေးကွက်ထဲမှာလည်း ရှာဝယ်ရလွယ်အောင်လုပ်ပေးထားတယ်။
နောက်လည်း ကျွန်တော်တို့ Page က မသုံးဖြစ်တဲ့ ဒီဇိုင်းလေးတွေကို တင်ပေးသွားပါဦးမယ်။ လက်ရာသေသပ်ပြီး စျေးနှုန်းမှန်ကန်စွာ အိမ်တွင်း အလှဆင်လိုသူများ ဆက်သွယ်မေးမြန်းလို့ရပါတယ်ခင်ဗျာ ။ ဒီဇိုင်းထဲကအတိုင်း အပြင်မှာလှပရအောင်လို့ ရုပ်ထွက်ပြီး အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေသုံးပေးမှာပါ။

Photos from Minn Interior Design & Decoration's post 15/03/2023

Project @ Nwge Kyar Yan
တောင်ဥက္ကလာ ငွေကြာယံအိမ်အတွင်းပိုင်း Decoration and Modern Furniture များကို ကျမတို့ Minn Interior Design and Decoration မှ တာဝန်ယူဆောင်ရွက်ပေးထားတာလေးပါ

အခုလိုမျိုး သတိတရ နဲ့ အိမ်ပြင်တိုင်းအမြဲအားပေးနေတဲ့ အစ်မတို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်

လူကြီးမင်းတို့ အိမ်လေးကိုလည်း စျေးနှုန်းသင့်တင့်ပီး Design လှလှ လေးနဲ့ ပြင်ချင်တယ်ဆိုရင် Minn Interior Design and Decoration
ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါနော်

Hot Line : 09450066935
No. 7 , Shwe Zin (2)nd Street, NorthOkkalapa Township

Photos from Minn Interior Design & Decoration's post 03/01/2023

ဘုရားစင် စုစည်းမှု (၃)
=============
Minn Interior Decoration မှာရရှိနိုင်တဲ့ Modern Shrine Design ဘုရားစင် လေးတွေပါ 😍😍😍
Design အပ်ချင်တာဖြစ်ဖြစ် Decoration အပ်ချင်တာဖြစ်ဖြစ် သတိရလိုက်ပါနော် ☺☺☺

Photos from Minn Interior Design & Decoration's post 28/12/2022

ဘုရားစင် စုစည်းမှု (၂)
=============
Minn Interior Decoration မှာရရှိနိုင်တဲ့ Modern Shrine Design ဘုရားစင် လေးတွေပါ 😍😍😍
Design အပ်ချင်တာဖြစ်ဖြစ် Decoration အပ်ချင်တာဖြစ်ဖြစ် သတိရလိုက်ပါနော် ☺☺☺

Photos from Minn Interior Design & Decoration's post 26/12/2022

ဘုရားစင် စုစည်းမှု (၁)
=============
Minn Interior Decoration မှာရရှိနိုင်တဲ့ Modern Shrine Design ဘုရားစင် လေးတွေပါ 😍😍😍

Design အပ်ချင်တာဖြစ်ဖြစ် Decoration အပ်ချင်တာဖြစ်ဖြစ် သတိရလိုက်ပါနော် ☺☺☺

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon (No. 253), Khay Mar Thi Street, North Okkalapa Twp
Yangon
11031

Other Yangon home improvement businesses (show all)
Natmauk Construction - Since 1985 Natmauk Construction - Since 1985
Yangon, 11191

Construction

Cham Myae Tha Luxury Furniture Cham Myae Tha Luxury Furniture
No. 10/A, Kabaraye Pagoda Road, Mayangone Township
Yangon, 11061

CMT provides lavish interior decoration experiences. We specialize in production and more.

CLINE Design & Furniture CLINE Design & Furniture
Dhamayone Street
Yangon, 11017

CLINE for you to create your home , apartment , office and shop be modernized and updated in 21st Century. We develop all updated designs, Structures and material every seconds an...

The A-Z Shop The A-Z Shop
Yangon

Everything is beautiful with best quality.

Aspdin Construction & Decoration Group Aspdin Construction & Decoration Group
No. 69F, Zizawa Street, 10 Quarter, Chan Thar Shwe Pyi Housing, East Dagon Township
Yangon, 11451

Aspdin Construction is a commercial construction company located in Yangon, Myanmar, that provides general contracting and project management services. Aspdin Construction has focu...

Bright Future Home Decoration Bright Future Home Decoration
No. 29, 89st
Yangon, 11221

Vertor Vertor
Yangon, 11091

Welcome to our Page One-stop service for furniture lovers Currently available for local clients.

Aesthetic Gift Shop by DM Aesthetic Gift Shop by DM
Thazinpan Street, Thingangyun
Yangon, 11071

Aesthetic Room Decor & Household Items

DSCL Architectural, Structural Design & Construction Co.,Ltd. DSCL Architectural, Structural Design & Construction Co.,Ltd.
No. 3/A Bogyoke Aung San Road, Level 14 Junction City Tower, Pabedan Township
Yangon

Myint Myat Pyae Sone - Flooring & Home Decoration Myint Myat Pyae Sone - Flooring & Home Decoration
Sel Myaung Street
Yangon

Flooring & Home Decoration.

Golden Archi Design&Build Construction Golden Archi Design&Build Construction
352/366, Rm # 11 , Mahabandoola Park Street , Kyauktada
Yangon, 11182

Renovation , Interior & Exterior Design , Private & Commercial Building