Parabyte Learning
Nearby schools & colleges
Pyay Road
Taw Win Centre. No. 45 Pyay Road
Pyay Road
Pyay Road, Dagon
Yangon, Dagon
Pyay Road, Dagon
Dagon Township
Pyay Road
Taw Win Centre
Pyay Road
Nopyay Road
Pyay Road, Dagon
Pyay Road
Sein Gay Har Shopping Mall Pyay Road
Pyay Road
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Parabyte Learning, Education, #4030, Taw Win Center, Pyay Road, Dagon Township, Yangon.
လုပ်ငန်းခွင်၊ သက်မွေးဝမ်းကြောင်း နှင့် ကိုယ်ရေးကိုယ်တာဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေနေသူတိုင်းအတွက် "ပုရပိုက်" မှာ သက်ဆိုင်ရာလုပ်ငန်းခွင်နယ်ပယ်ရဲ့ ကျွမ်းကျင်သူများထံမှ သင်ယူလိုက်ပါ။
သင်ခန်းစာတွေအပြင် အခမဲ့ဖတ်လို့ရတဲ့ ဗဟုသုတအစုံ၊ အခန်းကဏ္ဍပေါင်းစုံ။
မန်နေဂျာအသစ်အနေနဲ့ လုပ်ငန်းခွင်ကို စတင် ဝင်ရောက်မယ့် သူအတွက်ပဲဖြစ်ဖြစ်၊ လက်ရှိအလုပ်မှာပဲ ရာထူးတိုးလို့ မန်နေဂျာစဖြစ်လာတဲ့ သူအတွက်ပဲဖြစ်ဖြစ် မန်နေဂျာတစ်ယောက် ဖြစ်လာပြီဆိုရင် ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေက မနည်းလှပါဘူး။
ကိုယ်နေ့စဥ်လုပ်ကိုင်နေကျ တာဝန်တွေနဲ့မတူတဲ့ စီမံခန့်ခွဲမှုတွေ လုပ်ဆောင်ရတာတွေ၊ ကိုယ့်အသင်းအဖွဲ့ကို အားပေး ထောက်ခံမှု လုပ်ဆောင်ရတာတွေ၊ ကိုယ့်အထက်လူကြီးကို reporting ကောင်းကောင်း လုပ်ဆောင်ရတာတွေ အစရှိသဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ပိုမိုများပြားလာမှာဖြစ်ပါတယ်။
ဒါ့ကြောင့် အောင်မြင်တဲ့ မန်နေဂျာကောင်းတစ်ယောက်ဖြစ်လာဖို့ လုပ်ငန်းခွင်မှာ ရင်ဆိုင်ကျော်လွှားရမယ့် စိန်ခေါ်မှုတွေကလည်း မနည်းလှပါဘူး။
ဒီလို စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် "ပုရပိုက်" မှ Highlight လုပ်ပေးချင်တဲ့ သင်ခန်းစာလေးကတော့ "𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧𝐬 𝐟𝐨𝐫 𝐭𝐡𝐞 𝐍𝐞𝐰 𝐌𝐚𝐧𝐚𝐠𝐞𝐫𝐬" ပဲဖြစ်ပါတယ်။
ဘယ်လိုလူတွေလေ့လာသင့်လဲ?
👉 လုပ်ငန်းခွင်အသစ်မှာ စတင်ဝင်ရောက် လုပ်ကိုင်နေတဲ့ (သို့) လုပ်ကိုင်ဖို့ရှိတဲ့ မန်နေဂျာတွေ
👉 ရှိရင်းစွဲ လုပ်ငန်းခွင်မှာပဲ ရာထူးတိုးပြီး တာဝန်ယူလုပ်ကိုင်နေတဲ့ မန်နေဂျာတွေ
👉 လက်ရှိမှာ မန်နေဂျာမဖြစ်သေးပေမယ့် မန်နေဂျာဖြစ်လာဖို့ စိတ်အားထက်သန်နေသူတွေ
👉 စီမံခန့်ခွဲမှု အခြေခံကို လေ့လာချင်တဲ့ SME လုပ်ငန်းရှင်များ
👉 မိမိလုပ်ငန်းခွင်မှာ မိမိပဲစီမံခန့်ခွဲနေရသူတွေ
အထက်ပါသူတွေအနေဖြင့် လေ့လာဖို့ အသင့်တော်ဆုံးပဲဖြစ်ပါတယ်။
👉 သင်ကြားသူရဲ့မိတ်ဆက် နှင့် သင်ခန်းစာအကြောင်းကို ပိုမိုသိရှိလိုပါက "𝐏𝐚𝐫𝐚𝐛𝐲𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠" App ထဲကိုဝင်ရောက်ကြည့်ရှု့ဖို့ Application မရှိသေးရင် အခုပဲဒေါင်းထားလိုက်ပါ။
Google Play Store Link > https://bit.ly/49i2uRO
App Store Link > https://apple.co/4a8uirg
= = = = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
"Meeting Notes" တွေကို သေသေချာချာမှတ်တတ်ခြင်းက သင့်ရဲ့ အလုပ် လုပ်နိုင်စွမ်းအားနဲ့ အလုပ်ပြီးမြောက်ခြင်းရဲ့ ထိရောက်မှုကို မြှင့်တင်ပေးနိုင်တဲ့ လိုအပ်သော ကျွမ်းကျင်မှုတစ်ခုပဲဖြစ်ပါတယ်။
"Meeting Notes" တွေကို မှတ်ယူရတာ လွယ်တယ်လို့ ထင်ရပေမဲ့ နည်းစနစ်တကျနဲ့ သေချာမမှတ်ယူထားဘူးဆိုရင်တော့ သင့်အတွက် အမှန်တကယ် အသုံးဝင်လာမှာမဟုတ်ပါဘူး။
ဒါ့ကြောင့် ဒီနေ့မှာ သင့်အတွက် အသုံးဝင်မယ့် Meeting Notes မှတ်ယူခြင်းရဲ့ အခြေခံကျတဲ့ လိုအပ်ချက်လေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
၁။ ဘာအတွက် မှတ်စု ယူထားရတာလဲကို သိရှိနားလည်ခြင်း
အစည်းအဝေးမစခင်မှာ သင်ဘာကြောင့် မှတ်စုယူရသလဲဆိုတာကိုလည်း စဉ်းစားပါ။ ထို့အပြင်
✅ အဓိက ဆုံးဖြတ်ချက်များနှင့် လုပ်ဆောင်ချက် အကြောင်းအရာများကို မှတ်ယူပြီး လုပ်ဆောင်ချက်တစ်ခုချင်းစီအတွက် မည်သူမှာ တာဝန်ရှိသည်ဆိုတာမျိုး
✅ ဆွေးနွေးထားသည့် အကြောင်းအရာအချက်များနှင့် နောက်ထပ် စူးစမ်းလေ့လာရန် လိုအပ်သည့် အဖွင့်မေးခွန်းများကိုလည်း မှတ်ပါ
✅ အစည်းအဝေး ရလဒ်များကို ပြန်လည်သုံးသပ်ပြီး ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်အောင် မည်သို့ ကူညီပေးနိုင်မည်ကို ထည့်သွင်းစဥ်းစားတာမျိုး
၂။ ကြိုတင်ပြင်ဆင်ခြင်း
Meeting Notes ကိုမှတ်ယူဖို့အတွက် ဘယ်လိုမျိုး tools တွေကို အသုံးပြုမလဲဆိုတာကို ကြိုရွေးချယ်ထားပါ။ ဥပမာအားဖြင့် မှတ်စုစာအုပ်သုံးမလား၊ Digital Doc (သို့) Note Application သုံးမလား။
ထို့အပြင် Meeting အတွက် လိုအပ်တဲ့ Agenda တွေ Documents တွေကိုလည်း ကြိုစုဆောင်းထားပါ။
၃။ သေသေချာချာ နားထောင်ခြင်း
အစည်းအဝေးအချိန်အတွင်း အာရုံစိုက်ပြီး နားထောင်ပါ။
✅ စကားပြောသူကို အာရုံစိုက်ပါ။ တခြားအရာများကို အာရုံစိုက်ပြီး စိတ်ရှုပ်မခံပါနဲ့။
✅ အဓိက စကားလုံးများနှင့် အဓိက စကားစုများကိုသာ ချရေးပါ။
✅ မေးခွန်းများနှင့် နောက်ဆက်တွဲများကို မှတ်သားထားပြီး နောက်ထပ် ဆွေးနွေးရန် လိုအပ်သည့် မည်သည့်အရာကိုမဆို ချရေးပြီး မှတ်သားထားပါ။
၄။ မှတ်စုများကို စုစည်းပါ။
အစည်းအဝေးပြီးနောက် သင်မှတ်ထားသော မှတ်စုများကို
✅ အုပ်စုဖွဲ့ ဆက်စပ်သောအချက်များဖြစ်သည့် အလားတူအရာများကို ပေါင်းစည်းပါ
✅ အရင်လုပ်ဆောင်ရမည့်အရာများကို ကြယ်ပွင့် (သို့မဟုတ်) စက်ဝိုင်းတို့ဖြင့် အသားပေးဖော်ပြပါ
✅ ဒစ်ဂျစ်တယ်စနစ်ဖြင့် ပျောက်ပျက်မလွယ်အောင် သိမ်းဆည်းထားပါ
၅။ သုံးသပ်၊ ဆင်ခြင်ခြင်း
နောက်ဆုံးအချက်ကတော့ သင့်မှတ်စုတွေကို အသုံးဝင်အောင်ပြုလုပ်ခြင်းပါ။
✅ မှတ်စုများကို မကြာခဏပြန်ကြည့်ပါ။
✅ ထို့အပြင် အစည်းအဝေးရှိ အခြားသူများနှင့် သင်မှတ်ထားသောမှတ်စုများ မှန်ကန်ကြောင်း သေချာစေရန် မေးပါ။
✅ ဘယ်အရာက ကောင်းကောင်းအလုပ်ဖြစ်ပြီး နောက်တစ်ကြိမ်မှာ ဘယ်လို ပိုကောင်းနိုင်မလဲဆိုတာကို လေ့လာပြီး တိုးတက်အောင်စဉ်းစားပါ
အထက်ဖော်ပြပါ ရိုးရှင်းသော အခြေခံအဆင့်များကို လိုက်နာခြင်းဖြင့် အမှန်တကယ် အထောက်အကူဖြစ်စေမည့် "Meeting Notes" များကို မှတ်ယူနိုင်ပါတယ်။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
"𝐏𝐚𝐫𝐚𝐛𝐲𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠" App ထဲမှာ နယ်ပယ်အစုံက ကျွမ်းကျင်သူများစွာမှ သင်ကြားပို့ချထားတဲ့ သင်ခန်းစာတွေ အများကြီးရှိတာမို့လို့ အချိန်မရွေး၊ နေရာမရွေး လေ့လာသင်ယူဖို့ အခုပဲဒေါင်းထားလိုက်ပါ။
Google Play Store Link > https://bit.ly/49i2uRO
App Store Link > https://apple.co/4a8uirg
= = = = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
📢 "𝐏𝐚𝐫𝐚𝐛𝐲𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠" ရဲ့ toolkits ထဲမှာ သိသင့်သိထိုက်တဲ့ ဝေါဟာရအစုံကို အခမဲ့ဖတ်ရှု့လေ့လာနိုင်ပြီနော်။
1). "𝐑𝐚𝐧𝐝𝐨𝐦 𝐈𝐧𝐩𝐮𝐭" ဆိုတာဘာလဲ။
ဒီနည်းလမ်းကတော့ ပြဿနာတစ်ခုကို အရမ်းကြီး စိတ်ရှုပ်မခံဘဲ ပျော်ပျော်ကြီး အဖြေရှာနိုင်မယ့် နည်းလမ်းတစ်ခုပါပဲ။ တချို့သော ပြသာနာတွေကို အဖြေရှာတဲ့အခါ ရချင်တဲ့အဖြေက ထွက်မလာဘဲ ပိုပြီး ခေါင်းရှုပ်စရာတွေပဲ ဖြစ်နေတတ်တာမျိုးကို ကြုံဖူးကြမှာပါ။ အဲ့ဒီအခါ ဒီနည်းလမ်းကို အသုံးပြုကြည့်သင့်ပါတယ်။ နာမည်အတိုင်းပဲ ဗြောက်သောက်ဖြစ်ပေါ်လာတဲ့ စာလုံးလေးတွေကနေ ပြဿနာကို ချိတ်ဆက်အဖြေရှာကြည့်တာမျိုးပါ။
👉 အသုံးပြုပုံ အသေးစိတ်ကို "𝐏𝐚𝐫𝐚𝐛𝐲𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠" App ထဲမှာ အခမဲ့ ဆက်လက်ဖတ်ရှု့လေ့လာလို့ရပါပြီ။
2). " 𝐂𝐨𝐧𝐜𝐞𝐩𝐭 𝐅𝐚𝐧" ကိုရော ဘယ်လို နားလည်ထားလဲ?
ဒီနည်းလမ်းကတော့ "Random Input" လိုပဲ ဖိအားနည်းနည်းနဲ့ ပျော်ဖို့ကောင်းတဲ့ ပြဿနာဖြေရှင်းခြင်း နည်းလမ်းတစ်ခုပါပဲ။ " 𝐂𝐨𝐧𝐜𝐞𝐩𝐭 𝐅𝐚𝐧" ဆိုတဲ့ နာမည်အတိုင်း ပန်ကာလေးတစ်လုံးလိုမျိုး ပြဿနာရဲ့ဖြေရှင်းချက်တွေကို အဖြေရှာသွားရမှာပါ။ ဒီနည်းလမ်းကိုတော့ ပိုမိုကျယ်ပြန့်တဲ့အမြင်တွေ၊ အတွေးအခေါ်နဲ့ ပြဿနာကို ဖြေရှင်းချင်တဲ့အခါ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် တော်ရုံနဲ့ ဖြေရှင်းချက်တွေ ထွက်မလာတဲ့ ပြဿနာတွေကို အဖြေရှာချင်တဲ့အခါမှာ ဒီနည်းလမ်းက အတော်အသုံးတည့်နိုင်ပါတယ်။
👉 အသုံးပြုပုံ အသေးစိတ်ကို "𝐏𝐚𝐫𝐚𝐛𝐲𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠" App ထဲမှာ အခမဲ့ ဆက်လက်ဖတ်ရှု့လေ့လာလို့ရပါပြီ။
Application မရှိသေးရင် အခုပဲဒေါင်းထားလိုက်ပါ။
Google Play Store Link > https://bit.ly/49i2uRO
App Store Link > https://apple.co/4a8uirg
= = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
ယနေ့ ဇွန်လ (၁၆) ရက်နေ့ဟာ ကမ္ဘာလုံးဆိုင်ရာ အဖေများနေ့ဖြစ်ပါတယ်။
Happy Father's Day to all the dads out there!
အိမ်ထောင်ဦးစီးဖြစ်တဲ့ ဖေဖေတို့ကို လေးစားဂုဏ်ပြုကြောင်းပြောကြားရင်းနဲ့ ဖေဖေများအားလုံး မိသားစုနှင့်အတူ ပျော်ရွှင်စရာအမှတ်တရတွေကို ရရှိပိုင်ဆိုင်ပြီး ပိုဖန်တီးနိုင်စေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
"𝐏𝐚𝐫𝐚𝐛𝐲𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠" App ထဲမှာ နယ်ပယ်အစုံက ကျွမ်းကျင်သူများစွာမှ သင်ကြားပို့ချထားတဲ့ သင်ခန်းစာတွေ အများကြီးရှိတာမို့လို့ အချိန်မရွေး၊ နေရာမရွေး လေ့လာသင်ယူဖို့ အခုပဲဒေါင်းထားလိုက်ပါ။
Google Play Store Link > https://bit.ly/49i2uRO
App Store Link > https://apple.co/4a8uirg
= = = = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
ဒီနေ့မှာတော့ စာရှည်ရှည်ဖတ်ရတာ သဘောကျနှစ်သက်တဲ့သူတွေအတွက် မိနစ် (၂၀) ဝန်းကျင်ခန့်အချိန်ပေးရမယ့် ကမ္ဘာကျော်စာအုပ်အနှစ်ချုပ်ကို Highlight လုပ်ပေးမှာဖြစ်ပါတယ်။
စာအုပ်လေးကတော့ "𝐖𝐨𝐫𝐤𝐢𝐧𝐠 𝐰𝐢𝐭𝐡 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞" ဖြစ်ပြီး သင်နဲ့ သင့်ရဲ့ လုပ်ငန်းခွင်အတွက် ဘယ်လောက်ထိ အရေးပါသလဲဆိုတဲ့ အကြောင်းအရာတွေအပြင် EQ မြင့်မားအောင် ဘယ်လိုပြုလုပ်ရမလဲဆိုတဲ့ အကြောင်းအရာတွေကိုပါ ထည့်သွင်းရေးသားထားပါတယ်။
ဒီစာအုပ်ထဲမှာ ဘာအကြောင်းအရာတွေပါလဲ?
👉 ဘာကြောင့် ဒီနေ့ခေတ်လို အတတ်ပညာရှင်မရှားတဲ့ခေတ်ကြီးမှာ အများအားဖြင့် လုပ်ငန်းရှင်တွေက Soft people skill ဆိုတဲ့ လူမှုဆက်ဆံရေး အားသာတဲ့ လူတွေကိုသာ အရေးပေးအလုပ်ခန့်တာလဲ
👉 Soft people skill တွေကို ကိုယ်တိုင်ကိုယ်ကျ ဘယ်လိုလေ့လာသင်ယူမလဲ
👉 လုပ်ငန်းခွင်ဝင်တော့မယ်ဆိုရင် အသက်မွေးဝမ်းကြောင်းအတတ်ပညာတွေတင်မကပဲ သိထားသင့်တဲ့ Emotional Intelligence နဲ့ဆိုင်တဲ့ အသိပညာတွေ
👉 ကိုယ့်စိတ်ခံစားချက်ကို သေချာသိရှိနားလည်အောင် ဘယ်လိုလုပ်မလဲ
👉 ကိုယ့်စိတ်ခံစားချက်ကို သေချာသိရှိတာက ဘယ်လိုသက်ရောက်မှုတွေရှိမလဲ
👉 Self-awareness တိုးတက်လာအောင် ဘယ်လိုလုပ်လို့ရလဲ
👉 စိတ်ဖိစီးမှုတွေ၊ ဖိအားတွေအောက်မှာ မိမိကိုယ်ကို ဘယ်လို အကောင်းဆုံးထိန်းချုပ်မလဲ
👉 စာနာမှုကို ဘာကြောင့် အကန့်အသတ်နဲ့ထားသင့်လဲ
👉 လူတိုင်းမှာ ရှိတဲ့ အားသာချက်ကဘာလဲ
👉 ဘယ်လို လုပ်ငန်းခွင်မျိုးကိုတွေ့ရင် ရုန်းထွက်ရမလဲ
အစရှိတာတွေကို လုပ်ငန်းခွင်နဲ့ ချိတ်ဆက်ပြီး စာရေးသူက ရှင်းလင်းဖော်ပြပေးထားပါတယ်။
အသေးစိတ်အနှစ်ချုပ်ကို ပိုမိုဖတ်ရှု့လေ့လာလိုပါက "ပုရပိုက်" ထဲမှာ ခုပဲ ဝင်ဖတ်လိုက်ကြရအောင်။
Google Play Store Link > https://bit.ly/49i2uRO
App Store Link > https://apple.co/4a8uirg
= = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
ဘာ့ကြောင့်လဲဆိုတော့......
✅ တိကျ၊ ထိရောက်တဲ့ သင်တန်းများစွာကို တစ်နေရာတည်းမှာ လေ့လာလို့ရခြင်း
✅ သက်ဆိုင်ရာနယ်ပယ်မှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိ ကျွမ်းကျင်တဲ့သူများမှ သင်ကြားပေးသော သင်ခန်းစာများဖြစ်ခြင်း
✅ အချိန်မရွေး၊ နေရာမရွေး လေ့လာသင်ယူနိုင်ခြင်း
✅ စျေးသက်သက်သာသာနဲ့ ၆ လစာ (သို့) ၁ နှစ်စာ ပက်ကေ့ချ်ဝယ်ပြီး App မှာရှိတဲ့ သင်ခန်းစာ ( ၂၀++) အကုန်လေ့လာလို့ရခြင်း
✅ သင်ခန်းစာအသစ်တွေလည်းထပ်တင်ပေးတာမို့လို့ ကုန်သွားတယ်ဆိုတာမျိုးမရှိ
✅ဒါတွေအပြင် အခမဲ့ လေ့လာလို့ရသေးတဲ့ ဗဟုသုတကဏ္ဍမျိုးစုံ
တကယ်လို့ သင်ဟာ ......
✅ လက်ရှိ လုပ်ငန်းခွင်ဝင်နေတယ်
✅ ဝါသနာပါရာ လေ့လာချင်တယ်
✅ လုပ်ငန်းခွင် ဝင်တော့မယ့် လူငယ်ဖြစ်တယ်
✅ စာတွေ ဖတ်ရတာကြိုက်တဲ့သူ
✅ ဗဟုသုတရှာဖွေရတာ သဘောကျတဲ့သူ
ဆိုရင် "ပုရပိုက်" က သင့်အတွက် အသင့်တော်ဆုံး သင်ကြားလေ့လာရေး အပ်ပလီကေးရှင်းပဲဖြစ်ပါတယ်။
အကျိုးကျေးဇူးတွေက
✅ လုပ်ငန်းခွင်ရဲ့ တကယ့်လက်တွေ့အကြောင်းတွေနားလည်လာမယ်
✅ မိမိကိုယ်ကို ယုံကြည်မှုတိုးတက်လာခြင်း
✅လက်တွေ့မှာ ပြန်အသုံးချလို့ရမယ့် Soft Skill တွေရှိလာမယ်
✅ အလုပ်လုပ်ရာမှ ကျွမ်းကျင်လာမယ်
✅ Update Trend နဲ့အညီ စိတ်ရောလူပါ တိုးတက်ပြောင်းလဲလာမယ်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
"𝐏𝐚𝐫𝐚𝐛𝐲𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠" App ထဲမှာ နယ်ပယ်အစုံက ကျွမ်းကျင်သူများစွာမှ သင်ကြားပို့ချထားတဲ့ သင်ခန်းစာတွေ အများကြီးရှိတာမို့လို့ အချိန်မရွေး၊ နေရာမရွေး လေ့လာသင်ယူဖို့ အခုပဲဒေါင်းထားလိုက်ပါ။
Google Play Store Link > https://bit.ly/49i2uRO
App Store Link > https://apple.co/4a8uirg
= = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
ကိုယ်ပိုင် စီးပွားရေးလုပ်နေတာဖြစ်စေ၊ မိမိရဲ့ ပရော်ဖက်ရှင်နယ်အရ အလုပ်လုပ်နေရတာဖြစ်စေ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် လုပ်ငန်းနယ်ပယ်ထဲ၊ စီးပွားရေးနယ်ပယ်ထဲမှာ မိတ်ဖက်လုပ်ငန်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ရှိမှာ အသေအချာပါပဲ။
ဒီ့အတွက် မသိမဖြစ်လိုအပ်တာကတော့ မိတ်ဖက်လုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ဘယ်လိုမျိုး ထိရောက်စွာ စီမံခန့်ခွဲမှုတွေကို ဘယ်လိုမျိုးလုပ်ဆောင်မလဲဆိုတာပါပဲ။
ဒါ့ကြောင့် သင့်အနေနဲ့ မိတ်ဖက်လုပ်ငန်းတွေကို အောင်မြင်စွာ စီမံခန့်ခွဲရင်း စီးပွားရေးလုပ်ငန်းကိုတိုးချဲ့ဖို့၊ ပရော်ဖက်ရှင်နယ်လမ်းကြောင်းကို မြှင့်တင်နိုင်ဖို့အတွက် "𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐏𝐚𝐫𝐭𝐧𝐞𝐫 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭" 𝐂𝐨𝐮𝐫𝐬𝐞 ကနေ အခုပဲ သင်ယူမှု ခရီးစဥ်ကို စတင်လိုက်ပါ။
ဘယ်လိုလူတွေ လေ့လာသင့်လဲ?
✅လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကျွမ်းကျင်သူများ ( Business Development Professionals ) အရောင်းမြှင့်တင်ရေး နဲ့ စျေးကွက်စီမံခန့်ခွဲသူများ
✅လုပ်ငန်းမိတ်ဖက်များစွာနဲ့ လက်တွဲလုပ်ကိုင်လျက်ရှိသူများ
✅စီမံခန့်ခွဲမှု တာဝန်ယူထားရသူများ
✅အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်နေသူတွေ
✅လုပ်ငန်းမိတ်ဖက်များနဲ့ ထိရောက်တဲ့ ပူးပေါင်းမှုတွေ လုပ်ဆောင်ချင်တဲ့ ထုတ်ကုန်မန်နေဂျာတွေ
✅ ခေါင်းဆောင်မှု ကဏ္ဍကို တာဝန်ယူထားရသူတွေ
အစရှိတဲ့ မည်သူမဆို လေ့လာထားသင့်တဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။
👉 သင်ကြားသူရဲ့မိတ်ဆက် နှင့် သင်ခန်းစာအကြောင်းကို ပိုမိုသိရှိလိုပါက "𝐏𝐚𝐫𝐚𝐛𝐲𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠" App ထဲကိုဝင်ရောက်ကြည့်ရှု့ဖို့ Application မရှိသေးရင် အခုပဲဒေါင်းထားလိုက်ပါ။
Google Play Store Link > https://bit.ly/49i2uRO
App Store Link > https://apple.co/4a8uirg
= = = = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
စကားလုံး ၁၀ ခုတောင် ရှိတာမို့လို့ ဘယ်နှခုရှာတွေ့ပါသလဲ?
အကုန်လုံးရှာတွေ့ရင်တော့ ဆရာကြီးပါပဲ😎
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
"𝐏𝐚𝐫𝐚𝐛𝐲𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠" App ထဲမှာ နယ်ပယ်အစုံက ကျွမ်းကျင်သူများစွာမှ သင်ကြားပို့ချထားတဲ့ သင်ခန်းစာတွေ အများကြီးရှိတာမို့လို့ အချိန်မရွေး၊ နေရာမရွေး လေ့လာသင်ယူဖို့ အခုပဲဒေါင်းထားလိုက်ပါ။
Google Play Store Link > https://bit.ly/49i2uRO
App Store Link > https://apple.co/4a8uirg
= = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
ဆရာ အီယန် (Ian) ရဲ့ Lecture အမိုက်စားတွေကို 𝟱𝟬% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 နဲ့ လေ့လာသင်ယူဖို့ အခွင့်အရေးကို အခုပဲရယူလိုက်ပါ 🤩
ဒီလကုန်ထိပဲမို့လို့ လက်သွက်မှတော့ရမယ်နော် 😉
= = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
Udemy, Coursera စတဲ့ learning app တွေအကြောင်းတော်တော်များများ ကြားဖူးကြပါလိမ့်မယ်
တချို့ဆို သုံးတောင်သုံးနေကြမှာပါ။ အဲ့ဒီ platform တွေမှာ Course တခုချင်းဆီ အပြင် monthly plan နဲ့ပါပေးလို့ရပေမယ့် USD 40ကနေ 5000 ဝန်းကျင်ထိကုန်ကျနိုင်ပါတယ်။ ဒါ့အပြင် course အများစုက English ဘာသာစကားနဲ့ပါ။
အဲ့ဒါကြောင့် ပေါ့ပေါ့ပါးပါး လေ့လာမှုကနေစပြီး ထဲထဲဝင်ဝင် သင်ယူမှုတွေလုပ်ဖို့ မြန်မာဘာသာစကားနဲ့ လစဉ်ကြေး အနည်းငယ်သာကျသင့်မယ့် platform တစ်ခု လူငယ်တွေအတွက် ရှိသင့်ခဲ့တာ ကြာပါပြီ။
အခုမိတ်ဆက်ပေးချင်တဲ့ Parabyte Learning Application https://www.facebook.com/profile.php?id=61555497557594&mibextid=LQQJ4d ဟာ အဲဒီလိုအပ်ချက်တွေကိုအချက် ၇ ချက်နဲ့ဖြည့်ဆည်းပေးပါတယ်။
✅စီးပွါးရေး၊ ခေါင်းဆောင်မှု၊ ကိုယ်ရည်ကိုယ်သွေး၊ Mental well-being အစရှိတဲ့ လူငယ်တွေအတွက် မရှိမဖြစ် ဘာသာရပ်တွေကို အကန့်အသတ်မဲ့ လေ့လာသင်ယူနိုင်ခြင်း
✅ပြီးဆုံးအောင်မြင်တဲ့ သင်တန်းတွေအတွက် e-certificate ကိုပါအခမဲ့ ထုတ်ယူနိုင်ခြင်း။
✅အချိန်၊နေရာ မရွေး လွတ်လပ်စွာဖြင့် ကိုယ်ပိုင်အချိန်ဇယားအတိုင်းလေ့လာနိုင်ခြင်း
✅သက်ဆိုင်ရာနယ်ပယ်မှ အတွေ့အကြုံရင့် instructor များမှ အသေးစိတ်ပို့ချပေးထားခြင်း
✅ဘာသာရပ် အားလုံးကို မြန်မာဘာသာဖြင့် လေ့လာနိုင်ခြင်း
✅အထက်ပါ ခံစားခွင့်များကို လစဉ်ကြေးချိုသာစွာဖြင့် တထိုင်တည်း ရရှိနိုင်ခြင်း
✅ iOS, Android ၂မျိုးလုံးအတွက် application များရှိခြင်း တို့ဖြစ်ပါတယ်။
🎉အရေးအကြီးဆုံးအချက်ကတော့ Step Up ရဲ့ ပဲ့ကိုင်ရှင် ဆရာ အီယန်(Ian) ရဲ့ exclusive lecture တွေကို Parabyte Learning Application မှာ ချိုသာတဲ့လစဉ်ကြေးနဲ့ သင်ယူလေ့လာနိုင်မှာပဲဖြစ်ပါတယ်။
🎉ဒီလို ခံစားခွင့်တွေကို အထူးစျေးနှုန်းနဲ့ရယူဖို့ အတွက် PLA ကို download ဆွဲပြီး monthly plan ဝယ်တဲ့အခါ ပုံထဲက referral code “IanParabyte24” ကို အသုံးပြုလိုက်တာနဲ့ 50% premium discount ခံစားခွင့်ရမှာပဲဖြစ်ပါတယ်။ ဒီ အခွင့်အရေးကို June လကုန်အထိ ကန့်သတ်ထားလို့ အချိန်မီရယူနိုင်အောင် သတင်းပေးလိုက်ပါတယ်နော်။
Application download လုပ်ရန်-
Google Play Store Link > https://bit.ly/49i2uRO
App Store Link > https://apple.co/4a8uirg
ဒီတစ်ပတ်အတွက်မျှဝေမယ့် Podcast ကတော့ "𝐊𝐞𝐲 𝐓𝐨 𝐔𝐧𝐥𝐨𝐜𝐤𝐢𝐧𝐠 𝐘𝐨𝐮𝐫 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐏𝐨𝐭𝐞𝐧𝐭𝐢𝐚𝐥 - 𝐏𝐚𝐫𝐭 𝟐" ပဲဖြစ်ပါတယ်။
Marketing Research ဆိုတာဘာလဲ။ ဘာကြောင့် Business တွေမှာ Research လုပ်ဖို့အရေးကြီးတာလဲ။ Marketing Research ဘယ်နှစ်မျိုးရှိသလဲ။ ထိရောက်မှုရှိတဲ့ Marketing Research ဖြစ်အောင် ဘယ်လို အကောင်အထည်ဖော်ကြမလဲ အစရှိတဲ့ မေးခွန်းတွေရဲ့ အဖြေကို 𝐁𝐢𝐳-𝐄𝐝 𝐒𝐡𝐨𝐰 𝐰𝐢𝐭𝐡 𝐈𝐚𝐧 𝐩𝐨𝐝𝐜𝐚𝐬𝐭 𝐩𝐫𝐨𝐠𝐫𝐚𝐦 မှာ မျှဝေပေးထားတာဖြစ်တာမို့လို့ ခုပဲ "ပုရပိုက်" ရဲ့ Lifestyle ထဲက Podcast ကဏ္ဍထဲမှာ အခမဲ့ ဝင်ရောက်နားထောင်လိုက်ပါ 🤩
Google Play Store Link > https://bit.ly/49i2uRO
App Store Link > https://apple.co/4a8uirg
= = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
𝐀𝐧𝐝𝐫𝐨𝐢𝐝 အသုံးပြုသူတွေအတွက် Application ကို 𝐔𝐩𝐝𝐚𝐭𝐞 အရင်လုပ်ထားပြီး အောက်ပါအတိုင်း လွယ်ကူလျင်မြန်စွာနဲ့ 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐀𝐜𝐜𝐨𝐮𝐧𝐭 ဖြစ်လို့ရပါပြီ။ 😍
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
"𝐏𝐚𝐫𝐚𝐛𝐲𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠" App ထဲမှာ နယ်ပယ်အစုံက ကျွမ်းကျင်သူများစွာမှ သင်ကြားပို့ချထားတဲ့ သင်ခန်းစာတွေ အများကြီးရှိတာမို့လို့ အချိန်မရွေး၊ နေရာမရွေး လေ့လာသင်ယူဖို့ အခုပဲဒေါင်းထားလိုက်ပါ။
Google Play Store Link > https://bit.ly/49i2uRO
App Store Link > https://apple.co/4a8uirg
= = = = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
"သူမ" ပြောတဲ့ "ပုရပိုက်" အကြောင်း တစေ့တစောင်း
"သူမ" ရဲ့ အမာခံ ပရိသတ်တွေအတွက်လည်း Referral Code ကို အသုံးပြုပြီး 𝟱𝟬% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 နဲ့ 𝙋𝙧𝙚𝙢𝙞𝙪𝙢 𝘼𝙘𝙘𝙤𝙪𝙣𝙩 ဖြစ်ဖို့အခွင့်အရေးကို အခုပဲ အရယူလိုက်ပါ 🤩
= = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
"မိမိတို့ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဆောင်ရွက်ခြင်းအားဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ကြပါစို့"
ဒီနေ့ ဇွန်လ (၅) ရက်နေ့ဟာ ကျွန်ုပ်တို့၏ကမ္ဘာမြေကြီးအား ဂုဏ်ပြုရန်နှင့် ကာကွယ်စောင့်ရှောက်ရန် လုပ်ဆောင်သည့်နေ့ဖြစ်သောကြောင့် အရေးကြီးတဲ့နေ့တစ်နေ့ဆိုလည်း မမှားပါဘူး။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သည် တစ်နှစ်တာ၏တစ်ရက်သာဖြစ်သော်လည်း ၎င်း၏အကျိုးသက်ရောက်မှုက ရေရှည်တည်တံ့ခိုင်မြဲနိုင်ပါတယ်။
ဒါ့ကြောင့် လက်ရှိအတွက်နှင့် မိမိတို့ရဲ့ အနာဂတ်မျိုးဆက်တို့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ကြရန် "ပုရပိုက်" မှ တိုက်တွန်းအပ်ပါတယ်။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
"𝐏𝐚𝐫𝐚𝐛𝐲𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠" App ထဲမှာ နယ်ပယ်အစုံက ကျွမ်းကျင်သူများစွာမှ သင်ကြားပို့ချထားတဲ့ သင်ခန်းစာတွေ အများကြီးရှိတာမို့လို့ အချိန်မရွေး၊ နေရာမရွေး လေ့လာသင်ယူဖို့ အခုပဲဒေါင်းထားလိုက်ပါ။
Google Play Store Link > https://bit.ly/49i2uRO
App Store Link > https://apple.co/4a8uirg
= = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
ဝါသနာအရ သီချင်းဆိုချင်ပေမယ့် မိမိအသံနဲ့ လိုက်ဖက်မှုရှိမနေတာ၊ အခြေခံကနေ သီချင်းတစ်ပုဒ်ကို ထိထိရောက်ရောက် မသီဆိုနိုင်သေးတာ၊ ကိုယ်ပိုင်အသံကို ဘယ်လိုအသုံးချရမှန်းမသိတာ အစရှိသဖြင့် ဖြစ်နေပြီဆိုရင် ထိထိရောက်ရောက် သီဆိုနိုင်စေဖို့ နည်းနာတွေကို အခြေခံကျကျသိထားသင့်နေပြီဖြစ်ပါတယ်။
"ပုရပိုက်" မှာ သင်ကြားနေသူတွေထဲကတစ်ယောက်ဖြစ်တဲ့ 𝐓𝐡𝐚𝐫 𝐍𝐠𝐞 (𝐈𝐕) အကြောင်းကိုတော့ ဒီတစ်ပတ်အတွက် မျှဝေပေးချင်ပါတယ်။
𝐊𝐨 𝐓𝐡𝐚𝐫 𝐍𝐠𝐞 (𝐈𝐕) ဟာဆိုရင် ၂၀၁၅ မှာ ဥပဒေဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ထိုင်းနိုင်ငံ Silpakorn University မှ Jazz Vocal Master's degree ကို သင်ယူခဲ့ပါသည်။
လုပ်ငန်းခွင် နဲ့ အတွေ့အကြုံတွေမှာဆိုရင်လည်း
✅ ၂၀၁၄ မှ ၂၀၁၇ အတွင်း ရန်ကုန်ရှိ Gitameit Center တွင် အဆိုပညာနှင့် စန္ဒရား ပညာတို့ကို စတင်လေ့လာ၍ သူ့ရဲ့ ဂီတခရီးလမ်းကို စတင်လျှောက်လှမ်းခဲ့ပါတယ်။
✅ ၂၀၁၉ မှ ၂၀၁၁ အတွင်းမှာလည်း ဂျပန်မှာ ကျင်းပလေ့ရှိတဲ့ ဂီတပွဲတော်တွေမှာ ပါဝင်ခဲ့ပြီး နိုင်ငံတကာမှ အသိအမှတ်ပြုမှုများကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။
✅ ၂၀၁၁ ခုနှစ် အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Berkshire Choir Camp ကိုလည်းတက်ရောက်ခဲ့ပါတယ်။
✅"ညပြာပြာ" လို့ခေါ်တဲ့ သူရဲ့ပထမဆုံး အယ်လ်ဘမ်ကို သူငယ်ချင်းနဲ့တူတူ ၂၀၁၁ ခုနှစ်မှာထွက်ရှိခဲ့ပါတယ်။
✅ ထိုင်းဒါရိုက်တာ Chartchai Ketnust ရိုက်ကူးခဲ့သော Bangkok to Mandalay ဇာတ်ကားမှာ "Far Away So Close"၊ "Motor Car" စတဲ့ ဇာတ်ဝင်တေးတွေကိုလည်း အီတလီ ဂီတပညာရှင် Bruno Brugano နှင့်အတူ ကိုယ်ပိုင်သံစဥ် သီချင်းတွေအဖြစ် ရေးစပ်သီဆိုခဲ့ပါတယ်။
✅ "The Four" cover band ရဲ့ တည်ထောင်သူတစ်ဦးလည်းဖြစ်ပါတယ်။ Band ရဲ့ တီထွင်ဆန်းသစ်မှုများနှင့်အတူ ဂီတနယ်ပယ်မှာ နာမည်ရလာခဲ့ပါတယ်။
✅ Thar Nge (IV) ရဲ့ နောက်ထပ်ခြေလှမ်းအနေနဲ့ ၂၀၁၈ ခုနှစ်မှာ "Plug Music" production ကို တည်ထောင်ခဲ့ပါတယ်။ Production ရဲ့ Music Director နှင့် Producer အဖြစ် လုပ်ဆောင်ခဲ့ပါတယ်။
✅"Thirty-Two Soul"၊ "Lovely Bone" ဆိုတဲ့ ရုပ်ရှင်တွေမှာလည်း Sound Designer အဖြစ်လည်း ပါဝင်ခဲ့ပြီး Documentaries တွေအတွက်လည်း အသံပိုင်းဆိုင်ရာတွေမှာ ပါဝင်ခဲ့ပါတယ်။
✅"The Voice Myanmar" 2019 မှာ Vocal Trainer အနေနဲ့ ပါဝင်ခဲ့ပြီး "Lycee Francais International de Rangoon" နဲ့ ILBC မှာလည်း ဂီတဆရာအဖြစ်လည်း လုပ်ကိုင်ခဲ့ပါတယ်။
✅လက်ရှိမှာတော့ Thar Nge (IV) သည် Freelance music teacher အနေနဲ့ သင်ကြားပေးလျက်ရှိပါသည်။ "Sol" music school ကို တောင်ကြီးမြို့မှာ တည်ထောင်ထားပြီး လူငယ်တွေနဲ့ ကလေးများကို ဂီတနှင့်ပတ်သက်ပြီး သင်ကြားမျှဝေပေးလျက်ရှိပါသည်။
𝐊𝐨 𝐓𝐡𝐚𝐫 𝐍𝐠𝐞 (𝐈𝐕) မှ သင်ကြားပို့ချထားတဲ့ သင်ခန်းစာတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ "𝐏𝐚𝐫𝐚𝐛𝐲𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠" App ထဲမှာ Enroll လုပ်ထားလိုက်ပါ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
"𝐏𝐚𝐫𝐚𝐛𝐲𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠" App ထဲမှာ နယ်ပယ်အစုံက ကျွမ်းကျင်သူများစွာမှ သင်ကြားပို့ချထားတဲ့ သင်ခန်းစာတွေ အများကြီးရှိတာမို့လို့ အချိန်မရွေး၊ နေရာမရွေး လေ့လာသင်ယူဖို့ အခုပဲဒေါင်းထားလိုက်ပါ။
Google Play Store Link > https://bit.ly/49i2uRO
App Store Link > https://apple.co/4a8uirg
= = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
Blogger တွေအတွက်လည်း လိုအပ်တဲ့ Soft Skills တွေဖြည့်ဆည်းလို့ရလို့ 𝟱𝟬% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 နဲ့ 𝙋𝙧𝙚𝙢𝙞𝙪𝙢 𝘼𝙘𝙘𝙤𝙪𝙣𝙩 အခွင့်အရေးကို အခုပဲ အရယူလိုက်ပါ 🤩
= = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
နေ့စဥ်နှင့်အမျှ ဘဝတာဝန်တွေကို ကျေပွန်အောင်ကြိုးစားနေရတဲ့အတွက် စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေပြီလား?
အဲ့လို အချိန်တွေကျရင် ဘာမှ လုပ်ချင်၊ ကိုင်ချင်စိတ်မရှိဘဲ ဖြစ်နေတတ်ပြီး လုပ်ကိုလုပ်ရမယ့် တာဝန်နဲ့ ဝတ္တရားတွေကိုလည်း ကောင်းမွန်ပြောင်မြောက်စွာ လုပ်နိုင်စွမ်းမရှိဖြစ်နေတတ်ပါတယ်။
အဲ့လို ဖြစ်နေပြီဆိုရင် စိတ်ကို အနားပေးဖို့ Mental Break ယူဖို့ လိုနေတာပဲဖြစ်ပါတယ်။
အောက်ပါ အချက် (၅) ချက်နဲ့ ကိုက်ညီနေပြီဆိုရင်တော့ သင်ဟာ Mental Break ယူသင့်နေပြီပဲဖြစ်ပါတယ်။
၁။ အာရုံစူးစိုက်မှုနည်းလာမယ်
အလုပ်တွေ ဆက်တိုက် လုပ်နေပေမယ့် အာရုံစိုက်လို့ မရဘူး၊ အတွေးတွေက မရှင်းလင်းဘဲ ခေါင်းထဲမှာ ထူပူနေမယ်၊ ပုံမှန်လုပ်နေကြ အလုပ်တွေကိုတောင် ကောင်းကောင်းမလုပ်နိုင်ဘဲ အရင်ထက်ပိုပြီး ကြန့်ကြာလာမယ်၊ Idea အသစ်တွေ မထွက်လာဘဲ ခေါင်းထဲမှာ Block ဖြစ်နေမယ် ဆိုရင်တော့ သင့်စိတ်နဲ့ ဦးနှောက်ကို ခဏလောက် Reset ချဖို့ လိုပါပြီ။
၂။ စိတ်ဖိစီးတဲ့ လက္ခဏာတွေ ဖြစ်လာမယ်
စိတ်ဖိစီးနေပြီဆိုရင် ကျန်းမာရေးနဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် ခေါင်းကိုက်တာ၊ နုံးချိတာ၊ နှလုံးခုန်မြန်တာ၊ အသက်ရှုရခက်တာ၊ စိုးရိမ်စိတ်များလွန်းတာစတဲ့ စိတ်ဖိစီးမှုရဲ့ လက္ခဏာတွေ ကြုံလာရပြီဆိုရင် Mental Break ယူဖို့လိုနေပါပြီ။
၃။ စိတ်တက်ကြွမှု မရှိတော့ဘူး
ကိုယ်ဘာကြောင့် အလုပ်တွေလုပ်နေရတာလဲဆိုတာ မသိတော့ဘဲ ဘဝရဲ့ အဓိပ္ပာယ် ပျောက်သလို ခံစားနေရပြီး အလိုလို စိတ်လျှော့ချင်လာမယ်၊ စိတ်မပါတော့ဘူး၊ ဦးတည်ချက်မရှိတော့ဘဲ တွေဝေလာမယ်၊ ရှေ့ဆက်ပြီး တိုးတက်ချင်စိတ်မရှိတော့ဘဲ အရှုံးပေးချင်လာပြီဆိုရင် စိတ်ကို ခဏအနားပေးလိုက်ပါ။
၄။ အိပ်ချိန်၊ စားချိန် ပျက်ယွင်းလာမယ်
တစ်ခါတစ်ရံ အလုပ်အရမ်းများတဲ့အခါ အလုပ်အကြောင်းတွေးပြီး အိပ်မပျော်တာ၊ တစ်ရေးနိုးရင်လဲ အလုပ်ကိစ္စ စိတ်ထဲရောက်လာပြီး စိတ်ထဲမပျော်တာ၊ အိပ်ရေးမဝတာ၊ အိပ်ချိန်မပြည့်တာတွေ ဖြစ်ပြီး အလိုလို ပင်ပန်းလာနိုင်ပါတယ်။ ဒါ့အပြင် အစားစားတဲ့ပုံစံ ပြောင်းလဲလာတာ၊ emotional eating လို့ပြောတဲ့ အစားတွေကို များများစားဖြစ်လာတတ်ပါတယ်။ ဒါတွေကလည်း Mental Break ယူသင့်တဲ့ လက္ခဏာတွေပါပဲ။
၅။ မိသားစု၊ သူငယ်ချင်းတွေနဲ့ ကင်းကွာလာမယ်
မိသားစုရဲ့ ပျော်ရွှင်စရာအချိန်တွေမှာ ကိုယ်မပါတော့တာ၊ လူချင်း အတူတူရှိနေပေမယ့် စိတ်ချင်းဝေးကွာလာတာ၊ သူငယ်ချင်းတွေနဲ့ အတူတူ ပြည့်ပြည့်ဝဝ မပျော်တော့တာ၊ စိတ်ဖိစီးမှုများပြီး ဒေါသထွက်၊ စိတ်မရှည်တာတွေဖြစ်လာပြီး တခြားသူတွေနဲ့ ခဏခဏ စိတ်ဆိုး၊ ရန်ဖြစ်နေရတယ်ဆိုရင် Mental Break အတွက် အချိန်ယူဖို့ လိုအပ်နေပါပြီ။
အထက်ပါ အချက်တွေနဲ့ ကိုက်ညီနေပြီဆိုရင် သင်ဟာ Mental Break ယူပြီး စိတ်ကိုအနားပေးသင့်နေပါပြီ။
နေ့စဥ်ဘဝမှာ အချိန်နည်းနည်းလောက်ဖဲ့ပြီး တရားထိုင်တာ၊ ဝါသနာအတွက်အချိန်ပေးတာ၊ မိသားစုနဲ့ အချိန်ကုန်ဆုံးတာ၊ ခရီးသွားတာလေးတွေ လုပ်ပေးသင့်ပါတယ်။ ဒါမှသာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ရရှိနေမှာပါ။
"𝐏𝐚𝐫𝐚𝐛𝐲𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠" မှာ အခမဲ့ဖတ်ရှု့လေ့လာလို့ရမယ့် စာတွေအများကြီးကျန်သေးတာမို့လို့ App မရှိသေးရင် အခုပဲဒေါင်းထားလိုက်ပါ။
Google Play Store Link > https://bit.ly/49i2uRO
App Store Link > https://apple.co/4a8uirg
= = = = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
ဓာတ်ပုံရိုက်ခြင်း အနုပညာကို လေ့လာသင်ယူချင်သူတွေအတွက် 𝟱𝟬% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 နဲ့ အခုပဲ 𝙋𝙧𝙚𝙢𝙞𝙪𝙢 𝘼𝙘𝙘𝙤𝙪𝙣𝙩 ဖြစ်ဖို့ အခွင့်အရေးကို ရယူလိုက်ပါ 🤩
= = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
PARABYTE Learning App အကြောင်းသိပြီးပြီလား
Parabyte Learning App
လေးမှာ ကျွန်တော့်ရဲ့ ဓာတ်ပုံသင်ခန်းစာလေးတွေ စပြီးကြည့်လို့ရနေပါပြီဗျ
အခုပုံထဲက Referral code လေးသုံးပြီး
Parabyte Learning ရဲ့ Grand Launch အထိမ်းအမှတ် ၅၀% discount လေးရယူလိုက်ပါဗျ
ဆော့ဝဲလ်သုံးချင်သူတွေအတွက် ဒေါင်းလုပ်ဆွဲဖို့ Comment မှာ လင့်ပေးထားပါတယ်ဗျို့
မင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ ဓာတ်ပုံအမိုက်စားကြီးတွေတူတူဖန်တီးကြမယ် 😎😎😎
သီချင်းတစ်ပုဒ်ကို ရွေးချယ်သီဆိုတဲ့နေရာမှာ ကိုယ့်ရဲ့အသံနဲ့လိုက်ဖက်တဲ့ သီချင်းကိုရွေးချယ်တတ်ဖို့နဲ့ သီဆိုရာမှာလည်း ထိထိရောက်ရောက်သီဆိုနိုင်ဖို့လည်း လိုအပ်ပါသေးတယ်။
ဝါသနာအရဖြစ်စေ၊ အလုပ်သဘောအရဖြစ်စေ မိမိရဲ့အသံပေါ်လိုက်ပြီး အခြေခံကနေ သီချင်းတစ်ပုဒ်ကို ကောင်းမွန်စွာသီဆိုတတ်ဖို့အတွက် ဒီနေ့မှာ Highlight လုပ်ပေးချင်တဲ့ သင်ခန်းစာကတော့ "𝐏𝐫𝐚𝐜𝐭𝐢𝐜𝐢𝐧𝐠 𝐚 𝐒𝐨𝐧𝐠 𝐟𝐨𝐫 𝐄𝐟𝐟𝐞𝐜𝐭𝐢𝐯𝐞 𝐒𝐢𝐧𝐠𝐢𝐧𝐠" ဆိုတာပဲဖြစ်ပါတယ်။
ဒီသင်ခန်းစာဟာဆိုရင်
✅သီချင်းတစ်ပုဒ်ကိုရွေးချယ်သီဆိုတဲ့နေရာမှာ ထိထိရောက်ရောက်သီဆိုနိုင်စေဖို့ နည်းနာတွေကို အခြေခံကျကျ ပြောပြပေးထားပါတယ်
✅ကိုယ့်ရဲ့အသံနဲ့လိုက်ဖက်တဲ့ သီချင်းရွေးနည်း၊ Vocal Range သတ်မှတ်နည်း
✅မိမိရဲ့အသံပေါ်လိုက်ပြီး အမြင့်သံ၊ အနိမ့်သံတွေကို စနစ်တကျသီဆိုတတ်အောင်
✅ကိုယ်ပိုင် Vocal Range တွေပေါ်လိုက်ပြီး ရှောင်ရှားရမယ့် သီချင်းအမျိုးအစားတွေကို ဆွေးနွေးပြထားပေးပါတယ်
✅သီချင်းတစ်ပုဒ်ကိုလေ့လာတဲ့နေရာမှာ အပိုင်းတွေဘယ်လိုမျိုးခွဲလို့ရလဲ၊ အပိုင်းတစ်ပိုင်းချင်းစီကို ပိုင်နိုင်အောင်သီဆိုနိုင်ဖို့ လေ့ကျင့်စရာတွေ
✅ အသံပိုင်းဆိုင်ရာ တိုးတက်ချင်သူတွေအတွက် အကျိုးရှိစေမဲ့ Vocal Exercise တွေကို လက်တွေ့လိုက်လုပ်ဖို့အတွက် သင်ပြထားခြင်း
✅Breathing point, Note Value, Dynamics စတဲ့ သီချင်းသီဆိုမှုမှာရော၊ အသံပိုင်းဆိုင်ရာမှာ အရေးကြီးတဲ့ Points တွေကို ကိုယ်တိုင်ဥပမာတွေနဲ့ ပြသပေးထားပြီးတော့
✅လက်တွေ့ပြသမှုအနေနဲ့ "ငါ့ရဲ့လမင်း" သီချင်းရဲ့ First verse ကိုရွေးချယ်သင်ကြားပြသထားပါတယ်။
ဘယ်လိုလူတွေလေ့လာသင့်လဲ?
✅အခြေခံကနေ သီချင်းတစ်ပုဒ်ကို ထိထိရောက်ရောက် သီဆိုလိုသူတွေ
✅သီချင်းတစ်ပုဒ်ကို ဘယ်လိုလေ့လာရမလဲဆိုတာ အိုင်ဒီယာရလိုသူတွေ
✅ကိုယ့်ရဲ့ ကိုယ်ပိုင်အသံကို ထိထိရောက်ရောက်တိုးတက်မှုတွေရှိဖို့ အသုံးချလိုသူတွေ
✅Vocal Exercise တွေကိုစနစ်တကျလေ့လာတတ်လိုသူတွေ
✅ဝါသနာအရ သီချင်းကောင်းကောင်း သီဆိုလိုသူတွေ
အထက်ပါသူတွေအနေဖြင့် မဖြစ်မနေ လေ့လာသင့်တဲ့ Course တစ်ခုဖြစ်ပါတယ်။
👉 သင်ကြားသူရဲ့မိတ်ဆက် နှင့် သင်ခန်းစာအကြောင်းကို ပိုမိုသိရှိလိုပါက "𝐏𝐚𝐫𝐚𝐛𝐲𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠" App ထဲကိုဝင်ရောက်ကြည့်ရှု့ဖို့ Application မရှိသေးရင် အခုပဲဒေါင်းထားလိုက်ပါ။
Google Play Store Link > https://bit.ly/49i2uRO
App Store Link > https://apple.co/4a8uirg
= = = = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
𝟱𝟬% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 နဲ့ 𝙋𝙧𝙚𝙢𝙞𝙪𝙢 𝘼𝙘𝙘𝙤𝙪𝙣𝙩 ဖြစ်ဖို့အခွင့်အရေးကို အခုပဲ အရယူလိုက်ပါ 🤩
လုပ်ငန်းခွင်တွင်းမှာ ပြန်လည်အသုံးချနိုင်မယ့် မိမိရဲ့ အရည်အချင်းတွေကို "ပုရပိုက်" နဲ့အတူ မြှင့်တင်နိုင်ပါပြီ။
= = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
လစာရတုန်းလေး 𝟱𝟬% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 နဲ့ 𝙋𝙧𝙚𝙢𝙞𝙪𝙢 𝘼𝙘𝙘𝙤𝙪𝙣𝙩 ဖြစ်ဖို့အတွက် အခွင့်အရေးကို ရယူလိုက်ပါ 🤩
= = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
PARABYTE Learning App
လေးမှာ ကျွန်တော့်ရဲ့ အဆိုသင်ခန်းစာလေးတွေ စပြီးကြည့်လို့ရနေပါပြီဗျ
အခုပုံထဲက Referral code လေးသုံးပြီး
Parabyte Learning ရဲ့ Grand Launch အထိမ်းအမှတ် ၅၀% discount လေးရယူလိုက်ပါဗျ
ဆော့ဝဲလ်သုံးချင်သူတွေအတွက် ဒေါင်းလုပ်ဆွဲဖို့ Comment မှာ လင့်ပေးထားပါတယ်ဗျ
𝟱𝟬% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 နဲ့ အခုပဲ 𝙋𝙧𝙚𝙢𝙞𝙪𝙢 𝘼𝙘𝙘𝙤𝙪𝙣𝙩 ဖြစ်ဖို့ အခွင့်အရေးကို ရယူလိုက်ပါ 🤩
= = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
🌟 𝗕𝗶𝗴 𝗡𝗲𝘄𝘀 𝗳𝗿𝗼𝗺 𝗛𝗲𝗮𝗹𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗔𝗻𝗱𝗿𝗲𝗮! 🌟
🎉 𝗘𝘅𝗰𝗶𝘁𝗶𝗻𝗴 𝗖𝗼𝗹𝗹𝗮𝗯𝗼𝗿𝗮𝘁𝗶𝗼𝗻 𝗔𝗹𝗲𝗿𝘁! 🎉
I’m thrilled to share that “𝗛𝗲𝗮𝗹𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗔𝗻𝗱𝗿𝗲𝗮” has partnered with Parabyte Learning, an innovative digital micro-learning platform that’s now LIVE and ready to transform the way you learn and grow!
📱 𝗔𝘃𝗮𝗶𝗹𝗮𝗯𝗹𝗲 𝗼𝗻 𝗶𝗢𝗦 𝗮𝗻𝗱 𝗔𝗻𝗱𝗿𝗼𝗶𝗱, Parabyte Learning brings a world of knowledge right to your fingertips, making learning accessible, engaging, and fun. Whether you’re on the go or cozy at home, Parabyte is your new best friend in personal development.
And here’s the cherry on top! 🍒 As a member of our vibrant community, you get an exclusive 𝟱𝟬% 𝗱𝗶𝘀𝗰𝗼𝘂𝗻𝘁 when you subscribe using my 𝘀𝗽𝗲𝗰𝗶𝗮𝗹 𝗿𝗲𝗳𝗲𝗿𝗿𝗮𝗹 𝗰𝗼𝗱𝗲: AndreaParabyte24.
But hurry, don't let this opportunity slip away! 🤍
⏳ Valid until 30th June 2024.
Ready to elevate your learning journey?
Eager to redefine your learning experience?
👉 𝗚𝗼𝗼𝗴𝗹𝗲 𝗣𝗹𝗮𝘆 𝗦𝘁𝗼𝗿𝗲 𝗟𝗶𝗻𝗸: https://bit.ly/49i2uRO
👉 𝗶𝗢𝗦 𝗔𝗽𝗽 𝗦𝘁𝗼𝗿𝗲 𝗟𝗶𝗻𝗸: https://apple.co/4a8uirg
Your path to personal growth and empowerment awaits just a click away!
With love and light,
💖
သင့်ရဲ့ အရည်အချင်း၊ အသိပညာနဲ့ ကျွမ်းကျင်မှုတွေကို အဆင်မြှင့်တင်ဖို့ အဆင်သင့်ပဲလား။
ဒါဆိုရင်တော့ အသိပညာအသစ်များရယူရန်နှင့် ရှိပြီးသားစွမ်းရည်များကို မြှင့်တင်ရန်အတွက် "𝐏𝐚𝐫𝐚𝐛𝐲𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠" ရှိပါတယ်။
"𝐏𝐚𝐫𝐚𝐛𝐲𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠" က
📱 Time-saving & Convenience
အချိန် အများကြီးပေးစရာလိုတဲ့ ပြင်ပသင်တန်းတွေလို မဟုတ်ဘဲ နေရာမရွေး၊ အချိန်မရွေး မိမိအဆင်ပြေတဲ့ အချိန်မှာ လေ့လာသင်ယူလို့ရပါတယ်။
🎯 Targeted micro-learning courses
သင်ခန်းစာတွေကလည်း 𝐛𝐢𝐭𝐞-𝐬𝐢𝐳𝐞𝐝 အရွယ်သင်ခန်းစာများဖြစ်တာကြောင့် လေ့လာရတာအဆင်ပြေလွယ်ကူပြီး ဆိုလိုရင်းများကလည်း တိကျရှင်းလင်းပြတ်သားသောကြောင့် သင်ယူမှတ်သားရတာ အဆင်ပြေလွယ်ကူနေမှာပါ။
💻 Taught by practitioners
လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချလို့ရတဲ့ သင်ခန်းစာတွေရှိတဲ့အပြင် သင်ကြားပေးသူတွေကလည်း သက်ဆိုင်ရာလုပ်ငန်းခွင်နယ်ပယ်မှာ နှစ်ပေါင်းများစွာအတွေ့အကြုံရှိသူတွေက သင်ကြားပြသပေးတာဖြစ်ပါတယ်။
💰 Learn More, Pay Less
အကောင်းဆုံးနဲ့ အတန်ဆုံးအပိုင်းဆိုရင်တော့ "များများလေ့လာ၊ အကုန်ကျသက်သာ" ဆိုတဲ့အတိုင်း ပရီမီယမ်အစီအစဥ်ဖြင့် ပက်ကေ့ချ်တစ်ခုဝယ်ပြီး အကန့်အသတ်မရှိ သင်တန်း (Course 15++ ) တွေအကုန်လုံးကို စိတ်တိုင်းကျ တက်ရောက်နိုင်မှာဖြစ်ပါတယ်။
"𝐏𝐚𝐫𝐚𝐛𝐲𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠" ရဲ့ ရည်ရွယ်ချက်မှာ အရည်အသွေးမြင့်မားပြီး အတွေ့အကြုံရှိတဲ့သင်ကြားပြသသူများမှ ဦးဆောင်သောပညာရေးကို လူတိုင်းလက်လှမ်းမီနိုင်စေရန်၊ လူတစ်ဦးတစ်ယောက်ချင်းစီတို့၏ စွမ်းရည်အပြည့်အ၀ရောက်ရှိစေရန်နှင့် ၎င်းတို့၏ကိုယ်ပိုင်နှင့်ပရော်ဖက်ရှင်နယ်ဘဝများတွင် ရှင်သန်ကြီးထွားလာစေရန်ဖြစ်သည်။
အခုပဲ ❝𝐏𝐚𝐫𝐚𝐛𝐲𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠❞ ကို စမ်းသုံးကြည့်ပြီး ခြားနားချက်ကို ကိုယ်တိုင်မြင်တွေ့ခံစားကာ သင်ယူမှုအတွေ့အကြုံကို အဆင့်မြှင့်ပြီး မိမိကိုယ်တိုင် ပြုလုပ်နိုင်သည့် ခြားနားချက်ကိုပြုလုပ်လိုက်ပါ။
Google Play Store Link > https://bit.ly/49i2uRO
App Store Link > https://apple.co/4a8uirg
= = = = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
လုပ်ငန်းခွင်ရဲ့ စွမ်းဆောင်နိုင်စွမ်းတွေကို တိုးတက်အောင် မိမိရဲ့ နေ့စဉ်အလေ့အထတွေ နဲ့ မိမိရဲ့အလုပ်ပတ်ဝန်းကျင်ကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲခြင်းတွေ ပါဝင်ပါတယ်။
ဆိုတော့ ဘယ်လို အချက်တွေက ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို တိုးတက်လာစေလဲဆိုတာ အောက်မှာဖော်ပြပေးလိုက်ပါတယ်။
1). Pomodoro Technique
အချိန်စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်ပြီး ၂၅ မိနစ်ကြာတိုင်း ၅ မိနစ် အနားယူခြင်းဖြစ်ပါတယ်။ ထိုကဲ့သို့ အနားယူခြင်းဖြင့် အာရုံစူးစိုက်မှုကို ထိန်းသိမ်းနိုင်ပြီးနှင့် ပင်ပန်းနွမ်းနယ်မှုကို ရှောင်ရှားနိုင်ရန် ကူညီပေးပါတယ်။
2). Eliminate Distractions
ဆိုရှယ်မီဒီယာ၊ အီးမေးလ်များ၊ သို့မဟုတ် အရေးမကြီးသော တွေ့ဆုံမှုများကဲ့သို့ ဖြစ်လေ့ရှိသော အနှောင့်အယှက်များကို ခွဲခြားသတ်မှတ်ထားပြီး အတတ်နိုင်ဆုံးလျှော့ချပါ။
3). Prioritize Tasks
မိမိအတွက် အရေးကြီးသော ဦးစားပေးသင့်တဲ့ လုပ်ငန်းဆောင်တာများကို အရင်အာရုံစိုက်ပါ။
4). Time Blocking
အာရုံစူးစိုက်ပြီး အရင်ဦးစားပေးသင့်သည့် အလုပ်အတွက် အချိန်ဇယားအရင်ဆွဲပြီး အချိန်ယူလိုက်ပါ။ နောက်မှသာ တခြားလုပ်ရန်ရှိသော အလုပ်အတွက် အချိန်ပေးပါ။
5). Mindful Multitasking
Multitasking လုပ်ခြင်းက အဆင်မပြေဖြစ်နိုင်သော်လည်း အချို့သောအလုပ်တွေကိုတော့ ထိထိရောက်ရောက်ဖြစ်စေပါတယ်။ မိမိလုပ်ရမယ့် ပရောဂျက်များစွာကို စီမံခန့်ခွဲဖို့အတွက် Trello သို့မဟုတ် Asana ကဲ့သို့သော Software များကို အသုံးပြုနိုင်ပါတယ်။
6). Stay Hydrated and Nourished
မိမိရဲ့ စွမ်းအင်နဲ့ဦးနှောက်ကို အလုပ်လုပ်ဆောင်ရာမှာကောင်းမွန်ကျန်းမာနေစေရန်အတွက် ရေကိုလုံလောက်စွာသောက်ပါ။
7). Get Quality Sleep
အိပ်ရေးပျက်ခြင်းက အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်နှင့် ဆုံးဖြတ်ချက်ချခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါ့ကြောင့် အိပ်ရေးဝမှသာလျှင် အဲ့လိုအနှောင့်အယှက်တွေမဖြစ်စေတော့မှာပါ။
8). Exercise Regularly
လေ့ကျင့်ခန်းအနည်းအကျဥ်းလုပ်ခြင်းကတောင် စွမ်းအင်နဲ့ စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။
9). Take Regular Breaks
မိနစ် 90-120 တိုင်း အားလပ်ချိန်တိုတိုယူခြင်းသည် အာရုံစူးစိုက်မှုကို ပြန်လည်ရရှိစေပြီး ပင်ပန်းနွမ်းနယ်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
10). Continuous Learning
သင့်လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ အရည်အချင်းများကိုလည်း အဆက်မပြတ်ရှာဖွေလေ့လာခြင်းအားဖြင့် မိမိရဲ့ လုပ်ငန်းခွင်မှာ တက်ကြွစေပြီး လိုက်လျောညီထွေဖြစ်စေနိုင်ပါတယ်။
အထက်ပါ အချက်အလက်တွေက လုပ်ငန်းခွင်မှာ စွမ်းဆောင်နိုင်စွမ်းတွေကို သိသိသာသာ မြှင့်တင်စေနိုင်ပါတယ်။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
"𝐏𝐚𝐫𝐚𝐛𝐲𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠" App ထဲမှာ နယ်ပယ်အစုံက ကျွမ်းကျင်သူများစွာမှ သင်ကြားပို့ချထားတဲ့ သင်ခန်းစာတွေ အများကြီးရှိတာမို့လို့ အချိန်မရွေး၊ နေရာမရွေး လေ့လာသင်ယူဖို့ အခုပဲဒေါင်းထားလိုက်ပါ။
Google Play Store Link > https://bit.ly/49i2uRO
App Store Link > https://apple.co/4a8uirg
= = = = = = = = = = = = = = = = = = = = = = = = =
PARABYTE LEARNING
Learn & Explore with PARABYTE
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the school
Telephone
Website
Address
#4030, Taw Win Center, Pyay Road, Dagon Township
Yangon
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon
Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3
No. 9 Kan Street, Hlaing Township
Yangon, 11012
Enhancing educational and career opportunities for Myanmar youth since 2009.
Yangon
တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon
Education
Yangon
We aim to teach subjects relating to the business world at affordable prices.