Coolest

Coolest

You may also like

Vilvam Constructions
Vilvam Constructions

# > Do you want to install a new Air Con?
# > Do you want to repair an old Air Con?

11/04/2024

💦💦💦မင်္ဂလာပါ
🙏ကျေးဇူးရှင် မိတ်ဟောင်းမိတ်သစ်များအားလုံး သင်္ကြန်တွင်း ဆိုင်ပိတ်ရက်အဖြစ် 12.4.2024 မှ 17.4.2024 ထိ ခေတ္တခဏပိတ်ထားမည် ဖြစ်ကြောင်း ကြိုတင်အသိပေး မေတ္တာရပ်ခံပါတယ်ခင်ဗျာ🙏
🙏ယခုလိုပူလောင်နေသောရာသီဥတုမှာ သင်္ကြန်ပိတ်ရက်အဖြစ် ခေတ္တခဏပိတ်လိုက်ရသည့်အတွက်လဲ အနူးအညွန့်တောင်းပန်ပါတယ်ခင်ဗျာ🙏
🙏ကျေးဇူးရှင် မိတ်ဟောင်းမိတ်သစ်များအားလုံး မြန်မာနှစ်သစ်ကူးအချိန်အခါ သမယမှာ အားလုံးဘဲ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းတွေနဲ့ပြည့်စုံပြီး စီးပွါးလာဘ်လာဘများ တိုးပွားကြပါစေ လို့
Coolest ( Air Con Sale & Service )မှ
🙏ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ🙏

#သင်္ကြန်

Photos from Coolest's post 11/04/2024

Maintenance & Service & Repairing
ဇနိတာရာမကျောင်းတိုက်

Photos from Coolest's post 11/04/2024

Free Service & Repairing
မိုးကုတ်ဇနိတာရာမကျောင်းတိုက်

Photos from Coolest's post 11/04/2024

PSH Private School
Reception Room

10/04/2024

အဲကွန်းလေးတွေ အိမ်မှာသုံးနေပေမဲ့ ရီမုဒ်လေးတွေကို သေချာမသုံးတတ်ကြဘူး ဟုတ်တယ်ဟုတ် 😊

ဒါပေမဲ့ သိထားဖို့ ကအရမ်းအရေးကြီးပါတယ်ဒီနေ့ အဲကွန်း ရီမုဒ်လေးရဲ့ အသုံးပြုပုံလေးပြောပြပေးပါ့မယ် …

ပထမဆုံးပြောမယ်ခလုတ်လေး က ❤️On / Of ခလုတ်လေးပါ သူကတော့ အဖွင့် အပိတ်ခလုတ်လေးပါ ဒီခလုတ်လေးကိုတော့ အများစုကသိကြပါတယ်

နောက်တစ်ခုက ✳️Mode ဆိုတဲ့ ခလုတ်လေးပါ ဒီခလုတ်လေးကတော့ အရမ်းအရေးပါပါတယ် ဒီခလုတ်လေးကိုကောင်းကောင်းမသုံးတတ်လို့ အဲကွန်းပြင်ဆိုင်ပို့မိတဲ့ အဖြစ်မျိုးကြုံဖူးတဲ့သူတွေအများကြီးကြုံဖူးပါတယ်
Mode ဆိုပြီး အပြည့်အစုံရေးမထားရင် M ဆိုတဲ့ သင်္ကေတလေး ပါပါတယ်… အဲဒါလေးကဘာတွေလုပ်ဆောင်လဲဆိုတော့ အဆင့်ငါးဆင့်လုပ်ဆောင်ပါတယ်

ပထမတစ်ချက်နှိပ်ရင် Auto ဆိုပြီးပေါ်လာပါတယ်
🔸Auto အနေအထားမှာဆိုရင် အခန်းအပူချိန်-ပန်ကာလည်နှုန်း- Outdoor unit အဖွင့်အပိတ်နဲ့လည်ချိန်တွေကို အဲကွန်းထဲက Processor ကသူဟာသူ အလုပ်ပေးပါလိမ့်မယ်

ဒုတိယတစ်ချက်နှိပ်ရင် Cool ဆိုပြီးပေါ်လာပါလိမ့်မယ်
🔸Cool အနေအထားမှာဆိုရင် အဲကွန်းက အေးနေပါလိမ်မယ်
ဒီအချိန်မှာ Out door unit တခုလုံး အလုပ်လုပ်နေပါလိမ့်မယ်။သုံးစွဲသူက နှိပ်ထားတဲ့ အခန်းအပူချိန် အောက် မရောက်မချင်း အဲကွန်းက လည်နေပါလိမ့်မယ်…

တတိယတစ်ချက် နှိပ်ရင် Dry ဆိုပြီးပေါ်လာပါလိမ့်မယ်
🔸Dry mode မှာလည်းအဲကွန်းက အေးနေပါမယ်။ ဒီအချိန်မှာ အေးရုံသာမက အခန်းတွင်းက ရေငွေ့ပမာဏကိုလည်း Cool နှိပ်ထားချိန်ထက် ပိုပြီး လျှော့ချပေးပါလိမ့်မယ်။

စတုတ္ထတစ်ချက်နှိပ်ရင် Heat ဆိုပြီးပေါ်လာပါလိမ့်မယ်
🔸Heat ဆိုတာကိုနှိပ်ထားပြီး ချိန်ထားမယ်ဆိုရင်တော့ အဲကွန်းက အပူအအေးနှစ်မျိုး သုံးလို့ရတဲ့ ဟာဆိုရင်တော့ အခန်းတွင်းက Info or က အပူကွိုင်ဖြစ်သွားပြီး Outdoor unit က အအေးကွိုင်အဖြစ် ပြောင်းပြန်အလုပ်လုပ်ပေးပါလိမ့်မယ်။

နောက်ဆုံးတစ်ချက်နှိပ်ရင်တော့ Fan ဆိုပြီးပေါ်လာပါလိမ့်မယ်…
🔸Fan ဆိုတဲ့ အနေအထားမှာနှိပ်ထားပြီး ချိန်ထားရင်တော့ အဲကွန်း Outdoor ကအလုပ်မလုပ်ပဲ Indoor ပန်ကာပဲ အလုပ်လုပ်ပါလိမ့်မယ်။ အခန်းတွင်းမအေးတော့ပါ။ ပန်ကာချည်းသာ လည်နေလို့ဖြစ်ပါတယ်

🔴တချို့ဆို ရီမုတ်ကွန်ထရိုးမှာ ဒီအခြေအနေကို နှိပ်ထားပြီး အဲကွန်းမအေးလို့ဆိုပြီး ပြင်တဲ့သူတွေ လှမ်းခေါ်တော့ လမ်းစရိတ်ကုန်တာမျိုး ရှိတတ်ပါတယ်။

✳️Temp လို့ရေးထားတဲ့ အခန်းရဲ့လေထု အပူချိန်ကို ကိုယ်လိုသလိုချိန်ဖို့ ဘယ် ညာ မြှားနှစ်ခု နဲ့ရေးထားတဲ့ အပူချိန်ချိန်ညှိခလုပ်ပါ။ အခန်းရဲ့ အပူချိန်ကို ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်စေမည့် အပူချိန် အနည်းအများကို ချိန်ရာမှာ သုံးပါတယ်။ နှိပ်တဲ့အချိန်မှာ အဲကွန်း Indoor ရဲ့ ဆင်ဆာနေရာ ကိုချိန်ပြီး နှိပ်ဖို့လိုပါတယ်။ လူတစ်ယောက်အတွက် သက်သောင့်သက်သာဖြစ်တဲ့ အပူချိန်က ရာသီအလိုက်မှာရှိတဲ့ ပတ်ဝန်းကျင်အပူချိန်လိုက်လို့ နေ့ညလိုက်လို့ အပြောင်းအလဲရှိပါတယ်။ အဲကွန်းဖွင့်ထားပေမယ် သတိရမနေစေပဲ ကိုယ့်အတွက် ချမ်းမှန်း ပူအိုက်မှန်း သိမနေစေတဲ့ အပူချိန်ကတော့ အကောင်းဆုံးပါပဲ။

✳️Fan လို့ရေးထားတဲ့ အဲကွန်း Indoor ရဲ့အထဲက ပန်ကာ အမြန်နှုန်းကိုချိန်တဲ့ခလုပ်တခု ပါ ပါလိမ့်မယ်။ သူရဲ့အသုံးက..ပန်ကာ အမြန်နှုန်းကို အမြန်(Hi)၊ အလည်အလတ်(M)၊ အနှေး(L) ချိန်ပေးရာမှာသုံးပါတယ်။ တစ်ချက်နှိပ်ရင် တမျိုးပြောင်းပါတယ် H-M-Lအစဉ်လိုက် ပြောင်းနေပါလိမ့်မယ်။ အများစု ရီမုတ်တွေမှာတော့ မှန်ပြင်ထဲမှာ အတုံးအကြီး ၊အလတ်၊ အသေး ပြောင်းသွားတဲ့ပုံစံနဲ့ ပြပါလိမ့်မယ်။ ညအိပ်ချိန်တွေမှာတော့..အနှေး (L) မှာထားခြင်းဖြင့် ဆူညံမှုကို သက်သာစေနိုင်ပါတယ်။

✳️Swing ဆိုတာကို တချက်ချင်းစီ နှိပ်ပြီး အဲကွန်း Indoor Unit ရဲ့ ရှေ့က Louvre ကို အပေါ်အောက် ကစားတာနဲ့ ကိုယ်ကြိုက်တဲ့နေရာမှရပ်ဖို့စောင့်ပြီး နှိပ်လိုက်တာနဲ့ အသေရပ်သွားဖို့ လုပ်နိုင်ပါတယ်။

✳️Timer ဆိုတဲ့ ခလုပ်နဲ့ အပူချိန် အတိုးအလျော့ မြှားတွေနဲ့ ပေါင်းစပ်နှိပ်ပြီးအဲကွန်း ကိုကြိုက်တဲ့အချိန်မှာ ပိတ်ဖို့ ကြိုက်တဲ့အချိန်မှာ ပြန်လည်စေဖို့ အချိန်သတ်မှတ် ပေးထားနိုင်ပါတယ်။ Turbo ဆိုတဲ့ ခလုပ်ပါခဲ့ရင်တော့ အဲကွန်း Indoor fan ကို အရှိမြန်မြန် နဲ့လည်ဖို့ ဖြစ်သွားပါလိမ့်မယ်။

အဲကွန်း ရီမုတ် ကိုနှိပ်တဲ့အခါ✳️ Indoor unit ရဲ့ ဆင်ဆာ ကို သေချာချိန်ပြီး နှိပ်မှာသာ ကိုယ်လိုချင်တဲ့ ချိန်ဆမှုကို ရမယ်လို့ သတိပေးချင်ပါတယ်။ ရီမုတ်အလုပ်လုပ်ရင် အဲကွန်းကနေ ” တီ” ဆိုတဲ့အသံလေးက နှိပ်လိုက်တိုင်း ကြားနေရတတ်ပါတယ်

Copy #
Photo credit #

04/04/2024

အခန်းအကျယ်အပေါ်မူတည်ပြီး အဲကွန်းဘယ်နှစ်ကောင်တပ်ရမလဲ တွက်နည်း

အခန်းတခန်းကို အဲကွန်းစက်ဘယ်လောက်စက်ကို တပ်ရမလဲသိပ်မရှင်းဘူးဆိုလို့ ရေးပြီးတင်ပေးလိုက်ပါတယ်ဗျ။
အင်ဂျင်နီယာနည်းပညာအရ တွက်နည်းကအသေးစိတ်တွက်ရပေမယ့််သာမာန်လူတိုင်းနားလည်ဖို့ တွက်နည်းအကြမ်းတင်ပေးလိုက်ပါတယ်ဗျ။
နေ့တနေ့ရဲ့ပျမ်း မျှအပူချိန် 70’F နဲ့ 90’F ကြားရှိတဲ့နှစ်ထပ် သုံးထပ် လေးထပ်တိုက်တခုလုံးမှာရှိတဲ့သာမာန်နေအိမ် ၊ရုံးခန်းတွေအတွက်ဆိုရင် ဒီအတိုင်းစိတ်ချလက်ချတွက်လို့ရပါတယ်။
ပထမဆုံးအခန်းရဲ့ထုထည်ကို ကိုကုဗပေနဲ့ရှာပါ။
ဥပမာ အလျား=15ft အနံ=10ft
အမြင့်=10 ft ရှိတဲ့ အုတ်နံရံကါ၊ပြူတင်းပေါက်ဧရိယာက 25 Sqft အောက်ရှိတဲ့၊လူ ၄ ယောက်အောက်နေတဲ့အခန်းဆိုပါတော့
အခန်းရဲ့..အလျားxအနံxအမြင့် မြှောက်ရင် ထုထည်ရမယ်..1510ftx10ft=1500 ft3 ဆိုပါတော့
အဲဒါကို….အောက်က ဖော်ပြထားတဲ့အခန်းအနေအထားပေါ်မူတည်လို့်ပေးထားတဲ့ ကိန်ဂဏန်းနဲ့မြှောက်ရင်အခန်းရဲ့ စွန့်ထုတ်ရမည့် စက်ရဲ့ BTU ကိုရပါတယ်။
အဲဒီ BTU စုစုပေါင်းကို..8000 နဲ့စားရင်မြင်းကောင်းရေ..ဘယ်နှစ်ကောင်ဆိုတာရပါတယ်။
အခန်းအမျိုးအစား(၁)
လူနည်းနည်းနေတဲ့၊အုတ်နံရံကာ၊မျက်နှာကြက်လုံံအခန်းဆိုတဲ့အတွက်6 နဲ့ထပ်မြှောက်ရပါမယ်။ဒီအခန်းအတွက်ဆိုရင်1500 ft3 x 6=9000 Btu8000 နဲ့ စာတော့ (1.1 Hp)ကျော်ကျော်ရပါတယ်။အရပ်ပြောပြောရရင် 1 Hp တကောင် စက်တပ်ရမယ်လို့ဆိုတာပါ။
အခန်းအမျိုးအစား(၂)လူတော့နည်းတယ် အထပ်သား၊သစ်သားကာထားတယ်၊မျက်နှါကြက်လုံတယ်ဆိုရင်..9 နဲ့ထပ်မြှောက်ရပါမယ်။
ဒီအခန်းအတွက်ဆိုရင် 1500 ft3x 9=13500 Btu8000 နဲ့စားရင်(1.5 Hpတကောင်ခွဲ ကျော်ကျော်ရပါတယ်)
ကျန်တဲ့အခန်းပုံစံတွေလည်း ဒီအတိုင်းနမူနာယူတွက်သွားနိုင်ပါတယ်။
အခန်းအမျိုးအစား(၃)
အုတ်နံရံကာအခန်း၊လူတော့နည်းတယ်၊မှန်တွေက အခန်းနံရံရဲ့ ဧရိယာရဲ့ သုံးပုံတပုံကျော်ကာထားတယ်၊မျက် နှာကြက်ကအပူလုံတယ်ဆိုရင်လည်း 9 နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၄)
အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအသင့်အတင့်နဲ့အစည်းအဝေးခန်း၊အားကစားခန်းမဖြစ်နေတယ်၊မျက် နှာကြက်အပူလုံဆိုရင်လည်း ၉နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၅)
အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအများနဲ့ အစည်းအဝေးခန်းဆိုရင် 12 နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၆)
အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူနည်းတယ်၊မျက်နှာကြက်လုံတယ် ပြူတင်းပေါက်အများကြီးကျယ်တဲ့နံရံတွေရှိတဲ့အစည်းအဝေးခန်းဆိုရင်လည်း 12 နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၇)
အိပ်ခန်း၊ဧည့်ခန်းပဲ အုတ်နံရံကာ၊ပြူတင်းပေါက်နည်း၊ မျက်နှာကြက်လုံတဲ့ လူအတော်အသင့်များရင် 7.5 နဲ့မြှောက်ရပါမယ်
နောက်ထပ် ဥပမာတခုထပ်တွက်ပြရရင်အစည်းအဝေးခန်းတခုလူများတယ်ပြူတင်းပေါက်နည်းတယ်ပုံမှန်ပဲအုတ်နံရံကာ..မျက်နှာကြက်လုံတယ်
အလျား။ 40 ft
အနံ။20 ft
အမြင့်။12 ft ရှိတဲ့အခန်းဆိုပါတော့
အခန်းထုထည်=40x 20 x 12=9600 ft3သူကို့ အပေါ်ကဖော်ပြထားတဲ့အခန်အမျိုးအစားအရ12 နဲ့မြှောက်ရပါမယ်။အဲဒါဆိုရင်9600x 12 =115200 Btu ရပါမယ်
အဲဒါဆိုရင်
115200 ကို 8000 နဲ့ စားရင် 14.4 Hp ရပါမယ်။
1 Hp ၁၄ လုံးတပ်ရင်တပ်(တကောင် 14 လုံး)
1.5 Hp ၁၀ လုံးတပ်ရင်တပ်
3 Hp ၅ လုံးတပ်ရင်တပ် တခုခုကိုတပ်ပေးလို့ရပါပြီ။
စက်တွေကိုနေရာချရင်သာလူတိုင်းစီကို လေဖြန့်ဖြူးနိုင်တဲ့ နေရာနဲ့ချိန်ပြီးတပ်ရုံပါ။
အဓိကမှတ်ရမှာကတော့ပျဉ်ထောင်အိမ်၊ထရံကာမျက်နှာကျက်မရှိတဲ့မလုံတဲ့အဆောက်အဦးအဦးတွေအတွက်ကတော့..
အဲကွန်းတပ်ဖို့အဆင်မပြေသလို၊သင့်လည်းမသင့်တော်ပါဘူး။သာမာန်လူသက်သာယုံပဲရပါမယ်။သေချာတွက်လို့လည်းမရပါဘူးဗျ။
1 Ton အိမ်သုံးအဲကွန်းအသေးဟာ
လျှပ်စစ် Power Input1119 Watts(1.119 Kw)
1.5 Hp (1 HP=746 Watts)(တကောင်ခွဲ)နဲ့ညီပါတယ်။
Cooling Capacity အနေနဲ့12000 Btu
3500Watt(3.5 KW)3024 Kilo Calories(Kcal)နဲ့ညီပါတယ်။
အဲဒါတွေက..စက်ရဲ့ဘေးName plate မှာ ဘယ်လောက် Cooling capacity ရှိတယ်ဘယ်လောက် power input ရှိတယ်ရေးထားပါ
တယ်။Cooling capacity တူပြီးPower input နည်းတဲ့ တနည်းအားဖြင့််လျှပ်စစ်ဝပ် နည်းတဲ့စက်ကိုရွေးချယ်တပ်ဆင်သင့်ပါတယ်။
Unicode
အခန်းအကျယ်အပေါ်မူတည်ပြီး အဲကွန်းဘယ်နှစ်ကောင်တတ်ရမလဲ တွက်နည်း
အခန်းတခန်းကို အဲကွန်းစက်ဘယ်လောက်စက်ကို တပ်ရမလဲသိပ်မရှင်းဘူးဆိုလို့ ရေးပြီးတင်ပေးလိုက်ပါတယ်ဗျ။
အင်ဂျင်နီယာနည်းပညာအရ တွက်နည်းကအသေးစိတ်တွက်ရပေမယ့်သာမာန်လူတိုင်းနားလည်ဖို့ တွက်နည်းအကြမ်းတင်ပေးလိုက်ပါတယ်ဗျ။
နေ့တနေ့ရဲ့ပျမ်း မျှအပူချိန် 70’F နဲ့ 90’F ကြားရှိတဲ့နှစ်ထပ် သုံးထပ် လေးထပ်တိုက်တခုလုံးမှာရှိတဲ့သာမာန်နေအိမ် ၊ရုံးခန်းတွေအတွက်ဆိုရင် ဒီအတိုင်းစိတ်ချလက်ချတွက်လို့ရပါတယ်။
ပထမဆုံးအခန်းရဲ့ထုထည်ကို ကိုကုဗပေနဲ့ရှာပါ။
ဥပမာ အလျား=15ft အနံ=10ft
အမြင့်=10 ft ရှိတဲ့ အုတ်နံရံကါ၊ပြူတင်းပေါက်ဧရိယာက 25 Sqft အောက်ရှိတဲ့၊လူ ၄ ယောက်အောက်နေတဲ့အခန်းဆိုပါတော့
အခန်းရဲ့..အလျားxအနံxအမြင့် မြှောက်ရင် ထုထည်ရမယ်..1510ftx10ft=1500 ft3 ဆိုပါတော့
အဲဒါကို….အောက်က ဖော်ပြထားတဲ့အခန်းအနေအထားပေါ်မူတည်လို့်ပေးထားတဲ့ ကိန်ဂဏန်းနဲ့မြှောက်ရင်အခန်းရဲ့ စွန့်ထုတ်ရမည့် စက်ရဲ့ BTU ကိုရပါတယ်။
အဲဒီ BTU စုစုပေါင်းကို..8000 နဲ့စားရင်မြင်းကောင်းရေ..ဘယ်နှစ်ကောင်ဆိုတာရပါတယ်။
အခန်းအမျိုးအစား(၁)
လူနည်းနည်းနေတဲ့၊အုတ်နံရံကာ၊မျက်နှာကြက်လုံံအခန်းဆိုတဲ့အတွက်6 နဲ့ထပ်မြှောက်ရပါမယ်။ဒီအခန်းအတွက်ဆိုရင်1500 ft3 x 6=9000 Btu8000 နဲ့ စာတော့ (1.1 Hp)ကျော်ကျော်ရပါတယ်။အရပ်ပြောပြောရရင် 1 Hp တကောင် စက်တပ်ရမယ်လို့ဆိုတာပါ။
အခန်းအမျိုးအစား(၂)လူတော့နည်းတယ် အထပ်သား၊သစ်သားကာထားတယ်၊မျက်နှါကြက်လုံတယ်ဆိုရင်..9 နဲ့ထပ်မြှောက်ရပါမယ်။
ဒီအခန်းအတွက်ဆိုရင် 1500 ft3x 9=13500 Btu8000 နဲ့စားရင်(1.5 Hpတကောင်ခွဲ ကျော်ကျော်ရပါတယ်)
ကျန်တဲ့အခန်းပုံစံတွေလည်း ဒီအတိုင်းနမူနာယူတွက်သွားနိုင်ပါတယ်။
အခန်းအမျိုးအစား(၃)
အုတ်နံရံကာအခန်း၊လူတော့နည်းတယ်၊မှန်တွေက အခန်းနံရံရဲ့ ဧရိယာရဲ့ သုံးပုံတပုံကျော်ကာထားတယ်၊မျက် နှာကြက်ကအပူလုံတယ်ဆိုရင်လည်း 9 နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၄)
အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအသင့်အတင့်နဲ့အစည်းအဝေးခန်း၊အားကစားခန်းမဖြစ်နေတယ်၊မျက် နှာကြက်အပူလုံဆိုရင်လည်း ၉နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၅)
အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအများနဲ့ အစည်းအဝေးခန်းဆိုရင် 12 နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၆)
အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူနည်းတယ်၊မျက်နှာကြက်လုံတယ် ပြူတင်းပေါက်အများကြီးကျယ်တဲ့နံရံတွေရှိတဲ့အစည်းအဝေးခန်းဆိုရင်လည်း 12 နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၇)
အိပ်ခန်း၊ဧည့်ခန်းပဲ အုတ်နံရံကာ၊ပြူတင်းပေါက်နည်း၊ မျက်နှာကြက်လုံတဲ့ လူအတော်အသင့်များရင် 7.5 နဲ့မြှောက်ရပါမယ်
နောက်ထပ် ဥပမာတခုထပ်တွက်ပြရရင်အစည်းအဝေးခန်းတခုလူများတယ်ပြူတင်းပေါက်နည်းတယ်ပုံမှန်ပဲအုတ်နံရံကာ..မျက်နှာကြက်လုံတယ်
အလျား။ 40 ft
အနံ။20 ft
အမြင့်။12 ft ရှိတဲ့အခန်းဆိုပါတော့
အခန်းထုထည်=40x 20 x 12=9600 ft3သူကို့ အပေါ်ကဖော်ပြထားတဲ့အခန်အမျိုးအစားအရ12 နဲ့မြှောက်ရပါမယ်။အဲဒါဆိုရင်9600x 12 =115200 Btu ရပါမယ်
အဲဒါဆိုရင်
115200 ကို 8000 နဲ့ စားရင် 14.4 Hp ရပါမယ်။
1 Hp ၁၄ လုံးတပ်ရင်တပ်(တကောင် 14 လုံး)
1.5 Hp ၁၀ လုံးတပ်ရင်တပ်
3 Hp ၅ လုံးတပ်ရင်တပ် တခုခုကိုတပ်ပေးလို့ရပါပြီ။
စက်တွေကိုနေရာချရင်သာလူတိုင်းစီကို လေဖြန့်ဖြူးနိုင်တဲ့ နေရာနဲ့ချိန်ပြီးတပ်ရုံပါ။
အဓိကမှတ်ရမှာကတော့ပျဉ်ထောင်အိမ်၊ထရံကာမျက်နှာကျက်မရှိတဲ့မလုံတဲ့အဆောက်အဦးအဦးတွေအတွက်ကတော့..
အဲကွန်းတပ်ဖို့အဆင်မပြေသလို၊သင့်လည်းမသင့်တော်ပါဘူး။သာမာန်လူသက်သာယုံပဲရပါမယ်။သေချာတွက်လို့လည်းမရပါဘူးဗျ။
1 Ton အိမ်သုံးအဲကွန်းအသေးဟာ
လျှပ်စစ် Power Input1119 Watts(1.119 Kw)
1.5 Hp (1 HP=746 Watts)(တကောင်ခွဲ)နဲ့ညီပါတယ်။
Cooling Capacity အနေနဲ့12000 Btu
3500Watt(3.5 KW)3024 Kilo Calories(Kcal)နဲ့ညီပါတယ်။
အဲဒါတွေက..စက်ရဲ့ဘေးName plate မှာ ဘယ်လောက် Cooling capacity ရှိတယ်ဘယ်လောက် power input ရှိတယ်ရေးထားပါ
တယ်။Cooling capacity တူပြီးPower input နည်းတဲ့ တနည်းအားဖြင့်လျှပ်စစ်ဝပ် နည်းတဲ့စက်ကိုရွေးချယ်တပ်ဆင်သင့်ပါတယ်။

#မူရင်းရေးသားသူအား

Photos from Coolest's post 27/03/2024

AUX FE Inverter 1.0Hp 1.5Hp
ပစံပြရပ်ကွက် သြဘာလမ်း

26/03/2024

အခုခေတ်ကာလမှာ ပညာတန်ဖိုးကို ငွေကြေးအနေနဲ့သာမြင်ပီး တန်ဖိုးဖြတ်နေကြတာ အမြဲကြုံတွေ့နေရတယ်🙂

အတွေ့အကြုံက စျေးကြီးတယ်
"""""""""""""""""""""""""""""""""""""""""""

ဧရာမသင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။
မည်သူမျှ မပြုပြင်နိုင်ကြ။
ထို့ကြောင့် အတွေ့အကြုံ နှစ် ၄၀ ကျော်ရှိသော
စက်ပြင်အင်ဂျင်နီယာထံ ပို့လိုက်ကြလေသည်။

စက်ပြင်ဆရာက အင်ဂျင်ကို အပေါ်ကနေ အောက်အထိ
သေသေချာချာစစ်ဆေးသည်။

အားလုံးကိုစစ်ပြီးနောက် အင်ဂျင်နီယာသည် အိတ်ထဲမှ
တူလေးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

အင်ဂျင်စက် တစ်နေရာ ကို ညင်သာစွာ ခေါက်လိုက်သည်။
မကြာခင်မှာ အင်ဂျင်ပြန်အသက်ဝင်လာသည်။
အားလုံးကောင်းသွားလေပြီ။

အင်ဂျင်နီယာက ဧရာမသင်္ဘောကြီးကို ပြုပြင်ရန်
စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ 10,000 - တစ်သောင်း
ဖြစ်ကြောင်း ပိုင်ရှင်ကို ပြောကြားခဲ့ပါသည်။

"ဘယ်လို.....?" ဟု ပိုင်ရှင်က မကျေမနပ် နှင့် မေးသည်။

"မင်း ဘာမှ ပြင်ရတာလဲမဟုတ်ဘူး ငါ့ကို အသေးစိတ်
ဘေလ်ရေးပေးပါ။"

စက်ပြင်ဆရာက
ဘေလ်ထဲမှာ ဤကဲ့သို့ ရေးလိုက်ပါတယ်..

- တူဖြင့် ခေါက်ခက- $2 နှစ်ဒေါ်လာ။
ဘယ်နေရာကိုခေါက်ရမယ် နှင့် ဘယ်နှစ်ချက် ခေါက်ရမယ်ဆိုတာ
အတွက် ပညာကြေးက - $9,998
( ကိုးထောင်ကိုးရာကိုးဆယ့်ရှစ်ဒေါ်လာ ) ဟူ၍ဖြစ်သည်။

သတိပြုစရာ.....

တစ်ခါတလေမှာ -
"လွယ်လွယ်လေး " နဲ့ "ဒါလေးပဲဟာ" ဆိုတဲ့ စကားလုံးတွေကို
ဘေးဖယ်ထားသင့်ပါတယ်။
ပညာရှင်တယောက်ဟာ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုရရန်
အများကြီး ကြိုးစားခဲ့ရပါတယ်။

(အလုပ်တစ်ခုကို မိနစ် 30 နှင့် ပြီးလျှင်၊ ဤကဲ့သို့ မိနစ် 30 နဲ့
ပြီးသွားအောင် 10 နှစ်လောက် အချိန်ပေး လေ့လာ
သင်ယူခဲ့ရခြင်းဖြစ်သည်။
ဒါကြောင့်ပေးရတဲ့လုပ်ခဟာ ဆယ်နှစ် လောက်လေ့လာခဲ့ရတဲ့
ပညာကြေးပါ။မိနစ် 30 ရဲ့ ကြာချိန် အတွက်မဟုတ်ပါဘူး။ )

ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံက စျေးကြီးပါတယ်။

ကံမကောင်းစွာပဲ၊ ကျွန်တော်တို့ဟာ အခုချိန်ထိ လူတယောက်ရဲ့
လုပ်အားခကို ကြာချိန်နဲ့ တွက်ဆနေကြတုန်းပါပဲ။

Photos from Coolest's post 25/03/2024

Chigo Non Inverter 1.0Hp
Find Wifi Sever

Photos from Coolest's post 25/03/2024

Summit Non Inverter 1.0Hp
ပုပ္ပါးအစာစက်

Photos from Coolest's post 13/03/2024

Chigo Non Inverter 1.0Hp
Find Wifi Home
သံန္ဓေပင် မှော်ဘီ

Photos from Coolest's post 04/03/2024

AUX Non Inverter 1.0Hp

ရွာမ ကန်စွန်းကုန်းလမ်း

Photos from Coolest's post 04/03/2024

Chigo R22 1.0Hp
စျေးရပ်ကွက် ပျဥ်းမမြိုင်လမ်း

Photos from Coolest's post 02/03/2024

ပုံအကုန်လုံး မရိုက်နိုင်ခဲ့လို့ ရှိတဲ့ပုံလေးနဲ့ပဲ

PSH Private School Maintenance & Service
( 35 Units )

Photos from Coolest's post 16/02/2024

Hisense Non Inverter 1.0Hp 2.0Hp
Find Wifi မှော်ဘီ

Photos from Coolest's post 16/02/2024

Aufit Non Inverter
တိုးချဲ့ ဒေါနလမ်း

Photos from Coolest's post 15/02/2024

Samsung Triangle 1.0Hp
အမှတ် ၁၃၆ ပါရမီလမ်း

Photos from Coolest's post 13/02/2024

Instllation Finished

တိလောက ဦးဖိုးသင်းလမ်း

Photos from Coolest's post 08/02/2024

Mitsubishi Mr.Slim
Chigo Non Inverter 1.0Hp

အောင်စည်စတိုး

Photos from Coolest's post 08/02/2024

Shimazu Inverter 1.0Hp

ဒလပေါင်ကျေးရွာ

Photos from Coolest's post 07/02/2024

AUX Non Inverter 1.0Hp
တောရ ၁လမ်း

Photos from Coolest's post 26/01/2024

ထိန်စွန်း ၁၀လမ်း

Photos from Coolest's post 26/01/2024

ကြက်ဖြူကန်

Photos from Coolest's post 14/01/2024

Real PreSchool
တိလောကရပ်ကွက်

Photos from Coolest's post 14/01/2024

Aufit Inverter 1.0Hp
မှော်ဘီ 16 ပန်းတစ်ပွင့်တောင်လမ်း

Photos from Coolest's post 03/01/2024

နှစ်သစ် 1.1.2024 မှာ Installation တွေနဲ့စခဲ့ပေမယ့် မရိုက်ခဲ့လိုက်ရလို့ ခုမှ ရိုက်မိသော Installation

MCG Non Inverter 1.0Hp

ဧကရာဇ်ရပ်ကွက် ( သိန်းညီနောင် )

Photos from Coolest's post 31/12/2023

တိလောကရပ်ကွက် 31.12.2023

Bye Bye 2023

Warmly Welcome to 2024 New Year

🎊🎉၂၀၂၄ ခုနှစ် မင်္ဂလာနှစ်သစ်တွင် မိသားစုများ မိတ်ဆွေ သူငယ်ချင်းများအားလုံး ထမင်းရှင်
ဧည့်သည်တော်ကြီးများအားလုံး ဘေးဘယာဝေးကွာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် စီးပွားလာဘ်လာဘများ ဒီရေအလားတိုးတက်ကြီးပွားကြပါစေကြောင်း Coolest ( Air Con Sale & Service ) မိသားစု မှ
ဆုမွန်ကောင်း တောင်းအပ်ပါသည်။
🙏🙏🙏

Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Telephone

Website

Address


Htauk Kyant, Mingalardon Township
Yangon
11021

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 12:00

Other Heating, ventilating & air conditioning in Yangon (show all)
Golden Eagle Aircon Sale & Service Golden Eagle Aircon Sale & Service
No. 67 Nawarat 11st, 8 Ward, Thaketa Township
Yangon, 11231

Aung Brothers Aircon, Refrigerator and Washing Machine Service Aung Brothers Aircon, Refrigerator and Washing Machine Service
78လမ်းဆုံ မြောက်ဒဂုံ
Yangon

AUNG MYAT Enginnering group AUNG MYAT Enginnering group
No. 144. 8 Street( 1)Quarter Mayangon Township
Yangon

Mahar Engineering Service Mahar Engineering Service
No. 826/U Kyin Au St/32 Qtr/Northdagon
Yangon, 123

မှန်ကန်သော ဈေးနှုန်း စစ်မှန်သော စေတနာ ခိုင်မာသော အာမခံ

A.M.K Air Con Services A.M.K Air Con Services
Baho Street
Yangon

Own business

Family Air-Con Sale & Service Family Air-Con Sale & Service
No. 65, Bayint Naung Road, Yangon(North Dagon)
Yangon, 11111

Air-Conများအတွက် ၂၄နာရီ ဝန်ဆောင်မူပေးနေသော Service ကိုရှာနေပါသလား။ဒါဆိုရင် ဒီPage ကို Likeလုပ်ထားပါနော်

𝐆𝐋𝐎𝐁𝐀𝐋 - 𝐀𝐢𝐫 𝐂𝐨𝐧 𝐁𝐮𝐲&𝐒𝐞𝐥𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐆𝐋𝐎𝐁𝐀𝐋 - 𝐀𝐢𝐫 𝐂𝐨𝐧 𝐁𝐮𝐲&𝐒𝐞𝐥𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
အမှတ်(၆၅၁)၊ မာဃလမ်းသွယ်(၈)၊ တောင်ဥက္ကလာပမြို့နယ်
Yangon, 11091

Air Con အဟောင်း/အပျက် ရောင်းဝယ်ရေး

Three Star-6 Air-con Sales & Service Three Star-6 Air-con Sales & Service
No. 98, Thudhamma Road, North Okkalapa Township
Yangon, 11111

Air-con နဲ့ ပတ်သတ်လာရင် စိတ်ချရဆုံးက Three Star

Ko Thant Ko Thant
North Dagon
Yangon

Kaung San Kaung San
Lat Wae Thonedaya Street
Yangon

Air-Con Joker Air-Con Joker
Thingaha Street
Yangon

Air-con seconds buying & sale service