Midori JPL School

A new Language is a new Life.

28/04/2024

🟡 JPT: Japanese Proficiency Test
〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜
JPT ( Japanese Proficiency Test ) 日本語能力試験 ဆိုတာ....
https://www.jptest.jp/en/

🟨JPTは、法務省出入国在留管理庁において日本語教育機関へ入学する資格として認められています。JPT စာမေးပွဲက၊ တရားရေးဝန်ကြီးဌါနလက်အောက်မှာရှိတဲ့ ပြည်အဝင်အထွက်နှင့်နေထိုင် ခွင့်စီမံခန့်ခွဲရေးဌါနကနေ ဂျပန်ဘာသာပညာရေးနှင့်ပတ်သတ်ပြီး ကျောင်းဝင်ခွင့်လက်မှတ်အနေနဲ့ အသိအမှတ်ပြုခံ ထားရလျှက်ရှိပါတယ်....

🟨また、大学入試や企業等の就職、昇進(しょうしん)・昇格(しょうかく)、海外駐在員選定(かいがいちゅうざいいんせんてい)、日本語研修後(にっぽんごけんしゅうご)の効果測定(こうかそくてい)など、日本語能力を判定(はんてい)するスコアとして活用(かつよう)されています。
ဒါ့အပြင်တက္ကသိုလ်ဝင်ခွင့်၊ လုပ်ငန်းခွင်ဝင်ခွင့် စတဲ့အလုပ်လျှောက်ထားခြင်းများ၊ အလုပ်အတွင်းရာထူးတိုးခြင်း၊ နိုင်ငံရပ်ခြားအခြေစိုက်လုပ်ငန်းများအတွက် ဝန်ထမ်းရွေးချယ်ခြင်း၊ ဂျပန်ဘာသာလေ့ကျင့်သင်ကြားရေးပြီးနောက် တတ်မြောက်မှုအားစစ်ဆေးရာတွင်လည်းကောင်း၊ ဂျပန်ဘာသာအရည်အချင်းကို သတ်မှတ်ဆုံးဖြတ်နိုင်တဲ့ ရမှတ် အဖြစ်တွင်ကျယ်စွာ အသုံးပြုလျှက်ရှိပါတယ်.......

🟨 試験は年12回実施。2週間で結果発表。
စာမေးပွဲကို တစ်နှစ်မှာ ၁၂ ကြိမ်ကျင်းပပြီး၊ ၂ ပတ်အကြာမှာ စာမေးပွဲရလဒ်ကိုကြေငြာပါတယ်။

🟨 日本語能力試験(JLPT)はN1~N5の段階評価ですが、JPTはスコアでの無段階評価なので、受験する度に語学力の伸びが測れ、かつ正確な評価を測れます。試験回数は、JLPTが年2回なのに対し、JPTは年12回(2020年より)と多くの受験機会があります。また、結果発表は、受験後2週間でお知らせします。
JLPT)စာမေးပွဲမှာ N1-N5 ဆိုပြီး Level အဆင့်ဆင့်သတ်မှတ်ထားပေမယ့်၊ (JPT) စာမေးပွဲ မှာတော့ Level အဆင့်ဆင့်သတ်မှတ်ထားတာမျိုးမရှိဘဲ၊ စာမေးပွဲဖြေတဲ့အချိန်မှာပဲ ဘာသာစကားနဲ့ပတ်သတ်တဲ့စွမ်း ရည်ကိုတိုင်းတာပြီး၊ မှန်ကန်တဲ့ Level အဆင့်ကိုတိုင်းတာရရှိနိုင်ပါတယ်... စာမေးပွဲ စစ်ဆေးတဲ့အကြိမ်အရေအတွက် ကလည်း JLPT က တစ်နှစ်မှာ ၂ ကြိမ်စစ်ဆေးပြီး၊ JPT ကတော့ (၂၀၂၀ ခုနှစ်) မှစတင်ပြီးတော့ ၁၂ ကြိမ် ကျင်းပပါတယ်..... ဒါ့အပြင်၊ စာမေးပွဲရလဒ်ကိုလည်း ၂ ပတ်အတွင်းမှာထုတ်ပြန်အသိပေးပါတယ်.....

🟨 ※法務省「在留資格関係公表資料」より「一般社団法人(いっぱんしゃだんほうじん)日本語能力試験実施委員会が実施するJPT日本語能力試験において315点以上取得していること。」 တရားရေးဝန်ကြီးဌါန ( နေထိုင်ခွင့်နှင့်ပတ်သတ်သောအချက်အလက်များ) အရ (ဂျပန်ဘာသာအရည်အချင်း စစ်စာမေးပွဲစစ်ဆေးရေးကော်မတီက ကြီးမှုးကျင်းပတဲ့ JPT ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲမှာ ၃၁၅ မှတ် အထက်ရရှိတဲ့သူတွေကို နေထိုင်ခွင့်ပေးနေလျှက်ရှိပါတယ်)

🟨 JPT စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာစတဲ့ စာမေးပွဲနဲ့ပတ်သတ်တဲ့ အချက်အလက်များကို Google Play Store မှာ App ကို download ဆွဲပြီး အသုံးပြုလို့လည်းရပါတယ်......

https://play.google.com/store/apps/details?id=jp.co.freemind.JPTApp&pli=1

🟨 JPT Elementary (JLPT N5, N4)
ကို 2023 ခုနှစ် ၉လပိုင်းကနေ စတင်ပြီးတော့
Nepal,
Myanmar,
Cambodia,
Sri Lanka,
Bangladesh,
Philippines, etc. နိုင်ငံတွေကနေ စတင်ဖြေဆိုနိုင်မှာဖြစ်ပါတယ်.....

https://www.jptest.jp/about/jptel.php?

🟨 အသေးစိတ်ဖတ်ရှုလေ့လာလိုသည်များကို အောက်ပါ Website Link မှာ..... English, Japanese, Chinese, Tiwan Languages တို့ဖြင့်ဖတ်ရှု လေ့လာနိုင်ပါတယ်.....

https://www.jptest.jp/







🍀May

JLPT Japanese-Language Proficiency Test 28/04/2024

🔴JLPT: Japanese Language Proficiency Test
〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜
🟥Website မှာ English လိုရော Japanese လိုရော ဖတ်ရှုလို့ရပါတယ်.... မြန်မာလိုတော့မရပါဘူး ..... အခုချပေးထားတဲ့ website link ကတော့ English လိုဖြစ်ပါတယ်..... Japanese ကိုပြောင်းချင်ရင် စာမျက်နှာရဲ့ ညာဘက်ဒေါင့်လေးမှာ 日本語 လို့ရေးထားတဲ့နေရာကို နှိပ်ပြီးပြောင်းလို့ရပါတယ်.... ဒါကဖတ်နိုင်တဲ့သူတွေ၊ ဖတ်ကြည့်ပြီးလေ့လာချင်တဲ့သူတွေ အတွက်ဖြစ်ပါတယ်....

🟥ဒါကတော့ JLPT စာမေးပွဲနဲ့ပတ်သတ်ပြီး၊ အတွင်းကျကျ အသေးစိတ် သိလိုသမျှကို ရှာဖတ်ကြည့်လို့ရပါတယ်....

ℹ️ JLPT စာမေးပွဲကို 1984 ခုနှစ်က စတင်ကျင်းပခဲ့တယ်

ℹ️ ပထမဆုံးစကျင်းပတဲ့ အချိန်မှာ တစ်ကမ္ဘာလုံးထဲကမှ နိုင်ငံပေါင်း 17 နိုင်ငံကနေ လူ [ 7000 ] လောက်ပဲဖြေဆိုခဲ့တယ်....

ℹ️ 2011 ခုနှစ်မှာ တစ်ကမ္ဘာလုံးထဲက နိုင်ငံပေါင်း 62 နိုင်ငံကနေ လူ [ 6 သိန်း 1 သောင်းကျော် ] နှစ်စဉ် စာမေးပွဲဖြေဆိုနေပြီဖြစ်တယ်......

ℹ️ 2009 ခုနှစ်အထိ တစ်နှစ်ကိုတစ်ကြိမ် 12 လပိုင်းရဲ့ ပထမဆုံးပတ်၊ တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တယ်..... 2010 ကနေစပြီး တစ်နှစ်ကို ၂ ကြိမ် JLPT စာမေးပွဲကို ပြောင်းလဲကျင်းပပေးခဲ့တယ်.....

ℹ️ စာမေးပွဲစတင်ကျင်းပချိန်ကနေ 2009 ခုနှစ်အထိ စာမေးပွဲဖြေဆိုသူအတွက် Level-1, Level-2, Level-3, Level-4 ဆိုပြီး Level (4)ခု သတ်မှတ်ထားကျင်းပခဲ့ပေမယ့်၊ 2010 ခုနှစ်ကနေစပြီး Level အသစ်တစ်ခုထပ်တိုးကာ N1, N2, N3, N4, N5 ဆိုပြီး ပြောင်းလဲကျင်းပခဲ့တာဖြစ်တယ်......

ℹ️ JLPT ရဲ့ စာမေးပွဲ Level အနိမ့်အမြင့်အဆင့်သတ်မှတ်ပုံကတော့၊
N5 : N4 :
စာသင်ခန်းအတွင်းမှာပဲ အသုံးပြုတဲ့ စကားလုံးများနဲ့ စကားပြောများကို လေ့လာပြီး၊ လက်တွေ့ပြောဆိုနိုင်ရမယ်

N3 : အောက် Level 2 ခုနဲ့ အထက် Level 2 တို့ရဲ့ ကြားခံပေါင်းကူးတံတားဖြစ်တယ်.....

N2 : N1 :
လက်တွေ့ပြင်ပလောကမှာ ဂျပန်လူမျိုးများ အသုံးပြုလျှက်ရှိတဲ့ စကားလုံးများနဲ့ စကားပြောများကို လေ့လာပြီး၊ လက်တွေ့အသုံးချနိုင်ရမယ် ......

ℹ️ℹ️ℹ️ℹ️ℹ️ℹ️ℹ️
အခုအကြမ်းဖျင်းရေးသားထားတဲ့ JLPT စာမေးပွဲနဲ့ပတ်သတ်တဲ့ အချက်အလက်များကို ကျမလည်း အောက်ပါ Website Link မှာပဲ ဖတ်ရှုထားတာဖြစ်ပါတယ်.... ကျမထက်ပိုမိုစုံစုံလင်လင် နားလည်စေဖို့၊ Website ထဲမှာ ပိုမိုဖတ်ရှုကြည့်နိုင်ပါတယ်......







🍀May

JLPT Japanese-Language Proficiency Test The Official Worldwide Japanese-Language Proficiency Test Website is operated by the Japan Foundation and Japan Educational Exchanges and Services.

26/04/2024

🔴ဂျပန်ဘာသာ လေ့လာသင်ယူပြီး၊ ဂျပန်နိုင်ငံမှာ ကျောင်းသွားတက်၊ အလုပ်လုပ်မယ့် မြန်မာလူမျိုးများအတွက် ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲများရဲ့ အရေးပါမှုနဲ့ ခွဲခြားထားမှုကို လေ့လာထားမိသလောက်လေး ပြန်လည် ဖော်က်သည်ချ ပြောပြပေးချင်ပါတယ်....

🟥ခက်တာက တစ်ခါတည်းနဲ့ အကုန်ချရေးဖို့ကလည်း အချိန်အခက်အခဲ၊ အခြားသော အခက်အခဲတွေရှိနေတာကြောင့် အပိုင်းဆက် အလိုက်ပဲ ရေးပေးသွားနိုင်မယ်ထင်ပါတယ်.........

💪🥰 ဒါပေမယ့် ကြိုးစားပြီးတော့ ရေးပေးပါမယ်.......
ဘာလို့လဲဆိုတော့ ကျမစာသင်သက် ၁၇ နှစ်လောက်ရှိတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ အတွေ့ရအများဆုံးကတော့.... ဂျပန်ကိုသွားချင်ပေမယ့် ဂျပန်နဲ့ပတ်သတ်တဲ့ ဗဟုသုတမရှိတာရယ်.... မေးစရာလူမရှိ၊ ရှာဖတ်စရာလမ်းညွှန် မရှိတာ စတဲ့ အခက်အခဲတွေကိုတွေ့ခဲ့ရပါတယ်......

🔴 အဲဒါအပြင် နောက်ထပ်တစ်ခုက ဘာဖြစ်လာသလဲဆိုတော့၊ မသိနားမလည်တဲ့သူတွေက ပွဲစားတွေ၊ အေဂျင်စီတွေရဲ့ ပြောသမျှကို ယုံကြရပါတယ်..... အဲဒီနောက်ပိုင်းမှာတော့ ဂျင်းထည့်ခံရပြီး ဂျပန်ကိုရောက်သွားခဲ့ ကြတဲ့ ဂျပန်ရောက် စီနီယာအများစုရဲ့ ဆရာလုပ်ပြီးရေးတဲ့ ပို့စ်တွေကိုပဲ အဟုတ်ကြီးအဖြစ်နဲ့ ဖတ်မှတ်လေ့လာကြရတဲ့ ပြဿနာဖြစ်ပါတယ်......

🟥 တစ်ချို့သောသူတွေက သူတို့တွေ့ကြုံရတဲ့ မကောင်းတဲ့အရာတွေကို ချည်းစုစည်းပြီးပြန်ပြောပြတာမျိုး၊ တစ်ချို့သောသူတွေက သူတို့တွေ့ကြုံနေရတဲ့ ကောင်းတဲ့အရာတွေချည်းပဲ ပြန်ပြောပြတာမျိုး၊ (၂) မျိုးလုံးက လက်တွေ့ကြုံရတယ်ဆိုပေမယ့်...... အမှန်တရားမဟုတ်ပါဘူး..... အဲလိုပြောလို့..... ကျမကိုဝိုင်းဆဲကြပါလိမ့်မယ်..... အဖြစ်အပျက်အမှန်ဖြစ်ပေမယ့်..... အမှန်တရားမဟုတ်ဘူးဆိုတာကို..... ကျမစာတွေရေးရင်းနဲ့ ရှင်းပြပေးသွားပါမယ်......

🔴 ကျမရေးမှာကတော့ ကြုံရတဲ့အဖြစ်အပျက်တွေမဟုတ်ဘဲ.... Data တွေဖြစ်ပါတယ်.... Links တွေနဲ့တကွ အချက်အလက်တွေကို ဘယ်လိုရှာဖွေရတယ်ဆိုတာနဲ့ မှန်ကန်တဲ့ အချက်အလက်အဖြစ် ဘယ်လိုမျိုး အတည်ပြုဖို့လိုအပ်သလဲဆိုတာကို ပြောပြပေးမှာပဲဖြစ်ပါတယ်........

🔴 ကျမအခုလို ဘယ်သူမှမပြောပြတဲ့ အချက်အလက်တွေကို ဖော်ပြလိုက်လို့ ဂျပန်အေဂျင်စီတွေ ထမင်းငတ်မသွားပါဘူးနော်..... အဲဒါလေး တော့ကြိုပြောထားချင်တယ်..... ဂျပန်သွားချင်တဲ့သူတွေက လည်လည် ဝယ်ဝယ်တွေဖြစ်သွားရင် အေဂျင်စီတွေ သူတို့တောင်းချင်သလိုတောင်း လို့မရတော့ဘူး၊ ပြောချင်သလိုပြောလို့ မရတော့ဘူးဆိုပြီး ကျမကိုဝိုင်း တိုက်ခိုက်ဖို့ကြိုးစားကြမယ်ဆိုရင်လည်း ....... $ ဂရုမစိုက်ပါဘူးလို့ ......

💢ဘာလို့ဒီလိုမျိုး ကွန်ချက်ကိုပြရသလဲဆိုရင်..... ဂျပန်စာသင်လောကကို ဖျက်ဆီးချင်တဲ့ စိတ်ကြောင့်မဟုတ်ပါဘူး..... $ ချိုးမပြေလုပ်စားတဲ့ အေဂျင်စီတွေနဲ့ ဂျပန်စာရေးတတ်ဖတ်တတ်ရုံနဲ့ $ ဆရာကြီးလေသံပြစ် ပြီး အသားကုန်ဆရာလုပ်နေကြတဲ့သူတွေကို အမြင်ကတ်လို့ရေးခြင်းသာ ဖြစ်ပါတယ်...... ဒါပေမယ့် မြန်မာလူမျိုးဆိုတာ အမှန်တရားကို မြင်တတ်တဲ့သူ၊ လေးစားတတ်တဲ့သူ၊ အတုယူသင်ယူတတ်တဲ့သူက နည်းတော့ ထင်သလောက်တော့ ထိရောက်မှာ မဟုတ်ဘူးဆိုတာ ကျိန်းသေသိပါတယ်....
ဒေဝဒတ်တပည့်က ပိုများတော့ ဝိုင်းတုတ်ကြမလားတော့မသိဘူး.....

🔴 ဝိုင်းဆဲချင်ဆဲ၊ မဆဲချင်နေ၊ ဖတ်ချင်လည်းဖတ်၊ မဖတ်ချင်လည်းနေ
ဂရုမစိုက်ဘူး...... ကျမလုပ်သင့်လုပ်ထိုက်တာကိုပဲဆက်လုပ်နေပါမယ်.....






🍀May

24/03/2024

ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ (၂၃) မျိုးရှိပါတယ်......
❤️💙💚🧡❤️💙💚🧡❤️💙💚🧡❤️💙💚🧡
日本語能力評価・試験等一覧
❤️💙💚🧡❤️💙💚🧡❤️💙💚🧡❤️💙💚🧡

04/02/2024

သူတစ်ပါးလုပ်သလို၊
လိုက်လုပ်တယ်ဆိုတာ.....
ကိုယ်ပိုင်အစွမ်းအစမရှိတဲ့သူတွေရဲ့အပြုအမူပါ.....

他の人がしているように
ついていくのは.....
自分の能力を持たない
者たちの行動だ……

🍀May

IT jobs in Japan | Yaaay 11/01/2024

IT JOBS IN JAPAN 

ဂျပန်နိုင်ငံမှာ IT JOBS ကို
work visa ဖြင့်သွားရောက်လုပ်ကိုင်လိုသူများအတွက်
ကိုယ်ပိုင်အရည်အချင်းဖြင့် အလုပ်ရှာလိုသူများအတွက်

👇👇👇👇👇👇👇👇👇👇👇👇👇👇👇

https://yaaay.jp/?utm_source=facebook&utm_medium=banner&utm_campaign=yaaay.lookingbl.mya.1.10.24&utm_id=23857565305710082&utm_content=120203917570430083&utm_term=120203917570380083&fbclid=IwAR0-0W3bfVgIQ3iqMujfC9OEcbYegzsPZYfltrmdcyDuQv-g_KlHgHGu0X4

IT jobs in Japan | Yaaay Yaaay is a job board for IT jobs in Japan that makes you go Yaaay! Apply now and launch your borderless career

29/11/2023

Midori Translate Service
Midori Japanese Lessons
Midori JPL School
#漢字
#漢字勉強

25/11/2023

“အနာဂတ်အတွက်စုဆောင်းဖို့ ယုံကြည်ချက်မရှိရင် ဘယ်သူမှရင်းနှီးမြှုပ်နှံမှာမဟုတ်ဘူး။ ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်ဖို့ ကောင်းမွန်တဲ့အနာဂတ်ကို ယုံကြည်သူဖြစ်ရပါမယ်”

အကောင်းဆုံးရင်းနှီးမြှုပ်နှံသူဆိုသည်မှာ ဒေါ်လာတစ်ဆယ်တန်တစ်ရွက်ကို ငါးဒေါ်လာဖြင့် ရောင်းသည့်အချိန်တွင် အမိအရဆုပ်ကိုင်နိုင်သူကို ဆိုလိုပါသည်။ ယင်းသည် ဖြစ်နိုင်မည်လား။ ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် (၁) စျေးနှုန်းတွက်ချက်ရာတွင် ပရိယာယ်များခြင်း (၂) စျေးကွက်သည် ကျိုးကြောင်းဆင်ခြင်မှု အားနည်း ခြင်းတို့ကြောင့် ဖြစ်သည်။

စျေးကွက်က မိုက်မဲသည်ဆိုသည်ကို သတိပြုပါ။ ယင်းသည် သင့်အတွက်ကောင်းမည်လား၊ ဆိုးမည်လား။ ယင်းသည် အလွန်ကောင်းသောအရာဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူအားလုံးသည် ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်များကို ကျိုးကြောင်းဆင်ခြင်မှုနှင့် ရှေးရိုးဆန်သည့် စျေးနှုန်းခန့်မှန်းချက်များအပေါ် အခြေခံမည်ဆိုပါက စတော့ဈေးကွက်တွင် ငွေရှာရန် အလွန်ခက်ခဲမည်ဖြစ်သည်။ ကံကောင်းသည့်အချက်မှာ စတော့စျေးကွက်တွင်ပါဝင်သူများသည် လူသားများဖြစ်ပြီး စိတ်ခံစားမှုကို မလွန်ဆန်နိုင်သည့်သူများ ဖြစ်ခြင်းပင်။

ရင်းနှီးမြှုပ်နှံသူအများစုသည် စတော့တစ်ခုကို အမွှမ်းတင်ကြသလို ရေစီးကြောင်းတစ်ခုအတွင်း ပါဝင် ရောင်းဝယ်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က စျေးကွက်ကို အနိုင်ယူနိုင်မည်ဟူသည့် အကောင်းမြင် စိတ်ရှိကြသောကြောင့် ဖြစ်သည်။ ဉာဏ်ကောင်းသည့် လူငယ်ရင်းနှီးမြှုပ်နှံသူများအနေနှင့် စိတ်ခံစားမှုများကို တံခါးဝတွင် ထားခဲ့ကာ အမှန်တကယ် တန်ကြေးရှိသည့်စတော့များကို ရွေးချယ်ဝယ်ယူကြရန် တိုက်တွန်းပါသည်။

သမားရိုးကျ စတော့ဝယ်ယူသူများ၏ ဆုံးဖြတ်ချက်သည် အများအားဖြင့် ယင်းတို့၏ အနီးနားရှိသူများ၏လွှမ်းမိုးမှုကို အခြေခံသည်။ အခြားသူများ ဝယ်သည့်အခါ ဝယ်၍ အခြားသူများ ရောင်းသည့်အခါ ရောင်းသည်။ ကံမကောင်းစွာပင် ဤစနစ်မှာ ပြောင်းပြန်ရလဒ်ထွက်ပေါ်မည့် နည်းစနစ်ဖြစ်သည်။ အကောင်းဆုံးရင်းနှီးမြှုပ်နှံသူများသည် ဤအချိန်တွင် ဖြစ်ပေါ်လာသည့် ပြင်းပြသည့်စိတ်ခံစားမှုကို တွန်းလှန်နိုင်ပြီး တည်ငြိမ်စွာဖြတ်သန်းကာ ဤသို့ ပြင်းထန်နေသည့် အခြေအနေကို ဘေးမှထိုင်ကြည့်ကြသည်။

ရင်းနှီးမြှုပ်နှံမှု ဂုရုကြီး Warren Buffett က "သူများတွေ လောဘကြီးလာတဲ့အခါ ကြောက်တတ်ပါ၊ သူများ တွေကြောက်တဲ့အခါ ကိုယ်က လောဘကြီးပါ" ဟု ဆိုသည်။

ဆရာသက်ထွန်းဦးရဲ့ “ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာ” စာအုပ်မှ ကောက်နုတ်ထားခြင်းဖြစ်ပါတယ်။ ဒီစာအုပ်ဟာ Young Investor Society က ပြုစုတဲ့ Stock Investing 101 ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ စာအုပ်မှာ “ရင်းနှီးမြှုပ်နှံမှု ရွှေရောင် စည်းမျဥ်း(၇)ချက်၊ စတော့တစ်ခု၏တန်ဖိုးကို အကဲဖြတ်ခြင်း၊ ကောင်းမွန်သည့်လုပ်ငန်းတစ်ခုဖြစ်ရန် လိုအပ်သည့်အချက်များ၊ ရင်းနှီးမြှုပ်နှံမည့်စတော့များကိုရှာဖွေခြင်း၊ ဘဏ္ဍာရေးဘာသာစကားများကိုနားလည်ရန် သင်ယူခြင်း၊ ရင်းနှီးမြှုပ်နှံမှု ဆန်းစစ်ချက်နှင့် ပကတိတန်ဖိုး” ဆိုတဲ့ အခန်း ၇ ခန်း ပါဝင်ပါတယ်။

ကမ္ဘာကျော် စတော့ရင်းနှီးမြှုပ်နှံသူ ဂုရုကြီးဖြစ်တဲ့ Mr. Warren Buffet နဲ့ သူ့ဆရာဖြစ်တဲ့ Mr. Benjamin Graham တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုအယူအဆတွေ၊ စတော့ရင်းနှီးမြှုပ်နှံမှုနည်းဗျူဟာတွေ၊ Mr. Warren Buffet တီထွင်ခဲ့တဲ့ Economic Moat လို့ခေါ်တဲ့ စီးပွားရေးအရံအတားတွေ၊ စျေးကွက်ကို အနိုင်ယူနည်းတွေ၊ ရွှေရောင်စည်းမျဥ်း(၇)ချက်၊ စတော့တစ်ခုရဲ့တန်ဖိုးကိုအကဲဖြတ်ခြင်း၊ ကမ္ဘာ့ ထိပ်တန်းကုမ္ပဏီတွေရဲ့ စတော့တွေကို နှိုင်းယှဥ်တွက်ချက်ပုံတွေ၊ စတော့စခရင်ကြည့်ရှုနည်း၊ Value Investing အယူအဆ၊ ကုမ္ပဏီတစ်ခုရဲ့ပကိတန်ဖိုး (Intrinsic Value) တွက်ချက်ပုံနည်းစနစ်တွေ စသည်ဖြင့် ရှုထောင့်စုံက ရေးသား ဖေါ်ပြထားတာကြောင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသိပညာများစွာ ရရှိစေနိုင်မှာဖြစ်ပါတယ်။

◾ ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာ
◾ သက်ထွန်းဦး
◾ စာမျက်နှာ - ၂၀၀
◾ တန်ဖိုး - ၁၄၀၀၀ ကျပ်................
25-12-2023 ရက်မှာ ထွက်ရှိမှာဖြစ်ပါတယ်။ ကြိုတင်မှာယူလိုပါက မှာယူလိုပါက Sarpay Lann Bookstore Page ရဲ့ Chat Box မှဖြစ်စေ၊ 09 772 611 394, 09 790 857 431, 09 761 899294 တို့မှဖြစ်စေ မှာယူနိုင်ပါကြောင်း .....
Preorder မှာယူတဲ့သူများအနေနဲ့ စာရေးသူရဲ့ အမှတ်တရလက်မှတ်ပါဝင်တဲ့ စာအုပ်လေး ရရှိမှာဖြစ်ပါတယ်။

အထူးအစီအစဉ်အနေနဲ့ "ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာ" စာအုပ်ကို ကံထူးရှင် (၁၀) ဦးရွေးချယ်ပြီး မေတ္တာလက်ဆောင် ပေးပို့သွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရချင်တယ်ဆိုရင်တော့ ယခု Post ကို Share လုပ်ပြီး Screenshot ကို Comment မှာမန့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ (20-12-2023 အထိသာ)
#ရင်းနှီးမြှုပ်နှံမှု
#ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာ




#သက်ထွန်းဦး
#လေ့လာပါ_လွတ်လပ်စွာတွေးခေါ်ပါ

17/11/2023

Midori Japanese Language School
၏ Telegram Channel များ

いろどり_入門_A1

https://t.me/midori_JPLSchool_IRODORI_A1
----------------------------------------------------
About Japan & Knowledge

https://t.me/midori_JPLSchool_About_Japan
----------------------------------------------------
みどり🟢日本語Lesson🇯🇵

https://t.me/MidoriJapaneseLesson
----------------------------------------------------
Learn Japanese From Drama

https://t.me/+q2g_nifzsSU2NDRl
----------------------------------------------------
みどり💚N3

https://t.me/+rd_Xkht9pWthMzU1
---------------------------------------------------
みどり💚N2

https://t.me/+IbEGkbWbSPkyMmZl
---------------------------------------------------
みどり💚N1

https://t.me/+xg4sTBGKR2AzZDM1
---------------------------------------------------

Midori Translate Service
Midori Japanese Lessons
May

16/11/2023

Midori Translate Service
Midori Japanese Lessons

16/11/2023

標準ビジネス日本語テスト(STBJ)
ဆိုတာဘာလဲ သိကြပါသလား????
------------------------------------
ဂျပန်နိုင်ငံ ပြည်တွင်းနဲ့၊ အာရှနိုင်ငံ အနည်းငယ်မှာကျင်းပပေးနေတဲ့
STBJ(Standard Test for Business Japanese・標準ビジネス日本語テスト)
ဆိုတဲ့စာမေးပွဲဖြစ်ပါတယ်.....

Midori Translate Service
Midori Japanese Lessons
May

Telegram: Contact @businessjapanese_midori 13/11/2023

Business Japanese @ Midori JPL School
ビジネス日本語
👇👇👇👇👇👇👇👇👇

Telegram: Contact @businessjapanese_midori

20/10/2023

Midori JPL School
Midori Translate Service
Midori Japanese Lessons

18/10/2023

Midori JPL School &
M.S.T University (IT university)
တို့ရဲ့ မီးပျက်ချွေးထွက်စကားဝိုင်း

🩷ကိုယ်လှနေတဲ့ပုံလေးပဲရွေးတင်လိုက်မိတယ်😁
Sorryပါ Han Linn Aung , Aung Zaw Myint

🍀May

Photos from Midori JPL School's post 04/09/2023

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်- ၂၀ ဆုံးမစာကတော့-
(၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
(၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
(၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
(၄) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
(၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
(၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
(၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
(၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
(၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
(၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
(၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
(၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
(၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
(၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
(၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
(၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
(၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
(၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
(၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
(၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

22/08/2023

🔴N3 Class

❗️မိမိသင်လိုသည့်အချိန် ရရှိနိုင်ပါသည်.......

22/08/2023

Midori JPL School မှာ အောက်ပါ အတန်းများတက်ရောက်နိုင်ပါပြီ

🔴 Basic + N5(いろどりCourse)

🔴 N4(いろどりCourse)

🔴 N3(いろどりCourse)OR(総合テキスト)

🔴 N2(総合テキスト)

🔴 N1(総合テキスト)

💢💢Speaking Class(Zoom Class)OR(学校)💢💢

Mobile uploads 10/08/2023
26/07/2023

Chan Nyeinさん
在留資格認定証明書
おめでとうございます ㊗️
🥰🥰🥰🥰🥰🥰🥰

家族の為頑張って下さい。💪☺️
🌿🌿🌿🌿🌿🌿🌿🌿🌿🌿
☘️Midori JPL School☘️の2023年☘️成功活動㊗️☘️

Photos from Midori JPL School's post 23/06/2023

🌿Midori JPL School

New Class for (Basic+N5)
Start On (15/07/2023)

🛑 (10/07/2023) နေ့ မတိုင်မှီ ကျောင်းအပ်သူများအတွက်
🛑 20000 Ks 🔻🆓 လျှော့ပေးမည်ဖြစ်သည်။

01/04/2023

WV Tech PDC နှင့် Midori Japanese Language School တို့မှ ပထမဆုံးသော Japan IT Company သို့ ရွေးချယ်ခံရသော チャンさん(မျက်မှန်လေးနဲ့ကိုကိုပါ) နှင့် အတူ ညီမလေးကတော့ နောက်နှစ်အတွက် ကြိုတင်ရွေးချယ်ခံထားသော ミィツさん

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

#日本語の勉強 #言葉の力 #動詞
#言葉の力 #日本語 #日本語の勉強
#アニメ日本語 #animejapanese

Category

Telephone

Address


No. 7, Shawphe Housing, Thukha 56 Lanthwe, Ward 7, Baho Road, Hlaing Township
Yangon
11051

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Other Language schools in Yangon (show all)
Success Language Academy Success Language Academy
No. 5 (B/3), 2nd Floor, U Tun Lin Chan Street. Hledan , Kamaryut Township
Yangon, 11041

English Language School (Online Classes & In-Person Classes)

Dots English Dots English
Wai Bargi Road
Yangon, 11031

SprachcafĂŠ Mon SprachcafĂŠ Mon
Yangon

Deutschkurse FĂźr die Deutschlernenden in Myanmar

Global Bridge Language Academy Global Bridge Language Academy
Yangon

အင်္ဂလိပ်ဘာသာစကား လေ့လာရန်၊ အသုံးချရန် မဝံ့မရဲ ဖြစ်နေသူများ အားလုံးအတွက် . . .

Sar Pan Eain - Language Center Sar Pan Eain - Language Center
No. 128, 3rd Floor, Yankin 12 Lonetan Bus Stop, Yankin Township
Yangon, 11081

လုပ်ငန်းခွင်အတွက်လိုအပ်သော ဘာသာစကားသင်တန်းများကို အခြေခံမှစ၍သင်ကြားပေးနေပါပြီ။

LEVEL UP - English Language School LEVEL UP - English Language School
Yangon

Make Your Dream!

Ivy English School Ivy English School
No 34 (2nd Floor)၊ Baho Road & Corner Of Aung Chan Thar Street, (Near Asia Royal Hospital) , Sanchaung Tsp
Yangon, 11111

A Great Place For Your English Journey Which Aims To Broaden Your Education Horizon With Affordable World-Standards Education.

Heiwa 平和 Heiwa 平和
.Thingangyun
Yangon

日本語クラス

Dreams Come True Dreams Come True
Yangon
Yangon, 11201

IELTS Warriors IELTS Warriors
No. 114, 2nd Floor, Sanchaung Street, Sanchaung Township
Yangon

Intensive Training Classes For IELTS.

OREN Turkish Language Centre - တူရကီ စာနှင့်စကားပြော သင်တန်း OREN Turkish Language Centre - တူရကီ စာနှင့်စကားပြော သင်တန်း
Yangon

တူရကီဘာသာစကား လေ့လာသင်ယူလိုသူများအ