Creative Marketing Services & Merchandising
Marketing Services, Below The Line Marketing & Quality Promotional Gift Items Production Company
Bioderma New Product Launch @ Ibis Style Mandalay
Proudly organized by Creative Marketing Services & Merchandising
ကျွန်တော်တို့ Creative Marketing Services ရဲ့ အောက်ပါ လစ်လပ်နေရာများအတွက် ဝန်ထမ်းခေါ်ယူလျှက်ရှိပါတယ်ခင်ဗျာ . . . 💁
- Digital Account Executive - M/F ( 2 posts )
- Account Executive - M/F ( 2 posts )
- Graphics Designer - M/F( 2 posts )
- Content Writer - M/F ( 2 posts )
🚨လစ်လပ်ရာထူးများအတွက် လျှောက်ထူးသူများသည် အောက်ပါလုပ်ငန်းလိုအပ်ချက်တို့နှင့် ကိုက်ညီရပါမည်🚨
📌အသက် (၂၀ မှ ၂၇ နှစ် )အတွင်းဖြစ်ရမည်။
📌သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အသင့်အတင့်ရှိရမည်ဖြစ်ပြီး Creativity Skill ကောင်းများနှင့် ကြိုးစားလုပ်ဆောင်နိုင်ရမည်။
📌Customer Relationship Management ပိုင်းတွင် ပိုင်နိုင်ကျွမ်းကျင်ရမည်ဖြစ်ပြီး Customer Journey ကောင်းတစ်ခုကို ဖန်တီးပေးနိုင်ရန်အတွက် ကောင်းမွန်သော Customer Experience များ ပေးနိုင်ရမည်။
📌Problem Solving Skill ကောင်းမွန်ရမည်။
📌Work Load Pressure ကိုလည်း စီမံထိန်းချုပ်နိုင်ရမည်။
📌Team Member များနှင့် ကောင်းမွန်စွာ အချိတ်အဆက်မိ၍ Deadline အမှီဆောင်ရွက်နိုင်ရမည်။
📌လိုက်လျောညီထွေဖြစ်စွာ ပြုမူပြောဆိုနိုင်ရမည်ဖြစ်ပြီး သင်ယူတတ်မြောက်လိုစိတ်ရှိရမည်။
ဆိုတော့ - ဖော်ပြပါ လုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီသူတို့အဖို့ မိမိလျှောက်ထားလိုရာ Position Tittle ကို Subject မှာ ရေးလို့ CV Form လေးများကို ပေးပို့နိုင်ပြီဖြစ်ပါကြောင်းနှင့် Creative Marketing Service မှ Creativity ကောင်းကောင်းရှိသူတို့ကို နွေးထွေးစွာ ကြိုဆိုလျှက်ရှိပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
ရုံးချိန် - မနက် (၉) နာရီ မှ ညနေ (၅) နာရီ (တနင်္ဂနွေ တစ်ရက်ပိတ်)
ရုံးတည်နေရာ - ရေကျော်
Email - [email protected]
Ph Number - 09 441 758 580
Creative Myanmar Marketing Services
Email – [email protected]
We wish you to have a fabulous year ahead. Wish you all the love and luck. Happy New Year!✌
📣 နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက် ကြေငြာခြင်း📣
💦 April လ 8 ရက်နေ့ကနေ 17 ရက်နေ့အထိ
မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များဖြစ်သောကြောင့်
Creative Myanmar Marketing Services အား ခေတ္တခဏပိတ်ထားမည် ဖြစ်ပါကြောင်း လေးစားစွာ
အသိပေးကြေငြာအပ်ပါသည်။🙏🙏
April လ 18ရက်နေ့တွင် ပုံမှန် ရုံးချိန်အတိုင်း ပြန်လည် ဖွင့်လှစ်ပါမယ်ရှင့်။❤
ကုန်ပစ္စည်းတစ်ခုကို Merchandising နည်းလမ်းတွေ၊ BTL Activities တွေနဲ့အတူ ဈေးကွက်ထဲ ထိုးဖောက်ချင်တဲ့အခါ သမားရိုးကျ နည်းလမ်းတွေကိုပဲ အမြဲအသုံးပြုနေလို့ မရပါဘူး။
ကိုယ် ထိုးဖောက်မယ့် Merchandising Way နဲ့ ကိုယ့်ရဲ့ အမှတ်တံဆိပ်က လိုက်ဖက်မှုရှိရမယ်၊
ကိုယ် အသုံးပြုလိုက်တဲ့ Budget ပမာဏ ထက် ကိုယ်ပြန်ရလိုက်တဲ့ Engagement က ပိုများရမယ်
ကိုယ် အသုံးပြုလိုက်တဲ့ Merchandising Items တွေက ကိုယ့်ရဲ့ အမှတ်တံဆိပ်ကို ဆွဲခေါ်ပေးနိုင်ရမယ်
နောက်ဆုံးအချက်က... Creative ဖြစ်ရမယ် အစရှိတဲ့ အချက်တွေကို ထည့်သွင်းစဥ်းစားရပါတယ်။
ဒီလို ကိုယ့်လုပ်ငန်းအတွက် Merchandising တွေ၊ BTL Activities လုပ်ဖို့ စဥ်းစားရခက်နေတဲ့အခါ ကျွန်မတို့ Creative Myanmar Marketing Services က ကူညီပေးဖို့ အသင့်ရှိနေပါတယ်။
Creative Myanmar Marketing Services မှ လူကြီးမင်းတို့ စိတ်တိုင်းကျ အစ၊ အလယ်၊ အဆုံး တာဝန်ယူဆောင်ရွက်ပေးနေပါပြီ။
Creative Myanmar Marketing Services
No. (72), Yaykyaw Street, Pazundaung Township, Yangon, Myanmar.
Email – [email protected]
Phone Number – 09 441 758 580, 09 963 380 000
အခုနောက်ပိုင်း Brand တွေဟာ Logo Branding ကို ဦးစားပေးပြီး ဖန်တီးလာကြတာကို တွေ့မြင်ရတော့ စိတ်ထဲဝမ်းသာမိပါတယ်။ 🤗
အရင်အချိန်တွေမှာတုန်းကတော့ မြန်မာ့စီးပွားရေးပညာရှင်တွေဟာ ကုန်ပစ္စည်း အရည်အသွေးကိုသာ မြှင့်တင်လေ့ရှိပြီး Branding ပိုင်းကို အသားပေးဖို့အတွက်တော့ မေ့လျော့နေတတ်ကြပါတယ်။
အခုနောက်ပိုင်းမျိုးဆက်ရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ Brand တစ်ခုအတွက် အရေးကြီးတဲ့ Branding အပိုင်းကို သေသေချာချာလေး ဂရုစိုက်ပြီး ပြင်ဆင်ပြီးမှ Market ထဲကို ဝင်ရောက်လာကြတာကို ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်လို့ မြင်မိပါတယ်။
တကယ်တော့ Logo ဆိုတာ Brand တစ်ခုအတွက် အရေးကြီးဆုံးအရာတစ်ခုပါ။
Brand တစ်ခုကို ကိုယ်စားပြုတဲ့အရာလို့ ပြောလည်းမမှားနိုင်ပါဘူး။ Logo တစ်ခု Attraction ရှိမှသာ စားသုံးသူတွေဟာ ကိုယ့်ရဲ့ လုပ်ငန်းကို စိတ်ဝင်စားမှုရှိလာမှာ ဖြစ်တဲ့အတွက် Logo Branding ကို ဂရုတစိုက်နဲ့ အချိန်ပေးပြင်ဆင်ကြဖို့ မျှဝေလိုက်ပါရစေနော်။ 🥰
Creative Myanmar Marketing Services
No. (72), Yaykyaw Street, Pazundaung Township, Yangon, Myanmar.
Email – [email protected]
Phone Number – 09 441 758 580, 09 963 380 000
ကိုယ့်ရဲ့ လုပ်ငန်းကို လူသိများလာအောင် ကြော်ငြာဖို့အတွက်
လူအများကြီးသုံးပြီး ကုန်ကျစရိတ်တွေများနေရတုန်းလား? 🤔
လူသိများဖို့အတွက်တော့ အရင်လို လူအများကြီး သုံးစရာမလိုတော့ပါဘူးနော်…
အရင်ကဆို ကုန်ပစ္စည်းတစ်ခု စျေးကွက်ထဲရောက်ဖို့အတွက် လူအင်အား၊ ငွေအင်အား အများကြီး သုံးရပါတယ်။
အခုလို Digital ခေတ်ကြီးထဲမှာတော့ ကုန်ပစ္စည်းတစ်ခု လူသိများ ရောင်းအားတိုးဖို့အတွက် ခလုတ်လေးတစ်ချက် နှိပ်ရုံနဲ့ လုပ်ဆောင်လို့ရနေပါပြီ။
ကိုယ့်လုပ်ငန်းကို ကြော်ငြာနည်းလမ်းအသစ်တွေနဲ့ စျေးကွက်ထဲ ထိုးဖောက်ချင်တယ်ဆိုရင်တော့ Creative Myanmar Marketing Services နဲ့အတူ အသေးစိတ်ဆွေးနွေးတိုင်ပင်ပေးနေပါပြီနော်။🥰
Creative Myanmar Marketing Services
No. (72), Yaykyaw Street, Pazundaung Township, Yangon, Myanmar.
Email – [email protected]
Phone Number – 09 441 758 580, 09 963 380 000
ခေတ်တွေဘယ်လောက်ပဲပြောင်းပြောင်း၊ Marketing Way တွေဘယ်လောက် ပြောင်းပါစေ
KOL (or) Influencer Marketing က အခုအချိန်ထိ အရေးပါအရာရောက်နေဆဲပါပဲ။
ဘာကြောင့် KOL (or) Influencer Marketing တွေက ဒီနေ့အချိန်ထိ အောင်မြင်နေရသလဲဆိုရင်တော့ အဖြေက တစ်ခုပဲ ရှိပါတယ်။
လူတွေဟာ ကိုယ်နဲ့မရင်းနှီးသေးတဲ့ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုကို စပြီး သုံးကြည့်တော့မယ်ဆိုရင် အရင်ဆုံး အဆိုပါ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုလုပ်ငန်းကို ကိုယ့်ရဲ့ အသိမိတ်ဆွေကို လိုက်မေးတတ်ကြတဲ့ အလေ့အထရှိပါတယ်။
ဒါ့ကြောင့်မို့ လူတွေက ကိုယ်ယုံကြည်ရတဲ့သူတွေ ညွှန်းပေးတဲ့အရာတွေကို ကြော်ငြာထားတဲ့ပစ္စည်းတွေထက် ပိုပြီးသဘောကျတတ်တာ ဖြစ်ပါတယ်။
ဒီလိုသဘောတရားအတိုင်းပါပဲ…
နိုင်ငံကျော်ရုပ်ရှင်မင်းသားမင်းသမီးတွေနဲ့ အခြားသော Public Figure တွေနဲ့အတူ ကြော်ငြာတဲ့ ထုတ်ကုန်တွေက ဒီတိုင်းကြော်ငြာတဲ့ ပစ္စည်းတွေထက်ပိုပြီး သူသိများတာကို တွေ့ရပါတယ်။
ဒါ့ကြောင့်လည်း Brand နဲ့လိုက်ဖက်မယ့် KOL (or) Influencer Marketing ကို ယနေ့အချိန်ထိ နိုင်ငံတကာမှာ အသုံးပြုနေကြတာ ဖြစ်ပါတယ်။
လူကြီးမင်းတို့အနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းကို ဒီလို နိုင်ငံကျော်အနုပညာရှင်၊ အတတ်ပညာရှင်များနဲ့ ကြော်ငြာလိုပါက Creative Myanmar Marketing Services နဲ့အတူ ညှိနှိုင်းဆောင်ရွက်နိုင်ဖြစ်ကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေနော်။ 🥰
လူကြီးမင်းတို့လုပ်ငန်းအမျိုးအစားနဲ့ လိုက်ဖက်ပြီး အံဝင်ခွင်ကျလည်းဖြစ်စေမယ့် KOL & Influencer တွေကို Creative Myanmar Marketing Services မှ လူကြီးမင်းတို့ စိတ်တိုင်းကျ ဖန်တီးပေးနေပါပြီ။ ❤️
Creative Myanmar Marketing Services
No. (72), Yaykyaw Street, Pazundaung Township, Yangon, Myanmar.
Email – [email protected]
Phone Number – 09 441 758 580, 09 963 380 000
ယနေ့မှာတော့ Digital Marketer တွေအနေနဲ့ B2C Marketing Way Plan တွေ ချမှတ်ရာမှာ အခြေခံလိုအပ်တဲ့ အချက် (၄) ချက်ကို မျှဝေပေးပါရစေ။🤗
(၁) Customer Relationship
အရေးကြီးဆုံးအချက်မို့ ပထမဆုံးအနေနဲ့ ပြောချင်ပါတယ်။ ဟုတ်ပါတယ်၊ Customer Relationship ပါပဲ။ B2B အတွက်ပဲဖြစ်ဖြစ်၊ B2C အတွက်ပဲဖြစ်ဖြစ် Customer Relationship ကလိုအပ်ပါတယ်။ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဟာ သူ့ကိုအသုံးပြုနိုင်ခြေရှိတဲ့ Audience တွေရဲ့ အသက်အရွယ်အပိုင်းအခြား၊ နေ့စဥ်လှုပ်ရှားမှု၊ အလေ့အကျင့်၊ ဝင်ငွေနှုန်းထားနဲ့ စိတ်နေစိတ်ထားတွေကအစ Analysis လုပ်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်ရေးဆွဲလိုက်တဲ့ Plan တစ်ခုဟာ ထိရောက်မှုရှိပြီး အကျိုးရှိစေမှာ ဖြစ်ပါတယ်။
(၂) Website
အခုအနေအထားနဲ့ ဘာကြောင့် Website အကြောင်းကို ပြောရသလဲလို့ မေးခွန်းထုတ်နိုင်ပါတယ်။ ဒါပေမဲ့ အပေါ်မှာ ပြောခဲ့တဲ့ Customer Relationship ကို ခိုင်မာအောင် လုပ်ဖို့အတွက် ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်အစုံအလင်ကို Info ပေးဖို့ လိုအပ်တယ်လို့ မြင်မိလို့ပါ။ ဒီ့အတွက် အကောင်းဆုံးကတော့ Website ပါပဲ။ Website လို့ ဆိုရာမှာလည်း Single Page Website တော့ မဖြစ်စေရဘူးပေါ့နော်။ UI/UX Design ကို အသားပေးပြီး User တွေရဲ့ Information ကို တိတိကျကျ Data Collect လုပ်နိုင်တဲ့ Website ဖြစ်ဖို့ အရေးကြီးပါတယ်။
(၃) Content Marketing & SEO
Content Marketing က ဘာကြောင့်အရေးကြီးတာလဲဆိုတာတော့ ပြောဖို့မလိုလောက်ဘူးထင်ပါတယ်။ ကိုယ့်ရဲ့ Audience နဲ့ ကိုယ့်လုပ်ငန်းကို ဆက်သွယ်ပေးနိုင်တဲ့ အဓိက အချက်အချာကျတဲ့အရာက Content ပါပဲ။ ကိုယ့်ရဲ့ Page က Quality Content တွေပေးလေ၊ ကိုယ့် Page ကို လူသိများလေပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ကိုယ့်ရဲ့ လုပ်ငန်းက ဝန်ဆောင်မှုတွေကောင်းနေပါစေ၊ Content အရေးအသားမကောင်းရင် Customer အသစ်တွေကို ဘယ်လိုမှ ဆွဲဆောင်နိုင်မယ်မထင်ပါဘူး။ SEO အသုံးပြုခြင်းရဲ့ အားသာချက်တစ်ခုကတော့ Google မှာ ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ Keyword တွေကို ရိုက်ရှာတဲ့အခါမှာ ကိုယ့်လုပ်ငန်း Page ကို First Page မှာ ဦးစားပေးပြသမှာ ဖြစ်ပါတယ်။
(၄) Ads
Ads အမျိုးအစားတွေ အများကြီးရှိပါတယ်။ Social Media Platform တွေမှာ အသုံးပြုတဲ့ Ads တွေရှိသလို Google လိုနေရာမျိုးမှာ Display Advertising ပစ်တဲ့ Ads တွေလည်းရှိပါတယ်။ Ads ဘာကြောင့်လိုအပ်သလဲ? လို့မေးလာခဲ့ရင် Ads တွေဟာ ကိုယ့်ရဲ့ Target Audience ကို ကွက်တိရောက်အောင် ပစ်လွှတ်နိုင်တဲ့ Modern Advertising နည်းလမ်း ဖြစ်လို့ပါပဲ။ Google Search Box မှာ ကိုယ်သိချင်၊ လိုချင်တဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ရှာဖွေလိုက်ပြီဆိုပါစို့။ အဲ့လိုအချိန်မှာ Google ဟာ အသုံးပြုသူ ရှာဖွေထားတဲ့ အကြောင်းအရာတွေကို Data Collect လုပ်ထားကြပါတယ်။ ဒီလိုနဲ့ Ads တွေ Run တဲ့အခါမှာ ရှာဖွေထားတဲ့ Keyword ပေါ်မူတည်ပြီး Ads တွေကို ပြန်လည်ပြသတာ ဖြစ်ပါတယ်။ (ဥပမာ - ကိုယ်က Lipstick လို့ရိုက်ရှာထားမိတယ်ဆိုရင် Lipstick Ads တွေ Run တဲ့အခါ သူ့ကို ပြသမယ်ဆိုတဲ့ ယေဘုယျ သဘောဖြစ်ပါတယ်။)
ကဲ… ဒီအချက်တွေကတော့ B2C Marketing Plan တွေ ချမှတ်ရာမှာ အသုံးဝင်နိုင်တဲ့ နည်းလမ်းတွေထဲက တချို့ပဲဖြစ်ပါတယ်။😇
ကိုယ့်လုပ်ငန်းအတွက် အထိရောက်ဆုံးနဲ့ စျေးနှုန်းအချိုသာဆုံး Marketing Plan တွေကို လိုအပ်လာတယ်ဆို Creative Myanmar မှ အသေးစိတ်တိုင်ပင်ဆွေးနွေးပေးနေတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။ 🥰
Creative Myanmar Marketing Services
No. (72), Yaykyaw Street, Pazundaung Township, Yangon, Myanmar.
Email – [email protected]
Phone Number – 09 441 758 580, 09 963 380 000
ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဟာ ကြော်ငြာမလုပ်ဘဲ အောင်မြင်လာနိုင်လား? 🤔
ကြော်ငြာမလုပ်ဘူးဆိုတဲ့ လုပ်ငန်းကတော့ ရာခိုင်နှုန်းအတော် နည်းပါးပါတယ်။
လုပ်ငန်းတိုင်းကတော့ သူ့နည်းသူ့ဟန်နဲ့ ကြော်ငြာလုပ်ပြီး ဈေးကွက်ထဲကို ဝင်ရောက်လာတာ ဖြစ်တဲ့အတွက် တိုက်ရိုက်ကြော်ငြာတဲ့ လုပ်ငန်းတွေနဲ့ မသိမသာ ကြော်ငြာတဲ့ လုပ်ငန်းဆိုပြီး (၂) မျိုးသာ ကွဲပြားမယ်လို့ ထင်မိပါတယ်။
ဒါဆို တိုက်ရိုက်ကြော်ငြာတာနဲ့ မသိမသာ ကြော်ငြာတာ ဘာကွာခြားမှုရှိလဲ?
တကယ်တော့ စားသုံးသူတွေဟာ ကြော်ငြာတာကို လုံးဝမကြိုက်ကြပါဘူး။ သူတို့စိတ်ထဲမှာ ကြော်ငြာဆန်တယ်လို့ သတ်မှတ်မိလိုက်တာနဲ့ အဆိုပါ ထုတ်ကုန် (သို့) ဝန်ဆောင်မှုလုပ်ငန်းတွေကို ဝယ်ယူဖို့ တွန့်ဆုတ်သွားတတ်ကြပါတယ်။
ဒါ့ကြောင့်မို့ နာမည်ကြီး လုပ်ငန်းတော်တော်များများက ကြော်ငြာတွေ အမြဲတမ်း လုပ်မနေဘဲ လူတိုင်းနီးပါး သိကြတဲ့ နေ့ထူးနေ့မြတ်တွေ အထိမ်းအမှတ်နေ့တွေရောက်မှသာ မြင်တာနဲ့ ဝယ်ချင်စရာကောင်းတဲ့ ကြော်ငြာတွေကို ပြုလုပ်ပြီးပြီး စားသုံးသူတွေရဲ့ စိတ်ကို စွဲဆောင်တာ ဖြစ်ပါတယ်။
ဒါတင်မကသေးဘဲ သူတို့လုပ်ငန်းတွေရဲ့ ထုတ်ကုန်အသစ်၊ ဝန်ဆောင်မှု အသစ်တွေ ရှိလာခဲ့ရင်လည်း အထူးတလည် ကြော်ငြာမနေဘဲ လိုအပ်တဲ့ Short To The Point ကိုပဲ စိတ်ခံစားချက်နဲ့ တွဲပြီး စားသုံးသူတွေရဲ့ မသိစိတ်ထဲကို ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။
ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ကြော်ငြာလုပ်မယ်ဆိုရင်လည်း ဒီအချက်တွေကို အခြေခံပြီး ပြုလုပ်ဖို့ အကြံပေးပါရစေနော်။ 🤗
ဖန်တီးမှုအားကောင်းတဲ့ ကြော်ငြာတွေကိုမှ သဘောနှစ်သက်ရင်တော့ Creative Myanmar Marketing Services မှ ကူညီပေးဖို့ အသင့်ရှိနေပါတယ်🥰
Creative Myanmar Marketing Services
No. (72), Yaykyaw Street, Pazundaung Township, Yangon, Myanmar.
Email – [email protected]
Phone Number – 09 441 758 580, 09 963 380 000
အများနဲ့မတူဘဲ ကိုယ့်အလုပ်ပေါ်မှာ အမြဲရူးသွပ်နေတဲ့ သိုးမည်းလေးတွေကို Creative Myanmar Marketing Services မှ အလိုရှိနေပါတယ်။
📌Senior Designer
📌 Marketing executive
📌 Account executive
📌 Junior Content writer
✨Senior Designer
✔Requirement Skill✔
- လုပ်ငန်းအတွေ့အကြုံ ၂နှစ်အထက်ရှိရမည်
- Photoshot,Premier Pro ကျွမ်းကျင်စွာသုံးနိုင်ရမည်
- Team work ဖြင့် အလုပ်လုပ်နိုင်ရမည်
- စကားပြောပြေပြစ် ဆက်ဆံရေးကောင်းသူဖြစ်ရမည်
🏢ပုဇွန်တောင်မြို့နယ်မှာ ရုံးတက်ရမှာဖြစ်ပါတယ်
📣လစာကတော့ ကျွမ်းကျင်မှုနဲ့ လုပ်နိုင်စွမ်းပေါ်မူတည်ပြီး ‘ညှိနှိုင်း’ ဖြစ်ပါတယ်
✨ Marketing Executive
✔Requirement Skill✔
- သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ (1) နှစ်အထက်ရှိရမည်
- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရသူဖြစ်ရမည်
- Strategic Marketing Certificate (or) Diploma ရရှိထားသူဖြစ်ရမည်
-Marketing plan များရေးဆွဲနိုင်ရမည်
- MS Office, Email ကျွမ်းကျင်သူဖြစ်ရမည်
- English 4skills fluent ဖြစ်ရမည်
- Team work နဲ့ အလုပ် လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်
🏢ပုဇွန်တောင်မြို့နယ်မှာ ရုံးတက်ရမှာဖြစ်ပါတယ်
📣လစာကတော့ ကျွမ်းကျင်မှုနဲ့ လုပ်နိုင်စွမ်းပေါ်မူတည်ပြီး ‘ညှိနှိုင်း’ ဖြစ်ပါတယ်
✨ Key Account Executive
✔Requirements & Skills✔
- Brand က တာဝန်ရှိသူတွေနဲ့ ကောင်းမွန်စွာ ဆက်ဆံလုပ်ကိုင်နိုင်ရပါမယ်
- Content Plan & Social Media Marketing Plan တွေကို ကိုယ်တိုင်ဖန်တီးနိုင်ရပါမယ်
- Social Media Channel တွေနဲ့ Tools တွေကို ကျွမ်းကျင်ပိုင်နိုင်မှုရှိရပါမယ်
- Digital Marketing Experience & Knowledge တွေရှိဖို့ လိုအပ်ပါတယ်
- Community Management ပိုင်းကို စနစ်တကျ ကိုင်တွယ်တာဝန်ယူနိုင်ရပါမယ်
- မဖြစ်မနေမဟုတ်ပေမယ့် Content/Copywriting ပိုင်း နားလည်တဲ့သူဆို ပိုအဆင်ပြေပါတယ်
- Team work နဲ့ အလုပ် လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်
🏢ပုဇွန်တောင်မြို့နယ်မှာ ရုံးတက်ရမှာဖြစ်ပါတယ်
📣လစာကတော့ ကျွမ်းကျင်မှုနဲ့ လုပ်နိုင်စွမ်းပေါ်မူတည်ပြီး ‘ညှိနှိုင်း’ ဖြစ်ပါတယ်
✨ Junior Content Writer
✔Requirement skill✔
- သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိသူ
- မြန်မာစာ စာလုံးပေါင်းသတ်ပုံကို မှန်ကန်စွာ ရေးသားနိုင်သူ
- Social Media ပေါ်က Trend တွေကို စိတ်ဝင်စားသူ၊ Content တွေကို ဆန်းသစ်တဲ့အိုင်ဒီယာတွေနဲ့ လှလှပပရေးနိုင်သူ
- Design Team နဲ့ အလုပ်တွဲလုပ်ရမှာဖြစ်တဲ့အတွက် အသင်းအဖွဲ့နဲ့ တွဲလုပ်ရတာ အဆင်ပြေတဲ့သူ
- Social Media Tools တွေကို အခြေခံနားလည်သဘောပေါက်ထားသူ
- ဘာသာပြန်ရတာတွေရှိတာကြောင့် English – Myanmar ၊ Myanmar – English Translation ကို အခြေခံနားလည်ပြီး အင်္ဂလိပ်စာအရည်အသွေး အသင့်အတင့်ရှိသူ ဖြစ်ရပါမယ်
🏢 ပုဇွန်တောင်မြို့နယ်မှာ ရုံးတက်ရမာဖြစ်ပါတယ်
📣လစာကတော့ ကျွမ်းကျင်မှုအပေါ် မူတည်ပြီး ''ညှိနှိုင်း'' ဖြစ်ပါတယ်
သိုးမဲလေးတို့စိတ်ဝင်စားရင် အောက်က Email ကို CVလေး send လိုက်ပါနော်
📞 Phone - 09 4417 58 580
📩Email - [email protected]
🏢Address - No. 72, Yaykyaw Road, Pazundaung Tsp, Yangon.
St.Ives, we are very proud to be the part of your creative and successful steps to the better opportunities in business field. We feel really blessed to work closely with you guys to create unique strategies that produce unparalleled results together.
Tomorrow, is the first blank page of a 365-page book. 🤞
Write down for your goals and make the milestones.
We hope you all the best for upcoming year.
Happy New Year Everyone! 🎊🎉
✨ နှစ်သစ်မှာ ကိုယ်မျှော်လင့်ထားတဲ့ အရာတစ်ခုကို ပြောပါဆို…. ဘာများဖြစ်မလဲ?
ပါးစပ်ရာဇဝင်အနေနဲ့ ကြားဖူးတာ တစ်ခုက နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ မိမိစိတ်ထဲက လိုလိုလားလားနဲ့ တောင့်တနေတဲ့အရာတစ်ခုကို တစ်နေ့လုံး စိတ်ထဲမှာ ထည့်ထားမယ်ဆိုရင် လက်တွေ့မှာ တဖြည်းဖြည်းနဲ့ အကောင်အထည်ပေါ်လာမယ်လို့ ယုံကြည်ကြတဲ့ ဓလေ့တစ်ခုရှိပါတယ်တဲ့ 😇
ဒါ့ကြောင့်မို့ လာမယ့် ၂၀၂၃ ခုနှစ်အတွက် မိတ်ဆွေ မျှော်လင့်ထားတဲ့ အရာတစ်ခုကို မျှဝေပေးသွားလို့ ရပါတယ်နော် ❤
မြန်မာတို့ရဲ့ (၁၂) လရာသီပွဲတော်များထဲမှာ တန်ဆောင်မုန်းလဟာ ထူးခြားတဲ့လတစ်လဖြစ်ပါတယ်။
အကြောင်းအရင်းကတော့ တစ်လတည်းမှာပဲ ပွဲတော် (၇) မျိုးကို ကျင်းပကြလို့ ဖြစ်ပါတယ်။ 🙏
တန်ဆောင်မုန်းလရဲ့ ပွဲတော်များကတော့ တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်း အလှူပွဲတော်၊ မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊ မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊ ကျီးမနိုး ပွဲတော် နဲ့ သာမညဖလအခါတော်နေ့ တို့ပဲ ဖြစ်ပါတယ်။🙏
အဆိုပါပွဲတော်များကို ရင်းနှီးနေပေမယ့် သာမညဖလအခါတော်နေ့ ကိုတော့ သိတဲ့သူ ရှားမယ်လို့ထင်ပါတယ်။
မြတ်စွာဘုရားရှင်ဟာ “တန်ဆောင်မုန်းလပြည့်နေ့” မှာ ရဟန်းပြုရခြင်းရဲ့ အကျိုးတရားများကို ဟော်ကြားတော်မူခဲ့ပြီး လူပေါင်းများစွာရဲ့ ဘဝကို ရဟန်းဘဝသို့ စင်ကြယ်စွာ ကူးပြောင်းနိုင်ခဲ့တဲ့အတွက် “သာမညဖလအခါတော်နေ့” လို့ ခေါ်ဆိုရခြင်းဖြစ်ပါတယ်။ 🙏
ဒါကြောင့်မို့ ယနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့် (သို့) သာမညဖလအခါတော်နေ့ မှာ မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏
တကယ်လို့များ အခုဒီစာကို ဖတ်နေတဲ့ လူကြီးမင်းက စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးစီးဦးဆောင်ပြုနေရတယ်ဆိုရင်…💡
လုပ်ငန်း page အတွက်Boosting လုပ်ဖို့ကိုပဲ ဦးစားပေး မစဥ်းစားစေလိုကြောင်း အကြုံပြုလိုက်ပါရစေ။📩
အရင်က အွန်လိုင်းမှာ ကြော်ငြာမယ်ဆို Product ကို ကိုယ်တိုင်ဓာတ်ပုံရိုက်၊ Content ကိုလည်း ကိုယ်တိုင်ရေးပြီး Boosting Budget များများနဲ့ ကြော်ငြာလို့ရကောင်းရမှာပါ။
အခုအချိန်မှာတော့ ဒီလိုနည်းလမ်းက ငွေကုန်ကြေးကျအရမ်းများသွားပြီး ထင်သလောက်လည်း ထိရောက်မှုမရှိတော့ပါဘူး။📉
သို့ပေမဲ့ အရင်က အရေးမပါဘူးလို့ထင်တဲ့ အရာ (၂) ခုကတော့ အခုလို အပြောင်းအလဲတွေကြားမှာ ပြန်ပြီး အရေးပါလာတာကိုတော့ တွေ့ရပါတယ်။📃🖼
ဒါကတော့ Page တစ်ခုအတွက် မရှိလို့ မဖြစ်တဲ့ Content & Design တွေပဲ ဖြစ်ပါတယ်။✅
Boosting ကိုအားပြုပြီး Customer အသစ်တွေ ရှာဖွေနေတာထက်စာရင် ကိုယ့်လုပ်ငန်းနဲ့ ရင်းနှီးပြီးသား Real Customer တွေကို Page ကနေတဆင့် Content တွေ၊ Design တွေ ပုံမှန်တင်ပြီး အဆက်မပြတ်သွားအောင် ဆွဲဆောင်ထားနိုင်မယ်ဆို ပိုပြီးအဆင်ပြေစေမှာပါ။📈
ဒီလိုဆွဲဆောင်နိုင်ဖို့အတွက် သမာရိုးကျ Content & Design တွေနဲ့တော့ မရပါဘူး။
Newsfeed မှာပေါ်လာတဲ့ တစ်ခဏလေးအတွင်းမှာ ကြည့်ရှုသူတွေရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်ဖို့ Color Adjustment ကောင်းတဲ့ Design တွေနဲ့ တစ်ခါမှ မသုံးဖူးသည့်တိုင် စမ်းပြီးဝယ်သုံးကြည့်ချင်စိတ်ပေါက်အောင် ရေးသားထားတဲ့ Quality Content တွေ ဖြစ်ဖို့တော့ လိုအပ်ပါတယ်။
ဒါ့ကြောင့်မို့ အခုလို အပြောင်းအလဲတွေမှာ ယိုင်လဲမသွားစေဖို့အတွက် အရည်အသွေးမြင့်မားပြီး ကြည့်ရှုမိလိုက်တာနဲ့ ဝယ်ယူချင်စိတ်ပေါက်သွားစေနိုင်တဲ့ ဖန်တီးမှုအားကောင်းတဲ့ Content & Design တွေကို အဓိကထားပြီး ဖန်တီးဖို့ အကြံပေးချင်ပါတယ်။📩
လူကြီးမင်းတို့ရဲ့ Page တွေမှာ အခုလို ဆွဲဆောင်မှုပြီး မြင်လိုက်တာနဲ့ ဝယ်ယူချင်စိတ်ပေါက်စေမယ့် Content နဲ့ Design တွေ ဖန်တီးတဲ့အခါ အခက်တွေ့နေပြီး အကူအညီလိုအပ်နေပြီဆိုရင်တော့ နယ်ပယ်အသီးသီးက လုပ်ငန်းအမျိုးမျိုးရဲ့ Page တွေ ကို ရောင်းအားတက်ပြီး လူစိတ်ဝင်စားမှုအမြန်ဆုံးနှင့် အများဆုံးရရှိအောင် Content & Design တွေကို ဖန်တီးပေးနေတဲ့ Creative Myanmar Marketing Services ကိုသာ သတိရလိုက်ပါနော်။👈
ခေတ်ကာလနဲ့ ကိုက်ညီပြီး ဖန်တီးမှုအားကောင်းတဲ့ Content & Design တွေကို ဖန်တီးပေးဖို့အတွက် Creative Team မှ အမြဲအဆင်သင့်ရှိနေပါတယ်။
📌 Creative Myanmar Marketing Services
No. (72), Yaykyaw Street, Pazundaung Township, Yangon, Myanmar.
Email – [email protected]
Phone Number – 09 441 758 580, 09 963 380 000
ကိုယ့်လုပ်ငန်းရဲ့ Message Box ကို ဆက်သွယ်လာတဲ့ Customer တွေရဲ့ မေးခွန်းတွေကို အမြန်ဆုံးနည်းနဲ့ ပြန်လည်ဖြေကြားပေးဖို့ မမေ့ပါနဲ့နော်။🎁
လူတွေရဲ့ Psychology အရ ကိုယ်သိချင်တဲ့ အချက်အလက်တွေကို ချက်ချင်းပြန်ဖြေပေးနိုင်ပြီး Customer Care အပြည့်ရှိတဲ့ လုပ်ငန်းတွေမှာသာ စျေးဝယ်လေ့ရှိကြပါတယ်။ ဒါကတော့ Customer တွေဘက်က ကြည့်တဲ့အပိုင်းပါ။
လုပ်ငန်းတွေဘက်ကို ကြည့်ရင်လည်း ကိုယ့်လုပ်ငန်းရဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို စိတ်ဝင်စားလို့ လာမေးတဲ့သူတွေကို အချိန်နဲ့တပြေးညီ ပြန်ဖြေပေးနိုင်တဲ့အတွက် စိတ်ဝင်စားတယ်ဆိုတဲ့အဆင့်ကနေ နောက်ဆုံး Target ဖြစ်တဲ့ Sale Point အထိ ဆွဲခေါ်သွားနိုင်ပါတယ်။ ဒါတင်မကသေးဘဲ Order ပါ ကောက်ပေးနိုင်တယ်ဆိုတော့ အဆင်ပြေဆုံးပေါ့။
ဒီလို Page မှာမေးမြန်းလာတဲ့ Customer တွေကို ကိုယ်တိုင် Control လုပ်စရာမလိုဘဲ အလိုအလျောက် ဖြေကြားပေးချင်တယ်ဆိုရင်တော့ ChatBot ဆိုတဲ့ Software ကို အသုံးပြုလို့နိုင်ပါတယ်။🎁
ChatBot ဆိုတာ ကိုယ့်ရဲ့ Page Message Box ကို စာပို့တဲ့သူ တစ်ယောက်ချင်းစီတိုင်းကို ကိုယ့်လုပ်ငန်းမှာရှိတဲ့ Service တွေနဲ့ မိတ်ဆက်ပေးမယ်၊ သိလိုတဲ့အမျိုးအစားကို ရွေးချယ်ခိုင်းမယ်၊ နောက်ဆုံး Order တင်နိုင်မယ် အစရှိတဲ့ လုပ်ဆောင်ချက်တွေကို လူအစားထိုး Communicate လုပ်ပေးနိုင်တဲ့ AI နည်းပညာ ဖြစ်ပါတယ်။👨💻
ဒါတင်မကဘဲ ကိုယ့်ရဲ့ Customer တွေ အမေးများတဲ့မေးခွန်းတွေ၊ လူကြိုက်များတဲ့ ပစ္စည်းတွေနဲ့ အခြားသော Data တွေကိုပါ စုစည်းပြီးသား ဖြစ်စေတာမို့ အဆိုပါ အချက်အလက်တွေကို အသုံးချပြီး လုပ်ငန်းကို Update လုပ်နိုင်စေမှာလည်း ဖြစ်ပါတယ်။👨💻
ဒါ့ကြောင့်မို့ လူကြီးမင်းတို့ရဲ့ လုပ်ငန်းမှာ ChatBot အသုံးပြုထားမယ်ဆိုရင်တော့ ဒီလိုအားသာချက်တွေကို ရရှိစေမှာပဲ ဖြစ်ပါတယ်။🎁
ChatBot ကို ကိုယ့်ရဲ့ လုပ်ငန်းမှာ အသုံးပြုချင်တယ်ဆိုရင်တော့ Creative Myanmar Marketing Services နဲ့အတူ လက်တွဲဆောင်ရွက်နိုင်တဲ့အကြောင်း တစ်လက်စတည်း သတင်းကောင်းပါးလိုက်ပါရစေနော်။
📌 Creative Myanmar Marketing Services
No. (72), Yaykyaw Street, Pazundaung Township, Yangon, Myanmar.
Email – [email protected]
Phone Number – 09 441 758 580, 09 963 380 000
Branding ဆိုတာ Brand တိုင်းအတွက် အရေးကြီးဆုံးနဲ့ မရှိမဖြစ် အရာတစ်ခု ဖြစ်ပါတယ်။
Apple, Nike, Adidas, Rolex, Gucci, KFC နဲ့ အခြား နိုင်ငံကျော် Brand တွေကို ဥပမာအနေနဲ့ လေ့လာကြည့်ပါ။
အဆိုပါ Brand တွေဟာ သူတို့ရဲ့ Branding ကို အချိန်ယူပြီး ခိုင်ခိုင်မာမာ တည်ဆောက်ထားတဲ့အတွက် Quality ကို လျှော့ချပစ်လိုက်သည့်တိုင် ဝယ်သူတွေရဲ့ စိတ်ထဲမှာ တန်ဖိုးလျော့သွားတယ်လို့ မခံစားရစေပါဘူး။
ဒီ Brand တွေကို ဝယ်ယူသုံးစွဲတဲ့သူတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မှုရအောင် လုပ်ပေးနိုင်တယ် ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့အတွက် အဆိုပါ ပစ္စည်းတွေကို လူတိုင်းက လိုချင်ပြီး ယနေ့ထိတိုင် ရောင်းအားကောင်းနေတာ ဖြစ်ပါတယ်။
ဒီလို Branding ကို အခြေခိုင်အောင် တည်ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့အချက် (၅) ချက်လောက်ကို မျှဝေပေးပါရစေ။
Logo ✅
Logo ရဲ့ အရေးပါမှုအကြောင်းကို ပထမဆုံး ပြောရတယ်ဆိုတာ Logo ဆိုတာ Brand တစ်ခုရဲ့ အသက် ဖြစ်နေလို့ပါပဲ။
Slogan ✅
Just Do It ဆိုတဲ့ Slogan ကို ကြားလိုက်တာနဲ့ Nike ဆိုတာကို တန်းသိသလိုမျိုးပေါ့။ ကိုယ့်ထုတ်ကုန်နဲ့ ပတ်သက်ပြီး လူတိုင်းနားလည်တဲ့ ဆောင်ပုဒ်တစ်ခုတော့ရှိဖို့ လိုအပ်ပါတယ်။
Staff Uniforms ✅
လုပ်ငန်းတစ်ခုမှာ အရေးပါဆုံးသူတွေက ဝန်ထမ်းတွေဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ သဘောသဘာဝကလည်း ရုံးယူနီဖောင်းဆို မဝတ်ချင်တာများတယ်မလား။ ဒါ့ကြောင့်မို့ ရုံးမှာပဲမဟုတ်ဘဲ အပြင်အချိန်မှာပါ ဝတ်ချင်လာအောင် Uniform Design ကို သပ်သပ်ရပ်ရပ်နဲ့ လှလှလေး ဆင်ပေးထားသင့်ပါတယ်။
Launch Event ✅
ထုတ်ကုန်အသစ်တစ်ခုကို စတင်မိတ်ဆက်တဲ့အခါ Event အသေးစားလေးတစ်ခုလုပ်ပြီး ကြေညာတာမျိုး လုပ်ကြည့်ပါ။ Launch Event လုပ်ပြီး ကြေညာရတာက Brand တိုင်း လိုက်မလုပ်နိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် Customer တွေရဲ့ ကိုယ့် Brand အပေါ်ထားတဲ့ တန်ဖိုးကို သိသိသာသာ တိုးလာစေနိုင်ပါတယ်။
Billboard ✅
လူသွားလူလာများတဲ့ နေရာတွေမှာရှိတဲ့ Billboard နေရာတစ်ခုကို မူပိုင်ယူပြီး Brand ရဲ့ Update News တွေကို ပုံမှန်ကြေညာပေးသင့်ပါတယ်။ ဒီလိုသာ အဲ့နေရာကို ရောက်တဲ့သူတိုင်းက ဒီ Billboard က ဒီ Brand အတွက်ပဲ ဆိုပြီး မှတ်မိသွားပြီး တကယ်လို မကြေငြာတော့ရင်တောင် လွမ်းနေစေမှာပါ။
ကဲ… ဒီအချက်တွေကတော့ Branding နဲ့ ပတ်သက်တဲ့ အခြေခံအချက်တွေထဲက တချို့ပဲ ဖြစ်ပါတယ်။
လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေမှာ Branding ပိုင်းကို ပိုအားစိုက်ချင်လို့ အကူညီလိုလာခဲ့ရင်တော့ Creative Myanmar Marketing Services ကိုသာသတိရလိုက်ပါ။ 👍
လူကြီးမင်းတို့ စိတ်တိုင်းကျ ဖန်တီးပေးဖို့ Creative Team မှ အမြဲအသင့်ရှိနေပါတယ်နော်။
📌 Creative Myanmar Marketing Services
No. (72), Yaykyaw Street, Pazundaung Township, Yangon, Myanmar.
Email – [email protected]
Phone Number – 09 441 758 580, 09 963 380 000
ယနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပါစေ…
ကိုယ့်လုပ်ငန်း Page ကို ကိုယ်တိုင် Management လုပ်နေရလို့ တခြားသောကိစ္စရပ်တွေမှာ နှောင့်နှေးနေရတယ်ဆိုရင်… 😓
Creative Marketing Services နဲ့အတူ ပြောင်းလဲမှုအသစ်တစ်ခုကို စတင်ကြည့်လိုက်ပါ။🚀
Post တွေကို နေ့ရွှေ့ရက်ရွှေ့နဲ့ Timeline အတိုင်းမသွားနိုင်ဘဲ Deadline တွေကျော်နေတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်။ 🗓️
Content & Design Idea တွေက အသစ်မထွက်လာဘဲ အဟောင်းတွေထဲမှာပဲ လည်နေတယ်။ 📚
အစရှိတဲ့ အခက်အခဲတွေက ကိုယ့်လုပ်ငန်းရဲ့ ပုံရိပ်ကို မသိမသာနဲ့ ထိခိုက်လာနိုင်သလို Budget ပိုင်းမှာလည်း လိုတာထက်ပိုပြီး ကုန်ကျနေတော့ ရေရှည်မှာလည်း အဆင်ပြေနိုင်မယ်လို့ မထင်ပါဘူး။ ❌
ဒါပေမဲ့ စိတ်မပူပါနဲ့၊ အဆိုပါ သံသရာထဲကနေ ရုန်းထွက်နိုင်မယ့် နည်းလမ်းလေးတစ်ခုကတော့ လူကြီးမင်းတို့ ရှေ့မှောက်ကို အခုပဲရောက်ရှိလို့လာပါပြီ။ ✅
SME လုပ်ငန်း Page တစ်ခုအတွက် ✅လုံလောက်တဲ့ Digital Marketing ဝန်ဆောင်မှုတွေကို
✅အသင့်တင့်ဆုံး နှုန်းထားနဲ့ ဆောင်ရွက်ပေးမယ့် ရှားပါးအခွင့်အရေးတစ်ခုက လူကြီးမင်းတို့ကို နွေးထွေးစွာ စောင့်ကြိုနေပါတယ်။
Page တစ်ခုအတွက် အခြေခံလိုအပ်တဲ့
📌Content & Design Management,
🎯Target Boosting
📩Message Reply နဲ့
💫အခြားသော ဝန်ဆောင်မှုတွေကို
လူကြီးမင်းတို့ရဲ့ လိုအပ်ချက်နဲ့ အကိုက်ညီဆုံးဖြစ်အောင် ဖန်တီးပေးသွားမှာ ဖြစ်ပြီး ဝန်ဆောင်မှုတစ်ခုချင်းစီမှာ ကျွမ်းကျင်တိကျတဲ့ Professional တွေကိုယ်တိုင် ဦးစီးဆောင်ရွက်ပေးနေတာမို့ ထိရောက်တဲ့ ပြောင်းလဲမှုတွေကို ရရှိစေမှာ အသေအချာပါ။ 💯
ဒါ့ကြောင့်မို့ Creative Marketing Services ရဲ့ ဝန်ဆောင်မှုတွေကို အသုံးချပြီး အသက်သာဆုံးသော နှုန်းထားနဲ့ လူကြီးမင်းတို့ မျှော်မှန်းထားတဲ့ Target ကို အရောက်လှမ်းလိုက်တော့နော်။ ©️
Creative Myanmar Marketing Services
No. (72), Yaykyaw Street, Pazundaung Township, Yangon, Myanmar.
Email – [email protected]
Phone Number – 09 441 758 580, 09 963 380 000
ကိုယ့်လုပ်ငန်းရဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှုနဲ့ အခြားသော Update အကြောင်းအရာတွေကို ဝယ်ယူသုံးစွဲသူတွေနဲ့ အဆက်ပြတ်မသွားစေဖို့အတွက်
📌 Flyer Distribution
📌 Leaflet
📌 Sampling
📌 Vinyl Wrapping
📌 Flatboard Installation
📌 Lollipop Installation
အစရှိတဲ့ BTL Activities တွေပြုလုပ်ဖို့ စဥ်းစားထားတဲ့အခါ ယေဘုယျသိထားသင့်တဲ့ အခြေခံအချက် (၄) ချက်ကို ဒီနေ့မှာ မျှဝေပေးပါရစေ။
➡ တည်နေရာ
BTL Activities တိုင်းအတွက် တည်နေရာကို ပထမဦးစားပေးအနေနဲ့ စပြီးစဥ်းစားရပါတယ်။ မိမိထုတ်ကုန်ပစ္စည်းကို ဝယ်ယူသုံးစွဲမယ့်သူတွေ အများဆုံးလာတတ်တဲ့နေရာကို သေသေချာချာသိရှိထားမှ အဆင်ပြေစေမှာ ဖြစ်လို့ပါ။ ဒါ့ကြောင့်မိမိ ရွေးထားတဲ့ နေရာက မိမိထုတ်ကုန်ကို စိတ်ဝင်စားသူတွေနဲ့ ဝယ်ယူနိုင်သူတွေ အများဆုံး လာတတ်တဲ့နေရာ ဖြစ်ရမယ်၊ အချက်အချာကျပြီး စျေးဝယ်ရတာလည်း အဆင်ပြေရမယ်၊ ရောင်းအားကောင်းတဲ့ဆိုင် ဖြစ်ရမယ် အစရှိတဲ့ အချက်တွေနဲ့ ကိုက်ညီရပါမယ်။
➡ ကိုယ်ပိုင်အမှတ်အသား၊ အရောင်နဲ့ ဆောင်ပုဒ်
မိမိပြုလုပ်မယ့် BTL Activities Theme အပေါ်မူတည်ပြီး အမှတ်အသား၊ အရောင်နဲ့ ကြော်ငြာစာသားတွေကို Concept မိနေဖို့ သတိထားပြီး ပြင်ဆင်စေချင်ပါတယ်။ အဆိုပါအရာတွေနဲ့အတူ ဝယ်ယူသူတွေရဲ့ အမြင်အာရုံကို ဖမ်းစားနေရတဲ့အတွက် မျက်စိတစ်ဖြတ်အတွင်းမှာ နှစ်ခါငေးကြည့်ချင်အောင် ဆွဲဆောင်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။
➡ ခင်းကျင်းမှုအနေအထား
Products Display ပြမယ့် Promotion Booth ၊ Display Stand နဲ့ Giant Flag တွေကိုလည်း Products ရဲ့ အလေးချိန်နဲ့ အမျိုးအစားပေါ် မူတည်ပြီး ရွေးချယ်သုံးစွဲသင့်ပါတယ်။ မိမိရရှိထားတဲ့ နေရာပေါ်မူတည်ပြီး အထုပ်ဆိုရင်လည်း အထုပ်နဲ့လိုက်တဲ့ အခင်းအကျင်းကို စီစဥ်ရမှာဖြစ်သလို ဘူးဆိုရင်လည်း မြင်သာအောင် ဘယ်လိုပြသလို့ရမလဲဆိုတာကို စဥ်းစားရပါတယ်။
➡ ထူးခြားကွဲထွက်တဲ့ ဒီဇိုင်း
နောက်ဆုံးအဆင့်အနေနဲ့ အထက်မှာပြောခဲ့တဲ့ Products Display တွေမှာ Products နဲ့ ပက်သက်ပြီး ဝယ်ယူသူတွေကို သိစေချင်တဲ့ သတင်းအချက်အလက်တွေကို ဒီဇိုင်းအနေနဲ့ ထည့်သွင်းရေးဆွဲရမှာဖြစ်ပါတယ်။ ဥပမာ စျေးလျှော့တဲ့ Promotion ဆိုရင်လည်း “နှစ်ခါမရနိုင်တဲ့ အတန်ဆုံးအခွင့်အရေး” ၊ “40% Discount အစီအစဉ်များ” အစရှိတဲ့ ကြော်ငြာစကားလုံးတွေနဲ့ ရုပ်ပုံတွေကို ဖန်တီးသင့်သလို ကိုယ့်ရဲ့ Products နဲ့ ပက်သက်ပြီး အသေးစိတ်ရှင်းပြထားတဲ့ Stand Banner တွေကိုလည်း ထားပေးသင့်ပါတယ်။
ဒီအချက်တွေကတော့ Merchandising လုပ်တဲ့အခါမှာ စဥ်းစားရမယ့် အခြေခံအချက်တွေပဲ ဖြစ်ပါတယ်။ နောက်များမှာလည်း ဒီလို BTL, ATL, TTL နဲ့ ပက်သက်တဲ့ အကြောင်းအရာတွေကို မျှဝေပေးသွားပါမယ်နော်။
Creative Myanmar Marketing Services
No. (72), Yaykyaw Street, Pazundaung Township, Yangon, Myanmar.
Email – [email protected]
Phone Number – 09 441 758 580, 09 963 380 000
လက်ရှိအချိန် တစ်ကမ္ဘာလုံးမှာ အသုံးပြုနေတဲ့ ကြော်ငြာနည်းလမ်းတွေကို ယေဘုယျအနေနဲ့ ခွဲခြားကြည့်မယ်ဆိုရင် Offline နဲ့ Online (၂) ပိုင်းသာတွေ့ရပါလိမ့်မယ်။
အိမ်အပြင်ဘက် လမ်းမတစ်လျှောက်မှာ မြင်တွေ့ရတဲ့ Billboard, Bus Stop Commercial, Signboard နဲ့ အခြားသော Radio Commercial, Bus Media, TVC (Television Commercial) အစရှိတဲ့ Merchandising နည်းလမ်းတွေကို Offline Marketing လို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။
Online Marketing မှာတော့ ရှင်းပါတယ်။ မိုဘိုင်းလ်ဖုန်းတွေနဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းတွေကနေတဆင့် မြင်တွေ့ရတဲ့ အကြောင်းအရာ (Content) နဲ့ ရုပ်ပုံ (Design) တွေကို သတ်မှတ်ခေါ်ဆိုတာဖြစ်ပါတယ်။ Social Media Channel တွေပေါ်မှာ Post တင်ထားတဲ့ ကြော်ငြာတွေ၊ You Tube, Website နဲ့ App တွေသုံးရင်း ပေါ်လာတဲ့ Banner Ads တွေကတော့ Online Marketing ရဲ့ လူသိအများဆုံး အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။
ဒါဆို မေးစရာရှိတာက ကိုယ့်ရဲ့ လုပ်ငန်းအတွက်ဆိုရင်ကော အဆိုပါနည်းလမ်း (၂) ခုထဲက ဘယ်နည်းလမ်းကို ရွေးချယ်ရမလဲ ဆိုတဲ့မေးခွန်းပါပဲ။
SME လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ဆိုရင် Online Marketing က အထိရောက်ဆုံးနဲ့ အကောင်းဆုံး ဖြစ်စေမယ်လို့ ယူဆမိပါတယ်။ ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို Content & Design တွေဖန်တီးပြီး Social Media Platform တွေပေါ်မှာ (အဓိကအားဖြင့် Facebook) ပုံမှန် Post တင်ပေးနေမယ်။ စိတ်ဝင်စားတဲ့သူတွေကို Community Group ဖွဲ့ထားပြီး သူတို့သိလိုသမျှ ဖြေပေးမယ်၊ မိမိတို့ရဲ့ Update News တွေကိုလည်းပြောပြပေးနေမယ်၊ အစရှိတဲ့နည်းလမ်းတွေက လူပင်ပန်းပေမယ့် ငွေကုန်ကြေးကျအနည်းဆုံးနဲ့ ရောင်းအားတိုးစေမယ့် နည်းလမ်းကောင်းတစ်ရပ် ဖြစ်ပါတယ်။ သို့ပေမယ့် Content & Design တွေကအစ Logo နဲ့ Packaging Design တွေကိုတော့ သပ်သပ်ရပ်ရပ်နဲ့ မျက်စိပဒါသဖြစ်အောင် အထူးဂရုစိုက်ပြီး ဖန်တီးဖို့ လိုအပ်ပါတယ်။
Corporate Business တွေအတွက်လည်း Online Marketing က အင်မတန်မှ အသုံးဝင်ပါတယ်။ သို့ပေမယ့် Offline Marketing ကိုလည်း မေ့ထားလို့ မရပါဘူး။ လူဆိုတာ အိမ်ထဲမှာပဲ အမြဲနေတတ်တဲ့သူမဟုတ်တဲ့အတွက် Billboard, Bus Stop Commercial, Signboard တို့လို ကြော်ငြာတွေကလည်း ယနေ့ထိတိုင် အရေးပါနေဆဲပါ။ နေ့စဥ်နေ့တိုင်း လူသွားလူလာများတဲ့ စျေး၊ ကုန်တိုက်၊ စတိုးဆိုင်တွေမှာ Product Sampling ပေးတာမျိုး၊ Flyer တွေဝေပေးတာမျိုးစတဲ့ Offline Marketing နည်းလမ်းတွေကိုလည်း လက်ရှိအချိန်ထိ မြင်တွေ့နေရပါတယ်။
နည်းလမ်းတိုင်းကတော့ အားနည်းချက်၊ အားသာချက်တွေ ဒွန်တွဲနေမှာပါ။ Online Marketing မှာလည်း အားနည်းချက်၊ အားသာချက်ရှိသလို Offline Marketing မှာလည်း အားသာချက်၊ အားနည်းချက်ရှိပါတယ်။ အရေးကြီးဆုံးက လူကြီးမင်းတို့လုပ်ငန်းနဲ့ ပက်သက်ပြီး မှန်ကန်တဲ့ Marketing Way ကို ရွေးချယ်နိုင်ဖို့ ဖြစ်ပါတယ်။
နောက်များမှာလည်း ဒီလို BTL, ATL, TTL နဲ့ ပက်သက်တဲ့ အကြောင်းအရာတွေကို မျှဝေပေးသွားမှာဖြစ်လို့ Like & See First လုပ်ထားဖို့လည်း မမေ့ပါနဲ့နော်။
Creative Myanmar Marketing Services
No. (72), Yaykyaw Street, Pazundaung Township, Yangon, Myanmar.
Email – [email protected]
Phone Number – 09 441 758 580, 09 963 380 000
ခက်ခဲကြမ်းတမ်းတဲ့ ရိုက်ခတ်မှုတွေကြားမှာ ပြိုလဲမသွားပါနဲ့။
Creative Marketing Services ရဲ့ ဝန်ဆောင်မှုတွေနဲ့အတူ သင့်လုပ်ငန်းကို အကြံ့ခိုင်ဆုံးဖြစ်အောင် ပြန်လည်တည်ဆောက်လိုက်ပါ။
🔰Social Media Management
🔰Event Management & Planning
🔰Merchandising & Activations
🔰CSR Video & Event Video Shooting
ဝန်ဆောင်မှုတစ်ခုချင်းစီမှာ ကျွမ်းကျင်တိကျတဲ့ Professional တွေကိုယ်တိုင် ဦးစီးဆောင်ရွက်ပေးနေတာမို့ ကောင်းမွန်တဲ့ အရည်အသွေးကို ပေးစွမ်းနိုင်ပါတယ်။
Creative Myanmar Marketing Services
No. (72), Yaykyaw Street, Pazundaung Township, Yangon, Myanmar.
Email – [email protected]
Phone Number – 09 441 758 580, 09 963 380 000
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Address
No. 72, Yaykyaw Street, Yay Kyaw, Pazundaung Township, Yangon
Pazundaung
11171
65, 2nd Floor, Yae Kyaw Road
Pazundaung, 11171
Authorized Distributor of Crome , Dragon Power , HP (Gaming Accessories) & AULA (Gaming Accessories)
No. 44, 92 Street (Short Street), Kandawlay
Pazundaung, 11222
UV Printing , Eco Solvent Printing & Design
No. 190/194, 3rd Floor, Pansodan Street (Middle Block), Kyauktada Township
Pazundaung, 11181
Welcome to the official iMax Electronics Page - where innovation meets your everyday! 🌟 Stay tuned to explore the latest home tech trends as iMax redefines your appliance experienc...
Pazundaung
We are distributor of home electronics offering refrigerators, washing machines, freezers & air conditioners. We source primarily from Thailand & China, distributing to wholesalers...
Pazundaung, 11171
To support the best professional project while using minimum fees for clients is OUR MISSION. We off