Forward Myanmar Institute - FMI
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Forward Myanmar Institute - FMI, Nonprofit Organization, Gadamar Street, Yangon.
We have reinvented as a non profit organization for continuing education for electrical, electronic, mechatronic, embedded and control, and IT and computer science students in Myanmar.
Webinar အချိန်လေးတွေ ပြင်ဆင် သတ်မှတ်ထားပါတယ်နော်။
Intensive training program ရဲ့ interviewကတော့ 25ရက်နေ့၊ ညနေ 6နာရီမှာဖြစ်ပြီး၊
Webinars for EC students (also including other majors) ကတော့ 28ရက်နေ့၊ ညနေ 6နာရီမှာဖြစ်ပါတယ်။
Webinar တက်ရမယ့် Zoom link လေးကိုတော့ အဲ့နေ့မတိုင်ခင် တစ်ရက်ကြိုတင်ပို့ပေးသွားမှာ ဖြစ်ပါတယ်။
ရည်မှန်းချက်တွေ တစ်ဖန်ပြန်လည်ရှင်သန်လာဖို့ အတွက် ဘယ်လိုပြန်ပြီးကြိုးစားရမလဲဆိုတာ
သာယာအေးချမ်းတဲ့ ညနေခင်းအချိန်လေးမှာ အတူတူစဉ်းစားကြရအောင်။
ပြီးတော့ အားလုံး ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေး ဖြစ်ပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ်။
Program Director
Forward Myanmar Institute - FMI
“မင်္ဂလာရှိတဲ့ သီတင်းကျွတ်လပြည့် ဝါ အဘိဓမ္မာအခါတော်နေ့ ညနေခင်းလေးမှာ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ” ကျွန်မတို့ Forward Myanmar Institute - FMI မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။
John Saik Studio. (n.d.). Thadingyut [Video]. YouTube. https://www.youtube.com/watch?v=tR5hlpvtYsg
We are proud to announce that you all proceeded to interview. The purpose of the interview is to ensure whether you can really give time and try your utmost. If you can guarantee these two, you can start learning together with us.
The interview will be on 18:00, October 25th via Zoom online meeting platform. The meeting link will be provided in advance on that day.
Wishing you all the best with your studies,
Program Director
Forward Myanmar Institute - FMI
Intensive Training Program လေးလျှောက်လို့ရပါသေးတယ်။
Major - EC
First year to final
Duration : as long as you can be said to have qualifiedပါပဲ။
သင်တန်းသားတွေခေါ်ယူပြီး skillsတခုလောက်ကိုပဲ trainingပေးလိုက်တဲ့ course လဲ မဟုတ်ပါဘူး။
ကျောင်းသူကျောင်သားတွေအတွက် Right view ရအောင်၊ right path ပေါ်ရောက်အောင် လမ်းကြောင်းပေးမယ့်ဟာမျိုး ဖြစ်ပါတယ်။
ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ထူးချွန်ရင် ထူးချွန်သလို အကျိုးခံစားခွင့်ရမှာ ဖြစ်ပါတယ်။
ဥပမာ ခေတ်ကောင်းလို့ တက္ကသိုလ်တွေ ပြန်ဖွင့် လို့ Thesis တွေ၊ projectsတွေ လုပ်တဲ့အခါမှာ ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။
ပြီးရင်လဲ နိုင်ငံခြားတက္ကသိုလ်တွေကနေ ပေးတဲ့ နိုင်ငံတကာ အသိအမှတ်ပြု certificatesတွေရအောင် ကူညီပံ့ပိုးပေးမှာလဲ ဖြစ်ပါတယ်။
အဲ့တော့ long process ကြီး ဖြစ်တဲ့အတွက် တကယ်အချိန်ပေးနိုင်မယ့်သူ၊ တကယ်ကို လိုက်လုပ်နိုင်မယ့်သူတွေကိုပဲ လျှောက်စေချင်ပါတယ်။ တယောက်တယောက်ကို train ပေးရတာ ကျွန်တော်တို့မှာ အရင်းအနှီးအရမ်းကြီးလို့ပါ။ အလုပ်လုပ်ရမယ့် အချိန်တွေလဲ အများကြီး ဖဲ့ပေးရတာ မို့လို့ပါ။
📌📌 Training ပေးမယ့်ပုံစံ
အပတ်တိုင်း အောက်ပါ process က လှည့်နေမှာ ဖြစ်ပါတယ်။
Day 1 - study
Day 2 - study
Day 3 - study
Day 4 - presentation and discussion
Day 5 - Revise
တပတ်ပြီး တပတ် topics တခုကို လေ့လာသွားရမှာ ဖြစ်ပါတယ်။
📌📌 Roadmap
ပထမအဆင့်အနေနဲ့ fundamental concepts တွေ၊ principlesတွေကို solid foundationရအောင် သင်ပေးမှာဖြစ်ပြီး၊ ဒုတိယအဆင့်အနေနဲ့ Research လမ်းကြောင်းကို ရောက်အောင် ပျိုးထောင် ပေးမှာပဲဖြစ်ပါတယ်။
📌📌 Skills you will learn
- Problem solving
- Logical thinking
- Analytical ability
- Mathematical ability
- Creativity
- Communication sills စတာတွေဖြစ်ပါတယ်။ Academic မှာ ထူးချွန်စေဖို့ ရည်ရွယ်ပါတယ်။
📌📌 For whom?
အချိန်ကို ကောင်းစွာ အသုံးချချင်တဲ့သူတွေ၊
Electronic Engineering/ Control Engineering ဘာသာရပ်တွေမှာ ကျွမ်းကျင်ချင်တဲ့သူတွေ၊
နောက်တချိန်မှာ Scholarshipကောင်းကောင်းရပြီး ကျောင်းတက်ချင်တဲ့သူတွေ၊
Research Paper ရချင်တဲ့သူတွေ၊
နောက်တချိန် academic researchလမ်းကြောင်းကို ဆက်သွားချင်တဲ့သူတွေ၊
📌📌 Requirements :
ဘယ် Background knowledgeကိုမှ မတောင်းသလို၊ ကျွမ်းလဲ ကျွမ်းကျင်နေဖို့ မလိုပါဘူး၊
ဒါပေမယ့် အချိန်ပေးနိုင်တဲ့သူ ဖြစ်ရပါမယ်။
သိလိုစိတ် အရမ်းပြင်းထန်ပြီး အရမ်းကြိုးစားနိုင်တဲ့သူ ဖြစ်ရပါမယ်။
အကျိုးအကြောင်း ဆက်စပ်တွေးခေါ်နိုင်ဖို့ လိုပါတယ်။
📌📌 Benefits :
မျှော်လင့်ထားတာထက် ပိုရပါလိမ့်မယ်လိုပဲ ပြောချင်ပါတယ်။
အပေါ်က for whom မှာ ပါတဲ့အတိုင်း ဖြစ်အောင် ကိုယ်တွေအနေနဲ့ အချိန်ပေးပြီး ပျိုးထောင်ပေးသွားမှာပါ။
📌📌 Unsuitable for :
- Those who want to make money or earn money
- Short term ကိုပဲ စိတ်ဝင်စားတဲ့သူတွေ၊
- အချိန်မပေးနိုင်တဲ့သူတွေ
📌📌 How to apply :
Resume တစောင်ရေးပြီး
[email protected]ဆီသို့ ပို့ပေးရပါမယ်။
📌📌 Selection
Step 1
Selection via Resume
Deadline : 20.10.2021
--------------------------
Step 2
Written Test at 25.10.2021
--------------------------
Step 3
Interview at 30.10.2021
--------------------------
First step ရဲ့ Deadline ကတော့ 20.10.2021 တိုးပေးထားတဲ့အတွက် မြန်မြန်လျှောက်လေ အကောင်းဆုံးပါပဲ။
With best regards,
Training Program Director
Forward Myanmar Institute - FMI
Photo by Gabrielle Henderson on Unsplash
ကျောင်းမပြီးသေးလို့လဲ စိတ်ပူစရာမလိုတော့ပါဘူး၊
ကျောင်းပြီးပြီး အလုပ်အကိုင်ရှားပါးနေလို့လဲ စိတ်ပူစရာမလိုတော့ပါဘူး၊
စာသင်နှစ်တွေ နောက်ကျနေမှာကိုလဲ စိတ်ပူစရာမလိုတော့ပါဘူး၊
လမ်းပျောက်ပြီး ဘာကြိုးစားရမလဲမသိတော့တာမျိုးကိုလဲ စိတ်ပူစရာမလိုတော့ပါဘူး၊
နိုင်ငံခြားမှာတော့ အလုပ်လုပ်ချင်တယ် ဒါပေမယ့် အရည်အချင်းမည့်မှီမှာမျိုးကိုလဲ စိတ်ပူစရာမလိုတော့ပါဘူး၊
သင်တန်းတွေ၊ နိုင်ငံတကာအသိအမှတ်ပြု လတ်မှတ်တွေကိုလဲ ဈေးကြီးလို့ မတက်နိုင်တာမျိုးလဲ စိတ်ပူစရာမလိုတော့ပါဘူး။
ဟုတ်ပါတယ်။
ခုနေ ကျောင်းမပြီးသေးတဲ့သူပဲဖြစ်ဖြစ်၊
ကျောင်းပြီးသွားတဲ့သူတွေပဲ ဖြစ်ဖြစ်
ဒီ့ထက်ပိုပြီး အချိန်တွေထပ်မကုန်ရအောင်၊
အိမ်မှာနေရင်းကိုပဲ
ကုန်ကျစရိတ်သက်သက်သာသာနဲ့
နိုင်ငံတကာ အသိအမှတ်ပြု certificatesတွေ၊ diplomaတွေကို
ရယူနိုင်ဖို့ FMI ကနေ ကြိုးစားပြီး ကူညီပေးရပါစေ။
-- အဲ့လို နိုင်ငံတကာအသိအမှတ်ပြု certificatesတွေ၊ diplomaတွေကို ရထားရင် ဘယ်လိုထူးလာနိုင်သလဲ၊
ဒီ certificates တွေ၊ diploma တွေအားလုံးက
နိုင်ငံတကာက တက္ကသိုလ်ကြီးတွေ၊ companyကြီးတွေကနေ ထုတ်ပေးတဲ့ဟာတွေမို့လို့
အရည်အချင်းမှီကြောင်း အာမခံချက် အပြည့်အဝရှိတဲ့အပြင်
ဘယ်နိုင်ငံပဲသွားသွား၊ ဘယ် companyမှာပဲလုပ်လုပ်
အလုပ်ရလွယ်ကူပြီး လစာကောင်းကောင်းနဲ့ ဝင်လုပ်လို့ရပါတယ်။
-- နိုင်ငံတကာအသိအမှတ်ပြုတာကတော့ ဟုတ်ပါပြီ ဒါပေမယ့် အဲ့ certificatesတွေ၊ diplomaတွေကို တက်နိုင်ပါ့မလား၊
ဟုတ်ပါတယ်။ ဒီမေးခွန်းက အရေးကြီးပါတယ်။ များသောအားဖြင့် နိုင်ငံတကာက ဟာတွေဆိုရင် အရမ်းဈေးကြီးပါတယ်။ ဒါပေမယ့်
လူတိုင်းနီးပါး အားလုံးတက်နိုင်တဲ့ အနေအထားရောက်အောင်
ကျွန်မတို့ FMI ကနေ ကူညီပေးမှာ ဖြစ်ပါတယ်။
-- FMI ကနေ ဘယ်လို support ပေးမှာလဲ၊
များသောအားဖြင့် ဒီနိုင်ငံတကာအသိအမှတ်ပြု certificatesတွေ၊ diplomaတွေက ရဖို့မလိုပါဘူး။ အရမ်းခက်ခဲပါတယ်။ တော်တော်လေး ကြိုးစားနိုင်မှ ရမှာဖြစ်ပါတယ်။
ဒါပေမယ့် ကျွန်မတို့ FMI ကနေ ကျေင်းသူကျောင်းသားတွေကို
ဒီ certificatesတွေ၊ ဒီ diplomaတွေ ဒီလက်မှတ်တွေရအောင် အစအဆုံးကူညီပေးသွားမှာ ဖြစ်ပါတယ်။
-- ဘယ်လိုအခြေခံတွေရှိဖို့လိုလဲ၊
တက္ကသိုလ် သို့မဟုတ် စက်မူ့လက်မူ့သိပ္ပံကျောင်းများမှ
First year ကနေနေး ဘွဲ့ရပြီးတဲ့သူတွေအထိ
အဆင့်လိုက် course တွေရှိပါတယ်။ မိမိရဲ့ level ပေါ်မှာ မူတည်ပြီး ကြိုက်နှစ်သက်ရာကို တက်ရောက်လို့ရပါတယ်။
-- ဘယ် Major တွေ အတွက် ရှိသလဲ၊
Electronic, Electrical, Mechatronic, Control, Embedded, Computer Science, industrial engineering စတဲ့ major တွေ courseတွေရှိပါတယ်။
-- ဘယ်လိုလူတွေအတွက် သင့်တော်ပါသလဲ၊
ကျောင်းပြီးပြီးတော့ အဆင့်မြင့်ပညာဘက်၊ Research ဘက်သွားလိုတဲ့သူတွေ၊ Scholarship လျှောက်ချင်တဲ့သူတွေ၊ ဒါမှမဟုတ် careerအတွက် improve ထပ်လုပ်ချင်တဲ့သူတွေ။
ဒါပေမယ့် ပညာရပ်ကို သေသေချာချာ လေးလေးနက်နက်လေ့လာသူတွေ၊ အခုကတည်းက အလုပ်ခွင်အတွက် ပြင်ဆင်ထားချင်တဲ့သူတွေ။
စက်မူ့လက်မူ့သိပ္ပံကျောင်းတက်ရောက်နေဆဲ ကျောင်းသူကျောင်းသားတွေ၊ ကျောင်းပြီး သွားတဲ့သူတွေ၊ technician jobs တွေ ပြင်ဆင်နေတဲ့သူတွေ။
------------------------------------------------------
ဒီအကြောင်းတွေရဲ့ အသေးစိတ်ကို online ကနေ ပွဲလေးလုပ်ပြီး ပြောပြပေးမှာဖြစ်လို့ စိတ်ဝင်စားရင် ဘယ်သူမဆို လွတ်လပ်စွာ တက်လို့ရပါတယ်။
ဒါ့ကြောင့် စာရင်းလေး ပေးသွင်းဖို့အတွက် ဒီ အောက်က link လေးမှာ ဝင်ပြီး ဖောင်ဖြည့်ပေးကြပါနော်။
ဘွဲ့မရသေးတဲ့သူတွေအတွက်
https://forms.gle/ku2815DYoUJioKgH8
------------------------------------------------------
ဘွဲ့ရပြီး သူတွေအတွက်
https://forms.gle/55zPhpQFrUU8Cncc6
------------------------------------------------------
(အရင်တခေါက်က ပေးသွင်းထားတဲ့သူတွေကတော့ ထပ်ပြီး ပေးသွင်းဖို့ မလိုတော့ပါဘူးနော်)
ဒီပွဲလေးကို zoom နဲ့ လုပ်သွားပေးမှာ ဖြစ်တဲ့အတွက်
Zoom Invitation link လေးကို email ကနေ ပို့ပေးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် Email လေးကိုတော့ မပါမဖြစ် ဖြည့်ပေးကြပါနော်။
ဒီပွဲလေးရဲ့ အချိန်ရယ်၊ နေ့ရက်လေးရယ်ကိုတော့ နောက်ရက်တွေကျရင် Page မှာ ထပ်ပြီး တင်ပေးပါ့မယ်နော်။
------------------------------------------------------
အားလုံး ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေး ဖြစ်ပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ်။
Program Director
Forward Myanmar Institute - FMI
ကျွန်တော်တို့တိုင်းပြည်က အင်ဂျင်နီယာ မိန်းကလေးတွေကရော
သူတို့လိုမျိုး ဒီတသက်မဖြစ်နိုင်တော့ဘူးလား။
လုံးဝကိုပဲ ဒီအိပ်မက်တွေကို စွန့်လွတ်လိုက်ရတော့မှာလား။
သိပ္ပံနှင့်နည်းပညာဟာ တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်လဲဖြစ်ပါတယ်။
ဒီတိုင်းပြည်က ကျွန်တော့်တို့လူငယ်မျိုးဆက်ကို အားကိုးပြီးနေနေရတာပါ။ ဒါ့ကြောင့် ကျွန်တော်တို့တတွေ တစ်ဦးချင်းစီကိုယ်၌က
ဒီအိပ်မက်တွေ စွန့်လွတ်လိုက်မယ်ဆိုရင် ဒီဆင်းရဲလှတဲ့တိုင်းပြည်က လုံးဝကို မျှော်လင့်ချက်တွေ ကင်းမဲ့သွားတော့မှာပါ။
နောက်တော့ ခေတ်စနစ်တွေ မကောင်းခဲ့လို့သာ ဒီလိုမဖြစ်လာခဲ့တာပါ။ ကျွန်တော်တို့ ညံ့လို့၊ အရေအသွေးမရှိခဲ့လို့မှ မဟုတ်တာ။
ဒါ့ကြောင့် ခုချိန်ကစပြီး ပြန်လည်နိုးထကြရအောင်ပါ။
ဒါမှ တိုင်းပြည်ကောင်းသွားတဲ့အချိန်ကျရင် ready ဖြစ်နေမှာပါ။
အထူးသဖြင့် မိန်းကလေးတွေက ပိုပြီးအားငယ်တက်ကြပါတယ်။
မဟုတ်ပါဘူး။ တကယ်ဆို တခုကိုတခုတည်း အာရုံစူးစိုက်ပြီး လုပ်ရမယ့်အလုပ်တွေမှာ မိန်းကလေးတွေက ပိုပြီးတော့တောင် သင့်တော်ကြတာပါ။ တခြား profession တွေထက်စာရင် Engineeringအလုပ်တွေက Real world complex problemsတွေ၊ cutting-edge technologiesတွေ၊ solutions တွေနဲ့ အမြဲထိတွေ့နေရတာမို့လို့
မိန်းကလေးတွေထဲမယ် Engineeringယူတဲ့ မိန်းကလေးတွေက အထက်မြတ်ဆုံးလို့တောင် ပြောလို့ရပါတယ်။ 😊😊
အခုနေ အားလုံးနီးပါး အနာဂတ်တွေပျောက်ပြီး စိတ်ဓာတ်တွေကျနေတာကို သိပေမယ့် "We are Engineers. We build the world. Nothing can stops us" လို့ပဲ ပြောချင်ပါတယ်။
ဒါ့ကြောင့် တချိန်တိုင်းပြည်ကို ပြန်ပြီးတည်ဆောက်ဖို့ အခုထဲက ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြပါ၊ လေ့လာကြပါ၊ ကိုယ်ရည်ကိုယ်သွေးကြပါလို့ ပြောပါရစေနော်။ ☺️☺️
ကိုယ့်ရဲ့ သူငယ်ချင်းတွေပါ motivation ပြန်ရသွားအောင် video လေးကြည့်ဖို့ mention ခေါ်လိုက်ကြရအောင်နော်။
အားလုံးပျော်ရွှင်စရာကောင်းတဲ့နေ့လေးဖြစ်ပါစေလို့လဲ
ဆုတောင်းပေးလိုက်ပါတယ်နော်။
Admin Team
Forward Myanmar Institute - FMI
Society of women engineers [Video]. (2017, January 9). YouTube. https://youtu.be/0l4nV2d0XMM
အင်ဂျင်နီယာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဘယ်အလုပ်ပဲလုပ်လုပ်
ဒီအချက်လေးချက်က မရှိမဖြစ်လိုလာပါပြီ။
အဲ့ထဲက အချက် တချက်ချက် ဖြည့်တင်းဖို့ လိုအပ်နေတယ်ဆိုရင်တောင် ဒီခေတ်အနေအထားနဲ့ဆိုရင် အများကြီး နောက်ကောက်ကျ ကျန်ခဲ့ပါလိမ့်မယ်။ အထူးသဖြင့် ဒီလို job requirementsတွေ တအားမြင့်တဲ့ခေတ်မှာ ကိုယ့်ဘက်က strong ဖြစ်နေမှ ရမှာပါ။
အဲ့ဝောာ့ ဘယ်လိုဟာတွေ ဖြည့်ထားရမလဲဆိုတော့
မရှိမဖြစ် နံပါတ် 1ကတော့ ကိုယ့်ရဲ့ မေဂျာပေါ့။ ကိုယ်က အဲ့တာနဲ့ လုပ်စားမှာကိုး။ ကိုယ့်ရဲ့မေဂျာ၊ ကိုယ်လေ့လာတဲ့ ဘာသာရပ်၊ အဲ့တာတွေအားလုံးက Englishစာမှပဲ အများဆုံးရှိနေတဲ့အတွက်
နံပါတ် 2 ကတော့ ဘာသာစကားပေါ့။
နံပါတ် 3 ကတော့ ဒီခေတ်မှာ အရာအားလုံးက နည်းပညာနဲ့ပဲ သွားနေတာဖြစ်လို့၊ မသုံးရင်လဲ မရ ရှောင်လွဲလို့လဲမရတဲ့ ခေတ်သစ်နည်းပညာတွေပါ။ နံပါတ် 4 ကတော့ ကိုယ့်ကိုယ်ကိုယ် ကိုယ်ရည်ကိုယ်သွေးဖို့ လိုအပ်တဲ့ skills တွေပေါ့။
ကဲ အဲ့အချက်တွေ ဖြည့်ရမယ်ဆိုတာကတော့ သိပါပြီ။
ဘယ်ဟာတွေကို ဘယ်အတိုင်းအတာအထိ ဖြည့်ရမလဲ၊
ဘယ်လို တဆင့်ပြီး တစ်ဆင့် ဖြည့်သွားရမလဲ
ဆိုတဲ့ roadmap ရှိဖို့ လိုပါ သေးတယ်။ ကိုယ့်အတွက် အာမခံချက်ပေးနိုင်တဲ့ roadmapမျိုး ကိုယ့်မှာ မရှိသရွေ့ကတော့ အရင်ကလို ကြိုးစားပြီး အရာမရောက်ရတာတွေပဲ ဆက်ဖြစ်နေဦးမှာပါပဲ။
အရင်ကဆို ဒီလို skills တွေ ဖြည့်ရမယ်ဆိုတာ မသိခဲ့တာရယ်၊ roadmap ကောင်းကောင်းမရှိခဲ့တာရယ်အပြင်
အလွတ်ကျက် စနစ်နဲ့ပဲ သွားခဲ့ကြတော့ ကျွန်တော်တို့တွေရဲ့ ပညာရေးက နိမ့်ပါးသွားခဲ့ရပြီး ကျွန်တော်တို့ ဘဝတွေကလဲ အောက်ခြေ အလုပ်သမားလူတန်းစား ဘတကနေ တက်ကို မတက်နိုင်တော့ပါဘူး။ အဲ့အောက်ခြေ အလုပ်ကိုတွေတောင် လစာနဲ့ မတန်မရာတွေ ခိုင်းခံရတာကိုလဲ အားလုံးသိနေကြပြီး ဖြစ်ပါတယ်။ အဲ့လို မတန်မရာ ခိုင်းမှန်း သိနေတာတောင် အဲ့အလုပ်တနေရာအတွက် လူတွေအများကြီး ပြုံလျှောက်နေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ခေတ်ပျက်တော့ ပိုဆိုးသွားတာဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကြီးတခုလုံးက ပြုပြင်ပြောင်းလဲဖို့ ကြာပေမယ့်
ရေရှည်အတွက်ကို ကြည့်ပြီး ကျွန်တော်တို့ ပြန်ကြိုးစားသင့်ပါတယ်။ ဒါပေမယ့် အစကနေ ပြန်လေ့လာရမယ်ထင်ပြီး
ကြောက်နေဖို့ မလိုပါဘူး။ အကုန်အစကနေ ပြန်လေ့လာစရာလဲ မလိုပါဘူး။ အခုချိန်က စပြီး လေ့လာတဲ့ ပုံစံတွေ ပြောင်းပစ်ဖို့ပဲ လိုတာပါ။
EC, EP, MC, IT စတဲ့ အင်ဂျင်နီယာကျောင်းသူကျောင်းသားတွေအတွက် ကျွန်တော်တို့ FMI ကနေ အာမခံနိုင်တာ တခုကတော့ ဒီ Skills တွေကို တကယ်လဲသိ၊ တကယ်လဲတက်အောင်
Roadmapကောင်းကောင်းနဲ့ လမ်းပြပေးသွားမှာ ဖြစ်ပါတယ်။
ကျောင်းတက်နေတဲ့သူတွေရော၊ ကျောင်းပြီးသွားတဲ့သူတွေရော
အကုန်ကျုံးဝင်မှာ ဖြစ်ပြီး၊ နည်းပညာတက္ကသိုလ်တွေသာမက ကွန်ပြူတာတက္ကသိုလ်တွေနဲ့ စက်မူ့လက်မူ့ သိပ္ပံကျောင်းသူကျောင်းသားတွေပါ ပါဝင်နိုင်အောင်လို့လဲ ကြိုးစားပေးသွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့တွေဟာ အားတက်စရာတွေပဲ ပြောပြီး လမ်းကြောင်းမချပေးတာမျိုး ရှိမှာမဟုတ်ပါဘူး။ Motivation တွေတော့ရပါရဲ့ သို့သော် ကြိုးစားရမယ့် လမ်းကြောင်းမရှိတဲ့အခါ
အားလုံးက လွယ်လင့်တကူပဲ ပျက်ပြယ် သွားရပါတော့တယ်။
မပျက်ပြယ်တာက roadmapပါ။
ဒါ့ကြောင့် ဒီ roadmap ကို အလေးပေးပြီး ပြောနေရချင်း ဖြစ်ပါတယ်။
ဒါကြောင့် ကျောင်းသူ၊ ကျောင်းသားတွေအတွက် အာမခံချက်ပေးနိုင်တဲ့ roadmapကောင်းကောင်းကို ချပြပေးနိုင်ဖို့အတွက်
ကျွန်တော်တို့တွေ သေချာပြင်ဆင်နေရခြင်းဖြစ်ပါတယ်။ မကြာခင်မှာ သတင်းကောင်းလေးတွေ ကြားရတော့မှာဖြစ်တဲ့အတွက် စောင့်မျှော်ပေးကြပါလို့ ပြောချင်ပါတယ်။
အားလုံး ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေး ဖြစ်ပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ်။
Program Director
Forward Myanmar Institute - FMI
ဒီ Dashboard လေးကတော့ Free Webinarsအတွက် Registration လုပ်ပေးသွားတဲ့ EC က ညီလေး၊ ညီမလေးတွေရဲ့အချက်အလက်လေးတွေကို live ပြပေးနေတာ ဖြစ်ပါတယ်။
ဒီ link လေးကို ဝင်ပြီး နောက်ဆုံး update အဖြစ်ဆုံး data ကို ဝင်ကြည့်လို့ရပါတယ်။
https://datastudio.google.com/s/pdn6Z6cyt8A
ကျောင်းပြီးသွားတဲ့ senior အကို အမတွေအနေနဲ့ လေ့လာစရာတွေနဲ့ ပတ်သက်ပြီး သိပ်စိုးရိမ်စရာမရှိတော့ပေမယ့်၊
ကျောင်းမပြီးသေးတဲ့ junior လေးတွေကတော့ စာသင်နှစ်တွေ ရပ်နားထားရတာ တစ်နှစ်ခွဲကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။
2020 March လ Covid စဖြစ်ကတည်း ဖြစ်ပါတယ်။
ဒီကြားထဲသေချာလေး guidelinesပေးမယ့်သူတွေ မရှိတာကြောင့်ရယ်၊ တိုင်းရေးပြည်ရေးအခြေအနေကြောင့်တွေရယ် ကလေးတွေအကုန်လုံး လမ်းတွေပျောက်ရပါတော့တယ်။
ဒါကြောင့် အချိန်တွေ ဒီ့ထက်မဆုံးရူံးရအောင်၊
တကယ်လဲ ကိုယ့်အတွက် အကျိုးရှိအောင်
အိမ်မှာနေရင်းကိုပဲ
Quality Education ရဖို့အတွက် လမ်းကြောင်းလေးပေးချင်လို့
ဒီ webinar လေးကို လုပ်ပေးရခြင်းဖြစ်ပါတယ်။
အားလုံးကိုလဲ ပါဝင်စေချင်ပါတယ်။ ကလေးတွေရဲ့ အချိန်တွေ၊ ညီငယ်၊ ညီမငယ်တို့ရဲ့ အချိန်တွေကို ထပ်မကုန်စေချင်လို့ပါ။
ဒီ webinarလေးရဲ့ အသေးစိတ်ကိုတော့ ဒီ post မှာရေးထားပါတယ်။ https://www.facebook.com/100714609027916/posts/116567724109271/
ဝိုင်းဝန်းပြီး share ပေးတဲ့သူ အားလုံးကိုလဲ တကယ်ကို ကျေးဇူးတင်ပါတယ်။ 💙💚💜
ကောင်းသောနေ့လေး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။
Admin Team
Forward Myanmar Institute - FMI
ဒီတခါမှာတော့ ပညာသင်နှစ်တွေ ဆုံးရှုံးနေရတဲ့
EC ကျောင်းသူကျောင်းသားတွေအတွက်
အခုလိုအချိန်မှာ အချိန်တွေထပ်ပြီး မဆုံးရှုံးရအောင်
EC နဲ့ဆိုင်တဲ့ ပညာရပ်တွေကို
ဘယ်လိုလေ့လာသွား သင့်လဲဆိုတာကို
ဆွေးနွေးပေးမယ့် online အစီအစဉ်လေးဖြစ်ပါတယ်။
အခုဆိုရင် စာသင်နှစ်တွေ ရပ်ထားရတာ တစ်နှစ်ခွဲကျော်လာတဲ့အချိန်မှာ တခြား Civil တို့၊ IT တို့မှာ တက်ရောက်လေ့လာစရာ သင်တန်းကောင်းကောင်းလေးတွေ ရှိကြပေမယ့်၊
ကိုယ်တွေ EC ကျောင်းသူ ကျောင်းသားတွေအတွက်ကြတော့
EC နဲ့ ဆိုင်တဲ့ သင်တန်းတွေက ဒီတိုင်းပြည်မှာ ရှားတာမို့လို့
ကျောင်းသူ၊ ကျောင်းသား တော်တော်များများ ခဗျာ
ဘာလေ့လာလို့ လေ့လာရမှန်းမသိတော့ပဲ
လမ်းတွေ ပျောက်ကြရပါတော့တယ်။
ရှိတဲ့သင်တန်းလေးတွေကလဲ skill တခု နှစ်ခုလောက်ကိုပဲ
ရည်ရွယ်ပြီး သင်ပေးကြတာမို့လို့
တကယ် EC သမားတယောက်အနေနဲ့ မလုံလောက်တော့
ပိုဆိုးပါတယ်။
နဂိုကတည်းကမှ အလုပ်အကိုင် ရှားပါးတဲ့
major လဲ ဖြစ်တဲ့အပြင် ဒီလိုတွေပါ ရပ်ထားလိုက်ရတော့ ကျောင်းသားကျောင်းသူတွေခဗျာ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားကြရပါတော့တယ်။
ဒါကြောင့် အချိန်တွေ ထပ်မကုန်ရအောင်၊
ခေတ်ပြန်ကောင်းတဲ့အချိန် နေရာကောင်းတခုမှာ
အလုပ် ကောင်းကောင်းရအောင်
ခုနေ အိမ်မှာနေရင်း ဘယ်လိုမျိုး ဟာလေးတွေ လေ့လာရမလဲ၊
ဘယ်လိုမျိုးလေးတွေ ပြင်ဆင်ရမလဲ စတာတွေကို
အကိုတို့က ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
မိမိသိလိုတာမှန်သမျှကိုလဲ လွတ်လပ်စွာ မေးလို့ရဖြစ်ပြီး
အကိုတို့၊ အမတို့က ညီလေးတို့၊ ညီမလေးတို့ တယောက်ချင်းစီ သိလိုသမျှကိုလဲ သေချာလေးဖြေပေးသွားမှာ ဖြစ်ပါတယ်။
အရမ်းကို အကျိုးရှိတဲ့ ဆွေးနွေးပွဲလေး တခုဖြစ်လို့
တက်ရောက်ဖို့အတွက် တိုက်တွန်းပါတယ်။
ဘယ်သူတွေတက်လို့ရလဲဆိုတော့
First yearကနေ Final Year အထိ၊
AGTI ပဲ ဖြစ်ဖြစ် နည်းပညာတက္ကသိုလ်တွေကပဲ ဖြစ်ဖြစ်
အားလုံး လွတ်လပ်စွာ တက်လို့ရတာ ဖြစ်ပါတယ်။
Registration form လေးကိုတော့ ဒီအောက်က link လေးမှာ ဝင်ပြီး ဖြည့်ပေးကြပါနော်။
https://forms.gle/sXf # #
ဆွေးနွေးပွဲလေးကို zoom နဲ့ လုပ်ပေးသွားမှာ ဖြစ်တဲ့အတွက်
Zoom Invitation link လေးကို
email ကနေ ပို့ပေးမှာဖြစ်ပါတယ်။
ဒါ့ကြောင့် Email လေးကိုတော့ မပါမဖြစ် ဖြည့်ပေးကြပါနော်။
ဆွေးနွေးပွဲလေးရဲ့ အချိန်ရယ်၊ နေ့ရက်လေးရယ်ကိုတော့ နောက်ရက်တွေကျရင် Page မှာ ထပ်ပြီး တင်ပေးပါ့မယ်နော်။
ဒီဆွေးနွေးပွဲလေးက ရှားရှားပါးပါးလေးမို့လို့
ကိုယ်ချစ်ရတဲ့သူငယ်ချင်းတွေနဲ့ အတူတူတက်ရအောင် အချင်းချင်း share ပေးကြပါနော်။ ပြီးတော့ EC နဲ့ဆိုင်တဲ့ ဗဟုသုတတွေ၊ scholarshipတွေကိုလဲ page ကနေ တင်ပေးသွားမှာဖြစ်တာမို့လို့ page လေးကိုလဲ like and follow လုပ်ထားကြပါဦးနော်။
အားလုံး ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေး ဖြစ်ပါစေနော်
Admin Team
Forward Myanmar Institute - FMI
ဒီတခါမှာတော့ ပညာရပ်တခုကို သေချာ လေ့လာချင်တဲ့ ကျောင်းသူကျောင်းသားတွေအတွက် intensive trainingပေးဖို့အတွက် ခေါ်မှာ ဖြစ်ပါတယ်။
📌📌 Major - EC, MC
📌📌 First year to final
📌📌 Duration : as long as you can be said to have qualifiedပါပဲ။
မရှိတာကို ဟိတ်ဟန်တွေလုပ်ပြီးတော့ ပေါပေါပဲပဲ ခေါ်နေတာ မဟုတ်ပါဘူး။ သင်တန်းသားတွေခေါ်ယူပြီး skillsတခုလောက်ကိုပဲ trainingပေးလိုက်တဲ့ course လဲ မဟုတ်ပါဘူး။
ကျောင်းသူကျောင်သားတွေအတွက် Right view ရအောင်၊ right path ပေါ်ရောက်အောင် လမ်းကြောင်းပေးမယ့်ဟာမျိုး ဖြစ်ပါတယ်။
ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ထူးချွန်ရင် ထူးချွန်သလို အကျိုးခံစားခွင့်ရမှာ ဖြစ်ပါတယ်။
ဥပမာ ခေတ်ကောင်းလို့ တက္ကသိုလ်တွေ ပြန်ဖွင့် လို့ Thesis တွေ၊ projectsတွေ လုပ်တဲ့အခါမှာ ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။
ပြီးရင်လဲ နိုင်ငံခြားတက္ကသိုလ်တွေကနေ ပေးတဲ့ နိုင်ငံတကာ အသိအမှတ်ပြု certificatesတွေရအောင် ကူညီပံ့ပိုးပေးမှာလဲ ဖြစ်ပါတယ်။
အဲ့တော့ long process ကြီး ဖြစ်တဲ့အတွက် တကယ်အချိန်ပေးနိုင်မယ့်သူ၊ တကယ်ကို လိုက်လုပ်နိုင်မယ့်သူတွေကိုပဲ လျှောက်စေချင်ပါတယ်။
တယောက်တယောက်ကို train ပေးရတာ ကျွန်တော်တို့မှာ အရင်းအနှီးအရမ်းကြီးလို့ပါ။ အလုပ်လုပ်ရမယ့် အချိန်တွေလဲ အများကြီး ဖဲ့ပေးရတာ မို့လို့ပါ။
📌📌 Training ပေးမယ့်ပုံစံ
အပတ်တိုင်း အောက်ပါ process က လှည့်နေမှာ ဖြစ်ပါတယ်။
Day 1 - study
Day 2 - study
Day 3 - study
Day 4 - presentation and discussion
Day 5 - Revise
တပတ်ပြီး တပတ် topics တခုကို လေ့လာသွားရမှာ ဖြစ်ပါတယ်။
📌📌 Roadmap
ပထမအဆင့်အနေနဲ့ fundamental concepts တွေ၊ principlesတွေကို solid foundationရအောင် သင်ပေးမှာဖြစ်ပြီး၊
ဒုတိယအဆင့်အနေနဲ့ Research လမ်းကြောင်းကို ရောက်အောင် ပျိုးထောင် ပေးမှာပဲဖြစ်ပါတယ်။
📌📌 Skills you will learn
Problem solving
Logical thinking
Analytical ability
Mathematical ability
Creativity
Communication sills စတာတွေဖြစ်ပါတယ်။ Academic မှာ ထူးချွန်စေဖို့ ရည်ရွယ်ပါတယ်။
📌📌 For whom?
အချိန်ကို ကောင်းစွာ အသုံးချချင်တဲ့သူတွေ၊
Electronic Engineering/ Control Engineering ဘာသာရပ်တွေမှာ ကျွမ်းကျင်ချင်တဲ့သူတွေ၊
နောက်တချိန်မှာ Scholarshipကောင်းကောင်းရပြီး ကျောင်းတက်ချင်တဲ့သူတွေ၊
Research Paper ရချင်တဲ့သူတွေ၊
နောက်တချိန် academic researchလမ်းကြောင်းကို ဆက်သွားချင်တဲ့သူတွေ၊
📌📌 Requirements :
ဘယ် Background knowledgeကိုမှ မတောင်းသလို၊ ကျွမ်းလဲ ကျွမ်းကျင်နေဖို့ မလိုပါဘူး၊
ဒါပေမယ့် အချိန်ပေးနိုင်တဲ့သူ ဖြစ်ရပါမယ်။
သိလိုစိတ် အရမ်းပြင်းထန်ပြီး အရမ်းကြိုးစားနိုင်တဲ့သူ ဖြစ်ရပါမယ်။
အကျိုးအကြောင်း ဆက်စပ်တွေးခေါ်နိုင်ဖို့ လိုပါတယ်။
📌📌 Benefits :
မျှော်လင့်ထားတာထက် ပိုရပါလိမ့်မယ်လိုပဲ ပြောချင်ပါတယ်။
အပေါ်က for whom မှာ ပါတဲ့အတိုင်း ဖြစ်အောင် ကိုယ်တွေအနေနဲ့ အချိန်ပေးပြီး ပျိုးထောင်ပေးသွားမှာပါ။
📌📌 Unsuitable for :
- Those who want to make money or earn money
- Short term ကိုပဲ စိတ်ဝင်စားတဲ့သူတွေ၊
- အချိန်မပေးနိုင်တဲ့သူတွေ
📌📌 How to apply :
Resume တစောင်ရေးပြီး
[email protected]ဆီသို့ ပို့ပေးရပါမယ်။
📌📌 Selection
Step 1
Selection via Resume
Deadline : 15.10.2021
Step 2
Written Test at 25.10.2021
Step 3
Interview at 30.10.2021
First step ရဲ့ Deadline ကတော့ 15.10.2021 ဖြစ်တဲ့အတွက် မြန်မြန်လျှောက်လေ အကောင်းဆုံးပါပဲ။
With best regards,
Training Program Director
Forward Myanmar Institute - FMI
The role of the job is to create academic content for some subjects in electrical engineering, from basic principles and theory to practical applications.
Facebook Security Level 🔐🔐 အခုနောက်ပိုင်း social mediaတွေထဲမှာ Facebookကို အသုံးများလာကြပါတယ်။ အသက် 14, 15နှစ် ကလေးလေးတွေက အစ သုံးလာတာကို တွေ့ရပါတယ်။ ဟုတ်ပါတယ်၊ Facebookက မြန်မာပြည်သူအများစုရဲ့ နေ့စဉ်ဘဝတခုလို ဖြစ်လာခဲ့တဲ့ သဘောပါ။ အချင်းချင်း အပြန်အလှန်ဆက်သွယ်ဖို့၊ သတင်းအချက်အလက်တွေ နားထောင်ဖို့၊ နေ့စဉ်ဘဝမှာ လိုအပ်တဲ့ဟာတွေကို ရှာဖွေဖို့ Facebookကို အသုံးပြုလာကြတာ ဖြစ်ပါတယ်။
🔐 🔐 ဒါပေမယ့် အဲ့လိုအသုံးပြုကြတာ များလာတဲ့အတွက် မသမာလူတွေရဲ့ မျက်စိကျစရာတခုလဲ ဖြစ်လာပါတော့တယ်။ ဒါ့ကြောင့် အကောင့် hack ခံရတာတွေ၊ အချက်အလက် ပေါက်ကြားတာတွေ စသည်ဖြင့် သုံးစွဲတဲ့သူတွေကို နစ်နာအောင် လုပ်လာပါတော့တယ်။
🔐🔐 ဒီလိုမဖြစ်ရအောင် ကြိုတင်ကာကွယ်ထားလို့ရပါတယ်။ ဒါပေမယ့် အများစုက သိပ်မသိကြသေးတာ ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်ရဲ့ security level ကို ပုံမှာပါတဲ့အတိုင်း အမှတ်ပေးသင့်ပါတယ်။ ပြီးရင် ရတဲ့အမှတ်ပေါ်မူတည်ပြီး ထပ်မြင့်ဖို့ လိုသေးလား၊ ဘာတွေ ထပ်မြင့်ရဦးမလဲဆိုတာ စဉ်းစားသင့်ပါတယ်။
0️⃣0️⃣ အမှတ်က 0 ရနေရင်တော့
သင်က အ hack ခံရနိုင်ချေ အများဆုံးရှိနေပါတယ်။ သင့်ကိုယ်သင် passwordမေ့သွားရင်တောင်မှ account ကို ပြန်ရယူဖို့ တော်တော်လေး ကြိုးစားရပါဦးမယ်။
1️⃣0️⃣ အမှတ် 10မှတ် ရရင်တော့
သင်က အhack ခံရနိုင်ချေ အရမ်းနည်းသွားပါပြီ။ အကယ်၍ သင်ရဲ့ passwordကို သင်ကိုယ်တိုင် မေ့သွားရင်တောင်မှ account ကို အလွယ်တကူပြန်ရ နိုင်ပါတယ်။
3️⃣0️⃣ အမှတ် 30 ရရင်တော့
သင်က အhack မခံရနိုင်တော့ပါဘူး။ လူတိုင်း အနည်းဆုံး အမှတ် 30 လောက်ရမှ စာမေးပွဲအောင်မယ့် သဘောပါ။
5️⃣0️⃣ / 7️⃣0️⃣အမှတ် 50 ဒါမှမဟုတ် အမှတ် 70 ရရင်တော့
သင်ဟာ လုံးဝကို Advanced User ဖြစ်နေပြီလို့ ပြောနိုင်မှာပါ။ ဘယ်လိုမှ အ hack ခံရဖို့ဆိုတာ မရှိနိုင်တော့တဲ့အပြင်၊ မိမိရဲ့ Account မှာ ဘာတွေဖြစ်နေလဲဆိုတာကိုပါ သိနေနိုင်ပြီ ဖြစ်ပါတယ်။ ဒီလိုအမှတ်ရနေပြီဆို ဘာမှကို လုပ်ဖို့ မလိုတော့တာပါ။
1️⃣0️⃣0️⃣ အမှတ် 100 ရရင်တော့
သင်က လုံးဝကို Expert user ဖြစ်နေပါပြီ။
📌 ခုနေ ကိုယ့်ရဲ့ security level နိမ့်နေလို့ ဘာမှ မစိုးရိမ်ပါနဲ့နော်။
ဒီနည်းလမ်းလေးတွေနဲ့ မိမိရဲ့ security level ကို တိုးသင့်ပါတယ်။ အမှတ် အနည်းဆုံး 50 ရအောင် လုပ်ထားပါနော်။ ဒါဆိုရင် အားလုံး လုံခြုံနေပါပြီ။ အောက်မှာ Tutorial link လေးတွေ ချပေးထားပါတယ်။ ဝင်လေ့လာပြီး လုပ်ကြည့်နော်။
Two factor Authentication အတွက် 🔐 🔐🔐
https://www.facebook.com/100714609027916/posts/109362884829755/
https://www.facebook.com/100714609027916/posts/109587151473995/
Log in Alerts အတွက် 🔐 🔐🔐 🔐🔐 🔐🔐
https://www.facebook.com/100714609027916/posts/108644388234938/
Trusted Contacts အတွက် 🔐 🔐🔐 🔐🔐 🔐
https://www.facebook.com/100714609027916/posts/110578758041501/
📌 နောက်ဆုံး Encrypted Notification Email အကြောင်းကိုတော့ နောက်post တခုမှာ ရေးသွားမှာ ဖြစ်လို့ စောင့်မျှော် ဖတ်ရူ့ကြပါဦးနော်။
📌 ကယ် အခုဆိုရင် စာဖတ်တဲ့သူအနေနဲ့ မိမိရဲ့ Facebook account security အတွက် ဘာတွေလုပ်ရမလဲ ဆိုတာ သိသွားလောက်ပြီ ဖြစ်ပါတယ်။
Data Securityက ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ အများကြီး အရေးပါနေပါတယ်။ Data security ကောင်းကောင်းမရှိလို့ အရေးကြီးတာတွေ ဆုံးရှုံးသွားတာကို ခဏခဏကြားနေရပါတယ်။ ဒါကြောင့် ဒီလိုတွေ မဖြစ်ရအောင် share ပေးချင်းအားဖြင့် အချင်းချင်း ကူညီကြရအောင်ပါ။
နောက်လာမယ့် securityနဲ့ဆိုင်တဲ့ postတွေကို ဖတ်ရူ့ဖို့ ကျွန်မတို့ရဲ့ page လေးကိုလဲ like လုပ်ထားပေးပါဦးနော်။
အားလုံး ကျန်းမာ ချမ်းသာကြပါစေရှင့်။
Admin Team
Forward Myanmar Institute - FMI
မဂ်လာပါ Forward Myanmar Institude - FMI မှTelegram Channel နှင့် Telegram Group ဖန်တီးခြင်းနဲ့ အသုံးပြုနည်း Video ပထမပိုင်းကို တင်ပေးခဲ့ပြီးဖြစ်ပါတယ်။
💖💖💖💖💖💖💖💖💖💖💖💖
ပထမပိုင်း link လေးကတော့
https://www.facebook.com/100714609027916/posts/111350914630952/
💖💖💖💖💖💖💖💖💖💖💖💖
ဒီဒုတိယပိုင်း Video လေးမှာတော့
😍 Telegram Private Channel လေးတခုဖန်တီးတဲ့ပုံနဲ့
😍 Telegram Groups လေးတခု တည်ထောင်တာနဲ့ ဆိုင်တဲ့
အကြောင်းအရာလေးတွေကို
ပြောပြပေးသွားပါမှာ ဖြစ်ပါတယ်နော်။
ဒီလိုမျိုး မိမိတို့ရဲ့နေ့စဥ်ဘဝမှာ အသုံးဝင်တဲ့ အကြောင်းရာ Video လေးတွေကို ရယူဖို့အတွက် Forward Myanmar Institute -FMI page လေးကို like and Follow လုပ်ပေးထားပါနော်။
မဂ်လာရှိသောနေ့လေးဖြစ်ပါစေရှင့်။
Admin Team
Forward Myanmar Institute -FMI
မင်္ဂလာပါ
အခုနောက်ပိုင်း Telegram Application ကနေ Channel လေးတွေထောင်ပြီး Movie Channel လေးတွေ၊ သင်တန်း Channel လေးတွေ ပြုလုပ်လာကြတာကို တွေ့ရပါတယ်။ ထို့အတူ သင်တန်း Discussion group လေးတွေ၊ ရုံးတွင်း Discussion group လေးတွေကိုလည်း Telegram မှနေ၍ အသုံးပြုလာကြတာကို တွေ့ရပါတယ်။
ဒါကြောင့် FMI (Forward Myanmar Institute) ကနေ Telegram Channel နှင့် Telegram Group လေးတွေ ဖန်တီးတဲ့ အစကနေပြီးတေ့ အသုံးပြုပုံ အဆင့်ဆင့်အထိကို Video file လေးဖြင့် သေသပ်စွာ ရှင်းလင်းပြောပြ ပေးထားပါတယ်နော်။
Telegram အသုံးပြုသူများအနေဖြင့် မိမိနှစ်သက်ရာ ကဏ္ဍ အလိုက် Knowledge Sharing များသာမက Video လေးများ ၊ comic လေးများကိုပါ မိမိကိုယ်ပိုင် Channel လေးပြုလုပ်ပြီး တင်ဆက်နိုင်ကြမှာဖြစ်ပါတယ်နော်။
ဒီVideo ရဲ့ ဒုတိယပိုင်း link လေးကိုတော့ အောက်မှာဖော်ပြထားပါတယ်နော်
https://m.facebook.com/story.php?story_fbid=111357204630323&id=100714609027916
ယခုကဲ့သို့ သင်ခန်းစာVideo လေးတွေကို နားထောင်ချင်ရင် တော့ ကျွန်မတို့ FMI Page လေးကို Like and Follow လုပ်ပေးထားပါဦးနော်။ Video လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်း မျှဝေပေးကြပါဦးနော်။ 💖💖
မဂ်လာရှိသောနေ့လေးဖြစ်ပါစေရှင့် ❤️❤️
Admin Team
Forward Myanmar Institute - FMI
Facebook Post တွေကို အပြီးအပိုင် ဖျက်နည်း 🚮🚮
ဒီတခါမှာတော့ လွယ်ပေမယ့်လဲ တော်တော်များများ သတိမထားမိကြတဲ့ post ဖျက်တာနဲ့ဆိုင်တဲ့ အကြောင်းပြောပြသွားမှာ ဖြစ်ပါတယ်။
📌 ကျွန်မတို့ အများစုက Facebookမှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်မကြိုက်တော့တဲ့ postတွေကို ဖျက်ကြပါတယ်။ ဒါပေမယ့် ဒီလိုဖျက်လိုက်ပေမယ့် တကယ်မပျက်သွားသေးပါဘူး။
🗑️🗑️ Trash ဆိုတဲ့ Recycle Bin နဲ့တူတဲ့ နေရာဆီ ရောက်သွားမှာ ဖြစ်ပါတယ်။ အဲ့ထဲမှာ ကိုယ်ဖျက်လိုက်တဲ့ post က ရက်ပေါင်း 30 အထိ ရှိနေဦးမှာ ဖြစ်ပါတယ်။ အဲ့အတောအတွင်း ပြန် Restore လုပ်လို့ရအောင်ပါ။
📌 ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လုံးဝရှင်းထုတ်ချင်တဲ့ အခါမျိုးကြရင်တော့ အဲ့ Trash အတွင်းမှာပါ သွားဖျက်သင့်ပါတယ်။ ဒါမှ လုံးဝမရှိခဲ့သလို ဖြစ်နေပြီး အစအန ရှာမရမှာ ဖြစ်ပါတယ်။
📲အဲ့အတွက် လုပ်ရမယ့် နည်းအဆင့်ဆင့်ကို video လေးနဲ့ step by step ပြထားပါတယ်။
📌 ကယ် အခုဆိုရင် စာဖတ်တဲ့သူအနေနဲ့ မိမိရဲ့ Facebook post တွေကို ဘယ်လို အပြီးပိုင် ဖျက်ရမလဲဆိုတာ သိသွားလောက်ပါပြီ။
Data Securityက ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ အများကြီး အရေးပါနေပါတယ်။ Data securityကောင်းကောင်းမရှိလို့ အရေးကြီးတာတွေ ဆုံးရှုံးသွားတာကို ခဏခဏကြားနေရပါတယ်။ ဒါကြောင့် ဒီလိုတွေ မဖြစ်ရအောင် share ပေးချင်းအားဖြင့် အချင်းချင်း ကူညီကြရအောင်ပါ။
နောက်လာမယ့် securityနဲ့ဆိုင်တဲ့ postတွေကို ဖတ်ရူ့ဖို့ ကျွန်မတို့ရဲ့ page လေးကိုလဲ like လုပ်ထားပေးပါဦးနော်။
အားလုံး ကျန်းမာ ချမ်းသာကြပါစေရှင့်။
Admin Team
Forward Myanmar Institute (FMI)
Music: Motivational & Inspiring Corporate by ElevateMusica
Extra Security ထပ်မြှင့်သုံးနည်း 🔐🔐 ဒီတခါမှာတော့ မိမိတို့ရဲ့ Facebookအကောင့်ကို Extra Securityတွေ ထပ်မြှင့်ပြီး အကောင့်ကို လုံးဝ hack လို့မရအောင်လုပ်တဲ့ နည်းလမ်းလေးကို ပြောပြသွားမှာ ဖြစ်ပါတယ်။
📌 Account hack ခံရရင် ကျွန်မတို့က အရေးကြီးတာ တွေဆုံးရှုံးရပါတယ်။ မိမိရဲ့အကောင့်ကို Strong password ကောင်းကောင်းထားသင့်တဲ့ အပြင် တခြား protectionနည်းလမ်းတွေကိုလဲ တက်နိုင်သမျှ သုံးထားဖို့ လိုပါတယ်။
ကိုယ်က ဒီလိုprotection မျိုးတွေ မလုပ်ထားဘူးဆိုရင် အကောင့်hack ခံရရုံသာမက၊ ပြန်ဆယ်ယူဖို့လဲ လွယ်ကူမှာ မဟုတ်တော့ပါဘူး။
📌 ဒီတော့ Facebook account securityကို ထပ်ပြီးမြှင့်ချင်တဲ့သူတွေအတွက် ဒီနည်းလမ်း လေးတွေရှိပါတယ်။
1. Two-factor Authentication
2. Using Trusted Contacts ဆိုပြီး ဖြစ်ပါတယ်။
နှစ်နည်းလုံး သုံးပြီး ကာကွယ်ထားသင့်ပါတယ်။
1️⃣1️⃣1️⃣1️⃣1️⃣1️⃣1️⃣1️⃣1️⃣1️⃣1️⃣1️⃣
ပထမ နည်းနှစ်တဲ့ Two factor Authenticationနည်းနဲ့ ကာကွယ်ဖို့အတွက် ဒီ link လေးတွေမှာ လုပ်ပုံလုပ်နည်းလေးတွေကို ရေးပြထားပါတယ်။
Link 1
https://www.facebook.com/100714609027916/posts/109587151473995/
Link 2
https://www.facebook.com/100714609027916/posts/109362884829755/
Link နှစ်ခုလုံး ဝင်လေ့လာသင့်ပါတယ်။
2️⃣2️⃣2️⃣2️⃣2️⃣2️⃣2️⃣2️⃣2️⃣2️⃣2️⃣2️⃣
ဒုတိယနည်းဖြစ်တဲ့ Using Trusted Contacts နည်းကိုတော့ ဒီ post မှာ ပြောပြသွားမှာ ဖြစ်ပါတယ်။
ဒါကတော့ မိမိရဲ့ အကောင့် ဝင်မရတာတို့၊
အကောင့်ပြန်ဆယ်တဲ့အခါ မရတာတို့ စတဲ့အခြေအနေမျိုးတွေမှာ
ကိုယ် ယုံကြည်ရတဲ့ contact အဖြစ်
ထည့်ထားတဲ့ သူငယ်ချင်းတွေကနေ
ကိုယ့်ကို အကောင့်ပြန်ရအောင် ကူညီခိုင်းမယ့် နည်းလမ်းလေးဖြစ်ပါတယ်။
👱🧑🦰🧑🦳🧑🧒 အဲ့အတွက် Trusted Contactsအဖြစ်ထားမယ့် သူငယ်ချင်းသုံးယောက် အနည်းဆုံးလိုပါတယ်။ အများဆုံးကတော့ ငါးယောက်အထိ ထားလို့ရပါတယ်။
📲အဲ့အတွက် လုပ်ရမယ့် နည်းအဆင့်ဆင့်ကို ပုံတွေမှာ step by step ပြထားပါတယ်။
📲အဲ့လိုထားလိုက်ရင် ဟိုဘက်က သူငယ်ချင်းကို ကိုယ်က ထည့်လိုက်ပြီဆိုတာ ဟိုဘက်က သူငယ်ချင်းကို အကြောင်းကြားပေးမှာဖြစ်ပါတယ်။
📲အဲ့လိုထားပြီးတဲ့အခါ နောက်တချိန်ကိုယ်က ဝင်လို့မရတဲ့အခါ အဲ့သူငယ်ချင်းတွေထဲက တယောက်ကို အကြောင်းကြားပြီး၊ သူကနေ secure link လေးထုတ်ပေးပြီး မိမိရဲ့အကောင့်ကို ပြန်ရအောင် ကူညီပေးလို့ရပါတယ်။
📌 ကယ် အခုဆိုရင် စာဖတ်တဲ့သူအနေနဲ့ မိမိရဲ့ Facebook accountကို ဘယ်လို Extra Securityထည့်ရမလဲ ဆိုတာ သိသွားပြီ ဖြစ်ပါတယ်။ ဒါဆိုရင် မိမိရဲ့အကောင့် ဝင်မရတာတို့ ဘာတို့ ဖြစ်တဲ့အခါ မိမိရဲ့ Trusted Contactsတယောက်ယောက်ဆီကို အကူအညီတောင်းပြီး လုပ်လို့ရပါတယ်။ ဒါကြောင့် ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို အမြန်ဆုံးသာ သွားထည့်လိုက်ပါတော့နော်။
ဒီလို Account and Data Securityက ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ အများကြီး အရေးပါနေပါတယ်။ တခြားသူတွေ အကောင့် hack ခံရလို့၊ အရေးကြီးတာတွေ ဆုံးရှုံးသွားတာကို ခဏခဏကြားနေရပါတယ်။ ဒါကြောင့် ဒီလိုတွေ မဖြစ်ရအောင် share ပေးချင်း အားဖြင့် တယောက်နဲ့တယောက် ကူညီရအောင်ပါ။
နောက်လာမယ့် securityနဲ့ဆိုင်တဲ့ postတွေကို ဖတ်ရူ့ဖို့ ကျွန်မတို့ရဲ့ page လေးကိုလဲ like လုပ်ထားပေးပါဦးနော်။
အားလုံး ကျန်းမာ ချမ်းသာကြပါစေရှင့်။
Admin Team
Forward Myanmar Institute (FMI)
မိမိရဲ့ Personal account ကို ပိုမိုလုံခြုံစိတ်ချရဖို့အတွက် သူများတွေခန့်မှန်းလို့မရတဲ့ နည်းစနစ်ကျတဲ့ Password တစ်ခုကိုဘယ်လိုတည်ဆောက်မလဲ။🤔
လုံခြုံတဲ့Password တစ်ခုကို ထားရှိတဲ့အခါဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲ။ 🤔
ဒီမေးခွန်းတွေအတွက်အဖြေလေးကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်
ပထမဆုံးအနေနဲ့ Password တစ်ခုကို
လုံခြုံစွာ တည်ဆောက်ထားတဲ့အခါ
၁။ မိမိရဲ့ Email / Data File နှင့်အခြားအရေးကြီးသောကိုယ်ရေးအချက်လက်တွေကို လုံခြုံစွာထိန်းသိမ်းထားနိုင်ပါမယ်။
၂။ တပါးသူမှ မိမိရဲ့ account ကိုခိုးယူသုံးစွဲခြင်းများပြုလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။
📌အဲ့ဒါဆို လုံခြုံစိတ်ချရတဲ့ Password တစ်ခုထားရှိဖို့တချို့အချက်လေးတွေကိုလိုက်နာဖို့လိုပါလိမ့်မယ်နော်
🎀Password တစ်ခုမှာအနည်းဆုံး စာလုံး ၁၂ လုံးလောက်ထားရှိသင့်ပါတယ်နော်။ အဲ့ဒီစာလုံး၁၂ လုံးမှာလည်းအက္ခရာစာလုံး( A,B,C,. . a,b,c) စတဲ့ စာလုံးတွေသာမက နံပါတ်တွေ (1,2,3,9) နှင့် symbol စလုံးတွေ (!,*,@,&) စတဲ့ စလုံးတွေပါ ထည့်သွင်းဖန်တီးသင့်ပါတယ်နော်။ ဥပမာအနေနဲ့ Andrea*@1246! ကဲ့သို့သော password မျိုးလေးတွေပါ။
📌တချို့အချက်တွေကတော့ Password ထဲမှာ ထည့်သွင်းရေးသားဖို့ မသင့်ပါဘူးနော် ။ ဘယ်လိုအချက်လက်တွေလဲဆိုတော့
၁။ Accented Characters(ä,å,ś,š,è,é,ý)တွေ
၂။ blank space နဲ့ စတဲ့ သို့မဟုတ် အဆုံးသတ်တဲ့ password တွေ ။ ဥပမာ- _andrea124@255_
ဆိုတဲ့ password မျိုးတွေပါ
၃။ တခြား Account တစ်ခုမှာ သုံးပြီးသား password တွေကိုလည်းပြန်မသုံးသင့်ပါဘူး။
Account များစွာကို Password တစ်ခုတည်းအသုံးပြုတဲ့အခါ တစ်စုံတစ်ယောက်မှ မိမိ Account တစ်ခုရဲ့ Password တစ်ခုကိုသိသွားတဲ့အခါ အခြား Account များ (Email acc, Online Banking acc) မှာပါမလုံခြုံနိုင်တော့ပါဘူး
မိမိရဲ့Personal account များစွာကို Single password တစ်ခုတည်းဖြင့် အသုံးပြုခြင်းဟာ အလွန်အန္တရာယ်ရှိပါတယ်နော်။
၄။ နောက်ဆုံးတစ်ချက်အနေနဲ့ မိမိရဲ့ကိုယ်ရေးအချက်လက်ဆိုင်ရာစာလုံးတွေ - ဥပမာ မိမိရဲ့( nickname) နာမည်ပြောင်တွေ သို့မဟုတ် မိမိအတွက်အရေးကြီးတဲ့ တစ်စုံတစ်ယောက်ရဲ့နာမည်တွေ၊မွေးနေ့ Dateတွေ သို့မဟုတ် နေထိုင်ရာလမ်းနာမည်တွေ လိပ်စာတွေ နဲ့ ခန့်မှန်းရလွယ်သောစာလုံးတွေ ( example- password,1234,asdfg,qwerty) စတဲ့ စာလုံးတွေမသုံးသင့်ပါဘူးနော်
Password တစ်ခု ဖန်တီးတဲ့အခါ ဤ ဆောင်ရန်၊ ရှောင်ရန် အချက်လေးများကိုလိုက်နာပြီး မိမိရဲ့ Personal Account များကိုလုံခြုံစိတ်ချစွာအသုံးပြုနိုင်ပါစေနော်။
မဂ်လာ ရှိသောနေ့လေးဖြစ်ပါစေ🤗🖼
credit : Photo by freestocks on Unsplash
Admin Team
Forward Myanmar Institute (FMI)
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the organization
Telephone
Address
Gadamar Street
Yangon
11421
Opening Hours
Monday | 09:00 - 20:00 |
Tuesday | 09:00 - 20:00 |
Wednesday | 09:00 - 20:00 |
Thursday | 09:00 - 20:00 |
Friday | 09:00 - 20:00 |
Saturday | 09:00 - 21:00 |
Sunday | 09:00 - 21:00 |
78, Strand Road, Kyauktada Township
Yangon, 11182
We support peace and prosperity by building connections, understanding and trust between people in the UK and countries worldwide. Read our terms of use at www.britishcouncil.org/...
Yangon
သိပ္ပံကိုချစ်သော... ပညာကိုချစ်သော... လောကကိုချစ်သော... မြန်မာလူငယ်များ တည်ထောင်သည်။
Yangon
We are trying to form the Myanmar Chapter for Internet Society, and when we get official approval, we will change to official name and logo.
Yangon
ဉာဏ်ရည် မသန်စွမ်း အစ်မဖြစ်သူနှင့် လူငယ်အရွယ် ညီမလေးတို့ နှစ်ယောက် အတူ ဖွဲ့စည်း စတင်ထားတဲ့ အဖွဲ့လေးပါ
သုနန္ဒာ(12)လမ်း
Yangon
People suffering from serious illnesses due to past life and present life sins, sinful people live in poverty. I am compassionately helping people who are suffering from the burden...
Yangon
We all alumnus of Yangon University established the Association since 2015. the Hidden values of anthropology will lead the idea of "Differences are Beautiful", followed by the pea...
No. 12, U Pho Khin Lane, Karen National Qr, Kyimyindine Township
Yangon, 11101
Grace Home help the needy children, the poor students to be able to continue their studies and to get a job for their survival.