TL Carbon Cleaning Service

TL Carbon Cleaning Service

အဆွဲအရုန်းကျ​နေ​သောကားများ မီးသံ

Photos from TL Carbon Cleaning Service's post 09/12/2023

ကားအင်ဂျင်မှာကာဗွန်အညစ်အကြေးများရှိနေရခြင်းမှာ

🔸 လောင်စာဆီမသန့်ခြင်း
Octane/Diesel များစွမ်းအင်မပြည့်မှီခြင်း
🔸 Air filter များ ညစ်‌ပေနေခြင်း ၊အင်ဂျင်လေလိုင်းများမမှန်ခြင်း
🔸အင်ဂျင်အပူချိန်လိုအပ်သည်ထက်မြင့်တက်နေခြင်း
🔸အင်ဂျင်ဝိုင်၊Plug နှင့် ဂီယာဝိုင်များ ကိုက်ညီမှုမရှိခြင်းတို့ကြောင့်ဖြစ်ပါသည်

ကားအင်ဂျင် အစိတ်အပိုင်းတွင်းကာဗွန်အညစ်အကြေးများရှိနေပါက အောက်ပါဆိုးကျိုးများဖြစ်ပေါ်နေတတ်ပါသည်
⛔ဆီစားခြင်း
⛔ကားအဆွဲအရုန်းသိသာစွာကျနေခြင်း
⛔ကားစက်သံဆူညံစွာအော်မြည်နေခြင်း
⛔Spark plugများမကြာခဏ ပြဿနာဖြစ်ပေါ်နေခြင်း
⛔မီးလောင်ခန်းနှင့်ကျောက်ဇကာတွင်ကာဗွန်ချေးများ တက်နေခြင်း
⛔မီးခိုးများလွန်ကဲစွာထွက်နေခြင်း
⛔ကား၏မြင်းကောင်ရေသိသာစွာကျနေခြင်း
⛔ကား၏လျှင်မြန်နှုန်းလျော့နည်းနေခြင်း
⛔ဘရိတ်စွမ်းဆောင်ရေကျဆင်းခြင်း ......

အထက်ပါဆိုးကျိုးများကိုကောင်းမွန်စေရန် TL Carbon service မှ အရည်အသွေးမြင့်ဆေးအမျိုးအစားဖြင့် ဈေးနှုံးသက်သာစွာဝန်ဆောင်မှုပေးနေပါသည်ခင်ဗျာ

Price -
3 လုံးထိုးအင်ဂျင် - 20000 ks
4 လုံးထိုးအင်ဂျင် - 30000 ks
6 လုံးထိုးအင်ဂျင် - 45000 ks
8 လုံးထိုးအင်ဂျင် - 60000 ks
ကျောက်ဇကာဆေးကြော - 30000 ks

ဆက်သွယ်ရန် -

( ကိုသက်လွင် )
ကြည်မြင်တိုင်ရဲစခန်းဘေးလမ်း
ရုံးကြီးလမ်း / ဗားကရာချောက်အနီး
📞Ph
09 7965 29677
09 44300 3881

08/12/2023

အင်ဂျင်ကူးလန့် (Coolant) ကိုပြည့်လျှံနေအောင်ဖြည့်သင့်လား???
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကားအင်ဂျင် အအေးပေး စနစ်မှာ အင်ဂျင် ကူးလန့် (Coolant) ကို အသုံးပြုကြပါတယ်။

ကူးလန့်ကို အသုံးပြုရခြင်း အဓိက
ရည်ရွယ်ချက်တွေကတော့
🔸အေးခဲမှုကို ကာကွယ်ခြင်း၊
🔸သံချေးတက်မှုမှ ကာကွယ်ခြင်း၊
🔸ရေဆူမှတ်ကို မြှင့်ပေးခြင်း နှင့်
🔸ယိုစိမ့်မှု ဖြစ်တဲ့အခါ အလွယ်တကူ မြင်နိုင်ခြင်းတို့ဘဲ ဖြစ်ပါတယ်။

ဒီဆောင်းပါးလေးမှာ အင်ဂျင် ကူးလန့်ကို ပြည်လျှံအောင် ထည့်သင့်လားဆိုတာ နဲ့ ပါတ်သက်ပြီး ဗဟုသုတ အဖြစ် မျှဝေပေးချင်ပါတယ်။

အင်ဂျင် အအေးပေး စနစ်မှာ ရေပြန်ဗူးလို့ ခေါ်တဲ့ Reservoir Tank မှာ စနစ်နှစ်မျိုးရှိပါတယ်။

🔻တစ်မျိုးက Expansion Tank ဖြစ်ပြီး
🔻နောက်တစ်မျိုးကတော့ Overflow Tank ဖြစ်ပါတယ်။

တော်တော်များများကားတွေမှာ Overflow Tank (အိုဗာဖလိုး) ကို အသုံးပြုကြပြီး မော်ဒယ်မြင့်ကားတွေမှာတော့ Expansion Tank ကို အသုံးပြုကြပါတယ်။

နှစ်မျိုးစလုံးကတော့ ပိုလျှံနေတဲ့
အင်ဂျင်ကူးလန့်တွေကို ယာယီ သိုလှောင်ပေးဖို့ ဖြစ်ပါတယ်။

ကူးလန့်ဖြည့်တဲ့အခါ ရေတိုင်ကီ နှင့် အင်ဂျင်ထဲကို အပြည့် ဖြည့်ပြီးသွားရင် ရေပြန်ဗူးထဲကိုလည်း
ထပ်ဖြည့်ပါတယ်။

ရေပြန်ဗူးမှာ Full နှင့် Low (Max နှင့် Min) ဆိုပြီး အမှတ် (၂) ခုပါဝင်ကာ Full အထိ ဖြည့်ရပါတယ်။
ကူးလန့် ဖြည့်ပြီးသွားတဲ့အခါ အင်ဂျင်ပူအောင် နှိုးထားရပါတယ်။

အင်ဂျင် သတ်မှတ် အပူချိန်ရောက်တဲ့အခါ သာမိုစတက် (Thermostat) ပွင့်ပြီး အအေးပေးစနစ်လည်ပတ်သွားတဲ့အခါ ရေပြန်ဗူးထဲက ကူးလန့်တွေ လျော့သွားပါတယ်။

အဲ့ဒီအခါ အင်ဂျင် ကူးလန့်ကို Full အထိ ပြန်ထပ်ဖြည့်ရပါတယ်။

ဒါပေမယ့် အင်ဂျင်ကူးလန့်ကို ပြည့်လျှံ ကျတဲ့အထိ မထည့်သင့်ပါဘူး။

ပြည့်လျှံကျတဲ့အထိ ဖြည့်ထားတဲ့အခါ ကားအသုံးပြုပြီလို့ အင်ဂျင်ပူ သွားတဲ့အချိန် ကူးလန့်ထုထည်ပွလာပြီး ပိုလျှံနေတဲ့ ကူးလန့်တွေကို
ရေပြန်ဗူးဆီကို ပို့ပေးပါတယ်။

တကယ်လို့ ရေပြန်ဗူးထဲမှာ ကူးလန့်တွေပြည့်နေတယ်ဆိုရင် ရေပြန်ဗူးမှ အင်ဂျင်ကူးလန့်တွေက လျှံကျကာ အင်ဂျင်ခန်းကို ကူးလန့်များ ဖိတ်စင်
ပေကျံကုန်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အင်ဂျင်ကူးလန့်တွေက ပူနေတဲ့အစိတ်အပိုင်းတွေပေါ် စီးကျတယ်ဆိုရင်လည်း ကူးလန့်ညော်နံ့တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

အင်ဂျင်ကူးလန့်တွေ စီးကျတဲ့အခါ ကြီးကြီးမားမား ပျက်စီးစေနိုင်တဲ့ အချက်တခုကတော့ ဝါယာဆော့ကဒ်တွေထဲကို စိမ့်ဝင်စေတာဘဲဖြစ်ပါတယ်။

ပိုလျှံကျနေတဲ့ ကူးလန့်တွေက အင်ဂျင်ခန်းထဲက ဆင်ဆာများ၊ အက်ကျူရေတာများ နှင့် လျှပ်စစ်ပစ္စည်းများပေါ်ဖိတ်စင်ကျတဲ့အခါ ဝါယာရှော့ကိုလည်း ဖြစ်စေနိုင်သလို လျှပ်စစ်ပစ္စည်းတွေလည်း
ပျက်စီးစေနိုင်ပါတယ်။

နောက်ထပ် ဆိုးကျိုး တစ်ချက်ကတော့
အင်ဂျင်ကူးလန့် ပြည့်လျှံ ကျသွားတဲ့အခါ သက်ရှိသတ္တဝါတွေက အင်ဂျင်ကူးလန့်ကို သောက်သုံးမိရင် အင်ဂျင်ကူးလန့်ထဲမှာ ပါဝင်တဲ့ အဆိပ်အတောက်တွေက သေစေနိုင်လောက်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အင်ဂျင်ကူးလန့်ကို သတ်မှတ်ထားတဲ့
ပမာဏဖြစ်တဲ့ Full အထိသာ ထည့်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

credit-မူရင်းရေးသားသူ
မူရင်းရေးသားသူအားလေးစားစွာဖြင့်

07/12/2023

“အမျိုးသားနေ့ ဒို့မမေ့”

ယနေ့ ( ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၊ ၇ရက်နေ့၊ ကြာသပတေးနေ့ )တွင်ကျ‌ရောက်သော
(၁၀၃)နှစ်မြောက် အမျိုးသားနေ့အား TL carbon service မှလေးစားဂုဏ်ပြုအပ်ပါသည်။

#အမျိုးသားနေ့

05/12/2023

Battery charge warning light
(ဘက္ထရီ အားသွင်းစနစ် အချက်ပြမီး)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘက္ထရီ အားသွင်းစနစ် အချက်ပြမီး ကားမောင်း နေရင်း ပေါ်လာရင် တော့ကား ကို ရပ်ပြီး ပန်ကာကြိုး ကိုကြည့်ပါ။

ပန်ကာကြိုး ပြတ်သွားပါက အစားပြန်ထည့်ပါ။ မထည့်ဘဲ ဆက်မမောင်းသင့်ပါ။

ဘက္ထရီ အားသွင်းစနစ် အချက်ပြမီး လုံးဝ မလင်းပါက (သို့)start မရပါက
🔻ဘက္ထရီ အားကုန်နေခြင်း၊ပျက်ခြင်း။
🔻ဒိုင်နမို မကောင်းခြင်း၊ဝါယာလိုင်းပြတ်ခြင်း
🔻ပန်ကာကြိုးလျော့နေခြင်း ဖြစ်တယ်။

🔯ဘက္ထရီ မ ကောင်း လို့စက် နိုး မရ သည့် ကားအားအခြား ကားမှ ဘက္ထရီ အကူအညီ ဖြင့် စက်နိုးနည်း

အမှတ်စဉ် အတိုင်း လုပ်ဆောင်ပါ။
📍1. စက် နိုး မရသော ကား မှ
ဘက္ထရီ ငုတ် အနီ( ➕) ကို ဆက်သွယ်ပါ။

📍2.၎င်းကြိုးအားအကူအညီ ပေးမည့်ကားမှဘက္ထရီ ငုတ် အနီ (➕)သို့ ချိတ်ဆက်ပါ။

📍3. အကူအညီ ပေးမည့်ကားမှ
ဘက္ထရီ ငုတ် အနက်(➖) ကို ဆက်သွယ်ပါ။

📍4.၎င်းကြိုးအား နိုး မရသော ကားမှာ ကရောင်းချ (နတ်ခေါင်းဖြစ်ဖြစ်)
သို့ ချိတ်ဆက်ပါ။

📍5.အကူအညီ ပေး မည့်ကား အား
စက် နိုးထား ပါ။

📍6.ပြီးလျင်စက် နိုး မရသည့် ကားအား စက်နိုးပါ။

📍7.ကြိုး ကို 4 ;3 ;2 ;1 (တပ်တာနဲ့ပြောင်းပြန်) အတိုင်းပြန် ဖြု တ်သိမ်း ပါ။

📍8. ၁၅ မိနစ်ခန့် မောင်းလိုက် ပါက အားပြန်ရှိသွားပါပြီ။

❌သတိပြုရန်❌
အပေါင်း➕ နုတ် ➖မမှားပါစေနဲ့ ။

Credit》》ကားချစ်သူ
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်

02/12/2023

ကားဒိုင်ခွက်ထဲက အန္တရာယ်အရှိဆုံးချက်မီး (Check Light) ၅မျိုး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ယနေ့ခေတ်ပေါ်ကားတိုင်းလိုလို

ကား Instrument Panel လို့ခေါ်တဲ့ ကားဒိုင်ခွက်ထဲမှာ ကားမှာပါ၀င်တဲ့ စနစ်အမျိုးမျိုးအတွက် သက်ဆိုင်ရာ အချက်ပြ သင်္ကေတအမျိုးမျိုးပါ၀င်ကြပါတယ်။

ဒီလိုအချက်ပြ သင်္ကေတ အများကြီးထဲကမှ ကားတိုင်းမှာ မရှိမဖြစ်ပါ၀င်တဲ့ ကားမောင်းသူတိုင်းအတွက် မဖြစ်မနေ သိသင့်သိထိုက်ဆုံး၊ အန္တရာယ်အရှိဆုံး Check Light ၅ မျိုးကို စုစည်းတင်ပြပေးလိုက်ပါတယ်။

🔸၁။ Low Engine Oil Pressure

ဒီမီးက ကားအင်ဂျင်ဝိုင်နဲ့ ပတ်သတ်တဲ့ မီးဖြစ်ပြီး

တချို့ကားတွေမှာဆို အနီရောင်ဆီကတော့ပုံ၊

တချို့ကားတွေမှာဆို အဝါရောင်ဆီကတော့ ပုံလေးဖြစ်ပြီး၊

ကားတိုင်းလိုလို မရှိမဖြစ်ပါ၀င်ပြီး ကားအင်ဂျင်အတွက် အကြီးကြီးပြဿနာပေး ဒုက္ခပေးတတ်တဲ့ အချက်ပြမီးပါ။

ဒီမီးလေးက ကားသော့ “on” လိုက်တဲ့အချိန်မှာ ဒိုင်ခွက်ထဲမှာ လင်းနေမယ်၊ ကားစက်နှိုးလိုက်လို့ စက်နှိုး သွားတာနဲ့တပြိုက်နက် ဒီမီးလေး ငြိမ်းသွားရပါမယ်။

ဒါဆိုရင် ကားမှာ အင်ဂျင်ဝိုင်တွေရှိနေမယ်၊ စက်နှိုး သွားတဲ့ အချိန်မှာလည်း ဒီအင်ဂျင်ဝိုင်တွေက သတ်မှတ်နေရာ အသီးသီးကို ရောက်ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

ဒါကြောင့် မိတ်ဆွေတို့ကားမောင်းဖို့စက်နှိုးတယ်ဆိုတိုင်း ကားစက်နှိုးသွားတာနဲ့ မဖြစ်မနေ သတိပြုရမယ့် ပထမဆုံးချက်မီးက ဒီအင်ဂျင်ဝိုင်ချက်မီးပါပဲ။

ကားစက်နှိုးသွားတဲ့အချိန်ဖြစ်စေ၊ ဒါမှမဟုတ် ကားမောင်းနေရင်းဖြစ်စေ ဒီအင်ဂျင်ဝိုင်ပုံစံ မီးလေး ဒိုင်ခွက်ထဲမှာ လင်းလာတယ်ဆိုရင် (ဝါ) ဒိုင်ခွက်ထဲမှာ မှိတ်တုတ်မှိတ်တုတ် ပေါ်လာတယ်ဆိုရင် ကားဆက်မောင်းဖို့အဆင်မပြေပါဘူး။

ကားမှာပါတဲ့ ချက်မီးမျိုးစုံထဲက Low Engine Oil Pressure မီးဟာ အင်ဂျင်တခုလုံး ပျက်စီးဆုံးရှုံးစေနိုင်တဲ့ အန္တရာယ်ရှိတဲ့ ချက်မီးတခုပါ။

ဒီမီးလင်းတာကို မသိလို့၊ သတိမထားမိလို့ အင်ဂျင်တခုလုံး ပျက်စီးဆုံးရှုံးရတဲ့ ကားတွေမနည်းပါဘူး။

ဒါကြောင့် သတိထားဖို့အလိုအပ်ဆုံး ချက်မီးအနေနဲ့ တင်ပြလိုက်ပါတယ်။



🔸၂။ Engine Coolant Temperature Warning Light

Coolant Temperature Warning Light ဆိုတာက ကားအင်ဂျင်တခုရဲ့အရေးကြီးတဲ့ အင်ဂျင်အပူချိန်ကို ဖော်ပြတဲ့ အချက်ပြသင်္ကေတပါ။

ဒီ ချက်မီးက ကားအမျိုးအစားပေါ်မူတည်ပြီး ဒိုင်ခွက်ထဲမှာ ပုံစံကွဲတတ်ပါတယ်။

ပထမပုံစံကတော့ သာမိုမီတာပုံစံလေးပါ။

ပုံမှန်အချိန်မှာ အပြာရောင် အစိမ်းရောင်လေးရှိတတ်ပြီး ကားအင်ဂျင် Over Heat တက်လာတဲ့ အချိန်မှာ အနီရောင်ပြတတ်ပါတယ်။

ဒုတိယပုံစံကတော့ H (Hot) နဲ့ C (Cool) ပါ၀င်တဲ့ လက်တံ သင်္ကေတနဲ့ ဖော်ပြတဲ့ ပုံစံဆိုပြီးနှစ်မျိုးကွဲပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ပုံဆိုရင် လက်တံက Hot ကို ရောက်နေပြီး အင်ဂျင် Heat တက်နေတဲ့ပုံဖြစ်ပါတယ်။

ပုံမှန်အခြေအနေမှာဆိုရင် ကားမောင်းနေတဲ့ အချိန်မှာ ဒီလက်တံက H နဲ့ C ရဲ့ ကြား အလည်မှာ အမြဲရှိနေရမှာဖြစ်ပါတယ်။

ဒီ Engine Coolant Temperature Warning Light ကတော့ ကားမောင်းနေတဲ့ အချိန်မှာ အမြဲ သတိထား ကြည့်ရမယ့် ချက်မီးတခုပါ။

ကားမောင်းနေတဲ့အချိန် အပေါ်ပုံမှာ ပြထားသလို အနီရောင် မီးလင်းလာမယ်၊ ဒါမှမဟုတ် အောက်ပုံမှ ပြထားသလို လက်တံက H (Hot) နားထိ ရောက်နေမယ်ဆိုရင်တော့ အင်ဂျင် Over Heat ဖြစ်နေပါပြီ။

ကားဆက်မောင်းဖို့ မသင့်တော့ပါဘူး။ ကားအင်ဂျင်တခုလုံး ပျက်စီးတတ်ပါတယ်။

Engine Coolant Temperature Warning Light ဘာကြောင့်ပေါ်ရသလဲ ?

ဒီချက်မီးလင်းလာရတဲ့ အကြောင်းရင်းကတော့ အင်ဂျင်အအေးပေးစနစ် Cooling System မှာ တခုခု ချို.ယွင်းလို့ပါပဲ။



🔸၃။ Charging System Warning Light

ဒီချက်မီးကတော့ အနီရောင်ဘတ္ထရီအိုးပုံစံ ချက်မီးလေးဖြစ်ပြီး ကားအားသွင်းစနစ်နဲ့သက်ဆိုင်တဲ့ အချက်ပြ မီးဖြစ်ပါတယ်။

ဒီချက်မီးလေးကလည်း ကား အင်ဂျင်ဝိုင်မီးနဲ့ သဘောသဘာ၀ ဆင်တူပြီး ကားသော့ “ On “ လိုက်တဲ့ အချိန်မှာ လင်းနေရမှာဖြစ်ပြီး ကားစက်နှိုးလိုက်လို့ စက်နှိုးသွားတယ်ဆိုရင် ဒီမီးလေး ငြိမ်းနေရမှာပါ။

ဒီလိုမဟုတ်ဘဲ စက်နှိုးသွားသည့်တိုင် ဒီ ဘတ္ထရီအိုးပုံမီးလေးလင်းနေမယ်

ဒါမှမဟုတ် ကားမောင်းနေရင်း ဒီချက်မီးလေး လင်းလာတာ (ဝါ) ဒါ ဘတ္ထရီအိုးပုံလေး ပေါ်လိုက်ပျောက်လိုက် ဖြစ်လာတာက ကားအားသွင်း စနစ်တခုခု ချို့ယွင်းလာတဲ့ သင်္ကေတပါပဲ။

ဒီချက်မီးလေးက အပေါ်က နှစ်ခုလို ကားအင်ဂျင်ပျက်စီးစေနိုင်လောက်သည် အထိ ဆိုးဆိုးရွားရွား ဒုက္ခမပေးတတ်ပေမယ့် ခရီးသွားရင်း စက်သေ ထိုးရပ်တတ်တာမို. ဒုက္ခပေးတတ်တဲ့ မီးထဲမှာပါပါတယ်။

ဒီမီးပေါ်လာတယ်ဆိုရင်တော့ ကားဆက်မောင်းဖို့ မသင့်ဘဲ နီးစပ်ရာ ကျွမ်းကျင်ကား၀ပ်ရှော့တွေမှာ ကားအားသွင်းစနစ်နဲ့ ဘတ္ထရီကို စစ်ဆေးပြုပြင်ရမှာဖြစ်ပါတယ်။

🔸၄။ Tire Pressure Warning Light



ဒီတာယာပုံစံ မီးလေးကတော့ TPMS (Tire Pressure Monitoring System) ကနေ ကားမှာပါ၀င်တဲ့ တာယာတွေရဲ. လေပေါင်ချိန်မှန်မမှန် ကိုတိုင်းတာပြတဲ့ စနစ်တခုပါ။

ဒီမီးပေါ်လာရတဲ့ အကြောင်းရင်းကတော့ တာယာလေပေါင်ချိန်မမှန်တာ၊ လမ်းသွားရင်း ကားတာယာ ပေါက်တာ၊ လေစိမ့်တာ၊ ကားတာယာ လေရော့တာ၊ လေများတာ အစရှိတာတွေကြောင့် ဒီမီးလင်းတာ များပါတယ်။

တချို့ကားတွေမှာတော့ Spare Tire လေလျော့ရင်လည်း ဒီမီးလင်းတတ်ပါတယ်။

အထူးသဖြင့် Land cruiser ကားတွေမှာဆိုရင် စပယ်ရာ တာယာရဲ့လေပေါင်ချိန်ကို တိတိကျကျ ချိန်တွယ်ထိုးပေးဖို့ လိုပါတယ်။

ကားမောင်းနေရင်း ဒီမီးပေါ်လာတယ်ဆိုရင်တော့ ကားစက်ရပ်ပြီး ကားတာယာတွေကို သတိပြုစစ်ဆေးသင့်ပါတယ်။

အထူးသဖြင့် အမြန်လမ်းတွေမှာ ကားမောင်းနေတဲ့အချိန် ကားတာယာ လေပေါင်ချိန်မမှန်တာ၊ ကားတာယာပေါက်တာ၊ ကွဲထွက်တာတွေကြောင့် ကားနဲ့လူ အန္တရာယ်ဖြစ်စေတာမျိုးတွေ ကြုံတွေ့ရနိုင်ကြောင့် ကားမောင်းရင်း ဒီမီးလင်းလာတယ်၊ ပေါ်လာတယ်ဆိုရင် အထူးသတိပြု စစ်ဆေးသင့်ပါတယ်။

🔸၅။ ABS Warning Light

ဒီ ABS ဆိုတဲ့ Warning Light တွေကတော့ Brake (ဘရိတ်) စနစ်နဲ့သက်ဆိုင်တဲ့ မီးဖြစ်ပြီး Anti-Lock Brake System ကိုရည်ညွှန်းတာပါ။

ဒီစနစ်က ကားကို အရှိန်နဲ့မောင်းနေတဲ့အချိန် ရုတ်တရက် ဘရိတ်ဖမ်း လိုက်တဲ့အခါ ကားစတီယာရင်ကို အသေမဖြစ်စေဘဲ လိုသလို ကွေ့နိုင်ခေါက်နိုင်အောင် ဖမ်းတီးပေးတဲ့စနစ်ပါ။

ဒါကြောင့် ဒီမီးပေါ်လာတယ်ဆိုရင် ကားအရှိန်နည်းနည်းနဲ့မောင်းနေချိန်တွေမှာတော့ အန္တရာယ်သိပ်မရှိနိုင်ပေမဲ့ ကားကို အမြန်လမ်းလို နေရာမျိုးမှာ မောင်းနှင်နေချိန် ကားဒိုင်ခွက်ထဲမှာ ဒီမီးလင်း နေတယ်ဆိုရင် တော့ ကားမှာပါတဲ့ ABS စနစ်တွေ အလုပ်လုပ်မှာမဟုတ်လို့ အန္တရာယ်ရှိနိုင်တဲ့ Check Light ထဲ ထည့်သွင်း ဖော်ပြ ထားရပါတယ်။

အစရှိတဲ့ အချက်ပြမီးတွေက

ကားမောင်းသူတိုင်း မဖြစ်မနေသိထားရမယ့် ကားအင်ဂျင်ပိုင်းနဲ့ ကားမောင်းသူကို အသက် အန္တရာယ် ထိခိုက်သည်အထိ ဒုက္ခပေးနိုင်တဲ့ ချက်မီးတွေပါ။

ဒါကြောင့် ဒီချက်မီးတွေကို သေချာသတိပြု လေ့လာမှတ်သားထားသင့်ကြောင်း စေတနာထား တင်ပြလိုက်ရပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့်

29/11/2023

🔸🔸ကုန်းအဆင်းရှည်ရင် ဘရိတ်ကိုအကြာကြီးမှေးထားသင့်သလား??

ကားတွေ တော်တော်များများ ကုန်းအဆင်းတွေမှာ ဘရိတ်ပေါက်လို့ဆိုပြီး ချောက်တွေထဲ ထိုးကျနေတာကို စိတ်မကောင်းစွာနဲ့ မကြာခဏ မြင်နေရပါတယ်။

တကယ်ဆို…
ဘရိတ်ဆိုတာ အဲ့လောက် အပေါက်မလွယ်ပါဘူး။

ကုန်းအဆင်းကရှည်တာကို ဂီယာကြီးနဲ့ မဆင်းဘဲ ၂/ ၃ ဂီယာလောက်နဲ့ဆင်းပြီး ဘရိတ်ကို အကြာကြီးမှေးထားတော့ ဘရိတ်ရှုးတွေ ဘရိတ်ဒစ်တွေ အရမ်းပူလာတဲ့အချိန်ကျတော့ ဘရိတ်က ဘယ်လိုမှ မမိတော့ပဲ ခြေနင်းအောက်အထိကျပြီး ဘရိတ်ပျောက်သွားတတ်တာပါ။

အဲ့လိုမဖြစ်အောင်လို့
ကုန်းဆင်းရှည်ရင် ဂီယာကြီး ၁ ၂ L,2,B,S စတဲ့ ဂီယာတွေနဲ့သာ ထိန်းဆင်းပါ။

အဆင်းရှည်တာကို Manualရော Auto Gear ရောပါ ဘရိတ်ကိုအကြာကြီးထိန်းဆင်းရင် ဘရိတ်ပျောက်ပြီး ဘရိတ်မမိတော့ပါဘူး။

ဆင်းနေရင်း ခြေနင်းဘရိတ်ပျော့ပြီး ဘရိတ်ပျောက်သွားရင် 1, L,B ဂီယာရအောင်ထည့်၍ ထိန်းဆင်းကာ ရပ်လို့ရတဲ့နေရာရောက်ရင် နာရီဝက် /လေးဆယ့်ငါးမိနစ်လောက် ခဏ နားထားရင်ဘရိတ်နဂိုအတိုင်း အပေါ်ပြန်တက်လာပြီးဘရိတ်ပြန်မိပါလိမ့်မယ်။

အတက် မတက်နိုင်တာ ရပ်ထားလို့ရပေမယ့် အဆင်း ဘရိတ်မနိုင်ရင် ရပ်ထားလို့မရတာကြောင့် မိတ်ဆွေကားမောင်းသူများ အဆင်းတွေမှာ ဖြည်းဖြည်းသာ စိတ်ရှည်ရှည်ထားဆင်းဖို့ အကြံပေးချင်ပါတယ်။

Cr.
ကိုတိုး (အွန်လိုင်းကားဝပ်ရှော့)
မူရင်းရေးသားသူကိုလေးစားစွာဖြင့်

27/11/2023

တန်ဆောင်မုန်းလပြည့်
(သာမညဖလ အခါတော်နေ့)

တန်ဆောင်တိုင်ကာလ အခါသမယဝယ် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်
ပြည့်စုံပြီး စီးပွါးလာဘ်လာဘများ အောင်မြင်
တိုးတက်ကြပါစေကြောင်း …

TL carbon service မှ
ဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏🏻🙏🏻🙏🏻

#တန်ဆောင်မုန်းလပြည့်

Photos from TL Carbon Cleaning Service's post 26/11/2023

Cαɤხoռ cɭeαռiռg ဆိုတာ
ပုံမှန် ပြုလုပ်ပေးသင့်တဲ့ လုပ်ငန်းစဉ်တစ်ခုပါ.
အင်ဂျင်ကျူးနင်းတစ်မျိုးပါဘဲ..

ကီလို 20000 လျှင်တကြိမ် ပုံမှန် ကာဗွန် ဆေးပေးခြင်းဖြင့်
👉မီးသံခေါက်ခြင်း
👉အဆွဲအရုန်းကျခြင်း
👉 အင်ဂျင်တုန်ခါခြင်း
👉 အင်ဂျင်အပူလွန်ကဲခြင်း
👉 ကျောက်ဇကာပိတ်ဆို့ခြင်းများကို ကာကွယ်နိုင်ပါတယ် ..

ကာဗွန်ဆေးပြီးသည့်ကားတိုင်းသည်သွက်လက်ပေါ့ပါးပြီးအင်ဂျင်သာမာန်အပူချိန်ထက်မပိုတော့ပါ.

အင်​ဂျင်သက်တမ်းကြာရှည်စွာခံပြီးSesnsor ခဏခဏပျက်တဲ့ဒုက္ခနဲ့ဝေးသွားပါမယ်..

Spark Plugs လဲကြာရှည်အသုံးခံသည့်အတွက် ကုန်ကျစရိတ်ပါသက်သာသွားပါမယ်

ဆေးကြောရန်ကြာမြင့်ချိန်ကတော့ကားအမျိူးအစားပေါ်မူတည်ပြီး(၁)နာရီမှ(၂ )နာရီခန့်ကြာမြင့်တတ်ပါတယ်

Price -
3 လုံးထိုးအင်ဂျင် - 20000 ks
4 လုံးထိုးအင်ဂျင် - 30000 ks
6 လုံးထိုးအင်ဂျင် - 45000 ks
ကျောက်ဇကာဆေးကြော - 30000 ks

ဆက်သွယ်ရန် -

🚕ကိုသက်လွင် 🚕
ကြည့်မြင်တိုင်ရဲစခန်းဘေးလမ်း
ရုံးကြီးလမ်း/ဗားကရာချောက်အနီး
ရန်ကုန်

☎️ Ph - 09 44300 3881
- 09 79 65 29677
- 09 7300 3881

Photos from TL Carbon Cleaning Service's post 25/11/2023

ကားကို လေပေါင် ဘယ်လောက်ထိုးရမလဲ ❓
~~~~~~~~~~~~~~~~~~~~~~~

ကိုယ့်ကားကို လေပေါင် ဘယ်လောက်ထိုးရမယ် ဆိုတာ ကို ထုတ်လုပ်တဲ့ကား ကုမ္ပဏီ တွေက ကားမှာ အသင့်ကပ်ပေး လိုက်ပါတယ်။

ဘယ်နေရာကပ်ထားလဲ ဆိုတော့ ယာဉ်မောင်းဘက်ခြမ်း တံခါး ဖွင့်လိုက်ပါ ။
တံခါး ဂျက်အထိုင်ဘက် အတွင်းဘောင် ကို ကြည့် ကြည့် ပါ ။
ပုံ မှာပြထားသလို ဂျပန်စာနှင့် စတစ်ကာ မျိုးတွေ့ရပါမယ် ။
ခုဆို ကိုယ့်ကား ရဲ့ ထိုးရမယ့် လေပေါင် သိရပါပြီ ။
(နေရာ ကတော့ ပုံသေ တော့မရှိပါ )

သို့သော် ဂျပန် ကျ ကားများ သာ အများဆုံး စီးကျသော မြန်မာပြည် ဖြစ်၍ ဂျပန်စာများ သည် ပြသနာ တခု ဖြစ်နေပါသည်။
(ဂျပန်စာ မတတ်သောအခါ)

နောက် ပြသနာကတော့ ဂျပန်စာ ဖတ်တတ်ရင် တောင် ( google translate ပြန်ထားရင်)
လက်ရှိ မြန်မာပြည် အသုံးပြု သော လေပေါင်နဲ့ မတူပြန်ပါဘူး

ဥပမာ ကီလိုမီတာ နဲ့ မိုင် လိုပေါ့

ဂျပန် အသုံးပြုတာက kPa (kg/cm2)
မြန်မာ အသုံးပြုတာက လေပေါင် psi ပါ

🔸kPa ဆိုတာက kilopascal
🔸psi ဆိုတာကတော့ Pounds per Square Inch ပါ။

🔸1 kPa မှာ 0.145038 psi ရှိပါတယ် ။
( 6.89475729 kpa = 1 psi )

ပုံထဲမှာက 230 kPa ပါ ။
ဒီတော့တွက်ကြည့်မယ်ဆိုရင်
100 kPa = 14.5038 psi
200 kPa = 29.0076 psi
230 kpa = 33.3587 psi

ခုဆိုရင် 230 kPa ဆို လေပေါင် 33 psi ထိုးရမယ်ဆိုတာ ရှင်းသွား လောက်ပါပြီ ။

ပုံထဲမှာက ရှင်းအောင် လေပေါင် တမျိုးတည်းပါတာ ရွေးတင် ပေးလိုက်တာပါ။

အများအားဖြင့်
ရှေ့ဘီး လေပေါင် / နောက်ဘီးလေပေါင် ပြီးတော့ စပယ်ရာဝှီး လေပေါင် ။
ဂွေဆိုက် / တာယာဆိုက် ပေါ် မူတည်ပီး ထိုးရမယ့်လေပေါင် ပါ ပါတယ် ။
တခု နဲ့တခု လေပေါင် မတူညီပါဘူး ။

ကောင်းတာက တော့ သတ်မှတ်ထားတဲ့ ဂွေ / တာယာ ဆိုက် ဘဲ သုံးသင့်ပါတယ်။ (ဂွေ ဆိုက် မတူဘဲ အလွိုင်းလှလို့ ဆိုပီး ချိန်းတတ်ကြလို့ ပါ )

ဒါကြောင့် fit ကို ဘယ်လောက်ထိုးရမယ်။
vitz က ဒီလောက်ထိုး ဆိုပြီး အတိကျ ပြောလို့တော့ မရပါဘူး ။
တပ်ဆင်ထားတဲ့ ဂွေဆိုက် တာယာ ဆိုက် မှန်နေရင်တော့ တမျိုးပေါ့။
အဆင်ပြေပါစေ ။
🚘🚘🚘🚘🚘
=======================
(ပြန်လည်မျှဝေခြင်းသာ)
Credit》》
#ကားချစ်သူ

22/11/2023

Auto gear နဲ့ ပတ်သတ်ပြီး လုံးဝ မလုပ်သင့်တဲ့ အချက် (၅) ချက်
~~~~~~~~~~~~~~~~~~~~~~~

🔸၁။ auto gear က Parking (P) ကိုထိုးတော့မယ်ဆိုရင် ကားကိုလုံးဝဘရိတ်နင်းပြီးရပ်သွားမှ ထိုးပါ။
P ကိုထိုးလိုက်တာနဲ့ transmission ကို သော့ခတ်လိုက်သလိုပါပဲ။

locking pin လို့ခေါ်တဲ့ သံချောင်းဟာ က ဂီယာအသွားတွေကြားထဲ ထိုးပိတ်လိုက်ပါတယ်။
ကားမရပ်သေးဘဲ P ထိုးလိုက်ရင် အဲ့ lock pin ကျိုးနိုင်ပါတယ်။

🔸၂။ အပေါ်ကအချက်လိုပါပဲ auto gear ကို reverse (R) မှ drive (D) ကိုပြောင်းတာဖြစ်ဖြစ် D မှ R ပြောင်းတာဖြစ်ဖြစ် ကားကို ဘရိတ်နင်းပြီး ရပ်သွားမှ ပြောင်းရပါမယ်
parking ထိုးတဲ့အချိန် ဖြစ်တတ်ပါတယ်။
ကားရှင်းလို့အမြန်ထွက်/ဝင်လုပ်တဲ့အခါ သတိထားဖို့လိုပါတယ်။
ကားရှေ့ရွေ့နေတုန်း R ထိုးတာဖြစ်ဖြစ် နောက်ရွေ့နေတုန်း D ပြန်ထိုးတာဖြစ်ဖြစ်လုပ်မိရင် transmission ထိခိုက်စေပါတယ်။

သဘောက ကားရပ်ပြီးမှ ဂီယာပြောင်းရမှာဖြစ်လို့ transmission က brake လုပ်ရမယ့်အလုပ်ကိုလုပ်ပေးရလို့ပါ။

🔸၃။ ကုန်းဆင်းတွေမှာ neutral မထိုးရပါ။
အငှားယာဉ်မောင်းတွေ လုပ်လေ့ရှိပါတယ်။ ကျွန်တော်တို့လို ဆင်းရဲတဲ့နိုင်ငံအနေနဲ့ ဆီစားသက်သာအောင် ကုန်းဆင်းမှာ free ရိုက်တာ အပြစ်မပြောပါဘူး။
အမေရိကန်မှာတောင် အဲ့လိုလုပ်ကြလို့ ပြည်နယ် ၁၅ ခုမှာ ကုန်းဆင်း ဂီယာ N မထိုးရ ဥပဒေ ပါထုတ်ပြန်ထားပါတယ်။
ကုန်းဆင်း N ထိုးရင် ဆီစားသက်သာတာမှန်ပေမယ့် ကားရဲ့ ပြည့်ဝတဲ့ ထိန်းချုပ်မှုမရတော့ပါဘူး။
manual ကားတွေ free ရိုက်တဲ့အခါ safe မဖြစ်သလိုပါပဲ။ ကား ကွန်ပျုတာ ECU ဟာ N မှာရပ်နေတယ်လို့ သိရှိတဲ့အတွက် ကားသွားနေတဲ့ အရှိန်အတိုင်း ဆီမပေးတော့ပါဘူး။

ဆီစားလျော့သွားပေမယ့် transmission အတွက်လိုအပ်တဲ့ ချောဆီ အဝင်အထွက်လျော့နည်းစေပြီး ဂီယာဘောက်စ် အတွင်းပိုင်း ပွတ်တိုက်မှုကနေ ပျက်စီးနိုင်ပါတယ်။
နောက်ပိုင်းကားတွေမှာတော့ ကုန်းဆင်းမှာ D နဲ့သွားရင်တောင် auto ဆီဖြတ်ပေးတဲ့ နည်းပညာတွေ ပါပါတယ်။

🔸၄။ အဲလိုပါပဲ မီးပိွုင့်တွေမှာ စောင့်တဲ့အချိန် N ကိုမထိုးရပါဘူး။
မီးပိွုင့်မှာ D နဲ့ brake နင်းပြီးစောင့်နေတာထက် ဆီစားသက်သာတာ မှန်ပေမယ့် မီးစိမ်းလို့ သတိမေ့ပြီး N နဲ့လီဗာနင်း ထွက်တဲ့အခါ ကားကမရွေ့ဘဲ အင်ဂျင်သံထွက်လာမှ ချက်ချင်း သတိရပြီး D ကိုတန်းထိုးရင် transmission ထိပါမယ်။
ဒါ့အပြင် လီဗာနင်းမိလိုက်တဲ့ အတွက် ခြွေတာထားတဲ့ ဆီထက်ပိုကုန်သွားပါပြီ။

🔸၅။ နောက်ဆုံးအချက်ကတော့ လူငယ်တွေအနေနဲ့ Fast & Furious ဇာတ်ကားတွေကြည့်ပြီး ကားမထွက်ခင် ဂီယာကို N မှာအသင့်ထားပြီး တ ဗြဲဗြဲနဲ့ လီဗာကြွေးထားမယ်။
ပြီးတာနဲ့ ဒုံးဆို D ကိုတန်းထိုးပြီး အမြန်ထွက်တဲ့ လုပ်ရပ်တွေဟာ transmission bands တွေကိုလည်း အမြန်ဆုံးပွန်းစားစေပါတယ်။ transmission band ဆိုတာကတော့ အင်ဂျင်နဲ့ transmission အချိတ်/အဖြုတ်မှာ ဂီယာအုံတွေကို လိုသလို ဆွဲဖမ်းပေးရတဲ့ စတီးလက်ကောက်တွေပါ။
ဂီယာN အခြေအနေမှာ transmission ဘက်ခြမ်းက ဂီယာအုံကို band ကဆွဲဖမ်းထားပြီး အင်ဂျင်ဘက်ခြမ်း (torque converter ရဲ့ impeller အခြမ်း) ကတော့လည်နေပါမယ်။ လီဗာနင်းထားပြီးD ကိုတန်းထိုးတာနဲ့ band ကဆွဲဖမ်းထားတဲ့ ဂီယာအုံကို high rpm နဲ့ဆွဲလှည့်လိုက်လို့ band တွေပွန်းစား ကုန်တာပါ။

မိမိရဲ့စနစ်မကျမှုနဲ့ ဆီတစ်ပေါက် နှစ်ပေါက်ခြွေတာမိခြင်းရဲ့နောက်ကွယ်မှာ ဂီယာဘောက်အကြီးစားပြင်ဆင်မှုတွေဖြစ်ပေါ်စေနိုင်ပါကြောင်းဖြင့် ...

စာများအား
မူရင်းရေးသားသူကို လေးစားစွာဖြင့် Credit ပေးပါသည်။
(ဗဟုသုတအဖြစ်ပြန်လည်မျှဝေခြင်းသာ)

20/11/2023

Power Steering System ချို့ယွင်းလျှင် လုပ်ဆောင်သင့်သည့်အချက်များ
~~~~~~~~~~~~~~~~~~~~~~~~~~

ကားမောင်းနှင်သည့်အခါတွင် မိမိကား၏ Steering ချို့ယွင်းနေပါက လုပ်ဆောင်ရမည့် အချက် (၇) ချက်ကို ရှိပါသည်။

🔸1.လှည့်လိုက်တိုင်း နားစွင့်ထားရန်

ယာဉ်မောင်းသူက Steering ကို လှည့်လိုက်သည့် အချိန်တွင် စူးရှရှည်လျားသော မြည်သံ ၊ ညည်းတွားသံမျိုး နှင့် စီခနဲ ကျယ်ကျယ်လောင်လောင် အသံမြည်လာပါက ကား၏ Steering Systemတွင် ပြသနာရှိ နေပြီဖြစ်သည်။
ထိုသို့ဖြစ်ခြင်းမှာ System အတွင်း၌ရှိသော ပန့်(Pump)သည် အရည်အပေါ်သို့ သက်ရောက်သော ဖိအားသည် ကျဆင်းနေခြင်းကြောင့် ဖြစ်သည်။

🔸2.အလွတ်လှည့်ကြည့်ပါ

Steering ဘီးကို အလွတ်လှည့်ကြည့်သည့်အချိန်တိုင်း သတိထားကြည့်ရမည်ဖြစ်ပြီး ပုံမှန်ဆိုလျှင် Steeringကို အားမစိုက်ဘဲ အနည်းငယ်လှည့်လိုက်သည်နှင့် ကားကိုလိုချင်သည့်ဘက်ကို ကွေ့ပတ်ပြီး လှည့်နိုင်ပါသည်။

Steering ကို လိုသည်ထက်ပိုပြီး အားစိုက်လှည့်နေရပါက ကား၏ Power Steering System ချွတ်ယွင်းနေ ပြီးဖြစ်သည်။

🔸3.ယိုစိမ့်နေမှုရှိ ၊ မရှိ

ပါဝါဆီယိုစိမ့်ခြင်း ရှိ/မရှိ အမြဲစစ်ဆေးသင့်ပါသည်။
ကားကိုအချိန်အတော်ကြာရပ်ထားပြီးတိုင်း ယာဉ်၏ အောက်ဘက်တွင် အရည်ယိုစိမ့်တာမျိုး ရှိ/မရှိ စစ်ဆေးရမည်ဖြစ်သည်။
ယိုစိမ့်သည့် အစက်အပေါက်မှာ ပန်းရောင် (သို့မဟုတ်) အနီရောင်ဖြစ်နေပါက Power Steering System အတွင်းတွင် ပါဝါဆီယိုစိမ့်ခြင်းဖြစ်နေသည်။

ထိုသို့ဖြစ်မဖြစ် အလွယ်တကူသိရှိလိုပါက ထိုနေရာတွင် စက္ကူဖြူ (သို့မဟုတ်) အဖြူရောင် ကတ်ထူပြားတစ်ချပ်ကို ထားရှိရမည်ဖြစ်သည်။
အဖြူရောင်ကတ်ထူပြားမှ ကျလာသည့်အရည်၏ အရောင်ကို အလွယ်တကူ သိရှိစေမည်ဖြစ်သည်။

🔸4.သတိပေးပါ

မိမိကား၏ Power Steering System ချွတ်ယွင်း နေပါက အခြားယာဉ်မောင်းသူကို သတိပေး ရပါမည်။ မြန်နှုန်းမြင့်မောင်းနှင်သည့်အခါ မိမိကား၏ Power Steering System ချွတ်ယွင်းနေပါက ယာဉ်အန္တရာယ်နှင့် ကြုံတွေ့နိုင်ပါသည်။

ဖြစ်ပေါ်နေသည့် ကြောက်စိတ်အစား အခြားယာဉ်မောင်းသူများ သိရှိနိုင်စေရန် ဟွန်းသံနှင့် အချက်ပြသတိပေး ရမည်ဖြစ်သည်။
ထို့မှသာ မိမိကားတွင် ပြဿနာတစ်ခု ခုဖြစ်နေပြီကို သိရှိနိုင်မည်ဖြစ်သည်။

🔸5.လမ်းဘေးကို ရွေ့လျားစေပါ

ကားကိုလမ်းဘေး သို့ရွေ့လျားစေရပါမည်။ Power မပါဘဲ မောင်းနှင်းရခြင်းဖြစ်၍ အထူးဂရုပြုဆောင်ရွက်ရမည်ဖြစ်သည်။

Steering ကို အားစိုက်ပြီး လမ်းဘေးကို ရောက်အောင် အတတ်နိုင်ဆုံးကြိုးစား မောင်းနှင်းရရပါမည်။

🔸6. အမြန်နှုန်းဖြည်းဖြည်းချင်းလျှော့ချ

ကား၏ အမြန်နှုန်းကို ဖြည်းဖြည်းချင်း လျှော့ချပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်တန့် နိုင်ရန်ကြိုးစား ရမည်ဖြစ်သည်။
Brake ကိုဆောင့်နင်းခြင်းမျိုးကို ရှောင်ရှားရပါမည်။
သို့မှသာကား၏ ဦးတည်ရာကို ဆန့်ကျင်ဘက်အရပ်ဆီသို့ရောက်သွားနိုင်ပြီး ဘီးချော်ထွက်ခြင်းမျိုး ဖြစ်နိုင်ကာ မလိုလားအပ်သည့် ယာဉ်အန္တရာယ်ဖြစ်နိုင်သည့် အတွက် အထူး သတိပြုသင့်ပါသည်။
မောင်းနှင်နေစဉ်တွင် Power Steering အလုပ်မလုပ်တော့ပါက ကားမှာ PowerBrske ရှိပါက ထို Brake အသုံးပြုသည့်အခါတွင် မာခေါက်ခေါက်ဖြစ်နေ တတ်ပါသည်။
အနည်းငယ်သာဖိအားထည့်ပြီး ခြေနင်းကို ဖိအားပေးရပ်တန့်ရန်ကြိုးစားရပါမည်။
ဂီယာကို အနိမ့်ဆုံးထားပြီး ဂီယာနှင့် ဘရိတ်ကို ညီညွတ်အောင်အသုံးပြုပြီး ကားကို ဖြည်းညှင်းစွာရပ်တန့်စေရပါမည်။

🔸7.ရပ်တန့်ပြီး စက်ပြန်နှိုးပါ

ကားကို တည်ငြိမ်အောင်ရပ်တန့်ပြီး စက်ပြန်နှိုးနိုင်ပါမည်။
ပုံမှန်အတိုင်းမောင်းနှင်ပြီး ကားလမ်းနှင့် ဝေးရာကို ကားကိုရွေ့ခြင်း (သို့မဟုတ်) အနီးဆုံး Car Workshopသို့ ဖြည်းဖြည်းချင်း မောင်းနှင်နိုင်ပါသည်။

(Credit)
မူရင်းရေးသားသူအားလေးစားစွာဖြင့်စာဖတ်သူများ ဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး ကူးယူဖော်ပြပါသည်။

19/11/2023

သဘောကျမိသော
-
-
-
-

Video Cr :
AKH Game shop customer service

19/11/2023

ဘရိတ်ပျော့ခြင်း (Brake Sink)
~~~~~~~~~~~~~~~~~~~~~~

ကားဘရိတ်စနစ်ကို
ဟိုက်ထရောလစ်စနစ်ဖြင့်ဖွဲ့စည်းတည်ဆောက်ထားပြီး မာစတာဆလင်ဒါ (Master Cylinder) ၊ ဘရိတ်ဆာဗို (Brake Servo, Brake Booster)၊ Disc Brake (ဒစ်ဘရိတ်)၊ Drum Brake (ဒရမ်ဘရိတ်)၊ ဘရိတ်ပိုက်လိုင်း စသည်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ABS စနစ်၊ EBD စနစ်တို့ကိုလည်း ထည့်သွင်းထားပါတယ်။

ဒီဆောင်းပါးမှာ
ဘရိတ်နင်းလိုက်တဲ့အခါ ဘရိတ်ပျော့သွားပြီး ဘရိတ်ကြမ်းကပ်နေခြင်းနှင့်ပါတ်သက်ပြီး ဖြစ်နိုင်တဲ့ပြစ်ချက်များနှင့်ပါတ်သက်၍ ဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ်။

🔸၁) ဘရိတ်ပိုက်လိုင်း (သို့မဟုတ်) ဘရိတ်ကလစ်ပါ မှ ယိုစိမ့်ခြင်း –

ဘရိတ်ပိုက်လိုင်း ပေါက်ခြင်း၊ ဝါရှာမလုံခြင်း၊ ဘရိတ်ကလစ်ပါနှင့် ဘရိတ်ပိုက်တပ်ဆင်ထားသောနေရာမှ ယိုစိမ့်ခြင်း၊ ဘရိတ်ဝါရှာမလုံခြင်း စသည့် ဘရိတ်ဆီယိုစိမ့်သည့် ပြစ်ချက်ကြောင့် ဘရိတ်နင်းလိုက်သောအခါ ဘရိတ်လိုင်းအတွင်းဖိအားကျဆင်းကာ ဘရိတ်ခြေနင်းကြမ်းကပ်ပြီး ဘရိတ်ရှောသည့်ပြစ်ချက်ဖြစ်စေနိုင်ပါတယ်။
ဒါဆိုရင်တော့ ဘရိတ်ဆီယိုစိမ့်မှုကို သေချာစစ်ဆေးသင့်ပါတယ်။

🔸၂) ဘရိတ်မာစတာဆလင်ဒါ ပြစ်ချက်ရှိခြင်း –

ဘရိတ်ခြေနင်းအားကို ဘရိတ်ဆီဖြင့် ဟိုက်ဒရောလစ်ဖိအားအဖြစ်ပြောင်းလဲမြှင့်တင်ပေးသော မာစတာဆလင်ဒါ (Master Cylinder) ခေါ် မာစတာပန့်ဝါရှာမလုံခြင်း၊ မာစတာပန့်ပြစ်ချက်ရှိခြင်းတို့ကြောင့်လည်း ဘရိတ်ခြေနင်း ကြမ်းကပ်သည့်ပြစ်ချက်ဖြစ်စေကာ ဘရိတ်ရှောခြင်း ဖြစ်စေနိုင်ပါတယ်။

🔸၃) ဘရိတ်ပိုက်လိုင်းအတွင်း လေကျန်ခြင်း –

ဘရိတ်စနစ်ကို စစ်ဆေးပြုပြင်ပြီးသောအခါ ဘရိတ်ဆီဖြည့်ပြီး ဘရိတ်လိုင်းအတွင်းလေမခိုအောင် ဘရိတ်ဆီချူပေးရပါတယ်။

ဘရိတ်ဆီချူတဲ့အခါ စနစ်တကျ ပြုလုပ်ရပြီး ဘရိတ်လိုင်းအတွင်းမှ လေအားလုံးကုန်စင်အောင် ပြုလုပ်ပေးရပါတယ်။

တကယ်လို့ ဘရိတ်လိုင်းအတွင်း လေကျန်နေတယ်ဆိုရင်လည်း ဘရိတ်ရှောခြင်းပြစ်ချက်ဖြစ်စေကာ ဘရိတ်ခြေနင်း ကြမ်းကပ်သည့်ပြစ်ချက် ဖြစ်စေနိုင်ပါတယ်။

🔸၄) Brake Fade ပြစ်ချက်ဖြစ်ခြင်း –

Brake Fade ဆိုတာကတော့ ဘရိတ်ကို အဆမတန် အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတခုဖြစ်ပါတယ်။

ဥပမာ – တောင်ကုန်း တောင်ဆင်းလမ်းတွေမှာ ဘရိတ်ကို အလွန်အကျွံအသုံးပြုခြင်းကြောင့် ဘရိတ်လိုင်းအတွင်းရှိ ဘရိတ်ဆီများ အပူလွန်ကဲမှုဖြစ်စေကာ ဘရိတ်ဆီဆူပွက်မှုကြောင့် ဘရိတ်လိုင်းလေခိုခြင်းပြစ်ချက်ကဲ့သို့ ဖြစ်ပွားစေပြီး ဘရိတ်ခြေနင်းကြမ်းကပ်သည့်အထိဖြစ်ကာ ဘရိတ်မမိသည့်ပြစ်ချက် ဖြစ်စေနိုင်ပါတယ်။

အထက်ပါဖော်ပြခဲ့တာတွေကတော့ ဘရိတ်စနစ်ပြစ်ချက်တွေကြောင့် ဘရိတ်ခြေနင်းကြမ်းကပ်ကာ ဘရိတ်ရှောခြင်း၊ ဘရိတ်မမိခြင်းပြစ်ချက်တွေဘဲဖြစ်ပါတယ်။

ဒါ့အပြင် ဘရိတ်ဆာဗို (Brake Servo) မကောင်းရင်လည်း ဘရိတ်ခြေနင်းမာကာ ဘရိတ်မမိသည့်ပြစ်ချက်ဖြစ်စေနိုင်ပါတယ်။

ဘရိတ်ဆီမကောင်းခြင်းကြောင့်လည်း ယခုကဲ့သို့ပြစ်ချက်များ ဖြစ်စေနိုင်တာကိုလည်း သတိပြုသင့်ပါတယ်။

credit - Khayan Tharlay

Photos from TL Carbon Cleaning Service's post 18/11/2023

မီးသံခေါက်နေသော ကားများသည် အဆွဲအရုန်းကျပြီး ဆီစားနှုန်း ပိုမိုများပြား‌စေပါသည်

ရေရှည်အသုံးပြုမည်ဆိုပါက အင်ဂျင်ကိုထိခိုက်နိုင်သဖြင့် အမြန်ပြုပြင်သင့်ပါသည်ခင်ဗျာ

Cαɤხoռ cɭeαռiռg ဆိုတာ
ပုံမှန် ပြုလုပ်ပေးသင့်တဲ့ လုပ်ငန်းစဉ်တစ်ခုပါ.
အင်ဂျင်ကျူးနင်းတစ်မျိုးပါဘဲ..

ကီလို 20000 လျှင်တကြိမ် ပုံမှန် ကာဗွန် ဆေးပေးခြင်းဖြင့်
👉မီးသံခေါက်ခြင်း
👉အဆွဲအရုန်းကျခြင်း
👉 အင်ဂျင်တုန်ခါခြင်း
👉 အင်ဂျင်အပူလွန်ကဲခြင်း
👉 ကျောက်ဇကာပိတ်ဆို့ခြင်းများကို ကာကွယ်နိုင်ပါတယ် ..

ကာဗွန်ဆေးပြီးသည့်ကားတိုင်းသည်သွက်လက်ပေါ့ပါးပြီးအင်ဂျင်သာမာန်အပူချိန်ထက်မပိုတော့ပါ.

အင်​ဂျင်သက်တမ်းကြာရှည်စွာခံပြီးSesnsor ခဏခဏပျက်တဲ့ဒုက္ခနဲ့ဝေးသွားပါမယ်..

Spark Plugs လဲကြာရှည်အသုံးခံသည့်အတွက် ကုန်ကျစရိတ်ပါသက်သာသွားပါမယ်

ဆေးကြောရန်ကြာမြင့်ချိန်ကတော့ကားအမျိူးအစားပေါ်မူတည်ပြီး(၁)နာရီမှ(၂ )နာရီခန့်ကြာမြင့်တတ်ပါတယ်

Price -
3 လုံးထိုးအင်ဂျင် - 20000 ks
4 လုံးထိုးအင်ဂျင် - 30000 ks
6 လုံးထိုးအင်ဂျင် - 45000 ks
ကျောက်ဇကာဆေးကြော - 30000 ks

ဆက်သွယ်ရန် -

🚕ကိုသက်လွင် 🚕
ကြည့်မြင်တိုင်ရဲစခန်းဘေးလမ်း
ရုံးကြီးလမ်း
ဗားကရာချောက်အနီး
ရန်ကုန်မြို့

☎️ Ph - 09 44300 3881
- 09 79 65 29677
- 09 7300 3881

16/11/2023

👉ကားဘော်ဒီ သံချေးမတတ်အောင် ဘယ်လိုကာကွယ်မလဲ??

ကားပိုင်ရှင်တိုင်းလိုလို ကြုံတွေ့ရတဲ့စိတ်ပျက်စရာပြသနာကတော့ ကားဘော်ဒီသံချေးတက်တဲ့ပြဿနာပါ။

ဒီသံချေးတက်တာက ကားကို ကြည့်မကောင်း ၊ ရှုမကောင်းဖြစ်သလို အခြေအနေဆိုးရွားလာရင် ကားဘော်ဒီ အသား ပဲ့ထွက်တာတွေ ဖြစ်စေနိုင်ပါတယ်။

ကားကို သေချာထိမ်းသိမ်းပြီ မဖြစ်ခင် ကြိုတင်ကာကွယ်မှုတွေပြုလုပ်နိုင်ရင် ကားဘော်ဒီသံချေးတက်တဲ့ ပြသနာကိုရှောင်ရှားနိုင်ပါတယ်။

🔸၁။ သံချေး မပျံ့ခင် ကြိုတင် ရှင်းလင်းပါ။

သံချေးတစ်နေရာလေးမှာစတက်လာပြီဆိုရင် ထိုနေရာတစ်ဝိုက်မှာ သံချေးတွေ ပျံ့နှံ့လာတတ်ပါတယ်။

ဒီလိုမပျံ့နှံ့သွားခင် ကြိုတင်တွေ့ရှိထားရင် ငွေအကုန်အကျနည်းနည်းနဲ့ သံချေးပြသနာကို ဖြေရှင်းနိုင်ပါတယ်။

သံချေးကွက် သေးသေးလေးပါဆိုပြီးအထင်တော့မသေးလိုက်နဲ့ ။

အချိန်တိုအတွင်း မှာ ဘေးပါတ်ပါတ်လည်ကပါ သံအကောင်းတွေကို သံချေးတွေ ပျံ့နှံ့လာနိုင်တဲ့အတွက်သင့် ကားဘော်ဒီမှာသံချေး ရှိ မရှိ မကြာခဏစစ်ဆေးသင့်ပါတယ်။

ကားဘော်ဒီအပြင်ဘက်က သံချေးတွေကပဲ အရေးကြီးတာမဟုတ်ပါဘူး။

ကားဘော်ဒီ အောက်ပိုင်းမှာ သံချေးတွေတက်လာရင်လည်း ပြသနာကြီးတစ်ခုဖြစ်လို့ ကားတစ်ကားလုံးကိုစစ်ဆေးပါ။

🔸၂။ ပုံမှန် ကားရေဆေးပါ။

ကား ညစ်ပတ်ပြီးရုပ်ဆိုးလာမှ ရေဆေးတာမျိုးမလုပ်ပဲ ပုံမှန်တစ်ပါတ် တစ်ကြိမ်လောက် ကားရေဆေးပေးသင့်ပါတယ်။

ဒီလိုကားကို ပုံမှန်ရေဆေးပေးမှ ကားပေါ်မှာကပ်နေတဲ့ သံချေးတက်စေမယ့် အရာတွေကို သံချေးမတက်စေခင်မှာ ဖယ်ရှားပြီးသား ဖြစ်သွားမှာပါ။

ဆီတွေ ပေစွန်းနေတာမျိုးတွေကနေလည်း သံချေးတွေတက်လာစေလို့ ပေစွန်းနေတာတွေကို ပုံမှန်ဖယ်ရှားပေးခြင်းအားဖြင့် သံချေးတက်ခြင်းမှကာကွယ်နိုင်မှာပါတယ်။

ကားဘော်ဒီအောက်ပိုင်းကိုလည်း သေချာဆေးပေးရပါမယ်။

ဆေးကြောတဲ့အခါ Baking soda မုန့်ဖုတ်ဆော်ဒါ အနည်းငယ်ထည့်ပြီးဆေးကြောပေးရင်ပို ထိရောက်ပါတယ်။

🔸၃။ Wax တစ်နှစ်မှာ၂ကြိမ်ခန့် လုပ်ပါ။

ကားကို wax လုပ်တာ ဖရောင်းသွင်းတာဟာ ကားကိုတောက်ပြောင်ပြီး လှပနေစေရုံတင် အကျိုးပြုတာ မဟုတ်ပါဘူး။

ကားဆေးရောင်မှိန်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သလို သံချေးတက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

ဒါ့ကြောင့် တစ်နှစ်ကို အနည်းဆုံး၂ကြိမ်ခန့်တော့ waxing လုပ်ပေး သင့်ပါတယ်။

🔸၄။ Rust arrestor အသုံးပြုခြင်း ။

ကားမှာ သံချေးနဲနဲစတက်လာတာတွေ့ပေမယ့် ဆိုင်သွားပြီးသံချေးချွတ်ဖို့က အဆင်မပြေသေးဘူးဆိုရင် rust arrestor အသုံးပြုပြီးသံချေး မပျံ့နှံ့အောင် လုပ်ထားလို့ရပါတယ်။

ကားပစ္စည်း အရောင်းဆိုင်တွေမှာ အလွယ်တကူ ရရှိနိုင်သလို အသုံးပြုရလည်း အင်မတန်လွယ်ကူပါတယ်။

rust arrestor ကို စုတ်တံလေးအသုံးပြုပြီး သံချေးတက်နေတဲ့နေရာ တစ်ဝိုက်ကို သုတ်ပေးပါ။

သေချာခြောက် သွားပြီဆိုတော့မှ ထုတ်စီးပါ။

နေရောင်ထဲမှာ ထုတ်ထားရင် မြန်မြန်ခြောက်ပါတယ်။

🔸၅။ ရေဝပ်သော နေရာတွင် ကားမရပ်ပါနဲ့။

ရေထိပါများရင်သံချေးတက်လွယ်လာပါတယ်။ ဒါ့ကြောင့်ကားကိုရပ်မယ်ဆိုရင် ရေမဝပ်တဲ့နေရာမျိုးတွေမှာသာရွေးပြီးရပ်ပါ။

ကုန်းမြင့်ပိုင်းတွေမှာ ကားကိုရပ်တာ စိတ်အချရဆုံးပါ။

Credit :
Myanmar Automotive Guide

15/11/2023

🔸ကလပ်ညှော်နံ့ထွက်ရခြင်းအကြောင်းအရင်း🔸
~~~~~~~~~~~~~~~~~~~~~

ကားမောင်းနေရင်း တာယာကို မီးရှို့တဲ့အနံ့လို ညှော်နံ့တွေရတာမျိုးကို ကားမောင်းတဲ့ သူတော်တော်များများ ကြုံဖူးကြပါလိမ့်မယ်။

အဲ့အနံ့ဘယ်ကလာသလဲ ၊ ဘာအနံ့လဲ ဘာကြောင့်ဖြစ်တာလဲဆိုတာကို ရှင်းပြချင်ပါတယ်။

ကားမောင်းနေရင်းဖြစ်ဖြစ်၊ ကားစီးနေရင်းဖြစ်ဖြစ် လမ်းပေါ်မှာ တာယာမီးရှို့ထားတဲ့ အနံ့လို စူးစူးဝါးဝါးအနံ့တွေ နံ့တဲ့အခါမျိုးမှာ ဝါရင့်ကားမောင်းသူတွေကတော့ ၊ ကလပ်ပလိတ်ညှော်တာလို့ပြောလေ့ရှိပါတယ်။

ကြားဖူးနားဝရှိတဲ့သူတွေသိမှာဖြစ်ပေမယ့် တချို့လည်း ကလပ်ဘရိတ်လား၊ ကလပ်ပလိတ်လား ဆိုပြီး မသဲကွဲတတ်ကြပါဘူး။

တကယ်အမှန်က ကလပ်ပလိတ် (Clutch Plate) ကနေ ညှော်နံ့ထွက်တာပါ။

ကျွန်တော်တို့ကသာ လူအများနားလည်အောင် ခေါ်နေကြ ကလပ်ပလိတ်လို့ ခေါ်လိုက်တာပါ၊ တကယ့်သူ့နာမည်အရင်းက Clutch Disc လို့ခေါ်ပါတယ်။ မြန်မာလိုဆိုရင်တော့ ကလပ်ပြားပေါ့။

🔺ကလပ်ပလိတ် (Clutch Plate or Clutch Disc) ဆိုတာဘာလဲ?

ကလပ်ပလိတ်ဆိုတာ တကယ်တော့ Manual Gear ကားတွေမှာ အဓိကသုံးတဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး ကားတွေရွေ့လျားသွားလာနိုင်ဖို့ အဓိကလိုအပ်တဲ့ အင်ဂျင်နဲ့ဂီယာဘောက်ကို ဆက်သွယ် ချိတ်ဆက်ပေးတဲ့ ကြားခံပစ္စည်းတစ်ခုပါ။

ဘာကြောင့်ဒီလိုချိတ်ဆက်ပေးရတာလဲဆိုရင်တော့ ကားတွေမှာ အသုံးပြုနေတဲ့ အင်ဂျင်တွေကနေ ထုတ်လုပ်လိုက်တဲ့ Torque က ကန့်သတ်ချက်တွေရှိနေပြီး ကားဘီးတွေကို တိုက်ရိုက်ချိတ်ဆက် မမောင်းနှင်နိုင်ပါဘူး။

ဒါကြောင့် ကားမှာပါတဲ့ အင်ဂျင်ကနေ ထုတ်လုပ်ပေးတဲ့ လည်ပတ်တဲ့ စွမ်းအားကို ဂီယာဘောက်တွေဆီကိုပို့ ဂီယာဘောက်တွေကနေတစ်ဆင့် ကားဘီးတွေကို အနှေးအမြန်လိုအပ်သလို လည်ပတ်စေတာပါ။

ဒီလိုအင်ဂျင်နဲ့ ဂီယာဘောက် နှစ်ခုပေါင်းမှ ကားက ရှေ့ဒါမှမဟုတ် နောက်ကို သွားမှာဖြစ်တဲ့အတွက် အင်ဂျင်နဲ့ ဂီယာဘောက်နှစ်ခုက အဆက် အသွယ်အချိတ် အဆက်လုပ်ပေးမယ့် အရာ၀တ္တုလိုအပ်ပါတယ်။

အဲ့ဒီအရာ ဝတ္တုကတော့ အခုပြောမယ့် ကလပ်ပလိတ် ဆိုတဲ့အရာပဲဖြစ်ပါတယ်။

ကလပ်ပလိတ်တွေကို များသောအားဖြင့် Heavy Duty Organic, Ceramic, Kevlar, Feramic အစရှိတဲ့ ပွတ်တိုက်ပွန်းစားမှု ခံနိုင်ရည်မြင့်တဲ့ ဓာတ်ပေါင်းမျိုးစုံဖြင့်ပြုလုပ်ထားပါတယ်။

ကားမောင်းတဲ့သူက Clutch Pedal ကိုနင်းလိုက်တာနဲ့ ကလပ်အပေါ်ဆုံမှာရှိတဲ့ Hydraulic Oil တွေက အပေါ်ဆုံကနေတစ်ဆင့် ကလပ်အောက်ဆုံမှာရှိတဲ့ Piston ကိုရောက်ရှိပြီး ကလပ်ပြားနဲ့ ဆက်စပ်တွဲဖက်လုပ် ဆောင်နေတဲ့ ကလပ်ဖောက်တွေ ၊ ကလပ်ဘောတွေကို တွန်းကန်ခြင်းအားဖြင့် ကလပ်ပြားနဲ့ အင်ဂျင်မှာတပ်ဆင်ထားတဲ့ Fly Wheel ကို အဆက်အသွယ်ဖြတ်တောက်ပေးပါတယ်။

ကလပ်နဲ့ အင်ဂျင်အဆက်အသွယ် ပြတ်တောက်နေတဲ့အချိန်မှာ ကားမောင်းသူက လိုအပ်တဲ့ ဂီယာအမျိုးအစားကို ထိုးပြီး Clutch Pedal ကို ပြန်လည်လွှတ်ခြင်းအားဖြင့် ကလပ်ပလိတ်နဲ့ Fly wheel ကိုပြန်လည်ချိတ်ဆက်မိစေပြီး အင်ဂျင်နဲ့ ဂီယာဘောက်ကို ချိတ်ဆက်မိစေကာ ကားကိုရှေ့သို့၊ နောက်သို့ အနှေး အမြန်လိုအပ်သလို ရွေ့လျားသွားစေပါတယ်။

ဒါကတော့ အင်ဂျင်နဲ့ ဂီယာဘောက်ကြားထဲမှာ ကြားခံအချိတ်အဆက်ဖြစ်တဲ့ ကလပ်ပလိတ် အလုပ်လုပ်ပုံလေးကို အကျဉ်းချုံ့ရှင်းပြထားတာပါ။

ဒါဆိုဘာလို့ ကလပ်ပလိတ်တွေက ညှော်နံ့တွေ ထွက်ရတာလဲဆိုရင်တော့ အဖြစ်များဆုံး ကလပ်ညှော်နံ့ထွက်ရတဲ့ အကြောင်းက ကားမောင်းတဲ့သူတွေက Clutch Pedal ဆိုတဲ့ ကလပ်ခြေနင်းပြားပေါ်မှာ မလိုအပ်ဘဲ ခြေထောက်တင်တဲ့အလေအထကြောင့်ပါ။

ဒါကြောင့်အများဆုံး ကလပ်ညှော်နံ့ထွက်ရတာပါ။

အပေါ်မှာရှင်းပြခဲ့သလိုပဲ ကလပ်ခြေနင်းပြားဆိုတာ ကားမောင်းတဲ့သူက ဂီယာတစ်ခုကနေ တစ်ခုအရွေ့အပြောင်းမှာ အင်ဂျင်နဲ့ ဂီယာဘောက်ကို အချိတ်အဆက် ခေတ္တခဏဖြတ်တောက်ပေးဖို့ အတွက်ပဲနင်းရတာပါ။

ကားမောင်းသူက လိုအပ်တဲ့ ဂီယာထိုးပြီးလို့ ကလပ်ခြေနင်းကို လွှတ်လိုက်တဲ့အခါ ကလပ်ပလိတ်နဲ့ Fly Wheel တို့ချိတ်ဆက်မိသွားပြီးရင် ကလပ်ခြေနင်းကို နောက်ထပ်ဂီယာမပြောင်းမချင်းလွှတ်ထားရမှာပါ။

ဂီယာအရွှေ့အပြောင်းလုပ်စရာမလိုဘဲ ကလပ်ခြေနင်းကို ခဏခဏနင်းနေဖို့မလိုပါဘူး။

တချို့ကားမောင်းသူတွေက ဒါကို သတိမမူဘဲ ကလပ်ခြေနင်းပေါ်ကို ခြေထောက်မှေးတင်ထားတတ်ပါတယ်။

ဒီလိုမှေးတင်ထားတဲ့အတွက် ကားမောင်းနှင်နေတဲ့အချိန် ကလပ်ပြားဟာ Fly Wheel နဲ့ ကပ်လိုက် ကွာလိုက် မထိတထိ ခဏခဏ ဖြစ်ပြီး ကလပ်ပလိတ်ပြားမှာရှိတဲ့ နံရံတွေပွန်းစားကုန်တာပါပဲ။

လမ်းပေါ်မှာ ကားမောင်းနေရင်း၊ ကားစီးနေရင်း မကြာမကြာရတဲ့ တာယာမီးရှို့တဲ့ အနံ့လို ညှော်နံ့ဟာ ဒီလိုကလပ်ပလိတ် ထိလိုက်လွတ်လိုက်ဖြစ်တဲ့နေရာကနေ ကလပ်ပလိတ်ပြားနဲ့ Fly Wheel ပွတ်တိုက် ပွန်းစားမှုကနေ ထွက်ပေါ်ပါတယ်။

ဒါကအဖြစ်များဆုံး ကလပ်ပလိတ်ပြားညှော်နံ့ထွက်စေတဲ့ အချက်ပါ။

နောက်တစ်ချက်က ကားနဲ့ဝန်ရုန်းအား မမျှရင်လည်း ဒီလို ကလပ်ပလိတ်ပြား ညှော်နံ့တွေထွက်စေပါတယ်။

ကားရဲ့အင်ဂျင်နဲ့ ဂီယာဘောက်ရဲ့ ရုန်းနိုင်တဲ့ ၀န်တွေထက်ပိုများရင် ကားအင်ဂျင်ရဲ့ လည်ပတ်မှုစွမ်းအားတွေကို ဂီယာဘောက်ဆီကို ပို့ဆောင်ပေးတဲ့ အခရာဖြစ်တဲ့ ကလပ်ပလိတ်ပြားဟာ လိုအပ်တာထက် ၀န်တွေကို ညစ်ရုန်းရတဲ့အတွက် ကလပ်ပလိတ်ပြားလောင်ပြီး ညှော်နံ့ထွက်စေပါတယ်။

ဒီအချက်တွေကတော့ ကလပ်ပလိတ်ပြား ညှော်နံ့ထွက်စေတဲ့ အဓိကအချက်လေးတွေပါပဲ။

Credit - car thadin sone
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

သဘောကျမိသော ----Video Cr :AKH Game shop customer service
👉လူကြီးမင်း၏ကားမှာ ကာဗွန်ဂျိူးတွေများနေရင် ဘာဆိုးကျိူးတွေဖြစ်လာစေနိုင်လဲ?(1)ဆီစားများလာခြင်း၊(2)မီးသံခေါက်ခြင်း၊(3)ကားအဆ...
👉လူကြီးမင်း၏ကားမှာ ကာဗွန်ဂျိူးတွေများနေရင် ဘာဆိုးကျိူးတွေဖြစ်လာစေနိုင်လဲ?(1)ဆီစားများလာခြင်း၊(2)မီးသံခေါက်ခြင်း၊(3)ကားအဆ...
📌လူကြီးမင်းတို့ရဲ့ ဒီဇယ်အင်ဂျင်နှင့်ဓါတ်ဆီအင်ဂျင်ကားများ၏အင်ဂျင်လေအဝင် intake manifoldအတွင်းရှိ ကာဗွန်အနယ်အနှစ်ချေးများ/...
***Ertiga ****ကာဗွန်ဂျိုးဆေး/ကျောက်ဇကာဆေးကြော ...မီးသံခေါက်နေသော ကားများသည် အဆွဲအရုန်းကျပြီး ဆီစားနှုန်း ပိုမိုများပြား‌...
Honda fit ကျောက်ဇကာဆေးကြော...ဆက်သွယ်ရန်📞09 7965 29677      09 44300 3881
TL carbon service video
လူကြီးမင်း၏ကားအင်ဂျင်မှာဘာကြောင့်ကာဗွန်အညစ်အကြေးများရှိနေတာလဲ?? - လောင်စာဆီမသန့်ခြင်း- ကားလမ်းများပိတ်ခြင်း- ရာသီဥတုမညီမ...
လူကြီးမင်းတို့၏မော်တော်ယာဉ်များမီးသံခေါက် /အဆွဲအရုန်းကျ နေပြီလား??TL Carbon service ကို သတိရလိုက်ပါခင်ဗျာ ကားအင်ဂျင် အစိ...
📌လူကြီးမင်းတို့ရဲ့ ဒီဇယ်အင်ဂျင်နှင့်ဓါတ်ဆီအင်ဂျင်ကားများ၏အင်ဂျင်လေအဝင် intakemanifoldအတွင်းရှိ ကာဗွန်အနယ်အနစ်ချေးများ ၊ ...
လူကြီးမင်းတို့၏ မော်တော်ယာဉ်များတွင် ကာဗွန်ဂျိုးများကြောင့် - မီးသံခေါက်ခြင်း  - အပူလွန်ခြင်း - အဆွဲအရုန်းကျခြင်း- အင်ဂျ...
📌လူကြီးမင်းတို့ရဲ ့ဒီဇယ်အင်ဂျင်နှင့်ဓါတ်ဆီအင်ဂျင်ကားများ၏အင်ဂျင်လေအဝင် intakemanifoldအတွင်းရှိ ကာဗွန်အနယ်အနစ်ချေးများ ၊ ...

Category

Telephone

Website

Address


Yone Gyi Street
Yangon

Other Cars in Yangon (show all)
Mechanic Hub Mechanic Hub
Yangon

Your Automotive Guide

Moe Hein - မိုးဟိန်း ကားရောင်းဝယ်ရေး Moe Hein - မိုးဟိန်း ကားရောင်းဝယ်ရေး
Yangon, 11431

တာယာ ဂွေ ဆိုဒ်စုံ ရောင်းဝယ်ရေး

Karry Yangon AYK Auto Karry Yangon AYK Auto
Corner Of Tapin Shwe Htee Street & Ariya Mahon Street
Yangon

ဝန်ဆောင်မှု့အပြည့်ပေးမဲ့ AYK Service

Aung Brother Aung Brother
Thu Mingalar Road, Myanmar, Burma (Myanmar)
Yangon

စျေးနှုန်းချိုသာစွာဖြင့် ကားအငှားဝန်ဆောင်မှုပေးပါသည်

Zwe Zaw Japanese Car Accessories Zwe Zaw Japanese Car Accessories
Ayar 8th Street
Yangon

Japan Car Spares Parts Selling

Mg Milah Mg Milah
North Okkala
Yangon, 11031

ကားရောင်းဝယ်ရေး

Myanmar Excellence Second Auto Myanmar Excellence Second Auto
အမှတ် ၂၇/၂ ၊ ၁၄/၂ ရပ်ကွက် ၊သံသုမာလမ်း ၊ တောင်ဥက္ကလာပမြို့နယ်
Yangon, 11091

Hyper Online Car Accessories Hyper Online Car Accessories
Yangon
Yangon, 1111

Car Accessories

Kyaw Kyaw Auto Kyaw Kyaw Auto
Yangon, 11171

car service

Dolphin Car engine oil change service Dolphin Car engine oil change service
No. 8, Kone Baung Street, East Dagon
Yangon, 11011

သင့်စိတ်ကျေနပ်မှုသည် ကျွန်ုပ်တို့၏ အကျိုးအမြတ် ဖြစ်ပါသည်

BNA Auto BNA Auto
No (902) , Pinlon Street , 36 Ward , North Dagon Township
Yangon, ....

Welcome

Enatic Automotive Co., Ltd. Car Service Center Enatic Automotive Co., Ltd. Car Service Center
No. 173 (A/B), Corner Of Myawaddy Min Gyi Street And Satekanthar Street. Zone (4), Hlaing Thar Yar Towinship
Yangon

One stop car service center, Workshop, Body and Paint