Friends of Win Min Thein - Kevin
Professional Networking
Big shout out to my newest top fans! 💎
Myo Thuzar Win
Drop a comment to welcome them to our community,
အငုံ့စိတ် ဟာ သိပ်ကြောက်ဖို့ကောင်းတယ်။
အဆင့်အတန်းနဲ့မဆိုင်ဘူး၊ ပညာအရည်အချင်းနဲ့မဆိုင်ဘူး။
အငုံ့စိတ်ဆိုတာ ဒီတိုင်း Insecure အဖြစ်များတဲ့လူတွေဆီမှာ တွေ့ရတာ။
အငုံ့စိတ်များတဲ့လူတွေကိုကြည့်လိုက်ရင် စိတ်ရင်းနဲ့ဆက်ဆံချိုသာနေတာထက် …
ဟန်ဆောင်ချိုမြိန်နေရတာများတယ်။
လူနေမှုဘဝမှာ တစ်ကယ့်ပျော်ရွှင်ခြင်း အစစ်အမှန်ဆိုတာ အငုံ့စိတ်ရှိသူတို့ရဲ့ ကမ္ဘာမှာမရှိဘူး။
ကိုယ်ထက်သာရင် ကိုယ်မနာလိုတာမျိုးပေါ့…
သူများပျော်နေတာတွေ့ရရင် ကိုယ်မပျော်ပေးနိုင်ဘူး။
ဘေးလူနဲ့အမြဲယှဉ်နေတတ်ပြီး ကိုယ့်ဘေးကလူတွေကို ဘလိုင်းကြီး စိတ်တိုင်းကျမနေတော့တာ။
အငုံ့စိတ်ရှိတဲ့လူတွေကိုကြည့်ရင်
ဘဝမှာမအောင်မြင် မဖြစ်ထွန်းတာများတယ်။
ကံကောင်းလို့ လမ်းကြောင်းပေါ်ရောက်နေခဲ့ရင်တောင် စိတ်ရဲ့အာဟာရကလည်း တစ်နည်းမဟုတ် တစ်နည်းနဲ့ကို ချို့တဲ့နေကြတော့တာ။
အငုံ့စိတ်ဆိုတာ ပညာတတ်၊ ပညာမဲ့ မရွေးဘူး။ အယုတ်အလတ်အမြတ်အပိုင်းအခြားမရွေး ရှိတတ်ကြတယ်။
ဒါပေမယ့် … အဲဒီအငုံ့စိတ်ကို ကိုယ်ကျင့်တရား၊ ကိုယ်ချင်းစာတရား၊ ဆင်ခြင်တုံတရား အားဖြင့်ပြန်လည် ချိုးနှိမ်ရတယ်။
ပေါ်လာရင်တောင် ငါသာ သူ့နေရာမှာဆိုရင် ဆိုတဲ့စိတ်ထားနိုင်ရင် ဖြေရှင်းတဲ့အခါမှာ ရုပ်မပျက်ဘူး။
မဇ္ဈရိယစိတ်တွေကို မြစ်ဖျားခံလာပြီး အငုံ့စိတ်ပေါ်လာတဲ့အခါ လူဟာဆင်ခြင်တုံတရားကင်းမဲ့ပြီး မဆင်မခြင်လျှောက်လုပ်တော့တာပဲ။
အတ္တကိုရှေ့တန်းတင်လို့ ငါသည်သာ အမှန်ဆိုတဲ့ခံယူချက်ဝင်သွားတတ်တယ်။
ကိုယ့်ဘဝကိုယ် စိတ်တိုင်းမကျရုံမကဘူး …။
ကိုယ့်မိသားစုကစလို့ သူငယ်ချင်း၊ မိတ်ဆွေ၊ အမျိုးအဆွေ၊ လုပ်ဖော်ကိုင်ဖက် … ယုတ်စွအဆုံး လမ်းဘေးက အောက်ခြေလူတန်းစားတစ်ရပ်အထိကို ကို စိတ်တိုင်းမကျတတ်တာ။
သူ့ပတ်ဝန်းကျင်ကလူက အမှားမလုပ်ထားသေးဘူး။
ဒီတိုင်းဆက်သွားရင် နင်လမ်းမှားရောက်တော့မှာ၊
သူနဲ့ပေါင်းရင် နင်ပျက်စီးတော့မှာ အစရှိသဖြင့်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို Victims ပုံစံနဲ့နှိမ့်ချဆက်ဆံတာမျိုးပေါ့။
(တကယ်က ကောင်းစေချင်တဲ့ သူတစ်ထူးရဲ့အကျိုးကိုလိုလားသော စိတ်ရင်းနဲ့ဝေဖန်ပိုင်းခြားပြတာနဲ့ အငုံ့စိတ်ကိုအရင်းခံပြီး ဝေဖန်တိုက်ခိုက်ခြင်းက တူမလိုနဲ့ အများကြီးကွဲတယ်။)
ခေါင်းစဉ်တပ်လိုက်တော့ ကောင်းစေချင်လို့ပါ ဆိုပြီး နောက်တော့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့ဘဝကို ချစ်သလိုနဲ့နှစ်၊ ဆွဲချသွားတာတွေ အများကြီး။
သူများဘဝကိုဆွဲချလို့ အားရလို့ သူတစ်ကိုယ်ကျန်ရင်ရော … ပျော်ရွှင်ပြီလို့ ထင်သလား?။
မထင်နဲ့ … အငုံ့စိတ်နဲ့ insecure person တွေက ဘယ်သောအရပ်၊ ဘယ်ဌာနေမှာနေနေ သူတို့ကိုယ်သူတို့ရော၊ ပတ်ဝန်းကျင်ကလူတွေကိုရောကို စိတ်တိုင်းမကျသောပါပဲ။
ပြီးရင် အဆိုးဆုံးက သူတို့ကိုယ်သူတို့အမြဲမှန်တယ်ဆိုပြီး Cover ယူပြီး ဘဝအမောတွေကို ဖြေဖျောက်ကြသေးတာ။
တစ်ကယ်တမ်းကျ အငုံ့စိတ်ရှိသူတွေဟာ သိပ်သနားဖို့ကောင်းတယ်။ သူတို့ကောင်းချင်ယောင်ဆောင်သမျှကြီးက ဘေးလူအနေနဲ့ ကြည့်ရရင် မြင်ရတွေ့ရ ဟာဒယ ရယ်ရွှင်ဆေး တိုက်ကျွေးလိုက်သလို ရယ်စရာ ကောင်းချင်တိုင်းကောင်းနေတော့တာ။
ဒီတော့ ခင်ဗျားမှာ အငုံ့စိတ်ရှိနေခဲ့ရင်
အချိန်မှီပြင်ဆင် ပါ…။ 🤗🤗🤗
မှောက်သွားတဲ့ ကော်ဖီတစ်ခွက်
ဘယ်သူမှ လျှာနဲ့ မလျက်ဘူး ၊
အသစ်တစ်ခွက် မှာရင် မှာမယ် ၊
သူ့မှာ အနံ့ အရသာ အပြင်အဆင်
တန်ဖိုးကြီးပင် ညားသော်လည်းပဲ ၊
ကြမ်းပြင်ပေါ်မှာ ဖိတ်ကျသွားရင်
နှမျောတဿပဲ ဖြစ်ကြမှာ ၊
လျှာနဲ့တော့ မလျက်ပါဘူး ၊
အခုအခါမှာ သူက တန်ဖိုးမဲ့သွားပြီလေ ၊
ဒီလိုပဲ
လူတစ်ယောက်ဟာ
အဆင့်အတန်းကြီးမားပါသော်လည်း
ပညာဉာဏ်ပြည့်ဝပါသော်လည်း
ရုပ်ရှည်ချောမောပါသော်လည်း
ကိုယ်ကျင့်တရား ချို့ယွင်းသွားရင်
ဘယ်သူမှ ပေါင်းသင်းချင်မှာ မဟုတ်တော့ဘူး ၊
ကိုယ်ကျင့်တရား မကောင်းတာ တစ်ချက်တည်းနဲ့
ဂုဏ်ပုဒ်များစွာဟာ မြောင်းထဲကျသွားခဲ့ပြီ ၊
စောစောက ကော်ဖီတစ်ခွက်လိုပဲ
အနံ့ အရသာတွေ စျေးကြီးတာတွေ
အပြင်အဆင်ကောင်းတာတွေဟာ ၊
ကြမ်းပြင်ပေါ် မှောက်သွားတဲ့အခါ တန်ဖိုးမဲ့သွားသလိုပေါ့ ။
Credit to မောင်နေ့သစ်
ခွင့်ပြန် OWIC လုပ်ရန်အတွက် [PJသမားများသာ]
အရင်က
Passport
အလုပ်လုပ်ခွင့်ပါမစ်
သူဌေးခွင့်စာ
မှတ်ပုံတင်
ဖော်ပြပါ ၄ မျိုးရှိရုံနဲ့ လုပ်လို့ရသော်လည်း
ခုနောက်ပိုင်း EID ကဒ် ခေါ် UID ကဒ်ပါ လိုအပ်လာပါတယ်။ ထို့အပြင် ခုရက်ပိုင်းအတွင်း ထပ်လိုအပ်လာတာက
1. အခွန်
2. လစာရဲ့ 25% လွှဲငွေ
တို့ပါ ထပ်မံလိုအပ်လာပါတယ်။
အခွန် နဲ့ လစာ25%လွှဲငွေ မတွက်တတ်သူများအတွက် စင်ကာပူ ၊ မလေးရှား နှင့် ထိုင်း နိူင်ငံတို့၏ အခြေခံအလုပ်သမားများအတွက် အောက်တွင် တွက်ပြထားပါတယ်။
စင်ကာပူ
အခြေခံလစာ 400 $
အခွန် 2% = ၁လ 8 $
25% ငွေလွှဲ = ၁လ 100 $
2023 Oct မှ 2024 June ခုလအထိ
၉ လစာ အတွက်
အခွန် = 8x9 = 72 $
ငွေလွှဲ = 100x9 = 900 $
******
မလေးရှား
အခြေခံလစာ 1500 R
အခွန် 2% = ၁လ 30 R
25% ငွေလွှဲ = ၁လ 375 R
2023 Oct မှ 2024 June ခုလအထိ
၉ လစာ အတွက်
အခွန် = 30x9 = 270 R
ငွေလွှဲ = 375x9 = 3375 R
*******
ထိုင်း
အခြေခံလစာ 7500 B
အခွန် 2% = ၁လ 150 B
25% ငွေလွှဲ = ၁လ 1875 B
2023 Oct မှ 2024 June ခုလအထိ
၉ လစာ အတွက်
အခွန် = 150x9 = 1350 B
ငွေလွှဲ = 1875x9 = 16875 B
1. အခွန် ကို သက်ဆိုင်ရာ နိူင်ငံ၏ သံရုံး သို့မဟုတ်
ရန်ကုန်မြို့၏ မြို့နယ်အခွန်ရုံးများတွင် ဆောင်၍ ရပါသည်။
သက်ဆိုင်ရာ သံရုံးမှာပဲ ဆောင်ပြီးမှ ပြန်လာပါ။
*** ရန်ကုန်မြို့၏ အခွန်ရုံးများတွင် ဆောင်လျှင် အချိန်လည်း အများကြီး ပိုကြာသလို ကျသင့်ငွေပမာဏထက်လည်း များစွာ ကုန်ကျပါလိမ့်မည်။
2. လစာ၏25% လွှဲငွေကို
ကိုယ်က မပြန်ခင် ကြိုလွှဲထားတာ ပိုအဆင်ပြေပါတယ်။
Westren Union သို့မဟုတ် Ria Moneny Transfer သွားပြီး
ကိုယ့်မိသားစု တစ်ယောက်ယောက်ဆီကို
SGD to MMK
Ringit to MMK
THB to MMK ဖြင့် လွှဲရပါမယ်။
အကယ်၍ ကိုယ်က မြန်မာနိူင်ငံ ရောက်လာပြီးမှ လွှဲရမယ်ဆိုရင်
နိူင်ငံခြား မှာ ရှိနေတဲ့ ကိုယ့်သူဌေး /ကိုယ့်မိသားစု တစ်ယောက်ယောက် / ကိုယ့်သူငယ်ချင်း တစ်ယောက်ယောက်မှ
Westren Union သို့မဟုတ် Ria Moneny Transfer သွားခိုင်းပြီး ကိုယ့်ဆီကို
SGD to MMK
Ringit to MMK
THB to MMK ဖြင့် လွှဲခိုင်းရပါမယ်။
Credit to Original
သားသမီးကိုငရဲပေးတဲ့ မိဘဆိုတာတကယ်ရှိပါသလား
ရှိပါတယ် . .
1။`အပြစ်တင်လွန်းတဲ့မိဘ´
ဘာလုပ်လုပ်အပြစ်တင်နေတတ်တာ . .
တစ်နည်းဆိုရရင် လောဘကြီးမိကြတာပါ...
အသုံးမကျဘူးဆိုတဲ့ ဘောင်ထဲသွတ်သွင်းတာ
သားသမီးက တကယ်အသုံးမကျ တာ
ဖြစ်ချင်ဖြစ်မယ်
ဒါပေမဲ့အသုံးမကျတာ
ကိုပဲ ဖောက်မြင်နေတတ်တာ . . .
ဒါကိုကြားရဖန်များလာတဲ့အခါ ဒေါသကမိဘကိုပြန်ခံပြောတတ်ဖို့ စတင်လာတယ်...
2 ။`ဘက်လိုက်တာ´
သားသမီးချင်းတူတု
ငါ့သမီးလေး …ငါ့သားလေး
ဘက်လိုက်ဆက်ဆံတတ်တာ...
ဘက်လိုက်တတ်တဲ့
မိဘတွေရဲ့ သားသမီးတွေဟာ
မစည်းလုံးကြတာများတယ်
မိဘကသွေးခွဲထားလို့ပါ
"နင်ကညံ့တယ် နင်ကတော်တယ်"ဆိုပြီးကွာလတီခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေဟာ
ဘယ်တော့မှစျေးနှုန်းညှိမရကြတော့ဘူး...
ဘက်လိုက်မှုက မလေးစားမှုကို အစပျိုးပါတယ်
အချင်းချင်း မနာလိုစိတ်ကနေ အမုန်းတရားပွားများလာတယ်
ကလေးဘဝကတည်းက အရိုးစွဲတဲ့ အမုန်းတရားက
ဘယ်တော့မှဖျောက်မရတော့ဘူး.
မိဘတွေသာမရှိကြတော့ရင် ဒီမောင်နှမတွေဟာပက်သက်စရာလုံးဝကိုမရှိတော့တဲ့လူတွေဖြစ်နေကြပါလိမ့်မယ်..
3 ။`ဆဲဆိုလွန်းတာ´
နေ့စဉ်အဆဲခံရတဲ့လူဟာ မခံချင်စိတ်ကြောင့်ဒေါသများမယ် ပြန်ပြောမိရင်တော့ မိဘကိုခံပြောသလိုဖြစ်တယ်
ငရဲကြီးမယ် ဒုက္ခရောက်မှအေးမယ်
ခွေးဖြစ်မှာဆိုတဲ့ကျိန်စာဆန်ဆန်
စကားတွေဟာအရမ်းဆိုးပါတယ်
ကောင်းကောင်းမွန်မွန်ပြောပြီးခိုင်းလို့ရနိူင်ပေမဲ့ဆဲရေးပြီးမှလုပ်မယ်
ထင်တဲ့အတွေးနဲ့ခိုင်းတာဟာ ဆိုးဝါးလွန်းပါတယ်
4 ။`သားသမီးအိမ်ထောင်ရေးကိုစွက်ဖက်တာ´
"နင့် ယောက်ကျားကဘယ်လို "
"နင်ယူထားတဲ့ မိန်းမကဘယ်လို "ဆိုတာမျိုးမပြောသင့်ပါဘူး …
သားသမီးရဲ့ ရွေးချယ်မှုကိုလဲလေးစားရပါမယ်
သူတောင် သူ့ဘဝကိုသူနေတတ်လို့နေနေတာပါ
သားသမီးက
သူ့အိမ်ထောင်နဲ့ပက်သက်ပြီးကူညီပါလို့မပြောမချင်း ဝင်ပါစရာမလိုတာပါ..
5 ။`သားသမီးကိုပြောဆိုဆက်ဆံပုံမှားတာ´
အချို့ မိဘတွေရှိပါတယ် ။ ပြင်ပမှာတော့လူငယ်လူကြီးမရွေးကို အရမ်းအလေးထား
ဆက်ဆံတတ်ပါတယ် ။
ပြောရရင် လူတွေအပေါ်လေးစားမှုရှိတာပေါ့ ။
သားသမီးကိုကျ အဲ့လိုမလုပ်နိုင်ကြပါဘူး ။
သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့
စိတ်အလိုမကျ တိုင်းသားသမီးကို နှိမ်နေတတ်တာမျိုးပါ...။
စေတနာစကားပေမဲ့ အပြောမတတ်ရင်နားခါးတာလူ့သဘာဝပါ...အပြင်ပန်းကမှတ်မထားချင်ရင်နေမယ်
စိတ်ခံစားချက်ကတော့ မိဘကငါပြောတိုင်း
မကောင်းမြင်တယ်ဆိုပြီး ဒေါသကြီးနေတတ်တဲ့
သားသမီးတွေရှိလာရတာပါ...
Credit to Original
နေရာမှား ဒေသမှားပြီး
ပေါက်ဖွားခဲ့ပေမဲ့
ဒီလောက်အထိ ပြီးပြည့်စုံအောင်
ရှင်သန်ရဖို့အတွက် ဘယ်လောက်အထိ
ရုန်းကန်ခဲ့ရတယ်ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်
အရွက်မှ အဖူး
အဖူးမှ အပွင့်
အပွင့်မှ အသီး
အဆင့်ဆင့်ဆိုပါတော့
ဒါကြောင့်မို့
ပြောကြတယ်ထင်ပါရဲ့
မွေးဖွားမှု့နဲ့ ပေါက်ရောက်မှု့အတွက်
နေရာဒေသ ရွေးခြယ်ခွင့်မရှိပေမဲ့
"ရှင်သန်ပြီး ကြီးထွားဖို့နဲ့
ပြီးပြည့်စုံမှု့အတွက်တော့
ကိုယ့်ကိုကိုယ် ကြိုးစားခွင့်" ဆိုတယ်ဆိုတာ
Credit to original
တစ်ခါက ပုဏ္ဏားကြီးက နန်းတော်ထဲ အခစားဝင်ရင်း ရှင်ဘုရင်နဲ့ အလွန်တရာ ရင်းနှီးသူဖြစ်တာကြောင့် အတွင်းဆောင်ထဲကို ရှင်ဘုရင်နဲ့ တွေ့ဖို့ဝင်လာခဲ့တယ်။ရှင်ဘုရင်နဲ့ မတွေ့ပဲ ရှင်ဘုရင်ရဲ့ မိဖုရား စက်တော်ခေါ် နေတာ တွေ့လိုက်ရတယ် လုံချည်က လျှော့တော့တော့နဲ့ ဆိုတော့တပ်မက် ဖွယ် အာရုံကို မြင်တွေ့သွားတယ်။ပုဏ္ဏားကြီးလည်း ဆက်နေလို့ မသင့်တော်တာနဲ့ ပြန်ထွက် သွားခဲ့တယ် မိဖုရားကြီးကလည်း ခြေသံကြားလို့ လန့်နိုးလာပြီး တံခါး ပေါက်ကို လှမ်းကြည့်လိုက်တော့ ပုဏ္ဏားကြီးရဲ့ ကျောပြင်ကို တွေ့လိုက်ရတယ်။ အဝတ်အစားကို ပြန်ပြင်ဝတ်ရင်း စိတ်ထဲမလုံ မလဲ ဖြစ်ရင်း မိဖုရားကြီး ကျန်နေခဲ့တယ်ပေါ့..နောက်ရက်တွေကျတော့ ပုဏ္ဏားကြီး နန်းတော်မဝင်တော့ဘူး ပုဏ္ဏားကြီး နေမကောင်းလို့ အခစား မဝင်နိုင်ကြောင်း ရှင်ဘုရင်ကို လျှောက်တင်ထားကြောင်းလည်း သတင်းစကားကြားလိုက်ရတော့.. မိဖုရားကြီးက စဉ်းစားတယ် ဟိုတစ်နေ့က ကိစ္စနဲ့ ပက်သက် နေသလားပေါ့ ပုဏ္ဏားကြီးက ပညာတော်တယ် အတွေ့အကြုံများ တယ် တိုင်း ပြည်အတွက် အားကိုးရလို့ ဘုရင်ကြီးကလည်း အားထားနေရတယ်။ပုဏ္ဏားကြီးကလည်း ဟိုတစ်နေ့က မြင်ခဲ့ရတဲ့ မိဖုရားရဲ့ နေရောင် မခတဲ့ လျှို့ဝှက်သော အလှကို မျက်စိထဲကကို မထွက်ဘူး ခက်တာ က ရှင်ဘုရင်ရဲ့ မိဖုရား ရှင်ဘုရင်ကိုသတ် ပလ္လင်ပေါ်တက်နိုင်မှအလို ဆန္ဒ ပြည့်ဝရမယ့် အဖြစ်ရင်ထဲဖြစ်တဲ့ ဝေဒနာကို ကျိတ်ခံစားရင်း စားလို့လည်းမရ အိပ်လို့လည်းမရ ကြံမရ စည်မရ ဖြစ်နေတုန်း နန်းတွင်း အ စေခံ တစ်ယောက်က မိဖုရားအလှဒေဝီက ပုဏ္ဏားဆီကို အခစားဝင်စေ အမိန့်တော် ချွေလိုက်သတဲ့ ။ အိုး ရင်တွေ တလှပ် လှပ် ဘဝင်မှာ လေဟပ်သလို မြင်ချင် စိတ်နဲ့ သိချင်စိတ်က မစားနိုင် မသောက်နိုင်နဲ့ အိပ်ယာထဲလဲနေတဲ့ ပုဏ္ဏား ဆေးကောင်းစားလိုက်သလို ငေါက်ကနဲထ နန်းတော်ကို ကြွပြီပေါ့။နန်းတော်လည်း ရောက်ရော မိဖုရားကြီးက အပြုံးလေးနဲ့ ကြိုဆိုရင်း ပုဏ္ဏာကြီး နေမကောင်းဘူးဆိုလို့ မေးလိုက်တော့..မှန်လှပါဘုရား အိပ်လို့လည်း မပျော် စားလို့လည်းမရ ရင်ထဲမှာ တမ်းတနေတာက ဘာလိုလို ညာလိုလိုနဲ့ ဘာကိုမှ အလိုမကျ ဖြစ်နေရပါတယ်ဘုရားလို့လူကြီးကြူနည်းနဲ့ စကားလမ်းခင်းကြူသံလေးနဲ့ လျှောက်တင် တာပေါ့လေ။မိဖုရားကြီးကလည်း သြော် ပုဏ္ဏားကြီးရယ် ကျမကလည်း ဒါကို သိလို့ ပုဏ္ဏားကြီးအတွက် ဆေးကောင်းသုံးခွက် ဖော်စပ် ပေးထားပါတယ်လို့ အပြုံးလေးနဲ့ ပြောလိုက်ရင်း ရှေ့မှာတင်ထားတဲ့ ဆေးခွက်ကို လက်ကမ်းပေးလိုက်တော့ ကိုရွှေပုဏ္ဏားက ဘာပြောကောင်းမလည်း တစ်ကျိုက်တည်းပေါ့ မော့ချပြစ်လိုက် တယ်။
ဘာမှ မေးမနေတော့ဘူး ချစ်သူတိုက်တဲ့ ဆေးလေ ကောင်းမှ ကောင်းပေါ့..မိဖုရားက နောက်တစ်ခွက် ကမ်းပေးလိုက်ပြန်တယ် ပုဏ္ဏားက လည်း မော့ချပြစ်လိုက်တာပဲ ဒီတခွက်ကျတော့ ဆေးအရသာကို နည်းနည်း ခံစားမိသွားတယ်..ဒုတိယခွက်ကုန်သွားတော့ မိဖုရားက တတိ ယမြောက် ဆေးခွက်ကို ကမ်းပေးပြန်တယ် ပုဏ္ဏားက နည်းနည်းတွန့်လာပြီ ဆေးခွက်ကို သေချာ ကြည့်နေတယ်။မိဖုရားက သောက်လိုက် ပါ ပုဏ္ဏားကြီးရယ် အားရှိသွားပြီး ရောဂါ ပျောက်တာပေါ့လို့ ချိုချိုလေး ပြောလိုက်တော့ မော့ချ လိုက်ပြန်တယ် ဒီတစ်ခါတော့ ပုဏ္ဏားက မိဖုရားကို သေချာ ပြန်ကြည့်တယ်..နောက် စဉ်းစားနေတယ် ဘာလည်းပေါ့။ မိဖုရားကလည်း ဒါကို ရိပ်မိတော့ ပုဏ္ဏားကြီး ၁။ပထမ ခွက်က ဘာခွက်လည်းလို့ မေးလိုက်တော့ ကြေးခွက်ပါဘုရားတဲ့..ဘာအရသာရှိလည်းဆိုတော့ဖန်တန်တန်နဲ့ပါ ဘုရားတဲ့..၂။ ဒုတိယခွက်က ဘာခွက်လည်း ပုဏ္ဏားကြီးဆိုတော့ ငွေခွက်ပါဘုရားတဲ့ဘာအရသာ ရှိပါသလည်းဆိုတော့ ဖန်တန်တန်ပါပဲ ဘုရားတဲ့၃။ တတိယခွက်ကကော ဘာခွက်လည်း ပုဏ္ဏားကြီးဆိုတော့ ရွှေခွက်ပါဘုရားတဲ့ဘာအရသာများ ရှိသလည်းဆိုတော့ဖန်တန်တန်ပါပဲဘုရားတဲ့..ပုဏ္ဏားကြီးက မိဖုရားရဲ့ အမေးကို ဖြေနေရင်းနဲ့ စဉ်းစားမိလာတယ် သြော် အပေါ်ယံ ခွက်ကသာ ပြောင်းပေမယ့် အထဲက အရသာ က မပြောင်းဘူးဆိုတာ မိဖု ရားက ပြောချင်နေတာပဲ။ဘာကြောင့် ပြောချင်နေတာလည်းလို့ ထပ်စဉ်းစားတော့ မိဖုရားကို စွဲလှမ်းနစ်သက်မိတဲ့ အတွက်ကြောင့်ပဲ။မိဖု ရားအဆောင် အယောင်တွေနဲ့ ဆိုတော့ ရွှေခွက်နဲ့တူတယ်။အိမ်က ပုဏ္ဏမက ပုဏ္ဏား အဆောင်အယောင်နဲ့ဆိုတော့ ငွေခွက်နဲ့တူတယ်။အရ သာကတော့ ဖန်တန်တန်ကြီးပါပဲပေါ့ ဒါကို မိဖုရားက ပြောချင်တာပဲဆိုပြီး သဘောပေါက်သွားတယ်။မှန်လှပါ သဘောပေါက်ပါပြီ မိဖုရားကြီးမိဖုရားကြီးက ပညာရှိပါ ပေတယ်လို့ ချီးမွှန်းလိုက်တယ်။မိဖုရားကြီးကလည်း ပုဏ္ဏားကြီးကလည်း ပညာရှိပါပေတယ်လို့ ပြန်ပြောလိုက် တယ်။ဒီတော့မှ ပုဏ္ဏားကြီးလည်း စိတ်ရောဂါတွေ ပျောက်ပြီး ပုံမှန်အတိုင်းပဲ စားနိုင် အိပ်နိုင် အလုပ် လုပ်နိုင်သွားပါတော့တယ်။ဒီလိုနားလည်မယ်ဆိုရင်တော့အိမ်ထောင်ဖက်အပေါ် သစ္စာဖေါက်စရာ မလိုတော့ဘူးပေါ့..အားလုံးက ဖန်တန်တန်ပဲလေ။ကိုးကား မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏အခြေပြုပဌာန်းတရားတော် စာအုပ်မှ အာရုံအကြောင်း ရှင်းပြပုံ ဥပမာကို မှီငြမ်းပါသည်။
အပြင်လူတွေကို အချိန်ပိုင်းစနစ်နဲ့ခေါ်သုံးမယ်ဆိုရင် အရေးအကြီးဆုံးက ယုံကြည်စိတ်ချရဖို့ပါပဲ။
နောက်ပြီး ကျွမ်းကျင်လုပ်သားတွေလည်းဖြစ်ဖို့လိုအပ်တာပေါ့။
ဒီလိုအချက်တွေအပြင် စေတနာအပြည့်နဲ့လုပ်ဆောင်ပေးတတ်တဲ့သူမျိုးပါရခဲ့ရင်တော့ အကောင်းဆုံးဖြစ်ပြီပေါ့။
အိမ်တော်သူ မှာ မိတ်ဆွေတို့စိတ်ချယုံကြည်ရမယ့် ကျွမ်းကျင်လုပ်သားတွေရှိနေပါပြီ။
ဘယ်နေရာကိုရောက်ရောက် ကိုယ့်အိမ်မိသားစုအကျိုးလိုသဘောထားပြီး ဆောင်ရွက်ပေးမယ့် အိမ်တော်သူရဲ့ အချိန်ပိုင်းအိမ်အကူတွေက မိတ်ဆွေတို့ကို စိတ်ကျေနပ်စေမှာပါ။
အချိန်ပိုင်းသန့်ရှင်းရေးကိစ္စရပ်တွေကိုလည်းအကောင်းဆုံးကိုင်တွယ်လုပ်ဆောင်ပေးနိုင်မယ့် ၀န်ထမ်းလေးတွေမို့ ရွေးချယ်ဖို့အသင့်ဆုံးပါပဲလို့ သတင်းကောင်းပါးလိုက်ပါတယ်နော်။
09 450205924
09 988977095
09 799842367
09 965278644
#အချိန်ပိုင်း
ကျောထောက်နောက်ခံရှိရင်
မြက်ပင်လည်း လှတာပါပဲ။
Credit to original
Contentment is the Greatest Gift You Can Give Your Health
ရောင့်ရဲ တင်းတိမ်နိုင်ခြင်း၊ ကြေနပ် နှစ်သိမ့်နိုင်ခြင်းဟာ သင့်ဘဝ၊ သင့်ကျန်းမာရေး အတွက် အလိုအပ်ဆုံးသော အရာတစ်ခုလည်း ဖြစ်ပါတယ်။
Credit to Drawer
Credit to Mingalar Buddha
🚨🚨🚨 ကားအောက်ပိုင်းက မြည်သံတွေ
1. စတီယာရင်အကွေ့တွေမှာ ရှေ့ဘီးတွေက "တောက်တောက်" မြည်တာဒူးဆစ်အသံပါ
2. 50-60 km/h မှာ "လေယာဉ်ပျံသံ" လိုမျိုးကြားလာရရင် Hub Ball ပဲ။
3. ဘရိတ်နင်းရင်"တောက်တောက်"မြည်တာက ဘရိတ်ရှုးချောင်နေတာ ( ရှုးထိန်းကလစ် စစ်ကြည့်ရန် )။
4. ဘရိတ်မှေးထားတဲ့အချိန် စထွက်တဲ့အချိန် တကျွီကျွီမြည်တာက ဘရိတ်ရှုးအသားနဲ့ ဒရမ်မျက်နှာပြင်ကြောင့်။
5. ကားဘယ်ညာယိမ်းတဲ့အချိန် တဂျောက်ဂျောက်မြည်တဲ့အသံက လင့်နဲ့ခွဲဘွတ်ကြောင့်ဖြစ်ပါတယ် ( အသံတော်တော်ဆိုးတယ် )။
6. အောက်ပိုင်းက ကလုတ်ကလုတ်အသံထွက်နေတယ်၊ ဘရိတ်မှေးထားရင်ပျောက်တယ်ဆိုတာက ဘရိတ်ပင်ချောင်နေတာ။
7. ကားကအရှိန်တစ်ခုရောက်လာချိန်မှာ တစ်စီးလုံးတုန်လာတာ၊ ရှေ့ယက်ကားတွေမှာဆိုရင် အတွင်းဒူးဆစ်ခွက်တွေစားနေတာကြောင့် အဖြစ်များတယ်။
8. စတီယာရင်ဂန်းဘွတ်စားနေရင် ညာမောင်းဆိုရင် ဘယ်ဘက်က ဂန်းရှပ်ဖ် ရိုက်သံကြားရ၊ ဘယ်မောင်းဆို ညာဘက်က ကြားရတယ်။
9. ချိုင့်ထဲကျတိုင်း တဒုန်းဒုန်းတဒိုင်းဒိုင်းဖြစ်နေတာကတော့ ရှော့ဘားတွေ ထောက်တန်းဘွတ်တွေ ရှော့ဘားအထိုင်တွေ မကောင်းတာကြောင့်ဖြစ်တတ်ပါတယ်။
10. စတီယာရင်လှည့်တိုင်း ညီးသံထွက်နေတာကတော့ ပါဝန်ပန့်ကြောင့်ဖြစ်ပါတယ်။
11. တိုင်းရော့၊ မိန်းလုံး၊ ဘောဂျွိုင်းအသံတွေမြည်နေတာကတော့ ဒီအတိုင်းခွဲရခက်တယ် ဘီးဖြုတ်စစ်ကြည့်ရင်တော့ သိသာပါတယ်။
သာယာငြိမ့်ညောင်းစွာ ကားမောင်းနိုင်ကြပါစေဗျာ။
ဗဟုသုတ အဖြစ်ပြန်လည်မျှဝေပါသည်။
မာနက လောကမှာ
အရာရာကိုဖျက်စီးတတ်တယ်
=====================
မည်သည့်ကိစ္စမှာပဲဖြစ်ဖြစ်
ဆက်ဆံသမျှဟာ
မေတ္တာနဲ့ ဆက်ဆံပါ။
မေတ္တာတရားနဲ့ ဆက်ဆံခြင်းဟာ
လူမျိုးမရွေး ဘာသာမရွေးအတွက်
အဆင်ပြေတယ်။
ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ်
မေတ္တာနဲ့ဆက်ဆံနေရင်
ကိုယ့်ရဲ့ ရင်ထဲ နှလုံးသားထဲမှာ
အပြစ်ကင်းတယ်။
အပြစ်ကင်းတယ်ဆိုတဲ့ သဘောတရားက
ကိုယ့်ရဲ့ရင်ထဲ နှလုံးသားထဲမှာ
အကုသိုလ်မဖြစ်တာ၊
အကုသိုလ်ဖြစ်တာကမှ
တကယ်ကြောက်စရာကောင်းတာ။
သို့သော် လောကလူတွေက
ဘယ်ကိစ္စဖြစ်ဖြစ်
ကိုယ်က အနာမခံဘူး ဆိုတဲ့-
မာနတရားကို ရှေ့တန်းတင်လိုက်ကြတယ်။
မေတ္တာ ပျောက်ကွယ်သွားတတ်တယ်။
မာနက လောကမှာ
အရာရာကို ဖျက်စီးတတ်တယ်။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး🙏🙏🙏
#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်
Kantar ประกาศรายงานการจัดลำดับ 10 แบรนด์ที่มีมูลค่าสูงที่สุดในโลกปี 2024 (Kantar BrandZ)
2024 MOST VALUABLE GLOBAL BRANDS
1. APPLE มูลค่าแบรนด์ 1,015,900 ล้านเหรียญสหรัฐ
2. GOOGLE มูลค่าแบรนด์ 753,474 ล้านเหรียญสหรัฐ
3. MICROSOFT มูลค่าแบรนด์ 712,883 ล้านเหรียญสหรัฐ
4. AMAZON มูลค่าแบรนด์ 576,622 ล้านเหรียญสหรัฐ
5. MCDONALD'S มูลค่าแบรนด์ 221,902 ล้านเหรียญสหรัฐ
6. NVIDIA มูลค่าแบรนด์ 201,840 ล้านเหรียญสหรัฐ
7. VISA มูลค่าแบรนด์ 188,929 ล้านเหรียญสหรัฐ
8. FACEBOOK มูลค่าแบรนด์ 166,751 ล้านเหรียญสหรัฐ
9. ORACLE มูลค่าแบรนด์ 145,498 ล้านเหรียญสหรัฐ
10. TENCENT มูลค่าแบรนด์ 134,251 ล้านเหรียญสหรัฐ
ดาวน์โหลดรายงานฉบับเต็มได้ที่
https://www.kantar.com/campaigns/brandz/global
Big shout out to my newest top fans! 💎
Myo Thuzar Win
Credit to original
မင်းဒုက္ခရောက်နေတာတောင်
မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့ ။
ဘယ်သူကမှ မင်းကို ကူညီဖို့ တာဝန်ရှိမနေပါဘူး ။
မင်းရဲ့အခက်အခဲတွေ အကြပ်အတည်းတွေကို
အလိုက်တသိနဲ့ နားမလည်ရကောင်းလား လို့
အပြစ်မတင်ချင်ပါနဲ့ ။
ဘယ်သူကမှ မင်းကိုနားလည်ပေးဖို့
လူလာဖြစ်နေကြတာ မဟုတ်ဘူး။
မင်း အထီးကျန်တယ် အဖော်မပြုရကောင်းလားလို့
မနာကျည်းလိုက်ပါနဲ့ ။
မင်းလျှောက်နေတဲ့လမ်းမှာ
မိသားစုကောင်း၊ မိတ်ဆွေရင်း၊ အဖော်မွန်စစ်
ပါချင်ပါလာမယ် ။ မပါချင် မပါဘူး ။
သေချာတာ ကိုယ် သွားချင်တဲ့လမ်း
ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ ။
မင်းဒုက္ခရောက်နေတာ
ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက်ခံလိုက် ။
ဘယ်သူမှ မရှိဘူးလား
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ။
ထွေထွေထူးထူး ကြေကွဲမနေနဲ့ ။
Credit to Original
တရားမဝင်ဈေးကွက်မှာ နှလုံးတစ်ခုက ဒေါ်လာ ၁၉၀၀၀၀ နဲ့ ၂၃၀၀၀၀ ကြားရှိတယ် ။ ကျောက်ကပ်တစ်ခုကို ဒေါ်လာ ၅၀၀၀ ကနေ ၁၂၀၀၀ ကြား အဆုပ်တစ်ဖက်ကို ၁၅၀၀၀၀ နဲ့ ၂၉၀၀၀၀ ကြား အသည်းဆို ဒေါ်လာ ၉၉၀၀၀ နဲ့ ၁၄၅၀၀၀ ကြား မုန့်ချိုအိတ်က ၁၁၀၀၀၀ နဲ့ ၁၄၀၀၀၀ ကြား တန်ဖိုးရှိတယ် ။ ဒါ တရားမဝင်အောက်ဈေးလောကမှာ ။
တရားဝင် ဈေးကွက် ခွဲစိတ်ကုသမှုတွေက US မှာဆို ဒေါ်လာသန်းချီရှိတယ် ။
ကျန်းမာတာ ချမ်းသာတာပဲဆိုတာ အလကားပြောတာမဟုတ်ဘူး ။ ခင်ဗျားမြန်မာပြည်မှာနေနေတာ ။ တစ်သက်လုံး ရှာလို့ ဒေါ်လာ ၁ သိန်း ( လက်ရှိပေါက်ဈေး မြန်မာငွေ သိန်း ၄၀၀၀ ခန့် ) ရဖို့ဆိုတာ မလွယ်ကူဘူး ။
ဒါက အင်္ဂါအစိတ်အပိုင်းအချို့အတွက်ပဲပြောတာ ။ ခင်ဗျားရဲ့ ဦးနှောက် ၊ မျက်လုံး ၊ လျှာ ၊ အာရုံကျော ၊ အရိုးတွေ အရေပြားတွေ ၊ အကုန်လုံးကို တန်ဖိုးသင့်လိုက်ရင် ဒေါ်လာ ၂၅ သန်းလောက်ထွက်တယ်လို့ပြောတယ် ၊ လူ့ခန္တာကိုယ်တစ်ခုက အဲ့လောက်တန်ဖိုးရှိတယ် ။
ပိုက်ဆံ သိန်းတစ်သောင်းလောက်ချမ်းသာတဲ့သူဌေးတစ်ယောက် ဆေးတွေမဆင်မခြင်သောက်ပြီး သို့မဟုတ် ဆီးချိုကို သေချာမထိန်းမိလိုက်လို့ ကျောက်ကပ်ပျက်ကြည့် ၊သူချမ်းသာသမျှဟာ သူ့ဆေးဖိုးနဲ့တင် ပြန်မွဲသွားလိမ့်မယ် ၊ ကျမ်းမာတာက ချမ်းသာတာပဲ ။
ဘယ်လောက်ချမ်းသာချမ်းသာ ဘာမှမစားနိုင်ရင် ၊ အပူအအေးကို အရသာမခံစားနိုင်ရင် ဘယ်မှ မသွားနိုင်ရင် ငွေပုံပေါ်ထိုင်ပြီး ငရဲကျနေသလို ခံစားရမှာ ။
ဒီလိုပြောလို့ ချမ်းသာအောင်မလုပ်နဲ့ ကျန်းမာအောင်ပဲလုပ်လို့ ဆိုလိုတာမဟုတ်ဘူး ။ ကျန်းမာရေးဟာ ချမ်းသာဖို့ရော ချမ်းသာရင်ခံစားနိုင်ဖို့ရော ချမ်းသာပြီးမှ ကိုယ့်စည်းစိမ်တွေ မြန်မြန်ပြောင်မသွားစေဖို့ရော အရေးပါတယ်ဆိုတာကို သိစေချင်တာ ။
စိတ်ဖိစီးလို့ဆိုပြီး ဒေါ်လာ ၁၅၀၀၀၀ အောက်ထစ်တန်ဖိုးရှိတဲ့ အဆုပ်ကို ဆေးလိပ်သောက်ပြီး ဖျက်ဆီးနေတာတွေ ၊ ဒေါ်လာ ၁ သိန်းလောက်တန်ဖိုးရှိတဲ့ အသည်းကို အရက်နဲ့ ဖျက်ဆီးနေတာတွေ ၊ ခဏတာ အကိုက်အခဲသက်သာအောင် ဒေါ်လာ ၁ သောင်းလောက်တန်ဖိုးရှိတဲ့ ကျောက်ကပ်ကို အကိုက်အခဲပျောက်ဆေးသောက်ပြီး ဖျက်ဆီးနေတာတွေဟာ တကယ့်ကို နှမြောစရာကောင်းတယ် ။
တကယ်လို့ ခင်ဗျားက အရင်က နေချင်သလိုနေ စားချင်သလိုစားခဲ့မိရင်တောင် အခုကစပြီး ကိုယ့်ရဲ့ကျန်းမာခြင်းတန်ဖိုးတွေကို သိလာရင် ကျန်းမာရေးကို ဦးစားပေးတဲ့ နေထိုင်မှုကို ပြောင်းလဲဖို့ အကြံပြုတိုက်တွန်းချင်တယ် ။
လမ်းလျှောက် ၊ ရေသောက် ၊ အဟာရမျှတအောင်စား ၊ အိပ်ရေးဝဝအိပ် ၊ ပေါက်ကရတွေလျှောက်စားလျှောက်သောက်တာတွေရပ် ၊ ဒေါ်လာ ၂၅ သန်းတန်ခန္တာကိုယ်ကို ကောင်းစွာတန်ဖိုးထား ထိန်းသိမ်းလိုက်ပါ ။
Credit original writer
Crd #
နေ့ချင်းအမြန်ရောက်တဲ့ LiNE Transport Air Cargo နဲ့
Ygn↔️Bkk ပစ္စည်း အမြန်ပို့ကြရအောင်‼️
Air Cargo Kg ထပ်မံရောင်းချပေးမယ့် ရက်တွေကတော့…
YGN➡️BKK Way
◾ရန်ကုန်➡️ဘန်ကောက် (မေလ 15 ရက်နေ့ )
မေ (14)ရက်နေ့ နေ့လည်ပိုင်း ရန်ကုန်ရုံးကို နောက်ဆုံးထားပီး ပစ္စည်းပို့ပေးရန်
◾ရန်ကုန်➡️ဘန်ကောက် (မေလ 17 ရက်နေ့ )
မေ (16)ရက်နေ့ နေ့လည်ပိုင်း ရန်ကုန်ရုံးကို နောက်ဆုံးထားပီး ပစ္စည်းပို့ပေးရန်
◾ရန်ကုန်➡️ဘန်ကောက် (မေလ 28 ရက်နေ့ )
မေ (27)ရက်နေ့ နေ့လည်ပိုင်း ရန်ကုန်ရုံးကို နောက်ဆုံးထားပီး ပစ္စည်းပို့ပေးရန်
BKK ➡️ YGN Way
◾ဘန်ကောက်➡️ရန်ကုန် (မေလ 12ရက်နေ့ )
မေ (11)ရက်နေ့ နေ့လည်ပိုင်း ဘန်ကောက်ရုံးကို နောက်ဆုံးထားပီး ပစ္စည်းပို့ပေးရန်
◾ဘန်ကောက်➡️ရန်ကုန် (မေလ 15 ရက်နေ့ )
မေ (14)ရက်နေ့ နေ့လည်ပိုင်း ဘန်ကောက်ရုံးကို နောက်ဆုံးထားပီး ပစ္စည်းပို့ပေးရန်
◾ဘန်ကောက်➡️ရန်ကုန် (မေလ 25 ရက်နေ့ )
မေ (24)ရက်နေ့ နေ့လည်ပိုင်း ဘန်ကောက်ရုံးကို နောက်ဆုံးထားပီး ပစ္စည်းပို့ပေးရန်
◾ဘန်ကောက်➡️ရန်ကုန် (မေလ 29 ရက်နေ့ )
မေ (28)ရက်နေ့ နေ့လည်ပိုင်း ဘန်ကောက်ရုံးကို နောက်ဆုံးထားပီး ပစ္စည်းပို့ပေးရန်
ထပ်တိုးရက်များကို Comment တွင် ဖော်ပြသွားပေးပါ့မယ် ခင်ဗျ။
📍ပစ္စည်းများအားလုံးကို ဖွင့်ဖောက်စစ်ဆေးပါမည်။
✅ အထက်ပါ သတ်မှတ်ရက်များမဟုတ်ပဲ မိမိတို့ပို့ဆောင်ချင်သော အခြားရက်များရှိပါကလည်း KG အနည်းအများအပေါ်မူတည်ပြီး ပို့ဆောင်ပေးပါတယ် ( Page Massager တွင်စုံစမ်းရန် )
✅ Air Cargo ဖြင့် ပစ္စည်းများ ပို့မည်ဆိုပါလျှင်
Page Massager တွင် ပို့မည့် Kg အလေးချိန် ပြောပြီး
အရင်မေးမြန်းစုံစမ်းပေးပါရန်
✅ လျှပ်စစ်ပစ္စည်းများ၊တန်ဖိုးကြီးပစ္စည်းများနဲ့ အရေးကြီးစာရွက်စာတမ်းများအတွက် အာမခံကြေး ထပ်ပေါင်းကောက်ခံပြီးလည်းကောင်း ပို့ဆောင်ပေးသွားမှာပါ
✅ ဘန်ကောက် ရုံးအရောက်ဈေးနှုန်းဖြင့် ပို့ဆောင်ပေးမှာဖြစ်ပြီး ဘန်ကောက်မြို့ နဲ့ ထိုင်းနိုင်ငံအတွင်း Delivery သို့မဟုတ် စာတိုက်အပ်ပေးတဲ့ Service တွေလည်းရှိပါတယ်ဗျ....
✅ LiNE Transport ရန်ကုန်/ဘန်ကောက် ရုံးတွေမှာလည်း ကိုယ်တိုင် ပစ္စည်းလာထုတ်လို့ရပါတယ် ခင်ဗျ…
🟡 Bangkok Ofiice : 0991622809
499/2 Soi Lat Phrao 3, Chomphon Subdistrict, Chatuchak District, Bangkok 10900
🟡 Yangon Office. : 09765470196
အမှတ် ၄၁/ B၊ မဉ္ဇူလမ်း ( စံပယ်ရုံလမ်းသွယ်)၊ ပါရမီကုန်းကျော်အနီး၊ ရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင် ဘေးလမ်း၊ (၈) ရပ်ကွက်၊ ရန်ကင်းမြို့နယ်။
📍Google Map : https://goo.gl/maps/vn7rRCKiJRA9siTo6
#ထိုင်းမြန်မာကာဂို
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เว็บไซต์
ที่อยู่
29, Ekkamai Road, (Sukhumvit 63), Khlong Tan Nuea, Watthana
Bangkok
Centara Grand And Bangkok Convention Centre
Bangkok, 10330
The offline meeting place for the world's top affiliate marketers and ecommerce entrepreneurs.
123/5 ถนนนนทรี แขวงช่องนนทรี เขตยานนาวา จังหวัดกรุงเทพมหานคร รหัสไปรษณีย์
Bangkok, 10120
Application ผู้ใช้รถ #ฟินประกันรถ Loade ใช้ฟรี เมนูต่างๆผู้ใช้รถ สมัครแล้วแชร์ App ก็มีรายได้
85/2, 85/3 ซอย ราชวิถี 1 แขวง ถนนพญาไท เขตราชเทวี
Bangkok, 10400
จำหน่ายเครื่องทดสอบสายอีเธอร์เน็ต พร้อมให้คำแนะนำโดยวิศวกรผู้เชี่ยวชาญ และบริการจัดส่งถึงที่
10th Floor WeWork Spring Tower, Office 132
Bangkok, 10400
Y&Archer is a specialized accelerating company designated by Korea Ministry of SMEs and Startup.
Bangkok, 10400
Value-Added Business-Driven IT Solution offering business needs of its clients and equips their business to compete successfully