Sanpya သွားနှင့်ခံတွင်းဆေးခန်း

သွားနှင့်ခံတွင်းရောဂါများနှင့် သွားအလှအပဆိုင်ရာများ ဆွေးနွေးတိုင်ပင်နိုင်ပါသည်

24/08/2023

⭐️⭐️⭐️ စံပြ သွားနှင့်ခံတွင်း ဆေးခန်းတွင် 🎀🎀🎀
👇အောက်ပါကုသမှုအမျိုးမျိုးအားလုပ်ဆောင်နိုင်ပါသည်

🦷 အထွေထွေ သွားနှင့်ခံတွင်း ကုသမှုများ 🌟
(General Dental Treatment)

(1) သွားဖာခြင်း (Tooth Filling)

(2) သွားအကြောထုတ်ကုသခြင်း (Root Canal Treatment)

(3) သွားနှုတ်ခြင်း (Tooth Extraction)

(4)သွားသန့်ရှင်းရေးပြုလုပ်ခြင်း (Scaling)

(5) သွားအသေစိုက်ခြင်း (Crown & Bridge)

(6) အံကပ်အရှင်ပြုလုပ်ခြင်း (Denture)

🦷 အလှအပဆိုင်ရာ သွားနှင့်ခံတွင်းကုသမှုများ 🌟
(Aesthetic Dental Treatment)

(1) လေဆာဖြင့်သွားဖြူဖွေးအောင်ပြုလုပ်ခြင်း (Laser Tooth Whitening)

(2) သွားကြွေလွှာကပ်ခြင်း (Dental Veneer)

(3) သွားတွင် စိန် အလှကပ်ခြင်း (Dental Skyce)

🦷 အထူးပြုဆိုင်ရာ သွားနှင့်ခံတွင်းကုသမှုများ 🌟
(Special Dental Treatment)

(1) သွားညှိကုသခြင်း ( Orthodontic Treatment)

(2) သွားအမြစ်တုအစားထိုးကုသခြင်း ( Dental Implant)

(3) အံဆုံးခွဲစိတ်ဖယ်ရှားခြင်း ( Surgical Extraction of Wisdom tooth)

🦷 ကလေးသွားကျန်းမာရေးဆိုင်ရာ ကုသမှုများ 🌟
(Paediatric Dental Treatment)

👉 အထူးပြုဆိုင်ရာ ကုသမှုအမျိုးမျိုးအတွက် သက်ဆိုင်ရာ အထူးကုဆရာဝန်များရှိသောကြောင့် ယုံကြည်စိတ်ချစွာ
ကုသမှုခံယူနိုင်ပါသည်။

👉 ကုသမှုမခံယူမှီ သွားကျန်းမာရေးပြဿနာများ ဦးစွာ အခမဲ့ တိုင်ပင် ဆွေးနွေးပေးပါသည်။

🕰 ဆေးခန်းချိန်
နံနက် ၁၀နာရီမှ ညနေ ၆နာရီအထိ
(ပိတ်ရက်မရှိ)

🏥 ဆေးခန်းလိပ်စာ
အမှတ် ၃၈၃/B၊ ငမိုးရိပ် ၆ လမ်း အပိုင်း (၁)၊
စံပြဈေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ ဆက်သွယ်ရန်
​ဆေးခန်းဖုန်း 09668708467 / 09253732245
ဆရာဝန်ဖုန်း 09799533855/ 09791204268


#စံပြသွားနှင့်ခံတွင်းဆေးခန်း

#သွားကျန်းမာရေး

23/08/2023

🦷 လေဆာသွားဖြူကုသမှု 🦷
💞 Laser Tooth Whitening Treatment 💞
⏳️ ကြာချိန် ၄၅မိနစ်ခန့်

💖💖Your Smile is more Beautiful 💖💖
❣️❣️❣️than that You think💗💗💗

🦷 Sanpya Dental Team 🦷

🏥 အမှတ် ၃၈၃/B၊ ငမိုးရိပ်၆လမ်း(အပိုင်း ၁)၊ စံပြစျေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09 668 708467 / 09253732245

Photos from Sanpya သွားနှင့်ခံတွင်းဆေးခန်း's post 09/08/2023

စံပြ သွား​ဆေးခန်းတွင် သွားနှင့်ခံတွင်းဆိုင်ရာကုသမှုများအပြင် သွားကျန်းမာ​ရေးအ​ထောက်အကူပြု Accessories ပစ္စည်းမျိုးစုံကိုလဲ ​စျေးနှုန်းသင့်တင့်စွာဖြင့် ၀ယ်ယူ ရရှိနိုင်ပါသည်။
ရန်ကုန်မြို့တွင်း မြို့နယ်အလိုက် Deli service ရပါပြီ။

❗️ 》》 ​(အချိူ့ပစ္စည်းများ စျေးအနဲငယ် အ​ပြောင်းအလဲရှိပါက Edit လုပ်၍ ပြင်ဆင်​သွားပါမည်)

💖💖Your Smile is more Beautiful 💖💖
❣️❣️❣️than that You think💗💗💗

🦷 Sanpya Dental Team 🦷

🏥 အမှတ် ၃၈၃/B၊ ငမိုးရိပ်၆လမ်း(အပိုင်း ၁)၊ စံပြစျေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09 668 708467 / 09253732245


#သွားနှင့်ခံတွင်း




#စံပြသွားနှင့်ခံတွင်းဆေးခန်း

Photos from Sanpya သွားနှင့်ခံတွင်းဆေးခန်း's post 29/07/2023

✨️✨ ️Dental Crown & Bridge ✨️✨️
👉 လူကြိုက်အများဆုံးသွားစိုက်နည်း (သို့)
👉 ဘေးသွားများတွယ်၍သွားစိုက်ခြင်း

🦷 အကြောင်းအမျိုးမျိုးကြောင့်ဆုံးရှုံးသွားသောသွားများကို ပြန်လည်အစားထိုးသည့် သွားစိုက်နည်းများစွာအနက်
👉 Crown & Bridge (ဘေးသွားများတွယ်၍ သွားစိုက်ခြင်း) သည် လူအများစုရွေးချယ်ကြသော သွားစိုက်နည်းဖြစ်သည်။

🦷 ဘေးသွားများတွယ်၍သွားစိုက်ခြင်းဆိုတာ ဘာလဲ?
ဘယ်လိုမျိုးလဲ?
🦷 What is Crown & Bridge?

✔️ ဆုံးရှုံးသွားသောသွား၏ ဘေးတစ်ချက်တစ်ချက်စီရှိ သွားများကိုအစွပ်စွပ်၍ အတွဲလိုက်ထည့်လိုက်သည့်ပုံစံမျိုးဖြစ်ပါသည်။
✔️ တံတားထိုးသကဲ့သို့ ဟိုဘက်ကမ်းနှင့် ဒီဘက်ကမ်းကို ပေါင်းကူးလိုက်ခြင်းဖြစ်သည်။
✔️ ထို့ကြောင့် Crown & Bridge or Dental Bridges ဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။

✔️ ဥပမာဆိုရလျှင် သွား ၁ ချောင်းမရှိပါက ဘေးတစ်ဖက်တစ်ချက်စီကသွား ၂ချောင်းကို အကုပ်တွယ်၍ ၃ချောင်း အစွပ်ပုံစံပြုလုပ်လိုက်ခြင်းဖြစ်သည်။
✔️ ထို့ကြောင့် သွား ၁ချောင်းစိုက်လျှင် ၃ချောင်းပြန်ထည့်ရခြင်းဖြစ်သည်။
✔️ အစားထိုးလိုက်သော သွားအတုနေရာကို Pontic ဟုခေါ်၍ ဘေးကအကုပ်တွယ်လိုက်သော သွားများကို Abutments ဟုခေါ်သည် (ပုံပါအတိုင်း 👇👇👇)

🦷 Crown & Bridge ထည့်ရန် ရွေးချယ်နိုင်သော Crown အမျိုးအစားများ

🦷 ရှေ့သွားများအတွက်
(1) Acrylic Jacket Crown (ပလတ်စတစ်သွား)
(2) Porcelain Facing (ကြွေမျက်နှာစာသွား)
(3)Porcelain fused to metal (သတ္ထုအောက်ခံကြွေသွား)
(4) Zirconia (ဇာကိုးနီးယား ကြွေသန့်)

🦷 အနောက်သွားများအတွက်
(1) Nickel Chrome (သတ္ထုရောင် ငွေသွား)
(2) Porcelain fused to metal (သတ္ထုအောက်ခံကြွေသွား)
(3) Zirconia (ဇာကိုးနီးယား ကြွေသန့်)

🦷 လူအများစုဘာကြောင့်ရွေးချယ်ကြသလဲ?
🦷 Why Crown & Bridge?

(1) မိမိအတွက် အဆင်ပြေသော ကုန်ကျစရိတ်ရှိသည့်အမျိုးအစားများအားရွေးချယ်နိုင်ခြင်း
(2) Implant သွားမြစ်တု နှင့် နှိုင်းယှဥ်ပါက ကုန်ကျစရိတ်ပိုမိုသက်သာခြင်း
(3) ကြာချိန် ၅ရက်မှ တစ်ပတ်မျှသာ အချိန်ပေးရခြင်း
(4) သွားအသေစိုက်သောနည်းဖြစ်သောကြောင့်အံကပ်အရှင် ကဲ့သို့ အဖြုတ်အတပ် ပြုလုပ်စရာမလိုခြင်း
စသည့်အချက်များကြောင့် ရွေးချယ်ကြခြင်းဖြစ်သည်

🚫 Crown & Bridge ထည့်ရန် ကန့်သတ်ချက်များ❗️

(1) တွယ်စိုက်မည့် သွားများ ခိုင်ခံ့ကျန်းမာရမည်
(ပိုးစားခြင်း/ ယိုင်နဲ့ခြင်း/ ပြည်တည်ခြင်းများ ရှိမနေရ။ ရှိနေခဲ့လျှင် အစွပ်မထည့်ခင် တခြားကုသမှုများဉီးစွာ ပြုလုပ်ရမည်)

(2) ဆုံးရှုံးထားသော သွားအရေအတွက် မများရ
(သွားအချောင်းရေများများဆုံးရှုံးထားလျှင် အံကပ်အရှင်သာ သင့်လျော်ပါမည်)

(3) ဆုံးရှုံးထားသောသွား၏ ဆန့်ကျင်ဘက်ရှိ သွားများ အလွန်အမင်းရှည်ကျမနေရ

(4) Crown & Bridge မစိုက်ခင် သွားဖုံးရိုးထဲတွင် သွားအမြစ်အပိုင်းအစ ကျန်မနေရ
(သွားအမြစ်အပိုင်းအစရှိနေပါက ဉီးစွာ ဖယ်ပစ်ရမည်)

(5) အံဆုံးသွားများဆုံးရှုံးထားလျှင် ပြန်စိုက်ရန်မလိုပေ။ သို့သော် တစ်ခါတစ်ရံ အံဆုံးကို တွယ်စိုက်ရန် Abutment tooth အဖြစ်အသုံးပြုသည်

🙋‍♂️ ဘယ်လိုအချိန်မှာ crown & bridge ပြန်ထည့်သင့်လဲ?

➡️ သွားနှုတ်ပြီး ၁လ မှ ၆လအတွင်း ပြန်ထည့်နိုင်လျှင် အကောင်းဆုံးဖြစ်သည်
➡️ သွားညှိကုသမှုခံယူထားသည့်သူများအနေဖြင့် Brace ဖြုတ်ခံနည်းအချိန် (Retainer မပြုလုပ်ရသေးခင်အချိန်) တွင် ပြန်ထည့်သင့်သည်

💁‍♀️ Crown & Bridge စိုက်မည်ဆိုလျှင်

-ဆုံးရှုံးထားသောသွားအမျိုးအစား (Incisors/ canine/ premolar/ molar)
-တွယ်စိုက်မည့်ဘေးသွားများ၏ အခြေအနေ
-ထည့်ရမည့် crown အမျိုးအစား
-တွယ်စိုက်ရမည့် သွားအရေအတွက်

စသည့်အချက်များကို ဆရာ၀န်နှင့် ပြသဆွေးနွေးပြီးမှ ကုန်ကျစရိတ်ကို အတိအကျ သိရှိနိုင်ပါမည်။

👉 စံပြသွားဆေးခန်းတွင် ဆရာ၀န်နှင့် အခမဲ့ လာရောက် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။
👉 ဖုန်း/ Messenger များမှ မေးသည့်အခါ သွားအခြေအနေကိုမမြင်ရသောကြောင့် ပျမ်းမျှအားဖြင့်သာ ကုန်ကျစရိတ်ကို ခန့်မှန်း ပြောနိုင်ပါမည်။

ကျန်းမာသောသွားများပိုင်ဆိုင်ကြပါစေ
🦷🦷🦷

💖💖Your Smile is more Beautiful 💖💖
❣️❣️❣️than that You think💗💗💗

🦷 Sanpya Dental Team 🦷

🏥 အမှတ် ၃၈၃/B၊ ငမိုးရိပ်၆လမ်း(အပိုင်း ၁)၊ စံပြစျေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09 668 708467 / 09253732245


#စံပြသွားဆေးခန်း
#သွားနှင့်ခံတွင်း
#သွားစိုက်ခြင်း

27/07/2023

စံပြသွား​ဆေးခန်းတွင် သွားညှိကုသမှု ပြီးဆုံးသွား​သော
Case တစ်ခု 👇👇👇

➡️ Problem : Bimaxillary Proclination &
Lower Anterior Mild Crowding
(သွား​ခေါခြင်း နှင့် ​အောက်သွားအနဲငယ်ထပ်ခြင်း)

➡️ အသုံးပြုထား​သော Brace အမျိုးအစား
👉 Traditional Metal Brace

⌛️ ကုသမှုကြာချိန် : ၂နှစ်ခွဲ၀န်းကျင်

ဆက်သွယ်စုံစမ်းရန် 👇👇👇

🕰ဆေးခန်းချိန်
🕛နံနက် ၁၀နာရီမှ ညနေ ၆နာရီအထိ
(ပိတ်ရက်မရှိ)

🏥ဆေးခန်းလိပ်စာ
အမှတ် ၃၈၃/B၊ ငမိုးရိပ် ၆ လမ်း အပိုင်း (၁)၊
စံပြဈေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ဆက်သွယ်ရန်
📞​ဆေးခန်းဖုန်း 09668708467 / 09253732245
📞ဆရာဝန်ဖုန်း 09799533855/ 09791204268

💖💖Your Smile is more Beautiful 💖💖
❣️❣️❣️than that You think💗💗💗

🦷 Sanpya Dental Team 🦷


#စံပြသွားနှင့်ခံတွင်းဆေးခန်း

#သွားညှိကုသမှု

Photos from Sanpya သွားနှင့်ခံတွင်းဆေးခန်း's post 21/07/2023

သွားညှိကုသမှု Braces တပ်ရန် လိုအပ်သော သွားအနေအထား အမျိုးမျိုး (သို့)
လူအများစုတွင် ​တွေ့ရတတ်​​သော သွားမညီမညာ ဖြစ်ချင်းအမျိုးမျိုး

(1) အပေါ်သွားခေါခြင်း (Proclined Upper Anterior Teeth)

(2) အပေါ်သွားရောအောက်သွားရော ခေါထွက်နေခြင်း (Bimaxillary Proclination)

(3) အောက်သွားခေါခြင်း (သို့) အောက်မေးရိုးရှေ့ထွက်ခြင်း (Class 3 malocclusion with Anterior Cross bite)

(4) အနောက်ဘက်ရှိ အောက်အံသွားများသည် အပေါ်အံသွားများထက်အပြင်သို့ကားထွက်နေခြင်း (Posterior Cross bite)

(5) အောက်မေးရိုးရှေ့ထွက်ခြင်းနှင့်အတူ အပေါ်သွားများအထဲချိုင့်၍အောက်သွားများကအပြင်ထွက်နေခြင်း (Skeletal Class 3 with Under bite)

(6) အရှေ့ အပေါ်သွားများနှင့်အောက်သွားများ မထိခြင်း ( Anterior Open Bite)

(7) အပေါ်သွားများသည် အောက်သွားများကို အလွန်အမင်း အုပ်နေခြင်း (Deep bite)

(8) သွားကျဲခြင်း (Spacing)

(9)သွားထပ်ခြင်း (Crowding)

(10) အရှေ့သွား၂ချောင်းကြား သွားအပို၁ချောင်း ပါလာခြင်း (Mesiodens)

အထက်ပါ အခြေအနေများသည် မိမိပါးစပ်ထဲတွင် ၁ မျိုးတည်းဖြစ်တတ်သလို ၁ မျိုး ထက်ပိုသော အခြေအနေများလဲ ရှိတတ်ပါသည်။

သွားမညီမညာဖြစ်ခြင်းအမျိုးမျိုးအတွက်
သွားညှိကုသမှုနည်းလမ်းများသည် များစွာရှိပါသည်။
မိမိဖြစ်နေသော အနေအထားပေါ်မူတည်ပြီး သွားညှိကုသမှု plan၊ သုံးသည့် ပစ္စည်းများ၊ ကြာချိန်နှင့် ရလဒ် များသည် ကွဲပြားခြားနားသွားမည်ဖြစ်သည်။

ဆက်သွယ်စုံစမ်းရန် 👇👇👇

🕰ဆေးခန်းချိန်
🕛နံနက် ၁၀နာရီမှ ညနေ ၆နာရီအထိ
(ပိတ်ရက်မရှိ)

🏥ဆေးခန်းလိပ်စာ
အမှတ် ၃၈၃/B၊ ငမိုးရိပ် ၆ လမ်း အပိုင်း (၁)၊
စံပြဈေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ဆက်သွယ်ရန်
📞​ဆေးခန်းဖုန်း 09668708467 / 09253732245
📞ဆရာဝန်ဖုန်း 09799533855/ 09791204268

💖💖Your Smile is more Beautiful 💖💖
❣️❣️❣️than that You think💗💗💗

🦷 Sanpya Dental Team 🦷


#စံပြသွားနှင့်ခံတွင်းဆေးခန်း

#သွားညှိကုသမှု

29/06/2023

👉 Metal Brace ​လေးပဲတပ်မှာလား? 🤔
👉 Ceramic အကြည်​ရောင် Brace ​လေးတပ်မှာလား? 🧐
⭐️ ဘာပဲတပ်တပ် အဓိကက သွား​လေး​တွေ
✨️ ညီညာလှပသွားဖို့ပဲ မဟုတ်လား? 💁‍♀️💁🙋‍♀️🙋‍♂️

👧 သင်ဟာ Brace လဲတပ်ချင်တယ် 👧
🙅‍♀️ Brace တပ်ထားမှန်းလဲ မ​သိသာချင်ဘူး 🙅‍♀️
📸 ဓါတ်ပုံရိုက်တဲ့အချိန်မှာလဲ 📸
😄 စိတ်တိုင်းကျပြုံးချင်တယ်ဆိုရင်​တော့ 😁
👉 Traditional Ceramic Brace ​လေးကိုရွေးချယ်လိုက်ပါ​နော်။ ☑️☑️☑️

💗စံပြသွား​ဆေးခန်းရဲ့သွားညှိကုသမှုအရစ်ကျအစီအစဥ်💗

➡️Traditional Metal Brace
👉အပြီးအစီး ၁၃.၅သိန်း
👉လစဥ်အရစ်ကျ ၅၅၀၀၀ကျပ်

➡️Traditional Ceramic Brace
👉အပြီးအစီး ၁၅.၅သိန်း
👉လစဥ်အရစ်ကျ ၇​သောင်းကျပ်

➡️ခန့်မှန်းကြာချိန်
👉၁နှစ်ခွဲမှ၂နှစ်၀န်းကျင်

➡️သွားညှိကုသမှုနှင့်သက်ဆိုင်​သော
သွားနှုတ်ခြင်း၊သွားသန့်ရှင်း​ရေးပြုလုပ်ခြင်း
Retainer များအတွက် အခမဲ့ (FOC) များအပြင်

➡️သွားကျန်းမာ​ရေးတိုင်ပင်​ဆွေး​နွေးခကိုအခမဲ့စစ်​ဆေး​ပေးမည့်အတွက် မည်သူမဆို ဦးစွာ လာ​ရောက်တိုင်ပင်​ဆွေး​နွေးနိုင်ပါသည်။

📌သွားညှိကုသမှုကို သွားညှိအထူးကု ဆရာဝန်ကြီးများ ကိုယ်တိုင် တာဝန်ယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်လို့ ကုသမှုပိုင်းကို အပြည့်အဝ ယုံကြည်စိတ်ချနိုင်ပါသည်။👩‍⚕

📌လစဉ် ငွေအရစ်ကျသွင်းရမည့်ပမာဏကိုလဲ Traditional Metal Brace အတွက် ၅သောင်း၅ထောင်ကျပ်သာ ထားပေးသွားမှာ ဖြစ်ပြီး လူတိုင်း တတ်နိုင်တဲ့ ငွေပမာဏ မို့လို့ သွားညှိ ကုသဖို့အတွက် ဖုန်းဆက်ပြီး ရက်ချိန်းယူလိုက်စို့နော်။ ⚖️

☎️ဆက်သွယ်စုံစမ်းရန်
ဆရာ၀န်ဖုန်း
📞09 791 204268
📞09 799 533855

​ဆေးခန်းဖုန်း
📞09 253 732245
📞09 668 708467

🏥ဆေးခန်းလိပ်စာ
အမှတ် (၃၈၃/ဘီ)၊ ငမိုးရိပ် ၆လမ်း၊ အပိုင်း ၁၊ စံပြစျေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

⏱️ဆေးခန်းဖွင့်ချိန်
မနက် ၁၀နာရီမှ ညနေ ၆နာရီအထိ
(ပိတ်ရက်မရှိ)

‼️မှတ်ချက်
- ဖုန်းဖြင့် ဘိုကင်ကြိုယူရပါမည်
- Braces မတပ်ခင် ပြင်ဆင်သည့်အပိုင်းများအရင်လုပ်ရပါမည် (Register/ Photo record/ ဓါတ်မှန်ရိုက်ခြင်း/အံပုံယူခြင်း)
-ဓါတ်မှန်ရိုက်ခအပြင်တွင်သက်သက်ထပ်ကုန်ကျပါမည်

💖💖 Your Smile is more Beautiful 💖💖
❣️❣️❣️ than that You Think 💗💗💗


#သွားညှိကုသမှု

18/06/2023

Brace ကို အပေါ် တစ်ခြမ်းပဲတပ်ပြီး သွားညှိလို့ရလား?
Messenger or phone ကနေ ဒီလိုမေးခွန်းမျိုးမေးလာတဲ့အခါ ကျွန်ုပ်တို့အနေနဲ့​ဖြေရခက်ပါတယ်။
အကြောင်းမှာ သွားညှိကုသမှုကို အပေါ် (သို့) အောက် တစ်ခြမ်းပဲ ပြင်လို့ရမရက အောက်ပါ အချက် ၂ချက် ပေါ်မူတည်ပါတယ်။

👉လူနာ၏လက်ရှိသွားအနေအထား ပုံပန်းသဏ္ဌာန်
👉လူနာ၏ ပြင်လိုသောအနေအထား (သို့) မိမိသွားကို ဘယ်လိုဖြစ်ချင်လဲ ? ဘယ်လောက်အနေအထားအထိ ပြောင်းလဲချင်လဲ?

ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။

ဒီအချက်တွေအရ လူနာရဲ့သွားအနေအထားကို ဆေးခန်းမှာ သေချာ ကြည့်ပြီးမှပဲ ရမရ သေချာပြန်ပြောလို့ရပါမယ်။

👉ဥပမာ အရှင်းဆုံးမြင်သာအောင် ပြောပြရမယ်ဆိုရင်တော့ မိမိပြင်လိုသည့် အပေါ် သွားများကို braces ကြိုးများဖြင့် ဆွဲရွှေ့သော လမ်းကြောင်းတွင် အောက်သွားက တားစီးပိတ်ဆို့ထားခြင်းမရှိလျှင် အပေါ်တစ်ခြမ်းပဲပြင်လို့ရနိုင်တယ်လို့ မှတ်ယူနိုင်ပါသည်။
👉ဒီလိုရမရက လူကိုယ်တိုင်ဆေးခန်းလာပြမှသာ သေချာရှင်းပြပေးလို့ရပါသည်။
👉လိုအပ်လျှင် ဓါတ်မှန်ရိုက်ဖို့လိုကောင်းလိုနိုင်ပါသည်

☑️အကယ်၍ အပေါ် (သို့) အောက် တစ်ခြမ်းပဲ သွားညှိလို့ရခဲ့တယ်ဆိုရင် စံပြသွားဆေးခန်းတွင် ကုန်ကျစရိတ်စုစုပေါင်း ၇သိန်းမှ ၉သိန်း၀န်းကျင်လောက် ကုန်ကျပါမည်။
✔️လစဥ်အရစ်ကျက ညှိနှိုင်းပြီး အဆင်ပြေသလိုသွင်းနိုင်ပါသည်။

✔️အောက် comment တွင် အပေါ် (သို့) အောက်တစ်ခြမ်းပဲ သွားညှိလို့ရမည့် case နှင့် အပေါ်အောက် တစ်စုံ သွားညှိမှအဆင်ပြေမည့် case နမူနာများအား ဖော်ပြထားပါသည်။ 👇👇👇👇👇

🕰ဆေးခန်းချိန်
🕛နံနက် ၁၀နာရီမှ ညနေ ၆နာရီအထိ
(ပိတ်ရက်မရှိ)

🏥ဆေးခန်းလိပ်စာ
အမှတ် ၃၈၃/B၊ ငမိုးရိပ် ၆ လမ်း အပိုင်း (၁)၊
စံပြဈေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ဆက်သွယ်ရန်
📞​ဆေးခန်းဖုန်း 09668708467 / 09253732245
📞ဆရာဝန်ဖုန်း 09799533855/ 09791204268


#စံပြသွားနှင့်ခံတွင်းဆေးခန်း

#သွားညှိကုသမှု

Photos from Sanpya သွားနှင့်ခံတွင်းဆေးခန်း's post 17/06/2023

အရက်၊ဘီယာ သောက်ခြင်းနှင့် သွားနှင့်ခံတွင်းကုသမှုများ ဘယ်လိုဆက်စပ်မှုရှိလဲ???

👉သွားမနှုတ်ခင် အရက်၊ဘီယာ သောက်ထားပြီး ရဲဆေးတင်ခြင်းသည် လုံး၀ (လုံး၀) မပြုလုပ်သင့်သော မှားယွင်းသော အယူအဆ တစ်ခု ဖြစ်ပါသည်။

👉သွားနှင့်ခံတွင်း ကုသမှုများအတွက်သာမက တခြား မည်သည့် ခွဲစိပ်ကုသမှုမျိုးမဆို ကုသမှုမပြုခင် အနဲဆုံး ၂၄နာရီ ခြား၍ အရက်၊ဘီယာ သောက်ခြင်းကို ရှောင်ရှားထားရမည်။

👉သွားနှင့်ခံတွင်း ကုသမှုများမပြုခင်နှင့် ပြုပြီးအချိန်တွေမှာ အရက်၊ဘီယာ သောက်မိပါက ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်လဲ?

(1) သွားနှုတ်နေစဉ် ပုံမှန်ထက်ပို၍သွေးထွက်နှုန်းများပြားနိုင်ခြင်း
(2) ခန္ဓာကိုယ်ရဲ့ ထုံဆေးစုပ်နိုင်ယူမှုကို လျော့ကျစေသောကြောင့် ထုံဆေး ဘယ်လောက်သုံးသုံး နာကျင်မှုရှိစေနိုင်ခြင်း
(3) သွားနှုတ်ထားသည့် အနာနေရာသည် ရောဂါပိုး ပိုမို ၀င်ရောက်နိုင်ခြင်း
(4) အနာကျက်နှေးခြင်း စသည့်ဆိုးကျိုးများအပြင်
(5) သွားနှင့်ခံတွင်း ကုသမှုများတွင် ပေးတတ်သော Metronidazole, Tinidazole စသော ဆေး၀ါးများနှင့် အရက်ဘီယာ တွဲသောက်မိပါက ခေါင်းကိုက်ဝေဒနာကိုအပြင်းအထန်ခံစားရမည်ဖြစ်သည်။

👉အရက်သောက်ထားခြင်းက ပုံမှန်အသိစိတ်အခြေအနေမဟုတ်သောကြောင့် ကုသမှုပေးမည့် ဆရာ၀န်နှင့် စကားပြောဆိုဆွေးနွေးသည့်အခါ ခက်ခဲမှုများကြုံတွေ့ရတတ်ပါသည်။
ဆရာ၀န်အပေါ်လဲ မလေးစားရာရောက်ပါသည်။

👉ဒါ့ကြောင့် သွားနှင့်ခံတွင်းကုသမှုများ မပြုခင် ၂၄နာရီအလိုနှင့် ကုသမှုပြုပြီး ၇၂နာရီ(၃ရက်) ကြာသည်အထိ အရက်ဘီယာသောက်ခြင်းကိုရှောင်ရှားသင့်ပါသည်။

Photos from Sanpya သွားနှင့်ခံတွင်းဆေးခန်း's post 14/06/2023

သွားညှိကုသမှုတွင် အသုံးပြု​သော Orthodontic Braces အမျိုးအစားများ 👇👇👇

(1) Traditional Metal Braces
👉 Braces များထဲတွင် ​စျေးအသက်သာဆုံးဖြစ်၍
လူအများစုတပ်ကြ​သော အမျိုးအစားဖြစ်သည်
👉 Brace လဲတပ်ချင်တယ် ကုန်ကျစရိတ်လဲ ​ချွေတာချင်
တယ်ဆိုတဲ့သူ​တွေ ​ရွေးချယ်သင့်ပါသည်။

(2) Traditional Ceramic Braces
👉 အဖြူ(အကြည်)​​ရောင် Braces ဖြစ်​သော​ကြောင့်
မိမိသွားတွင် Braces တပ်ထားမှန်းမသိသာပါ
👉 Metal နဲ့ယှဥ်ရင် ကုန်ကျစရိတ်အနဲငယ်များသွားပါမယ်
👉 ဓါတ်ပုံရိုက်သည့်အချိန်၊ စကား​ပြောသည့်အချိန်များတွင်
👉 Brace တပ်ထားမှန်း မသိသာချင်သူများ ​ရွေးချယ်သင့်.
ပါသည်။

(3) Self Ligating Metal Braces
👉 Braces ​တွေကို ligation wire (or) elastic O ring
များဖြင့် ချည်စရာမလိုပဲ Arch Wire ထည်၍ရ​သော
Lock နှင့်အဖွင့်အပိတ် လုပ်ရ​​​သော​ကြောင့် ပါးစပ်ထဲတွင်
ပို၍သက်​တောင့်သက်သာရှိ​စေပါသည်။
👉 Appointment time တွင် arch wire လဲသည့်အခါ ပိုမို
မြန်ဆန်လွယ်ကူ​စေပါသည်
👉 သွား​ရွေ့လျှားမှု ပိုမိုမြန်ဆန်​သော​ကြောင့် မိမိလိုချင်​သော
result ကို အချိန်တိုအတွင်း အမြန်ရရှိ​စေပါသည်
👉 အလွန်အမင်းသွားထပ်​နေ​သောသူများ
(severe crowding case)တွင် အချိန်တိုအတွင်းရလဒ်
မြန်မြန်လိုချင်ပါကself ligatingကို
ရွေးချယ်သင့်ပါသည်။

(4) Self Ligating Ceramic Braces
👉 Brace ၏အ​ရောင်သည် အဖြူ(အကြည်)​ရောင် ဖြစ်ပြီး
အကျိူးသက်​ရောက်မှုသည် self ligating metal
brace နှင့် အတူတူပင်ဖြစ်သည်။

(5) Damon Braces
👉 Damon Braces သည် တခြား braces များထက်
ကုန်ကျစရိတ်များ​သော​ကြောင့်လူနည်းစုသာတပ်ဆင်ကြ
ပါသည်။
👉 Damon ၏အားသာချက်များမှာ ​ဆေးခန်းသို့ လာရမည့်
appointment အကြိမ်​ရေ ပိုနည်းမှာဖြစ်​သော​ကြောင့်
အချိန်ကုန်သက်သာ​စေပါသည်။
👉 ခံတွင်းသန့်ရှင်း​ရေးပြုလုပ်ရာတွင်လဲ ပိုမိုလွယ်ကူပြီး
သက်​တောင့်သက်သာပိုရှိပါသည်။
👉 မိမိလိုချင်​သော result ကိုအချိန်တိုအတွင်း အ​
ကောင်းမွန်ဆုံးနဲ့ အမြန်ဆုံးရရှိ​စေပါသည်။

ဆေးခန်းချိန်
နံနက် ၁၀နာရီမှ ညနေ ၆နာရီအထိ
(ပိတ်ရက်မရှိ)

ဆေးခန်းလိပ်စာ
အမှတ် ၃၈၃/B၊ ငမိုးရိပ် ၆ လမ်း အပိုင်း (၁)၊
စံပြဈေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန်
​ဆေးခန်းဖုန်း 09668708467 / 09253732245
ဆရာဝန်ဖုန်း 09799533855/ 09791204268

💖💖Your Smile is more Beautiful 💖💖
❣️❣️❣️than that You think💗💗💗

🦷 Sanpya Dental Team 🦷


#စံပြသွားနှင့်ခံတွင်းဆေးခန်း


#သွားညှိကုသမှု

12/04/2023

စံပြ သွား​ဆေးခန်းအား သင်္ကြန်အကြို​နေ့ ၁၃ရက်​နေ့မှ နှစ်ဆန်းတစ်ရက်​နေ့ ၁၇ ရက်​နေ့အထိ ​ဆေးခန်းပိတ်ပါမည်
သွားညှိကုသမှုခံယူထားသည့်သူများ အ​​နေဖြင့် April လအတွက် ရက်ချိန်းကို သင်္ကြန်ကာလပြီးမှသာ
ဖုန်းဆက်အ​ကြောင်းကြား​ပေးပါမည်။ ​
အားလုံးပဲ မြန်မာ့နှစ်ကူးသင်္ကြန်ကာလ ကို ​ပျော်ရွှင်ချမ်း​​မြေ့စွာ ဖြတ်သန်းနိုင်ကြပါ​စေ ​ကြောင်း ကျ​နော်တို့ Sanpya Dental Team မှ ဆုမွန်​ကောင်း​တောင်း​ပေးလိုက်ပါတယ် ခင်ဗျာ။

Photos from Sanpya သွားနှင့်ခံတွင်းဆေးခန်း's post 08/02/2023

⭐️⭐️⭐️ စံပြ သွားနှင့်ခံတွင်း ဆေးခန်းတွင် 🎀🎀🎀
👇အောက်ပါကုသမှုအမျိုးမျိုးအားလုပ်ဆောင်နိုင်ပါသည်

🦷 အထွေထွေ သွားနှင့်ခံတွင်း ကုသမှုများ 🌟
(General Dental Treatment)

(1) သွားဖာခြင်း (Tooth Filling)

(2) သွားအကြောထုတ်ကုသခြင်း (Root Canal Treatment)

(3) သွားနှုတ်ခြင်း (Tooth Extraction)

(4)သွားသန့်ရှင်းရေးပြုလုပ်ခြင်း (Scaling)

(5) သွားအသေစိုက်ခြင်း (Crown & Bridge)

(6) အံကပ်အရှင်ပြုလုပ်ခြင်း (Denture)

🦷 အလှအပဆိုင်ရာ သွားနှင့်ခံတွင်းကုသမှုများ 🌟
(Aesthetic Dental Treatment)

(1) လေဆာဖြင့်သွားဖြူဖွေးအောင်ပြုလုပ်ခြင်း (Laser Tooth Whitening)

(2) သွားကြွေလွှာကပ်ခြင်း (Dental Veneer)

(3) သွားတွင် စိန် အလှကပ်ခြင်း (Dental Skyce)

🦷 အထူးပြုဆိုင်ရာ သွားနှင့်ခံတွင်းကုသမှုများ 🌟
(Special Dental Treatment)

(1) သွားညှိကုသခြင်း ( Orthodontic Treatment)

(2) သွားအမြစ်တုအစားထိုးကုသခြင်း ( Dental Implant)

(3) အံဆုံးခွဲစိတ်ဖယ်ရှားခြင်း ( Surgical Extraction of Wisdom tooth)

🦷 ကလေးသွားကျန်းမာရေးဆိုင်ရာ ကုသမှုများ 🌟
(Paediatric Dental Treatment)

👉 အထူးပြုဆိုင်ရာ ကုသမှုအမျိုးမျိုးအတွက် သက်ဆိုင်ရာ အထူးကုဆရာဝန်များရှိသောကြောင့် ယုံကြည်စိတ်ချစွာ
ကုသမှုခံယူနိုင်ပါသည်။

👉 ကုသမှုမခံယူမှီ သွားကျန်းမာရေးပြဿနာများ ဦးစွာ အခမဲ့ တိုင်ပင် ဆွေးနွေးပေးပါသည်။

🕰 ဆေးခန်းချိန်
နံနက် ၁၀နာရီမှ ညနေ ၆နာရီအထိ
(ပိတ်ရက်မရှိ)

🏥 ဆေးခန်းလိပ်စာ
အမှတ် ၃၈၃/B၊ ငမိုးရိပ် ၆ လမ်း အပိုင်း (၁)၊
စံပြဈေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ ဆက်သွယ်ရန်
​ဆေးခန်းဖုန်း 09668708467 / 09253732245
ဆရာဝန်ဖုန်း 09799533855/ 09791204268


#စံပြသွားနှင့်ခံတွင်းဆေးခန်း

#သွားကျန်းမာရေး

27/12/2022

ပျက်စီးယို့ယွင်းနေတဲ့ သွားအစွပ် (Broken old prosthesis) တွေ ရှိနေခြင်းက
သင့်ပါးစပ်ထဲမှာ တခြားရောဂါအခြေအနေအမျိုးမျိုးကို ဖိတ်ခေါ်နေသလိုပါပဲ။

ပုံ ၁
ပျက်စီးယို့ယွင်းနေတဲ့ သွားအစွပ်အဟောင်းကြောင့် အနီးနားက နှုတ်ခမ်းအတွင်းတစ်ရှူး (Labial mucosa) မှာ အလုံး အကျိတ်တစ်ခု ဖြစ်နေပုံ။

ပုံ၂
ပျက်စီးယို့ယွင်းနေတဲ့ သွားအစွပ်ကို ဖယ်ရှားထားပုံ။

ပုံ၃
နှုတ်ခမ်းအတွင်းအလွှာ ကအလုံးအကျိတ်ကို ခွဲစိပ်ဖယ်ရှားပြီးနောက် အနာကျက်ပြီးသည့်ပုံ။ (Biopsy အဖြေအရ အန္တရာယ်မရှိတဲ့ ရိုးရိုးအကျိတ် Fibroepithelial polyp ဟုအဖြေထွက်)

ပုံ၄
ကျန်တဲ့သွားတွေကို သွားအကြောထုတ်ကုသပြီး
ပိုမိုခိုင်ခံ့မှုရှိသည့် ကြွေသွား(porcelain crown) ဖြင့် ပြန်လည် စွပ်ထားသည့်ပုံ။

မိမိခံတွင်းကျန်းမာရေးအတွက် မိမိဘာသာ နေ့စဉ် စစ်ဆေးပါ။ ၆ လတစ်ကြိမ် သွားဆရာဝန်ထံ သွားနှင့်ခံတွင်း စစ်ဆေးမှု Dental Check up ပြုလုပ်ပါ။

ပါးစပ်ထဲတွင် သံသယဖြစ်ဖွယ် အလုံးအကျိတ် အနာများ တွေ့ရှိပါက နီးစပ်ရာ သွားနှင်ခံတွင်းဆရာဝန်ထံ အမြန်ပြသပါ။

စောစောသိ စောစော ကုသပါက လူနာအတွက် နာကျင်မှုသက်သာမည်၊ ငွေကုန်ကြေးကျ သက်သာမည်။

ကျန်းမာသောသွားများပိုင်ဆိုင်ကြပါစေ
🦷🦷🦷

💖💖Your Smile is more Beautiful 💖💖
❣️❣️❣️than that You think💗💗💗

🦷 Sanpya Dental Team 🦷

🏥 အမှတ် ၃၈၃/B၊ ငမိုးရိပ်၆လမ်း(အပိုင်း ၁)၊ စံပြစျေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09 668 708467 / 09253732245


#စံပြသွားဆေးခန်း
#သွားနှင့်ခံတွင်း

25/12/2022

Merry Christmas 💗

Photos from Sanpya သွားနှင့်ခံတွင်းဆေးခန်း's post 04/11/2022

💖 သွားသန့်ရှင်းရေးပြုလုပ်ခြင်း 💖
(သွားကျောက်ခြစ်ခြင်း (သို့) ကွမ်းဂျိူးခြစ်ခြင်း)

👉 မိမိခံတွင်းထဲမှာ သွားကျောက်ချေးတွေ ကွမ်းဂျိုးတွေရှိနေရင် သွားဆေးခန်းမှာ ပုံမှန် သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါသည်။

👉 သွားကျောက်ချေးတွေ ကွမ်းဂျိူးတွေ ပါးစပ်ထဲမှာ အချိန်အကြာကြီးရှိနေရင် ဘာဆိုးကျိုးတွေ ဖြစ်စေနိုင်သလဲ?

၁။ ခံတွင်းနံ့ဆိုးခြင်း
၂။ သွားဖုံးရောင်ခြင်း
၃။ သွားဖုံးသွေးယိုခြင်း
၄။ သွားဖုံးတွင် ပြည်အိတ်တည်ခြင်း
၅။ သွားပိုးစားလွယ်ခြင်း
၆။ ရေစီးကမ်းပြိုရောဂါဖြစ်၍ သွားများကျွတ်ထွက်သွားခြင်းများအထိ ဆိုးကျိူးဖြစ်စေနိုင်ပါသည်။

👉 ဘယ်နစ်လတစ်ကြိမ်သွားသန့်ရှင်းရေးလုပ်သင့်လဲ???

✅ သွားဖုံးရောဂါရှိထားဖူးသူများ၊ ဆီးချိူရောဂါအခံရှိထားသူများနှင့် သွားကျောက်ခဏခဏ ဖြစ်ပေါ်တတ်သူများသည် သွားသန့်ရှင်းရေးကို ၆ လတစ်ကြိမ် ပြုလုပ်ပေးသင့်ပါသည်။

✅ အထက်ဖော်ပြပါ အခြေအနေ မရှိသူများအတွက် ၁နှစ် ၁ကြိမ်သာ သွားသန့်ရှင်းရေး ပုံမှန်ပြုလုပ်ခြင်းဖြင့် သွားဖုံးရောဂါကို အပြည့်အဝကာကွယ်နိုင်ပါသည်။

👉 စံပြသွားဆေးခန်းမှာ ၁နှစ်၁ကြိမ် သွားသန့်ရှင်းရေးပြုလုပ်ရင်း သွားနှင့်ခံတွင်းကျန်းမာရေးကိုလဲ တစ်ခါထဲ အခမဲ့ စစ်ဆေးမှုခံယူနိုင်ပါသည်။

ကျန်းမာသောသွားဖုံးသားများပိုင်ဆိုင်ကြပါစေ
🦷🦷🦷

💖💖Your Smile is more Beautiful 💖💖
❣️❣️❣️than that You think💗💗💗

🦷 Sanpya Dental Team 🦷

🏥 အမှတ် ၃၈၃/B၊ ငမိုးရိပ်၆လမ်း(အပိုင်း ၁)၊ စံပြစျေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09 668 708467 /09253732245


#စံပြသွားဆေးခန်း
#သွားနှင့်ခံတွင်း
#သွားကျောက်ခြစ်
#ကွမ်းဂျိုးခြစ်
#သွားဖုံးရောဂါ
#သွားသန့်ရှင်းရေး

14/10/2022

သွားမတိုက်ပဲ ပလုတ်ကျင်းဆေးရေ / ငုံဆေးရေ (Mouthwash) ကိုပဲ အမြဲ သုံးသင့်လား❓❓❓

👉 ပလုတ်ကျင်းဆေးရေ Mouthwash တွေဆိုတာ သွားတိုက်ဆေး အစားထိုး သုံးဖို့ ထုတ်လုပ်ထားတာမဟုတ်ပါဘူး။ ❎❎

👉 သွားနှင့်ခံတွင်းရောဂါတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တာက Fluoride ပါတဲ့ သွားတိုက်ဆေးနဲ့ နည်းစနစ်တကျ သွားတိုက်ခြင်းပဲ ဖြစ်ပါတယ်။ ☑️☑️

👉 သွားမတိုက်ပဲ Mouthwash တွေပဲ ကျင်းရုံနဲ့ သွားနှင့်ခံတွင်းရောဂါတွေကိုထိထိရောက်ရောက် မကာကွယ်နိုင်ပါဘူး။🙅

👉 ဒါဆို ပလုတ်ကျင်းဆေးရေ Mouthwash တွေကို ဘယ်လိုအချိန်မှာ ဘာရည်ရွယ်ချက်နဲ့ သုံးသင့်လဲ??? 🤷

၁။ အာခံတွင်းမွှေးပျံ့စေရန် 🗣️
အပြင်မှာ ကျနော်တို့ အနံ့ပြင်းတဲ့ အစားအစာတွေ (ဉပမာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အရက်ဘီယာ) စားသောက်ခဲ့မိပြီး အနံ့အသက်များ ခဏတာ ပျောက်စေရန်လိုအပ်ခဲ့လျှင် Mouthwash ကို အသုံးပြုနိုင်ပါသည်။ ✅

၂။ သွားပွတ်တံနှင့် သန့်ရှင်းရေးလုပ်ရန် ခက်ခဲ သောအခြေအနေရှိတဲ့အခါ 👩‍⚖️
ကျနော်တို့ ခရီးထွက်တဲ့အခါ ဖြစ်ဖြစ် သွားနှင့်ခံတွင်းသန့်ရှင်းရေးပြုလုပ်ရန် မဖြစ်နိုင်သော နေရာဒေသတစ်ခုခုကို ရောက်ခဲ့ရင်ပဲ ဖြစ်ဖြစ် တစ်ရက်တစ်လေလောက် Mouthwash ကို အသုံးပြုထားနိုင်ပါသည်။ ✅

၃။ ခံတွင်း(ပါးစပ်)ထဲတွင် ပြည်တည်နာများ ရှိတဲ့အခါ 🗣️
သွားပိုးစားရောဂါရဲ့ နောက်ဆက်တွဲ အနေနဲ့ ပြည်တည်နာဖြစ်နေတာ၊ သွားဖုံးရောင်နေတာ၊ တခြားရောဂါအခံကြောင့် ပါးစပ်အတွင်းအနာများပေါက်နေတာ၊ ဒီလိုအခြေအနေမျိူးတွေမှာ ပြည်ပုပ်များသန့်စင်ရန်၊ ပိုးထက်မဝင်စေရန် Mouthwash သုံးရန် လိုအပ်ပါသည်။ ✅

၄။ သွားသန့်ရှင်းရေးလုပ်ပြီးသည့်အခါ 🧖
သွားကျောက်ခြစ်တာ ကွမ်းဂျိူး ခြစ်တာပြုလုပ်ပြီးသည့်အခါ သွားဖုံးသားများ ပြန်လည် ကျန်းမာလာစေရန် Mouthwash သုံးပေးသင့်ပါသည်။ ✅

၅။ ပါးစပ်ထဲတွင် ခွဲစိတ်ကုသမှု တစ်ခုခု ပြုလုပ်ထားပြီးချိန် 🤕
အံဆုံးခွဲစိတ်ကုသခြင်း၊ သွား/သွားဖုံးနှင့်ပတ်သတ်သော Surgery များ၊ အလုံးအကျိတ်နှင့် ခံတွင်းကင်ဆာ များခွဲစိတ်ကုသထားခြင်းများ၊
စသည့် ခွဲစိတ်ကုသမှုများ လုပ်ပြီးသည့်အခါ အနာ ကျက်မြန်စေရန် Mouthwash ကို ဆရာဝန်က ညွှန်ကြားပါလိမ့်မည်။ ✅

👉 Mouthwash ကို မလိုအပ်ပဲ အမြဲစွဲသုံးရင် ရေရှည်မှာ ဘာဆိုးကျိူးတွေရှိနိုင်မလဲ? ⁉️

၁။ Staining on tooth surface (သွားမျက်နာပြင်များတွင် အရောင်စွန်းထင်းလာခြင်း) ☹️

၂။ Alteration in taste ( လျှာပေါ်ရှိအရသာခံဖုများ အရသာခံနိုင်စွမ်းပျက်ပြားလာခြင်း) 😣

၃။ Tartar formation (သွားမျက်နာပြင်ပေါ်တွင် သွားချေးလွှာများအနည်ကျလာခြင်း) 😟

၄။ Allergic reaction
(Mouthwash ထဲတွင်ပါဝင်သော Chlorhexidine/ Iodine) စသည့်ပစ္စည်းများနှင့် ဓါတ်မတည့်မှုဖြစ်ပေါ်ခြင်း) 😖

၅။ Alcohol ပါဝင်မှု များသော Mouthwash များကြောင့် ပါးစပ်အတွင်းရှိ Mucosa များ soft tissue များ ပူစပ်ပူလောင်ဖြစ်ခြင်း၊ အနာတရ ဖြစ်ခြင်း 🤒

၆။ ပါးစပ်ထဲရှိ Normal Flora (အကျိူးပြု ဘတ်တီးရီးယားများ) ပျက်စီးခြင်းနှင့် မှိုရောဂါများ ပေါက်လာခြင်း 🤢

၇။ Parotid gland swelling ( အဆိုးဆုံးအခြေအနေ --- ပါးချိတ်ရောင်ခြင်း) 🥶
များအထိ ဖြစ်စေနိုင်ပါသည်။

👉 Mouthwash ထဲတွင်ပါဝင်သော ပစ္စည်းများ သည် တစ်မျိုးနှင့်တစ်မျိူး မတူညီသောကြောင့်
သူ့အမျိူးအစားအလိုက် သက်ဆိုင်ရာ အခြေအနေများတွင် ဆရာဝန် ညွှန်ကြားချက်နှင့် သုံးလျှင် ပိုထိရောက်မည်ဖြစ်သည်။ 👍🏻👍🏻👍🏻

👉 ၆နှစ်အောက် ကလေးငယ်များကို Mouthwash ပေးမသုံးပါနှင့်။ 👶❌
Mouthwash အစား ဆားရေနွေးသာအသုံးပြုပါ။

👉 ဒါကြောင့်မို့လို့ Mouthwash (ပလုတ်ကျင်းဆေးရေ) ကို သုံးတော့မယ်ဆိုရင် အပေါ်က အချက်တွေကို သိထားခြင်းအားဖြင့် မိမိကိုယ်ကိုရော မိမိ ပတ်ဝန်းကျင်က လူတွေအတွက်ရော အကျိူးပြုစေပါသည်။ 👩‍🔧

အားလုံးပဲ ကျန်းမာသော သွားများ ပိုင်ဆိုင်နိုင်ကြပါစေ။🦷🦷🦷

💖💖Your Smile is more Beautiful 💖💖
❣️❣️❣️than that You think💗💗💗

🦷 Sanpya Dental Team 🦷

🏥 အမှတ် ၃၈၃/B၊ ငမိုးရိပ်၆လမ်း(အပိုင်း ၁)၊ စံပြစျေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09 668 708467 /09253732245


#စံပြသွားဆေးခန်း
#သွားနှင့်ခံတွင်း

#ပလုတ်ကျင်းဆေးရေ

08/10/2022

အားလုံးပဲ ပျော်ရွှင်ဖွယ် သီတင်းကျွတ်ကာလလေး
ပိုင်ဆိုင်ကြပါစေကြောင်း စံပြ Dental team မှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

03/10/2022

လေဆာဖြင့် သွားဖြူကုထုံး 😃😃😃
(Laser tooth whitening) အတွက်🎊🎊🎊
အရမ်းတန်တဲ့ Special Discount လေးလာပါပြီ 🥳🥳🥳🥳

📌ပွဲတက်စရာတစ်ခုခုရှိလို့ ဖြစ်စေ👩‍🎓👰
📌ငယ်ချင်းတွေနဲ့ လျှောက်လည်တဲ့အခါဖြစ်စေ 👭
📌ချစ်သူနဲ့ချိန်းတွေ့တဲ့အခါ ဖြစ်စေ 💑💏
📌အလုပ်ကိစ္စစကားစမြည်ပြောရတဲ့အခါဖြစ်စေ 👩‍💻👨‍💻

မိမိပြုံးရီလိုက်တိုင်း 😄😄သွားလေးတွေ ပုလဲလုံးလေးတွေလို ဖြူလတ် 💞💞တောက်ပနေချင်တယ်ဆိုရင်တော့
👉👉 လေဆာ သွားဖြူကုထုံး (Laser tooth whitening) လေး လုပ်ထားဖို့တော့ လိုမယ်နော်။

👉👉စံပြသွားဆေးခန်း ၃နှစ်ပြည့် အထူးအစီအစဉ်အနေနဲ့ လေဆာသွားဖြူကုထုံး ကို Special discount ပုံစံ ၂ မျိုးနဲ့ ပေးသွားမှာဆိုတော့ အရမ်းတန်နေပြီနော် 😮😮

✅ For 1 person👤 အပြီးအစီး၂သိန်းကျပ်💰
မိမိတစ်‌ယောက်တည်း လေဆာသွားဖြူကုထုံးကိုပြုလုပ်ချင်တယ်ဆိုရင်တော့ ပုံမှန် ငွေကျပ် ၂သိန်းခွဲအစား Discount ကျပ် ၂သိန်းနဲ့ ပေးသွားမှာဆိုတော့ ၅သောင်းကျပ်တောင်သက်သာမှာနော်။

✅For 2 persons👥 အပြီးအစီး ၃သိန်းကျပ်💰
မိမိနဲ့အတူ အဖော် တစ်ယောက် အတူ ခေါ်လာပါက လေဆာသွားဖြူကုသမှုအတွက် ၂ယောက်ပေါင်း ၄သိန်းကျပ်အစား Discount ကျပ် ၃သိန်းနဲ့ ပေးသွားမှာဖြစ်လို့ တစ်ယောက်ကို ၁သိန်းခွဲစီသာ ကျသင့်ပြီး ၂ယောက်ပေါင်း ၁သိန်းကျပ်တောင် ထပ်သက်သာမှာနော်။

‼️မှတ်ချက်
For 2 persons ၃သိန်းကျပ် Discount အတွက်
ခေါ်လာရမည့်သူသည်
❗️ မိသားစု၊မိတ်ဆွေ၊ သူငယ်ချင်း၊ ချစ်သူ စသဖြင့် ကြိုက်နှစ်သက်သူခေါ်လာနိုင်ပါသည်။
❗️ ၂၄နာရီအတွင်း အတူခေါ်လာသူဖြစ်ရမည် (နောက်တစ်ရက်မှ ခေါ်လာပေးလို့မရပါ)။
❗️မိမိ လေဆာသွားဖြူကုသမှုခံယူမည့် ရက်/အချိန် ကို ကြိုတင်ဆက်သွယ်ပြီး Booking လုပ်ထားရမည်။
❗️ လေဆာသွားဖြူကုသမှုမလုပ်ခင်
Scaling (သွားသန့်ရှင်းရေး) ကို FOC (အခမဲ့) ပြုလုပ်ပေးသွားပါမည်။

🕐 ခန့်မှန်းကြာချိန် 🕐
တစ်ဦးလျှင် မိနစ် ၆၀ မှ မိနစ် ၉၀ အတွင်း

☎️ ဆက်သွယ်စုံစမ်းရန်
📞09 791 204268
📞09 799 533855
📞09 668 708467
📞09 253 732245

🏥ဆေးခန်းလိပ်စာ
➡️အမှတ် ၃၈၃/ဘီ၊ ငမိုးရိပ် ၆လမ်း (အပိုင်း၁)၊ စံပြစျေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

💖💖 Your Smile is more Beautiful 💖💖
❣️❣️❣️ than that You Think 💗💗💗

03/10/2022

🔔သွားညှိကုသမှု အတွက် 🎊🎊🎊🎊🎊
စံပြသွားဆေးခန်း [၃]နှစ်ပြည့်အထူးအစီအစဉ်
🎉🎉🎉🎉

✅သွားညှိကုသမှုအပြီးအစီးကို ၁၃.၅သိန်း 💰
👉(၁၃သိန်း၅သောင်းကျပ်)

✅လစဉ်အရစ်ကျစနစ်ဖြင့်၁လကို ၅၅၀၀၀💰
👉(၅သောင်း၅ထောင်ကျပ်)

✅သုံးပေးမည့် Brace အမျိုးအစား ♥️
👉Traditional Metal Braces

✅ခန့်မှန်းကြာချိန် 🌀🕧
👉၁နှစ်ခွဲမှ ၂နှစ်

📌သွားညှိကုသမှုနှင့်ပတ်သတ်သော
-သွားသန့်ရှင်းရေး
-သွားနှုတ်ခြင်း
-Retainer အခမဲ့ (FOC) များအပြင်

📌သွားကျန်းမာရေး တိုင်ပင်ဆွေးနွေးခကို အခမဲ့စစ်ဆေးပေးမည့်အတွက် မည်သူမဆို ဦးစွာ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။🩺

📌သွားညှိကုသမှုကို သွားညှိအထူးကု ဆရာဝန်ကြီးများ ကိုယ်တိုင် တာဝန်ယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်လို့ ကုသမှုပိုင်းကို အပြည့်အဝ ယုံကြည်စိတ်ချနိုင်ပါသည်။👩‍⚕

📌လစဉ် ငွေအရစ်ကျသွင်းရမည့်ပမာဏကို စံပြသွားဆေးခန်းစဖွင့်ခဲ့သည့် အထိမ်းအမှတ်တုန်းကအတိုင်း ၅သောင်း၅ထောင်ကျပ်သာ ထားပေးသွားမှာ ဖြစ်ပြီး လူတိုင်း တတ်နိုင်တဲ့ ငွေပမာဏ မို့လို့ သွားညှိ ကုသဖို့အတွက် ဖုန်းဆက်ပြီး ရက်ချိန်းယူလိုက်စို့နော်။ ⚖️

☎️ဆက်သွယ်စုံစမ်းရန်
📞09 791 204268
📞09 799 533855
📞09 253 732245
📞09 668 708467

🏥ဆေးခန်းလိပ်စာ
အမှတ် (၃၈၃/ဘီ)၊ ငမိုးရိပ် ၆လမ်း၊ အပိုင်း ၁၊ စံပြစျေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

⏱️ဆေးခန်းဖွင့်ချိန်
မနက် ၁၀နာရီမှ ညနေ ၆နာရီအထိ
(ပိတ်ရက်မရှိ)

‼️မှတ်ချက်
- ဖုန်းဖြင့် ဘိုကင်ကြိုယူရပါမည်
- Braces မတပ်ခင် ပြင်ဆင်သည့်အပိုင်းများအရင်လုပ်ရပါမည် (Register/ Photo record/ ဓါတ်မှန်ရိုက်ခြင်း/အံပုံယူခြင်း)
-Promotion ကာလ ၂၀၂၃ ဇန်နဝါရီလကုန်အထိ

💖💖 Your Smile is more Beautiful 💖💖
❣️❣️❣️ than that You Think 💗💗💗

29/09/2022

How does a dentist perform Root Canal Treatment (RCT) ? (3D animation)

27/09/2022

How to clean your teeth with braces on?

20/09/2022

How braces are put on your teeth and how do they work?

Photos from Sanpya သွားနှင့်ခံတွင်းဆေးခန်း's post 10/09/2022

စံပြသွား​ဆေးခန်းက ဖန်တီး​ပေးလိုက်​သော
📌📌📌 သွားညှိကုသမှု ခံယူထားတဲ့ 👍 result 👍

🏨​ဆေးခန်းလိပ်စာ- အမှတ် ၃၈၃(ဘီ)၊ ငမိုးရိပ် (၆)လမ်း ၊ အပိုင်း(၁) ၊ စံပြစျေးအနီး ၊ သင်္ဃန်းကျွန်းမြို့နယ်။

☎ 09 253732245, 09668708467,
09791204268, 09799533855

သို့ ဆက်သွယ်၍ သွားညှိကုသမှု အတွက် စာရင်းပေးသွင်းနိုင်ပါ သည်။

Photos from Sanpya သွားနှင့်ခံတွင်းဆေးခန်း's post 06/09/2022

စံပြ သွားနှင့်ခံတွင်း ဆေးခန်းတွင် အောက်ပါကုသမှုအမျိုးမျိုးအား လုပ်ဆောင်နိုင်ပါသည်။

အထွေထွေ သွားနှင့်ခံတွင်း ကုသမှုများ
(General Dental Treatment)

(1) သွားဖာခြင်း (Tooth Filling)

(2) သွားအကြောထုတ်ကုသခြင်း (Root Canal Treatment)

(3) သွားနှုတ်ခြင်း (Tooth Extraction)

(4)သွားသန့်ရှင်းရေးပြုလုပ်ခြင်း (Scaling)

(5) သွားအသေစိုက်ခြင်း (Crown & Bridge)

(6) အံကပ်အရှင်ပြုလုပ်ခြင်း (Denture)

အလှအပဆိုင်ရာ သွားနှင့်ခံတွင်းကုသမှုများ
(Aesthetic Dental Treatment)

(1) လေဆာဖြင့်သွားဖြူဖွေးအောင်ပြုလုပ်ခြင်း (Laser Tooth Whitening)

(2) သွားကြွေလွှာကပ်ခြင်း (Dental Veneer)

(3) သွားတွင် စိန် အလှကပ်ခြင်း (Dental Skyce)

အထူးပြုဆိုင်ရာ သွားနှင့်ခံတွင်းကုသမှုများ
(Special Dental Treatment)

(1) သွားညှိကုသခြင်း ( Orthodontic Treatment)

(2) သွားအမြစ်တုအစားထိုးကုသခြင်း ( Dental Implant)

(3) အံဆုံးခွဲစိတ်ဖယ်ရှားခြင်း ( Surgical Extraction of Wisdom tooth)

ကလေးသွားကျန်းမာရေးဆိုင်ရာ ကုသမှုများ
(Paediatric Dental Treatment)

အထူးပြုဆိုင်ရာ ကုသမှုအမျိုးမျိုးအတွက် သက်ဆိုင်ရာ အထူးကုဆရာဝန်များရှိသောကြောင့်ယုံကြည်စိတ်ချစွာ ကုသမှုခံယူနိုင်ပါသည်။

ကုသမှုမခံယူမှီ သွားကျန်းမာရေးပြဿနာများ ဦးစွာ အခမဲ့ တိုင်ပင် ဆွေးနွေးပေးပါသည်။

ဆေးခန်းချိန်
နံနက် ၁၀နာရီမှ ညနေ ၆နာရီအထိ
(ပိတ်ရက်မရှိ)

ဆေးခန်းလိပ်စာ
အမှတ် ၃၈၃/B၊ ငမိုးရိပ် ၆ လမ်း အပိုင်း (၁)၊
စံပြဈေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန်
09668708467
09799533855
09791204268


#စံပြသွားနှင့်ခံတွင်းဆေးခန်း

#သွားကျန်းမာရေး

Photos from Sanpya သွားနှင့်ခံတွင်းဆေးခန်း's post 11/09/2020

ယခုလို covid ကာလမှာ
သွားဆေးခန်း ပြဖို့မသွားရဲတဲ့သူတေအတွက်
အိ်မ်မှာနေရင်း သွားကိုက် သွားနာ ခြင်းများအတွက်
လမ်းညွှန်ချက်လေးတွေ ပြောပြချင်ပါတယ်

Photos from Sanpya သွားနှင့်ခံတွင်းဆေးခန်း's post 27/08/2020

📌📌📌 သွားညှိကုသမှု ယူထားတဲ့ 👍 result 👍👍👍👍လေးပါ..

🏨​ဆေးခန်းလိပ်စာ- အမှတ် ၃၈၃၊ ငမိုးရိပ် (၆)လမ်း ၊ အပိုင်း(၁) ၊ စံပြစျေးအနီး ။

☎ 09 799510443 သို့ ဆက်သွယ်၍ သွားညှိကုသမှု အတွက် စာရင်းပေးသွင်းနိုင်ပါ သည်။


🏨​ဆေးခန်းလိပ်စာ- အမှတ် ၃၈၃၊ ငမိုးရိပ် (၆)လမ်း ၊ အပိုင်း(၁) ၊ စံပြဈေးအနီး ။


24/08/2020

👉👉👉👉👉👉👉
စံပြ သွားနှင့်ခံတွင်းဆေးကုခန်းမှ အပြုံးလှလှ တစ်ပွင့် ဖြစ်အောင် ဖန်တီးပေးလိုက်ပါပြီ....👈👈👈👈👈👈👈👈👈👈👈👈

သွားညှိကုသမှု ယူပြီး အပြုံးလှလှလေး ပိုင်ဆိုင်သွားလို့ ကုသမှုယူတဲ့ ညီမလေးလဲ ...ကျေနပ်ပြုံးပျော်သွားသလို... .. ကုသပေးရတဲ့ ဆရာဝန်လဲ.. ကျေနပ်ပီတိ အမောပြေရပြီလေ...❤
အပြုံးလေးက ချစ်စရာလေး ...
selfie ရိုက်တိုင်းကျေနပ်နေမှာ...

ကုသချိန် - (၅) လ⏳⏳⏳

ဆေးခန်းလိပ်စာ- အမှတ် (၃၈၃) ၊ ငမိုးရိပ်(၆)လမ်း ၊
အပိုင်း(၁)၊ သဃန်းကျွန်းမြို့နယ်။

☎ 09 799533855,
09 799510443

သို့ဆက်သွယ်၍ booking ပြုလုပ်​​ခြင်း၊စုံစမ်းမေးမြန်းခြင်းပြုလုပ်နိုင်ပါသည်။

😃😃😃😃😃😃😃😃😃😃😃😃😃😃😃😃

👉👉👉👉👉👉👉
စံပြ သွားနှင့်ခံတွင်းဆေးကုခန်းမှ အပြုံးလှလှ တစ်ပွင့် ဖြစ်အောင် ဖန်တီးပေးလိုက်ပါပြီ....👈👈👈👈👈👈👈👈👈👈👈👈

သွားညှိကုသမှု ယူပြီး အပြုံးလှလှလေး ပိုင်ဆိုင်သွားလို့ ကုသမှုယူတဲ့ ညီမလေးလဲ ...ကျေနပ်ပြုံးပျော်သွားသလို... .. ကုသပေးရတဲ့ ဆရာဝန်လဲ.. ကျေနပ်ပီတိ အမောပြေရပြီလေ...❤
အပြုံးလေးက ချစ်စရာလေး ...
selfie ရိုက်တိုင်းကျေနပ်နေမှာ...

ကုသချိန် - (၅) လ⏳⏳⏳

ဆေးခန်းလိပ်စာ- အမှတ် (၃၈၃) ၊ ငမိုးရိပ်(၆)လမ်း ၊
အပိုင်း(၁)၊ သဃန်းကျွန်းမြို့နယ်။

☎ 09 799533855,
09 799510443

သို့ဆက်သွယ်၍ booking ပြုလုပ်ခြင်း၊စုံစမ်းမေးမြန်းခြင်းပြုလုပ်နိုင်ပါသည်။

Want your practice to be the top-listed Dentist in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

How does a dentist perform Root Canal Treatment (RCT) ? (3D animation)
How to clean your teeth with braces on?
How braces are put on your teeth and how do they work?

Category

Telephone

Website

Address


No. 383 B1, Ngamoeyiek 6th Street, Ngamoeyiek Quarter, Thingankyun Township, Near Sanpya Market
Yangon

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00

Other Dentists in Yangon (show all)
Taw Win Htoo-Dental Clinic & Pharmacy Taw Win Htoo-Dental Clinic & Pharmacy
မြို့ဟောင်း (၄) လမ်း
Yangon

Dental Clinic & Pharmacy

Thu Khi Tar One Stop Dental Center Thu Khi Tar One Stop Dental Center
အမှတ်(၃၅)၊ မြေညီထပ်၊ သမိန်ဗရမ်းလမ်းနှင့် ဓမ္မဒါနလမ်းထောင့်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
Yangon, 11211

သင့်သွားကျန်းမာ💎”သုခိတာ”💎

Thazin Dental Clinic Thazin Dental Clinic
No. 621, KhayMarThi Road
Yangon

Medical & Health

Premium 4 myanmar dental Premium 4 myanmar dental
Yangon, 11111

KaungSu Dental Lab KaungSu Dental Lab
Yangon Northdagon
Yangon

Urban Dental Care Urban Dental Care
No. 29 B, Kyauk Yae Twin Street ( Side Of Ma Hlwa Gone St ) Kyauk Myaung Qtr, Tamwe Tshp
Yangon, 11211

Be Confident for Your Smile !! Enjoy Quality Care with Reasonable Price .

24hour dental clinic dentist doctor dr. latha Yangon Myanmar 24hour dental clinic dentist doctor dr. latha Yangon Myanmar
Super Star သွား ခံတွင်းအထူး, အမှတ်90. 19လမ်းအလယ် လသာရန်ကုန် ၂၄နာရီ, 09261192119. 09456707788. , Dental Clinic Dentist Drive Latha Yangn 24hour
Yangon

Super Star သွား ခံတွင်းအထူး အမှတ်90. 19လမ်းအလယ် လသာရန်ကုန် ၂၄နာရီ 09261192119. 09456707788. Dental

Htoo Family Dental Clinic Htoo Family Dental Clinic
အမှတ်(၂၆၄)၊စျ/(၃၃)၊(၁၀)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ‌ရွှေပြည်သာမြို့နယ်
Yangon, 11411

သင့်ရဲ့လှပတဲ့အပြုံးတွေကို(ထူးမိသားစုအထူးကု သွားဆေးခန်း)နှင့်အတူ ထိန်းသိမ်းပါ။

Wintergreen Dental Care Myanmar Wintergreen Dental Care Myanmar
No. 7, Shwe Gon Daing Road, Bahan Township
Yangon, 11201

Wintergreen Dental Care

Tooth Care Tooth Care
No. 68, Room(001), Lay Daung Kan Main Road, (Beside Junction Zawana), Thingangyun T/S
Yangon

ROYAL DENT STAR Aesthetic Dental , Implant & Orthodontic Clinic ROYAL DENT STAR Aesthetic Dental , Implant & Orthodontic Clinic
Building No 154, 1st Floor, Bogyoke Aung San Main Road , In Front Of 46st, Pazuntaung Township
Yangon

ဈေးနှုန်းသင့်တင့်မျှတစွာ သွားစိုက် ၊သွားညှိ ကုသနိုင်ပါသည်။(ပိတ်ရက်မရှိပါ)

NOBLE Dental Clinic - သွားနှင့်ခံတွင်းအထူးကုဆေးခန်း NOBLE Dental Clinic - သွားနှင့်ခံတွင်းအထူးကုဆေးခန်း
No (103) Parami Road , Hlaing Township
Yangon, 11051

Skillful & Best Dental Clinic in Myanmar