Ko Zaw Air Con
Nearby contractors
11231
Guangdong, Guangzhou
Ko Zaw AC Air Con Service Group
ကား အဲယားကွန်း အိမ် အဲယားကွန်း ရေခဲသေတ္တာ အဝတ်လျှော်စက်များကို
အိမ်တိုင်ရာရောက် စစ်ဆေးပေးပြီး လူကြီးမင်းတို့ စိတ်ကျေနပ်မှု့ အပြည့်အဝရရှိစေရန် အမြန်ဆုံးတပ်ဆင်
ပြုပြင်ပေးပါသည်။
☎️☎️☎️☎️ 09425026189
Viberဖြင့်လဲ ဆက်သွယ်နိုင်ပါသည်
👉 Installation
👉 Repair
👉 Servicing and service
👉 Maintenance
👉Washingmachine
လိပ်စာ ကိုဇော်(Car & Home Air Con) အမှတ်(447)နေကြာ(၁)လမ်း ၅၀ ရပ်ကွက် မြောက်ဒဂုံ မြို့နယ် ရန်ကုန်
Ph-09425026189
TikTok · Ko Zaw Car & Home Air Con Check out Ko Zaw Car & Home Air Con’s video.
ကား အဲယားကွန်း အိမ် အဲယားကွန်း ရေခဲသေတ္တာ အဝတ်လျှော်စက်များကို
အိမ်တိုင်ရာရောက် စစ်ဆေးပေးပြီး လူကြီးမင်းတို့ စိတ်ကျေနပ်မှု့ အပြည့်အဝရရှိစေရန် အမြန်ဆုံးတပ်ဆင်
ပြုပြင်ပေးပါသည်။
☎️☎️☎️☎️ 09425026189
Viberဖြင့်လဲ ဆက်သွယ်နိုင်ပါသည်
👉 Installation
👉 Repair
👉 Servicing and service
👉 Maintenance
👉Washingmachine
လိပ်စာ ကိုဇော်(Car & Home Air Con) အမှတ်(447)နေကြာ(၁)လမ်း ၅၀ ရပ်ကွက် မြောက်ဒဂုံ မြို့နယ် ရန်ကုန်
Ph-09425026189
https://www.facebook.com/share/mAqiBF2P9XNsMkka/?mibextid=qi2Omg
ကား အဲယားကွန်း အိမ် အဲယားကွန်း ရေခဲသေတ္တာ အဝတ်လျှော်စက်များကို
အိမ်တိုင်ရာရောက် စစ်ဆေးပေးပြီး လူကြီးမင်းတို့ စိတ်ကျေနပ်မှု့ အပြည့်အဝရရှိစေရန် အမြန်ဆုံးတပ်ဆင်
ပြုပြင်ပေးပါသည်။
☎️☎️☎️☎️ 09425026189
Viberဖြင့်လဲ ဆက်သွယ်နိုင်ပါသည်
👉 Installation
👉 Repair
👉 Servicing and service
👉 Maintenance
👉Washingmachine
လိပ်စာ ကိုဇော်(Car & Home Air Con) အမှတ်(447)နေကြာ(၁)လမ်း ၅၀ ရပ်ကွက် မြောက်ဒဂုံ မြို့နယ် ရန်ကုန်
Ph-09425026189
Corolla filder ကားလေး အဲယားကွန်း မအေးလို့ ဆိုင်ကို ကားလာထိုးလိုအပ်တာလေ အပူCoil အသစ်တပ် Comprassor ပီနံ အသစ် တပ်ဆင်ပေးတာ လေးပါ
မိုးရာသီ အခမဲ့ ကား လာစစ်ပါ
#မြောက်ဒဂုံ
အလုပ်တွေ များလို့ ကိုယ်တိုင် ကစ်😀😁-------++++++++
Air con servicing&installation
များပြုလုပ်လိုပါက
ကျွန်တော်တို့❄Ko Zaw A/C ❄ air-con service & installation group ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ
ကျွမ်းကျင်မှု့နဲ့ အတွေ့အကြုံ စေတနာတွေ ထည့်ပေါင်းပြီးဝန်ဆောင်မှု့ပေးပါတယ်...🙂အမှတ်(၄၄၇)ရာဇသက်ြန်လမ်း ၅၀ ရပ်ကွက်
မြောက်ဒဂုံမြို့နယ် ရန်ကုန်
ဒီနေ့ အရှ့ဒဂုံ (၉)ရပ်ကွက် compressor
Terminal short errorပါ
Air con servicing&installation
များပြုလုပ်လိုပါက
ကျွန်တော်တို့❄Ko Zaw A/C ❄ air-con service& installation groups ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျား.
ကျွမ်းကျင်မှု့နဲ့ အတွေ့အကြုံ စေတနာ
တွေ ထည့်ပေါင်းပြီးဝန်ဆောင်မှု့ပေးနေပါတယ်...🙂 အမှတ်(၄၄၇)ရာဇသက်ြန်လမ်း ၅၀ ရပ်ကွက် မြောက်ဒဂုံမြို့နယ်
ရန်ကုန်
ကားမှာပါတဲ့ ခလုတ်တွေက ဘာခလုတ်တွေလဲ
မသိသေးတဲ့သူတွေအတွက် မျှဝေပေးလိုက်ရပါတယ်။🧏🏻♀️
1.SMART KEY PUSH START
ဒါကတော့ အားလုံးသိနေတဲ့အတိုင်း ကားဂရိတ် အမြင့်တွေမှာ ပါလာတတ်ပါတယ်။ တချို့ကားတွေမှာက SENSOR ပါသလို လက်က ကားတံခါးလက်ကိုင်နားမှာ ထားလိုက်တာနဲ့တံခါးပွင့်တတ်ပါတ်ယ။ တချို့ကတော့ လက်ကိုင်မှာပါတဲ့ အမည်းဘုလေးနိပ်မှ ပွင့်တာပါ။ ပိတ်တာကတော့ ဘု ဒါမှမဟုတ် အရာလေးတစ်ခုပေးထားပါတယ် ။ PUSH START ENGINE ကတော့ ခလုတ်လေးနိုပ်ရုံပါပဲ ။ အင်ဂျင်က နိုးပေးမှာပါ။ ဘရိတ် နင်းပြီး ခလုတ်နိုပ်ပေးမှ အင်ဂျင်စက်နိုးမှာပါ။
တချို့ကတော့ TURN START ဆိုတာကတော့ သော့ပုံစံ နာရီလက်တံအတိုင်းလှည့်ပေးရပါတယ်။ ကားသော့ကတော့ အိတ်ကပ်ထဲ့ ထုတ်စရာမလိုပဲ စက်နိုးလို့ရမှာပါ။
2. ENGINE STARTER
ဒါက တော့ ဂျပန်ကားတွေမှာ ပါလာတတ်ပါတယ်။ အင်ဂျင်ကို အဝေးက အဝေးထိန်းခလုတ်နဲ့ နိုးပေးတာပါ။ ဘာအတွက် အသုံးပြုလဲ ဆိုတော့ ကားအတွင်းခန်း က အရမ်းနေပူလို့ ပူနေတဲ့အချိန်ဖြစ်ဖြစ် အရမ်းအေးခဲနေလို့နွေးနွေးထွေးထွေး ၇ှိချင်တဲ့အချိန် စက်နိုးထားရုံပါပဲ ။ အိမ်ထဲကနေ ခလုတ်နိုပ်စက်နိုးထားရုံပါပဲ ။ AIRCON ကိုတော့ အော်တိုမှာပဲ ထားထားမှရပါလိမ့်မယ်။ ပြန်ပြီးတပ်ဆင်တာပဲ ဖြစ်ပါတယ်။ ORIGINAL ပါလာတာတော့ရှားပါတယ်။ ပြန်တပ်ဆင်တယ်ဆိုတာ TOYOTA , NISSAN HONDA ကထုတ်ထားတာမဟုတ်ပဲနဲ့တခြားကုမ္ပဏီတွေကနေ ထုတ်လုပ်ပေးထားတာကိုပြောတာပါ။
3. CRUISE CONTROL
ဒါလေးကတော့ ဂ၇ိတ်မြင့်ကားတွေမှာပါ၀င်ပြီးတော့ ဟိုင်းဝေးလမ်းမတွေမှာ ဖြောင့်ဖြူးတဲ့လမ်းတွေမှာအရမ်းအသုံး၀င်တဲ့ခလုတ်လေးပါ။ CRUISE CONTROL ကို အမျိုးမျိုးရှိပြီး ကီလို သတ်မှတ်ပေးထားတဲ့အတွက် အရှိန်နဲ့ မောင်းနှင်မှာကိုလဲ စိတ်ပူစ၇ာမလိုတော့ပါဘူး။ တချို့က ကီလို ၁၁၀ ထိ သာမောင်းနှင်လို့ရသလို ၁၂၀ထိမောင်းနှင်လို့ရတဲ့ကားတွေလဲရှီပါတယ်။ CRUISE ခလုတ်ကို ON လိုက်ရင် ဒိုင်ခွက်ပုံစံလေးပေါ်လာပါလိမ့်မယ် တချို့က CRUISE ဆိုပြီး မီးလေးပြပေးပါတယ်။ CRUISE ခလုတ်ဘေးမှာ အပေါ်အောက် ခလုတ်တစ်ခုပါပါတယ်။ အဲ့ဒါလေးက ကီလို ၄၀ရောက်ပြီးဆိုရင် SET ဆိုတဲ့ အောက်ခလုတ်ကိုနိုပ်ပြီးတော့ သတ်မှတ်တာပါ။ နောက်မှ ကီလို လိုသလိုအပေါ်ခလုတ်ကို ထပ်တင်ပြီး ၁၁၀ ၁၂၀ ထိတင်လို့ရပါတယ်။ ခလုတ်တစ်ခါနိုပ်ရင် ၅ကီလို ၁၀ကီလိုတပ်ပါတယ်။ ဖိနိုပ်ထားရင် လဲရပါတယ်။ လီဗာနင်းစရာမလိုပဲလက်က ကွန်ထရိုးက ပဲ ထိန်းကျောင်းမောင်းနှင်လို့ရပါတယ်။ အပေါ်အောက် ဘေးမှာ CANCEL ဆိုတာပါပြီးတော့ အရှေ့ကသတ်မှတ်ထားတဲ့ကီလိုကို ပြန်ဖြတ်တာပါ။ ဘရိတ်နင်းလိုက်ရင်လဲ CANCEL ဖြစ်ပေမယ့် အပေါ်နိုပ်လိုက်ရင် ကီလို အမြင့်ဆံုးနဲ့ မောင်းနင်ထားတဲ့ မယ်မိုရိကို ပြန်နင်းပေးမှာပါ။ လီဗာလုံး၀သုံးစရာမလိုပဲ ကားမောင်းနှင်နိုင်မှာပါ။ လူသက်သာစေသလို SAFE ဖြစ်တဲ့ခလုတ်လေးပါ။ TOYOTA ကတော့ စတီယာရင် အတွင်းဘက်က ဘေး ဘက်တွေမှာပါတတ်ပါတယ်။
4. VOLUME CONTROL
ဒါကတော့ ကားတော်တော် များများ မှာ ပါလားမေးတတ်ကြတဲ့ ခလုတ်တစ်ခုပါ။ MODE , VOLUME + - ,MUTE စတာတွေပါပြီး တော့ ORIGINAL ပါလာတဲ့ NAVI ဒါမှမဟုတ်တီဗွီတွေကို ခလုတ်ကနေ ကွန်ထရိုးလုပ်တာပါ။ အသံအတိုးအချဲ့ TV ကနေ RADIO ပြောင်းတာ ၊ အခုနောက်ပိုင်း အသံနဲ့ AIRCON စတာတွေကိုပါ ထိန်းချုပ်လို့ရနိုင်လာပါပြီ။
5.PADDLE SHIFT
ဒါကတော့ AUTO GEAR စနစ်တွေမှာသာပါပြီးတော့ MANUAL ပုံစံမောင်းနှင်ချင်တဲ့သူတွေအတွက် စိတ်တိုင်းကျစေမှာဖြစ်ပြီး SPORT CAR အများစုမှသာပါ၀င်တတ်ပါတယ်။ မန်နူရယ်မောင်းဖို့အတွက်ကတော့ တောင် တက် တောင်ဆင်းလမ်းတွေမှာ ဂီယာနဲ့ထိန်းမောင်းထိန်း ဆင်းတာက ဘရိတ်ကိုလဲ မနာစေသလို အန္တရယ်လဲ ကင်းစေပါတယ်။ PADDLE SHIFT မှာ + - ပါသလို ၊ UP DOWN စတာတွေပါပါတယ်။ ဂီယာ ၄ချက် ၅ ချက် ၆ချက် ၇ချက်လောက်ကို ကားပေါ်မူတည်ပြီး ကွဲပြားပြီးမောင်းနှင်နိုင်ပါတယ်။
6. ECON
ဒါကတော့ ဆီစားသက်သာစေတဲ့နည်းပညာဖြစ်ပြီးတော့ နိုပ်ထားရင် တော်ရုံနင်းသလောက်မပြေးသလိုခံစားရပြီးတော့ ဆီစားသက်သာစေပါတယ်။ မပြေးဘူးဆိုပြီး ပိုနင်းရင်တော့ထင်တာထက်ဆီပိုစားတာဆိုတော့ ဖြုတ်ထားသင့်တဲ့ အထဲပါပါတယ်။ မြို့တွင်းကတော့တပ်ထားသင့်ပါတယ်။
7. IDLE STOP (SMART STOP )
IDLE STOP ဆိုတာကတော့ မလိုအပ်တဲ့ နေရာတွေမှာ ဆီကိုချွေတာပေးထားတာပါ။ နောက်ပိုင်း ကားတွေမှာသာအတွေ့များပြီး တော့ HYBRID ကားတွေမှာအများဆုံးတွေ့ရတတ်ပါတယ်။ A ကို အဝိုင်းပတ်ထားတဲ့ ခလုတ်လေးပါ။။ အဖွင့်အပတ် လုပ်လို့ရပါတယ်။ AUTO STOP AND GO (AS & G) ဆိုပြီး လဲ RVR မှာပါလာပါတယ်။ မီးပွိုင့်တွေမှာ စက္ကန့်ပိုင်းရပ်ထားရတဲ့အတွက် အင်ဂျင်ကို ခဏ ရပ်ထားပေးတဲ့စနစ်ပါ။ ၂၀၁၀ နောက်ပိုင်းကားတွေမှာတော့ HYBRID ကားတွေမှ မဟုတ်ပဲ ရိုးရိုးဓာတ်ဆီဒီဇယ်ကားတွေမှာပါ။ ဒီစနစ်ကိုထည့်ပေးထားပါတယ်။ ဂျပန်မှာ ၂၀၁၁ ဆူနာမီဖြစ်တဲ့အချိန် ဓာတ်ပေါင်းဖိုက ပေါက် ကွဲထားတဲ့အတွက် စွမ်းအင် သုံးစွဲနေရချိန်မှာအများပြည်သူသုံး ကားတွေမှာ မီးပွိုင့်တွေမှာ စက်ကို ရပ်ထားခိုင်းခဲ့ပါတယ်။ မလိုအပ်ပဲ လောက်စာဆီကို သုံးစွဲမူများမှာဆိုးလို့ ချွေတာခိုင်းတဲ့သဘောပါ။ အဲ့နောက်ပိုင်းမှာတော့ SMART STOP နည်းပညာက ကားတိုင်းမှာမပါမဖြစ် အဖြစ်ဖြစ်နေပါတယ်။
နည်းပညာပိုင်းမှာ နောက်ပိုင်းခတ်မှီလာတာတွေအများကြီးပါ။ AUTO PARKING SYSTEM တွေ အများကြီးပါ။လက်လှမ်းမှီသလောက် ပြန်လည်ကူးယူဝေမျှပေးလိုက်ပါတယ်..
Credit -original upload
#မူရင်းရေးသားသူအားcreditပေးပါသည်
#ကားအကြောင်း
Electrolux fully Auto 8.0kg
အဝတ်လျှော်စက်
No wash error လေ ပါ ညနေ အပြီ
စစ်ဆေး ပြုပြင်နေပါတယ်
Ko Zaw (Car air con & Home air con)
Spare parts များ လဲလှယ်ပါက
လဲလှယ်သော ပစ္စည်းအမျိုးအစားပေါ်မူတည်၍ အာမခံ ကာလ ၁နှစ် ၊ ၆လ ၊ ၃လ ။
အထူးအာမခံဖြင့်ပြုပြင်ပေးသည်။
အမှတ်(၄၄၇)ရာဇသက်ြန်လမ်းမ ၅၀ ရပ်ကွက် ကျန်းမာရေးမှတ်တိုင် အနီး
မြောက်ဒဂုံမြို့နယ်
ကားအဲကွန်းမကောင်းရင် ဘာတွေ လဲရမှာလဲ ?
“ ကားအဲကွန်းမလာတော့လို့ ၊ ကားအဲကွန်း လေပူတွေပဲ ထွက်နေလို့ ၊ အရင်လို မအေးတော့လို့ “ အစရှိသဖြင့် ကားအဲကွန်းနဲ့ ပတ်သတ်ပြီး ပြစ်ချက် အမျိုးမျိုးနဲ့ အလုပ်ရုံကို ရောက်လာကြတယ်ပေါ့ ။
ကားအဲကွန်းပြစ်ချက်တွေကို စစ်ဆေးပြီးတဲ့အခါ လဲလှယ်ရမယ့် ၊ လဲလှယ်သင့်တဲ့ ပစ္စည်းတွေကို ပြောပြတဲ့အခါ Customer တော်တော်များများနဲ့ အဲကွန်းပြင်ဆိုင်တွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ နားလည်မှုလွဲတာလေးတွေကို ရှင်းပြချင်လို့ပါ ။
ဥပမာ အားဖြင့် အဲကွန်းပြစ်ချက် လာစစ်တယ် ။စစ်တာတွေ့တော့ Compressor မကောင်းဘူးပေါ့ ။
ဒါဆို Compressor ကတော့ ကြိမ်းသေလဲလှယ်ရမယ့်ဟာပေါ့ ၊ ဒါပေမယ့် ဆိုင်တော်တော်များများက ကားရဲ့ အခြေနေ အပူကွိုင်ရဲ့ အခြေနေတွေကို အကဲခတ်ပြီး Compressor လဲရင်းနဲ့ အပူကွိုင် (Condenser) နဲ့ Receiver Dryer Filter (သီးသန့်ပါတဲ့ကား) တွေကို လဲလှယ်ဖို့ အကြုံပြုကြပါတယ် ။ အခြေခံ ယေဘူယျအားဖြင့်တောင် Compressor တလုံးက အနိမ့်ဆုံး 150000/250000 ဝန်းကျင် ၊ အပူကွိုင်ကလည်း အနိမ့်ဆုံး 150000 / 200000 ဝန်းကျင် ရှိပြန်ဆိုတော့ အကုန်အကျက နည်းနည်းများ သွားပြီ ။
တချို့ကားတွေမှာဆို Compressor ဖြုတ်ကြည့်လိုက်တာနဲ့ Compressor ထဲမှာရှိတဲ့ ဂျေးတွေက မတန်တဆ များနေတာမျိုးတွေ့တယ်ဆိုရင်တော့ အဲကွန်းပြုပြင်သူတွေက ကြိမ်းသေပေါက် အပူကွိုင်နဲ့ Receiver Dryer Filter (သီးသန့်ပါတဲ့ကား) တွေကို လဲလှယ်ဖို့ပြောကြမှာပါ ၊ တချို့ ဆိုင်တွေမှာဆိုရင်တော့ အကုန် One Set လဲလှယ်ဖို့ အကြံပြုကြမှာပါ ။
တချို့ကားတွေမှာဆို ကားသက်တမ်းကလည်း မကြာသေးဘူး Compressor ကိုဖြုတ်လိုက်တဲ့အခါမှာလည်း Compressor ထဲက ဆီနဲ့ ဂတ်စ် အရောအနှော အခြေနေတွေက အရမ်းသန့်သေးတယ်ဆို Desiccant ဆိုတဲ့ ဂျယ်လီထုပ် (အရပ်ခေါ်) ဆိုတာလောက်ပဲ လဲလှယ်ဖို့ အကြံပြုကြပါတယ် ။ ဒါဆို အကုန်အကျ သက်သာသေး တယ်ပေါ့ ။
ဘာကြောင့် ဒီလိုတွေ အတွဲလိုက် လဲရတာလဲ ၊ မလဲရင်တော့ ဘာတွေဖြစ်နိုင်မလဲ ၊ ဆေးသုံးရင်ရော ရမလား ၊ လဲလိုက်လို့ ဘာအကျိုး ကျေးဇူးရမလဲ ဆိုတာလေးတွေကို ရှင်းပြချင်လို့ ။
ကားမှာပါဝင်တဲ့ အဲကွန်းစနစ်တွေ လည်ပတ်အလုပ်ဖို့ အဓိက အရေးကြီးဆုံး ပစ္စည်း (၄) မျိုးရှိပါတယ် ။ အဲ့ဒါတွေကတော့ 2C / 2E လို့ အဲကွန်းသမားတွေ အလွယ်ခေါ်ကြတဲ့
(1) Compressor (ကွန်ပရက်ဆာ)
(2) Condenser (အပူကွိုင် - ရေတိုင်ကီနားရှိ)
(3) Expansion Valve (အိတ်စပန်းရှင်း ဗား)
(4) Evaporator (အအေးကွိုင် - Dashboard အောက်ထဲရှိ) ဆိုတာတွေနဲ့ ဖွဲ့စည်းထားတာပါ ။
အဲဒီ ပစ္စည်းအစိတ်အပိုင်းတွေကို ပိုက်လိုင်းတွေနဲ့ ချိတ်ဆက်ထားပြီး အဲကွန်းဂတ်စ် R12 (လက်ရှိ မသုံးတော့ပါ ) ၊ R134A (လက်ရှိအသုံးများဆုံး) ၊ R1234yf (လက်ရှိအသုံးနည်း - မော်ဒယ်မြင့်ကားတွေမှာသာသုံး) တွေဖြည့် သွင်းပြီး အဲကွန်းဂတ်စ် နဲ့ Compressor Oil တွေပေါင်းစပ်ပြီး အဲကွန်းဂတ်စ် သံသရာလည်စေခြင်းဖြင့် အပူချိန်လျော့ကျအောင် တနည်းအားဖြင့် အေးအောင်ပြုလုပ်တာဖြစ်ပါတယ် ။
လည်ပတ်ပုံကလည်း AC Compressor ကနေ ဖိကျစ်လိုက်တဲ့ အဲကွန်းဂတ်စ်တွေက အပူကွိုင်ထဲကို ရောက်တယ် ၊ အပူကွိုင်ကနေမှ တဆင့် ဖစ်တာတွေကို ဖြတ်တယ် ၊ ပြီးရင် Expansion Valve တွေဆီရောက်တယ် ၊ အဲ့ဒီကနေမှ အအေးကွိုင်ထဲကို ရောက်တယ် ၊ အအေးကွိုင်ကနေမှ တဆင့် Compressor ဆီရောက်တယ်ပေါ့ ။ အဲ့လိုနည်းနဲ့ သံသရာလည်ပတ်နေတာပါ ။
လက်ရှိ အသုံးပြုနေတဲ့ Japan Used ကားတော်တော်များများမှာတော့ အဲကွန်းဂတ်စ်တွေရယ် ၊ အဲကွန်းစနစ်ထဲမှာ လည်ပတ်နေတဲ့ ဆီတွေရဲ့ သက်တမ်းအခြေနေရယ်တွေကြောင့် Compressor ကို ဖြုတ်လဲလှယ် တဲ့အခါမှာ လုံး၀သန့်ရှင်းနေတာမျိုး မရှိသလောက်အောင် ရှားပါတယ် ။ တော်တော်လေး သန့်ပါတယ် ဆိုတဲ့ AC Compressor တွေတောင်မှာ Desiccant ဆိုတဲ့ ဂျယ်လီထုပ်တွေကို ဖြုတ်စစ်ဆေးလိုက်ရင် ညစ်ပေနေတာကို တော်တော်များများတွေ့ရမှာပါ ။
AC Compressor မကောင်းလို့ လဲတဲ့ခါ အပူကွိုင်တွေ မလဲရင် ဘာတွေဖြစ်နိုင်လဲ ?
AC Compressor တွေ လဲဖို့ ဖြုတ်စစ်လိုက်တဲ့ခါ ပိုက်လိုင်းနဲ့ Compressor အတွင်းပိုင်းက သန့်ရှင်းတယ် ၊ ဂျေးနဲ့ အညစ်ကြေးတွေ မရှိဘူးဆိုရင် အပူကွိုင်တွေမလဲဘဲ Desiccant ဆိုတဲ့ ဂျယ်လီထုပ်တွေ ၊ Receiver Dryer Filter တွေကိုပဲပြီး လဲလှယ်ပြီး အသုံးပြုနိုင်ပါတယ် ။ (မှတ်ချက် ။ ။ ငွေကြေး တတ်နိုင်ရင်တော့ တခါတည်း စုံလိုက် လဲလှယ်တာက ပိုပြီးကောင်းပါတယ်)
Compressor တွေ ဖြုတ်ကြည့်တဲ့အခါ ဂျေးတွေရှိနေတယ် အညစ်အကြေးတွေ ပိုက်လိုင်းထဲများနေတယ်ဆိုရင် တော့ အပူကွိုင်တွေကို လဲလှယ်သင့်ပါတယ် ။ မလဲဘဲ ဆေးကျောအသုံးပြုရင်လည်း ရနိုင်ပေမယ့် ဆေးရည်နဲ့ ဆေးကျောလို့ အကုန်မပြောင်စင်နိုင်တာမို့ အတွင်းပိုင်းထဲက ဂျေးနဲ့ အညစ်အကြေးတွေက Compressor ထဲ ပြန်လည် ဝင်ရောက်ပြီး Compressor တွေရဲ့ သက်တမ်းကို တိုစေမှာပဲဖြစ်ပါတယ် ။
ဂျေးအရမ်းများတဲ့ ကားတွေဆို ဘာလုပ်သင့်သလဲ ?
အားမနာတမ်းပြောရရင်တော့ ဂျေးအရမ်း အရမ်းကိုများတဲ့ ကားတွေဆိုရင်တော့ Compressor / Condenser / Expansion Valve / Evaporator စတဲ့ အဲကွန်းနဲ့ ဆက်စပ်ပစ္စည်းတွေ အကုန်ကိုလဲလှယ်သင့်တာပါ ။ ပိုက်လိုင်းတွေကတော့ ပြန်လည်ဆေးကျော အသုံးပြုနိုင်ပါတယ် ။
နောက်တချက် ထပ်မံ အကြံပြုလိုတာက အဲကွန်းမအေးတော့တဲ့အခါ အမြန်ဆုံး စစ်ဆေးသင့်တာဖြစ်ပြီး ၊ အဲကွန်းစနစ်ထဲမှာ အဲကွန်းဂတ်စ် ယိုစိမ့်မှုဖြစ်တာမျိုးဆိုရင်တော့ အမြန်ဆုံးစစ်ဆေးပြုပြင်သင့်ပါတယ် ၊ အဲကွန်းအပေါက်တွေကနေ တဆင့် အဲကွန်းစနစ်ထဲကို လေနဲ့ အခြားသောဖုန်နဲ့ အညစ်အကြေးတွေဝင်ရောက်ပြီး အခြားသော ဆက်စပ်ပစ္စည်းတွေမှာ လိုက်လံချို့ယွင်း ပျက်စီးစေနိုင်လို့ပါ ။
ကားမှာတပ်ဆင်ထားတဲ့ အင်ဂျင်ပိုင်း အောက်ပိုင်း ပစ္စည်းတွေမှာ တခုခု ချို့ယွင်းပျက်စီးတဲ့အခါ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကိုသာ လဲလှယ်ရတာများပြီး အဲကွန်းမကောင်းလို့ ပြုပြင်တယ်ဆိုရင်တော့ တကယ်ပျက်စီးသွားတဲ့ ပစ္စည်း အစိတ်အပိုင်းတခုထဲသာမ အခြားသော အစိတ်အပိုင်းတွေပါ ဘာလို့လဲလှယ်ရတယ်ဆိုတာ နားလည်သဘောပေါက်သွားမယ်ထင်ပါတယ် ။
အဲကွန်းတွေကို ပြုပြင်တဲ့အခါမှာ လက်ရှိစီးနေတဲ့ ကားရဲ့ မော်ဒယ်သက်တမ်း အခြေနေ ၊ အဲကွန်းအပူကွိုင် အအေးကွိုင်တွေရဲ့ အခြေနေနဲ့ မိမိ တတ်နိုင်တဲ့ ငွေကြေးခြေနေတွေ ချိန်ကိုက်ပြီး အဲကွန်းပြုပြင်ဆရာတွေနဲ့ တိုင်ပင်ပြီး အကောင်းဆုံး ပြုပြင်နိုင်ကြပါစေလို့ အကြံပြုလိုက်ရပါတယ်ခဗျာ ။
#အင်ဗာတာအဲကွန်းမှာတော့
Lynn Za Nee ( P.T.U )
မဂ်လာပါ ခင်ဗျာ
ကျနော်များ Ko Zaw (မြောက်ဒဂုံ) Car Air-Con Home Air-Con Service မှာလာရောက်ပြုပြင်သွားတဲ့ Customer တစ်ယောက်ချင်စီတိုင်းကိုယ်ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျာ
ကားအဲကွန်းမကောင်းလို့ ဘယ်ဆိုင်ကောင်းလဲရှာနေပီလား Ko Zaw Air -Con ရွေးလိုက်ပါ
ပစ္စည်းမှန်ပီး ဈေးမှန်ရမယ်
တာဝန်ယူမှူအပြည့်နဲ့အကောင်းဆုံးဝန်ဆောင်ပေးနေလို့ အပြောမဟုတ်တာကြောင့် လက်တွေသာကားထိုးကြည့်လိုက်ပါနော်....
ကားကြီး။ကားလေး။ဘက်ဟိုး။
အဲကွန်းများကိုယ်အထူးအာမခံဖြင်ပြုပြင်ပေးပါသည်။
Spare parts များ လဲလှယ်ပါက
လဲလှယ်သော ပစ္စည်းအမျိုးအစားပေါ်မူတည်၍ အာမခံ ကာလ ၁နှစ် ၊ ၆လ ၊ ၃လ ။
အထူးအာမခံဖြင့်ပြုပြင်ပေးသည်။
အမှတ်(၄၄၇)ရာဇသက်ြန်လမ်း ၅၀ ရပ်ကွက်
မြောက်ဒဂုံမြို့နယ်
ရေခဲသေတ္တာ မအေးလို လာပိုတာ
လိုအပ်တာလေ ပြုပြင်ပေးလိုက်တာ
All fane သွားပါပြီ မေတ္တာလက်ဆောင်
ရေဆေး သန့်ရှင်ရေးပါ လုပ်ပေးလိုက်ပါတယ်
ကျနော်များ Ko Zaw (မြောက်ဒဂုံ) Car Air-Con Home Air-Con Service မှာလာရောက်ပြုပြင်သွားတဲ့ Customer တစ်ယောက်ချင်စီတိုင်းကို ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျာ
ကားအဲကွန်းမကောင်းလို့ ဘယ်ဆိုင်ကောင်းလဲရှာနေပီလား Ko Zaw Air -Con ရွေးလိုက်ပါ
ပစ္စည်းမှန်ပီး ဈေးမှန်ရမယ်
တာဝန်ယူမှူအပြည့်နဲ့အကောင်းဆုံးဝန်ဆောင်ပေးနေလို့ အပြောမဟုတ်တာကြောင့် လက်တွေသာကားထိုးကြည့်လိုက်ပါနော်....
ကားကြီး။ကားလေး။ဘက်ဟိုး။
အဲကွန်းများကိုယ်အထူးအာမခံဖြင်ပြုပြင်ပေးပါသည်။
Spare parts များ လဲလှယ်ပါက
လဲလှယ်သော ပစ္စည်းအမျိုးအစားပေါ်မူတည်၍ အာမခံ ကာလ ၁နှစ် ၊ ၆လ ၊ ၃လ ။
အထူးအာမခံဖြင့်ပြုပြင်ပေးသည်။
အမှတ်(၄၄၇)ရာဇသက်ြန်လမ်း ၅၀ ရပ်ကွက်
မြောက်ဒဂုံမြို့နယ်
ကားAir Conအအေးပေါ့ရင်အဲကွန်း လေ စစ်တွေလဲ လဲဖို့မမေ့ပါနဲ့
ကားအဲကွန်းမကောင်းလို့ ဘယ်ဆိုင်ကောင်းလဲရှာနေပီလား Ko Zaw Air -Con ရွေးလိုက်ပါ
ပစ္စည်းမှန်ပီး ဈေးမှန်ရမယ်
တာဝန်ယူမှူအပြည့်နဲ့အကောင်းဆုံးဝန်ဆောင်ပေးနေလို့ အပြောမဟုတ်တာကြောင့် လက်တွေသာကားထိုးကြည့်လိုက်ပါနော်....
ကားကြီး။ကားလေး။ဘက်ဟိုး။
အဲကွန်းများကိုယ်အထူးအာမခံဖြင်ပြုပြင်ပေးပါသည်။
Spare parts များ လဲလှယ်ပါက
လဲလှယ်သော ပစ္စည်းအမျိုးအစားပေါ်မူတည်၍ အာမခံ ကာလ ၁နှစ် ၊ ၆လ ၊ ၃လ ။
အထူးအာမခံဖြင့်ပြုပြင်ပေးသည်။
အမှတ်(၄၄၇)ရာဇသက်ြန်လမ်း ၅၀ ရပ်ကွက်
မြောက်ဒဂုံမြို့နယ်
🚩အိမ်သုံးအဲကွန်းပိုက်တွေက ဘာဖြစ်လို့ဖော့ပိုက်စွပ်ထားရတာလဲ?မစွပ်ရင် ဘာဖြစ်မလဲ?
♦️အဲကွန်းတွေမှာပိုက်သေးဟာ။အရည် ပိုက်ပါ ။အပူချိန် 4.4'C to 7.2'C ကြားရှိပါတယ်။ အေးပါတယ်။ သူက အခန်းထဲကအအေးကွိုင်ဆီသွားပြီးအခန်းထဲက အပူကိုစုပ်ယူ၊ အငွေ့ဘ၀ပြောင်းပြီး ပြန်ထွက်လာတဲ့အခါ အငွေ့အဖြစ် ပိုက်ကြီးနဲ့ပြန်ထွက်လာရတာပါ။
♦️4.4'C to 7.2'C ကြားရှိတဲ့ပိုက်သေးထဲက ဂက်စ်က အခန်းထဲက အအေးကွိုင်ထဲသွားပြီး အခန်းထဲကအပူကိုစုပ်ယူပြီး အခန်းကိုအေးမြစေဖို့ပါ။အဲဒီလိုမဟုတ်ပဲ အဲဒီပိုက်သေးကိုဖော့မအုပ်ထားရင် အပြင်လေထုထဲကအပူနဲ့လေထုထဲရှိတဲ့ရေငွေ့ကအပူတွေစုပ်မှာပါ။အဲဒီအခါ အခန်းထဲကအေအးကွိုင်ရောက်ရင် အပူစုပ်အားကျဆင်းမှာဖြစ်လို့ အခန်းထဲမှာအေးဖို့ အချိန်ပိုကြာမှာဖြစ်သလို အဲကွန်းကွန်ပရက်ဆာမှာ လည်ချိန်ပိုကြာလို့ မီတာခပိုကုန်မှာပါ။
♦️နောက်ပြီးး ပိုက်သေးနဲ့ အပလေထိပြီး လေထဲက ရေငွေ့တွေ အေးတဲ့ပိုက်သေးနဲ့ထိတွေ့ပြီး ပိုက်ရေသီးလို့ အခန်းထဲ အခန်းပြင်ပက မလိုအပ်တဲ့ပစ္စည်းတွေရေစိုကုန်မှာပါ။
♦️ပိုက်ကြီးကတော့ အခန်းထဲက အပူစုပ်ပြန်လာတဲ့ ဂက်စ်ပိုက်ပါ။သူကအငွေ့ပါ ။အပူချိန် 10'C အထက်ရှိတတ်ပါတယ်။သူကို အပလေနဲ့ မထိအောင်ဖော့ပိုက်စွပ်ထားရပါတယ်။ထိရင် ရေးသီးမှာဖြစ်သလို၊ ပိုက်ထဲက ဂက်စ်က အပလေထဲကအပူစုပ်ပြီး ပွလာလို့ ဂက်စ်က ဖိအားများပြီး ကွန်ပရက်ဆာပိုအလုပ်လုပ်ရသလို စက်စွမ်းဆောင်ရည်ထိခိုက်ပါတယ်။
♦️ပိုက်နှစ်ခုကို ပူးပြီးဖော့မစွပ်သင့်ပါ။စွပ်ရင် ပိုက်သေးအရည်ပိုက်ထဲကို အပူချိန်ပိုမြင့်တဲ့ပိုက်ကြီးထဲက အပူတွေ၀င်ကုန်မှာပါ။
♦️အဲဒီအခါပိုက်သေးထဲကဂက်စ်တွေ အခန်းထဲမရောက်မီ အပူစုပ်အငွေ့ပျံပြီး အခန်းထဲမှာအပူစုပ်အားလျော့သွားလို့ ပိုက်ချင်း ခွဲထားတာလောက် စက်ရဲ့ အအေးပေးစွမ်းဆောင်ရည်မကောင်းနိုင်ပါ။
#ကိုနန္ဒမိုး
Air-Con remote အသုံးပြုနည်းပါ
-air.Con
ညတွင်းချင်း အပူcoil လဲ
ရာသီဥတု က ကိုယ်ဖက်က ပေါ့😁
Air con က မအေးပြန်ဘူး( ပျတ်နေတယ်)ဗျာ ...😓
အဝတ်လျှော်စက်က (အလုပ်မလုပ်ဘူး.)...😒
ရေခဲသတ္တာ က လည်းမအေးပြန်ဘူး စိတ်ညစ်စရာတွေပဲ .................🙋ဒါတွေ့ကို စိတ်ညစ်မခံပါနဲ့ ....
Ko Zaw ( A/C)ရှိပါတယ် ဖုန်းလေးတစ်ချက် ဆက်သွယ်လိုက်ပါ..🙆
အိမ်အထိ အမြန်ဆုံး လာရောက်ပြုပြင်ပေးနေပါပြီနော်
နေရာတိုင်း မြို့နယ်တိုင်းကို အကောင်းဆုံး ဝန်ဆောင်းမူပေးပါတယ်ခင်ဗျာ.ကျွန်တော် တို့ Ko Zaw Air conditioning Sale & Service ကို သတိရလိုက်ပါ လူကြီးမင်း စိတ်ချမ်းသာဖို .ကျွန်တော်တို့ နဲ့ ချိတ်ဆက်လိုက်ပါ
447-Neyark(1)Road Nort Dagon
09425026189/09769123211
💁Air Cooler အသုံးပြုသူများ အဓိက သိထားရမည့် အချက်များ💦💦
✅ ဘယ် Air Cooler အမျိုးအစားမဆို ဒီအချက်တွေကို လိုက်နာလို့ရနိုင်ပါကြောင်း သတင်းစကားပါးရင်း
✅ Air Coolerမှာ ပါတဲ့ Water Tank (ရေကန်)ကို ရေဖြည့်ခြင်း
✅ Air Coolerမှာ ပါတဲ့ Water Tank (ရေကန်)တိုင်းမှာ Full၊. Max, Min စသဖြင့် အတိုကောက်နဲ့ ရေကန်ရဲ့ ရှေ့မှာ ဖြစ်စေ၊ နောက်မှာ ဖြစ်စေ၊ အောက်မှာဖြစ်စေ၊ ဘေးမှာဖြစ်စေ ရေးထားတတ်ပါတယ်။
✅ ဒါက ဘာကို ပြောချင်တာလဲ ဆိုရင် ရေထည့်ရမဲ့ level အတိုင်းအတာကို ပြောတာပါ။ Max(Maximum), Full ဆိုရင် အဲဒီ့အထိ အမြင့်ဆုံးထည့်ရမှာဖြစ်ပြီး ကျော်လို့မရပါဘူး။ Mim(Minimum) ဆိုရင် အနည်းဆုံး ရှိကိုရှိရမယ့် ရေlevel ဖြစ်ပြီး လေအေးရချင်ရင် အနည်းဆုံး အဲဒီ့လောက်တော့ ရှိကိုရှိရပါမယ်။
ရေခဲခြောက်ထည့်ခြင်း
✅ Air Cooler တော်တော်များများမှာ ပိုအေးအောင် ရေခဲခြောက်တုံးလေးတွေ ပါကြပါတယ်။ တချို့က အထဲမှာ ရေခဲကို တာရှည်ထိန်းပေးတဲ့ အမှုန့် ပါပြီး ကိုယ်က ရေထည့် ရေခဲသေတ္တာ အပေါ်ထပ်ထဲထည့် ခဲပေးရတယ်။ တချို့ က Gel type ပါပြီးသားနဲ့ တချို့ကျ ရေခဲဖို့အတွက် ဗူးကြီး သက်သက်ပါတတ်ပါတယ်။
✅ အဲဒါကို အပေါ်ကပြောခဲ့တဲ့ water tankထဲ ထည့်မယ်ဆို အရေးကြီးတာက အပေါ်မှာ ပြောခဲ့တဲ့ အမှတ် Level (Max, Min) လေးတွေပါ။
✅ ရေကိုတော့ ဟုတ်ပြီ အပေါ်က ပြောတဲ့ အတိုင်း ထည့်ပြီးပြီဆိုပြီး နောက်မှ ရေခဲခြောက်ဗူးကို ရေကန်ထဲထည့်လိုက်ရင် ရေရဲ့ ရှိရမယ့် (Full,Max) levelကို ကျော်သွားမှာ ဖြစ်ပါတယ်။
✅ ဒီတော့ ရေခဲခြောက်ထည့်မယ်ဆိုရင် ရေကို တ၀က်လောက်ပဲအရင်ထည့်ပြီးမှ ရေခဲခြောက်ထည့်ပါ။ Full,Max level ချိန်ပြီး လိုသလို ရေထပ်ထည့်လည်းရနိုင်ပါတယ်။
အမှတ်ကျော်သွားရင် ဘာဖြစ်တတ်လဲ?
ရေယိုတတ်ပါတယ်။ ဒါကတော့ များသောအားဖြင့် Air Cooler က ရေယိုတယ်လို့ ပြန်ကြားရတဲ့ Complaint တခု ပါပဲ။
ဒါပေမဲ့ တခါတလေ Factory Errorလည်း ရှိတတ်ပါတယ်။
ဒါက အဓိက အချက်ပါ ... ရေမရှိပဲနဲ့ လုံး၀ Cool, Cold, Cooling စသည်ဖြင့် ရေးထားတဲ့ ခလုတ်ကို မနှိပ်ပါနဲ့
✅ ဘာကြောင့်ဆို ရေကို စုပ်ပေးတဲ့ ပန့်မော်တာလေးက ရေမရှိပဲ ရုန်းရသလို ဖြစ်လို့ အပျက် မြန်ပါလိမ့်မယ်။
✅တစ်ချို့ ဈေးများသွားပြီး Functionအစုံပါတဲ့ Brand တွေဆို ရေမရှိတာနဲ့ ပန့်မော်တာက အလုပ်မလုပ်တော့တဲ့ စနစ်မျိုးပါတတ်ပါတယ်။
✅ Air Cooler သန့်ရှင်းရေး
✅ Air Cooler သုံးတဲ့ အကိုတွေ အစ်မတွေတိုင်း ကျေးဇူးပြုပြီး အနည်းဆုံး နှစ်ပတ်တခါလောက် အနောက်မှာ ပါတဲ့ ဇကာလေး ကို ဖြုတ်ဆေး၊ ခါ၊ နေလှမ်းပြီး ပြန်တပ်ပေးဖို့ ပြောပေးပါရစေ။
✅ ဘာကြောင့်ဆို ဒီဇကာကပဲ လေတွေကိုစစ် ရေကိုဖြတ်ပြီး လေအေးထုတ်ပေးလို့ပါ။ ဖုန်တက်မြန်သလို ဖုန်တွေကြောင့် လေထွက်အားလည်း လျော့လာနိုင်ပြီး ကျန်းမာရေးအတွက်ပါ အဆင်ပြေဖို့အတွက်ပါ။
✅ ဇကာဖြုတ်ရတာ တကယ် မခက်ပါဘူး။ တချို့က ကလစ်ကလေးတွေနဲ့ တစ်ချို့က screw driver နဲ့ လှည့်ဖြုတ်ရုံပါပဲ။
⛔⛔ #အင်ဗာတာ(Inverter)အဲကွန်းနဲ့ရိုးရိုး(Non-inverter)အဲကွန်းဘာကွာသလဲ?
#ဘယ်ဟာကပိုကောင်းသလဲ?
♦ကျနော့်ကို ဘယ်အဲကွန်းကကောင်းသလဲလာမမေးပါနဲ့
ကျနော်မဖြေတတ်ဘူး
♦ဘယ်အဲကွန်းကမီတာခသက်သာလဲလာမေးမယ်?
အအေးနှုန်းကစက်မှာဖော်ပြတဲ့အတိုင်းတကယ်ဟုတ်ရဲ့လားလာမေးမယ်?
ဘယ်စက်တာရှည်ခံလဲလာမေးမယ်?
ဘယ်စက်အပိုပစ္စည်းပေါလဲလာမေးမယ်?
အာမခံစိတ်ချရလားလာမေးမယ်
ဆိုရင်တော့ တိတ်တိတ်ကလေးလာမေးပါ ကျနော်သိတာ လေးဖြေပေးပါမယ်။
🛑အင်ဗာတာဖြစ်စေရိုးရိုးဖြစ်စေ
အဲကွန်းတိုင်းက အခန်းထဲကအပူကို စုပ်ယူပြီး
အောက်ဒိုးယူနစ်ကနေ အပြင်ကို
အပူစွန့်ထုတ်ပေးတာချင်းအတူတူပါ။
အအခန်းကိုအေးအောင်လုပ် ပေးတာချင်း အတူတူပါ။
🛑ပါဝင်တဲ့အစိတ်အပိုင်းအတွေကလည်းတူသလို
အလုပ်လုပ်ပုံကလည်းအတူတူပါ။
🛑ဒါဆိုဘာက မတူတာလဲဆိုရင်
#အင်ဗာတာအဲကွန်းမှာတော့
ပါဝင်တဲ့အစိတ်အပိုင်းတွေထဲကမှ
လျှပ်စစ်သုံးပြီးလည်ပတ်နေရတဲ့ မော်တာတွေဖြစ်တဲ့
♦️အခန်းတွင်းအင်ဒိုးယူနစ်တွေထဲကပန်ကာမော်တာ၊♦️အောက်ဒိုးယူနစ်တွေထဲကကွန်ပရက်ဆာမော်တာနဲ့ပန်ကာတွေရဲ့အလုပ်လုပ်တဲ့ အမြန်နှုန်းက အခန်းရဲ့အပူချိန်၊ရာသီဥတုနဲ့လူဦးရေလိုက်လို့ အလိုအ လေျာက် ပြောင်းလဲပြီး အတိုးအလျော့လုပ်လို့အမြန်နှုန်းကို ကစားပေးနိုင်တာပါ။
အဲဒီလိုအမြန်နှုန်းလျော့တော့ ဘာဖြစ်လဲဆိုရင် ကြာရှည်သုံးတဲ့အခါ ပျမ်းမျှအနေနဲ့တွက်ရင် မီတာခသက်သာတာပါပဲ။
💢မော်တာတွေရဲ့ လည်ပတ်နှုန်းက ၂၀%လျော့သွားတိုင်းအကြမ်းအားဖြင့် လျှပ်စစ်စားသုံးမှုက ၄၀% ကျော်လောက်သက်သာတာပါပဲ။
🛑ရိုးရိုးအဲကွန်းကတော့
ပန်ကာမော်တာတွေနဲ့ကွန်ပရက်ဆာရဲ့လည်နှုန်းက
အခန်းထဲမှာအေးသည်ဖြစ်စေပူသည်ဖြစ်စေ
ချိန်ညှိထားတဲ့အပူချိန်ထိမအေးမချင်း
လူကချိန်ထားတဲ့အတိုင်းလည်ပတ်နှုန်း
မပြောင်းလဲပဲစက်ကပုံသေအမြင့်ဆုံး
အမြန်နှုန်းနဲ့အမြဲအ လုပ်လုပ်နေမှာပါ။
သတ်မှတ်အပူချိန်ရောက်ပြီဆိုရင်လုံးဝရပ်သွားပြီး
အခန်းရဲ့အပူချိန်က ပြန်တက်ပြီး သတ်မှတ်ချိန်ညှိထားတဲ့အပူချိန်ကျော်တာနဲ့ ပြန်လည်ပါတယ်။
(ကွန်ပရက်ဆာက ခဏခဏ လည်လိုက်ရပ်လိုက်လုပ်ရင်
သက်တမ်းတိုနိုင်ပါတယ်၊ စမောင်းမောင်းချင်းမှာ
လျှပ်စစ်ဆွဲအားကိုများလို့ အကြိမ်ရေများများလည်လိုက်ရပ်လိုက်ဖြစ်လေ
လျှပ်စစ်စွမ်းအင်ပိုကုန်လေပါ)
🛑အင်ဗာတာတွေမှာကတော့အခန်းထဲမှာ
ပူနေရင် ကွန်ပရက်ဆာနဲ့ပန်ကာတွေကို
မြန်မြန်လည်ပြီး အခန်းကိုသတ်မှတ်ထားတဲ့
အပူချိန်အနေအထားထိအေးစေဖို့
မြန်မြန်အလုပ်လုပ်ပေးမှာပါ ။
အေးမြသွားရင်တော့ လည်နှုန်းကိုလျော့ချပြီး
စွမ်းအင်ကိုချွေတာပေးပါလိမ့်မယ်။
အခန်းထဲမှာအရမ်းပူချိန်ဆိုရင်တော့ သူ့ရဲ့ကွန်ပရက်ဆာနဲ့ပန်ကာ မော်တာတွေရဲ့လည်ပတ်နှုန်းက သာမာန်အဲကွန်းက လည်ပတ်နှုန်းထက်မြင့်သွားလို့ လျှပ်စစ်ပိုကုန်တဲ့အချိန်လည်းရှိပါတယ်။
♦️♦️အရေးကြီးတဲ့တချက်က
အင်ဗာတာအဲကွန်းသုံးတဲ့ အခန်းဟာ အပူမလုံ၊လေမလုံရင်၊စက်ရဲ့Capacityနဲ့မကိုက်ညီပဲ စက်အရွယ်ကသေးနေရင်အဲကွန်းကွန်ပရက်ဆာက High Speedနဲ့လည် နေမှာဖြစ်လို့ လျှပ်စစ်စွမ်းအင်ပိုသုံးစွဲပြီးမီတာခပိုကုန်ကျနိုင်ပါတယ်။
(လျှပ်စစ်မော်တာတွေက လည်နှုန်းမြန်လေလေ လျှပ်စစ်စွမ်းအင်သုံးစွဲမှုပိုများလေလေပါ)
🛑အဲဒီလိုအခန်းမှာ
သတ်မှတ်အပူချိန်ရောက်ပြီဆိုတာနဲ့
အင်ဗာတာအဲကွန်းအများစုက ရိုးရိုးအဲကွန်းတွေမှာလို ကွန်ပရက်ဆာနဲ့ အောက်ဒိုးယူနစ်ကြီးတခုလုံးကို
လုံးဝရပ်တန့်ပစ်တာမျိုးမလုပ်ပဲ စက်ရပ်မပစ်ပဲ
အနိမ့်ဆုံးလည်ပတ်နှုန်းနဲ့ဆက်ပြီးတော့
လည်ပတ်နေစေပြီး လျှပ်စစ်ကိုချွေတာရင်း
အခန်းရဲ့အပူချိန်ကိုထိန်းပေးထားတဲ့အတွက်
ရံဖန်ရံခါ အပူများများထုတ်ဖို့ အခန်းကိုမြန်မြန်ပြန်အေးစေဖို့ လိုတဲ့အချိန်ကလွဲလို့
အမြဲတမ်းကြီး မြန်နှုန်းမြင့်မြင့်နဲ့လည်နေစရာမလိုပဲ
အခန်းကိုအေးနေအောင်
အငြိမ်ထိန်းထားနိုင်ပါတယ်။
⛔အဲဒီလိုမတူညီမှုတွေကနေ
သုံးစွဲသူတွေအတွက်ဘာတွေ
အားသာစေသလဲဆိုရင်တော့
♦️ရိုးရိုးအဲကွန်းတွေကစက်မောင်းနေတဲ့တလျှောက်
အခန်းကသတ်မှတ်ထားတဲ့အပူချိန်ထိမအေးမချင်း
ပုံသေနှုန်းနဲ့ လည်နေတဲ့အတွက် နာရီနဲ့အမျှ လျှပ်စစ်
ကပုံသေနှုန်းနဲ့ကုန်နေပြီး မီတာခတက်နေမှာပါ။
⛔ပြည်တွင်းမှာရောင်းချနေတဲ့
ရိုးရိုးအဲကွန်းတွေအများစုကတော့
9000BTU/hr (တကောင်စက်)
တနာရီမောင်းရင် စက်အများစု
မီတာယူနစ်အနေနဲ့( 0.9)ယူနစ်
(တယူနစ်နီးပါ) တက်ကြပါတယ်။
တချို့စက်အနည်းစုပဲ
တနာရီကို (0.7)ဝန်းကျင်လောက်သာတက်တာပါ။
⛔တနေ့ကို (၁၀) နာရီသုံးမယ်ဆိုရင်တော့
စက်အမျိုးအစားလိုက်လို့တနေ့ကို
လျှပ်စစ်ယူနစ် (၇) က ယူနစ်(၉) ကြား
ကုန်ကျပါလိမ့်မယ်။ တနှစ်ဆိုရင်တော့
✍🏻၉ ယူနစ် × ၃၆၅= ၃၂၈၅ယူနစ် ယူနစ်ကုန်ပါမယ်။♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️
✍🏻မီတာခအနေနဲ့ ၃၂၈၅ × ၁၂၀= ၃၉၄၀၀၀ ကုန်ကျနိုင်ပါတယ်။
၁၀နာရီထက်ပိုမောင်းရရင်တော့ ဒီထက်ပိုကုန်ပါမယ်။
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️
⛔အဲဒီအချိန်မှာ အင်ဗာတာအဲကွန်းကိုသုံးရင်တော့
တနေ့စာအတွက် ကွန်ပရက်ဆာနဲ့မော်တာတွေဟာ
အခန်းထဲမှာအေးနေချိန်
မလိုအပ်ရင်ဖြည်းဖြည်းပဲလည်လို့
လည်နှုန်းလျော့လေလေ လျှပ်စစ်စွမ်အင်ကုန်တာ
သက်သာလေလေပါ။အဲဒါကြောင့် စက်သံလည်းငြိမ်တဲ့အပြင် မီတာခလည်းသက်သာစေပါတယ်။
⛔ရိုးရိုးစက်နှင့်ယှဉ်ရင်စက်အမျိုးအစားလိုက်လို့ ၃၀%ကနေ ၅၀%ကျော်ထိသက်သာနိုင်ပါတယ်။
⛔ဂျင်းအာဗာတာစက်တွေလည်းအများကြီးရှိပါတယ်။
ဆိုလိုတာက ရိုးရိုးNon inverterနဲ့ဘာမှမထူးတဲ့စက်တွေပြောတာပါ။ပိုလာတာက ဆားကစ်တွေပိုလာတော့ မြန်မာပြည်လျှပ်စစ်နဲ့ စက်မြန်မြန်ပျက်တာပါပဲ။
⛔အဲဒါကြောင့်တနှစ်ရဲ့မီတာခအနေနဲ့
တကောင်အားအဲကွန်း(9000Btu/hr)
အင်ဗာတာစက်အမျိုးအစားလိုက်လို့
စက်တလုံးအနေနဲ့တနှစ်ကို
ကျပ် 120000/- ဝန်းကျင်ကနေ
200000/- ဝန်းကျင်ထိသက်သာနိုင်ပါတယ်။
⛔အင်ဗာတာအဲကွန်းနဲ့ရိုးရိုးအဲကွန်းရဲ့
ဝယ်ရင်းစျေးထက်
တလုံးကို လက်ရှိပေါက်စျေးအရ
တံဆိပ်အမျိးမျိုးလိုက်လို့
၁၀၀၀၀၀/- ကနေ ၃၀၀၀၀၀/-ဝန်းကျင်ပဲပိုကုန်လို့
တနေ့ ၁၀ နာရီနဲ့ တနှစ်ကျော်ကျော်
သုံးရင်ကို အတူတူကုန်ကျတာဖြစ်လို့
ရေရှည်မှာ အင်ဗာတာအဲကွန်းက
ငွေကြေးပိုချွေတာနိုင်မှာပါ။
⛔စက်ရဲ့သက်တမ်းကလည်း ရိုးရိုးစက်နဲ့ယှဉ်ရင်
အရပ်အပြုနည်းလို့ ပိုပြီးသက်တမ်းရှည်ပါလိမ့်မယ်။
⛔အဲကွန်းအလုံးရေအများကြီးသုံးတဲ့ ဟော်တယ်၊တည်းခိုခန်းလို
အဆောက်အဦးတွေဆိုရင်တော့
အင်ဗာတာအဲကွန်းသုံးတဲ့ အဆောက်အဦးတွေက
အများကြီး ငွေကြေးချွေတာနိုင်မှာပါ။
♦️♦️အားသာချက်အားနည်းချက်အနေနဲ့♦️♦️
⛔အင်ဗာတာအဲကွန်းရဲ့စျေးနှုန်းက
ရိုးရိုးစက်နဲ့ယှဉ်ရင်အနည်းဆုံး ကျပ်၁၀၀၀၀၀/- ကနေ ၃၀၀၀၀၀/-ဝန်းကျင်ထိပိုနိုင်ပါတယ်။
⛔အင်ဗာတာစက်က လျှပ်စစ်မီးမတည်ငြိမ်အတက်အကျများရင်ရိုးရိုးစက်လိုမဟုတ်မဟုတ်ပဲ လျှပ်စစ်ပိုင်းဆိုင်ရာ
ဆားကစ်တွေ အခန့်မသင့်ရင်ပျက်စီးတတ်ပါတယ်ပါတယ်။
ဒါပေမယ့်ပုံမှန်အားဖြင့်တော့ ဗို့အားနည်းရင်ကို
ကောင်းကောင်းအလုပ်လုပ်နိုင်စွမ်းရှိပါတယ်။
⛔အင်ဗာတာစက်ဟာရိုးရိုးစက်နဲ့ယှဉ်ရင်
အသံဆူညံမှုပိုနည်းလို့ အခန်းတွင်းမှာပိုပြီး
တိတ်ဆိတ် ငြိမ်သက်နေပါလိမ့်မယ်။အခန်းကို
အမြန်ဆုံးအေးမြစေပါလိမ့်မယ်။
အအေးနှုန်းတည်ငြိမ်စေပါလိမ့်မယ်။
⛔အင်ဗာတာစက်ဟာရိုးရိုးစက်နဲ့ယှဉ်ရင်
လည်အားကို အရမ်းမမြင့်စေပဲထိန်းချုပ်ပြီးထားလို့
လျှပ်စစ်သုံးစွဲမှု အများကြီးသက်သာတဲ့အတွက်
လစဉ်မီတာခတော့ ချွေတာနိုင်ပါလိမ့်မယ်။
(စက်အမျိုးအစားလိုက်လို့ လက်ရှိသုံးစွဲနေတဲ့
အဲကွန်းစာရင် မီတာခ ၅၀%ကျော်ထိသက်သာတဲ့
အင်ဗာတာအဲကွန်းအမျိုးအစားတွေကို
ရွေးချယ်ဝယ်ယူသင့်ပါတယ်)
⛔အင်ဗာတာအဲကွန်းဟာ
ဖုန်နဲ့အညစ်အကြေးထူထပ်ပီး၊ အင်းဆက်ပိုးတွေ များတဲ့နေရာဒေတွေမှာတပ်ဆင်သုံးစွဲရင်တော့ အောက်ဒိုးယူနစ်က လျှပ်စစ်ဆားကစ်တွေကို
ဒုက္ခပေးတတ်လို့ ထိန်းသိမ်းမှုစရိတ်ပိုကုန်ကျနိုင်ပါတယ်။ခဏခဏ Error တက်လို့ပျက်တတ်ပါတယ်။
⛔အင်ဗာတာအဲကွန်းတွေရဲ့အပိုပစ္စည်းတွေဟာရိုးရိုးအဲကွန်းရဲ့အပိုပစ္စည်းတွေနဲ့ယှဉ်ရင်တော့
စျေးနည်းနည်းပိုကြီးနိုင်ပြီး ကျွမ်းကျွမ်းကျင်ကျင်
ပြုပြင်နိုင်သူတော့နည်းပါးနေပါသေးတယ်။
ပြုပြင်စရိတ်တော့ ပိုကုန်တာရှိနေပါသေးတယ်။
(အပိုပစ္စည်းတွေတော့အလွယ်တကူရရှိနေပါပြီ)
⛔လူတိုင်းအင်ဗာတာအဲကွန်းတွေသုံးရင်တော့
လျှပ်စစ်စွမ်းအင်ချွေတာနိုင်လို့ သဘာပတ်ဝန်းကျင်ကို ပိုပြီးထိန်းသိမ်းနိုင်သလို ပိုလျှံတဲ့လျှပ်စစ်ကို
တိုင်းပြည်အနေနဲ့အကျိုးရှိစွာသုံးစွဲနိုင်ပါမယ်။
(သုံးစွဲဖို့လည်းတိုက်တွန်းပါတယ်)။တကယ့်အစစ်ကိုပြောတာပါ။ဂျင်းအင်ဗာတာကတော့မထူးပါ။
အင်ဗာတာအဲကွန်းကို စျေးမတတ်နိုင်လို့သုံးစွဲဖို့အဆင်မပြေသေးရင်တောင်
သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းဖို့နဲ့စွမ်အင်ချွေတာဖို့
အင်ဗာတာမဟုတ်တဲ့ရိုးရိုးအဲကွန်းတွေထဲကမှ တချို့သော အင်ဗာတာအဲကွန်းနီးပါး လျှပ်စစ်သုံးစွဲမှု သက်သာတဲ့ပြည်တွင်းမှာရောင်းချနေပြီဖြစ်တဲ့ EER , COP မြင့်တဲ့ ရာသီဉတုနဲ့ကိုက်ညီတဲ့
အဲကွန်းအမျိုးအစားတွေကိုရွေးချယ်သုံးစွဲကြဖို့
တိုက်တွန်းပါတယ်။
#ဆရာနန်ဒမိုး
လိုအပ်သူများ shareထားပါ😘
အဲကွန်းလေးတွေ အိမ်မှာသုံးနေပေမဲ့ ရီမုဒ်လေးတွေကို သေချာမသုံးတတ်ကြဘူး ဟုတ်တယ်ဟုတ် 😊
ဒါပေမဲ့ သိထားဖို့ ကအရမ်းအရေးကြီးပါတယ်ဒီနေ့ အဲကွန်း ရီမုဒ်လေးရဲ့ အသုံးပြုပုံလေးပြောပြပေးပါ့မယ်
ပထမဆုံးပြောမယ်ခလုတ်လေး က On / Of ခလုတ်လေးပါ သူကတော့ အဖွင့် အပိတ်ခလုတ်လေးပါ ဒီခလုတ်လေးကိုတော့ အများစုကသိကြပါတယ်
နောက်တစ်ခုက Mode ဆိုတဲ့ ခလုတ်လေးပါ ဒီခလုတ်လေးကတော့ အရမ်းအရေးပါပါတယ် ဒီခလုတ်လေးကိုကောင်းကောင်းမသုံးတတ်လို့ အဲကွန်းပြင်ဆိုင်ပို့မိတဲ့ အဖြစ်မျိုးကြုံဖူးတဲ့သူတွေအများကြီးကြုံဖူးပါတယ်
Mode ဆိုပြီး အပြည့်အစုံရေးမထားရင် M ဆိုတဲ့ သင်္ကေတလေး ပါပါတယ် အဲဒါလေးကဘာတွေလုပ်ဆောင်လဲဆိုတော့ အဆင့်ငါးဆင့်လုပ်ဆောင်ပါတယ်
ပထမတစ်ချက်နှိပ်ရင် Auto ဆိုပြီးပေါ်လာပါတယ်
Auto အနေအထားမှာဆိုရင် အခန်းအပူချိန်-ပန်ကာလည်နှုန်း- Outdoor unit အဖွင့်အပိတ်နဲ့လည်ချိန်တွေကို အဲကွန်းထဲက Processor ကသူဟာသူ အလုပ်ပေးပါလိမ့်မယ်
ဒုတိယတစ်ချက်နှိပ်ရင် Cool ဆိုပြီးပေါ်လာပါလိမ့်မယ်
Cool အနေအထားမှာဆိုရင် အဲကွန်းက အေးနေပါလိမ်မယ်
ဒီအချိန်မှာ Out door unit တခုလုံး အလုပ်လုပ်နေပါလိမ့်မယ်။သုံးစွဲသူက နှိပ်ထားတဲ့ အခန်းအပူချိန် အောက် မရောက်မချင်း အဲကွန်းက လည်နေပါလိမ့်မယ်
တတိယတစ်ချက် နှိပ်ရင် Dry ဆိုပြီးပေါ်လာပါလိမ့်မယ်
Dry mode မှာလည်းအဲကွန်းက အေးနေပါမယ်။ ဒီအချိန်မှာ အေးရုံသာမက အခန်းတွင်းက ရေငွေ့ပမာဏကိုလည်း Cool နှိပ်ထားချိန်ထက် ပိုပြီး လျှော့ချပေးပါလိမ့်မယ်။
စတုတ္ထတစ်ချက်နှိပ်ရင် Heat ဆိုပြီးပေါ်လာပါလိမ့်မယ်
Heat ဆိုတာကိုနှိပ်ထားပြီး ချိန်ထားမယ်ဆိုရင်တော့ အဲကွန်းက အပူအအေးနှစ်မျိုး သုံးလို့ရတဲ့ ဟာဆိုရင်တော့ အခန်းတွင်းက Info or က အပူကွိုင်ဖြစ်သွားပြီး Outdoor unit က အအေးကွိုင်အဖြစ် ပြောင်းပြန်အလုပ်လုပ်ပေးပါလိမ့်မယ်။
နောက်ဆုံးတစ်ချက်နှိပ်ရင်တော့ Fan ဆိုပြီးပေါ်လာပါလိမ့်မယ်
Fan ဆိုတဲ့ အနေအထားမှာနှိပ်ထားပြီး ချိန်ထားရင်တော့ အဲကွန်း Outdoor ကအလုပ်မလုပ်ပဲ Indoor ပန်ကာပဲ အလုပ်လုပ်ပါလိမ့်မယ်။ အခန်းတွင်းမအေးတော့ပါ။ ပန်ကာချည်းသာ လည်နေလို့ဖြစ်ပါတယ်
တချို့ဆို ရီမုတ်ကွန်ထရိုးမှာ ဒီအခြေအနေကို နှိပ်ထားပြီး အဲကွန်းမအေးလို့ဆိုပြီး ပြင်တဲ့သူတွေ လှမ်းခေါ်တော့ လမ်းစရိတ်ကုန်တာမျိုး ရှိတတ်ပါတယ်။
Temp လို့ရေးထားတဲ့ အခန်းရဲ့လေထု အပူချိန်ကို ကိုယ်လိုသလိုချိန်ဖို့ ဘယ် ညာ မြှားနှစ်ခု နဲ့ရေးထားတဲ့ အပူချိန်ချိန်ညှိခလုပ်ပါ။ အခန်းရဲ့ အပူချိန်ကို ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်စေမည့် အပူချိန် အနည်းအများကို ချိန်ရာမှာ သုံးပါတယ်။ နှိပ်တဲ့အချိန်မှာ အဲကွန်း Indoor ရဲ့ ဆင်ဆာနေရာ ကိုချိန်ပြီး နှိပ်ဖို့လိုပါတယ်။ လူတစ်ယောက်အတွက် သက်သောင့်သက်သာဖြစ်တဲ့ အပူချိန်က ရာသီအလိုက်မှာရှိတဲ့ ပတ်ဝန်းကျင်အပူချိန်လိုက်လို့ နေ့ညလိုက်လို့ အပြောင်းအလဲရှိပါတယ်။ အဲကွန်းဖွင့်ထားပေမယ် သတိရမနေစေပဲ ကိုယ့်အတွက် ချမ်းမှန်း ပူအိုက်မှန်း သိမနေစေတဲ့ အပူချိန်ကတော့ အကောင်းဆုံးပါပဲ။
Fan လို့ရေးထားတဲ့ အဲကွန်း Indoor ရဲ့အထဲက ပန်ကာ အမြန်နှုန်းကိုချိန်တဲ့ခလုပ်တခု ပါ ပါလိမ့်မယ်။ သူရဲ့အသုံးက..ပန်ကာ အမြန်နှုန်းကို အမြန်(Hi)၊ အလည်အလတ်(M)၊ အနှေး(L) ချိန်ပေးရာမှာသုံးပါတယ်။ တစ်ချက်နှိပ်ရင် တမျိုးပြောင်းပါတယ် H-M-Lအစဉ်လိုက် ပြောင်းနေပါလိမ့်မယ်။ အများစု ရီမုတ်တွေမှာတော့ မှန်ပြင်ထဲမှာ အတုံးအကြီး ၊အလတ်၊ အသေး ပြောင်းသွားတဲ့ပုံစံနဲ့ ပြပါလိမ့်မယ်။ ညအိပ်ချိန်တွေမှာတော့..အနှေး (L) မှာထားခြင်းဖြင့် ဆူညံမှုကို သက်သာစေနိုင်ပါတယ်။
Swing ဆိုတာကို တချက်ချင်းစီ နှိပ်ပြီး အဲကွန်း Indoor Unit ရဲ့ ရှေ့က Louvre ကို အပေါ်အောက် ကစားတာနဲ့ ကိုယ်ကြိုက်တဲ့နေရာမှရပ်ဖို့စောင့်ပြီး နှိပ်လိုက်တာနဲ့ အသေရပ်သွားဖို့ လုပ်နိုင်ပါတယ်။
Timer ဆိုတဲ့ ခလုပ်နဲ့ အပူချိန် အတိုးအလျော့ မြှားတွေနဲ့ ပေါင်းစပ်နှိပ်ပြီးအဲကွန်း ကိုကြိုက်တဲ့အချိန်မှာ ပိတ်ဖို့ ကြိုက်တဲ့အချိန်မှာ ပြန်လည်စေဖို့ အချိန်သတ်မှတ် ပေးထားနိုင်ပါတယ်။ Turbo ဆိုတဲ့ ခလုပ်ပါခဲ့ရင်တော့ အဲကွန်း Indoor fan ကို အရှိမြန်မြန် နဲ့လည်ဖို့ ဖြစ်သွားပါလိမ့်မယ်။
အဲကွန်း ရီမုတ် ကိုနှိပ်တဲ့အခါ Indoor unit ရဲ့ ဆင်ဆာ ကို သေချာချိန်ပြီး နှိပ်မှာသာ ကိုယ်လိုချင်တဲ့ ချိန်ဆမှုကို ရမယ်လို့ သတိပေးချင်ပါတယ်။ ရီမုတ်အလုပ်လုပ်ရင် အဲကွန်းကနေ တီ ဆိုတဲ့အသံလေးက နှိပ်လိုက်တိုင်း ကြားနေရတတ်ပါတယ်
အဲကွန်းတွေမှာသုံးတဲ့ -32 ဂက်စ်အကြောင်း
-32ဂက်စ်ဟာ ဓာတုဗေဒအခေါ်အားဖြင့်
Difluoromethane (ဒိုင်ဖလိုရိုမိသိန်း)လို့ခေါ်ပါတယ်။
HFC (Hydrofluoro Carbon)အမျိုးအစားဂက်စ်အုပ်စု၀င်ပါ။ Chlorine မပါလို့ အိုဇုန်းလွှာထိခိုက်မှုမရှိပါဘူး။ဒါပေမယ့် ကမ္ဘာကြီးကိုတော့ ပူနွေးစေတတ်တဲ့ဂုဏ်သတ္တိတော့ရှ်ပါသေးတယ်။
ဒါပေမယ့် R-410a ဂက်စ်နဲ့ယှဉ်ရင်တော့ သုံးပုံတပုံစာသာကမ္ဘာကြီးကိုပူနွေးစေနိုင်တဲ့သတ္တိရှိပါတယ်။
R32ဟာ မီးလောင်လွယ်မှုအဆင့် ပါးပါးလေးရှိတယ်။
နည်းပညာအခေါ်အရ Flammability level-A2L. အဆင့်ပါ။Lightly flammable, mildly flammable လို့ပြောကြပါတယ်။
ဒါကလည်း ဂက်စ်ရဲ့ သိပ်သည်းဆ နည်းချိန်၊
ပြန့်နှံ့တဲ့မီး လောင်စေတဲ့အမြန်နှုန်း(Burning Velocity)က သတ်မှတ်ချက်ထက်နှေးချိန်မှာ ၊ သံသံချင်း ခတ်တဲ့မီးလို ၊ဝါယာ Sparkလို
မျိုးနဲ့တွေ့ချိန်မှသာ မီးလောင်နိုင်ပါတယ်။
ဒါကလည်းဖြစ်ခဲပါတယ်။
သိပ်သည်းဆက တစ်ကုဗမီတာမှာ 320g ထက်နည်းချိန်မှပါ။320g/m'3ထက်နည်းချိန်မှပါ။
ဒါကလည်း ဖြစ်တောင့်ဖြစ်ခဲပါ။
ဒါပေမယ့် အခန်းကျယ်ကြီးမှာ
အပေါက်သေးသေးလေးဖြစ်ရင်၊ Electric spark ဖြစ်ချိန်၊ အမြန်နှုန်း Velocityကလည်းနှေးချိန်မှဖြစ်နိုင်မှာပါ။
မီးခြစ်ထဲကဂက်စက်ထက်အမြန်နှုန်းနှေးချိန်မှာတောင်မလောင်ပါဘူး။
မီးခြစ်ထဲကဂက်စ်က တစက္ကန့်ကို 46စင်တီမီတာရှိရင်တောင် မီးထလောင်ချိန်မှာ၊ R-32ဂက်စ်က
အမြန်နှုန်း တစက္ကန့်ကို 6.7စင်တီမီတာထိ နှေးမှ လောင်မှာပါ။ပိုက်ထဲက ယိုစိမ့်ပြီးထွက်တဲ့ ဂက်စ်တိုင်းက သူ့ထက် အမြဲပိုပါတယ်။
ဂက်စ်မီးခြစ်ခြစ်ရင်တောင် သေသေချာချာခြစ်ပြီး ဂက်စ်ထွက်တဲ့ မောင်းကိုနည်းနည်းလေးတင်ရင် မလောင်တတ်ဘူးမဟုတ်လား?မစိုးရိမ်ရပါဘူး။မီးခြစ်တောင်သွားလေရာဆောင်သွားသေးတာပဲ။
ဒါပေမယ့်
အိမ်သုံးအဲကွန်းအောက်ဒိုး
ကွန်ပရက်ဆာထားတဲ့အခန်းကလုံနေချိန်မှာအဲဒီအခန်းထဲR-32ဂက်စ်ကယိုစိမ့်ချိန်၊
ဂက်စ်က သိပ်သည်ဆက အဲဒီအောက်ဒိုးထဲမှာများနေချိန် ဝါယာမီးခတ်တာ၊ကပစီတာမီးခတ်တာလို၊
ကွန်ပရက်ဆာငုတ်တွေမီးခတ်တာလို ဖြစ်ရင်တော့ မီးမတော်တဆထလောင်နိုင်ပါတယ်။
သူကအိုဇုန်းလွှာကိုထိခိုက်စေမှု မရှိပါဘူး။ အိုဇုန်းလွှာကိုထိခိုက်နိုင်စွမ်းOzone Depletion Potential(ODP)က
ODP-0ပါ။ODPညွှန်းကိန်း ကအကြီးဆုံးက 1ပါ။
ကမ္ဘာကြီးပူနွေစေနိုင်စွမ်း(Global Warming Potential)ကလည်းR 410a အောက် သုံးပုံတပုံပဲရှိပါတယ်။ GWP-675ပါ။
GWPလို့ခေါ်တဲ့ Global Warming Potential က ပမာဏကြီးလေ ကမ္ဘာကြီးကို ပိုပြီးပူနွေးတဲ့သတ္တိရှိလေပါ။ဒါကြောင့် R410aနဲ့စာရင်သူကအိုဇုန်းလွှာကိုထိခိုက်စေမှု မရှိပါဘူး။
သူ့ရဲ့ဖိအားတွေက အဲကွန်းမှာသုံးတဲ့အခါ
Standing pressure
Suction pressure
Discharge pressureတွေ
ကလည်း R-410aနဲ့အတူတူနီးပါးပါ။
အဲဒါကြောင့် R22/410aတို့ကို အစားထိုးပိုမိုသုံစွဲဖို့ ထုတ်ထားတဲ့ ဂက်စ်လို့ပြောနိုင်ပါတယ်။
R-410a နေရာမှာ POE ဆီကို တိုက်ရိုက်ဆီမလဲပဲ အစားထိုးသုံးနိုင်ပါတယ်။ ဂိတ်တွေ ပင်ဗားတွေလည်းပြောင်းသုံးဖို့မလိုအောင်လုပ်ထားတတ်ပါတယ်။
ဆီအသစ်လဲနိုင်ရင်တော့ပိုကောင်းပါတယ်။
အအေးနှုန်းပိုကောင်းပါတယ်။
အပူထုတ်စွမ်းအား (Btu,Watt)ခြင်းတူရင်
410aထက်မီတာခပိုသက်သာပါတယ်။
Click here to claim your Sponsored Listing.
Videos (show all)
Contact the business
Website
Address
Yangon
No. 826/U Kyin Au St/32 Qtr/Northdagon
Yangon, 123
မှန်ကန်သော ဈေးနှုန်း စစ်မှန်သော စေတနာ ခိုင်မာသော အာမခံ
No. 65, Bayint Naung Road, Yangon(North Dagon)
Yangon, 11111
Air-Conများအတွက် ၂၄နာရီ ဝန်ဆောင်မူပေးနေသော Service ကိုရှာနေပါသလား။ဒါဆိုရင် ဒီPage ကို Likeလုပ်ထားပါနော်
အမှတ်(၆၅၁)၊ မာဃလမ်းသွယ်(၈)၊ တောင်ဥက္ကလာပမြို့နယ်
Yangon, 11091
Air Con အဟောင်း/အပျက် ရောင်းဝယ်ရေး
No. 98, Thudhamma Road, North Okkalapa Township
Yangon, 11111
Air-con နဲ့ ပတ်သတ်လာရင် စိတ်ချရဆုံးက Three Star