Minthuwun Foundation

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Minthuwun Foundation, Charitable organisation, Htantaw Village (Entrance of city), Bokyuke Road, Kungyangone Tsp, Yangon.

Photos from Minthuwun Foundation's post 19/07/2023

အဘ မင်းသုဝဏ် ကဗျာများ။

16/01/2023

''ပျဉ်းမငုတ်တိုကဗျာနှင့် သရုပ်ဖော်ပန်းချီကားတစ်ချပ်’’

၂၀၂၀ ခုနစ် ဒီဇင်ဘာလကုန်ပိုင်း ညဉ့်တစ်ညဉ့်တွင် တီဗီဖန်သားပြင်ထက်၌ မြန်မာစာဂုဏ်ထူး ဦးသိန်းနိုင်၏ မြန်မာကဗျာအကြောင်း ဟောပြောမှုကို ကြည့်ရှုလိုက်ရသည်။
ကဗျာဆရာကြီးမင်းသုဝဏ်၏ ပျဉ်းမငုတ်တိုကဗျာကို အသေးစိတ် သရုပ်ခွဲပြီး ရှင်းလင်းပြောကြားခဲ့သည်။

''ပျဉ်းမငုတ်တို’’

ဖုထစ်ရွတ်တွ၊ ငှက်လင်းတသို့
ပျဉ်းမငုတ်တို၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင် တစ်ပင်တည်း။

ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လာ၊ အိုင်းအမာသို့
ကျယ်စွာဟက်ပက် ခြအိမ်ပျက်။

ကုန်းမိုကမ်းပါး၊ မြေပက်ကြားတွင်
စစ်သားခမောက်၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လမ်းပြညွှန်း။

ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်
ဓါးထစ်လည်းခံ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျက်၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်
အသင် ယောကျ်ားကောင်းတကား။

တာရာမဂ္ဂဇင်း(၁၉၄၉)

ဆရာဦးသိန်းနိုင်၏ ဟောပြောမှုကြောင့် ဆရာကြီးမင်းသုဝဏ်၏ ပျဉ်းမငုတ်တိုကဗျာကို လုံးစေ့ပတ်စေ့
နားလည်သဘောပေါက်ခဲ့ရသည်။ တစ်ချိန်တည်းမှာပင် စာရေးသူတွေ့ မြင်ကြည့်ရှုခဲ့ဖူးသော ပန်းချီကားတစ်ချပ်ကိုလည်း ပြန်လည်မြင်ယောင်မိသည်။ ပန်းချီဆရာကြီး ဦးလှရှိန် (အိုင်စီအက်စ်)၏ ပျဉ်းမငုတ်တို ပန်းချီကားဖြစ်၏။ ထိုပန်းချီကားကို ဆရာကြီးဦးလှရှိန်က ဆီဆေးဖြင့် သရုပ်ဖော်ရေးဆွဲပြီး ကဗျာဆရာကြီး မင်းသုဝဏ်ကို
လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ယခုဆက်လက်၍ ဆရာကြီး၏သားဖြစ်သူ ဦးထင်ကျော်
(စာရေးဆရာ ဒလဘန်း)က အမြတ်တနိုးထိန်းသိမ်းထားရှိသည်။
ဦးလှရှိန်က ၁၉၇၉ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

ကဗျာထဲတွင် ရေးဖွဲ့ထားသော (ဖုထစ်ရွတ်တွ၊ ငှက်လင်းတသို့)
(စစ်သားခမောက်၊ ပိန်ခြောက်ခြောက်)
(ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍) စသည်တို့ကို သရုပ်ဖော်ရေးဆွဲခဲ့သည်။ ထို့ကြောင့်လည်း ကဗျာဆရာကြီး မင်းသုဝဏ်၏ ကဗျာနည်းတူ ပန်းချီဆရာကြီး ဦးလှရှိန်၏ ပန်းချီကားသည်လည်း ဂန္တဝင်မြောက်ခဲ့သည်။

အလျင်းသင့်၍ စိတ်ဝင်စားဖွယ် ပန်းချီဆရာကြီး ဦးလှရှိန်၏
ဘဝဇာတ်ကြောင်းထဲမှ တစ်စိတ်တစ်ပိုင်းကို
တင်ပြလိုပါသည်။ ဦးလှရှိန်ကို ငါးသိုင်းချောင်းမြို့၊ အဖဦးဘချို၊
အမိဒေါ်ဦးတို့မှ မြန်မာသက္ကရာဇ် ၁၂၆၆ခုနှစ်
(ခရစ်-၁၉၀၄)တွင် ဖွားမြင်ခဲ့ပြီး ငါးသိုင်းချောင်းမြို့တွင်
မူလတန်းပညာသင်ကြားပြီးနောက် ရန်ကုန်မြို့
စိန်ဂျွန်းအထက်တန်းကျောင်းသို့ ပြောင်းရွှေ့ကာ ပညာသင်ကြားပြီး
၁၀ တန်းအောင်ခဲ့သည်။
ငယ်စဉ်ကပင် စာပေနှင့်ပန်းချီပညာဘက်တွင် ထူးချွန်ခဲ့သည်။
၁၉ နှစ်သားအရွယ်မှာပင် ဘီအက်စ် စာမေးပွဲကို
အောင်မြင်ခဲ့သည်။ ဦးလှရှိန်က ဥပဒေ(ဘီအယ်လ်)ဆက်တက်ချင်သည်။ သို့သော် တက္ကသိုလ်ကျောင်းအုပ်ကြီး
မစ္စတာစလော့က ပေးမတက်။ ဦးလှရှိန်ကဲ့သို့ ထက်မြက်သူ
ပန်းချီဝါသနာရှင်တစ်ဦးသာ ဥပဒေပညာကို
တက်ကျွမ်းသွားလျှင် ဆိုသည့် စိုးရိမ်စိတ်ဖြင့် ဦးလှရှိန်အား ဘီအယ်လ်ဖြေဆိုခွင့်၊ အိုင်စီအက်စ် ဖြေဆိုခွင့်မပြုခဲ့။

ထိုစဉ်က တက္ကသိုလ်ကျောင်းအုပ်ကြီး စလော့၏တာဝန်မှာ မြန်မာပြည်၌ ဗျူရိုကရက် မျိုးဆက်များ အမြစ်တွယ်ရေး မွေးထုတ်ပေးရမည့် တာဝန်ဖြစ်သည်။
ပန်းချီပညာဟူသည် တွေးခေါ်တတ်သော ဦးနှောက်နှင့်တူပြီး၊ ဘီအယ်လ်ဆိုသည်မှာ ၎င်းတို့ရေးဆွဲထားသော ဥပဒေရေးရာ
အကြောင်းအချက်တို့၏ အားနည်းချက်၊ ထွက်ပေါက်များကို ရှာတတ်ဖွေတတ်သည့် ပညာဖြစ်ရာ ဦးလှရှိန်၏ ဘီအယ်လ်နှင့် အိုင်စီအက်စ်
တက်ရောက်သင်ကြားခွင့်ကို ခွင့်မပြုခဲ့ဘဲ တက္ကသိုလ်၌ပင်
ဆရာဘဝနှင့် စခန်းသွားစေခဲ့သည်။
သို့သော် ဦးလှရှိန်၏ကံကြမ္မာအရ မစ္စတာစလော့၏ ပိတ်ပင်တားမြစ်မှုကို ကျော်လွှားခွင်ကြုံခဲ့သည်။

ထိုအချိန်က မြန်မာပြည် ဥပဒေပြုလွှတ်တော်၌ လွှတ်တော်ဥက္ကဌကြီး၏ အဆောင်အယောင် တစ်ခုဖြစ်သော “ကျိုင်း” ကို မြန်မာဆန်ဆန် ထည်ဝါခန့်ညားသော ပုံစံရရှိနိုင်ရန်အတွက် ဒီဇိုင်းပြိုင်ပွဲများ ကျင်းပခဲ့သည်။
ဦးလှရှိန် ဝင်ရောက်ရေးဆွဲ ပြိုင်ပွဲဝင်ခဲ့ရာ ပထမဆု ရရှိခဲ့သည်။လွှတ်တော်ဥက္ကဌကြီးက ဦးလှရှိန်အား “မင်း ငွေ ယူမလား၊ ပစ္စည်း
ယူမလား” ဟု မေးသည်။
ဦးလှရှိန်က ဘာမှ မလိုချင်၊ ဘီအယ်လ်နှင့် အိုင်စီအက်စ် ဝင်ခွင့်ဖြေလိုကြောင်း ပြောပြခဲ့ရာ ဥက္ကဌကြီးက ရအောင်လုပ်ပေးမည်ဟု ကတိပြုခဲ့ရာမှ အိန္ဒိယတွင် ပထမအဆင့်စာမေးပွဲ ဖြေဆိုခွင့်ရရှိ အောင်မြင်ခဲ့ပြီးနောက် ဘိလပ်သို့ ပညာတော်သင်သွားခဲ့ရပါတော့သည်။
ဘိလပ်တွင် ပန်းချီသင်ကြားနေသော ဦးဘဇော်နှင့် အတူနေခွင့် ရခဲ့သည်။ ဦးဘဉာဏ်နှင့်လည်း တွေ့ဆုံခဲ့ရာမှ
ပန်းချီပညာကို လေ့လာသင်ကြားခွင့်ရခဲ့သည်။

မြန်မာ့ပန်းချီသမိုင်းတွင် အထင်ကရပုဂ္ဂိုလ်ကြီးများဖြစ်သော ဦးဘဉာဏ်၊ ဦးဘဇော်တို့ထံမှ ပန်းချီအမွေရထားခဲ့သော ဦးလှရှိန်၏ ပျဉ်းမငုတ်တိုပန်းချီကားသည် ဆရာကြီးမင်းသုဝဏ်၏ ကဗျာရသကို
အပြည့်အဝ ဖော်ကျူးနိုင်သော ပန်းချီကားတစ်ချပ် ဖြစ်ပါကြောင်း
တင်ပြလိုက်ရပါသည်။

ဆရာညိုဝင်းရှင်၏ မြန်မာပန်းချီ၊ ပန်းပု၊ ဗိသုကာပညာရှင်များ ပထမတွဲမှ
ဦးလှရှိန်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို မှီငြမ်းရေးသားပါသည်။

ကျော်မျိုးနိုင်

01/04/2022

(၁၀)တန်းဖြေပြီးသူများ
စိတ်ဝင်စားသူ
လူငယ် လူလတ်ပိုင်းတို့အတွက်
နွေရာသီမှာ
ဖုန်းတလုံးရှိရုံဖြင့်
အင်တာနက်အပေါ်မှီခိုခြင်းမပြုရပဲ
Viber/Telegram/Email သုံးပြီး
မိမိအားလပ်ချိန်၌
ပညာရယူနိုင်မည့်သင်တန်း။
အမြန်လျှောက်ထားသူများအတွက်
သင်တန်းအထူးအခွင့်အရေးများရနိုင်။
အထူးအခွင့်အရေးကို
အကြောင်းကြောင်းကြောင့်
လက်လွတ်သူများအတွက်
မင်းသုဝဏ်ဖောင်ဒေးရှင်းမှတဆင့်
ပညာဒါနပြုလိုသူ၏
အထောက်အပံ့ဖြင့်
သင်တန်းသားဦရေကန့်သတ်ကာ
ပညာသင်ဆုပေးရေး
အစီအစဥ်ရှိသည်။
အောက်ပါ link ကို
ဝင်ရောက်ကြည့်ရှု လေ့လာကာ
အမြန်ဆက်သွယ် ဆောင်ရွက်ကြရန်
အသိပေး အကြံပြုပါသည်။
0943066820, 09250018346 ကို ဆက်သွယ်ပြီး မေးနိုင်ပါတယ်။https://www.facebook.com/1404455093192636/posts/2829651024006362/

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Telephone

Website

Address


Htantaw Village (Entrance Of City), Bokyuke Road, Kungyangone Tsp
Yangon

Other Charity Organizations in Yangon (show all)
DhammaYāna . MizzimaYāna Organization ဓမ္မယာန.မဇ္ဈိမယာနအဖွဲ့ DhammaYāna . MizzimaYāna Organization ဓမ္မယာန.မဇ္ဈိမယာနအဖွဲ့
Corner Of Bolinyone Street And Sadonduwar Street, 12 Ward, Dagon Myo Thit( East) Township
Yangon, 11451

DhammaYāna.Mizzimayāna organization is a non-profit social charitable organization which focus on

Save The Aged ဘိုးဘွားရိပ်သာ Save The Aged ဘိုးဘွားရိပ်သာ
No. (2158-2160), Than Lwin (3) Street, 146 Quarter, South Dagon Township
Yangon

Hopeace Myanmar Hopeace Myanmar
3739 58th Street
Yangon

Hopeace is a grassroot non-profit organisation whose main objective is to enrich the lives of our local community by raising funds, providing free classes for students and making e...

Care To The Least Center - CLC Family Care To The Least Center - CLC Family
No. 6, Karya 12 Street, Palae Myo Thit, Mingalardon Township
Yangon, 11021

For the children who are apart from home.

Happy Taxi Family လူမှုထောက်ကူပြု ပရဟိတအသင်း Happy Taxi Family လူမှုထောက်ကူပြု ပရဟိတအသင်း
No. 126. TawKaSt 22 Ward. South Dagon
Yangon, 14311

ဤအသင်းတွင်ကုသိုလ်မှတစ်ပါးတစ်ခြားရရန်မရှိပါ။

Youth Skill Institute Youth Skill Institute
Yangon

Education sharing for students

Home of Hope Myanmar Home of Hope Myanmar
Tamah Siktah Road
Yangon, 11301

A charity/non-profit that dedicates itself to providing a family, love and an education to newborn infants abandoned at birth.

PHYU SIN MYA SWE FOUNDATION PHYU SIN MYA SWE FOUNDATION
No. (10), Room No. (6B), 6th Floor , 90th Street, Myanmar Gon Yee Street Kan ( West) Ward, Mingalar Taung Nyunt Township
Yangon, 11181

Phyu Sin Mya Swe Foundation is a local NGO set up with five volunteers from Myanmar in August - 2020 to help the most needy people across the Myanmar.

People Of Evolving Myanmar People Of Evolving Myanmar
Yangon

မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကို ဝိုင်းကူနိုင်၊ လှူနိုင်ဖို့ပါ..