RFA Burmese
Nearby media companies
High Point
M Street NW
M Street NW
M Street NW
M Street NW
20036
M Street NW
M Street NW
M Street NW
M Street NW
M Street NW
17th Street NW
M Street NW
M Street NW
M Street NW
http://www.rfa.org/burmese/
Ph: (+1) 202-530-4900
Email: [email protected]
Radio Free Asia (RFA) is a private, nonprofit corporation that broadcasts news and information to listeners in Asian countries where full, accurate, and timely news reports are unavailable.
ကျောက်ကြီးမှာ စစ်ကောင်စီစစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့
~~~
■ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာရှိ ကျွန်းဘုရားကို ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို နိုဝင်ဘာ ၁ ရက်နေ့က ကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဆယ်ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသက နိုဝင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီစစ်ကြောင်းကို NUG တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ ရိုးမ ၁ စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ ၂ စစ်ကြောင်း၊ ဖြူးပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ဆယ်ဦးသေဆုံးသလို ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒီအချက်အလက်နဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
စစ်ကောင်စီဘက်က စစ်ကူတွေပို့ဆောင်တာနဲ့ လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ပူးပေါင်းတပ်ဖွဲ့ဘက်က အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
စစ်ကောင်စီတပ်သားတွေ သေဆုံးတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်သား နှစ်ရာရှိတဲ့ ကရင်ပြည်နယ် ဖာပွမြို့နယ်က ခေါပုတ်စခန်းကို ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တယ်လို့ နိုဝင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
________
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသ ပူးပေါင်းတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က ရေးမြို့နယ်တစ်နေရာတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ)
#တောင်ပိုင်းစစ်ဒေသ #လွတ်လပ်တဲ့အာရှအသံ
ရိုဟင်ဂျာတွေကို လူကုန်ကူးမှုနဲ့ ထိုင်းအမျိုးသား သုံးဦးကို ဖမ်းဆီး
~~~
■ ရိုဟင်ဂျာ ၂၆ ဦးကို ထိုင်းနိုင်ငံထဲ လူကုန်ကူးမှုနဲ့ ခေါင်းဆောင် တစ်ဦးအပါအဝင် ထိုင်းအမျိုးသား သုံးဦးကို ဖမ်းဆီးရမိထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က နိုဝင်ဘာ ၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ရဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဌာနခွဲက လူကုန်ကူးအဖွဲ့ ခေါင်းဆောင်လို့ ယူဆရတဲ့ အသက် ၃ဝ အရွယ် Somkiart Samphaothong ကို နိုဝင်ဘာ ၁ ရက်နေ့က ချန်သဘူရီမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အသက် ၂ဝ အရွယ် နောက်ထပ် အမျိုးသားနှစ်ဦးကိုတော့ ဘန်ကောက်မှာ ဖမ်းဆီးခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းက ဖော်ပြထားပါတယ်။
သူတို့သုံးဦးကို လန်ဆွမ်တရားရုံးက အောက်တိုဘာ ၃ဝရက်နေ့မှာ ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံကနေ မလေးရှားကို သွားဖို့ ကုန်တင်ကားထဲ ပုန်းခိုပြီးလိုက်လာတဲ့ ရိုဟင်ဂျာ ၂၆ ဦးထဲက သုံးဦးဟာ အောက်တိုဘာ ၁၈ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ပွန်းပြည်နယ်အရောက်မှာ အသက်ရှုကျပ်သေဆုံးခဲ့ပါတယ်။ သူတို့အားလုံးကို ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံ ပို့ဆောင်ဖို့ လူကုန်ကူးအဖွဲ့က စီစဉ်ထားခဲ့တာလို့ သတင်းမှာဖော်ပြပါတယ်။
အဲဒီလူကုန်ကူးမှုကို ခေါင်းဆောင်တဲ့ ထိုင်းအမျိုးသား Somkiart ပြောဆိုချက်အရ သူတို့ဟာ ရိုဟင်ဂျာတစ်ဦးကို ဘတ် သုံးထောင်နဲ့ ထိုင်းနိုင်ငံထဲ ခေါ်သွင်းခဲ့တာဖြစ်ပါတယ်။
အဲဒီကားပေါ်မှာ လိုက်ပါလာတဲ့ ရိုဟင်ဂျာ အမျိုးသား ၂၁ ဦးနဲ့ အမျိုးသမီး ငါးဦးဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဖြစ်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။
သူတို့ကို ခေါ်ဆောင်လာတဲ့ ထိုင်းယာဉ်မောင်း နှစ်ဦးကိုလည်း လူကုန်ကူးမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲထားပါတယ်။
________
ရိုဟင်ဂျာ သုံးဦး အသက်ရှုကျပ်သေဆုံးမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် ထိုင်းအာဏာပိုင်များအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Thai News)
#ရိုဟင်ဂျာ #လူကုန်ကူး #ထိုင်းနိုင်ငံ #လွတ်လပ်တဲ့အာရှအသံ
စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးကို အချက် ငါးချက်နဲ့ စဉ်းစားမည့်အကြောင်း CNF ပြော
~~~
■ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးမှာ နိုင်ငံတကာရှေ့မှာ ပြုလုပ်ရေးနဲ့ စစ်တပ် နိုင်ငံရေးက ထွက်ရေးအပါအဝင် ရပ်တည်ချက် ငါးချက်ရှိတယ်လို့ နိုဝင်ဘာလ ၁ ရက်နေ့က ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌ ၂ ဒေါက်တာ ရွှေခါး (Dr. Sui Khar) က ပြည်သူတွေ ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ စက်တင်ဘာလ ၂၆ ရက်နေ့က ဖိတ်ခေါ်ခဲ့ပါတယ်။
ဒီတွေ့ဆုံဆွေးနွေးရေးကို ငြင်းဆိုခဲ့ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး ရပ်တည်ချက်အကြောင်းကို ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌ ၂ ဒေါက်တာ ရွှေခါးက အခုလိုပြောလိုက်တာပါ။
"တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ ခိုင်မာတဲ့ ရပ်တည်ချက် ရှိပါတယ်၊ အဲတာကိုလည်း ဒီကနေ ပြောပြချင်ပါတယ်၊ ဒီတွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့တစ်တွေရဲ့ ရပ်တည်ချက်ကတော့ နံပါတ်တစ်က စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး အကြမ်းဖက်မှုကို ချုပ်ငြိမ်းစေရန် ဖြစ်ပါတယ်၊ နှစ်ကတော့ ၂၀၀၈ ကို ပယ်ဖျက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ရန်အတွက် ဖွဲ့စည်းပုံအသစ်ရေးစွဲရန်၊ သုံးကတော့ စစ်တပ်ဟာ နိုင်ငံရေးမှာ လုံးဝပါဝင်ပတ်သက်မှုမရှိဘဲ ပြည်သူအုပ်ချုပ်ရေး အောက်မှာပဲ လုံးလုံးလျားလျား ထားရှိရန်၊ နံပါတ်လေး အသွင်ကူးပြောင်းရေး တရားမျှတမှု ဖော်ဆောင်ထုတ်ရန်၊ ငါးကတော့ တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံတကာ တတိယအင်အားစုတွေ ရှေ့မှာ ပြုလုပ်ရန်တို့ ဖြစ်ပါတယ်"
ဒီစစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းလက်နက်ကိုင်အဖွဲ့တွေကလည်း ပြတ်ပြတ်သားသား ငြင်းပယ်ထားပါတယ်။
အခုဆင်နွဲနေတဲ့ တော်လှန်ရေးဟာ စစ်အာဏာရှင်ဖြုတ်ချရေးသာမကဘဲ မိမိတို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရန်ဖြစ်ပြီး အဓိကအဟန့်အတားဖြစ်တဲ့ စစ်အာဏာရှင်ကို အမြစ်ပြတ်အောင် ရှင်းထုတ်ဖို့အတွက် တခြားတော်လှန်ရေးအင်းအားစုတွေနဲ့လည်း လက်တွဲဖော်ဆောင်နေတယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ စခန်းကြီးငယ် ၅၂၈၀ ရှိတဲ့အထဲမှာ စခန်း ၃၅၀၀ ကျော်ကို တော်လှန်ရေးအဖွဲ့တွေက သိမ်းယူထားတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
_______
ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌ ၂ ဒေါက်တာ ရွှေခါး (Dr. Sui Khar) အား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က မိန့်ခွန်းပြောကြားနေစဉ်။ (Photo: Chinland Information Center/Screenshoot)
#တွေ့ဆုံဆွေးနွေး #ချင်း #လွတ်လပ်တဲ့အာရှအသံ
ရန်ကုန်မှာ Myanmar Pet Expo ပွဲကျင်းပ
~~~
■ ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Fortune Plaza မှာ Myanmar Pet Expo 2024 ပွဲကို နိုဝင်ဘာလ ၂ ရက်နေ့က ကျင်းပနေပါတယ်။ ဒီပွဲကို နိုဝင်ဘာ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ နှစ်ရက်ကြာကျင်းပမှာဖြစ်ပြီး အိမ်မွေးတိရိစ္ဆာန်တွေအတွက် လိုအပ်တဲ့ အစားအစာ၊ ဆေးဝါးနဲ့ အလှအပဆိုင်ရာတွေကို ပြသထားပါတယ်။ ခွေးကလေးတွေရဲ့ ဖက်ရှင်ရှိုးနဲ့ Grooming Show အစီအစဉ်တွေ၊ လက်တွေ့သရုပ်ပြလေ့ကျင့်ပေးတဲ့ အစီအစဉ်တွေ၊ အခမဲ့ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ ကျန်းမာရေးဆွေးနွေးပွဲတွေလည်း ပါဝင်ပါတယ်။
________
Photo: RFA
#ရန်ကုန် #အိမ်မွေးတိရိစ္ဆာန် #လွတ်လပ်တဲ့အာရှအသံ
ပုလောက စစ်ဘေးဒုက္ခသည် သုံးထောင်ကျော် အကူအညီလိုအပ်နေ
~~~
■ တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ကောင်စီထိုးစစ်ကြောင့် ကျေးရွာ ဆယ်ရွာကျော်က ဒေသခံ ၃၅၀၀ နီးပါးဟာ ဘေးလွှတ်ရာထွက်ပြေးနေရပြီး စားနပ်ရိက္ခာအပါအဝင် အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ သူတို့ကို အကူအညီပေးသူတွေက ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေမှာ စားသောက်ဖို့အတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ အကူအညီပေးသူတစ်ဦးက RFA ကို ပြောပါတယ်။
"ရွာတွေထဲ စစ်ကြောင်းတွေထိုးတော့ အကုန်လုံးက ထွက်ပြေးကြတာ၊ တချို့က မြိတ်ဘက်ကိုပြေးတယ်၊ တချို့က လွတ်မြောက်နယ်မြေက ဒုက္ခသည်စခန်းတွေ ပြေးတယ်၊ တချို့က နီးစပ်ရာတောတွေထဲပြေးကြာတာ၊ အကုန်လုံးကတော့ စားသောက်စရာအပါအဝင် အကုန်လုံးလိုအပ်နေတာ၊ တောထဲပြေးတဲ့လူတွေက ပိုအခက်အခဲဖြစ်တယ်၊ လမ်းပေါ်လည်း တက်မရ၊ လွတ်မြောက်နယ်မြေလည်း လာမရ "
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ ကြဲရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ပြီးကတည်းက ကြဲ၊ စက်တော်ရာ၊ တပို၊ ဇရပ်ဆိပ်၊ ကျောက်ကမ်းဖဲ၊ မိန်းမမြို့၊ ဘိုင်းပြင်၊ မင်းပြင်၊ ပလ၊ တို၊ တန်းရှင်းနဲ့ သင်္ကန်းတော စတဲ့ ရွာတွေက ဘေးလွှတ်ရာ ထွက်ပြေးခဲ့ရတာလို့လည်း ဆိုပါတယ်။
လွတ်မြောက်နယ်မြေဘက်ကို စစ်ဘေးဒုက္ခသည် သုံးထောင်ကျော်လောက် ထွက်ပြေးလာပြီး အရင်ကတည်းက နှစ်ထောင်ရှိတာကြောင့် ငါးထောင်ကျော်သွားပြီလို့လည်း ဆိုပါတယ်။ အဲလူတွေအတွက် ဆေးဝါးနဲ့ ရိက္ခာပို့ဖို့အတွက် စစ်ကောင်စီက ပြည်ထောင်စုလမ်းကို ပိတ်ထားတာကြောင့် အခက်အခဲဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
ရာဘာတောတွေ၊ ဥယျာဉ်တွေနဲ့ လယ်ကွင်းတွေထဲမှာ ရွာအလိုက်စုနေကြတဲ့ စစ်ဘေးဒုက္ခသည် ငါးထောင်ဝန်းကျင်ရှိပြီး သူတို့အတွက် စားသောက်စရာ အခက်အခဲရှိနေတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ နိုင်ဝင်ဘာလ ၂ ရက်နေ့အထိ စစ်ကြောင်းတွေ ပြန်လည်ရုပ်သိမ်းတာမရှိဘဲ ပြည်ထောင်စုလမ်းမတစ်လျှောက်နဲ့ ရွာတွေထဲကို ဝင်ရောက်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း နေ့စဉ်နီးပါး ထိတွေမှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာတစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးစီးနင်းမှုတွေကြောင့် လူပေါင်း ၅၉,၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ FE5 Tanintharyi တာဝန်ရှိသူတွေက ပြောထားပါတယ်။
________
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)
#ပုလော #စစ်ဘေးရှောင် #တနင်္သာရီ #လွတ်လပ်တဲ့အာရှအသံ
မြိုင်မှာ လေကြောင်းကနေ ပစ်ခတ်တာကြောင့် လေးဦးဒဏ်ရာရ
~~~
■ မကွေးတိုင်း မြိုင်မြို့နယ်မှာ နိုဝင်ဘာလ ၂ ရက်နေ့က ကနီရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တာကြောင့် အရပ်သားနှစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ လာရောက်ပစ်ခတ်သွားတာလို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ကနီပျူရွာရဲ့အနီးတဝိုက်မှာ ဘာမှလည်းမရှိဘူးဗျ အဲတာကို လေကြောင်းကနေ MI 35 နဲ့ လာပြီး ပစ်သွားတာပေါ့၊ အဲနားလေးမှာ ပျူရွာနားနီးတော့ ပြည်သူတွေ သွားရေးလာရေးအဆင်ပြေအောင် ဂိတ်ကင်းစောင့်နေတဲ့ ရဲဘော်တွေလည်း ရှိတာပေါ့၊ အဲတာတွေ လာပစ်သွားတာပေါ့၊ ထိခိုက်ဒဏ်ရာကတော့ ပြည်သူနှစ်ဦးထိတယ်၊ ရဲဘော်နှစ်ဦး ထိတယ်"
မြိုင်မြို့နယ်ထဲက ပျဉ်းကတောရွာဘက်မှာ စစ်ကောင်စီစစ်ကြောင်းထိုးနေပြီး အဲနားကရွာတွေကို ဝင်ရောက်မွှေနှောက်ကာ ပစ္စည်းတွေ ယူသွားသလို နေအိမ်တွေကိုလည်း မီးရှို့တာတွေရှိတယ်လို့လည်း မြိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ နေအိမ်မီးလောင်ပျက်စီးတဲ့အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
လေကြောင်းကနေ ပစ်ခတ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့ကလည်း မြိုင်မြို့နယ် လက်ယက်မရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ခြောက်ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောထားပါတယ်။
ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ အခုနှစ် မေလကနေ ဩဂုတ်လအထိ လေးလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နေ့တိုင်းလုပ်နေပြီး အရပ်သား ၄၅၅ ဦး သေဆုံးခဲ့သလို ၈၁၉ ဦး ဒဏ်ရာရခဲ့ပါတယ်။
_________
မကွေးတိုင်း မြိုင်မြို့နယ် ကန်ကြီးတောရွာအား စစ်ကောင်စီတပ်မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ (Photo: We Love Myaing)
#မကွေး #လေကြောင်းဗုံးကြဲ #မြိုင်မြို့နယ် #လွတ်လပ်တဲ့အာရှအသံ
နောင်ချိုမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးသေဆုံး
~~~
■ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြိုနယ် ဆမ္မဆယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသုံးဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က နိုဝင်ဘာ ၂ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၁ ရက်နေ့က ဆမ္မဆယ်ရွာနဲ့ သကြားစက်ရုံကို ဂျက်ဖိုက်တာနဲ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်တာလို့လည်း ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် မီးနေသည်မိခင်တစ်ဦး၊ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် သံဃာတော်နှစ်ပါးနဲ့ ဒေသခံလေးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး သကြားစက်ရုံနဲ့ နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အသေးစိတ်သိရဖို့ TNLA ပြောခွင့်ရသူ လွေးယေဦးကို ဆက်သွယ်မေးမြန်းပေမဲ့ လက်တလော မဖြေကြားသေးပါဘူး။
ဒီဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကလည်း နောင်ချိုမြို့ သပြေရပ်ကွက်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက်ခြောက်ဆယ်အရွယ် ဦးသိန်းထွန်းသေဆုံးပြီး အသက် ငါးဆယ်ဝန်းကျင် ဒေါ်ပု ထိခိုက်ဒဏ်ရာရခဲ့တာလို့ TNLA က ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နောင်ချိုမြို့ကို TNLA၊ မန္တလေး PDF နဲ့ ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတာပါ။ လက်ရှိမှာ နောင်ချိုမြို့ကို ပြန်ရရေးအတွက် စစ်ကောင်စီက မြေပြင်ကရော လေကြောင်းနဲ့ပါ ထိုးစစ်ဆင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ "၁၀၂၇ စစ်ဆင်ရေး" အတွင်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာကြောင့် သေဆုံးသူ ၃၃၉ ဦးနဲ့ ဒဏ်ရာရသူ ၆၇၂ ဦးရှိခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်(HRAN)က အောက်တိုဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
________
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြိုနယ် ဆမ္မဆယ်ကျေးရွာအား လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်တစ်လုံးအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က TNLA မှ ထုတ်ပြန်ထားစဉ်။ (Photo: PSLF/TNLA News)
#နောင်ချို #လေကြောင်းဗုံးကြဲ #သေဆုံး #လွတ်လပ်တဲ့အာရှအသံ
အောင်ဇေယျစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေ
~~~
■ မြဝတီ-ကော့ကရိတ် အာရှလမ်းမလမ်းပိုင်းကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တွေ အာရှလမ်းမှာ နိုဝင်ဘာလ ၂ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေပါတယ်။
အာရှလမ်းပေါ်ကနေ အောင်ဇေယျစစ်ဆင်ရေးတပ် ပြန်ဆုတ်သွားအောင် မဟာမိတ်အဖွဲ့တွေ နေရာစုံကနေ ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ KNLA မဟာမိတ်ပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူ ဗိုလ်ကျော်ဟိန်းက RFA ကို ပြောပါတယ်။
"တိုက်ပွဲတော့ နေရာတော်တော်များများတော့ ဖြစ်နေကြတယ်နော်၊ ကျွန်တော်တို့ဘက်က အထိအခိုက်တော့ သိပ်ပြီးတော့မရှိဘူးနော်၊ နည်းနည်းပါးပါးလောက်ပဲ၊ သိပ်များများစားစားမရှိဘူး၊ ရန်သူဘက်ကတော့ အထိခိုက်အကျအဆုံး တအားများတယ်၊ ထိခိုက်ဒဏ်ရာလည်း တအားများတယ်"
နိုဝင်ဘာ ၂ ရက်နေ့လယ်ပိုင်းမှာ ကော့ကရိတ်မြို့မြောက်ဘက် ရန်ကုတ်ရွာ၊ အာရှလမ်း၊ တတန်ကူးကျေးရွာ၊ ကျုံဒိုးနဲ့ ရေပူကျေးရွာဘက်တွေမှာ တိုက်ပွဲတွေရှိနေတယ်လို့ ဆိုပါတယ်။
ကော့ကရိတ်မြို့အနီး တိုက်ပွဲတွေပြင်းထန်နေတာကြောင့် စစ်ကောင်စီတပ် ခမရ (၅၄၅) ၊ စကခ (၁၂) ၊ ခမရ (၂၃၁)၊ ခလရ (၉၇) တို့ကနေ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်၊ ကျေးရွာတွေကို ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အဲဒီလိုတိုက်ခိုက်နေတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးရတယ်လို့ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
"၂၇ရက်နေ့က ကျုံဒိုး ၅၄၅ နဲ့ စကခ ၁၂ ဘက်ကပစ်တဲ့ နှစ်ဆင့်ကွဲလက်နက်ကြီးတွေ ကျတာ ရေပူမှာက ဦးကျော်စွာဦး အသက် ၅၀ ဆုံးတယ်၊ ရန်ကုတ်မှာက လူကြီးနှစ်ယောက် ဒရုန်းဗုံးအစ မှန်တယ်၊ အသက်အန္တရာယ်မစိုးရိမ်ရပါဘူး၊ ၉၇ တပ်က ပစ်တာပေါ့၊ တံတားဦးကို လက်နက်ကြီးသုံးလုံး ကျတာပေါ့။ အဲဒီမှာ ကလေးတစ်ယောက်အစ မှန်သွားတယ်၊ လှိုင်ဝကပစ်တဲ့ လက်နက်ကြီးကပြောရမယ်ဆိုရင် နေရာစုံကနေ ကရင်အဖွဲ့ PDF အဖွဲ့တွေ မြို့နားဝင်မလာရဲအောင် ပစ်ထုတ်နေတာပေါ့"
KNLA ပူးပေါင်းတပ်ဘက်က ပြောပြချက်အရ အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကော့ကရိတ်ဒေသခံ သုံးထောင်နီးပါး စစ်ဘေးရှောင်နေရပါတယ်။
လတ်တလော တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ပြည်သူတွေ သတိထားသွားလာကြဖို့နဲ့ ဗုံးခိုကျင်းတွေ တူးပြီးနေကြဖို့ KNLA မဟာမိတ်ပူးပေါင်းတပ်တာဝန်ရှိသူ ဗိုလ်ကျော်ဟိန်းက သတိပေးပါတယ်။
လက်ရှိ ကော့ကရိတ်မြို့ဝန်းကျင်က နှစ်ဖက်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဖုန်းမဖြေပါဘူး။
________
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအား ကော့ကရိတ်မြို့နယ် ရှေ့တန်းတစ်နေရာတွင် တွေ့ရစဉ်။ (Photo: Cobra Column)
#မြဝတီ #အာရှလမ်းမ #ကော့ကရိတ် #လွတ်လပ်တဲ့အာရှအသံ
RFA နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂ဝ၂၄ နိုဝင်ဘာ ၂ ရက် ညပိုင်း)
~~~
- အင်းတော်မြို့မှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေ၊
- မတ္တရာမြို့နယ်က စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြတ်လပ်၊
- မန္တလေးမြို့က တရုတ်လူကုန်ကူးဂိုဏ်းကို စစ်ကောင်စီဖမ်းဆီး၊
- မြန်မာသတင်းသမားတွေ ဖိနှိပ်ခံရမှု ကူညီဖို့ NUG တောင်းဆို၊
- ဆုန်ကရန်သင်္ကြန်ကို ဉာဏမူပိုင်ခွင့်တင်ဖို့ ထိုင်း ကြိုးပမ်း၊
- ကုမ္ပဏီဝန်ထမ်းဘဝကနေ တော်လှန်ရေးရဲမေဖြစ်လာသူ၊
… စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
စစ်ကောင်စီကို အဆုံးသတ်တိုက်ပွဲဝင်နေတဲ့ PDF ရဲမေ
~~~
■ PDF ရဲမေ မမေလှိုင်ထွန်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်နေရာမှာ ခက်ခဲကြမ်းတမ်း လွန်းတဲ့အတွေ့အကြုံတွေ၊ သေရာပါဒဏ်ရာတွေ ရခဲ့ပေမဲ့လည်း အဆုံးအထိ တိုက်ပွဲဝင်သွားမယ် လို့ ဆုံးဖြတ်ထားသူတစ်ယောက်ပါ။
သူဟာ အသက် ၃၀ အရွယ် ရှိပြီဖြစ်ပြီး စစ်တပ်အာဏာမသိမ်းခင်အချိန်က ကုမ္ပဏီဝန်ထမ်းဘဝနဲ့ မိသားစု အဆင်ပြေပြေနဲ့ နေထိုင်ခဲ့ကြပါတယ်။ အဲဒီအချိန်အထိ နိုင်ငံရေးကို သူ ဘာဆိုဘာမှ မသိခဲ့ပါဘူး။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါမှာတော့ အဆင်ပြေချောမွေ့နေတဲ့ဘဝဟာ ဖျက်ဆီးခံလိုက်ရသလိုပဲ ခံစားခဲ့ရတယ်လို့ မမေလှိုင်ထွန်းက ပြောပါတယ်။
‘’ဒီဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်တဲ့ကာလတွေမှာ ကောင်းတဲ့၊ ကောင်းသွားတယ်၊ ကောင်းလာတဲ့ ဟာတွေကိုသိတယ်ပေါ့၊ ခံစားရတယ်၊ ဒါပေမဲ့ ဒီ ၁ ရက်နေ့အာဏာသိမ်းတယ်ဆိုတဲ့အချိန်မှာ ဘာ ခံစားရလဲဆိုတော့ ငါးနှစ်တာကာလလုံးမှာ ကောင်းဖို့ဘက်ကို စ သွားနေပြီပေါ့နော် ကောင်းနေပြီ၊ အဲဒီ ကနေ မကောင်းတဲ့နေရာကြီးကို ပြန်သွားရတော့မယ်ဆိုတဲ့အတွေးမျိုးပေါ့နော် အဲဒီအတွေးမျိုးဝင်လာတဲ့အခါမှာ နိုင်ငံကြီး အရင်အတိုင်းပဲ ပြန်ပြီးတော့အဆင်ပြေဖို့ ပိုကောင်းတဲ့ဆီကိုရောက်ဖို့ ဆန္ဒထုတ်ဖော်ရမယ်၊ ဒီထဲကိုဝင်ပြီးတော့မှ ထဲထဲဝင်ဝင်လုပ်ဆောင်ရမယ်ဆိုတဲ့အတွေးမျိုးဝင်လာပြီးတော့ တော်လှန်ရေးစပြီးတော့ လုပ်ဖြစ်တာပေါ့နော်’’
ဒီလိုနဲ့ ရန်ကုန်မြို့ကိုစွန့်ခွာပြီး သူငယ်ချင်းတွေနဲ့အတူ စစ်သင်တန်းတက်ဖို့ သူ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် ကရင်ပြည်နယ်ထဲက နဂါးဖြူစစ်ကြောင်းမှာ PDF ရဲမေ အဖြစ် ပါဝင်လာခဲ့တာပါ။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှာ ကော့ကရိတ်မြို့ပေါ်က စစ်ကောင်စီတပ်ကို တိုက်နေတဲ့အချိန် မမေလှိုင်ထွန်းတို့အဖွဲ့က ရှေ့တန်းက ရဲဘော်တွေအတွက် လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ သွားပို့ရင်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ ပြေးရင်းနဲ့ သူတို့ကား ချောက်ထဲကျခဲ့ပြီး မမေလှိုင်ထွန်းလည်း သေရာပါဒဏ်ရာတွေရခဲ့ပြီး အခုဆယ်လကြာတဲ့အထိ ဆေးကုသခံယူနေရဆဲဖြစ်ပါတယ်။
‘’စကစ ကနေပြီးတော့ လှမ်းပြီး တော့ လက်နက်ငယ်နဲ့ရော စနိုက်ပါနဲ့ရော လှမ်းပစ်တဲ့အချိန်မှာ ကားက တောက်လျှောက်တော့မောင်းနေတာပေါ့နော်၊ မောင်းနေရင်းနဲ့ ချောက်ထဲကိုထိုးကျသွားတယ်၊ ထိုးကျသွားတဲ့အချိန်မှာ ကားပေါ်မှာ ရဲဘော် ငါးယောက်လောက်ပါတယ်၊ ကျန်တဲ့သူတွေအားလုံးက ကားပေါ် ကနေ လွင့်ကျသွားပြီး တစ်ယောက်တည်း ကားပေါ်မှာ ကျန်ခဲ့တာပေါ့နော်၊ ကားပေါ်မှာကျတော့လည်း ရဲဘော်တွေအတွက် ထမင်းထုပ်တွေပါမယ်၊ ဖိုတီးတွေပါမယ်၊ အာပီဂျီတွေပါမယ်၊ ပြီးတော့ ကျည်ဆန်တွေပေါ့နော်၊ ဒါတွေ လည်းပါတယ်ပေါ့၊ ကားရဲ့အရှေ့နဲ့မျက်နှာနဲ့သွားရိုက်မိတဲ့ပုံစံမျိုးပေါ့၊ နှာခေါင်းကစောင်းသွားတယ် ဘယ်ဘက်ကို၊ သွားတွေမရှိတော့ဘူးပေါ့နော်’’
ရှေ့တန်းမှာဆေးကုသခံယူနေရင်းကနေ ဒဏ်ရာကဆိုးရွားလာလို့ ခွဲစိတ်ကုသခံယူဖို့အဆင့်အထိ ဖြစ် လာရတယ်လို့ ပြောပါတယ်။
‘’ထမင်းထုပ်စားရတာ အရမ်းအခက်အခဲရှိတာပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီသွားလေးကို သွားထိလိုက်တာနဲ့ အရမ်းနာတယ်ပေါ့၊ နာတော့ ရေလေးနဲ့ အရည်တစ်ခုခုနဲ့ပေါ့နော် ထည့်စားတာပေါ့၊ စား ရင်းနဲ့ နောက်ပိုင်းကျတော့ ဘာဖြစ်လာလည်းဆိုတော့ လေး ငါးရက်လောက်နေတော့ နှာခေါင်းက အသက်ရှူလို့ မရတော့ဘူး၊ နှာခေါင်းက ပိတ်လာတယ်၊ အမှန်က နှာခေါင်းက ကျိုးသွားတယ်လို့ပဲ ထင်လိုက်တာကိုး တကယ်တမ်းက နှာခေါင်းက တစ်ရိုးလုံးက ကြေသွားတာပေါ့နော်၊ နောက် ဘုရားသုံးဆူဘက်က ဆေးခန်းကို သွားတဲ့အခါမှာ နှခေါင်းကတော့ သူတို့ဆီမှာ လုပ်လို့မရဘူးပေါ့နော်၊ သွားကလည်း စားလို့သောက်လို့ အဆင်ပြေသွားအောင် နုတ်ပေးမယ်ပေါ့၊ နုတ်ပေးလိုက်တဲ့ အခါကျတော့ စားရသောက်ရတာ ပိုအဆင်ပြေသွားတာပေါ့’’
သူ့ရဲ့ နှာခေါင်းကိုလည်း မဲဆောက်ဆေးရုံကြီးမှာ ခွဲစိတ်ကုသခဲ့ပါတယ်။ အခုအချိန်အထိ ဆေးရုံပြနေရဆဲ ဖြစ်ပါတယ်။ ဒီတော်လှန်ရေးအမြန်ဆုံးပြီးချင်လို့ ရဲဘော်တွေနဲ့အတူ တိုက်ပွဲဝင်ဖို့ ရှေ့တန်းပဲပြန်ချင်တယ်လို့ ပြောပါတယ်။ တိုင်းပြည်ပျက်နေတဲ့အချိန်ဖြစ်လို့ တိုင်းပြည်ပြန်ကောင်းဖို့အတွက် တော်လှန်ရေးကိုပဲ အာရုံစိုက်ကြ ရမယ်လို့ ဆိုပါတယ်။
‘’တိုင်းပြည်အေးချမ်းဖို့ဆိုတာကလေ၊ တစ်ဦးတစ်ယောက်ချင်းဆီမှာ တိုင်းပြည်အေးချမ်းစေချင်တဲ့ စိတ်ရှိဖို့လိုတာပေါ့နော်၊ ငါတို့တိုင်းပြည်သည် ငါတို့က တိုင်းပြည်ကောင်းစေချင်တဲ့စိတ် တစ်ဦးတစ်ယောက် ချင်းဆီမှာရှိမှ အဲလိုစိတ်ရှိမှကောင်းမယ်ဆိုတာမျိုးပေါ့နော်၊ အဲလိုမျိုးတွေးပြီးတော့ ကူပါ၊ လှူပါ၊ နောက်တစ်ခုကျတော့ စည်းလုံးပါ၊ ညီညွတ်ပါ တော်လှန်ရေးကြီးကို ဖိုးကပ်ထားပါ အဲလိုမျိုးပဲပြော ချင်ပါတယ်။’’
မြို့ပြမှာ ကုမ္ပဏီဝန်ထမ်းအဖြစ်နဲ့ သာယာတဲ့ဘဝလေး ဖြတ်သန်းနေရင်းကနေ တောထဲမှာကြမ်းတမ်း ခက်ထန်တဲ့အတွေ့အကြုံတွေနဲ့ အသားကျနေပြီလို့လည်း ဆိုပါတယ်။
တော်လှန်ရေးပြီးရင် ရဲဘော်တွေအားလုံး အတူတူဆုံတွေ့ပြီး အောင်ပွဲခံချင်တယ်လို့ သူက ပြောပါတယ်။
‘’တော်လှန်ရေးရဲဘော်တွေကိုပြောချင်တာ ကိုယ်တွေအကုန်လုံးကပေါ့နော် မိသားစုတွေကိုလည်း စွန့်လွှတ်ခဲ့တယ်၊ တောထဲမှာ ပင်ပင်ပန်းပန်းနဲ့ အများကြီး အင်တိုက်အားတိုက်ပေါ့နော် ဒီတော်လှန် ရေးအောင်ဖို့အတွက် ပါဝင်ထားတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ တော်လှန်ရေးကြီးပြီးသွားတဲ့ အခါ အောင်ပွဲခံတဲ့အခါမှာ လူစုံချင်တယ်၊ အဲခါကျတော့ မသေအောင်နေပေးပါပေါ့နော်၊ အဲဒါပဲ ပြောချင်ပါတယ်’’
_________
#ရဲမေ #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ
စစ်မှုထမ်းဇာတ်လမ်းများ - အပိုင်း(၁၀)
မောင်ဖြစ်သူကို အလံဖြူထောင်ဖို့ ရှေ့တန်းအထိလိုက်ပြီး တိုက်တွန်းသူ
~~~
■ စစ်မှုထမ်းဥပဒေကြောင့် ပျက်စီးသွားတဲ့ အနာဂတ်တွေ၊ ပြိုကွဲသွားတဲ့ မိသားစုတွေ၊ ရုန်းကန်နေရတဲ့ ဘဝတွေအကြောင်း ပြောပြပေးမယ့် "စစ်မှုထမ်းဇာတ်လမ်းများ" Podcast ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်နေပါပြီ။
ဒီတစ်ပတ် အစီအစဉ် အပိုင်း (၁၀) မှာတော့ မောင်ဖြစ်သူရှိနေတဲ့ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းအထိသွားပြီး PDF တွေထံ အလံဖြူထောင် လက်နက်ချဖို့ တိုက်တွန်းခဲ့တဲ့ မခိုင်ရဲ့ အတွေ့အကြုံတွေကို နားထောင်ရပါမယ်။
RFA ရဲ့ Facebook, YouTube, Spotify နဲ့ Apple Podcasts တွေကနေ နားဆင်နိုင်ပါတယ်။
Facebook:
https://www.facebook.com/watch/100064542350311/521970730519785/
YouTube:
https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--DixSWlBZNeUIU
Spotify:
https://open.spotify.com/show/3DOgSgKmLoRXe8e570LGGU
Apple Podcasts:
https://podcasts.apple.com/us/podcast/ရေဆန်လမ်း/id1760546967
--------
#စစ်မှုထမ်း #လွတ်လပ်တဲ့အာရှအသံ
မြန်မာသတင်းသမားတွေ ဖိနှိပ်ခံရမှုအပေါ် ကူညီပေးဖို့ နိုင်ငံတကာကို NUG တိုက်တွန်း
~~~
■ စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာနဲ့ သတင်းလွတ်လပ်ခွင့်ကို ပုံစံမျိုးစုံနဲ့ ဖိနှိပ်နေတာတွေကို ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပြောဆိုပြီး ကူညီပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
အသက်ကို ပဓာနမထားဘဲ သတင်းတွေကို ဖော်ပြပေးနေတဲ့ သတင်းသမားတွေကို NUG အနေနဲ့ ထောက်ခံ ပံ့ပိုးပေးသွားမယ်လို့ နိုဝင်ဘာလ ၂ ရက်နေ့ ဒီနေ့မှာ ကျရောက်တဲ့ သတင်းသမားများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်အဆုံးသတ်ရေး အပြည်ပြည်ဆိုင်ရာနေ့မှာ ပြောလိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းသမား ခုနစ်ဦး သတ်ဖြတ်ခံထားရပြီး ၁၅၀ ထက်မနည်း ဖမ်းဆီးခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာတွေ ရှိခဲ့တယ်လို့ ထောက်ပြပါတယ်။
သတင်းသမားတွေ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခံရပြီး သတ်ဖြတ်ခံရတာတွေကို နိုင်ငံတကာ သိအောင်လုပ်ဖို့ လိုအပ်တယ်လို့ မဲခေါင်သတင်းဌာန တာဝန်ခံအယ်ဒီတာ ကိုဉာဏ်လင်းထက်က ပြောပါတယ်။
“ဒီဟာတွေ အကုန်လုံးကို ကျွန်တော်တို့က မှတ်တမ်းတင်ထားမယ်၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ သိအောင် လုပ်မယ်ပေါ့လေနော်။ ထိထိရောက်ရောက် နောင်တစ်ချိန်မှာ အရေးယူနိုင်အောင် မှတ်တမ်းတွေ ပြင်ဆင်ထားမယ်။ ဒီလိုမျိုးပဲလုပ်လို့ ရလိမ့်မယ် ထင်ပါတယ်”
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့အထိ သတင်းသမား (၆၄) ဦးထက်မနည်း ထိန်းသိမ်းခံထား ရဆဲဖြစ်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်ခံနေတယ်လို့ NUG က ပြောပါတယ်။
စစ်ကောင်စီဘက်က သတင်းသမားတွေကို ဖိနှိပ်ပြီး အမှန်တရားကို ဖုံးကွယ်တာ၊ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကို ကန့်သတ်တာတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
NUG ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
မြန်မာပြည်မှာ အာဏာရှင်ခေတ်အဆက်ဆက် သတင်းမီဒီယာဟာ ပစ်မှတ်ထားဖိနှိပ်ခံနေရပေမဲ့ သတင်းသမား တွေဟာ အဖြစ်မှန်တွေကို ဖော်ထုတ်ရေးသားနေကြတဲ့အတွက် ဂုဏ်ပြုတယ်လို့လည်း NUG က ဆိုပါတယ်။
NUG အနေနဲ့ သတင်းလွတ်လပ်ခွင့်ကို အသိမှတ်ပြုသလို သတင်းသမားတွေအနေနဲ့ ကြောက်ရွံ့တာမရှိဘဲ အလုပ်လုပ်နိုင်တဲ့ အခြေအနေကို ဖော်ဆောင်နိုင်ဖို့ အမြဲအလေးထားတယ်လို့ ပြောပါတယ်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ စာရင်းအရ ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ထဲမှာ သတင်းလွတ်လပ်ခွင့်မရှိတဲ့ ၁၇၁ အဆင့် သတ်မှတ်ခံ ထားရပြီး အန္တရာယ်အများဆုံး အဆင့်မှာ ရှိနေပါတယ်။
_________
ရန်ကုန်မြို့၊ မြေနီကုန်းတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့က စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြနေကြသည်ကို သတင်းယူနေသည့် သတင်းသမားအချို့အား တွေ့ရစဉ်။ (Photo: RFA)
#သတင်းသမား #ဖိနှိပ်ခံနေရ #လွတ်လပ်တဲ့အာရှအသံ
တရုတ်- မြန်မာနယ်စပ် မူဆယ်မှာ တိုက်ပွဲဖြစ်
~~~
■ တရုတ်- မြန်မာနယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်၊ မန်ဖန်ရွာအနီးမှာ နိုဝင်ဘာလ ၁ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မန်ဖန်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက် တာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မူဆယ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"တိုက်ပွဲက မနေ့က မနက်အစောကြီးမှာ ဖြစ်တယ်။ နာရီ၀က်ကြာတယ်၊ စစ်ကောင်စီ နေရာယူထားတဲ့ ၁၀၅ မိုင်ဘက်ရော၊ စက်မှုကုန်းဘက်ကပါ ပစ်ကြတယ်”
တိုက်ပွဲအတွင်း အရပ်သား ထိခိုက်မှုမရှိပေမဲ့ တိုက်ပွဲတွေ ပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
အောက်တိုဘာ ၁၅ ရက်နေ့ကလည်း မူဆယ်မြို့နယ်၊ နမ့်ခွန်ရွာအနီးမှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ နှစ်ဖက်ပစ်ခတ်မှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်မြို့နယ်ထဲက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က နိုဝင်ဘာလ ၂ ရက် ဒီနေ့ ညနေအထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအဓိကမြို့ဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အရပ်သား ဆယ်ဦးထက်မနည်း သေဆုံးပါတယ်။
_________
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင်း တစ်နေရာအား ၂၀၁၈ ခုနှစ်၊ မေလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)
#တရုတ် #မြန်မာနယ်စပ် #မူဆယ် #တိုက်ပွဲ #လွတ်လပ်တဲ့အာရှအသံ
ဆုန်ကရန်သင်္ကြန်ကို ဉာဏမူပိုင်ခွင့်တင်ဖို့ ထိုင်း ကြိုးပမ်းနေ
~~~
■ မြန်မာနိုင်ငံမှာ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ကိုဗစ်ကပ်ရောဂါနဲ့ စစ်ပွဲတွေကြောင့် မကျင်းပနိုင်ချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ဆုန်ကရန်သင်္ကြန်ရေကစားပွဲတော်ကို ဉာဏမူပိုင်ခွင့်တင်ဖို့ ထိုင်းကြိုးပမ်းနေတယ်လို့ The Nation သတင်းမှာ အောက်တိုဘာလ ၂၃ ရက်နေ့က ဖော်ပြပါတယ်။
သင်္ကြန်ရေကစားပွဲတော်ကို ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအနေနဲ့ ပြသလိုတာအပြင် တခြားနိုင်ငံ တွေမှာ “ရေကစားပွဲတော်” ကျင်းပ အသုံးပြုတာကနေ ကာကွယ်လိုတဲ့အတွက်ဖြစ်တယ်လို့ The National Soft Power Strategy Committee လို့ခေါ်တဲ့ ထိုင်းရိုးရာယဥ်ကျေးမှုကို ကမ္ဘာသိအောင်မြှင့်တင်ရေးဗျူဟာ ကော်မတီ ဝင်တစ်ဦးဖြစ်တဲ့ Chadatip Chutrakul က ပြောကြားသွားပါတယ်။
ဆုန်ကရန်သင်္ကြန်ပွဲတော်ကို မူပိုင်ခွင့်သတ်မှတ်လိုက်ခြင်းအားဖြင့် ထိုင်းနိုင်ငံရဲ့ တစ်မူထူးခြားတဲ့ ယဥ်ကျေးမှုနဲ့ ရိုးရာဓလေ့ကို ကာကွယ်နိုင်မဲ့အပြင် ဒီပွဲတော်ရဲ့ လူကြိုက်များမှုကိုလိုက်ပြီး ဒေသတွင်းမှာသာမက တစ်ကမ္ဘာ လုံးဆီကနေ ငွေကြေးအကျိုးအမြတ်တွေရနိုင်တယ်လို့ ပြောကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရောက်ရှိနေတဲ့ မသီရိကတော့ ထိုင်းနိုင်ငံမှာလိုပဲ မြန်မာ့ရိုးရာသင်္ကြန်ကို လုံခြုံစိတ်ချစွာ ဆင်နွှဲပျော်ရွှင်နိုင်မဲ့နေ့ကို အမြန်ရောက်ချင်မိတယ်လို့ RFA ကို ပြောပါတယ်။
“တိုင်းတစ်ပါးကိုရောက်နေတဲ့အချိန်မှာပေါ့နော် ဒီလိုမျိုး တိုင်းတစ်ပါးရဲ့ ကြိုးပမ်းမှုတွေကို ကြားသိရတဲ့အချိန်မှာ မြန်မာနိုင်ငံကြီးကို အမှန်တရားတွေ တရားမျှတမှုတွေနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းရှိစေချင်ပြီးတော့ မြန်မာ့ရိုးရာ ပွဲတော်တွေကိုလည်း အပူအပင်ကင်းကင်းနဲ့ လုံခြုံစိတ်ချမှုအပြည့်နဲ့ ပျော်ရွှင်စေချင်မိပါတယ်”
ဆုန်ကရန်သင်္ကြန်ပွဲတော်ကို မူပိုင်ခွင့်သတ်မှတ်ဖို့ ကြိုးပမ်းတာဟာ စျေးကွက်ဖော်ဆောင်မှုတစ်မျိုးဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။
“ထိုင်းရဲ့ အဓိကစီးပွားရေးက Tourism နဲ့လုပ်တယ်။ လုပ်တဲ့အတွက်ကြောင့်မို့ Tourism အရ သဘောအရပေါ့ နော်။ ကျွန်တော်တို့ဒီလိုမျိုး မူပိုင်ခွင့်တွေလုပ်ထားတယ်။ ပြဋ္ဌာန်းထားတယ်ဆိုရင် ဒါဘာပဲဖြစ်ဖြစ်သူတို့ရဲ့ ဈေးကွက်ဖော်ဆောင်တဲ့အချိန်မျိုးမှာ သူတို့ရဲ့ မူပိုင်ခွင့်ဆိုတဲ့ဟာမျိုးနဲ့ ရောင်းကုန်တစ်ခုဖြစ်လာဖို့ ကြိုးစားတဲ့ သဘောရှိတယ်။ လူငယ်တွေ စိတ်ဝင်စားနိုင်တဲ့ အထူးသဖြင့် နိုင်ငံတကာက စိတ်ဝင်စားနိုင်တဲ့ အခြေအနေမျိုး ဖြစ်အောင် သူတို့ ဖန်တီးလေ့ရှိတယ်။ အဲဒီပုံစံမျိုးနဲ့ လုပ်တယ်လို့ နားလည်ပါတယ်ခင်ဗျ”
ရိုးရာယဥ်ကျေးမှုတွေကို ထိန်းသိမ်းမြှင့်တင်မှုက အရေးပါပြီး ထိုင်းဟာ ကမ္ဘာ့ထိပ်တန်းပွဲတော်တွေကို ဦးဆောင် ကျင်းပရာ နေရာတစ်ခုအဖြစ် သတ်မှတ်ခံရဖို့ အရေးကြီးတယ်လို့ မစ္စ Chadatip Chutrakul က ပြောပါတယ်။
တကယ်တော့ ရေကစားပွဲတော်ကို ထိုင်းနိုင်ငံတင်မက တခြားအရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ လာအို နဲ့ ကမ္ဘောဒီးယားတို့မှာလည်း ကျင်းပပါတယ်။
တကယ်လို့ ဆုန်ကရန်ရေကစားပွဲတော်ကို ထိုင်းက မူပိုင်ခွင့်ရသွားခဲ့ရင် တခြားနိုင်ငံတွေမှာ ရေကစားပွဲတော် ကျင်းပမှုကို ဘယ်လိုသက်ရောက်စေမလဲလို့ တွေးနေသူတွေအတွက် စိုးရိမ်စရာမရှိပါဘူးလို့ ဒေါက်တာ စိုင်းကြည်ဇင်စိုး က သုံးသပ်ပါတယ်။
“ကျွန်တော်ကတော့ မထင်ပါဘူး။ Culture event ဆိုတဲ့ ဥစ္စာက တစ်ဦးတည်းပိုင်မူပိုင်လုပ်လို့မှမရတာ။ အခုဟာ Culture ဆိုတဲ့ဟာက အကုန်လုံးက Share ဖြစ်နေတာပဲလေ။ ဥပမာ မြန်မာနိုင်ငံက ထေရဝါဒဗုဒ္ဓဘာသာနဲ့ ပတ် သက်တဲ့ ရိုးရာဓလေ့ထုံးစံဟာတွေကို မူပိုင်ခွင့်လုပ်ထားတဲ့အတွက်ကြောင့်မို့ အမေရိကား၊ ရှရှားမှာ ဘုရားမတည် ရဘူး။ ဘုန်းကြီးမဝတ်ရဘူးဆိုတဲ့ဟာမျိုး လုပ်လို့မှမရတာ”
ထိုင်းနိုင်ငံရဲ့ ဆုန်ကရန် ရေကစားပွဲတော်ကို ယူနက်စ်ကိုက ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာ အတည်ပြုကြေညာထားပါတယ်။ ယူနက်စကိုရဲ့ ရှေးဟောင်းအမွေအနှစ်အဖြစ် သတ် မှတ်ခံရတဲ့အတွက် ၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်ကစလို့ ၁၇ ရက်အထိ ထိုင်းနိုင်ငံတစ်ဝန်းမှာ အထိမ်းအမှတ်ပွဲတွေ စည်ကားစွာကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းမှာ နှစ်စဥ် စည်စည်ကားကားကျင်းပကြပါတယ်။ ဒါပေမဲ့ ၂၀၂ဝ ပြည့်နှစ်ကစပြီး ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့ရိုးရာ ရေကစားပွဲတော်ဟာ ခြောက်သွေ့ နေတာ ငါး နှစ်တိုင်ခဲ့ပါပြီ။
____________
#ဆုန်ကရန်သင်္ကြန် #မူပိုင်ခွင့် #ထိုင်း #လွတ်လပ်တဲ့အာရှအသံ
အင်းတော်မြို့မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ
~~~
■ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက RFA ကို နိုဝင်ဘာလ ၂ ရက် ဒီနေ့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက အင်းတော်မြို့မ ဘုန်းကြီးကျောင်း၊ ဘုရားကုန်းနဲ့ စစ်တပ်ကုန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အပြင်းအထန်ခုခံနေတယ်လို့ ဆိုပါတယ်။
အင်းတော်မြို့ကို နိုဝင်ဘာလ ၁ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးတစ်လုံးကြဲချခဲ့ပြီး နိုဝင်ဘာ ၂ ရက် ဒီနေ့ မနက် ၁၁ နာရီခန့် မှာလည်း လေကြောင်းကနေ ထပ်မံ ဗုံးကြဲချသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်တော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မနေ့က မနက်ပိုင်းလောက် တိုက်ပွဲ ဆက်ဖြစ်တယ်၊ စစ်ကောင်စီ တပ်စွဲထားတဲ့ တပ်ကုန်းနဲ့ ဘုရားကုန်း နေရာတွေကို တော်လှန်ရေးဘက်က ဝင်တိုက်တာ၊ ဒီနေ့လည်း ထပ်ဖြစ်တယ်။ စစ်ကောင်စီလေယာဉ်နဲ့ နှစ်ရက်ဆက်တိုက် လာကြဲတယ်"
တိုက်ပွဲတွေကြောင့် အင်းတော် - ကသာလမ်းပိုင်းနဲ့ မန္တလေး - မြစ်ကြီးနားလမ်းကို ယာယီပိတ်ထားရပြီး ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ ဒေသခံတွေပြောပေမဲ့ အသေးစိတ်ကို RFA က စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့ကစပြီး အင်းတော်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့တာပါ။
အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း အင်းတော် နဘားလမ်းဆုံက စစ်ကောင်စီအထိုင်စခန်း၊ ရဲစခန်း၊ ထွေအုပ်ရုံးတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားပါတယ်။
မြို့ပေါ်က ဒေသခံနှစ်သောင်းကျော်ဟာ တိုက်ပွဲတွေစဖြစ်ချိန်ကတည်းက နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အခုအချိန်အထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။
_________
အင်းတော်မြို့ တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးခဲ့သည့်အဆောက်အအုံတချို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
#တိုက်ပွဲ #ပြင်းထန် #အင်းတော် #လွတ်လပ်တဲ့အာရှအသံ
မတ္တရာမြို့နယ်က စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြတ်လပ်
~~~
■ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံ ငါးထောင်ခန့်ဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက RFA ကို နိုဝင်ဘာလ ၂ ရက် ဒီနေ့ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယအပတ်ထဲက မတ္တရာမြို့နယ်မှာ အင်အား ငါးဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ်က ရွာတွေထဲစီးနင်းပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်နေတာလို့ ဆိုပါတယ်။
ဒါကြောင့် တုံကုန်း၊ ယမ်းကုန်း၊ ဝန်စုနဲ့ ရွာသစ်ရွာ အပါအဝင် ရွာပေါင်း ၁၅ ရွာက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာပြတ်လပ်မှုကြုံနေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတ္တရာဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“စားဝတ်နေရေးနဲ့ နေထိုင်ရေးက ခက်ခဲတယ်ဗျ။ နေရေးထိုင်ရေးကလည်း တစ်နေရာနဲ့ တစ်နေရာ ကူးသွားတဲ့ အခါကျတော့လည်း မလွယ်ဘူး။ နောက်တစ်ခါက◌ျတော့ စားဝတ်နေရေးမှာက အရင်လို အဆင်မပြေဘူးဗျ။ ကျပ်တည်းတယ်။ အစစအရာရာ ကုန်စျေးနှုန်းက ကြီးတဲ့အခါကျတော့ ဆန်တို့၊ စားစရာပေါ့နော်။ အဲဒါတွေ အခက်အခဲ ဖြစ်တယ်ဗျ”
စစ်ကောင်စီတပ်က တုံကုန်း၊ ဝန်စုနဲ့ ရွာသစ်ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားပြီး ဒီနေ့မှာ အဲဒီ စစ်ကြောင်းဟာ မီးရှို့ခံထားရတဲ့ ရွာတွေရဲ့ အနောက်ဘက် ထိန်ပင်စောက်နဲ့ မြွေတဲအုပ်ရွာအနီးမှာ စစ်ကြောင်း ဆက်ထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တုံ့ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က နိုဝင်ဘာ ၂ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။
ပြီးခဲ့တဲ့ လအတွင်း စစ်ကောင်စီက လက်လွှတ်လိုက်ရတဲ့ စစ်စခန်းတွေ ပြန်ရဖို့ ထိုးစစ်ဆင်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးနဲ့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့က မတ္တရာမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ဧရာဝတီမြစ်ဘေးက ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မြွေတလိုင်းရွာအနီး စက်လှေပေါ်က တစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၂၈ နှစ်အရွယ် မိခင်ဖြစ်သူတို့ သေဆုံးသွားပါတယ်။
_________
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွာသစ်ရွာ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Wetlet informational Network)
#စစ်ဘေးဒုက္ခသည် #ရိက္ခာပြတ် #မတ္တရာ #လွတ်လပ်တဲ့အာရှအသံ
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Website
Address
2025 M Street NW
Washington D.C., DC
20036
529 14th Street, NW, 13th Floor
Washington D.C., 20045
Where News, Business and Social Events become part of history. Visit www.press.org/host to host your next event at The National Press Club!
Washington D.C.
I make videos and stuff. And then share it with people and stuff. It's pretty fun stuff.
2025 M Street NW
Washington D.C., 20036
Bringing free press to closed societies in Asia
4400 Jenifer Street NW, Ste 400
Washington D.C., 20015
105.9 FM WMAL - Where Washington Comes to Talk - - A Cumulus Media Station.
2000 Pennsylvania Avenue NW Suite #7000
Washington D.C., 20006
Journalism and education for the public good
330 Independence Avenue SW
Washington D.C., 20237
Voice of America (VOA) is the largest U.S. International broadcaster, providing news and information
4400 Massachusetts Avenue NW
Washington D.C., 20016
American University's Student-Run Television Station. Watch us online at auatv.com and come visit us in MGC Room 256.
Washington D.C., 20002
A portal with news of the entertainment world and Capital Entertainment clients.
Washington D.C., 20037
A professional production company, specializing in adventure photography and videography.
Washington D.C., 20852
Washington DC's Classic Rock! Check us out at wbig.com, and listen at wbig.com/listen!
1015 Half Street SE
Washington D.C., 20003
Nobody plays more '80s than 94.7 The Drive! Always live on the free Audacy app.