Love Modest

Gratitude brings out Modesty

15/01/2024

15/1/2024 - Day 12

🌿ဒီနေ့ကစပြီး ကျွန်တော် recipe လေးတွေနဲ့ သတိထားရမယ့်အချက်တွေ / ဒီ challenge ရဲ့ ထက်ပေါ်လာတဲ့ အခက်အခဲတွေ / အကျိုးကျေးဇူးတွေ ကြုံရင်ကြုံသလို တင်သွားပါ့မယ်

Result ထူးခြားမထူးခြားဆိုတာကတော့ တစ်လပြည့်မှ
(2/2/2024) ကျမှ တင်ပေးပါတော့မယ်

14/01/2024

14/1/2024 - Day 11

🌿အပြင်သွားတဲ့အခါ task တွေလွတ်မသွားစေဖို့

၁ - စားရမယ့်အစားအသောက်ကို ကြိုပြင်ဆင်ထားပါ

မနက်ဖြန်အပြင်သွားမယ်ဆို ဒီနေ့ကထဲက ကြိုပြီး schedule ချထားပါ...

ဘာတွေစားမလဲ? ဘာတွေ ကြိုချက်ရမလဲ? ဘယ်အချိန်မှာ ချက်ရမလဲ?

အဲ့လိုကြိုမတွေးထားရင် တကယ်အပြင်သွားမယ့်ရက်မှာ ကိုယ့် diet ကနေ သွေဖည်သွားမှာ အသေအချာပါပဲ

၂ - သူများစားတာမြင်လို့ ကိုယ်လဲမနေနိုင်ဘဲ စားဖြစ်တော့မယ်ဆိုရင် ?

အိမ်က ကြိုပြင်လာတဲ့ ကိုယ့် diet ကို အရင်စားပါ

ကိုယ်ရဲ့ diet ကို အချိန်ပေးပြီး အကုန်ကုန်အောင် စားပြီးမှ တခြားဟာကို စားပါ

အဲ့တာဆို ဗိုက်ပြည့်နေတဲ့အခါမှာ အပြင်စာတွေက အများကြီးဆန့်တော့မှာ မဟုတ်ပါဘူး

၃ - ရေသန့်ဘူး အမြဲဆောင်သွားပါ

အပြင်သွားရင် ရေဆာတဲ့အခါ available အလွယ်တကူဖြစ်တဲ့ အချိုရည်တွေကို ဝယ်သောက်မိပါလေရော..

ဒါ့ကြောင့် ရေသန့်ဘူးကိုအမြဲဆောင်ပြီး ရေဆာဆာ ဘာဆာဆာ ရေပဲသောက်ပါ 😁

၄ - ကိုယ့် tasks တွေနဲ့ schedule တွေကို အမြဲအသိကပ်ထားပါ

' ငါပင်ပန်းလာလို့ ဒီနေ့တရက် နားလိုက်ဦးမယ်' ဆိုပြီး အိမ်ပြန်ရောက်တဲ့အခါ သရေစာတွေ စားလိုက်တာမျိုး မလုပ်ပါနဲ့

ကျွန်တော် ကိုယ်တိုင်လဲ ဒီနေ့အပြင်သွားဖြစ်ခဲ့တယ်...ပြီးတော့ schedule တွေ task တွေ လွဲခဲ့တယ်...

ဒါ့ကြောင့် နောက်အခါတွေမှာ မမှားရအောင် ဒီလို သတိပြုစရာအချက်လေးတွေ ရေးလိုက်ရခြင်းဖြစ်ပါတယ်

ဆက်ရန်

Author - Gratitude

14/01/2024

13/1/2024 - Day 10

🌿အပြင်သွားတဲ့အခါတွေ / trip ထွက်တဲ့အခါတွေ မှာကော ကိုယ့်ရဲ့ task တွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ စဉ်းစားရမယ်

နက်ဖြန်ကျ ဆွေးနွေးကြတာပေါ့

ဆက်ရန်

Author - Gratitude

13/01/2024

12/1/2024 - Day 9

🌿မနေ့ကအဆက်ဖြစ်တဲ့ တခုပြီးတခုစားချင်လာတဲ့စိတ်ကို ဘယ်လိုဖြေရှင်းကြမလဲ? ဆိုတာ ဆက်ပြောပါ့မယ်

၁- ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်

ဆိုစကားအတိုင်း ကိုယ်အရမ်းကြိုက်တဲ့အစားအစာမျိုးတွေ(အထူးသဖြင့် အချိုများ/ဆီကြော်/ကစီဓာတ်များတဲ့အစားအစာများ) ကို အိမ်မှာမဝယ်ထားပါနဲ့ ...မဟုတ်ရင် ကိုယ့်ရဲ့စိတ်က အဲ့တာကိုမစားရမခြင်း တင်းတိမ်မှာမဟုတ်လို့ပါ

၂- မဖြစ်မနေစားဖြစ်တော့မယ့် အခြေအနေမှာဆိုရင်ရော ?

အဲ့လိုမဖြစ်မနေစားမိတော့မယ် ဆိုတဲ့အချိန်မှာ amountကို limit လုပ်ပြီး စားမယ့် ပမာဏကိုပဲ ပန်းကန်ပေါ်တင်ထားပါ... ကျန်တာကို မြင်ကွင်းကနေ ဖယ်ထားလိုက်ပြီး စိတ်ကိုယတိပြတ်ဆုံးဖြတ်လိုက်ပါ ...
ငါ ဒီပမာဏထက်ပိုမစားဘူး ဒါတောင်မှ များလှပြီ ဆိုပြီး....

၃- ဘယ်အချိန်မှာစားမလဲ?
ကိုယ်တနေ့တာ ပုံမှန်စားရမယ့် အသီးအရွက်တွေ အသားတွေ အကုန်စားပြီး နောက်ဆုံးမှ မိမိစားချင်နေတဲ့ဟာကို စားပါ

ပြောချင်တာက ဗိုက်မဆာနေတဲ့အချိန်ကျမှ ကိုယ်ချဉ်ချင်းတက်နေတာကိုစားပါ...
ဗိုက်ဆာတဲ့အချိန်မှာ သွားစားရင် အတောမသတ်နိုင်ပဲ ထပ်ထပ်စားချင်နေပါလိမ့်မယ်

၄- အစားစားတဲ့အချိန် တခြားအလုပ်မလုပ်ပါနဲ့

ဒါကဘာလို့ပြောရတာလဲဆိုတော့ အစားစားနေတုန်း ဖုန်းကြည့်တာပဲဖြစ်ဖြစ် အာရုံကတခြားတခုဆီကိုရောက်နေခဲ့မယ်ဆိုရင် ကိုယ်က စားသာစားလိုက်တယ် တင်းတိမ်သွားတယ်ဆိုတဲ့ ခံစားချက်က လွယ်လွယ်နဲ့ပေါ်လာမှာ မဟုတ်ပါဘူး...
ဗိုက်ပြည့်တာနဲ့ ရောင့်ရဲသွားတာနဲ့က မတူပါဘူး..

အဲ့တာကြောင့် အစားအသောက်ကို အာရုံစိုက် အရသာတွေကို သေချာခံစားပြီး ကျေးဇူးတင်ရင်း ဖြည်းဖြည်းချင်း စားကြည့်ပါ...

ဆက်ရန်

Author - Gratitude

12/01/2024

11/1/2024 Day 8

🌿မနေ့က တခုပြီးတခုစားချင်နေတဲ့ ပြသနာကို သေချာစမ်းစစ်နေရတော့ စာရေးမတင်ဖြစ်ခဲ့ဘူး

ဗိုက်မဆာဘဲလဲ တခုပြီးတခုမတရားစားချင်လာတဲ့စိတ်က ဘာလို့ဖြစ်လာရလဲဆိုတော့?

ကျွန်တော့်ရဲ့အတွေ့အကြုံအရတော့ ကစီဓာတ်များတဲ့အစားအစာနဲ့ အထူးသဖြင့် သကြား❗ စတာတွေ စားပြီးတဲ့ အချိန်နောက်ပိုင်းမှာ နောက်ထပ်တခုပြီးတခုထပ်စားချင်လာတယ် ...တင်းတိမ်မှု တော်ရုံနဲ့မရတော့ဘူးလို ဖြစ်လာတယ်

ကျွန်တော် အစပိုင်းရက်တွေက အချိုလုံးဝမစားခဲ့ဘူး... ကစီဓာတ်များတဲ့ ထမင်း/ ဂျုံ / အာလူး/ ပြောင်း/ ကန်စွန်းဥ/ သစ်ဥသစ်ဖု စတာတွေကိုလဲ လုံးဝနီးပါးဖြတ်ပြီးနေလိုက်တဲ့အခါ အဲ့ရက်တွေမှာ ဒီလိုမတင်းတိမ်တာ တခုပြီးတခု ထပ်စားချင်နေတာမျိုးမရှိခဲ့ဘူး...

ခုရက်ပိုင်း ကစီဓာတ်များတဲ့ ပိန်းဥတို့ ပဲမြစ်တို့ ခေါပုတ်တို့အိမ်မှာလဲရှိနေတာကတကြောင်း နဂိုကလဲ ကျွန်တော်ကြိုက်တဲ့အစားအစာတွေဖြစ်နေတော့ စားမိပါလေရော...

အများကြီးစားတာမဟုတ်ဘဲနဲ့တောင်...အဲ့တာတွေစားပြီးရင် ထပ်စားပြီးရင်းစားချင်...တခြားဟာတွေလဲ ထပ်စားချင်နဲ့....
ဒီလိုတွေ ဖြစ်လာခြင်းက ကျွန်တော့်ရဲ့ plan တွေ task တွေကို တော်တော် ပြသနာတက်လာစေတယ်

ဆိုတော့ ဒီနေ့မှာ ကျွန်တော်အရမ်းကြိုက်တဲ့အစားအသောက်တွေကို မစားဘူးမဟုတ်ဘူး စားတော့စားမယ်...

ဒါပေမယ့် အပေါ်ကပြောခဲ့သလို စည်းလွတ်ဘောင်လွတ်မဖြစ်သွားအောင် ဘယ်လိုကာကွယ်မလဲ?....

အဲ့တာလေးကို ဘယ်လို train မလဲဆိုတာ ည​နေကျ ပြောပြမယ်နော်

ဆက်ရန်

Author - Gratitude

10/01/2024

10/1/2024 - Day 7

🌿ကဲဘာလိုလိုနဲ့ တပတ်ပြည့်ခဲ့ပြီ

ဒီပြီးခဲ့တဲ့အပတ်မှာ ကျွန်တော့်ရဲ့ Challenge task တွေ complete ဖြစ်သလားဆိုတော့ ?

❗1st task - stop snacking
မုန့်ပဲသရေစာ အဓိက အချိုပါတာတွေ လုံးဝဖြတ်ရမယ်ဆိုတဲ့ task က 80% လောက်တော့ complete ဖြစ်ပြီပြောလို့ရတယ်

20% က အိမ်မှာ မုန့်ရှိနေတာတွေကြောင့် နည်းနည်းစားမိသွားတဲ့ရက်တွေရှိလို့ပါ

❗2nd task - ဗိုက်ဆာမှစားကြမယ်
ဒီဟာကတော့ 90% လောက် လိုက်လုပ်နိုင်ခဲ့တယ်

10% က အပေါ်က 1st task ကို ချိုးဖောက်မိတဲ့အချိန်ရဲ့နောက်ပိုင်းမှာ craving တွေက အဆက်မပြတ်တော့ဘဲ ဗိုက်မဆာဘဲ ဆက်စားဖြစ်သွားခဲ့တယ်

❗3rd task - healthy meal ဖြစ်အောင်စားကြမယ်
ဒီ task ကလဲ ပြောရမယ်ဆို 2nd task လိုမျိုးပဲ 90% complete လုပ်နိုင်ပေမယ့် 10% က 1st task ကို ချိုးဖောက်မိတာကြောင့် carbohydrate craving ဖြစ်လာရတော့တယ်

❗4th task - Be active throughout the day
ဒါကတော့ 80% လောက်ပဲလုပ်နိုင်သေးတယ်

❗5th task - Sleep early , Wake up early
ဒီ task ကတော့ ရက်အများစုလိုက်လုပ်နိုင်ပေမယ့်..
ညဘက်ကို ဖုန်းကြည့်များသွားရင် ပြန်ပြန်ပျက်သွားနေသေးတယ်

Well, ဆိုတော့ကာ ဒီ တပတ်ပြီးသွားတော့ ဘာထူးခြားလာလဲ?

ကျွန်တော် ပေါင်ချိန်စက်အားမရှိလို့မချိန်ဖြစ်ပေမယ့် body measurements တွေ 0.5လက်မလောက် ကျသွားတယ် ...😁

Fighting!

🌿cheat meal အကြောင်းနောက်ရက်မှပြောမယ်နော်

09/01/2024

9/1/2024 - Day 6

🌿ဒီနေ့ အနားယူပုံနဲ့ ပက်သက်ပြီး challenge လုပ်မယ့် 5th task အကြောင်း ပြောပြပါမယ်

5th task - ညစောစောအိပ် မနက်စောစောထ ...နေ့လည်နေ့ခင်း တရေးအိပ်

ကျွန်တော်တို့ဘာသာက မနက်၅နာရီဝန်းကျင်လောက် ထပြီး ဝတ်ပြုရတဲ့အတွက် ဝတ်ပြုပြီးသွားရင် ကျွန်တော်က ပြန်ပြန်အိပ်မိလေ့ရှိတယ်...

အဲ့ဒီ့အချိန်အိပ်တာက အိပ်မောကျသလိုချည်းဖြစ်ပြီး တော်တော်နဲ့ အိပ်ရာကမထဖြစ်ဘူး

အဲ့လိုမနက်ပိုင်း အကြာကြီးဆက်အိပ်ဖြစ်နေတော့ ညဘက်ကျစောစောမအိပ်ဖြစ်တော့ဘူး

အဲ့တော့ နောက်ရက်မနက်ကျ ထတဲ့အခါအိပ်ငိုက်နေရော..

ဆိုတော့ ဒီသံသရာကိုဖြတ်ဖို့ဆို ကျွန်တော်မနက်ပြန်မအိပ်ဖို့ အရင်ကြိုးစားရမယ်

ပြီးရင် နေ့လည်ခင်းတအားအိပ်ငိုက်လာတဲ့အခါမှ ၁၅min လောက် မှေးလိုက်မယ်

အဲ့တာဆို ညဘက်ကျ သူ့အလိုလိုစောစောအိပ်ချင်လာရော

ဒါကတော့ ကျွန်တော့်ရဲ့ 5th task ပါ

မနက်ဖြန်မှာ craving တခုခုကိုအရမ်းစားချင်လာတာနဲ့ ပက်သက်ပြီး 6th task ကို ဆက်ပြောပါ့မယ်

Author - Gratitude

🌿ဒီနေ့ရဲ့ ပထမဆုံး meal ကို နေ့လည် ၁နာရီခွဲမှစားခဲ့ပါတယ်

ညနေစာကိုကျတော့ အရမ်းအများကြီးမစားတော့ဘဲနဲ့ အချိန်ကိုလဲ ရှေ့တိုးစားမယ်

အဲ့လိုနဲ့ နောက်ကြာလာတဲ့အခါ တနေကုန် meal တခါပဲစားဖြစ်အောင် ကြိုးစားကြည့်မယ်

ရမရကတော့ မသိသေးဘူးပေါ့😅

08/01/2024

8/1/2024 - Day 5

🌿ဒီနေ့တော့ အလုပ်တွေရှုပ်နေတာနဲ့ 5th task အကြောင်း နောက်ရက်မှ ပြောတော့မယ်နော် ❤️

🌿အောက်ကပုံထဲက ဒီနေ့လုပ်စားဖြစ်တဲ့ မုန့်ညင်းပေါင်းနဲ့ ငရုတ်သီးဆီချက် 🤤

07/01/2024

7/1/2024 - Day 4

🌿4th task of 30 days Challenge - Be active

ကျွန်တော်ရဲ့ လေးခုမြောက် challenge က
တနေ့လုံးကို တတ်နိုင်သမျှ ၂နာရီခြားတခါလောက် လေ့ကျင့်ခန်းလေး ၃မိနစ်လောက် ထလုပ်တာမျိုး

အစာစားပြီးရင် တန်းမထိုင်ဘဲ လမ်းလျှောက်တာမျိုး

တနေ့တနေ့ကို intensity မြင့်တဲ့ လေ့ကျင့်ခန်း (ဥပမာ လှေကားကိုပြေးတက်တာ/ ကုန်းတက်ကို ပြေးတက်တာမျိုး) ကို ၁၅ sec လောက်ဆော့ပေးတာမျိုး

အဲ့လို တနေကုန် constant physically active ဖြစ်နေဖို့နဲ့ physical demand အရမ်းများတဲ့ exercise ကို တခါတလေလုပ်ဖြစ်နေဖို့ challenge လုပ်ထားပါတယ်

ဒီ စစချင်း ရက်တွေမှာတော့ ရာနှုန်းပြည့် မအောင်မြင်သေးဘူးပေါ့နော်

နောက်ပိုင်း ဒီလိုစားသောက်ပုံနဲ့ နေသားကျသွားတဲ့အခါ ရအောင်ကြိုးစားမယ်လို့ ရည်မှန်းထားပါတယ်

နောက်ရက်မှာ ဘယ်လိုပုံစံအနားယူမလဲဆိုတာ ဆက်ပြောပါ့မယ်

Author - Gratitude

🌿 ဒီနေ့အတွက် menu လေးကတော့ မနေ့က ဖယ်ထားတဲ့ အသီးအရွက်ကြော်တွေနဲ့ ကြက်သားနဲ့ပါပဲ

ခက်တာက အိမ်မှာ ကိုယ်ကြိုက်တာတွေလုပ်ထားရင် လုံးလုံးမစားပဲလဲမနေနိုင်တာနဲ့ ပဲမြစ်နဲ့ ခေါပုတ်ကလေး နည်းနည်းလေး စားခဲ့ပါသေးတယ်

ဒီနေ့က နေ့လည်စာကို ၁:၁၅ pm မှ စားခဲ့တာပါ

ညနေစာကို အရင်ရက်တွေကလို အရမ်း heavy ကြီးမစားတော့ဖို့ စိတ်ကူးထားပါတယ်

06/01/2024

6/1/2024 - Day 3

🌿ဒီနေ့တော့ 3rd Task ကနေ အရင်စပြောကြတာပေါ့

3rd task - healthy meal ဖြစ်အောင်စားကြမယ်

ကျွန်တော်သိသလောက် အရတော့
ပန်းကန် လေးပုံတပုံက အသားနဲ့ဥ
နောက်လေးပုံတပုံက ကစီဓာတ်(ထမင်း/ဂျုံ....)
ကျန်တဲ့ ပန်းကန်တဝက်က အသီးအရွက်
အဲ့လိုပုံစံစားနိုင်ရင်ကို ကျန်းမာရေးနဲ့ညီညွတ်တယ်...

ဒါပေမယ့် ကျွန်တော်ကအခု ဝိတ်ချချင်တာဆိုတော့ နည်းနည်းပိုပြီး effective ဖြစ်သွားအောင် ကစီဓာတ်များတဲ့အစားအသောက်တွေကို တရက်လုံးနေမှ ၁၀၀ g အောက်လောက်ပဲ စားဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်တယ်

သကြားကတော့ လုံးဝဖြတ်လိုက်မယ်/ သကြားပါတဲ့အစားအသောက်တွေကိုလဲ ရှောင်မယ်ပေါ့လေ

ကျွန်တော်က ထမင်းလုံးဝနီးပါးမစားတော့တဲ့အခါမှာ vitamin B 1 ချို့တဲ့မှာစိုးလို့ အပြင်ကနေ supplement ဝယ်သောက်ဖြစ်တယ်

ကဲ နောက်ရက်ကျရင်တော့ လေ့ကျင့်ခန်းနဲ့ပက်သက်ပြီး ဆက်ပြောကြတာပေါ့

Author - Gratitude

🌿မနေ့ကအခြေအနေလေးပြန်သုံးသပ်ရအောင်

မနေ့ကလေ့ကျင့်ခန်းလုပ်မယ်ဆိုပြီး အချိန်မရလို့မလုပ်ဖြစ်ခဲ့ဘူး...လှေကားပေါ်အတက်အဆင်း ၅ကြိမ်တော့ ရေချိုးခါနီး အပြေးလေး လုပ်ခဲ့ပါတယ်

🌿ဒီနေ့ မနက် ဘာစားဖြစ်ခဲ့လဲ?

ကန်စွန်းရွက်နဲ့ shiitake မှိုကြော်
ဂေါ်ဖီထုတ်ကြော်
ကြက်သားတောက်စဉ်းကြော်
ဂျပန်တိုဖူး
ကော်ဖီတခွက်
ပဲမြစ်အတိုလေးတွေ ၅တို

05/01/2024

5/1/2024 - Day 2

🌿ကဲ ဒီနေ့တော့ Day 1 ရဲ့အခြေအနေလေးပြန်သုံးသပ်တာကအရင်စကြမယ်

ကျွန်တော် day 1 တုန်းက snack လုံးဝမစားပဲနေနိုင်ခဲ့တယ်

ညနေစာကိုလဲ ၆နာရီခွဲလောက်မှာစားခဲ့ပြီး အဲ့နောက်ပိုင်းဘာမှထပ်မစားခဲ့ဘူး

နေ့လည်စာနဲ့ ညနေစာကြားအချိန်ထဲမှာတော့ လူက နည်းနည်းနုန်းနေသလိုတော့ရှိတယ်...
နေရထိုင်ရခက်တဲ့အနေအထားတော့မဟုတ်ပါဘူး...
အလုပ်တခုခုလုပ်နေလိုက်မယ်ဆို သတိတောင်ထားမိမှာမဟုတ်ပါ

ရေမချိုးခင်မှာ ကျွန်တော်တို့အိမ်က ၁၆ထပ်ရှိတဲ့ လှေကားကို အပြေးတက်တာကို ၅ကြိမ်လုပ်ခဲ့တယ်....
High intensity သဘောမျိုးပေါ့

ညဘက်ကျတော့ အစောကြီးအိပ်ချင်လာတယ်..၉နာရီလောက်ထဲက စအိပ်ချင်နေပေမယ့် တကယ်အိပ်ဖြစ်တာ ည ၉:၄၅ လောက်မှပါ...

🌿မနေ့ကအကြောင်း ပြန်သုံးသပ်ပြီးပြီဆိုတော့ ဒီနေ့ဘာတွေထူးလဲ ပြောပြမယ်

ကျွန်တော်က မနက်ဆို ၆နာရီလောက် ဝတ်ပြုဖို့ထတယ်
ဝတ်ပြုပြီးရင် ပြန်မအိပ်ဖြစ်အောင် ထိန်းရမှာ... ဒါပေမယ့် ဒီနေ့တော့ ပြန်အိပ်ဖြစ်သွားတယ် 😅

အိပ်ရာကနိုးတော့ ၉နာရီထိုးပြီ..
ဒီလောက်အိပ်တာတောင် ဒီနေ့မနက် သိသာလာတာကတော့ မျက်နှာပါ

ဟုတ်ပါတယ်.... ကျွန်တော့်မျက်နှာက အရင်ရက်တွေက တော်တော်ဖောင်းကားနေရာကနေ ဒီနေ့မနက်မှာ ဖောင်းတာလေးတွေ သိသိသာသာလျော့သွားတယ်

ဒီနေ့မနက်စာကို ၁၁:၅၅ am မှာ စားဖြစ်ခဲ့တယ်
မနက်စာကတော့ မနေ့က meal အတိုင်းပဲ စားခဲ့တယ်

ညနေစာကိုတော့
-ပဲဝါလေးထဲကို အိမ်မှာရှိတဲ့အသီးအရွက်တွေနဲ့ ကြက်ဥထည့်ချက်ထားတဲ့ဟင်းချို
-မုန်လာဥအချဉ်ကို ကြက်သွန်နီ ငရုတ်သီးစိမ်းနဲ့ အသုတ်
-ကြက်သားကြော် တွေစားဖို့စီစဉ်ထားတယ်

ညနေ ၄နာရီလောက်မှာ YouTube ကနေ walk 15 min at home ဆိုတာလေး လိုက်ပြီးလမ်းလျှောက်မယ်

ညနေ ၆ခွဲလောက်ကျ ညနေစာစားမယ်

ညဘက်ကို ၉ခွဲလောက် အိပ်ဖို့လုပ်ထားပါတယ်...အိပ်ပျော်မပျော်ကတော့ မသိသေးဘူးပေါ့နော်

🌿ကဲ...ဒီတော့ ကျွန်တော့်ရဲ့ 30 days Challenge ထဲက ဒုတိယ task လေးအကြောင်း ဆက်ပြောရအောင်

2nd task - ဗိုက်မဆာရင် မစားပဲနေကြည့်မယ်

ကျွန်တော်တို့က အစားအသောက်မြင်ရင် ဗိုက်ဆာတာမဆာတာ သတိမထားတော့ဘဲနဲ့ တန်းပြီး စားတတ်ကြတယ်

အဲ့ဒီအတွက်ကြောင့် စားသောက်တဲ့အကြိမ်အရေအတွက်တွေကများလာပြီး calorie intake တွေကလဲ ထပ်တူလိုက်များလာတော့တာပေါ့....

ဒီတော့ ကျွန်တော်ရဲ့ ဒုတိယ challenge task အနေနဲ့ဗိုက်ဆာတဲ့အချိန်ထိကို စောင့်ပြီးတော့မှ စားဖို့ဆုံးဖြတ်လိုက်ရတာပါ...

မနေ့ကရော ဒီနေ့ရော ကျွန်တော် မနက်စာကိုမစားဘဲနဲ့ ဗိုက်တကယ်ဆာတဲ့အချိန်ထိ စောင့်ပြီး နေ့လည် ၁၁/၁၂ ဝန်းကျင်ကြမှ proper meal ကို စိတ်ကျေနပ်တဲ့အထိ အဝစားခဲ့ပါတယ်

ညနေစာကိုလဲ ဗိုက်ဆာတဲ့အချိန်ထိစောင့်ပြီးမှ ညနေပိုင်း ၆/၇ ဝန်းကျင်မှ စားမှာပါ ...

အဲ့လိုနေ့လည်ပိုင်းမှ first meal စားတဲ့အခါမှာ ကျွန်တော့်အတွက် စျေးသွားဖို့တို့ ချက်ပြုတ်ဖို့တို့ကို အေးအေးဆေးဆေး စဉ်းစားပြီးလုပ်ဖို့ အချိန်ရလာတယ်.....

စဉ်းစားချိန်ရတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကိုပိုပြီး ရွေးချယ်မိလာတယ်...
အသီးအရွက်တွေပြင်ဆင်ဖို့အချိန်ရလာတယ်ပေါ့လေ...

ကျွန်တော် ဒီလိုအချိန်နဲ့အချိန်စားတဲ့ပုံစံက English လိုဆိုရင် intermittent fasting ပုံစံလို့ခေါ်တယ်

ညနေ ၇နာရီနောက်ပိုင်းကနေ နောက်ရက် မနက် ၁၁နာရီခွဲအထိ ရေ/ရေနွေးကြမ်းကလွဲပြီး ဘာမှမစားတဲ့အခါ အဲ့အချိန် ၁၆နာရီလောက်က ကျွန်တော် fasting လုပ်နေတဲ့သဘောဖြစ်သွားတယ်

အဲ့လို fasting လုပ်နေတဲ့အချိန်တွေမှာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က စားသောက်ခြင်းကနေ အားလပ်နေတော့ ခန္ဓာကိုယ်ရဲ့ cell တွေဟာ ပြုပြင်ဖို့လိုအပ်နေတဲ့နေရာတွေကို လိုက်ပြီးပြုပြင်မှုတွေ လုပ်တယ်/ မကောင်းတာတွေဖယ်ပြီး ကောင်းတာတွေတည်ဆောက်တယ် လို့သိရတယ်...

ဒါဟာ ဒီလို fasting လုပ်ခြင်းရဲ့ အလွန်ကြီးမားတဲ့အကျိုးကျေးဇူးလို့ ပြောကြတယ်

ဒီ့အပြင် ခန္ဓာကိုယ်က အပြင်ကအစားအသောက်မဝင်နေတဲ့အခါမှာ ရှိပြီးသား အဆီတွေကိုဖျော်ပြီး သူလိုအပ်တဲ့ energy အတွက် အသုံးချတယ်တဲ့ ...

ဆိုတော့ ကျွန်တော်တို့ ဖြုတ်ချချင်တဲ့ အဆီပိုတွေကို ဖြိုပြီးသားဖြစ်သွားတာပေါ့လေ

အဲ့တာကြောင့်မို့လို့လဲ ကျွန်တော် ဒီ intermittent fasting ကို challenge လုပ်ဖို့ ဆုံးဖြတ်လိုက်ရခြင်းဖြစ်ပါတယ်

နောက်ရက်ကြရင် ကျွန်တော်ရဲ့ တရက် ၂ကြိမ်စားခြင်းမှာ ဘယ်လိုဘယ်လိုစီစဉ်ပြီး စားနေလဲဆိုတာ ဆက်ရှင်းပြပါ့မယ်

ဆက်ရန်

စာရေးသူ - Gratitude

04/01/2024

4/1/2024 - Day 1

🌿ဘယ်ကဘယ်လိုစပြောပြရမလဲ?

🌿ကျွန်တော် အရင်က ဘယ်လိုဝိတ်ချခဲ့လဲဆိုတာက စပြောကြရအောင်.....

2021 / 6 လပိုင်းမှာ
keto diet စားတာနဲ့ လေ့ကျင့်ခန်းတနေ့ နာရီဝက်လောက်လုပ်ပြီး ဝိတ်ချခဲ့တာ တလခွဲလောက်အကြာမှာ ကျွန်တော့်ရဲ့ ပေါင်ချိန် ၁၇၀ ကနေ ၁၅၅ လောက်ထိ ကျခဲ့ဘူးတယ်..

အဲ့အချိန်တုန်းက covid wave လာတာနဲ့ကြုံပြီး ကျွန်တော်လဲ covid မိသွားတော့ keto diet ကို ဆက်မစားဖြစ်ခဲ့ဘူး လေ့ကျင့်ခန်းလဲ ပုံမှန်မလုပ်ဖြစ်ခဲ့ဘူး...

Covid ကနေပြန်သက်သာလာပြန်တော့လဲ ခရီးသွားရတဲ့အချိန်တွေရှိလာတဲ့အခါမှာ keto diet က ဆက်မစားဖြစ်ခဲ့ဘူး ...လေ့ကျင့်ခန်းကလဲ ပြတ်တောင်းပြတ်တောင်းပဲ လုပ်ဖြစ်နေခဲ့တယ်

ဒီလိုနဲ့ 2021 နှစ်ကုန်လောက်ကနေစပြီး ကျွန်တော်ရဲ့ ပေါင်ချိန် တဖြည်းဖြည်းချင်း ပြန်တက်လာခဲ့တယ် ...

အခု 2023/ 12 လပိုင်းမှာတော့ ကျွန်တော့်ရဲ့ပေါင်ချိန် နဂိုမူလ 170 ကို ပြန်ရောက်လာခဲ့တော့တယ် 😅

အဲ့တာကြောင့် ကျွန်တော် အခု နှစ်သစ်မှာ ပြောနေကျအတိုင်း စိတ်သစ်လူသစ်နဲ့ ရက် ၃၀ challenge လုပ်ဖို့ ဆုံးဖြတ်လိုက်တယ် ...❗

ရက်၃၀ ပြီးသွားခဲ့ရင် ဒီ challenge ကို ပြန်လည်သုံးသပ်ပြီး ကျွန်တော့်ရဲ့ lifestyle ကို လုံးဝ healthy lifestyle အဖြစ်ပြောင်းလဲနိုင်ဖို့ ဆက်လက်ကြိုးစားမှာဖြစ်ပါတယ်

ဆိုတော့.....ရက် ၃၀ ဆိုပြီး short term goal လေး အရင်သတ်မှတ်ကြတာပေါ့
(လူ့စိတ်ဆိုတာ အချိန်တိုတိုပဲလုပ်ရမယ်ဆို သိပ်မပင်ပန်းလောက်ပါဘူးဆိုပြီး ထင်ယောင်ထင်မှားဖြစ်တတ်တဲ့အကျင့်ရှိလို့လေ...)

🌿ကဲ ဆိုတော့ ကျွန်တော် ဒီ ရက် ၃၀ အတွင်းမှာ ဘာတွေ challenge လုပ်မလဲ ?

1st task - မုန့်ပဲသရေစာ စားခြင်း လုံးဝဖြတ်တောက်မယ်!

ကျွန်တော်တို့က မုန့်စားတာကို "proper meal မဟုတ်ပါဘူးကွာ ... အဆာပြေပေါ့" ဆိုပြီးပဲ သတ်မှတ်ကြတာ..

ဒါပေမယ့် မုန့်ပဲသရေစာတွေကလဲ အစားအသောက်ပဲမို့ အဲ့ဒါတွေစားတဲ့အချိန်တိုင်းမှာ ခန္ဓာကိုယ်က insulin ဆိုတဲ့ ဟိုမုန်းကို လိုက်ထုတ်ထုတ်ပေးနေရတယ် ...

ဆိုတော့ ကျွန်တော်တို့က အချိန်ရှိသမျှ မုန့်နဲ့ပါးစပ်မပြတ်သလိုဖြစ်နေတဲ့အခါမှာ အဲ့ဒီ့ insulin hormone က သူ့ခမျာ တနေကုန် နားချိန်ကိုမရှိတော့ဘူးပေါ့

တချိန်လုံး run နေရရင် စက်ပစ္စည်းတွေ ပျက်ဆီးသလိုပဲ..... ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကလဲ နားချိန်မရှိရင် မြန်မြန်ဆန်ဆန်ပဲ ပျက်ဆီးလာမှာ အသေအချာပဲ !

ဒါ့ကြောင့်မို့ ကျွန်တော် ဒီနေ့ကစပြီး ထမင်းစားချိန်မဟုတ်တဲ့ကြားထဲမှာ မုန့်ပဲသရေစာတွေ လုံးဝမစားမိအောင်နေဖို့ ဆုံးဖြတ်လိုက်ရခြင်း ဖြစ်တယ်...

ဆက်ရန် -

စာရေးသူ - Gratitude
-----------------------------------
🚨အောက်ကပုံလေးကတော့ ဒီနေ့အတွက် ပထမဆုံးစားတဲ့ meal လေးပါ
🚨မနက်မိုးလင်းထဲက ဘာမှမစားဖြစ်အောင်နေပြီး ဗိုက်တကယ်ဆာလာပြီဆိုတဲ့အချိန် 11:15 am ကျမှ စားခဲ့တာဖြစ်ပါတယ်
🚨ညနေစာကိုလဲ ဒီအတိုင်းပဲ ဗိုက်ဆာလာပြီဆိုတဲ့အချိန် 6နာရီ / 7နာရီ လောက်ကျမှ စားမှာဖြစ်ပါတယ်
🚨အခုစားခဲ့တဲ့ နေ့လည်စာနဲ့ ညနေစာနဲ့ ကြားအချိန်ထဲမှာ မုန့်ပဲသရေစာ လုံးဝမစားဖြစ်အောင်နေမှာပါ

💯Today's meal composition

-ကန်စွန်းရွက်နဲ့ မှိုကြော်က ပန်းကန်ရဲ့ တဝက်
-ပဲပြားနဲ့ကြက်ဥ အစပ်ကြော်က ပန်းကန်ရဲ့ လေးပုံတပုံ
-ကြက်သားကြော်က ပန်းကန်ရဲ့ လေးပုံတပုံ

ကစီဓာတ်ကတော့ လုံးဝမစားပဲနေရမှာပါ
ဒီနေ့က ချာပါတီလုပ်ထားတာရှိနေတော့ နည်းနည်းထည့်စားဖြစ်သွားတာပါ
-ချာပါတီတချပ်ရဲ့ လေးပုံတပုံ

-ကော်ဖီ+ချောကလက်မှုန့်+creamer နဲ့ဖျော်ထားတာတခွက် (သကြားမပါ)

29/10/2023

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Other Bloggers in Yangon (show all)
Romantic seat Romantic seat
Yangon

my bio

Tint Tint-Mindset Advisor Tint Tint-Mindset Advisor
Yangon

စိတ်စွမ်းအားနဲ့ ဘဝအောင်မြင်မှုတည်ဆောက်ကြမယ်။

Aung- Technology Aung- Technology
Yangon, <>

ပညာ သမာ အာဘာ နတ္ထိ

Black Liquor House Black Liquor House
Yangon

Knowledge sharing about EV

Yan Myo Aung Yan Myo Aung
No. 46, Padauk Shwe War Street, Zay Block, Taukkyant, Mingalardon TSP, Yangon, Mingaladon
Yangon

Pyan Hlwar Live Stream Pyan Hlwar Live Stream
Yangon

"သနားညှာတာမှုကင်းမဲ့လှစွာမည်သူ့အပေါ်မှငါအမြတ်မထုတ်"

Suladhanuggaha Pandita Suladhanuggaha Pandita
Yangon

Personal. Block

Burmese Vlog by Kaung Htet Burmese Vlog by Kaung Htet
Yangon

Burmese Vlog by Kaung Htet

The world of ZAW The world of ZAW
Yangon

zaw,Try or lose

Mhaw Mhaw
Yangon

ကျန်းမာ ပျော်ရွှင် လှပသော လူနေမှုဘဝအတွက် မျှဝေပေးသွားမယ့်.... "မှော်"