M Lyna Khai So No
Nearby shops
Kepong
Jalan Damansara
55100
Jalan Kiara
16800
KL
Jalan
Kishoreganj 1205
Seri Gembira Avenue
56000
Laman Sentral Berjaya
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from M Lyna Khai So No, Shopping & retail, 5Lorong Brunei Selatan, Pudu. ,Kuala Lumpur, Whayah Persekutuan Kuala Lumpur, Kuala Lumpur.
ချစ်သမိးလေး
"ဘေဘီလေးတွေ ခေါင်းပူ/ကျောပူထခြင်း"
ဘေဘီလေးတွေရဲ့ သာမန်ခန္ဓာကိုယ်အပူချိန်ဟာ
36.5C နဲ့ 37.5C ကြားမှာရှိပါတယ်။တခါတလေ
ကလေးတွေဟာ ကိုယ်ပူနေတာ/ဖျားနာနေတာမျိုးမဟုတ်
ဘဲ ခေါင်းပူ ဒါမှ မဟုတ် ကျောပူ နေတာမျိုး ဖြစ်တတ်ပါ
တယ်။ဒါဟာ ဆရာဝန်ပြဖို့အထိ စိုးရိမ်စရာမရှိပါဘူး။
ခန္ဓကိုယ်အေးလာဖို့ အဆင့်ဆင့်လုပ်ဆောင်သွားရမဲ့
အချက်တွေကိုတော့ မေမေတွေအနေနဲ့ သိထားဖို့လိုအပ်
ပါတယ်။ကလေးတွေရဲ့ လက်နဲ့ခြေထောက်တွေဟာ
ဦးခေါင်းထက်ပိုပြီး အေးနေတာ သဘာဝပါ။ကလေးတွေ
ခေါင်းပူ ကျောပူရတဲ့ အကြောင်းရင်းတွေကတော့
(1)အဝတ်အစားထူလွန်းတာ/နွေးလွန်းတာ
ကလေးတွေရဲ့ အရေပြားကနုနယ်တယ်ဆိုပြီး တချို့
က အဝတ်အစားထူထူဝတ်ပေးထားတတ်ကြပါတယ်။အဲ
လိုဆိုရင် ဖျားတာမျိုးမဟုတ်ဘဲ ခေါင်းပူလာတာ ကျော
ပူလာတာ မျိုးဖြစ်တတ်ပါတယ်။ကလေးတွေကို ပေါ့ပါး
တဲ့ ချည်ထည်တွေကို ဝတ်ပေးထားသင့်ပါတယ်။
(2)စိတ်လှုပ်ရှားတာ
ကလေးတွေဟာ သူတို့ရဲ့ဖွံ့ဖြိုးချိန်တွေမှာ လှုပ်ရှားလွန်းတာ စိတ်လှုပ်ရှားတာတွေကြောင့်လည်း
ခန္ဓာကိုယ်အပူချိန် မြင့်လာတတ်ပါတယ်။အဲလိုဖြစ်လာ
ရင် သက်တောင့်သက်သာအနေအထားဖြစ်လာအောင်
ချီပွေ့/ချော့မြှူပေးရပါမယ်။
(3)သွားပေါက်ခြင်း
ကလေးတွေဟာ သူတို့သွားပေါက်ချင်တာမျိုး/သွား
ပေါက်နေတဲ့အခါမျိုးမှာ ခန္ဓာကိုယ်ပူတာ/ခေါင်းပူ ကျော
ပူထတာမျိုးဖြစ်တတ်ပါတယ်။ဒါဟာသွားပေါက်တဲ့
အတွက်ကြောင့် ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုတစ်မျိုးဖြစ်လို့ စိုးရိမ်စရာမလိုပါဘူး။ပါရာစီတမောလ်ဖြစ်ဖြစ်/teething
gel ဖြစ်ဖြစ်တိုက်နိုင်ပါတယ်။
(4)သာမိုမီတာ
ကလေးရဲ့အပူချိန်ကို တိုင်းတဲ့သာမိုမီတာ ဒိတ်လွန်နေတာ မကောင်းတော့တာကြောင့် အပူချိန်
အမြင့်ပြနေတာမျိုး ဖြစ်တတ်ပါတယ်။ဒါကြောင့်
သာမိုမီတာ ကောင်း မကောင်း အမြဲစစ်ဆေးပေးသင့်ပါတယ်
မေမေရဲ့လက်ကအေးနေတာကြောင့် ကလေးနဖူး
စမ်းတဲ့အခါ ဖြစ်တတ်ပါတယ်။ဒါကြောင့် ကလေးကိုယ်
ပူတယ်လို့ သံသယဖြစ်ရင် အပူချိန်ကို နေ့တိုင်းတိုင်းပေးပြီး နေ့တိုင်း အပူချိန်တူနေရင် စိုးရိမ်စရာမရှိပါဘူး။ရေအေးနဲ့ ရေပတ်တိုက်တာမျိုး လုပ်ပေးနိုင်ပါတယ်။
အခန်းတွင်း အပူချိန်ဟာ 25C ထက် မပိုသင့်ပါဘူး။
ကလေးကို ညအခါမှာ ခြေအိတ်မဝတ်ပေးဘဲ
ချည်ထည်ကိုသာ ပေးဝတ်သင့်ပါတယ်။နိုင်လွန်အဝတ်
အထည်တွေဟာလည်း ပူနေပါလိမ့်မယ်။
ကလေးဟာ ခေါင်းပူ ကျောပူရုံသာမက အပူကြီးပြီး
အန်တာ/ဝမ်းလျှောတာမျိုး ဖြစ်လာမယ်ဆိုရင်တော့
ရေဓာတ်ခမ်းခြောက်နိုင်တဲ့အတွက် ဆရာဝန်အမြန်ဆုံး
ပြသသင့်ပါတယ်နော်။
crd
၆လကျော်ကလေးများကို ဖြည့်စွက်စာကျွေးမယ်ဆိုရင်...
_________________________________________________
👶🏻 ကလေးလေးတွေကို မွေးစကနေ ၆လအထိ မိခင်နို့ပဲ တိုက်ရမယ်ဆိုတာ မေမေတို့ သိပြီးသားနေမှာပါ။ ၆လကျော်ရင်လည်း မိခင်နို့ ဆက်တိုက်လို့ရပါသေးတယ်။ ဒါပေမယ့် ကလေးလေးက မေမေနို့နဲ့ မဝတော့ပါဘူး။ တခြားအာဟာရတွေလည်း လိုအပ်လာပါပြီ။
🤗 ဒါကြောင့် မေမေ့ကလေးလေးကို ကျန်းကျန်းမာမာနဲ့ အာဟာရပြည့်ဝအောင် ဘယ်လိုကျွေးမလဲဆိုတာ ပြောပြပေးပါ့မယ်။
👶🏻 ၆လကျော်ရင်
✅ မိခင်နို့အပြင် ဆန်ပြုတ် ဒါမှမဟုတ် ထမင်းပျော့ပျော့ကို ပဲ ဒါမှမဟုတ် အသားတစ်မျိုးမျိုးနဲ့ရောပြီး ၄:၁ အချိုးနဲ့ ကျွေးပေးပါ။
✅ ဆီဇွန်းအသေးနဲ့ တစ်ဇွန်းထည့်ပေးပါ။ ဆားမထည့်ရပါ။
✅ သွားရည်စာအနေနဲ့ ဖီးကြမ်းငှက်ပျောသီးမှည့်ကို ချေပြီး ကျွေးပေးပါ။
✅ တစ်နေ့ နှစ်ကြိမ်မှ သုံးကြိမ် နည်းနည်းနဲ့ ခဏခဏ ကျွေးပေးပါ။
👶🏻 ၆လမှ ၁၂လအထိ
✅ အစာမိတ်ဆက်တာ အဆင်ပြေရင် ပမာဏနည်းနည်းတိုးပေးပါ။
✅ ထမင်းပျော့ပျော့ကို ဆီစမ်းပြီး ငါး၊ အသား၊ ပဲ နှစ်သက်ရာ ထည့်ကျွေးပါ။ ဆားမထည့်ရ။
✅ တစ်နေ့ နှစ်ကြိမ်မှ သုံးကြိမ်ကျွေးပေးပါ။ မိခင်နို့ ဆက်တိုက်ပါ။
✅ ငှက်ပျောသီး၊ သရက်သီး၊ သင်္ဘောသီး စသဖြင့် အသီးပျော့ပျော့တွေ ကျွေးပေးပါ။
👶🏻 ၁၂လမှ ၂နှစ်
✅ မိခင်နို့ သောက်ရင် ဆက်တိုက်ပါ။
✅ မိသားစု စားသော အစားအစာ (အပူအစပ်မှ လွဲပြီး)နဲ့ ထမင်း ၂ကြိမ်၊ ၃ကြိမ် ကျွေးပေးပါ။
✅ ဖြည့်စွက်စာ၊ ဘိန်းမုန့်၊ မုန့်စိမ်းပေါင်း၊ ကောက်ညှင်းပေါင်းများလည်း သွားရည်စာအနေနဲ့ ကျွေးနိုင်ပါတယ်။
🧒🏻 ၂နှစ်မှ ၅နှစ်
✅ ထမင်းနဲ့ ပဲဟင်း ဒါမှမဟုတ် အသား ဒါမှမဟုတ် ငါးစသဖြင့် ကလေးကြိုက်တာ ကျွေးပေးပါ။ ✅ ကြက်ဥ၊ ဘဲဥနဲ့ မကြာမကြာ ကျွေးပေးပါ။
✅ တစ်နေ့ ၃ကြိမ်ကျွေးပါ။
‼️ ကလေးငယ်ကို အဖတ်စကျွေးရင် ထွေးထုတ်တတ်၊ အန်ထုတ်တတ်ပါတယ်။ ဒါကြောင့် လျှာဖျားထိပ်မှာ ထားပြီး မကျွေးဘဲ ပါးစပ်အတွင်းရောက်အောင် ခွံ့ပေးပါ။
ဖြည့်စွက်စာစကျွေးတော့မယ့်မေမေတွေအတွက်
Day (1-3) နို့ဆန်ပြုတ်
ပထမဆုံးရက်မှာ မိခင်နို့ရည်နီးပါးကျဲတဲ့ နို့ဆန်ပြုတ်နဲ့စရပါမယ်။
နှစ်သက်ရာ ရိုးရိုးဆန်/အားဖြည့်ဆန်တစ်ခုခု လက်တစ်ဆုပ်ခန့်ကို
ပျော့ပြဲတဲ့အထိ ကျိုပါမယ်။ကျိုပြီးသားဆန်ပြုတ် သုံးဇွန်းလောက်ကို
မိခင်နို့ရည် သုံးဇွန်း ဒါမှမဟုတ် formula တစ်ဇွန်း(30mlရေဖျော်ပြီး)
ဆန်ပြုတ်နဲ့ရောပါမယ်။ပြီးရင် ကြိတ်စက်နဲ့ကြိတ်ရုံပါပဲ။ဒါလေးကို
ပထမရက်မှာ နေ့လည်စာ တစ်နပ်ပဲ စမ်းကျွေးပေးပါ။မိခင်နို့ ဒါမှမဟုတ်
နို့ဘူးတိုက်ပြီး နာရီဝကိကျော်ရင် ကျွေးလို့ရပါပြီ။ကြားထဲမှာ
အဆာပြေ အသီးpureeကို တစ်ကြိမ်ကျွေးလို့ရပါတယ်။နို့ဆန်ပြုတ်ကို
သုံးရက်ဆက်တိုက်ကျွေးပြီး ကလေးကစားနိုင်တယ်ဆိုရင်
နောက်ပိုင်းမှာ နှစ်ကြိမ်နဲ့ ပမာဏထပ်တိုးနိုင်ပါတယ်။
မူရင်းရေးသားသူnyanaymoe kalay
သားသမီးမွေးတာကို Investment လိုမျိုး သဘောထားနေတဲ့ သူတွေ မြန်မာပြည်နဲ့ တစ်ခြား Asia နိုင်ငံတွေမှာ တော်တော်များတယ်
သားသမီးတွေမွေးတယ် အဆင်ပြေသလို ကျွေးမွေးစောင့်ရှောက်မယ်
အချိန်တန် ငွေရှာနိုင်တဲ့အရွယ်မှာ ပြန်တောင်းမယ် ပြန်ထောက်ပံ့ခိုင်းမယ် အိမ်ထောင်ကျသွားရင်တောင် မွေးကျေးဇူးကြောင့် ဘယ်လောက်ထောက်ပံ့ပေးရမယ်လို့ဆိုတဲ့ မိဘတွေရှိတယ်နော် မယုံမရှိနဲ့
မပေးရင် သားသမီးဆိုး မလိမ်မာဘူး မွေးရတာ မတန်ဘူး ဝဘာညာ ပြောတဲ့ မိဘတွေ မြန်မာပြည်မှာ တစ်ပုံကြီး ရှိတယ်
တကယ်တော့ သားသမီးဆိုတာ ကိုယ်တွေခေါ်လို့ လူ့လောကထဲ ရောက်လာတာပါ ဒီလူကလေးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ဆိုတာ မိဘတွေရဲ့တာဝန်ပါ
ကိုယ့်ကို ပြန်လုပ်ကျွေးပြုစုဖို့ ကလေးယူတာဆိုရင်တော့ ရေရှည် Investment plan နဲ့ ကိုယ့်ကောင်းကျိုးအတွက် မွေးထားတာမို့ တစ်ကိုယ်ကောင်းဆန်တဲ့ မိဘတွေလို့ပဲ မှတ်ယူရမယ်
ပတ်ဝန်းကျင်မှာ တွေ့နေရတယ် အမေရော အဖေရော အလုပ် ဟုတ်တိပတ်တိ မလုပ်ဘူး ကလေးက ၆ ယောက်
ကလေးတွေ စာတော်သော်လည်း တက္ကသိုလ်ကောင်းကောင်းမထားနိုင်တော့ အဆင်ပြေတဲ့ ကျောင်းမှာဘဲ
အရပ်ကူပါ လူဝိုင်းပါနဲ့ ကျောင်းပီးသွားပီး ရရာအလုပ်ဝင်လုပ် သူ့အောက်က မောင်နှမ ငါးယောက်ကို အကြီးဆုံးက ကျောင်းဆက်ထား ဒီလိုနဲ့ တစ်ဆင့်ဆင့် နဲ့ပဲ ကြီးလာကြတာ အဖေအမေက ငုတ်တုတ် ထိုင်စားကြတော့တာ
နောက်တစ်မျိုးက ကျောင်းပီးလို့ အလုပ်လေးရနေတဲ့ သမီးကို နေ့တိုင်းဖုန်းခေါ် သမီးရှိလို့ သမီးက အမေတို့ရဲ့ ထီးပဲ သမီးသာမရှိရင် အမေတို့ဘယ်လိုစားရမှန်းတောင်မသိပါဘူးဆို ဇွတ်တွေ သမီးချစ်ပြပီး ရသမျှလစာ အကုန်ပို့ခိုင်း ပီးရင် လောင်းကစားလုပ်ပီး ကုန်သွားနဲ့ သံသရာတွေလည်နေတဲ့ မိဘတွေ
နောက်တစ်မျိုးက ကလေးက ခုထိတောင် ဆယ်တန်းမအောင်သေးဘူး ကျောင်းပီးရင် ဟိုလမ်းထိပ်က မမလို အမေတို့ကို ပြန်လုပ်ကျွေးရမယ်နော် ဆို Brain wash တွေလုပ်ထားတဲ့ မိဘတွေ
နောက်တစ်မျိုး ရှိသေးတယ် အိမ်ထောင်ကျ ကလေးမွေးပီး မိသားစုနဲ့ ဖြစ်နေတဲ့ သားကို လတိုင်း ပြန်မထောက်ပံ့လို့ စိတ်တွေဆိုး မ ဘက်လိုက်လို့ မိုက်ဘက်ပါနေတဲ့ သားမိုက်လို့ ပြောတဲ့ မိဘတွေ
အဲလို အပူတွေ တအားပေးတတ်တဲ့ မိဘတွေကြောင့် ထုတ်သာမပြောတာ စိတ်ညစ် စိတ်ဖိစီးနေတဲ့ သားသမီးတွေလည်း ဒု နဲ့ဒေး ပါပဲ
အနောက်နိုင်ငံတွေက ကလေး တွေမှာတော့ အဲဒီ စိတ်ဒုက္ခတွေမရှိသလောက်ပဲ ကိုယ့်တာဝန် ကိုယ်ယူတတ်ဖို့ ငယ်ငယ်ထဲက သင်ပေးခံထားရတဲ့အခါ အသက်ကြီးလာတော့လည်း ကိုယ့်တာဝန် ကိုယ်ယူကြတာပဲ
သားသမီးဆိုးလို့ မိဘတွေ စိတ်ဆင်းရဲရရင် လူတိုင်းသားသမီးကို လက်ညိုးဝိုင်းထိုးကြပီး မိဘဆိုးလို့ သားသမီးစိတ်ဆင်းရဲရရင် တော့ မိဘကျေးဇူး မွေးကျေးဇူး ကျွေးကျေးဇူးတွေနဲ့ ကိုင်ပေါက်ကြပါလေရော
Crd by
Click here to claim your Sponsored Listing.
Videos (show all)
Category
Website
Address
5Lorong Brunei Selatan, Pudu. ,Kuala Lumpur, Whayah Persekutuan Kuala Lumpur
Kuala Lumpur
55100
Kuala Lumpur, 56000
Contact us: WeChat: PhoebeNg1023 Whatsapp: 0107789938 Line: phoebe_ng1023
Kuala Lumpur, 47830
Leader HooneyMommy Sg. Buloh - Damansara - HKL #teamayu.preciousheaven 📳https://bit.ly/3kawmp
Kuala Lumpur, 50470
The 1 stop Entertainment Site for all physical Cd and Vinyl Records lovers and collectors.
Kuala Lumpur
The hate and love of luxury. Your absolute Personal Shopper are in action to bring all your desired
Kuala Lumpur
HANDBAGS / BACKPACK / F***Y PACK MAKER / LEATHER CRAFTER ~ SINCE 2009 ~ HANDMADE & ORIGINALS Best
60 Jalan Sri Hartamas
Kuala Lumpur, 50480
Hello! You may purchase our products online now at: shopee.com.my/morganaarthur
Pandan Indah
Kuala Lumpur, 55100
咖啡豆專賣店(Pandan Indah) Saturday to Thursday 1pm-5pm Beanknown Enterprise 202303105316(003488606-H)
ZP-01-01, Zest Point, Lebuhraya Bkt Jalil
Kuala Lumpur
A better place for you to socialize... We are trying to arrange event for all our fans and wishing ou
Kuala Lumpur
come and join! The HOTTEST CHIC and Latest item accessories.. check us out at our blogshop.. http://myhandbaghook.blogspot.com/ click away and order yours now..