Ko Zaw

Ko Zaw

အစစ်မှန်များကိုသာရောင်းပေးပါတယ်

14/10/2022
11/05/2022

သုက်ကောင်ရေနည်းနေရင် ကလေးရပါ့မလား?
====================================

သုက်ကောင်ရေ နည်းတယ်ဆိုတာက သုက်ရည် ၁မီလီလီတာမြာ သုက်ကောင် ၁၅မီလီယမ်အောက် နည်းနေတာမျိုးပါ။ စုံတွဲ ၃တွဲမှာ ၁တွဲက ကေလးရဖို့ ခက်နေတာ သုက်ကောင်ရေ ပြဿနာကြောင့်ပါ။
သုက်ကောင်ရေ နည်းရတာက
-အမျိုးသားဟော်မုန်းမမျှတတာ
-ဝှေးစေ့က ကပ္ပာယ်အိတ်ထဲမှာ မရှိဘဲ ဝမ်းဗိုက်ထဲရောက်နေတာ
-သုက်ပို့ပြွန် ပျက်စီးနေတာ
-လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရှိနေတာ
-ဆီးကျိတ်ရောင်တာ
-ဝှေးစေ့သွေးကြောထုံးတာ
-လိင်အင်္ဂါကို ခွဲစိတ်မှု လုပ္ဖူးတာ
-ဝှေးစေ့ ပူလွန်းတာ
-အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးတွေ သုံးတာ
-အလွန်ကျွန်သုံးတာ
အများစုကေတာ့ အကြောင်းရင်း ရှာမရဘဲ နည်းနေတတ်ပါတယ်။
သုက်ကောင်ရေနည်းတာနဲ့ ကလေးမရတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပုံမှန်ထက်တော့ ခက်ခဲနိုင်ပါတယ်။
ရောဂါအခံရှိလို့ ကုသလိုက်ရင်တော့ ပိုပြီးတော့ ကလေးရနိုင်ခြေ များပါတယ်။

05/05/2022

.......................................................................................................................................
သင်ဟာ လိင်စိတ်အထွတ်အထိပ်ရောက်ပြီး အချိန်ဘယ်လောက်အကြာတွင် နောက်တစ်ကြိမ် ပြန်စနိုင်သလဲ
===========================================
အမျိုးသားနှင့် အမျိုးသမီးများတွင် ဘယ်သူက လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး ပိုစိတ်ဝင်စားမှု ရွိတယ်ဆိုတာကို ပြောရခက်ပါတယ်။ လိင်တစ်ခါဆက်ဆံတိုင်းမှာ အကြိမ်များစွာ ဆန္ဒပြီးမြောက်နိုင်တယ်လို့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံရှိသူ အမျိုးသမီး အချို့ကပြောလေ့ရှိကြပါတယ်။ အချို့အမျိုးသားများကတော့ သူတို့ရဲ့ လိင်တံ ထောင်မတ်မှု ဆုံးရှုံးသွားခြင်းမရှိဘူးဆိုရင် အကြိမ်ပေါင်းများစွာ စိတ်ဆန္ဒ ပြီးမြောက်နိုင်တယ်လို့ ဆိုကြပါတယ်။ အျခားသူမ်ားကေတာ့ လိင်စိတ်အထွတ်အထိပ် နောက်ထပ် မဖြစ်ခင် အချိန်စောင့်ရတယ်လို့ ဆိုကြပါတယ်။..
လိင်ဆန္ဒပြီးမြောက်သွားတဲ့နောက် အမျိုးသားနှင့် အမျိုးသမီးတွေ နောက် တစ်ကြိမ်ပြန်စဖို့ အချိန်ယူရသော ကာလ။.
အမျိုးသားများဟာ ဒီ ပြန်စောင့်ရသော အချိန်ကာလသည် အနည်းဆုံး မိနစ် ၃၀ မွ ၄၀ ကြား လိုအပ္တယ္လို့ လူအမ်ားက ယုံကြည်ကြပါတယ်။ သို့သော် လြတ္လပ္စြာ တွေးခေါ်နိုင်ပါတယ်။ ကျွန်ုပ်တို့မှာ ၎င်းနှင့် ပတ်သက်ပြီး အချက်အလက် အတိအက်မရွိပါဘူး။ ဒါကြောင့် မတူညီသော ကြာချိန်များကို ပုံမှန် မဟုတ္ဘူးလို့ မပြောနိုင်ပါဘူး။ ပြဿနာကတော့ ဒီကြာတဲ့ အချိန်ကို ကျွန်ုပ်တို့ဟာ မစစ်ဆေးနိုင်ပါဘူး။ အခြေအနေပေါ်မူတည်ပြီး ဒီ ကြာချိန်ဟာ အမျိုးမျိုး ကွဲပြားခြားနားနိုင်ပါတယ်။..
ဒီ လိင်စိတ်အထွတ်အထိပ် တစ္ခု နှင့် တစ္ခု ကြားကြာချိန်ဟာ လိင်စိတ်ဆန္ဒပြီးမြောက်ချိန် နှင့် ဟာ မိမိရဲ့ လိင်ဆက်ဆံဖော်က နောက်တစ်ကြိမ် လိင်ဆက်ဆံလိုစိတ်ပေါ်မှာလည်း မူတည်ပါသေးတယ်။ ဘယ်လိုအကြောင်းပြချက်မျိုးပဲ ရှိနေပါစေ ကိစ္စ မရွိပါဘူး။ တကယ္လို့ အမျိုးသားဟာ မိမိရဲ့ ဆက်ဆံဖော် အကြောင်းကို သေချာအားလုံး သိနေမယ်ဆိုရင် နောက်ပိုင်းမှာ အမျိုးသားရဲ့ လိင်စိတ်အထွတ်အထိပ်ကြား ကြာချိန်ဟာလည်း တိုတောင်းလာနိုင်ပါတယ်။..
တကယ်တမ်း လိင်စိတ်ဆန္ဒ ပြီးမြောက်ခြင်းဟာ ရုပ်ရှင်တွေထဲကနဲ့ မတူပါဘူး။
အမျိုးသမီးများနှင့် မတူတာကေတာ့ အမျိုးသားများဟာ နောက်တစ်ကြိမ် အတူမနေခင်မှာ အချိန်ယူရပါတယ်။ ၎င်းအချိန်ဆိုတာ သင့်ရဲ့ ပထမဆုံး လိင်စိတ်ပြီးမြောက်ခြင်း အချိန်ကနေ စပြီးနောက်တစ်ကြိမ် သုက်ရည်ထွက်ကာ လိင်စိတ်ပြီးမြောက်သွားတဲ့ အချိန်ကြား ကြာတဲ့ ကာလကို ပြောတာဖြစ်ပါတယ်။ တစ်ဖက်ကပြောရမယ်ဆိုရင် ရုပ်ရှင်တွေထဲမှာ တွေ့ရတဲ့ လိင်မှု ဆိုင်ရာ အခြေအနေတွေဟာ တကယ်ဘဝနဲ့ အရမ်းကို ကွာခြားပါတယ်။ ရုပ်ရှင်တွေထဲမှာ ဆိုရင် မင်းသားဟာ တစ်ညမွာ အကြိမ်ပေါင်းများစွာ ချစ်တင်းနှော ပြီး နာရီအနည်းငယ်အတွင်းမှာပင် ၃၊ ၄ ကြိမ်လောက် တောင် ထပ်ပြီး ချစ်တင်းနှော နိုင်ပါတယ်။ သို့သော် ဒါဟာ မမှန်ကန်ပါဘူး။ ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ ကုသေသာ ဆရာဝန္မ်ားက ၎င်းမင်းသားများကဲ့သို့ လိုက်မလုပ်ကြဖို့ အကြံပေးထားပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒါဟာ အရမ်း အန္တရာယ်များလွန်းတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ အမျိုးသားတစ်ယောက်ဟာ သုက်ရည်ထွက်သွားပြီးလို့ နောက်တစ်ကြိမ် လိင်အဂါင်္ ပြန်တောင့်တင်းလာဖို့အတွက်ကတော့ အနည်းဆုံး ၂နာရီကေန ၃ နာရီကြား အချိန်ယူရပါတယ်။.
သုက်ရည်ထွက်သွားခြင်းဟာ သုက္ပိုးပမာဏကို ချက်ချင်း ကျသွားစေနိုင်ပြီး သာမန် အမျိုးသား တစ်ယောက်ဟာဆိုရင် ၎င်းကို ပြန်ဖြည့်ဖို့ရာ အချိန်လိုပါတယ်။ တကယ္လို့ အမျိုးသား တစ်ယောက်ဟာ အချိန်တိုအတွင်းမှာပဲ သုက်ရည်ကို ၂ ကြိမ်ထက်ပိုပြီး ထုတ်လွှတ်တယ်ဆိုရင် ၎င်းဟာ မျိုးမအောင်ခြင်း၊ မြုံခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများက အမျိုးသားများဟာ သုက္ပိုးပမာဏ အမြင့်ဆုံးရအောင် နောက်တစ်ကြိမ် သုက်ရည် မထုတ်လွှတ်ခင် အနည်းဆုံး ၂ရက်လောက် စောင့်သင့်တယ်လို့ အကြံပေးထားပါတယ်။..
အတိုချုံ့ပြောရမယ်ဆိုရင် အမျိုးမျိုးသော လူနေမှု ပုံစံ အချက်အလက်များက သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဥပမာ အားဖြင့် ပုံမှန် တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်း သို့မဟုတ် အရက်သောက်ခြင်းဟာဆိုရင် သင့်ကို ပြန်လည်အားပြည့်ဖို့ရာ အချိန်များစွာ လိုပါလိမ့်မယ်။ လိင်စိတ်ဆန္ဒ ပြီးမြောက်ခြင်း အချိန် ၂ခုကြားမှာ ဘယ္လိုပဲ ပုံမှန် အချိန်ကြာသည်ဖြစ်ပါစေ တစ်ရက်လောက် စောင့်လိုက်ခြင်းကတော့ အန္တရာယ် ကင်းစေနိုင်ပါတယ်။

27/04/2022

..
ကာအကွယ်မဲ့လိင်ဆက်ဆံမိပြီးရင် ဘာလုပ်ရမလဲ
=========================================
အကာအကွယ်မဲ့လိင်ဆက်ဆံတာက နောက်ပိုင်းမှာ မမျှော်လင့်ဘဲဆိုတဲ့ မျှော်လင့်မထားတဲ့ ကိစ္စတွေဖြစ်လာနိုင်တာ တော်တော်လေးများပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီးရင် စိတ်ပူစိုးရိမ်စရာတွေလည်းရှိပါတယ်။ တကယ်လို့ သားဆက်ခြားဆေးတစ်ခုခု မသုံးနေဘူးဆိုရင် လိင်ဆက်ဆံစဉ်မှာ အကာအကွယ်ရှိနေဖို့က လိုအပ်ပါတယ်။.
အကာအကွယ်မဲ့လိင်ဆက်ဆံ မိလိုက်သလား
မတော်တဆ အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီးရင် ဒါတွေလုပ်သင့်ပါတယ်။
ဆီးလမ်းကြောင်း ပိုးမဝင်အောင် ကာကွယ်ကြမယ်။ (အကာအကွယ်မဲ့လိင်ဆက်ဆံပြီး မိနစ် ၃၀ အတွင်း)
လိင်ဆက်ဆံ ပြီးပြီးချင်း အပေါ့သွားလိုက်တာက ဆီးလမ်းကြောင်းက ပိုးတွေကို လျော့နည်းစေပါတယ်။ ဆိးသွားရခက်နေရင် ရေများများ သောက်လိုက်ပါ။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ ဆီးပူတာ၊ ဆီးကျဉ်တာ၊ ဆီးအောင့်တာ အပြင် ဗိုက်အောင့်တာပါ ခံစားရနိုင်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ဆီးလမ်းကြောင်းတိုတဲ့အတွက် ပိုးဝင်နိုင်ချေ ပိုများပါတယ်။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် အတူနေပြီး ခုနက လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြသဖို့ မမေ့ပါနဲ့။.
အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီးရင် အရေးပေါ်သန္ဓတေားဆေး သောက်ပေးပါ (လိင်ဆက်ဆံပြီး ၇၂ နာရီ အတွင်း)
အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့အခါ ၇၂ နာရီ (၃ရက်) အတွင်း အရေးပေါ်သန္ဓတေားဆေးသောက်ပေးရပါမယ်။ ဒါပေမယ့် မြန်မြန်သောက်လေ ပိုထိရောက်ာဆိုတာတော့ မမေ့ပါနဲ့။.
သားအိမ်တွင်းထည့်ပစ္စည်း (IUD) ထည့်ပါ ( နာရီ ၁၂၀ အတွင်း)
Copper IUD (သားအိမ်တွင်းထည့်ပစ္စည်း) ကလည်း အကာအကွယ်မဲ့လိင်ဆက်ဆံမိတာကြောင့် ကိုယ်ဝန်ရရှိနိုင် ခြေကို ကာကွယ်ရာမှာ အထိရောက်ဆုံးနည်းလမ်းပါ။ အမျိုးသမီးတိုင်း IUD ကိုအသုံးပြုနိုင်တယ်ဆိုပေမယ့် အထူးသဖြင့်ကတော့ အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီး အရေးပေါ်သန္ဓတေားဆေးတွေ၊ သန္ဓတေားနည်းတွေအသုံးမပြုမိဘဲ အချိန်အရမ်းကြာနေတဲ့သူတွေ နဲ့ ကိုယ်အလေးချိန် ၇၀ ကီလိုဂရမ် ထက်ပိုများနေတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးပါ။.
အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့နောက် နာရီပေါင်း ၁၂၀ (၅ ရက်) အကြာမှာ သားအိမ်ထဲကို IUD ကိုထည့်သွင်းလို့ရပါတယ်။ IUD က ၅နှစ်ကနေ ဆယ်နှစ်လောက်ကြာတဲ့အထိ ကိုယ်ဝန်မရရှိအောင်တားဆီးပေးနိုင်ပြီး ၉၉ ရာခိုင်နှုန်းကျော်အထိ အကာအကွယ်ပေးနိုင်ပါတယ်။.
STI (လိင်မှတဆင့်ကူးစက်သော ရောဂါပိုးများ) စစ်ဆေးမှုလုပ်ပါ ( ရက်သတ္တပတ် ၂ ပတ်ကြာမှာ လုပ်ရပါမယ်)
သင့်အနေနဲ့ သင့်မှာ STI ကူးစက်ခံထားရလားဆိုတာကို သေသေချာချာမသိနိုင်ပါဘူး။ ဒါကြောင့် အကာအကွယ်မဲ့လိင်ဆက်ဆံပြီး သီတင်းပတ် ၂ ပတ်ကနေ ၄ပတ် အကြာမှာ STI စစ်ဆေးမှုလုပ်ပေးပါ။.
ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးမှုလုပ်ပါ ( ရက်သတ္တပတ် ၃ ပတ်ကြာမှာလုပ်ရပါမယ်)
အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ရက်သတ္တပတ် ၃ ပတ်လောက်ကြာပြီးတဲ့အခါမှာ ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးရပါမယ်။ ၃ ပတ်မတိုင်ခင်စစ်ဆေးမယ်ဆိုရင်တော့ အဖြေကိုသေသေချာချာသိရှိနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အိမ်မှာ ကိုယ်ဝန်ရှိ၊မရှိစစ်ဆေးတာက သေချာမှုမရှိဘူးလို့ယူဆတယ်ဆိုရင် ဆေးခန်းမှာ သွားရောက်စစ်ဆေးနိုင်ပါတယ်။.
နောက်နောင်မှာ အရေးပေါ်အခြေအနေတွေကိုရှောင်ရှားနိုင်ဖို့ ပြင်ဆင်ထားပါ
အကာအကွယ်မဲ့လိင်ဆက်ဆံတာကြောင့် ဖြစ်လာနိုင်တဲ့ STI (လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ) နဲ့ မလိုလားအပ်ဘဲ ကိုယ်ဝန်ရရှိသွားတဲ့ အနေအထားမျိုးကိုရှောင်ကြဉ်နိုင်စေဖို့ အတွက် လုံခြုံစိတ်ချရတဲ့လိင်ဆက်ဆံမှုမျိုးကိုပဲ လုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။ ဆေးတိုင်းမှာ တန်ဆေးလွန်ဘေးဆိုတာမျိုးက ရှိပြီးသားပါ။ အရေးပေါ်သန္ဓတေားဆေးကို ခဏခဏသုံးစွဲမယ်ဆိုရင် မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။.
အရေးပေါ်အခြေအနေမျိုးမဖြစ်ရအောင် ကာကွယ်နိုင်မယ့် အလွယ်ကူဆုံးသောနည်းလမ်းက ကွန်ဒုံးအသုံးပြုပေးဖို့ပါ။ ကွန်ဒုံးသုံးတဲ့အခါမှာလည်း ပေါက်ပြဲတာရှိ၊မရှိ။ ကွန်ဒုံးက သက်တမ်းလွန်နေ၊မနေကို စစ်ဆေးရပါမယ်။
အခုလောက်ဆိုရင် အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီးတဲ့အခါ မမျှော်လင့်ဘဲဆိုတဲ့ အခြေအနေတွေ ဖြစ်မလာအောင် ဘာတွေလုပ်ရမလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။

21/04/2022

.....
ပန်းသေပန်းညှိုးရောဂါကို ကုသလို့ရသလား?
ပန်းသေပန်းညှိုးရောဂါဟာ ကုသလို့ရတယ်ဆိုပေမယ့် ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပြီး လုံးဝကုလို့ မပျောက်သွားဘဲ လက္ခဏာကိုပဲ သက်သာအောင် ထိန်းပေးနိုင်တာမျိုးတွေလည်း ရှိပါတယ်။.
ပန်းသေပန်းညှိုးကို ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ
ဆေးဝါးကြောင့် ဖြစ်တဲ့ side effect များ
ဆေးလိပ်၊ အရက်သောက်ခြင်း
မူးယစ်ဆေးဝါး သုံးစွဲခြင်း
စိတ်ဖိစီးမှုများခြင်း၊ စိတ်ကျန်းမာရေး ပြဿနာရှိခြင်း
ကျားဟော်မုန်းနည်းခြင်း
ကိုလက်စထရောများခြင်း
ညအိပ်မပျော်တဲ့ ရောဂါရှိခြင်း
အချစ်ရေးကိစ္စ အဆင်မပြေခြင်း
အဝလွန်ခြင်း စတာတွေကြောင့် ဖြစ်တာဆိုရင်တော့ အချိန်ပေးရပေမယ့် ပျောက်ဖို့ အခွင့်အလမ်းပိုများပါတယ်။.
ဒီအကြောင်းရင်းတွေထဲမှာ လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်တာ သို့မဟုတ် လက္ခဏာကို ထိန်းပေးနိုင်တာ ၂ မျိုးလုံး ဖြစ်နိုင်ပါတယ်။
လုံးဝမပျောက်နိုင်တဲ့ ပန်းသေပန်းညှိုးအကြောင်းရင်းတွေမှာဆိုရင်
အာရုံကြောမှာ ပြဿနာရှိနေခြင်း
နာတာရှည် ကျောက်ကပ်ရောဂါရှိခြင်း
ဆီးကျိတ်ကို ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ခြင်း
လိင်တံအတွင်း အမာရွတ်၊ ဒဏ်ရာဖြစ်နေခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။.
ကုသလို့ရတဲ့အခြေအနေတွေကိုတော့ အကြောင်းရင်းပေါ်မူတည်ပြီး ကျားဟော်မုန်းအစားထိုးကုသခြင်း၊ ခွဲစိတ်ခြင်း၊ လိင်တံထောင်မတ်စေတဲ့ ကြာဆေးသောက်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း၊ လေ့ကျင့်ခန်းနှင့် အစာအာဟာရကို ဂရုစိုက်ခြင်းနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်ပေးနိုင်ပါတယ်။

05/04/2022

....
လိင်ဆက်ဆံခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ.
၁။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ဖျားနာခြင်း၊ ရောဂါဖြစ်ခြင်း၊ ရောဂါပိုးကူးစက်ခံရခြင်းကို လျှော့ချပေးနိုင်ပါတယ်။.
၂။ တခြားလူတစ်ယောက်နဲ့ အနီးကပ်ဆက်ဆံထိတွေ့နေရတဲ့အခါ ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာ၊ အကောင်းမြင်စိတ်တွေကို ဖြစ်စေတဲ့ ဟော်မုန်းများကို ဦးနှောက်က ပိုမိုထုတ်လုပ်ပေးပါတယ်။..
၃။ လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးပြီး မိမိရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အပေါ် ပိုမိုယုံကြည်မှု ရှိလာစေတယ်။..
၎။ အမျိုးသမီးတွေမှာ တင်ပဆုံရိုးကြွက်သားများကို လေ့ကျင့်ခန်းလုပ်တာဖြစ်တဲ့အတွက် ဆီးထိန်းနိုင်အောင် ကူညီပေးတယ်။..
၅။ အမျိုးသားတွေမှာ ကျားဟော်မုန်းပိုတိုးစေသလို အမျိုးသမီးတွေမှာလည်း မဟော်မုန်းများ တိုးလာစေပါတယ်။..
၆။ နှလုံးကျန်းမာစေပြီး သက်လုံကောင်းစေတယ်၊ သွေးလည်ပတ်စီးဆင်းနှုန်းကိုလည်း မြန်စေပါတယ်။..
၇။ သွေးပေါင်ချိန်ကို ကျစေပြီး ခေါင်းမူး၊ ခေါင်းကိုက်ဝေဒနာကို သက်သာစေတယ်။..
၈။ လိင်ဆက်ဆံခြင်းဟာ လေ့ကျင့်ခန်းလုပ်သလို ဖြစ်စေတဲ့အတွက် ကယ်လိုရီနဲ့ သကြားဓာတ်တွေကို ပိုမိုလောင်ကျွမ်းစေတယ်။..
၉။ ခန္ဓာကိုယ်တွင်းက ကိုယ်တွင်းအင်္ဂါများ ရောင်ရမ်းခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းကို သက်သာစေတယ်။..
၁၀။ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။..
၁၁။ စိတ္ဖိစီးမွုကို နည်းပါးစေတယ်။ ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်အောင်လည်း ကူညီပေးပါတယ်။..
လိင်ဆက်ဆံခြင်းဟာ ကျန်းမာရေးအရ အကျိုးကျေးဇူးများစွာ ရှိစေနိုင်တယ်ဆိုပေမယ့် အကာအကြယ္ကို အမြဲသုံးဖို့တော့ သတိပြုသင့်ပါတယ်။..

30/03/2022

.....
အိပ်ရေးပျက်တာများလာရင် လိင်စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်လား?..
၁။ အိပ်ရေးပျက်တဲ့အခါ ဦးနှောက်အာရုံကြောစနစ်က လေးလံထိုင်းမှိုင်းပြီး အားနည်းလာတဲ့အတွက် အာရုံစူးစိုက်နိုင်မှု နည်းပါးလာမယ်။ ဒီအခါ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး စိတ်ပါဝင်စားမှု၊ စိတ်အားထက်သန်မှု လျော့နည်းလာနိုင်ပါတယ်။..
၂။ အိပ်ချိန်နည်းလာတဲ့အခါ စိတ်ဖိစီးမှုဟော်မုန်းများ ပိုထွက်လာပါတယ်။ စိတ်ဖိစီးမှုဟော်မုန်းတွေဟာ သွေးလည်ပတ်စီးဆင်းနှုန်းကို နှေးကွေးစေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုကို ကျဆင်းစေပါတယ်။ ဒီအခါ လိင်အင်္ဂါထောင်မတ်နိုင်စွမ်းလည်း လျော့နည်းသွားနိုင်ပါတယ်။..
၃။ အိပ်ရေးပျက်တာများသူတွေမှာ စိတ်ဆိုးစိတ်ဆတ်ခြင်း၊ အမျက်ဒေါသထွက်ခြင်း၊ စိတ်တိုင်းမကျခြင်း၊ အထီးကျန်ခြင်း၊ စိတ်ဓာတ်ကျခြင်း အစရှိတဲ့ စိတ်ခံစားချက်ဆိုင်ရာ ပြဿနာများ၊ မကောင်းမြင်စိတ်တွေ များလာပြီး အရာရာကို စိတ်ပျက်လာခြင်း၊ မိမိချစ်သူအပေါ် စိတ်ခံစားမှု လျော့နည်းလာခြင်းတွေ ဖြစ်လာနိုင်ပါတယ်။..
၎။ အိပ်ချိန်မပြည့်တဲ့အတွက် လူက လန်းဆန်းတက်ကြွမှုမရှိတဲ့အခါ လိင်မှုကိစ္စတွေကို သိပ်ပြီးမတွေးမိတော့သလို အမှန်တကယ် လုပ်နေတဲ့အခါမှာလည်း စိတ်မပါတဲ့အတွက် လိင်စိတ်အထွတ်အထိပ်ရောက်တဲ့တိုင်အောင် ကာမသုခကို အပြည့်အဝခံစားရနိုင်မှာ မဟုတ်ပါဘူး။..
၅။ အိပ်ရေးပျက်ခြင်းဟာ အားအင်ကို ကုန်ခမ်းစေတယ်။ မောဟိုက်စေပြီး သက်လုံကျစေတယ်။ မူးဝေထိုင်းမှိုင်းစေတဲ့အတွက် လိင်စိတ်ဆန္ဒကို ကုန်ခမ်းလာစေပါတယ်။ ဦးနှောက်က ကောင်းစွာ အနားမယူနိုင်တဲ့အတွက် စိတ်ဖိစီးမှုတွေကို ပိုခံစားရပြီး အကျိုးဆက်အနေနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကို ထိခိုက်စေနိုင်ပါတယ်။..
၆။ ညအိပ်ချိန် အလုံအလောက်မရခြင်းဟာ အမျိုးသားတွေမှာ ကျားဟော်မုန်းနည်းလာစေပြီး အမျိုးသမီးတွေမှာတော့ မဟော်မုန်း နည်းလာစေနိုင်ပါတယ်။ ဒီဟော်မုန်းတွေဟာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ လိင်စိတ်ဆန္ဒ မြင့်တက်စေခြင်း၊ လိင်ဆက်ဆံခြင်းကို အမှန်တကယ် စိတ်ကျေနပ်မှုရစေခြင်း၊ သုက်လွှတ်မြန်ခြင်း၊ ကြာခြင်းကို ကာကွယ်ပေးခြင်း၊ ပန်းသေပန်းညှိုးပြဿနာ ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း စတဲ့တာဝန်တွေကို ထမ်းဆောင်ပေးပါတယ်။ ဒီအတွက် လိင်ဟော်မုန်းများ နည်းလာတာနဲ့အမျှ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မှာ ကျဆင်းလာတော့မှာ အသေအချာပါပဲ။..
ဒါကြောင့် တတ်နိုင်သလောက် ညအိပ်ချိန်ကို အနည်းဆုံး ၇ နာရီ ပြည့်ဝစွာ အိပ်စက်အနားယူဖို့နဲ့ ညဘက်ကို ၁၂ နာရီထက် နောက်ကျပြီး မနေဖို့ အကြံပေးလိုက်ချင်ပါတယ်။ အကယ်လို့ သင့်မှာ အိပ်စက်ခြင်းကို အဟန့်အတားဖြစ်စေတဲ့ ကျန်းမာရေးပြဿနာတွေ ရှိနေတယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး ကျန်းမာရေးကုသမှုခံယူသင့်ပါတယ်။

23/03/2022

....
မျိုးအောင်ဖို့ ခက်တဲ့ အမျိုးသားတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာများ
အမျိုးသားတွေမှာ မျိုးအောင်ဖို့ခက်တဲ့ ရောဂါတစ်ခုခု ရှိတဲ့အခါ ရောဂါရဲ့ လက္ခဏာတွေက ခန္ဓာကိုယ်မှာ ထင်ဟပ်နေပါတယ်။ ဒီလက္ခဏာတွေကို ကြည့်ပြီး ဒီအမျိုးသားက မျိုးအောင်ဖို့ ခက်လိမ့်မယ်လို့ မှန်းဆလို့ရပါတယ်။.
ဘာလက္ခဏာတွေလဲဆိုတော့
-ဝှေးစေ့အောင့်တာ၊ နာတာ
သုက်ပို့ပြွန်ရောင်တာ၊ ဝှေးစေ့အညှာလိမ်နေတာ စတဲ့ ဝှေးစေ့နဲ့ဆိုင်တဲ့ ရောဂါတစ်ခုခု ဖြစ်နေနိုင်ပါတယ်။.
-လိင်စိတ်နည်းပါးသွားတာ
ဒါကတော့ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်ပါတယ်။.
-လိင်တံမထောင်မတ်နိုင်တာ
သွေးကြောမကောင်းတာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။.
-သုက်လွှတ်တဲ့နေရာမှာ ပြဿနာရှိနေတာ
သုက်လွှတ်မြန်တာ၊ နောက်ပြန်သုက်လွှတ်တာ၊ သုက်လွှတ်နှေးတာ စတဲ့ ပြဿနာတွေပါ။.
-ရင်သားတွေကြီးပြီး အမွေးအမျှင်နည်းတာ
ဒါကလည်း ဟော်မုန်းအပြောင်းအလဲကြောင့်ပါ။.
-ဝှေးစေ့သေးသွားတာ
ဒီလိုအချက်တွေ ရှိနေရင် သတိထားသင့်ပါတယ်။ နောင်အခါမှာ ကလေးယူဖို့ အစီအစဉ်ရှိပြီး ဒီလက္ခဏာတွေ ခံစားနေရရင် စောစောစီးစီး ကုသထားသင့်ပါတယ်။.
Write to Moe Aung Naing

16/03/2022

..
လိင်စိတ်ဆန္ဒ လျော့နည်းလာရခြင်းရဲ့ တရားခံများ.
၁။ စိတ်ဖိစီးမှုဟာ လိင်စိတ်ဆန္ဒ လျော့နည်းလာခြင်းရဲ့ အဓိကတရားခံဖြစ်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေ အများအပြားထွက်လာပြီး ဦးနှောက်အာရုံကြောစနစ်ကို ထိခိုက်စေပါတယ်။ အာရုံကြောအားနည်းလာတာနဲ့အမျှ ခန္ဓာကိုယ်တစ်ခုလုံး ပင်ပန်းနွမ်းနယ်လာပြီး လိင်စိတ်ဆန္ဒကို လျော့ကျသွားစေနိုင်ပါတယ်။.
၂။ အမျိုးသားတွေမှာ ကျားဟော်မုန်းနည်းပြီး မဟော်မုန်းများနေတဲ့အခါ၊ အမျိုးသမီးတွေမှာ မဟော်မုန်းနည်းပြီး ကျားဟော်မုန်းများနေတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းမျှခြေ (Hormonal Balance) ပျက်ယွင်းသွားပါတယ်။ ဒီဟော်မုန်းတွေဟာ လိင်စိတ်ဆန္ဒကို အဓိကလှုံ့ဆော်ပေးတဲ့ လိင်ဟော်မုန်းတွေဖြစ်တာကြောင့် ဟော်မုန်းပမာဏ ပြောင်းလဲသွားတဲ့အခါ လိင်စိတ်တွေလည်း နည်းသွားနိုင်ပါတယ်။.
၃။ နေ့စဉ်အစာအာဟာရကို စုံလင်စွာမစားသုံးတဲ့အခါ ခန္ဓာကိုယ်က အာဟာရချို့တဲ့မှုဖြစ်ပြီး သက်ဆိုင်ရာ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်အားကို ကျစေသလို ဦးနှောက်ကျန်းမာရေးနဲ့ ဟော်မုန်းထုတ်လုပ်နိုင်ခြင်းကိုလည်း ထိခိုက်စေပါတယ်။ ဟော်မုန်းထုတ်လုပ်မှုနည်းသွားတဲ့အခါ လိင်စိတ်ဆန္ဒက အလိုအလျောက်ကျသွားတတ်ပါတယ်။.
၎။ အားကစားလိုက်စားမှုမရှိတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ကယ်လိုရီ၊ အဆီပို၊ ကိုလက်စထရော၊ သကြားဓာတ်နဲ့ တခြားအဆိပ်အတောက်တွေ စုပုံလာတာကြောင့် ပိုပြီးလေးပင်လာသလို အဝလွန်လာစေတယ်။ အဝလွန်ခြင်းဟာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုနဲ့ အကောင်းမြင်စိတ်ကို ထိခိုက်စေပြီး စိတ်ဖိစီးမှုဟော်မုန်းများကို ပိုထွက်လာစေနိုင်ပါတယ်။ ဒါ့အပြင် အထိုင်များပြီး လှုပ်ရှားမှုအားနည်းတဲ့အခါ လိင်စိတ်ဆန္ဒ လျော့နည်းသွားစေနိုင်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ဦးနှောက်သွေးကြောကျဉ်းရောဂါတွေ ဖြစ်နိုင်ခြေ မြင့်တက်စေနိုင်ပါတယ်။.
၅။ မိသားစုရေးရာ၊ အလုပ်ခွင်၊ ဘဝရည်မှန်းချက်၊ အချစ်ရေး၊ လူမှုရေးရာတွေမှာ ပဋိပက္ခတွေ များလာခြင်းဟာလည်း စိတ်ကျန်းမာရေးကို ထိခိုက်စေတာကြောင့် လိင်စိတ်ဆန္ဒကို လျော့ပါးသွားစေနိုင်ပါတယ်။.
၆။ စိတ်ဖိစီးမှုအပြင် စိတ်ဓာတ်ကျခြင်း၊ အကြောက်လွန်ခြင်း၊ အစိုးရိမ်လွန်ကဲခြင်း၊ စွဲလမ်းစိတ် များလွန်းခြင်း၊ စိတ်အတက်အကျမြန်ရောဂါများ၊ စိတ်ကစဉ့်ကလျားရောဂါ အစရှိတဲ့ စိတ်ရောဂါတွေဟာလည်း လိင်စိတ်ဆန္ဒကို လျော့နည်းသွားစေနိုင်တဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။.
လိင်စိတ်ဆန္ဒနည်းလာခြင်းဟာ အသက်အရွယ်၊ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်၊ ရုပ်ခန္ဓာနဲ့ စိတ်ကျန်းမာရေး၊ စားသောက်နေထိုင်မှုပုံစံ အားလုံးနဲ့ ဆက်စပ်နေနိုင်တာကြောင့် အဓိကတရားခံကို ရှာဖွေဖို့ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့ သေချာတိုင်ပင်ဆွေးနွေးကြည့်တာတော့ အကောင်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်မှာပါ။

09/03/2022

....
👉သင်ယခုဆေးလိပ်သောက်တာရပ်လိုက်ရင်
👉မိနစ်၂၀အကြာမှာ
👉သွေးဖိအားနဲ့နှလုံးခုန်နှုန်းတွေပုံမှန်
ပြန်ဖြစ်လာပါမယ်။.
👉၈နာရီအကြာမှာ
သင့်ခန္ဓာကိုယ်ကနေ သင်နောက်ဆုံးဆေးလိပ်သောက်ခဲ့တုန်းမှာပါတဲ့ ကာဗွန်မိုနောက်ဆိုဒ် ခေါ် အဆိပ်ဓါတ်ငွေ့ ကိုစွန့်ထုတ်ပြီး ဖြစ်တဲ့အတွက် သွေးထဲမှာ ကာဗွန်မိုနောက်ဆိုဒ် ပမာဏလျော့ကျပြီး အောက်စီဂျင်ပမာဏ များလာပါမယ်။.
👉နှစ်ရက်အကြာမှာ
ကိုယ်တွင်းက နီကိုတင်းဓါတ်တွေဖယ်ရှားပြီးသားဖြစ်တဲ့အတွက် သင့်ရဲ့အာရုံခံစားမှုတွေပိုကောင်းလာပါမယ်။..
👉၃ရက်အကြာမှာ
အဆုတ်ထဲမှာရှိတဲ့ချွဲတွေနဲ့တခြားအမှုန်တွေကို စွန့်ပစ်ဖယ်ရှားပြီးသားဖြစ်တဲ့အတွက် အသက်ရှုရတာပိုကောင်းမွန်လာပြီး အဆုတ်ထဲက လေပြွန်ငယ်လေးတွေလည်း ပြန်လည်ကောင်းမွန်လာပါမယ်။.
👉ရက်သတ္တပတ်နှစ်ပတ်အကြာမှာ
သွေးလည်ပတ်မှုပိုမိုကောင်းမွန်လာပြီး အဆုတ်လည်းအရင်ကထက် အလုပ်လုပ်လာနိုင်တဲ့အတွက် လမ်းလျှောက်တာ၊ပြေးတာ၊လေ့ကျင့်ခန်းလုပ်တာ၊အလုပ်လုပ်တာ စသဖြင့်လုပ်တဲ့အခါမှာ အရင်လိုအမောဖောက်တာမျိုးမရှိဘဲ အမောခံနိုင်လာပါမယ်။..
👉၃လအကြာမှာ
အမျိုးသားတွေဆိုရင် သုက်ထုတ်လုပ်မှုတွေပုံမှန်ပြန်ဖြစ်လာပြီး သုက်ကောင်အရေအတွက်တိုးလာပါမယ်။အမျိုးသမီးတွေအနေနဲ့လည်း သန္ဓေအောင်နိုင်ခြေပိုများလာပါမယ်။.
👉၄လကနေ ၉လအကြာမှာ
သင့်ရဲ့အဆုတ်ဟာ အတော်အသင့် ပြန်လည်ကောင်းမွန်တဲ့အဆင့်ကိုရောက်ပြီဖြစ်တဲ့အတွက် ချောင်းဆိုးတာ၊နှာပိတ်တာ၊အသက်ရှုမဝတာ၊မောပန်းတာတွေလျော့နည်းလာပြီး လေပြွန်ကျဉ်းခြင်းနဲ့တခြားအသက်ရှုလမ်းကြောင်းဆိုင်ရာပြသာနာတွေလည်းလျော့ပါးသက်သာလာပါမယ်။.

07/03/2022

တစ်ဗူး ၆၅၀၀၀ နဲ့

တစ်ဗူးဝယ်တစ်ဗူးလက်ဆောင်နဲ့ 

ဘာကွာလဲ Video လေးကိုသေချာကြည့်ပေးပါ။

23/02/2022

..
💮ခြေထောက်တွေ ဖောရောင်နေရတဲ့အကြောင်းရင်း💮
⏭ခြေထောက်လေးတွေခဏတာဖောနေခြင်းဟာငန်တဲ့အစားအစာတွေစားခြင်းနှင့်အကြာကြီးမတ်တပ်ရပ်နေခြင်းတို့ကြောင့်ဖြစ်ပါတယ်.ဒီအချက်တွေကြောင့်မဟုတ်ဘဲဖောရောင်နေတယ်ဆိုရင်တော့အောက်ပါအချက်တွေကြောင့်ဖြစ်ပါတယ်
1. သွေးပြန်ကြောစွမ်းဆောင်ရည်ကျဆင်းခြင်း⏮⏮
⏭ခြေထောက်ရှိသွေးပြန်ကြောတွေကောင်းကောင်းအလုပ်မလုပ်နိုင်ပါကသွေးတွေကောင်းစွာစီးဆင်းနိုင်မှာမဟုတ်တော့တဲ့အတွက်ခြေထောက်နှင့်ခြေကျင်းဝတ်တွေမှာသွေးတွေစုနေတတ်ပြီးခြေထောက်တွေဖောရောင်စေပါတယ်
2. နှလုံးပြဿနာ⏮⏮
⏭နှလုံးပြဿနာကြောင့်သွေးများကိုကောင်းစွာမညစ်နိုင်တဲ့အခါခြေထောက်နှင့်ခြေကျင်းဝတ်တွေဆီမှာသွေးတွေစုပုံနေတတ်ပါတယ်။ဒါကြောင့်သင့်ခြေထောက်လေးတွေဖောရောင်နေတာပါ
3. ကိုယ်ဝန်ရှိခြင်း⏮⏮
⏭သားအိမ်ထဲတွင်သန္ဓေသားလေးရှိနေခြင်းကြောင့်ဝမ်းဗိုက်ရှိသွေးပြန်ကြောတွေကိုဖိမိနေတတ်ပါတယ်။ဒါကြောင့်သွေးတွေကခြေထောက်နဲ့ခြေကျင်းဝတ်မှာစုပုံနေတတ်ပြီးဖောရောင်လာစေပါတယ်။ကိုယ်ဝန်ဆိပ်တက်နဲ့အမျိုးသမီးတွေဆိုပိုပြီးဖောရောင်နေတတ်ပါတယ်
💢 ဘယ်လိုလူတွေဖြစ်တတ်ကြလဲ❓
⏭အငန်ကြိုက်တဲ့သူ
⏭ အထိုင်များသူ
⏭အ၀လွန်သူတွေမှာလည်း သွေးလှည့်ပတ်မှုအားနည်းရာကနေ ခြေထောက်များဖောရောင်နေတတ်ပါတယ်✔️
⚜️ မူရင်းရေးသားသူ ⚜️

16/02/2022

.
ဥပုသ်စောင့်သော ကျောက်ကပ်.
- ဟုတ်ပါတယ်ည ၆နာရီကျော်ရေများများမသောက်ပါနဲ့ကျောက်ကပ်အရမ်းအလုပ်လုပ်ရပါတယ်လို့တော့သိရပါတယ်ဆရာ (မှားတယ်။)
- မဖြစ်နိုင်တာ အမေရ။ ရေများများသောက်မှ ကျောက်ကပ်က စားထားတဲ့ဟာတွေ ဆီးအဖြစ်နဲ့ စွန့်ထုတ်တာပါ ကျနော့်အမြင်ပါနော် (မှန်တယ်။)
ရေကို ရန်ရှာသူတွေက များတယ်။
မတ်တတ်ရပ် မသောက်နဲ့ဆိုသူတွေက တမျိုး။
ရေးအေး ကောင်းတယ် မကောင်းပြောသူတွေက တမျိုး။
ရေနွေး ကောင်းတယ် မကောင်းပြောသူတွေက တမျိုး။
ရေသန့် ဘာဖြစ်တယ် ညာဖြစ်တယ် ပြောသူတွေကတမျိုး။
၆ နာရီကျော်ရင် ရေမသောက်နဲ့ဆိုတော့ အခုမွ အော် ကျောက်ကပ်လည်း ဥပုသ်စောင့်ပါလားလို့ သိတော့တယ်။
ကျွန်တော်ကတော့ မနက်လင်းကနေ ညအိပ်တဲ့အထိ ရေအေးဖြစ်ဖြစ် ရေနွေးဖြစ်ဖြစ် ရေသန့်ဖြစ်ဖြစ် သောက်တယ်။ ထိုင်လည်းသောက်၊ ရပ်လည်းသောက်၊ ကားပေါ်မှာလည်းသောက်၊ လေယာဉ်ပေါ်မှာလည်း သောက်ပါတယ်။ အခုထိ ကျောက်ကပ်နှစ်လုံးက မြန်မာပြည်မှာနေစဉ်ကလိုဘဲ။.
ဒေါက်တာတင့်ဆွေ

15/02/2022

အစစ်/ အတု

09/02/2022

📿ဒီလို အချိန် မှာ အဆုတ်ကောင်း နေဖို့က အရေးကြီး ဆုံးပါ📿.
🍒အဆုတ်ဟာ ခန္ဓာကိုယ်ရဲ့ အရေးပါဆုံး ကိုယ်တွင်းအင်္ဂါတွေထဲမှာ ပါဝင်ပါတယ်။ အများအားဖြင့် အသက်အရွယ် ကြီးရင့်လာချိန်မှာ အဆုတ်ဝေဒနာကို ခံစားရလေ့ရှိပါတယ်။ အသက်ရှူဖို့ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး အသက်သေဆုံးသည်အထိ အလုပ်လုပ်နေတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် အဆုတ်ကို ကျန်းမာစေနိုင်တဲ့ နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ရပါတယ်။.
✨ ပေါ့ပေါ့ပါးပါးနေပါ..
▪️ကိုယ်ရောစိတ်ပါ ပေါ့ပါးနေဖို့ အရေးကြီးပါတယ်။ ဒီနေရာမှာ ခန္ဓာကိုယ်သွယ်လျတာကိုပဲ ဆိုလိုချင်တာ မဟုတ်ပါဘူး။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး တက်ကြွစွာနေထိုင်ဖို့ အရေးကြီးပါတယ်။ သာမန်အချိန်မှာ ကောင်းမွန်စွာ မလုပ်ဆောင်နိုင်တဲ့ အဆုတ်တွေဟာ အရေးပေါ်အခြေအနေမှာ အသက်ကို ကယ်တင်ပေးနိုင်မှာ မဟုတ်ပါဘူး။ လိုအပ်ချိန်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ အဆုတ်တွေ ကောင်းမွန်ဖို့ လိုပါတယ်။.
✨ လေဆိုးလေညစ်ကို ရှောင်ပါ.
▪️အဆုတ်ကို ဒုက္ခပေးနိုင်တဲ့ အရာတွေအများကြီး ရှိပါတယ်။ နေ့စဉ်ဘဝမှာ တွေ့ကြုံနေရတဲ့ ဆေးလိပ်ငွေ့၊ ဖုန်မှုန့်၊ ကားအိပ်ဇောနဲ့ စက်ရုံထွက် ဓာတ်ငွေ့တွေဟာ အဆုတ်ကို များစွာ ထိခိုက်စေပါတယ်။ အတတ်နိုင်ဆုံး ရှောင်ရှားပြီး ကျန်းမာရေးကို ဂရုစိုက်ပါ။ ဒီအရာတွေဟာ လတ်တလော ဒုက္ခပေးမယ့်ပုံ မပြပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးကို ထိခိုက်စေမှာပါ။.
✨ လေ့ကျင့်ခန်းလုပ်မည့် နေရာကို သေချာရွေးချယ်ပါ.
▪️နေရာတိုင်းဟာ လေ့ကျင့်ခန်းလုပ်ဖို့ မသင့်တော်ပါဘူး။ ကိုယ်နဲ့သင့်တော်တဲ့ နေရာကို သေချာရွေးချယ်ပြီး လေ့ကျင့်ပါ။ လူမထူထပ်ဘဲ လေကောင်းလေသန့်ရနိုင်တဲ့ နေရာတွေဟာ လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးပါပဲ။ မှန်ကန်တဲ့နည်းလမ်းနဲ့ လေ့ကျင့်ခန်းလုပ်တာဟာ အဆုတ်ကို ပိုမိုသန်မာစေပြီး အမောခံနိုင်စေပါတယ်။.
✨အသက်ဝဝ ရှူပါ.
▪️လေကောင်းလေသန့်ရတဲ့နေရာတွေမှာ အသက်ကို ဝဝရှူပါ။ ရှူသွင်းလိုက်တဲ့ လေကို အပြည့်အဝ ခံစားပြီးမှ ရှူထုတ်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ အခွင့်အရေး မရှိရင်တောင် အသက်ကို ဝဝရှူဖို့တော့ သတိရပါ။ အားလပ်ချိန်မှာ ဝင်လေထွက်လေကို သတိပြုကြည့်ပါ။.
✨သက်တောင့်သက်သာ အလုပ်လုပ်ပါ.
▪️မိမိအတွက် အဆင်ပြေမယ့် လုပ်ငန်းခွင်ကို ဖန်တီးပါ။ လုပ်ငန်းခွင် အဆင်မပြေမှုဟာ စိတ်ကိုရော၊ ကျန်းမာရေးကိုပါ များစွာထိခိုက်နိုင်ပါတယ်။ စိတ်ဖိစီးမှုများလာရင် အသက်ရှူနှုန်း မမှန်တော့ပါဘူး။ လုံလောက်တဲ့ အောက်စီဂျင် ရှူမသွင်းနိုင်တဲ့ အဆုတ်ဟာ ဘယ်လိုမှ ကျန်းမာနိုင်မှာ မဟုတ်ပါဘူး။.
✨ ရေများများ သောက်ပါ.
▪️နည်းနည်းတော့ ထူးဆန်းနေနိုင်ပါတယ်။ ရေများများ သောက်ပေးတာဟာ လုံလောက်တဲ့ ရေဓာတ်ကို ထိန်းသိမ်းထားနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်း ခြောက်သွေ့နေတာဟာလည်း ရောဂါတွေ ဝင်ရောက်ဖို့ အခွင့်အလမ်းတွေ ဖြစ်စေနိုင်ပါတယ်။ သာမန်အချိန်တွေမှာ မသိသာနိုင်ပေမယ့် ရောဂါပိုးဝင်ရောက်လာချိန်မှာတော့ ကျန်းမာတဲ့ အဆုတ်က အများကြီး ခံနိုင်ရည်ရှိပါတယ်။.
✨သင့်တော်တဲ့ လေ့ကျင့်ခန်းပြုလုပ်ပါ.
▪️ပြင်းပြင်းထန်ထန်လုပ်တိုင်း အကျိုးရှိတယ်လို့ မဟုတ်ပါဘူး။ အားမသုံးဘဲ ပုံမှန်လမ်းလျှောက်တာလည်း ကျန်းမာရေးအတွက် သင့်လျော်ပါတယ်။ အဓိက က သင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို မှန်မှန်လုပ်နေဖို့ပါပဲ။.
✨ပုံမှန် ဆေးစစ်မှုခံယူပါ.
▪️ကျန်းမာနေချိန်မှာလည်း ပုံမှန်ဆေးစစ်ပါ။ အသက်ရှူလမ်းကြောင်းဟာ အရေးအကြီးဆုံးပါ။ ရောဂါကြီးထွားမှု မရှိသေးခင်မှာ တတ်နိုင်သလောက် ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။ .
🍒ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။


#မျှဝေသူ_Ma_Nilar_Htun

Photos from Ko Zaw's post 03/02/2022

ကျောက်ကပ်အတွက်`ထာဝရေဆး အုန်းစိမ်းရည်းနင့်ကျောက်ဖရုံယ်ို
ဖန်ခွက်ထဲကို အုန်းစိမ်းရည်ထည့်၊ပြီးရင်
ကျောက်ဖရုံယိုတစ်တောင့်ထည့်စိမ်ထားလိုက်ပါ
တစ်နာရီကျော်လောက် စိမ်ထားရင်ရပါပြီ၊
အရည်လည်းသောက် အဖတ်လည်းစား၊
အဲဒါဟာကျောက်ကပ်အတွက် ထာဝရေဆး
ကျောက်ကပ် အမြဲတန်းကောင်းချင်ရင်
တစ်ပတ်တစ်ခါလောက် သောက်ပေးပါ
ကျောက်ကပ် မကောင်းတော့ဘူးဆိုရင်
တစ်ပတ် ၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဆောင်/ရှောင်
- ထုံးဓာတ်များတဲ့ရေကိုရှောင်ခြင်း
- အက်စစ်ဓာတ်များတဲ့အစားအသောက်ကိုလျှော့စားခြင်း
- အယ်ကာလီများတဲ့အစားအသောက်ကိုပိုစားခြင်း
- အသီးအရွက်မစားတဲ့အကျင့်ကိုပြုပြင်ခြင်း
- အနီရောင်အသားကိုသင့်ရုံသာစားခြင်း
- အသားထက်အဆီကနေကယ်လိုရီပိုရယူခြင်း
- ဝမ်းမချုပ်အောင်လေ့ကျင့်ခြင်း
- ချေွးထွက်အောင်ပြုလုပ်ပေးခြင်း
- သွားနှင့်ခံတွင်းကိုအမြဲသန့်ရှင်းနေစေခြင်း
- ကိုယ်လက်လှုပ်ရှားမှုများစေခြင်း
- ည၁၀နာရီအိပ်ယာဝင်ခြင်း
- အရက်သေစာမူးယစ်ဆေးဝါးရှောင်ရှားခြင်း
- အနားယူပေးခြင်း
- သင့်ရုံသာစားသောက်ခြင်း
- အစာကိုကြေညက်အောင်ဝါးစားခြင်း
- ဓာတုဆေးဝါးများကိုလိုအပ်မှသောက်ခြင်း
- ကွမ်းယာ၊ဆေးလိပ်သုံးစွဲမှုမများစေခြင်း
- ဆိုဒီယမ်ပါသောအစာများလျှော့စားခြင်း
- ပန်းရောင်ကျောက်ဆားသုံးခြင်း
- သွေးတိုးစာများလျှော့စားခြင်း
- မနက်စောစောစာကိုပြည့်စုံစွာစားခြင်း
- ရေသောက်မနည်းစေခြင်း
- နေရောင်ခြည်ခံပေးခြင်းတွေပဲဖြစ်ပါတယ်။
ကျွန်တော်ကိုယ်တိုင် လက်တွေ့သောက်သုံးပြီး
မူလတင်ပြသူ ဆရာသမား၏ ဆေးနည်းကို
တဆင့်ပြန်လည်မျှဝေ ကုသိုလ်ပြုပါတယ်ခင်ဗျာ

ဦးမြကြိုင်း
ရေးသားမှုကိုကူးယူဖြေပြလိုက်ပါတယ်

26/01/2022

Omicron
ကာကွယ်ဆေး ၂ ခါထိုးပီးသားသူလည်းကူးစက်ပါတယ်။ ခံစားရတဲ့ဝေဒနာကိုပြောပြရရင်...
ရုတ်တရက် ကူးစက်ထားမှန်း မသိရပါဘူး။ ဒါကြောင့် ကူးစက်လွယ်တယ်ထင်ရပါတယ်။
ကူးစက်တယ်လို့ယူဆရတဲ့နေ့ရဲ့ ၂ ရက်မြောက်နေ့ကနေ လည်ချောင်းသေအောင်နာပါတယ်။ ငါးရိုးအကြီးကြီးဆူးနေသလိုပဲဗျ။ တံတွေးမျိုချရမှာကြောက်နေရတယ်။
နှာရည်အကြည်ရောင်က တောက်လျှောက်ကျလာပါတယ်။
ချောင်းတွေဆိုးလာပါတယ်။
နားကောင်းကောင်းမကြားရပဲ အူနေပါတယ်။
ထုံထိုင်းပြီးမျက်ခွံတွေလေးပြီး မလှုပ်ချင်ဘူး။
အားအင်ကုန်ခမ်းနေပါတယ်။
လူကမသောက်ပဲမူးနေတယ်။
ပါးစပ်အရသာပျက်နေပါတယ်။
အောက်စီဂျင်မဝဘူး ... အိပ်နေရင်း အရမ်းအသက်ရှုကြပ်ပါတယ်။
ကျွန်တော်က အဖျားနဲ့ ကိုယ်ပူချင်းလုံးဝမရှိခဲ့ပါဘူး။ ဒါပေမဲ့ ကြားသိရသလောက် အခြားအမျိုးသားတွေလဲ ကိုယ္မပူဘူး။
အမျိုးသမီးတွေကကျတော့ အတော်လေးကို အပူချိန်ကြိးကြီးနဲ့ ညေတြမွာ အဖျားတက်တယ်ပြောကြပါတယ်။
ဂ်ပန္က ဆရာဝန်ပြောပြချက်အရ ဒီ Omicron ဟာ လေထဲကနေ ကူးတာမို့ Mask မပါပဲ တစ်မီတာအတွင်း ၁၅ မိနစ်ကြာ စကားပြောတာနဲ့ ကူးပါတယ်တဲ့။
Mask တပ်ထားမယ်ဆိုရင် အတော်ကာကွယ်နိုင်တယ်။အိမ်ထဲမှာ အတူတူရှိနေရင်တော့ မိသားစုချင်းဆို ကူးပါတယ်တဲ့။
ကူးပြီဆိုတာနဲ့ self quarantine ၁၀ ရက်ဝင်ရပါမယ်တဲ့လေ။
ကိုဗစ်ဆေးရယ်လို့ သီးသန့်မသောက်ရပါဘူး။ ချောင်းဆိုးသက်သာအောင်၊ လည်ချောင်းနာ သက်သာအောင် သာမာန် အဖျားပျောက်ဆေးလောက်ပဲ သောကါရပါတယ်။
ဂျပန်မှာတော့ အတတ်နိုင်ဆုံး ၁၀ ရက်အပြင်မထွက်စေပါဘူး။ စားသောက်ဖို့အတွက် ဈေးဝယ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ public transportation မသုံးရ။ အမ်ားသုံး အိမ်သာမသုံးရ။ လူတွေနဲ့ မလိုအပ်ပဲ စကားမပြောရပါဘူး။
လူရှင်းတဲ့ပန်းခြံလိုနေရာတွေမှာ လေ့ကျင့်ခန်းလုပ်လို့ ရပါတယ်။
စဖြစ်တဲ့နေ့ကနေ ၃ ရက်လောက် အလူးအလဲ ခံရပြီးရင် အတော်သက်သာလာပါတယ်😇
အားလုံး ဂရုပြုကြပါနော်။
စေတနာဖြင့် ဝေဒနာရဲ့အကြောင်းကို မျှဝေခြင်းသာဖြစ်ပါတယ်။ အားလုံး ကျန်းမာရွှင်လန်းကြပါစေ။
ကြည်ချမ်းငြိမ်း (day 5)
Tokyo, Japan
၂၀.၁.၂၀၂၂
Photo credit from internet

19/01/2022

-💥သံဓါတ်နည်း ​သွေးအားနည်းခြင်း၏ လက္ခဏာများ💥
- ဖြူ​ဖျော့ခြင်း ၄၅-၅၀%
- ပင်ပန်းနွမ်းနယ်ခြင်း ၄၄%
- ​မောခြင်း
- ​ခေါင်းကိုက်ခြင်း ၆၃%
- ဆံပင်ကျွတ်ခြင်း ၃၀%
- လျှာနာခြင်း ၂၇%
- ကျီးကန်းပါးစပ် ဖြစ်ခြင်း
- ​ခြေ​ထောက်ဂဏာမငြိမ်ခြင်း ၂၄%
- အ​ရေပြား​ခြောက်ခြင်း၊ ကြမ်းခြင်း
- ဆံပင်​ခြောက်ခြင်း၊ ကြမ်းခြင်း
- နှလုံးခုန်မြန်ခြင်း ၉%
- မှတ်ဥာဏ်ချို့တဲ့ခြင်း
- ရင်ဘတ်​အောင့်ခြင်း
- ချာချာလည် မူးခြင်း
- မူးလဲခြင်း ၀.၃%
- လက်သည်းခွက်ပြီး ဇွန်းပုံဖြစ်ခြင်း
- အစာနင်ခြင်း ၀.၁%
- အစာမဟုတသည်များကို စားချင်ခြင်း
- ​ရေခဲစားလိုစိတ် ချင်ခြင်းတပ်ခြင်း Pagophagia
- ​​ကော်မှုန့်စားလိုစိတ် ချင်ခြင်းတပ်ခြင်း Amylophagia
- ရွှံ့စားလိုစိတ် ချင်ခြင်းတပ်ခြင်း Geophagia
💥သံဓါတ်နည်းခြင်း၏ ​နောက်ဆက်တွဲ ဆိုးကျိုးများ💥
- သံဓါတ်နည်းခြင်းသည် က​လေးများတွင် 
လေ့လာသင်ယူခြင်းကို ထိခိုက်​စေပါသည်။
- သံဓါတ်နည်း​သော လူကြီးများတွင်
အသိဥာဏ်နှင့် နားလည်မှုစွမ်းရည်ကို
ထိခိုက်​စေပါသည်။
- ကိုယ်ဝန်​ဆောင်ချိန်သံဓါတ်နည်းပါက 
ပေါင်မပြည့်​သော က​လေးများ 
မွေးဖွားတတ်ပါသည်။
- သံဓါတ်နည်းပြီး 
သွေးအားမနည်း​သေးသူများတွင်လည်း
ပင်ပန်းနွမ်းနယ်ခြင်းနှင့် ဆက်စပ်​နေပါသည်။
- Desiderosmia (Craving for Olfaction)
ဟု​ခေါ်သည့် ​ရော်ဘာနံ့၊ ဓါတ်ဆီနံ့စသဖြင့်
အနံ့တခုခုကို တမ်းတမ်းစွဲ ချင်ခြင်းတပ်
နေတတ်ပါသည်။
- Hapticophagia (Tactile chew craving)
ဟု​ခေါ်သည့် တခုခုကို ဝါးစား​နေလိုစိတ်
ဖြစ်​နေတတ်ပါသည်။ ပီ​ကေ၊ မုန့်ကျွတ်၊
ဂျင်ဆင်း၊ အချဉ်၊ သကြားလုံးအမာ၊ 
ပြောင်းဖူး​ပေါက်​ပေါက်၊ သိုး​မွေးကြိုး
တခုခုကို အမြဲဝါး​နေလိုစိတ် ဖြစ်​နေတတ်ပါသည်။

၁၉. ၁ . ၂၀၂၂

Photos from Ko Zaw's post 11/01/2022

🔥🔥 အထိုင်များပြီး အညောင်းမိနေသူများအတွက်
အကြောဆန့်လေ့ကျင့်ခန်း (၅)မျိုး🔥🔥
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အထိုင် များပြီး အ ညောင်းမိ တတ် သူလေးတွေအတွက် အကောင်းဆုံးလေ့ကျင့်ခန်းက ဘယ်လိုလေ့ကျင့်ခန်းမျိုးဖြစ်မလဲဆိုတာ စဉ်းစားစရာပါ ။ ပညာရှင် တွေ က တော့ အညောင်းမိ တာ တွေ အတွက် ပြင်းပြင်း ထန်ထန် လေ့ကျင့် ခန်းတွေ ထက် အကြောဆန့်တဲ့ လေ့ကျင့်ခန်းတွေက ပိုကောင်းတဲ့ အကျိုးသက်ရောက်မှုတွေကို ရနိုင်တယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် တင်းကြပ်ညောင်းညာမှုတွေဖြစ်နေတဲ့သူလေးတွေအတွက် အ ညောင်း ပြေပြီး ပေါ့ပါးလန်းဆန်းစေရုံမကဘဲ ရက် ၃၀ အတွင်းမှာ ခန္ဓာကိုယ်ကောက်ကြောင်း ပိုလှလာစေမယ့် အ ကြောဆန့် နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။ အညောင်းအညာပြေ၊ ပေါ့ပါးပြီး ပိုလည်း လှလာမှာမို့ အိပ်ရာဝင်ခါနီး ၁၀မိနစ်လောက်ပဲ အချိန်ပေးပြီး လုပ်ဖြစ်အောင် လုပ်လိုက်နော်။
၁။ ဦးခေါင်းကို ဒူးနဲ့ ထိခြင်း
===============
ပုံမှာပြထားသလို ညာဘက်ခြေထောက်ကို ဆန့်ပြီး ဘယ်ဘက်ခြေထောက်ကိုတော့ ဒူးနေရာကနေ ကွေးကာ ခြေဖျားကို ပေါင်နဲ့ထိထားပါ။ ညာဘက်လက်ကို ညာဘက်ခြေထောက်အတွင်းဘက်ကနေပြီး ခြေဖဝါးကိုကိုင်၊ ဘယ်လက်ကိုတော့ ဦးခေါင်းအပေါ်ကနေကျော်ပြီး ခြေဖျားကို ဆုပ်ကိုင်ထားပါ။ အဲ့ဒီအနေအထားအတိုင်း တစ်မိနစ် နေပေးပါ။ ဘယ်ညာတလှည့်စီလုပ်ပေးပါ။
၂။ဖားပုံစံ
======
ခြေဖ နောင့်ကို တင်ပါးအောက် မှာ ထားပြီး ဒူးနှစ်ဖက်ကို ဘေးဘက်ကို ကားထိုင်ပါ။ ခန္ဓာကိုယ်ကို အရှေ့ဘက်ကိုင်းလိုက်ပြီး တင်ပါးကို ခြေဖနောင့်အပေါ်ကနေ ကြွလိုက်ပြီး လက်နှစ်ဖက်ကို ခန္ဓာကိုယ်အရှေ့ဘက် တိုးနိုင်သလောက် တိုးသွားလိုက်ပါ။ အဲ့ဒီအနေ အထားမှာ ၂ မိနစ်လောက် နေပေးပါ။
၃။မြွေဟောက်ပုံစံ
==========
ပုံထဲကလိုမျိုး ဝမ်းဗိုက်နေရာကို ကြမ်းပြင်နဲ့ ထိထားပြီး ခြေထောက်တွေကို ဆန့်ထားပါ။ လက် နှစ်ဖက် ကို ပခုံး အ ကျယ် လောက်ခွဲပြီး ခန္ဓာကိုယ်အရှေ့မှာထောက်ထားပြီး ဦးခေါင်းကို ကျောအနောက်ဘက် လှန်နိုင်သလောက် လှန်ပေးပါ။ အဲ့ဒီ အ နေအထားမှာ ၂ မိနစ်လောက် နေပေးလိုက်ပါ။
၎။ဦးခေါင်း အောက်စိုက်ပုံစံ
================
ပုံမှာပြထားသလို ခြေဖျားနဲ့ လက်နှစ်ဖက်ကို ထောက်ပြီး ခန္ဓာကိုယ်ကို တြိဂံပုံစံဖြစ်အောင်နေပါ။ ဒူးနဲ့တံတောင်ဆစ်တွေကို ဖြောင့်ထားဖို့ လိုပြီး ခြေဖျားလေး နဲ့ ထောက်ထားရမှာပါ။ အဲ့ဒီ အ နေ အထားမှာ ၂ မိနစ်လောက် နေပေးလိုက်ပါ။
၅။ခါးလိမ်ခြင်း
=========
ခြေထောက်နှစ်ဖက်ကို ဆန့်ပြီး ခါးကိုမတ်မတ်လေးထိုင်ပါ။ ဘယ်ဘက်ဒူးကို ကွေးလိုက်ပြီး ညာဘက် တံတောင်ဆစ်ကို ဒူးပေါ် တင်လိုက်ပြီး ဘယ်လက်က အ နောက်ဘက်မှာ ထောက်ပေးပါ။ အဲ့ဒီအနေအထားအတိုင်း တစ်မိနစ်နေပေးပြီး ဘယ်ညာ တလှည့်စီ လုပ်ပေးပါ။
၆။အကျိုးရလဒ်တွေ ကတော့
================
ကောင်းကောင်းအိပ်ပျော်လာတယ်။ နေရတာ ပေါ့ပါးလာတယ်။
နာကျင်မှုတွေ၊ ခန္ဓာကိုယ် တောင့်တင်း ညောင်းညာနေတာတွေ သက်သာလာတယ်။
သွေးလှည့်ပတ်မှု ကောင်းလာတယ် ၊ သွေးဖိအား ပုံမှန် ဖြစ် လာ တယ် ။
စိတ်ဖိစီးမှုတွေ လျော့နည်း လာတယ် ။
ခန္ဓာကိုယ် ကောက်ကြောင်း အလှ ပေါ်လွင် လာတယ် ၊ ကိုယ်နေ ဟန်ထား လှပလာတယ်။

Credit to original
Photo credit

05/01/2022

ဆက်သွယ်ရန်. ….☎☎ 09 750 207 650

အရင်ကထက်ဘာလို့အဲ့လောက်ကောင်းအောင်လုပ်ပေးနိုင်လာတာလဲ..?

သိချင်နေပြီးလား Formula 41 တစ်ဗူးကို ၆၅၀၀၀ (ခြောက်သောင်းငါးထောင်)

တစ်ဗူးဝယ်လျှင် လက်ဆောင်(၁) မျိုးပေးမဲ့ အထူး ပရိုမိုးရှင်း အစီစဉ်

( 2022 Update ထွက်လာပါပြီး )

ဆက်သွယ်ရန်. ….☎☎ 09 750 207 650

05/01/2022

😷 အသက်ရှူလို့ မဝဘူး ဆိုသူများ ဖတ်ကြည့်ပေးပါ...

အသက်ရှူလို့မဝဘူး ဆိုရင် တော်တော်များများက စိုးရိမ်ပူပန်ကြီးစွာနဲ့ပဲ "နှလုံးများမကောင်းတာလား? အဆုတ်များ ပြသနာကြီးဖြစ်နေပြီလား"လို့ထင်ကြပါတယ်။ ။ တကယ်က အဲ့တာတွေထက်ပိုတဲ့အကြောင်းအရင်းများစွာရှိပါသေးတယ်။
ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းရင်းတွေကတော့ ..
➡ ၁. စိတ်ဖိစီးမှုများလို့✔
မထင်မှတ်လောက်အောင်ကို စိတ်ဖိစီးမှုများပြီး အသက်ရှူမဝ၊ အသက်ရှူကြပ်တဲ့လူတွေများပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာ ခံစားရသူဟာ အသက်ရှူမဝတာအပြင် အသက်ရှူနှုန်းမြန်တာ၊ ခေါင်းမူးဝေတာ၊ စိတ် ဂဏာမငြိမ်ဖြစ်တာ၊ ကြွက်သားတောင့်တင်းတာတွေခံစားရတတ်ပါတယ်။
➡ ၂- အစာချဉ် ပြန် ရောဂါရှိတာ✔
တော်တော်များများက အသင်ရှူမဝတာ နှလုံးတို ၊ အဆုတ်တို့ကို သိထားပေမယ့် တကယ်တော့ အစာအိမ်က အက်ဆစ်ဓာတ်တွေထွက်တာများပြီး အစာမျိုပြွန်ကိုတက်လာတာ ကလည်း အသက်ရှုမဝဲဖြစ်စေပါတယ်။
ဒီအခါမှာ ...
- အစာမျိုချရင်နာတာ
- ရင်ခေါင်းမှာ တစ်ခုခုဆို့သလိုခံစားရတာ
- ရင်ဘက်အောင့်တာ တွေနဲ့တွဲပြီးဖြစ်တတ်ပါတယ်။
➡ ၃- ကြွက်သားနာတာ✔
နံရိုးကြားက ကြွက်သားလေးတွေဟာ အဓိက အသက်ရှူတဲ့ ရှူသွင်းရှူထုတ်လုပ်ငန်းလုပ်ဆောင်ပေးပါတယ်။ ဒီကြွက်သားတွေ ခိုက်မိတာ၊ မသိလိုက်ဘဲ ဒဏ်ရာရတာဖြစ်သွားရင် အသက်ကောင်းကောင်း ဝဝလင်လင် မရှူနိုင်ဘဲ အသက်ရှူမဝတာမျိုးခံစားနိုင်ပါတယ်။
➡ ၄- အဆုတ်ရောင် နီမိုးနီးယားဖြစ်တာ✔
နမိုးနီးယားပိုးဟာ အဆုတ်ထဲဝင်ပြီး အဆုတ်ထဲမှာ လေအိတ်လေးတွေယောင်တာ အဆုတ်ပွတာတွေဖြစ်စေပါတယ်။ အဆုတ်မကောင်းတဲ့အခါ အဆုတ်ထဲကို လေအပြည့်မဝင်ဘဲ အသက်ရှူမဝဖြစ်စေပါတယ်။
ဒီလိုဖြစ်တဲ့အခါ..
- ဖျားတာ၊ ချောင်းဆိုးတာ
- ချမ်းတုန်တာ
- ရင်ဘက်အောင့်တာ
- မောပြီးနှုံးတာတွေခံစားရနိုင်ပါတယ်။
➡ ၅- ပန်းနာရင်ကြပ်ရောဂါရှိနေတာ✔
လေပြွန်ကျဉ်းစေတဲ့ ပန်းနာရင်ကြပ်ရောဂါရှိနေမယ်ဆိုရင်လည်း အသက်ရှူမဝဖြစ်စေတာပါပဲ။
ဒီလိုဆိုရင်တော့ ...
- မတည့်တဲ့အစားအစာစားရင် အသက်ရှူမဝတာ
- ညဘက်အိပ်ချိန်မှာ တရွှီရွှီမြည်တာ
- ညဘက်ထပြီးအသက်ရှူမဝဖြစ်တာတွေခံစားရပါတယ်။
ထူးခြားချက်ကတော့ ရင်ကြပ်မထတဲ့အချိန်ဆိုရင်တော့ လူကောင်းလိုပဲ လုံးဝ အသက်ရှူချောင်ပြီး နေတတ်ပါတယ်။
➡ ၆- နှလုံးသွေးကြောကျဉ်းတာ✔
လူတိုင်းနီးပါးသိထားတဲ့ နှလုံးသွေးကြောကျဉ်းတဲ့ လက္ခဏာတစ်ခုက အသက်ရှူမဝတာပါပဲ။
ဒါ့အပြင်....
- ရင်ဘက်အောင့်တာ
- ဘယ်ဘက်လက်မောင်းထိပ်အောင့်တာ
- မေးရိုးအောင့်မှာစူးပြီးအောင့်တာ
- ချွေးစေးပြန်တာတွေလည်း ခံစားရနိုင်ပါတယ်။
➡ ၇- နှလုံးကြီးပြီး ညှစ်အားမရှိတာ✔
နှလုံးကြီးတဲ့ Hypertrophic Cardiomyopathy မှာဆိုရင် နှလုံးကြွက်သားဟာ ညှစ်အားအရမ်းနည်းတာမို့ အသက်ရှူမဝတာအပြင်ကို
- မူးမေ့လဲတာ
- ရင်ဘက်အောင့်တာ
- ရင်တုန်တာ တွေ ခံစားရနိုင်ပါတယ်။

အခြားသော အသက်ရှူမဝတဲ့ အနေအထားအများအပြားရှိပြီး ခုဖော်ပြထားတာတွေက အဖြစ်များတဲ့ အရေးကြီးတဲ့ အနေအထားတွေဖြစ်ပါတယ်။

မယ်တင်(ဆေး -၁)
to original uploader
🌟Photo👉Google

Want your practice to be the top-listed Clinic in Dagon?
Click here to claim your Sponsored Listing.

Videos (show all)

အစစ်/ အတု

Category

Telephone

Website

Address


No, 9 Yaw Min Gyi Road
Dagon
11191
Other Medical Supplies in Dagon (show all)
Ko Zaw Ko Zaw
No, 99 Yawmin Gyi Road
Dagon, 11191

စစ်မှန်သောပစည်းများကိုသာရောင်းချ ပေးပါတယ်

Ko Zaw Ko Zaw
No, 90 Yawmingyi Street
Dagon, 11191

Cash On Delivery

Ko Zaw Ko Zaw
No,9 Yaw Min Gyi St
Dagon, 11191

ပစ္စည်းအမှန်​ကိုသာ​ရောင်းပါတယ်

Ko Zaw Ko Zaw
No, 66 Yawmin Gyi Road
Dagon, 11191

စစ်မှန်သောပစည်းများကိုသာရောင်းချ ပေးပါတယ်

Ko Zaw Ko Zaw
No, 90 Yawmingyi Street
Dagon, 11191

Cash On Delivery

Ko Zaw Ko Zaw
No, Yaw Min Gyi Road
Dagon, 11181

စစ်မှန်သောဆေးများကိုသာရောင်းပေးပါ?

Ko Zaw Ko Zaw
No, 9 Yaw Min Gyi Street
Dagon, 11191

ပစ္စည်းအမှန်​ကိုသာ​ရောင်းပါတယ်

Ko Zaw Ko Zaw
No, Yaw Min Gyi Road
Dagon, 11181

စစ်မှန်သောဆေးများကိုသာရောင်းပေးပါ?

Ko Zaw Ko Zaw
No , Yaw Min Gyi Road
Dagon, 11181

စစ်မှန်သောဆေးများကိုသာရောင်းပေးပါ?

Hanuman Health Care By Choo Choo Hanuman Health Care By Choo Choo
No. 8
Dagon

ကျမ်းမာ မှ ချမ်းသာ သုခ ရရှိနိူင်မည်

M.A.N Online shop M.A.N Online shop
No, 66 Yaw Min Gyi Road
Dagon, 11191

စစ်မှန်သောပစည်းများကိုသာရောင်းပေး?