Tokyo Hikari Japanese Language School
Nearby schools & colleges
Mingalar
Myanmar Yangon
Pansodan Office Tower
Room
Room No. A, 4F
Sanchaung Street
Sanchaung Street
The aim of founding school is to be easy for communication with Japanese business man, and to give a service, able to study japan language in Japan.
⚠️အသိပေးကြေငြာခြင်း⚠️
TOKYO HIKARI JAPANESE LANGUAGE SCHOOL မှကြေငြာချက် ….
TOKYO HIKARI LANGUAGE SCHOOL သည်
JAPAN မှာ TOKYO HIKARI LLC( Limited Liability Company Japan တရားဝင်ထူထောင်ထားသော Company အောက်တွင် တရားဝင် လုပ်ကိုင် နေပါသည်
Japan က Japanese Language School
(Tokyo & Chiba) Language School ကျောင်းများနဲ့ စာချူပ်စာတမ်း များဖြင့် တရားဝင် ကျောင်းသား ခေါ် ယူခွင့် ရယူထားပါတယ် ...
Japan ကျောင်း မှ တရားဝင် ကျောင်းသား မိတ်ဆက်ပေးခြင်း 紹介料金( Referral Fee) ရရှိငွေကို နှစ်စဉ် ဂျပန်အခွန်ရုံးသို့တင်ပါသည်။
သို့ဖြစ်ပါ၍ ⚠️ သတိပေးလိုသည်မှာ
ကျနော် / ကျမ တို့THJLS ကျောင်းသို့ Studen Visa COE အတွက် မြန်မာကျောင်းသား တချိူ့ကို
မိတ်ဆက် ပေး တဲ့ မြန်မာ မိတ်ဆွေ သူငယ်ချင်းများကို မိတ်ဆက်ပေးခ (ပွဲခ) ဆိုပီး သတ်မှတ်ချက် တစ်ခုဖြင့်သာ ပေးဆောင်လျက်ရှိပါသည်။
ဒီ အခကြေးငွေကိုလည်း JAPAN LANGUAGE SCHOOL ကျောင်းမှရတဲ့ မိတ်ဆက်ခကနေ နုတ်ပီး
သတ်မှတ်ချက်ဖြင့် ပေးပါတယ် ( အခွန်တင်ပါတယ်)
ယခု ပေါ်ပေါက်နေတဲ့
👇👇⚠️👇👇
TOKYO HIKARI SCHOOL & ကျောင်းသားမိတ်ဆက်ပေးတဲ့ (ပွဲစား) ブローカ( Broker ) တချိူ့က ကျောင်းသားများဆီမှ ကုန်ကျငွေ ပိုတောင်းခံခြင်း
ကျောင်းသားဘက်မှ COE cancel လုပ်ရင် သတ်မှတ်ထားတဲ့ အခကြေးငွေထက် TOKYO HIKARI LANGUAGE SCHOOL မှ မသိဘဲ ကြားဖြတ်တောင်းခံနေတာ ကို သိကြားလာရပါသည်။
📌ပထမအနေဖြင့် ...
အမြန်ဆုံးရပ်တန့်ပေးကြပါ မေတ္တာရပ်ခံအပ်ပါသည် 📌
အကယ်၍ မသာမာတဲ့ နည်းဖြင့်ငွေတောင်းခံခြင်း
ခြိမ်းခြောက်ခြင်းများကို ကျောင်း Agent နာမည်ခံ၍ ပြုလုပ်လာပါက ဂျပန် ဥပဒေအရ တရားစွဲဆိုမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်
Establish --2014~
TOKYO HIKARI JAPANESE LANGUAGE SCHOOL
🇯🇵
TOKYO HIKARI LLC Company
JAPAN.
東京光合同会社
東京都江戸川区松島。
Japan Company
REGISTRATION NO.
法人番号
11703003287
U THIRI THEIN THAN @ U Dom
Managing Director
取締役社長
အများ နဲ့မို့ ဒီလိုထုတ်ပြန်ခြင်းသာ ဖြစ်သည်
ကျောင်းတက်ချင်တဲ့ ကလေးတွေကို ကျမ တို့ ကျောင်းနဲ့ မိတ်ဆက်ပေးပြီး မိတ်ဆက်ခ လဲ ကျောင်းသားဆီက မတရားယူတယ်။ ကျမ တို့ ကျောင်း ဝန်ဆောင်ခ တောင် သူ့ လောက် မယူထားဘူး။ ( ခု မှ သိရတာပါ။ )
ကျောင်းသားက ပထမ တခေါက် အင်တာဗျူး မှာ အဆင်မပြေဘူး။ ကျမ တို့ ထပ် try တယ်။ ကျောင်းက လက်ခံ လိုက်တယ်။ အဲ့ဒါကို ပွဲစားလုပ်တဲ့သူက သူ အရမ်း ကြိုးစားပြီး ပြောပေးလို့ ကျောင်းက လက်ခံ သလို မျိုးပြောပြီး အခု ကျောင်းလခ တဝက် ပေးရမယ် ဆိုပြီး ပြောလာပါတယ်။ ပြောသလို ကျောင်းလခ တဝက် မပေးပါက ကျောင်းကို တိုက်ရိုက်ဆက်သွယ်ပြီး ကျောင်းသားကို အာမမခံနိုင်ကြောင်း၊ ကျောင်းလျှောက်တာကို application withdrawal လုပ်မယ် ဆိုပြီး ကျောင်းသားကို ခြိမ်းခြောက်ပြောဆိုခြင်းများ ရှိလာပါတယ်။
Tokyo Hikari ကျောင်းသည် COE ရမှသာ ကျောင်းလခ များ ကို လက်ခံသွင်းပေးပါတယ်။ ကိုယ့်အစီအစဉ် နဲ့ ကိုယ် လုပ်လဲ အလိမ်မခံရအောင် ဂရုစိုက်နိုင်ရင် ကိုယ့်အစီအစဉ် နဲ့ကိုယ် လုပ်နိုင်ပါတယ်။ ဘာတခုမှ ကျောင်းသားကို ချည်နှောင်ထားခြင်း မရှိပါ။
ကျမ တို့ ကျောင်းကို မိတ်ဆက်ပေးရုံနဲ့ ကျောင်းကို ထိခိုက်လာမယ့် ကိစ္စများ ဘာတခု မှ လက်မခံနိုင်ပါ။ ကျမတို့ Tokyo Hikari ကျောင်းသည် ဂျပန်နိုင်ငံတွင် ကုမ္ပဏီ ထူထောင် အခွန်ဆောင် ထားပြီး တရားဝင် ကျောင်းနဲ့ ချိတ်ဆက်နေသော ကျောင်းတခု ဖြစ်ပါတယ်။ ကျမ တို့ ကျောင်းနဲ့ ဆက်သွယ်ပြီး ကျောင်းတက်ဖို့ ကြိုးစားနေတဲ့ ကျောင်းသူ ကျောင်းသားများကို ခြိမ်းခြောက်ခြင်း မဟုတ်မမှန် ပြောဆိုပြီး ငွေလိမ်တောင်းခြင်းများရှိပါက ဂျပန်နိုင်ငံ ဥပဒေ အရ အရေးယူ ရင်ဆိုင်သွားမယ် ဆိုတာ အသိပေးအပ်ပါတယ်ရှင်။
#လူအချင်းချင်း ခေါင်းပုံမဖြတ်ကြပါနဲ့
Oct intake ကျောင်းရတဲ့သူများ တွေ့ရာ လူနဲ့ မလွှဲကြပါနဲ့နော်။ လိမ်တာတွေ များနေပါတယ်။ အေးဂျင့်ကနေ တာဝန်ယူ လွှဲပေးတယ် ဆို သူတို့နဲ့ လုပ်ပါ။ အမျိုး တွေ မောင်နှမ တွေ ရှိတယ်ဆို သူတို့နဲ့ လွှဲပါ။ ခုမှ လိုင်းကနေ သိတဲ့သူတွေ rate နည်းလို့ သက်သာတယ် ဆိုတာထက် လိမ်တဲ့သူက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဈေးတွေ နဲ့ လုပ်ပေးတာ ယုံမိရင် သိန်း ရာချီ အလိမ်ခံရမယ်နော်။ ခု ငွေဈေးနဲ့ဆို နည်းတာ မဟုတ်ဘူး။ ကျောင်းလခ တခုထဲတင် သိန်း၃၀၀ ကျော်နေပြီ။
သတိရှိကြပါ။ နားမလည်ရင် အေးဂျင့်ကို မေးပါ။
ခုချိန် ယန်း ဝယ်လိုအား များတဲ့ အတွက် မဖြစ်နိုင်တဲ့ဈေးနဲ့ကတော့ ဘယ်မှာမှ မရပါ။
#ငွေလိမ်သတိထားပါ
Chiba Japanese Language ဒီနေ့ အင်တာဗျူး ကျောင်းသားများ အင်တာဗျူး အောင်ပါတယ်နော်။ စာရွက်စာတမ်း များ ဆက်လက်ပြီး ကြိုးစားကြပါစို့ကွယ်။
Good Luck ALL!
Aug 12 မှာ Koto လို့ ခေါ်တဲ့ မြို့နယ်မှာ မီးပန်းပွဲတော်လေးရှိလို့ သွားခဲ့ကြတယ်။ မီးပန်း အလုံး ၆၀၀၀ ပဲ ဖောက်ပေမယ့် အတော်လှတယ်။
ကိုယ်တွေ ငယ်ငယ်တုန်းက မီးပန်းဖောက်တာ ဆိုလို့ တပ်မတော်နေ့ တခုပဲ ကြည့်ခဲ့ဖူးတယ်။ ဒါတောင် ၁၀ မိနစ် လောက်ပဲ ရှိမလား မသိဘူး။ ဒီ ဂျပန်က မီးပန်းကတော့ ပုံစံမျိုးစုံ နဲ့ ဖောက်ပြီး မြို့နယ် ထဲက စီးပွားရေး လုပ်ငန်းတွေက စပွန်ဆာ ပေးကြတယ်။ မီးပန်း တလုံး ကို အနည်းဆုံး ယန်း ၅၀၀၀၀ ကနေ ရာချီ တန်တယ်။ မီးပန်းပွဲ တခု လုပ်ရင် သိန်းထောင် နဲ့ချီ အကုန်အကျ ခံ ပြီး လုပ်ကြတယ်။
မီးပန်းပွဲလေး ကြည့်ရင်း စိတ်ပြေရာ ပျော်ရွှင်ကြပါစေရှင်။
ကဲ ... ယန်းဈေးလေးတွေလဲ ရှေ့အပတ်က ထင်သလို ၅၀ ထိ မတက်သွားတာပဲ အတော်ကံကောင်း။ ငွေဈေးကြောင့် ချီတုံချတုံ ဖြစ်နေတဲ့ ကလေးများလဲ ယတိပြတ်သာ ဆုံးဖြတ်ပြီး လာကြပါနော်။
ငွေဈေး တက်သလို ဒီရောက်လို့ အလုပ်လုပ်ရင်လဲ တက်ဈေး အတိုင်း ပြန်ပို့ ရတာပဲလေ... နော်။ ဂျပန်စာသင် ကောလိပ် / တက္ကသိုလ် တက်ပြီး ရှေ့လျှောက်ရမယ့် လမ်းကို ဖြောင့်ဖြောင့် ကြီး ကြိုးစားလိုက်စမ်းပါ။ ကြိုးစားတဲ့သူတွေ အတွက် လမ်း ဆိုတာရှိနေပြီးသားပါ။
မတွေဝေ နဲ့။ ရလာတဲ့ အခွင့်အရေးကို သေချာ ဆုတ်ကိုင် နိုင်ကြပါစေနော်။
2025 April intake အတွက် ကျောင်း နဲ့ အင်တာဗျူးရက် ညှိနှိုင်းနေတဲ့ အတွက် ခဏ စောင့်ပေးပါရှင့်။
Tokyo COE 100% အောင်မြင်ပါတယ်ရှင် 📣📣📣💐
Tokyo COE 100% passed
ကလေးတို့ရေ။ ဒီရောက်လဲ ဆက်ကြိုးစားကြပါနော်။
မနက်ဖြန် တိုကျို ကျောင်းတွေ COE result ထွက်ပါမယ်နော်။ အဆင်ပြေ ကြပါစေနော်။
ငွေစျေး ကမောက်ကမ ဖြစ်နေလို့ COE ရရင် သွင်းရမယ့် ကျောင်းလခ တွေ အတွက် စိုးရိမ်နေကြတာလဲ ပါကြမယ် ထင်တယ်။ COE မအောင်မှာလဲ စိတ်ပူရ။ အောင်သွားလဲ သွင်းရမယ့် ငွေအတွက် စိတ်ပူရ ဖြစ်နေကြတဲ့ သူ တချို့လဲ တွေ့မိတယ်။
COE တင်ဖို့ အတွက်တောင် ကျောင်း နဲ့ အင်တာဗျူး လုပ်ပြီး ကျောင်းက လက်ခံ မှ တင်ရတာပါ။ အင်တာဗျူးမှာတင် ပြုတ်ကျခဲ့တဲ့သူတွေ လဲ အများကြီးပါ။
အဲ့တော့ မနက်ဖြန် အဖြေ သိကြရင် မရ ရအောင် သာ လာခဲ့ ကြပါ လို့ပဲ ပြောချင်ပါတယ်။ ဂျပနါရောက်ပြီးရင် လမ်းစ တွေ မြင်နေရပြီလေ … နော်။
အားမလျော့ကြပါနဲ့ ကလေးတို့ရေ 🌺
📌 2025 April Intake အတွက်📣📣📣
Japan နိုင်ငံ Chiba, Matsudo အနီး ကျောင်း 🏣🏤
👉ထပ်မံလိုအပ်သော ဦးရေ (၃)ယောက်
လျှောက်ထားမှုအတွက် လိုအပ်ချက်များ 👇
👍 အသက် (၁၈) မှ (၂၅)နှစ် အထိ
👍 (၁၀)တန်းအောင်မြင်ထားသူ
👍 Nat Test (or) JLPT (N5) အောင်မြင်ထားသူ
Interview (၁)ပတ်အတွင်း 🇯🇵
2025 မှာ အဆောင်ပါတွဲ ပါတဲ့အတွက် ကျောင်းသား များအတွက် လွယ်ကူစေမယ့် အစီအစဥ်နဲ့ ဆောင်ရွက်ထားပါတယ်.......
👇👇🇯🇵🇲🇲
အသေးစိတ်သိရှိလိုပါက
TOKYO HIKARI
JAPANESE LANGUAGE SCHOOL
JAPAN OFFICE 🇯🇵
CEO
U Dom @ U Thiri Thein Than
HIKARI JAPAN COMPANY
Tokyo, Edogawa-ku , Matsushima
Shinkoiwa 1-18.Japan
Viber
+81-80- 7949-7736
Myanmar Office 🇲🇲
ကျောင်းတာဝန်ခံ (ရန်ကုန်)
Sanchaung Township (cb တွင် ရက်ချိန်းယူပေးရန်)(လာရောက်ဆွေးနွေးရန် ရက်ချိန်းယူပေးပါရန်)
Cb 📮 တွင် စုံစမ်းရန်
JLPT 2024 December
လျှောက်လွှာရောင်းချခြင်းနှင့်ပတ်သက်၍ကြေငြာချက် (သင်တန်းကျောင်းများ)
ရန်ကုန် နှင့် မန္တလေး
ဒီဇင်ဘာလ (၁) ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ JLPT အတွက် သင်တန်းကျောင်း၊ ကုမ္ပဏီများ နှင့်ပတ်သတ်၍ အောက်ပါအတိုင်း အသိပေးအပ်ပါသည်။
၁။ ကြိုတင်စာရင်းပေးသွင်းခြင်း။
Google form မှ တဆင့် (၂.၈.၂၀၂၄ မှ ၅.၈.၂၀၂၄) ရက်နေ့အတွင်း ကြိုတင်စာရင်းပေးသွင်းရပါမည်။
ရန်ကုန်သင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး (၁၀၀) စောင်နှုန်း ဖြင့် ရောင်းချသွားမည် ဖြစ်ပြီး မန္တလေးသင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာ အစောင်ရေအများဆုံး (၅၀) စောင်နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပါသည်။
Google Form Link >>> https://forms.gle/UX2JuWEB7UUKEAvc7
၂။ လျှောက်လွှာ၀ယ်ယူရန်လိုအပ်ချက်များ။
*သက်တမ်းရှိ သင်တန်းကျောင်းလိုင်စင် မိတ္တူ (သို့) သက်တမ်းရှိ လုပ်ငန်းလိုင်စင် မိတ္တူ (သို့) သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင် မိတ္တူ။
(လိုင်စင်တခုအား သင်တန်းကျောင်းတစ်ကျောင်း ဟုသတ်မှတ်ပါသည်။ ပိုင်ရှင်တဦးတည်းမှ လိုင်စင်အခွဲများ အကြုံးမဝင်ပါ။ Google form တင်ခြင်း နှင့် လာရောက်ဝယ်ယူရာတွင် ပိုင်ရှင်အမည်နှင့် သတ်တမ်းကုန်ဆုံးရက်ပါသော စာမျက်နှာအား ထည့်သွင်း/ ယူဆောင် လာရပါမည်။ ကုမ္ပဏီ လိုင်စင်များဖြစ်ပါကလဲ သက်တမ်းကုန်ဆုံးရက်နှင့် ပိုင်ရှင်အမည်ပါသော စာမျက်နှာ ဖြစ်ရပါမည်။ အချက်အလက် စုံလင်စွာမပါသော လိုင်စင်များနှင့် သက်တမ်းကုန်နေသည့် လိုင်စင်များအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။)
*ကျောင်း Letter Head ဖြင့် ထုတ်ပြန်ထားသည့် ပိုင်ရှင်/ကိုယ်စားလှယ်လွှဲစာ မူရင်းနှင့်မိတ္တူ (နမူနာပုံတွင်ကြည့်ရန်)
ပိုင်ရှင်ကိုယ်တိုင်လာရောက်ပါကလဲ အဆိုပါစာရွက်ယူဆောင်လာရပါမည်။ လျှောက်လွှာဝယ်ယူချိန်တွင် Google form ၌ဖြည့်စွက်ထားခဲ့သော လျှောက်လွှာအစောင်ရေအတိုင်းသာ ဝယ်ယူနိုင်မည်ဖြစ်ပြီး၊ လျှောက်လွှာတင်ချိန်တွင်လည်း အဆိုပါ အရေအတွက်အတိုင်းသာ လက်ခံသွားမည် ဖြစ်သည်။
*Level အလိုက်စာဖြေသူစာရင်း (နမူနာပုံတွင်ကြည့်ရန်)
*လာရောက်သူ၏ မှတ်ပုံတင် မူရင်းနှင့် မိတ္တူ
၃။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ (တနင်္ဂနွေနေ့)
၄။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။
၅။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N2 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N3 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N4 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N5 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
၆။ လျှောက်လွှာအရောင်းကာလ
ရန်ကုန်စာဖြေဌာန - ၁၂.၈.၂.၂၀၂၄ (တနင်္လာနေ့)၊ ၁၃.၈.၂၀၂၄ (အင်္ဂါနေ့)၊ ၁၄.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)
မန္တလေးစာဖြေဌာန - ၁၂.၈.၂.၂၀၂၄ (တနင်္လာနေ့)၊ ၁၃.၈.၂၀၂၄ (အင်္ဂါနေ့)
သတ်မှတ်ချက်နှင့်အညီ စာရင်းပေးသွင်းထားသောကျောင်းများသို့ လာရောက် ဝယ်ယူရမည့် နေ့ရက်၊ အချိန်၊ နေရာ အသေးစိတ်အား Email မှတဆင့် ဆက်သွယ် ပေးပို့သွားပါမည်။
၇။ လျှောက်လွှာလက်ခံကာလ
ရန်ကုန်စာဖြေဌာန - ၁၄.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)၊ ၁၅.၈.၂၀၂၄ (ကြာသပတေးနေ့)၊ ၁၆.၈.၂၀၂၄ (သောကြာနေ့)၊ ၁၇.၈.၂၀၂၄ (စနေနေ့)၊ ၁၉.၈.၂၀၂၄ (တနင်္လာနေ့)၊ ၂၀.၈.၂၀၂၄ (အင်္ဂါနေ့)
မန္တလေးစာဖြေဌာန - ၁၄.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)၊ ၁၅.၈.၂၀၂၄ (ကြာသပတေးနေ့)
လျှောက်လွှာလာရောက်ဝယ်ယူချိန်တွင် မိမိသင်တန်းကျောင်းအလိုက် ပြန်လည်လျှောက်ထားရမည့် နေ့ရက်၊ အချိန်၊ နေရာ အားတပါတည်း ပြောကြား သွားမည်ဖြစ်ပါသည်။
၈။ လျှောက်လွှာ ရောင်းချ/လက်ခံမည့် အချိန် နှင့် နေရာ
အချိန် - မနက် ၉း၀၀ နာရီ မှ နေ့လည် ၃း၀၀ နာရီအထိ
နေရာ -
(ရန်ကုန်စာဖြေဌာန) - ရန်ကုန်ပညာရေးတက္ကသိုလ် (Learning Hub) အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် ၄ မှ ဝင်ရန်။)
(မန္တလေးစာဖြေဌာန) – MAJA Office (Mandalay Branch)ပထမထပ်၊ တိုက် (၁)၊ အခန်း (၆)၊ ရေလမ်း၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဆက်သွယ်ရန် - 01- 757 10 15 (Ext: 1)
School Registration(JLPT December 2024) သင်တန်းကျောင်းတစ်ခုလျှင် တစ်ကြိမ်သာ လျှောက်ထားခွင့်ရှိပါသည်။ တစ်ကြိမ်ထက်ပိုသောလျှောက်လွှာများအားလက်ခံမ...
JLPT 2024 December စာမေးပွဲနှင့်ပတ်သက်၍ ကြေငြာချက်
၂၀၂၄ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အား ဒီဇင်ဘာလ (၁) ရက်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များ၌ ကျင်းပသွားမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုလိုသူများအတွက် လျှောက်လွှာ လျှောက်ထားခြင်းအား အောက်ပါအစီအစဉ်အတိုင်း လက်ခံပြုလုပ်သွားမည်ဖြစ်ပါသည်။
၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ (တနင်္ဂနွေနေ့)
၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။
၃။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N2 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N3 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N4 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N5 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Online System ဖြင့် လက်ခံခြင်း (ရန်ကုန်နှင့်မန္တလေး)
၁။ Online လျှောက်လွှာလက်ခံကာလ
Level N1 - ၁၄.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)၊ ၁၅.၈.၂၀၂၄ (ကြာသပတေးနေ့)၊ ၂၆.၈.၂၀၂၄ (တနင်္လာနေ့)
Level N2 - ၁၄.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)၊ ၁၅.၈.၂၀၂၄ (ကြာသပတေးနေ့)၊ ၂၆.၈.၂၀၂၄ (တနင်္လာနေ့)
Level N3 - ၁၆.၈.၂၀၂၄ (သောကြာနေ့)၊ ၁၉.၈.၂၀၂၄ (တနင်္လာနေ့)၊ ၂၇.၈.၂၀၂၄ (အင်္ဂါနေ့)
Level N4 - ၂၀.၈.၂၀၂၄ (အင်္ဂါနေ့)၊ ၂၁.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)၊ ၂၈.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)
Level N5 - ၂၂.၈.၂၀၂၄ (ကြာသပတေးနေ့)၊ ၂၃.၈.၂၀၂၄ (သောကြာနေ့)
၂။ Online လျှောက်လွှာလက်ခံမည့် အချိန်
System သို့ တစ်ပြိုင်နက်ထဲ ဝင်ရောက်ခြင်းအား ထိန်းချုပ်နိုင်ရန် လျှောက်လွှာလက်ခံမည့်အချိန်အား ကြိုတင်အသိပေးမည် မဟုတ်ပါ။ (လျှောက်လွှာလက်ခံသည့်ရက်အတွင်း နေ့ခင်းဖက်အချိန်များတွင် ဝင်ရောက် လျှောက်ထားနိုင်ပါသည်။)
သင်တန်းကျောင်းများအတွက် ရောင်းချ/လက်ခံခြင်း
၁။ ကြိုတင်စာရင်းပေးသွင်းခြင်း။
Google form မှ တဆင့် (၂.၈.၂၀၂၄ မှ ၅.၈.၂၀၂၄) ရက်နေ့အတွင်း ကြိုတင်စာရင်းပေးသွင်းရပါမည်။ ရန်ကုန်သင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး (၁၀၀) စောင်နှုန်း ဖြင့် ရောင်းချသွားမည် ဖြစ်ပြီး မန္တလေးသင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာ အစောင်ရေအများဆုံး (၅၀) စောင်နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပါသည်။
(လိုင်စင်တခုအား သင်တန်းကျောင်းတစ်ကျောင်း ဟုသတ်မှတ်ပါသည်။ ပိုင်ရှင်တဦးတည်းမှ လိုင်စင်အခွဲများ အကြုံးမဝင်ပါ။ Google form တင်ခြင်း နှင့် လာရောက်ဝယ်ယူရာတွင် ပိုင်ရှင်အမည်နှင့် သတ်တမ်းကုန်ဆုံးရက်ပါသော စာမျက်နှာအား ထည့်သွင်း/ ယူဆောင် လာရပါမည်။ ကုမ္ပဏီ လိုင်စင်များဖြစ်ပါကလဲ သက်တမ်းကုန်ဆုံးရက်နှင့် ပိုင်ရှင်အမည်ပါသော စာမျက်နှာ ဖြစ်ရပါမည်။ အချက်အလက် စုံလင်စွာမပါသော လိုင်စင်များနှင့် သက်တမ်းကုန်နေသည့် လိုင်စင်များအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။)
၂။ လျှောက်လွှာအရောင်းကာလ
ရန်ကုန်စာဖြေဌာန - ၁၂.၈.၂.၂၀၂၄ (တနင်္လာနေ့)၊ ၁၃.၈.၂၀၂၄ (အင်္ဂါနေ့)၊ ၁၄.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)
မန္တလေးစာဖြေဌာန - ၁၂.၈.၂.၂၀၂၄ (တနင်္လာနေ့)၊ ၁၃.၈.၂၀၂၄ (အင်္ဂါနေ့)
၃။ လျှောက်လွှာလက်ခံကာလ
ရန်ကုန်စာဖြေဌာန - ၁၄.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)၊ ၁၅.၈.၂၀၂၄ (ကြာသပတေးနေ့)၊ ၁၆.၈.၂၀၂၄ (သောကြာနေ့)၊
၁၇.၈.၂၀၂၄ (စနေနေ့)၊ ၁၉.၈.၂၀၂၄ (တနင်္လာနေ့)၊ ၂၀.၈.၂၀၂၄ (အင်္ဂါနေ့)
မန္တလေးစာဖြေဌာန - ၁၄.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)၊ ၁၅.၈.၂၀၂၄ (ကြာသပတေးနေ့)
ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀)နှစ်အောက် ဖြေဆိုသူများအတွက် အတွက် ရောင်းချ/လက်ခံခြင်း
၁။ လျှောက်လွှာအရောင်းကာလ နှင့် လက်ခံကာလ
Level အားလုံးအတွက်- ၁၂.၈.၂.၂၀၂၄ (တနင်္လာနေ့)၊ ၁၃.၈.၂၀၂၄ (အင်္ဂါနေ့)
Online System ဖြင့် လက်ခံခြင်း၊ သင်တန်းကျောင်းများအတွက် ရောင်းချ/လက်ခံခြင်းနှင့် ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်၊ (၁၀) နှစ်အောက် ဖြေဆိုသူများအတွက် အတွက် ရောင်းချ/လက်ခံခြင်းစသည့် တစ်မျိုးစီအတွက် သီးသန့် အသေးစိတ်ရှင်းလင်းချက်များအား ထပ်မံ ကြေငြာသွားမည် ဖြစ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဆက်သွယ်ရန် - 01- 757 10 15 (Ext: 1)
Japanese Language School , 2025 April Intake အတွက် ဒီနေ့ Interview တွေ စပါပြီ....
Good Luck my students 👍
Nat test result တွေ ထွက်ပြီနော်....
📣📣📣📣
2025 April အတန်းလျှောက်ချင်သူများ အနည်းဆုံး N5 (JLPT/Nat Test) အောင်ထားဖို့လို့ပါတယ်..... မဖြေရသေးသူများ N5 ကနေစဖြေကြပါ....
N5 မဖြေရသေးပဲ... N4, N3 အဆင့်ကျော်ပြီးမဖြေကြပါနဲ့နော်........N4, N3 အောင်ထားသူများလည်း အဆင့်တက်ပြီး ဖြေစေချင်ပါတယ်...
အထူးသတိပေးပါတယ်နော်.... 📣
ကျောင်းသား/ ကျောင်းသူများအား ကောင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ THJLS 😍
🇯🇵 2024 ကျောင်းအပ်မည့်သူများအတွက်
တောင်းပန်ပါတယ်...🙏👇
ဂျပန် တိုကျိူ ကျောင်း 🇯🇵
2025 April အတန်းအတွက်သာ လက်ခံပါတော့မည်
2024 July & 2024 October အတန်းများ
ကျောင်းသားပြည့်သွားလို့လက်မခံတော့ပါ....
2025 April အတွက်လည်းလူဦးရေ ပြည့်တော့မှာမို့ ကျောင်းကြိုတင်အပ်ထားနိုင်ပါတယ်.... 📣📣📣
👇👇🇯🇵🇲🇲
အသေးစိတ်သိရှိလိုပါက
JAPAN OFFICE 🇯🇵
CEO
U Dom @ U Thiri Thein Than
TOKYO HIKARI JAPANESE
LANGUAGE SCHOOL
東京光合同会社
TOKYO ,EDOGAWA-Ku
+81-80- 7949-7736 (VIBER)
MYANMAR OFFICE 🇲🇲
ကျောင်းတာဝန်ခံ
Sanchaung Township (cb တွင် ရက်ချိန်းယူပေးရန်)(လာရောက်ဆွေးနွေးရန် ရက်ချိန်းယူပေးပါရန်)
ဂျပန်နိုင်ငံ 🇯🇵 Tokyo မြို့ရှိ Language School သို့ 2024 April Intake အတန်းတက်ရောက်ရန်အတွက် Tokyo Hikari Japanese Language School မှ
တတိယအသုတ်ဖြစ်တဲ့ ကျောင်းသားနဲ့ ကျောင်းသူ
ဒီနေ့ Tokyo သို့ ထွက်ခွာသွားပါပြီ.....😍
ရည်ရွယ်ချက်များအောင်မြင်ပြီး အခက်အခဲများစွာကိုကျော်ဖြတ်နိုင်စေလို့ THJLS မှ ဆုတောင်းပေးလိုက်ပါတယ်... 頑張ってね ❤
Tokyo Hikari Japanese Language School မှ ဂျပန်နိုင်ငံ 🇯🇵 Tokyo မြို့ရှိ Language School သို့ 2024 April Intake အတန်းတက်ရောက်ရန်အတွက် ဒုတိယ အသုတ် ကျောင်းသား/ကျောင်းသူများ ဒီနေ့ Tokyo သို့ ထွက်ခွာသွားပါပြီ.....😍
အစစ အရာရာ အောင်မြင်မှုတွေ ဒီထက်မက ရရှိပြီး ရည်မှန်းချက်ပန်းတိုင်ကို အခက်အခဲမရှိရောက်ရှိပါစေလို့ THJLS မှ ဆုတောင်းပေးလိုက်ပါတယ်...
頑張ってね ❤
Tokyo Hikari Japanese Language School မှ ဂျပန်နိုင်ငံ Tokyo မြို့ရှိ Language School သို့ April အတန်းတက်ရောက်မည့် ကျောင်းသူလေးများအား လေဆိပ်လိုက် ပို့ခဲ့ပါပြီ.... အားလုံးအဆင်ပြေချောမွေ့ပါစေ....
အောင်မြင်မှုတွေ ဒီထက်မက ရရှိပါစေလို့ THJLS မှ ဆုတောင်းပေးလိုက်ပါတယ်.... 😍
頑張ってね ❤
ဒီနေ့ နေ့လည် ၂နာရီမှစ၍ 2024 October Intake အတွက် ကျောင်း Interview များရှိသောကြောင့် ဖုန်းများ အဝင် ခဏပိတ်ထားပါမယ်နော်...
Thank you for all 🤗
2024-July ကနေ စပြီး နောက်ပိုင်း ဂျပန်ကျောင်း COE apply လုပ်သူများ COE result ရပြီးတာနဲ့ လဝက ကို တင်တဲ့ စာရွက်စာတမ်း မှန်သမျှ copy ယူထားကြပါနော်။ အင်မတန် အရေးကြီးပါတယ်။ ကိုယ့် မိသားစုထဲက နောက်ထပ် တယောက် လာဖို့ လုပ်မယ် same sponsor ကို ၄-၅ နှစ် ပြီးလို့ ထပ်သုံးမယ် ဆိုရင် အရင်က တင်ထားတဲ့ လုပ်ငန်းလိုင်စင် အခွန် အကုန် ပြန်ကြည့်ဖို့ အရေးကြီးတယ်နော်။ ဘာလုပ်ငန်း နဲ့ တင်ထားမှန်း မသိ နှစ်စဉ် ဝင်ငွေ ဘယ်လောက် ပြထားမှန်း မသိရင် နောက်တင်မယ့် သူ အတွက် နည်းနည်း ခက်နိုင်လို့ပါ။ ဂျပန် လဝက ဆိုတာ စာရွက်စာတမ်း စစ်ဆေးတာ အင်မတန် စေ့စပ်ပါတယ်နော်။ ကိုယ့်ဘက်က safe ဖြစ်အောင် လုပ်ထားဖို့က အရေးကြီးပါတယ်။
Tokyo Hikari Japanese Language School မှ ကျောင်းသား / ကျောင်းသူများ သံရုံး Visa ဝင်နေပါပြီရှင်.... Good Luck ☘
ဖတ်ကြည့်စေချင်သည်
ဒီနေ့လေ ပြောချင်တာလေးတခု ရှိတယ်။
TikTok or Facebook မှာ နာမည်တခုရှိတဲ့ ဂျပန်ရောက် ညီမလေး တယောက်က တနေ့ အလုပ်လုပ်ခ တသောင်းတန် ၃ ရွက် ရတဲ့ သူလဲ ရှိတတ်ပါတယ်လို့ ပြောထာာတာလေး။ သူက တော့ မရပါဘူးပေါ့။ သူက တနေ့ကို ယန်းတသောင်းခွဲပေါ့နော်။ အဲ့ လောက် ရပါတယ်။ တချို့ ၃ သောင်း ရတဲ့ သူရှိတယ်။ သူ ခိုင်းဂေါ့ ( ဘိုးဘွားစောင့်ရှောက်ရေး) က သူ တောင် အဲ့လိုရရင် ကျောင်းသား တွေ ပိုရတယ် ဆိုပြီးပြောထားတာ။
မမှားဘူးလား ဆိုတော့ မမှားဘူး။ ဒါ ဆို မှန်လား ဆိုတော့လဲ မမှန်ဘူး။ ဘာကြောင့်လဲ 🙄
ကျောင်းတက်ရင်း အလုပ်လုပ်နေရတဲ့ ကျောင်းသား ကျောင်းသူ လေးတွေက တကယ့်တရားဝင် အလုပ်လုပ်လို့ရတာက တပတ်မှ ၂၈ နာရီ ပဲ ရှိတယ်။ တနာရီ ပျမ်းမျှ ယန်း၁၁၀၀ နဲ့ တွက်ကြည့်မယ်နော်။ ၂၈*၁၁၀၀ တပတ် ကို ယန်း ၃၀၈၀၀ တလ ဆိုရင် ပျမ်းမျှ ယန်း ၁၂ သောင်း ဝန်းကျင်။
ဒါက တရားဝင် အလုပ်လုပ်တာပါ။ တချို့တွေကတော့ လစာ ကို ဘဏ်ကမယူပဲ အခွန်နာမည် မထွက်စေပဲcash နဲ့ ရှင်းတာမျိုး ကို နောက်တပိုင်း ထပ်လုပ်ကြတယ်။ တနေ့ ၅ နာရီပဲထား။ တနာရီ ၁၁၀၀ ဆိုရင် တနေ့ ယန်း ၅၅၀၀ ။ ရက်၂၀ လုပ်ရင် အဲ့အလုပ်ကနေ ယန်း ၁၁ သောင်း ထွက်မယ်။ ဒါဆို တလလုံး ( တရားမဝင် လုပ်တဲ့ အလုပ် အပါအဝင်) ယန်း၂၃ သောင်း ဝန်းကျင်။ ဒါ မိုင်ကုန်ပဲ။ ဒီထပ် အများကြီး ပိုမထွက်နိုင်ဘူး။ အဲ့တော့ ကောင်မလေး ပြောတဲ့ တရက် ယန်း၃၀၀၀၀ ဆိုတာ မျိုးက ကျောင်းသား ကျောင်းသူ တွေ မရနိုင်ဘူး။
ကဲ ဘယ်သူတွေ ရနိုင်လဲ။
IT အလုပ် ဆိုရင် ရနိုင်တယ်။ (တခြား အလုပ် ကျမ မသိပါ။) IT က ကျမ လက်လှမ်းမှီတာမို့ သိတယ်။ IT ထဲ management level တွေ ရဲ့ တနှစ် ဝင်ငွေ အနည်းဆုံး သောင်း၈၀၀ ကျော်တယ်။ ပိုပဲ များနိုင်တယ်။ လျော့ဖို့ မရှိဘူး။
ဘယ်လောက်ရလဲ
တလ ရုံးတက်ရက် ၂၀-၂၁ ဝန်းကျင် ( အနီရက် နဲ့ weenend ရုံးပိတ်ပါတယ်) တလ ကို သောင်း ၆၀-၇၀ ရတဲ့ သူတွေ အတွက်က တရက်လုပ်အားခ နဲ့ ယှဉ်ရင် တရက် ယန်း၃၀၀၀၀ ဝန်းကျင် ရတယ်။
မက်လောက်စရာကြီးပါနော်။ ဒီလို ရာထူးရာခံ အတွက်က တော်ရုံသူတော့ ဘယ်ရမလဲရှင်။
Bilingual ဘာသာစကား ၂ မျိုးတော့ ပြောနိုင်ရမယ်။ ( Japanese & English)
ဘာလို့လဲ ဆိုတော့ လစာ ကောင်းကောင်းပေးတဲ့ company တွေက foreign country base ဖြစ်နေလို့ပါ။ အထက်လူကြီး ၈၀% ဂျပန်လူမျိုး မဟုတ်တဲ့ နိုင်ငံခြားသားတွေပါ။
အဲ့တော့ တရက် ယန်း၃၀၀၀၀ နဲ့ ညီမျှတဲ့ လုပ်အားခ ရတာ မဆန်းပါဘူး။ ကိုယ်ဘက်က အားထုတ်မှုလေးတော့ ရှိပါစေနော်။
ဂျပန်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူလေးများလဲ ကြိုးစားရင် နေရာတနေရာ ရပါတယ်နော်။
2024-July intake တင်ထားသူများ စာရွက်စာတမ်း များ စစ်ဆေးပြီးတော့ ဒီနေ့ တိုကျို လဝက ကို application တင်ပါပြီနော်။ COE result က May 16th သိရပါမယ်ရှင်။
July intake မှာ လဲ ကံကောင်းကြပါစေရှင်။
JULY JLPT N3 ဖြေဆိုမည့်သူများ သိစေရန် 👇
၂၀၂၄ ခုနှစ် ဇူလိုင်လ JLPT စာမေးပွဲ Online Application N3 လျှောက်လွှာတင်သူများ သို့ အသိပေးခြင်း
ယနေ့ (၁၁.၃.၂၀၂၄) ရက်နေ့တွင် JLPT စာမေးပွဲ Online Application လျှောက်ထားကြရာ အချိန်တိုအတွင်း လူအများအပြား ဝင်ရောက်ခဲ့ပြီး၊ JLPT Website အား refresh ပြုလုပ်ခြင်းများကြောင့် Server error ဖြစ်၍ Website အား ခေတ္တအသုံးပြုခွင့် မရနိုင်ပါ။
ပြင်ဆင်မှုများ ဆောင်ရွက်နေဆဲဖြစ်ပြီး လျှောက်ထားသူများအားလုံး နေ့လယ် ၂ နာရီ နောက်ပိုင်းမှသာ JLPT Website သို့ ပြန်လည်ဝင်ရောက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အဆင်မပြေမှု ဖြစ်ပေါ်ခြင်းအား အနူးအညွတ်တောင်းပန်အပ်ပါသည်။
ဆက်သွယ်ရန်
01-757 1015 (Ext: 1)
(မနက် ၉နာရီမှ ညနေ ၄နာရီအတွင်း)
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the school
Telephone
Website
Address
No. 87, Sanchaung Township
Yangon
No. 5 (B/3), 2nd Floor, U Tun Lin Chan Street. Hledan , Kamaryut Township
Yangon, 11041
English Language School (Online Classes & In-Person Classes)
Yangon
အင်္ဂလိပ်ဘာသာစကား လေ့လာရန်၊ အသုံးချရန် မဝံ့မရဲ ဖြစ်နေသူများ အားလုံးအတွက် . . .
No. 128, 3rd Floor, Yankin 12 Lonetan Bus Stop, Yankin Township
Yangon, 11081
လုပ်ငန်းခွင်အတွက်လိုအပ်သော ဘာသာစကားသင်တန်းများကို အခြေခံမှစ၍သင်ကြားပေးနေပါပြီ။
No 34 (2nd Floor)၊ Baho Road & Corner Of Aung Chan Thar Street, (Near Asia Royal Hospital) , Sanchaung Tsp
Yangon, 11111
A Great Place For Your English Journey Which Aims To Broaden Your Education Horizon With Affordable World-Standards Education.
No. 114, 2nd Floor, Sanchaung Street, Sanchaung Township
Yangon
Intensive Training Classes For IELTS.
Yangon
တူရကီဘာသာစကား လေ့လာသင်ယူလိုသူများအ