Yangon United Football Club

MORE THAN FOOTBALL

11/01/2024

ပျော်ရွှင်စရာကောင်းသောကရင်နှစ်သစ်ကူးအချိန်အခါသမယလေးဖြစ်ပါစေ ✨

04/01/2024

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သော ၇၆ နှစ်မြောက်လွတ်လပ်ရေးနေ့အား ရန်ကုန်ယူနိုက်တက်အသင်းမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

25/12/2023

We wish you a Merry Christmas & Happy New Year. May the new year be filled with fun, happiness and prosperity✨🎇🧨

18/12/2023

နည်းပြချုပ် ဂတ်ဇီ နှင့် တိုက်စစ်မှုး ရန်ကျော်ထွေး တို့၏ ပွဲအပြီး သုံးသပ်မှုများ

Post Match Speech between Head Coach Gerd Zeise and Striker Yan Kyaw Htwe

Photos from Yangon United Football Club's post 18/12/2023

ရှမ်းယူနိုက်တက်အသင်းကို ယှဥ်ပြိုင်ကစားခဲ့သည့် ပွဲစဥ်မှ ရန်ကုန်ယူနိုက်တက်ကစားသမားများ၏ ယှဥ်ပြိုင်မှု ပုံရိပ်များ

18/12/2023

၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ဒုတိယဆုကို ရန်ကုန်ယူနိုက်တက်အသင်း လက်ခံရယူ
…………………
၂၀၂၃ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနားကို ယနေ့ညနေက သုဝဏ္ဏကွင်း တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်း တာဝန်ရှိသူများနှင့် ကစားသမားများ ဆုလက်ခံရယူခဲ့သည်။

ဆုပေးပွဲတွင် ၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၌ ဒုတိယဆုရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းကို ရှမ်းယူနိုက်တက်အသင်း ဥက္ကဌ ဦးခွန်နောင်မြင့်ဝေ မှ တစ်ဦးချင်း ဆုတံဆိပ်များ ပေးအပ်ချီးမြင့်ခဲ့သည်။ ထို့နောက် ဒုတိယဆု ဂုဏ်ပြုချီးမြင့်ငွေအား ဒဂုံစတားယူနိုက်တက်အသင်း ဥက္ကဌ ဦးမျိုးတင့်အောင်မှ ချီးမြင့်ခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းခေါင်းဆောင် ဒေးဗစ်ထန်း နှင့် ရန်နိုင်ဦး တို့မှ လက်ခံရယူခဲ့သည်။

The awarding ceremony of Myanmar National League 2023 was held today at Thuwuwnna Stadium, and Yangon United team officials and players attended and received the second prize.

The medal was awarded by U Khun Naung Myint Wai, President of Shan United. Then Dagon Star United President U Myo Tint Aung awarded the prize, and Captain David Htan and Yan Naing Oo received it.

18/12/2023

ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ပွဲစဥ်တွင် ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်
………………………………
မြန်မာနေရှင်နယ်လိဂ်ပွဲစဥ် ၂၂ အဖြစ် ယနေ့ သုဝဏ္ဏကွင်းတွင် ယှဥ်ပြိုင်ကစားခဲ့သည် ရှမ်းယူနိုက်တက်အသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်း တို့ ပွဲစဥ်တွင် ဂိုးမရှိသရေ ရလဒ် ထွက်ပေါ်ခဲ့သည်။

ယနေ့ပွဲစဥ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၄-၂ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး အသင်း၏ ပွဲထွက် စာရင်းတွင် ပြည်တွင်းကစားသမားအစုအဖွဲ့ဖြင့် လူငယ်ကစားသမားအများစု ပါဝင်လာခဲ့သည်။ ပွဲချိန် ၁၆ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ရှမ်းယူနိုက်တက်အသင်း ဂိုးပေါက်ကို စတင်ခြိမ်းခြောက်နိုင်ခဲ့ပြီး ပွဲချိန် ၂၃ မိနစ်တွင် လမင်းထွေး ၏ ပေးပို့မှုမှတဆင့် ဒေးဗစ်ထန်း ဂိုးကန်သွင်းခဲ့သော်လည်း ရှမ်းယူနိုက်တက် အသင်း ဂိုးသမား ‌ကျော်ဇင်ဖြိုး ကာကွယ်နိုင်ခဲ့သည်။ ထို့နောက် ပွဲချိန်မိနစ် ၃၀ တွင် ရန်နိုင်ဦး ၏ ချထားပေးမှု ကနေ သာယာဝင်းထက် ဂိုးကန်သွင်းခွင့် ရရှိခဲ့သော်လည်း ဂိုးပေါက်နှင့် လွဲချော်ခဲ့သည်။ ပွဲချိန် ၄၅ မိနစ်ပြည့်အပြီး အချိန်ပို ၁ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်းမှ မက်ဆာကီနှင့် ဘယ်လို တို့ အချိတ်အဆက်ဖြင့် ဂိုး‌ပေါက် ခြိမ်းခြောက်ခဲ့သော်လည်း ရန်ကုန်ယူနိုက်တက်အသင်း နောက်တန်းနှင့် ဂိုးသမား ဘုန်းသစ္စာမင်း တို့ ဟန့်တာနိုင် ခဲ့သည့်အတွက် ပထမပိုင်းပြီးဆုံးချိန်တွင် ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။

ပွဲချိန်ဒုတိယပိုင်းတွင်လည်း ရန်ကုန်ယူနိုက်တက်အသင်း ရှမ်းယူနိုက်တက်အသင်းကို တိုက်စစ်ဆင်မှုများ ထပ်မံ ပြုလုပ်ခဲ့ပြီး ပွဲချိန်မိနစ် ၅၀ တွင် ဟိန်းဇေယျာလင်း အလွတ်တည်ကန်ချက် ကောင်းခဲ့သော်လည်း ဂိုးပေါက်နှင့် အနည်းငယ်ကပ် လွဲချော်ခဲ့သည်။ ပွဲချိန် ၆၄ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်း အခွင့်အရေးရခဲ့သော်လည်း ရန်ကုန်ယူနိုက်တက်အသင်း ‌နောက်တန်း နှင့် ဂိုးသမား ဘုန်းသစ္စာမင်း တို့ အကောင်းဆုံး ကာကွယ်နိုင်ခဲ့သည်။ ထို့နောက် နှစ်သင်းစလုံး တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း ဂိုးမရရှိခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဂတ်ဇီ က “တကယ်ကောင်းတဲ့ပြိုင်ဘက်အသင်းကို ပထမပိုင်းမှာတင်မကပါဘူး ကစားသမားတွေအကောင်းဆုံးကစားခဲ့ကြပါတယ်။ အခွင့်အရေးတွေလည်းဖန်းတီးနိုင်ခဲ့တယ်။ ဂိုးတွေရခဲ့သင့်ပေမယ့် မသွင်းနိုင်ခဲ့ပါဘူး။” ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပွဲစဥ်အားလုံး ပြီးဆုံးချိန်တွင် ၁၆ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၃ ပွဲ ရှုံး ရမှတ် ၅၁ မှတ် ဖြင့် ဒုတိယဆု ကို ရရှိခဲ့သည်။

Yangon United sealed the season with a draw against Shan United today in the last match of Myanmar National League 2023.

Yangon United featured young players in the starting list with a 4-4-2 formation to face the opponent. Then in 16 minutes, Yangon could start pressing the opponent to score a goal. In 23 minutes of the match, David Htan attempted to score from the delivery of Lamin Htwe, but the opponent’s keeper denied it. Seven minutes later, Thar Yar Win Htet’s hit went over the post when Yan Naing Oo paved the way for him. In additional time of the first half, Sekyi and Bello tried to search for a goal, however, Phone Thitsar Min and the defenders were good position to handle it.

In the second half, the lad kept pushing the opponent. In 50 minutes, a free kick from Hein Zayar Linn slightly missed the goalpost. Phone Thitsar Min was in a good performance to save his net and both teams could not break the deadlock till the final whistle.

Yangon United Head Coach Gerd Zeise said, “We played not only in the first half very well, and we played well against the good and strong opponent. Good football, and we created the chances. We should have scored, but we did not score”.

Yangon United won second place after the matches played with 16 wins, 3 draws, and 3 losses earning 51 points.

18/12/2023

Shan United 0-0 Yangon United (Highlights)

Photos from Yangon United Football Club's post 18/12/2023

ဂုဏ်ယူပါတယ် ဘုန်းသစ္စာမင်း!

ယနေ့ယှဥ်ပြိုင်ကစားခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း တို့ ပွဲစဥ်တွင် အကောင်းဆုံး ကစားသမားဆုကို ရန်ကုန်ယူနိုက်တက်အသင်းမှ ဂိုးသမား ဘုန်းသစ္စာမင်း က ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘုန်းသစ္စာမင်းဟာ အကောင်းဆုံးကစားသမားဆုကို ပထမဆုံး ရရှိခဲ့တာ ဖြစ်ပါတယ်။

Congratulations Phone Thitsar Min !

Man of the match for today match between Shan United and Yangon United goes to our goalkeeper Phone Thitsar Min.

This is the very first time winning the man of the match for goalkeeper Phone Thitsar Min.

18/12/2023

ပွဲပြီးဆုံးချိန်မှာတော့ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ဟာ ဂိုးမရှိသရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

Yangon United draw with Shan United at the final whistle.

18/12/2023

ပထမပိုင်းပြီးဆုံးချိန်မှာ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ဟာ ဂိုးမရှိသရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

Goalless at the interval.

🔷 Shan United FC နဲ့ Yangon United FC တို့ရဲ့ တိုက်ရိုက် ( LIVE ) အစီအစဉ်။ 18/12/2023

https://www.youtube.com/watch?v=8nEECrMRJt8
တိုက်ရိုက်ကြည့်ရှုနိုင်မည့် Youtube Channel Link ဖြစ်ပါတယ်ခင်ဗျာ

🔷 Shan United FC နဲ့ Yangon United FC တို့ရဲ့ တိုက်ရိုက် ( LIVE ) အစီအစဉ်။ 🔷 Shan United FC နဲ့ Yangon United FC တို့ရဲ့ Myanmar National League (Week-22) ပွဲစဉ် တိုက်ရိုက် ( LIVE ) အစီအစဉ်။🏆 Myanmar National League | (Week-22)⚽ S...

18/12/2023

ရှမ်းယူနိုက်တက်အသင်းကို ယှဥ်ပြိုင်ကစားမယ့် ရန်ကုန်ယူနိုက်တက်အသင်း၏ ပွဲထွက်ကစားသမားစာရင်း ဖြစ်ပါတယ်။

Here’s how we line up against Shan United.

Photos from Yangon United Football Club's post 18/12/2023
18/12/2023

မြန်မာနေရှင်နယ်လိဂ်နောက်ဆုံးပွဲစဉ်အဖြစ် အကြိတ်အနယ်ယှဉ်ပြိုင် ကစားကြမယ့် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်ကိုယနေ့ညနေ ၄:၀၀ နာရီ၊ သုဝဏ္ဏကွင်းမှာယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။

ဒီနေ့ပွဲစဉ်ကို SkyNet Sports 4, SkyNet Sports HD, Channel 9, Myanmar National League YouTube Channel တို့ကနေတိုက်ရိုက် ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပါတယ်။

နှစ်သင်းတွေ့ဆုံမှုတိုင်း အကြိတ်အနယ်ယှဉ်ပြိုင်ကြတဲ့ပွဲစဉ်ဖြစ်တဲ့အတွက် ရန်ကုန်အသင်းက ဘယ်လိုကစားသမားတွေနဲ့ ပွဲထွက်ယှဉ်ပြိုင်သွားမလဲ ဆိုတာကို လာရောက်အားပေးကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Yangon United are going to play the last match of Myanmar National League 2023 against Shan United today at 4:00 pm at Thuwunna Stadium.

The match will be streamed live on SkyNet Sports 4, SkyNet Sports HD, Channel 9, and the Myanmar National League YouTube Channel.

The match is always entertaining to watch whenever these two teams battle for the points and let’s join and see which players will feature in the starting list.

17/12/2023

မနက်ဖြန်ယှဥ်ပြိုင်ရမယ့် ရှမ်းယူနိုက်တက်အသင်းနဲ့ ပွဲစဥ်အတွက် ကြိုတင်ပြင်ဆင်ထားမှုများကို နည်းပြချုပ် ဂတ်ဇီက ယခုလို ပြောပြထားပါတယ်။

Here’s is a talk of Yangon United Head Coach Gerd Zeise before the match against Shan United.

17/12/2023

လာမယ့်ပွဲအတွက်အကောင်းဆုံးနှင့် ရလဒ်ကောင်းတစ်ခုရရှိရန် ပြင်ဆင်ထားသည် ဟု ဒေးဗစ်ထန်း ဆို
………………………………..
ရန်ကုန်ယူနိုက်တက်အသင်း အသင်းခေါင်းဆောင် ဒေးဗစ်ထန်း က လာမယ့်ပွဲအတွက်အကောင်းဆုံးနှင့် ရလဒ်ကောင်းတစ်ခုရရှိရန် ပြင်ဆင်ထားသည် ဟုပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် ဒီဇင်ဘာလ ၁၈ ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ သုဝဏ္ဏကွင်းတွင် ရှမ်းယူနိုက်တက်အသင်းနှင့် မြန်မာနေရှင်နယ်လိဂ်နောက်ဆုံးပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ဒေးဗစ်ထန်း က “လက်ရှိကစားသမားတွေနဲ့နည်းပြတွေနဲ့အတူ အကောင်းဆုံးဖြစ်ဖို့နဲ့ ရလဒ်ကောင်းတစ်ခုရဖို့ပြင်ဆင်ထားပါတယ်။ တစ်ဖက်အသင်းကလည်း ချန်ပီယံဖြစ်သွားပြီဆိုတော့ သူတို့အတွက်လည်း ဂုဏ်ယူပါတယ်။ လာမယ့်ပွဲမှာတော့ လေးလေးစားစားနဲ့ အားကစားစိတ်ဓာတ် အပြည့်အဝနဲ့ ယှဉ်ပြိုင်သွားမှာပါ။ ပွဲရောက်တဲ့အခါမှာ ပြင်ဆင်ထားခဲ့တဲ့ နည်းဗျုဟာတွေကို အပြည့်အဝအသုံးချပြီး ယှဉ်ပြိုင်ကစားမှာဖြစ်တဲ့အတွက် ပွဲကောင်းတစ်ပွဲဖြစ်လာဖို့မျှော်လင့်ပါတယ်။” ဟု ဆိုသည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ ပထမအကျော့တွေ့ဆုံမှုတွင် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည်။

“အခုအသင်းမှာကျန်းမာရေးမကောင်းတဲ့ကစားသမားတွေရှိတယ်။ ပြန်နလန်ထူဖို့ဆိုတာ အချိန်ပေးရတဲ့အတွက် ပြင်ဆင်မှုပိုင်းမှာ အနည်းငယ် အားနည်းမှုတွေရှိပါတယ်။ အဲ့ဒီအတွက် လက်ရှိကစားသမားတွေကိုတော့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့နဲ့ ပြိုင်ပွဲအပေါ်ကိုအာရုံစိုက်ဖို့ ပြောထားတာတွေ ရှိပါတယ်။ အဲဒါကြောင့် သိပ်ပြီး အခက်အခဲမရှိလောက်ဘူးလို့ထင်ပါတယ်။”

ဆက်လက်ပြီး ဒေးဗစ်ထန်း က “အားပေးကြပါ။ စိတ်မပျက်ကြပါနဲ့။ ဘောလုံးဆိုတာ အရာရာပြောင်းလဲ နေပါတယ်။ အဲ့ဒီအတွက် လာမယ့်ပွဲမှာ ပရိသတ်တွေအတွက် အကောင်းဆုံးဖျော်ဖြေပေးနိုင်ဖို့ ကစားပေး သွားပါမယ်။” ဟု ထပ်လောင်းပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၂၁ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၁၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၅၀ နှင့် အဆင့် ၂ နေရာတွင်ရပ်တည်နေပြီး ရှမ်းယူနိုက်တက်အသင်းသည် ၁၉ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၅၉ မှတ်ဖြင့် အဆင့် ၁ နေရာတွင်ရပ်တည်နေသည်။

Yangon United captain David Htan revealed they set up everything to face in the upcoming match.

Yangon United will take on Shan United at 4:00 pm at Thuwunna Stadium on 18th December in the last match of Myanmar National League 2023.

David stated, “We have prepared well to be the best with our coaches and players. And I congratulate them for crowing the Champion title. We will play with sportsmanship. I hope it will be a great match to watch as we will utilize the strategy we have set up in the training”.

Both teams drew a scoring nail in the first-round meeting.
“Please keep supporting us and do not get disappointed. Everything can be changed in football. So we will entertain you with a great match,” he added.

“Currently, some of the players got sick, and it will take time to recover, and it will affect the preparation. So I told my teammates to take care of their health and focus on the match. I think it won’t be a problem for us”.

Yangon United placed second after 21 plays, 16 wins, 2 draws, 3 losses and 50 points earning. The opponent sits at the top with 59 points from 19 wins and 2 draws.

10/12/2023
10/12/2023

နည်းပြချုပ် ဂတ်ဇီ နှင့် နောက်ခံလူ ဇာနည်ထက် တို့၏ ပွဲအပြီး သုံးသပ်မှုများ

Post Match Speech between Head Coach Gerd Zeise and Defender Zarni Htet

10/12/2023

မဟာယူနိုက်တက်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ရန်ကုန်ယူနိုက်တက်အသင်း အရေးနိမ့်
…………………………
ယနေ့ညနေက သုဝဏ္ဏကွင်းတွင် ယှဥ်ပြိုင်ကစားခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဥ် ၁၆ (လက်ကျန်ပွဲစဥ်) တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် မဟာယူနိုက်တက်အသင်းကို ၁-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ မဟာယူနိုက်တက်အသင်းအတွက် သွင်းဂိုးကို အောင်လှိုင်ဝင်း က ပွဲချိန် ၃၄ မိနစ်တွင် ပင်နယ်တီမှတဆင့် သွင်းယူခဲ့ခြင်း ဖြစ်သည်။

ယနေ့ပွဲစဥ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၄-၂ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲစသည်နှင့် ဘောလုံး ပိုင်ဆိုင်မှုအသာဖြင့် ကစားနိုင်ခဲ့သည်။ ပွဲချိန် ၁၆ မိနစ်တွင် ရန်ကျော်ထွေး ပေးပို့မှုမှတဆင့် ရန်နိုင်ဦး ဂိုးကန်သွင်း ခွင့် ရရှိခဲ့သော်လည်း မဟာယူနိုက်တက်အသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၂၉ မိနစ်တွင် ရန်နိုင်ဦး ကန်တင် ပေးသည့် ထောင့်ကန်ဘောမှတဆင့် သူရိန်စိုး ခေါင်းတိုက်ခွင့် ရရှိခဲ့သော်လည်း ဂိုးပေါက်လွဲချော်ခဲ့သည်။ ပွဲချိန် ၃၂ မိနစ်တွင် မဟာယူနိုက်တက်အသင်း ကွင်းလယ်လူ နေလင်းစိုးကို ပင်နယ်တီ ဧရိယာအတွင်း ရန်နိုင်ဦး ဖြတ်ထုတ်ပုံ ကြမ်းခဲ့သောကြောင့် ပင်နယ်တီ ပြစ်ဒဏ်ဘောခွင့်ပြုခဲ့ရပြီး အောင်လှိုင်ဝင်း က ကန်သွင်းခဲ့ကာ မဟာယူနိုက် တက်အသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။ ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်း ချေပဂိုးပြန်လည်ရရှိရန် ကြိုးစားခဲ့ သော်လည်း ဂိုးမရရှိခဲ့သောကြောင့် ပထမပိုင်းပြီးဆုံးချိန်တွင် ၁-၀ ဂိုးဖြင့် မဟာယူနိုက်တက်အသင်း ဦးဆောင်ခဲ့သည်။

ပွဲချိန် ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်း ချေပဂိုးပြန်လည်ရရှိရန် ထပ်မံကြိုးစားလာခဲ့ပြီး ပွဲချိန် ၄၉ မိနစ် တွင် ဇော်ဝင်းသိန်း ၏ ဖြတ်တင်ဘောမှတဆင့် ဇော်ရဲထွန်း ဂိုးတိုက်ခွင့် ရရှိခဲ့သော်လည်း ဂိုးပေါက်နှင့် လွဲခဲ့သည်။ ပွဲချိန် မိနစ် ၇၀ တွင် ရန်နိုင်ဦး နှင့် သာယာဝင်းထက် အစား လမင်းထွေး နှင့် ဥက္ကာနိုင်တို့ကို ထည့်သွင်း အသုံးပြုခဲ့သလို ပွဲချိန် မိနစ် ၈၀ တွင် ရန်ကျော်ထွေး အစား စအောင်ပြည့်ကို ကို ထည့်သွင်းအသုံးပြုခဲ့သည်။ ပွဲချိန် ၇၂ မိနစ်တွင် ဒေးဗစ်ထန်း ၏ ဖြတ်တင်ပေးပို့မှုတဆင့် ရန်ကျော်ထွေး တဖက်အသင်း ဂိုးသမားနှင့် ပင်နယ်တီ စည်းဧရိယာပြင်ပတွင် တစ်ဦးချင်း ထိပ်တိုက်တွေ့ဆုံခဲ့ပြီး မဟာယူနိုက်တက်ဂိုးသမား အောင်ကိုလတ် ၏ ဖြတ်ထုတ်ပုံ ကြမ်းတမ်းခဲ့သောကြောင့် ဂိုးရရှိမည့် အခွင့်အရေးနှင့် လွဲချော်ခဲ့သည်။ ထို့နောက် ပွဲချိန် ၈၁၊ ၈၄၊ ၉၀ မိနစ်များတွင် ရန်ကုန်ယူနိုက်တက် အသင်း အခွင့်အရေးများ ရရှိခဲ့သော်လည်း မဟာယူနိုက်တက်အသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့သောကြောင့် ပွဲပြီးဆုံးချိန်တွင် မဟာယူနိုက်တက် အသင်းကို ၁-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။

ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဂတ်ဇီ က “ပြောရမယ်ဆိုရင်တော့ အရမ်းကြီးမဆိုးခဲ့ပါဘူး၊ ဒုတိယပိုင်းမှာ အကောင်းဆုံးပြန်လာနိုင်ခဲ့ပေမယ့် အမှားတွေအများကြီးရှိခဲ့တယ်။ ပေးတာတွေမှားတယ်။ ဒါကကျွန်တော်တို့ ကစားသင့်တဲ့ပုံစံမဟုတ်ပါဘူး။” ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပွဲစဥ် ၂၁ ပွဲ ယှဥ်ပြိုင်အပြီးတွင် ၁၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံး ရမှတ် ၅၀ ဖြင့် အမှတ်ပေးဇယားအဆင့် ၂ နေရာတွင် ဆက်လက်ရပ်တည်နေပြီး ၂၀၂၃ မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲစဥ်အဖြစ် ဒီဇင်ဘာလ ၁၈ ရက်တွင် ရှမ်းယူနိုက်တက်အသင်းနှင့် သုဝဏ္ဏကွင်းတွင် ယှဥ်ပြိုင်ရမည် ဖြစ်သည်။

Yangon United suffer defeat 1-0 to Mahar United
…………………………….
Yangon United suffered a defeat 1-0 to Mahar United in week 16 (postponed match) of the Myanmar National League. Mahar earned a goal via a penalty by Aung Hlaing Win in 34 minutes.

The lads came out with 4-4-2 and dominated the match. In 16 minutes, Yan Naing Oo hit the net when Yan Kyaw Htwe passed the ball, but the keeper saved it. Again in 29 minutes, defender Thurein Soe attempted to head to the net from a cross by Yan Naing Oo, but it missed the net and went over. In 32 minutes, Mahar got a penalty when Yan Naing Oo’s attempt committed the foul in the penalty area and was hit by Aung Hlaing Win. The lads kept pushing to pull back till the break, and Mahar led 1-0 ahead of Yangon.

In the second half, the lads geared up to score, and Zaw Ye Tun tried to head to the net from Zaw Win Thein’s cross. In 70 minutes, the coach made changes, and Thar Yar Win Htet and Yan Naing Oo were substituted by La Min Htwe and Okkar Naing. Two minutes later, a delivery of David Htan was dribbled by Yan Kyaw Htwe to the goal area to score, and he was intercepted by the keeper. In the remaining minutes, the lads got chances to score, and the goalkeeper was good enough to save and seal the 1-0 win over Yangon United.

Yangon United Head Coach Gerd Zeise said, “From the football element, I cannot say it was bad. We played, especially, in the second half. It was good. Attacking football, but it was too many mistakes and missed passes. That’s not the way we should play.”

Yangon United now stand in second place after 16 wins, 2 draws, and 3 losses earning 50 points, and will play the last match on 18th December at Thuwunna Stadium facing Shan United.

10/12/2023

ပွဲပြီးဆုံးချိန်မှာတော့ မဟာယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို တစ်ဂိုး ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

Mahar United win 1-0 Over Yangon United at the final whistle.

10/12/2023

ပထမပိုင်းပြီးဆုံးချိန်မှာ မဟာယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နေပါတယ်။

Mahar United is leading 1-0 ahead of Yangon United at the break.

(Live) Myanmar National League 2023 (WEEK-16 Postponed) Mahar UTD VS Yangon UTD 10/12/2023

https://www.youtube.com/watch?v=YnRU_WCrXBE
တိုက်ရိုက်ကြည့်ရှုနိုင်မည့် Youtube Channel Link ဖြစ်ပါတယ်ခင်ဗျာ

(Live) Myanmar National League 2023 (WEEK-16 Postponed) Mahar UTD VS Yangon UTD Mahar UTD VS Yangon UTD

10/12/2023

မဟာယူနိုက်တက်အသင်းကို ယှဥ်ပြိုင်ကစားမယ့် ရန်ကုန်ယူနိုက်တက်အသင်း၏ ပွဲထွက်ကစားသမားစာရင်း ဖြစ်ပါတယ်။

Here’s how we line up against Mahar United.

Photos from Yangon United Football Club's post 10/12/2023

Team Meeting before kick-off (Mahar vs YUFC)

10/12/2023

မဟာယူနိုက်တက်အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ရဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဥ် ၁၆ (လက်ကျန်ပွဲစဥ်) ကို ယနေ့ညနေ ၄ နာရီအချိန် သုဝဏ္ဏကွင်းမှာ ယှဥ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။

ယခုပွဲစဉ်ကို Myanmar National League Youtube Channel မှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။

ယခုပွဲစဥ်မှာလည်း ပြည်တွင်းကစားသမားကောင်းတွေရဲ့ အစုအဖွဲ့နဲ့ ကြိုးစားမှုတွေကို မြင်တွေ့ရမှာဖြစ်လို့ လာရောက် အားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

Lions are going to rival Mahar United today at 4:00 PM at Thuwunna Stadium.

Enjoy Live on Myanmar National League Youtube Channel.

In this Match, you will see the team organized with local talented players to put more effort into the match. So don't forget to enjoy the match and supports us.

09/12/2023

နည်းပြချုပ် ဂတ်ဇီက မနက်ဖြန်ယှဥ်ပြိုင်ရမယ့် မဟာယူနိုက်တက်အသင်းနဲ့ ပွဲစဥ်အတွက် ကြိုတင်ပြင်ဆင်ထားမှုများကို ယခုလို ပြောပြထားပါတယ်။

Here’s is a talk of Yangon United Head Coach Gerd Zeise before the match against Mahar United.

09/12/2023

အကောင်းဆုံးပုံစံနှင့် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည်ဟု သာယာဝင်းထက်ပြောကြား......................

ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ် ကစားသမား သာယာဝင်းထက် က မဟာယူနိုက်တက် အသင်းနှင့်ပွဲ အတွက် အကောင်းဆုံးပုံစံနှင့် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် မဟာယူနိုက်တက်အသင်းနှင့် မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ သုဝဏ္ဏကွင်းတွင် ရွှေ့ဆိုင်းထားခဲ့ သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်-၁၆ ကိုယှဉ်ပြိုင်ကစား ကြမည်ဖြစ်သည်။

“ထရိန်နင်မှာ နည်းပြပြောတဲ့အတိုင်း သေချာလိုက်လုပ်ပြီး လာမယ့် မဟာယူနိုက်တက် အသင်းနဲ့ပွဲမှာ အကောင်းဆုံးပုံစံနဲ့ယှဉ်ပြိုင်နိုင်အောင် ပြင်ဆင်ထားပါတယ်။ နည်းပြကသုံးတဲ့အချိန်မှာ အကောင်းဆုံးပုံစံနဲ့ ပွဲထွက်နိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုပိုပြီးယုံကြည်မှုရှိလာပါတယ်။ ပိုပြီးတော့လည်း ကစားရဲလာတဲ့အပြင် အသင်းက စီနီယာအကိုတွေကိုလည်း ရှိန်မနေဘဲ သူတို့နဲ့ အချိတ်ဆက်မိမိ ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့်ပွဲမှာလည်း ဒီထက်ပိုကောင်းအောင် ကြိုးစားသွားပါမယ်” ဟု ပြီးခဲ့သည့် ပွဲတွင် ခြေစွမ်းပြကစားခဲ့သည့် လူငယ်ကွင်းလယ် သာယာဝင်းထက် က ဆိုသည်။

မဟာယူနိုက်တက်အသင်းနှင့် ပထမအကျော့တွေ့ဆုံမှုတွင် ရန်ကုန်အသင်းက ၄-၀ ဂိုးဖြင့် အနိုင်ရရှိထားခဲ့ပြီး တစ်ဖက်အသင်းနှင့်ပတ်သက်၍ ၎င်း က ယခုလိုပြောကြားခဲ့သည်။

“မဟာကလည်း အသင်းကောင်းတစ်သင်းပါ။ သူတို့ကစားတဲ့ပွဲတွေကိုလည်း ကြည့်ဖြစ်ပါတယ်။ ပေါ့ပြီးကန်လို့မရတဲ့အသင်းထဲမှာ ပါပါတယ်။ ပြိုင်ဘက်အသင်းကို လျော့မတွက်ဘဲ အနိုင်ရရှိရေးအတွက် ယှဉ်ပြိုင်သွားပါမယ်။

“မနက်ဖြန် မဟာအသင်းနဲ့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ပိတ်ရက်ဖြစ်တဲ့တနင်္ဂနွေနေ့မှာ ဘောလုံးပွဲကောင်းတစ်ပွဲကိုကြည့်ရင်းနဲ့ အားပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်” ဟု ပရိသတ်များကို ဖိတ်ခေါ်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၂၀ ပွဲကစား၊ ၁၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ်၅၀ နှင့်အဆင့် ၂ နေရာတွင် ရပ်တည်နေပြီး မဟာယူနိုက်တက် အသင်းသည် ၂၀ ပွဲကစား၊ ၆ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၈ ပွဲရှုံး၊ ရမှတ် ၂၄ မှတ်နှင့် အဆင့် ၉ နေရာတွင်ရပ်တည်နေသည်။

Yangon United midfielder Thar Yar Win Htet says he has prepared for the coming match against Mahar United to showcase the best.
Yangon United will play against Mahar United on 10th December at 4 pm at Thuwunna Stadium in the postponed match of Myanmar National League (week 16).

“I get everything set to face Mahar following the instruction of the coach at the training. And yet, I became much more confident when I could display my performance when the chance knocked at my door. I could dare play on the pitch and better link with my senior teammates without being bashful to play. That’s why I will put more effort into the upcoming match,” said youngster midfielder Thar Yar Win Htet who exhibited himself in the recent match.

Yangon United won 4-0 over Mahar United in the first round of the Myanmar National League, and he commented on the opponent.
“Mahar is a good team. I watched their match, and we cannot underestimate them. So we will take good care to play against them.”

“We are going to face Mahar United tomorrow at Thuwunna stadium. The match is on Sunday, and please come and join the match,” he invited the fans.

Yangon United will stand in second place after 20 played, 16 wins, 2 draws, 2 losses, and 50 points while the opponent placed ninth with 6 wins, 6 draws, 8 losses, and 24 points.

01/12/2023

နည်းပြချုပ် ဂတ်ဇီ နှင့် ကွင်းလယ်လူ သာယာဝင်းထက် တို့၏ ပွဲအပြီး သုံးသပ်မှုများ

Post Match Speech between Head Coach Gerd Zeise and Midfielder Thar Yar Win Htet

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Head Coach and Player Interview
Prematch Head Coach Interview
Head Coach and Player Interview
Prematch Head Coach Interview
Head Coach and Player Interview
Prematch Head Coach Interview
Training Inside
Coach and Player Interview
Prematch Head Coach Interview
Head Coach and Player Interview
Prematch Head Coach Interview
Head Coach and Player Interview

Category

Telephone

Address


Yangon-Insein Road
Yangon
951

Other Sports in Yangon (show all)
TEA PLUS+ TEA PLUS+
Yangon

Ninety-seven Sport Ninety-seven Sport
A1/ThitSar Pann Street/Site Pyoe Rayy/NorthOkkalapa
Yangon, 11031

လောပန် လောပန်
Thit-Sa Road
Yangon, 10011

ယုံကြည်နိုင်မည့်ငွေပမာဏတစ်ခုဖြင့် လာရောက်ဆော့ကစားလ်ို့ရပါတယ်ခင်ဗျ 📲 Viber +959268866695

Goal Over Free Tips Goal Over Free Tips
Yangon

ဒီ Page မှာ ဂိုးပေါ်ပွဲ ခန့်မှန်းချက်တ?

MHTT 365 MHTT 365
Yangon, 11081

၂၄ နာရီ အခမဲ့ဝန်ဆောင်မှုပါရှိတာမို?

Eagle Lethwei Club Eagle Lethwei Club
Thein Phyu Stadium, Corner Of Thein Phyu Road & Kan Pat Road, Yangon Tsp
Yangon, 11221

Eagle Lethwei Club is the very first traditional Myanmar boxing club in Yangon & provides so many training sessions with the highly experienced coaches. If you want to learn and pl...

TBC - The Betting Counsellor TBC - The Betting Counsellor
Yangon

ညီကိုများအတွက် ဘောပွဲခန့်မှန်းချက်များကို အကောင်းဆုံး တင်ဆက်ပေးသွားပါမယ်

Lucky Goal Lucky Goal
Yangon

အစစအရာရာ အဆင်ပြေကြပါစေ

Agent Arrow Agent Arrow
Yangon, 11182

1xBet Official Agent

Superbee Tv Superbee Tv
Yangon