𝗧𝗵𝗮𝘄'𝘀 𝗶𝗱𝗲𝗮𝗹𝘀

Reviews and Tips for you 🤎

Photos from 𝗧𝗵𝗮𝘄'𝘀 𝗶𝗱𝗲𝗮𝗹𝘀's post 01/04/2024

Combination to Oily Skin တွေအတွက် one of the best cleansers 🧼🧖🏽‍♀️(not sponsored)

Combi to Oily, Oily, Super Oily skin စတဲ့ အသားအရေသမားတွေအတွက် နွေရာသီကစိတ်ညစ်ဖို့အကောင်းဆုံးရာသီပဲ။ နေအရမ်းပူလို့ချွေးထွက် အဆီပိုပြန်တဲ့အပြင် ပတ်ဝန်းကျင်ကလာတဲ့ ဖုန်မှုန့်အညစ်အကြေးတွေက ခန္ဓာကိုယ်ပေါ်အပြည့်ပဲ။

ဒါတွေအတွက်ဆို The Mix By Su က Charcoal bar soap ကတကယ်ကောင်းတယ်။ Charcoal ရဲ့လုပ်ဆောင်ချက်အတိုင်း အဆီတွေကိုကောင်း"ထိန်းပေးတယ်။ ဒါပေမယ့် Vitamin E ပါတဲ့အတွက် မျက်နှာက ခြောက်ပြီးမကျန်ခဲ့ဘူး။ Citric acid ပါလို့ မျက်နှာကိုလည်း Ph Balance ညှိပေးသေးတယ်။ စသုံးတဲ့အခါ မျက်နှာပေါ်မှာ ရှိန်းရှိန်းလေးဖြစ်ပြီး ရေနဲ့သစ်ချလိုက်တော့ အေးပြီးလန်းဆန်းသွားတာကတော့ တကယ်မိုက်တယ်။ Dry skin သမားတွေကိုတော့ မသုံးစေချင်ဘူး။

မျက်နှာတစ်ခုတည်းသုံးလို့ရတာလားဆိုတော့ မဟုတ်ပဲ ခန္ဓာကိုယ်ကိုပါ သုံးလို့ရသေးတယ်။ Face and Body အတွက် နှစ်ပိုင်းပိုင်းပြီး Soap Bag လေးနဲ့ခွဲသုံးပေးရင်ပိုကြာရှည်ခံပြီး အဆင်ပြေတယ်။ သော်ကတော့ ဒီဆပ်ပြာလေးကို ညဘက်သုံးတာများတယ်။ တစ်ခဲလုံးသုံးပြီးတဲ့အချိန်မှာ အဆီပြန်တာတွေ တော်"လေးသက်သာလာတယ်လို့ခံစားရတယ်။

တစ်ခဲမှ 5000 ဝန်းကျင်နဲ့ 3/4 လလောက်သုံးရတာမို့တစ်ချိန်လုံးအဆီပြန်လို့ စိတ်ညစ်နေရတဲ့သူတွေအတွက်တော့ must buy ပဲ။

🛒 Where buy?
Mix by Su website ကမှာလို့ရသလို online shop တော်တော်များများမှာရပါတယ်။

Photos from 𝗧𝗵𝗮𝘄'𝘀 𝗶𝗱𝗲𝗮𝗹𝘀's post 09/03/2024

မြန်မာငွေ 1800 ကျပ်တန် Budget friendly Makeup Pouch 📣

မိတ်ကပ် နဲ့ skincare ပစ္စည်းတွေကို သဘောကျတဲ့ကောင်မလေးသာဆိုရင် အခုလို အိတ်လေးတွေကို လိုကိုလိုအပ်တယ်။ပစ္စည်းလေးတွေကို အပြင်သယ်သွားချင်ပေမယ့် ဘာနဲ့ထည့်ရမှန်းမသိဘူး။တန်ဖိုးထားရတဲ့မိတ်ကပ်ပစ္စည်းလေးတွေဆိုတော့ ကိုယ်လွယ်တဲ့အိတ်ထဲလည်း အလွယ်မထည့်ချင်ကြဘူး။

ဒီအိတ်လေးက ကျောင်းသွား၊ ရုံးသွားတဲ့ မိန်းကလေးတို့အတွက်လည်း တကယ်ကိုအဆင်ပြေတယ်။အများကြီးလည်းဆံ့တယ်။သော်ကိုယ်တိုင်လည်း သုံးနေတာမို့ Quality ပိုင်းကလည်းမဆိုးဘူးပြောရမယ်။သုံးနေတာလည်း 1နှစ်ကျော်ပြီဆိုတော့ 1800 ကတန်နေပြီလေနော်။အခုထိဇစ်လည်းအကုန်အကောင်းအတိုင်းပဲ။ လျှော်ရလှန်းရတာလည်းလွယ်တယ်။အပြင်သားက ရော်ဘာသားလိုဆိုတော့ ရေစိုလည်းခံတယ်။မိန်းကလေးတိုင်းဝယ်ထားသင့်တယ်လို့ထင်တယ်။

သော်က 2023 လောက်တုန်းက (မြောက်ဒဂုံ)ကာဗာမြန်မာရဲ့ ဘာယူယူ 1800 တန်ဆိုင်ကဝယ်ခဲ့တာပါ။

Photos from 𝗧𝗵𝗮𝘄'𝘀 𝗶𝗱𝗲𝗮𝗹𝘀's post 20/08/2023

📍နဂိုထက် မျက်နှာကို၂ဆ လောက်လင်းသွားစေမဲ့ Lipstick or blusher review 🤫🧡

မိန်းကလေးတွေ ရွေးရခက်တဲ့အရာတွေထဲ နှုတ်ခမ်းနီကထိပ်ဆုံးကပဲ။ဒါပေမယ့် Baby Bright ရဲ့ colour stain essence series ထဲက (@02 salmon) လေးက ညိုသူချော ဖြူသူလှစေတဲ့ အရောင်လေးသိလား။

ခင်က အသားညိုတဲ့အထဲပါတော့ အုတ်ကျိုးရောင်တို့ လိမ္မော်ညိုတို့ကို သိပ်မသုံးဖြစ်ဘူး။အသားကိုပိုပြီးမှောင်သွားစေတယ်လို့ ခံစားရလို့။ဒါပေမယ့်နော် ဒီအရောင်လေးက နှုတ်ခမ်းပေါ်ရောက်တော့ သူမဟုတ်တဲ့အတိုင်း ကြည်ကြည်လေးနဲ့ လင်းသွားတာ။🫣🧡

နှုတ်ခမ်းပေါ်မှာ အဆီတွေတင်နေသလို ထူထူကြီးမခံစားရသလို Longlasting လည်းသိပ်မဖြစ်ဘူး။Daily lookအတွက်အဆင်ပြေတဲ့အပြင် Essence လည်းပါလို့ နှုတ်ခမ်းသားကိုအလွယ်တကူမမဲသွားစေဘူး။ဘယ်နှုတ်ခမ်းနီမဆို chemical တွေပါတာမလို့ ဆိုးပြီးရင်သေချာဖျက်ဖို့နဲ့ lips care လုပ်ဖို့တော့မမေ့ကြနဲ့နော် အလှလေးတို့။🥺🫶🏾

Price အနေနဲ့ကလည်း Fair ဖြစ်လို့ အဲ့ series လေးထဲက တစ်ချောင်းလောက်တော့ဝယ်ပြီး try ကြည့်ကြပါရှင့်။Packaging လေးကလည်း Gold & blur လေးဆိုတော့ မဆိုးလှဘူးပေါ့။🥱🧡

🚫ပုံနှင့်စာများကူးယူဖော်ပြခွင့် မပြုပါ။

12/08/2023

Budget လည်း save ဖြစ်မယ် လှလည်းလှမယ့် review item အသစ်လေးက ဘာဖြစ်မလဲ🤭❤️‍🔥
စောင့်နေပေးပါအုံးနော် သဲလေးတို့။🫶🏾

Photos from 𝗧𝗵𝗮𝘄'𝘀 𝗶𝗱𝗲𝗮𝗹𝘀's post 17/06/2023

Budget Lipstick 💋(Honest review)
Hi guys! ဒီနေ့ခင်က မိန်းကလေးတို့အတွက် Quality စိတ်ချရပြီး ဈေးနှုန်းအနေနဲ့လည်း သင့်တင့်တဲ့ နှုတ်ခမ်းနီ Brand လေးတစ်ခုညွှန်းပေးမယ်။🫣

Lipstick လို့ပြောပေမဲ့ သူက ခင်တို့သုံးနေကြနှုတ်ခမ်းနီတွေလို stick မဟုတ်ပါဘူး။အိတ်ထဲမှာထည့်ထားရင်တောင် နေရာလုံးဝမယူတဲ့ ဘူးပိစိလေးပါ။ဒါဆို အဲ့ဘူးလေးအကြောင်း စပြောပြမယ်နော်။💕

အားလုံးကသိကြတဲ့ NOVO Cosmetics Myanmar ကနေထုတ်ထားတဲ့ Velvet Lip Mud လေးပါ။သူလေးထွက်ထားတာကြာပြီဖြစ်လို့ သိတဲ့သူလည်းသိ၊သုံးတဲ့သူလည်း သုံးပြီးကြလောက်ပါပြီ။ဈေးကလည်း တအားတန်နေတော့ ဝယ်ရမလား၊မဝယ်ရဘူးလားဆိုပြီး တွေဝေနေရင်တော့ ဝယ်ချလိုက်ပါနော်(မာလာရှမ်းကော တစ်ပွဲစာတောင်မရှိပါဘူးလို့🫣)။

ခင်ကတော့ သူတစ်ခုတည်းနဲ့တင် မျက်နှာပေါ်မှာ 3 in 1သုံးချပစ်လိုက်တယ်။Texture ကအိအိလေးဆိုတော့ blusher အနေနဲ့ရော eyeshadow အနေနဲ့ပါ blend ရတာလွယ်တယ်။လိုသလို အရောင် အနုအရင့်ဖြစ်အောင် တစ်ထပ်ခြင်းစီတင်လို့ရတယ်။ကိုယ်က natural lip လေးလိုချင်ရင် နည်းနည်းလေးယူပြီး ဖွဖွလေးဖြန့်ပေး၊matte type လို ဆိုးရတာကြိုက်တဲ့သူတွေက ထူထူလေးဆိုးပေးလိုက်ရင် matte လိုလည်းမခြောက်တဲ့အပြင် အိအိလေးနော်။Long lasting လည်းအတော်အသင့်ဖြစ်တယ်၊budget friendly လည်းဖြစ်လို့ တစ်‌ဘူးစီတော့ဝယ်ထားသင့်ပါတယ်။🫶🏾💕

Ps.နောက်ထပ်တစ်မျိုး ဆိုးလို့ရမဲ့နည်းလေးကို ပုံအောက်မှာပြောပြထားတယ်နော်။😛

🚫ပုံနှင့်စာများ ကူးယူဖော်ပြခွင့်မပြုပါ။

29/04/2023

အဲ့လောက်ကြီးကျ များတာပေါ့🥲

Photos from 𝗧𝗵𝗮𝘄'𝘀 𝗶𝗱𝗲𝗮𝗹𝘀's post 29/04/2023

နွေရာသီမှာ Special လိမ်းလို့ရမယ့် Lotion အကိတ်ကြီး🧴💙

Mistine ရဲ့ Bulgarian Yogurt Whitening Lotion🫶🏾💙

ဒီလောက် ပူအိုက်နေတာ lotion တွေမလိမ်းချင်တော့ဘူးဆိုတဲ့ သဲလေးတို့အတွက်။
! Texture ကျဲကျဲလေးမို့ အသားပေါ်မှာဆွဲလိမ်းရမခက်ဘူး၊ လိမ်းပြီးရင်လည်း အေးအေးလေးမို့
နေရထိုင်ရတာကောင်းတယ်။အနံကလည်း တအားကြီး ချိုအီမနေပဲ အေးအေးမွှေးမွှေးလေး။အနှစ်ပျစ်ပျစ်ကြီးထက် Gel လိုလေးမို့ စိမ့်ဝင်တာလည်း မြန်သလိုခံစားရတယ်။(Just my opinion နော်)💅

ဈေးကလည်း 1သောင်းမကျော်ပဲ 500ml တောင်ပါလို့ အကြိုက်သုံးနော် ၊ခင်တော့ တစ်ကိုယ်လုံးကို လိမ်းပစ်တာပဲ။Moisture တော့ ဖြစ်ပေမဲ့ Whitening ပါလို့ scrub တွေသုံးပြီးရင် ထပ်လိမ်းဖို့တော့ မသင့်တော်ဘူးထင်ပါတယ်။

Result အနေနဲ့တစ်ဘူးကုန်ခါနီးမှာတော့ အသားလေးဖြူလာတာမျိုးမဟုတ်ပဲ ကြည်ကြည်လေးဖြစ်လာတာတော့ သတိထားမိတယ်။👀
ဒီနွေမှာဒါလေးတစ်ဘူးတော့ must have နော်။🫣

ဘယ် Lotion သုံးရမှန်းမသိရင် စမ်းသုံးကြည့်ကြနော်။🤪🫶🏾

🚫ပုံနှင့်စာများကူးယူဖော်ပြခွင့်မပြုပါ။

28/04/2023

Alert!!!🌡️
နေကပူ မီးကပြတ်နဲ့ ပူလောင်အိုက်စပ် နေတဲ့ ဒီလိုရာသီမှာ skincare steps တွေလျော့ချကြ‌ရအောင်နော် သဲ‌တို့ရေ။

အခုလိုရာသီမှာ အဆင့်တွေအများကြီး လိမ်းလိုက်ရင် ချွေးတွေထွက်အဆီတွေပြန်ပြီး မျက်နှာမဲကြီးဖြစ်တတ်လို့ပါ။

Cleanser🫧 Moisturizer🧴 Sunscreen ☀️
တို့‌လောက်ပဲလိမ်းပါ၊ရေများများသောက်ပါ။အသီးအနှံများများစားပါ။Healthy glow skin လေးတွေပိုင်ဆိုင်ကြပါစေရှင်။🫶🏾💕

Photos from 𝗧𝗵𝗮𝘄'𝘀 𝗶𝗱𝗲𝗮𝗹𝘀's post 28/04/2023

မျက်နှာပေါ်က အမဲစက်နဲ့ အမာရွတ်တွေ သိသိသာသာပျောက်ကင်းတဲ့ serum လေး🫶🏾💚

AXIS-Y က(Dark Spot Correcting Glow Serum) လေးအကြောင်းပါ။ခင် ကိုယ်တိုင် အဆီဖုနဲ့ အမာရွတ်တွေသက်သာခဲ့တာမို့ review လေးပြန်လည်မျှဝေလိုက်ပါတယ်ရှင်။🌱

Korea product ဖြစ်တဲ့အပြင်၊Blogger တော်တော်များများလည်း review ပေးထားတာကြောင့် တကယ်စိတ်ချစွာနဲ့ သုံးစွဲကြည့်ခဲ့တာပါ။

Texture ကလည်းမပျစ်မကျဲ gel type လေး။လိမ်းလိုက်ရင် water drop လေးတွေလိုဖြစ်သွားပြီး အသားထဲစိမ့်ဝင်လွယ်ပါတယ်။အနံလေးကလည်း ဆေးနံသင်းသင်းလေးရပါတယ်။Niacinamide ပါတာကြောင့် အမဲစက်တွေ ပျောက်လာတဲ့အပြင် မျက်နှာလေးပါ Glowi ဖြစ်လာတာ အရမ်းသဘောကျ။🤭All skin type သုံးလို့ရပါတယ်နော်။👀🌱

5ml(travel size) နဲ့ 50ml(full size) ဆိုပြီး 2မျိုးလာတာကြောင့် စမ်းသုံးကြည့်ချင်တဲ့သဲလေးတို့အတွက် တကယ်အဆင်ပြေပါတယ်။ဝက်ခြံတွေ အမဲစက်တွေကြောင့် စိတ်ညစ်နေရင် ဒါလေး try ကြည့်ကြနော်။ခင့်ရဲ့ honest review ပါသဲလေးတို့ရေ။😚💚

🛒Where to buy?
Online shop တော်တော်များများနဲ့ အလှကုန်ဆိုင်တွေမှာရနိုင်ပါတယ်။🫶🏾💕

🚫ပုံနှင့်စာများကူးယူဖော်ပြခွင့်မပြုပါ။

Photos from 𝗧𝗵𝗮𝘄'𝘀 𝗶𝗱𝗲𝗮𝗹𝘀's post 26/04/2023

ဘဲမရှိတဲ့ ခင့်သဲလေးတွေအတွက်
Preorder ရပါပြီ။🫶🏾

Pic crd

Photos from 𝗧𝗵𝗮𝘄'𝘀 𝗶𝗱𝗲𝗮𝗹𝘀's post 19/04/2023

📍Hi guys,ဒီလိုနွေ‌ပူပူမှာ ပူပြင်းလွန်းတဲ့နေရောင်ဒဏ်ကို ကာကွယ်ဖို့ Budget Suncream တစ်ခုကဘာဖြစ်မလဲ။☀️

ခင်က ဒီတစ်ခါမှာ အားလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ suncream လေးအကြောင်းကိုsharing လုပ်သွားပါမယ်။

ကိုယ်ကအခုမှ skin care တွေစလုပ်တာ၊suncreamကိုဘယ်လိုရွေးချယ်ရမှန်းမသိဘူး ဆိုရင်တော့ ဒီ post ကအသင့်တော်ဆုံးပဲနော်။🤭

Lebelage က suncreamလေးပါ။သူက skin အလိုက်သုံးလို့ရအောင် 3မျိုးလာပါတယ်။ခင်ကတော့ oily to combination skin ဖြစ်တာကြောင့် daily no sebum ဆိုတဲ့ အဖြူလေးကိုဝယ်သုံးဖြစ်ခဲ့ပါတယ်။🫶🏾

နေ့တိုင်းလိမ်းဖို့အတွက်သင့်တော်ပြီး ဆွဲရလည်းမခက်ဘူး၊လိမ်းထားပြီးရင်လည်း အဖြူနှစ်တွေမကျန်ခဲ့ဘူး၊မျက်နှာပေါ်မှာပေါ့ပေါ့ပါးပါး ဖြစ်တော့ ဒီလိုနွေရာသီမှာတော်တော်ကိုအဆင်ပြေတယ်။လိမ်းခါစမှာ‌အနံ့သင်းသင်းလေးရတယ်။ဈေးကလည်း 1သောင်းမကျော်ပဲနဲ့ 30ml တောင်ပါလို့ 2လလောက်တော့အေးဆေးသုံးလို့ရတယ်။ကိုယ်ကအဆီပြန်တတ်တယ်၊ရေစိုချွေးစိုလည်းခံစေချင်တယ်ဆိုရင်တော့ ဒီ suncream လေးသုံးကြည့်နော်။🫂

🚫ပုံနှင့်စာများကူးယူဖော်ပြခွင့်မပြုပါ။

Photos from 𝗧𝗵𝗮𝘄'𝘀 𝗶𝗱𝗲𝗮𝗹𝘀's post 29/03/2023

ကုန်ဈေးနှုန်းတွေ တက်နေတဲ့ဒီကာလမှာ Results သိသာပြီး budget ဖြစ်မဲ့ hair product လေးကိုသိချင်ကြလား?

ဒါဆိုရင် ခင်ကအဲ့ဒီ Product လေးအကြောင်းကို
ပြောပြပေးသွားပါမယ်နော်။
အဲ့တာလေးကတော့ R°3 (Argan Hair Oil)လေးပါ။
ကိုယ်က quality ကောင်းကောင်းလေးလည်း
သုံးချင်တယ်၊ဈေးတအားမြောက်တော့လည်း ကိုယ့်အတွက်အဆင်မပြေပြန်ဘူး။ဒါဆိုရင်တော့ ဒီoil လေးကအဆင်ပြေတယ်။

အရှေ့ကပို့စ်တွေမှာ ခင်ပြောခဲ့သလို ခင်ကိုယ်တိုင်က budget
သမားမို့ အဲ့လိုProductလေးတွေဆို တအားသဘောကျတယ်။

သူ့အကြောင်းစပါပြီ🧡
သူက 5မျိုးလာပါတယ်။ဒီထဲမှာမှ ခင်ကနောက်ဆုံးထွက်ထားတဲ့ grapefruit လေးသုံးနေပါတယ်။အာနိသင်တွေကတော့ တူတူပါပဲ အနံလေးတွေပဲကွာသွားတာပါ။သူကျ အသီးနံ့ချိုချိုချဉ်ချဉ်လေးနဲ့မို့ ခေါင်းမကြည်တဲ့နေ့မျိုးဆို သူလေးကိုသုံးလိုက်ရင် လုံးဝfresh ပါပဲ။ Alcohol free မို့ဆံသားခြောက်မှာကြမ်းမှာ မပူရပါဘူး
ပြီးတော့ စေးကပ်ကပ်မဖြစ်သွားပဲ ခေါင်းလျှော်မဲ့နေ့ထိ ဆံပင်က
အဆင်ပြေနေတုန်းပဲ။Pump လေးရော အဖုံးလေးပါ ပါတဲ့အတွက် ခင့်လို ရှပ်ပြာတွေအတွက်လည်း save ဖြစ်ပါတယ်။

100ml ကိုမှ ၁သောင်းဝန်းကျင်မို့သုံးပျော်ပါတယ်။အကြာကြီးလည်းခံတယ်။hair oil ဆိုမွှေးမွှေးလေးနဲ့ glossy ဖြစ်တာလေးကြိုက်တဲ့ သဲသဲတို့အတွက် highly recommend ပါ။🧡

အဓိက သူလုပ်ပေးတာက ဆံသားလေးတွေပုံကျမယ်၊ဆံပင်ကချွေးနံထွက်တာတွေ ထိန်းပေးမယ်၊အပူဒဏ်ကာကွယ်မယ်။ဆံသားကို ပျော့အိသွားစေတာမျိုးမဟုတ်ပဲ သူ့နဂိုပုံလေးအတိုင်းလှစေမယ်။
သုံးကြည့်ကြနော် သဲသဲတို့။🧡


Photos from 𝗧𝗵𝗮𝘄'𝘀 𝗶𝗱𝗲𝗮𝗹𝘀's post 27/01/2023

Wello!
ခင် ဒီနေ့ထပ်ပြီးတော့ sharing လုပ်ပေးမဲ့ product လေးကတော့ local brand လေးတစ်ခုပါ။👀
(honest review)

အရင်ဦးဆုံးအခုလို ပြည်တွင်းထွက်ကုန်တွေကို လှပသပ်ရပ်တဲ့ ထုတ်ကုန်တစ်ခု ဖြစ်အောင်ပြုပြင်ပေးလို့ ခင်က
ကျေးဇူးအများကြီးတင်ပါတယ်။❤️

ခင် ဒီနေ့ပြောပြပေးသွားမှာက Grace Shelby Body Scrubက ကင်မွန်းသီး scrub လေးအကြောင်းပါ။🚿

ခင်တို့ scrub ကို နေလောင်တာတွေသက်သာဖို့၊အကြောပြတ်ရာတွေ သက်သာဖို့နဲ့ ဒူး၊တံတောင်ဆစ်မဲနေတာတွေ ‌အတွက် အသုံးပြုတတ်ကြပါတယ်။🤓

Grace scrub လေးကလေ အတော်ကို သုံးလို့ကောင်းတာပါ။ဒါ ခင်ရဲ့honest review ပါ။သူ့ကို ခင်သုံးတာတော့ 2 လကျော်လောက်ရှိပြီ။စသုံးတဲ့နေ့မှာတင် ချက်ချင်းသိသာတာမျိုးမဟုတ်ပဲ တဖြည်းဖြည်း အသားလေးက ကြည်လာတာပါ။ရေဆေးချရတာလည်းလွယ်တယ်။ဈေးကြီးပေးရတဲ့ scrub တွေကိုတော့ မယှဉ်လောက်ပင်မဲ့
ဒီဈေးနဲ့ ဒီ results ရတာအရမ်းတန်ပါတယ်။တကယ်လည်းသိသာပါတယ်။✅

ခင် သိပ်မကြိုက်တာက သူ့ရဲ့အနံ့ပါ။
မီးသင်းနံ့လေးနည်းနည်းရတယ်။အနံကပြင်းရှရှလေးပါ သူ့ကိုသုံးပြီးရင် ရေချိုးခန်းတစ်ခုလုံးအဲ့အနံ့စွဲကျန်ခဲ့တာပဲရှင်။ကောင်းတဲ့ဘက်က ကြည့်ရင်တော့ chemicalနဲ့အနံ့သင်းအောင် လုပ်လို့ရပေမဲ့ သဘာဝအတိုင်းလေးထားတာဆိုတော့ သဘော‌ေတာ့ကျရပါတယ်။💕

Graceက ကင်မွန်းသီး scrub လေးက ဈေးနှုန်းအရရောquality အရပါ သင့်တော်လို့ ခင်ကတော့အရမ်းကြိုက်ပါတယ်။🤭

နောက်တစ်ခု အချင်းများနေတဲ့ကိစ္စက scrub ကို ဆပ်ပြာမတိုက်ခင်သုံးရမလား၊ဆပ်ပြာတိုက်ပြီးမှ သုံးရမလားဆိုတာပါ။ခင်ကတော့ ဆပ်ပြာနဲ့တိုက်ပြီးမှ သုံးပါတယ်။ဆပ်ပြာကအရင် အညစ်အကြေးတွေကိုဖယ်ရှားပေးပြီးscrub ကအတွင်းပိုင်းထဲထိသန့်စင်ပေးတယ်လို့ခံစားရလို့ပါ။🛁

ပုံအောက်မှာ တစ်ခုချင်းရှင်းပြထားပါတယ်ရှင့်။🥺

🛒where to buy?
ခင်ကတော့ Kay Village ကနေ promotion ရှိတုန်းကဝယ်ခဲ့ပါတယ်ရှင့်။
Price-6800kyats(300g)✨

🚫ပုံနှင့်စာများ ကူးယူဖော်ပြခွင့်မပြုပါ။

Photos from 𝗧𝗵𝗮𝘄'𝘀 𝗶𝗱𝗲𝗮𝗹𝘀's post 22/01/2023

Budget facial cleansing foam🫧
(Not sponsor post)

ခင် ကိုယ်တိုင်ကလည်း budget သမားမို့လို့
budget သမားလေးတွေအတွက် အဆင်ပြေမယ့်
facial cleansing လေးတစ်ခု sharing
လုပ်ပေးပါ့မယ်။📣

Lebelage Collagen cleansing foamလေးပါ။💙

Budget လည်းဖြစ်ချင်တယ် ထိရောက်တဲ့ qualityလည်းလိုချင်ရင် ဒါလေးကို try ကြည့်ဖို့ recommend ပေးပါတယ်နော် သဲသဲလေးတို့ရေ။🙊

ရွေးချယ်စရာလည်း(7)မျိုးတောင်ရှိတာမို့လို့ ကိုက်ညီမဲ့
တစ်ခုကိုရွေးလိုက်ရုံပါပဲနော်။

ခင် ကတော့ အရေးအကြောင်းတွေရော အမဲစက်တွေရော ဖြစ်နေတာမို့လို့ collagen လေးကိုရွေးချယ်ခဲ့ပါတယ်။
collagenက အိုမင်းရင့်ရော်မှုတွေကို အကောင်းဆုံးပြန်လည် တင်းရင်းစေတယ်၊အရွယ်တင်နုပျိုစေတယ်။💠

သူ့ကိုသုံးပြီးတဲ့‌‌ေနာက်ပိုင်းအမဲစက်‌ေလးတွေသိသိသာသာလျော့လာတယ်။

သူ့ရဲ့အနံ့လေးကလည်း အနံ့ပြင်းပြင်းမကြိုက်တဲ့သူတွေအတွက် တော်တော်အဆင်ပြေတယ်။မွှေးမွှေးအေးအေးလေးရယ်။Texture လေးကလည်း မပျစ်မကျဲ cream typeလေး။👀💙

ယောကျ်ားလေးရော မိန်းကလေးရော သုံးလို့ရတာမို့ အတူတူသုံးမဲ့သူတွေအတွက်ရော၊Budget ချွေတာချင်တဲ့သူတွေအ‌တွက်ပါ ဒီအဆင့်လေးမှာ ချွေတာပြီးသားပဲ။

Where to buy?🛍️
ခင်က Kay Kay Village 2 ကဝယ်ခဲ့တာပါ။
Price-3500 kyats (100ml)✨နဲ့ ခင် ဝယ်ခဲ့ပါတယ်ရှင့်။

🚫ပုံနှင့်စာများ ကူးယူဖော်ပြခွင့်မပြုပါ။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

အိမ်မှာရှိနေတဲ့ ပစ္စည်းလေးတွေနဲ့ အသီးဖျော်ရည် အေးအေးလေး အတူတူလုပ်ကြည့်ကြမယ်နော် 🍹#thawsideals

Category

Website

Address


Yangon

Other Bloggers in Yangon (show all)
Romantic seat Romantic seat
Yangon

my bio

Tint Tint-Mindset Advisor Tint Tint-Mindset Advisor
Yangon

စိတ်စွမ်းအားနဲ့ ဘဝအောင်မြင်မှုတည်ဆောက်ကြမယ်။

Aung- Technology Aung- Technology
Yangon, <>

ပညာ သမာ အာဘာ နတ္ထိ

Black Liquor House Black Liquor House
Yangon

Knowledge sharing about EV

Yan Myo Aung Yan Myo Aung
No. 46, Padauk Shwe War Street, Zay Block, Taukkyant, Mingalardon TSP, Yangon, Mingaladon
Yangon

Pyan Hlwar Live Stream Pyan Hlwar Live Stream
Yangon

"သနားညှာတာမှုကင်းမဲ့လှစွာမည်သူ့အပေါ်မှငါအမြတ်မထုတ်"

Suladhanuggaha Pandita Suladhanuggaha Pandita
Yangon

Personal. Block

Burmese Vlog by Kaung Htet Burmese Vlog by Kaung Htet
Yangon

Burmese Vlog by Kaung Htet

The world of ZAW The world of ZAW
Yangon

zaw,Try or lose

Mhaw Mhaw
Yangon

ကျန်းမာ ပျော်ရွှင် လှပသော လူနေမှုဘဝအတွက် မျှဝေပေးသွားမယ့်.... "မှော်"