Shwe Mogok

ဆရာများကို ဂါဝရပြုလျှက်ပါ

31/07/2024

တယောက်လောက်ဖြစ်ဖြစ်အရင်အနှီလိုသ‌ေလာက်ထုတ်ပေးမယ်ငါညီမင်းစမ်းပြီပြန်လုပ်ကြည့်ပါလာအတူတူအလုပ်တွဲလုပ်ရအောင်ဆိုပြီလာပြောပေးရင်သိပ်ကောင်းမှာဘဲ

29/07/2024
Photos from Shwe Mogok's post 29/07/2024

🪐🌌မိုးကုတ် ပတ္တမြား ဘာကြောင့် တန်ဖိုးကြီးတာလဲ။
ဘယ်လိုတူးဖေါ်ကြရတာ လဲ။

♦️မိုးကုတ်သူ/သား တွေရဲ့ အသက် ချွေး သွေး တွေ
ဘယ်အတိုင်းတာ ထိပေးစပ်ထားရ တာလဲ။

♦️မိုးကုတ်ပတ္တမြား ဆိုတာ မိုးကုတ်သူ/သားတွေရဲ့
နှလုံးသွေးစက်တွေပါ။

ဒါကြောင့် တန်ဖိုးထားကြပါ မြတ်နိုး ကြပါ။♦️🌌

♦️♦️မိုးကုတ်မြို့မှ ကျောက်တွင်း ဗဟုသုတများ♦️♦️
=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*

မိုးကုတ်မြို့မှာအများစုသိကြသလောက်တော့ ကျောက်တွင်းတွေကနေ ကျောက်တွေ ထွက်တယ်ပေါ့။ တကယ်တော့ အဲ့ဒီအလှဆင်ဖို့သက်သက် အသုံး၀င်တဲ့ ကျောက် လေးတွေဟာ မိုးကုတ်သူ မိုးကုတ်သား တွေရဲ့ အသက်၊ သွေး၊ ချွေး အကုန်လုံး ပါတယ်။
ဒီကျောက်ကိုရဖို့ တစ်ချို့လူတွေ အသက်နဲ့ရင်းရတယ်၊ တစ်ချို့ချွေးနဲ့ သွေးနဲ့ ရင်းကြရတယ်။

ကျောက်ရဖို့ ဇွဲ၊ လုံ့လ၊ ဝီရိယ အားကုတ်ထုတ်စိုက်ရတယ်။ “သေရင် မြေကြီး၊ ရှင်ရင်ရွှေထီး” ဆိုတာ မိုးကုတ်ကကျောက်တူးတဲ့လူတွေကိုများပြော သလား လို့ တစ်ခါတစ်လေလည်း တွေးတော့တွေးမိပါတယ်။
ယင်ကောင်လေးတွေ မှန်ပြတင်းပေါက်ကို ထိုးဖောက်ဖို့ကြိုးစားတာမျိုးကိုပေါ့။
မိရိုးဖလာအသက်မွေးမှု လုပ်ငန်းလည်းဖြစ်၊ ကံကောင်းရင် အမြတ်အစွန်းလည်းများများရတာမို့ လောဘ ဇောလေးကပ်ပြီး လုပ်ကြရတာပါဗျာ။

မိုးကုတ်မြို့မှာ အထင်ရှားဆုံးဖြစ်တဲ့ ကျောက်မျက်တွေကတော့ ပတ္တမြား၊ နီလာ၊ ဥသာဖယား၊ နီလာဖြူ၊ ပြောင်ခေါင်းစိမ်း၊ ထတ္တရာ၊ ဂေါ်မိတ်၊ ကြောင်၊ မှန်မီးပေါက်၊ စလင်း များအပြင် အခြား ကျောက်အမျိုးအစား (၃၀)ကျော်ခန့်ထွက်ရှိပါတယ်။ ဒီကျောက်တွေက အကြမ်းဖျဉ်းအားဖြင့်တော့ မြေကြီးထဲမှာရှိတယ် လို့ပြောလို့ရပါတယ်။

အဲ့ဒီမြေကြီး ထဲက သက်တမ်းရင့် ပျက်ပြုန်းမြေဆီလွှာဖြစ်တဲ့ (ဗြုံး)မြေလွှာထဲမှာရှိပါတယ်။ ဗြုံး ဟာဆိုရင် အလွှာ(၂)လွှာရှိပါတယ်။ မြေပြင်ကနေ ပေ(၁၀၀)အတွင်း ရှိတဲ့ ဗြုံးလွှာကို ခါးဗြုံး၊ ပေ(၁၀၀)နဲ့အောက်မှာ ထပ်တွေ့တဲ့ ဗြုံးလွှာကတော့ အောက်ဗြုံးတို့ ဖြစ်ကြ ပါတယ်။ ဒီဗြုံးမြေလွှာတွေအပြင် သက်တမ်းရင့် စကျင်ကျောက်ခဲတွေထဲကလည်း ကျောက်တွေရရှိနိုင်ပါတယ်။

ကျောက်တွင်းလို့ခြုံပြီး ခေါ်ပေမယ့် နည်း(၅)နည်းနဲ့ ကျောက်ကို ရှာကြပါတယ် -
(၁) လေးပေတွင်း
(၂) အင်းဗြဲ
(၃) မျောတွင်း
(၄) ခဲတွင်း (ဂဲတွင်း)
(၅) လူးတွင်း (လှိုဏ်ဂူတွင်း)
တစ်ခုချင်းကျွန်တော်ပြောပြပါ့မယ်။

(၁) လေးပေတွင်း
===========

လေးပေပါတ်လည် တွင်းတူးပြီး အောက်တည့်တည့်ကို ထိုး ဖောက်သွားရတယ်။
ဒါကတော့ရှင်းပါတယ် အိမ်သာတွင်းတူးသလိုပေါ့ ဟဲဟဲ။ တူးလို့ပေ(၂၀)ကျော်ပြီဆိုတာနဲ့ ပါတ်ပါတ်လည်နံရံ တွေကို တိုင်တွေခံ သစ်တွေနဲ့ အခိုင်အမာလုပ်ကြရပါတယ်။

အဲ့ဒီထက်နက်နေလို့မှောင်သွားရင် ဖယောင်းတိုင် တွေနဲ့ဆက်လုပ်ကြရတယ်။ တစ်ချို့က ဘက်ထ္တရီမီး၊ ဓါတ်မီးတွေနဲ့ပေါ့။ အဲ့ဒီထက် နက်လာပြီဆိုရင် စက်သီးတွေဆင်ရပြီး တူးပြီးသာမြေတွေကို အပေါ်တင်ဖို့ပါ၊ အဲဒါအပြင် ရေတွေထွက်လာလို့ ခပ်ထုတ်ရတယ်။

မိုးရွာပြီဆိုသေရောပဲ။ တွင်းဆို ခဏခဏရေမြုပ်သွားတယ်။ အဲ့ဒီထက်ဆိုးတာက ဘာလဲဆိုတော့ လေပြတ်တာပဲ။ လေပြတ်သွားရင် သိသာပါတယ်။
ထွန်းထားတဲ့ဖယောင်းတိုင်မီးငြိမ်း သွားတော့ တာပါပဲဗျာ။ အောက်စီဂျင်မှမရှိတော့တာကိုး။

ဒါဆိုရင်တော့ အပေါ်ကို အသဲအသန် ပြေးတက်ပေတော့။ အဲ့ဒီလိုလေပြတ်တဲ့ပြသာနာကို အပေါ်ကလူက ဖားဖိုလေးနဲ့ ခြေနင်းလေးလုပ်ထားတယ်၊ ပြီးရင် လေပိုက်ချထားပေးတယ်။ ဒါဆိုအောက်ထဲမှာ လေရသွားပြီလေ။ နည်းနည်းအဆင်ပြေတဲ့လူကြတော့ မော်တာလေးနဲ့ လေစက် ကိုတွဲထားလိုက်တယ်။

မီးအတွက်လည်း မီးစက်မောင်းထားပေးတယ်။
အဲ့ဒီအပြင် ဘာအခက်အခဲရှိသေးလဲဆိုတော့ တူးနေတဲ့ အောက်က ကျောက်ခဲအကြီးကြီး တွေခံနေပြန်ရော။
ရှိတာမှ လေးပေပါတ်လည် ဘယ်လိုလုပ်အပေါ်တင်လို့ ရမလဲ။

ဒါကြောင့် စို့(သံချောင်းလုံး)တွေနဲ့ အဲ့ဒီကျောက်ကိုထွင်းပြီး ယမ်းထည့်ပြီးဝါယာ ကြိုးနဲ့ချိတ်၊ အပေါ်အကုန်တက်ပြီး ယမ်းခွဲကြရတယ်။ တစ်လုံးနဲ့မရရင် သုံးလေးလုံးလောက် တစ်ဆက်တည်းခွဲရတယ်။ ပြီးမှ ယမ်းငွေတွေကို လေနဲ့ မှုတ် ထုတ်ပြီးရင် ဂဲတွေအရမ်းကြီးရင် တူနဲ့ထုခွဲပြီး အပေါ်ကိုစက်သီးနဲ့ တင်ကြရတယ်။

ကဲဗြုံးလွှာရောက်လို့ ဗြုံးတွေ့ ကြပြီဆိုရင် တွင်းရဲ့ပါတ်လည်ကို ချဲ့လိုက်တယ်။ပြီးရင် အဲ့ဒီအခါမှာ ဒေါင်လိုက်လှိုက်စားတာဖြစ်တဲ့အတွက် အမိုးတွေ၊ ကြမ်းပြင်တွေကို သစ်၊ဝါးတွေနဲ့ ခိုင်ခံ့အောင် ထောက်ခံထားရတယ်။
ပေ(၂၀) (၃၀) လောက်တော့ အများအားဖြင့် လှိုက်တူးကြတယ်။

အဲ့ဒီအပြင်တော့ဆက်ပြီးတူးတာ သိပ်မတွေ့ ရဘူးဘာလို့လဲဆိုတော့ ပြိုကျမှာကြောက်လို့ပေါ့။
ဒီလောက် သစ်တွေ၊ ဝါးတွေနဲ့ ထောက်ထားတာတောင် ပြိုကျတယ်။ မြေဖိအား တစ်အား များလာလို့ တွင်းတွေ ပိညှပ်သွားတယ်။ အပေါ်တင်တဲ့ ခဲလုံး(ဂဲလုံး)တွေ စက်သီးပေါ်ကပြုတ်ကျတယ်။ နည်းပေါင်းစုံနဲ့ အမျိုးမျိုးသေကြရပါတယ်။

ကျောက်များခွဲသော ယမ်းမိုင်း
ဆက်ပြီး ပြောပါ့မယ် ဗြုံးမြေလွှာတွေရပြီဆိုရင် အပေါ်ကို စက်သီးနဲ့တင် လိုသ လောက်အကုန်ရပြီ ဆိုရင်တော့ ဗြုံးမြေကြီးကိုဆေးကြပါတယ်။

ဆေးတဲ့ နည်းမှာလည်း (၃)နည်းရှိတယ်။
ရေခွက်လို ဇကာပါတ်ပါတ်လည်နဲ့ ခွက်ကြီးထဲ ကိုထည့်ပြီး အားပြင်းတဲ့ နော်ဇယ်ပိုက်ကြီးတွေနဲ့ထိုးပြီးဆေးကြတယ် မြေတွေကုန် သွားရင် ကျန်တာကတော့ ဂဲတွေအပါအ၀င် ကျောက်တွေပေါ့။

အဲ့ဒီထဲမှာမှ ဂဲအကြီးတွေကိုရွှေးထုတ်ပြီး ကျန်တာကို ဇကာအဝိုင်းလေးထဲထည့်ပြီး လှည့်ဆေး ရပါတယ်။
ကျောက်က ပုံမှန်ဂဲတွေထွက် အလေးချိန်ပိုစီးတာမို့ ရေထဲမှာ ဇကာကို လှည့်လိုက်တဲ့အခါ အလည်ခေါင်မှာလာစုပါတယ်။

အေးဆေးယူလိုက်ယုံ ဟဲဟဲ ပါရင်ပြောတာပေါ့လေ။
နောက်တစ်နည်းကတော့ ရေကန်တစ်ခုနဲ့ မြောင်းတစ်ခုလုပ်ထားတယ်။ မြောင်းရဲ့ အစွန်မှာ ဇလုတ်လေး(ရေခွက်အား မြေကြီးတွင်မြုတ်ထားသကဲ့သို့) လုပ်ထား ရပါတယ်။ ဘာနဲ့တူလဲဆိုတော့ ဆေးတံလိုမျိုးပေါ့။
ရေကန်ထဲမှာ ဗြုံးတွေကိုထည့် ပြီးတော့ ရေဆေးချလိုက်တယ် ရေထွက်မြောင်းကနေ ရေတွေဂဲတွေအကုန်လုံး ပါသွားတာပေါ့။

ကျောက်တွေဆိုတာလေးတယ်လေ ဒါကြောင့် ဇလုတ်ထဲ ရောက်တဲ့ အခါမှာ ကျောက်တွေက ပြန်မထွက်နိုင်ပဲ မြေကြီးနဲ့ ပေါ့တဲ့အရာတွေသာ ပြန်ထွက် သွားတယ် ကျောက်တွေကကျန်ခဲ့တာပေါ့။ အဲ့ဒီကျန်ခဲ့တဲ့ကျောက်တွေကို ဝိုင်းဇကာနဲ့ ဆေးချလိုက်တယ်။

ထုံးစံအတိုင်းပေါ့ လှည့်လိုက်ရင်အလည်မှာ လာစုတယ်။ ကဲ ကျောက်ရပြီဗျာ
အမျိုးမျိုးစိတ်ကူးယဉ်ရတာပေါ့ဗျာ
ကားစီး အိမ်ထောင်ပြု မြေဝယ်စုံလို့ပေါ့။

(၂) အင်းဗြဲ
========

ဒါကလည်း အထူးအဆန်းကြီးမဟုတ်လှပါဘူး။ ပြောရရင်တော့ သူဌေးလုပ်ငန်းကြီး ပေါ့ဗျာ။
ဘာလို့လဲဆိုတော့ စက်ကိရိယာ အင်အား၊ လူအင်အား၊ ငွေအင်အား၊ အများကြီးသုံးပြီး လုပ်ကိုင်ရပါတယ်။
ဒယ်အိုးကြီး တစ်လုံးကိုမြင်ကြည့်လိုက်ပါ။
အင်းဗြဲဆိုတာအဲ့ဒါပဲ။

တူးချင်တဲ့နေရာက မြေကြီး တွေကို စက်ကြီးတွေနဲ့တူးပြီးဘေးကိုတင်တယ် ကြာလာတော့ ရေအင်းကြီး ဖြစ်သွားရောဗျာ။ ဗြုံးလွှာကိုမရောက်မချင်းတူးတယ်။
တစ်ချို့ဆိုရင် တော်တော် ကြီးကိုနက်ကြတယ်။
ဗြုံးလွှာကိုတွေ့တော့လဲ တစ်ကြောလုံး တူးတင်ပြီး ဗြုံးဆေးတော့တာပေါ့ ရတာလည်းများပါတယ်။

ဒါပေမယ့် ကျွန်တော်သာဆိုရင် ကတော့အဲ့ဒီ အင်းဗြဲမလုပ်ဘူး။ အကုန်အကျအရမ်းများတယ် ငွေတွေကို မြေကြီးထဲတူးပြီးမြုပ်နေသလိုပဲ။
ကံကိုအဲ့ဒီလောက်မယုံဘူး။
မိုးကုတ်မြို့ အ၀င်က အင်းဗြဲကျောက်လုပ်ကွက်ပါ

(၃) မျောတွင်း။
=========

ဒါကတော့ တောင်ကမ်းပါးရံ တွေကို ရေနဲ့တိုက်ချတယ် အောက်မှာရေသွားမြောင်းအကြီးကြီးတွေ လုပ်ထားကြတယ်။

အဲ့ဒီမြောင်း အကြီးကြီးတွေက ဗြုံးဆေးတဲ့ ရေကန်(ရေမှုံကန်) တွေဆိုကို ဆက်ထားတယ် အဲ့ဒီတော့မရှင်းဘူးလား ဗြုံးလွှာထဲကကျောက်ပါပါ၊ ရိုးရိုးမြေကြီးထဲကပါပါ အကုန်ရတယ်ရှင်းရော။
သူကတော့ ငွေအင်အားသုံးရတာ သိပ်မများပါဘူး။
ဒီလိုရေနဲ့ ထိုးပြီးကျောက်ကိုရှာရတာပေါ့။

(၄) ဂဲတွင်း
======

စိတ်၀င်စားစရာကောင်းမယ်လို့ ကျွန်တော် ယူဆမိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့သိထားကြတာ မြေကြီးထဲက ကျောက်ထွက် တယ်ပေါ့။
ဒါပေမယ့် စကျင်ကျောက်သားတွေထဲမှာ သက်တမ်းရင့် အရည် အသွေးလှလှနဲ့ ကျောက်တွေအများကြီး တွေ့နိုင်တယ်ဆို ယုံနိုင်မလားဗျာ။

၁၉၉၆ခုနှစ် လောက်မှာ ဟိုနားတစ်စ ဒီနားတစ်စနဲ့ စကျင်လိုကျောက်ခဲ ထဲကနေပြီးတော့ ကျောက်တွေစတွေ့လာကြပါပြီ အဲ့ဒီနောက်ပိုင်းမှာတော့ စကျင်ဂဲသား(အကြည်) တွေကို ရှာဖွေပြီး ထုခွဲကြတော့ တယ်။
ဒါမှလည်း အထဲကကျောက်ရှိရင်တွေ့မှာကိုး ၁၉၉၉ လောက်မှာ ဂဲကျောက်ဟာ ဘယ်လောက်အထိအောင် ခောတ်စားသလဲဆိုရင် အိမ်တိုင်းအိမ်တိုင်းရဲ့ မြေသားကြမ်းပြင်တွေမှာ ဖြူဖြူဖွေးဖွေးနဲ့ စကျင်ဂဲအမှုန်များ ခင်းထားတဲ့ ကြမ်းပြင်အဖြစ်ရောက်ရှိသွားပါတယ်။

ယခုမိုးကုတ်မြို့ကိုရောက်မယ်ဆိုလဲ အဲ့ဒီအချိန်လောက်က လက်ရာတွေမြင်တွေ့ရဦးမှာပါဗျာ။ အောက်ကပုံပါသလိုပေါ့လေ။ နောက်ပိုင်း စကျင်တောင်ကြီးများကို မျက်စပစ်လာကြပါပြီ ကျောက်မျက် ဖက်စပ်လုပ်ငန်းတွေဟာ ကျောက်ဂဲတွင်းတွေကို ၁၉၉၉ ခုနှစ်လောက်မှာပဲ စတင်ဇောက်ချလုပ်ကိုင်ပါတော့တယ်။

ငွေအား၊ လူအားနဲ့ လုပ်ကိုင်ကြတာမို့ တစ်ချို့ကျောက်တောင် ကြီးတွေဆို (၆)လလောက်နဲ့ မြေမှုန့်ဖြူဖြူတွေ ဖြစ်သွားကြတဲ့အထိပါပဲဗျာ။
အောက်မှာပါသလို အနေအထားမျိုးနဲ့ ကျောက်နီ(ပတ္တမြား)များကို တွေ့ရှိ နိုင်ပါတယ်။

ဂဲတွင်းမှ ထွက်ရှိသော ကျောက်များမှာ မြေတွင်းမှ ထွက်ရှိသော ကျောက်များထက် အများသောအားဖြင့် အရည်အသွေး ပိုမိုကောင်းမွန် တာကို ကျွန်တော်လက်တွေ့ကျကျ လေ့လာသိရှိခဲ့ရပါတယ် -

ခဲတွင်း(ဂဲတွင်း)ထဲမှာ အထင်ရှားဆုံးကတော့ ကျောက်ပြသာဒ်ဘုရားတောင် ပါပဲ(ကန်တော့ ကန်တော့ ဘုရား) ပြစ်မှားသလိုများဖြစ်နေရင်။
ကျောက်သား အတော်များများထဲမှာကို အဖိုးတန်ကျောက်တွေ ငေါလော ထွက်ပြီး မြင်နေရလို့ ဘုရားဂေါပကအဖွဲ့က အင်္ဂတေနဲ့လိုက်ပြီး ပိတ်ထားရတဲ့အထိပါပဲ။

(၅) လူးတွင်း (လှိုဏ်ဂူတွင်း)
==================

လှိုဏ်ဂူတွင်းဆိုတော့ နားလည်ဖို့လွယ်တာ ပေါ့ဗျာသဘာဝကျောက်လှိုဏ်ဂူကြီး တွေထဲကို၀င် ပြီးတော့ မီးလေးထွန်းသွား ပြီးလို့အနက်ထဲရောက်ပြီဆိုရင် တွေ့တဲ့မြေကြီးကဗြုံးပဲဗျာ ။

အိတ်နဲ့ထည့်ပြီး ကောက်ထမ်းလာခဲ့ အပြင်ရောက်မှဆေးလိုက် ပြီးပြီ တစ်ချို့လှိုဏ်ဂူတွေဆိုရင် လှိုဏ်ခေါင်းတွေအများကြီးရှိတယ်။ လမ်းကို သင်္ဘောဆေးနဲ့မှတ်သွား ရတယ်။ ဒါမှမဟုတ်ရင်တော့ အပြန်လမ်းမမှတ်မိနိုင်ပါဘူး။ ပြန်လမ်းမရှိပေါ့။

အထင်ရှားဆုံးသော လှိုဏ်ဂူဆိုရင်တော့ အလံတစ်ရာလူး ပါပဲ။ မျက်စိ တစ်ဆုံးနက်ပြီးအခုအချိန်အထိ လှိုဏ်ဘယ်နှစ်ပေါက်ရှိလဲ။ လမ်းဘယ်အထိပေါက်သလဲဆိုတာကိုဘယ်သူမှပြောနိုင်သူမရှိသေးပါဘူး။

ဗဟုသုမျှဝေပါသည်။
ကျန်းမာချမ်းသာကြပါစေ။
#မူရင်postမှပြန်လည်ကူယူတင်ပြသည်။
Photos Credit

Photos from Shwe Mogok's post 27/04/2024

မောက်အကြောင်း

ကျောက်စိမ်းလောကမှာ မောက်နဲ့ပတ်သတ်၍ ရှုပ်ထွေးနေတာတွေအများကြီးရှိပါတယ်ရှင့် မောက်ဆိုတာနှင့်အကုန်အတူတူပဲဟုထင်နေကြတယ် အမှန်တကယ်တော့ မောက်အခေါ်အဝေါ်အယူအဆများ များစွာရှိပါတယ်
ထိုအရာများမှာ
1=မြေကြောမောက်ကပ်အလွှာများ(မောက်ကပ်ကြော )
က။မြေမောက်၊သဲမောက်၊ဘိလပ်မြေကဲ့သို့ကျစ်လစ်မာကြောစွာဖွဲ့စည်းတဲ့မောက်အမာအမျိုးအစားဖြစ်ပါတယ် ထိုပုံစံအတိုင်းပဲမြေမောက် မောက်ပျော့လာတတ်ပါတယ် ကျစ်လစ်မှုအားနည်း၍မြေကြောကဖွယ်မယ် ပျော့မယ်။
ခ။ခဲမောက်ဗြုန်းမောက်၊ ထိုမောက်အမျိုးအစားထဲတွင် ခဲသေးလေးများစွာပါဝင်စုဖွဲ့နေ၍ အပျော့ အမာ မြေဆီလွှာနှစ်မျိုးလာတတ်ပါတယ်ရှင့် မှော်ထဲအခေါ်အရ ခဲကြီးများမပါ ခဲသေးလေးများစွာပါဝင်စုဖွဲ့မှုကြောင့် ဗြုန်းဆန်သောမောက်ဗြုန်းမောက်လို့ခေါ်ကြပါတယ် ထိုဗြုန်းမောက်ထဲတွင် ကျောက်စိမ်းမတွေ့ရှိသလောက်ရှားပါးတယ် ဗြုန်းအလွှာထဲမှာကျောက်စိမ်းတွေ့ရှိနှုန်း အခြားအလွှာများထက်အလွန်သိသာပါတယ်ရှင့် ဗြုန်းအလွှာအားကျောက်ကျဲသောအလွှာအဖြစ်သတ်မှတ်ကြပါတယ်
ဂ။ကျောက်မောက် ခဲမောက် ၊ ထိုအလွှာကိုကျောက်စိမ်းအထွက်နှုန်းကောင်းသော မောက်ကပ်ကြောအဖြစ် သတ်မှတ် ကြပါတယ် ထိုအလွှာထဲ၌ ခဲကြီးခဲသေးများနှင့်အတူ ကျောက်စိမ်းများအတူတွေ့ရှိနိုင်ပါတယ် ကျောက်စိပ်သောအကြောအဖြစ်သတ်မှတ်ပါတယ် မောက်ကပ်ကြောအပျော့ အမာနှစ်မျိုးလာတတ်ပါတယ်
ပလွန်နဲ့ ကျီးကန်း မောက်ခြောက် တောင်ဆန် မှော်တိမ်းများ အတွေ့များတဲ့အကြောဖြစ်ပါတယ်ရှင့် ထိုအကြောမှထွက်ရှိလာသော ကျောက်စိမ်းရိုင်းများတွင်လည်း ကျောက်ချော်တွင်မက မောက်များကပ်ငြိခြင်း ဖုံးအုပ်ခြင်းများ ပါရှိတယ် အလွယ်ပြောရရင်မောက်ကပ်ကျောက် ချော်လုံမောက်လုံကျောက်တွေပါရှင့် ကျောက်စိမ်း ရေမဆေးကျောက်၌ မောက်ပျော့ကပ်ခြင်း မောက်မာကပ်ခြင်းနှစ်မျိုးတွင် မောက်မာကပ်ခြင်းကပိုပြီးမျိုးတန်းရင့်နိုင်ချေများတယ်လို့ဆိုရပြီး မောက်ပျော့ကပ်တဲ့ကျောက်တွေက အသားဖွယ်ခြင်း အသားနုခြင်း မျိုးတန်းမရသောကျောက်တွေဖြစ်တတ်ပါတယ်
ဃ။မောက်ဖာ ၊ထိုမြေကြောကတော့ ခဲသေးခဲကြီးမတွေ့ရပဲ မြေကြောအထူအလွှာအဖြစ်လာတတ်ပြီး ငိုးပင်းကြီးမှော် ငိုးပင်းလေးမှော် (ဆန်ခါနှင့်လုံးခင်းကြား)တို့တွင်မြေမှန်ကြော ရေခွံချောင်းကြော ရေစပ်ကုန်းစပ်ကြော(မုံထုခွံကြော) တို့၏အကြောအောက်၌ မောက်ဖာအထူကြီးတွေ့ရပြီး ထိုမောက်ဖာအထူကြီးကုန်သွားတဲ့အခါ ကုန်းခွံကြောဖြစ်သော ကုဋေဝါကြော ခွံဖြူကြော အမဲကြောများ ထပ်တွေ့ရပြန်ပါတယ်ရှင့် အဲ့မှော်ကတော့ထူးထူးခြားခြားအခြားမှော်နှင့်မတူ မောက်ဖာနှစ်ထပ်လို့ပြောနိုင်တယ် ကျောက်စိမ်းထွက်ကြောအများစုသည် အောက်ဆုံးအလွှာ၌ တည်ရှိသောအကြောကိုမောက်ဖာဟုခေါ်ကြပါသည်။

ဒါတွေကတော့မောက်နဲ့ဆိုင်သောမြေကြောမောက်အကြောင်းပြောတာပါ

မြေကြောနှင့်ဆက်စပ်ပြီးကျောက်စိမ်း၌ကပ်သောမောက်ပုံစံကိုပြန်ခွဲရလွယ်ပါတယ် ကျောက်စိမ်း၌ကပ်ငြိသောမောက်သည် ခဲမောက် မြေမောက် ပုံစံများနှင့် မောက်ကပ်ပုံအများအနည်းနှင့်တကွ မောက်ပျော့မောက်မာခွဲရပါတယ်

မောက်ခြောက်။ ။ ကျောက်စိမ်းကဲ့သို့ အထိုင်ထောင့်အနားများတည်ရှိတတ်ပြီး ကျောက်စိမ်းကဲ့သို့ ချော်ကပ် မောက်ကပ်မယ် ကျောက်စိမ်းထက်မသိမသာလေးသာဝိတ်ပေါ့မယ် ကျောက်စိမ်းယမ်းနှင့်မတူ ယမ်းချောင်း ယမ်းပြား ယမ်းဖက်များမတှေ့ရပဲ ယမ်းလုံးယမ်းညက်ပုံစံ ဆင်တူပြီးယမ်းအရောင်ညစ်မယ် ခွံအရောင်ညစ်မယ်ကျောက်စိမ်းကဲ့သို့ယမ်းမဖွေး မီးမပေါက်ပါ မောက်ခြောက်ဆိုသည်ကကျောက်စိမ်းမဟုတ်ပါ အဝယ်မှားအရောင်းမှားဖြစ်တတ်ပါတယ် (မောက်ခြောက် သို့မဟုတ် မေါက်တုံး) ထိုကဲ့သို့မောက်စိမ်းတုံးလာတတ်ပါတယ် ယမ်းအရောင်မှာ အပြာညစ်ရောင်ဘက်ကိုသွားတယ် ယမ်းမဖွေးပါ မီးရေးရေးလေးသာပေါက်တယ် ထိုကျောက်လည်း ကျောက်စိမ်းမဟုတ်ပါ မောက်ခြောက်တုံးကအခွံကြောကပိုသိသာစွာခြောက်သွေ့နေပါတယ် ကျောက်စိမ်းအခွံခြောက်ပုံနှင့်မတူပါ

ကျောက်စိမ်းဟုတ်သောမောက်သားများအကြောင်း

ကျောက်စိမ်း၏အသားများ၌မောက်သား(အသားမှိုင်း)ဆိုတာ လာပါတယ်
မောက်သားအများစုကအညံ့သားတွေပါပဲ
မောက်ကြည်သားတစ်ခုသာ နည်းနည်းကောင်းတယ်လို့ပြောရမယ် ကျောက်စိမ်းမောက်သားများနှင့်ပတ်သတ်သောအရာများမှာ
1=မောက်ဖြူသား(အသားမှိုင်း)ကျောက်သားပျော့မယ် ကျောက်သားကြည်လင်မှုမရှိ အမှိုင်းဓာတ်ပါမယ် အသားပုံစံကမကြည်လင်ပဲအဖြူနောက်ပုံစံ

2=မောက်စိမ်းသား(အသားမှိုင်း)အစိမ်းရိပ်ရောင်အနည်းငယ်သာပါ၍ အစိမ်းညစ်ရောင် အသားမကြည်လင်ပဲ အသားနုအသားမှိုင်း

3=မောက်ကြည်သား(အဖြူခံအစိမ်းခံများလာတတ်ပြီး ကျောက်သား၌အနောက်ရိပ်စွဲဝင်နေပြီး ကျောက်သားကြည်မယ် အသားရောင် ကျောက်သားရောင်လာတတ်ပါတယ်

ကျောက်တစ်လုံးမှာ မောက်သားဖြစ်မယ်
မောက်ကွက်မယ်ဆိုရင် (အသားခံရိပ်၍ အသားခံမှိုင်းတာများပါတယ်)
မောက်ကြည်သားဆိုလျှင်လဲ ကျောက်သားအရအသုံးပြုလို့ရပေမဲ့ အသားခံရိပ်တတ်ပါတယ်
မောက်ကွက်တယ်ဆိုတာ အရည်အသားကို
ဒုက္ခပေးတဲ့အရာတစ်ခုပါ
တချို့အရည်ပါရင်တောင် မောက်ကွက်တဲ့ကျောက်မှာ အရည်ပါနေရင်လဲ
အရည်မှာပါ အသားခံရိပ်ခြင်းဒုက္ခပေးတတ်တယ် (အပွင့်ဆရာတွေကိုပိုသိပါမယ်)

ငချိတ်ထဲကအရည်
မောက်ထဲကအရည်
အသားခံရိပ်ခြင်းမကင်းတတ်ကြပါ
အများစုပါတတ်တယ်

ကျောက်တစ်လုံး၌
မောက်ကြောထိုးခြင်း
မောက်ကွက်ခြင်း
မောက်ရိပ်သန်းခြင်းက
အကောင်းထက် အဆိုးဘက်ကိုဦးလှည့်တတ်ပါတယ်။

Credit


#

Photos from Shwe Mogok's post 27/04/2024
27/04/2024

...Hello ဘယ်သူရှိလည်ဗျ။
။ ။
ကျွန်တော်ကျောက်အလုပ်ကိုမလုပ်တော့ပါ။

(1)ကျောက်ကိုစစ်ချက်ထုတ်ချင်ရင်ပြောပါ။
(၂)ကျောက်အကြောင်မသိတာရှိရင်မေးပါ။
(၃)ကျောက်ဖြတ်ချင်တယ်ဆိုပြောပါ။
(၄)အကူအညီတောင်လို့ရပါတယ်။
စေတနာအရမ်ပါရင်မုန့်ဖိုးပေးလို့လည်ရတယ်နော်။🤭🤭
ကျွန်တော်ဆရာ‌ေတာ့မဟုတ်ပါစေတနာတော့ပါတယ်။
အကူအညီလိုရင်စာသာပို့လိုက်ပိုက်ဆံတော့လာမချေးနဲ့။😜😜

03/03/2024

လူယုံဆိုတာကလူတစ်ယောက်ရဲ့ယုံကြည်မှု့ကိုရထားတဲ့လူ
ယုံကြည်မှု့ကိုအလွဲသုံးစားလုပ်ရင်နောက်ထပ်ယုံကြည်မှု့ဆိုတာရလာမှာမဟုတ်တော့ဘူကိုယ့်လူ

23/01/2024

မနက်မိုးလင်းအိပ်ယာနိုးတာနဲ့မင်ဂလာဖြစ်တယ်

Photos from Shwe Mogok's post 18/01/2024

#ဆရာများမှခွင့်ပြုပေးပါရန်ခွင့်တောင်းအပ်တယ်
ူရင်းpostမှပြန်လည်မျှဝေပေးချင်ဖြစ်သည်

18/01/2024

ကျွန်တော်သည် တကယ်တော့ဆရာတယောက်မဟုတ်ပါဘူ
ကျောက်ကိုဝါသနာပါလို့ လေ့လာနေတဲ့ ပညာသင်တယောက်ပါ
ကျွန်တော့မယ် အရင်အနှီမရှိပါဘူ အကူအညီပေးမဲ့သူလည်မရှိဘူ
အားပေးမဲ့သူလည်မရှိပါဘူ ကျွန်တော့ဖုန်းတစ်လုံးဘဲရှိတာပါ
လိုင်းပေါ်ကလေ့လာတယ် page တစ်ခုထောင်p ပြန်လည်မျှဝေပေးတယ် liveတွေကြည့်တယ် မသိတာရှိရင်လူအစုံလိုက်မေးတယ် ကျွန်တော့ကိုယံုယံုကြည်ကြည်လာမေးတဲ့သူတွေကိုလည်တတ်သလောက်ပြန်‌ေပြာပြပေပြီ ကျွန်တော်မသိရင်ကျွန်တော်ဆရာတွေစည်ကျွန်တော်ကိုယ်တိုင်သွားမေးပေးpပြန်ပြောပြတာပါ။
ကျွန်တော်ရဲ့အတွေးထဲမယ် ချစ်ရတဲ့သူရယ် , မိဘရယ် , ကျောက်အကြောင်တွေရယ် , ဘယ်သူ့ကိုအကူအညီပေးpဘယ်သူ့စည်ကယုံကြည်မှု့ပြန်ရမလည်ဘဲမျှော်လင့်ချက်ရှိတာပါ ကျောက်ကိုတကယ်ဝါသနာပါpလေ့လာနေတဲ့သူဆိုသူငယ်ချင်းအဖြစ်နဲ့ဖွဲ့ပြီ‌ေကျာက်ပညာကိုအပြန်အလှန်မျှဝေပေးပြီ အယုံအကြည်ဆုံနဲ့တယောက်အကူညီလိုရင်တယောက်ကပြန်ကူညီပေးမဲ့သူ ညီအကိုလိုဆရာတပည့်လို့သူငယ်ချင်းတွေလိုခင်ချင်ပါတယ်
အေးအတူပူအမျှအတူလက်တွဲချင်ပါတယ်။

15/01/2024

ရန်ကုန်ကကျောက်ဖြတ်ချင်တဲ့ညီကိုညိုကီများ‌ေကျာက်ဖြတ်ဖို့နေရာမသိရင်cbမှာဖြတ်ချင်တဲ့ကျောက်ကိုလာပြပေးပါလမ်းကြုံဖြတ်ပေးမယ်

15/01/2024

ဒီရက်ပိုင်အလုပ်လေပေါ်လာလို့အလုပ်ခဏသွားဆင်းပေးလိုက်ပါအုံးမယ်နော်မသိရှိရင်အကူအညီတောင်ချင်ရင်မေးထားပေးပါcbမယ်

15/01/2024

💚မြကျောက်💚

💚မြကျောက်ကတော့ မေလမွေးဖွားသူတွေရဲ့ အဆောင်ကျောက်လေးဖြစ်ပါတယ်။

💚မြကျောက် ဝတ်ဆင်သူတွေဟာ
အေးချမ်း​ခြင်း​၊ အောင်မြင်ခြင်း၊ပျော်ရွှင်ခြင်း စကားအရာမှာ အောင်​မြင်စေခြင်း၊ အမြင်အာရုံ ကောင်းမွန်စေခြင်း စသော အကျိုးကျေးဇူးတွေ ရရှိစေမှာ ဖြစ်ပါတယ်။

💚အထူးသဖြင့် အမျိုးသမီးတွေ ဝတ်ဆင်ရင် မကောင်းသောအန္တရာယ်မဝင်ရောက်စေခြင်း၊ အန္တရာယ်တစ်ခုခုကြုံတွေ့ခါနီးတွင် သတိပေးတတ်ခြင်း ထိုကဲ့သို့ အစွမ်းသတ္တိများ ရရှိစေပါမှာဖြစ်ပါတယ်။

💚မြ ကျောက်ဝတ်ဆင်ခြင်းဟာ အင်မတန်မှ အကျိုးကျေးဇူး များပြားလွန်းတာမို့
အဆောင်အနေနဲ့ဖြစ်ဖြစ် ရတနာကို နှစ်သက်လို့ဝတ်ဆင်တာဘဲ ဖြစ်ဖြစ် မြ ရတနာလေးကို ဝတ်ဆင်ဖို့ အကြံပြုလိုပါတယ်ခင်ဗျာ။

ဒီလိုဗဟုသုတရ‌စရာလေးတွေကို မျှဝေပေးသွားမှာဖြစ်လို့ Page ကို Like & Share လုပ်ပေးထားကြပါအုံးခင်ဗျာ။
#ဆရာများမှခွင့်ပြုပေးပါရန်ခွင့်တောင်းအပ်တယ်
ူရင်းpostမှပြန်လည်မျှဝေပေးချင်ဖြစ်သည်
#မသိသေးသူများလေ့လာမှတ်ယူနိုင်ရန်

Photos from Shwe Mogok's post 14/01/2024

မတ်လဖွားများအတွက် မြပြာ 💙

မတ်လဖွားများအတွက် အဆောင်ကျောက်မှာ ပင်လယ်ပြင်ရဲ့ Aquamarines ခေါ် မြပြာ ဖြစ်ပါတယ်.... မြပြာဟာ အများအားဖြင့် အပြာဖျော့ဖျော့ အရောင် ရှိသော်လည်း အရောင်ရင့်ပါက ပိုပြီး တန်ဖိုးကြီးမားပါတယ်.. မြပြာကို ဥရောပနိုင်ငံများက အမြတ်တနိုး တန်ဖိုးထားကာ ဝတ်ဆင် သုံးစွဲတတ်ကြပါတယ်။ 💙🌟

မြပြာတွင်ရှိတဲ့ ဂုဏ်သတ္တိများမှာ

၁. ချစ်ခြင်းမေတ္တာနှင့် ညီညွှတ်မျှတခြင်း တို့ကို
ဝတ်ဆင်သူအား ယူဆောင်ပေးနိုင်စွမ်းရှိခြင်း

၂. ပင်လယ်နှင့် ဆက်စပ်သော လုပ်ငန်းဆောင်တာ
လုပ်ဆောင်သူများအတွက် ပျော်ရွှင်ခြင်းကို ပေးနိုင်စွမ်းရှိခြင်း

၃. ပင်လယ်ပြင်တွင် သွားလာလှုပ်ရှားနေရသော သင်္ဘောသားများ
အဆောင်ကျောက်အဖြစ် အသုံးပြုပါက မကောင်းသော ဘေးအန္တရာယ်များမှ
ကာကွယ်ပေးနိုင်ခြင်း၊ မုန်တိုင်းများဒဏ်မှ ကျော်လွှားနိုင်ခြင်းနဲ့ စိတ်ချ လုံခြုံ
ချောမွေ့သော ခရီးစဉ် ဖြစ်စေနိုင်ခြင်း

၄. ခိုက်ရန်ဖြစ်ပွားခြင်းကို ပြေငြိမ်းစေနိုင်ပြီး ဒေါသမီးကိုလည်း လျော့နည်းစေနိုင်ခြင်း

၅. ရေကို သန့်စင်စေနိုင်စွမ်းရှိပြီး ရောဂါဘယများကို
ကုစားပေးနိုင်သော အစွမ်းသတ္တိရှိခြင်း။

#ဆရာများမှခွင့်ပြုပေးပါရန်ခွင့်တောင်းအပ်တယ်
ူရင်းpostမှပြန်လည်မျှဝေပေးချင်ဖြစ်သည်
#မသိသေးသူများလေ့လာမှတ်ယူနိုင်ရန်

Photos from Shwe Mogok's post 14/01/2024

မာယာထွေပြား ကျောက်စိမ်းအလှတရား
===========================
စာဖတ်မိတ်ဆွေအားလုံးတို့ သိကြသလို ကမ္ဘာအသိအမှတ်ပြု အရည်အသွေးပြည့်မှီတဲ့ အကောင်းဆုံး ကျောက်စိမ်းဆိုတာ မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာသာ တူးဖော်ထွက်ရှိနိုင်ပါတယ်။

ကျောက်စိမ်း ထွက်ရှိတဲ့ (၃) နိုင်ငံများထဲက ကျန် (၂) နိုင်ငံ ဖြစ်တဲ့ အမေရိကန် နိုင်ငံက တက္ကဆက်စ် ပြည်နယ် ၊ တရုတ်၊ ကွမ်ကျိုးပြည်နယ်က ကျောက်စိမ်းများဟာ အနည်းငယ်သာ ထွက်ရှိလာပါတယ်။ အရည်အသွေးအားဖြင့် လည်း မပြည့်ဝတာကြောင့် ကျောက်စိမ်းချစ်သူများဟာ မြန်မာနိုင်ငံထွက် ကျောက်စိမ်းများကို ကမ္ဘာ့ အကောင်းဆုံးကျောက်စိမ်း အဖြစ်သတ်မှတ်ကြတာ ဖြစ်ပါတယ်။

ကျောက်စိမ်းကို အကြမ်းမျဉ်း ခွဲခြားကြည့်ခြင်း

လမ်းဘေး ကျောက်တုံး တစ်တုံးနဲ့ ကျောက်စိမ်း အရိုင်းတုံး တစ်တုံးကို ကျောက်ပညာရှင်များက နေရောင်အောက် မှာ အနီးကပ် ကြည့်မယ် ဆိုရင် လက်လက် လက်လက် နဲ့ လင်းလက်နေတဲ့ အမှုန်လေးတွေကို မြင်ရပါတယ်လို့ ဆိုပါတယ်။ မှောင်တဲ့ နေရာမှာဆိုရင်တော့ ကျောက်ကြည့် ဓါတ်မီး နဲ့ထိုးကြည့်ရင် မြင်ရတယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ကျောက်စိမ်းတုံး တစ်တုံးမှာ အရောင်လက်နေစေမယ့် ယမ်း ခေါ် Crystal ပါဝင်တယ်လို့ သိရပါတယ်။ ကျောက်စိမ်းမှန်ရင် ကျောက် အကာဖြစ်တဲ့ ယမ်း ခေါ် Crystal ကြောင့် လင်းလက်နေမှာပါ။ ယမ်းချော၊ ယမ်းစိပ်၊ ယမ်းကျဲ အပေါ်လိုက်ပြီး ကျောက်စိမ်း ကောင်းခြင်း မကောင်းခြင်း ကွဲပြားသွားပါတယ်။ ယမ်းစိပ်ရင် ကျောက်သားတင်းပြီး ကျောက်ကောင်းတယ်လို့ ဆိုပါသေးတယ်။

သိသင့်တဲ့ ကျောက်စိမ်းအခွံ အကြောင်း

ကျောက်စိမ်းအရိုင်းတုံးကို ဝယ်မယ်ဆိုရင် ကျောက်စိမ်း အခွံအကြောင်း သိကို သိထားရပါမယ်။ အဓိကအားဖြင့် ကျောက်စိမ်းအခွံကို ကုန်းခွံ နှင့် ရေခွံဆိုပြီး ခွဲခြားထားပါတယ်။ ရေခွံ ပါတဲ့ ကျောက်ဟာ အသားကောင်းပြီး ပြောင်ချောနေပါတယ်။ ကျောက်စိမ်းထွက်ရှိရာ မြစ်ချောင်းအင်းအိုင်တွေက ထွက်ရှိလာတဲ့ ကျောက်ခွံ ဖြစ်ပြီး အရွယ်အစား အမျိုးမျိုး ရှိပါတယ်။

ကုန်းခွံကိုတော့ (၁) မြေမှန်(၂) ကုဋေကျောက်ဆိုပြီး ကွဲပြားသွားပါတယ်။ မြေမှန်ကို ကျောက်စိမ်းထွက်ရှိရာ ကုန်းမြေများမှာ တူးဖော်ရရှိပြီး အခွံအမျိုးမျိုး ကွဲပြားထွက်ပေါ် လာပါသေးတယ်။ ကုဋေကျောက်ရဲ့ အခွံဟာတော့ ကပ်တရာစေး ကပ်နေသလို မဲမဲပြောင်ပြောင်ပါနေပြီး ချော်ကပ်တယ်လို့ ခေါ်ကြပါတယ်။ မော်ဝမ်းလေး ၊ မော်ဝမ်းကြီး ၊ မော်မောင်းကုန်တို့မှ အဓိက ထွက်ပါတယ် ။

အသေးစိပ် ကျောက်ခွံအမျိုးမျိုးမှာ

၁။ အမည် ဝါးဖတ်ခွံ (ဝါးဖတ် အရောင် အဆင်း နဲ့တူပြီး ကျောက်မျိုး ကောင်းတတ်ပါတယ်) ၂။ အမည် အင်္ဂတေခွံ( အင်္ဂတေ အရောင် ရှိပြီး ကျောက်သား ပျက်တတ်ပါတယ် ။ မျိုးမကောင်းတတ်ပါ) ၃။ အမည် သံချေးခွံ(သံချေး တက်နေပုံ အခွံ ရှိရင် ကျောက် က မျိုးရင့်တတ်ပါတယ် ။ ဖြတ်ကြည့်ရင် အခွံ (၂)ထပ်ရှိပါတယ်) ၄။ သစ်တော်ခွံ (ခ) အာလူးခွံ(သစ်တော် (သ့ို) အာလူးသီး အခွံ အရောင်ပါ။ မျိုးကောင်းတတ်ပါတယ်) ၅။ ဖွဲနုခွံ(စပါးဖွဲနု အရောင်မျိုး ဖြစ်ပြီး အခွံက နုပါတယ်) ၆။ ဖွဲလတ်ခွံ (စပါးခွံ ဖွဲ အရောင် ပါပဲ ။ အခွံ ကို စမ်းကြည့်ရင် အခွံ က ကြမ်းပါတယ် ) ရ။ ဖွဲကြမ်းခွံ (အခွံ အကြမ်းဆုံးပါ) ၈။ ဖယောင်းခွံ ( ဖယောင်းရည် သုတ်ထားသလို ပြောင်ချောချော ဖြစ်ပါတယ်) ၉။ မုံထုခွံ( သနပ်ခါး အရောင် ရှိပြီး မျိုးကောင်းတတ်ပါတယ်) ၁၀။ မုံထု ခွံကြွေ(လက်နဲ့ကိုင်ကြည့် လိုက်ရင် အခွံအစအနလေးတွေ ပါလာပြီး မျိုးကောင်းတတ်ပါတယ်) ၁၁။ ခွံကြမ်း(ကိုင်ကြည့်ရင် အလွန်ကြမ်းတမ်းပါတယ်) ၁၂။ ခွံထူ (အခွံ မှာ သိသိသာသာ ထူနေတတ်ပြီး ကောင်းမကောင်း နဲ့တော့ မသက်ဆိုင်ပါ) ၁၃။ ခွံကျစ် အခွံ မှာ ကျစ်လစ် သိပ်သည်းလွန်းတတ်ကာ အသား ပျက်တတ်ပါတယ်) ၁၄။ ခွံပျက် (ကျောက်တစ်တုံးထဲ ရဲ့တစ်နေရာ မှာ အခွံ တစ်မျိုး ၊ အခြား နေရာ မှာ အခွံ တစ်မျိုး ဖြစ်တာကို ခွံပျက် လို့ခေါ်ပြီး အသားပျက်တတ်ပါတယ်)
ရေမဆေး ကျောက် ဆိုတာ မျိုး ကို ဝယ်တော့မယ် ဆိုရင် ၊ သူ့ရဲ့အခွံလေး ကို နဲနဲပွတ်တိုက်ကြည့် ၊ ပွတ်သပ်ကြည့်ပြီး မှ သေချာ လေ့လာ ဝယ်ယူရပါတယ်လို့ သိရှိရပါတယ်။

မြန်မာတို့ဟာ ကျောက်စိမ်းကို ပုတီး ၊လက်ကောက် ၊လော့ကက်၊ ဘုရားဆင်းတု ၊ ပန်းပု ၊ ကျောက်စိမ်းပန်းချီစသဖြင့် သုံးခဲ့ကြပါတယ်။ ယနေ့လို ခေတ်ကြီးမှာတော့ ပိုက်ဆံ တတ်နိုင်သူများဟာ ကျောက်စိမ်းကို ပါကေးပြားလုပ် ခင်းလာပါတယ်။ အိမ်တွင်းမီးဆိုင်းတွေကို ကျောက်စိမ်းတွေနဲ့ ထုတ်လုပ်လာပါတယ်။ ကျောက်စိမ်းလုံးလေးတွေ ကို အခင်းသဖွယ်ယက်ပြီး ကားဖင်ထိုင်ခုံ အောက်မှာ ခင်းကြတာကို တွေ့ရပါတယ်။

ကျောက်စိမ်းရဲ့ သဘာဝဓာတ်က အအေးဓါတ်ရှိတာမို့ နိုင်ငံရပ်ခြား သူဌေးတွေဟာ ကျောက်စိမ်းကုတင်၊ ကျောက်စိမ်း ထိုင်ခုံစသဖြင့် သုံးစွဲကြကြောင်း သိရှိရပါတယ်။ ပုံမှာ တွေ့ရှိရတဲ့ လှပတဲ့ ပုတီးများကတော့ ကျောက်စိမ်းကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ကျောက်စိမ်းဟာ နန်းထိုက်ပြီး အဆင့်အတန်းကို မြှင့်တင်ပေးတဲ့ မာယာထွေပြားတဲ့ မြန်မာ့ သယံဇာတ ဖြစ်တယ်လို့ ဖော်ပြပေးလိုက်ပါတယ်။
=====================================================================================
Page အား Like & follow လုပ်ထားချင်းဖြင့်
ဝင်ရောက်လေ့လာနိုင်ပါတယ်။
အများလေ့လာခွင့်ရအောင် Share ပေးဖြင့်ကူညီပါ။

#ဆရာများမှခွင့်ပြုပေးပါရန်ခွင့်တောင်းအပ်တယ်
ူရင်းpostမှပြန်လည်မျှဝေပေးချင်ဖြစ်သည်
#မသိသေးသူများလေ့လာမှတ်ယူနိုင်ရန်

Photos from Shwe Mogok's post 10/01/2024

#မန်းဆိုတာဘာလဲ အပိုင်း (၇)

👉 မန်းတုံး

တစ်လုံး လုံးအရည်ခဲဖြစ်သည်။အကာမျိုးတွင်ပိုတွေ့ရတတ်သည်။

👉 မန်းကာ

မန်းတုံးပေါ်မှ တိုက်ချွတ်ပါက အကာခံနေလျှင် အောင်ကျောက်ဖြစ်သည်အသားဆန်းမည်

မန်းအကြောင်းတော့ပြီးပါပြီခင်ဗျာ
နောက်ထပ် သိချင်တာ များရှိရင် cm မှာ ရေးပေးခဲ့ပါ ခင်ဗျာ 🙏🏼🙏🏼🙏🏼

ဖြည်းဖြည်းနဲ မှန်မှန် နည်းနည်းနဲ့ ထိထိရာက်ရောက် လေ့လာကြမယ် ခင်ဗျ
အကျိုးရှိတယ်ဆိုရင် Like 👍 & Share ဖြင့်ကူညီ ပေးခဲ့ကြပါဦးခင်ဗျာ 🙏🏼🙏🏼🙏🏼

#ဆရာများမှခွင့်ပြုပေးပါရန်ခွင့်တောင်းအပ်တယ်
#မသိသေးသူများလေ့လာမှတ်ယူနိုင်ရန်
ူရင်းpostမှပြန်လည်မျှဝေပေးချင်ဖြစ်သည်

Photos from Shwe Mogok's post 09/01/2024

တကယ်တော့ ကျောက်ပညာရပ်မှာအခွံကိုကြည့်ပြီး အတွင်းကျောက်သားရမရကိုခေါင်းတတ်ဖို့လဲအရမ်းကိုအရေးပါတဲ့ပညာရပ်ပါ... အခွံကိုကြည့်တတ်ပြီဆိုရင် ကျောက်ကောင်းတလုံးရဖို့ အနေအထားတခုထိအောင်မြင်နေပါပြီ...

ကျောက်စိမ်းတုံးတလုံးရဲ့အခွံမှာ ရေခွံ၊ ကုန်းခွံ (မြေမှန်/ကုဋေ) ဆိုပြီးသတ်မှတ်ကြပါတယ်...

ကုန်းခွံတွေရဲ့သဘာက လက်နဲ့ပွတ်သပ်ကြည့်မယ်ဆိုရင်ကြမ်းရှတဲ့အထိအတွေ့ကိုခံစားရနိုင်ပြီး ရေခွံတွေရဲ့သဘောသဘာဝကတော့ ချောမွေ့မှုရှိပါတယ် (ဥပမာ တာမခံရေခွံ)... ယမ်းတွေရဲ့အနေအထားကလဲ ရေအောက်ထဲမှာကထဲက တိုက်စားခံခဲ့ရမှုကြောင့် ယမ်းပါးပြီး အခွံနဲ့တပြေးထဲလိုကပ်နေတတ်လို့ လက်နဲ့ပွတ်သပ်ကြည့်မယ်ဆိုရင် ချောမွေ့တဲ့အထိအတွေ့မျိုးကိုခံစားရတာဖြစ်ပါတယ်... ယမ်းစုဖွဲ့ပုံအနေအထားကိုသေချာစစ်ရာမှာ ကုန်းခွံကျောက်တွေထက်ပိုပြီးကြည့်တတ်ဖို့လိုအပ်ပါတယ်... အခွံပါးမျိုးမို့လို့ မီးပေါက်ချက်ကောင်းတယ် အတွင်းကျောက်ဆီပြည့်ဝမှုကိုလဲအလွယ်တကူအကဲခတ်နိုင်ပါတယ်... (တာမခံကျောက်တွေဟာ သူ့ရဲသန္ဓေကိုကကျောက်ဆီကျောက်သားကောင်းပါတယ်)...
ရေခွံအပြင် ကုန်းခွံ၊ ရေတပိုင်း ကုန်းတပိုင်းအခွံ အစရှိတဲ့အခွံမျိုးတွေကိုလဲတွေ့ရတတ်တယ်... မည့်သည့်ကျောက်အခွံမျိုးမဆို အခွံတွေရဲ့ဖြစ်တည်မှုပုံစံတွေမှာ အခေါက်ခွံနဲ့ အကာခွံ ဆိုပြီး၂မျိုးရှိပါတယ်... ဒီအခွံ၂မျိုးစလုံးဟာ မီးပေါက်ချက်သိပ်ပြီးမတွေ့ရတတ်ဘူး... မီးပေါက်ချက်ကောင်းတဲ့အခွံပါးမျိုးတွေကတော့ လူကြိုက်များတဲ့အခွံမျိုးပေါ့... ဒီလိုကျောက်တွေကိုပဲ လူတွေကအဝယ်များကြပါတယ်...

ပြောချင်တာက မီးမပေါက်တဲ့ (မီးပေါက်အားနည်းလွန်း) အခေါက်ခွံတွေ အကာခွံတွေကိုတွေ့ပြီဆိုရင် အလွယ်တကူလက်မရှောင်လိုက်သင့်ပဲ အတွင်းကျောက်သားကောင်းမကောင်းကိုဆက်ပြီးခေါင်းရမှာပါ... သူ့ရဲ့အထိုင်နဲ့ဝိတ်ကိုကြည့်ပြီး ကျောက်သက်အနု အရင့်ကိုသုံးသပ်ရမယ် (မီးထိုးလဲမပေါက် အထိုင်လုံးဝန်းပြီး ဝိတ်မစီးတဲ့ကျောက်ဆိုရင်တော့ အစောကြီးလက်ရှောင်တာကောင်းပါတယ် ဖြတ်ရင်လဲအသားပိတ်တဲ့ကျောက်ဖြစ်ဖို့များလို့ပါ)... ကျောက်သက်ရင့်တဲ့အထိုင်ပုံစံကိုမြင်ရပြီဆိုရင် အခွံအနေအထားကောင်းမကောင်းကိုဆက်ပြီးကြည့်ရမယ်၊ အခွံပုံစံလဲကောင်းမွန်နေပြီးဆိုမှ အခွံပေါ်ကကျောက်ယမ်းကိုဆက်ပြီးလေ့လာပါ... မီးပေါက်ချက်မတွေ့ရတဲ့အတွက် ကျောက်မျိုးရမရကိုသိဖို့ရန်အတွက်က ယမ်းဖွဲ့စည်းပုံဟာ အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်လာပါပြီ... ကျောက်သက်ရင့်တဲ့ကျောက်တလုံးဖြစ်နေပြီဆိုပေမဲ့လဲ ယမ်းအစုအဖွဲ့မကောင်းဘူးဆို မဖြတ်သင့်တဲ့ကျောက်တလုံအနေအထားဖြစ်သွားမှာပါ... အထိုင်၊ ဝိတ်၊ အခွံအနေအထားအပြင် ယမ်းစုဖွဲ့မှုပါကောင်းမွန်တယ်ဆိုရင်တော့ အတွင်းကျောက်သားကောင်းရဖို့ စျေးတခုချိန်ညှိ့ပြီးခေါင်းလို့ရပါတယ်... ဖြတ်မယ်ဆိုရင်တောင် သင့်တင့်တဲ့စျေးတန်းတခုနဲ့ဝယ်ယူပြီးဖြတ်လို့ရပါတယ်...

အကာခွံကတော့ အခေါက်ခွံထက်ခေါင်းရတာ ပိုပြီးမျှော်လင့်ချက်ရှိပါတယ်... လူအများစုက ရှာဖွေနေတဲ့ကျောက်အခွံကလဲ အခေါက်ခွံမှာ အကာခံနေတဲ့ အကာခွံမျိုးမို့ပါ...
မိတ်ဆွေအားလုံး အဖျက်လက္ခဏာကင်းပြီး (အထိုင်၊ အလေးချိန်၊ အခွံ၊ ယမ်း) အလုံးစုံကောင်းမွန်လို့ အကာခံတဲ့ကျောက်မယ်ကျောက်ကောင်းတွေပိုင်ဆိုကြပါစေ...

Page အား Like & follow လုပ်ထားချင်းဖြင့်
ဝင်ရောက်လေ့လာနိုင်ပါတယ်။
အများလေ့လာခွင့်ရအောင် Share ပေးချင်းဖြင့် ကူညီပါ။

#ဆရာများမှခွင့်ပြုပေးပါရန်ခွင့်တောင်းအပ်တယ်
ူရင်းpostမှပြန်လည်မျှဝေပေးချင်ဖြစ်သည်
#မသိသေးသူများလေ့လာမှတ်ယူနိုင်ရန်

08/01/2024

ခေါင်းတယ်ဆိုတာ guessing ခန့်မှန်းတာကိုပြောတာပါ။
ကျောက်လောကမှာ
▪️ကျောက်ကိုခေါင်းတယ်
▪️လူကိုခေါင်းတယ်
▪️စျေးကိုလည်းခေါင်းတယ်

Photos from Shwe Mogok's post 08/01/2024

#အထိုင်အကြောင်း

ကျောက်စိမ်းအကြောင်း ပြောကျရအောင်ဆိုရင် အရမ်းကျယ်ပြန့်တော့ ပြောရခက်ပါတယ်.။

အလွယ်တကူလေ့လာလို့ရတဲ့နည်းလမ်းတော့ရှိပါတယ်။

ကျောက်အကြောင်း လုံးဝမသိတဲ့သူတွေအတွက်တော့
ကျောက်စိမ်းလို့ပြောလိုက်တာနဲ့ စိမ်းနေတဲ့ကျောက်ကို
မြင်ယောင်ကျပါလိမ့်မယ်။ ဒီလိုတစ်တုံးလုံးစိမ်းနေတဲ့ ကျောက်ကိုမြင်ရဖို့ဆိုတာကလည်း အင်မတန်မှ ခက်ခဲလွန်းလှပါတယ်။

ကျောက်ကြည့်တတ်ဖို့အတွက် အခြေခံအဆင့်တွေရှိကြပါတယ်။

ပထမတစ်ချက်က ကျောက်လို့ပြောလိုက်တာနဲ့ စာဖတ်သူတို့ မြင်ယောင်ကြည့်လိုက်ပါ။

ကျောက်တုံးကျောက်ရိုင်းတွေမဟုတ်လည်း ကျောက်လို့ပြောနိုင်တဲ့ ကိုယ့်ပတ်ဝန်းကျင်ကကျောက်တွေကို တစ်ချက်ကြည့်လိုက်ပါ။

ကျောက်ကိုကြည့်လိုက်တာနဲ့ ကျောက်တုံးကြီးရဲ့ပုံစံကိုမြင်ကျရပြီ မဟုတ်လား ။

လုံးဝန်းနေတာ တြိဂံလို လေးထောင့်မကျတကျလို ပုံစံအမျိုးမျိုးရှိနေတာကို မြင်ကျရလိမ့်မယ် ပုံစံအမျိုးမျိုးရှိနေတာကို ကျောက်စိမ်းမှာ အထိုင်လို့ပြောကြတယ်...
ကျောက်စိမ်းအထိုင်ပေါ့ဗျာ။

ကျောက်တစ်လုံးကို ကြည့်တော့မယ်ဆို ပထမအထိုင်ကို အရင်ကြည့်ရလိမ့်မယ်။

အထိုင်ကအရေးကြီးလို့လား? ဆိုပြီးစာဖက်သူတို့ မေးချင်လိမ့်မယ်။ တစိတ်တပိုင်းတော့ အရေးကြီးပါတယ်..... ကျောက်စိမ်းမှာ အထိုင်ဟာ အရေးကြီးတဲ့အပိုင်းမှာပါဝင်ပါတယ်။

ကျောက်စိမ်းခေါင်းကျောက်ကို ကြည့်တဲ့အခါမှာ အထိုင်ကို ကျောက်ကောင်းဖြစ်မဖြစ်ဆိုတဲ့ အချက်နဲ့စဉ်းစားတဲ့အချိန် ဒီကျောက်ဟာ ကျောက်ကောင်းဖြစ်နိုင်မဖြစ်နိုင် အထိုင်ကိုလဲ ထည့်တွက်ရတဲ့အချက်မှာပါတဲ့အပြင် မြေကြီးထဲ အထိုင်ကျတဲ့အခြမ်းးက ကျောက်မျိုးပိုရင့်ပါတယ်ဗျ။

ပြီးတော့ ကျောက်စိမ်းရဲ့အထိုင်ဟာအမျိုးမျိုးရှိပါတယ်။
အထိုင်မှာ အကောင်းဆုံးအထိုင်ဟာ လေးထောင့် ကျနေတဲ့အထိုင် ဆနွင်းမကင်မုန့်ရဲ့ခြောက်ထောင့်အထိုင်....
စတုရန်းအထိုင် ဆဌဂံလိုအထိုင်တွေဟာ ကျောက်ကောင်း ဖြစ်စေတတ်တဲ့အထိုင်တွေပါ။

ဒီလိုအထိုင်ဖြစ်နေတဲ့ကျောက်ဟာ ကျောက်စိမ်းကောင်းဖြစ်စေတတ်တာမို့ ရေမဆေးဝယ်တဲ့အခါမှာ အထိုင်လှတဲ့ကျောက်တွေက စျေးပေးရတာများပါတယ်။

ရေမဆေးမှာတော့ ကျောက်သမားတိုင်းက အထိုင်လှရင်ဝယ်ကျတာများပါတယ်။ ရေမဆေးမှာက ဘာမှမမြင်ရသေးတော့ ထင်သာမြင်သာအရှိဆုံးကတော့အထိုင်ပါ။

အထိုင်ကိုမြင်ရတာနဲ့ ကျောက်ဟုတ်မဟုတ်ဆိုတာတောင်ခွဲခြားနိုင်ပါတယ်။

ကျောက်စိမ်းတွေဟာ ထောင့်ကျကျဖြစ်နေတတ်လို့ပါ။တချို့ စီနီယာကျောက်သမားတွေ ဆိုလျှင် ကျောက်ရဲ့ အထိုင်ကို မြင်တာနဲ့ အရည်အထိုင်/ အသားဆန်းအထိုင်ဆိုပီး ခန့်မှန်းတက်ကျပါတယ်ဗျ။

အထိုင်မလှဘူးဆိုတာကတော့ လုံးဝန်းသောအထိုင်ပါ။
ကျောက်ရဲ့ထုအရမ်းပါးရင်လဲ အထိုင်မလှတဲ့အနေနဲ့
သတ်မှတ်ပါတယ်။

(ဥပမာ) အာလူးလိုလို ဘောလုံးလိုလို ဘဲဥလိုလို အထိုင်တွေပေါ့ဗျာ။ ဒီလိုအထိုင်မလှတဲ့ ကျောက်တွေဟာ ကျောက်ကောင်းဖြစ်ဖို့ အတော်ခက်ပါတယ်။

အချို့အထိုင်တွေကတော့ အလုံးနဲ့ထောင့်တွေရောရာဖြစ်နေတတ်ပါတယ်။

ဒီလိုအထိုင်မလှတဲ့ကျောက်တွေဟာ ကျောက်ကောင်းဖြစ်ရန်ခက်ခဲတဲ့အပြင် အဖျက်တွေပါ ပါနေတတ်ပါတယ်။
ဒီလိုကျောက်တွေဟာ ရှင်းပါနေတတ်ပါတယ်။ အထိုင်မလှတဲ့ကျောက်တွေဆို ကျောက်သမားများက ရှင်းအထိုင်ဆိုပြီးခေါ်ကျပါတယ်။

ဒီလောက်ဆိုရင်တော့ အထိုင်အကြောင်းအတော်သိပါပြီ အထိုင်ကြည်နည်းနှစ်မျိုးပဲရှိပါတယ်။

လေးထောင့်ကျကျနဲ့ထောင့်တွေများရင် အထိုင်လှပြီး
လုံးဝန်းတဲ့အနေအထားဆိုရင် အထိုင်မလှပါဘူး။

ရှေးက စီနီယာကြီးတွေပြောပြသလို ကျောက်လုံးကျောက်ပြားဆိုရင် မဝယ်နဲ့ဆိုတာပေါ့ဗျာ။အထိုင်မလှတာကို မဝယ်နဲ့ဆိုပြီး ပြောကျတာပါ ။

အထိုင်ကြည့်တတ်တာနဲ့ စာဖတ်သူဟာ ကျောက်ကောင်းဖြစ်နိုင်မဖြစ်နိုင်ဆိုတာ သုံးသပ်လို့ရပါပြီ..။

တောမှော်နဲ့ ရေကျောက်တွေကတော့ အထိုင်မရှိပါဘူးဗျာ။

ရေကျောက်လို့ အလွယ်တစ်ကူခေါ်ရတာက မြစ်ချောင်းကရတဲ့ကျောက်စိမ်းကို ရေကျောက်လို့ခေါ်ကြပါတယ်။
ရေကျောက်ကတော့တာမခံကျောက်တွေပါ။ မြစ်ရေရဲ့ တိုက်စားကြောင့် အပေါ်ယံအခွံတွေဟ ချောမွတ်သွားတာဖြစ်ပါတယ်။

တောမှော်ကျောက်ကတော့ ပင်မကျောက်စိမ်းကြောတွေကနေ ဒိုင်းနမိုက်နဲ့ခွဲယူကြတော့ အထိုင်မရှိဘူးပေါ့ဗျာ။

ဒီလိုကျောက်ကတော့ အထိုင်က သိပ်အရေးမပါတော့ တာကိုတွေ့ရပါတယ်။

မှတ်ချက် (အထိုင်လှပြီး မအောင်တဲ့ကျောက်တွေလဲရှိတက်သလို့ အထိုင်မလှတဲ့ကျောက်ရုပ်ဆိုးတွေလဲ အောင်တဲ့ကျောက်တွေရှိပါတယ်)

ကျောက်စိမ်းမှာ ယမ်းနဲ့ မျိုးတန်းပြီးရင် အထိုင်က အရေးကြီးတယ်ထဲ့မှာပါတယ်။

Page အား Like & Follow လုပ်ထားချင်းဖြင့်
ဝင်ရောက်လေ့လာနိုင်ပါတယ်။
အများလေ့လာခွင့်ရရှိအောင် Share ပေးချင်းဖြင့်ကူညီပါ။

#ဆရာများမှခွင့်ပြုပေးပါရန်ခွင့်တောင်းအပ်တယ်
ူရင်းpostမှပြန်လည်မျှဝေပေးချင်ဖြစ်သည်

Photos from Shwe Mogok's post 07/01/2024

#မန်းဆိုတာဘာလဲ အပိုင်း (၆)

👉 ကျားကိုက်မန်း

ကျောက်၏မျက်နာပြင်အပေါ်အောက်တွင် ကျားကိုက်လျင်သွားရာထင်သကဲ့သို့ တည်ရှိနေသောမန်းဖြစ်သည်။အရည်၀င်နိင်သည် ။

👉 ကြိုး

ကျောက်ပေါ်တွင် ကြိုးစလေး ကဲ့သို့ဖြစ်နေသောမာန်းဖြစ်သည် တိုက်ဖောက်(ကွမ်)ရန်အကောင်းဆုံးဖြစ်ပြီး အရည်၀င်နိင်ခြေနည်းသည်။

👉 ကြိုးပါတ်

ကျောက်တွင်ကြိုးလုံးလေးဖြင့်ပါတ်ထားသကဲ့သို့ဖြစ်သည် မန်းပိပြာက ရာနုန်းပြည့်အရည်၀င်သည်။

👉 ကြိုးငုတ်

ကြိုးပါတ်မန်းပါသောလည်း ကြိုးမှာပေါ်လိုကပျောက်လိုက်ဖြစ်သည် အရည်၀င်နိင်သည်။

ဖြည်းဖြည်းနဲမှန်မှန် နည်းနည်းနဲထိထိရောက်ရောက်
ကျောက်ပညာကို လေ့လာကြမယ် 🙏🏼🙏🏼🙏🏼
ထမင်းမငတ်သော ပညာ များတွင် ကျောက်ပညာလည်းပါဝင်ပါတယ် မိတ်ဆွေ 🙏🏼🙏🏼🙏🏼

#ဆရာများမှခွင့်ပြုပေးပါရန်ခွင့်တောင်းအပ်တယ်
#မသိသေးသူများလေ့လာမှတ်ယူနိုင်ရန်
ူရင်းpostမှပြန်လည်မျှဝေပေးချင်ဖြစ်သည်

Photos from Shwe Mogok's post 07/01/2024

#မန်းဆိုတာဘာလဲ အပိုင်း (၅)

👉 ကောက်ရော့မန်း

အခွံပေါ်တွင်ကပ်နေသည့်ပုံစံရှိသောမန်းဖြစ်သည် ကျောက်၏မျက်နာပြင်တဖက်သို့မဟုတ် ထောင့်စွန်တခုတွင်ကပ်နေတတ်သည်။အရည်မ၀င်နိင်ပါ။

👉 စည်ပိတ်မန်း

စည်တော်ကြီးတွင် သားရေပြားမှာ မျက်နာချင်းဆိုင်ဘက်တွင်ကပ်ထားသလို ကျောက်တွင် အရည်မန်းမှာ မျက်နာချင်ဆိုင်၂ဘက်တွင်ကပ်နေသောမန်းဖြစ်သည်။အရည်၀င်နိင်သည်။

👉 ဓါးဆို့ထိုးမန်း

အားလူးသီးမီးဖုတ်ရန်ဓားဆို့ဖြင့်ထုတ်ချင်းဖောက်ထိုးထားသကဲ့သို့ ကျောက်အထိုင်အောက်ဘက်နှင့်
ကျောက်၏ကျောပေါ်တွင်ရှိသောမန်းတို့မှာတဖြောင့်ထဲရှိသည် အရည်၀င်သည်။

ဖြည်းဖြည်းနဲ့မှန်မှန် နည်းနည်းနဲ့ ထိထိ ရောက်ရောက် လေ့လာကြမယ် 🙏🏼🙏🏼🙏🏼

#ဆရာများမှခွင့်ပြုပေးပါရန်ခွင့်တောင်းအပ်တယ်
#မသိသေးသူများလေ့လာမှတ်ယူနိုင်ရန်
ူရင်းpostမှပြန်လည်မျှဝေပေးချင်ဖြစ်သည်

06/01/2024

မနက်ဖန်မှ ကျောက်စိမ်းမန်း
အကြောင်းဆက်တင်ပေးမယ်နော် ရတယ်မလား။
#မကြာမှီလာမည်မျှော် အပိုင်း(၅/၆)

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

#crdမူရင်းpostမှပြန်လည်မျှဝေပေးချင်ဖြစ်သည် #မသိသေးသူများလေ့လာမှတ်ယူနိုင်ရန်

Category

Art

Telephone

Address


Yangon
Other Art in Yangon (show all)
Shine Chit Aung Shine Chit Aung
ရန်ကုန်
Yangon, HI

A.L.W ဘဝကိုအရိုးသားဆုံးရှင်သန့်သည် TTဆော့သည်

De’ DUO De’ DUO
Yangon

We are representing the team of real artists. We only focus on the standard editorial art work here i

Aung.  Khant Zin Aung. Khant Zin
Maharsi Sasana Yeikthar Street, Bahan Tsp;
Yangon

Aung Onile Shop

Aung Aung Aung Aung
Yangon

4th Mr.Tourism Myanmar2020 4th Miss &5th Mrs. Beauty Empress Myanmar 2020 4th Mr.Tourism Myanmar2020 4th Miss &5th Mrs. Beauty Empress Myanmar 2020
Yangon

အသားဖြူထိုးဆေး သောက်ဆေး lotion instock

K's Crochet K's Crochet
Yangon

� K �

Black Giant Tattoo Studio Black Giant Tattoo Studio
သာကေတ Capital မှတ်တိုင်ဆင်းဆင်းချင်း တိုက်၂၄၉ ကွန်ဒိုပထမထပ်
Yangon, 11241

Welcome My Tattoo Studio

Kyaw thu Kyaw thu
Yangon

hellp

Wyne Fashion House Wyne Fashion House
Yangon

We would like to promote clothing fashion as a part of the industry, hence, we will try to provide t

Vương Tuệ Nhi Vương Tuệ Nhi
Yangon, 11081

Oo Wai Oo Wai
Yangon

K Lin Thaw K Lin Thaw
Yangon

My likr Feeling ❤🙆😍