United A2Z

Manchester United ၏ သတင်းများသာမက ပတ်သက်သမျှအားလုံး တင်ဆက်ပေးနေပါသည်...

Photos from United A2Z's post 28/06/2024

လာမယ့်ရာသီ မန်ချက်စတာယူနိုက်တက် ပွဲကြမ်းပြီ။ မန်ချက်စတာယူနိုက်တက်နည်းပြအဖွဲ့ထဲကို ဂန္တဝင်တိုက်စစ်မှူး ရုဒ် ဗန်နစ္စတယ်ရွိုင်းနဲ့ ဂိုးအဟက်အီးဂဲလစ်က ရီနီ ဟာကီတို့ ပူးပေါင်းသွားမှာဖြစ်ပြီး တန်ဟက်ကလည်း အသင်းနဲ့ စာချုပ်သစ် ချုပ်ဖို့ ၁၀၀ ရာခိုင်နှုန်း သဘောတူညီမှုရပြီးပြီဖြစ်လို့ လာမယ့်ရက်ပိုင်းအတွင်း လက်မှတ်ထိုးသွားတော့မယ်လို့ ဖက်ဘရီဇီယို ရိုမာနိုက အတည်ပြုခဲ့ပါတယ်။

28/06/2024

မန်ယူနိုက်တက်ကြယ်ပွင့် ဖာကွန်ဒို ပယ်လီစထရီရဲ့ ဘိုလစ်ဗီးယားနဲ့ပွဲက ကိန်းဂဏန်းများ

သွင်းဂိုး- ၁ ဂိုး
ဂိုးဖန်တီးမှု- ၁ ကြိမ်
အခွင့်အရေးဖန်တီးမှု-၂ ကြိမ်
ဘောလုံးပြန်ဆယ်ယူမှု-၄ ကြိမ်
တစ်ဦးချင်းတိုက်ပွဲအနိုင်ရမှု- ၄ ကြိမ်
တစ်ဦးချင်း ရင်ဆိုင်တွေ့မှု-၁၄ ကြိမ်
ဘောလုံးပေးပို့ရာမှာအောင်မြင်မှု-၂၁ ကြိမ်မှာ ၁၈ ကြိမ်
ဘောလုံးထိတွေ့မှု-၃၄ ကြိမ်
ဘောလုံးပေးပို့ရာမှာ တိကျမှုရာခိုင်နှုန်း-၈၆ ရာခိုင်နှုန်း
ဖျက်ထုတ်မှု- ၁၀၀ ရာခိုင်နှုန်းအောင်မြင်

28/06/2024

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ပစ်မှတ်ဖြစ်တဲ့ မန်နူရယ် အူဂါတီဟာ အိုးထရက်ဖို့ဒ်မှာ ကစားချင်နေတယ်လို့ သိရပြီး သူ့ရဲ့ ကိုယ်စားလှယ်တွေကလည်း သရဲနီတွေဟာ ဥရုဂွေးကြယ်ပွင့်အတွက် ပြီးပြည့်စုံတဲ့နေရာလို့ ရှုမြင်ထားကြပါတယ်။

အူဂါတီဟာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ၉၀ ရာခိုင်နှုန်းအထိ သေချာနေပြီး လီဂူးဝမ်းကလပ်ကလည်း အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရတဲ့ ကွင်းလယ်ကစားသမားအတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားချင်နေတယ်လို့ Fichajes က ဖော်ပြခဲ့ပါတယ်။

28/06/2024

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီကြိုအတွက် လေ့ကျင့်ရေးတွေ ပြန်လည်စတင်ဖို့ကို ဇူလိုင်လ ၈ ရက်နေ့ သတ်မှတ်ထားတယ်လို့ သိရပြီး ဂျေဒန် ဆန်ချိုနဲ့ မေဆန် ဂရင်းဝုဒ်တို့သာ အဲဒီအချိန်အထိ အသင်းမှာ ရှိနေဦးမယ်ဆိုရင် ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပြန်လာကြမှာဖြစ်ပါတယ်။

28/06/2024

မန်ချက်စတာယူနိုက်တက်က ခေါ်ယူထားတာ မမှားဘူးဆိုတာ ကိုပါအမေရိကမှာ ထိပ်တန်းခြေစွမ်းပြခဲ့တဲ့ ပယ်လစ္စထရီ

ယခုကျင်းပနေတဲ့ ကိုပါအမေရိက ၂၀၂၄ ပြိုင်ပွဲရဲ့ အုပ်စု စီမှာ ဥရုဂွေးအသင်းဟာ ပါဝင်ယှဉ်ပြိုင်ကစားနေပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားလေး ဥရုဂွေးသား ဖာကွန်နို ပယ်လစ္စထရီဟာ ပွဲထွက်ကစားခွင့်ကို ၂ ပွဲ ဆက်တိုက်ရခဲ့ရုံသာမက ယနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ ဥရုဂွေးအသင်းက ဘိုလီဗီးယားအသင်းကို ၅ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိသည့်ပွဲမှာ ၁ ဂိုးသွင်းယူ၊ ၁ ဂိုး ဖန်တီးပေးခဲ့ပါတယ်။

ပွဲချိန် ၈ မိနစ်မှာ အာရူဂျိုရဲ့ ဘယ်ဘက်ခြမ်းက ခေါင်းတိုက် ပေးပို့မှုကနေ ပယ်လစ္စထရီက ခေါင်းတိုက်သွင်းယူပြီး ဥရုဂွေးအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၈၁ မိနစ်မှာသွင်းယူခဲ့တဲ့ ဗယ်လ်ဗာဒီရဲ့ ဂိုးမှာလည်း ပယ်လစ္စထရီဟာ ညာခြမ်းကနေ အကွက်မြင်မြင် ဖန်တီးပေးခဲ့ပါတယ်။

ပွဲချိန် ၈၆ မိနစ်မှာတော့ ဥရုဂွေးနည်းပြ မာဆယ်လို ဘီယဲလ်ဆာက ပယ်လစ္စထရီကို လူစားလဲပြီး USA နဲ့ပွဲအတွက်အနားပေးခဲ့ပါတယ်။

ဖာကွန်နို ပယ်လစ္စထရီဟာ ဘိုလီဗီးယားနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် ၂၀၁၅က မာရီယာ ဂီမာရက်ဇ် ၂၀ နှစ်နဲ့ ၁၅၁ ရက်နောက်ပိုင်းသွင်းယူခဲ့တဲ့ ဥရုဂွေးအသင်းအတွက် ၂၂ နှစ် ၁၉၀ ရက်နဲ့ အသက်အငယ်ဆုံး ဂိုးသွင်းရှင်လည်းဖြစ်လာခဲ့ပါတယ်။

27/06/2024

အဲရစ် တန်ဟက်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၂ နှစ်စာချုပ်သစ် ချုပ်ဆိုဖို့အတွက် သဘောတူညီမှုရဖို့ နီးစပ်နေပြီဖြစ်ပြီး စာချုပ်တန်ကြေးက ပေါင် ၂၇ သန်းဝန်းကျင် တန်ကြေးရှိတယ်လို့ သိရပါတယ်။

27/06/2024

"ကက်စမီရိုကို ထွက်ခွင့်ပြုပြီး ပီအက်စ်ဂျီကွင်းလယ်ကြယ်ပွင့်ကို ခေါ်ယူမယ့် မန်ချက်စတာယူနိုက်တက်"

မန်ချက်စတာယူနိုက်တက်ဟာ ပီအက်စ်ဂျီကွင်းလယ်ကြယ်ပွင့် မာနူရယ် အူဂါတီကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှု ပြုလုပ်လိုက်ပါပြီ။ ဥရုဂွေးကြယ်ပွင့်က ပြီးခဲ့တဲ့ နွေရာသီမှာ ပီအက်စ်ဂျီကို ပေါင် ၅၁.၁ သန်းနဲ့ ပြောင်းရွှေ့ဖို့အတွက် ချဲလ်ဆီးကို ငြင်းပယ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း နည်းပြ လူးဝစ္စ အန်နရီကေးလက်အောက်မှာ ပုံမှန်ပွဲထွက်ကစားသမားအဖြစ်နဲ့ ရာသီကို စတင်နိုင်ခဲ့ပြီးနောက် ရာသီဒုတိယပိုင်းမှာ ချောင်ထိုးခံခဲ့ရပါတယ်။

လီဂူးဝမ်းထိပ်သီးအသင်းကြီးဟာ လက်ရှိမှာတော့ အသက် ၂၃ နှစ်အရွယ်ကစားသမားအတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားချင်နေပြီး မန်ချက်စတာယူနိုက်တက်က ကက်စမီရို ထွက်ဖို့ ရှိနေတာကြောင့် ကွင်းလယ်လူသစ် ခေါ်ယူချင်နေပါတယ်။

ကက်စမီရိုဟာ ပြီးခဲ့တဲ့ရာသီမှာ စိတ်ပျက်စရာ စွမ်းဆောင်ရည် ပြသခဲ့ပြီးနောက် ဒီနွေရာသီမှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ များနေပြီး ဆော်ဒီ အာရေဗျက ကလပ်အသင်းတွေက ရီးရဲလ်မက်ဒရစ်ဂန္တဝင်ကို စိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကလည်း အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကက်စမီရိုအတွက် ပေးချေနေရတဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ကို လျှော့ချသွားချင်နေတာကြောင့် ထွက်ခွာခွင့်ပြုဖို့ရှိနေပါတယ်။

ပြင်သစ် နာမည်ကြီး သတင်းစာရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ အူဂါတီကို မဖော်ပြနိုင်တဲ့ပမာဏနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း ပီအက်စ်ဂျီက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ပြင်သစ်ကလပ်ဟာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားချင်နေဆဲဖြစ်ပြီး စပို့တင်းကြယ်ပွင့်ဟောင်းအတွက် တိုးမြှင့်ထားတဲ့ ကမ်းလှမ်းမှုတွေဆိုရင် နားထောင်သွားချင်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် ဒီနွေရာသီမှာ ကစားသမားခေါ်ယူမှု ပြုလုပ်နိုင်ခြင်းမရှိသေးပေမယ့်လည်း ကွင်းလယ်ဗဟိုနေရာအတွက်လည်း အဓိကဦးစားပေးခေါ်ယူမယ့်နေရာတွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားတာပါ။

26/06/2024

ဆလိုဗက်ကီးယားအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲမှာ ကိုဘီ မိန်နူးဟာ ၄၆ မိနစ်မှာ England အသင်းအတွက် လူစားဝင်ကစားခဲ့ပြိီးအကောင်းဆုံး​ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။

- ဘောလုံးဖြတ်တက်ပေးပို့မှု ၁၀၀%
- ဘောလုံးဖျက်ထုတ်နိုင်မှု ၁၀၀%
- ၉၇ ရာခိုင်နှုန်းဘောလုံးပေးပို့မှုတိကျ
- ပြီးပြည့်စုံသောဘောလုံးပေးပို့မှု ၃၄ ကြိမ်မှာ ၃၃ ကြိမ်အောင်မြင်
-ပြိုင်ဘက်နဲ့ဘောလုဲး ယှဥ်လုမှု ၂ ကြိမ်အနိုင်ရရှိ
- dribble ၁ ကြိမ်

​ဆောက်ဂိတ်အနေနဲ့ အမြင်မှန်ရပြီး England အသင်းရလဒ်ကောင်းချင်ရင် မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်လေး မိန်နူးကို ပွဲကစားချိန် ပိုပေးသင့်ပါတယ်။

20/06/2024

🚨မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူချင်နေသည့် အီတလီ စီးရီးအေကလပ်အသင်းတွေ အပြိုင်အဆိုင်ရှိနေကြပြီး လာဇီယိုအသင်းက​တေ့ာ ဂျူဗင်တပ်နဲ့ နာပိုလီအသင်းတို့ထက် လက်ဦးမှုရယူကာ ပေါင်သန်း ၃၀ဖြင့် စတင်ကမ်းလှမ်းမှုပြုလိုက်ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဘက်ကတော့ အသင်းမှာဆက်မထားဖို့ ဆုံးဖြတ်ထားတဲ့ ဂရင်းဝုဒ်အတွက် ပေါင်သန်း ၄၀ ခန့်အလိုရှိနေပါတယ်။

မေဆန် ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းက်ု အငှားသွားရောက်ကစားခဲ့ချိန်မှာ ခြေစွမ်းပြခဲ့ပြီး ဂီတာဖေးအသင်းရဲ့ တရာသီစာအကောင်းဆုံးဆုကို ရရှိခဲသူဖြစ်ပါတယ်။

18/06/2024

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတလျှောက်မှာ ၈ နှစ်ဆက်တိုက် အိမ်ကွင်းမှာ ရာသီစတင်ဖွင့်လှစ်ခွင့်ရခဲ့တဲ့ ပထမဆုံးသော အသင်းဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

18/06/2024

2024-25 မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်ဇယားပါ။

Photos from United A2Z's post 17/06/2024

အင်္ဂလန်အသင်းနဲ့ ဆာဘီးယားအသင်းတို့ ပွဲမှာ ကိုဘီ မိန်နူးဟာ ပွဲချိန် ၈၆ မိနစ်မှာ ဂျူဒ် ဘယ်လင်ဟမ်အစား လူစားဝင်ကစားခဲ့ပါတယ်။

၁၉ နှစ်သား မန်ချက်စတာယူနိုက်တက်ကစားသမားလေး မိန်နူးရဲ့ ဖခင်ဟာ ပွဲကြည့်စင်ကနေ လာရောက်အားပေးခဲ့ပြီး အင်္ဂလန်အသင်းအတွက် စတင်လူစားဝင်ကစားခွင့်ရသည့် သူ၏သားအတွက် ဝမ်းမြောက်ဂုဏ်ယူမိနေမှာ မလွဲပါဘူး။ ကိုဘီ မိန်နူးအနေနဲ့လည်း ဖခင်အတွက်ဘအကောင်းဆုံး Father day လက်ဆောင်ပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာလည်း မိန်နူးကို သူ၏ အစ်မနှစ်ယောက်နှင့်အတူ တွေ့ခဲ့ရပါတယ်။

16/06/2024

"ခံစစ်အင်အားအတွက် ဘရန့်သ်ဝတ် အပြင် ဒီလိုက်တ်ကိုပါ ခေါ်ယူအားဖြည့်ဖို့ရှိတဲ့ မန်ချက်စတာယူနိုက်တက်"

မန်ချက်စတာယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ် နောက်ခံလူ ဒီလိုက်တ်ရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ စကိုင်းစပို့ ဂျာမနီ သတင်းထောက် ဖလိုရီယန် ပလက်တန်ဘာ့ဂ်က ပြောကြားခဲ့ပါတယ်။

အဲရစ် တန်ဟက်ဟာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရလုနီးပါး အခြေအနေကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ၃ နှစ်စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေသူဖြစ်ပြီး ဒီနွေရာသီမှာ သူ့ရဲ့ အဓိကဦးစားပေးစာရင်းထဲမှာ ဗဟိုခံစစ်နေရာကို သတ်မှတ်ထားတာဖြစ်ပါတယ်။

၂၀၂၃-၂၀၂၄ ရာသီမှာ မန်ချက်စတာယူနိုက်တက်အတွက် ဗဟိုခံစစ်နေရာမှာ အဓိကပြဿနာတွေထဲက တစ်ခုဖြစ်ခဲ့ပြီး ဟာရီ မက်ဂွိုင်းယား၊ မာတီနက်ဇ်နဲ့ ဗာရွမ်းတို့အားလုံးဟာ ဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ ဒီနွေရာသီမှာ ဗာရွမ်းက အသင်းကနေ ထွက်ခွာသွားပြီဖြစ်တာကြောင့် တန်ဟက်က အဲဗာတန်နောက်ခံလူ ဘရန့်သ်ဝိတ်အပြင် အိုင်းယက်စ်တုန်းက အလုပ်အတူတွဲလုပ်ဖူးတဲ့ ဒီလိုက်တ်ကို ခေါ်ယူမယ့် စာရင်းထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။

ဒတ်ချ်နောက်ခံလူဟာ ဘိုင်ယန်မြူးနစ်နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိသေးပေမယ့်လည်း ဒီလိုက်တ်ဟာ ဘွန်ဒက်စ်လီဂါထိပ်တန်းအသင်းကြီးက စတုဂတ်နောက်ခံလူ ဟီရိုကီ အိတိုကို ခေါ်ယူနိုင်မှုနဲ့ လေဗာကူဆင် နောက်ခံလူ ဂျိုနသန် တာကို စိတ်ဝင်စားနေမှုကြောင့် နယ်သာလန်နောက်ခံလူကို ထွက်ခွာခွင့်ပြုသွားဖွယ်ရှိနေတာပါ။

ပလက်တန်ဘာ့ဂ်က ဒီလိုက်တ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ နယ်သာလန်နဲ့ အောင်ပွဲရဖို့ကို လက်ရှိမှာ အပြည့်အဝ အာရုံစိုက်ထားပြီး ဥရောပပြိုင်ပွဲအပြီးမှာတော့ အူပါမီကာနို၊ ကင်မင်ဂျေး၊ အဲရစ်ဒိုင်ယာတို့ကြောင့် ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေတဲ့ အနာဂတ်ကို စဉ်းစားသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

14/06/2024

ပြီးခဲ့တဲ့ရာသီ လီဗာပူးလ်၊ အာဆင်နယ်တို့နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘယ်နောက်ခံ နေရာကို ပြောင်းကစားခိုင်းလို့ ဒေါသထွက်စိတ်ပျက်ကြောင်း ပြသခဲ့တဲ့ အန်တိုနီကို ပွဲအပြီး အဝတ်လဲခန်းထဲမှာ တန်ဟက်က ကြိမ်းမောင်းအော်ငေါက်ခဲ့ပြီး သူ ပြောတဲ့နေရာမှာ ကစားနိုင်ရင် ကစား၊ မကစားနိုင်ရင် ထွက်လို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

14/06/2024

"ကစားသမားဝယ်ယူဖို့ ပေါင်သန်း ၁၄၀ ရရှိမည့်အပြင် ဘရန့်သ်ဝတ်ကို ခေါ်ယူနိုင်ဖို့သေချာနေတဲ့ မန်ယူနိုက်တက်"

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီအပြောင်းအရွေ့မှာ အဲရစ်တန်ဟက်ကို ကစားသမားသစ်ဝယ်ယူမှုအတွက် ပေါင်သန်း ၁၄၀ ထုတ်ပေးသွားမည်ဟုသိရှိရပါတယ်။

ဆန်ချို၊ ဂရင်းဝုဒ်၊ ရက်ဖို့ဒ်အစရှိသည့် ကစားသမားများကို ရောင်းချသွားဖို့ရှိနေပြီး ဒီကစားသမားတွေ ရောင်းထုတ်န်ုင်ခဲ့ရင် ကစားသမားသစ်ဝယ်ယူမှုအတွက် ပေါင်သန်း ၃၀၀ ခန့်ရရှိမှာဖြစ်ပါတယ်။

အဲဗာတန်အသင်းရဲ့ လူငယ်ကြယ်ပွင့် ဘရန့်သ်ဝိတ်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိပြီးပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းကို တရားဝင်ကမ်းလှမ်းမှုပြုလုပ်တော့မှာဖြစ်ပါတယ်။

အဲဗာတန်အသင်းဘက်က ခြေစွမ်းပြနေတဲ့ ဒီအသက် ၂၁ အရွယ် နောက်ခံကစားသမားအတွက် ပေါင်သန်း ၇၀ အလိုရှိသည်ဟု ထုတ်ဖော်ပြောကြားထားပြီး မန်ချက်စတာယူနိုက်တက်အသင်းဘက်ကလည်း ညှိနှိုင်းနိုင်မယ်လို့ ယုံကြည်ထားတဲ့အတွက် ရောက်ရှိလာဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

12/06/2024

ဂျူဗင်တပ်ဟာ လာမယ့်ရက်သတ္တပတ်အတွင်း မေဆင် ဂရင်းဝုဒ်ကို ခေါ်ယူသွားမယ်လို့ မျှော်မှန်းခြင်းခံထားရပြီး မန်ချက်စတာယူနိုက်တက်က ပြီးခဲ့တဲ့ရာသီ ဂီတာဖေးမှာ အငှားကစားသမားအဖြစ်နဲ့ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဂရင်းဝုဒ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်း တောင်းဆိုထားပါတယ်။

ဒါပေမယ့်လည်း ဂျူဗင်တပ်အသင်းရဲ့ ကနဦး ကမ်းလှမ်းမှုဟာ ပေါင် ၂၅ သန်းနဲ့ အပိုဆုကြေးငွေသာ ပါဝင်တာကြောင့် ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှုရအောင် ထပ်မံညှိနှိုင်းရဦးမှာဖြစ်တယ်လို့ DiMarzio က ဖော်ပြခဲ့ပါတယ်။

11/06/2024

🚨Breaking News: မန်ချက်စတာယူနိုက်တက်အသင်းဟာ အဲရစ် တန်ဟက်ကို
မန်ချက်စတာယူနိုက်တက် မန်နေဂျာ အဖြစ် ဆက်ရှိနေဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်ပါတယ်။

INEOS ၏နောက်ဆုံးဆုံးဖြတ်ချက်အပြီးတွင် အဲရစ် တန်ဟက်ကိုအကြောင်းကြားခဲ့ပြီး စာချုပ်သက်တမ်းထပ်တိုးရန်လည်း အစီအစဥ်ရှိသည်ဟု သိရှိပါတယ်။


ref: David_Ornstein , Fabrizio romano

11/06/2024

ဂျိုရွှာ ဇာဇီးဟာ ဒီနွေရာသီအတွက် မန်ချက်စတာယူနိုက်တက်ရဲ့ အဓိကပစ်မှတ်အဖြစ် ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ လူငယ်တိုက်စစ်မှူးကို အမှန်တကယ် စိတ်ဝင်စားကြောင်း ပြသခဲ့ပြီး ဇာဇီးရဲ့ စာချုပ်လျော်ကြေးက ပေါင် ၃၄ သန်း ရှိနေတာဖြစ်ပါတယ်။

11/06/2024

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဂိုးနည်းပြအဖြစ် ကူညီလေ့ကျင့်ပေးဖို့အတွက် မန်ချက်စတာယူနိုက်တက် ဝါရင့်ဂိုးသမားကို ခေါ်ယူခဲ့တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

အက်ဖ်အေရဲ့ ပြောကြားချက်အရ ၂၀၂၁ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့ခဲ့တဲ့ တွမ် ဟီတန်ဟာ အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ်၊ ရမ်းစ်ဒေးလ်နဲ့ ဒင်း ဟန်ဒါဆန်တို့ကို ကူညီလေ့ကျင့်ပေးဖို့ ဂျာမနီကို ထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟီတန်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၂၀၁၆ ခုနှစ်မှာ နိုင်ငံတကာပွဲဦးထွက်ခွင့်ရခဲ့ပြီး ၃ ပွဲသာပါဝင်ကစားပေးခဲ့ရာမှာ နောက်ဆုံးကစားခဲ့တဲ့ပွဲက ၂၀၁၇ ခုနှစ်တုန်းက ဖြစ်ပါတယ်။

10/06/2024

ဘာစီလိုနာအသင်းဟာ ကော်ဘီ မိန်းနိုးကို ဒီနွေရာသီမှာ ခေါ်ယူဖို့အတွက် အံ့အားသင့်ဖွယ် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အတွက် ၂၀၂၃-၂၀၂၄ ရာသီဒုတိယပိုင်းမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ ကော်ဘီ မိန်းနိုးကို ဘာစီလိုနာနည်းပြသစ် ဟန်ဆီ ဖလစ်က ကွင်းလယ်မှာ အဓိကထားပြီး အသင်းကို တည်ဆောက်သွားချင်နေတာကြောင့် သရဲနီပစ်မှတ်ဟောင်းဖြစ်တဲ့ ရာဖင်ညာအပြင် ပေါင် ၈.၅ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ Elnacionalcat က ဖော်ပြခဲ့ပါတယ်။

10/06/2024

မိုက်ကယ် အိုလစ်ဆေးဟာ သူ့ရဲ့ X လူမှုကွန်ရက်ပေါ်မှာ Follow လုပ်ထားတဲ့အသင်းဆိုလို့ ၂ သင်းပဲ ရှိပါတယ်။ အဲဒီအသင်းတွေကတော့ သူ့ရဲ့ လက်ရှိအသင်းဖြစ်တဲ့ ခရစ္စတယ် ပဲလေ့စ်နဲ့ နောက်ထပ်တစ်သင်းကတော့ အသင်းသစ် ဖြစ်လာနိုင်တဲ့ မန်ချက်စတာယူနိုက်တက်ပါ။
ဒီနွေရာသီမှာ ခရစ္စတယ် ပဲလေ့စ်ကြယ်ပွင့်က အိုးထရက်ဖို့ဒ်ကို အမှန်တကယ် ပြောင်းရွှေ့လာမလား စောင့်ကြည့်သွားရတော့မှာပါ။

10/06/2024

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့မှာ အသင်းရဲ့မန်နေဂျာက ဘယ်သူပဲ ဖြစ်ဖြစ် ဆန်ချို ကို ​ပေါင်သန်း ၄၀ ရရင် ရောင်းချသွားဖို့ ဆုံးဖြတ်ထားတယ်လို့ သတင်းများအရသိရှိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆန်ချိုကို ဒေါ့မွန်အသင်းဆီကနေ ပေါင် ၇၃ သန်းနဲ့ ၂၀၂၁ ဇွန်လက ခေါ်ယူခဲ့တာဖြစ်ပါတယ်။

10/06/2024

တန်ဟက်ရဲ့တောင်းဆိုမှုကို သဘောတူမိတာ နောင်တရနေတဲ့ လုခ် ရှော

မန်ချက်စတာယူနိုက်တက်ဘယ်နောက်ခံကစားသမား လုခ် ရှောဟာ သူ့ရဲ့ ယူရို ၂၀၂၄ အိပ်မက်ကို ထိုးနှက်ချက်ဖြစ်လာစေမယ့်ပွဲမှာ အဲရစ် တန်ဟက်က ဝင်ကစားပေးဖို့ တောင်းဆိုခဲ့တာကို လက်ခံခဲ့မိတာ နောင်တရမိတယ်လို့ ဝန်ခံခဲ့ပါတယ်။

ရှောဟာ ယူရိုပြိုင်ပွဲမစတင်ခင်မှာ တံကောက်ကြောဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာဖို့ တိုက်ပွဲဝင်နေရတာဖြစ်ပြီး အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ အသက် ၂၈ နှစ်အရွယ်ကစားသမားအတွက် ဆားဘီးယားနဲ့ ကစားရမယ့် အုပ်စုအဖွင့်ပွဲစဉ်က ပါဝင်ကစားပေးဖို့ စောလွန်းသေးတယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

လုခ် ရှောဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က လူတန်တောင်းကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရခဲ့ပြီးနောက် ပါဝင်ကစားပေးနိုင်ခြင်းမရှိတော့ဘဲ အနားယူနေခဲ့ရတာ ၄ လနီးပါးရှိခဲ့ပြီဖြစ်ပါတယ်။

ဘယ်နောက်ခံလူဟာ အက်စတန် ဗီလာနဲ့ပွဲမတိုင်ခင် တစ်ပတ်မှာ တံကောက်ကြောဒဏ်ရာ ရနေခဲ့ပေမယ့် တန်ဟက်နဲ့ မန်ယူနိုက်တက်ဆေးအဖွဲ့က လူတန်နဲ့ပွဲမှာ ဝင်ကစားပေးဖို့ ပြောဆိုခဲ့ပြီး လုခ် ရှောက သဘောတူညီခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အက်စတန် ဗီလာနဲ့ပွဲမှာ တစ်ခုခုဖြစ်နေတယ်လို့ ခံစားခဲ့ရပြီး ပထမပိုင်းအပြီးမှာ နားခဲ့တယ်။ အဲဒါက အားလုံးရဲ့ အမှားပါပဲ။ ကျွန်တော့်ရဲ့ အမှားလည်းပါတယ်။ ဆေးအဖွဲ့ရဲ့အမှားလည်း ပါတယ်။ အားလုံးလည်း အဲဒါကို ဝန်ခံကြလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော် တစ်ပတ်လုံး လေ့ကျင့်ရေးမဆင်းနိုင်ခဲ့ဘူး။ ဓာတ်မှန်အဖြေရလာတော့ ဘာမှ ကြီးကြီးမားမား မတွေ့ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော် တစ်ပတ်လုံး လေ့ကျင့်ရေးမဆင်းနိုင်ခဲ့ဘူးလေ။ ပြီးတော့ ပွဲမတိုင်ခင် တစ်ရက်မှာ လေ့ကျင့်ရေးဆင်းခဲ့တယ်။ နည်းပြက ကျွန်တော့်ကို ကစားဖို့ ပြောလာရင် ကျွန်တော်ကတော့ မကစားဘူးလို့ ဘယ်တော့မှ ပြောမှာမဟုတ်ဘူးလေ။ ကျွန်တော် မကစားခဲ့သင့်ပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။

09/06/2024

မန်ချက်စတာယူနိုက်တက်က ကြိုဆိုပါတယ် ဘရန့်သ်ဝိတ်ရေ။ မန်ချက်စတာယူနိုက်တက်ဟာ အဲဗာတန်နောက်ခံလူ ဘရန့်သ်ဝိတ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီး စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီလို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ဘရန့်သ်ဝိတ်အတွက် အဲဗာတန်ကို ပေါင် ၅၈ သန်းနဲ့ ထပ်ဆောင်းပေးချေမှု ပါဝင်တဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ RedDevilZone က ဖော်ပြခဲ့ပါတယ်။

09/06/2024

သောမတ်စ် တူဟယ်ဟာ မန်ချက်စတာယူနိုက်တက်ကို နည်းပြဖို့ အစီအစဉ်မရှိဘဲ ဒီနွေရာသီမှာ ဘယ်အသင်းကိုမှ နည်းမပြဘဲ အနားယူဖို့ပဲ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ ဂျာမန်လူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြောဆိုဆွေးနွေးမှုတွေ ဆက်မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်က တန်ဟက်ရဲ့ အနာဂတ်ကို မကြာမီ ဆုံးဖြတ်ချက် ချသွားတော့မယ်လို့ ဖက်ဘရီဇီယို ရိုမာနိုက ပြောကြားခဲ့ပါတယ်။

09/06/2024

မန်ယူနိုက်တက်ရဲ့အပြောင်းအရွှေ့ကို ကဖျက်ကယက်လုပ်ခဲ့တဲ့ မန်စီးတီးကြယ်ပွင့်

မန်ချက်စတာစီးတီးကြယ်ပွင့် ဘာနာဒို ဆေးလ်ဗားက ပေါ်တူဂီလက်ရွေးစင်အသင်းဖော် ဂျာအို နက်ဗက်စ်ကို မန်ချက်စတာယူနိုက်တက်ကို ငြင်းပယ်ပြီး မန်စီးတီးကို ပြောင်းလာခဲ့ဖို့ တောင်းဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်က ဘင်ဖီကာကြယ်ပွင့်ကို ဒီနွေရာသီ ထိပ်တန်းပစ်မှတ်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ထားတာဖြစ်ပြီး ပေါင် ၅၁ သန်းနဲ့ ပထမဆုံးကမ်းလှမ်းမှုက ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် တိုးမြှင့်ထားတဲ့ ကမ်းလှမ်းမှုအသစ် ထပ်မံ ပြုလုပ်သွားဖို့ ပြင်ဆင်နေချိန်မှာ မန်ချက်စတာစီးတီးကြယ်ပွင့် ဘာနာဒို ဆေးလ်ဗားက မြို့ခံပြိုင်ဘက်တွေရဲ့ အပြောင်းအရွှေ့ကို ကြားဝင်နှောင့်ယှက်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် သူ့ကို မန်စီးတီးကို သွားဖို့ ပြောခဲ့တယ်။ အဲဒါက မလွယ်ပါဘူး။ သူက ပြီးခဲ့တဲ့ရာသီ ရခဲ့တဲ့ အောင်မြင်မှုတွေကြောင့် အသင်းအများအပြားက လိုချင်နေကြတာလေ။ ပေါ်တူဂီလူမျိုးတစ်ယောက်အနေနဲ့ရော ကစားသမားတစ်ယောက်အနေနဲ့ပါ ကျွန်တော့်ဘေးနားမှာ ကစားတာပဲ မြင်ချင်ပါတယ်။ ဒါပေမယ့် သူ့ကို ကျွန်တော် အကောင်းဆုံးဖြစ်စေချင်တာပါ။ သူ့ကို ကျွန်တော် စည်းရုံးဖို့ မလိုပါဘူး။ ဂျာအို နက်ဗက်စ်က သူ အလုပ်လုပ်တဲ့ပုံစံ၊ သူ ပွဲစဉ်အတွင်းကို ယူဆောင်လာတဲ့ ခွန်အားတွေကြောင့် မန်စီးတီးအတွက် ကစားပေးနိုင်မယ်ဆိုတာ ယုံကြည်ထားပြီးသားပါ။ သူ့ကို ခေါ်မယ့်ပြိုင်ပွဲထဲ ဝင်ဖို့ အသင်းအများအပြားအတွက်တော့ လွယ်ကူမှာပါ။ သူ့ကို ဆုံးဖြတ်ချက် ချခွင့်ပေးလိုက်ပါ။ သူ့အတွက် အကောင်းဆုံးဖြစ်ပါစေ။ သူသာ ဒီခွန်အားမျိုးနဲ့ ဆက်ပြီး ကစားနေရင် သူ့အတွက် ရှေ့မှာ အရမ်းကောင်းတဲ့အနာဂတ်ရှိမှာပါ”လို့ပြောဆိုခဲ့ပါတယ်။

09/06/2024

မန်ချက်စတာယူနိုက်တက်ဟာ ဂျာအို နက်ဗက်စ်အတွက် ကမ်းလှမ်းမှုကို တိုးမြှင့်ပြုလုပ်သွားဖို့ ပြင်ဆင်နေပြီး ယူရို ၈၅ သန်းအထိ မြင့်တက်သွားနိုင်တဲ့ ထပ်ဆောင်းပေးချေမှုတွေ ပါဝင်တဲ့ ယူရို ၇၅ သန်းနဲ့ ကမ်းလှမ်းသွားမယ်လို့ TEAMTALK က ဖော်ပြခဲ့ပါတယ်။

09/06/2024

ဝိန်းက မူလတန်းကလေးတွေကို ဘွဲ့လွန်သင်ပေးတဲ့ နည်းပြလိုမျိုး ဖြစ်ခဲ့တယ်လို့ ဖွင့်ဟခဲ့တဲ့ ဘာမင်ဂမ်စီးတီးဂိုးသမား

ဘာမင်ဂမ်စီးတီးမှာ စိတ်ပျက်စရာ အချိန်တွေကို ပိုင်ဆိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဝိန်း ရူနီက ဘယ်လိုနည်းပြမျိုးလဲဆိုတာကို ဘာမင်ဂမ်ဂိုးသမား ဂျွန် ရက်ဒီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဝိန်း ရူနီဟာ ပြီးခဲ့တဲ့လမှာ ချန်ပီယံရှစ်ကလပ် ပလိုင်းမောက် အာဂိုင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ရာသီမှာ ဘာမင်ဂမ်စီးတီးနည်းပြအဖြစ်နဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့ အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တာပါ။

ဘာမင်ဂမ်ဟာ ဝိန်း ရူနီကို ၁၅ ပွဲမှာ ၂ ပွဲသာ နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက် ဇန်နဝါရီလမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပြီး သရဲနီဂန္တဝင်က စိန့်အန်ဒရူးမှာ ကစားဟန်သစ် မိတ်ဆက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ မအောင်မြင်ခဲ့တာပါ။

ဘာမင်ဂမ်စီးတီးဂိုးသမား ရက်ဒီက အသင်းရဲ့ ရာသီကို ပြန်ကြည့်ဖို့ ဘန် ဖော်စတာရဲ့ ဖော့ကက်စ်အစီအစဉ်မှာ ပူးပေါင်းခဲ့ချိန်မှာ ဝိန်း ရူနီရဲ့ ၃ လကြာ တာဝန်ယူကိုင်တွယ်ခဲ့တဲ့ကာလအတွင်း သရဲနီဂန္တဝင်က ဘယ်လိုမျိုးနည်းပြလဲဆိုတာကို ပြောပြခဲ့တာပါ။

"ဝိန်း ရောက်လာပြီး ဘောလုံးပိုင်ဆိုင်မှုပိုအသားပေးတဲ့ ကစားဟန် သွတ်သွင်းဖို့ ကြိုးစားခဲ့တယ်။ ခံစစ်ကနေ တိုက်စစ်ကို ပိုပြီးတည်ဆောက်တဲ့ပုံစံကို အရင်နည်းပြလက်ထက်က ကျန်ခဲ့တဲ့ကစားသမားတွေနဲ့ ကစားဖို့ ကြိုးပမ်းခဲ့တယ်။ သူက အမြဲတမ်း ကွင်းထဲမှာရှိနေခဲ့တယ်။ သူက ကြီးကြပ်ရေးမှူးနဲ့ ပိုတူတယ်။ သူနဲ့ ကျွန်တော် အဆင်ပြေတယ်လို့ ခံစားခဲ့ရတယ်။ သူနဲ့ စကားကောင်းကောင်းလည်း ခဏခဏ ပြောဖြစ်ခဲ့တယ်။ သူက မန်နေဂျာတစ်ယောက် ဖြစ်လာချင်တာ။ နည်းပြတစ်ယောက်မဟုတ်ဘူးဆိုတာ ရှင်းအောင် ပြောခဲ့တယ်။

သူက လေ့ကျင့်ရေးအစီအစဉ်တွေကို စီစဉ်တဲ့သူတစ်ယောက် မဟုတ်ဘူး။ တစ်ချိန်လုံး လေ့ကျင့်ရေးအစီအစဉ်တွေမှာ လိုက်မောင်းနေတဲ့သူပါ။ အဲဒီလို လုပ်ဖို့ သူ့မှာ နည်းပြအဖွဲ့ဝင်တွေရှိပါတယ်။ ဒါပေမယ့် သူပဲ လေ့ကျင့်ရေးအစီအစဉ်တွေ အစအဆုံးပါခဲ့တယ်။ သူက ဘယ်လောက်အထိ ကောင်းခဲ့တဲ့ကစားသမားလဲဆိုတာ ခင်ဗျားမေ့နေပြီလား။ ကျွန်တော်တို့ လေ့ကျင့်ရေးကွင်းမှာရှိနေတုန်း သူ ပြောတာက မဟုတ်ဘူး ငါ့ကောင်တို့။ ငါ မင်းတို့ကို ဒီဟာကို လုပ်စေချင်တယ်လို့ ပြောတယ်။ သူက ဘောလုံးကို ထိန်းပြီးတော့ ဂိုးအပေါ်ထောင့်ထဲကို ကွက်တိ ကန်သွင်းပြခဲ့တယ်။ ခင်ဗျားက 'ဟုတ်တာပေါ့၊ ဒါက ခင်ဗျား အမြဲတမ်း ပြသခဲ့တဲ့ အဆင့်အတန်းပဲ။ ကျွန်တော်တို့က အဲဒီလောက်မှ မဟုတ်တာ'ဆိုပြီး ဖြစ်သွားမှာပဲ။သူ့ရဲ့ ဘောလုံးဉာဏ်က အရမ်းအဆင့်မြင့်တယ်။ ဘာလို့လဲဆိုတော့ သူက အရမ်းကောင်းတဲ့ကစားသမားဖြစ်ခဲ့လို့ပါလို့"ပြောဆိုခဲ့တာပါ။

07/06/2024

🔴 မန်ချက်စတာယူနိုက်တက်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် ဘယ်နောက်ခံကစားသမားသစ်တစ်ဥိီးကို ခေါ်ယူမည်ဖြစ်ကြောင်း ထုတ်ဖော်ကြေငြာထားပါတယ်။

ဒီနေရာအတွက် မန်ယူနိုက်တက်အသင်းစိတ်ဝင်စား စောင့်ကြည့်နေရတဲ့ ကစားသမားတွေထဲက တစ်ဦးထဲမှာ ဘုန်းမောက်ကစားသမား မီလော့စ် ကာကက်ဇ်ပါဝင်နေပါတယ်။

ဘုန်းမောက်အသင်းကတော့ သူတို့ရဲ့ ဘယ်​နောက်ခံကစားသမားအတွက် စျေးပေါပေါနဲ့ ရောင်းချလိုဖွယ်မရှိပဲ သူတို့အလိုရှိတဲ့ပြောင်းရွေ့ကြေး ရရှိမှ ရောင်းချမယ်လို့သိရှိရပါတယ်။

07/06/2024

Image of the day 🔴
နောက်ဆုံး ၂ ရာသီမှာ ရရှိခဲ့တဲ့ FA ဖလားနှင့် လိဂ်ဖလား (ကာရာဘောင်း)ကို update လုပ်ပြီးပြီဖြစ်သော အိုးထရက်ဖို့ဒ်ရှိ honours board အား မန်ချက်စတာယူနိုက်တက်အသင်းရရှိခဲ့သော ဆုဖလားများနှင့်အတူ ခန့်ညားထည်ဝါစွာ တွေ့ရှိရပါတယ်။

Want your business to be the top-listed Gym/sports Facility in Singapore?
Click here to claim your Sponsored Listing.

Videos (show all)

နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် အပြောင်းအရွှေ့ များ
မန်ယူနိုက်တက် ဂိုးသမားဖြစ်လာတော့မယ့် အိုနာနာနဲ့ အိုးလ်ထရက်ဖို့ဒ်က ခေတ်သစ်တစ်ခုရဲ့ အရွေ့

Category

Address


Singapore
Other Sports Teams in Singapore (show all)
Pasir Ris East Pencak Silat Team Pasir Ris East Pencak Silat Team
Singapore

This page is now served as a memoir of the team between 2004 and 2009. Feel free to tag the photos... zali

Netball Singapore Netball Singapore
6 Stadium Boulevard
Singapore, 397797

All about Netball in Singapore!

Senkang Sports Complex Badminton Players Senkang Sports Complex Badminton Players
57 Anchorvale Road
Singapore, 544964

Senkang Sports Complex Badminton Players

Singapore Rugby Singapore Rugby
301 Lorong 6, Toa Payoh, Unit 01-05, Toa Payoh Swimming Complex
Singapore, 319392

From grassroots Rugby to youth development and to our national team. This is the page for everything

Goju Ryu Karate Do Association of Singapore (GRKAS) Goju Ryu Karate Do Association of Singapore (GRKAS)
10 Serangoon North Avenue 2
Singapore, 555877

1968 Goju-ryu karate was introduced in Singapore and classes were conducted at Chinese YMCA in Palme

Team Ironwill Team Ironwill
Kallang Water Sports Centre, 10 Stadium Lane
Singapore, 397774

A united dragonboat team nurtured by passionate comrades in different ages, genders and races. Forme

Munich Football School Singapore Munich Football School Singapore
Premier Pitch, Turf City
Singapore

At Munich Football School (MFS), we strive to give the very best football education to our children every day on the pitch. The best training, the best environment, and the best co...

Racket Community Racket Community
Singapore

We are a badminton interest group in Singapore that plays badminton weekly at Tampines Hub or Bedok Heartbeat

TeamJitu TeamJitu
Singapore, 124.405

Flash Athletics Club Flash Athletics Club
133 New Bridge Road #25-10 Chinatown Point
Singapore, 059413

Magnanimity and Perseverance in Victory or Defeat

The New England Patriots Fans The New England Patriots Fans
Singapore

This page unofficial fans page was made by fans for fans of the New England Patriots. “LIKE” and

Xplosive Badminton Academy Xplosive Badminton Academy
Singapore

At Xplosive, we nurture and bring the best out of you. We provide group sessions, 1 to 1 private and game play to all levels.