ART BAR - Creative Studio
Art Bar Creative Studio & Training Center was founded since 2016. It has been training the students based on the design.
The modules we offer are Basic Design, Commercial Design, 3Ds Max, Illustrator Special and Social Media Design and UI/UX Class
May လအတွက် အပြင်သင်တန်း
တန်းခွဲအသစ်ဖွင့်မယ့်အချိန်တွေပါ…
လောလောဆယ်တော့ Online ကို စဖို့ပြင်ဆင်နေတုန်းပဲရှိပါသေးတယ်… Online အတန်းတွေဖွင့်ဖြစ်ရင်လည်း အသိပေးပါ့မယ်နော်…
ArtBar ကျောင်းသား/သူများ၊ the YANGON Digital Printing လုပ်ငန်းကိုအားပေးကြသော Customers များ၊ ကျေးဇူးရှင်ဆရာသမားများ၊ သူငယ်ချင်းများ၊သက်ရှိသတ္တဝါအားလုံးအတွက်ဆုတောင်းပေးပါတယ်နော်… 🙏🥰
Kubota လယ်ထွန်စက် Billboard Design လုပ်ပြထားတဲ့သင်ခန်းစာပါ… Billboard Design နဲ့ပတ်သက်ပီးသိသင့်တဲ့အကြောင်းအရာလေးတွေကို မျှဝေပေးထားပါတယ်…
Adobe illustrator Brush lesson for Beginners 🥰
င်္သကြန်တွင်း ArtBar နားပါတယ်နော် 😁
လိုအပ်သလိုသုံးဖို့ illustrator နဲ့ဆွဲထားတဲ့
ပိတောက်ပန်းအိုးလေးပါ…
လူကြီးမင်းများ စိတ်ကြိုက်ပြန်လည်ပြုပြင်ပီးသုံးဖို့ခွင့်ပြပါတယ်… ခရက်ဒစ်လည်းပေးစရာမလိုပါဘူး…
https://drive.google.com/file/d/1UY6GGZDJI4pZhIl-LGB7qVJNYDwr3Jeb/view?usp=drivesdk
စျေးကွက်ထဲဖြန့်တော့မယ့်ဟာလေးတွေ တင်လို့ရသလောက်ပါ… နောက် Designs တွေကတော့ကျန်သေးတယ် 🥰🥰🥰
Packaging Design for
PARAMI Green Tea 🥰
သင်္ကြန်ရက်များ အတန်းအားလုံးပိတ်ပါတယ်ခင်ဗျာ… လာရင်ရေနဲ့လောင်းမှာပါနော် 😌
ကိုယ်သာဆို Monitor ကြီး ဆွဲလှည့်ပြလိုက်မိမှာပဲ 😁
မျော်လင့်နေရတဲ့ သင်္ကြန်ခါတော်ရောက်ပြန်ပီ 🥰
မနက်ဖြန် တပေါင်းလပြည့်နေ့ အတန်းများအားလုံးပိတ်ပါတယ်ခင်ဗျာ… 🥰
Designer Vs Computer
(For beginner only)
Graphic Designer ဆိုတာ ဆယ်စုနှစ် နှစ်ခုဆီကတည်းက
စီးပွားရေးလုပ်ငန်းတွေမှာ နေရာ/ရာထူး တစ်ခုအနေခေါ်ယူပြီး
လုပ်ကိုင်လို့ရတဲ့အခွင့်လမ်းတစ်ခုဖြစ်လာခဲ့ပါတယ် . . .
Designer စလုပ်မဲ့ညီငယ်ညီမငယ်များ စပြီးမေးလေ့ရှိတဲ့
မေးခွန်းတစ်ခုကတော့ ကွန်ပျူတာ ဘယ်ဟာဝယ်ရမလဲ
ဘယ်လောက်တန်လောက်ဆိုကောင်းလဲ ကောင်းလဲ
စသဖြင့် စသဖြင့် . . . . .
ညီတို့ညီမတို့ နံပတ်(၁) ရွေးချယ်ရမဲ့နှစ်မျိုးက
Desktop Vs Laptop နှစ်ခုထဲကတစ်ခုပါ
Desktop က စွမ်းဆောင်ရည်ပိုမြင့်ပေမဲ့
ခုအချိန်လိုကာလမျိုး မှာ Laptop ကိုပဲ
အားပေးပါတယ်
Budget နဲ့စရမယ့်လူတွေအတွက်ပြောတာပါ
ပိုက်ဆံသုံးနိုင်တဲ့သူဆိုရင်တော့ အမြင့်ဆုံးသာဝယ်
Laptop ရဲ့ ယေဘုယျ အားသားချက်တွေက
- မီးလာ၊ မီပျက် (အားသွင်းသုံးယုံ)
- Build in Wifi ပါလို့ ဘယ်မှာသုံးသုံး
- သယ်ယူရလွယ်
စသဖြင့် အကြမ်းဖျင်းအားသာချက်
ညီတို့ညီမတို့
ရွေးချယ်ရမဲ့ နားလည်ရမယ့်အပိုင်းကတော့
- CPU
- Graphic
- Memory
အနည်းဆုံး အာ့သုံးခု နားလည်ဖို့လိုတယ်
Youtube ကြည့်ပါ အနီးအနားမှာ နားလည်တဲ့သူတွေရှိရင်မေးပါ
Computer ဆိုင်တွေအနီးအနားမှာ ရှိရင် သွားမေးပါ ဝယ်စရာမလို
သူတို့သေချာရှင်းပြပါလေ့မယ် ကိုယ် ဘာ Software တွေ သုံးမယ်
ဆိုတာကို သူတို့ကိုပြောပြပြီးမေးလို့ရပါတယ်။
ခုခေတ်ဆိုရင် ဆိုင်တွေရဲ့ page ကတဆင့်မေးလို့ရနိုင်ပါတယ်
ဒီနေရာ HDD Hard Disk Drive ကို ထည့်မပြောတာက ခုခေတ်မှာ
External Hard Disk ဝယ်ဖို့လွယ်ကူလာလို့ပါ။
နောက်တစ်ခုက ကိုယ်က Graphic အတွက်သုံးမှာဆိုတော့ အပေါ်ကပြောခဲ့တဲ့
Memory ဆိုတာ မြှင့်လို့ရသေးလားဆိုတာ တပါတည်းမေးထားသင့်ပါတယ်…
ဒါဆိုရင် ဝယ်ဖို့အခြေခံအပိုင်းလောက် သိလောက်ပြီထင်ပါတယ်
နောက်တစ်ခုက Budget ကိစ္စ Designer လုပ်မယ်လူတွေ အတွက်အခက်အခဲတစ်ခုပါ
Design လုပ်မှာဖြစ်တဲ့အတွက် စက်က အတန်အသင့် performance မြင့်မှရမှာဖြစ်လို့
ခုအချိန်စျေးတွေကို မလိုက်နိုင်ရင် စဉ်းစားဖို့နောက်တစ်ခုက Use ဝယ်ဖို့ပါ။
Use ဝယ်ဖို့စဉ်းစားရင်တော့ အပေါ်ကအချက်ထက် ပို့သိ ပို့လေ့လာဖို့လိုပါတယ်။
- ရောင်းတဲ့သူ/ဆိုင် က စိတ်ချရလား
- အာမခံဘယ်လောက်ပေးလဲ
- Battery ဘယ်လောက်ခံလဲ
- LCD ကောင်းမကောင်း
- Key pad ကောင်းမကောင်း
စသဖြင့် စစ်တတ် ဝယ်တတ်ဖို့လိုပါတယ်
Online မှာ နံမည်ကြီးပြီး စိတ်ချရတဲ့ဆိုင်တွေရှိသလို့ (စျေးတော့များနိုင်)
နံမည် သိပ်မကြီးပဲ အပြင်မှာ ရောင်းတဲ့ လူသိပ်မသိပဲစျေးချိုတဲ့ဆိုင်လေးတွေလဲရှိပါတယ်…
တွေ့နေရတာတော့ ကွန်ပျူတာ ဘယ်ဟာဝယ်ရမလဲ၊ Graphic Design ဘယ်သင်တန်းကောင်းလဲ
အားအားရှိ Group တွေ page တွေမေးမေးနေတာတွေနေရပါတယ်… ပြန်ဖြေပေးတဲ့သူတွေက သူလိုငါလိုသူတွေပါ သိဖို့
တကယ်သိတဲ့သူတွေ / Senior တွေတချို့က လက်ရှောင်ကြတာများပါတယ် 🥰
အဲဒီတော့ ကွန်ပျူတာ အကြောင်းသိချင်ရင် တကယ်နားလည်သူကိုခင်အောင်ပေါင်းပါ
သင်တန်းအကြောင်းသိချင်ရင် တကယ်လုပ်ငန်းခွင်ဝင်နေတဲ့ Senior တွေနဲ့တွေ့နိုင်အောင်ကြိုးစားပါဗျာ…
နောက်ဆုံးအမှာ…
ကိုယ်က Designer ပဲလုပ်မှာ PS, Ai, Motion ဘက်ကူးမယ်ဆိုရင် Ae, Pr လောက်သိရင်ပြီးရော မလုပ်စေချင်ပါဘူး… ကွန်ပျူတာရဲ့ အခြေခံအလုပ်ပုံသဘောတရားတွေ ရုံးသုံး/ကျောင်းသုံး Software တွေကို တဖက်ကမ်းခတ်မဟုတ်တောင်မှ တီးမိခေါက်မိ ကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်အောင် လုပ်ထားတာ ကိုယ့်အတွက် အခွင့်အလမ်းပိုကောင်းပါတယ်…
Design သင်တန်းကျောင်းတခုရွေးချယ်တဲ့နေရာမှာ သင်တဲ့ဆရာရဲ့ လုပ်ငန်းအတွေ့အကြုံကိုလည်းထည့်စဉ်းစားသင့်တယ်… Software ပိုင်းနဲ့ Design Theory တွေကို သင်တဲ့အချိန်ကသိပ်မသိသာပေမယ့် အဲ့ဒါတွေကိုပဲလုပ်ငန်းခွင်အတွေ့အကြုံနဲ့ပေါင်းပီး Projects လေးတွေနဲ့သင်တဲ့အချိန်ကျရင်တော့ တော်တော်သိသာပါတယ်… သင်တဲ့ဆရာက သူ့အတွေ့အကြုံတွေကို သင်ခန်းစာထဲမှာအလျင်းသင့်သလိုထည့်သင်တာက တော်တော်လေးတန်ဖိုးရှိပါတယ်…
သင်တန်းတက်တဲ့သူတွေအနေနဲ့ကလည်း အလုပ်ထဲမှာ လုပ်နေရတဲ့ပုံစံမျိုးသင်ရလို့ အလုပ်ဝင်ရင်လည်း အထောက်အကူဖြစ်ပါတယ်… ဒါပေမယ့် သင်တန်းကသင်လိုက်တဲ့ဟာကအလုပ်ထဲရောက်ရင် 25% လောက်ပဲချက်ချင်းသုံးလို့ရနိုင်ပါတယ်… နောက်မှ သင်ခဲ့တာနဲ့လက်ရှိအလုပ်နဲ့ပြန်ပေါင်းယူရတာပါ… သင်တန်းကျောင်းရွေးတဲ့အခါ ဘယ်သင်တန်းကျောင်းကဘယ်အပိုင်းအားသာလဲစုံစမ်းသင့်ပါတယ်…
ကျွန်တော့်ရဲ့ Basic Design အတန်းမှာဆိုရင် Agency ပိုင်းကဟာတွေကို မလုပ်ဖူးတော့ အဲ့အပိုင်းကိုလုံးဝသင်ပေးလို့မရနိုင်ဘူး… ကျွန်တော့်ဆီမှာကတော့ Printing ပိုင်းအလုပ်ဝင်ဖို့နဲ့ နောင်တချိန်ကိုယ်ပိုင်လုပ်ငန်းလေးလုပ်ဖို့ရည်ရွယ်တဲ့သူလောက်ပဲ အဆင်ပြေနိုင်မယ်…. သတိထားဖို့က လက်ခုပ်သံတွေပဲရပီး တကယ့်လုပ်ငန်းခွင်ထဲမှာသုံးမရတဲ့ Design တွေလည်းရှိတတ်ပါတယ် 🙂
ဘယ်တော့မှ တန်ဖိုးမကျတဲ့အရင်းအနှီးဟာ ပညာပါပဲ… ဘာမှမသုံးပဲထားတဲ့ငွေတောင်တန်ဖိုးကျလိုက်နေတဲ့အခြေနေမှာ ပညာကိုသာစုပါ ❤️🦾
ဆိုရှယ်မီဒီယာ ဒီဇိုင်း ဖန်တီးတော့မယ်ဆိုရင် ..
ပထမဆုံး Brand ဘက်ကနေ ပေးချင်တဲ့ message ၊ selling point နဲ့ keywords တွေကို Brand guideline အညီ မတူညီတဲ့ audience တွေဆီ ထိထိမိမိနဲ့ ဖော်ပြပေးနိုင်ဖို့ အရေးကြီးပါတယ်။
ဒီနေ့မှာတော့ ဆိုရှယ်မီဒီယာ ဒီဇိုင်းဆွဲတဲ့အခါ အသုံး၀င်မယ့် Tips လေးအချို့ကို ေ၀မျှပေးသွားပါမယ်။
၁) Make visuals part of your social media strategy
ကြေငြာတစ်ခု ၊ post တစ်ခု engage ကောင်းပြီး ပေါက်ဖို့ဆိုတာ content ကောင်းရုံ ၊ media buying ကောင်းရုံနဲ့ မလုံလောက်ပါဘူး။ visual design ပါကောင်းနေမှ လူကြိုက်များပြီး ပေါက်တဲ့ ကြေငြာတစ်ခုဆိုတာ ဖြစ်လာတာပါ ။ အဲ့တာကြောင့် ဆိုရှယ် မီဒီယာ ဒီဇိုင်းဆွဲတော့မယ်ဆိုရင် Audience research လုပ်ပါ။ တင်မယ့် platform နဲ့လိုက်မယ့် Theme ၊ Timing ဒါတွေကို ထည့်တွက်ထားပါ ။
၂) Templates တွေ ပြင်ထားပါ။
Concept တူတဲ့ဒီဇိုင်းမျိုး တွေကို လုပ်တဲ့အခါ ဒီဇိုင်း format ၊ template တစ်ခုကို ထားထားပါ။ Format တစ်ခု ထားထားခြင်းက brand guideline တစ်ခုလို ဖြစ်စေပြီး audience ရဲ့ သတိထားခြင်းကိုလည်း ရစေတယ်။ ပြီးတော့ အချိန်ကုန်သက်သာပြီး အလုပ်လည်း တွင်စေတယ်။ ဒါပေမယ့် မြင်ပါများရင် ငြီးငွေ့တတ်တဲ့ လူ့သဘာ၀ကြောင့် အချိန်ကာလတစ်ခု ရောက်ပြီဆိုရင်တော့ နောက်ထပ် format တစ်ခုကို ပြောင်းပေးဖို့ မမေ့ပါနဲ့နော်။
၃) Font ကစားတတ်ပါစေ ။
ဒီဇိုင်းမှာ အခရာ ကျတာ font ကစားတတ်ဖို့ပါ ။ ပုံပေါ်မှာ စာရေးတဲ့အခါ ထင်ရှားရမယ် ၊ရှင်းလင်းရမယ် ၊ တိကျရမယ် ။ စာကြောင်းက အရမ်းမရှည်သွားအောင် အဖြတ် အတောက် လုပ်ပေးရမယ်။ font ၂မျိုး ၊ ၃မျိုး ၊ အရောင် ၂မျိုး ၃မျိုး သုံးရတော့မယ်ဆိုရင် ဂရုစိုက်ပေးပါ ။နောက်ဆုံး အရေးကြီးဆုံးက စာလုံးပေါင်း မှန်ကန်ရပါမယ်။ စာလုံးပေါင်းကို နှစ်ကြိမ် မဟုတ်ဘဲ သုံးကြိမ်စစ်ပါ။
၄) Shortcuts သုံးပါ။
Shortcuts သုံးတယ်ဆိုတာ လူရိုန်အောင်တင် မဟုတ်ဘူး အချိန်ကုန်သက်သာစေပြီး Productivity ပါမြင့်စေပါတယ်။ Tap တွေအများကြီး ဖွင့်ထားရတာ ၊ software နဲ့ တွဲသုံး နေတဲ့ အခါမျိုးမှာဆို တော်တော် အသုံး၀င်ပါတယ်။ အဲ့တာကြောင့် လျင်လျင်မြန်မြန် ဒီဇိုင်းတွေ ဖန်တီးနိုင်ဖို့ Shortcuts တွေကိုလည်း လေ့လာထားပါ။
ဒီအချက်လေးတွေကို ဖတ်ပြီးတော့ ဆိုရှယ် မီဒီယာအတွက် ဒီဇိုင်းရေးဆွဲတဲ့အခါ အထောက်အကူပြုလိုက်မယ်လို့ ယုံံကြည်ပါတယ်။
Social Media Design အတန်းသစ် ဖွင့်ဖို့ရှိပါတယ်နော်…
2019 င်္သကြန်မှာ
အင်္ကျီရိုက်ဖို့ဆွဲခဲ့တဲ့ပုံလေး 🥰
Graphic design for Social Media Class …
———————————————————————
ဒီအတန်းကတော့ ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ Facebook အပါအဝင် Social Media တွေပေါ်မှာတင်ပီး ကြော်ငြာမယ် ကြော်ငြာဒီဇိုင်းတွေကို ဖန်တီးတတ်ဖို့အတွက် အဓိကသင်ပေးတာပါ…
ဒီအတန်းကိုတော့ လက်ရှီ Design အခြေခံတတ်ပီးသားသူတွေသာ တက်ရောက်နိုင်ပါတယ်…
ဘာကြောင့်လဲဆိုတော့ Design ဆွဲနည်းကို အဓိကသင်တာမဟုတ်ပဲ Social Platform ရဲ့သတ်မှတ်ထားတဲ့ Format တွေနဲ့ ကြော်ငြာဒီဇိုင်းတခုကို ဘယ်လိုအကြောင်းအရာတွေအခြေခံပီး Design ကို ဘယ်လိုလူတွေစိတ်ဝင်စားရမယ်ဆိုတဲ့ရည်ရွယ်ချက်တွေပါအောင်ဖန်တီးနိုင်ဖို့အတွက် သင်ကြားပေးရတာကြောင့်ပါ…
ဒီအတန်းမှာ ဘာတွေသင်ရမလဲဆိုတော့ …
- [ ] Social Media Type
- [ ] Design Trends
- [ ] Knowledge to Branding
- [ ] Client Briefings
- [ ] Color Theory for Branding
- [ ] Guidelines for Ads
- [ ] Knowledge for Digital Advertising
- [ ] Design Creation with Contents Calendar
- [ ] Short Movies and GIF စတာတွေကို စနစ်တကျ သင်ယူရမှာပါ…
❇️ သင်ပြပေးမယ့်ဆရာကတော့ ArtBar ရဲ့ထုံးစံအတိုင်း ဒီအပိုင်းမှာ အတွေ့အကြုံ ဆယ်စုနှစ်လောက်ရှိပီး လက်ရှိလည်း ဒီနယ်ပယ်ထဲက Agency တစ်ခုမှာ Digital ပိုင်းကိုတာဝန်ယူထားတဲ့သူပါပဲ ...
ဆိုတော့ ဒီအတန်းကို ဘယ်သူတွေ တက်သင့်သလဲ???
Photoshop နဲ့ Illustrator အခြေခံရှိသူဖြစ်ပြီး Freelance သမားတွေ၊ Agency တွေမှာ ဒီအပိုင်းအတွက် အလုပ်လုပ်လိုသူတွေသာမက ကိုယ်ပိုင် Online Shopping လုပ်ငန်းမှာ အထာကျကျ ဒီဇိုင်းဆွဲချင်သူတွေ တက်ရောက်သင့်ပါတယ်။
Date and Time
🗓️ 30th / March / 2024 (Saturday, Sunday )
⏱️ 2:00 pm to 4:00pm
💰 200,000ks
⏳ 2 Months
☎️ 09972291149, 09787632844
📍 No. (53-C), 1st Floor, Insein Rd,
San Yeik Nyein Bus-Stop, Hledan,
Kamayut.
ကျွန်တော်တို့နေ့စဉ်နီးပါးသုံးနေတဲ့ ArtHouse Fonts တို့ရဲ့ ဖန်တီးရှင်ဆရာကြီးဦးဇော်ဝင်းမြတ်(မန္တလေး) 🙏🥰
ဒါလေးကတော့ သင်တန်းမှာ Color Mode and Resolution ပိုင်းအတွက်လေ့လာဖို့ ပြောပြပေးထားတဲ့ဟာလေးပါ… ARTBAR YouTube မှာလည်းတင်ပေးထားပါတယ်...
Color Mode မှာ ဝါနီပြာ ဆိုတာက ပန်းချီနဲ့အနုလက်ရာတွေအတွက်ပါ… RGB က အလင်းနဲ့ပုံရိပ်ဖော်ပေးတဲ့ Screen တွေအတွက်ပါ CMYK ကတော့ Material ပေါ်မှာ Print ထုတ်ဖို့အတွက်ပါ…
Design တွေကို Facebook မှာတင်ဖို့ဆိုရင် Jpg, PNG Format ဖြစ်ရုံထက် File > Export > Save for Web ( Legacy ) နဲ့ Preset မှာ PNG 24 ထားပီး Export လုပ်ပီးမှ တင်တာကပိုအဆင်ပြေပါတယ်...
(ခြွင်းချက်အနေနဲ့ Photo Lab နဲ့ Print ထုတ်မယ်ဆိုရင်တော့ RGB ပါ… သူက ဆေးအရည်နဲ့ Develop, image Stabilizer, Bleach, Water တို့နဲ့ ဓါတ်ခွဲပီးပုံရိပ်ဖော်တာကြောင့်) RGB ဖြစ်နေတာပါ…
သူတို့ကတော့ ပြန်ကိုတက်မလာစေနဲ့ 😒
အမျိုးသမီးများနေ့အတွက်အမှတ်တရ 🥰
Online ကနေ စိတ်ရှည်ရှည်နဲ့စာသင်နေတာပါ
လာတက်ကြလေနော် 😌😌
တခါတလေမှ Design Service လက်ခံဆွဲဖြစ်တဲ့ထဲက စျေးကွက်ထဲရောက်သွားပီဖြစ်တဲ့ “ပါရမီ” အော်ဂဲနစ်အဆင့်မြင့်လက်ဖက်အချိုခြောက် Plastic Packaging Design လေးပါ…
တခြား ဒီဇိုင်းလေးတွေဆွဲထားတာနဲနဲတော့ရှိပါတယ်… စျေးကွက်ထဲမဖြန့်ရသေးလို့တင်မရသေးပါဘူး… 🥰
အတန်းအားလုံး မကြာမီ Online Class ဖွင့်ဖို့ပြင်ဆင်နေပါတယ်ဗျာ… အဲ့ထဲမှာ စာစီစာရိုက်လုပ်နေတဲ့သူတွေ၊ Catalogue, Company Profile စာအုပ်ပိုင်းကို အဓိကလုပ်နေရတဲ့ Designer တွေနဲ့ ကိုယ်ပိုင်ဆိုင်ဖွင့်ဖို့အစီအစဉ်ရှိတဲ့သူတွေအတွက် Adobe Indesign Course ပါ အသစ်ထပ်ဖြည့်ထားပါတယ်…
ArtBar : 09972291149
No. 53(c), 1st Floor, Insein Rd,
San Yeik Nyein, Kamayut, Yangon.
Adobe illustrator နဲ့ပြုလုပ်တဲ့ Coffee Poster သင်ခန်းစာလေးပါ... အခုတော့ illustrator Version အသစ်တွေမှာ 3D Functions တွေက ဒီထက်အများကြီးပိုကောင်းလာပါပီ...
Knowledge Sharing for Junior Designer
Color Type (2) မျိုး
🔴 Subtractive Color 🔵 Additive Color
Font Type (2) မျိုး
🔴 Sans Serif Font 🔵 Serif Font
Shape Type (2) မျိုး
🔴 Geometric Shapes 🔵 Organic Shapes
Resolution Measurement သတ်မှတ်ချက် (2)မျိုး
🔴 Dpi ( Dots per inch ) 🔵 PPi Pixel Per inch
—————————————————-
🔴 လူတွေကျ အမျိုးမျိုး 🥴
Design စာအုပ်ထဲမှာ ထည့်ခဲ့တဲ့ LinkedIn အကြောင်းပါ…
အခုတော့ Image Size တွေက Update ဖြစ်သေးသလားမပြောတတ်ဘူး…
LinkedIn
မှတ်ပုံတင်ထားတဲ့ အသုံးပြုသူပေါင်း ၄၆ရ မီလျံနဲ့ LinkedIn ဟာ ကမ္ဘာ့အကြီးဆုံး ပရော်ဖက်ရှင်နယ်လ် ကွန်ရက်ဖြစ်ပါတယ်။ အခြားသော ဆိုရှယ်လ်မီဒီယာတွေမှာတော့ သင့်အတွက် ဖောက်သည်တွေ၊ ညွှန်းပေးတဲ့သူတွေကို ရှာလို့ရနိုင်ပြီး LinkedIn ကတော့ သင့်အတွက် ဝန်ထမ်းကောင်းတွေ ရှာဖွေဖို့နဲ့ အခြားသော လုပ်ငန်းပိုင်းဆိုင်ရာ ခေါင်းဆောင်တွေနဲ့ အဆက်အသွယ်တစ်ခုရဖို့ နေရာကောင်းတစ်ခုပါ။
Personal Profile Image : 400 x 400 (Recommended)
LinkedIn က Personal profiles အတွက် layout အသစ်တွေ စတင်အသုံးပြုနေပြီဖြစ်ပြီး ကုမ္ပဏီ page တွေနဲ့တော့ box Logo ကို ဆက်ပြီး အသုံးပြုနေဆဲပါ။ ဒါပေမဲ့ personal profile အတိုင်းအတာတွေက တကယ်ကို တည့်တိုးကျလွန်းပါတယ်။ သင့်ရဲ့ personal profile မှာ ဒီပုံရိပ်က သင့်ကို ကိုယ်စားပြုနေတာပါ။ ဒါကြောင့် တစ်ယောက်ယောက်က သင့်အကြောင်းနည်းနည်း သိချင်လို့ profile ကို ဝင်ကြည့်မယ်ဆိုရင် ဒီပုံက သင့်ကို ကိုယ်စားပြုနေတဲ့ ပုံပါပဲ။ ဒါကြောင့် size ကလည်း မှန်နေဖို့ လိုပါတယ်။
Image Guidelines
- 400 x 400 နဲ့ 20,000 x 20,000 pixels ကြားမှာ ရှိနေဖို့ အကြံပြုထားပါတယ်။
- အနိမ့်ဆုံးကတော့ 200 x 200 pixels ဖြစ်ရပါမယ်။
- Maximum file size က 10 MB ပါ။
- JPG, GIF ဒါမှမဟုတ် PNG စတဲ့ Image type တွေ သုံးလို့ရပါတယ်။
Personal Background Image : 1584 x 396
LinkedIn ရဲ့ background image ဟာ သင့် Personal profile အတွက် feature အသစ်တစ်ခုပါ။ ဒီ နေရာလွတ်နဲ့ ကွက်တိကျစေဖို့အတွက်တော့ နည်းနည်း ခက်ခဲတယ်ဆိုပေမဲ့ သင်က မှန်မှန်ကန်ကန် လုပ်နိုင်ပြီဆိုရင်တော့ သင့် Profile ဟာ အမိုက်စားဖြစ်နေမှာပါ။
Image Guidelines
- 1584 x 396 pixels ဖြစ်နေဖို့ အကြံပြုထားပါတယ်။
- Maximum size က 4 MB ပါ။
- JPG, PNG ဒါမှမဟုတ် GIF စတဲ့ Image type တွေ သုံးလို့ရပါတယ်။
ကုမ္ပဏီလိုဂို ပုံ : 300 x 300
ဘရန်းလိုဂို နှစ်ခုထဲက LinkedIn မှာ သင်တင်သင့်တဲ့ တစ်ခုကတော့ standard company Logo ပါ။ နှစ်ခုထဲက ပိုကြီးတဲ့တစ်ခုဖြစ်ပြီး သင့် LinkedIn homepage ရဲ့ သင့်ဘရန်းနာမည်ရဲ့ ညာဘက်ကပ်လျက်မှာ ပေါ်နေမှာပါ။ ဒီပုံရိပ်က “Companies you may want to follow” section မှာလည်း သွားပေါ်နေဦးမှာပါ။ ပုံက ပို အထာကျလေ၊ follower ပိုရလေလေပါပဲ။
- 300 x 300 pixels ဖြစ်နေဖို့ အကြံပြုထားပါတယ်။
- အနိမ့်ဆုံး 300 x 300 pixels ရှိနေရပါမယ်။
- Maximum 4MB ပါ။ (Layout က စတုရန်းဖြစ်ရပါမယ်။)
- PNG , JPG ဒါမှမဟုတ် GIF တို့ကို သုံးနိုင်ပါတယ်။
Square Logo : 60 x 60
ဒါကတော့ သင့်ကုမ္ပဏီကို ရှာတဲ့အခါ ပေါ်လာမယ့် ဘရန်းပုံရိပ်ပါ။ သင့်ဘရန်းကို မှတ်မိလွယ်စေပြီး customer တွေက သင့်ရဲ့ ဘယ်ကုမ္ပဏီလဲဆိုတာ သိနိုင်မယ့် အရာ တစ်ခုခုကို သုံးပါ။
Image Guidelines
- 60 x 60 (ကွက်တိကျဖို့ ဆိုက်ပြန်ညှိပါ)
- Maximum 2MB.
- PNG, JPG ဒါမှမဟုတ် GIF တို့ သုံးလို့ရပါတယ်။
Company Cover Image : 1536 x 768 ကြား
Personal background image နဲ့ မတူတာက ကုမ္ပဏီ ဒါမှမဟုတ် standard business background image ဟာ page ရဲ့ အပေါ်ပိုင်းတစ်ပိုင်းလုံးကို ဖုံးထားတာပါ။ ဒီပုံက personal အတိုင်းအတာတွေထက် အများကြီး ပိုကြီးပြီး business တွေအတွက် နေရာပိုပေးနိုင်ပါတယ်။
Image Guidelines
- 1536 x 768 pixels ကြားမှာ ရှိနေဖို့ အကြံပြုထားပါတယ်။
- အနိမ့်ဆုံးဆိုက်က 1192 x 220 ပါ။
- Maximum 4MB ပါ။
- 1400 x 425 pixels နဲ့ပေါ်မှာပါ။
- PNG, JPG ဒါမှမဟုတ် GIF တို့ သုံးလို့ရပါတယ်။
Company Page တွေအတွက် Banner Image : 646 x 220 (အနိမ့်ဆုံး)
Banner Image ဆိုတာ LinkedIn ပေါ်မှာ အသုံးပြုနိုင်တဲ့ အသစ်ဆန်းဆုံးနဲ့ အရေးအကြီးဆုံး ပုံရိပ်တွေထဲက တစ်ခုပါ။ ဒီပုံရိပ်က သင့် brand ရဲ့ Homepage ကို User တစ်ယောက်လာလည်တဲ့အခါ ပေါ်နေမှာပါ။ ပုံရိပ်က သင့်ရဲ့ Homepage မှာ ရှိနေတာကြောင့် လာကြည့်တဲ့သူက သင့်ရဲ့ ဘရန်းကို ရှာတဲ့အခါ အတော်အသုံးဝင်ပါတယ်။ ဒါကြောင့် အမိုက်စား ပုံရိပ်တွေသုံးခြင်းအားဖြင့် သင့်ဘရန်းကို လူသိများအောင် လုပ်ပါ။
Image Guidelines
- Minimum 646 x 220 pixels.
- Maximum 2 MB
- Landscape Layout
- PNG, JPG သို့မဟုတ် GIF တွေကို သုံးလို့ရပါတယ်။
Hero Image : 1128 x 376
သင့်ကုမ္ပဏီနဲ့ အလုပ်တွဲလုပ်ဖို့ လူတွေရှာခြင်းက LinkedIn ရဲ့ အသုံးအဝင်ဆုံး၊ အရေးအကြီးဆုံး အချက်တွေထဲက တစ်ခုပါပဲ။ သင်က သင့်ကုမ္ပဏီမှာ လိုအပ်တဲ့ လုပ်ငန်းခွင် အခွင့်အလမ်းတွေပေါ်မူတည်ပြီး ကွဲပြားတဲ့ tab တွေ ဖန်တီးလို့ရပါတယ်။ ဒီ Page ရဲ့ ထိပ်မှာတော့ အခြားသော LinkedIn ပုံရိပ်တွေထက် ကြီးတဲ့ banner ရှိနေမှာပါ။
ဒီspace ကိုတော့ ကြိုးစားပြီး အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို သင့်ကုမ္ပဏီအကြောင်းပြောပြနိုင်တဲ့ ပုံတစ်ပုံကို ရွေးချယ်သုံးလိုက်ပါ။
Image Guidelines
- Recommended 1128 x 376 pixels
- Minimum 1128 x 376 pixels
- Maximum 2MB.
- Landscape Layout.
- Image types include: PNG, JPG or GIF.
နောက်ထပ် သိလိုတာတွေကိုတော့ LinkedIn Help Centre မှာ ရှာဖွေကြည့်လို့ရပါတယ်။
Customer အပ်ထားတာမဟုတ်ပါဘူး
ဒီနေ့ Basic အတန်းမှာသင်တဲ့ Ai သင်ခန်းစာပါ…
အရောင်စနစ် -အသုံးပြုဖို့
- Printing = CMYK
(စိမ်းပြာ၊ပန်းဆီ၊အဝါ၊အနက်(သို့) အလင်း)
( ခြွင်းချက် - ဓါတ်ပုံကူးစက် - RGB )
- On Screen (Web Page,Facebook etc; = RGB
(အနီ၊အစိမ်း၊အပြာ)
- Painting = YRB
(အဝါ၊ အနီ၊အပြာ)
——————————————————
Resolution -
300 Dpi ( Dots Per Inch )
ပုံနှိပ်၊ ရုံးသုံး Printer, Copiers, Digital Printing
Vinyl - 72 Dpi ( Dots Per Inch )
Resolution - 72 PPi ( Pixels Per Inch )
Web, Facebook, Mobile Application, etc;
——————————————————-
File Format
Eps, Tiff, Pdf ( Printing )
Gif, BMP, PNG ( Web )
JPEG, PNG ( Printing, Web)
Click here to claim your Sponsored Listing.
Videos (show all)
Contact the business
Telephone
Website
Address
No. (53-C), 1st Floor, Insein Road, San Yeik Nyein, Kamayut
Yangon
095
Opening Hours
Tuesday | 09:00 - 20:00 |
Wednesday | 09:00 - 20:00 |
Thursday | 09:00 - 20:00 |
Friday | 09:00 - 20:00 |
Saturday | 07:30 - 20:00 |
Sunday | 07:30 - 20:00 |
Hlaing Campus
Yangon
Ever since its foundation in 1992, ACE Data Systems has been the most successful IT Services company
Yankin Street
Yangon, GOLDENCITYCONDO,OFFICETOWER,ROOFTOP
Prepare yourself everyday to be the best
Ayeyar 3rd Street
Yangon, 11031
#PLAY FOR FIGHT⚽ #FIGHT FOR WIN🎉🎊 #STRENGTH OF YOUTH🏃♂️⚽ #NEVER GIVE UP💪