Yatchainyou - ရက်ချိန်းယူ
Nearby clinics
တိုက် ၂၀၁၊ အခန်း ၆၊ ရန်ရှင်းလမ်း၊ ရန်ကင်းမြို့နယ်
Pyay Road
11061
အောင်မင်္ဂလာအဝေးပြေးကွင်း
11071
South Okkalapa
Kyuntaw Street
Room
Kyauktada Township
11211
This is the medical application. For booking for the OPD.
🗣️ လင်းလက် အကြောအဆစ် နှင့်
အထွေထွေရောဂါကုဆေးခန်း
ဆရာဝန်စာရင်းနှင့်အချိန်စာရင်းများကို
ရက်ချိန်းယူမှတစ်ဆင့် ရက်ချိန်းယူနိုင်ပါပြီ။ 📢
Play Store Link - https://play.google.com/store/apps/details?id=yatchain.yatchainyou.com
သီတင်းကျွတ် လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့
မြန်မာ သက္ကရာဇ် ၁၃၈၅ခု၊ ၂၉ရက် ၁၀လ ၂၀၂၃ တွင်ကျရောက်သော
ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယတွင် လူကြီးမင်းများအားလုံး ကြည်စင်လင်းလက်၊ ရွှမ်းမြသာယာ လပြည့်ဝန်းပမာ
အေးချမ်းသာယာပါစေကြောင်း
ကျွန်တော်တို့ ရက်ချိန်းယူ မိသားစုမှ
ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ခင်ဗျ
ဆီးချိုရှိသူတွေ ဖျားတဲ့အခါ ဒီအချက်လေးတွေကို သတိထားဖို့ လိုပါမယ်။
ကာလဝမ်းရောဂါကို ခံစားနေရခြင်းကြောင့် သွေးလည်ပတ်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ပျက်စီးစေမှာဖြစ်ပြီး ရုတ်တရက် သတိလစ်ခြင်းကိုပါ ဖြစ်ပွားစေနိုင်တာကြောင့် အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရပြီ ဆိုတာနဲ့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။
ကာလဝမ်းရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။
ကာလဝမ်းရောဂါ ဆိုတာကတော့ ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့် ဝမ်းပျက်ခြင်း၊ ရေဓာတ် ခမ်းခြောက်ခြင်းစတဲ့ ဝေဒနာတွေ အပြင်းအထန် ခံစားရခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ကာလဝမ်းရောဂါကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ မသန့်ရှင်းတဲ့ရေကို သောက်သုံးမိခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကာလဝမ်းရောဂါ ခံစားရတဲ့ အခါမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တာကြောင့် တတ်နိုင်သမျှ အမြန်ဆုံး ကုသမှုကို ခံယူသင့်ပါတယ်။
အသက်ကြီးတဲ့အထိ သွားလာနိုင်ချင်တယ်၊ အစားတွေကိုကောင်းကောင်းစားနိုင်ချင်ရင် ငယ်ငယ်ကတည်းက အရိုးတွေ၊ သွားတွေကောင်းဖို့လိုပါတယ်။ အရိုးတွေက လူငယ်ဘဝ အစပိုင်းလောက်တွေမှာ အခိုင်မာ အတောင့်တင်းဆုံး အနေအထား ရှိကြပါတယ်။ အသက် ၃၀ ကျော်တာနဲ့ ပါးလွှာမှု အစပြုပါပြီ။ အမျိုးသမီးတွေ အတွက်တော့ သွေးဆုံးတယ် ဆိုတဲ့ ဘူတာလွန်ရင် သိသိသာသာ အရိုးတွေ ပါး၊ ပွပြီး ကျိုးပဲ့ဖို့ လွယ်ကူတဲ့ အနေအထား ရောက်တော့တာ ပေါ့။ အရိုးတွေ သန်မာအောင် လုပ်လို့ ရသလောက် လုပ်ကြရမှာပေါ့။
ကျန်းမာရေးဆောင်းပါးများ ဖတ်ချင်ရင်
Yatchainyou Application ကို
ခုပဲ download လုပ်လိုက်ပါ
Play Store Link - https://play.google.com/store/apps/details?id=yatchain.yatchainyou.com
အရိုးပွ၊ အရိုးပါးရောဂါ
ကြိုတင်ကာကွယ်ပါ
ကျောက်ကပ် ဆိုတာ လူ့ခန္ဓာကိုယ်မှာ ရှိသမျှ အဆိပ်အတောက်တွေကို ဆီးက တစ်ဆင့် စွန့်ထုတ်သန့်စင်ပေးတဲ့ အရေးပါတဲ့ အစိတ်အပိုင်းပါ။ ကျောက်ကပ်က ပုံမှန် အလုပ်မလုပ်တော့ရင် အဆိပ်အတောက်တွေ ပြည့်နေပြီး ရောဂါဝေဒနာဖိစီးတဲ့ ခန္ဓာကိုယ် ဖြစ်လာပါလိမ့်မယ်။
အသက်တမျှအရေးကြီးတဲ့အခါ
ဆရာဝန်တွေဆေးရုံတွေရှာဖို့ဆိုတာမလွယ်ကူပါဘူး..
-----------------------------------------------
ဟုတ်ပါတယ်၊ ကျန်းမာရေးအတွက် တကယ် အရေးကြုံလာတဲ့ အခါမှာ လိုချင်တဲ့ ဆရာဝန်တွေ၊ ဆေးရုံတွေရဲ့ အချက်လက်တွေ ရှိနေရင်တောင် ရှာမတွေတဲ့ အခြေနေမျိုး ကျွန်တော်တို့ ကြုံနေကြပါ.... ဟုတ်။
မင်္ဂလာပါ မိတ်ဆွေများခင်ဗျာ၊ ကျွန်တော်တို့ Yatchainyou - ရက်ချိန်းယူ ကနေကြိုဆိုလိုက်ပါတယ်.....၊ ဒီတစ်ပတ် ကျွန်တော်အကြံပြု ဆွေးနွေးပေးမဲ့ အကြောင်းအရာလေးက မိတ်ဆွေတို့ရဲ့ ကျန်းမာရေး နှင့်ပက်သက်တဲ့ အကြောင်းရာလေးပါခင်ဗျ။
ကျွန်တော်တို့ လူတော်တော်များများ မှာဖြစ်လေ့ရှိတဲ့ အရာတစ်ခုက ကျန်းမာရေးနှင့် ပက်သက်ပြီး အရေးကြုံလာတဲ့ အခါ “ဗျာများ”တတ်ကြတာပါ၊ phoneထဲမှာ Notebook ထဲမှာ မှတ်ထားတဲ့ ဆေးရုံ/ဆေးခန်း ၊ ဆရာဝန်တွေကို ရှာတတ်ကြပါတယ်၊အရေးအကြောင်းဆို လိုအပ်တာကို ရှာမတွေတတ်တာလဲ ကျွန်တော်တို့ လူသားတွေပါပဲ၊ အချိန်မှီ ရှာမတွေရင် စိုးရိမ်ရတဲ့ အခြေနေကို ကြုံတွေ ရနိင်ပါတယ်နော်၊ နောက်ပြီး ရှာတော့တွေပါပြီး ဆက်သွယ်မရတာ၊ မအားတာ၊ ကြိုတင် Booking မလုပ်ထားမိတာ မျိုးတွေ
လည်း ကြုံတွေရင် လူကို ပိုပြီး စိူးရိမ်စေရတယ်ဗျ။ ဒီလိုဆို မိတ်ဆွေရဲ့ အခက်ခဲ အကျပ်တည်းတွေအားလုံးကို မိတ်ဆွေရဲ့ ဖုန်းတစ်လုံးတည်း နဲ့ ဖြေရှင်း လို့ရတယ်ဆိုရင်ရော.. ဟုတ်ပါတယ်..... Download Link - https://play.google.com/store/apps/details?id=yatchain.yatchainyou.com&pli=1&google_abuse=GOOGLE_ABUSE_EXEMPTION%3DID%3D651037d0b62466d5:TM%3D1695723452:C%3Dr:IP%3D2a09:bac5:492c:137d::1f1:1d2-:S%3DuEvRpsZN8-47lJBJJ_qvEBQ%3B+path%3D/%3B+domain%3Dgoogle.com%3B+expires%3DTue,+26-Sep-2023+13:17:32+GMT
ဒီ link လေးမှာ ရှိတဲ့ Yatchainyou Application က မိတ်ဆွေကို အပေါ်က ပြောခဲ့ တဲ့ အရာတွေကနေ လွယ်ကူအောင် ကူညီပေးမှာပါဗျ၊ Yatchainyou app မှာ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေရဲ့ ဆေးရုံ/ဆေခန်းတွေ တွေကို Google Map နဲ့ ချိတ်ဆက်ပေးထားတဲ့အတွက် ဆေးခန်းကို လွယ်လွယ်ကူကူ သွားနိုင်တာပေါ့ ဗျာ၊ နောက်ပြီး ရှိသေးတယ် ဆေးရုံဆေးခန်း တွေရဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေ ကို တစ်နေရာတည်းက တွေရရင် Booking တွက်စိတ်ပူစရာမလိုတော့ ဘူးပေါ့၊ ထပ်ရှိသေးတယ်နော် ...... ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းတွေရဲ့ နာမည်တွေနဲ့ အလှည့်ကျ ဆေးခန်းထိုင်နေတဲ့ သမားတော်၊ ပါရဂူကြီးတွေရဲ့နာမည်တွေထိပါ ရှာလို့ ရပြီး Booking လုပ်ထားနိုင် တော့ ကိုယ်တိုင်လာပြီး ဆေးခန်းမှာ ဘိုကင်လာယူစရာမလို့တော့ ဘူးပေါ့။
မြန်မာလိုရော အင်္ဂ လိပ်လိုပါ ရတာမို့ foreigners တွေ အတွက် အသုံးတည့်တယ်နော့်။ အရေးကြီးတာလေး တစ်ခုက ..
တူမတူတဲ့ ဆောင်းပါးပေါင်းများစွာကို လဲ ဖတ်နိုင်သလို ဆေးရုံဆေးခန်းတွေရဲ့ Special chance / promotion တွေလဲ Up to date သိနိုင်တာပါတယ် ဗျ။
ကျန်မားရေးနဲ့ပက်သက်တဲ့ ဗဟုတုသတွေကို နေ့စဉ် Yatchainyou - ရက်ချိန်းယူ page မှာ နေ့စဉ်ဖော်ပြပေး နေတာမို့ ကျွန်တော်တို့ရဲ့ page လေးကို like and follow လုပ်ထားဖို့ မမေ့နဲ့နော် ...ပြီးတော့ www.yatchainyou.com ကိုလည်း လာလည်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်....
သိုင်းရွိုက်ဟော်မုန်းဆိုတာ ခန္ဓာကိုယ်ရဲ့ စွမ်းအင်အသုံးပြုမှု၊ ကြီးထွားမှုနဲ့ ဇီဝကမ္မဖြစ်စဉ်တွေအတွက် အရေးပါပါတဲ့ဟော်မုန်းတစ်မျိုးပါ။ သိုင်းရွိုက်ဟော်မုန်းပမာဏ နည်းလာများလာရင် ပြဿနာဖြစ်တော့တာပါပဲ။ သိုင်းရွိုက်ပြဿနာဟာလည်း အင်မတန်အဖြစ်များပြီး အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။
သိုင်းရွိုက်ဟော်မုန်းပမာဏ နည်းလာတဲ့အခါ ဇီဝကမ္မဖြစ်စဉ်နဲ့ ကြီးထွားမှုကို နှောင့်နှေးသွားစေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအတော်များများကို ထိခိုက်လာနိုင်ပါတယ်။
>> သိုင်းရွိုက်ဓာတ် အားနည်းတယ်ဆိုတာ ဘာလဲ?
သိုင်းရွိုက်ဂလင်းဆိုတာ လေပြွန်ရှေ့မှာရှိတဲ့ လိပ်ပြာသဏ္ဌာန် ဂလင်းငယ်လေးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ကြီးထွားမှုနဲ့ ဇီဝကမ္မဖြစ်စဉ်တွေအတွက် အရေးပါတဲ့ သိုင်းရွိုက်ဟော်မုန်းကို ထုတ်လွှတ်ပါတယ်။
ဒီလို သိုင်းရွိုက်ဂလင်းက သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်နိုင်ဖို့ လှုံ့ဆော်ပေးတဲ့ သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်းကို ဦးခေါင်းအလယ်ရှိ pituitary ဂလင်းလို့ခေါ်တဲ့ ဂလင်းလေးကနေ ထုတ်ပေးပါတယ်။ သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်းက တိုက်တွန်းသော်ငြား သိုင်းရွိုက်ဟော်မုန်း မထုတ်နိုင်ခဲ့ရင် သိုင်းရွိုက်ဂလင်းကိုယ်နှိုက်က ပျက်နေတာဖြစ်ပြီး သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်းအထွက်နည်းတာကြောင့်လည်း သိုင်းရွိုက်အားနည်းတာဖြစ်နိုင်ပါတယ်။
ဘာကြောင့်ပဲအားနည်းနည်း သိုင်းရွိုက်အားနည်းတဲ့လက္ခဏာတွေကတော့ -
၁။ အားနည်းပြီးနုံးနေခြင်း
သိုင်းရွိုက်ဟော်မုန်းဆိုတာ စွမ်းအင်နဲ့ဇီဝကမ္မဖြစ်စဉ်တွေအတွက် ဓာတ်ဆီသဖွယ်ဖြစ်နေတာမို့ သိုင်းရွိုက်ဓာတ် များနေသူတွေဟာ အမြဲအလန့်တကြားထိတ်လန့်၊ ဂဏာမငြိမ်ဖြစ်နေတတ်ပြီး၊ သိုင်းရွိုက်ဓာတ် အားနည်းနေရင်တော့ နုံးချိအားနည်းပြီး လေးကန်နေတတ်ပါတယ်။ လေ့လာမှုတွေအရ သိုင်းရွိုက်အားနည်းသူတွေဟာ သာမန်ထက်ကို ပိုအိပ်နေတတ်ပြီး အိပ်ကားအိပ်၊ အိပ်ရေးမဝ ဖြစ်နေတတ်တာကို တွေ့ရပါတယ်။
၂။ ကိုယ်အလေးချိန်တိုးခြင်း
သိုင်းရွိုက်အားနည်းလာတဲ့အခါ ပိုစားဖို့ကိုအားပေးပြီး အသည်း၊ ကြွက်သားတွေနဲ့ အဆီတစ်ရှူးတွေမှာ ကယ်လိုရီတွေကို မလောင်ကျွမ်းစေဘဲ သိုလှောင်စေပါတယ်။ ဒါကြောင့် နားနေစဉ် အသုံးပြုတဲ့ ဇီဝကမ္မလောင်စာပမာဏ လျော့နည်းသွားပြီး အဆီတွေ တရိပ်ရိပ်တိုးလာတော့တာပေါ့။ ဒါကြောင့် ပုံမှန်ပဲစားနေလျက်နဲ့၊ လေ့ကျင့်ခန်းတွေလုပ်နေလျက်နဲ့ ဝဝလာတယ်ဆိုရင် သိုင်းရွိုက်အားနည်းနေသလား စဉ်းစားဖို့ လိုလာပါပြီ။
၃။ အအေးမခံနိုင်ခြင်း
ကယ်လိုရီတွေ လောင်ကျွမ်းတဲ့အခါ အပူတွေထွက်လာပါတယ်။ ဘာမှမလုပ်ဘဲထိုင်နေရင်တောင်မှ အခြေခံဇီဝကမ္မ လုပ်ငန်းဆောင်တာတွေကြောင့် ကယ်လိုရီလောင်ကျွမ်းမှုက ရှိနေပါတယ်။ ဒါပေမယ့် သိုင်းရွိုက်အားနည်းတဲ့အခါ အခြေခံဇီဝကမ္မလုပ်ငန်း နှေးကွေးသွားပြီး ပုံမှန်ထက်ကို ပိုပြီးတော ့အေးလာတတ်ပါတယ်။
၄။ ကြွက်သားနဲ့ အဆစ်အမြစ်တွေ အားနည်းကိုက်ခဲလာခြင်း
သိုင်းရွိုက်အားနည်းတဲ့အခါ ဇီဝကမ္မဖြစ်စဉ်ဟာ ဖြိုခွဲတဲ့ဘက်ကိုဦးတည်လာပြီး တစ်သျှူးတွေ၊ ကွက်သားတွေကို ဖြိုခွဲပါတော့တယ်။ ဒါကြောင့် ကြွက်သားတွေအားနည်းလာတဲ့အပြင် နာကျင်ကိုက်ခဲလာပါတော့တယ်။ လူတိုင်း ရံဖန်ရံခါ နုံးချိကိုက်ခဲတတ်ပေမယ့် သိုင်းရွိုက်အားနည်းတဲ့အခါ သာမန်လူထက်ကို ၂ ဆလောက်ပိုပြီး အားနည်းတတ်ပါတယ်။
၅။ ဆံပင်ကျွတ်ခြင်း
ဆံပင်ဆိုတာ အင်မတန်မှ သက်တန်းတိုတဲ့ ပင်မဆဲလ်အမျိုးအစားပါ။ ဒါကြောင့်လည်း သိုင်းရွိုက်ဟော်မုန်းဓာတ်ကို ပိုခံစားရတတ်ပါတယ်။
သိုင်းရွိုက်ဓာတ်အားနည်းတဲ့အခါ ဆံပင်အမြစ်တွေက ဆက်ပြီးမကြီးထွားတော့ဘဲ ဆံပင်ကျွတ်တော့တာပါပဲ။ တခြားဟော်မုန်းပြဿနာတွေကြောင့်လည်း ဆံပင်ကျွတ်နိုင်တာမို့ ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ လိုပါတယ်။
၆။ အသားတွေ ခြောက်သွေ့ယားယံခြင်း
ဆံပင်တွေလိုပဲ အရေပြားဟာလည်း ဖြစ်ပျက်မြန်ပါတယ်။ ဒါကြောင့် သိုင်းရွိုက်ရဲ့အချက်ပြသံ လိုအပ်ပါတယ်။ သိုင်းရွိုက်အားနည်းလာတဲ့အခါ အရေပြားဆဲလ်အပေါ်ယံလွှာ မကြွေကျနိုင်ဘဲ ခြောက်သွေ့ပျက်စီးလာပါတော့တယ်။ ဒါကြောင့် ဓာတ်မတည့်တာကြောင့်မဟုတ်ဘဲ အရေပြားပျက်စီးလာတာကို တွေ့ရရင် သိုင်းရွိုက်အားနည်းတာကို သတိထားဖို့လိုပါတယ်။
ဒါ့အပြင် သိုင်းရွိုက်အားနည်းတာဟာ အရေပြားမှာ ရောင်ရမ်းနီရဲတဲ့အခြေအနေမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။
၇။ စိတ်ဓာတ်ကျခြင်း
လေ့လာမှုတွေအရ သိုင်းရွိုက်ဟော်မုန်းအားနည်းခြင်းကြောင့် စိတ်ဓာတ်ကျနိုင်ပါတယ်။ မီးတွင်းကာလ စိတ်ကျဝေဒနာ ခံစားအမျိုးသမီးတွေမှာ သိုင်းရွိုက်အားနည်းနေတာကို တွေ့ရပါတယ်။
ဘာကြောင့်ပဲစိတ်ဓာတ်ကျကျ ဆရာဝန်နဲ့ ပြသတိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။
၈။ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှု အားနည်းခြင်း
သိုင်းရွိုက်အားနည်းတဲ့လူ အတော်များများမှာ မှတ်ဉာဏ်တွေဝေဝါးပြီး အာရုံစူးစိုက်မှုအားနည်းတာကို တွေ့နိုင်ပါတယ်။ လေ့လာမှုတွေအရ သာမန်သမားရိုးကျ အတွက်အချက်မလုပ်နိုင်တာ၊ ပုံမှန်ထက်တွေးခေါ်မှု နှေးကွေးတာ၊ မှတ်ဉာဏ်မကောင်းတာတွေကို တွေ့ရပါတယ်။ လူတိုင်းမှာ ဒီလက္ခဏာတွေဖြစ်နိုင်ပေမယ့် ရုတ်တရက်ကြီး ဖြစ်လာရင်၊ အရမ်းဆိုးလာရင် သတိထားဖို့ လိုပါတယ်။
၉။ ဝမ်းချုပ်ခြင်း
သိုင်းရွိုက်ဓာတ်နည်းခြင်းကြောင့် အူမကြီး အလုပ်လုပ်တာပါ နှေးကွေးသွားပါတယ်။ သိုင်းရွိုက်ဓာတ်နည်းနေသူတွေမှာ ဝမ်းချုပ်လေ့ရှိတယ်ဆိုပေမယ့် ဒီတစ်ခုတည်းနဲ့မလာတတ်သလို အရမ်းလည်း မဆိုးတတ်ပါဘူး။ တခြားဘာလက္ခဏာမှမရှိဘဲ ဝမ်းချုပ်တာ တစ်ခုတည်းရှိနေရင် ဝမ်းနှုတ်ဆေးသာ သောက်ကြည့်ပါ။ မသက်သာရင်တော့ ဆရာဝန်နဲ့သာ ပြကြည့်ပါ။
၁၀။ ရာသီများခြင်း၊ မမှန်ခြင်း
လေ့လာမှုတွေအရ သိုင်းရွိုက်အားနည်းသူတွေမှာ ဓမ္မတာမမှန်တာ၊ များတာတွေ ခံစားရတတ်တယ်လို့ ဆိုပါတယ်။ သိုင်းရွိုက်ဟော်မုန်းဟာ ဓမ္မတာစက်ဝန်းကို ထိန်းချုပ်ထားတဲ့ တခြားဟော်မုန်းတွေနဲ့ ချိတ်ဆက်အလုပ်လုပ်တာမို့ သိုင်းရွိုက်ပုံမမှန်တဲ့အခါ အချက်ပေးတာတွေ ပြတ်တောက်သွားတာပေါ့။ ဒါပေမယ့် ရာသီမမှန်တာ၊ များတာဖြစ်စေတဲ့ တခြားအကြောင်းရင်းတွေ အများကြီးရှိတာမို့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြဖို့လိုပါတယ်။
>> နောက်ဆုံးပြောချင်တာက -
သိုင်းရွိုက်အားနည်းတာဟာ ဖြစ်လေ့ရှိတဲ့လက္ခဏာတစ်ခုဖြစ်ပြီး သူ့ရဲ့လက္ခဏာတွေဟာ တခြားအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လက္ခဏာအတော်များများကို တစ်စုတစ်ဝေး တွေ့လာရပြီဆိုရင် ဆရာဝန်နဲ့ပြကြည့်ပါ။ ကံကောင်းတာက သိုင်းရွိုက်အားနည်းတာဟာ ဈေးမကြီးတဲ့ဆေးတွေနဲ့တင် ကုသပျောက်ကင်းနိုင်တာပါပဲ။
Dr. Mya Phoo Ngon
မိမိကလေးရဲ့ဦးနှောက် ကောင်းမွန်စွာ ဖွံ့ဖြိုးဖို့၊ မှတ်ဥာဏ်ကောင်းဖို့၊ အာရုံစူးစိုက်မှုအားကောင်းဖို့နဲ့ ဆက်ဆံရေးပြေပြစ်ဖို့တို့အတွက် ငယ်ရွယ်စဥ်ကစပြီး သင့်လျော်တဲ့ အာဟာရဓာတ်တွေ လုံလောက်စွာ ရရှိဖို့ လိုအပ်ပါတယ်။
ချောင်းဆိုးချွဲကျပ်တာတွေကို အမြန်ဆုံးသက်သာနိုင်ဖို့ဆိုရင် ကလေးဟာ ရေဓာတ်ပြည့်ဝစွာရရှိဖို့၊ အိပ်ရေးဝဝအိပ်ဖို့နဲ့ သက်သောင့်သက်သာအနားယူပေးဖို့လိုပါတယ်။ ဖေဖေမေမေတို့အနေနဲ့ မိမိကလေးကို ကိုယ်တိုင်ကုသပေးနိုင်ဖို့ သဘာဝနည်းလမ်းလေးတွေကတော့-
မိုးရာသီဝင်လာတာနဲ့ ကလေးတွေမှာ အဖြစ်များတဲ့ အောက်ပါကျန်းမာရေး ပြဿနာများကို ကာကွယ်နိုင်ရန် အာဟာရပြည့်ဝပြီး ကိုယ်ခံအားကောင်းစေတဲ့ အစားအစာများကျွေးခြင်း၊ သန့်ရှင်းလတ်ဆတ်အောင် ပြင်ဆင်ချက်ပြုတ်ကျွေးခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ နေအိမ်သန့်ရှင်းရေး ဂရုစိုက်ပေးခြင်း၊ လက်သေချာဆေးခြင်း၊ လူထူထပ်နေရာများရှောင်ကျဉ်ခြင်း၊ ကလေးနေမကောင်းရင် ကလေးအထူးကု၊ ဆရာဝန်နှင့် တိုင်ပင်ကုသမှု ခံယူသင့်ပါတယ်။
အူကျွံတာ မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရလား ။ ။
ဗိုက်အတွင်းက ကြွက်သားတွေ အားနည်းတာကို ကြိုတင်ကာကွယ်လို့မရပါဘူး။ ဒါပေမယ့် အားနည်းတာပိုဆိုးမသွားအောင်တော့ ဒီအချက်တွေ လိုက်လုပ်ပြီး တားဆီးလို့တော့ရပါတယ်။
အမျိုးသမီးတစ်ယောက်ဟာ တစ်နေ့ကို ဇင့်ဓာတ် ၈ မီလီဂရမ်(mg) လိုအပ်ပြီး အမျိုးသားတွေကတော့ တစ်နေ့ကို ၁၁ မီလီဂရမ်လောက်ထိ ရရှိဖို့လိုအပ်ပါတယ်။ ဇင့်ဓာတ်ဟာ အမျိုးသားကျန်းမာရေးအတွက် အရေးပါတာကြောင့် အမျိုးသားတွေက အမျိုးသမီးတွေထက် ဇင့်ဓာတ်ပိုမိုရရှိဖို့ လိုအပ်တာဖြစ်ပါတယ်။
အမျိုးသားတွေမှာ ဟော်မုန်း မမျှတတဲ့အခါ
---------------------------------------
အမျိုးသားတွေအနေနဲ့ ဟော်မုန်း မမျှတတဲ့အခါ လက္ခဏာ အမျိုးမျိုး ခံစားရနိုင်ပါတယ်။ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
အမျိုးသားတွေအနေနဲ့ ဟော်မုန်း မမျှတတဲ့အခါ ပင်ပန်းတာ၊ မအီမသာဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ခံစားရတာတွေက ပိုဆိုးလာနိုင်ပါတယ်။
အရိုးအဆစ်နာခြင်းဟာတွေ့ရများတဲ့
ပြဿနာတစ်ခုဖြစ်ပြီး
အကြောင်းရင်းများစွာကြောင့်
ဖြစ်ပွားနိုင်ပါတယ်။
အသားအရေငယ်ရွယ်နုပျိုစေဖို့
ဘာတွေစားသုံးပေးရမလဲ?
အမျိုးသမီးများသွေးဆုံးချိန်တွင်
ဖြစ်တတ်သောလက္ခဏာများ
ဘယ်လိုလူတွေမှာ ဆီးကျိတ်ရောဂါဖြစ်နိုင်ခြေ ပိုရှိသလဲ?
သင့်မှာရေဓာတ်ခမ်းခြောက်နေရင်
ဘာရောဂါလက္ခဏာတွေပြတတ်လဲ?
အစာအိမ်ရောင်ခြင်းသည် ယနေ့ခေတ်တွင် အဖြစ်များလာကြသော ရောဂါတစ်မျိုးဖြစ်ပါသည်။ နေထိုင်မှု ပုံစံပြောင်းလဲခြင်းနှင့် စားသောက်မှုပုံစံပြောင်းလဲခြင်းများက အစာအိမ်ရောင်ရမ်းခြင်းကို ပိုမို ဖြစ်စေသော အကြောင်းရင်းများ ဖြစ်ပါသည်။။ အစာအိမ် ရောင်ရမ်းမှုကို ဂရုမစိုက်ဘဲ ပေါ့ပေါ့တန်တန် သဘောထားပါက အသက်အန္တရာယ်အထိ ရှိနိုင်ပါသည်။ ထို့ကြောင့် မပေါ့ဆသင့်သော ရောဂါတစ်ခုဖြစ်ပါသည်။ အစာအိမ်ရောင်ခြင်းတွင် ရုတ်တရက်ပြင်းထန်သော အစာအိမ်ရောင်ခြင်းနှင့် နာတာရှည် အစာအိမ်ရောင်ခြင်းဟူ၍ နှစ်မျိုးရှိပါသည်။
သားသားမီးမီးတို့အအေးမိချောင်းဆိုးဖြစ်သည့်အခါ
မေမေတို့ သိထားသင့်သော အချက်များဖြစ်ပါသည်။
Omicron ရဲ့ ဗီဇကွဲ EG.5 Virus
ရောဂါလက္ခဏာတွေကဘာတွေလဲ?
သင်ရောသိပြီးပြီလား ?
အိပ်မပျော်တဲ့အခါ ဘာတွေ ဖြစ်လာမလဲ?
အိပ်မပျော်တာ များလာတဲ့အခါ…
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the practice
Telephone
Website
Address
Thitsar 3rd Street, Ward 39 North Dagon
Yangon
11111
No. 993/B, Thu Mingalar Road, South Okkalapa Township
Yangon, 11091
Always in All Ways: Mingalar Care
အမှတ်(၁)၊ ဘုရင့်နောင်လမ်းနှင့် ဗညားဒလလမ်းထောင့်၊ အမှတ်(၇)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်
Yangon, 11411
ဇီ၀သုခ အထွေထွေအထူးကုဆေးခန်းအား နေ့စဥ်နံနက်(၈)နာရီမှ ည(၈)နာရီအထိပိတ်ရက်မရှိဝန်ဆောင်မှုပေးလျက်ရှိပါသည်။
, အထက်ဗဟိုလမ်း နှင့် ရွှေတဆုပ် လမ်းထောင့်
Yangon
ဆေးကိရိယာ ပစ္စည်း များ လက်လီလက်ကား ဖြန်ချိရေး
327, Shwe Bon Thar Street (Upper Block), Pabedan Township
Yangon
Specialist Clinic
အမှတ်၄၅၅၊ မာန်ပြေ ၁၁လမ်း(အရှေ့)၊ ၃ရပ်ကွက် သာကေတ၊ ရန်ကုန်မြို့
Yangon
သီရိရတနာ အရိုး အကြော အထူးကု တိုင်းရင်းဆေးခန်း
Shwe Bon Thar Road
Yangon
This is the official page of Htet Asia Clinic which is located in the Upper block of Shwe Bon Thar Street. Please let us take care of your health.
အမှတ် ၁၀၀၇/အခန်း ၃၊ ၂ရပ်ကွက် ၊ သုဓမ္မာလမ်းမ၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့
Yangon, 11031
Medical Center
G11, Ground Floor, Building A, Pearl Condo, Beside Of Promart , Corner Of Kabar Aye Pagoda Road And Sayar San Road, Bahan Township
Yangon, 11201
Providing Medical Treatment with “Best Quality, Good Service & Reasonable Price.” Health and Wellness for you and your family!