Knowledge PLAZA

School of Management and Technology

Photos from Knowledge PLAZA's post 21/12/2023

Project Team – PMP Sprint 3 🏉

ပရော့ဂျက်အဖွဲ့တခု တည်ဆောက်ရာမှာ ထည့်သွင်း စဉ်းစားသင့်တဲ့ အခြေခံအချက်တွေကို PMP Sprint 1, Sprint 2 မှာဆွေးနွေးတင်ပြခဲ့ပြီးပါပြီ။ ပရော့ဂျက်တခုအတွက် လူအင်အားဖြည့်တင်းတဲ့အကြောင်းလေးတွေကို ပီအပ်မီစာမေးပွဲ ရှုထောင့်ကနေပြီး ဆွေးနွေးတင်ပြပေးပါမယ်။ ပီအမ်ပီရဲ့ လုပ်ငန်းစဉ်မှာတော့ Acquiring the project team လို့ပြောထားပါတယ်။ 🤝🤝

ပရော့ဂျက်တခုအတွက် လူအင်အား (ဝန်ထမ်း) ဖြည့်တင်းတာတွေကို ပရော့ဂျက်မန်နေဂျာကိုယ်တိုင် HR, Recruitment Manager တွေနှင့်အတူ ပူးပေါင်းဆောင်ရွက်လေ့ရှိပါတယ်။ တချို့အဖွဲ့အစည်းတွေမှာတော့ ယာယီဝန်ထမ်းခေါ်ယူသုံးစွဲတဲ့ကိစ္စတွေကို Procurement Department ကကိုင်တွယ်လေ့ရှိတတ်ပါတယ်။ ဒီလိုအခြေအနေတွေမှာ ပရော့ဂျက်မန်နေဂျာတယောက်ရဲ့ ရှိသင့်တဲ့ အရည်အချင်းတွေ၊ ကျွမ်းကျင်မှုတွေကို နားလည်သဘောပေါက်နိုင်ပါလိမ့်မယ်။ Interpersonal Skill လို့ပြောကြပါတယ်။ Communication, Collaboration, Negotiation Skills.. ဒါတွေအားလုံးအကြုံးဝင်ပါတယ်။

ပရော့ဂျက်ရဲ့လိုအပ်ချက်နဲ့အညီ သင့်တော်တဲ့ ဝန်ထမ်းတွေ ရရှိဘို့ရာကလည်း စိန်ခေါ်မှုတခုပါဘဲ။ HR နယ်ပယ်မှာတော့ ဝန်ထမ်းတယောက်ရဲ့ ပင်ကိုယ်အရည်အချင်းကိုစမ်းစစ်တဲ့အခါမှာ Knowledge, Skills, Abilities, Attitude ဆိုတာတွေနဲ့အကဲဖြတ်လေ့လာပြီး အလုပ်ခန့်ကြတယ်..တဲ့။ ပညာရပ်စကားလုံးတွေ ခဏဖယ်ထား.. ကိုယ်လိုချင်တဲ့ ဝန်ထမ်း၊ ကိုယ်လိုချင်တဲ့ အချိန်၊ ကိုယ်ပေးနိုင်တဲ့ လုပ်အားခ.. ဒါတွေအားလုံး ကိုက်ညီဘို့ဆိုရင်တော့ အတော်အတန်အချိန်ပေးပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရပါလိမ့်မယ်။ ပီအမ်ပီမှာတော့ Pre-assignment လို့ခေါ်ပါတယ်။ Pre-assignment involves an advance assignment or acquisition of resources for a project before it starts.

Agile Scrum Team ရဲ့ထူးခြာတဲ့ ဝိသေသတွေကတော့..
🔸Cross-functional team
🔸Self-organizing team.. လို့ပြောထားပါတယ်။
“ကျွမ်းကျင်မှုကိုယ်စီ ရှိကြတဲ့ အဖွဲ့သားတွေအားလုံးရဲ့ စုပေါင်းလုပ်ဆောင်မှု” လို့‌ပြောနိုင်ပါတယ်။
A cross-functional team is made of members with diverse substantial skill sets, making it possible to produce project deliverables with no external dependency.

Cross-functional team အဖွဲ့သားတွေရဲ့ ကျွမ်းကျင်မှုအကြောင်းကိုပြောကြတဲ့အခါ.. ပရော့ဂျက်ထဲမှာ ကိုယ်ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စ၊ ပညာရပ်တခုကိုဘဲ အထူးကျွမ်းကျင်တာကို “I-shaped skill” လို့ပြောကြပါတယ်။ “အထူးစပယ်ရှယ်လစ်” လို့ ဆိုကြပါစို့။ ကိုယ်ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စ၊ ပညာရပ်ကိုလည်း အထူးကျွမ်းကျင်သလို အခြားသော ဆက်စပ်ပတ်သက်နေတဲ့ ကိစ္စတွေ၊ ပညာရပ်တွေကိုလည်း ကျယ်ကျယ် ဝန်းဝန်း နားလည်သဘောပေါက်ထားတာကိုတော့ “T-shaped skill” လို့ပြောကြပါတယ်။ “T-shaped” အဖွဲ့သားတွေက အများနဲ့စုပေါင်းတိုင်ပင်ပြီး လုပ်ကိုင်(လို)တတ်လေ့ ပိုမိုရှိကြပါတယ်။

ပရော့ဂျက်အဖွဲ့သားတွေရဲ့ စည်းလုံးညီညွတ်မှု အားကောင်းလာတဲ့အခါမှာတော့ “အဖွဲ့သားအချင်းချင်းအကြား အပြန်အလှန်နားလည်မှုနဲ့အတူ တာဝန်ကိုယ်စီ ထမ်းဆောင်ရင်း ချမှတ်ထားတဲ့ ပရော့ဂျက်ပန်းတိုင်ကို ရောက်ရှိအောင် ကြိုးစားအားထုတ်သွားမယ်” ဆိုတဲ့အဆင့်ကိုရောက်သွားရင်တော့ အဲဒီပရော့ဂျက်အဖွဲ့ကို “Self-organizing team” လို့ပြောနိုင်လာပါလိမ့်မယ်။ ဒီအခြေအနေအထိရောက်လာဘို့ရာတော့ အတော်လေး ခဲရင်းပါလိမ့်မယ်။ ပရော့ဂျက်မန်နေဂျာ (Scrum Master in Agile Project) တစ်ယောက်ရဲ့ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု အရည်အချင်းအပေါ်မှာလည်း မူတည်နေပါလိမ့်မယ်။ (ဒီအကြောင်းအရာတွေကိုတော့ “Leading a Project Team” ဆိုတဲ့ခေါင်းစဉ်အောက်မှာ ထပ်မံတင်ပြပေးပါမယ်ဗျာ။)

ပရော့ဂျက်ဆိုတာကလည်း မတူညီတဲ့ လုပ်ငန်းနယ်ပယ်၊ ပညာရပ်နယ်ပယ်အသီးသီးက ပညာရှင်တွေ စုပေါင်းပြီး လိုချင်တဲ့ ရလဒ်တခုကို သတ်မှတ်ထားတဲ့ အချိန်၊ ငွေကြေးနှင့် အခြားကန့်သတ်ချက် မူဘောင်အတွင်းမှာ ပြီးစီးအောင် လုပ်ကိုင်ဆောင်ရွက်ရတဲ့ ယာယီလုပ်ငန်းစဉ်တခုသာ ဖြစ်ပါတယ်။ 🤷‍♂️

ပရော့ဂျက်အဖွဲ့သားတွေကို ခန့်အပ်တဲ့အခါ သူတို့ရဲ့အရည်အချင်း၊ ကျွမ်းကျင်မှုတွေကို လေ့လာစမ်းစစ်တာအပြင် သူတို့ရဲ့ အပြုအမူ၊ စိတ်နေသဘောထား၊ ပင်ကိုယ်စရိုက်တွေကိုလည်း နားလည်သဘောပေါက်ထားဘို့ လိုအပ်ပါတယ်တဲ့။ Personality profile assessment လို့ပြောကြပါတယ်။ (နောက်လာမယ့် Sprint တွေမှာ တင်ပြပေးပါမယ်ဗျာ။)

Cross-functional team and self-organizing team အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ ပီအမ်ပီ နမူနာမေးခွန်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

1. During a workshop about the Agile approach, the project manager stated that Agile teams should be cross-functional and self-organizing, explaining that:
A. Each member of the team should be cross-functional and self-organized
B. The Agile team should have all the required skills to deliver the product on their own
C. The Agile team should have complementary skill sets and be able to organize the backlog by themselves
D. The Agile team should self-organize to acquire the necessary skills to be cross-functional

2. What is self-organization? (Choose two.)
A. Using a pull-based approach to ensure effective use of team resources.
B. Allocating all resources before they get assigned to a different project.
C. Having the project manager stipulate roles and responsibilities and assign all the work to individual team members.
D. Asking teams to assess and agree to work goals as a group.

3. A project manager is leading a project within a functional organization. Halfway through the project implementation, a team member left the organization. What should the project manager do first?
A. Collaborate with the functional manager to get a replacement
B. Update the project’s resource breakdown structure
C. Reassign their workload to the project team member
D. Evaluate the impact of the team member’s departure on the project

စိတ်ဝင်စားလို့ ဖတ်ကြည့်၊ ဖြေကြည့်ချင်ရင်လည်း ရပါတယ်။ အဖြေအားလုံးမှန်ရင်.. 💝 ပေးပါတယ်နော်။ 😁
မေးခွန်းလေးတွေ စီစဉ်ထားတဲ့ ပညာရှင်များကို လေးစားလျက်.. ✍️🙏

19/12/2023

On-Demand Training

🔹Project Management Professional - PMP
🔹Professional Scrum Master - PSM
🔹Professional Scrum Product Owner - PSPO
🔹PRINCE2 - Projects In Controlled Environments
🔹Six Sigma - Quality Management Best Practice
🔹Finance for Managers

Knowledge Plaza ရဲ့သင်တန်းတွေအားလုံးဟာ ပညာရပ်ဆိုင်ရာနယ်ပယ်အလိုက်..
၁။ အမှန်တကယ် နားလည်သဘောပေါက်စေရန်..
၂။ လုပ်ငန်းကျွမ်းကျင်မှု တိုးတက်လာစေရန်..
၃။ နိုင်ငံတကာ အသိအမှတ်ပြုစာမေးပွဲများ ဖြေဆိုအောင်မြင်စေရန်.. လုံးဝအထောက်အကူပြုပါတယ်။

🙋တဦးတယောက်ချင်း..
👨‍👩‍👧ကုမ္ပဏီ၊ အဖွဲ့အစည်းများ..
👨‍👨‍👦‍👦သူငယ်ချင်းမိတ်ဆွေအဖွဲ့များရဲ့ အချိန်ပေးနိုင်မှု၊ လိုအပ်ချက်တွေနှင့် လိုက်လျောညီထွေမှုရှိအောင် စီစဉ်ပေးပါတယ်။

09 251 017 840 (or) cb မှာဆက်သွယ်ပြီး သင်တန်းစုံစမ်းလို့ရပါတယ်နော်..

ယုံကြည်စိတ်ချစွာ အားပေးခဲ့သော ပြည်တွင်း ပြည်ပမှ ကေပီသင်တန်းသား၊ သင်တန်းသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း.. 💝

Training Instructor:

Khin Maung Sint, MBA
Lean Six Sigma Black Belt
PMI Authorized Training Instructor
(ပိုစတာထဲက ဘဲကြီးကတော့ ဦိးခင်မောင်ဆင့် မဟုတ်ပါ.. 😁)

14/12/2023

Project Team – PMP Sprint 2 🏉

ခိုင်မာကျစ်လစ်ပြီး စွမ်းဆောင်ရည်ကောင်းတဲ့ project team တခုဖြစ်လာစေမယ့် အခြေခံတွေကို ထပ်မံဆွေးနွေးပေးပါမယ်နော်။

🔹Team Charter

ပီအမ်ပီမှာတော့ project charter, team charter ဆိုတဲ့ အခေါ်အဝေါ်လေးတွေ တွေ့ရတတ်ပါတယ်။
ပရော့ဂျက်အဖွဲ့သားတွေရဲ့ တန်ဘိုးထားမှု၊ အပြန်အလှန်သဘောတူနားလည်မှု၊ အတူတကွ စုပေါင်း လုပ်ဆောင်မှု၊ အလုပ်လုပ်တဲ့ ပုံစံ အလေ့အထတွေကို မှတ်တမ်းပြုထားလေ့ရှိပါတယ်။ အဲဒီယေဘူယျနားလည်မှု စာချွန်လွှာကို Team Charter လို့ပြောနိုင်ပါတယ်။ မဖြစ်မနေလုံးဝလိုက်နာရမယ့် ဥပဒေသတခုတော့လည်း မဟုတ်ပါ။
ပြည့်စုံကောင်းမွန်တဲ့ Team Charter မှာပါဝင်သင့်တဲ့ အချက်တွေကတော့...
☑️တန်ဘိုးထာမှု ဘုံသဘောထား
☑️ပြောဆို ဆက်သွယ်ရေး အခြေခံလမ်းညွှန်နှင့် နည်းလမ်းများ
☑️ဆုံးဖြတ်ချက်ချတဲ့ အခြေခံလုပ်နည်းလုပ်ဟန်များ
☑️အမြင်မတူတာတွေကို ချည်းကပ် ကိုင်တွယ်ဖြေရှင်း ဆုံးဖြတ်ပုံများ
☑️အစည်းအဝေး အစီအစဉ်နှင့် လုပ်ငန်းစဉ်များ
☑️အလုပ်ချိန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လှုပ်ရှားမှုများ..
ဒါတွေကတော့ Team Charter နဲ့ ပတ်သက်ပြီး သိရှိထားသင့်တာတွေ ဖြစ်ပါတယ်။

🔹Ground Rules

အဖွဲ့အစည်းနဲ့ အလုပ်လုပ်နေတဲ့အခါမှာ လူ့ကျင့်ဝတ်အရ၊ လုပ်ငန်းသဘောအရ “လက်ခံနိုင်တဲ့ အပြုအမူ အခြေအနေ လုပ်ရပ် အနေအထားတွေ၊ လက်မခံနိုင်တဲ့ အပြုအမူ အခြေအနေ လုပ်ရပ် အနေအထား”တွေကို ရှင်းလင်းတိကျစွာ ဖော်ပြထားတဲ့ စည်းကမ်းတွေကိုတော့ Ground Rules လို့ပြောနိုင်ပါတယ်။ ဒီအခြေခံ စည်းကမ်းတွေအပေါ်မူတည်ပြီး လုပ်ငန်းစွမ်းဆောင်ရည် တိုင်းတာခြင်းနှင့် ပြောဆို ဆက်သွယ်ရေးပုံစံတွေကို သဘောတူသတ်မှတ်နိုင်လာပါလိမ့်မယ်။ စည်းကမ်းကျင့်ဝတ်ဆိုရင်တော့ လိုက်နာဘို့ လိုအပ်ပါတယ်။ အခြေခံစည်းကမ်းကျင့်ဝတ်တွေကို သဘောတူလိုက်နာကြမယ်ဆိုရင် နားလည်မှုလွဲနိုင်တဲ့ကိစ္စတွေ၊ မသေချာမရေရာမှုတွေကို အတတ်နိုင်ဆုံး လျော့ချလို့ ရနိုင်လာပါလိမ့်မယ်။ လုပ်ငန်းစွမ်းဆောင်ရည်လည်း တိုးတက်လာနိုင်ပါတယ်။

🔹Code of Conduct

ပီအမ်ပီကိုလေ့လာ လိုက်စားကြတဲ့ ပရော့ဂျက်မန်နေဂျာတိုင်းလိုလို ပီအမ်အိုင်ကပြဌာန်းထားတဲ့ ပရော်ဖက်ရှင်နယ်ဆိုင်ရာ ကျင့်ဝတ် ဝတ္တရား Code of Ethics and Professional Conduct တွေကို သတိထားမိကြပါလိမ့်မယ်။
ပီအမ်အိုင်အဖွဲ့ဝင်များ၊ ပီအမ်အိုင် အသိအမှတ်ပြုလက်မှတ် ကိုင်ဆောင်ထားသူများကတော့ မဖြစ်မနေ လိုက်နာရမယ်လို့ ဆိုထားပါတယ်။
ပီအမ်အိုင်ရဲ့ ပရော့ဂျက်စီမံခန့်ခွဲရေးကို လေ့လာနေသူများ၊ အသုံးချနေသူများကိုလည်း လိုက်နာဘို့ တိုက်တွန်းထားပါတယ်။
ဒိအကြောင်းတွေနဲ့ ပတ်သက်တဲ့ ပို့စ်တခု တင်ထားတာရှိပါတယ်။ အောက်မှာပေးထားတဲ့ လင့်မှာကြည့်ရှုလေ့လာနိုင်ပါတယ်နော်။
https://www.facebook.com/KP.KnowledgePlaza/posts/pfbid02iwNwZtgnDTTPVgpsJ4UEmiH1eqkuK6Fz4eAjkm8T7hFeDEJudZ3cen3i1Ecjrt7Nl

🔹Cultural Norms

အသင်းအဖွဲ့တခုကို တည်ဆောက်တဲ့အခါမှာ အဖွဲ့သားတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကိုလည်း ထည့်သွင်းစဉ်းစား သင့်ပါတယ်.. တဲ့။ မတူညီတဲ့ နောက်ခံယဉ်ကျေးမှု ဓလေ့ထုံးစံတွေက အဖွဲ့သားအချင်းချင်းကြား ပြောဆိုဆက်ဆံရေး၊ ဆုံးဖြတ်ချက်၊ အလုပ်လုပ်ပုံတွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိလာနိုင်ပါတယ်။
(ယခုတင်နေတဲ့ ပို့စ်နဲ့တော့ မဆိုင်ပါ။ တချို့သော ယဉ်ကျေးမှု ဓလေ့ထုံးစံတွေက သိပ္ပံနည်းကျ ချိန်ခွင်ပေါ်မှာတော့ အောင်မှတ် မရပေမယ့် ပျော်ရွှင်ကြည်နူးစရာတော့ ကောင်းတတ်ပါတယ်။ သိပ္ပံနည်းကျ အတွေးအခေါ် အယူအဆ ကိန်းဂဏန်းတွေကို အရမ်းဇောင်းပေးလာတာနဲ့အမျှ ချစ်ခြင်းမေတ္တာ ပျော်ရွှင်မှုတွေ တဖြည်းဖြည်း အရောင်မှိန်လာတယ်လို့ ခံစားမိပါတယ်။ စာရေးဆရာ ကျော်စွာထက် ရေးခဲ့တဲ့ “မုသားဖော်စက်” ဆိုတဲ့ ဝတ္ထုတိုလေးကို သတိရလို့ပါ။ ပို့စ်နဲ့ မဆိုင်တဲ့အကြောင်းအရာဖြစ်နေလို့ စိတ်အနှောက်အယှက် ဖြစ်နေရင် တောင်းပန်ပါတယ်။)

ပရော့ဂျက်အဖွဲ့တခု တည်ဆောက်ရာမှာ ထည့်သွင်း စဉ်းစားသင့်တဲ့ အခြေခံအချက်တွေကို သေချာနားလည်သဘောပေါက်ထားရင် လုပ်ငန်းခွင်အတွက်မှာရော ပီအမ်ပီစာမေးပွဲအတွက်မှာပါ အထောက်အကူဖြစ်စေနိုင်ပါလိမ့်မယ်နော်..

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ ပီအမ်ပီ နမူနာမေးခွန်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

1. What is a document that outlines how the team will operate and work together?
A. Team acquisition plan
B. Resource management plan
C. Project charter
D. Team charter

2. Which of the following is typically included in a team charter? (Choose three.)
A. Team motivation
B. Team values
C. Team personality assessments
D. Team agreements
E. Team operating guidelines

3. Which of the following are part of an effective team charter? (Choose two.)
A. Resource assignments
B. Shared values
C. Project objectives
D. Conflict resolution

4. Which of the following is not a reason that PMI publishes a Code of Ethics? (Choose two.)
A. Set expectations for the project manager and the team.
B. Ensure compliance with rules and laws.
C. Create commitment to honesty, integrity, and commitment.
D. Provide specific guidance on conflict resolution.

5. After introducing a new foreign developer to the team, the project manager noticed that a certain senior team member seems to be avoiding any interaction with them. What should the project manager do about this issue?
A. Talk to the senior team member privately to try and find out the reason behind their behavior while making it clear that discrimination is neither tolerated nor accepted
B. Notify the functional manager of the senior team member’s behavior and ask them to take the appropriate disciplinary action
C. Look past the senior team member’s behavior since no conflict between the two has occurred and work seems to be going just fine
D. Address the issue in the next team meeting by scolding the senior team member and lecturing everyone about the importance of an inclusive work environment

စိတ်ဝင်စားလို့ ဖတ်ကြည့်၊ ဖြေကြည့်ချင်ရင်လည်း ရပါတယ်။ အဖြေအားလုံးမှန်ရင်.. 💝💟 ပေးပါတယ်။ 😍

မေးခွန်းလေးတွေ စီစဉ်ထားတဲ့ ပညာရှင်များကို လေးစားလျက်.. ✍️🙏

Photos from Knowledge PLAZA's post 11/12/2023

Project Team – PMP Sprint 1

ပီအမ်ပီစာမေးပွဲမေးခွန်းတွေရဲ့ တဝက်နီးပါးလောက်က (project team) ပရော့ဂျက်အဖွဲ့သားတွေ၊ (project stakeholders) ပရော့ဂျက်နဲ့ ဆက်စပ်ပတ်သက်နေသူတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့ အပိုင်းတွေဖြစ်ပါတယ်။
People = 42%
Process = 50%
Business Environment = 8%

Project Team နဲ့ပတ်သက်တဲ့ ယေဘူယျ လုပ်ငန်းစဉ်တွေကတော့…
🔹Setting up Working Environment
🔹Acquiring the Team
🔹Leading the Team
🔹Developing the Team’s Skills and Collaboration
🔹Motivating the Team
🔹Using Different Power Types

ပရော့ဂျက်ရဲ့ လုပ်ငန်းခွင်၊ နေရာဒေသ၊ ရှုပ်ထွေးမှု၊ ပတ်ဝန်းကျင်အခြေအနေနဲ့ သင့်တော်မယ့် “ပရော့ဂျက်အဖွဲ့သား” တွေကို ရွေးချယ်နိုင်ခြင်းဟာ ပရော့ဂျက်တခုအောင်မြင်နိုင်ခြင်းရဲ့ အခြေခံအကြောင်းရင်းတခုဖြစ်ပါတယ်.. တဲ့။ 🔑

ပရော့ဂျက်အဖွဲ့သားတွေဟာ လုပ်ငန်းခွင်တနေရာတည်းမှာ စုပေါင်းပြီးလုပ်ကိုင်ရတာလည်း ရှိတတ်တယ်။ ပီအမ်ပီရဲ့ အခေါ်အဝေါ်တွေမှာတော့ Co-located team လို့ပြောထားပါတယ်။
နေရာဒေသ အသီးသီးမှာ တယောက် (တဖွဲ့) တနေရာစီလုပ်ကိုင်နေရတာလည်းရှိတတ်ပါတယ်။ ပီအမ်ပီရဲ့ အခေါ်အဝေါ်တွေမှာတော့ Virtual Team, Remote Team, Distributed Team လို့အမျိုးမျိုးတွေ့နိုင်ပါတယ်။

အသင်းအဖွဲ့တခုကို စီမံခန့်ခွဲဘို့ အဓိကကျတဲ့ အကြောင်းရင်းတွေထဲမှာ မတူညီတဲ့ အခြေအနေအလိုက် သင့်တော်တဲ့ “သတင်းပေးပို့၊ ပြောဆို၊ ဆက်သွယ်ရေး လုပ်ငန်းစဉ်” (Communication) တွေကို သေချာသဘောပေါက်ထားခြင်း ဖြစ်ပါတယ်။ 🔑

ခိုင်မာကျစ်လစ်ပြီး စွမ်းဆောင်ရည်ကောင်းတဲ့ project team တခုဖြစ်လာစေမယ့် အခြေခံတွေကတော့..
🔸Team Charter
🔸Ground Rules
🔸Code of Conduct
🔸Cultural Norms
ဒီအခြေခံတခုချင်းစီကို သေချာနားလည်သဘောပေါက်ထားရင် လုပ်ငန်းခွင်အတွက်မှာရော စာမေးပွဲအတွက်မှာပါ အထောက်အကူဖြစ်စေနိုင်ပါလိမ့်မယ်နော်..

ပီအမ်ပီမေးခွန်းတွေရဲ့ အထာက..
ဘယ်ကိစ္စတွေဖြစ်လာရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ? ဘာကြောင့် ဖြစ်ရတာလဲ? ဖြေရှင်းဘို့အတွက် ဘာတွေလိုအပ်သလဲ? ဆိုတာတွေကို ပရော့ဂျက်မန်နေဂျာတယောက်ရဲ့နေရာကနေပြီး ပရော်ဖက်ရှင်နယ်ပီပီ သဘောပေါက်ထားသလား ဆိုတာတွေကို မေးလေ့ရှိပါတယ်။ ပရော့ဂျက်မန်နေဂျာတယောက်ရဲ့ “common sense” လို့လည်းပြောနိုင်ပါတယ်။ ပီအမ်ပီစာမေးပွဲက PMBOK Guide စာအုပ်ကြီးကို အခြခံထားတာမဟုတ်ဘဲ “PMP Certification Exam Content Outline” ကိုဘဲအခြေခံ ထားပါတယ်။

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ ပီအမ်ပီ နမူနာမေးခွန်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

1. Which of the following are examples of virtual team collaboration tools? (Choose two.)
A. Shared task boards
B. Social media
C. Caves and common office design
D. Team chat boards

2. The project team is suffering from low morale since the departure of a key project team member, who was a big support and motivation source for the them. What actions should the project manager take to boost morale?
A. Understand the team’s needs and what motivates them
B. Perform team building activities to strengthen team bonds
C. Try to prevent the departure of the key team members
D. Set objectives and encourage the team to attain them

စိတ်ဝင်စားလို့ ဖတ်ကြည့်၊ ဖြေကြည့်ချင်ရင်လည်း ရပါတယ်။ အဖြေမှန်ရင်.. 💝 ပေးပါတယ်။ 😁

မေးခွန်းလေးတွေ စီစဉ်ထားတဲ့ ပညာရှင်များကို လေးစားလျက်.. 🙏

08/12/2023

Scrum Framework 🏈

🔹သွက်လက်လျင်မြန်မှု၊
🔹စည်းလုံးညီညွတ်မှု၊
🔹စွန့်စားရှာဖွေလိုမှု၊
🔹ဇွဲလုံ့လရှိမှု၊
🔹အသင်းအဖွဲ့စိတ်ဓါတ်ရှိမှုတွေကို အခြေခံထားတဲ့ အိုင်တီလူငယ်တသိုက်ရဲ့ လုပ်ငန်းဆောင်တာ ကိစ္စအဝဝကို တစုတပေါင်းတည်း တင်ပြထားတဲ့ Product Development Model ကိုညွှန်ပြပါဆိုရင်တော့ Scrum Framework ကိုဘဲ ညွှန်ရမလိုဖြစ်နေပါတယ်။

Scrum Framework ကအင်မတန်ရိုးရှင်းပါတယ်။ နားလည်ရလွယ်ကူပါတယ်။ ဒါပေမယ့် ကျွမ်းကျင်ဘို့တော့ ခက်ခဲတယ်.. တဲ့။ တကယ်လိုချင်ရင်တော့ တကယ်လုပ်ကြည့်ပါလို့.. ဘဲပြောပါရစေ။ 😍

Scrum Elements တွေအကြောင်းကို တခုချင်းစီလေ့လာသုံးသတ်ပြီး သူတို့အချင်းချင်းရဲ့ ဆက်စပ်ပတ်သက်မှု၊ နောက်ကွယ်အခြေခံအယူအဆတွေကို သေချာနားလည်သွားရင်တော့ လုပ်ရကိုင်ရတာ ပိုပြီးအဆင်ပြေသွားပါလိမ့်မယ်။

လေ့လာသင်ယူနေတဲ့အချိန်မှာ စာမေးပွဲအောင်လက်မှတ်ဆိုတာကို “အရမ်းအာရုံမစိုက်ဘဲ” သေချာနားလည်ပြီး “တကယ်အလုပ်ဖြစ်အောင်” လေ့လာမယ်ဆိုတဲ့စိတ်နဲ့ဆိုရင် ပိုပြီးအကျိုးများနိုင်ပါတယ်။ စာမေးပွဲအောင်လက်မှတ်ဆိုတာတွေလည်း အရေးကြီးပါတယ်။ ဒါပေမယ့် လုပ်ငန်းခွင်မှာ တကယ့်အခက်အခဲတွေနဲ့ နင်လား ငါလား လုပ်ကိုင်ဖြေရှင်းရတဲ့အခါမှာတော့ “အတွေ့အကြုံ၊ စိတ်ဓါတ်၊ ခံယူချက်” တွေက ပိုပြီးအထောက်အကူဖြစ်စေပါလိမ့်မယ်။

Scrum Framework ရဲ့အခြေခံသီအိုရီကိုကလည်း “ကိုယ်တွေ့မျက်မြင်အခြေစိုက် ဒဿန”၊ “လက်တွေ့ မျက်မြင်ကို အခြေခံသော ဓမ္မဒိဌ ဝါဒ”၊ “Empiricism” ကို အခြေခံထားတယ်လို့ ပြောထာားပါတယ်။
Scrum Framework ရဲ့နောက်ထပ်အခြေခံသဘောတရားတခုကတော့ “Lean Thinking” လို့ပြောထားပါတယ်။ ရှင်းရှင်းပြောရရင်တော့ “တကယ်အရေးပါတာတွေကိုဘဲအာရုံစိုက်ပြီး 😎အရေးမပါတာတွေကို ရေးကြီးခွင်ကျယ် လုပ်မနေနဲ့” လို့ဆိုလိုပါတယ်။

“အတွေ့အကြုံ၊ စိတ်ဓါတ်၊ ခံယူချက်” အားလုံးပြည့်စုံညီညွတ်သွားရင်တော့ တကယ့်အသင်းအဖွဲ့ခေါင်းဆောင် Professional Scrum Master ကောင်းတယာက် ဖြစ်လာပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။

Scrum Framework ကိုဖန်တီးခဲ့တဲ့ ပညာရှင်များကို လေးစားလျှက်..

Photos from Knowledge PLAZA's post 05/12/2023

Value Maximization

Scrum Product Owner တယောက်ရဲ့အဓိကတာဝန်ယူမှု တာဝန်ခံမှုတွေကို လေ့လာကြည်တဲ့အခါမှာ Business Value Maximization ဆိုတာကို အလေးပေးပြီးတင်ပြထားတာ တွေ့ရပါတယ်။

အဖွဲ့အစည်းတခုရဲ့ တန်ဘိုးကို တိုင်းတာမယ်ဆိုရင်တော့ အဲဒီအဖွဲ့အစည်းရဲ့ ရေရှည် ရည်မှန်းချက်၊ တန်ဘိုးထားမှုတွေကို စံနှုန်းထားပြီး တိုင်းတာမယ်ဆိုရင်လည်း သဘာဝကျတဲ့ အယူအဆတခု ဖြစ်တန်ကောင်းပါတယ်။ စီးပွားရေးလုပ်နေတဲ့ ကုမ္ပဏီတခုဆိုရင်တော့ ငွေကြေးအကျိုးအမြတ်ကို အဓိကထားနိုင်ပေမယ့် လူမှုကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတအဖွဲ့အစည်းတခုအနေနဲ့ကတော့ အခြားသော လူမှုအကျိုးပြုဆိုင်ရာ တန်ဘိုးထားမှုတွေကို ပိုပြီးအလေးပေးပါလိမ့်မယ်။

Scrum Product Owner တယောက်အနေနဲ့ အဖွဲ့အစည်းတခုရဲ့ တန်ဘိုးကိုတိုင်းတာရာမှာ “ဘယ်အချက်အလက်တွေကို အခြေခံပြီး တိုင်းတာမလဲ” ဆိုတာကို ဂေါင်းစားနေရင် Evidence-Based Management ကိုတစေ့တစောင်းလေ့လာကြည့်ပါလို့ တိုက်တွန်းထားပါတယ်။ အဲဒီမှာတော့ “Key Value Area and Metrics” တွေကိုတင်ပြထားပါတယ်။ တခုချင်းစီကိုလည်း အသေးစိတ်လေ့လာလို့ ရပါတယ်။

“အဖွဲ့အစည်းတခုရဲ့ တန်းဘိုး (Market Value) မြင့်တက်လာဘို့ဆိုရင်တော့ အဲဒီအဖွဲ့အစည်းရဲ့ ကုန်ထုတ်လုပ်မှုစွမ်းဆောင်ရည် (Organizational Capability) တိုးတက်မြင့်မားလာအောင် ကြိုးစားအားထုတ်ရမယ်” လို့ဆိုလိုပါတယ်။
“ကုန်ထုတ်လုပ်မှု စွမ်းဆောင်ရည်” ဆိုတဲ့နေရာမှာ...
🔸(Ability to Innovate) “ထုတ်ကုန် ပစ္စည်းရဲ့ အရည်အသွေကို အလေးပေးခြင်း”၊
🔸(Time to Market) “ဈေးကွက် လက်ဦးမှုရယူခြင်း” ဆိုတဲ့ စွမ်းဆောင်ရည်တွေ ပါဝင်ပတ်သက်နေပါတယ်။
အရည်အသွေးနှင့် ဈေးကွက် လက်ဦးမှုဆိုင်ရာ တိုင်းတာမှုတွေကိုလည်း တခုချင်းစီ လေ့လာသင့်ပါတယ်။

အိမ်း.. Scrum Master, Product Owner ကောင်းတယောက်ဖြစ်လာဘို့ အတော်မလွယ်ပါလား။ ဒါဆို ဘယ်က စလုပ်ရင် ကောင်းမလဲ.. ?
ပညာရှိတယောက် မိန့်ဆိုထားတာတော့ တွေ့ဘူးတယ်။
“တကယ်လုပ်ချင်တဲ့သူကတော့ နည်းလမ်းကို ရှာဖွေပါလိမ့်မယ်။ တကယ်မလုပ်ချင်သေးရင်တော့ (ဆင်ခြေ) အကြာင်းပြချက်ကို ရှာဖွေပါလိမ့်မယ်” တဲ့။

Knowledge Plaza မှကြိုဆိုပါတယ်။ 😍😁

01/12/2023

Professional Scrum Master: The Art of Leading a Scrum Team

Agile Product Development and Scrum Master အကြောင်းကို “အခြေခံဖောင်ဒေးရှင်း” မှစတင်ပြီး သေချာနားလည် သဘောပေါက်လာအောင် သင်ကြားပေးပါတယ်။

သင်တန်းချိန်။
တနင်္ဂနွေ နေ့ခင်း ၁ နာရီခွဲမှ ညနေ ၅ နာရီ
ဒီဇင်ဘာ (၁၀) ရက်နေ့ သင်တန်းစတင်ပါမယ်နော်။
Interactive Discussion on Microsoft Teams

စာမေးပွဲဖြေမယ့်သူများအတွက် သေချာနားလည်အောင်ရှင်းလင်းဆွေနွေးပေးမှာမို့ သင်တန်းချိန် ပိုပေးရနိုင်ပါတယ်။
သင်တန်းပြီး စာမေးပွဲအတွက် (၃) ပတ်လောက် “သေချာလေ့ကျင့်ပြင်ဆင်ပြီးရင်” စာမေးပွဲဖြေဘို့ အဆင်သင့်ဖြစ်နေပါပြီ။

သင်တန်းကြေး။
၃၉၀,၀၀၀ ကျပ် (Exam Simulator အပါအဝင်)

09 251 017 840 (or) cb မှာဆက်သွယ်ပြီး သင်တန်းစုံစမ်း စာရင်းသွင်းလို့ရပါတယ်နော်..
ယုံကြည်စိတ်ချစွာ အားပေးခဲ့သော ပြည်တွင်း ပြည်ပမှ သင်တန်းသား၊ သင်တန်းသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း..

Training Instructor:

Khin Maung Sint, MBA
Lean Six Sigma Black Belt
PMI Authorized Training Instructor
Knowledge Plaza: School of Management and Technology

28/11/2023

PMP Exam Preparation

ပီအမ်ပီစာမေးပွဲလမ်းညွှန်အတိုင်း လေ့လာရမယ့် အကြောင်းအရာတစ်ခုချင်းစီကို နမူနာမေးခွန်းများနဲ့အတူ “သေချာနားလည် သဘောပေါက်အောင်” ရှင်းလင်းသင်ကြားပေးပါတယ်။
သင်တန်းပြီးဆုံးတဲ့အခါ စာမေးပွဲအတွက် လေ့ကျင့်ပြင်ဆင်ဘို့ Mock Exam Simulator လည်းစီစဉ်ထားပါတယ်။

ဒီသင်တန်းက..
🔸ပီအမ်ပီကို ထဲထဲဝင်ဝင်လေ့လာလိုသူများ...
🔸ပီအမ်ပီစာမေးပွဲဖြေဆိုဘို့ ပြင်ဆင်နေသူများ...
🔸ပရော့ဂျက်စီမံခန့်ခွဲရေး ပရော်ဖက်ရှင်နယ်များအတွက်... အထူးရည်ရွယ်ပါတယ်ဗျာ။
🔸သင်ကြားရေးအစီအစဉ်ကတော့ Microsoft Teams Online ပေါ်မှာ ဆွေးနွေးသင်ကြားပေးပါမယ်။

သင်တန်းချိန်၊ သင်တန်းကာလ။
ည ၈ နာရီမှ ၁၀ နာရီခွဲ။ သောကြာ၊ စနေ၊ တနင်္ဂနွေ။
တစ်ပတ် ၃ ရက်၊ စုစုပေါင်း ၆ ပတ်။ နာရီ ၄၀ ကျော်။
ဒီဇင်ဘာ ၈ ရက်နေ့ သင်တန်း စပါမယ်ဗျာ။

သင်တန်းကြေး အစီအစဉ်။
၇၀၀,၀၀၀ ကျပ်။
၁၀ ရာခိုင်နှုန်း ဒီဇင်ဘာလက်ဆောင်။ 💝

သင်တန်းနည်းပြအကြောင်းကိုတော့ အထူးမပြောလိုတော့ပါ။ Knowledge Plaza မှာပေးနေတဲ့ သင်တန်းတွေကိုသာ ကြည့် ကြည့်လိုက်ပါတော့.. နော်။
ပရော့ဂျက်စီမံခန့်ခွဲရေးမော်ဒယ်ပေါင်းစုံ၊ အဂျိုင်းပရော့ဂျက်၊ ငွေကြေးစီမံခန့်ခွဲရေး၊ အရည်အသွေးစီမံခန့်ခွဲရေးသင်တန်းတွေ ပေးနေတဲ့၊ “ပီအမ်အိုင် အသိအမှတ်ပြု” သင်တန်းနည်းပြ ဦးခင်မောင်ဆင့် ကိုယ်တိုင်ဆွေးနွေးသင်ကြားပေးပါတယ်။

ယုံကြည်စိတ်ချစွာ အားပေးကြတဲ့ ပြည်တွင်း၊ ပြည်ပက မိတ်ဆွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း..
သင်တန်းဆင်းပြီးတဲ့ မိတ်ဆွေများလည်း Mock Exam မှာဝင်ရောက် လေ့ကျင့်ကြပါလို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်ဗျာ။

Training Instructor:

Khin Maung Sint, MBA
Lean Six Sigma Black Belt
PMI Authorized Training Instructor
Knowledge Plaza: School of Management and Technology

23/11/2023

All about Agile 🤼👫

Agile အကြောင်းကိုပြောမယ်ဆိုတိုင်း ပထမဆုံးသတိရမိတာကတော့ အယူအဆတခုကို လက်တွေ့နယ်ပယ်ထဲမှာ တကယ်အလုပ်ဖြစ်တဲ့ “လုပ်ငန်းစဉ်”တွေဖြစ်အောင် တီထွင်ဖန်တီးခဲ့တဲ့ ပညာရှင်တွေကိုဘဲဖြစ်ပါတယ်။ အိုင်တီ၊ အင်ဂျင်နီယာနယ်ပယ်ထဲက ပညာရှင်တွေပါ။

အိုင်တီလောကရဲ့ အစောပိုင်းကာလ စက်မှုသိပ္ပံ၊ နည်းပညာနယ်ပယ်မှာလည်း “ကုန်ပစ္စည်းထုတ်လုပ်ရေး၊ စီမံခန့်ခွဲရေးနဲ့ဆိုင်တဲ့ အတွေးသစ်၊ အယူအဆအသစ်တွေ” ထွန်းကားခဲ့ပါတယ်။ Lean Management အယူအဆ၊ လုပ်နည်းလုပ်ဟန်၊ အလေ့အကျင့်တွေက ဂျပန်စက်မှုဖွံဖြိုးတိုးတက်ရေးကို အတော်လေးအထောက်အကူ ဖြစ်ခဲ့ပါတယ်။

Agile လို့ပြောလာကြရင်တော့ IT Software Development နယ်ပယ်မှာ အသုံးများတဲ့ development practices တွေအားလုံး အကြုံးဝင်ပါတယ်။ Scrum Framework ရဲ့အရေးပါမှုကတော့ အိုင်တီနယ်ပယ်မှာရော၊ ကုန်ပစ္စည်းအသစ် တီထွင်ဖန်တီးမှုနယ်ပယ်မှာပါ လွှမ်းမိုးမှုရှိပါတယ်။ သာမန် အိုင်တီပရော့ဂျက်တွေထက် Product development in the complex environment မှာပိုပြီးအသုံးတည့်ပါတယ်။

ကုန်ပစ္စည်းထုတ်လုပ်ရေး၊ စီမံခန့်ခွဲရေးနဲ့ဆိုင်တဲ့ အတွေးသစ်၊ အယူအဆအသစ်တွေကို အိုင်တီလောကထဲမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးတိုင်အောင် ဖန်တီးပံ့ပိုးပေးခဲ့တဲ့ ပညာရှင်များစုပေါင်းပြီး “ကြေငြာချက်စာတမ်း” တခုထုတ်ပြန်ခဲ့ပါတယ်။ “Manifesto for Agile Software Development” လို့လူသိများပါတယ်။ အဲဒီကြေငြာချက်စာတမ်းမှာ သူတို့ရဲ့ “တန်ဘိုးထားမှု”၊ “အခြေခံ သဘောတရား (ဥပဒေ)” တွေကို အတိအလင်းဖော်ပြထားပါတယ်။

Agile ရဲ့အသုံးဝင်မှုက “အိုင်တီ ပရော့ဂျက်စီမံခန့်ခွဲရေး” ဆိုတာထက် အများကြီးပိုပါတယ်။ Product Development, Operations and Manufacturing, Human Development - လုပ်ငန်းနယ်ပယ်အလိုက် သင့်တော်သလို အသုံးချနိုင်ပါတယ်။

အသစ်ထွက်ရှိလာတဲ့ ပီအမ်ပီစာမေးပွဲက “traditional project management and agile” အကြောင်းအရာတွေအားလုံးကို ခြုံငုံမိအောင် လေ့လာထားဘို့ တိုက်တွန်းထားပါတယ်။ စာမေးပွဲမေးခွန်းတွေရဲ့ တဝက်လောက်ကလည်း Agile အတွေးအခေါ်၊ အယူအဆတွေ ဖြစ်နေပါလိမ့်မယ်။

အိုင်တီလောကသားတွေအတွက်ကတော့ “မရှိမဖြစ် အဂျိုင်း” လို့ဘဲပြောပါရစေ..

ပညာရှင်များကို လေးစားလျှက်.. 💝❤️‍🩹

15/11/2023

PRINCE2 Project Management

ပြည်ပရောက် တယောက်သောသူ၊ ပြည်တွင်းအန်ဂျီအိုကတယောက်အတွက် ပရင့်တူး အတန်းသစ်ဖွင့်ဘို့ အကြောင်းဖန်လာပါတယ်ဗျာ။ (ပြည်ပရောက် တယောက်ဆိုရင် ဟိုအရင်ကတည်းကတိုင်း သင်တန်းကြေးကို ကြိုတင်သွင်းထားတာပါ။ သူ့အတွက် ကျေးဇူးတုံ့ပြန်ရအုန်းမယ်လေ။) 💝

အရင်တက်ခဲ့ကြတဲ့ ဘော်ဒါတွေ (မနန်း၊ ကိုနေအောင်ဝင်း၊ Rebecca) မည်သူမဆို အချိန်ရရင် တက်ခဲ့ကြပါနော်။
လေ့လာချင်တဲ့ အသစ်တွေကိုလည်းဖိတ်ခေါ်ပါတယ်ဗျာ။
သင်တန်းသားက အချိန်ပိုပေးနိင်ရင် “Project Planning and Scheduling with Microsoft Project” ကိုလက်တွေ့လေ့ကျင့်ပေးပါတယ်။ 😍🥰
ကေပီမှာ သင်တန်းတစ်ခါတက်ပြီးရင် အဲဒီအတန်းကို ထပ်ပြန်တစ်လဲလဲ ပြန်တက်လို့ရပါတယ်။ ဘာအပိုကြေးမှ ပေးစရာမလိုပါ။

သင်တန်းချိန်၊ သင်တန်းကာလ။
ညနေ ၆ နာရီမှ ၈ နာရီခွဲ။ သောကြာ၊ စနေ၊ တနင်္ဂနွေ။
တစ်ပတ် ၃ ရက်၊ စုစုပေါင်း ၄ ပတ်။
နိုဝင်ဘာ ၁၇ ရက်နေ့ သင်တန်း စပါမယ်ဗျာ။

ယုံကြည်စိတ်ချစွာ အားပေးကြတဲ့ ပြည်တွင်း၊ ပြည်ပက မိတ်ဆွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း.. 🥰

Training Instructor:

Khin Maung Sint, MBA
Lean Six Sigma Black Belt
PMI Authorized Training Instructor
Knowledge Plaza: School of Management and Technology

14/11/2023

PRINCE2 7th Edition: Managing Successful Projects

ပရင့်တူးဗားရှင်းအသစ် ထွက်လာပါပြီ။ ပရင့်တူးဗားရှင်းသစ်စာမေးပွဲအတွက် သင်ရိုးမာတိကာလည်း ထွက်နေပါပြီ။ ယူကေ အော်စီမှာရှိတဲ့ သင်တန်းတွေမှာတော့ ဗားရှင်းအသစ်နဲ့သင်နေတာတွေ ရှိနေပါပြီ။ ဒါပေမယ့် ဗားရှင်းအဟောင်းတွေကိုလည်း ဆက်လက်လေ့လာ ဖြေဆိုခွင့် ရှိနေပါသေးတယ်။ ယခုအချိန်အထိ တွေ့နေရတဲ့ ပရင့်တူးစာမေးပွဲတွေကတော့..
🔹PRINCE2 5th Edition – PRINCE2 2009 (OGC Model)
🔹PRINCE2 6th Edition – PRINCE2 2017 (Axelos)
🔹PRINCE2 7th Edition – PRINCE2 2023 (PeopleCert) – New Version
စာမေးပွဲဖြေမယ်ဆိုရင် ကြိုက်တဲ့ဗားရှင်းနဲ့ ဖြေလို့ရပါတယ်။ ဗားရှင်းအသစ်ထွက်လာတယ်ဆိုရင်တော့ အသစ်နဲ့ လေ့လာပြီးဖြေတာကတော့ ပိုကောင်းမယ်လို့ ယူဆပါတယ်။ စာမေးပွဲကြေးတွေကတော့ ဘယ်ဗားရှင်းနဲ့ဖြေဖြေ အတူတူပါဘဲ။

ပရင့်တူးရဲ့အရင်ပိုင်ရှင် Axelos ဆိုတဲ့ ကုမ္ပဏီကို PeopleCert ကလွှဲပြောင်းယူပြီးနောက်ပိုင်းမှာ PRINCE2, MSP, ITIL စတဲ့အောင်လက်မှတ်၊ စာမေးပွဲပုံစံ၊ စာမေးပွဲကြေး၊ သင်တန်းကိစ္စတွေမှာ အပြောင်းအလွဲတွေအတော်လေး ဖြစ်သွားပါတယ်။ Certificate Expire and Renew Policy, Exam Policy, Exam Fee Structure အပြောင်းအလဲတွေက အောင်လက်မှတ်ရရှိပြီးထားသူတွေ၊ နောက်ထပ်ဖြေဆိုမယ့်သူတွေအပေါ်မှာ အတော်လေး ဂယက်ထခဲ့ပါတယ်။

ပရင့်တူးဗာရှင်းအသစ်မှာပြောင်းလဲသွားတာတွေကတော့..
🔸PRINCE2 Elements အသစ် ၂ ခုထပ်တိုးလာပါတယ်။ အဲဒါတွေကတော့.. People and Project Context ဆိုတဲ့အပိုင်းတွေဖြစ်ပါတယ်။
🔸Management Approaches အသစ်တွေ ထပ်တိုးလာပါတယ်။ Digital & Data Management Approach, Delivery Method (Linear-Sequential, Iterative-Incremental, Hybrid Approach) ဆိုတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။
🔸Performance Targets တွေမှာဆိုရင်လည်း Sustainability ဆိုတဲ့အကြောင်းတွေ ထပ်တိုးလာပါတယ်။
🔸စကားလုံး အခေါ်အဝေါ်လေးလောက်ဘဲပြောင်းထားတာလေးတွေလည်း ရှိပါတယ်။
ဥပမာ..
🔀PRINCE2 Themes ဆိုတဲ့အခေါ်အဝေါ်ကို PRINCE2 Practices,
🔀Continued Business Justification ဆိုတဲ့အခြေခံမူကို Ensure Continued Business Justification လို့ပြောင်းလဲထားတယ်။
🔀Define Roles & Responsibilities ဆိုတဲ့အခြေခံမူကို Defined Roles, Responsibilities & Relationships လို့ပြောင်းလဲထားတယ်။

ပရင့်တူးဗာရှင်းအသစ်မှာ ပါဝင်တဲ့အဓိကအစိတ်အပိုင်းတွေကို ပူးတွဲပုံမှာ ဖော်ပြထားပါတယ်။

ပရင့်တူး စာမေးပွဲပုံစံ အနေနဲ့ကတော့..
PRINCE2 7 Foundation Exam
▶️60 Questions - Multiple Choice
▶️60 minutes
▶️Closed book
▶️Pass Mark: 60%
▶️Online (PeopleCert)
▶️Exam Voucher (inclusive of proctor) + Official eBook and Official Training Material + OTM Learner Kit: USD580

PRINCE2 Practitioner Exam ကိုဖြေမယ်ဆိုရင်တော့ ဖောင်ဒေးရှင်းလက်မှတ်၊ အခြား ပီအမ်လက်မှတ် တခုခု ပြီးထားမှ ဖြေဆိုခွင့်ရှိပါတယ်။ စာမေးပွဲကြေးလည်း ပိုမြင့်ပါတယ်။

PRINCE2 Foundation စာမေးပွဲကြေးက အရင်ပုံမှန်ဆိုရင် ဒေါ်လာ ၃၆၀ ကျော်လောက်ဘဲရှိပါတယ်။ ခုနောက်ပိုင်းမှာတော့ PeopleCert ရဲ့ပေါ်လစီအသစ်အတိုင်း စာမေးပွဲကြေးနဲ့အတူ ပရင့်တူးစာအုပ်၊ သင်တန်းစာအုပ်ပါတွဲပြီးဝယ်ရသလို ဖြစ်သွားပါတယ်။ ပရင့်တူးစာအုပ်ကို သီးခြားဝယ်မယ်ဆိုရင်လည်း စာအုပ်က ပေါင် ၈၉ (ဒေါ်လာ ၁၃၀) လောက်ပေးရပါတယ်။
PeopleCert ရဲ့ခွင့်ပြုမိန့်ရရှိထားတဲ့ (ယူကေ၊ ဥရောပ၊ အော်စီ) သင်တန်းကျောင်းတွေကတော့ သင်တန်းကြေးနဲ့အတူ စာမေးပွဲကြေး၊ သင်တန်းစာအုပ်.. အားလုံးပေါင်းပြီးယူလေ့ရှိပါတယ်။ ပေါင် တစ်ထောင်ကျော်လောက်အထိ ပေးရတတ်ပါတယ်။

အိမ်း.. ပရင့်တူး၊ ပီအမ်ပီ.. အားလုံးက ဈေးကြီးနေတယ်လို့ ခံစားရတယ်။ ဒီအတိုင်းဆိုရင် ခုအချိန်မှာတော့ ပီအမ်ပီထက် ပရင့်တူးကပိုပြီးဈေးကြီးနေသလိုဘဲ..

ပြောစရာ စကားတော့ သိပ်ပြီးမရှိပါဘူး..
ဘာဘဲလေ့လာ လေ့လာ၊ ဘယ်သင်တန်းကိုဘဲ တက်တက်.. ပေးရတာနဲ့တန်အောင် အချိန်မှန်မှန်ပေးပြီး သေချာဂရုတစိုက်လေ့လာ၊ ရသလောက်ယူ၊ သေချာနားလည်သဘောပေါက်မှဘဲ ရင်းနှီးရကျိုး၊ ပေးရကျိုးနပ်ပါမယ်။

Knowledge Plaza ကို ယုံကြည်စိတ်ချစွာ အားပေးကြတဲ့ ပြည်တွင်း ပြည်ပက မိတ်ဆွေဘော်ဒါတွေကို အထူးကျေးဇူးတင်ရှိပါကြောင်း.. 💝

06/11/2023

Professional Scrum Product Owner – PSPO

သင်တန်းကြော်ငြာမဟုတ်ပါ။
🔸အရင်ဖွင့်ခဲ့တဲ့ ပီအိုအတန်းတွေမှာ အကြောင်းအမျိုးမျိုးကြောင့် အတန်းပျက်ကွက်ခဲ့သူများ
🔸စာမေးပွဲဖြေဘို့ပြင်ဆင်နေသူများ
🔸အလုပ်တဖက်နဲ့ အာရုံတွေများပြီး သေချာ စာမလုပ်ဖြစ်ခဲ့သူများအတွက်..
ဒီတပတ်ဖွင့်မယ့် အတန်းမှာ ဝင်ရောက်ဂျွိုင်းလို့ ရပါတယ်နော်။ ဘာအပိုကြေးမှ ပေးစရာမလိုပါ။ အားနာလို့ လက်ဆောင်ပေးချင်ရင်တောင် သီတင်းကျွတ်ပြီးသွားပါပြီနော်။ 😍

သင်တန်းဖွင့်တိုင်းအကြိမ်ကြိမ် အတန်းပျက်ခဲ့တဲ့ စလုံးကမိတ်ဆွေတွေ၊ ယပလက်ကအိုင်တီတွေနဲ့ ပြည်တွင်းက “Workaholic” တွေကို အထူးဖိတ်ခေါ်ပါတယ်ဗျာ။ 💝

သင်တန်းသားအသစ်တွေလည်း လက်ခံပါတယ်ဗျာ။ သီတင်းကျွတ်မှာ အသွားအလာ အသုံးအစွဲများသွားလို့ ဘတ်ဂျက်အခက်အခဲရှိရင်လည်း အဆင်ပြေတဲ့အချိန်ပေးလို့ရပါတယ်နော်။ 🥰

01/11/2023

Professional Scrum Master: PSM1 Exam Fee

၂၀၂၃ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး PSM1 စာမေးပွဲကြေးက ဒေါ်လာ ၂၀၀ ဖြစ်သွားပါပြီ။ 📢

PSPO1 စာမေးပွဲကြေးကတော့ အရင်ကတည်းကအတိုင်း ဒေါ်လာ ၂၀၀ မှာဘဲရှိနေပါသေးတယ်။ 👌
စာမေးပွဲပုံစံ၊ ပါဝင်တဲ့အကြောင်းအရာတွေကတော့ အပြောင်းအလဲ မရှိသေးပါဘူး။ သင်တန်းပေးနေတဲ့ ကိုယ့်အတွက်ကတော့ လက်ရှိသင်နေတဲ့ PSM1 Course ကို ထပ်မံဖြည့်စွက်သင့်တာတွေကို ထပ်ဖြည့်ပေးဘို့ပါဘဲ။ အထူးသဖြင့် Servant Leadership, Scrum Team Development, Product Backlog Management စတဲ့သင်ခန်းစာတွေကို ထပ်မံဖြည့်စွက် သင်ကြားပေးဘို့ ပြင်ဆင်နေပါတယ်။ လက်ရှိသင်နေတဲ့၊ သင်ထားပြီးတဲ့ အကြောင်းအရာတွေကလည်း စာမေးပွဲအတွက် ကာဗာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စာမေးပွဲကြေးတက်လို့ မေးခွန်းတွေ အဆင့်မြင့်လာရင်လည်း အဆင်သင့်ဖြစ်နေစေချင်တယ်လေ။
ပြောမယ့်သာပြောရတာ တချို့လည်း မြိုင်ရာဇာ တွတ်ပီလို တောလည်တိုင်ပတ်နေတာတွေရှိတာပေါ့လေ။ ဆင်ဖမ်းမယ်, ကျားဖမ်းမယ်ဆိုပြီး ညာသံပေး တောထဲဝင်သွားပေမယ့် ဖွတ်တကောင်ကိုတောင် ဖမ်းလို့မမိဖြစ်နေတာတွေလည်း ရှိတတ်ပါတယ်။ အကြာင်းအမျိုးမျိုးရှိကြမှာပေါ့လေ။

PSPO သင်တန်းကတော့ အတော်လေးကို ပြည့်စုံအောင် စီစဉ်ထားပါတယ်။ Advanced Level အထိကာဗာဖြစ်အောင် ပြင်ဆင်ထားပါတယ်။ ကောင်းတဲ့အချက်ကတော့ သေချာ ဂရုတစိုက်ကြိုးစားလေ့လာမယ်ဆိုရင် Agile Product Development တယောက်အတွက် အရေးကြီးတဲ့ အယူအဆအတွေးအခေါ်ပိုင်းတွေကို သေသေချာချာနားလည်သွားစေပါတယ်။ တချို့တလေကြတော့လည်း စာမေးပွဲအောင်လက်မှတ်ဆိုတာလောက်ကိုဘဲ အာရုံများနေတော့ အများကြီးသင်ပေးထားလည်း အပိုတွေလို့ ထင်ကြတာလည်းရှိတာပေါ့လေ။

တကယ်ဆိုတော့ Product Owner တယောက်ရဲ့ တာဝန်တွေကအတော်လေးကျယ်ပြန့်ပါတယ်။ နာမည်ပေးထားတာကို ကြည့်ခြင်းအားဖြင့် ဘယ်လောက်အရေးပါတယ်ဆိုတာ သဘောပေါက်စေမှာပါ။ ကိုယ်တာဝန်ယူထုတ်လုပ်နေတဲ့ ထုတ်ကုန် ဝန်ဆောင်မှုတခုလုံးအပေါ်မှာ စိတ်ရောကိုယ်ပါနှစ်မြုတ်ပြီး ပိုမိုကောင်းမွန်လာအောင် တွေးတောကြံဆ လေ့လာသုံးသပ် လုပ်ကိုင်နေရတဲ့ ဖြစ်စဉ်တွေကို စိတ်ကူးနဲ့မှန်းဆကြည့်ရင် သိနိုင်ပါတယ်။

Knowledge Plaza ကပေးနေတဲ့ သင်တန်းတခုချင်းစီကို သေချာဂရုတစိုက်လေ့လာပြီးမှ ပြင်ဆင်ထားပါတယ်။ တကယ်သေသေချာချာပေးနိုင်တဲ့ သင်တန်းတွေကိုဘဲ ဖွင့်လှစ်သင်ကြားပေးပါတယ်။ အာလုံးကို မကျွမ်းကျင်ပါ။ ဒါပေမယ့် ကိုယ်ပေးတဲ့ သင်တန်းအပေါ်မှာ အပြည့်အဝ တာဝန်ယူပါတယ်။ သင်တန်းသားတယောက်ချင်းစီရဲ့ အမှန်တကယ်လိုအပ်ချက်၊ လေ့လာနိုင်မှုအပေါ် သေချာမေးမြန်းပြီးမှ သင်တန်းလက်ခံလေ့ရှိပါတယ်။
သင်တန်းရဲ့ ရည်ရွယ်ချက်နဲ့ သင်တန်းသားရဲ့ လိုအပ်ချက် ကိုက်ညီမှုမရှိရင် လက်ခံသင်ကြားပေးလေ့ မရှိပါ။ ကိုယ်တကယ်မကျွမ်းကျင်တဲ့ ဘာသာရပ်တွေဆိုရင်လည်း သင့်တော်တဲ့ နေရာတွေသာ လမ်းညွှန်ပေးလေ့ရှိပါတယ်။

Knowledge Plaza ကပေးနေတဲ့ သင်တန်းတွေကတော့..
• Professional Scrum Master (သင်ခန်းစာအသစ်တွေ ထပ်မံဖြည့်စွက်နေပါတယ်။)
• Professional Scrum Product Owner
• Agile Fundamentals
• Project Leadership Best Practices
• PRINCE2 Project Management
• Project Management Professional (PMP Exam Preparation)
• Six Sigma Yellow Belt (ASQ Exam Preparation)
• Six Sigma Green Belt (ASQ သင်ရိုးညွှန်းတမ်းအသစ်အတိုင်း ဖြစ်အောင်ပြင်ဆင်နေပါတယ်။)
• Accounting and Finance for Managers

09 251 017 840 (or) cb မှာဆက်သွယ်ပြီး သင်တန်းစုံစမ်း စာရင်းသွင်းလို့ရပါတယ်နော်..
ကေပီမှာ သင်တန်းတစ်ခါတက်ပြီးရင် အဲဒီအတန်းကို ထပ်ပြန်တစ်လဲလဲ ပြန်တက်လို့ရပါတယ်။ ဘာအပိုကြေးမှ ပေးစရာမလိုပါ။

ယုံကြည်စိတ်ချစွာ အားပေးကြတဲ့ ပြည်တွင်း၊ ပြည်ပက မိတ်ဆွေများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း..

Training Instructor:

Khin Maung Sint, MBA
Lean Six Sigma Black Belt
PMI Authorized Training Instructor
Knowledge Plaza - School of Management and Technology

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


San Yeik Nyein 2 Street, Hledan
Yangon
11041

Other Schools in Yangon (show all)
CROWN Education CROWN Education
No 275, Pyay Road, Red Hill Tower, 3rd Floor
Yangon, 11111

First Myanmar Education Consultancy awarded British Council Education UK Agents Training Certificate (Distinction). Most trusted overseas Education Consultancy for providing the ri...

Smile Excel Learning Smile Excel Learning
Yangon

Excel Learning & Data Analysis Service

BA Class Myanmar BA Class Myanmar
Yangon

မီဒီယာ၊ နည်းပညာနှင့် အင်ဂျင်နီယာ အတတ်ပညာများ သင်ယူရာ စာမျက်နှာတစ်ခု။

WHEC - IGCSE WHEC - IGCSE
No. 411, Balika ( Zaya 10th )Street, 10th Qtr, South Okkalapa Tsp
Yangon, 11091

We will unlock your capabilities.

G - 7 Academy G - 7 Academy
Yangon

Decent It and Technical School Decent It and Technical School
U Chit Maung Road Bahan Township
Yangon

To Promote Our Knowledge,

SN-Art Class SN-Art Class
Jewellry Mall, Level/3 , No-301 , Times City
Yangon

Art of Drawing & Painting Class

G Y O - Grab Your Opportunity G Y O - Grab Your Opportunity
Kamayut Township
Yangon

If there’s a will, there’s a way

MFX Trades Myanmar MFX Trades Myanmar
No. 62, Room(704-B), Maharbandula Road, Ocean East Point, Pazuntaung Township
Yangon, 11171

To unlock the potential of the world’s financial markets for everyone. Everyone with an interest i

Shourai 将来Japanese Language School Shourai 将来Japanese Language School
Yangon

Japanese Language School

Polaris Maritime Training Center Polaris Maritime Training Center
အမှတ်၈၉ သုတ ၃လမ်း ၄ရပ်ကွက်, တောင်ဥက္ကလာ
Yangon