Lady YGN

We sell all items in stock

25/11/2022

စားကြည့်မှ အရသာသိမှာ
သိသွားရင် စားပြီးရင်စားချင်မှာ အာမခံတယ်ရှင့်
ချစ်လှစွာသောcustomerများကို အစဥ်တန်ဖိုးထားသော
#မယ်မင်းကြီးမမပါ

14/11/2022

အချိန်တိုင်း အချိန်တိုင်းးး
မယ်မင်းကြီးမ ဘာတွေတွေးနေလဲဆိုတော့
🍜 🍤🍡🍧🍣🍰🍬🍭🥟🥘🌮🍕🥗🍗🍳🥞🌽🥐🥯🥨🧀🥪🌯🍟🍞🍲🍥🥜
🤤🤤🤤
မုန့်ဟင်းခါး အားပေးကြဦးလို့ 🥺

07/11/2022

“🌕 တန်ဆောင်မုန်း လပြည့်နေ့မှာ ပံ့သကူ ပစ်ပါ “
=========================

ပံ့သကူချ(ပစ်)ခြင်း က ဒီဘက်ခေတ်မှာ တိမ်မြုပ်
ပျောက်ကွယ်လာနေပြီ ဖြစ်တဲ့ အလေ့တစ်ခုဖြစ်နေပီဆိုတော့ ..
အတူတူ အခု လာမဲ့

🌕 တန်ဆောင်မုန်း လပြည့်ညမှာ
ပံ့သကူပစ်တဲ့ အစဉ်အလာလေး ပိုပြီးတွင်ကျယ်လာအောင် တစ်ဖက်တစ်လမ်းက ကုသိုလ် ပါဝင်ကြရအောင်နော် 🙏🏻🙏🏻🙏🏻

🎁ပံ့သကူ ပစ်နည်း
==============
တန်ဆောင်မုန်း လပြည့်ည ၁၂ နာရီမှာ ပံ့သကူ
ပစ်ပါ။ ( တခြားအချိန်လည်း ပစ်လို့ရပါတယ် )

* ကိုယ်ပြန်ရမယ့် စီးပွား လာဘ်လာဘ ကိုမမျှော်ကိုးပဲ စိတ်စေတနာ သန့်ရှင်းစွာ ပံ့သကူပစ်ပါ။

* အစစအရာရာ ကြပ်တည်းလာတဲ့ ခေတ်မှာ ငွေပမာဏ / အလှူ ပစ္စည်းနဲသည် ဖြစ်စေ ၊ များသည်ဖြစ်စေ ရတဲ့ သူ ပျော်ရွှင်ပါစေဆိုပီး ကိုယ် တတ်နိုင်သည့် ပမာဏလေးကို စေတနာ များစွာဖြင့် ပံ့သကူပစ်ပါ။

* ငွေ ဖြစ်စေ၊ ဆန်အိတ် သေးသေးလေးဖြစ်စေဖန်ခွက်လေး တစ်ခုဖြစ်စေ 💌 ပံ့သကူပစ်ပါသည်လို့ စာလေးရေးပြီး ပံ့သကူပစ်ကြပါ။

* အဲဒီလို ချထားတဲ့အခါမှာလဲ ဘယ်သူ မှ သိလို့ မဖြစ်ပါဘူး ။ (ပံ့သကူလှူဒါန်းမယ့် မိမိတစ်ယောက် သာ သိရပါမယ်။)

* လူသွားလမ်း နဲ့ လူတွေ တွေ့မြင်နိုင်တဲ့ နေရာမျိုးလည်း ဖြစ်ရပါမယ်။

* အလှူပေးလိုက်တာပဲ ဆိုပြီး မည်သူမှ မတွေ့နိူင်တဲ့ ရေထဲ ပစ်ချလိုက်သလို မျိုးတော့ မဖြစ်ရပါဘူး ..။

🎁 ပံ့သကူပစ္တဲ့ အခါ
================
ဗုံးလား၊ မသမာတဲ့ ပစ္စည်းလား ဆိုပြီး မြင်တဲ့သူ စိတ်မပူရအောင် ...

ကိုယ်လှူမယ့် ပစ္စည်းက
၁။ အိတ်နဲ့ ထည့်မှ ရမည်ဆိုလျှင် ကြွပ်ကြွပ်အိတ် အကြည်သုံးပေးပါ။
၂။ အိတ်မလိုရင် ဒီအတိုင်းလေး ပစ်ပါနော်

🔺 အထူးအရေးကြီးတာက
"ပံ့သကူပစ်ပါသည်" ဆိုတဲ့ စာလေး ကပ်ထားပေးနော်

🙏🏻ပံ့သကူအလှူ

* ပံ့သကူအလှူအဖြစ် ရထိုက်သူရစေချင်တဲ့စေတနာနဲ့စွန့်ကြဲခဲ့လို့ ရရှိတဲ့ ကုသိုလ် ဟာ ..

( ရှေး အရင် က ရဟန်းတွေ ဟာ သင်္ကန်းအလို့ငှာလှည့်လည် အလှူခံခြင်း မပြုဘဲ ၊ သင်္ချိုင်း အမှိုက်ပုံ ..စတဲ့ နေရာတွေကနေ စွန့်ပစ် အ၀တ်တွေ ကောက်ယူပြီး သင်္ကန်း ချုပ်၀တ်လေ့ရှိပါတယ်။
အဲ့ဒိသင်္ကန်းကို ပံ့သကူသင်္ကန်းလို့ခေါ်ဆိုပါတယ် ။
လူတွေ စွန့်ပစ်ထားတဲ့အ၀တ်ကောင်းကောင်း လေး ရပြီဆိုရင် အဲဒီ ရဟန်းအဖို့ တစ်နွေစာ သင်္ကန်းအတွက် မပူမပင်ရတော့ပဲ တရားအားထုတ်လို့ ရနိုင်ပြီပေါ့ )
ပံ့သကူပစ္စည်းရရှိတဲ့ရဟန်းတစ်ပါးဟာ အ၀တ် ကောင်းကောင်းလေး တစ်ခု ရသွားတဲ့ အခါ မှာ ဖြစ်တဲ့ ပီတိ နဲ့ အလားတူပါတယ်။
ကုသိုလ်ရပုံချင်းလည်း တူပါတယ်။

🙏🏻ပံ့သကူ ကုသိုလ်

နောင်ဘဝရမည့်ကုသိုလ်၊ ယခုရမည့် ကုသိုလ် အသာထား ကြပ်တည်းနေကြတဲ့ အချိန်မှာ..

ကိုယ့် ပံ့သကူလေးကြောင့် ရတဲ့သူပျော်သွားရင်
ကိုယ်ပီတိဖြစ်ရတာက အခုချက်ခြင်းရတဲ့
အကျိုးကျေးဇူးပါပဲ 🙏🏻🙏🏻🙏🏻

ပံ့သကူရတဲ့ သူကလည်း ... မည်သူမည်ဝါပေးမှန်းမသိတော့ ဦးဘယ်သူက၊ ဒေါ်ဘယ်သူက ငါ့ကို ပေးကမ်းထားတာပဲဆိုတဲ့ အကြွေးလို ခံစားရမည့်အသိ / ကျေးဇူးကြွေး ဝန်ထုပ်ဝန်ပိုးလည်း မရှိတော့ဘူး။

သူလည်း လွတ်လပ်စွာ ပျော် ကိုယ်လည်း ပုဂ္ဂိုလ်စွဲမရှိ / ဖြူစင်စွာလှူ ! ဘယ်လောက် ဖြူစင် အေးချမ်းလိုက်သလဲနော် ။

🥰 ရယူတဲ့ ပျော်ရွှင်မှုထက် ပေးကမ်းလို့ရတဲ့ ပျော်ရွှင်မှုက ပိုအေးချမ်းရတယ် မဟုတ်လားရှင့် ..


credit to OP

#မယ်မင်းကြီးမမ

Photos from Channel Distribution Yangon's post 05/11/2022

ထန်းပင်ရဲ့မြေကြီးထဲကအမြစ်လို့ပဲ ထင်ခဲ့ဖူးတာ
😁😁😁

#ထန်းပင်မြစ်

ထန်းပင်မြစ်ဆိုတော့ အချို့မသိသေးသူများက
ထန်းပင်ကြီးရဲ့အမြစ်တွေလို့ ထင်နေကြတယ်။

ထန်းပင်ကြီးရဲ့အမြစ်က ကြီးမားလွန်းလို့
နွားတွေစားဖို့အတွက် နွားစာကျင်း

(မြက်တွေထည့်ကျွေးတဲ့ခွက်ကြီး)တွေတောင်
ထွင်းလို့ရပါတယ်။

စားလို့ရတဲ့ထန်းပင်မြစ်က ထန်းသီးအရင့်တွေကို
မြေမြုပ်ထားပီး ထွက်လာတဲ့ထန်းပင်ပေါက်ပါ။

ဥပမာပြောရရင် ယာတောသူတို့စားနေတဲ့
ပဲပင်ပေါက်လိုဘဲပေါ့။

အာ့တာကိုမစားရင် ထန်းပင်ကြီး
ဖြစ်လာမှာပေါ့လေ😁

သူ့အရသာကနုလွန်းရင် ခါးသက်သက်
ဖြစ်တတ်ပီး ရောင်းတန်းဝင်အရွယ်

လောက်ဆိုရင်တော့ စားပီးရင်းစားချင်စရာ
ကောင်းတဲ့ ထူးဆန်းတဲ့အရသာမျိုးလေးပါ။
မီးဖုတ်စားရင် အနံ့ပိုပီးမွှေးပါတယ်။

စားသုံးရန်အတွက် ထန်းပင်မြစ်
မီးဖုတ်(သို့)ထန်းပင်မြစ်ပြုတ်ကို အခွံခွာပီးလျှင်
ထန်းမြစ်ဖွေးဖွေးလေး တွေ့ပါလိမ့်မယ်။

ထိုထန်းမြစ်လေးရဲ့ အပေါ်ယံအမျှင်ပါးလေးကို
နောက်တစ်ကြိမ်ထပ်ခွာပါ။

ထို့နောက်အလယ်ကနေခြမ်းကာ အထဲကအူတိုင်
အနှံလေးကိုဖယ်ပီး စိတ်ကြိုက်စားလို့ရပါပီ။
(မစားဖူးသေးသူများအတွက် ပြောတာပါနော်😁)

ထန်းပင်မြစ်ကို မီးဖုတ်ပီးလည်းစားလို့ရသလို
ပြုတ်ပီးလည်း ဆီနဲ့ဆားနဲ့တို့စားကြပါတယ်။

အချို့ကလည်း ထန်းမြစ်ကြော်၊ထန်းမြစ်
နှမ်းထောင်းစသဖြင့် အမျိုးမျိုးစားလေ့
ရှိကြပါတယ်။
to OP

#မယ်မင်းကြီးမမ

Photos from Channel Distribution Yangon's post 04/11/2022

ရန်ကုန်မုန့်ဟင်းခါးကောင်းကောင်းလဲစားချင်တယ် ready made ဆိုတော့ အရသာရှိပါ့မလား

အတွေးမများပါနဲ့တော့ လက်တွေ့ စားကြည့်တဲ့အခါ နောက်ကျလေခြင်း ဖြစ်မှာစိုးလို့ပါ

ဟော့ဒီမှာ ကြည့်

သူကလေး ပြင်ဆင်ထားတာ သွားရည်တောင်ယိုတယ်

review ထိ မိ ဂွိ ကလေးပါရေးပေးတော့

ဘယ်လိုပြောရမလဲ အရမ်းး🥰🥰🥰🥰😍😍

#မယ်မင်းကြီးမမ

Photos from The  Lady's post 03/11/2022

ဒါလေးတွေလဲ မှာလို့ရတယ်နော်
တင်ပြားလို့ အားငယ်စရာလားးး
၀တ်ချပြီး တောက်ပပစ်လို့ရပြီလေ ☺️

Photos from The  Lady's post 03/11/2022

☺️

Photos from Channel Distribution Yangon's post 02/11/2022

မယ်မင်းကြီးမမရဲ့ customerများအတွက် ရှာဖွေထားသော ☺️

ဝက်ပင်စိမ်းကြော်
==========
ဝက်ကြိတ်သားကို
ဆား၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်တို့ဖြင့်နှယ်နှပ်ထားပါ။
ပဲတောင့်ရှည်သီး၃တောင့်လှီးထား
ငရုတ်သီး စိမ်း၂တောင့်လှီးထား
ပင်စိမ်းရွက်သို့မဟုတ် ဖက်ကဖောင်းရွက်
အနည်းငယ်ကို ရေဆေးထား။
ကြက်သွန်နီ၊ ဖြူ အနည်းငယ်လှီးထား။
ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်၊
ကော်မှုန့်အနည်းငယ်စီကို ရေဖြင့်ဖျော်ထားပါ။
ကြက်သွန်နီ၊ ဖြူ ကိုအရင်ထည့်ကြော်
ဝက်ကြိတ်သားထည့်မွှေ၊
ပဲသီးနှင့်ငရုတ်သီးထည့်၊
ကျက်ခါနီး ဖျော်ထားသောကော်ရည်လောင်းထည့်၊
ပင်စိမ်းရွက်အုပ်ပြီး ချနိုင်ပါပြီ။သုံးဆောင်နိုင်ပါပြီ။
ဖိုးသက်Kitchen

#မယ်မင်းကြီးမမ

01/11/2022

ဒီလိုလေးး စိတ်ရှည်လက်ရှည် ပြောပြတဲ့ reviewလေးတွေ ရတဲ့အခါ အားတက်ရပါတယ် 😍😍😍

Photos from Channel Distribution Yangon's post 31/10/2022

မယ်မင်းကြီးမမကို နှစ်ခြိုက်စွာ အားပေးနေသော customerများအတွက် လွယ်လင့်တကူ CBမှ မှာယူနိုင်သလို
ဟောဒီနေရာတွေမှာလ​ဲ ၀ယ်ယူလို့ရပါပြီဆိုတဲ့အကြောင်း သတင်းကောင်း ပါးပါရစေ

❣️Rayongမှာရှိတဲ့
https://www.facebook.com/nann.mee.7
ဆီမှာလဲရပါပြီ

❣️ဒီမှာရော 👇

https://www.facebook.com/KyawKaung139

❣️မလေးရှားမှရွှေတို့အတွက်
မလေးရှားနိုင်ငံ ဆန်လန်ဂေါ်ပြည်နယ် ကလန်းမြို့..ပြည့်စုံ.ဆိုင်..klang mydin အနီး..မလေးရှားနေရာအနှံ စာတိုက်က ပို့ဆောင်ပေးပါသည်
ဆက်သွယ်မှာယူရန် ဖုန်းနံပါတ် 👉 01121498754

❣️စင်ကာပူရောက် ရွှေမြန်မာတို့အတွက်
ANGEL minimart
အိန်ဂျယ်မီနီမတ်
111, North Bridge road. #02-58 Peninsula Plaza.
S 179098
Phone ☎️ 93203994

31/10/2022

" ဘဲဥပုစွန်ခြောက်ချက် "😋
==================
လူကြိုက်များတဲ့ဟင်းချက်နည်းရေးပေးပါမယ် . . .

ဘဲဥတွေပြုတ်ပြီးခွာထားပါ
အလုံးလိုက်ချက်လည်းရသလို ခြမ်းပြီးချက်လည်းရတယ်...

ကြက်သွန်ဖြူကြက်သွန်နီကိုထောင်းပြီး
ငရုတ်သီးအရောင်တင် နနွင်းမှုန့် တို့နဲ့ဆီသပ်ပါ
ဆီသပ်ကြွပ်ခါနီးမှာပုစွန်ခြောက်မှုန့်ထည့်ကြော်ပါ..

အားလုံးကြွပ်လို့မွှေးလာရင်
မန်ကျည်းမှည့်ရည် ငန်ပြာရည် အရသာမှုန့်ထည့်ပါ
ပွက်လာရင် ဘဲဥတွေထည့်ပြီး ကြာကြာလေးချက်ပေးပါ...

မီးနည်းနည်းနဲ့ဆီပြန်လာတဲ့ထိချက်တယ်
နောက်ဆုံးမှ မဆလာအုပ်ပါတယ်
ထမင်းမြိန်စေတဲ့ဟင်းတစ်ခွက်ပါ

ကိုခန့်ကြီး(မြန်မာထမင်းဆိုင်)

Credit ရတနာပုံခန့်ခန့်ကြီး

#မယ်မင်းကြီးမမ

Photos from The  Lady's post 28/10/2022

အလှလေးတွေချည့်ပဲ

Photos from Channel Distribution Yangon's post 26/10/2022

မလေးရှားမှရွှေမြန်မာတို့အတွက်
မယ်မင်းကြီးမမ လာပြီနော်

မလေးရှားနိုင်ငံ ဆန်လန်ဂေါ်ပြည်နယ် ကလန်းမြို့..ပြည့်စုံ.ဆိုင်..klang mydin အနီး..မလေးရှားနေရာအနှံ စာတိုက်က ပို့ဆောင်ပေးပါသည်

ဆက်သွယ်မှာယူရန် ဖုန်းနံပါတ် 👉 01121498754

CBမှလဲ order တင်နိုင်ပါသည်

Photos from The  Lady's post 25/10/2022

for all

Photos from Channel Distribution Yangon's post 25/10/2022

၁၀ ထုပ်၀ယ်ယူလျှင် ၁ထုပ် လက်ဆောင်ရတဲ့ သီတင်းကျွတ်Promotion ကာလလေး မကုန်ခင် အော်ဒါအမှီတင်နိုင်ဖို့ သံချောင်းလာခေါက်တာပါရှင်
#မယ်မင်းကြီးမမ

24/10/2022

📖ဒေဝါလီနေ့အကြောင်း ဗဟုသုတရစေဖို့ပါရှင်📖

(ဒါနဲ့ မယ်မင်းကြီးမမ ၁၀ထုပ်၀ယ် ၁ထုပ်လက်ဆောင် Promotionလေးက ဒီလကုန်ထိပဲနော် အော်ဒါ်တင်ဖို့ မေ့နေမှာစိုးလို့ပါရှင့် 🥰🥰)

ဒီပါ၀လီ ခ) ဒိဝါလီဆိုသည်မှာ

ဒီပ - ဆီမီးနှင့်
အ၀လီ - တန်းရှည်ထွန်းညှိခြင်းဟူသည် စကားလုံးနှစ်လုံးပေါင်းစပ်ထားခြင်းဖြစ်၍ ဆီမီးများကို တန်းရှည် ထွန်းညှိ၍ ပူဇော်ခြင်းဟု အဓိပ္ပာယ်ရပါသည်။

ဟိန္ဒူဘာသာ၀င်တို့ဟာ ဒီပါ၀လီကာလတွင် ဆီမီးထွန်းညှိပူဇော်ခြင်းနှင့် မုန့်ချိုများဝေမျှခြင်းတို့ကို ပြုလုပ်ကြပါသည်။

ဒီပါ၀လီညကို တစ်နှစ်ပတ်လုံးတွင် အမှောက်မိုက်ဆုံးညအဖြစ် သတ်မှတ်ပါသည်။
ထိုအမှောင်ထုကို အလင်းရောင်ဖြင့် အနိုင်ယူလိုသောအားဖြင့် ဆီမီးထွန်းညှိပူဇော်သောညမြတ်လည်းဖြစ်ပါသည်။

ထို့ကြောင့် ဒီပါ၀လီသည် အမှောင်ထုအပေါ် အလင်းက အနိုင်ရခြင်း၊ အဓမ္မအပေါ် ဓမ္မက အနိုင်ရခြင်း၊ အတ္တအပေါ် အသိဉာဏ်ပညာက အနိုင်ရခြင်းအား ကိုယ်စားပြုကျင်းပသောနေ့မြတ်ဖြစ်သည်။

ဒီပါ၀လီဖြစ်ပေါ်ရခြင်း၏ နောက်ခံသမိုင်းကြောင်းများအနက် ထင်ရှားသော သမိုင်းမြတ် ၂ ခုရှိပါသည်။

ပထမတစ်ခုမှာ သ်ရေသားယုဂ်တွင် ရားမ်ဘုရားမြတ်ဟာ ရာ၀ဏကို နှိမ်နင်းအနိုင်ယူပြီး ၁၄ နှစ်ကြာ တောထွက်ရာမှ အယိုးဓယားပြည်တော်အတွင်း စီသား၊ လက်ရှ်မန်းတို့နှင့်အတူ ပြန်လည်၀င်ရောက်သောကြောင့်ဖြစ်သည်။
ထိုညသည် အမှောင်မိုက်ဆုံးညဖြစ်လင့်ကစား ရားမ်ဘုရားမြတ်အပေါ် ထားရှိသောချစ်ခြင်းမေတ္တာနှင့် တိုင်းသူပြည်သားတို့သည် တိုင်းပြည်တစ်ခုလုံးတွင် ဆီမီးများ ထွန်းညှိပြီး သောင်းသောင်းဖြဖြ ကြိုဆိုကြသော နေ့မြတ်ဖြစ်သည်။

ဒုတိယတစ်ခုမှာ ဒွာပါရ်ယုဂ်တွင် အမျိုးသမီးတို့အား နိုင့်ထက်စီးနင်းပြုလုပ်သော နရ်ကာစူးရ်အမည်ရှိသော အသူရာအား ကရိသ်ျှဏဘုရားမြတ်က သုတ်သင်အောင်မြင်ပြီး ၁၆၀၀၀ သော အမျိုးသမီးတို့ကို ကယ်တင်ခဲ့ခြင်းကြောင်း တိုင်းပြည်တစ်ခုလုံးမှ ဆီမီးထွန်းညှိပြီး ကြိုဆိုသောကြောင့်ဖြစ်သည်။

ရာမာယဏ်း၊ ပဒ်မပူရာဏ်၊ ဗိသ်ျှဏုပူရာဏ်၊ စကန္ဒပူရာဏ်တို့တွင် ဒီပါ၀လီအကြောင်းကို ဖော်ပြထားပါသည်။

ဒီပါ၀လီကာလတွင် အဓိကအားဖြင့် ချမ်းသာကြွယ်၀ခြင်းကို အစိုးရတော်မူသော လက်ရှ်မီးမယ်တော်အား ပူဇော်ကြပြီး လက်ရှ်မီးမယ်တော်၏ သားအရင်းသဖွယ်ဖြစ်သော ဂနေ့ရှ်ဂျီးကိုပါ ပူးတွဲ၍ ပူဇော်ကြသလို ဆရဆွသီးမယ်တော်ကိုပါ ပူဇော်ရှိခိုးလေ့ရှိကြပါတယ်။
ဘ၀တွင် အောင်မြင်မှုရရှိနိုင်အောင် ဂနေ့ရှ်ဂျီးမှ ပေးစွမ်းပြီး ထိုအောင်မြင်မှုမှ လက်ရှ်မီးမယ်တော်ပေးသနားသော စည်းစိမ်းချမ်းသာကို ရရှိကာ ထိုချမ်းသာကြွယ်၀မှုကို ထိန်းသိမ်းနိုင်ရန် ဆရဆွသီးမယ်တော်မှ ပေးသနားသော အသိဉာဏ်နှင့် အပြောအဆိုကို လိုအပ်ကြောင်း ရည်ညွှန်းခြင်းဖြစ်သာ်။

ဒီပါ၀လီသည် အမှန်တွင် ၅ ရက်တိတိကျင်းပရသော ပွဲတော်ဖြစ်သည်။

ပထမရက်ကို "ဓန်းသိရ(စ်)" ဟု ခေါ်ပြီး ထိုနေ့တွင် အိမ်ကို သန့်ရှင်းရေးပြုလုပ်ပြီး လက်ရှ်မီးမယ်တော်ကို ပူဇော်ကြသည်။ သမုဒ္ဒရာမွှေနှောက်ရာမှ လက်ရှ်မီးမယ်တော်ထွက်ပေါ်လာသော နေ့မြတ်ဟုလည်း မှတ်ယူကြသည်။ ထို့အတွက် ဗိသ်ျှဏုဘုရား၏ အသွင်တစ်ခုဖြစ်သော "ဓန်ဗန်သရိ" ခေါ် ဆေးပညာ၏ဘုရားရှင်ကိုလည်း ပူဇော်ရှိခိုးကြသည်။

ဒုတိယရက်ကို နရ(က်) ကျသုရ်ဒရှီး ခ) ချိုတီး ဒိဝါလီဖြစ်ပြီး ထိုနေ့တွင် နရကာစူးရ်အမည်ရှိသော အသူရာကို ကရိသ်ျှဏဘုရားနှင့် ကြင်ရာတော် စသ်ယဘားမားက နှိမ်နင်းအနိုင်ရ‌ပြီး ၁၆၀၀၀ သော အမျိုးသမီးတို့ကို ကယ်တင်ခဲ့သောနေ့မြတ်ဖြစ်သည်။

တတိယရက်သည် အဓိကရက်ဖြစ်ပြီး လက်ရှ်မီးပူဂျားပြုလုပ်ကြသောနေ့မြတ်ဖြစ်သည်။ ဤနေ့တွင်ပင် ရားမ်ဘုရားကို ပူဇော်သောအားဖြင့် ဆီမီးထွန်းညှိကြိုဆိုကြသလို ဂနေ့ရှ်ဘုရားကိုပါ ပူဇော်ကြပါသည်။

စတုတ္ထမြောက်နေ့တွင် ဂိုဗရ်ဓန်းပူဂျားပြုလုပ်ကြပါသည်။
ရှေးယခင်က လူသားတို့ဟာ အကြောက်တရားနှင့် နတ်မင်းများကို ကိုးကွယ်ကြပါသည်။ မဿုရာမြို့အနီးရှိ ဂိုကူးလ်ရွာသူ ရွာသားများကလည်း အင်ဒြနတ်မင်းကသာ သီးနှံစပါး ဖြစ်ထွန်းစေသော မိုးကို ရွာပေးသည်ဟု ယူဆကာ ကိုးကွယ်ကြသည်။ ဒါပေမဲ့ ကရိသ်ျှဏဘုရားမြတ်ဟာ နတ်မင်းကို ကိုးကွယ်မဲ့အစား မြေဩဇာအဆီအနှစ်နှင့် ပြည့်၀သော ဂိုဗရ်ဓန်တောင်မြတ်ကိုသာ အားထားအလေးပေးဖို့ လမ်းပြခဲ့ပါသည်။ ထိုအခါမှာ အင်ဒြနတ်မင်းမှ ဒေါသဖြစ်ပြီး မိုးကြီးခြင်း မိုးကြိုးပစ်ခြင်းများကို ဖြစ်ပေါ်စေခဲ့ပါသည်။ ထိုအခါ ရွာသူရွာသားများက ကရိသ်ျှဏဘုရားရှင်ကို အကူအညီတောင်း‌ပါလေတော့သည်။ ထိုအခါ ဘုရားမြတ်ဟာ တောင်တော်တစ်ခုလုံးကို လက်ချောင်းတစ်ချောင်းတည်းဖြင့် မပြီး ရွာသားတို့ကို ကယ်တင်ခဲ့ပါသည်။ ထို့အတွက် ဂိုဗရ်ဓန်းပူဂျားပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ပဉ္စမနေ့တွင် ဘိုင်း(ဟ်)ဒူဂ်ျ ခေါ် မောင်နှမများအကြားထားရှိသော နှောင်ဖွဲ့မှုကို ရည်ညွှန်းကျင်းပသောပွဲကို ကျင်းပကြသည်။



#မယ်မင်းကြီးမမ

24/10/2022

ဒီပါဝလီ (ဒေဝါလီ)နေ့🪔

ဆီမီးထွန်းညှိခြင်း (ဒီပ-ဆီမီး +ဒီပည ဝလီ-ထွန်းညှိခြင်း) လို့ အဓိပ္ပာယ်ရပါတဲ့ ဒီပါဝလီ (ဒေဝါလီ) နေ့မှာ ဟိန္ဒူဘာသာဝင် မိတ်ဆွေသူငယ်ချင်းညီကိုမောင်နှံမများအားလုံး ပျော်ရွှင်စရာ ဒီပါဝလီ (ဒေဝါလီ ) နေ့မြတ်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း
Channel Distribution Yangon Channel Distribution BKK #မယ်မင်းကြီးမမ မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏🙏🙏

Photos from Channel Distribution Yangon's post 22/10/2022

😇စားမကောင်းရင် မယ်မင်းကြီးမမကိုပြောပါ
☺️စားကောင်းရင် သင့်အနီးအနားမိတ်ဆွေများကို​ ပြောပါရှင်
🤗🤗 Sharing is Caring 🤗🤗

#မယ်မင်းကြီးမမ

21/10/2022

မွှေးပျံ့တဲ့ မြန်မာ့မုန့်ဟင်းခါးစစ်စစ်ရနံ့လေးနဲ့ မယ်မင်းကြီးမမ
အရသာကရော ဘယ်လိုတဲ့လဲ
စားဖူးသူများရဲ့ အဖြေက 🥰🥰

20/10/2022

ချစ်သူရှိကြောင်း ကြွားလိုက်ပါ ☺️

💕ယောကျားလေး မိန်းကလေး ဆင်တူအလန်း ဝတ်လို့ရတဲ့ hokey jersey လေးတွေပါ
💕Design တစ်မျိုး ၂ ထည်ပဲရလို့ ဆင်တူ ဝတ်ချင်တဲ့ စုံတွဲလေးတွေ မြန်မြန်ရွေး ထားမှ ရမယ်နော်
💕တစ်ထည် -၁၅,၀၀၀ ကျပ်
💕၂ ထည် ဆင်တူ ယူ -၂၇,၀၀၀ ကျပ်

ရန်ကုန်ကပါရှင်❣️
နယ်များကိုလည်း အိမ်အရောက်ငွေချေ ပို့ပေး ပါတယ်ရှင်❣️
ဝယ်ယူသူဘက်မှ ပို့ဆောင်ခ ပေးရမှာပါရှင် 🙏

Photos from Channel Distribution Yangon's post 19/10/2022

ပျောက်ကွယ်စပြုနေပြီဖြစ်တဲ့ မြန်မာ့ရိုးရာမုန့်လေး
လွယ်လင့်တကူလုပ်စားနိုင်ဖို့ပါရှင်
်မင်းကြီးမမ

18/10/2022

ဒီနေ့တော့ မယ်မင်းကြီးမမက သဘာ၀ကပေးတဲ့လက်ဆောင်မွန်လေးရဲ့ အကျိုးကျေးဇူးလေးတွေရှာဖွေ ဖော်ပြထားပေးပါတယ်
ဒါနဲ့ စကားမစပ် အမိမြေနဲ့ဝေးကွာနေသူတွေ မြန်မာ့အငွေ့အသက်ကိုလွမ်းရင် မြန်မာ့ရိုးရာစားစရာ မုန့်ဟင်းခါးလေး စားပါ
မုန့်ဟင်းခါးစားမယ်ဆိုရင် မယ်မင်းကြီးမမကိုသတိရပေးပါရှင် ☺️

😍အိမ်တိုင်းအိမ်တိုင်းမှာ စိုက်ထားသင့်တဲ့ ရှားစောင်းလက်ပတ် အစွမ်း အံ့မခန်း😍

ရှားစောင်းလက်ပတ်အသုံးဝင်ပုံ(၁)

၁။ ရှားစောင်းလက်ပတ်ကို ၂ လက်မအရွယ် ဖြတ်ပြီးမီးကင်တယ် ဆိုရုံလေး ကင်ပါ။ငါးပြားလောက် စားပါ၊ သွေးဝမ်းသွားခြင်းကို ပျောက်ကင်းစေနိူင်ပါတယ်၊ ရောဂါ ဆိုးရင်တော့ နေ့စဉ်တစ်ပတ်လောက်ဆက်စားပါ။

၂။ မီးကင်ထားသော ရှားစောင်းလက်ပတ်ကိုနေ့စဉ် ၅ ပြားလောက်စားပေးခြင်းအားဖြင့်လည်း အတွင်းလိပ်ခေါင်း ရောဂါကို ပျောက်ကင်းစေနိူင်ပါတယ်၊ ရှားစောင်းလက်ပတ် အနှစ်ကို စအိုထဲထည့် ပေးနိူင်ရင်ဖောင်းကြွ ရောင်ရမ်းနေသော စအိုကြွက်သားနံရံမှအပူများကိုစုတ်ယူနိုင်စွမ်းရှိသောကြောင့် အတွင်းလိပ်ခေါင်းရောဂါပျောက်ကင်းနိူင်ပါတယ်၊ ရောဂါပြင်းနေရင်တော့ အချိန်ယူသုံးစွဲရမှာပဲ ဖြစ်ပါတယ်။

၃။ မီးယပ် သွေးဆုံးကိုင်နေသူများအတွက်ရှားစောင်းလက်ပတ် အနှစ်ကို ထန်းလျှက်ဖြင့် နေ့စဉ် လိမ်းပေးပါက သွေးဆုံးကိုင်ချိန်တွင် ခံစားရသော ဝေဒနာများ သက်သာပျောက်ကင်းစေပါတယ် ။

၄။ နှလုံးရောဂါ ရှိသူများ ရုတ်တရက်အမောဖောက်လာပါကရှားစောင်းလက်ပတ် အနှစ်ကို သကြားဖြင့် ဖျော်သောက်ပါကအမောဆို့ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

၅။ ရှားစောင်းလက်ပတ် အနှစ်ကို အပူလောင်ခြင်း အမျိုးမျိုး အတွက်လည်းအသုံးပြုနိူင်ပါတယ်။ ဆီပူ၊ မီးပူ၊ အိတ်ဇောအပူလောင်ခြင်းများအတွက် ဖြစ်ဖြစ်ခြင်း ရှားစောင်းလက်ပတ်အနှစ်ကို ပတ်တီးဖြင့်စည်းထားပေးပါ။ အရည်ကြည်အဖု လုံးဝ ဖြစ်ခြင်းမရှိပဲ မူလအတိုင်း ပျောက်ကင်းနိုင်ပါတယ်။ အရည်ကြည်ဖု ထွက်လာမှ စည်းပေးလျှင်လည်း အပူကိုစုပ်ယူနိုင်သောကြောင့် အနာ မဖြစ်တော့ပါ။

၆။ ဘောက်ပျောက်၊ ခေါင်းလျော်ရည် သုံးစွဲခြင်းကြောင့် ဆံပင်အကွက်လိုက်ကျွတ်သော သူများအတွက် ရှားစောင်းလက်ပတ်အနှစ်ကို အရေပြားပေါ်တွင် လိမ်းပေးခြင်းအားဖြင့် ပြန်ပေါက်ပြီးဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးပါတယ်။

၇။ ရှားစောင်းလက်ပတ်အနှစ်ကို နံနက် ည မျက်နှာသစ်ပြီးတိုင်းလူးပေးရင်တော့ တင်းတိတ်ပျောက်ပြီး မျက်နှာ ပေါင်းတင်စရာမလိုပဲ အရေးအကြောင်းမရှိ မျက်နှာလေးတင်းနေပါလိမ့်မယ်။လှချင်ရင် တစ်သက်လုံးလိမ်းပေတော့။

Credit: ရတနာငယ်(မြန်မာစာ)လွိုင်ကော်

်မင်းကြီးမမ

Photos from Channel Distribution Yangon's post 17/10/2022

🙏🙏သီတင်းကျွတ်လက်ဆောင်အဖြစ်🙏🙏

မယ်မင်းကြီးမမ မုန့်ဟင်းခါးအနှစ် ၊မုန့်တီအနှစ်

( ၁၀ )ထုပ်ဖိုးပေးပြီး( ၁၁ )ထုပ်ယူဖို့
မေ့နေမှာစိုးလို့ ☺️

15/10/2022

မကြာခင် မိနစ်ပိုင်းအတွင်း Live sales စတော့မယ်နော
ကဲ လက်ဆောင်တွေယူဖို့ အသင့်ပြင်တော့နော်

အကြိုက်တွေ့စေမယ့် လိုချင်စရာလေးတွေလဲ လျှော့စျေးနဲ့ ရမယ့်အပြင် လက်ဆောင်တွေလဲ တထောကြီးပေးသွားမယ့်အစီအစဥ်လေးကို
🤫လက်တို့ပြီးတော့ပြောရဦးမယ်🤫
ရှေ့ဆုံးက ဖျာခင်းမှ သေချာမယ်
မမေ့နဲ့နော် ကြုံတောင့်ကြုံခဲအခွင့်အရေးမို့ လက်မလွှတ်ပါနဲ့လို့ 🥰🥰🥰

ဟောဒီpageမှာ အပီအပြင်ရွေးရမှာ
👇👇👇👇👇👇👇👇👇👇
https://www.facebook.com/heleneithinzar/

13/10/2022

အကြိုက်တွေ့စေမယ့် လိုချင်စရာလေးတွေလဲ လျှော့စျေးနဲ့ ရမယ့်အပြင် လက်ဆောင်တွေလဲ တထောကြီးပေးသွားမယ့်အစီအစဥ်လေးကို
🤫လက်တို့ပြီးတော့ပြောရဦးမယ်🤫
ရှေ့ဆုံးက ဖျာခင်းမှ သေချာမယ်
မမေ့နဲ့နော် ကြုံတောင့်ကြုံခဲအခွင့်အရေးမို့ လက်မလွှတ်ပါနဲ့လို့ 🥰🥰🥰

ဟောဒီpageမှာ အပီအပြင်ရွေးရမှာ
👇👇👇👇👇👇👇👇👇👇
https://www.facebook.com/heleneithinzar/

13/10/2022

ခံတွင်းမြိန်ရတဲ့ မရိုးသောဟင်းတမယ်
☺️☺️☺️☺️☺️
#ခရမ်းသီးမီးဖုတ်သုပ်နည်း
===================
ဒီတစ်ပတ်တော့ အသားတွေ စားရတာ ရိုးအီလာတဲ့သူများ အတွက် ခရမ်းသီးမီးဖုတ်သုပ်လေး တင်ဆက်ပေးပါမယ်။ အချိုဓာတ် လေးလေးပင်ပင် ရှိလှတဲ့ ခရမ်းသီးမီးဖုတ်သုပ်ကို ကြိုက်နှစ်သက်လှသူက ခပ်များများပါ။ သားသတ်လွတ်စားတတ်သူတွေအတွက်လည်း အဆင်ပြေလှတဲ့ ဟင်းတစ်မယ်ပါ။

အခု လိုအပ်တာတွေ အရင် ပြင်ဆင်ကြရအောင်။

ခရမ်းသီး အရွယ်တော် ၂လုံး

ကြက်သွန်နီ ၁ဥ (ပါးပါးလှီးပြီး ရေဆေး၊ ရေစစ်ထားပါ)

နှမ်းလှော် အနည်းငယ် (မညက်တညက်လေး ထောင်းထားပါ)

ပဲဆီ အနည်းငယ်

ကြက်သွန်နီ ကြော် အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ကြက်သွန်ကြော်ဖို့ အဆင်မပြေရင် အသင့်ကြော်ထားတဲ့ ကြက်သွန်နီကြော်ကို အသုံးပြုလို့ ရပါတယ်။

ဆီကိုတော့ ဆီစိမ်းကို အသုံးပြုမှာဖြစ်လို့ အနံ့ အရသာ အဆင်ပြေတဲ့ မြေပဲဆုံဆီလေး အသုံး ပြုထားပါတယ်။

အခု ခရမ်းသီးမီးဖုတ်သုပ်လေး လုပ်ဖို့ ခရမ်းသီးကို မီးဖုတ်ပါမယ်။ မီးသွေးမီးနဲ့က ပိုပြီးအဆင်ပြေလို့ မီးသွေးမီးအနေတော်နဲ့ စပြီး မီးဖုတ်ပါတယ်။

ခရမ်းသီး အကျက်ညီအောင် မကြာခဏ တစ်ဖက်လှန်ပေးပါ။

အပေါ်အခွံတွေ မည်းပြီး အသီး အိလာပြီဆိုရင် ရပါပြီရှင်။

ခရမ်းသီးမီးဖုတ်ကို ခဏ အအေးခံထားပါ။ ပြီးရင်တော့ အပေါ်က တူးနေတဲ့ အခွံတွေကို ဖယ်ထုတ်ပစ်ပါ။

ခရမ်းသီးကို အနေတော်လေးတွေ မျှင်ပြီး ကြက်သွန်နီ၊ ကြက်သွန်နီကြော်၊ နှမ်းထောင်း ဆီအနည်းငယ်နဲ့ ဆား ပါလေရုံလေး ထည့်ပြီး သုပ်ပါ။ နံနံပင်၊ ကြက်သွန်မြိတ် ကြိုက်နှစ်သက်ရင် ပါးပါးလှီးထည့်လို့ရပါတယ်။

အခုဆိုရင်တော့ အရသာချိုချို အနံ့မွှေးမွှေးနဲ့ ခရမ်းသီးမီးဖုတ်သုပ်လေး ရပါပြီနော်။ အသားတွေမစားချင်လို့ ၊သားသတ်လွတ်စားချင်လို့ဆိုသူတွေအတွက် ထမင်းမြိန်စေမယ့် ဟင်းတစ်မယ်ပါနော်

C. R. D
်မင်းကြီးမမ

Photos from Channel Distribution Yangon's post 12/10/2022

☺️အလုပ်တွေပင်ပန်းနေကြပြီလားး ☺️

😊ကဲ ငြီးငွေ့စရာတွေကြားက အမောပြေလေးဖတ်ကြည့်

သီတင်းကျွတ်လအတွင်း ပုဂံTrip သွားဖို့စိတ်ကူးနေသူတွေရှိလား 🤔

(😁စတာနော် တကယ်မလုပ်နဲ့ မင်မင်က စတာ😁)

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

"ပုဂံကို ပိုက်ဆံတစ်ပြားမှ မပါပဲ သွားနည်း"
# # # # # # # # # # # # # # # # # # # # # # #

ပုဂံကို စရိတ် သက်သက်သာသာနှင့်သွားနည်း

အို.......လုပ်မနေပါနဲ့ အာ့တွေက ရိုးနေပါပြီ။
ပုဂံကို ပိုက်ဆံတစ်ပြားမှ မပါပဲ သွားနည်း

ခရီးမသွားခင် ဘာတွေ ပြင်ဆင်သွားရမလဲ။

-ကိုယ့် တကိုယ်ရည် အသုံးအဆောင်များ ယူသွားပါ။
နောက်ယူရမယ့် ပစ္စည်းတွေကတော့
-Paracetamol အမှုန့်ကြိတ်ပြီး ပျားရည်နှင့်လုံးသွားပါ။
-ခေါင်းလောင်းတစ်လုံး
-ပဒေါင်ကြေးကွင်းများနှင့် နားဆွဲ
-တိုင်းရင်းသား တဘက်
-အနက်ရောင် ဖျင်ကြမ်းသား လက်ရှည် ဝမ်းဆက်
-သနပ်ခါးတုံး ကျောက်ပြင်
-အသည်းပုံသော့ခလောက်၅ခုနှင့် အဲ့သော့ခလောက်တွေအတွက် သော့ပို ၁၀စုံစီ

🚗ဘယ်လိုသွားမလဲ

နီးစပ်ရာ နာမည်ကြီး ပရဟိတအသင်းရဲ့ အင်္ကျီကိုဝတ်ပါ။ ပြီးရင် ကားဂိတ်ကိုသွား ပုဂံကို ငလျင်ကြောင့် ပျက်စီးတဲ့ ဘုရားတွေ ပြင်ဆင်ရေးအတွက် အသင်းမှ တာဝန်ပေးအပ်ချက်အရ သွားပါမယ်ပြော။ ဘယ်ဂိတ်တာဝန်ရှိသူက နှလုံးခံနိုင်ဦးမလဲ။ ပုဂံရောက်ပါပြီ။

🏚ဘယ်မှာနေမလဲ

ဘုန်းကြီးကျောင်းတစ်ခုကိုသွားပါ။ ဒီကျောင်းက ပုဂံဒေသရဲ့သာသနာပြုဆရာတော်ဘုရားကြီး ညောင်းညာ ကိုက်ခဲနေကြောင်း ဆရာတော်မှာ ဘုန်းတန်ခိုးကြီးလွန်း၍ တောတွင်းက မိမိဆရာကြီးအာရုံအထိပင် လှုပ်ခတ်လာရ၍ မိမိကို တောတွင်းက အစွမ်းထက် ရှားပါးဆေးမြစ်များဖြင့် ဖော်စပ်ထားသော ဤနတ်ဆေးဗူးကို ကပ်ခိုင်း၍ ရောက်လာရကြောင်း ပြောပြီး ကပ်ပါ။
ဘယ်ဆရာတော်မဆ်ို ဒီအသက်အရွယ်ရောက်မှတော့ ညောင်းကြတာချည်းပဲလေ။ မပူပါနက် ပစ်မလွဲပါဘူး 😎
ပြီးတဆက်တည်း တပည့်တော် မပြန်ခင်စပ်ကြား ၂ညခန့် ဒီကျောင်းမှာပဲ ကျောတခင်းစာ နေပါရစေ ခွင့်တောင်းပါ။ နောက်နေ့မှာတော့ Paracetamol တပြွတ်ကြီးထည့်လုံးထားတဲ့ ဆေးအစွမ်းကြောင့် ဆရာတော်ဘုရား အညောင်းအညာတွေ သက်သာပြီး ကျေးဇူးတင်ကြောင်း ခေါ်ပြောပါလိမ့်မယ်။ ကံကောင်းရင် စရိတ်ငြိမ်း တစ်နေ့သုံးနပ်လုံး ဂုန်းဆင်းရနိုင်တယ်😁

🚴ဘာနှင့်လည်မလဲ

သပ်သပ်ရပ်ရပ် ဝတ်ဆင်ပြီး ညောင်ဦးမြို့တွင်းသို့ ဆိုင်ကယ်လမ်းကြုံတက်စီး၍ ရေခဲစက်ကိုသွားပါ။ ရေခဲချောင်း ရောင်းလိုကြောင်း ပြော၍ စက်ဘီး တစ်စီးနှင့် ရေခဲတစ်ပုံး ထုတ်ယူပါ။ ထို့နောက် အိမ်ကပါလာသော ခေါင်းလောင်လေးကိုတီး၊ ရေခဲချောင်းရောင်းရင်း မိမိသွားလိုရာ ဘုရားကို အေးဆေးသက်သာစွာ သွားနိုင်ပါပြီ။
အာနန္ဒာ ဘူးဘုရား သဗ္ဗေညု ဘုရားတွေကို အဓိကသွား အဲ့နေရာတွေက နေပူတော့ ပိုအရောင်းသွက်တယ်။

Sunset Sunrise ကြည့်ချင်သေးလား

ရွှေဆံတော်ဘုရားကို စောစောသွား၊ အိမ်ကပါလာတဲ့ အနက်ဝမ်းဆက်ဝတ် ၊ တဘက်ကို ခေါင်းပေါင်းပြီး
လည်ပင်းကို ကြေးကွင်းစွပ်၊ နေဝင်ချိန်ကို ခပ်ငေးငေးလေး ဆွေးရင်း ကြည့်နေပါ။ ကြည့်နေရင်း နားကိုစွင့်ထား၊ ကြားပြီ ချလပ်။ ဒါ နိုင်ဂံခြားသား ငချဉ်ကောင်တွေ
ဂျင်းထည့်ရန်အသင့် ။ လာထား အာဘွား။ သူ့နားသွား
ပြောပလိုက်။ ဝမ်းဖိုတို ဖိုက်သောင်ဇင်ကျပ်စ် လို့

နောက်နေ့ကျ ဘူးဘုရားရှေ့ အိမ်ကပါလာတဲ့ သနပ်ခါး ကျောက်ပြင်လေးချ သနပ်ခါးသွေးပြီး အတွဲတွေလာရင် သနပ်ခါး အလကား လိမ်းလို့ရပါတယ်ပြော၊ ကောင်လေးက ကောင်မလေးကို ပါးကွက်လေးကွက်ပေး၊
ချစ်ဆိပ်တွေတက်ပြီး အကြည်ဆိုက်နေ မွှန်နေကြတဲ့အချိန် ကိုယ်ဂျင်းထည့်ဖို့ အချိန်ကျပြီ။ ဒီမှာ အသည်းပုံသော့လေးတွေ တစ်လုံးမှ ၅၀၀၀။ ဘူးဘုရား လက်ရန်းမှာ ဧရာဝတီမြစ်ကြီး သက်သေပြု တိုင်တည်ပြီး သော့လေးခတ် သော့တံကို မြစ်ထဲပစ်ချရင် ရာသက်ပန် ပေါင်းရတယ်လို့ ရွှီး။ သူတို့ပြန်သွားရင် ကိုယ့်မှာရှိတဲ့ သော့ပိုနှင့် ပြန်ဖြုတ်ပြီး ထပ်ရောင်း။ သော့ ၅လုံး xသော့ပို ၁၀ချောင်း။ တစ်ခါရောင်း ၅၀၀၀။ အိမ်း ညနေကျ အိမ်ပြန်တော့လေ။

ပုဂံမှာ ပိုက်ဆံတပြားမှ မကုန်တဲ့အပြင် ငွေထုပ်ကြီးပိုက်ပြီး ပြန်နိုင်ပါပြီ။ ဘယ်လိုပြန်ရမလဲ လာမမေးနက်
ပြန်ချင်သလိုပြန်။ လေယာဉ်စင်းလုံးငှားပြီး ပြန်ချင်လည်း ရပြီ 😤

စကားမစပ်

ပိတ်ရက်မှာ မယ်မင်းကြီးမမ ချက်စားလေနော်

၁၀ထုပ်၀ယ် ၁ထုပ်မေတ္တာလက်ဆောင် ပေးတဲ့ သီတင်းကျွတ်ကာလမှာ မိဘဆွေမျိုးများနဲ့ သူငယ်ချင်းမိတ်ဆွေတွေကို အရသာရှိလှတဲ့ မယ်မင်းကြီးမမလေး ဝေငှပြီး မေတ္တာပြလိုက်ပါရှင် 🥰


ချစ်ခြင်းများစွာဖြင့် မျှဝေသူ
်မင်းကြီးမမ

09/10/2022

မဂ်လာရှိသောသီတင်းကျွတ်အခါသမယတွင် လူနတ်ဗြမ္မာအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိကြပါစေ🙏

08/10/2022

သိပ်ကောင်းလို့ ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါတယ်။
မိသားစု ဆက်ဆံရေး
~~~~~~~~~~~~~

တစ်နေ့မှာ အရမ်းဒေါသကြီးတတ်တဲ့
အမျိုသမီးတစ်ယောက်ဟာ
စျေးကအပြန် သူတစ်ခါမှ မမြင်ဖူးတဲ့
သူစိမ်းတစ်ယောက်နဲ့
မတော်တဆ ဝင်တိုက်မိတယ်။

အမျိုးသမီးလည်း ပြာပြာသလဲနဲ့
အို . . ကျွန်မကိုခွင့်လွတ်ပါလို့
ပြောလိုက်တယ်။
အတိုက်ခံရတဲ့ သူစိမ်းကလည်း
ကျွန်တော်ကလည်း အခြားကိစ္စတစ်ခုမှာ
အာရုံရောက်လို့။
အမ လာတာကို မမြင်လိုက်မိလို့
အခုလို ဖြစ်သွားရတာပါ။
ကျွန်တော့်ကိုလည်း ခွင့်လွတ်ပါဗျာလို့
ပြန်ပြောတယ်။

အဲဒီသူစိမ်းနဲ့ အမျိုသမီးဟာ
အရမ်းကို ယဉ်ကျေးစွာနဲ့
တစ်ယောက်ကို တစ်ယောက်
အပြန်အလှန် တောင်းပန်ကြပြီး
လမ်းခွဲလိုက်ကြတယ်။

အဲဒီနေ့ ညနေမှာ အမျိုးသမီးဟာ
ညနေစာအတွက်
ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်နေစဉ်မှာ
သူမရဲ့ သားလေးက သူမဘေးမှာ
ငြိမ်ငြိမ်လေး လာရပ်နေတယ်။
သူမ အနောက်ကိုလှည့်လိုက်တဲ့အခါ
နောက်မှာရောက်နေတဲ့ သားလေးနဲ့
တိုက်မိပြီး လက်ထဲမှာကိုင်ထားတဲ့
ပန်းကန်တွေ ကျကွဲသွားတယ်။

အဲဒီအချိန်မှာ အမျိုးသမီးဟာ
သူ့ရဲ့ဒေါသကို မထိန်းနိုင်ပဲ
သားလေးကို မျက်မှောင်ကြုပ်ပြီး
ဒီကနေ ထွက်သွားစမ်းလို
အော်ငေါက်ပြီး ကြိမ်းမောင်းလိုက်တယ်။

မထင်မှတ်ပဲ အမေဖြစ်သူရဲ့
အော်ငေါက်ကြိမ်းမောင်းခြင်းကို
ခံလိုက်ရတဲ့ သားလေးဟာ
စိတ်မကောင်းစွာနဲ့ မီးဖိုခန်းထဲကနေ
ထွက်သွားခဲ့တယ်။
သားလေးထွက်သွားတော့
သူမကတော့ သားကို ပြင်းပြင်ထန်ထန်
ပြောမိသွားတယ်ဆိုတာကို
သတိမထားမိဘူး။

သူမရဲ့ သားလေးဟာ
ညနေစာမစားပဲ အစောကြီး
အိပ်ရာဝင်ပြီး အိပ်နေခဲ့တယ်။
ထမင်းစားချိန်ရောက်မှ
သားလေး ညနေစာမစားပဲ
အစောကြီး အိပ်ရာ ဝင်သွားတာကို
သူမ သတိထားမိတယ်။

အဲဒီအခါကျမှ
သူမဟာ သားလေးကို
အော်ငေါက်ကြိမ်းမောင်းလိုက်မိလို့
သားလေး စိတ်မကောင်းဖြစ်သွားတာကို
သိလိုက်ရတယ်။

သူမလည်း စိတ်မကောင်းစွာနဲ့ပဲ
စောစောအိပ်ရာဝင်ခဲ့တယ်။
ဒါပေမယ့် သူမ ဘယ်လိုမှ
အိပ်မပျော်နိုင်ပဲ ဖြစ်နေတယ်။

အဲဒီအချိန်မှာပဲ သူမစိတ်ထဲ
စျေးကအပြန် သူစိမ်းတယောက်နဲ့
ဝင်တိုက်မိပြီး အပြန်အလှန်
ယဉ်ကျေးသိမ်မွေ့စွာ
ပြောဆိုတောင်းပန်းခဲ့တာကို
သတိရမိပြီး အတွေးတစ်ခု ဝင်လာတယ်။

ငါဟာ သူစိမ်းနဲ့ ဆက်ဆံတဲ့အခါမှာ
ယဉ်ကျေးသိမ်မွေ့ပြီးတော့
ကိုယ်ချစ်တဲ့ ကိုယ်သွေးသားနဲ့
ဆက်ဆံတာကျတော့
ဘာလို့ ကြမ်းကြမ်းတမ်းတမ်း
ဆက်ဆံနေတာလဲလို့ တွေးမိတယ်။
သူမဟာ စိတ်မကောင်းစွာ
အတွေးနယ်ချဲ့ရင်း အိပ်ပျော်သွားတယ်။

အဲဒီအချိန်မှာ အိပ်မက် မက်နေသလိုလို
တစ်စုံတစ်ယောက်က
သူမကို လာပြောနေသလို
သူမ နားထဲမှာ အသံတစ်ခုကို
ကြာလိုက်ရတယ်။

မီးဖိုခန်း တံခါးနားကို
သွားကြည့်လိုက်ပါ။
တံခါးနားမှား ပန်းတွေကျနေတာကို
တွေ့ရလိမ့်မယ်။
အဲဒီပန်းလေးတွေဟာ
သမီးကို ပေးဖို့အတွက်
သမီးရဲ့ သားလေးကိုယ်တိုင်
ခူးလာတာပါ။

ပန်းလေးတွေက သမီးကြိုက်တဲ့
အပြာရောင် ပန်းလေးတွေပါ။
သမီးကို အံ့သြသွားစေချင်လို့
သူ တိတ်တိတ်လေး သမီးနောက်မှာ
ရပ်နေရှာတာပါ။
သူ့ ရင်ထဲက ခံစားချက်တွေကို
သမီးတခါမှ မမြင်ဘူးမို့လားလို့ပြောပြီး
အသံဟာ ပျောက်ကွယ်သွားပြီး
သူမလည်း
အိပ်မက်က လန်နိုးလာခဲ့တယ်။

အဲဒီအချိန်မှာ
သူမ အရမ်းကို စိတ်မကောင်းဖြစ်ပြီး
သူမရဲ့ပါးပြင်ပေါ်ကို မျက်ရည်တွေ
စီးကျလာတယ်။
ပြီးတော့
သူမ သားလေးအိပ်ရာနားဆီကို
တိတ်တိတ်လေးသွားပြီး
အိပ်ရာဘေးမှာ
သွားဒူးထောက်လိုက်တယ်။
ထပါဦးသားလေးရယ်။
ဒီပန်းလေးတွေက
မေမေ့အတွက်
သားလေး ခူးလာပေးတာလားလို့
သူမ သားလေးကို မေးလိုက်တယ်။

သားလေးက
ဒီပန်းတွေကို ဟိုးအပင်နားမှာ
တွေ့တာ မေမေ။
ပန်းလေးတွေက မေမေ့လိုပဲ
အရမ်းလှလို့ သား ခူးလာတာပါ မေမေ။
မေမေက အပြာရောင်ပန်းလေးတွေကို
ကြိုက်မယ်ဆိုတာကို
သား သိလို့လေလို့ ပြောတယ်။

သားလေးဆီက စကားကို
ကြားလိုက်ရတော့ . .
သားလေးရယ် . .
မေမေ ဒီနေ့ သားကို ပြူမူလိုက်တဲ့ အမူအရာအတွက်
မေမေ တောင်းပန်ပါတယ်ကွယ်။
သားကို မေမေ
အဲလို မအော်သင့်ပါဘူးလို့ပြောတော့
သားလေးက
ရပါတယ် မေမေရယ်။
မေမေ့ကို သားချစ်တယ်တဲ့။

သားရယ် မေမေကလည်း
သားကို ချစ်ပါတယ်။
နောက်ပြီး
သားလေး ခူးပေးတဲ့
ဒီအပြာရောင်ပန်းလေးကိုလည်း
မေမေ အရမ်းကြိုက်ပါတယ်ကွယ်လို့
သားကို ပြန်ပြောလိုက်တယ်။

ဒီစာစုလေးမှာ
ကျွန်ုပ်တို့အတွက်
သင်ခန်းစာ ရလိုက်တာကတော့ . .
ကျွန်ုပ်တို့ဟာ
ကျွန်ုပ်တို့နဲ့ မရင်းနီးတဲ့
သူစိမ်းတွေအပေါ်မှာဆိုရင်
ယဉ်ကျေးချိုသာစွာ
ဆက်ဆံတတ်ပေမယ့်
ကျွန်ုပ်တို့
ချစ်ခင်တဲ့လူတွေအပေါ်မှာတော့
ကြမ်းကြမ်းတမ်းတမ်း
ဆက်ဆံမိတယ်ဆိုတာကို
မီးမှောင်းထိုးပြနေခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့်
ကျွန်ုပ်တို့ ချစ်ရတဲ့သူတွေနဲ့
ဆက်ဆံတဲ့အခါမှာလည်း
ယဉ်ကျေးချိုသာစွာ
ပြောဆိုဆက်ဆံခြင်းဖြင့်
ကျွန်ုပ်တို့ရဲ့
မိသားစု ဆက်ဆံရေးကို
ပိုမိုကောင်းမွန်လာအောင်
ပြုပြင်ကြရအောင်လို့ ပြောပါရစေ။

...ဓမ္မရင်ခွင်ဆရာတော်

Photos from Channel Distribution Yangon's post 08/10/2022

*စားပြီးရင်း စားချင်*
လို့ နာမည်ပြောင်းရင် ကောင်းမလားး☺️☺️

Photos from Channel Distribution BKK's post 05/10/2022

မြန်မာမှ ချစ်သောCustomerများသို့ သတင်းကောင်းပါးအပ်ပါတယ်ရှင်

Photos from Channel Distribution Yangon's post 05/10/2022

သီတင်းကျွတ် လဖြစ်တဲ့ အောက်တိုဘာလ တစ်လလုံးအတွက် #မယ်မင်းကြီးမမ က ပါရမီဖြည့်ပြီးကုသိုလ်ပါဝင်ပါမယ်ရှင် 🙏
👉မုန့်ဟင်းခါးအနှစ်ထုတ် ၄ ယောက်စာအကြီး / ရခိုင်မုန့်တီအနှစ်ထုတ် ၄ ယောက်စာအကြီး ၁၀ ထုတ် ဝယ် အကြီးတစ်ထုတ်မေတ္တာလက်ဆောင်ယူပါ
👉အထုတ်သေး ၁၀ ထုတ်ဝယ် အသေးတစ်ထုတ် မေတ္တာလက်ဆောင်ယူပါရှင်
💕ပြည်တွင်းပြည်ပ စားဖူးသူတိုင်း အကြိုက်တွေ့ပြီး ထပ်ခါထပ်ခါမှာစားတဲ့ #မယ်မင်းကြီးမမ က ဂုဏ်ယူစွာနဲ့ ဆက်လက်ရောင်းချပေးနေပါတယ်ရှင်

ပြည်တွင်းဈေး ပြည်ပဈေးအတွက်ဈေးလေးတွေကို သိရှိရန်အောက်ပါ Link များကိုနှိပ်ရျ် စုံစမ်းနိုင်ပါတယ်ရှင်

https://www.facebook.com/heleneithinzar/

https://www.facebook.com/channeldistributionbkk

ထိုင်းနိုင်ငံတွင်း ရရှိနိုင်သောနေရာများ
https://www.facebook.com/profile.php?id=100013505891940

https://www.facebook.com/KyawKaung139

03/10/2022

🥘 လူ(၁၀၀)စာ မုန့်ဟင်းခါး အိုးကြီးချက်နည်း 🥘

နည်းလမ်း(၁)

လမ်းထဲ ရပ်ကွက်ထဲ စတုဒီသာ အလှူလုပ်ချင်တဲ့အခါ လူအနည်းစာတော့ ချက်တတ်ကြပေမယ့် အများကြီးစာအတွက်ဆို ပါဝင်ပစ္စည်းအချိုးအစား မသိကြတာမျိုး ကြုံလေ့ရှိပါတယ်………

ဒါကြောင့် အလှူလုပ်ချင် တဲ့ အခါလဲ ကိုယ်တိုင် ဝယ်ပြီး ချက်လို့ရအောင် လူအများစာအတွက်
ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ် …….

လူ(၁၀၀)စာအတွက်

ပါဝင်ပစ္စည်းအချိုးအစား 🔸🔸🔸🔸

- မုန့်ဖတ် (၃၀)ပိသာ
- ငါး (၁၂)ပိသာ
- ဆီ (၅)ပိသာ
- အချိုမှုန့် (၁)ထုပ်
- ကြက်သွန်နီ (၅)ပိသာ
- ကြက်သွန်ဖြူ (၇၅)ကျပ်သား
- ဂျင်း (၅၀)သား
- ငရုတ်ပွ (၂၅)သား
- ငရုတ်စိမ်းမှုန့်(အရောင်တင်မှုန့်) (၂၅)သား
- ကုလားပဲဆန် (၂)ပိသာ
- ဆန်မှုန့် (၁)ပိသာ
- စပါးလင် (၁၀)ပင်
- ငှက်ပျောပင် (၄)ပင်ခန့်
- ဘဲဥ (၅၀)လုံး
- နံနံပင် (၁)ပိသာ
- ရှောက်သီး (၁၀)လုံးခန့်
- ငံပြာရည် (၁)ပုလင်း
- ဆား (၃)ထုပ်ခန့်

ချက်ပြုတ်နည်း 🔸🔸🔸🔸

၁။ ပထမဆုံး ငါးတွေကို ခေါင်းတွေဖယ် ခုတ်ထစ် ပြီး ဆားများများ ငံပြာရည် အချိုမှုန့် နနွင်းမှုန့် စတာတွေနဲ့ နယ်ပြီနှပ်ထားပါမယ်။

၂။ ပြီရင် အိုးကြီးတစ်လုံးအောက်ခြေမှာ စပါးလင် ၅ပင်ခန့်ဖြန့်ခင်းပါ။ ပြီးရင်ငရုတ်အပွတောင့်တွေရေဆေးပြီးစပါးလင်ပေါ်ထပ်ပီး ဖြန့်ခင်းရပါမယ်။
စပါးလင်နှင့် ငရုပ်အပွတောင်း တတွအပေါ်မှာ ငါးတွေကိုစီထည့်ပြီး ပြုတ်ပါမယ်။


၃။ အရိုးနူးပြတ်ရင်တော့ ပိုကောင်းပေမယ့်
အချိန်ကြာမှာဖြစ်လို့ အိုးထဲကနေ စပါးလင် ငရုတ်သီး အနံ့နဲ့ငါးပြုတ် ငံပြာရည်အနံ့တွေလှိုင်တက်လာအောင်ပြုတ်ပါမယ်။

၄။ ငါးပြုတ်အသားကျက်ပြီး မာမာတင်းတင်း ဖြစ်သွားရင် အရိုးနွင်ပါမယ်။ အရိုးနွင်တဲ့အခါ ငါးအသားတွေကို နနွင်းမှုန့် နဲ့နယ်ပြီး အနည်းငယ်စီလုံးပြီး အရိုးရှာရပါမယ်။

၅။ နနွငိးဝါဝါကြားမှာ အရိုးဖြူဖြူလေးတွေမို့လို့
နွင်လို့လွယ်ပါတယ်။ တစ်ဖက်မှာလည်း ငါးပြုတ်ပြီးရင် ပဲဆန်တွေကိုနူးအိနေအောင်ပြုတ်ထားရပါမယ်။

၆။ နူးသွားရင် လက်ဆုံနဲ့ပဲထောင်းထောင်း ဇကာနဲ့ပဲ တိုက်တိုက်အဆင်ပြေသလို အနှစ်ရအောင်လုပ် ထား ပါမယ်။

၇။ ငါးပြုတ်အိုးထဲက ငရုတ်ပွတောင့်တွေကို
ညက်နေအောင်ထောင်းရပါမယ်။
ငါးပြုတ်ရည်တွေကိုလည်း အိုးတစ်လုံးထဲသေချာ
စစ်ထည့်ထားရပါမယ်။

၈။ ကြက်သွန်နီ ၃ပိသာခန့်လှီးထားပါမယ်။
ကြက်သွန်ဖြူကိုလည်း အခွံခွါပြီးကြိတ်ထားပါ။
ဂျင်းလည်းအခွံနွာပြီးထောင်းထားရပါမယ်။
စပါးလင် ၅ပင်ခန့်လည်း ပါးပါးလှီးပြီးထောင်းထားပါ။

၉။ အားလုံးပြီးရင်တော့ ငါးဆီသတ်ပါမယ်။
ဒယ်တစ်ခုထဲကို ဆီများများထည့်ပြီး ငရုတ်သီးထောင်း ထားတာရော ငရုတ်အရောင်တင်မှုန့်ရေဖျော်တာရော ထည့်ပြီးဆီသတ်ပါမယ်။

၁၀။ ငရုတ်သီးကျက်လောက်ရင် ကြက်သွန်နီ ဖြူ ဂျင်း စပါးလင် ထည့်ကြော်ပါမယ်။
ခဏကြော်လို့အနံ့မွှေးလာရင် ငါးအရိုးထွင်ပြီး
သိပ်ထားတာတွေထည့်ကြော်ပြီး ဆီသတ်ရပါမယ်။

၁၁။ ငါးဆီသတ်တာ အဓိကပါ။ အိုးမကပ်အောင်
မပြတ်မွှေပေးနေရပြီးတော့ ငါးအသားတွေနဲ့ ဆီ ငရုတ်သီး ကြက်သွန်တွေ လုံးပြီး အနံ့တွေမွှေးကြိုင်လာပြီဆို ချလို့ရပါပြီ။

၁၂။ ဆီသတ်ကြော်တာနည်းရင် မုန့်ဟင်းရည်က ငါးပြုတ်အနံ့ကြီးထွက်ပြီး သိပ်မမွှေးသလို ကြော်တာများသွားရင်လည်း မုန့်ဟင်းရည်ထဲမှာ ကြက်သွန် ကြော်ဖတ်တွေက မပျော်သွားဘဲ ပေါလော ပေါ်နေတတ်တယ်။ အဲဒါကြောင့် အကြော်များလို့ မရသိလို
နည်းလို့လည်းမရပါ။

၁၃။ ငါးအသားတွေလုံးပြီး ကြက်သွန်ဖတ်တွေလည်း အိနေပြီးတော့ ငါးဆီသတ်အနံ့မွှေးလာတဲ့အချိန်ကို ချိန်ဆပြီးချရပါမယ်။

၁၄။ အဲဒီမွှေးကြိုင်နေတဲ့ ငါးဆီသတ်က မုန့်ဟင်းခါးရဲ့အသက်ပါ။ ပြီးရင်တော့ ဟင်းရည်စချက်လို့ရပါပြီ။ ရေထမ်းပုံး ၄ပုံးလောက်ဆံ့တဲ့ ဒန်အိုးကြီး ရေ ၃ပုံး ခွဲခန့် ထည့်ပြီးကျိုထားပါ။

၁၅။ ဆူလာရင် ငါးပြုတ်အိုးထဲမှာကျန်ခဲ့တဲ့
ငါးပြုတ်ရည် ရယ် ပဲဆန်ထောင်းထားတာရယ် ဆန်မှုန့် ရယ်ထည့်ပြီး မွှေပေးနေရပါမယ်။
ဆန်မှုန့်က ကပ်တတ်လို့ အောက်ခြေခြစ်ပြီးမွှေပေးပါ။

၁၆။ ခဏကြာလာရင်တော့ ငါးဆီသတ်ထားတာတွေလောင်းထည့်ပြီး ခဏမွှေပြီး အဖုံးအုပ်ထားပါ။
မွှေးကြိုင်နေတဲ့ မုန့်ဟင်းရည်အနံ့စရပါပြီ။

၁၇။ ဘဲဥပြုတ်ပြီး စိတ်ထည့်ပါ။
ဟင်းရည် အပျစ် အကျဲ အပေါ့ အချို အငံ လိုသလိုညှိပါမယ်။ ကြာကြာတည်ထားမှ ငါးဆီသတ်သား ရော ဆန်မှုန့်ရော ပွလာပြီး ဟင်းရည်က ခပ်ပျစ်ပျစ် လေး ဖြစ်လာမှာပါ။


၁၈။ ချခါနီးရင်တော့ ငှက်ပျောပင်လှီးထည့်ပါ။ကြက်သွန်နီ အလုံးလိုက်(၁)ပိသာလောက်ထည့်ပါ။
ဟင်းရည်လည်း အနေတော်ကြက်သွန်နီ ငှက်ပျော
ပင် တွေလည်း နူးလာပြီး ဂျင်း စပါးလင် အနံ့တွေနဲ့ မွှေးကြိုင်နေတဲ့ မုန့်ဟင်းခါး ကောင်းကောင်း တစ်အိုးရပါပြီ။
Credits to Op
********************************

နည်းလမ်း(၂)

ရေထမ်းပုံး ၄ပုံးလောက်ဆံ့တဲ့ ဒန်အိုးကြီး ရေ ၃ပုံး ခွဲခန့် ထည့်ပြီးကျိုထားပါ။ ဆူလာလျှင် မယ်မင်းကြီးမမ မုန်ဟင်းခါးအနှစ် ၄ယောက်စာ (၂၀) ထုပ်ဖောက်ထည့်ပြီး ၅မိနစ်ခန့် မွှေပါ။

ကြက်သွန်ဖြူ ဆီချက်၊ နံနံပင်၊ ငရုတ်သီးမှုန့်စပ်စပ်လေးနဲ့ မိမိကြိုက်နှစ်သက်ရာ အကြော်ကို ထည့်ပီး သုံးဆောင်နိုင်ပါတယ်😋😋😋
်မင်းကြီးမမ

28/09/2022

#ကုလားမservice က ညွှန်းထားတဲ့ ရွှေမြန်မာတွေ အတွက် အချိန်ကုန်သက်သာ သန့်ရှင်းလတ်ဆတ်ပြီး အရသာကတော့ စားပြီးရင် စားချင်နေရင် အပြစ်မတင်နဲ့နော်💕
💕အပိုပြောလား မပြောလား စားကြည့်မှ အသိနောက်ကျတယ် လို့ ထင်မိမယ် 💕
💕ငှက်ပျောအူဖတ် အများကြီးနဲ့အနံ့အရသာရှိတဲ့ မြန်မာ့အရသာစစ်စစ် #မယ်မင်းကြီးမမမုန့်ဟင်းခါး
💕ပူပူစပ်စပ်နဲ့ အရသာပြောစရာမလိုတဲ့ #မယ်မင်းကြီးမမရခိုင်မုန့်တီ

အောက်ပါ link များကို နှိပ်ရျ်လဲ မှာယူနိုင်ပါတယ်ရှင်
https://www.facebook.com/heleneithinzar/

https://www.facebook.com/channeldistributionbkk

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Other Fashion Models in Yangon (show all)
ဖောင်းဒိုင်း မြန်မာ ဖောင်းဒိုင်း မြန်မာ
Yangon

ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်း

Hsu Yi Win Hsu Yi Win
Hanthawaddy Street
Yangon

Think positive

2001 2001
Yangon

🪐FASHION COLLECTION 🪐

milo's aesthetic vibes milo's aesthetic vibes
Bahan Sayrsan Road
Yangon, YANGON

viber-09791960369cbမသုံးတဲ့သဲလေးတွေအတွက် preorder ဆိုfull prepaidပါနော် instockရတာတွေဆိုygn/mdy cod

Esctasy brew Esctasy brew
Yangon

Bhone Shain Wa Bhone Shain Wa
Bo Oake Ta Ma Street
Yangon, 11261

� သားသားက မင်းသား ဖြစ်ချင်တာပါ ခဗျ � � သားကို ချစ်ပေး အားပေးပါအူး ခဗျ �

Pwint Oo ပိုးထည်/ချည်ထည် Pwint Oo ပိုးထည်/ချည်ထည်
အမှတ်38. 39. 40. 41/30ရပ်ကွက်ဘုရင့်နောင်လမ်းဒဂုံရွှေပြည်ဈေးမြောက်ဒဂုံ
Yangon, 11421

ပွင့်ဦးပိုးထည်/ချည်ထည်လက္ကားဒိုင်

Tetar May Moe Tetar May Moe
Yangon

Pageလေးကို Like & See Firstလုပ်ပေးသွားကြပါအုံးရ?

MyatThet Online factionstore လက်ကားသီးသန့်ဒိုင် MyatThet Online factionstore လက်ကားသီးသန့်ဒိုင်
Yangon, YANGON

အကောင်းဆုံးအရည်သွေးကိုသာရောင်းချပေးပါသည်

Tha Zin Oo / သဇင်ဦး Tha Zin Oo / သဇင်ဦး
Yangon

သဇင့် ရဲ့ page အသစ်လေးပါ ���

Su Myat Su Myat
Ahlone Street
Yangon, 11121

Welcome to my heart

ASA Myanmar ASA Myanmar
Yangon

online sales